ခေါင်းဆောင်တစ်ဦးဖြစ်ရန် ငြင်းဆန်ခြင်းနောက်ကွယ်၌ တည်ရှိသောအရာ

18.11.2024

၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အစေခံဖို့ အရွေးခံရပြီး၊ ဗီဒီယိုထုတ်လုပ်ရေးကို ကြီးကြပ်တာကို အဓိက ဦးဆောင်ဖို့ အထားခံရတယ်။ အဲဒီတုန်းက ကျွန်မ တော်တော်လေး ဒွိဟဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် ကျွန်မမှာ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေမရှိလို့၊ ကျွန်မ ကျိုးနွံနာခံပေမဲ့ အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ရင် ထုတ်ဖော်ခံရပြီး အထုတ်ခံရမှာကို စိုးရိမ်ခဲ့တယ်။ တခြားတစ်ဖက်ကကြည့်ရင်လည်း၊ ဒီတာဝန်ကို လုပ်ဖို့ ကျွန်မငြင်းရင်၊ အတော့်ကို လိပ်ပြာလုံမှာ မဟုတ်ဘူး။ ဒါကြောင့် ဘုရားဆီကို ကျွန်မ ဆုတောင်းပြီး ဘုရားရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနေ့မှာ ညီအစ်ကို တစ်ယောက်နဲ့ တွေ့ဖြစ်တယ်။ သူက ကျွန်မအခြေအနေကို ကြားတော့ ကျွန်မကို ဒီလိုမိတ်သဟာယပြုပေးတယ်။ “ခေါင်းဆောင်အနေနဲ့ အစ်မ အစေမခံချင်တဲ့ အဓိက အကြောင်းရင်းက အစ်မကိုယ်ပိုင် ရှေ့ရေးနဲ့ ကံကြမ္မာကို ထောက်ထားလို့ပဲ။ အစ်မက တကယ့်အလုပ်မလုပ်နိုင်ဘဲ ထုတ်ဖော်ခံရပြီး အထုတ်ခံရမှာကို စိုးရိမ်တယ်။ ခေါင်းဆောင်တွေက ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတတ်လို့ ခေါင်းဆောင်ဖြစ်ဖို့က အန္တရာယ်များတယ်ဆိုတဲ့ မှားပြီးတော့ အဓိပ္ပာယ်မရှိတဲ့ ရှုထောင့်လည်း အစ်မမှာ ရှိတယ်။ အစ်မက ဘုရားကို သတိထားနေပြီး အထင်လွဲတယ်။ တကယ်တော့၊ ခေါင်းဆောင်အတော်များများ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ အကြောင်းရင်းက သူတို့ အဲဒီရာထူးမှာရှိလို့မဟုတ်ဘဲနဲ့၊ သမ္မာတရားကို လိုက်စားပြီး မှန်တဲ့ လမ်းကြောင်းကို လျှောက်ဖို့ ပျက်ကွက်ကြသလို၊ အဆင့်အတန်းကို အမြဲရှာပြီး မကောင်းတာတွေလုပ်ရင်းနဲ့ ရမ်းကားကြလို့ပဲ” တဲ့။ ဒီညီအစ်ကိုရဲ့ မိတ်သဟာက ကျွန်မရဲ့ တွေးခေါ်ပုံကို တိတိကျကျ ဖော်ထုတ်ခဲ့ပြီး၊ ကျွန်မအခြေအနေနဲ့ဆိုင်တဲ့ အသိတချို့ကို ရအောင် ကူညီပေးခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မအခြေအနေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ ရှာခဲ့တယ်။

တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ “၎င်းတို့၏တာဝန်အတွက် ရိုးရှင်းသော ပြင်ဆင်ချက်တစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို လူများက အသိတရားနှင့် အသိစိတ် အနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။ တာဝန်များကို ချိန်ညှိခြင်းနှင့်ပတ်သက်လျှင် အန္တိခရစ်များသည် ချက်ချင်း အကြောင်းပြချက်များ၊ တစ်ပတ်ရိုက်ခြင်း၊ အာခံခြင်းများ ပြုမည်ဖြစ်ပြီး စိတ်အတွင်းတွင် ယင်းကို လက်ခံရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသနည်း။ မသင်္ကာမှုနှင့် သံသယရှိသည်။ ထို့နောက် ၎င်းတို့သည် နည်းလမ်းပေါင်းစုံသုံးလျက် သူတစ်ပါးတို့ကို စုံစမ်းစစ်ဆေးကြသည်။...၎င်းတို့သည် ရိုးရှင်းသောအရာကို အဘယ်ကြောင့် အလွန်ရှုပ်ထွေးစေကြသနည်း။ အကြောင်းပြချက်တစ်ခုသာရှိသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ခရီးပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ ဘဝများကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်)ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်တွင် အခြေခံပြီး ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ပင် ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်ကာ လူတို့အပေါ် အမှု၏နောက်ထပ်တစ်ဆင့်ကို သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် သူက ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့်အကျိုးတရားဖြစ်သည်။...ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဘုရားသခင်၏ လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး တရားမျှတသည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် ကောက်ကျစ်ဆိုးယုတ်မှု အရှိဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ၊ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်။ ဤသည်မှာ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေက ကောင်းချီးတွေရဖို့ပဲ ယုံကြည်ကြတဲ့ပုံကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တယ်။ ဘယ်အခြေအနေကို သူတို့ကြုံရပါစေ၊ သူတို့ရဲ့ ခရီးပန်းတိုင်နဲ့ ကောင်းချီးတွေကိုကြည့်ပြီး အမြဲစဉ်းစားကြတယ်။ သူတို့တာဝန်မှာ ပြင်ဆင်ချက်တစ်ခုလို ရိုးရှင်းတဲ့အရာတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတောင် သူတို့ တကယ် မကျိုးနွံမနာခံနိုင်ကြဘူး။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်က သူတို့ရဲ့ အနာဂတ်ရှေ့ရေးကို ဘယ်လိုထိခိုက်မယ်ဆိုတာကို အချိန်ယူစဉ်းစားပြီး ချိန်ဆကြတယ်။ ပြင်ဆင်ချက်တွေက သူတို့ရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပြီး ကောင်းချီးတွေ ရခွင့်ပေးရင်၊ သူတို့ လက်ခံတယ်။ ဒါပေမဲ့ ပြင်ဆင်ချက်တွေက သူတို့ရှေ့ရေးနဲ့ ကံကြမ္မာကို ခြိမ်းခြောက်ရင်၊ အဲဒါကို ခေါင်းရှောင်ဖို့ နည်းလမ်းကို ရှာကြတယ်။ ခြေလှမ်းမှားသွားရင်၊ ထုတ်ဖော်ခံရမယ်၊ ဖယ်ရှားရှင်းလင်းခံရပြီး ကောင်းချီးတွေ ရမဲ့မျှော်လင့်ချက်မရှိမှာကို ကြောက်ကြတယ်။ အန္တိခရစ်တွေရဲ့ သဘာဝက တကယ် ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်တာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မတာဝန် ပြင်ဆင်ခံခဲ့ရတဲ့အပေါ် ကျွန်မရဲ့ သဘောထားက အန္တိခရစ်တစ်ယောက်လိုပဲဆိုတာကို သုံးသပ်မိတယ်။ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံရတာကို ကြားရတော့၊ ကျွန်မ ပထမဆုံးတွေးတာက ကျွန်မကိုယ်ပိုင် အနာဂတ် ရှေ့ရေး၊ အဆုံးသတ်နဲ့ ခရီးပန်းတိုင်တွေပဲ။ ကျွန်မကို အကျိုးပြုမလားဆိုတာ မြင်ရဖို့ တာဝန်ကို ကျွန်မ စိစစ်ပြီး၊ ခေါင်းဆောင်အနေနဲ့ စပြီး အစေမခံခင်မှာတောင် ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ပျက်ကွက်တာရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တွေအားလုံးကို ကျွန်မ စဉ်းစားပြီးနေပြီ။ ဘုရားအပေါ် ကျွန်မက သံသယနဲ့ မယုံသင်္ကာဖြစ်တာတွေနဲ့ ပြည့်ခဲ့ပြီး နည်းနည်းမှ မကျိုးနွံမနာခံခဲ့ဘူး။ တာဝန်ကနေလွတ်အောင်လို့ အဆင့်မြင့်ပုံရတဲ့ ဆင်ခြေတချို့ကိုတောင် အကြံထုတ်ခဲ့တယ်။ ကျွန်မမှာ ခေါင်းဆောင်ဖြစ်ဖို့ အစွမ်းအစမရှိသလို၊ အလုပ်ကိုလည်း နှောင့်နှေးစေတယ်လို့ ပြောနိုင်ခဲ့တယ်။ အပြင်ပန်းမှာတော့၊ ကျွန်မက အဆင့်အတန်းကို မလိုက်စားသလို အတော်လေး ကျိုးကြောင်းသင့်သလိုမျိုး ထင်ရနိုင်ပေမဲ့၊ ဒီအရာအားလုံးနောက်မှာ ပြောမထွက်နိုင်တဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့တယ်။ ခေါင်းဆောင်ရဲ့ တာဝန်တွေနဲ့ မကောင်းမကန်း လုပ်မိရင် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမဲ့ အန္တရာယ်ကို ကျွန်မ ယူဖို့ လန့်နေခဲ့တာပဲ။ အဲဒီလိုနဲ့ ကျွန်မရဲ့ အနာဂတ်ရှေ့ရေး သေချာအောင် အဲဒီတာဝန်ကို ခေါင်းရှောင်ချင်ခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်က သမ္မာတရားကို ကျွန်မတို့ နားလည်အောင်၊ စစ်မှန်မှုထဲ ဝင်ရောက်အောင်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး ကယ်တင်ခြင်း ရရှိအောင် ကူညီဖို့အတွက် တာဝန်တွေကို ကောင်းကောင်းလုပ်တာကို လက်တွေ့လုပ်ရမဲ့ အခွင့်အရေးတွေကို ပေးဖို့ပဲ။ အဲဒီလို နှစ်သက်စရာ အခွင့်အရေးကို ကျွန်မကို ပေးတဲ့အခါ၊ ဘုရားရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ဖို့ ကျွန်မ ပျက်ကွက်ခဲ့ရုံမက၊ ဘုရားကို တကယ် အထင်လွဲပြီး မယုံသင်္ကာဖြစ်ခဲ့သလို၊ အပေးခံရတဲ့ တာဝန်ကို ခေါင်းရှောင်ပြီး ငြင်းပယ်ချင်ခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့တာပဲ။

ရှေ့ဆက်ပြီးတော့ ကျွန်မရဲ့ မှားပြီး အဓိပ္ပာယ်မရှိတဲ့ ရှုထောင့်နဲ့ ဆက်စပ်တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ရှာခဲ့တယ်။ ဒီစာပိုဒ်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “ငါ့ကိုပြောလော့၊ ဖောက်ပြန်ပျက်စီးသော လူတို့ အဆင့်အတန်း ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ မည်သူပင် ဖြစ်ပါစေ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြသလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သလော။ (သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်၊ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်ဖြစ်၏၊ သို့သော် သမ္မာတရားကို ၎င်း လိုက်စားလျှင် ဖြစ်ကြလိမ့်မည်မဟုတ်။) ယင်းက လုံးဝ မှန်ကန်ပေသည်။ လူများသည် သမ္မာတရားကို မလိုက်စားလျှင်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာဖို့ သေချာပေသည်။ ပြီးလျှင် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သော သူများအားလုံးသည် ဂုဏ်အဆင့်အတန်းကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်သည်မှာ မှန်ကန်သလော။ မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ မှန်ကန်သောလူများ မဟုတ်သောကြောင့် အဓိက ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည့်လူများအားလုံးသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့သည် ဒေသနာမည်မျှကို ကြားပြီးဖြစ်စေ၊ ထိုသို့သော လူများသည် သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် လမ်းကြောင်းအမှန်ကို မလျှောက်ကြသော်လည်း မရိုးဖြောင့်သော လမ်းကြောင်းဆီသို့သွားရန် ဆုံးဖြတ်ထားကြပေသည်။ ဤသည်မှာ လူတို့ စားသည့်ပုံနှင့် ဆင်ဆင်တူ၏။ အချို့သည် မိမိတို့၏ ကိုယ်ခန္ဓာကို အာဟာရဖြည့်တင်းပေးနိုင်ပြီး မိမိတို့၏ သာမန်တည်ရှိမှုကို ထောက်ပံ့ပေးနိုင်သည့် အစားအစာကို မစားသောက်ကြဘဲ၊ နောက်ဆုံးတွင် မိမိကိုယ် ဆိုးကျိုးဖြစ်စေလျက်၊ ဘေးဖြစ်စေသော အရာများကိုသာ မလျှော့တမ်း စားသုံးကြသည်။ ဤသည်မှာ လူတို့ မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည့် ရွေးချယ်မှုတစ်ခု မဟုတ်လော။ ဖယ်ရှားရှင်းလင်းခြင်းခံရပြီးသည့်နောက်တွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့က ‘ခေါင်းဆောင် ဖြစ်အောင်မလုပ်နဲ့၊ ပြီးတော့ ဂုဏ်အဆင့်အတန်း ရှိအောင်မလုပ်နဲ့။ လူတွေက ဂုဏ်အဆင့်အတန်းရတဲ့ တဒင်္ဂတွင်းမှာ အန္တရာယ်ရှိကြပြီး ဘုရားသခင်က သူတို့ကို ထုတ်ဖော်လိမ့်မယ်။ သူတို့ ထုတ်ဖော်ခံရတာနဲ့တစ်ပြိုင်နက် သူတို့ဟာ သာမန် ယုံကြည်သူတွေဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်သလို၊ ဘာကောင်းချီးမင်္ဂလာမှ လုံးဝ ရမှာ မဟုတ်ဘူး။’ ဟု ပြောလျက် အယူအဆများ ဖြန့်ဝေကြသည်။ ထိုသို့ပြောစရာလော။ အညှာတာဆုံးဆိုရလျှင်၊ ယင်းက ဘုရားသခင်ကို နားလည်မှုလွဲခြင်းအား ဖော်ပြပါသည်။ ကုန်ကုန်ပြောရလျှင်၊ ယင်းသည် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်၏။ သင်သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ပါက၊ သမ္မာတရားကို မလိုက်စားသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို လိုက်မလျှောက်ဘဲ၊ ထိုအစား အန္တိခရစ်များ၏ လမ်းကြောင်းကို မလျှော့တမ်း လျှောက်ပြီး ပေါလု၏လမ်းကြောင်းတွင် အဆုံးသတ်ကာ၊ နောက်ဆုံး၌ ပေါလုကဲ့သို့ အဆုံးသတ်ဖြစ်သည့် အလားတူ အဆုံးသတ်ကို ကြုံရ၍၊ ဘုရားသခင်ကို စောဒကတက်ဆဲဖြစ်ပြီး ဘုရားသခင်ကို မဖြောင့်မတ်ဟု ဝေဖန်အကဲဖြတ်နေဆဲဖြစ်ပါက၊ သင်သည် စစ်မှန်သော အန္တိခရစ်အမျိုးတစ်ဦးသာ မဟုတ်လော။ ထိုသို့သော အပြုအမူသည် ကျိန်ဆိုခြင်းခံရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း)လူအချို့က ‘ဦးဆောင်သူမည်သူမဆို မိုက်မဲပြီး မသိနားမလည်ကြသည့်အပြင် ကိုယ့်ဒုက္ခကိုယ်ရှာနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်တစ်ဦးအဖြစ် ထမ်းဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်မြင်တွေ့အောင် ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြ၍ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအလုပ်ကို မလုပ်ခဲ့လျှင် ဖောက်ပြန်ပျက်စီးခြင်း မြောက်မြားစွာ ထုတ်ဖော်ခံရမည်လော’ ဟု ထင်ကြသည်။ အဓိပ္ပာယ်မဲ့သော စိတ်ကူးပါတကား။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် မထမ်းဆောင်လျှင် ဖောက်ပြန်ပျက်စီးခြင်းကို သင်မထုတ်ဖော်ဘဲ နေမည်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း ဟူသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်း လျှော့‌ပေါ့၍ ပြသလျှင်ပင် ကယ်တင်ခြင်းကို သင်ရရှိပြီးပြီဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်လော။ ဤဆွေးနွေးချက်အရ ခေါင်းဆောင်များအဖြစ် အစေမခံသောသူတို့ အားလုံးသည် ဆက်လက်ရှင်သန်ပြီး ကယ်တင်ခြင်းခံရနိုင်သူများ ဖြစ်ကြသလော။ ဤစကားသည် ရယ်ဖွယ်ကောင်းလွန်းသည် မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသော လူတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်နှင့် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်အတွက် လမ်းပြကြသည်။ ဤသတ်မှတ်ချက်နှင့် စံချိန်စံညွှန်းသည် မြင့်မားသောကြောင့် ခေါင်းဆောင်များသည် ပထမဆုံးအနေဖြင့် လေ့ကျင့်မှုကို အစပြုသောအခါ ဖောက်ပြန်ပျက်စီးသော အခြေအနေအချို့ကို ထုတ်ဖော်ကြမည်မှာ မလွဲပေ။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ သို့သော် ဘုရားသခင်သည် ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုသည်သာမက သူသည် ဤလူတို့ကို ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြခြင်းကိုလည်း ပြုလုပ်ပြီး ၎င်းတို့အပေါ် အပိုဝန်ထုပ်ဝန်ပိုးများ တင်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အလုပ်ကို ကျိုးနွံနာခံနိုင်သရွေ့ အသက်တာ၌ သာမန်လူတို့ထက် ပို၍မြန်မြန်ဆန်ဆန် တိုးတက်ကြမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်လျှင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရသည့် လမ်းကြောင်းပေါ် အစပျိုးနိုင်လေသည်။ ဤသည်မှာ ဘုရားသခင် ကောင်းချီးအပေးဆုံးအရာ ဖြစ်၏။ လူအချို့က ဤအရာကို မမြင်နိုင်ကြဘဲ အမှန်တရားများကို လွဲချော်ကြသည်။ လူ၏ သိနားလည်မှုအရ ခေါင်းဆောင်တစ်ဦးသည် အဘယ်မျှပြောင်းလဲသည်ဖြစ်စေ ဘုရားသခင် ဂရုစိုက်မည်မဟုတ်ချေ။ သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှ ထုတ်ဖော်သည်ကိုသာ ကြည့်မည်ဖြစ်ပြီး ဤအရာအပေါ်မူတည်၍သာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချမည် ဖြစ်သည်။ ထို့ပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်သောသူတို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကိုသာ ထုတ်ဖော်သောကြောင့် ၎င်းတို့ မပြောင်းလဲလျှင်ပင် ဘုရားသခင်က ထိုသူတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ ဟူ၍ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် အလွန် ပြင်းထန်စွာ ခုခံလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ သင်သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၌ သမ္မာတရားနှင့် စစ်မှန်သော သက်သေခံချက် ရှိမရှိအပေါ် အဓိကအားဖြင့် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ယင်းမှာ ၎င်းတို့သည် သမ္မာတရားလိုက်စားသော လူများဟုတ်မဟုတ်အပေါ် အဓိကအားဖြင့် မူတည်၏။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် အမှန်တကယ် နောင်တရနိုင်ပါက ဘုရားသခင်အား ပြစ်မှားစော်ကားသည့် စကားများ ပြောဆိုခြင်း သို့မဟုတ် အရာများ ပြုလုပ်ခြင်း မရှိသရွေ့ ၎င်းတို့သည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိနိုင်စွမ်းရှိမည်။ သင်တို့၏ စိတ်ကူးစိတ်သန်းများအရ အဆုံးတိုင်အောင် ဘုရားသခင်နောက်လိုက်သော သာမန်ယုံကြည်သူများအားလုံး ကယ်တင်ခြင်းရရှိနိုင်ပြီး ခေါင်းဆောင်များအဖြစ် အစေခံသူတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခံရလျှင် ယင်းကို မလုပ်ဆောင်ခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ဆိုလျှင် ဖောက်ပြန်ပျက်စီးခြင်းကို မရည်ရွယ်ဘဲ သင် ထုတ်ဖော်မိမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းမှာ သင့်ကိုယ်သင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခြင်းနှင့်ပင် တူမည်ဟု သင်တို့ထင်မိမည်။ ဤအရာအားလုံးမှာ ဘုရားသခင်နှင့်ပတ်သက်၍ သင်တို့၏ အထင်မြင်လွဲမှားခြင်းများကြောင့် ဖြစ်ရသည်မဟုတ်လော။ အကယ်၍ လူတို့၏ အဆုံးသတ်များကို ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးခြင်းအပေါ် အခြေခံ၍ အဆုံးအဖြတ် ပေးလျှင် မည်သူမျှ ကယ်တင်ခံမည်မဟုတ်ချေ။ ဤသည်မှာ မှန်ကန်ပါက ဘုရားသခင်အနေဖြင့် ကယ်တင်ခြင်းအလုပ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်တော့မည်နည်း။ ဤသည်မှာ တကယ်ကို စစ်မှန်လျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာ၌ ရှိတော့မည်နည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို မြင်တွေ့နိုင်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် သင်တို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မြင်လွဲမှားသွားပြီဖြစ်ကာ ယင်းက သင်တို့၌ ဘုရားသခင်နှင့် ပတ်သက်၍ စစ်မှန်သော သိနားလည်မှုမရှိကြောင်း ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက ခေါင်းဆောင်တွေအနေနဲ့ အစေခံနေခဲ့ကြလို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတာမဟုတ်ဘဲ သူတို့က အဆင့်အတန်းရပြီးတဲ့နောက်မှာ သမ္မာတရား လိုက်စားပြီး မှန်တဲ့လမ်းကြောင်းလျှောက်ဖို့ ပျက်ကွက်ခဲ့ကြလို့ပဲ ဖြစ်တယ်ဆိုတာကို ကျွန်မ သိလိုက်ရတယ်။ ဒါ့အပြင်၊ အသင်းတော်အလုပ်ကိုလည်း သူတို့ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကြသလို၊ တခြားလူတွေက သူတို့ကို ဘယ်လိုပဲ ပြုပြင်ပါစေ နောင်တရကြမှာ မဟုတ်ဘူး။ ဒါက သူတို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ တကယ့်အကြောင်းရင်းပဲ။ ဘုရားက ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြတာတစ်ခု ဒါမှမဟုတ် အမှားတစ်ခုထဲပေါ် အခြေခံပြီး လူတွေကို မရှုတ်ချဘူး။ ဘုရားသခင်က လူတွေရဲ့ သဘာဝ အနှစ်သာရနဲ့ သူတို့လျှောက်တဲ့ လမ်းကြောင်းကို ထည့်တွက်တယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အချိန်အတော်များများမှာ ထုတ်ဖော်ပြပြီး၊ ပြစ်မှားမှုတချို့ ကျူးလွန်ပေမဲ့၊ သမ္မာတရားကို ကျွန်မတို့ ရှာပြီး တကယ် နောင်တရသရွေ့၊ ဘုရားက ကျွန်မတို့ကို နောက်ထပ် အခွင့်အရေးပေးမှာပဲ။ ဘုရားက သမ္မာတရားကို မနှစ်မြို့သလို မုန်းတီးပြီး ဘယ်လောက်ပဲ ပြစ်မှားမှုကျူးလွန်ပါစေ နောင်တလုံးဝ မရတဲ့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေကိုပဲ ဖယ်ရှားရှင်းလင်းတာ။ အရင်က ဘုရားရဲ့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို တွေးမိတယ်။ တချို့က စကားတွေနဲ့ အယူဝါဒတွေကိုပဲ ပြောပြီး အမိန့်တွေပဲ ပေးတယ်။ ဒါပေမဲ့ တကယ့် ပြဿနာတွေကို ဖြေရှင်းဖို့ ပျက်ကွက်ပြီး၊ သူတို့အဆင့်အတန်းရဲ့ အကျိုးကျေးဇူးတွေကို တပ်မက်ကြတယ်။ နောက်ဆုံးမှာ၊ သူတို့က အယောင်ဆောင် ခေါင်းဆောင်တွေအနေနဲ့ သတ်မှတ်ခံရပြီး အထုတ်ခံရတယ်။ တခြားလူတွေက အလုပ်လုပ်နေတုန်းမှာ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကိုပဲ ရှာကြတယ်။ ကျော်ကြားမှုအတွက် တခြားလူတွေနဲ့ ပြိုင်ဆိုင်ကြတယ်။ လူတွေကို ထင်ရာမြင်ရာ ဖိနှိပ်ပြီး ညဉ်းဆဲကြတယ်။ အလုပ်အစီအစဉ်ကို အပြင်းအထန် ဆန့်ကျင်ပြီး၊ သူတို့ ကိုယ်ပိုင် အစီအစဉ်တွေကို လိုက်နာကြတယ်။ “အမှီအခိုကင်းတဲ့ နိုင်ငံ”ကို ထူထောင်ကြတယ်။ လူတွေကို ထောင်ဖမ်းတယ်၊ နောင်တရဖို့ လုံးဝ ငြင်းပြီး၊ နောက်ဆုံးမှာ၊ အန္တိခရစ် မကောင်းဆိုးဝါးတွေအနေနဲ့ ထုတ်ဖော်ခံရပြီး နှင်ထုတ်ခံခဲ့ရတယ်။ ဒါတွေက ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ လူစားမျိုးတွေပဲ။ ဒါကို သဘောပေါက်တော့၊ ကျွန်မ နားလည်လာတယ်။ လူတွေက သူတို့လုပ်တဲ့ တာဝန်ပေါ်အခြေခံပြီး ထုတ်ဖော်ခံရ၊ ဖယ်ရှားရှင်းလင်းခံရတာ မဟုတ်ဘဲ၊ အဲဒါထက် သမ္မာတရားကို သူတို့ လိုက်စားခြင်း ရှိမရှိနဲ့ သူတို့ရဲ့ လူ့သဘာဝ အနှစ်သာရ ကောင်းသလား၊ ဆိုးသလားဆိုတဲ့အပေါ် အခြေခံတယ်။ တစ်ယောက်ယောက်က သမ္မာတရားကို မလိုက်စားသလို၊ မကောင်းတဲ့ လူ့သဘာဝရှိရင်၊ သူက ခေါင်းဆောင်မဟုတ်ရင်တောင်၊ သူ့တာဝန်တွေကို ကောင်းကောင်း လုပ်မှာ မဟုတ်ဘူး။ အလုပ်လုပ်နေတုန်းမှာ ပေါ့ဆရင်၊ ဝတ်ကျေတမ်းကျေလုပ်ပြီး လက်ခံနိုင်စရာ အလုပ်ကိုတောင် မထမ်းဆောင်ရင်၊ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရဦးမှာပဲ။ အသင်းတော်က လူတွေကို အရမ်းစည်းကမ်းရှိတဲ့ ပုံစံနဲ့ ကိုင်တွယ်ပြီး စီစဉ်တယ်၊ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်တယ်ဆိုတာနဲ့ အသင်းတော်ကို သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အုပ်စိုးတယ်ဆိုတာတွေကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါပေမဲ့ ဒီအမှန်တရားကို ကျွန်မ မမြင်ခဲ့သလို၊ ခေါင်းဆောင်ဖြစ်တာက ကျွန်မကို ဒုက္ခပေးမယ်လို့ အလွဲလွဲအမှားမှား တွေးခဲ့မိတယ်။ ကျွန်မရဲ့ အမြင်တွေက အရမ်းအဓိပ္ပာယ်မဲ့လွန်းတယ်။

တစ်ခါ ဝတ်ပြုဆုတောင်းနေတုန်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကို အမှတ်တမဲ့ တွေ့ခဲ့တယ်။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း၌ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ပိုတောင်ရှင်းသွားတယ်။ ကိုယ်လုပ်တဲ့တာဝန်နဲ့ ကိုယ် ကောင်းချီးခံစားရမလား၊ ကျိန်ခြင်းခံရမလားဆိုတာတွေကြားမှာ ဆက်နွှယ်နေတာ မရှိဘူး။ ကျွန်မတို့တာဝန်တွေကို ကျွန်မတို့ ဖြည့်ဆည်းသင့်တာဟာ ကျွန်မတို့က ဖန်ဆင်းခံတွေဖြစ်တယ်ဆိုတဲ့ အချက်နဲ့ဆိုင်တယ်။ တစ်ယောက်ယောက်က သူ့တာဝန်ကို မဖြည့်ဆည်းနိုင်ရင်၊ ဖန်ဆင်းခံလို့ ခေါ်လို့မရဘူး။ သားသမီးတွေက သူတို့မိဘတွေကို သားသမီးဝတ်ကျေဖို့က မှန်ကန်ပြီး သင့်တော်တဲ့အတိုင်းပါပဲ။ နောက်ဆုံးမှာ မိဘတွေက သူတို့ကို ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ သားသမီးတွေက သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းသင့်တယ်။ ကျွန်မအတွက်တော့၊ ကျွန်မတာဝန်အပေါ် ဘယ်သဘောထားမျိုး ရှိခဲ့လဲ။ ခေါင်းဆောင်တာဝန်ကို ပိုယူရမှာဖြစ်ပြီး၊ မကောင်းမကန်း လုပ်မိရင် အဲဒါက ကျွန်မရဲ့ ရှေ့ရေးနဲ့ ကံကြမ္မာတွေကို ခြိမ်းခြောက်မယ်ဆိုတာ တွေးမိတဲ့အခါ၊ တာဝန်ကို ခေါင်းရှောင်ပြီး ငြင်းလိုက်ဖို့ ဆင်ခြေတွေ ရှာချင်ခဲ့တယ်။ တာဝန်ကို ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန် ဒါမှမဟုတ် ဝတ္တရားအနေနဲ့ နည်းနည်းမှ ကျွန်မ သဘောမထားခဲ့ဘူး။ အဲဒီအစား၊ တာဝန်တွေကို အပေးအယူတစ်မျိုးလို ကြည့်ခဲ့ပြီး၊ အဲဒါတွေက ကျွန်မကို ကောင်းချီးတွေ ဖြစ်စေမလား၊ ကျိန်ခြင်းတွေ ဖြစ်စေမလားဆိုတဲ့အပေါ် အခြေခံပြီး ရွေးခဲ့တယ်။ ကိုယ့်တာဝန်နဲ့ ပတ်သက်ပြီး ဖန်ဆင်းခံမှာရှိသင့်တဲ့ အသိစိတ် နည်းနည်းမှ မရှိခဲ့ဘူး။ နောက်ပြီးတော့ ကျွန်မက အတတ်ပညာရှင်မဟုတ်သလို၊ ဗီဒီယိုထုတ်လုပ်ရေးမှာ နည်းပညာကျွမ်းကျင်မှုတွေ မရှိလို့၊ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်နိုင်မှာမဟုတ်ဘူးလို့ အမှားမှားအယွင်းယွင်း ယုံကြည်ခဲ့မိတယ်။ ဒါပေမဲ့ ဘုရားက ရှင်းရှင်းလင်းလင်း ပြောတယ်။ “အမှန်တကယ်တွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ ဆက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ ဆက်လုပ်နိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အယူအဆတွေကို တိုက်ရိုက်ချေပခဲ့တယ်။ ခေါင်းဆောင်ဖြစ်ဖို့ နယ်ပယ်တစ်ခုမှာ နည်းပညာ ကျွမ်းကျင်မှုအားလုံးကို တတ်ကျွမ်းဖို့လိုတယ်လို့ ဘုရားက လုံးဝ မတောင်းဆိုခဲ့ဘူး။ ကျွန်မတို့က နယ်ပယ်တစ်ခုမှာ အတတ်ပညာဆိုင်ရာ အတွေ့အကြုံမရှိရင်တောင်၊ ကျွန်မတို့နဲ့ ပူးပေါင်းလုပ်ပေးဖို့ နည်းပညာဆိုင်ရာ အသိပညာရှိတဲ့ ညီအစ်ကို မောင်နှမတွေကို အမြဲတမ်း ရှာလို့ရသလို၊ ဒီပုံစံနဲ့ စည်းမျဉ်းတွေကို ရှာလို့ရတယ်။ အဲဒီလိုနဲ့ ကျွန်မတို့က အလုပ်ကို လုပ်နိုင်ဦးမှာပဲ။ တစ်ခုခုကို ကျွန်မတို့ တကယ် နားမလည်နိုင်ရင်၊ အထက်ခေါင်းဆောင်ဆီကနေ အကူအညီတောင်းလို့ရတယ်။ ဒါပေမဲ့ ကျွန်မက စိတ်အကြွင်းမဲ့လုပ်ပြီး အစွမ်းကုန် ကြိုးစားပေမဲ့ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းကို နည်းလွန်းရင်၊ ကျွန်မရဲ့ အစွမ်းအစက ချို့တဲ့နေပြီး ဒီအလုပ်နဲ့ကို မကိုက်ရင်၊ ကျွန်မ နုတ်ထွက်ပြီး တခြားတာဝန်တစ်ခုကို ယူလို့ရတယ်လေ။ ဘုရားရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မ အများကြီး အမြင်ပိုရှင်းသွားပြီး၊ ကျွန်မရဲ့ စိုးရိမ်စိတ်နဲ့ သောကတွေကို ဖယ်ထားလိုက်တယ်။

နောက်တော့၊ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ အမှတ်တမဲ့ တွေ့ခဲ့တယ်။ “ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏လိုအင်ဆန္ဒများကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ၊ သူ လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ လုပ်ဆောင်ခဲ့သည့် အရာ၌ သူ၏ ယုံကြည်မှုကို ကျောထောက် နောက်ခံပြု ခဲ့ပေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ၊ သူ၏အပြုအမူများ၏ အနှစ်သာရသည် ကျိုးနွံနာခံခြင်းဖြစ်ပြီး၊ ဝေဖန်သုံးသပ်ခြင်း မဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း ကျိုးနွံနာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁))ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် ဒုက္ခခံရမည်ကိုလည်းကောင်း၊ တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိရတာက နောဧအနေနဲ့ ဘုရားနှုတ်ကပတ်တော် အများကြီး မကြားခဲ့သလို၊ အရင်က သင်္ဘောမဆောက်ခဲ့ဖူးပေမဲ့၊ ဘုရားရဲ့ တာဝန်ပေးစေခိုင်းချက်နဲ့ရင်ဆိုင်ရတဲ့အခါ၊ အဲဒါကို သူ မစိစစ်၊ မဆန်းစစ်ခဲ့ဘူး။ ပြီးတော့ ဘုရားရဲ့ အလိုဆန္ဒတွေကို မှန်းဆဖို့ မကြိုးစားခဲ့ဘူး။ အဲဒါထက် သူက ဒီအတိုင်း နာခံခဲ့တယ်။ အဲဒါက သူ့ကိုယ်ပိုင် အကျိုးစီးပွားတွေကို ဘယ်လိုထိခိုက်မလဲ မစဉ်းစားဘဲ ဘုရားက သူ့ကို လုပ်ခိုင်းတဲ့ ဘယ်အရာကိုမဆို ကျိုးနွံနာခံပြီး လုပ်ခဲ့တယ်။ နောဧရဲ့ အပြစ်ကင်းခြင်းနဲ့ ရိုးသားမှုက ကျွန်မအပေါ် နက်ရှိုင်းတဲ့ သက်ရောက်မှုရှိခဲ့ပြီး၊ ကျွန်မ အတော့်ကို ကသိကအောက်ဖြစ်ပြီး ရှက်မိတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို သူတို့ရဲ့ ခေါင်းဆောင်အနေနဲ့ ရွေးခဲ့ပေမဲ့ အဲဒီလို အရေးကြီးတဲ့ တာဝန်နဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မတွေးနိုင်သမျှက ကျွန်မကိုယ်ပိုင် အကျိုးစီးပွားဖြစ်ခဲ့ပြီး၊ အဲဒီတာဝန်ကို ယူလိုက်ရင် ကျွန်မအပေါ် ကျရောက်နိုင်တဲ့ ဖြစ်နိုင်တဲ့ အကျိုးဆက်အားလုံးကိုတောင် စဉ်းစားခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ကျွန်မ ဘယ်လို လှည့်ဖြားတတ်ခဲ့ပုံကို မြင်ခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝက နောဧလိုလူတစ်ယောက်နဲ့ ယှဉ်လို့မရဘူး။ အဲဒီလို သဘောထားနဲ့ ကျွန်မတာဝန်ကို ဘယ်လိုလုပ် ကောင်းကောင်းလုပ်ဖို့ ဖြစ်နိုင်မှာလဲ။ ကျွန်မ တွေ့မိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်မှာ ပြောထားတာက “မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သောသူမျိုးသည် လေးသောဝန်ကို ထမ်းရန် သတ္တိရှိသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါဆုံးသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်း တို့ထိခဲ့တယ်။ ကျွန်မကိုယ်ပိုင် အနာဂတ်ရှေ့ရေးကို စဉ်းစားနေတာ ရပ်ရမယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့အတွက် ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ စဉ်းစားသင့်တယ်။ ဒီလိုကြီးမြတ်တဲ့ တာဝန်ကို ယူရဲသင့်ပြီး၊ ကျွန်မတာဝန်ကို ရိုးသား၊ ဖြူစင်တဲ့ စိတ်နှလုံးနဲ့ ချဉ်းကပ်ရာမှာ နောဧကို အတုယူသင့်တယ်။ အစမှာတော့၊ ကျွန်မတာဝန်မှာ ဘယ်ကနေ စရမှန်း မသိလို့ ဘုရားဆီ ခဏခဏ ဆုတောင်းခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ တွဲဖက် ညီအစ်မဆီကနေ စိတ်ရှည်တဲ့ ထောက်ပံ့မှုနဲ့ တခြားညီအစ်ကို မောင်နှမတွေဆီကနေ အားပေးမှုတွေလည်း ရခဲ့တယ်။ တစ်ခါတလေ အခက်အခဲတွေ ကြုံရတဲ့အခါ၊ သူတို့အလုပ်မှာ ရလဒ်ကောင်းတွေ ရခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေကို အကူအညီတောင်းပြီး၊ သူတို့က သူတို့သဘောပေါက်ခဲ့တဲ့ စည်းမျဉ်းတွေနဲ့ သူတို့ အသုံးပြုခဲ့တဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုခုကို ကျွန်မနဲ့ ရက်ရက်ရောရော မျှဝေကြတယ်။ ကျွန်မ အရမ်း တို့ထိခံခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ စည်းမျဉ်းတချို့နဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတချို့ကို ကျွန်မ စပြီးသဘောပေါက်ခဲ့သလို၊ ကျွန်မတာဝန်မှာ ပိုထိရောက်လာခဲ့တယ်။ ဘုရားရဲ့ လမ်းပြမှုကို ကျွန်မ တကယ် ခံစားရပြီး ဘုရားကို အထူးကျေးဇူးတင်မိတယ်။ ကျွန်မမှာ ချို့ယွင်းချက်တွေ အများကြီး ရှိသေးသလို ကြီးလေးတဲ့ တာဝန်ကို ထမ်းရမှာ သိပေမဲ့၊ နောက်မတွန့်ချင်တော့ဘူး။ တိုးတက်အောင် ကြိုးပမ်းဖို့ ဘုရားကို ကျွန်မ မှီခိုတော့မယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူမုန်းမခံချင်သူ ဖြစ်ရခြင်း၏ အမှန်တရားကို ကျွန်တော်သိမြင်ခဲ့ပါပြီ။

ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌...

တန်ခိုးကြီးသော သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည်

ဂျုံးကျင် အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က...

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။