တာဝန်ကို ရှောင်လွှဲခြင်း၏ နောက်ကွယ်

15.04.2026

ယီရွှိန်၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ မတ်လတုန်းက အသင်းတော်မှာ တရားဟောဆရာ တာဝန်ကို ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ ကျွန်မတာဝန်တွေမှာ ရလဒ်တချို့ရခဲ့တော့ ကျွန်မက အလုပ်လုပ်နိုင်စွမ်းကောင်းတယ်၊ အစွမ်းအစကောင်းတယ်လို့ စပြီး ခံစားလာခဲ့ရတယ်။ တာဝန်တွေထမ်းဆောင်နေရင်း သမ္မာတရားစည်းမျဉ်းတွေကို မရှာဖွေဘဲ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ကျွန်မ ပြုမူခဲ့မိတယ်။ ဒါက အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရာရောက်ခဲ့လို့ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ ဖြုတ်ချခံရပြီးနောက်မှာ ကျွန်မ တော်တော်လေး အပျက်သဘောဆောင်သွားတယ်။ အသင်းတော်အလုပ်ကို ငါ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့မိပြီ၊ ငါ့မှာ ကယ်တင်ခံရဖို့ အခွင့်အရေး မရှိတော့တာ သေချာပီဲလို့ ထင်ပြီး နေ့တိုင်း ညှဉ်းပန်းခံခဲ့ရတယ်။ ဆယ်ရက်ကျော်လောက် ဆင်ခြင်သုံးသပ်ပြီးနောက်မှာ အသင်းတော်က ကျွန်မကို စာနဲ့ပတ်သက်တဲ့တာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ထပ်ပြီး ထုတ်ဖော်ခံရမှာ၊ ဖြုတ်ချခံရမှာကို ကျွန်မ အရမ်းကြောက်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပြီး စည်းမျဉ်းတွေအတိုင်း တာဝန်တွေ ထမ်းဆောင်ဖို့၊ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ မပြုမူမိဖို့ သေချာအောင် လုပ်ခဲ့တယ်။

သုံးလကြာတော့ အသင်းတော်မှာ ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးကောက်ခံရတယ်။ အထက်ခေါင်းဆောင်ပိုင်းက ဒါနဲ့ပတ်သက်ပြီး ကျွန်မ ဘယ်လိုခံစားရလဲလို့ မေးတဲ့အခါ ဒီတာဝန်က ဘုရားသခင်ဆီကလာတာ၊ ကျွန်မ မငြင်းသင့်ဘူးဆိုတာ သိပေမဲ့ ကျွန်မ စိတ်ထဲမှာ တော်တော်လေး အတိုက်အခံဖြစ်မိတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ အသင်းတော်ခေါင်းဆောင် မလုပ်နိုင်ပါဘူး။ ခေါင်းဆောင်တစ်ယောက်က အလုပ်တစ်ခုလုံးအတွက် တာဝန်ယူရတာ၊ ပြီးတော့ အလုပ်ရဲ့ ကဏ္ဍအားလုံးကို နားလည်ရမယ်၊ တိုက်တွန်းရမယ်၊ နောက်ဆက်တွဲ လိုက်ကြည့်ရမယ်၊ တာဝန်တွေ ပိုများလေလေ၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေကို ပိုပြီး ထုတ်ဖော်မိလေလေဖြစ်ပြီး ပိုမြန်မြန် ထုတ်ဖော်ခံရမှာ။ ငါသာ ခေါင်းဆောင်ဖြစ်လာပြီး အကျင့်ဟောင်းတွေ ပြန်ပေါ်လာရင်၊ ပြီးတော့ ငါ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် အလုပ်ကို ထပ်ပြီး အဖျက်အမှောင့်လုပ် နှောင့်ယှက်မိလို့ ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရရင် ဒါက ကြီးလေးတဲ့ ပြဿနာတစ်ခု ဖြစ်သွားမှာ။ ငါ ရှင်းလင်းပစ်တာ၊ ဖယ်ရှားရှင်းလင်းတာတောင် ခံရနိုင်တယ်။ အဲဒီကျရင် ငါ့မှာ တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ အဲဒီအခါ ငါ ဘယ်လိုလုပ် ကယ်တင်ခံရနိုင်ဦးမှာလဲ။” သေချာ စဉ်းစားပြီးတဲ့နောက်မှာ စာနဲ့ပတ်သက်တဲ့တာဝန်တွေ လုပ်ရတာက ပိုစိတ်ချရတယ်လို့ ခံစားရတာနဲ့ ကျွန်မ ငြင်းလိုက်တယ်။ ပြောလိုက်တယ်လေ၊ “ကျွန်မမှာ ကျန်းမာရေးပြဿနာတွေ ရှိတယ်။ ပြီးတော့ ခေါင်းဆောင်ဖြစ်ရတာက တာဝန်တွေ အရမ်းများတယ်။ နေ့တိုင်း ဒီလောက် အလုပ်များနေရင် ကျွန်မခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး။ တခြားလူကိုပဲ ရှာသင့်တယ်” လို့ပေါ့။ နောက်ဆုံးတော့ ခေါင်းဆောင်တွေက ကျွန်မကို ပြန်စဉ်းစားပြီး နောက်မှ အကြောင်းပြန်ဖို့ ပြောကြတယ်။

အဲဒီည အိမ်ပြန်ရောက်ပြီးနောက်မှာ ကျွန်မ ဖျားပြီး ဝမ်းပျက်ပါလေရော။ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်မိလိုက်တယ်။ ကျွန်မ တွေးမိတယ်။ “ဘုရားသခင်ကို ငါ ယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး အသင်းတော်က ငါ့အတွက် စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို ငါ လက်ခံပြီး နာခံခဲ့တယ်။ ငါ့မှာ ကျန်းမာရေးပြဿနာတွေ ရှိပေမဲ့ ငါ့တာဝန်ကို ထမ်းဆောင်နိုင်စွမ်းအပေါ် မထိခိုက်ပါဘူး။ ဒါဆို သူတို့ ငါ့ကို ခေါင်းဆောင်အနေနဲ့ ရွေးကောက်တဲ့အခါ ဒီတစ်ကြိမ်ကျမှ ငါ ဘာလို့ ကျိုးနွံနာခံဖို့ မလိုလားရတာလဲ” လို့ပေါ့။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ ဆုတောင်းပြီးနောက်မှာ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အမြန်ရှာဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိသားစုသည် အခြားသော ပုံစံသွင်းသည့် သက်ရောက်မှု အမျိုးအစားတစ်ခုကိုလည်း ဖြစ်ပေါ်စေသည်။ ဥပမာအနေဖြင့် သင့်မိသားစုဝင်များက သင့်အား အစဉ်သဖြင့် ပြောသည်မှာ ‘လူများကြားထဲတွင် အလွန်ထင်ပေါ်လွန်းသူ မဖြစ်စေနှင့်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး မိမိ၏ စကားနှင့် လုပ်ရပ်များအပြင် မိမိ၏ ကိုယ်ပိုင်ပါရမီများ၊ အရည်အချင်းများ၊ ဉာဏ်ရည်များ စသည်တို့တွင် အနည်းငယ်သော ချုပ်တည်းမှုကို ကျင့်သုံးရမည်။ ထင်ပေါ်သည့်သူ မဖြစ်စေနှင့်။ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” နှင့် “ထွက်နေသည့် ထုတ်တန်းက ဦးဆုံးဆွေးသည်” ဟူသည့် ဆိုရိုးစကားကဲ့သို့ပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုလျှင်၊ ကိုယ်နေသည့်အုပ်စုတွင် ရေရှည်ဖြစ်ပြီး တည်ငြိမ်သည့်နေရာကို ရလိုလျှင် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် မဖြစ်နှင့်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး လူတိုင်းထက်သာဖို့ ရည်မှန်းချက်မထားနှင့်။ မိုးကြိုးလွှဲကို စဉ်းစားကြည့်။ ယင်းမှာ မုန်တိုင်းကျနေသည့်အချိန်တွင် ပထမဆုံး မိုးကြိုးပစ်ခံရသည့်အရာ ဖြစ်သည်။ အကြောင်းမှာ မိုးကြိုးသည် အမြင့်ဆုံးနေရာကို ပစ်သောကြောင့် ဖြစ်သည်။ လေပြင်းတိုက်နေသည့်အချိန်တွင် အရှည်ဆုံးသစ်ပင်က ပထမဆုံး အပြင်းဆုံးဒဏ်ဖြင့် အတိုက်ခံရသည်။ ပြီးလျှင် ရာသီဥတုအေးသည့်အချိန်တွင် အမြင့်ဆုံးတောင်က ဦးဆုံး အေးခဲသည်။ လူများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကိုယ်က အမြဲတမ်း အခြားသူများကြားတွင် ထင်ပေါ်ပြီး အာရုံစိုက်ခံရလျှင်၊ လူစုက ကိုယ့်ကို သတိထားမိလျှင် ကိုယ့်ကို ဒဏ်ပေးဖို့ အသေအချာ စဉ်းစားလိမ့်မည်။ ထီးထီးကြီးထင်ပေါ်နေသည့်ငှက် မဖြစ်နှင့်။ တစ်ယောက်တည်း မပျံနှင့်။ အုပ်စုထဲတွင် နေသင့်သည်။ သို့မဟုတ်ပါက သင့်အနားတွင် လူမှုဆန္ဒပြပွဲတစ်ခုခုဖြစ်လျှင် ဦးဆုံး အပြစ်ပေးခံရသည်မှာ သင်သာ ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် ဖြစ်သောကြောင့်တည်း။ အသင်းတော်တွင် ခေါင်းဆောင်၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင် မဖြစ်စေနှင့်။ သို့မဟုတ်ပါက ဘုရားအိမ်တော်တွင် အလုပ်နှင့် သက်ဆိုင်သည့် ဆုံးရှုံးမှုဖြစ်စေ၊ ပြဿနာများဖြစ်စေ ရှိသည့်ဖြစ်စဉ်တွင် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက်အနေနှင့် သင်သည် ပထမဆုံး ခွဲထုတ်ခံရမည်။ ထို့ကြောင့် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် မဖြစ်စေနှင့်။ အဘယ်ကြောင့်ဆိုသော် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်နှင့် အပစ်ခံရသည့်ငှက်ဖြစ်သောကြောင့် ဖြစ်သည်။ လိပ်တစ်ကောင်ကဲ့သို့ ခေါင်းကို အထဲသွင်းပြီး ကျုံ့ထားတတ်ဖို့ သင်ယူရမည်’ ဟူ၍ ဖြစ်သည်။ သင့်မိဘများထံမှ ဤစကားများကို သင်အမှတ်ရပြီး ခေါင်းဆောင်ရွေးချယ်ရန် အချိန်ကျသောအခါ သင်သည် ရာထူးကို ပယ်ချကာ ‘ဪ ကျွန်တော် မလုပ်နိုင်ဘူး။ ကျွန်တော့်တွင် မိသားစုနှင့် ကလေးများရှိသည်။ သူတို့နှင့် အရမ်းအလုပ်ရှုပ်နေသည်။ ကျွန်တော် ခေါင်းဆောင်လုပ်လို့မရပါ။ ခင်ဗျားတို့ လုပ်သင့်သည်။ ကျွန်တော့်ကို မရွေးပါနှင့်’ ဟူ၍ ဆိုသည်။ သင်သည် မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်ဆိုပါစို့။ ခေါင်းဆောင်လုပ်ရန် သင်တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သင်က ‘အားနာပါသည်၊ ကျွန်တော် နုတ်ထွက်မှဖြစ်မည်။ ခင်ဗျားတို့ ခေါင်းဆောင်လုပ်ပါ။ ကျွန်တော်က ခင်ဗျားတို့ကို အခွင့်အရေးအားလုံးကို ပေးနေခြင်း ဖြစ်ပါသည်။ ဤရာထူးကို ခင်ဗျားတို့ကို ယူခွင့်ပေးခြင်းဖြစ်သည်။ ကျွန်တော် ဖယ်ပေးပါသည်’ ဟု ဆိုသည်။ သင့်စိတ်နှလုံး၌ သင်တွေးတောသည်မှာ ‘ဟင် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်က သေနတ်နှင့် အပစ်ခံရတတ်သည်။ အမြင့်ကို တက်လေလေ၊ အကျနာလေလေဖြစ်ပြီး ထိပ်ဆုံးတွင် အထီးကျန်သည်။ မင်းကို ခေါင်းဆောင် ဖြစ်ခွင့်ပေးလိုက်မည်။ မင်း အရွေးခံရပြီးသည့်နောက်တွင် အခြားသူများ၏ လက်ညှိုးထိုးခံရသည့်နေ့ကို ရောက်လာမည်ဖြစ်သည်။ ငါသည် မည်သည့်အခါကမျှ ခေါင်းဆောင်မဖြစ်ချင်ပါ။ ငါသည် လှေကားကို မတက်ချင်သဖြင့် ယင်းမှာ အမြင့်ကနေ ငါ ကျမည်မဟုတ်သည့် သဘောဖြစ်သည်။ စဉ်းစားကြည့်လော့၊ ထိုလူသည် ခေါင်းဆောင်ရာထူးမှ နှင်ထုတ်မခံခဲ့ရသလော။ နှင်ထုတ်ခံရပြီးသည့်နောက်တွင် သူသည် သာမန်ယုံကြည်သူတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးပင် မရခဲ့ပါ။ ယင်းမှာ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက် ဖြစ်သည်” ဟူသည်နှင့် “ထွက်နေသည့် ထုတ်တန်းက ဦးဆုံးဆွေးသည်” ဟူသည့် ထိုဆိုရိုးစကားများ၏ အကောင်းဆုံးနမူနာပင် ဖြစ်သည်။ ငါ မမှန်သလော။ သူက ဒဏ်အပေးမခံရသလော။ လူများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သင်ယူရမည်။ သို့မဟုတ်ပါက လူများသည် ဦးနှောက် မည်သည့်အတွက် ရှိသနည်း။ ကိုယ့်ခေါင်းထဲတွင် ဦးနှောက်ရှိလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသုံးပြုရမည်။ အချို့လူများက ဤပြဿနာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ။ သို့သော် လူ့အဖွဲ့အစည်းတွင်၊ မည်သည့်လူအုပ်စုတွင်မဆို ဤကဲ့သို့သာ ဖြစ်သည်။ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” သေနတ်နှင့် အပစ်ခံရသည့်အချိန် မရောက်သေးမချင်း ထီးထီးကြီး ထင်ပေါ်နေသမျှ ကောင်းစွာ လေးစားခံရမည်။ ထို့နောက်တွင် ကျည်လမ်းကြောင်းတွင် နေသည့်သူများက အနှေးနှင့်အမြန် ထိုက်သင့်သည့် ကြမ္မာကိုကြုံရသည်ကို မင်းသဘောပေါက်လိမ့်မည်’ ဟူ၍ ဖြစ်သည်။ ဤသည်တို့တွင် သင့်မိဘနှင့် မိသားစု၏ အလွန်လေးနက်သော သွန်သင်မှုများဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဘဝသက်တမ်းတစ်လျှောက်၏ အတွေ့အကြုံကို ထုတ်ဖော်ပြောဆိုမှု၊ အနှစ်ချုပ် ဉာဏ်ပညာတို့လည်း ဖြစ်သည်။ ၎င်းတို့က ယင်းတို့ကို ထိန်ချန်ထားခြင်း တစ်ခုမျှ မရှိဘဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ လူတွေဟာ စာတန် သွတ်သွင်းပေးထားတဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်နေကြတယ်ဆိုတာကို တွေ့လိုက်ရတယ်။ ဥပမာ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်”၊ “ထွက်နေသည့် ထုတ်တန်းက ဦးဆုံးဆွေးသည်”၊ “အမြင့်တက်လေ အကျနာလေ” နဲ့ “ထိပ်ဆုံးတွင် အထီးကျန်၏” ဆိုတာမျိုးတွေပေါ့။ လူတစ်ယောက်ဟာ လူအုပ်ကြားထဲမှာ ထင်ပေါ်မနေသင့်ဘူး၊ ရဲရဲရင့်ရင့် မလုပ်သင့်ဘူး၊ နောက်ပြီး ဒါက လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့နည်းလမ်းလို့ သူတို့ ယုံကြည်ကြတယ်။ ကျွန်မက ဒီအမြင်တွေနဲ့ အသက်ရှင်နေခဲ့တာ။ ခေါင်းဆောင်ဖြစ်ပြီး တာဝန်တွေ ပိုယူရရင် ဖောက်ပြန်ပျက်စီးခြင်းကို ပိုထုတ်ဖော်မိမယ်၊ ပြီးတော့ အမြင့်တက်လေ အကျနာလေ ဖြစ်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒီအတွေးနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ပြီး သာမန်ယုံကြည်သူပဲ လုပ်ချင်ခဲ့တယ်။ ဒါက အစိတ်ချရဆုံး ရွေးချယ်မှုလို့ ထင်ခဲ့တာလေ။ ပြီးတော့ ကျွန်မက တစ်ခါ ဖြုတ်ချခံထားရပြီးပြီဆိုတော့ နောက်တစ်ခါ ထပ်ဖြုတ်ချခံရရင် သာမန်ယုံကြည်သူဖြစ်ဖို့ အခွင့်အရေးတောင် ကျန်မှာ မဟုတ်ဘူးလို့ တွေးခဲ့တာ။ ဒီလို မိုက်မဲပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကြောင့် ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရတဲ့အခါ ကျွန်မ ပထမဆုံး တွေးမိတာက ဒီတာဝန်ကို ကောင်းကောင်း မလုပ်နိုင်ရင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရနိုင်တယ်၊ အဲဒါဆိုရင် ကျွန်မ ကယ်တင်ခံရတော့မှာ မဟုတ်ဘူး၊ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင် ရှိတော့မှာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒါကြောင့် ငြင်းဖို့ ဆင်ခြေတွေ ရှာခဲ့တယ်။ မယုံကြည်သူတွေက တည်ငြိမ်တဲ့ဘဝ ရဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အဖွဲ့ထဲမှာ နေရာရဖို့အတွက် စကားနည်းနည်းပြောပြီး သိပ်မထင်ပေါ်အောင် နေကြတယ်ဆိုတာကို တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အဖွဲ့ထဲမှာ ခြေကုပ်ရဖို့အတွက်၊ ကျွန်မရဲ့ အမြင်က ဘာသာတရားမရှိသူတွေနဲ့ အတူတူပဲဆိုတာ သဘောပေါက်လိုက်မိတယ်။ တာဝန်နဲ့ ရင်ဆိုင်ရတဲ့အခါ ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဆုံးဖြတ်ခဲ့တယ်၊ ဘုရားသခင်ကို အထင်လွဲပြီး သတိထားစောင့်ကြည့်ရင်းနဲ့ အဲဒီတာဝန်ကို ငြင်းပယ်ခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တာပဲ။

ကျွန်မ ရှာဖွေနေတုန်းမှာ ဒီလိုဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “လူအချို့က ‘ဦးဆောင်သူမည်သူမဆို မိုက်မဲပြီး မသိနားမလည်ကြသည့်အပြင် ကိုယ့်ဒုက္ခကိုယ်ရှာနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်တစ်ဦးအဖြစ် ထမ်းဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်မြင်တွေ့အောင် ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြ၍ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအလုပ်ကို မလုပ်ခဲ့လျှင် ဖောက်ပြန်ပျက်စီးခြင်း မြောက်မြားစွာ ထုတ်ဖော်ခံရမည်လော’ ဟု ထင်ကြသည်။ အဓိပ္ပာယ်မဲ့သော စိတ်ကူးပါတကား။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် မထမ်းဆောင်လျှင် ဖောက်ပြန်ပျက်စီးခြင်းကို သင်မထုတ်ဖော်ဘဲ နေမည်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း ဟူသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်း လျှော့‌ပေါ့၍ ပြသလျှင်ပင် ကယ်တင်ခြင်းကို သင်ရရှိပြီးပြီဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်လော။ ဤဆွေးနွေးချက်အရ ခေါင်းဆောင်များအဖြစ် အစေမခံသောသူတို့ အားလုံးသည် ဆက်လက်ရှင်သန်ပြီး ကယ်တင်ခြင်းခံရနိုင်သူများ ဖြစ်ကြသလော။ ဤစကားသည် ရယ်ဖွယ်ကောင်းလွန်းသည် မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသော လူတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်နှင့် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်အတွက် လမ်းပြကြသည်။ ဤသတ်မှတ်ချက်နှင့် စံချိန်စံညွှန်းသည် မြင့်မားသောကြောင့် ခေါင်းဆောင်များသည် ပထမဆုံးအနေဖြင့် လေ့ကျင့်မှုကို အစပြုသောအခါ ဖောက်ပြန်ပျက်စီးသော အခြေအနေအချို့ကို ထုတ်ဖော်ကြမည်မှာ မလွဲပေ။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ သို့သော် ဘုရားသခင်သည် ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုသည်သာမက သူသည် ဤလူတို့ကို ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြခြင်းကိုလည်း ပြုလုပ်ပြီး ၎င်းတို့အပေါ် အပိုဝန်ထုပ်ဝန်ပိုးများ တင်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အလုပ်ကို ကျိုးနွံနာခံနိုင်သရွေ့ အသက်တာ၌ သာမန်လူတို့ထက် ပို၍မြန်မြန်ဆန်ဆန် တိုးတက်ကြမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်လျှင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရသည့် လမ်းကြောင်းပေါ် အစပျိုးနိုင်လေသည်။ ဤသည်မှာ ဘုရားသခင် ကောင်းချီးအပေးဆုံးအရာ ဖြစ်၏။ လူအချို့က ဤအရာကို မမြင်နိုင်ကြဘဲ အမှန်တရားများကို လွဲချော်ကြသည်။ လူ၏ သိနားလည်မှုအရ ခေါင်းဆောင်တစ်ဦးသည် အဘယ်မျှပြောင်းလဲသည်ဖြစ်စေ ဘုရားသခင် ဂရုစိုက်မည်မဟုတ်ချေ။ သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှ ထုတ်ဖော်သည်ကိုသာ ကြည့်မည်ဖြစ်ပြီး ဤအရာအပေါ်မူတည်၍သာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချမည် ဖြစ်သည်။ ထို့ပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်သောသူတို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကိုသာ ထုတ်ဖော်သောကြောင့် ၎င်းတို့ မပြောင်းလဲလျှင်ပင် ဘုရားသခင်က ထိုသူတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ ဟူ၍ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် အလွန် ပြင်းထန်စွာ ခုခံလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ သင်သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၌ သမ္မာတရားနှင့် စစ်မှန်သော သက်သေခံချက် ရှိမရှိအပေါ် အဓိကအားဖြင့် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ယင်းမှာ ၎င်းတို့သည် သမ္မာတရားလိုက်စားသော လူများဟုတ်မဟုတ်အပေါ် အဓိကအားဖြင့် မူတည်၏။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် အမှန်တကယ် နောင်တရနိုင်ပါက ဘုရားသခင်အား ပြစ်မှားစော်ကားသည့် စကားများ ပြောဆိုခြင်း သို့မဟုတ် အရာများ ပြုလုပ်ခြင်း မရှိသရွေ့ ၎င်းတို့သည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိနိုင်စွမ်းရှိမည်။ သင်တို့၏ စိတ်ကူးစိတ်သန်းများအရ အဆုံးတိုင်အောင် ဘုရားသခင်နောက်လိုက်သော သာမန်ယုံကြည်သူများအားလုံး ကယ်တင်ခြင်းရရှိနိုင်ပြီး ခေါင်းဆောင်များအဖြစ် အစေခံသူတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခံရလျှင် ယင်းကို မလုပ်ဆောင်ခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ဆိုလျှင် ဖောက်ပြန်ပျက်စီးခြင်းကို မရည်ရွယ်ဘဲ သင် ထုတ်ဖော်မိမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းမှာ သင့်ကိုယ်သင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခြင်းနှင့်ပင် တူမည်ဟု သင်တို့ထင်မိမည်။ ဤအရာအားလုံးမှာ ဘုရားသခင်နှင့်ပတ်သက်၍ သင်တို့၏ အထင်မြင်လွဲမှားခြင်းများကြောင့် ဖြစ်ရသည်မဟုတ်လော။ အကယ်၍ လူတို့၏ အဆုံးသတ်များကို ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးခြင်းအပေါ် အခြေခံ၍ အဆုံးအဖြတ် ပေးလျှင် မည်သူမျှ ကယ်တင်ခံမည်မဟုတ်ချေ။ ဤသည်မှာ မှန်ကန်ပါက ဘုရားသခင်အနေဖြင့် ကယ်တင်ခြင်းအလုပ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်တော့မည်နည်း။ ဤသည်မှာ တကယ်ကို စစ်မှန်လျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာ၌ ရှိတော့မည်နည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို မြင်တွေ့နိုင်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် သင်တို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မြင်လွဲမှားသွားပြီဖြစ်ကာ ယင်းက သင်တို့၌ ဘုရားသခင်နှင့် ပတ်သက်၍ စစ်မှန်သော သိနားလည်မှုမရှိကြောင်း ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ထုတ်ဖော်ပြဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စတစ်ခုကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။...အမှန်တွင်၊ အခြေအနေများစွာ၌၊ လူတို့၏ ပူပန်မှုများသည် ၎င်းတို့ကိုယ်ပိုင် ကိုယ်ကျိုးစီးပွားမှ လာပေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ၎င်းတို့တွင် ရလဒ်မရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က၊ ‘ဘုရားသခင်သည် ကျွန်ုပ်ကို ထုတ်ဖော်ပြလျှင်၊ ဖယ်ရှားရှင်းလင်းပြီး ငြင်းပယ်လျှင်၊ အဘယ်သို့ပြုလုပ်မည်နည်း’ဟု အမြဲ တွေးနေကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ အဓိပ္ပာယ်ကောက်လွဲခြင်းဖြစ်သည်။ ဤသည်တို့မှာ သင်၏ တစ်ဖက်သတ် မှန်းဆချက်များဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သင် အဖြေရှာရမည်။ သူက လူတို့ကို ထုတ်ဖော်ပြသည့်အခါ၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းအတွက် မဟုတ်။ လူတို့သည် ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရတို့ကို ဖော်ထုတ်ရန်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေပြီး၊ စစ်မှန်သည့် နောင်တရလာနိုင်စွမ်းရှိစေရန်အလို့ငှာ ထုတ်ဖော်ပြခံရခြင်းဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူတို့ကို ထုတ်ဖော်ပြခြင်းသည် ၎င်းတို့၏ အသက်တာများ ကြီးထွားစေရန်ဖြစ်သည်။ သိနားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲကာ အပျက်သဘောဆောင်ပြီး အားနည်းလာတတ်သည်။ ၎င်းတို့သည် စိတ်ပျက်လက်ပျက်ပင် ဖြစ်သွားနိုင်သည်။ အမှန်တွင်၊ ဘုရားသခင်၏ ထုတ်ဖော်ပြခံရခြင်းသည် သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ထိုအရာမှာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင့်အား သိရှိအောင် ကူညီရန်နှင့် သင့်ကို နောင်တရစေရန် ဖြစ်သည်။ မကြာခဏ၊ လူတို့သည် ပုန်ကန်တတ်ကြသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ သမ္မာတရားတွင်ရှိသည့် ဖြေရှင်းချက်ကို ရှာရန် မကြိုးစားကြသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ထို့ကြောင့်၊ တစ်ခါတစ်ရံ၊ သူသည် လူတို့၏ အကျည်းတန်ခြင်းနှင့် သနားဖွယ်ဖြစ်ခြင်းတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေလျက်၊ လူတို့ကို ထုတ်ဖော်ပြသည်။ ယင်းက ၎င်းတို့၏အသက်တာကို ကြီးထွားရန် ကူညီပေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တာက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ဘယ်လောက်ပဲ ထုတ်ဖော်မိပါစေ၊ အတိတ်က ဘယ်လို ပြစ်မှားခြင်းမျိုးပဲ ကျူးလွန်ခဲ့ပါစေ၊ သမ္မာတရားကို လိုက်စားပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ် သိမြင်နိုင်သရွေ့၊ စစ်မှန်တဲ့ နောင်တရပြီး ပြောင်းလဲနိုင်သရွေ့ သူတို့ ကယ်တင်ခြင်း ရနိုင်တယ်ဆိုတာပါပဲ။ ခေါင်းဆောင် မဟုတ်တဲ့သူတွေကျတော့ သူတို့ဆီက ထုတ်ဖော်လာတဲ့ ဖောက်ပြန်ပျက်စီးခြင်းက နည်းနည်းလေးပဲ ရှိရင်တောင်မှ၊ သူတို့က သမ္မာတရားကို မလိုက်စားဘူး၊ ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ နားလည်မှု မရှိဘူးဆိုရင် အဲဒီအခါကျရင် နောက်ဆုံးမှာ သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲမှာ မဟုတ်ဘူး၊ သူတို့ ကယ်တင်ခံရဖို့ မဖြစ်နိုင်ပါဘူး။ တကယ်တော့ ကျွန်မတို့ ကယ်တင်ခံရမလား၊ ဖယ်ရှားရှင်းလင်းခံရမလား ဆိုတာက ကျွန်မတို့ ဘာတာဝန် ထမ်းဆောင်လဲ၊ အဆင့်အတန်း မြင့်လား နိမ့်လား ဆိုတာနဲ့ မဆိုင်ပါဘူး။ အဓိကသော့ချက်ကတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်လိုက်စားမှုအပေါ်မှာပဲ မူတည်ပါတယ်၊ အဲဒါကတော့ ကျွန်မတို့ သမ္မာတရားကို လိုက်စားသလားဆိုတာနဲ့ သမ္မာတရားကို ချစ်သလား ဆိုတာပါပဲ။ ဘုရားအိမ်တော်က လူတွေကို ခဏတာ လုပ်ရပ်တွေ၊ အပြုအမူတွေအပေါ် မူတည်ပြီး ဖယ်ရှားရှင်းလင်းတာ မဟုတ်ပါဘူး၊ အဲဒီအစား လူတစ်ယောက်ရဲ့ တစ်သမတ်တည်း အပြုအမူနဲ့ သဘာဝ အနှစ်သာရအပေါ် မူတည်ပြီး ဆုံးဖြတ်တာပါ။ ရှင်းလင်းပစ်တာ၊ နှင်ထုတ်တာ ခံရတဲ့ လူဆိုးတွေနဲ့ အန္တိခရစ်တွေလိုပဲပေါ့၊ သူတို့က သမ္မာတရားကို ပြင်းပြင်းထန်ထန် မနှစ်မြို့ဘဲ မုန်းတီးကြတယ်၊ ပြီးတော့ သူတို့တာဝန်တွေမှာ သမ္မာတရား စည်းမျဉ်းတွေကို ခဏခဏ ချိုးဖောက်ပြီး မကောင်းမှုတွေ အများကြီး ကျူးလွန်ကြတယ်။ အကြိမ်ကြိမ် မိတ်သဟာယ ပြုပေးပေမဲ့ သူတို့ နောင်တရဖို့ ငြင်းဆန်ကြတယ်၊ ဒါကြောင့် ဘုရားအိမ်တော်က သူတို့ကို ရှင်းလင်းပစ်ပြီး ဖယ်ရှားရှင်းလင်းလိုက်တာပါ။ ကျွန်မ အရင်က ဖြုတ်ချခံရတာက ကျွန်မရဲ့ ဆိုးဆိုးရွားရွား မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့၊ တာဝန်တွေမှာ စည်းမျဉ်းတွေကို မလိုက်နာခဲ့ဘဲ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ပါ။ ဒါပေမဲ့ ကျွန်မ ဖြုတ်ချခံရတာက ကျွန်မကို ဖယ်ရှားရှင်းလင်းဖို့ မဟုတ်ပါဘူး၊ အဲဒီအတွေ့အကြုံကနေ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စစ်မှန်တဲ့ နောင်တရခွင့်ပေးဖို့ပါ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ ရပြီးတဲ့နောက်မှာ အသင်းတော်က ကျွန်မကို စာနဲ့ပတ်သက်တဲ့တာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒီကိစ္စမှာ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်တာဟာ ကျွန်မကို ပြောင်းလဲဖို့နဲ့ သန့်စင်ဖို့ ရည်ရွယ်တာပါ၊ ဖယ်ရှားရှင်းလင်းဖို့ မဟုတ်ဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်မိတယ်။ အခြေအနေတွေကို သမ္မာတရား မရှာဖွေဘဲ ကျွန်မ ရင်ဆိုင်ခဲ့တုန်းက လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သဘောထားနဲ့ သူ့ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မ တစ်ခါ ဖြုတ်ချခံရပြီးပြီဆိုတော့ နောက်ထပ် အမှားတစ်ခု ထပ်လုပ်မိရင် ရှင်းလင်းပစ်တာ၊ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲဆိုပြီး အဓိပ္ပာယ်မဲ့ တွေးခဲ့တယ်။ ကျွန်မ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အထင်လွဲနေခဲ့တာ မဟုတ်ဘူးလား။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး ကျွန်မရဲ့ သဘာဝ အနှစ်သာရကို နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု အန္တိခရစ်တို့ မယုံကြည်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဟု မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို လူသားအယူအဆများနှင့် စိတ်ကူးများမှတစ်ဆင့် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လူသား၏ အမြင်ရှုထောင့်များ၊ လူသားအတွေးများ၊ လူသား၏ ပရိယာယ်များဖြင့် ချဉ်းကပ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို သတ်မှတ်ရန် စာတန်၏ တွေးခေါ်ပုံနှင့် အယူအဆကို အသုံးချကြသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်များသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်မခံရုံမျှမက အသိအမှတ်လည်း မပြုကြဘဲ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်အပေါ်တွင် အယူအဆများ၊ အတိုက်အခံများနှင့် ပုန်ကန်မှုများအပြည့် ရှိကြပြီး ဘုရားသခင်အပေါ် စစ်မှန်သည့် သိမြင်မှု တစ်စွန်းတစ်စမျှပင် မရှိပေ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ချစ်ခြင်းအပေါ် အန္တိခရစ်များ၏ သုံးသပ်ချက်သည် သံသယအပြည့်ရှိ၏။ သင်္ကာမကင်းဖြစ်ခြင်းတည်း။ ၎င်းတို့သည် ထိုအရာအတွက် သံသယရှိမှုများ၊ ငြင်းဆန်မှု၊ အသရေဖျက်မှုများ အပြည့်ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သို့ရှိမည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်။ ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို သဘောထားမှုဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ၎င်းတို့၏ သဘောထားမှုကတိုက်ရိုက်ငြင်းပယ်မှု ဖြစ်သည်မှာ ပကတိအတိုင်း ရှင်းနေပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၆))အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို အမှန်တကယ် သိရှိနိုင်ပုံ) ဘုရားနှုတ်ကပတ်တော်တွေကနေ အန္တိခရစ်တွေဟာ ဘုရားသခင်ရဲ့ ပင်ကိုလက္ခဏာနဲ့ အနှစ်သာရကို သံသယဝင်ပြီး ငြင်းပယ်ကြတယ်ဆိုတာ တွေ့လိုက်ရတယ်။ သူတို့က ဘုရားနှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်ဆိုတာ မယုံကြည်သလို သူ့ရဲ့ ဖြောင့်မတ်ပြီး သန့်ရှင်းတဲ့ စိတ်သဘောထားကိုလည်း မယုံကြည်ကြဘူး။ အဲဒီအစား သူတို့က ဘုရားသခင်ရဲ့ အမှုတော်ကို လူ့အမြင်တွေ၊ ကျိုးကြောင်းဆင်ခြင်မှုတွေနဲ့ လေ့လာကြတယ်၊ ပြီးတော့ ဘုရားသခင်အပေါ်ထားတဲ့ အယူအဆတွေ၊ မသင်္ကာမှု၊ ငြင်းပယ်မှုနဲ့ သံသယတွေ ပြည့်နေကြတယ်။ ကျွန်မရဲ့ အပြုအမူက အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ အတူတူပဲဆိုတာ မြင်ခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို အမြဲတမ်း သံသယဝင်နေခဲ့တာ။ တရားဟောဆရာမအနေနဲ့ ကျွန်မ ဖြုတ်ချခံရပြီးတဲ့နောက်၊ ဘုရားသခင်ကို ကျွန်မ ဘယ်လို အတိုက်အခံလုပ်ပြီး ပုန်ကန်ခဲ့မိလဲ ဆိုတာကို နားလည်ဖို့ မရှာဖွေခဲ့သလို၊ အသင်းတော်အလုပ်ကို ကျွန်မ ဘယ်လို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့မိလဲ ဆိုတာကိုလည်း ဆင်ခြင်သုံးသပ်မှု မလုပ်ခဲ့ဘူး။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ လုံးဝ နားမလည်ခဲ့ဘဲ ဘုရားသခင်ကို အုပ်စိုးသူတစ်ဦးလို သဘောထားပြီး မြင်ခဲ့တယ်။ လူတစ်ယောက်က ပြစ်မှားခြင်း တစ်ခုကို ကျူးလွန်လိုက်တာနဲ့ ကိုယ်တော်က သူတို့ကို နောင်တရဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘဲ ရှင်းလင်းပစ်ပြီး ဖယ်ရှားရှင်းလင်းလိုက်မယ်လို့ ထင်ခဲ့တယ်။ ဒီလို ဖြုတ်ချခံရတာနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ် သိမြင်ဖို့နဲ့ သင်ခန်းစာယူဖို့ တိုက်တွန်းတာ ဖြစ်တယ်ဆိုတာကို တွေးမိတယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးချယ်ခံရတာက ဘုရားသခင်က ကျွန်မကို လေ့ကျင့်ဖို့ နောက်ထပ် အခွင့်အရေး ပေးတာဖြစ်ပြီး ဒါက သူ့ရဲ့ ကျေးဇူးတော်နဲ့ ချီးမြှောက်မှုလည်း ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ရမယ့်အစား ကျွန်မ ဘုရားသခင်ကို သံသယဝင်ပြီး လှည့်ဖြားမှုတွေ လုပ်ခဲ့တယ်၊ ပြီးတော့ ကျွန်မတာဝန်ကို ငြင်းပယ်ခဲ့တယ်။ ကိုယ့်တာဝန် ထမ်းဆောင်ဖို့နဲ့ သမ္မာတရား ရရှိဖို့ ဒီအခွင့်အရေးကို ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမယ့် ပရိယာယ်တစ်ခုလို သဘောထားခဲ့မိတာလေ။ ကျွန်မက အဖြူကို အမည်း၊ အမည်းကို အဖြူ ပြောပြီး အဖြစ်မှန်တွေကို လွဲချော်အောင် လုပ်နေတာ မဟုတ်ဘူးလား။ ကျွန်မမှာ တကယ်ကို လူ့သဘာဝ မရှိခဲ့ဘူး။ “ထိပ်ဆုံးတွင် အထီးကျန်၏” နဲ့ “အမြင့်တက်လေ အကျနာလေ” တို့လို စာတန်ဆန်တဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေနဲ့ ကျွန်မ ဆက်အသက်ရှင်နေမယ်ဆိုရင်၊ ပြီးတော့ တာဝန်တွေမှာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ ပျက်ကွက်ပြီး ဘုရားသခင်ကို အမြဲတမ်း သတိထားစောင့်ကြည့်၊ အထင်လွဲနေမယ်ဆိုရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာ ခံရပြီး ကိုယ်တော်ရဲ့ ထုတ်ဖော်တာ၊ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။ ကျွန်မ ဘုရားသခင်ဆီ နောင်တရကြောင်း ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီး တကယ်ကို လှည့်ဖြားတတ်ပြီး ဆိုးယုတ်ခဲ့ပါတယ်၊ ကိုယ်တော့်ကို အမြဲ သံသယဝင်ပြီး သတိထားကာကွယ်ခဲ့ပါတယ်။ ဒါတောင်မှ ကိုယ်တော်က ကိုယ်တော့် နှုတ်ကပတ်တော်တွေနဲ့ သမီးကို ဉာဏ်ပွင့်စေပြီး ကိုယ်တော့် ရည်ရွယ်ချက်တွေကို နားလည်ဖို့ လမ်းပြပေးခဲ့တယ်။ သမီးက ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းနဲ့ တကယ် မထိုက်တန်ပါဘူး။ အို ဘုရားသခင်၊ သမီး နောင်တရပြီး ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ကိုယ်တော့်ကို ထပ်ပြီး မပုန်ကန်တော့ဘဲ ကိုယ်တော့် စိတ်နှလုံးကို မနာကျင်စေချင်တော့ဖို့ လိုလားပါတယ်” လို့ပေါ့။

ဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခု ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှန်တွင် လူအများစုအနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ ရှာဖွေသရွေ့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြသည့် အကြိမ်ရေကို တဖြည်းဖြည်း လျှော့ချနိုင်ကြပြီး နောက်ဆုံးတွင် မိမိတို့တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်ကြပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော် တွေ့ကြုံခြင်း ဖြစ်စဉ်ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက် ယင်းကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေသင့်ပြီး သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို သိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်ပေသည်။ ဤသည်မှာ သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို ဆန့်ကျင်တိုက်ခိုက်သည့် ဖြစ်စဉ်ဖြစ်ပြီး သင်၏ ဘဝအတွေ့အကြုံအတွက် မုချလိုအပ်ပေသည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံကာ သင်၏ စိတ်သဘောထားကို ပြောင်းလဲနေစဉ်တွင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို ပြိုင်ဆိုင်ကာ နောက်ဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီး စာတန်အပေါ် အောင်နိုင်လျက် ထိုသို့ဖြင့် စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခု စွမ်းဆောင်ရရှိရန် သင် နားလည်သည့် သမ္မာတရားကို သင် အသုံးပြုလေသည်။ မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်သည် လူ့အယူအဆများနှင့် စိတ်ကူးများအပြင် စကားများနှင့် အယူဝါဒများကို အစားထိုးရန်နှင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များ၊ စာတန်ထံမှလာသည့် အယူလွဲမှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးမှားများကို အစားထိုးရန်၊ ဤအရာများကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် တဖြည်းဖြည်းချင်း အစားထိုးရန်အလို့ငှာ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ရရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်သည်။ သင်၏ စိတ်သဘောထား မည်မျှ ပြောင်းလဲပြီးဖြစ်သည်ကို သင် သိရှိလိုလျှင် သမ္မာတရား မည်မျှ သင်နားလည်သည်၊ သမ္မာတရားမည်မျှအား သင် လက်တွေ့လုပ်ဆောင်ပြီး ဖြစ်သည်ဆိုသည်နှင့် သမ္မာတရား မည်မျှ သင် အသက်ရှင်နေထိုင်နိုင်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ သိမြင်ရန်လိုအပ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှကို သင်နားလည်ကာ ရရှိပြီးဖြစ်သည့် သမ္မာတရားနှင့် အစားထိုးပြီးဖြစ်ကြောင်းနှင့် ယင်းတို့က သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အတိုင်းအတာအထိ ထိန်းချုပ်နိုင်ကြောင်း၊ ဆိုလိုသည်မှာ သင် နားလည်သည့် သမ္မာတရားများက သင်၏ အတွေးများနှင့် ရည်ရွယ်ချက်များအပြင် သင်၏ နေ့စဉ်ဘဝနှင့် လက်တွေ့လုပ်ဆောင်မှုတို့အား မည်သည့်အတိုင်းအတာထိ လမ်းပြပေးနိုင်ကြောင်းတို့ကို ရှင်းလင်းစွာ သင် သိမြင်ရမည်။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ အသာစီးရသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သလော၊ သင့်ကို လွှမ်းမိုးပြီး လမ်းပြသည်မှာ သင် နားလည်သည့် သမ္မာတရားများ ဖြစ်သလောဆိုသည်ကို သင် ရှင်းလင်းစွာ သိမြင်သင့်သည်။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အသက်ဝင်ရောက်မှုတို့ကို တိုင်းတာသည့် စံနှုန်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)ယခုတွင် သမ္မာတရားအတွက်သာ ကြိုးပမ်းလော့၊ အသက်ဝင်ရောက်ခြင်းကို အာရုံစိုက်လော့၊ ပြီးလျှင် သင်၏ တာဝန်အား ကောင်းသောထမ်းဆောင်ခြင်းကို လိုက်စားလော့။ ဤအရာတွင် အမှားအယွင်း မရှိပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သို့ကိုင်တွယ်ပါစေ ယင်းသည် ဖြောင့်မတ်ကြောင်း အာမခံသည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့ စိုးရိမ်စရာ မလိုပေ။...အကယ်၍ သင်သည် အခါအားလျော်စွာ မရည်ရွယ်ဘဲ အပျော်အပါး၌ မွေ့လျော်မိလာတတ်၍ ဘုရားသခင်က ယင်းကို သင့်အား ထောက်ပြပြီး ပြုပြင်ကာ သင်သည် ပို၍တိုးတက်ပြောင်းလဲလာလျှင် ဘုရားသခင်က သင့်ကို ဗွေယူမည် မဟုတ်ပေ။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း၏ ပုံမှန်ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး ကယ်တင်ခြင်းအမှု၏ စစ်မှန်သော အရေးပါမှုသည် ဤဖြစ်စဉ်တွင် ပေါ်လွင်နေသည်။ ဤသည်မှာ အဓိကသော့ချက်ပင် ဖြစ်တော့၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကိုယ်တော့် ရည်ရွယ်ချက်တွေကို ကျွန်မ နားလည်လာတယ်။ ဘုရားသခင်ရဲ့ အလုပ်က ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့နဲ့ သန့်စင်ပေးဖို့ပါ။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ကျွန်မတို့ နက်နက်ရှိုင်းရှိုင်း ခံထားရတဲ့အတွက် တာဝန်တွေမှာ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မတို့ အဆက်မပြတ် ထုတ်ဖော်မိကြတယ်။ ဒါကြောင့် ဒါကို ဖြေရှင်းဖို့ ကျွန်မတို့ သတိရှိရှိနဲ့ သမ္မာတရားကို ရှာဖွေရမယ်၊ စစ်မှန်တဲ့ နောင်တရရမယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ အသက် ဝင်ရောက်မှုမှာ တဖြည်းဖြည်း တိုးတက်ရမယ်။ ဒီလိုလုပ်မှသာ နောက်ဆုံးမှာ ကျွန်မတို့ ကယ်တင်ခြင်း ရရှိနိုင်မှာပါ။ တကယ်တော့ ကယ်တင်ခြင်းအတွက် အကြီးမားဆုံး အတားအဆီးက လူတစ်ယောက်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပါ၊ ဒါက လူတစ်ယောက် ထမ်းဆောင်တဲ့ တာဝန်တွေနဲ့လည်း မဆိုင်ပါဘူး။ ကျွန်မ ခေါင်းဆောင်တာဝန် မထမ်းဆောင်ရင်တောင်မှ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မပြေလည်ရင် နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရဦးမှာပါပဲ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ လက်ခံပြီး ကျိုးနွံနာခံရမယ်။ ပြီးတော့ တာဝန်တွေမှာ အစွမ်းကုန် လုပ်ဆောင်ရမယ်၊ ဘုရားသခင်ကို အထင်လွဲတာ၊ သတိထားကာကွယ်တာတွေ ထပ်မလုပ်ရတော့ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ပြီးတဲ့နောက်မှာ ခေါင်းဆောင်အနေနဲ့ ထုတ်ဖော်ခံရမှာ၊ ဖယ်ရှားရှင်းလင်းခံရမှာကို ကျွန်မ မကြောက်တော့ဘူး။ ဒါကြောင့် ဒီတာဝန်ကို လက်ခံကြောင်း အထက်ခေါင်းဆောင်ပိုင်းဆီ စာရေးလိုက်တယ်။

ဒီအတွေ့အကြုံကတစ်ဆင့် ဘုရားသခင်ကို သံသယဝင်ပြီး သတိထားကာကွယ်တတ်တဲ့ ကျွန်မရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေနဲ့ပတ်သက်ပြီး ထိုးထွင်းသိမြင်မှုတချို့လည်း ရခဲ့တယ်။ ဘုရားသခင်က လူတွေကို ထုတ်ဖော်တဲ့အခါ ကိုယ်တော် ဘယ်လိုပဲ လုပ်ဆောင်ပါစေ၊ ဒါက သူတို့ကို ဖယ်ရှားရှင်းလင်းဖို့ မဟုတ်ဘဲ သန့်စင်ပေးဖို့နဲ့ ကယ်တင်ဖို့ ဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်မိတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိ၏တာဝန်ကို သိတတ်စွာဖြင့် လုပ်ဆောင်ခြင်းသည် အသိတရားရှိခြင်းဖြစ်သည်

မနှစ်က ဇူလိုင်လ တစ်ရက်တွင် အဖွဲ့ခေါင်းဆောင် အစ်ကိုချန်းက အလွန် မာနထောင်လွှားသည်ဟု အစ်မလီက ကျွန်မကို တိုင်သည်။ စကားပြောဆက်ဆံသည့်အခါတွင် သူက...

နောက်ဆုံးတော့ ဘုရားအပေါ် ကျွန်မ နားလည်မှုလွဲတာတွေ မရှိတော့ဘူး

ရိချန် တရုတ်နိုင်ငံ ကျွန်မက ၂၀၁၉ မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မက နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ပဲလိုက်နေပြီး...

ကျွန်မ၏ တာဝန်ကို စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ လက်ခံခြင်း

၂၀၂၃ ခုနှစ်၊ မေလကုန်ပိုင်းမှာ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တွေက စီစီပီရဲ့ ဖမ်းဆီးမှုတွေကို ရင်ဆိုင်ခဲ့ရပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။