နောက်ဆုံးတော့ ဘုရားအပေါ် ကျွန်မ နားလည်မှုလွဲတာတွေ မရှိတော့ဘူး

12.03.2023

ရိချန် တရုတ်နိုင်ငံ

ကျွန်မက ၂၀၁၉ မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မက နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ပဲလိုက်နေပြီး တာဝန်တွေကို လျစ်လျူရှုနေတာကြောင့် ကျွန်မ တွဲဖက်ကို မနာလိုဖြစ်ပြီး ပူးပေါင်းမလုပ်တာကြောင့်၊ သူနဲ့ လိုက်ဖက်ညီညီအလုပ်မလုပ်တာကြောင့် ကျွန်မတို့အလုပ်က တော်တော် ထိခိုက်သွားတယ်။ ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ခဏခဏ ကူညီပံ့ပိုးပေးတယ်။ ဒါပေမဲ့ ကျွန်မက လက်မခံဘူး။ အဲဒါနဲ့ နောက်ဆုံးတော့ အထုတ်ခံလိုက်ရတာပေါ့။ ကျွန်မတာဝန်ကို ဆုံးရှုံးရတာ ကျွန်မအတွက်တော်တော်ကို စိတ်မချမ်းသာစရာပဲ။ အရင်တစ်ခါက နာမည်နဲ့ အဆင့်အတန်းနောက်လိုက်လို့ ကျွန်မ အထုတ်ခံရပြီးပြီ။ ဒီပြဿနာက ထပ်ပြီး ပေါ်လာပြန်တယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဂရုစိုက်လွန်းတယ်၊ အသင်းတော်အလုပ်ကို အမြဲတမ်း နှောင့်ယှက်နေတယ်ဆိုတာ မြင်ခဲ့တယ်။ ကျွန်မက ခေါင်းဆောင်နေရာနဲ့ လုံးဝ သင့်တော်တဲ့ပုံစံမရှိပါဘူး။

သုံးလေးလကြာတော့ အသင်းတော်ခေါင်းဆောင် ရွေးကောက်ပွဲနဲ့ နီးလာတယ်။ တစ်နေ့တော့ အစ်မတစ်ယောက်က ကျွန်မကို ပြောတယ်။ “အစ်မကို ခေါင်းဆောင်အနေနဲ့ မဲပေးချင်တယ်” တဲ့။ ဒါကိုကြားရတော့ ကျွန်မ စိတ်လှုပ်ရှားသွားတယ်။ အရင်က ကျွန်မ ခေါင်းဆောင်ဖြစ်တုန်းက နာမည်နဲ့ အဆင့်အတန်းနောက်ကို အမြဲတမ်းလိုက်နေပြီး မကောင်းမှုတွေအများကြီး လုပ်တယ်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ နာမည်နဲ့ ဂုဏ်အဆင့်အတန်းက ကျွန်မ အားနည်းချက်ပဲ။ ဒီတော့ ကျွန်မက ခေါင်းဆောင်တစ်ယောက်အဖြစ် ပြန်အရွေးခံရပြီး အရင်အတိုင်းပဲ ပြန်လုပ်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်လိုက်ပြီး အသင်းတော်အလုပ် အနှောင့်အယှက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မရဲ့ မကောင်းမှုတွေက စုံပုံလာနေရင် ကျွန်မက ရှုတ်ချခံရပြီး ထုတ်ပယ်ခံရမှာမဟုတ်ဘူးလား။ ဒီလိုစဉ်းစားပြီး ကျွန်မ သူ့ကို ပြန်ပြောပစ်လိုက်တယ်။ “အစ်မက ကျွန်မအကြောင်းကိုတောင် မသိဘဲနဲ့ ကျွန်မအတွက် မဲပေးချင်တယ်။ အစ်မရဲ့မဲအတွက်တာဝန်ခံယူမှုရှိဖို့လိုတယ်လေ။ စည်းမျဉ်းတွေမလိုက်နာဘဲ မဲတစ်ခုကို ကြုံသလိုပေးလိုက်ပြီး မသင့်တော်တဲ့သူက အရွေးခံရရင် ဒါ မကောင်းမှုလုပ်တာပဲ” ပေါ့။ ခေါင်းဆောင်၊ အမှုဆောင်မလုပ်တာက ပိုအန္တရာယ်ကင်းတယ်လို့ ကျွန်မ ခံစားမိတာပေါ့။ ကျွန်မရဲ့ လက်ရှိတာဝန်မှာ ကျွန်မတာဝန်နယ်ပယ်က သေးတယ်။ ဒီတော့ အမှားနည်းနည်းလုပ်ရင်တောင် အသင်းတော်အလုပ်က အရမ်းကြီး မထိခိုက်ဘူး။ ဒါပေမဲ့ ခေါင်းဆောင်လုပ်ရတာက မတူဘူး။ တစ်ခုခုလွဲချော်သွားတာနဲ့ အသင်းတော်ရဲ့ အလုပ်တွေအားလုံးကို ထိခိုက်နိုင်တယ်။ ဒါဆို အသင်းတော်က ညီအစ်ကိုမောင်နှမတွေ အားလုံးကို ထိခိုက်တယ်။ ဒါက သိပ်ကြီးတဲ့ မကောင်းမှုပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မက ခေါင်းဆောင်မလုပ်ချင်ခဲ့ဘူး။ တစ်ခါတော့ စုဝေးပွဲမှာ အစ်မတစ်ယောက်က အသင်းတော်ရွေးကောက်ပွဲအပေါ် ကျွန်မထင်မြင်ချက်ကို မေးတယ်။ သူက ကျွန်မကို မဲပေးချင်တဲ့ ပုံစံရှိတယ်။ ကျွန်မ သူ့ကို အမြန်ရှင်းပြလိုက်တာပေါ့။ “ကျွန်မက သမ္မာတရားကို လိုက်စားတဲ့သူမဟုတ်ဘူး။ အသက်ဝင်ရောက်မှုမရှိပါဘူး။ ကျွန်မက အရင်က ခေါင်းဆောင်အနေနဲ့ နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်လိုက်လို့ အသင်းတော်အလုပ်ကို ထိခိုက်ခဲ့တယ်” ပေါ့။ အရင်က ကျွန်မ ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကိုလည်း သူ့ကို ပြောပြတယ်။ ပြီးတော့ ကျွန်မက ခေါင်းဆောင်ကောင်းမဟုတ်ဘူးလို့ သူထင်အောင် ကျွန်မ အားနည်းချက်တွေနဲ့ အမှားတွေအကြောင်းပြောလိုက်တယ်။

ပြောပြီးသွားတော့ ကျွန်မ လိပ်ပြာမလုံသလို ခံစားရတယ်။ ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ဘာလို့ သူများတွေကို အမြဲတမ်း ဖိပြောနေရတာလဲ။ ဘာလို့ ကျွန်မက ရွေးကောက်ပွဲအပေါ် နာခံတဲ့ သဘောထားတစ်ခုမရှိတာလဲ။ ကျွန်မ ဘုရားဝတ်ပြုတော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်တယ်။ “အမှန်တွင် လူတို့သည် ယုံကြည်ခြင်းသည် ဘုရားသခင်တစ်ပါးရှိကြောင်း၊ သူသည် သမ္မာတရား၊ လမ်းခရီး၊ အသက်တို့သာ ဖြစ်ကာ မည်သည့်အရာမျှ မဟုတ်ကြောင်းဟူသော ယုံကြည်ချက်သက်သက်မျှဖြစ်သည်ဆိုသည့် အမြင်ကို မယူသင့်ပေ။ ယုံကြည်ခြင်းသည် ဘုရားသခင်ကို သင်အသိအမှတ်ပြုစေရုံသာ၊ သူသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသူဖြစ်ကြောင်း၊ သူသည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ သူသည် လောကရှိ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ကြောင်း၊ ပြီးလျှင် သူသည် အတုမရှိ၊ အထွတ်အထိပ်ဖြစ်ကြောင်းတို့ကို သင့်ကို ယုံကြည်စေရုံကိုသာ ဆိုလိုခြင်းလည်း မဟုတ်ပေ။ ယုံကြည်ခြင်းသည် ဤအချက်အလက်များကို ယုံကြည်ရုံ အရေးကိစ္စတစ်ခုမျှသာ မဟုတ်ပေ။ ဘုရားသခင်၏အလိုတော်မှာ သင်၏ဖြစ်တည်မှု တစ်ရပ်လုံးနှင့် သင်၏စိတ်နှလုံးတစ်ခုလုံးကို သူ့အားပေးရန်နှင့် သူ့ကို နာခံရန်ဖြစ်၏၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်နောက်သို့လိုက်၍၊ ဘုရားသခင်ကို သင့်အား အသုံးပြုခွင့်ပေးကာ၊ သူ့အတွက် အစေခံရခြင်းကို ပျော်ရွှင်သင့်ပြီး သူ့အတွက် သင်လုပ်ဆောင်နိုင်သည့်အရာမှန်သမျှကို သင်လုပ်ဆောင်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တော်တော်ကို လှုံ့ဆော်ခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိသူ၊ ဘုရားနောက်လိုက်သူက ကိုယ့်စိတ်နှလုံးကို ဘုရားကို ပေးအပ်နိုင်တယ်၊ ဘုရားရဲ့ အစီအစဉ်တွေကို နာခံနိုင်ပြီး ဘုရားအတွက် အစေခံဖို့ ပျော်ရွှင်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘယ်တာဝန်ကို သူတို့လုပ်ပါစေ၊ ဘုရားက သူတို့ကို ဘယ်လိုဆက်ဆံပါစေ သူတို့က ပုဂ္ဂိုလ်ရေးရွေးချယ်မှုတွေ၊ တောင်းဆိုမှုတွေမလုပ်ဘဲ ဒါကို အကြွင်းမဲ့လက်ခံပြီး နာခံနိုင်ကြတယ်။ ဒါက သင့်တင့်တဲ့ဆင်ခြင်တုံတရားနဲ့ အသိစိတ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တော့ ကျွန်မက ယုံကြည်ခြင်းရှိပြီး တာဝန်ထမ်းဆောင်ပေမဲ့ ဘုရားအပေါ် နာခံခြင်းတစ်ခုမှမရှိဘဲ ကျွန်မရဲ့ ကိုယ်ပိုင်ရွေးချယ်မှု၊ တောင်းဆိုမှုတွေကို အမြဲတမ်းလုပ်ခဲ့တယ်။ ခေါင်းဆောင်တွေက အလုပ်ပိုများတော့ ပိုပြီး အမြန်ဖော်ထုတ်ခံရမှာပဲ၊ အမှားတစ်ခုလုပ်မိပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်လိုက်တာနဲ့ သူတို့အနာဂတ်နဲ့ ကံကြမ္မာအတွက် အန္တရာယ်ရှိတယ်ဆိုပြီး ကျွန်မက အမြဲတမ်း ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက ခေါင်းဆောင်၊ ဒါမှမဟုတ် အမှုဆောင်မဖြစ်ချင်ဘူးပေါ့။ အဲဒီအသင်းတော်ရွေးကောက်ပွဲကို ရှောင်ဖို့အတွက် အကုန်လုံးကိုစဉ်းစားတယ်။ ရွေးခံရမှာကြောက်ပြီး ကျွန်မပြဿနာတွေနဲ့ အမှားတွေကို သူများတွေကို တမင်တကာ အသားပေးပြောတယ်။ နောက်တော့ ကျွန်မက ဘုရားကို သတိထားနေတယ်၊ ဘုရားကို နားလည်မှုလွဲနေတယ်၊ လုံးဝ မနာခံဘူးဆိုတာ သဘောပေါက်သွားတယ်။ ဘုရားရဲ့ စေခိုင်းချက်အပေါ် နောဧရဲ့ သဘောထားကို ကျွန်မ တွေးမိတယ်။ ဘုရားသခင်က သူ့ကို သင်္ဘောကြီးဆောက်ဖို့ အမိန့်ပေးတော့ နောဧက သူ့ရဲ့တစ်ကိုယ်ရေ ဆုံးရှုံးမှုတွေ၊ အကျိုးအမြတ်တွေကို မစဉ်းစားဘူး။ သင်္ဘောကြီးကို သူဆောက်ပြီးသွားရင် ရေလွှမ်းမိုးမှုကို ရှောင်ဖို့အတွက် ဘုရားက သူ့ကို သင်္ဘောကြီးကို အသုံးပြုခွင့်ပေးမလားဆိုတာ မစဉ်းစားဘူး။ ဘုရားတောင်းဆိုတဲ့အတိုင်း သင်္ဘောကြီးကို ဆောက်ဖို့ပဲ စိတ်နှစ်ပြီး လုပ်တယ်။ နောဧက ဘုရားကို တကယ်နာခံပြီး အရေးထားတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာအတွက်ပဲ ယုံကြည်ခြင်းရှိပြီး တာဝန်ထမ်းဆောင်တယ်။ ကောင်းချီးခံရမလားဆိုတာ အမြဲတမ်းစဉ်းစားနေတယ်။ ဘုရားအလိုတော်၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားဘူး။ တာဝန်ခံဖို့မလိုတဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မ လုပ်ချင်တယ်။ အနစ်နာခံပြီး တာဝန်ခံဖို့လိုတဲ့ အရာတိုင်းကို ကျွန်မက လွတ်မြောက်ဖို့ ဘာမဆိုလုပ်တယ်။ ဘုရားအလိုတော်နဲ့ တောင်းဆိုချက်တွေကို ကျွန်မ နည်းနည်းလေးမှ မစဉ်းစားခဲ့ဘဲ ဘုရားကောင်းချီးတွေပဲ ရချင်ခဲ့တယ်။ ဒါ ဘယ်လိုယုံကြည်မှုမျိုးလဲ။ ကျွန်မက ဘုရားကို အသုံးပြုပြီး ဘုရားကို ညာနေတာပဲ။ နာခံခြင်း၊ ဆက်ကပ်အပ်နှံခြင်းမရှိခဲ့ဘူး။ ဒါကို သဘောပေါက်ပြီး ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် တာဝန်ထမ်းဆောင်ခြင်းအတွက် သမီးရည်ရွယ်ချက်တွေက မမှန်ပါဘူး။ သမ္မာတရားကို လိုက်စားပြီး ကိုယ်တော့်ကို နာခံဖို့မဟုတ်ဘဲ ကောင်းတဲ့ ခရီးပန်းတိုင်ရဖို့ အလဲအလှယ်လုပ်တာ ဖြစ်နေပါတယ်။ ကိုယ်တော့်အလိုတော်ကို ထည့်မစဉ်းစားပါဘူး။ ဘုရားသခင် ကိုယ်တော့်ကို ဒီလိုဆက်ပြီး မလိမ်ညာချင်ပါဘူး။ နောင်တရချင်ပါတယ်။ သမီးအတွက် ဘာတာဝန်ပဲ စီစဉ်ပါစေ လက်ခံပြီး နာခံပါမယ်” ဆိုပြီးတော့။

နောက်ဆုံးတော့ ကျွန်မက ရွေးကောက်ပွဲမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးခံရတယ်။ ခေါင်းဆောင်အဖြစ် ဆက်ပြီး လေ့ကျင့်ဖို့ အခွင့်အရေးက ဘုရားကျေးဇူးတော်ဖြစ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မမှာ စိုးရိမ်တာတွေ ရှိနေခဲ့တယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မက အရင်ကလို နာမည်နဲ့ အဆင့်အတန်းနောက်လိုက်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်မိရင် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမှာမဟုတ်ဘူးလား။ ခေါင်းဆောင်ဖြစ်ဖို့ကို မလုပ်ချင်သလို ဖြစ်နေသေးတယ်။ ဒါပေမဲ့ ဒီတာဝန်ကို ငြင်းဆန်တာက ဘုရားကို အာခံတာဖြစ်မှာပဲ။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကျွန်မ နာခံလိုက်တယ်။

မကြာခင်မှာပဲ ကျွန်မတို့ဆီကို လူသစ်တွေအများကြီး ဝင်လာတော့ ရေလောင်းအလုပ်ကို တာဝန်ယူဖို့ အဖွဲ့ခေါင်းဆောင်တစ်ယောက်လိုလာတယ်။ ညီအစ်ကိုမောင်နှမတွေက သင့်တော်တဲ့သူတချို့ကို အကြံပေးတယ်။ ကျွန်မတွဲဖက်က တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ အဲဒါနဲ့ အလားအလာရှိတဲ့ သင့်တော်သူတွေကို ညီအစ်ကိုမောင်နှမတွေက အကဲဖြတ်ထားတာတွေကို စစ်ပေးဖို့ သူက ကျွန်မကို ပြောတယ်။ ကျွန်မ စဉ်းစားတယ်။ “ဒီအကဲဖြတ်ချက်တွေကို ငါ အရင်ကြည့်ရင် ထင်မြင်ချက်ကို ငါအရင်ဆုံး မျှဝေရမှာ။ ငါက တစ်ခုခုနဲ့ပတ်သက်လို့ မှားသွားပြီး မသင့်တော်တဲ့သူကို ရွေးမိပြီးတော့ ရေလောင်းအလုပ် နှောင့်နှေးသွားရင် ဘယ်လိုလုပ်မလဲ။ နောက်ဆုံးကျရင်တော့ ငါ့တွဲဖက်နဲ့ ဆွေးနွေးပြီး ဆုံးဖြတ်မှာဆိုပေမဲ့ ထင်မြင်ချက်ကို ပြောတာက ငါအရင်ဆုံးဖြစ်ရင် တာဝန်ခံရမှာက ငါဖြစ်မှာပဲ။ ငါ့ပြစ်မှားမှုတွေက စုပုံလာရင် ကောင်းတဲ့ရလဒ်နဲ့ ခရီးပန်းတိုင်ရှိမှာမဟုတ်ဘူး” ပေါ့။ ဒီအတွေးကြောင့် ကျွန်မ နည်းနည်းကြောက်သွားပြီး ကျွန်မအမြင်တွေကို အရင်ဆုံး ထုတ်မပြောချင်တော့ဘူး။ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာရှိမနေဘူး၊ ဘုရားကို နားလည်မှုလွဲပြီး သတိထားနေတယ်ဆိုတာ ကျွန်မ သတိထားမိလိုက်တယ်။ ဒါပေမဲ့ ဒါကို လွတ်မချနိုင်ဘူး။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေကို ဖွင့်ပြောပြီး မိတ်သဟာယဖွဲ့လိုက်တယ်။ အစ်မတစ်ယောက်က ပြောတယ်။ “ဘုရားကို နားလည်မှုလွဲပြီး သတိထားနေတာကို ဖြေရှင်းချင်ရင် ဒီလိုဖြစ်အောင် ဘယ်အယူအဆအမှားကလုပ်နေသလဲဆိုတာ စဉ်းစားရမယ်” တဲ့။ အဲဒါနဲ့ ပြဿနာကို နားလည်ဖို့ ကျွန်မ လမ်းကြောင်းတစ်ခုရသွားတယ်။ ဘုရားကို ကျွန်မ ဆုတောင်းပြီး ရှာဖွေတယ်။ ပြီးတော့ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လူအချို့သည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးသည့်တိုင်အောင် သမ္မာတရားကို အနည်းငယ်မျှ နားမလည်ပေ။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်သည် မယုံကြည်သူများနှင့် တူညီနေဆဲ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦး ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က ‘ဘုရားကို ယုံတာ၊ ဘုရားနောက်လိုက်တာ၊ ဘုရားရှေ့မှာ အသက်ရှင်တာအားလုံးက ကြိုးတန်းပေါ် လမ်းလျှောက်နေတာပဲ။ ဓားသွားပေါ်မှာ အသက်ရှင်နေရသလိုမျိုးပဲ’ ဟု ထင်မြင်ကြသည်။ အခြားလူများက ‘ဘုရားကို အစေခံရတာ “ဘုရင်ကို အဖော်လုပ်ပေးရတာက ကျားကို အဖော်လုပ်ပေးရသလိုပဲ”လို့ သူတို့ ပြောသလိုပါပဲ။ စကားတစ်ခွန်းမှားရင်၊ တစ်ခုမှားလုပ်မိရင် ဘုရားရဲ့ စိတ်သဘောထားကို ပြစ်မှားမိမယ်။ အထုတ်ခံရပြီး အပြစ်ဒဏ်ပေးခံရမယ်’ ဟူ၍ ဆိုကြသည်။ ဤမှတ်ချက်များက မှန်ကန်သလော။ ‘ကြိုးတန်းပေါ်တွင် လမ်းလျှောက်ခြင်း’ နှင့် ‘ဓားသွားပေါ်တွင် နေထိုင်ခြင်း’ တို့မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကြီးမားသော အန္တရာယ်၊ အချိန်တိုင်းတွင် ကြီးမားသော အန္တရာယ်ရှိနေသည်၊ အနည်းငယ် သတိမမူမိခြင်းဖြင့် ခြေချော်ကျမည်ဟု ဆိုလိုသည်။ ‘ဘုရင်ကို အဖော်လုပ်ပေးရတာက ကျားကို အဖော်လုပ်ပေးရသလိုပဲ’ ဆိုသည်မှာ မယုံကြည်သူများကြားတွင် အပြောများသည့်အရာတစ်ခုဖြစ်သည်။ နတ်ဆိုးမင်း၏ ဘေးတွင် နေရခြင်းသည် အန္တရာယ်များလွန်းသည်ဟု ဆိုလိုသည်။ ဤစကားကို ဘုရားသခင်အား အစေခံခြင်းအဖို့ အသုံးပြုလျှင် ၎င်းတို့၏ အမှားက အဘယ်နေရာတွင်ရှိသနည်း။ နတ်ဆိုးမင်းကို ဘုရားသခင်နှင့်၊ ဖန်ဆင်းရှင်နှင့် နှိုင်းယှဉ်ခြင်းသည် ဘုရားသခင်ကို ပြစ်မှား စော်ကားခြင်း မဟုတ်လော။ ဤသည်မှာ ကြီးလေးသော ပြဿနာဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသော ဘုရားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို အာခံခြင်းအတွက်၊ သို့မဟုတ် ဘုရားသခင်ကို ရန်လိုခြင်းအတွက် အပြစ်ဒဏ်ပေးခံရသင့်သည်ဆိုသည်ကို ကောင်းကင်က ပြဋ္ဌာန်းထားပြီး မြေကြီးက အသိအမှတ်ပြုထားပေသည်။ စာတန်နတ်ဆိုးသည် သမ္မာတရား တစ်စွန်းတစ်စမျှ မရှိပေ။ စာတန်သည် ညစ်ညူးပြီး ဆိုးယုတ်သည်။ အပြစ်မရှိသူများကို သတ်ဖြတ်ပြီး ကောင်းသောသူများကို ဝါးမြိုသည်။ ဘုရားသခင်နှင့် မည်သို့ ဆင်တူနိုင်မည်နည်း။ လူတို့သည် အဘယ်ကြောင့် အမှန်တရားများကို ပုံဖျက်ပြီး ဘုရားသခင်ကို အသရေဖျက်သနည်း။ ဤသည်မှာ သူ့အပေါ် ကြီးမားသော ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး တာဝန်များကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်သောသူအချို့က ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ ထုတ်ပယ်ခံရမည်ကို စိတ်ပူကြပြီး မိမိတို့ကိုယ်ကိုယ် စဉ်းစားတတ်ကြသည်။ ‘ဘုရားကို ယုံကြည်ရတာက တကယ်ကို ကြိုးတန်းပေါ် လမ်းလျှောက်ရသလိုပဲ။ တစ်ခုခုကို မှားပြီးလုပ်လိုက်တာနဲ့ ကိုင်တွယ်ဖြေရှင်းခံရတယ်။ အယောင်ဆောင်ခေါင်းဆောင်၊ ဒါမှမဟုတ် အန္တိခရစ်လို့ သတ်မှတ်ခံရတာနဲ့ တစ်ပြိုင်နက် လူစားထိုးခံရပြီး အထုတ်ခံရတယ်။ ဘုရားအိမ်တော်မှာ ဘုရားသခင်က စိတ်ဆိုးတယ်ဆိုတာ ဖြစ်လေ့မရှိတာမျိုး မဟုတ်ဘူး။ လူတွေက မကောင်းတာတွေလုပ်တဲ့အခါမှာ စကားတစ်ခွန်းနဲ့ အထုတ်ခံလိုက်ရတာ။ ဘုရားအိမ်တော်က သူတို့ကို နောင်တရဖို့တောင် အခွင့်အရေးမပေးဘူး’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် အဖြစ်မှန်အတိုင်း ဖြစ်ပုံမဟုတ်လော။ ဘုရားအိမ်တော်သည် လူတို့ကို နောင်တရရန် အခွင့်အရေးမပေးလေသလော။ (ဤသည်မှာ မှားသည်။) ထိုမကောင်းသောလူများနှင့် အန္တိခရစ်များ အထုတ်ခံရသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အထူးထူးအပြားပြားဖြစ်သော မကောင်းမှုများအတွက် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ကြုံရသည့်တိုင် ထပ်ခါထပ်ခါ သတိပေးသော်လည်း ၎င်းတို့၏ နည်းလမ်းများကို မပြောင်းလဲသောကြောင့်ဖြစ်သည်။ ဤသို့စဉ်းစားသောသူများနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းရှင်းပြနေခြင်းသာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ကောင်းမွန်စွာ အစေခံမှု မပေးကြပေ။ ၎င်းတို့သည် ရှင်းလင်းပြီး ထုတ်ပယ်ခံရမည်ကို ကြောက်သောကြောင့် ခါးသီးစွာ ညည်းညူပြီး အယူအဆများကို ဖြန့်ကြသည်။ ၎င်းတို့က လူ့သဘာဝကင်းမဲ့သည်မှာ သိသာပေသည်။ ၎င်းတို့သည် မကြာခဏ သတိမမူဖြစ်ကာ ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့အလုပ်တွင် အပျက်သဘောဆောင်ပြီး ခိုကတ်သည်။ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်ကို ကြောက်သည်။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အပေါ်၊ ဘုရားသခင်အပေါ် အပြစ်အားလုံးကို ပုံချသည်။ ဤတွင် မည်သည့် စရိုက်သည် ထုတ်ဖော်ပြသနည်း။ ဘုရားသခင်အပေါ် ဝေဖန်ပြစ်တင်ခြင်း၊ ဘုရားသခင်ကို မကျေမနပ်ဖြစ်ခြင်း၊ ဘုရားသခင်ကို အာခံခြင်း စရိုက်ဖြစ်သည်။ ဤမှတ်ချက်များသည် အသိသာဆုံးသော အတွေးမှားများ၊ အဓိပ္ပာယ်မရှိဆုံးသော အဆိုများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)ဖယ်ရှားခြင်းခံရပြီးသည့်နောက်တွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့က ‘ခေါင်းဆောင် ဖြစ်အောင်မလုပ်နဲ့၊ ပြီးတော့ ဂုဏ်အဆင့်အတန်း ရှိအောင်မလုပ်နဲ့။ လူတွေက ဂုဏ်အဆင့်အတန်းရတဲ့ တဒင်္ဂတွင်းမှာ အန္တရာယ်ရှိကြပြီး၊ ဘုရားသခင်က သူတို့ကို ဖော်ထုတ်လိမ့်မယ်။ သူတို့ ဖော်ထုတ်ခံရတာနဲ့တစ်ပြိုင်နက်၊ သူတို့ဟာ သာမန် ယုံကြည်သူတွေဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်သလို၊ ဘာကောင်းချီးမင်္ဂလာမှ လုံးဝ ရမှာ မဟုတ်ဘူး။’ ဟု ပြောလျက် အယူအဆများ ဖြန့်ဝေကြသည်။ ထိုသို့ပြောစရာလော။ အညှာတာဆုံးဆိုရလျှင်၊ ယင်းက ဘုရားသခင်ကို နားလည်မှုလွဲခြင်းအား ဖော်ပြပါသည်။ ကုန်ကုန်ပြောရလျှင်၊ ယင်းသည် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအခြေအနေကို အတိအကျဖော်ထုတ်ပါတယ်။ ဒီအဓိပ္ပာယ်မရှိတဲ့ အမြင်က ကျွန်မဘဝကို အုပ်စိုးနေခဲ့တာပေါ့။ ကျွန်မက ဘုရားသခင်ကို နယ်မြေအရှင်သခင်တစ်ယောက်လို စိတ်ကူးနေတာပါ။ ခေါင်းဆောင်လုပ်တာက ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပုံစံမျိုးပေါ့။ လူတစ်ယောက်က နည်းနည်းလေးမှားလိုက်ရင်၊ လွဲသွားရင် ဘုရားက အဲဒီလူကို ရှုတ်ချနိုင်တယ်။ အချိန်မရွေး ဖော်ထုတ်ပြီး ထုတ်ပယ်ပစ်နိုင်တယ် ပေါ့။ ကျွန်မက အထုတ်ခံဖူးတော့ ဒီစိတ်ကူးနဲ့ အသက်ရှင်နေပြီး ဘုရားကို နားလည်မှုလွဲနေတာ။ ခေါင်းဆောင်အနေနဲ့ မြင့်မြင့်တက်လေလေ၊ အကျနာလေလေပဲ၊ ဒါကြောင့် ကျွန်မ ဖော်ထုတ်ခံရတာလို့ တွေးမိခဲ့တယ်။ ဒီမှားနေတဲ့ အမြင်ကြောင့်ပဲ ကျွန်မက အသင်းတော်အလုပ်က လူတွေကို တာဝန်ယူဖို့ အရမ်းလိုနေတာကို သိပေမဲ့ ရွေးကောက်ပွဲကို ရှောင်နေတယ်။ ကျွန်မက ခေါင်းဆောင်အဖြစ် အရွေးခံရပြီး အမှားတစ်ခုလုပ်မိရင် အဆုံးသတ်လှမှာမဟုတ်ဘူးလို့ စိုးရိမ်ပြီးတော့ပေါ့။ ခေါင်းဆောင်အဖြစ် ကျွန်မ အရွေးခံရတော့ ဘုရားရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ရမယ့်အစား ကျွန်မက ဓားသွားပေါ် နေနေရသလိုပဲ၊ အထူးဂရုစိုက်ရမယ်၊ ချော်သွားရင် ကျွန်မယုံကြည်ခြင်းကို ကျင့်သုံးဖို့ အခွင့်အရေးတောင် ဆုံးရှုံးရနိုင်တယ်၊ ကယ်တင်ခြင်းခံရဖို့ဆိုတာ မပြောနဲ့တော့ ဆိုပြီး ခံစားမိခဲ့တယ်။ ကျွန်မက ဘုရားကို အမြဲတမ်း သတိထားနေပြီး ကျွန်မတာဝန်မှာ အမြဲတမ်း တွန့်ဆုတ်နေတယ်။ ရေလောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ကို ကျွန်မတို့ ရွေးရတော့ ကျွန်မက ထင်မြင်ချက်တစ်ခုတောင် ထုတ်မပြောရဲဘူး။ မှားပြောမိပြီး တာဝန်ခံရမှာ ကြောက်ပြီးတော့ပေါ့။ ဘုရားကို ကျွန်မ ဘယ်လောက်ထိ နားလည်မှုလွဲနေတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တယ်။ သူ့စိတ်သဘောထားက သန့်ရှင်းပြီး ဖြောင့်မတ်တယ်။ လူတွေအပေါ် စည်းမျဉ်းရှိတယ်။ ဘုရားက လူတစ်ယောက်ကို ရှုတ်ချရင်၊ ထုတ်ပယ်ရင် ဘုရားအပေါ် အဲဒီလူရဲ့ သဘောထားနဲ့ သမ္မာတတရားအပေါ်မှာပဲ အမြဲတမ်း အခြေခံတယ်။ နိနဝေမြို့သားတွေကို ကျွန်မ တွေးမိတယ်။ သူတို့မကောင်းမှုတွေက ဘုရားကို ရွံရှာစေတယ်။ ဒါကြောင့် ဘုရားက သူတို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ယောနက ဘုရားသခင်ပြောတာကို မျှဝေတာကို သူတို့ကြားတော့ သူတို့အားလုံးက လျှော်တေအဝတ်ဝတ်၊ ပြာလူးပြီး ဝန်ချပြီး နောင်တရကြတယ်။ သူတို့လက်ထဲမှာရှိတဲ့ မကောင်းမှုကို စွန့်ပစ်ပြီး ကောက်ကျစ်ဆိုးယုတ်တဲ့လမ်းကို စွန့်ခွာကြတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ နောင်တကို မြင်ပြီး ဘုရားက သူတို့အပေါ် သူ့ရဲ့ သဘောထားကို ပြောင်းလဲပြီး သူတို့တွေကို လုံးဝ မဖျက်ဆီးခဲ့ဘူး။ သောဒုံမြို့သားတွေကလည်း အတူတူပဲ။ ကောက်ကျစ်ဆိုးယုတ်မှုတွေ ပြည့်နေကြတယ်။ ဒါပေမဲ့ သူတို့တွေက ခေါင်းမာပြီး နောင်တမရချင်ဘူး။ ဘုရားက စေလွှတ်တဲ့ သတင်းစကားပြောသူနှစ်ယောက်ကို မြင်တော့ သူတို့က ထိခိုက်အောင်လုပ်ချင်ကြတယ်။ ဘုရားကို မုန်းပြီး ဘုရားကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြတယ်။ ဒါကြောင့် ဘုရားရဲ့ ကျိန်ဆဲခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရတယ်။ အဲဒီမြို့နှစ်မြို့ကလူတွေအပေါ် ဘုရားရဲ့ မတူတဲ့ သဘောထားတွေကို ကျွန်မတို့ မြင်နိုင်တယ်။ လူတွေက မကောင်းမှုနဲ့ ပြစ်မှားမှုတွေကို ကျူးလွန်တဲ့အခါမှာ သူတို့ဟာ တကယ် နောင်တရနိုင်သရွေ့ ဘုရားက အခွင့်အရေးပေးလိမ့်မယ်ဆိုတာ မြင်နိုင်တယ်။ သမ္မာတရားကို မုန်းတဲ့သူတွေ၊ ဘုရားကို အာခံပြီး နောင်တမရတဲ့သူတွေအတွက်တော့ ဘုရားက သူတို့ကို ရှုတ်ချပြီး အပြစ်ဒဏ်ပေးလိမ့်မယ်။ နောက်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စဉ်းစားမိတယ်။ ကျွန်မက တာဝန်ကို လျစ်လျူရှုနေပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားကြောင့် နာမည်နဲ့ အဆင့်အတန်းနောက်ကို လိုက်နေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေခဲ့တယ်။ ကျွန်မအပြုအမူက ဘုရားအတွက် ရွံရှာစရာဖြစ်တယ်။ ဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ် ဆုံးရှုံးရပြီး ခေါင်းဆောင်နေရာကနေ အထုတ်ခံရတယ်။ ဒါပေမဲ့ ဘုရားက ကျွန်မကို မစွန့်ပစ်ပါဘူး။ ကျွန်မက ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် သိတဲ့အခါ၊ ဘုရားကို နောင်တရချင်စိတ်ရှိတဲ့အခါမှာ ခေါင်းဆောင်ပိုင်းအတွက် ကျွန်မကို နောက်ထပ် အခွင့်အရေးပေးခဲ့တယ်။ လုံလုံလောက်လောက် လေ့ကျင့်နိုင်ဖို့၊ သမ္မာတရားတွေ ပိုသိပြီးတော့ ပိုပြီး မြန်မြန်ဆန်ဆန်တိုးတက်နိုင်ဖို့ပေါ့။ ဒါက ကျွန်မအတွက် လုံးဝ ဘုရားရဲ့ ကြင်နာခြင်းနဲ့ ချစ်ခြင်းပဲမဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကို နားမလည်ခဲ့ဘူး။ အမြဲတမ်း ကြိုတင်ခန့်မှန်းနေပြီး ဘုရားကို သတိထားကာကွယ်နေတယ်။ ဉာဏ်များပြီး ဆိုးယုတ်နေတာပေါ့။ ခေါင်းဆောင်လုပ်ရင် ကျွန်မက ဖော်ထုတ်ခံရပြီး အထုတ်ခံရမယ်လို့ ထင်ခဲ့တာ။ ဘုရားကို ကျွန်မ တကယ်ကို မသိခဲ့ဘူး။ ဘုရားအပေါ် ကျွန်မသဘောထားကို ကြည့်ရင် ဒါက ဘယ်လိုလုပ် ယုံကြည်မှုအမျိုးအစား တစ်ခုခုဖြစ်မလဲ။ ကျွန်မက ဘုရားကို သေးသိမ်အောင်လုပ်ပြီး စော်ကားနေတာ၊ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေတာပါ။

ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဒီနှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်းနဲ့ ကျွန်မ သဘာဝကိုက ဘယ်လောက်ဉာဏ်များပြီး ဆိုးယုတ်တယ်ဆိုတာ သတိထားမိတယ်။ ကျွန်မက ကောင်းချီးတွေရဖို့သက်သက်ပဲ ယုံကြည်ခြင်းရှိပြီး ဘုရားနောက်လိုက်ခဲ့တာပါ။ စစ်မှန်တဲ့ ယုံကြည်ခြင်း၊ ဘုရားအတွက် ချစ်ခြင်း တစ်ခုမှ မရှိခဲ့ဘူး။ လုံးဝ မစစ်မှန်ခဲ့ပါဘူး။ ကျွန်မရဲ့ မရိုးသားမှုကြောင့် ကျွန်မက အရာရာတိုင်းမှာ ဘုရားကို သံသယဖြစ်ပြီး သတိထားနေခဲ့တယ်။ အမှားလုပ်မိပြီး ဖော်ထုတ်ခံရပြီး အထုတ်ခံရမှာ ကြောက်နေခဲ့တယ်။ ဘုရားက ဒီလို ယုံကြည်မှုမျိုးကို လုံးဝ လက်မခံပါဘူး။ ဒါက ဘုရားရဲ့ ရွံရှာ၊ မုန်းတီးမှုကိုပဲ ခံရနိုင်တယ်။ ဒီလိုတွေးမိပြီး ကျွန်မက အရမ်းအပြစ်ရှိသလိုခံစားရပြီး စိတ်မသက်သာခဲ့ဘူး။ နောင်တပဲရချင်ခဲ့တာပေါ့။ အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်တယ်။ “ဆိုးယုတ်သော သဘာဝကြောင့်၊ လူများသည် ဂုဏ်အဆင့်အတန်း ရသည်နှင့်တစ်ပြိုင်နက်၊ ထို့နောက်တွင် ၎င်းတို့သည် အန္တရာယ်ရှိကြသည်။ ထို့ကြောင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့တွင် လိုက်လျှောက်ဖို့ လမ်းကြောင်း မရှိသလော။ ၎င်းတို့သည် ထိုအန္တရာယ်ရှိသော အခြေအနေကို ကျရောက်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့အတွက် ပြန်လှည့်ရန်လမ်း မရှိတော့ပြီ‌လော။ ငါ့ကိုပြောလော့၊ ဖောက်ပြန်ပျက်စီးသော လူတို့ အဆင့်အတန်း ရသည့် တစ်ခဏတွင်၊ ၎င်းတို့ မည်သူပင် ဖြစ်ပါစေ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြသလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သလော။ (သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်၊ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်ဖြစ်၏၊ သို့သော် သမ္မာတရားကို ၎င်း လိုက်စားလျှင် ဖြစ်ကြလိမ့်မည်မဟုတ်။) ယင်းက လုံးဝ မှန်ကန်ပေသည်။ လူများသည် သမ္မာတရားကို မလိုက်စားလျှင်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာဖို့ သေချာပေသည်။ ပြီးလျှင် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သော သူများအားလုံးသည် ဂုဏ်အဆင့်အတန်းကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်သည်မှာ မှန်ကန်သလော။ မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ မမှန်ကန်သောကြောင့် အဓိက ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည့်လူများအားလုံးသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့သည် ဒေသနာမည်မျှကို ကြားပြီးဖြစ်စေ၊ ထိုသို့သော လူများသည် သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် လမ်းကြောင်းအမှန်ကို မလျှောက်ကြပေ၊ ထိုသို့ဖြင့် ၎င်းတို့သည် မရိုးဖြောင့်သော လမ်းကြောင်းကို မလွဲဧကန် လျှောက်ကြပေသည်။ ဤသည်မှာ လူတို့ စားသည့်ပုံနှင့် ဆင်ဆင်တူ၏- အချို့သည် မိမိတို့၏ ကိုယ်ခန္ဓာကို အာဟာရဖြည့်တင်းပေးနိုင်ပြီး မိမိတို့၏ သာမန်တည်ရှိမှုကို ထောက်ပံ့ပေးနိုင်သည့် အစားအစာကို မစားသောက်ကြဘဲ၊ နောက်ဆုံးတွင် မိမိကိုယ် ဆိုးကျိုးဖြစ်စေလျက်၊ ဘေးဖြစ်စေသော အရာများကိုသာ မလျှော့တမ်း စားသုံးကြသည်။ ဤသည်မှာ လူတို့ မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည့် ရွေးချယ်မှုတစ်ခု မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိသွားတာက ခေါင်းဆောင်၊ အမှုဆောင်ဖြစ်တာနဲ့ ဖော်ထုတ်ခံရတာ၊ အထုတ်ခံရတာ မဖြစ်ဘူး၊ ဂုဏ်အဆင့်အတန်းရှိတာက ပိုပြီးရှုတ်ချခံရနိုင်ခြေရှိတာမျိုး မဖြစ်ဘူးဆိုတာပဲ။ လူတစ်ယောက်က သူ့ယုံကြည်ခြင်းမှာ ကယ်တင်ခံရမလား၊ အထုတ်ခံရမလားဆိုတာ သူ့ရဲ့ လိုက်စားမှုနဲ့ သူလျှောက်တဲ့လမ်းကြောင်းပေါ်မှာ လုံးဝ မူတည်တယ်။ သူတို့က သမ္မာတရားကို ရင်ထဲကနေ ချစ်ရင် ခေါင်းဆောင်၊ အမှုဆောင်ဖြစ်တဲ့အခါ သမ္မာတရားကို လိုက်စားပြီး စည်းမျဉ်းနဲ့ညီဖို့ကို အာရုံစိုက်နိုင်တယ်။ ပြစ်မှားမှုတွေ ကျူးလွန်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ရင်၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံရင် အထုတ်မခံရရုံတင်မကဘူး။ တဖြည်းဖြည်းချင်းနဲ့ သမ္မာတရားကို သင်ယူနိုင်တယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်နိုင်တယ်။ အဆုံးမှာ ကယ်တင်ခြင်းခံရနိုင်တယ်။ ကျွန်မနဲ့ ဆက်ဆံခဲ့တဲ့ ခေါင်းဆောင်တချို့ကို ပြန်တွေးကြည့်တယ်။ သူတို့က ဖောက်ပြန်ပျက်စီးမှုကို ပြပြီး ပြစ်မှားကြပေမဲ့ ကျရှုံးပြီး လဲကျတဲ့အခါမှာ၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းခ့ရတဲ့အခါမှာ သူတို့ကိုယ်သူတို့ ဆင်ခြင်နိုင်တယ်။ ဘုရားထံမှာ နောင်တရပြီး စည်းမျဉ်းနဲ့အညီ လုပ်နိုင်တယ်။ သူတို့တွေက ရှုတ်ချခံရတာ၊ အထုတ်ခံရတာတွေတင်မဟုတ်ဘဲ ဒီအတွေ့အကြုံတွေကတစ်ဆင့် တဖြည်းဖြည်းချင်းနဲ့ သမ္မာတရားကို နားလည်နိုင်ကြပြီး အသက်တာမှာ ကြီးထွားတိုးတက်ကြတယ်။ ဒီအချိန်မှာ ကျွန်မ ရှင်းလင်းသွားတယ်။ လူတစ်ယောက်က ခေါင်းဆောင်ဖြစ်လို့ ဖော်ထုတ်ခံရတာ၊ အထုတ်ခံရပြီး၊ ရှုတ်ချခံရတာ ကယ်တင်ခြင်းမခံရနိုင်တာမဟုတ်ဘူး။ ကျွန်မ ခိုင်မာစွာ ရပ်တည်နိုင်မလား၊ ကယ်တင်ခြင်းရနိုင်မလားဆိုတာ ကျွန်မတာဝန်မှာ သမ္မာတရားကို လိုက်စားနိုင်မလား ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ အာရုံစိုက်မလားဆိုတဲ့အပေါ် မူတည်ပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်ကို အမြဲတမ်းလိုက်နေတဲ့ ကျွန်မရဲ့ အတိတ်ကို ပြန်တွေးမိတယ်။ ကျွန်မက ကျွန်မတွဲဖက်ကို မနာလိုဖြစ်ပြီး ရှောင်တယ်။ သူနဲ့ ကောင်းကောင်းမလုပ်ဘူး။ အသင်းတော်အလုပ်ကို နှောင့်ယှက်တယ်။ နောင်တရဖို့ မသိဘူး။ နောက်ဆုံးတော့ အထုတ်ခံရတယ်။ ကျွန်မ ကျရှုံးတာက သမ္မာတရားကို မလိုက်စားလို့ပဲ။ နာမည်နဲ့ အဆင့်အတန်းနောက်ကိုလိုက်ပြီး လမ်းမှားလိုက်လို့ပဲ။ ခေါင်းဆောင်ဖြစ်လို့မဟုတ်ဘူး။ အဲဒီမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို မြင်တဲ့အခါ အပျက်သဘောဆောင်ပြီး သတိထားနေတာက ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်မ သိသွားတယ်။ အရေးကြီးဆုံးက ကျွန်မပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို ရှာဖွေဖို့ အာရုံစိုက်တာပဲ။ ကျွန်မက နာမည်နဲ့ အဆင့်အတန်းပဲ စိတ်ထဲမှာ အရမ်းရှိနေခဲ့တော့ ကျွန်မခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ ဒီလိုဖြစ်နေတုန်းပဲ။ ဒါပေမဲ့ သမ္မာတရားကို ကျွန်မ လက်ခံနိုင်သရွေ့၊ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်နိုင်သရွေ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက နည်းနည်းချင်း ပြောင်းလဲနိုင်ပါတယ်။ သမ္မာတရားကို မလိုက်စားဘဲ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပဲ အသက်ရှင်ရင် ဘာတာဝန်ကိုပဲ လုပ်ပါစေ ဘုရားကို ရွံရှာစေပြီး ကျွန်မကို ဖော်ထုတ်ပြီး အထုတ်ခံရမယ့် အနှောင့်အယှက်ဖြစ်တာတစ်ခုခုကို အချိန်မရွေးလုပ်နိုင်တယ်။ ဒီတစ်ခါတော့ ခေါင်းဆောင်လုပ်ဖို့ကို ကျွန်မ စဉ်းစားတယ်။ ပြဿနာတွေ၊ အခက်အခဲတွေ အများကြီးကို ကြုံရပေမဲ့ ဖောက်ပြန်ပျက်စီးမှုတွေအများကြီးပြပြီး နည်းနည်းလောက် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်တာ တစ်ခုကို သိခဲ့ရတယ်။ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေခြင်းကတစ်ဆင့် ရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေအများကြီးကို အမှတ်တမဲ့ နားလည်လာခဲ့တယ်။ ဒါက ကျွန်မအားနည်းချက်တွေကိုဖာထေးပေးတယ်။ ဒီလက်တွေ့အကျိုးအမြတ်တွေအားလုံးက ကျွန်မ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ အချိန်တွေကနေ ရတာပါ။ ဒါဟာ ကျွန်မအတွက် ဘုရားရဲ့ ကျေးဇူးတော်ပါပဲ။ ကျွန်မ ဆက်ပြီးတော့ ဘုရားကို ပုန်ကန်ပြီး တာဝန်ကို ရှောင်မနေချင်တော့ဘူး။ ဒီတာဝန်ကို ကျွန်မ တကယ်တန်ဖိုးထားမယ်၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆက်ကပ်အပ်နှံမယ်၊ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်မယ်လို့ ကျိန်ဆိုခဲ့တယ်။

အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပြစ်မှားခြင်း အသေးစားတစ်ခုကို ကျူးလွန်ထားသူ အချို့က ‘ဘုရားသခင်သည် ငါ့ကို ဖော်ထုတ်ကာ နှင်ထုတ်ပြီးဖြစ်သလော။ ငါ့ကို သူဒဏ်ခတ်မည်လော’ ဟု တွေးကြသည်။ ဘုရားသခင်သည် လူတို့ကို အဆုံးစီရင်ရန် မဟုတ်ဘဲ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဤအချိန်တွင် ကြွလာခဲ့ခြင်းဖြစ်သည်။ မည်သူသည် အမှားများ နှင့် လုံးဝ ကင်းရှင်းသနည်း။ အကယ်၍ အယောက်တိုင်း အဆုံးစီရင်ခြင်းကို ခံရပါက ၎င်းကို ကယ်တင်ခြင်းဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်၍ အခြားသောပြစ်မှားခြင်းများမှာ တမင်တကာပြုခြင်း မဟုတ်ပေ။ တမင်တကာမဟုတ်သောကိစ္စများအတွက် ၎င်းတို့ကို သင် လက်ခံပြီးနောက် ပြောင်းလဲနိုင်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင် မပြောင်းလဲမီ သင့်ကို အဆုံးစီရင်လိမ့်မည်လော။ ဤအရာမှာ လူတို့ကို ဘုရားသခင် ကယ်တင်သည့်နည်းလမ်း ဖြစ်သလော။ ၎င်းမှာ ထိုကဲ့သို့ မဟုတ်ပေ။ သင်က ပုန်ကန်တတ်သော စိတ်သဘောထား ရှိသည်ဖြစ်စေ၊ သို့မဟုတ် မရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့သည်ဖြစ်စေ ဤအရာကို သတိရလော့။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ သင့်ကိုယ်သင် ချက်ချင်းပြောင်းလဲပြီး သမ္မာတရားအတွက် သင်၏ ခွန်အားရှိသမျှဖြင့် ကြိုးပမ်းလော့။ အခြေအနေများက မည်သို့ဖြစ်ပေါ်လာပါစေ၊ သင့်ကိုယ်သင် စိတ်ပျက်အားငယ်ခြင်း မရှိစေနှင့်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် အမှုပြုလျက်ရှိပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ပေါ့ပေါ့တန်တန် အဆုံးစီရင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ သေချာပေသည်။ အဆုံးတွင် ဘုရားသခင် သေဆုံးစေခဲ့သည့် ယုံကြည်သူတစ်ဦး အမှန်တကယ် ရှိခဲ့လျှင်ပင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ဖြောင့်မတ်ကြောင်း အာမခံနိုင်ဆဲဖြစ်ပေမည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလူကို သေဆုံးစေခဲ့သည့်အကြောင်းအရင်းကို သင်လုံးလုံးလျားလျား ယုံကြည်လက်ခံစေဖို့အလို့ငှာ သင့်အား သူသိစေမည်ဖြစ်သည်။ ယခုတွင်၊ အသက်တာ ဝင်ရောက်ခြင်းကို အာရုံစိုက်ရင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် ကြိုးစားရင်း၊ သမ္မာတရားအတွက် ကြိုးပမ်းခြင်းနှင့် ပတ်သက်၍ သင် ဂရုစိုက်သင့်သည်။ ဤအရာတွင် အမှားအယွင်း မရှိပေ။ နောက်ဆုံးတွင်၊ ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံပါစေ၊ ယင်းကို ဖြောင့်မတ်ခြင်းဖြင့် အမြဲလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့၊ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း၊ သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို သိသာထင်ရှားစွာနှင့် တရားမျှတစွာ လုပ်ဆောင်သည်။ သူသည် အရာအားလုံးကို ပွင့်လင်းစွာ သိရှိစေသည်။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ လေးလေးနက်နက် ဆင်ခြင်ကြည့်ပါက ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်းဖြစ်ကြောင်း ကောက်ချက်ချမိမည်။ ဘုရားသခင်၏အမှုသည် လူတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းဖြစ်သည်ကို ကြည့်လျှင် လူတို့သည် ဖောက်ပြန်ပျက်စီးမှု ဖွင့်ပြခြင်းများ မရှိသင့်သည်မှာ မဖြစ်နိုင်ပေ။ လူတစ်ယောက်သည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖွင့်ပြခြင်းတွင်သာ မိမိကိုယ်ကို သိနိုင်သည်။ သူ့တွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို ဝန်ခံနိုင်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိလိုစိတ်ရှိနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖွင့်ပြပြီးနောက်တွင် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း ဆက်၍ အသက်ရှင်လျှင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ခြေ ရှိပေမည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် ဒဏ်ခတ်ခြင်းအတိုင်းအတာ အမျိုးမျိုးကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ပြစ်မှားခြင်းများအတွက် အဖိုးအခပေးရလိမ့်မည်။ အခါအားလျော်စွာ သင်သည် မရည်ရွယ်ဘဲ အပျော်အပါး၌ မွေ့လျော်မိလာတတ်သည်၊ ထိုအခါ ဘုရားသခင်က သင့်ကို ထောက်ပြသည်၊ ပြုပြင်သည်၊ ပြီးလျှင် သင့်ကို ကိုင်တွယ်ဖြေရှင်းသည်။ သင်သည် တိုးတက်လာလျှင် ဘုရားသခင်က သင့်ကို အတာချမည် မဟုတ်ပေ။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း၏ ပုံမှန်ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး ကယ်တင်ခြင်းအမှု၏ စစ်မှန်သော အရေးပါမှုသည် ဤဖြစ်စဉ်တွင် ပေါ်လွင်နေသည်။ ဤသည်မှာ အဓိကသော့ချက်ပင် ဖြစ်တော့၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဒီအပိုဒ်ကနေ ဘုရားအလိုတော်ကို ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲဖို့အတွက် လူ့ဇာတိခံပြီး နောက်ဆုံးသောကာလမှာ ပေါ်ထွန်းပြီး အလုပ်လုပ်ပါတယ်။ ဘုရားသခင်က ကျွန်မတို့ကို ဖြစ်နိုင်သမျှ အကြီးဆုံးအတိုင်းအတာအထိ ကယ်တင်နေပါတယ်။ ဖောက်ပြန်ပျက်စီးမှုနည်းနည်းပြလို့၊ ယာယီပြစ်မှားမှုတစ်ခု ကျူးလွန်လို့ဆိုပြီး ဘုရားက ဘယ်သူ့ကိုမှ မရှုတ်ချပါဘူး။ ဖောက်ပြန်ပျက်စီးမှုပြပြီးတဲ့နောက်မှာ တကယ်နောင်တရပြီး ပြောင်းလဲသလားဆိုတာကို သူက ကြည့်ပါတယ်။ ကျွန်မတို့မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိတော့ ဘုရားကို ပုန်ကန်ဆန့်ကျင်တဲ့အရာတွေကို ခဏခဏ မလုပ်ဘဲ မနေနိုင်ကြဘူး။ ပြစ်မှားမှုတွေ ကျူးလွန်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မတို့က နောင်တရပြီး ဘုရားသခင်လိုအပ်တဲ့အရာကို လုပ်ရင် သူက ကျွန်မတို့ကို နောင်တရဖို့ အခွင့်အရေးတစ်ခု ပေးပါလိမ့်မယ်။ ကျွန်မက ယုံကြည်ခြင်းရှိပြီး တာဝန်ထမ်းဆောင်ကတည်းက ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ကို မလိုက်ဘဲမနေနိုင်ခဲ့ဘူး။ အသင်းတော်အလုပ်ကို ထိခိုက်မယ့် အနှောင့်အယှက်ဖြစ်တဲ့အရာတချို့ကို ကျွန်မ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မပြစ်မှားမှုတွေကြောင့် ဘုရားကို ကျွန်မကို ရှုတ်ချတာ မလုပ်ခဲ့ဘူး။ နာမည်နဲ့ အဆင့်အတန်းနောက်လိုက်တဲ့ ကျွန်မရဲ့ လမ်းမှားကို နည်းနည်းနားလည်လာပြီး နောင်တရချင်တဲ့အခါ ဘုရားသခင်က ကျွန်မအပေါ် သက်ညှာပြီး သူ့နှုတ်ကပတ်တော်တွေနဲ့ ဉာဏ်အလင်းဖွင့်ပြပေးတယ်။ သမ္မာတရားကို နားလည်ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်ခွင့်ပေးတယ်။ ဒါကြောင့် ကျွန်မရဲ့ ကျရှုံးမှုကနေ သင်ခန်းစာယူနိုင်တယ်။ သမ္မာတရားကို ရှာဖွေနိုင်ပြီး ကျွန်မရဲ့ ပြစ်မှားမှုတွေကို ဖြေရှင်းနိုင်တယ်။ ဒါကို သဘောပေါက်သွားတော့ လူကို ကယ်တင်ဖို့ ဘုရားရဲ့ လေးနက်တဲ့ ဆန္ဒကို ကျွန်မ မြင်သွားတယ်။ စာတန်က ကျွန်မတို့ကို ဘယ်လောက်ထိ ဖျက်ဆီးခဲ့တယ်၊ ကျွန်မတို့ထဲမှာ ဆိုးယုတ်တဲ့ သဘာဝက ဘယ်လိုအမြစ်တွယ်နေတယ်ဆိုတာ သူ ကောင်းကောင်းသိတယ်။ ဒါတွေက ကျွန်မတို့ကို ဘုရားကို ပုန်ကန်ပြီး အာခံတာတွေလုပ်ဖို့ တွန်းအားပေးတယ်။ ဒါပေမဲ့ ကျွန်မတို့က နောင်တရပြီး ဘုရားနှုတ်ကပတ်တော်တွေကို နာခံနိုင်သရွေ့ သူက ကျွန်မတို့ကို ရှုတ်ချမှာမဟုတ်ဘူး။ ကျွန်မတို့ကို ဆက်ပြီး လမ်းပြပေးနေမှာပါ။ ကျွန်မတို့ကို သမ္မာတရားကို နားလည်ခွင့်ပေးမယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ အချည်အနှောင်တွေကို ဖယ်ရှားစေလိမ့်မယ်။ ဒါတွေကို ကျွန်မ နားလည်သွားတာနဲ့ ဘုရားသခင်အပေါ် ကျွန်မ နားလည်မှုလွဲတာက လွင့်ပျောက်သွားပြီး ကျွန်မတာဝန်မှာ အရမ်း အလွန်အကျွံသတိထားမနေတော့ဘူး။ ကျွန်မအလုပ်မှာ အမှားတွေ၊ သတိမမူမိတာတွေ ပေါ်လာတဲ့အခါ အဲဒါတွေကို ကျွန်မ တိုက်ရိုက်ရင်ဆိုင်နိုင်တယ်။ သမ္မာတရားကို ရှာဖွေနိုင်ပြီး ချက်ချင်းပဲ ပြုပြင်တာတွေ လုပ်နိုင်ခဲ့တယ်။ ကျွန်မတာဝန်ကို ဒီလိုလုပ်တာ တော်တော်လွတ်လပ်တယ်။

နောက်ကျတော့ အထက်ခေါင်းဆောင်က ကျွန်မကို ပရောဂျက်တစ်ခု ချပေးတယ်။ အဲဒါက တော်တော်အရေးကြီးတဲ့ တာဝန်ပဲ။ ကျွန်မလုပ်တာ မှားသွားရင် တာဝန်က ကြီးမှာပဲ။ အလုပ်ကို တခြားညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ရမယ်ဆိုပေမဲ့ ဆုံးဖြတ်ချက်မှာ ပြဿနာတစ်ခုရှိပြီး အသင်းတော်အလုပ် အနှောင့်အယှက်ဖြစ်ရင် ကျွန်မက ဦးဆောင်သူအနေနဲ့ အဓိက တာဝန်ခံရမှာ။ ဒီလို တွေးမိတော့ ပရောဂျက်ကို ကျွန်မ တာဝန်မယူချင်ဘူး။ နောက်တော့ ဘုရားသခင်ပြောတာတစ်ခုကို ကျွန်မ တွေးမိတယ်။ “‘ငါ့အစွမ်းအစက ညံ့တယ်။ ပညာသိပ်မတတ်ဘူး။ ပါရမီမရှိဘူး။ ငါ့ပင်ကိုစရိုက်မှာ ချို့ယွင်းချက်တွေရှိတယ်။ တာဝန်ထမ်းဆောင်တဲ့နေရာမှာ အမြဲတမ်း အခက်အခဲတွေရှိတယ်။ ငါ လုပ်တာမကောင်းလို့ လူစားထိုးခံရရင် ဘာလုပ်ရမလဲ’ ဟု ပြောသောသူအချို့ရှိသည်။ သင်သည် မည်သည့်အရာကို စိုးရွံ့နေသနည်း။ အလုပ်သည် သင့်ဘာသာပြီးအောင် လုပ်နိုင်သောအရာတစ်ခု ဖြစ်သလော။ သင်သည် ကဏ္ဍတစ်ခုကို တာဝန်ယူနေခြင်းသာဖြစ်သည်။ အလုပ်တစ်ခုလုံးကို တာဝန်ယူရန် စေခိုင်းခံရခြင်းမဟုတ်။ သင့်အတွက် လုပ်ဆောင်ရန်ဖြစ်သောအရာကို လုပ်ဆောင်လျှင် လုံလောက်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် သင်၏တာဝန်ကို ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်မည် မဟုတ်လော။ ဤမျှ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်။ သင် အစဉ်သဖြင့် ထင်မြင်မှန်းဆနေသည့်အရာမှာ အဘယ်နည်း။ သင်သည် သင်ကိုယ်တိုင်၏ အရိပ်ကို ကြောက်ရွံ့ပြီး သင်ပထမဆုံးစဉ်းစားသည်မှာ သင် မည်သို့လွတ်မြောက်အောင်ပြုရမည်ဟူ၍ဖြစ်လျှင် သင်က အသုံးမကျသော လူတစ်ယောက် မဟုတ်သလော။ အသုံးမကျသောလူဆိုသည်မှာ အဘယ်နည်း။ မိမိတိုးတက်မှုအတွက် မစဉ်းစားသကဲ့သို့ အစွမ်းကုန်လုပ်ဆောင်ချင်စိတ်မရှိသော၊ အစားအစာကို ညာစားဖို့ အစဉ်စဉ်းစားနေပြီး သဘောရှိပျော်ပါးလိုသောသူ ဖြစ်သည်။ ဤသို့သောသူသည် အမှိုက်ဖြစ်သည်။ လူအချို့သည် ဤသို့ အမြင်ကျဉ်းမြောင်းသည်။ ၎င်းတို့ကို ဖော်ပြရန် နည်းလမ်းတစ်ခုရှိသည်။ မည်သည့်အရာဖြစ်သနည်း။ (စရိုက်လက္ခဏာ အလွန်အမင်း သိမ်ဖျင်းခြင်း ဖြစ်သည်။) အလွန်အမင်း သိမ်ဖျင်းသော စရိုက်လက္ခဏာရှိသူများသည် ယုတ်ညံ့သောသူများဖြစ်သည်။ ယုတ်ညံ့သောသူအားလုံးသည် ၎င်းတို့ထက်တော်သောသူများကို အကဲဖြတ်ရန် ၎င်းတို့၏ ကိုယ်ပိုင်စိတ်နှလုံးကို အသုံးပြုသည်။ ၎င်းတို့အတွက် လူတိုင်းက ၎င်းတို့ကဲ့သို့ပင် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည့်ပုံစံရှိသည်။ ဤသို့သောသူသည် အသုံးမကျသောလူတစ်ဦး ဖြစ်သည်။ ၎င်းတို့က ဘုရားကို ယုံကြည်ကောင်းယုံကြည်နိုင်သည်။ သို့သော် သမ္မာတရားကို အလွယ်တကူ လက်ခံမည်မဟုတ်ပေ။ မည်သည့်အရာက လူတို့ကို ယုံကြည်ခြင်း အလွန်နည်းပါးစေသနည်း။ သမ္မာတရားကို သိနားလည်မှုမရှိသောကြောင့်ဖြစ်သည်။ သင်သည် သမ္မာတရားကို လုံလောက်စွာ နားမလည်လျှင်၊ သင်၏ သိနားလည်မှုက အလွန်ပေါ့တန်လျှင် ဘုရားသခင်က သူ၏အမှုတော်တွင် ဆောင်ရွက်သော ပရောဂျက်တိုင်းကို၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်သမျှကို၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအားလုံးကို သင့်အား နားလည်စေရန် လုံလောက်မည်မဟုတ်ပေ။ ထိုသိနားလည်မှုကို သင်မရရှိနိုင်လျှင် မှန်းဆမှု၊ စိတ်ကူးထင်မြင်မှု၊ နားလည်မှုလွဲခြင်းများ၊ ဘုရားနှင့်ပတ်သက်ပြီး အယူအဆမျိုးစုံတို့ ဖြစ်ပေါ်လာလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဤအရာများသာ ရှိလျှင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇ (အပိုင်း ၂)) ကျွန်မက နောက်တစ်ခါထပ်ပြီး ဘုရားကို ကြိုတင်ခန့်မှန်းပြီး သတိထားနေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ မြင်သွားတယ်။ အဲဒီပရောဂျက်မှာ တစ်ခုခုမှားသွားရင် ကျွန်မခံရမယ့်တာဝန်ကို ကျွန်မရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ထိခိုက်နိုင်တာကို ကြောက်နေတာပါ။ ဒါကြောင့် ကျွန်မက ဒီကနေ လွတ်မြောက်ချင်တယ်။ ကျွန်မ စိတ်သဘောထားက ဆိုးဆိုးဝါးဝါးကို ကောက်ကျစ်တာကို ကျွန်မ မြင်ခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းမရှိခဲ့ဘူး။ ဒီလိုမျိုး ဆက်ပြီး ဘုရားကို သံသယဝင်နေပြီး တာဝန်ကို ရှောင်နေလို့ မဖြစ်ဘူးလေ။ ကျွန်မက အမှားတွေအများကြီးရှိပြီး သမ္မာတရားရဲ့ စစ်မှန်မှုမရှိပေမဲ့ သူများတွေနဲ့အတူ အလုပ်လုပ်နိုင်တယ်။ ကျွန်မ အားနည်းချက်တွေအတွက် ဖာထေးဖို့ သူတို့အားသာချက်တွေကနေ သင်ယူနိုင်တယ်။ ဘုရားကို ဆုတောင်းပြီး ဆက်စပ်မှုရှိတဲ့ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေနိုင်တယ်။ ဘုရားသခင်က တကယ်ကို လူသားတွေကို အများကြီး မတောင်းဆိုပါဘူး။ ကျွန်မက အစွမ်းကုန်လုပ်သရွေ့ ဘုရားက ကျွန်မကို လမ်းပြမယ်၊ ဘယ်ပြဿနာမဆို တဖြည်းဖြည်းပြေလည်သွားနိုင်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒီလိုတွေးပြီး အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်တယ်။

ပြန်စဉ်းစားကြည့်တော့ ကျွန်မက ကျွန်မအယူအဆတွေ၊ နားလည်မှုလွဲတာတွေနဲ့ အသက်ရှင်ခဲ့တယ်။ ဘုရားကို အမြဲတမ်း ကြိုတင်ခန့်မှန်းပြီး သတိထားနေတယ်။ လုံးဝ မနာခံဘူး။ ဒါပေမဲ့ ဒီအတွက်ကြောင့် ဘုရားက ကျွန်မကို ကယ်တင်တာကို လက်လျှော့မသွားဘူး။ အဲဒီအစား သူ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ဆက်ပြီး ဉာဏ်အလင်းဖွင့်ပေးပြီး လမ်းပြခဲ့တယ်။ ဒါကြောင့် လူကို ကယ်တင်ဖို့ ဘုရားအလိုတော်ကို ကျွန်မ နားလည်နိုင်ပြီး ကျွန်မရဲ့ ကိုယ်ပိုင်ကောက်ကျစ်တဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားကို မြင်နိုင်ခဲ့တယ်။ ဘုရားအပေါ် ကျွန်မ နားလည်မှုလွဲတာတွေကို ဖယ်ထုတ်ပြီး သမ္မာတရားကို လိုက်စားပြီး ဘုရားကို ကျေနပ်စေဖို့ စိတ်ပိုင်းဖြတ်ချက်ကို ရနိုင်ခဲ့တယ်။ ဘုရားရဲ့ စိတ်သဘောထားက ဘယ်လောက် ဖြောင့်မတ်ပြီး လူသားအတွက် သူ့ချစ်ခြင်းက ဘယ်လောက်စစ်မှန်တယ်ဆိုတာ ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ခံစားရတယ်။ အခုကစပြီး ကျွန်မတာဝန်တွေမှာ သမ္မာတရားကို လိုက်စားဖို့ပဲ အာရုံစိုက်ချင်တယ်။ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်ကိုပဲ ကောင်းကောင်းလုပ်ချင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အား ဆုံးရှုံး ပြီးနောက်

ဟူမင်း၊ ဟိုင်နန်စီရင်စု ခေါင်းဆောင် နေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုး ခန့်အပ် ခြင်း ခံရသော သူတစ်ဦး တစ်ယောက် ကိုတွေ့မြင်ရသည့်အပြင်၊...

တရားစီရင်ခြင်းသည်အလင်းဖြစ်သည်

ရှန်ဒေါင် စီရင်စုမှ၊ ကျိုးရှာ ရေးသားသည် ကျွန်မနာမည် ကျိုးရှာ ဖြစ်ပါသည်။ ကျွန်မသည် သာမန်မိသားစုတစ်စုတွင် ဖွားမြင်ခဲ့ပါသည်။ “ငန်းသည်...

အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်ပြီးနောက်တွင် များစွာပို၍ ပေါ့ပါးသည်ကို ကျွန်တော် ခံစားရသည်

လျန်ကျီ၊ အန်းဟွေစီရင်စု ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော်...

မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

ရွှန်းကျိယူ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။