ကျွန်မ ရိုးသားစွာ ပြုမူနေထိုင်နိုင်ခြင်းမရှိသည့် အကြောင်းရင်း

03.08.2022

ရှောင်ဖန် တရုတ်နိုင်ငံ

လူသစ်တွေကို ရေလောင်းတဲ့ အလုပ်ကို ကျွန်မ ပထမဆုံး စကြီးကြပ်တော့ ကျွန်မရဲ့ တွဲဖက် အစ်မကျန်းက စုဝေးပွဲတွေမှာ အယူဝါဒကို ခဏဏ ပြောတယ်၊ သူ့ကိုယ်သူ ဂုဏ်တင်ပြီး ကြွားဝါတယ်။ အလုပ်မှာရှိတဲ့ ပြဿနာတွေအများကြီးက အချိန်မီ ပြေလည်မသွားဘူး။ အစ်ကျန်းရဲ့ အပြုအမူကို ခေါင်းဆောင်တွေကို ကျွန်မ တိုင်ခဲ့ပြီး၊ အခြေအနေကို စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ၊ သူ့ကို ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ခေါင်းဆောင်တွေက သတ်မှတ်ပြီး ထုတ်လိုက်တယ်။ အဲဒီနောက်မှာ၊ အဖွဲ့ထဲက မသင့်တော်တဲ့ လူတချို့ကိုလည်း ကျွန်မ ရွှေ့ပြောင်းလိုက်ပြီး၊ တာဝန်တွေမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုခဲ့တယ်။ နှစ်လကြာပြီးတော့၊ အလုပ်က တိုးတက်ခဲ့ပြီး လူတိုင်းက သူတို့တာဝန်တွေမှာ တက်ကြွကြတယ်။ တစ်ခါတော့၊ ခေါင်းဆောင်တွေဆီက စာထဲမှာ လူသစ်တွေကို ကျွန်မတို့ ရေလောင်းတာ တိုးတက်တယ်လို့ ပြောထားတယ်။ ကျွန်မတွဲဖက် ညီအစ်မတွေကလည်း အလုပ်မှာ ကျွန်မတော်ပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ လက်တွေ့ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ပြောတယ်။ သူတို့မှာ ပြဿနာတွေ ရှိတဲ့အခါ၊ ကျွန်မဆီကို ခဏခဏ လာမေးကြတယ်။ ကျွန်မရဲ့ အလုပ်အပေါ် ခေါင်းဆောင်တွေရဲ့ အတည်ပြုချက်နဲ့ ကျွန်မတွဲဖက်တွေရဲ့ ကျွန်မအပေါ် အရမ်းအလေးထားပြီး လေးစားတာကို မြင်တော့၊ ကျွန်မ အရမ်းပျော်ခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “ကြည့်ရတာ ငါ့မှာ သမ္မာတရားရဲ့ စစ်မှန်မှုတချို့ ရှိပြီး လက်တွေ့အလုပ်တချို့ကို လုပ်နိုင်ပုံပဲ”ပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မကိုယ့်ကိုယ်ကိုယ် စအထင်ကြီးလာတယ်။ ကျွန်မရဲ့ တွဲဖက်တွေကြားမှာ ကျွန်မက ကြီးကြပ်ရေးမှူးနဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် ပြဿနာဖြေရှင်းရာမှာ တခြားလူတွေထက် ပိုတော်သင့်တယ်လို့ တွေးမိတယ်။

အဲဒီတုန်းက အဖွဲ့တစ်ဖွဲ့ရဲ့ အလုပ်အတွက် ကျွန်မ အဓိက တာဝန်ရှိခဲ့တယ်။ ပြဿနာတွေနဲ့ အလုပ်ထဲကလမ်းလွဲနေတာတွေကို ဖြေရှင်းဖို့ အဖွဲ့ဝင်တွေနဲ့ ကျွန်မ ခဏခဏ တွေ့ပြီး မိတ်သဟာယပြုခဲ့တယ်။ အလုပ် သိသိသာသာ တိုးတက်ဖို့ သိပ်အချိန်မယူလိုက်ရဘူး။ ဒါပေမဲ့ ကျွန်မရဲ့ တွဲဖက်တွေ ကြီးကြပ်ထားတဲ့ အဖွဲ့တွေက လုံးဝ သိပ်မတိုးတက်ခဲ့ဘူး။ အထူးသဖြင့် အစ်မလီ ကြီးကြပ်တဲ့ အဖွဲ့ပေါ့။ အဲဒီမှာ အဖွဲ့ဝင်တွေက ကောင်းကောင်း ပူးပေါင်းမလုပ်နိုင်ကြသလို၊ ပြဿနာတွေက ပြေလည်မသွားခဲ့ဘူး။ အစ်မလီက အရမ်းသောကရောက်ပြီး ကျွန်မကို မေးတယ်၊ “နင် သူတို့နဲ့ ဘယ်လိုများ မိတ်သဟာယပြုတာလဲ။ အဲဒီလို ရလဒ်ကောင်းတွေကို ဘယ်လိုရတာလဲ”တဲ့။ ကျွန်မရဲ့ နည်းစနစ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြပြီး ကျွန်မ ပြန်ဖြေလိုက်တယ်။ ကျွန်မ ပြောပြီးသွားတော့၊ တခြားလူတွေနဲ့ ပူးပေါင်းမလုပ်နိုင်တဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ညီအစ်ကိုတစ်ယောက်ကို သတိရမိတယ်။ ဒီကိစ္စကို ကျွန်မ အပြည့်အဝ မဖြေရှင်းရသေးဘူး။ အဲဒါနဲ့ပတ်သက်လို့ လူတိုင်းနဲ့ ရှာဖွေ၊ မိတ်သဟာယပြုဖို့ လိုတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ငါကအဖွဲ့ခေါင်းဆောင်၊ လူတိုင်းအတွက် စံပြတစ်ယောက်ပဲ။ ဒီတော့ ငါမဖြေရှင်းနိုင်တဲ့ ပြဿနာတချို့ရှိတယ်လို့ ပြောရင်၊ ငါ့ညီအစ်မတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ခုပဲ အကြိုက်တွေ့စရာ အများကြီး ပြောခဲ့တာ။ ငါမဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဘယ်လိုလုပ် ရှိခွင့်ပေးလို့ရမှာလဲ။ မဟုတ်ရင် သူတို့ ငါ့ကို အထင်သေးကြမှာပဲ မဟုတ်လား”လို့ပေါ့။ နောက်ဆုံးမှာ၊ ပြဿနာကို တင်ပြဖို့ သတ္တိမရှိခဲ့ဘူး။ အဲဒီနောက် အချိန်အနည်းနည်းကြာတော့၊ အလုပ်ကိစ္စ အတူဆွေးနွေးတဲ့အခါ၊ ပြဿနာတွေကို ကျွန်မ ဖြေရှင်းခဲ့ပုံနဲ့ ဘာရလဒ်တွေ ရခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မ အမြဲပြောခဲ့ပေမဲ့၊ မဖြေရှင်းရသေးတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ကျွန်မရဲ့ တွဲဖက်နှစ်ယောက်က ကျွန်မကို အထင်ကြီးပြီး ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်တယ်လို့ ထင်ကြတယ်။ သူတို့က “အစ်မက သမ္မာတရားကို နားလည်ပြီး သမ္မာတရားစစ်မှန်မှုတွေ ပိုင်ဆိုင်တယ်” လို့တောင် ပြောကြတယ်။ အဲဒီတုန်းက နည်းနည်း သတိထားမိတယ်။ ဒါကြောင့် ကျွန်မ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေလည်း ရှိတယ်လို့ပဲ ပြောလိုက်ပြီး ကိစ္စပြီးခိုင်းလိုက်တယ်။

နောက်ပိုင်းမှာ၊ မထိမရောက် အလုပ်လုပ်တဲ့ အဖွဲ့တစ်ဖွဲ့ ရှိခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေမှာ ပြဿနာတချို့ ရှိခဲ့တယ်။ ဒါကြောင့် အစ်မလီက ကျွန်မကို ပြောတယ်၊ “သူတို့နဲ့ မိတ်သဟာယပြုဖို့ အကြိမ်အများကြီး တွေ့ခဲ့ပေမဲ့၊ သူတို့ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်သေးဘူး။ အခု ကျွန်မ အရမ်းအပျက်သဘော ခံစားရတယ်”တဲ့။ အဲဒါကိုကြားတော့ ကျွန်မ ခေါင်းငုံ့မိပြီး အရမ်းလည်း စိတ်မသက်မသာ ဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မလည်း အကြိမ် တော်တော်များများ သွားခဲ့ပေမဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့လို့လေ။ အဲဒီတုန်းက ကျွန်မ အရမ်းအကူအညီမဲ့ခဲ့တယ်၊ အကောင်းဆုံး ကြိုးစားခဲ့ပြီး၊ ဘာလို့ မဖြေရှင်းနိုင်ခဲ့လဲဆိုတာ မသိသလိုမျိုးပေါ့။ ကျွန်မအခြေအနေအကြောင်းကို ဖွင့်ဟချင်ခဲ့ပေမဲ့၊ အစ်မလီက အပျက်သဘောဆောင်နေတာ တွေ့တော့၊ အဲဒီအချိန်မှာ ကျွန်မလည်း ကိုယ့်အခက်အခဲတွေ အကြောင်း ဖွင့်ပြောလိုက်ရင်၊ အပျက်သဘောဆောင်တာကို ဖြန့်နေမိမှာလို့ တွေးမိတယ်။ ဒါ့အပြင်၊ ကျွန်မက အဖွဲ့ခေါင်းဆောင်လေ။ ပြဿနာတွေရှိတဲ့အခါ၊ သည်းခံရမယ်၊ ထိန်းသိမ်းပြီး အပျက်သဘောဆောင် မလာရဘူးလေ။ ဒီအချိန်မှာပဲ အစ်မလီက မေးတယ်၊ “ဒီအခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မ ဘယ်လို တွေ့ကြုံသင့်လဲ”တဲ့။ ဘယ်လိုဖြေရမှန်း ကျွန်မ မသိဘူး။ ကျွန်မမှာ လမ်းကြောင်းမရှိသလို၊ ဘယ်လို မိတ်သဟာပြုရမှန်း မသိဘူး။ ဒါပေမဲ့ သူတို့အမြင်မှာ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းဖို့၊ အတင်းလုပ်ပြီး ပြောလိုက်တယ်၊ “ဒီလိုအခက်အခဲတွေမှာ၊ ဘုရားအပေါ် မှီခိုရမယ်။ နောဧအတွက် သင်္ဘောဆောက်ဖို့ ခက်ခဲပေမဲ့၊ ဘုရားပေါ် မှီခိုရင်းနဲ့ သူ လုပ်ဆောင်ခဲ့တယ်။ ကျွန်မတို့လည်း နောဧလို ဒုက္ခပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ်”လို့ပေါ့။ နောက်တော့၊ အရင်က ကိုယ့်တာဝန်မှာ အခက်အခဲတွေ ကြုံခဲ့ရတဲ့ အချိန်တွေအကြောင်းနဲ့ အခက်အခဲတွေကို အောင်မြင်ပြီး ရလဒ်ကောင်းတွေ ရရာမှာ လူတိုင်းကို ဦးဆောင်ခဲ့ပုံတွေကို ပြောဖြစ်ခဲ့တယ်။ ချင့်ချိန်နိုင်စွမ်းမရှိတဲ့ ညီအစ်မတချို့ကကျွန်မရဲ့ အတွေ့အကြုံအတွက် ကျွန်မကို ချီးမွမ်းတာတောင်လုပ်ခဲ့ကြပေမဲ့ ကျွန်မ လုံးဝ မပျော်ဘူး။ ကျွန်မတို့ရဲ့ လတ်တလော အလုပ်မှာရှိတဲ့ အခက်အခဲတွေကို မဖြေရှင်းရသေးဘူးလေ။ ဒီတော့ ကျွန်မက ကိုယ်ပြောတဲ့အရာနဲ့ လူတွေကို လှည့်စားနေတာပဲ မဟုတ်လား။ ဒါပေမဲ့ “ဒါကို ပြောဖို့ကလွဲလို့ ငါ ဘာများ လုပ်နိုင်လို့လဲ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ တခြား ငါလုပ်လို့ရတာ ဘာရှိလို့လဲ။ ဘာပဲဖြစ်ဖြစ် ငါ ထိန်းသိမ်းရမှာပဲလေ”လို့ တွေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်တယ်။ မပြောချင်ပေမဲ့၊ ကျွန်မ ပြောလိုက်တယ်၊ “ဒီပြဿနာကို ကျွန်မ တာဝန်ယူပါရစေ”လို့ပေါ့။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကျွန်မ လုံးဝ မသိဘူး။ တောင်လိုလေးတဲ့ အလေးချိန်ရဲ့ ဖိစီးမှုအောက်မှာ လွတ်လမ်းမရှိဘဲ ရှိနေသလို ကျွန်မ ခံစားခဲ့ရပေမဲ့၊ ဖွင့်ဟပြီး ညီအစ်မတွေနဲ့ မိတ်သဟာယမပြုရဲခဲ့ဘူး။ ဒီအချိ်နမှာ အစ်မလီက ပြောတယ်၊ “ခုတလော ကျွန်မတို့အလုပ်ထဲက ပြဿနာတွေ ပြေလည်မသွားသေးဘူး။ ဒါကို သုံးသပ်သင့်တယ် မဟုတ်လား”တဲ့။ ညီမစင်းက ပြောတယ်၊ “ဒီတစ်ချိန်လုံး၊ အစ်မကို ကျွန်မတို့ အထင်ကြီးခဲ့တယ်။ သမ္မာတရားကို အစ်မနားလည်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ခံစားရလို့ အရာရာအတွက် အစ်မပေါ် ကျွန်မတို့ မှီခိုကြတယ်။ ဒီကျွန်မတို့ရဲ့ အခြေအနေက မမှန်ဘူး”တဲ့။ နောက်တော့ အစ်မလီက ပြောတယ်၊ “မှန်တယ်။ နင်နဲ့အတူ အလုပ်လုပ်တဲ့ အတောအတွင်း၊ နင့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုအကြောင်း နင်ပြောခဲတယ်။ နင့်ရဲ့ အပြုသဘောဆောင်တဲ့ ဝင်ရောက်မှုအကြောင်းပဲ နင်ပြောတယ်။ ဒါပေမဲ့ ဒီလိုချိန်မှာ၊ ငါတို့ ပြဿနာတွေ သိပ်များပြီး အလုပ်မှာ အခက်အခဲတွေ ရှိတော့၊ ငါတို့ထဲက နှစ်ယောက်က အပျက်သဘော အခြေအနေမှာ ရှိပေမဲ့ အားနည်းချက်ကို နင် မပြခဲ့ဘူး။ နင်က ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေတာလား”တဲ့။ သူ အဲဒီလိုပြောတာ ကြားတော့၊ ကျွန်မ စိတ်ပျက်သွားတယ်။ ဒီအရာအားလုံးက ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ခြင်းရဲ့ ရလဒ်လားပေါ့။ ဒါပေမဲ့ အရမ်းမရှင်းမလင်း ဖြစ်နေတုန်းဖြစ်ပြီး တွေးမိတယ်၊ “ငါက အဖွဲ့ခေါင်းဆောင်ပဲ။ ငါ ဖွင့်ပြောပြီး အားနည်းတယ်လို့ ပြောလိုက်ရင်၊ ဒါက အပျက်သဘောဆောင်မှုကို ဖြန့်တာ မဟုတ်လား။ စစ်ပွဲထဲမှာလိုပေါ့၊ ဗိုလ်မှူးကျသွားရင်၊ စစ်သားတွေက ပိုမြန်မြန် ကျရှုံးကြမှာပဲ မဟုတ်လား”ပေါ့။ ဒါပေမဲ့ နောက်တော့၊ ကျွန်မရဲ့ တွဲဖက်တွေက ကျွန်မကို အထင်ကြီးကြပြီး သူတို့ကို ကိုယ်ကိုယ်တိုင်ရှေ့ ခေါ်ခဲ့မိပြီဖြစ်တဲ့အတွက်၊ ကျွန်မလျှောက်တဲ့ လမ်းကြောင်းနဲ့ ပတ်သက်လို့ ပြဿနာတစ်ခု ရှိနိုင်တယ်လို့ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမယ်မှန်း သိခဲ့တယ်။ အဲဒီအချိန်မှာ၊ တခြား လူတော်တော်များများလည်း အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိပြီး အရှုံးပေးချင်ကြတာကို ကျွန်မ သိရတယ်။ အဲဒါက အလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်။ ဒီပြဿနာတွေနဲ့ ရင်ဆိုင်ရတော့၊ အရမ်း အပျက်သဘောဆောင်မိတယ်။ အဲဒီတုန်းက ဘာလက်တွေ့ကျတဲ့ ပြဿနာမှ ကျွန်မ မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒီလို အရေးပါတဲ့ စေခိုင်းချက်တာဝန်ကို လုံးဝ မခံနိုင်ခဲ့ဘူး။ ဒီလိုဆက်ဖြစ်ရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကိုပဲ ဟန့်တားနေမိမှာ။ နောက်ဆုံးမှာ ကျွန်မ မထိန်းထားနိုင်တော့လို့၊ ခေါင်းဆောင်တွေဆီ အလုပ်ထွက်စာ တင်လိုက်တယ်။

အလုပ်ထွက်ပြီးတဲ့နောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်ခဲ့တယ်။ “ကိုယ့်ပြဿနာတွေ၊ အခက်အခဲတွေအကြောင်း ငါဘာလို့ ဖွင့်ပြောပြီး မိတ်သဟာယမပြုနိုင်တာလဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ဟန်ဆောင်မိတာလဲ။ မရိုးသားနိုင်ရတာလဲ”လို့ပေါ့။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အဘယ်သူတို့သည် စင်စစ်အားဖြင့် ဖာရိရှဲများဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတစ်လေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် ဖာရိရှဲများဟု ခေါ်သနည်း။ ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွက်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိလျှင် သမ္မာတရားကို အမှန်တကယ် နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားလုံးများသည် မည်မျှနားဝင်ချိုပါစေ ဤစကားလုံးများသည် သမ္မာတရား၏ စစ်မှန်မှုမဟုတ်ဘဲ အယူဝါဒစကားများသာဖြစ်သည်။ လူအချို့သည် အယူဝါဒစကားများကို သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့၏ အယူဝါဒများကို ရွတ်ဆိုခြင်းသည် အစဉ်ပို၍ များလာပြီး၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကြသည်၊ ထို့နောက်တွင် ၎င်တို့သည် မိမိတို့ကိုယ်ကိုယ် စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကိုယ် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက်၊ ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ဤသည်မှာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ပြောဆိုသောအရာများသာဖြစ်သည်။ လူတို့၏ အယူအဆများနှင့် ကိုက်ညီသော မှန်သယောင်ထင်ရသော်လည်း မှားယွင်းနေသောအရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုတစ်ခုမျှ မရှိပေ။ ပြီးလျှင် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ညီသော ဤအရာများကို ဟောပြောခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများစွာကို လိမ်လည်လှည့်ဖြားကြသည်။ အခြားလူများအဖို့၊ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း၊ ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့်ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်းဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများဖြစ်ကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဘုရားနှုတ်ကပတ်တော်တွေက ဖာရိရှဲတွေရဲ့ အနှစ်သာရကို ရှင်းရှင်း ထုတ်ဖော်ပြတယ်။ ဖာရိရှဲတွေက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး သူတို့လုပ်သမျှတိုင်းမှာ တခြားလူတွေကို လှည့်စားကြတယ်။ လူတွေကို လှည့်စားပြီး သူတို့အလေးထားတာ ခံရဖို့ အပြင်ပန်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို သုံးတယ်။ ကျွန်မက ဖာရိရှဲတွေအတိုင်း အတိအကျ ပြုမူနေခဲ့မှန်း သုံးသပ်မိတယ်။ ရေလောင်းတဲ့အလုပ်ကို စကြီးကြပ်တဲ့ အချိန်ကစပြီး၊ အဖွဲ့ရဲ့ အလုပ်က ချောချောမောမော တိုးတက်နေပြီး ပိုပြီးထိရောက်သလို၊ ခေါင်းဆောင်နဲ့ တွဲဖက်တွေက ကျွန်မကို လေးစားကြတာ မြင်တော့ ကျွန်မက တခြားလူတွေထက် သမ္မာတရားရဲ့ စစ်မှန်မှုတွေကို နားလည်တယ်လို့ ခံစားပြီး၊ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် အထင်စကြီးလာခဲ့တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ တခြားလူတွေထက် ပိုခွန်အားရှိရမှာဖြစ်ပြီး အပျက်သဘောဆောင်လို့ မရဘူး၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေအတွက် ပုံသက်သေဖြစ်ရမယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး လုပ်သမျှမှာ ဖုံးဖိခဲ့တယ်။ အစ်မလီက အခက်အခဲတွေ ကြုံပြီး ကျွန်မဆီက ဖြေရှင်းချက်ရှာတော့၊ နားမလည်တဲ့အချိန်မှာ နားလည်သလို ဟန်ဆောင်ပြီး ညီအစ်မ အနည်းငယ်ကို ကျွန်မက သမ္မာတရားကို နားလည်ပြီး၊ သမ္မာတရားစစ်မှန်မှုတွေကို ပိုင်ဆိုင်တယ်လို့ တလွဲထင်စေဖို့ အယူဝါဒစကားတွေနဲ့ အတင်းဖြေလိုက်တယ်။ ကျွန်မမှာအခက်အခဲတွေရှိပြီး မဖြေရှင်းနိုင်တဲ့အခါ၊ အရမ်း စိတ်ဖိစီးခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ အားနည်းချက်ကို မြင်မှာကြောက်လို့၊ ခွန်အားရှိသလို ဟန်ဆောင်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်မအပေါ် ကျွန်မရဲ့ တွဲဖက်တွေက အထင်ကြီးလာပြီး၊ ကျွန်မမှာ ပိုကြီးမားတဲ့ ဝိညာဉ်ရင့်ကျက်မှုရှိပြီး၊ ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တယ်လို့ ခံစားမိခဲ့ကြတယ်။ ညီအစ်ကို မောင်နှမတွေရှေ့မှာ ကောင်းမွန်တဲ့ ပုံရိပ်နဲ့ မြင့်မားတဲ့ အဆင့်အတန်းကို တည်ဆောက်ဖို့၊ ကျွန်မကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို လုံးဝ မပြောခဲ့ဘူး၊ ဘယ်လိုပဲ ခက်ခဲပါစေ အရာရာကို သည်းခံခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး ဟန်လုပ်ဖို့ ကြိုးပမ်းခဲ့သလို၊ တခြားလူတွေကို ဝေခွဲမရဖြစ်စေပြီး လှည့်စားဖို့ မှန်သလိုထင်ရတဲ့ အယူဝါဒကို သုံးခဲ့တယ်။ ဒီကိစ္စမှာ ကျွန်မကိုယ်ပိုင် ပြဿနာတွေနဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ခဲ့ရုံမက၊ ပိုအရေးကြီးတာက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ ဟန့်တားခဲ့မိတာပဲ။ ကျွန်မက တခြားလူတွေနဲ့ ကိုယ်ကိုယ်တိုင်ကို ထိခိုက်နစ်နာစေခဲ့တာ။ သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲတွေရဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့တာ။ အဲဒီအခါမှပဲ ဘုရားပြောခဲ့တာကို တကယ် နားလည်သွားတယ်။ “ပုံမှန်လူတစ်ယောက်ဖြစ်ခြင်းသည် အဓိပ္ပာယ်ရှိသည်။ သင်သည် စိုးရိမ်ပူပင်မှုကင်းကင်းနှင့် အသက်ရှင်နိုင်သည်။ ဝမ်းမြောက်ခြင်းနှင့် စိတ်အေးချမ်းမှု ရှိနိုင်သည်။ ဤသည်မှာ အသက်တာတွင် မှန်ကန်သည့်လမ်းကြောင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ထူးချွန်သောသူတစ်ယောက်ဖြစ်လိုလျှင်၊ အခြားလူများထက်သာလိုလျှင်၊ သင်သည် သင့်ကိုယ်သင် ဒုက္ခရောက်အောင်လုပ်နေခြင်း၊ သင့်ကိုယ်သင် ပျက်စီးစေခြင်း၊ သင်၏ကိုယ်ပိုင်အသက်တာကို ခက်ခဲအောင်ပြုလုပ်ခြင်းဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းစစ်မှန်တယ်။ တခြားလူတွေက အထင်ကြီးတာကို အမြဲတမ်းခံချင်ပြီး ပိုသာချင်တာက စာတန်က ကစားတာကိုပဲ ခံရစေပြီး နာကျင်မှုနဲ့ အသက်ရှင်ရစေတယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လက်လွှတ်တာ၊ ရိုးသားတဲ့ လူဖြစ်တာနဲ့ သာမန်ဖြစ်ပြီး ပွင့်လင်းတဲ့ လူတစ်ယောက်ဖြစ်တာကို လိုက်စားခြင်းအားဖြင့်ပဲ လွတ်လပ်မှု၊ လွတ်မြောက်မှုနဲ့ ကျွန်မတို့ ပြုမူနေထိုင်နိုင်ပြီး ငြိမ်သက်ခြင်းနဲ့ လုံခြုံဘေးကင်းမှု ခံစားနိုင်တယ်။

သုံးသပ်မှုကတစ်ဆင့်၊ ကျွန်မရဲ့ ရှုထောင့်အမြင် မှားခဲ့မှန်းလည်း သဘောပေါက်ရတယ်။ ကိုယ့်အားနည်းချက်နဲ့ အခက်အခဲတွေကို ဖွင့်ပြောတာက အပျက်သဘောဆောင်တာကို ဖြန့်တာလို့ ကျွန်မ ထင်ခဲ့လို့၊ ဖွင့်မပြောရဲခဲ့ဘူး။ တကယ်တော့၊ ဖွင့်ပြောတာက ဘာကိုဆိုလိုမှန်၊ အပျက်သဘောဆောင်တာက ဘာကိုဆိုလိုမှန်း နားမလည်ခဲ့တာပဲ။ အယူအဆတွေ ရောထွေးသွားခဲ့တာ။ နောက်ပိုင်းမှာ၊ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုင်းတွေကို စားသောက်ဖို့ ရှာခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ရှေးဦးစွာ အပျက်သဘောဆောင်မှု ပွင့်လင်းစွာ ဖော်ထုတ်ပြခြင်းကို မည်မျှ နားလည်ပြီး ခွဲခြားဖော်ထုတ်သင့်သည်၊ လူတို့၏ အပျက်သဘောဆောင်မှုကို မည်သို့ ခွဲခြားသိမြင်သင့်သည်၊ ၎င်းတို့ထဲရှိ မည်သည့် မှတ်ချက်များနှင့် သရုပ်သကန်များက အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ပြသည်တို့ကို ကြည့်ကြပါစို့။ အရေးကြီးဆုံးအနေဖြင့် လူတို့ပွင့်လင်းစွာ ဖော်ထုတ်သည့် အပျက်သဘောဆောင်မှုသည် အပြုသဘောမဆောင်ပေ။ ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် ဘေးဖြစ်စေတတ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားမှ ဖြစ်ပေါ်သောအရာတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို နာခံရာတွင် အခက်အခဲများဖြစ်ပေါ်စေသည်။ ဤအခက်အခဲများကြောင့် အပျက်သဘောဆောင်သောအတွေးများနှင့် အခြားအပျက်သဘောဆောင်သောအရာများက လူတို့တွင် ထုတ်ဖော်ပြသည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့် အခြေအနေတွင် ဤအရာများဖြစ်ပေါ်သည်။ ဤအရာတို့သည် လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့်အခါ လူတို့အပေါ် သက်ရောက်ပြီး နှောင့်ယှက်သော အတွေးများနှင့် အမြင်ရှုထောင့်များဖြစ်ပြီး အလုံးစုံ အပျက်သဘောဆောင်သောအရာများဖြစ်သည်။ ဤအပျက်သဘောဆောင်သောအတွေးများသည် လူသား၏ အယူအဆများနှင့် မည်မျှကိုက်ညီပါစေ၊ မည်မျှ ကျိုးကြောင်းသင့်သည့်ပုံစံရှိပါစေ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံပြီး သိခြင်းမှလာဖို့မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်ကို နားလည်ခြင်းမှ လာခြင်းမဟုတ်ပေ။ ဤအစား ၎င်းတို့သည် လူသား၏ စိတ်မှ ဖြစ်ပေါ်ပြီး သမ္မာတရားနှင့် လုံးဝ သဘောတူညီခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်သောအရာများ၊ ဘေးဖြစ်စေတတ်သောအရာများဖြစ်သည်။ အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ပြသောလူတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ ပျက်ကွက်မှုအတွက် မှန်ကန်သော အကြောင်းပြချက်များစွာ ရှာတွေ့ရန်ဖြစ်သည်။ အခြားလူတို့၏ သနားကြင်နာမှုနှင့် နားလည်မှုကို ရရှိရန်ဖြစ်သည်။ ဤအပြုအမူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လူတို့၏ စတင်လုပ်ဆောင်မှုကို မတူညီသော အတိုင်းအတာများဖြင့် လွှမ်းမိုးပြီး တိုက်ခိုက်သည်။ လူများစွာကိုပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ တားဆီးနိုင်သည်။ ဤအကျိုးဆက်များနှင့် ဘေးဖြစ်စေတတ်သောသက်ရောက်မှုသည် ဤအပျက်သဘောဆောင်သောအရာများကို ဘေးဖြစ်စေတတ်ခြင်း၊ ဘုရားသခင်ကို အာခံခြင်း၊ သမ္မာတရားကို လုံးဝ ရန်လိုခြင်းအဖြစ် သတ်မှတ်ခြင်းက ပို၍ပင် သင့်တော်လေသည်။ အချို့လူများသည် အပျက်သဘောဆောင်မှု၏ အနှစ်သာရကို မမြင်နိုင်ဖြစ်ပြီး မကြာခဏ အပျက်သဘောဆောင်ခြင်းသည် သာမန်ဖြစ်သည်၊ ၎င်းတို့၏ သမ္မာတရားလိုက်စားမှုအပေါ် အလွန်အမင်းသက်ရောက်မှုမရှိဟု ထင်ကြသည်။ ဤသည်မှာ မှားယွင်းသည်။ အမှန်တကယ်တွင် ယင်းသည် အလွန်ကြီးသော သက်ရောက်မှုရှိသည်။ အပျက်သဘောဆောင်မှုက ခံယူရန် များလွန်းနေလျှင် အလွယ်တကူပင် သစ္စာဖောက်ခြင်းဖြစ်လာနိုင်သည်။ ဤဆိုးဝါးသော အကျိုးဆက်သည် အပျက်သဘောဆောင်မှုကြောင့်သာ ဖြစ်သည်။ ဤသို့ဆိုလျှင် အပျက်သဘောဆောင်မှုကို ထုတ်လွှတ်ခြင်းကို မည်သို့ ခွဲခြားသတ်မှတ်ပြီး နားလည်သင့်သနည်း။ ရိုးရှင်းစွာဆိုရလျှင် အပျက်သဘောဆောင်ခြင်းကို ပွင့်လင်းစွာဖော်ပြခြင်းသည် လူတို့ကို လှည့်စားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို ရပ်တန့်စေခြင်းဖြစ်သည်။ ယင်းသည် လူတို့ကို လှည့်စားပြီး အမှားပြုလုပ်မိစေရန်အတွက် သိမ်မွေ့သော နည်းဗျူဟာများ၊ သာမန်ဖြစ်ပုံရသည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို ထိခိုက်နစ်နာစေသလော။ ဤသည်မှာ အမှန်တကယ်တွင် လူတို့ကို ကြီးမားစွာ ထိခိုက်နစ်နာစေသည်။ ထို့ကြောင့် အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ပြခြင်းသည် ဘေးဖြစ်စေတတ်သော အရာတစ်ခုဖြစ်သည်။ ယင်းကို ဘုရားသခင်က ရှုတ်ချသည်။ ဤသည်မှာ အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ထုတ်ခြင်းအား အရိုးရှင်းဆုံး အနက်ပြန်ဆိုခြင်းဖြစ်သည်။...အပျက်သဘောဆောင်ခြင်းတွင် လူတို့၏ အာခံခြင်း၊ ကျေနပ်မှုမရှိခြင်း၊ နာကြည်းခြင်း၊ မကျေမချမ်းဖြစ်ခြင်းတို့ မပါဝင်သလော။ ဆန့်ကျင်ခြင်း၊ အာခံခြင်းနှင့်၊ ပြန်၍ပင် ငြင်းခုံခြင်းကဲ့သို့သော အလွန်ဆိုးရွားသည့်အရာများလည်း ရှိသည်။ ဤအရိပ်လက္ခဏာများပါဝင်သော မှတ်ချက်များကို အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ထုတ်ပြခြင်းအဖြစ် အဓိပ္ပာယ်သတ်မှတ်နိုင်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း)‘အတွေ့အကြုံများ မျှဝေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း’ ဆိုသည်မှာ သင်၏ အတွေ့အကြုံများနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် သိမြင်မှုများကို မိတ်သဟာယဖွဲ့ခြင်း၊ သင်၏ စိတ်နှလုံးထဲမှ အတွေးတိုင်း၊ သင်၏အခြေအနေတိုင်း၊ သင့်တွင် ဖွင့်ပြသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြောဆိုခြင်း၊ ၎င်းတို့ကို အခြားလူများအား သိမြင်ခွင့်ပေးခြင်း၊ ထို့နောက် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ပြဿနာကို ဖြေရှင်းခြင်းတို့ ဖြစ်သည်။ အတွေ့အကြုံများကို ဤနည်းဖြင့် မိတ်သဟာယဖွဲ့သည့်အခါမှသာ လူတိုင်းက များစွာ အကျိုးဖြစ်ပြီး ရရှိသည်။ ဤသည်မှာ စစ်မှန်သော အသင်းတော်အသက်တာဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ နားလည်သွားတယ်။ အပျက်သဘောဆောင်တာကို ဖြန့်တယ်ဆိုတာက ဘုရားနဲ့ပတ်သက်လို့ တခြားလူတွေက အယူအဆတွေ ဖြစ်ပေါ်အောင်၊ ဘုရားနောက်မလိုက်ချင်၊ တာဝန်တွေကိုတောင် မဖြည့်ဆည်းချင်အောင် ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုမရှိတာ၊ ဘုရားအကြောင်း အထင်လွဲ၊ မကျေနပ်တာတွေကို ကိုယ့်ကိုယ်ပိုင် ရည်ရွယ်ချက်တွေ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ဖော်ပြတဲ့သဘောပဲ။ ဥပမာအနေနဲ့၊ တစ်ယောက်ယောက်က ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရရင်၊ ဘုရားနဲ့ ပတ်သက်လို့ တခြားလူတွေက အယူအဆနဲ့ အထင်လွဲတာတွေ ဖြစ်အောင် ငြင်းခုံပြီး ညည်းညူကောင်း ညည်းညူမှာပဲ။ ဒါက အပျက်သဘောဆောင်တာကို ဖြန့်တာ။ ဒါပေမဲ့ ဖွင့်ပြောတာက ရိုးသားတဲ့ လူတစ်ယောက်ဖြစ်တာ။ သမ္မာတရားကို လက်တွေ့လုပ်တဲ့အပေါ် ကိုယ့်အတွေ့အကြုံကို မိတ်သဟာယပြုရုံသက်သက် မဟုတ်ဘူး။ လူတိုင်းက သိမြင်ပြီး စိစစ်လို့ရအောင် ကိုယ့်တာဝန်မှာရှိတဲ့ ကိုယ့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၊ အခက်အခဲတွေ၊ အားနည်းချက်တွေ၊ မသန့်စင်မှုနဲ့ မမှန်တဲ့ ရည်ရွယ်ချက်တွေကိုလည်း ဖွင့်ပြောရမယ်။ ဖွင့်ပြောခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ့်ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ပဲ။ ဒါက အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုမျိုးပေါ့။ ဒီသမ္မာတရားရဲ့ သွင်ပြင်ကို နားလည်လိုက်တာနဲ့ တာဝန်ထဲက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အားနည်းချက်တွေကို ကျွန်မ သတိရှိရှိ ဖွင့်ပြောပြီး၊ အဲဒါတွေကို ဖြေရှင်းဖို့ ညီအစ်ကို မောင်နှမတွေနဲ့ သမ္မာတရား ရှာခဲ့တယ်။ တဖြည်းဖြည်းနဲ့၊ ကျွန်မအခြေအနေက ပြောင်းလဲလာပြီး၊ ကိုယ့်တာဝန်မှာ ပိုထိရောက်သွားတယ်။ နောက်ပိုင်းမှာ၊ ခေါင်းဆောင်တွေက ကျွန်မမှာ နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ် အသိတချို့ ရှိတာ တွေ့ရလို့၊ လူသစ်တွေအတွက် ရေလောင်းကြီးကြပ်ရေးမှူးအနေဲ့ ကျွန်မရဲ့ အလုပ်ကို ဆက်လုပ်လို့ရမယ်ထင်လားလို့ မေးကြတယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားတယ်။ ဒီတာဝန်မှာ ဆက်လုပ်ဖို့ အခွင့်အရေး ရှိမယ်လို့ မထင်ခဲ့တာလေ။ ကျွန်မအတွက် ဘုရားရဲ့ ကျေးဇူးတော်ကို တန်ဖိုးထားမိသလို၊ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ လိုလားနေမိတယ်။ အဲဒီနောက်၊ ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ခြင်းနဲ့ ပတ်သက်လို့ ပိုပိုပြီး စိတ်ချယုံကြည်လာခဲ့သလို၊ ဖွင့်ပြောဖို့ သိပ်မခက်တော့သလို ခံစားရတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်၊ အစ်မစင်းက ပြောတယ်၊ “နင်နည်းနည်း ပြောင်းလဲသွားပြီလို့ ခံစားရတယ်။ ဒီလို ဖွင့်ပြောခြင်းအားဖြင့် သမ္မာတရားကို အမြဲလက်တွေ့လုပ်တာ ကောင်းတယ်” တဲ့။ သူဒီလိုပြောတာ ကြားရတော့ အရမ်းပျော်မိသလို၊ နောက်ဆုံးမှာ ပြောင်းလဲနိုင်ခဲ့ပြီလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အချိန်ကောင်းတွေက လုံးဝ ကြာရှည်မခံဘူး။ မကြာခင်မှာ၊ ကျွန်မပြဿနာတွေ ပြန်ပေါ်လာကြတယ်။

စုဝေးပွဲတစ်ခု အပြီးမှာ၊ မေးစရာတစ်ခုခု ရှိလားလို့ လူတိုင်းကို ကျွန်မ မေးတယ်။ ညီအစ်မတစ်ယောက်က လတ်တလော သူ့တာဝန်တွေမှာ ဒုက္ခပြဿနာ ရှိပြီး ဘာလုပ်ရမယ်မှန်း မသိလို့ ကျွန်မရဲ့ အကူအညီလိုချင်တယ်တဲ့။ အဲဒီတုန်းက၊ နည်းလမ်းကောင်းကို ကျွန်မ မတွေးမိလို့၊ လူတိုင်းကို သူတို့ ဘာစဉ်းစားမိလဲ မေးခဲ့တယ်။ အစ်ကိုတစ်ယောက်က ဖြေရှင်းချက်တစ်ခု တွေးမိတယ်၊ လူတိုင်းက သဘောတူ ခေါင်းညိတ်ကြပြီး ကျွန်မလည်း နားလည်ခဲ့တယ်။ အဲဒီညီအစ်မက ဝမ်းသာအားရနဲ့ ပြောတယ်၊ “အစ်ကို့ရဲ့ ဖြေရှင်းချက် ကောင်းတယ်။ ကျွန်မဘာလို့ အဲဒါကို မတွေးခဲ့မိပါလိမ့်”တဲ့။ ကျွန်မ ဖြေလိုက်ချင်ခဲ့တယ်၊ “ဒီဖြေရှင်းချက်ကို ကျွန်မလည်း မတွေးမိခဲ့ဘူး”လို့ပေါ့။ ဒါပေမဲ့ နောက်တော့၊ “ငါက ကြီးကြပ်ရေးမှူးပဲ။ အဲဒီလိုပြောလိုက်ရင်၊ လူတွေ ငါ့ကို ဘာများ ထင်ကြမလဲ။ ငါက ပြဿနာတွေကို ကိုင်တွယ်ရာမှာ ညီအစ်ကို မောင်နှမတွေလောက် မတော်ဘူးလို့ သူတို့ ပြောကြမလား”လို့ တွေးမိတယ်။ ဒါကြောင့် ကျွန်မအစ်ကို ပေးတဲ့ ဖြေရှင်းချက်အတွက် နာမည်ဝင်ယူပြီး ကိုယ့်ကိုယ်ပိုင် အသေးစိတ်အကြံကို ဖြည့်ပြောလိုက်တယ်။ ကျွန်မမိတ်သဟာယ ပြီးတော့ အဲဒီညီအစ်မက၊ “အခု ကျွန်မမှာ လမ်းကြောင်းရှိပြီ”တဲ့။ သူဒီလိုပြောတာ ကြားရပြီးတော့၊ ကျွန်မ နည်းနည်း အပြစ်ရှိတဲ့စိတ် ခံစားရပြီး၊ “ငါလူတွေကို လှည့်စားနေတာ မဟုတ်လား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေမိတာလဲ”လို့ တွေးမိတယ်။ နောက်ပိုင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်ပြီး၊ ကျွန်မအခြေအနေနဲ့ ဆက်နွှယ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို စားသောက်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဟန်ဆောင်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ၊ ယင်းက အဘယ်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်၊ ဆိုးယုတ်သည့်အရာတစ်ခုဖြစ်သည်။ ဆိုးယုတ်သောအစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် နောက်ကွယ်တွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ဤအရာကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မှန်ကန်ကြောင်းပြောလျက်၊ မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ အဓိကအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။...စာတန်သည် လူတို့ကို လှည့်စားရန်၊ လိမ်လည်လှည့်ဖြားရန်၊ အတုအယောင်ပုံရိပ်ကိုပြလျက် ၎င်းတို့ကို အရူးလုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ ၎င်းကို နာခံပြီး ကိုးကွယ်အောင်ပြုလုပ်ရန် အဆုံးစွန်ပန်းတိုင်ဖြင့် လူတို့ကို ကြည်ညိုပြီး ကြောက်ရွံ့စေရန် ခြောက်လှန့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုပင် စာတန် အသုံးပြုသည်။ ဤသည်မှာ စာတန်ကို ကျေနပ်စေသည့်အရာဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရာတွင် စာတန်၏ ပန်းတိုင်လည်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် အခြားလူများကြားတွင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်ကြသောအခါ သင်တို့သည် မည်သည့်အရာအတွက် ယှဉ်ပြိုင်နေကြသနည်း။ အမှန်တကယ်ပင် ကျော်ကြားမှုအတွက် ဖြစ်သလော။ မဟုတ်ပေ။ စင်စစ်အားဖြင့် သင်သည် ကျော်ကြားမှုက သင့်အတွက် သယ်ဆောင်လာသည့် အကျိုးကျေးဇူးများအတွက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”)မည်သည့်အခါမျှ မပွင့်လင်းသော၊ အကြောင်းကိစ္စများကို အစဉ် ဖုံးကွယ်သော၊ အစဉ်သဖြင့် ဖြောင့်မှန်ဟန်ဆောင်သော၊ မိမိတို့ကို အခြားလူများအထင်ကြီးအောင်ပြုလုပ်ဖို့ အစဉ်ကြိုးစားသော၊ ၎င်းတို့အား အပြည့်အဝသိမြင်ရန် အခြားလူတို့ကို ခွင့်မပြုသော၊ အခြားလူတို့ကို ၎င်းတို့အား လေးစားခွင့်မပြုသော ဤလူတို့သည် မမိုက်မဲသလော။ ဤသို့သောလူတို့သည် အလွန့်အလွန် မိုက်မဲသည်။ ဤသည်မှာ လူတစ်ယောက်နှင့်ပတ်သက်သည့် အမှန်တရားသည် အနှေးနှင့်အမြန် ပေါ်လွင်လိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့ ပြုမူလုပ်ဆောင်ရာတွင် မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်သနည်း။ ဖာရိရှဲများ၏ လမ်းကြောင်းဖြစ်သည်။ သူတော်ကောင်း ယောင်ဆောင်သူများသည် အန္တရာယ်ကျရောက်သလော၊ မကျရောက်သလော။ ၎င်းတို့သည် ဘုရားသခင် အမုန်းတီးဆုံးလူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အန္တရာယ်မကျရောက်ဟု သင် စိတ်ကူးသလော။ ဖာရိရှဲဖြစ်သောသူ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်း လမ်းကြောင်းကို လျှောက်ကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေ တွေးဆပြီးတဲ့နောက်၊ ဟန်ဆောင်မှုရဲ့အရင်းခံက ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့နဲ့ လူတွေ ကိုယ့်ကို အထင်ကြီးစေဖို့၊ ပြီးတော့ လူတွေကို စိုးမိုးခြယ်လှယ်၊ ထိန်းချုပ်ဖို့နဲ့ ကိုယ့်ရာထူးကို တည်ငြိမ်စေဖို့ ဖြစ်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ဒါကို မာနထောင်လွှားပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားက အုပ်စိုးထားပြီး၊ ဘုရားကို ခုခံတဲ့လမ်းကြောင်းကို လျှောက်နေတာပဲ။ ကျွန်မညီအစ်မရဲ့ ပြဿနာအတွက်တော့၊ ဘယ်လိုဖြေရှင်းရမှန်း ကျွန်မ မသိခဲ့တာ သိသာပေမဲ့၊ ညီအစ်ကို မောင်နှမတွေက သိရင် ကျွန်မကို အထင်သေးမှာ ကြောက်လို့၊ တခြားလူရဲ့ အသိကို ကိုယ့်စိတ်ကူးတွေ ဖြည့်လိုက်ပြီး အဲဒါကို ကိုယ့်ကိုယ်ပိုင်အနေနဲ့ ပြရုပ်တင်ရင်း၊ ကျွန်မက အမြော်အမြင်ရှိတယ်၊ သမ္မာတရားကို နားလည်တယ်၊ သမ္မာတရားစစ်မှန်မှုတွေ ပိုင်ဆိုင်တယ်လို့ လူတိုင်းကို ပြဖို့ မျှော်လင့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ခဲ့တယ်။ လူတိုင်းက ကိုယ့်ကိုလေးစားပြီး မှီခိုကြမယ်ဆိုတဲ့ ထင်ယောင်မှား မျှော်လင့်ချက်နဲ့ လူတိုင်းကအရမ်းအလေးထားတာကို ရဖို့ လှည်းစားမှုကို ကျွန်မ သုံးခဲ့တယ်။ ဖာရိရှဲတွေရဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့တာပဲ။ ဖာရိရှဲတွေက သူတော်ကောင်းယောင်ဆောင် လှည့်ဖြားသူတွေဖြစ်ပြီး ဘုရားရဲ့ ရှုတ်ချ၊ ကျိန်ဆဲတာကို သူတို့ ခံခဲ့ရတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရဘူး။ ဒါကြောင့် နောင်တမရရင်၊ ကျွန်မလည်း ဘုရားရဲ့ ကျိန်ဆဲ၊ အပြစ်ပေးတာ ခံရမယ်ဆိုတာ သိခဲ့တယ်။ ပြဿနာရဲ့ ဆိုးရွားမှုကို မြင်တော့ ကျွန်မ နည်းနည်း လန့်သွားတယ်၊ ဒါကြောင့် နောင်တရချင်တယ်လို့ ပြောဖို့ ဘုရားဆီ ချက်ချင်းဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်၊ အမှုဆောင်အနေနဲ့ ရာထူးတိုးခံရတာကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမယ်ဆိုတာကို ပြခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူအချို့ကို အသင်းတော်က မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးသည်၊ ပြီးလျှင် ဤသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သည်၊ ယင်းမှာ လေ့ကျင့်ပေးခြင်းခံရဖို့ ကောင်းမွန်သည့် အခွင့်အရေး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ခံခဲ့ရသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သနည်း။ ၎င်းတို့ လိုက်နာသင့်သည့် ပထမဆုံး အခြေခံသဘောတရားသည် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ရှာဖွေပြီးသည့်နောက်တွင် ၎င်းတို့ နားမလည်သေးပါက၊ အတူတကွ မိတ်သဟာယပြုကာ ရှာဖွေဖို့ သမ္မာတရား နားလည်သူတစ်ဦးကို ၎င်းတို့ ရှာဖွေနိုင်သည်။ ယင်းက ပြဿနာဖြေရှင်းခြင်းကို ပို၍ မြန်ဆန်စေပြီး ပို၍ အချိန်ကိုက်ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားကို သိနားလည်မှု ရရှိရန်နှင့် ပြဿနာကို ဖြေရှင်းရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်ရှုခြင်း၌ အချိန်ပိုသုံးဖို့ကိုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များကို စဉ်းစားချင့်ချိန်ခြင်းဖြင့် အချိန်ပိုသုံးဖို့ကိုလည်းကောင်း အာရုံစိုက်ပါက၊ ဤသည်မှာ အလွန် နှေးကွေးသည်။ ‘အဝေးမှ ရေသည် အရေးပေါ် ရေငတ်ခြင်းကို ပြေစေမည်မဟုတ်’ ဟူသည့် ဆိုရိုးရှိသည့်အတိုင်းပင် ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မြန်မြန်ဆန်ဆန် တိုးတက်လိုပါက၊ အခြားသူများနှင့် လိုက်ဖက်ညီညီ အလုပ်လုပ်ဖို့နည်းလမ်း၊ ပို၍များသော မေးခွန်းများမေးဖို့ နည်းလမ်းနှင့် ပို၍ ရှာဖွေဖို့နည်းလမ်းတို့ကို သင်ယူလေ့လာရမည်။ သို့မှသာလျှင် မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ၊ သင်၏အသက်တာက လျင်မြန်စွာ ကြီးထွားမည် ဖြစ်ပြီး သင်သည် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ရာထူးတိုးခံရစဖြစ်ပြီး အစမ်းခန့်ကာလတွင်သာ ရှိသေးကာ၊ သမ္မာတရားကို အမှန်တကယ် နားမလည်သောကြောင့်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သောကြောင့်— သင်သည် ဤဝိညာဉ်ရင့်ကျက်မှု မရှိသေးသောကြောင့်— သင်၏ ရာထူးတိုးခြင်းက သင်သည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည့်သဘောဖြစ်သည်ဟု မတွေးလေနှင့်။ ဤသည်မှာ မမှန်ကန်ပေ။ သင်သည် အလုပ်အပေါ် ဝန်ထမ်းစိတ်ရှိပြီး ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ရုံသက်သက်ကြောင့်၊ သင်သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့အတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သင်၌ ဤအသိစိတ်ရှိသင့်သည်။ ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်း ခံရပြီးသည့်နောက်တွင်၊ သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး၏ ရာထူးတွင် ထိုင်ကာ၊ သင်၌ သမ္မာတရား၏ စစ်မှန်မှု ရှိသည်ဟုလည်းကောင်း၊ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်သည်ဟုလည်းကောင်း သင်ယုံကြည်လျှင်— ညီအစ်ကိုမောင်နှမများ၌ မည်သည့်ပြဿနာများ ရှိပါစေ၊ သင်က နားလည်သယောင်၊ ဝိညာဉ်ရေးဆန်သယောင် ဟန်ဆောင်လျှင်— ဤသည်မှာ မိုက်မဲသည့် နည်းလမ်းဖြစ်ပြီး ယင်းက သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများကဲ့သို့ တူညီသောနည်းလမ်းပင် ဖြစ်သည်။ သင်သည် မှန်မှန်ကန်ကန် စကားပြောဆိုပြီး ပြုမူလုပ်ဆောင်ရမည်။ သင် နားမလည်သည့်အခါတွင်၊ အခြားသူများကို မေးနိုင်သည်၊ သို့မဟုတ် အထက်မှ အဖြေများကို ရှာနိုင်သည်၊ အထက်နှင့် မိတ်သဟာယပြုနိုင်သည်— ဤအရာတစ်ခုမျှ ရှက်စရာအကြောင်း မရှိပေ။ သင် မမေးလျှင်ပင်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို အထက်က သိဦးမည် ဖြစ်ပြီး၊ သင်၌ သမ္မာတရား၏ စစ်မှန်မှု မရှိသည်ကို သိလိမ့်မည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းတို့သည် သင်လုပ်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝတွင် တွေ့ရှိသင့်သည် အသိစိတ်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ လိုက်နာသင့်သည် စည်းမျဉ်းဖြစ်သည်။ ယင်းသည် အရှက်ရစရာတစ်ခု မဟုတ်ပေ။ သင်သည် ခေါင်းဆောင်ဖြစ်သည်နှင့် အခြားလူများကို သို့မဟုတ် အထက်ကို အစဉ်မေးခွန်းများမေးခြင်းသည်၊ သို့မဟုတ် စည်းမျဉ်းများကို နားမလည်ခြင်းသည် ရှက်စရာကောင်းသည်ဟု ထင်လျှင်၊ ထို့နောက် သင်သည် ရလဒ်အနေဖြင့် သင်သည် နားလည်သည်၊ သိမြင်သည်၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်၊ မည်သည့်အသင်းတော်အလုပ်ကိုမဆို လုပ်ဆောင်နိုင်သည်၊ သင့်အား သတိပေးရန်၊ သို့မဟုတ် မိတ်သဟာယဖွဲ့ရန်၊ သို့မဟုတ် သင့်ကို ထောက်ကူပံ့ပိုးရန် မည်သူ့ကိုမျှမလိုအပ်ဟု ဟန်ဆောင်လျက် အယောင်ဆောင်လျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်လွန်းခြင်း၊ အသိစိတ်ကင်းမဲ့လွန်းခြင်းဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်အတိုင်းအတာကိုပင် မသိပေ။ ဤသည်မှာ သင့်ကို ငတုံးတစ်ယောက်မဖြစ်စေသလော။ ဤသို့သောလူများသည် ဘုရားအိမ်တော်အားဖြင့် ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ပေးခြင်းအတွက် စံသတ်မှတ်ချက်နှင့် အမှန်တကယ် မကိုက်ညီပေ။ ၎င်းတို့သည် အနှေးနှင့် အမြန် လူစားထိုးခံရမည်၊ သို့မဟုတ် ထုတ်ပယ်ခံရမည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ ဘုရားက ကျွန်မကို ဆရာသခင်၊ အကုန်သိ အကုန်တတ်တစ်ယောက် မဖြစ်စေချင်ဘူး။ ကိုယ့်တာဝန်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက် ရှိစေချင်တယ်၊ စိတ်နှလုံးအကြွင်းမဲ့ ကိုယ့်တာဝန်ကို ဆောင်ရွက်ပြီး၊ ကျွန်မမှာ ဘာချွတ်ယွင်းချက်တွေ ရှိပါစေ၊ ညီအစ်ကို မောင်နှမတွေနဲ့အတူ ရှာဖွေ၊ မိတ်သဟာယပြုပြီး လက်တွဲညီညီ ပူးပေါင်းလုပ်စေချင်တယ်။ ဒါက ဆင်ခြင်တုံတရားနဲ့ ပြုမူရမဲ့နည်းလမ်းပဲ။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားပြီး မသိနားမလည်ခဲ့သလို၊ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အထက်မှာ ရှိပြီး၊ ပြဿနာတိုင်းကို ဖြေရှင်းနိုင်ရမယ်လို့ အမြဲ ခံစားခဲ့တယ်။ အကျိုးဆက်အနေနဲ့ နေရာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်အယောင်ဆောင်၊ ဟန်လုပ်ပြီး နားလည်သယောင်ဆောင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းစေပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဟန့်တားခဲ့တယ်။ အရမ်းအရှက်မဲ့ခဲ့ပြီး ကျွန်မအမြင်တွေက ရယ်စရာဖြစ်ပြီး၊ အဓိပ္ပာယ်မဲ့ခဲ့တယ်။ ကြီးကြပ်ရေးမှူးအဖြစ်ကို ရာထူးတိုးခံခဲ့ရတာက လက်တွေ့လုပ်ဆောင်ပြီး ပျိုးထောင်ခံရဖို့ ကျွန်မကို ဘုရားပေးတဲ့ အခွင့်အရေးတစ်ခုပါ။ ကျွန်မက တခြားလူတွေထက် သမ္မာတရားပိုနားလည်လို့ ဖြစ်ခဲ့တာ မဟုတ်သလို၊ ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ အဆင့်အတန်းက တခြားလူတွေထက် ပိုမြင့်တာကို သက်သေပြတဲ့ သဘောလည်း မဟုတ်ဘူး။ ကျွန်မက ညီအစ်ကို မောင်နှမတွေနဲ့ အတူတူပါပဲ၊ ကျွန်မ နားမလည်တဲ့ သမ္မာတရားတွေ အများကြီးရှိသလို၊ ရှင်းရှင်း မမြင်နိုင်၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေလည်း အများကြီးပဲ။ တချို့ကိစ္စတွေမှာ ထိုးထွင်းအမြင်တချို့ရှိတယ် ဆိုသလောက်ပဲ။ အဲဒါတောင်မှ ဘုရားရဲ့ ဉာဏ်အလင်းပေးမှုပါ။ စစ်မှန်မှုတစ်ခုခု ကျွန်မ ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင် အတိုင်းအတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ ကိုယ့်ကိုယ်ကိုယ်အယောင်ဆောင်ပြီး ဟန်လုပ်တာပဲ လုပ်ခဲ့တယ်။ သမ္မာတရားကို နားမလည်နိုင်ခဲ့ရုံမက သမ္မာတရားရဲ့ စစ်မှန်မှုတွေထဲ မဝင်ရောက်နိုင်ခဲ့ဘူး။ ကျွန်မ ပိုဆိုးယုတ်၊ ဉာဏ်များပြီး မာနထောင်လွှားလာခဲ့တယ်။ မိုက်မဲလိုက်တဲ့သူပဲ။ ဒါကို သဘောပေါက်တော့၊ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဟန်မဆောင်၊ မလှည့်စားတော့ဘူးလို့ပေါ့။ ရိုးသားတဲ့လူတစ်ယောက် ဖြစ်တာကို လက်တွေ့လုပ်ပြီး ကိုယ့်တာဝန်ဝတ္တရားတွေကို ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းချင်တယ်။

ရက်နည်းနည်းကြာတော့၊ အလုပ်ကိစ္စ ကျွန်မတို့ ဆွေးနွေးနေတုန်း၊ အစ်မစင်းက တိုးတက်မှု အရမ်းမြန်ဆန်တဲ့ လူသစ်တစ်ယောက် တွေ့ခဲ့တယ်လို့ပြောတယ်။ ကျွန်မ အမြန်ပြောလိုက်တယ်၊ “အဲဒီလူသစ်ကို ကျွန်မ ရေလောင်းတာလေ”လို့ပေါ့။ ကျွန်မ ပြောပြီးသွားတော့၊ “ငါကြွားဝါနေမိတာပဲ မဟုတ်လား။ ဖွင့်ပြောပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ဖို့လိုတယ်”လို့ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “အဲဒါ အရမ်း ရှက်စရာကောင်းမှာ။ ငါက ယုတ္တိမတန်ဘူး၊ ပြီးတော့ ကျွန်မ တစ်ခုခု လုပ်တိုင်း တခြားလူတွေ မသိမှာကြောက်လို့ ကြွားဝါတယ်လို့ အစ်မစင်းက ထင်သွားမလား”လို့ပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြန်ဟန်ဆောင်တော့မယ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကြောင့် ဘုရားဆီ အမြန်ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်နိုင် အောင် လမ်းပြဖို့ တောင်းလျှောက်လိုက်တယ်။ ဒီလိုနဲ့ ကျွန်မစကားတွေရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကိုယ် ချီးမြောက်၊ ထုတ်ဖော်ပြဖို့ဖြစ်မှန်း ဖွင့်ပြောပြီး ဖော်ထုတ်ဖို့ ကျွန်မ သတ္တိမွေးလိုက်တယ်။ အစ်မစင်းက ပြောတယ်၊ “နင်ပြောတုန်းက ငါတို့ ခွဲလို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်အကြောင်း ဖွင့်ပြောနိုင်ရင်၊ ရိုးသားတဲ့လူဖြစ်ဖို့ကို သတိရှိရှိနဲ့ နင်လက်တွေ့လုပ်နေတာပဲ”တဲ့။ သူပြောတာကြားတော့ ကျွန်မ ရှက်မိတယ်။ ဒါပေမဲ့ ကျွန်မ ဟန်မဆောင်၊ မလှည့်စားခဲ့ရင်၊ ပြီးတော့ ဒီလိုအမြဲ ဖွင့်ပြောခဲ့ရင်၊ စိတ်ချလုံခြုံမှုနဲ့ လွတ်မြောက်မှု ခံစားချက်တစ်ခု ခံစားခဲ့မှာလို့လည်း ခံစားမိတယ်။

ဒီအရာအားလုံး တွေ့ကြုံပြီးတဲ့နောက်၊ အချက်တစ်ချက်ကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ အရင်တုန်းက၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ မဖော်ထုတ်ချင်ခဲ့ဘူး၊ အမြဲ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ချင်ခဲ့တယ်။ တခြားလူတွေက မသိနိုင်ရင်၊ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းနိုင်မှာလို့ တွေးရင်းနဲ့ပေါ့။ ဒါပေမဲ့ တကယ်တော့၊ ဒါက ကိုယ့်ကိုယ်ကိုယ် လှည့်စားမှုဖြစ်ပြီး အရမ်းမိုက်မဲပါတယ်။ ဘုရားက အရာရာကို မြင်တယ်။ ကျွန်မ ဘယ်လိုပဲ ဟန်ဆောင်ပါစေ၊ ဘုရားက ရှင်းရှင်းလင်းလင်း မြင်ပြီး၊ အနှေးနဲ့အမြန် ကျွန်မ ထုတ်ဖော်ခံရမှာပဲ။ ဒါ့အပြင်၊ ညီအစ်ကို မောင်နှမတွေက ဘုရားနှုတ်ကပတ်တော် ကြားပြီးတဲ့နောက် သမ္မာတရားကို တဖြည်းဖြည်း နားလည်ကြတယ်။ လူအမျိုးမျိုးကို သူတို့ ပိုပိုပြီး သိမြင်နိုင်ကြသလို၊ ဆိုးယုတ်တဲ့ စိတ်သဘောထား အမျိုးမျိုးရဲ့ သရုပ်သကန်တွေကိုလည်း ပိုပိုပြီး ရှင်းရှင်း လင်းလင်း မြင်နိုင်ကြတယ်။ ဒါကြောင့် ကျွန်မ ဘယ်လိုပဲ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပါစေ၊ သမ္မာတရားကို နားလည်သူတွေကဲဒါကို ချက်ချင်း သိမြင်ကြမှာပဲ။ သမ္မာတရားနဲ့ လက်တွေ့ကျကျ ဖြူစင် ပွင့်လင်းရိုးသားတဲ့ လူတစ်ယောက် ဖြစ်ခြင်းကို လိုက်စားသူတွေပဲ ဘုရားနဲ့ တခြားလူတွေက နှစ်သက်ကြတဲ့ တကယ်ကို ဉာဏ်ပညာရှိတဲ့ လူတွေဖြစ်ပြီး၊ ဒါကသာ ဘုရား ကျွန်မတို့ကို ညွှန်ပြတဲ့ အလင်းလမ်းကြောင်းဖြစ်မှန်း အရင်ထက်ပိုပြီး ကျွန်မ ယုံကြည်လက်ခံသွားမိတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်ပြီ

နောက်ဆုံးသော ကာလ ဘုရားအမှုတော်ကို လက်ခံပြီးတဲ့နောက် တစ်လအကြာမှာ၊ ကျွန်မတို့ အသင်းတော် ခေါင်းဆောင် ကျန်းလင်းက ကျွန်မရဲ့ စိတ်ထက်သန်မှုကို...

အယောင်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်း၏ အဖိုးအခများ

လီလီယက် ဟွန်ဒူရပ်နိုင်ငံ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

စိတ်နှလုံး၏ လွတ်မြောက်ခြင်း

ကျန်ရှင်း အမေရိကန်နိုင်ငံ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။