လူတို့ခံသင့်သည့်သက်သေကျူး
၁ ဘုရားသခင်အတွက် သက်သေခံသောအခါ၌ အဓိကအားဖြင့် ဘုရားသခင်၏ အမှုအကြောင်း၊ ဘုရားသခင်က လူတို့ကို မည်သို့ သိမ်းပိုက်ကြောင်း၊ သူက လူတို့ကို မည်သို့ ကယ်တင်ကြောင်း၊ သူက လူတို့ကို မည်သို့ ပြောင်းလဲကြောင်းနှင့် သမ္မာတရား၏ စစ်မှန်မှုအတွင်း လူတို့ ဝင်ရောက်နိုင်အောင် မည်သို့ လမ်းပြပြီး လူတို့အား သိမ်းပိုက်ခြင်းခံရသည့် အခွင့်၊ စုံလင်အောင် ပြုလုပ်ခြင်း ခံရသည့်အခွင့်နှင့် သူ့အားဖြင့် ကယ်တင်ခြင်းခံရသည့် အခွင့်တို့အား ပေးကြောင်းကို သင်သိသလောက် ပြောဖို့လိုသည်။ သက်သေခံခြင်းဆိုသည်မှာ သူ၏ အမှုအကြောင်းနှင့် သင်တွေ့ကြုံခဲ့သည့် အရာများအားလုံးအကြောင်း ပြောခြင်း ဖြစ်သည်။ သူ၏ အမှုကသာ သူ့ကို ကိုယ်စားပြုနိုင်သည်၊ သူ၏ အလုပ်ကသာ သူ့၏အလုံးစုံကို လူသိထင်ရှား ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့အတွက် သက်သေခံသည့် အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အတွက် သင်သက်သေခံသောအခါ သူ၏ ပုံမှန်လူ့သဘာဝ အပြင်ပန်းသဏ္ဍာန်အတွက်သာ သက်သေခံနေခြင်း မဟုတ်ဘဲ၊ သူလုပ်သည့် အလုပ်အတွက်နှင့် သူပြသည့်နည်းလမ်းအတွက်လည်း သက်သေခံနေခြင်း ဖြစ်သည်၊ ယင်းသည် သင့်ကို သူက မည်သို့ သိမ်းပိုက်ခဲ့ကြောင်းနှင့် မည်သည့် ကဏ္ဍများ၌ သင့်ကို စုံလင်အောင် ပြုလုပ်ပေးခဲ့ကြောင်းတို့ကို သက်သေခံဖို့အတွက် ဖြစ်သည်။ ထိုသို့ သက်သေခံခြင်းသည် သင်ပြုသင့်သည် သက်သေခံခြင်းမျိုး ဖြစ်သည်။
၂ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ အခက်အခဲများနှင့် ဆင်းရဲဒုက္ခများနှင့် ဆိုင်သော အဆင့်တစ်ခုစီကို သင်တွေ့ကြုံခဲ့ပြီးဖြစ်ပြီး သိမ်းပိုက်ခြင်းကိုလည်း သင်ခံခဲ့ပြီးဖြစ် သည်၊ ဇာတိပကတိနှင့်ဆိုင်သော မျှော်လင့်ချက်များ၊ သင်၏ စိတ်ကို လှုံ့ဆော်သောအရာများနှင့် ဇာတိပကတိနှင့်ဆိုင်သော သင်၏ စိတ်ဝင်စားမှုများ ကိုလည်း သင်ဘေးဖယ်ထားပြီး ဖြစ်သည်။ တနည်းအားဖြင့် လူအားလုံး၏ နှလုံးသားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လုံး၀သိမ်းပိုက်ထားပြီး ဖြစ်သည်။ သူတောင်းဆိုသလောက် သင်၏အသက်တာ မကြီးထွားသေးသော်လည်း သင်သည် ဤအရာများ အားလုံးကို သိသည်။ သူလုပ်သည့် အရာကြောင့် အပြည့်အဝ ယုံကြည်သည်။ ဤသည်မှာ သက်သေခံခြင်းပင် ဖြစ်သည်။ ဤသက်သေခံမှုသည် စစ်မှန်သည်။ လုပ်ဆောင်ရန် ဘုရားသခင်လာခဲ့သည့် အမှုဖြစ်သော တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့သည် လူကို သိမ်းပိုက်ရန်အတွက် ဖြစ်သည်။ သို့သော် သူသည် သူ၏အလုပ်ကိုလည်း အဆုံးသတ်သလို ခေတ်တစ်ခေတ်ကိုလည်း အဆုံးသတ်ပြီး သူ့အမှု၏ နောက်ဆုံးအပိုင်းကိုလည်း လုပ်ဆောင်သည်။ ခေတ်တစ်ခေတ်လုံးကို သူက အဆုံးသတ်သည်။ လူသားအားလုံးကိုလည်း ကယ်တင်ပြီး လူသားများကို အပြစ်မှ အပြည့်အဝ ကယ်လွှတ်ကာ သူဖန်ဆင်းခဲ့သည့် လူသားများကို ပြည့်ပြည့်စုံစုံ ရယူခဲ့သည်။ ဤအရာများအားလုံးသည် သင်သက်သေခံသင့်သည်များ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။