အခန်း ၁၈

လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။ အို၊ ငါ၏ဖန်ဆင်းရာ၊ လူသားမျိုးနွယ်ပေါင်းတို့။ အဆုံးတွင် ၎င်းတို့သည် အလင်း၌ နောက်တစ်ဖန် အသက်ပြန်ရှင်လာ၍ အသက်ရှင်သန်ရေးအတွက် အခြေခံအုတ်မြစ်ကို ရှာတွေ့ကာ ရွှံ့ထဲ၌ ရုန်းကန်နေရခြင်း မရှိကြတော့ပေ။ အို၊ ငါ၏လက်အတွင်း ငါကိုင်ထားသော မြောက်မြားလှသည့် ဖန်ဆင်းခြင်းအရာတို့။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် အသစ်ပြုပြင်ခြင်းကို မခံရဘဲ မည်သို့နေနိုင်မည်နည်း။ အလင်းထဲ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်မဖော်ဘဲ မည်သို့နေနိုင်မည်နည်း။ မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ဟင်းလင်းပြင်ဖြင့် ခွဲခြားခံထားရခြင်းမရှိတော့ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကာ မည်သည့်အခါမျှ တစ်ဖန်အခွဲခံရတော့မည် မဟုတ်ပေ။ ဝမ်းမြောက်ဖွယ်ရာ ဤအခါသမယ၊ ပီတိဖြစ်ဖွယ်ရာ ဤအခါသမယတွင် ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏သန့်ရှင်းခြင်းသည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီ၊ ထို့ပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့ကို မရပ်မနား ထောမနာပြုကြ၏။ ကောင်းကင်မြို့များသည် ဝမ်းမြောက်မှုဖြင့် ရယ်မောနေကြကာ မြေကြီး၏ နိုင်ငံတော်သည် ဝမ်းမြောက်မှုဖြင့် ကလျက်နေ၏။ ဤအချိန်တွင် မဝမ်းမြောက်နေသောသူ မည်သူရှိသနည်း၊ ထို့အပြင် ဤအချိန်၌ မငိုကြွေးနေသောသူ မည်သူရှိသနည်း။ ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် မြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ ကောင်းကင်သည် မြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ လူသား၏ မွန်မြတ်သန့်စင်မှုကြောင့်၊ လူသား၏ အသစ်ပြုပြင်မှုကြောင့် ကောင်းကင်သည် မြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့သကဲ့သို့ မြေကြီးသည်လည်း ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်၏ မျက်နှာများသည် အားရကျေနပ်ခြင်း အပြုံးများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့၏ နှလုံးသားထဲတွင် အကန့်အသတ်မရှိသော ချိုမြိန်မှုတစ်ရပ်ကို ဝှက်ထား၏။ လူသားအချင်းချင်း ခိုက်ရန်မဖြစ်ကြသကဲ့သို့ ထ၍လည်း မသတ်ကြပေ။ ငါ၏အလင်းထဲတွင် အခြားသူများနှင့် ငြိမ်းချမ်းစွာ မနေသူများ ရှိသလော။ ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။ လူသားအားလုံးသည် ရိုသေလေးမြတ်သော အကြည့်ဖြင့် ငါ့ကို ငေးစိုက်ကြည့်ကြပြီး ၎င်းတို့၏နှလုံးသားများထဲ၌ ငါ့ကို လျှို့ဝှက်စွာ အော်ခေါ်ကြ၏။ ငါသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို ရှာဖွေခဲ့ပြီးဖြစ်၏- သန့်စင်ခြင်းခံရပြီးသော လူသားတို့အကြားတွင် ငါ့ကို မနာခံသူ တစ်ဦးမျှ မရှိ၊ ငါ့အပေါ် တရားစီရင်ချက် ချမှတ်သူ တစ်ဦးမျှ မရှိပေ။ လူသားမျိုးနွယ်အားလုံးသည် ငါ၏စိတ်သဘောထားဖြင့် ပြည့်ဝနေ၏။ လူတိုင်းသည် ငါ့ကို သိကျွမ်းလာနေကြ၍ ငါ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်လာကြကာ ငါ့အား ချစ်ခင်စုံမက်နေကြ၏။ ငါသည် လူသား၏ဝိညာဉ်၌ ခိုင်မြဲစွာ ရပ်တည်နေပြီး လူသား၏မျက်လုံးများထဲတွင် အမြင့်ဆုံးသော အထွတ်အထိပ်သို့ ချီးမြှောက်ခြင်း ခံရကာ လူသား၏သွေးကြောများထဲရှိ သွေးထဲတွင် စီးဆင်းနေ၏။ လူသား၏နှလုံးသားထဲရှိ ဝမ်းမြောက်ခြင်းပီတိသည် မြေမျက်နှာပြင်ရှိ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ လေသည် အေးမြလတ်ဆတ်လျက်ရှိ၏။ သိပ်သည်းသော မြူတို့သည် မြေပြင်ကို ဖုံးလွှမ်းနေခြင်း မရှိတော့ဘဲ နေသည် တောက်ပခံ့ညားစွာ ထွန်းလင်းနေ၏။

ငါသည် ခပ်သိမ်းသောအရာတို့၏ ရှင်ဘုရင်ဖြစ်၍ ခပ်သိမ်းသော အရာတို့ကို ငါအုပ်စိုးသည့် နေရာဖြစ်သော ငါ၏နိုင်ငံတော်အပေါ်သို့ ယခု ကြည့်လော့။ ဖန်ဆင်းခြင်း၏ အစအဦးမှ လက်ရှိနေ့အထိ ငါ့သားတို့သည် ငါ၏လမ်းပြခြင်းအားဖြင့် ဘဝ၏အခက်အခဲများစွာ၊ လောက၏မတရားမှုများစွာ၊ လူ့လောက၏ လောကဓံတရားများစွာတို့နှင့် ကြုံခဲ့ရသော်လည်း ၎င်းတို့သည် ယခု ငါ၏အလင်းထဲ၌ နေထိုင်ကြ၏။ ယမန်နေ့က မတရားမှုများကြောင့် မငိုကြွေးသောသူ မည်သူရှိသနည်း။ ယနေ့သို့ရောက်ရန်အလို့ငှာ တောင့်ခံခဲ့ရသော အခက်အခဲများကြောင့် မျက်ရည်မကျသူ မည်သူရှိသနည်း။ ထို့အပြင် ငါ့အား ၎င်းတို့ကိုယ်ကို ဆက်ကပ်ရန် ဤအခါသမယကို အသုံးမပြုသူ မည်သူရှိသနည်း။ ၎င်းတို့၏နှလုံးသားများအတွင်း လှိုင်းတံပိုးထနေသော စိတ်ထက်သန်ပြင်းပြမှုကို ဖော်ပြရန် ဤအခွင့်အရေးကို အသုံးမချသူ မည်သူရှိသနည်း။ ယခုအချိန်၌ ၎င်းတို့ကြုံတွေ့ခဲ့ရသည်ကို ထုတ်ဖော်မပြောသူ မည်သူရှိသနည်း။ ယခုအချိန်၌ လူသားအားလုံးသည် ၎င်းတို့၏ အကောင်းဆုံးအစိတ်အပိုင်းကို ငါ့အား ဆက်ကပ်လျက်ရှိ၏။ ယမန်နေ့က မိုက်မဲမှုများကြောင့် နောင်တဖြင့် အလွန်စိတ်ဆင်းရဲနေရသူ ဘယ်နှစ်ဦးရှိသနည်း။ ယမန်နေ့က လိုက်စားမှုများအတွက် မိမိကိုယ်ကို စက်ဆုပ်ရွံရှာနေသူ ဘယ်နှစ်ဦးရှိသနည်း။ လူသားအားလုံးသည် ၎င်းတို့ကိုယ်ကို သိကျွမ်းလာခဲ့ကြပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် စာတန်၏ လုပ်ဆောင်ချက်များနှင့် ငါ၏အံ့သြဖွယ်ကောင်းခြင်းတို့ကို တွေ့ခဲ့ကြပြီးဖြစ်ကာ ၎င်းတို့၏နှလုံးသားများအတွင်း၌ ငါ့အတွက် နေရာတစ်နေရာ ယခုရှိနေပြီဖြစ်သည်။ လူသားတို့အကြား၌ ငါသည် မနှစ်မြို့ခြင်းကိုသော်လည်းကောင်း၊ ငြင်းပယ်ခြင်းကိုသော်လည်းကောင်း ကြုံရတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ငါ၏ကြီးမြတ်သောအမှုသည် အထမြောက်ခဲ့ပြီးဖြစ်၍ နှောင့်ယှက်ခြင်းကို မခံရတော့သောကြောင့်ဖြစ်သည်။ ယနေ့ ငါ့နိုင်ငံတော်၏သားများအကြားတွင် မိမိတို့ကိုယ်တိုင်၏ အရေးကိစ္စများအတွက် မစဉ်းစားရသေးသူ ရှိသလော။ ငါ၏အမှုလုပ်ဆောင်သည့် နည်းလမ်းများကြောင့် စဉ်းစားသုံးသပ်ခြင်း သာ၍မရှိသူ တစ်စုံတစ်ဦး ရှိသလော။ ငါ့အတွက် ၎င်းတို့ကိုယ်ကို ရိုးသားစွာ ဆက်ကပ်ခဲ့ပြီးသူ တစ်စုံတစ်ဦး ရှိသလော။ သင်တို့၏နှလုံးသားများအတွင်းရှိ မသန့်စင်သည့်အရာများက လျော့နည်းသွားသလော။ သို့မဟုတ် တိုးလာသလော။ သင်တို့၏နှလုံးသားများအထဲရှိ မသန့်စင်သော အရာများသည် လျော့နည်းသွားခြင်းလည်းမရှိ၊ တိုးလာခြင်းလည်းမရှိပါက ထိုကဲ့သို့သောသူများကို ငါသည် ဧကန်မုချပင် လွှင့်ပစ်မည်။ ငါလိုချင်သည်မှာ ငါ့ကိုဆန့်ကျင်သော မသန့်ရှင်းသည့် နတ်ဆိုးများမဟုတ်၊ ငါ၏စိတ်နှလုံးနှင့် ညီညွတ်သည့် သန့်ရှင်းသောလူများဖြစ်၏။ လူသားမျိုးနွယ်အပေါ် ငါ၏တောင်းဆိုမှုများသည် မမြင့်မားသော်လည်း လူ့နှလုံးသားများ၏ အတွင်းလောကသည် လွန်စွာရှုပ်ထွေးလွန်းသဖြင့် လူသားမျိုးနွယ်သည် ငါ၏အလိုဆန္ဒနှင့် ကိုက်ညီအောင် မဆိုင်းမတွ လုပ်နိုင်ခြင်း၊ သို့မဟုတ် ငါ၏အလိုဆန္ဒများကို ချက်ချင်း ဖြည့်ဆည်းနိုင်ခြင်း မရှိပေ။ လူသားအများစုသည် နောက်ဆုံးအောင်ပန်းသရဖူကို ရယူနိုင်ရန် မျှော်လင့်ချက်များဖြင့် တိတ်တဆိတ် ကြိုးပမ်းအားထုတ်နေကြ၏။ လူအများစုသည် စာတန်၏ ဒုတိယအကြိမ် ဖမ်းဆီးခံရမည်ကို အလွန်အမင်း ကြောက်ရွံ့ကြသဖြင့် တဒင်္ဂမျှပင် ခိုကတ်ရန် မဝံ့ရဲကြဘဲ ၎င်းတို့၏အားမာန်ရှိသမျှဖြင့် ကြိုးစားနေကြ၏။ ၎င်းတို့သည် ငါ့အပေါ် မကျေနပ်ချက်များ မသိုထားဝံ့ကြတော့ဘဲ ငါ့၏ရှေ့မှောက်တွင် ၎င်းတို့၏ သစ္စာစောင့်သိမှုကို တသမတ်တည်း ပြသကြ၏။ များစွာသောလူတို့က ပြောဆိုသော လှိုက်လှဲနွေးထွေးသည့် စကားများ၊ များစွာသောလူတို့ ပြောပြသည့် ဒုက္ခခံရမှုအကြားရှိ နာကျင်ဖွယ်ရာ အတွေ့အကြုံများအကြောင်း အဖြစ်အပျက်များကို ငါကြားခဲ့ဖူးပြီ။ အဆိုးရွားဆုံး အခြေအနေများတွင် လူများစွာတို့သည် ငါ့အပေါ် ၎င်းတို့၏သစ္စာစောင့်သိမှုအား မပျက်မကွက် ဆက်ကပ်ကြသည်ကို ငါတွေ့ခဲ့ဖူးပြီ၊ ထို့အပြင် လူများစွာတို့သည် ခက်ခဲကြမ်းတမ်းသော လမ်းကြောင်းတွင် လျှောက်လှမ်းရင်း ထွက်မြောက်ရာလမ်းအား ရှာနေကြသည်ကိုလည်း ငါကြည့်ခဲ့ဖူးပြီ။ ထိုအခြေအနေများတွင် ထိုသူတို့သည် မည်သည့်အခါမျှ ညည်းညူခဲ့ခြင်းမရှိပေ။ အလင်းကို ရှာမတွေ့နိုင်၍ အနည်းငယ်စိတ်ဓာတ်ကျလာသည့်အခါတွင်ပင် ၎င်းတို့သည် တစ်ကြိမ်တစ်ခါမျှ ညည်းညူခဲ့ခြင်း မရှိပေ။ သို့သော်လည်း များစွာသောလူတို့သည် ကောင်းကင်အား ဆဲရေးတိုင်းထွာ၍ မြေကြီးအား ယိုးစွပ်ကာ၊ ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသော နေရာများမှ ကျိန်ဆဲမှုများအား ဖွင့်ချပြသည်ကိုလည်း ငါကြားခဲ့ဖူးပြီ။ ထို့အပြင် များစွာသောလူတို့သည် ၎င်းတို့၏စိတ်သောကအကြား ၎င်းတို့ကိုယ်ကို အညစ်အကြေးနှင့် ဖုံးလွှမ်းစေရန် အမှိုက်သရိုက်ကဲ့သို့ အမှိုက်ပုံးအတွင်း ပစ်လိုက်ကာ စိတ်လွတ်ကိုယ်လွတ် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ကိုလည်း ငါတွေ့ခဲ့ဖူးပြီ။ ဂုဏ်အဆင့်အတန်း ပြောင်းသွားသည့်အတွက် မျက်နှာထားများလည်း ပြောင်းသွားရာမှ မိတ်ဆွေများသည် မိတ်ဆွေမဟုတ်တော့ဘဲ ရန်သူများဖြစ်သွားကြရန်အလို့ငှာ အချင်းချင်း နှုတ်လျှာများဖြင့် တိုက်ခိုက်ကြလျက် လူသားအချင်းချင်းအကြား မိမိတို့၏ဆက်ဆံရေးများကို ပျက်ယွင်းစေကြကာ များစွာသောလူတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားကြသည်ကိုလည်း ငါကြားခဲ့ဖူးပြီ။ လူသားတို့၏ လောကနေရာအနှံ့တွင် ငြိမ်သက်အေးချမ်းမှုကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေသည့် ပွက်လောညံသော ဆူညံမှုဖြင့် ပြည့်နေသည်အထိ လူအများစုသည် ငါ၏နှုတ်ကပတ်တော်တို့ကို စက်သေနတ်မှ ကျည်ဆန်များကဲ့သို့ သတိမမူမိသောသူများအပေါ် ပစ်ခတ်လျက် အသုံးပြုကြ၏။ ကံကောင်းထောက်မသဖြင့် ဤနေ့ရက်သည် ယခုရောက်လာလေပြီ။ သို့မဟုတ်ပါက ဤစက်သေနတ်၏ မရပ်မနား တရစပ်ပစ်ခတ်ခြင်းကြောင့် လူမည်မျှသေဆုံးလိမ့်မည်ကို မည်သူမျှ မသိနိုင်ပေ။

ငါ၏နှုတ်ကပတ်တော်တို့ကို ထုတ်ပြန်ပြီးနောက်တွင် ငါ၏နိုင်ငံတော်သည် လူသားမျိုးနွယ်အားလုံး၏ အခြေအနေများကို အမီလိုက်ကာ မြေကြီးပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ဆင်းသက်လာ၏။ လူသားသည် စိုးရိမ်ဖွယ်ရာအတွေးများကို သိုထားခြင်း၊ သို့မဟုတ် အခြားသူများကို “အာရုံစိုက်ခြင်း”၊ သို့မဟုတ် အခြားသူများကိုယ်စား “စဉ်းစားခြင်း” တို့ မပြုတော့ပေ။ ထို့ကြောင့် မြေကြီးပေါ်၌ အငြင်းပွားဖွယ်ရာ ငြင်းခုံမှုများ မဖြစ်တော့သည့်အပြင် ငါ၏နှုတ်ကပတ်တော်တို့ကို ထုတ်ပြန်ပြီးနောက် ခေတ်သစ်၏ အမျိုးမျိုးသော “လက်နက်များ” သည်လည်း ရုပ်သိမ်းခြင်း ခံရ၏။ လူသားသည် လူသားနှင့် ငြိမ်းချမ်းရေး တစ်ဖန်ပြန်ရ၏၊ လူသား၏နှလုံးသားသည် သဟဇာတဖြစ်မှု စိတ်ဓာတ်ကို တစ်ဖန်ပြန်၍ ထွန်းဖြာ၏၊ ထို့ပြင် မည်သူမျှ တိတ်တခိုး တိုက်ခိုက်မှုကို ကာကွယ်မနေတော့ပေ။ လူသားမျိုးနွယ်အားလုံးသည် ပုံမှန်အနေအထားသို့ ပြန်ရောက်ကာ အသစ်သော အသက်တာတစ်ရပ်ကို စတင်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်အသစ်များတွင် နေထိုင်ရင်း၊ လောကအသစ်စက်စက်အတွင်း ဝင်ရောက်ခဲ့သည့်အလား ခံစားကြလျက်၊ လူတော်တော်များများသည် ၎င်းတို့အနီးအနားကို ကြည့်ကြ၏။ ထို့အပြင် ဤအတွက်ကြောင့် ၎င်းတို့သည် ၎င်းတို့၏လက်ရှိပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရန် ချက်ချင်းမပြောင်းလဲကြနိုင်ပေ၊ သို့မဟုတ် လမ်းကြောင်းမှန်ပေါ်သို့ ချက်ချင်းမရောက်နိုင်ကြပေ။ ထို့ကြောင့် လူသားမျိုးနွယ်၏အမြင်တွင်မူ ဤသည်မှာ “စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်” ဟူသော ကိစ္စတစ်ရပ်ဖြစ်၏။ ငါသည် လူသားကဲ့သို့ ဘေးဒုက္ခ၏ခါးသီးမှုကို ကိုယ်တိုင်မြည်းစမ်းခဲ့ဖူးခြင်း မရှိသော်လည်း လူသား၏ အားနည်းချက်များအကြောင်း အလုံးစုံသိ၏။ ငါသည် လူသား၏လိုအပ်ချက်များကို အတွင်းကျကျသိကာ သူ၏အားနည်းချက်များအပေါ် ငါ၏နားလည်မှုသည် စုံလင်၏။ ဤအကြောင်းရင်းကြောင့် ငါသည် လူသား၏ ချို့ယွင်းချက်များအပေါ် လှောင်ပြောင်ခြင်း မပြုပေ။ လူသားမျိုးနွယ်သည် လှည့်လည်သွားလာနေသော မိဘမဲ့များ ဖြစ်မနေကြတော့ဘဲ ထိုအစား နေစရာအိမ်ရှိသည့် ကလေးငယ်များဖြစ်လာကြစေရန်၊ လူတိုင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်စေရေးအတွက် ပိုမိုကောင်းမွန်စွာ ထောက်ကူပေးရန် လူသား၏ မဖြောင့်မတ်ခြင်းအပေါ် မူတည်၍ သင့်တော်သည့် “ပညာ” ပမာဏကို ပေးခြင်းသာ ငါပြု၏။ မည်သို့ပင်ဖြစ်စေကာမူ ငါ၏လုပ်ဆောင်ချက်များကို အခြေခံသဘောတရားများက ထိန်းချုပ်ထား၏။ ငါ၌ရှိသော သုခချမ်းသာကို ခံစားရန် လူသားတို့အနေဖြင့် လိုလိုလားလား မရှိပါက ငါသည် ၎င်းတို့၏အလိုဆန္ဒများကို လိုက်လျောလျက် ၎င်းတို့အား အနက်ဆုံးတွင်းထဲသို့ ပို့ရုံသာရှိ၏။ ယခုအချိန်တွင် မည်သူမျှ မိမိတို့၏နှလုံးသားထဲ၌ မကျေနပ်ချက်များကို မသိုထားသင့်တော့ဘဲ အားလုံးသည် ငါပြုလုပ်ထားသော အစီအစဉ်များတွင် ငါ၏ဖြောင့်မတ်ခြင်းကို တွေ့မြင်နိုင်ကြသင့်သည်။ ငါသည် လူသားမျိုးနွယ်ကို ငါ့အား အတင်းအကျပ် မချစ်ခိုင်းသကဲ့သို့ ငါ့ကိုချစ်သည့်အတွက် လူတစ်စုံတစ်ဦးကို ရိုက်နှက်ခြင်းလည်း ငါမပြုပေ။ ငါ၌ လုံးဝလွတ်လပ်ခြင်း၊ လုံးဝလွတ်ငြိမ်းခြင်း ရှိ၏။ လူသား၏ကံကြမ္မာသည် ငါ၏လက်ထဲ၌ တည်နေသော်လည်း ငါသည် လူသားအား ငါ၏ထိန်းချုပ်မှုကို မခံရသည့် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို ပေးထားခဲ့ပြီးဖြစ်၏။ ဤနည်းအားဖြင့် လူသားတို့သည် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကြောင့် “ဒုက္ခ” ရောက်သွားစေမည့် နည်းလမ်းများကို ကြံစည်ဖန်တီးကြခြင်း မပြုဘဲ၊ ထိုအစား ငါ၏သဘောထားကြီးမှုအပေါ် အားထားလျက် “လွတ်ငြိမ်းမှု” ကို ရကြလိမ့်မည်။ ထို့ကြောင့် များစွာသောလူတို့သည် ငါနှင့်ချုပ်ကိုင်ခံနေရမည့်အစား ၎င်းတို့၏လွတ်မြောက်ခြင်းအတွင်း၌ ၎င်းတို့ကိုယ်တိုင်၏ ထွက်မြောက်ရာလမ်းကို ရှာကြ၏။

ငါသည် လူသားတို့ကို မဖြေရှင်းနိုင်သော ပြဿနာများဖြင့် မည်သည့်အခါမျှ ဝန်မပိစေဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အခက်အခဲသို့ မည်သည့်အခါကမျှ မကျရောက်စေဘဲ ရက်ရောသောလက်ဖြင့် အစဉ်ဆက်ဆံခဲ့၏။ ဤသို့ပင်ဖြစ်သည် မဟုတ်သလော။ များလှစွာသော လူတို့သည် ငါ့ကို မချစ်သော်လည်း ငါသည် ဤသို့သော စိတ်သဘောထားအပေါ် စိတ်တိုမည့်အစား လူသားတို့ကို လွတ်လပ်မှုပေးထားခဲ့ကာ ခါးသီးသော ဒုက္ခပင်လယ်တွင် ဟိုဟိုသည်သည် ကူးခတ်ခွင့်ပြုသည်အထိ ၎င်းတို့ကို လူးသာလွန့်သာရှိနေခွင့် ပြုခဲ့၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဂုဏ်သရေညှိုးစေသည့် အိုးတစ်လုံးဖြစ်သောကြောင့်တည်း- သူသည် ငါ၏လက်ထဲတွင် ငါကိုင်ထားသည့် ကောင်းချီးမင်္ဂလာကို မြင်သော်လည်း ၎င်း၌မွေ့လျော်လိုခြင်းမရှိဘဲ၊ ထိုအစား စာတန်၏လက်ထဲမှ အန္တရာယ်ဆိုးကို နုတ်ယူလို၏။ ဤနည်းအားဖြင့် သူ့ကိုယ်သူ စာတန်၏ “အာဟာရ” အဖြစ် စုပ်ယူခံရကိန်း ဆိုက်စေ၏။ ငါ၏အလင်းကို မိမိတို့၏မျက်လုံးများဖြင့် မြင်ဖူးကြသူအချို့ရှိသည်မှာ အမှန်ပင်ဖြစ်သောကြောင့် ၎င်းတို့သည် လက်ရှိအချိန်၌ ပိတ်ဖုံးနေသော မြူခိုးများအကြားတွင် နေထိုင်နေကြသော်လည်း၊ ထိုမြူခိုးများကြောင့် အလင်းအပေါ်ယုံကြည်မှု ပျောက်ဆုံးသွားခြင်း မရှိဘဲ၊ အတားအဆီးများ ပြန့်ကျဲနေသော လမ်းကြောင်းတစ်လျှောက် မြူခိုးများကြား၌ ဆက်လက်၍ စမ်းတဝါးဝါး ရှာဖွေကြ၏။ လူသားသည် ငါ့အား ဆန့်ကျင်ပုန်ကန်သည့်အခါ ငါသည် ငါ၏အမျက်ဒေါသကို သူ့အပေါ်သို့ ပစ်ပေါက်သဖြင့် လူသားသည် သူ၏မနာခံမှုကြောင့် ပျက်စီးရ၏။ သူသည် ငါ့ကိုနာခံသည့်အခါ ငါသည် သူ့ထံမှကွယ်ဝှက်နေ၍၊ ဤနည်းအားဖြင့် ငါ့အား ကပ်ချွဲရန် ကြိုးစားသည့် ချစ်ခြင်းမေတ္တာမဟုတ်ဘဲ ငါ့အား ပျော်ရွှင်စေမည့် ချစ်ခြင်းမေတ္တာကို သူ့နှလုံးသား၏ နက်ရှိုင်းသောနေရာတွင် ဖြစ်ပေါ်စေ၏။ လူသားက ငါ့ကို စူးစမ်းရှာဖွေသောအခါ သူ၏စစ်မှန်သော ယုံကြည်ခြင်းကို ထုတ်ဖော်ရန် ငါသည် အကြိမ်ပေါင်းများစွာ ငါ၏မျက်လုံးများကို မှိတ်လျက် ဆိတ်ဆိတ်ငြိမ်နေခဲ့သည်။ သို့သော် လူသားသည် ငါ့ကို မည်သည့်အခါကမျှ ရိုးသားစွာ မချစ်ခဲ့ဖူးသောကြောင့် ငါစကားမပြောသည့်အခါ လူသား၏ယုံကြည်ခြင်းသည် တစ်ခဏအတွင်း ပြောင်းလဲသွားကာ သူ၏ “ကုန်ပစ္စည်းအတုများ” ကိုသာ ငါမြင်၏။ ငါသည် ငါ့ကိုယ်ငါ ထုတ်ဖော်ပြသည့်အခါမှသာ လူအားလုံးသည် အားပါးတရ ဟန်ဆောင်၍ “ယုံကြည်မှု” ကို ပြကြ၏။ သို့သော် ငါသည် ငါ၏လျှို့ဝှက်နေရာတွင် ကွယ်ဝှက်နေသည့်အခါ ၎င်းတို့သည် ငါ့အား စော်ကားမိမည်ကို စိုးရိမ်သည့်အလား အားနည်းသွားကြကာ သတ္တိနည်းသွားကြ၏။ ငါ၏မျက်နှာကို မမြင်နိုင်ကြ၍ ငါ့အား “လေးလေးနက်နက် တွေးခေါ်တွက်ချက်” ကြကာ၊ ဤနည်းအားဖြင့် အမှန်တရားဖြစ်သည့် ငါ၏တည်ရှိခြင်းကို ငြင်းပယ်ကြသော လူအချို့ပင် ရှိကြ၏။ လူများစွာတို့သည် ဤအနေအထားတွင် ရှိမြဲရှိနေကြသည်။ လူများစွာတို့၌ ဤစိတ်နေစိတ်ထားရှိကြ၏။ ယင်းက မိမိတို့အထဲ၌ရှိသော အကျည်းတန်သည့်အရာကို ဖုံးကွယ်ရန် လူသားအားလုံး၏ နှစ်သက်မက်မောခြင်းမျှသာ ဖြစ်သည်။ ဤအချက်ကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ချို့ယွင်းချက်များကို ထောက်ပြရန် ဝန်လေးနေကြကာ ငါ့နှုတ်ကပတ်တော်များ၏ သမ္မာတရားကိုလည်း အံကိုကြိတ်လျက် မျက်နှာကို ဖုံးထား၍သာ ဝန်ခံကြလေ၏။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၇ ရက်

အရှေ့သို့- အခန်း ၁၇

နောက်တစ်ခုသို့- အခန်း ၁၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။