အခန်း ၁၇

ငါ၏မိန့်မြွက်ချက်များသည် မိုးချုန်းသံကဲ့သို့ ဦးတည်ရာအားလုံးနှင့် ကမ္ဘာမြေတစ်ခွင်လုံးပေါ် ထွန်းလင်းစေလျက် မြည်ဟီးကာ၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအလယ်တွင် လူသားမျိုးနွယ်သည် ဒဏ်ခတ်ခြင်း ခံရ၏။ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအလယ်တွင် မည်သည့်လူသားကမျှ ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိဖူးပေ။ လူသားအများစုသည် ငါ့အလင်း၏ ရောက်လာခြင်း၌ ၎င်းတို့၏ အသိစိတ်များ လွတ်သွားသည်အထိ ကြောက်လန့်တကြား ဖြစ်ကြပြီး အဘယ်အရာလုပ်ဆောင်ရမည်ကို မသိကြ။ မှေးမှိန်သော မှုန်ဝါးဝါး အလင်းရောင်သည် အရှေ့အရပ်တွင် စတင်ပေါ်ထွက်လာသောအခါ များစွာသော လူတို့သည် ဤမှိန်သော တောက်ပမှုအားဖြင့် တို့ထိခံရလျက်၊ တစ်ပြိုင်နက် ၎င်းတို့၏ အတွေးမှားများမှ နိုးထသွားကြသည်။ သို့သော်လည်း ငါ၏အလင်းသည် ကမ္ဘာမြေကြီးပေါ်သို့ သက်ဆင်းသည့် နေ့ရက် ရောက်ရှိလာပြီဖြစ်သည်ကို မည်သူမျှ သဘောမပေါက်ဖူးကြချေ။ လူသားအများစုသည် အလင်း၏ ရုတ်ခြည်းပေါ်ထွန်းမှုကြောင့် ကြက်သေသေသွားကြပြီး၊ အချို့သည် သိလိုစိတ်ပြင်းပြသော စိတ်ဝင်စားမှုအကြည့်ဖြင့်၊ အလင်း၏ လှုပ်ရှားမှုများနှင့် ယင်း၏ ချဉ်းကပ်မှု လမ်းကြောင်းကို လေ့လာစောင့်ကြည့်ကြသော်လည်း၊ အချို့တို့သည် အလင်း၏ အရင်းအမြစ်ကို သာ၍ရှင်းလင်းစွာ နားလည်နိုင်ရန်အလို့ငှာ အလင်းကို မျက်နှာမူလျက် အသင့်အနေအထား၌ ရပ်နေကြသည်။ ဤသို့ဖြစ်စေကာမူ၊ ယနေ့၏အလင်းသည် အဘယ်မျှ အဖိုးတန်သည်ကို တစ်ဦးတစ်လေက သိရှိဖူးပါသလော။ တစ်ဦးတစ်လေသည် ယနေ့ အလင်း၏ တစ်မူထူးခြားမှုကို သတိပြုမိဖူးပါသလော။ လူသားအများစုတို့သည် စိတ်ရှုပ်ထွေးရုံမျှသာ ရှိကြသည်။ ၎င်းတို့သည် အလင်းကြောင့် မျက်လုံးများ ထိခိုက်အနာတရဖြစ်ကြပြီး ရွှံ့ထဲသို့ ပစ်ချခြင်းကို ခံရကြသည်။ ဤဝိုးတဝါး အလင်းအောက်တွင်၊ စေ့စေ့စပ်စပ် စစ်ဆေးပါက ကမ္ဘာမြေကြီးကို ကစဉ့်ကလျားဖြစ်ခြင်းက လွှမ်းခြုံပြီး၊ အလွန့်အလွန် ညှိုးငယ်ခြင်းဖြင့် တစ်ဦးတစ်ယောက်ကို ထိုးနှက်သည့် မခံမရပ်နိုင်လောက်အောင် ဆိုးရွားသော မြင်ကွင်းတစ်ခု ဖြစ်သည်ဟု ပြောနိုင်ပေသည်။ ဤအရာမှ လူတစ်ဦး နားလည်ရသည့်အရာမှာ အလင်းက အားအပြင်းဆုံး ဖြစ်သည့်အချိန်တွင် ကမ္ဘာမြေကြီး၏ အခြေအနေသည် လူသားမျိုးနွယ်ကို ငါ၏ရှေ့မှောက်တွင် ရပ်တည်ရန် ခွင့်ပေးနိုင်မှု လျော့နည်းလိမ့်မည်ဟူ၍ ဖြစ်သည်။ လူသားမျိုးနွယ်သည် အလင်း၏ ထွန်းလင်းဝင်းပမှုတွင် တည်ရှိ၏၊ တစ်ဖန် လူသားမျိုးနွယ်အားလုံးသည် အလင်း၏ ကယ်တင်ခြင်း၌ တည်ရှိကြသော်လည်း ထိုအလင်း၏ စိတ်ထိခိုက်စေခြင်းထဲ၌လည်း တည်ရှိလေသည်- အလင်း၏ သေစေလောက်သော ထိုးနှက်မှုများ၏ အလယ်၌ မရှိသောသူ တစ်ဦးတစ်လေရှိသလော။ အလင်း၏ တောက်လောင်မှုမှ လွတ်မြောက်နိုင်သောသူ တစ်ဦးတစ်လေ ရှိသလော။ ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ် အားလုံးသည် ဤအကြောင်းကြောင့် ငါ၏ တို့ထိခြင်းကို ခံကြရဖို့အလို့ငှာ၊ ငါသည် ငါ့ဝိညာဉ်တော်၏ မျိုးစေ့များကို ငါ၏လက်များဖြင့် ဖြန့်ကြဲရင်း စကြဝဠာတစ်ခွင်လုံးကို လျှောက်လှမ်းပြီး ဖြစ်သည်။ ကောင်းကင်ဘုံ၏ အမြင့်ဆုံးသော အထွတ်မှ၊ ငါသည် ကမ္ဘာမြေပေါ်က ဖန်ဆင်းခံ သတ္တဝါများ၏ အဆီအငေါ်မတည့်သကဲ့သို့ ဆန်းပြားသော ဖြစ်ရပ်များကို ကြည့်ရှုလျက် ကမ္ဘာမြေတစ်ခွင်လုံးအပေါ် ငုံ့ကြည့်၏။ သမုဒ္ဒရာ၏ မျက်နှာပြင်သည် မြေငလျင်တစ်ခု၏ လှုပ်ခတ်ခြင်းကို ခံစားနေပုံရ၏၊ ပင်လယ်ငှက်များသည် မျိုချရန် ငါးများကို ရှာလျက် ဟိုဟိုသည်သည် ပျံသန်းကြ၏။ ထိုအတောအတွင်းတွင်၊ ပင်လယ်ကြမ်းပြင်သည် မသိခြင်း၌ ရှိနေဆဲဖြစ်ပြီး မျက်နှာပြင် အခြေအနေများသည် အသိတရား ဝင်လာအောင် လုံးဝ လှုံဆော်ပေးနိုင်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် သမုဒ္ဒရာ၏ ကြမ်းပြင်သည် တတိယ ကောင်းကင်ဘုံလောက် တည်ငြိမ်အေးချမ်းသောကြောင့် ဖြစ်သည်- ဤတွင် သက်ရှိသတ္တဝါ ကြီးငယ်တို့သည် သဟဇာတ ဖြစ်လျက် အတူယှဉ်တွဲ နေထိုင်ကြပြီး “နှုတ်နှင့်လျှာ ပဋိပက္ခဖြစ်ခြင်းများ” ၌ တစ်ကြိမ်တစ်ခါမျှ ပါဝင်ပတ်သက်ခြင်း မရှိပေ။ အသင်္ချေများလှသည့် ထူးခြားဆန်းကြယ်ပြီး တစ်မျိုးတစ်ဘာသာဖြစ်သော်လည်း နှစ်သက်ဖွယ်ကောင်းသော ဖြစ်စဉ်များအလယ်တွင်၊ ငါ့ကို စိတ်ကျေနပ်စေရန် လူသားမျိုးနွယ်အတွက် အခက်အခဲဆုံး ဖြစ်သည်။ လူသားကို ငါပေးထားပြီးသော အရိုက်အရာသည် အလွန် မြင့်မားလှပြီး၊ ထိုသို့ဖြင့် သူ၏ရည်မှန်းချက်မှာ အလွန် ကြီးမားလှကာ သူ၏အမြင်တွင် မနာခံခြင်း အတိုင်းအတာတစ်ခု အမြဲ ရှိလေသည်။ လူသားနှင့်ဆိုင်သည့် ငါ၏ဆုံးမပဲ့ပြင်မှု၌၊ သူနှင့်ဆိုင်သည့် ငါ၏တရားစီရင်ခြင်း အတွင်းတွင်၊ အပတ်တကုတ် လုပ်ရသောအရာ များစွာ၊ အကျိုးပြုတတ်သောအရာ များစွာရှိပြီးဖြစ်သော်လည်း၊ ဤအရာများထဲမှ လူသားမျိုးနွယ်သည် စိုးစဉ်းမျှ မသိနားမလည်ကြ။ ငါသည် မည်သည့်လူသားကိုမျှ ကြမ်းတမ်းစွာ လုံးဝမဆက်ဆံဖူးပေ။ လူသားမျိုးနွယ်သည် မနာခံခဲ့ပြီးချိန်တွင် ငါသည် သင့်လျော်သော အဆုံးအမများကိုသာ စီမံပြီးဖြစ်ကာ၊ သူ အားနည်းသောအခါ၌ သင့်လျော်သော အကူအညီကိုသာ ပေးလေပြီ။ သို့သော်လည်း လူသားမျိုးနွယ်သည် ငါ့ကို အဖက်မလုပ်ဘဲ နေကြသည့်အပြင်၊ ငါ့ကို ပုန်ကန်ဖို့ စာတန်၏ လှည့်ဖြားတတ်သော ပရိယာယ်များကို အသုံးပြုကြသောအခါတွင်၊ ၎င်းတို့သည် အခြားသူများကို နိုင်ထက်စီးနင်း ပြုလျက် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်တွင် ခမ်းနားထည်ဝါစွာ ထောင်ထောင် ထောင်ထောင်နှင့် လျှောက်သွား၍ မရနိုင်တော့စေရန် အလို့ငှာ၊ ငါ၏ရှေ့မှောက်တွင် ၎င်းတို့၏ ကျွမ်းကျင်မှုများကို ခမ်းနားထည်ဝါစွာ နောက်ထပ် ပြသခွင့် မရှိဘဲ နေစေရစ်လျက်၊ ငါသည် လူသားမျိုးနွယ်ကို ချက်ချင်းပင် အမျိုးဖြုတ်မည်ဖြစ်သည်။

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် ငါ၏အမှုကို အလုံးစုံ ဖွင့်ဟလျက် ငါ၏သြဇာအာဏာကို စွဲကိုင်သည်။ ငါ့အမှု၌ ရှိသမျှအားလုံးသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ် ထင်ဟပ်နေသည်။ ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်သည် ကောင်းကင်ဘုံရှိ ငါ၏လှုပ်ရှားမှုများကို မည်သည့်အခါတွင်မျှ သဘောမပေါက်နိုင်ကြသကဲ့သို့၊ ငါ့ဝိညာဉ်တော်၏ နယ်ပယ်များနှင့် လမ်းကြောင်းများကို ပြည့်စုံစေ့စပ်စွာ မတွေးဆနိုင်ကြဖူးပေ။ လူသားများ အများစုသည် ဝိညာဉ်၏ တကယ့် အခြေအနေကို နားမလည်နိုင်ဘဲ၊ ဝိညာဉ်ပြင်ပ၌ တည်ရှိသည့် အသေးအဖွဲ အချက်အလက်များကိုသာ သဘောပေါက်ကြသည်။ လူသားမျိုးနွယ်အား ငါပြုသော တောင်းဆိုမှုများသည် ကောင်းကင်ဘုံ၌ရှိသော မရေရာသည့် ငါကိုယ်တိုင်က ထုတ်ပြန်သည်မဟုတ်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်၌ရှိသည့် မမှန်းဆနိုင်သော ငါကိုယ်တိုင်မှလည်း မဟုတ်ပေ။ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ငါသည် သင့်တင့်လျောက်ပတ်သော တောင်းဆိုမှုများကို ပြုသည်။ ငါသည် မည်သည့်အခါမျှ လုံးဝ အခက်အခဲ မဖြစ်စေဖူးသကဲ့သို့၊ ငါ၏ ပျော်ရွှင်မှုအတွက်နှင့် “မိမိ၏သွေးကို ညှစ်ထုတ်ခြင်း” ငှာ မည်သူကိုမျှ ငါမတောင်းဆိုဖူးပေ- ငါ၏တောင်းဆိုချက်များသည် ထိုသို့သော အခြေအနေများအထိသာ ကန့်သတ်ထားနိုင်မည်လော။ ကမ္ဘာမြေကြီးပေါ်ရှိ ဖန်ဆင်းခံသတ္တဝါ အသင်္ချေထဲတွင်၊ မည်သည့်အရာသည် ငါ၏နှုတ်၌ရှိသော နှုတ်ကပတ်တော်များ၏ စိတ်သဘောထားများကို မကျိုးနွံမနာခံသနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်သို့ ရောက်လာလျက် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏လောင်သော မီးတို့ဖြင့် လုံးလုံးပြာချခြင်းကို မခံရသနည်း။ ဤဖန်ဆင်းခံသတ္တဝါများထဲမှ မည်သူသည် ငါ၏ရှေ့မှောက်၌ ပလွှားသော ပီတိအဟုန်နှင့် ဝံ့ဝံ့ကြွားကြွား လျှောက်ဝံ့သနည်း။ ဤဖန်ဆင်းခံသတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်တွင် ပျပ်ဝပ်ခြင်း မရှိသနည်း။ ငါသည် ဖန်ဆင်းခြင်းအပေါ် ဆိတ်ဆိတ်နေခြင်းကို ချမှတ်သော ဘုရားသခင်လော။ ဖန်ဆင်းခြင်းထဲက အသင်္ချေလှသောအရာများထဲမှ ငါ၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းသော သူများကို ငါရွေးချယ်သည်။ လူသားမျိုးနွယ်၏ အသင်္ချေလှသော လူသားများထဲမှ၊ ငါ၏နှလုံးသားကို ဂရုစိုက်သော သူများကို ငါရွေးချယ်သည်။ ငါသည် ကြယ်များအားလုံးထဲမှ အကောင်းဆုံးကို ရွေးချယ်သည်၊ ထိုသို့ဖြင့် ငါ၏နိုင်ငံတော်သို့ မှေးမှိန်သော ဖျော့တော့တော့ အလင်းကို ထည့်လိုက်သည်။ ငါ၏ရနံ့ကို နေရာအနှံ့ ပျံ့နှံ့စေရင်း၊ ကမ္ဘာမြေပေါ် ငါ လျှောက်လှမ်းသွားပြီး၊ နေရာတိုင်းတွင် ငါ၏ပုံသဏ္ဌာန်ကို ငါ နောက်ချန်ထားရစ်သည်။ နေရာအသီးသီးသည် ငါ့အသံ၏ မြည်သံဖြင့် ပဲ့တင်ထပ်နေသည်။ လူသားမျိုးနွယ်အားလုံးသည် အတိတ်ကို အောက်မေ့ သတိရနေကြသည့်အတွက်၊ နေရာတကာရှိ လူတို့သည် ယမန်နေ့၏ လှပသောမြင်ကွင်းများအပေါ် မခွဲနိုင်မခွာရက် ဖြစ်ကြလေသည်။

လူသားမျိုးနွယ်အပေါင်းတို့သည် ငါ၏မျက်နှာကို တွေ့မြင်ရန် တောင့်တကြသော်လည်း၊ ငါသည် လူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာသောအခါ၊ ၎င်းတို့အားလုံးသည် ငါ၏ကြွလာခြင်းကို မကြိုက်ကြသကဲ့သို့၊ ငါသည် ကောင်းကင်ဘုံရှိ လူသား၏ရန်သူ ဖြစ်ခဲ့လေသည့်အလား ၎င်းတို့အားလုံးသည် အလင်းရောက်ရှိခြင်းကို မောင်းထုတ်ကြသည်။ လူသားသည် သူ၏မျက်လုံးများထဲ၌ ခုခံကာကွယ်သော အလင်းရောင်ဖြင့် ငါ့ကိုဆီးကြိုကြသည်၊ ပြီးလျှင် ငါသည် သူ့အတွက် အခြားသော အစီအစဉ်များ ရှိမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ စဉ်ဆက်မပြတ် သတိရှိမြဲရှိနေကြလေသည်။ လူသားများသည် ငါ့ကို မရင်းနှီးသော မိတ်ဆွေအဖြစ် မှတ်ယူကြသောကြောင့်၊ ငါသည် ၎င်းတို့ကို လက်လွတ်စပယ် သတ်ပစ်ခြင်းငှာ အကြံ သိုထားသည့်အလား ခံစားကြသည်။ လူသား၏ အမြင်တွင်၊ ငါသည် သေစေနိုင်လောက်သော ရန်ဘက်တစ်ဦး ဖြစ်သည်။ ဘေးဒုက္ခအလယ်တွင် ငါ၏နွေးထွေးမှုကို မြည်းစမ်းကြရပြီး ဖြစ်သော်ငြားလည်း၊ မည်သို့ပင်ဆိုစေ လူသားသည် ငါ၏ချစ်ခြင်းမေတ္တာကို သတိမမူဘဲရှိနေပြီး ငါ့ကို တိုက်ခိုက်ခြင်းအားဖြင့် ရှောင်ခြင်းနှင့် အာခံဖီဆန်ခြင်းတို့အပေါ် အထုံဝါသနာပါဆဲ ဖြစ်သည်။ လူသားကို အရေးယူစိမ့်သောငှာ သူ၏ အခြေအနေကို အခွင့်ကောင်းယူရန် ဝေးစွ၊ ငါသည် လူသားကို ပွေ့ဖက်ခြင်း၏ နွေးထွေးမှုထဲ၌ ပွေ့ပိုက်ထားသည်၊ သူ၏နှုတ်ကို ချိုမြိန်ခြင်းဖြင့် ဖြည့်ပေးပြီး၊ သူ၏ဝမ်းဗိုက်ထဲသို့ လိုအပ်သောအစာကို ထားရှိပေး၏။ သို့သော်လည်း ငါ၏ဒေါသနှင့်ပြည့်သော အမျက်သည် တောင်များနှင့် မြစ်များကို လှုပ်ခါသောအခါ၊ လူသား၏ သူရဲဘောကြောင်မှုကြောင့် ငါသည် ဤအမျိုးမျိုးသော စောင်မမှုများကို သူ့အပေါ် အပ်နှင်းတော့မည် မဟုတ်ပေ။ ဤအချိန်တွင်၊ ငါသည် သက်ရှိအရာအားလုံးကို နောင်တရရန် အခွင့်ကို ငြင်းပယ်လျက် အမျက်ဒေါသ တိုးမည်ဖြစ်ပြီး၊ လူသားအတွက် ငါ၏ မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်ရင်း၊ သူ လုံးလုံးလျားလျား ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ငါစီရင်မည်။ ဤအချိန်တွင်၊ ဒေါသဖြင့် ပြင်းထန်သော သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့၊ ထောင်သောင်းမျှသော တောင်များ ပြိုကျသကဲ့သို့၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းသည် ပြိုးပြက်ကာ မြည်ဟိန်း၏။ သူ၏ ပုန်ကန်ခြင်းအတွက်၊ လူသားသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအားဖြင့် ထိုးလှဲခံရပြီး အခြားသော ဖန်ဆင်းခံ သတ္တဝါများသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း၏ ပေါက်ကွဲမှုများ၌ သုတ်သင်ပယ်ရှင်းခြင်း ခံကြရသည်၊ ပြီးလျှင် စကြဝဠာတစ်ခုလုံးသည် ပရမ်းပတာအဖြစ်သို့ ရုတ်ခြည်းဆင်းသက်သွားပြီး ဖန်ဆင်းခြင်းသည် မူလဘူတ ဇီဝအသက်ကို ပြန်လည်ရယူခြင်းငှာ မတတ်စွမ်းနိုင်။ လူသားမျိုးနွယ် အသင်္ချေ တစ်ပြုံတစ်ခေါင်းသည် မိုးချုန်းသံ၏ မြည်ဟိန်းခြင်းကို မလွတ်မြောက်နိုင်ကြပေ။ လျှပ်ပြက်ခြင်း၏ ပြိုးပြက်မှုများအလယ်၌ လူသားများသည် တောင်များမှ သွယ်ဖြာဆင်းကျလာသည့် ပြင်းထန်သည့် ရေစီးများအားဖြင့် ဖယ်ရှားခံရရန် မြန်ဆန်သော ရေစီးထဲသို့ တစ်အုပ်ပြီးတစ်အုပ် ပြိုလဲကျကုန်သည်။ ရုတ်ခနဲ “လူသားများ”၏ လောကသည် လူသား၏ “ပန်းတိုင်” နှင့်ဆိုင်သော နေရာထဲသို့ အကျုံးဝင်သွားသည်။ အလောင်းကောင်များသည် သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဟိုဟိုသည်သည် မျောနေကြ၏။ လူသားသည် ငါ့ဝိညာဉ်တော်၏ အနှစ်သာရကို ဆန့်ကျင်ပြစ်မှားပြီးဖြစ်ကာ သူ၏ပုန်ကန်မှုသည် ငါ့ကို ပုန်ကန်ပြစ်မှားပြီးဖြစ်သည့်အတွက်၊ လူသားမျိုးနွယ်အပေါင်းတို့သည် ငါ၏အမျက်ဒေါသကြောင့် ငါနှင့်ဝေးရာ သွားကြသည်။ သို့သော် ရေကင်းမဲ့သော အရပ်များတွင်၊ အခြားလူသားတို့သည် ရယ်မောခြင်းနှင့် သီဆိုခြင်းတို့အလယ်၌ ၎င်းတို့ကို ငါပေးသနားပြီးဖြစ်သည့် ကတိတော်များကို ပျော်မွေ့ကြဆဲဖြစ်သည်။

လူအပေါင်းတို့ တိတ်ဆိတ်သွားချိန်တွင်၊ ငါသည် ၎င်းတို့၏ မျက်စိများရှေ့တွင် ဖျော့တော့တော့ အလင်းတစ်ခုကို ထုတ်လွှတ်သည်။ ထို့နောက် ချက်ချင်း၊ လူသားများသည် စိတ်ရှင်းလာကြပြီး မျက်လုံး တောက်လာကြကာ ဆိတ်ဆိတ်နေမြဲနေဖို့ လိုလားခြင်း မရှိကြတော့ချေ။ ထို့ကြောင့် ဝိညာဉ်ရေးရာ ခံစားချက်သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ရုတ်တရက် နှိုးဆွသွားသည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်အပေါင်းတို့သည် ရှင်ပြန်ထမြောက်ကြလေသည်။ ၎င်းတို့၏ ပြောမထားသည့် နာကြည်းချက်များကို ဘေးဖယ်ထားလျက်၊ လူသားအားလုံးသည် ငါကြွေးကြော်သော နှုတ်ကပတ်တော်များမှတစ်ဆင့် နောက်ထပ် ရှင်သန်ခြင်းအခွင့် ရရှိခဲ့ကြလျက်၊ ငါ့ရှေ့မှောက်သို့ လာကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားအားလုံးသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်တွင် နေထိုင်ရန် ဆန္ဒရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့ထဲမှ မည်သူသည် ငါ့အတွက် အသက်ရှင်ခြင်းငှာ ရည်ရွယ်ချက် ရှိကြဖူးသနည်း။ ငါ၏ ပျော်မွေ့ခြင်းအတွက် သူပေးသည့် သူကိုယ်တိုင်ထဲက ခမ်းနားသော အရာများကို ၎င်းတို့ထဲမှ မည်သူက ဖော်ထုတ်ဖူးသနည်း။ ၎င်းတို့ထဲမှ မည်သူက ငါ၏ စွဲမက်ဖွယ် သင်းရနံ့ကို သတိပြုမိဖူးသနည်း။ လူသားများအားလုံးသည် ရိုင်းပျပြီး ယဉ်ကျေးဖွယ်ရာမရှိသော အရာများ ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် အမြင်များကို ဖမ်းစားပုံရသော်လည်း၊ လူ့စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများတွင် ငါနှင့်သက်ဆိုင်သည့် မည်သည့် အရိပ်လက္ခဏာမျှ လုံးဝ မရှိဖူးသောကြောင့်၊ ၎င်းတို့၏ အနှစ်သာရသည် ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ဖို့ မဟုတ်ပေ၊ လူသားသည် အလွန် ချို့တဲ့နေသည်- သူ့ကို ငါနှင့် နှိုင်းယှဉ်ခြင်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားလောက် ကြီးမားသည့် ကွာဟခက်ကို ထုတ်ဖော်ပြပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ငါသည် လူသား၏ အားနည်းပြီး ခုခံနိုင်စွမ်းမရှိသော နေရာများကို မတိုက်ခိုက်သကဲ့သို့၊ သူ၏ ချို့တဲ့ခြင်းများကြောင့် သူ့ကို ပြက်ရယ်လည်း မပြုပေ။ ငါ၏ လက်များသည် ကမ္ဘာမြေကြီးပေါ်၌ နှစ်များထောင်ချီ အမှုပြုပြီးဖြစ်ကာ ထိုအချိန် အတောအတွင်းတွင် ငါ၏မျက်လုံးများသည် လူသားမျိုးနွယ်အားလုံးအပေါ် စောင့်ကြည့်မြဲ စောင့်ကြည့်ပြီးဖြစ်သည်။ သို့သော် ငါသည် ကစားစရာ တစ်ခုအလား ကစားရန် လူသားတစ်ဦးတစ်ယောက်၏ အသက်ကို မည်သည့်အခါကမျှ သာမန်ကာလျှံကာ မရုပ်သိမ်းဖူးပေ။ ငါသည် လူသားခံယူပြီး ဖြစ်သည့် နာကျင်မှုများကို လေ့လာစောင့်ကြည့်ပြီး သူပေးဆပ်ပြီးဖြစ်သော အဖိုးအခကို နားလည်သည်။ သူသည် ငါ့ရှေ့၌ ရပ်သည်နှင့်အမျှ၊ ငါသည် လူသားကို ပြစ်တင်ဆုံးမရန်အလို့ငှာ သူ့ကို အံ့အားသင့်စေရန် ဆန္ဒမရှိသကဲ့သို့၊ သူ့အပေါ် မနှစ်မြို့ဖွယ်သော အရာများကို အပ်နှင်းရန်လည်း ဆန္ဒမရှိပေ။ ထိုအစား၊ ငါသည် ဤတစ်ချိန်လုံးတွင် လူသားကို ထောက်ပံ့ရုံ ထောက်ပံ့ပေးပြီးဖြစ်ကာ သူ့ကို ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် လူသား မွေ့လျော်ခံစားသော အရာအားလုံးသည် ငါ၏ကျေးဇူးတော် ဖြစ်သည်၊ ယင်းသည် ငါ၏ လက်မှလာသည့် ကြွယ်ဝခြင်းသာ ဖြစ်သည်။ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသောကြောင့်၊ လူသားသည် ဆာလောင်မွတ်သိပ်ခြင်း၏ ညှဉ်းပန်းမှု ဒဏ်များကို မည်သည့်အခါမျှ မခံစားဖူးချေ။ ယင်းထက် ငါသည် လူသားအား သူ မွေ့လျော်ဖို့ ငါ၏လက်များထဲမှ အမှုအရာများကို လက်ခံခွင့်ပြုပြီး လူသားမျိုးနွယ်ကို ငါ၏ကောင်းချီးမင်္ဂလာများအတွင်း၌ နေထိုင်ရန် ခွင့်ပြုပေးသည်။ လူသားမျိုးနွယ်အပေါင်းတို့သည် ငါ၏ပြစ်တင်ဆုံးမမှု အောက်၌ အသက်ရှင်ကြသည် မဟုတ်လော။ တောင်များ၏ နက်ရှိုင်းရာများ၌ အလျှံပယ်ရှိပြီး ရေထုထဲတွင် မွေ့လျော်စရာ အမှုအရာများ တစ်ပုံတစ်ခေါင်းရှိသကဲ့သို့ပင်၊ ယနေ့ ငါ၏နှုတ်ကပတ်တော်များ အတွင်း၌ အသက်ရှင်နေကြသည့် လူတို့သည် အရသာခံစားနိုင်ပြီး မြည်းစမ်းဖို့ အစားအစာ သာ၍ပင် ရှိကြသည် မဟုတ်လော။ ငါသည် ကမ္ဘာမြေပေါ်တွင် ရှိပြီး လူသားမျိုးနွယ်သည် ငါ၏ ကောင်းချီးမင်္ဂလာများကို ကမ္ဘာမြေပေါ်၌ ခံစားကြရသည်။ ငါ၏ အမှု ပြီးစီးသည့် အချိန်လည်း ဖြစ်သည့် ကမ္ဘာမြေကြီးကို ငါနောက်ချန် ထားရစ်ချိန်တွင်၊ လူသားမျိုးနွယ်သည် ၎င်းတို့၏ အားနည်းခြင်းကြောင့်၊ ငါ၏အလိုလိုက်ခံရခြင်းကို ရရှိကြတော့မည် မဟုတ်ပေ။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၆ ရက်

အရှေ့သို့- အခန်း ၁၆

နောက်တစ်ခုသို့- အခန်း ၁၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။