လူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာ

အမှန်အားဖြင့် ဣသရေလလူမျိုးတို့သည် စိတ်မပျက်ကြ၊ သူတို့ကို ငါမစွန့်ပစ်ခဲ့သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ ကျော်တလျှောက် ဘုရားသခင် ပြုလုပ်ခဲ့ပြီးသော အလုပ်ကို သူတို့ကြည့်ရှုကြပြီးဖြစ်၏။ ပို၍ တိတိကျကျပြောရလျှင် မာရ်နတ်က သူတို့ကို လက်ဆောင်ပေးသော ကောင်းမကောင်း သိကျွမ်းရာအပင်မှ အသီးကို သူတို့၏ ဘိုးဘေးတို့စားခဲ့ခြင်းကြောင့် သူတို့သည် အပြစ်အတွက် ငါ့ကိုစွန့်ပစ်ခဲ့ကြသည်။ ကောင်းမြတ်ခြင်းသည် ငါနှင့် အမြဲတစေ သက်ဆိုင်ပြီးဖြစ်ကာ ဆိုးညစ်ခြင်းမှာမူ အပြစ်အတွက် ငါ့ကိုကပ်နှူးသော မာရ်နတ်နှင့် သက်ဆိုင်ပေ၏။ ဆိုးယုတ်ခြင်းက လူသားမျိုးနွယ်နှင့် မူလက မသက်ဆိုင်ခဲ့သောကြောင့် ငါသည် လူတို့ကို အပြစ်မတင်သလို အကြင်နာကင်းမဲ့စွာ အမြစ်ဖြတ် သုတ်သင်ခြင်းမပြု၊ ကရုဏာကင်းမဲ့သော ပြစ်တင်ဆုံးမခြင်းကိုလည်း သူတို့အား မခံစားစေပါ။ ထို့ကြောင့် ထိုဣသရေလလူမျိုးတို့သည် ငါ့ကို ကားတိုင်တွင် လူသိရှင်ကြား သံနှင့် ရိုက်နှက်ခဲ့ကြသည့်တိုင်အောင် ကယ်တင်ရှင် ယေရှုကို တမ်းတကာ မေရှိယနှင့် ယေဟောဝါကို စောင့်မျှော်နေကြသော သူတို့သည် ငါ့ကတိတော်ကို မည်သည့်အခါမှ မမေ့လျော့ခဲ့ကြပေ။ အကြောင်းမှာ သူတို့ကို ငါမမေ့လျော့ခဲ့သောကြောင့်ပင်။ အဆုံးတွင် လူသားမျိုးနွယ်နှင့် ငါပြုလုပ်သော ပဋိညာဉ်၏ သက်သေခံအဖြစ် အသွေးကို ငါဆောင်ယူခဲ့သည်။ ဤအချက်က ကောင်းကင်နှင့် မြေကြီး၏ ထာဝရကာလ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းကဲ့သို့လည်းကောင်း၊ တံဆိပ်ခတ်ထားသကဲ့သို့လည်းကောင်း ငယ်ရွယ်နုပျိုပြီး အပြစ်ကင်းစင်သူတို့၏ နှလုံးသားထဲတွင် ရေးထိုးခဲ့သည့် အသွေးပဋိညာဉ်ဖြစ်လာလေသည်။ ငါသည် ကြိုတင်ခွဲခန့်မှတ်သားကာ ရွေးချယ်တော်မူပြီးနောက် ရွေးနှုတ်ပြီး အမြတ်ရရှိထားသည့်၊ မာရ်နတ်ထက် ငါ့ကိုပိုချစ်သည့် ဝမ်းနည်းပူဆွေးနေသော စိတ်ဝိညာဉ်တို့ကို ငါဘယ်တော့မှ မလိမ်လည် မလှည့်ဖြားခဲ့ခြင်းကြောင့် သူတို့သည် ငါ၏ ပြန်လည်ကြွလာခြင်းကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေပြီး ငါနှင့်ဆုံတွေ့ရန် အူလှိုက်သည်းလှိုက် စောင့်နေကြသည်။ ငါသည် အသွေးအားဖြင့် သူတို့နှင့်တည်ခဲ့သော ပဋိညာဉ်ကို မည်သည့်အခါမျှ မပယ်ဖျက်ခဲ့သည့်အတွက် သူတို့သည် ငါ့အား စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြခြင်းမှာ အံ့သြစရာကား မဟုတ်ပေ။ ငါသည် လူတို့ကို အစဉ်ချစ်ခဲ့သည့်အားလျော်စွာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ဤသိုးသငယ်တို့ကို ပြန်လည်သိမ်းပိုက်မည်။ တိုတိုပြောရလျှင် သူတို့အထဲရှိ ကောင်းမြတ်ခြင်းသို့ မကောင်းသောအရာများ ထပ်ပေါင်းခံရပြီးဖြစ်၏။ ကာလကြာရှည် ငါချစ်မြတ်နိုးခဲ့ပြီး ငါ့ကိုချစ်သော သနားစဖွယ် စိတ်ဝိညာဉ်တို့ကို ရရှိမည် ဖြစ်ပါသော်လည်း ရန်သူများကဲ့သို့ပြုမူပြီး ငါ့ကိုဘယ်တုန်းကမှ မချစ်ခဲ့ကြသော ထိုမကောင်းသူများကို ငါ့အိမ်တော်ထဲသို့ အဘယ်သို့များ ငါဆောင်ယူနိုင်မည်နည်း။ ငါသည် လူသားမျိုးနွယ်နှင့် အသွေးအားဖြင့် ပဋိညာဉ်ပြုပြီးသော်လည်း နတ်ဆိုးမှ ဆင်းသက်လာသူများနှင့် မုန်းတတ်သော၊ တော်လှန်သော၊ ခုခံသော၊ တိုက်ခိုက်ပြီး ငါ့ကိုကျိန်ဆဲသော မြွေပွေးကို ငါ့နိုင်ငံတော်ထဲသို့ ဆောင်ယူလိမ့်မည်မဟုတ်။ ငါ့အမှုတော်၏ ရည်ရွယ်ချက်မှာ အဘယ်နည်းဟူသည်နှင့် ယင်းကို အဘယ်သူအတွက် ငါဆောင်ရွက်သည်ကို သင်အတိအကျ သိသင့်သည်။ သင်၏ ချစ်ခြင်းမေတ္တာတွင် ကောင်းခြင်း သို့မဟုတ် ဆိုးညစ်ခြင်း ပါဝင်သလော။ သင်သည် ဒါဝိဒ်နှင့် မောရှေက ငါ့ကိုသိသကဲ့သို့ အမှန်တကယ် သိပါသလား။ အာဗြံဟံက ငါ့ကိုအစေခံခဲ့သကဲ့သို့ သင်သည် ငါ့ကိုအစေခံသလော။ ငါ့အားဖြင့် သင်တို့ကို ပြည့်စုံစေပြီးကြောင်းသည် အမှန်တရားဖြစ်သော်လည်း သင်သည် အဘယ်သူကို ကိုယ်စားပြုမည်ကို သင်သိသင့်သလို မည်သူ၏ အကျိုးရလဒ်ကို သင်မျှဝေခံစားရမည်ကို သင်သိသင့်၏။ ငါ့အမှုကို တွေ့ကြုံခံစားခြင်းအားဖြင့် သင့်ဘဝတလျှောက်လုံးတွင် ပျော်ရွှင်အားရဖွယ်နှင့် ကြွယ်ဝသော ဆွတ်ခူးခြင်းကို ရိတ်သိမ်းပြီးဖြစ်ပါသလား။ ယင်းသည် ပေါများကြွယ်ဝပြီး အကျိုးများသလော။ သင်သည် သင့်ကိုသင် ဆန်းစစ်သင့်ပါသည်။ နှစ်ပေါင်းများစွာ ငါ့နာမအတွက် သင် ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ပြီး ဖြစ်သော်လည်း သင်သည် အဘယ်အရာ တစ်ခုခုကို ရရှိဖူးပါသလား။ ပြောင်းလဲခြင်း တစ်စုံတစ်ရာ သင်ကြုံတွေ့ခဲ့ပြီးပါသလော သို့မဟုတ် တစ်စုံတစ်ရာ ရရှိခဲ့ပြီးသလော။ သင်၏ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံများအတွက် အပြန်အလှန်အဖြစ် ကားစင်တင်ခံရသော ပေတရုကဲ့သို့ သို့မဟုတ် တိုက်ချခြင်းခံရပြီး ကြီးစွာသော အလင်းကိုရရှိသည့် ပေါလုကဲ့သို့ သင်ဖြစ်လာပါသလား။ ဤအရာများကို သင်နားလည် သဘောပေါက်သင့်ပါသည်။ သဲတစ်ပွင့်အရွယ်မျှ သေးငယ်ပြီး မုန့်ညင်းစေ့ထက် ပိုမိုသေးနုတ်မှုန်မွှားသည့် သင့်ဘဝအကြောင်းကို ငါအဆက်မပြတ် စဉ်းစားနေ၊ ပြောနေသည်မဟုတ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ငါစီမံခန့်ခွဲသည်မှာ လူသားမျိုးနွယ်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ တစ်ခါက ငါမုန်းခဲ့ပြီး ငါ့စီမံခန့်ခွဲမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် နောက်ပိုင်းတွင် တစ်ဖန်ငါရွေးယူသော လူသား၏ဘဝကို ငါထည့်မတွက်ပါ။ သင်တို့သည် သင်တို့၏ ယခင်ကိုယ်ပိုင်လက္ခဏာ၏ စစ်မှန်သော သဘာဝနှင့် ကျေးကျွန်များအဖြစ် မည်သူ့ထံ သင်အစေခံခဲ့သည်ကို ရှင်းလင်းစွာ သင်နားလည်သင့်ပါသည်။ ထို့ကြောင့် လူတို့သည် မည်သည့်အခါကမှ အရေးပါသော အရာများ မဟုတ်ခဲ့ကြသောကြောင့် လူတို့ကို စီမံခန့်ခွဲရာတွင် စာတန်၏ အပြင်ပန်းသဏ္ဌာန်နှင့် ထပ်တူထပ်မျှတူသော လူတို့၏ အပြင်ပန်းသဏ္ဌာန်ကို ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးမပြုပါ။ အစအဦးတွင် သင်တို့အပေါ် ငါ့သဘောထားကို မှတ်မိသင့်ပြီး လက်တွေ့အရေးပါမှု မရှိသော ဘွဲ့နာမဖြင့် ထိုအချိန်က သင်တို့ကို ငါအမည်တပ်ပုံအား သင်တို့မှတ်မိသင့်၏။ သင်တို့တပ်ဆင်သော အမှတ်တံဆိပ်များသည် သူတို့၏ အကြောင်းပြချက်များ မရှိဘဲ မဟုတ်ကြောင်း သင်သိသင့်ပါသည်။ သင်တို့သည် ဘုရားသခင်နှင့် မသက်ဆိုင်ခဲ့ဘဲ လွန်ခဲ့သော အချိန်များစွာက စာတန်၏ ဖမ်းဆီးခြင်းခံခဲ့ကြရပြီး သစ္စာရှိသော သူ၏အစေခံ ကျွန်များအဖြစ် သူ၏အိမ်တွင် အစေခံခဲ့သည်ကို သင်တို့အားလုံး သိရှိသည်ဟု ငါယူဆသည်။ ထို့အပြင် သင်တို့သည် မာရ်နတ်၏ လက်ထဲကို ရောက်နေကြပြီး ငါ့အိမ်တော်၏ အပြင်ဘက်ကို အချိန်အတော်ကြာ ရောက်ရှိနေခဲ့သောကြောင့် သင်တို့သည် ငါ့ကို မေ့လျော့နေခဲ့ကြသည်မှာ ကြာရှည်လှပြီ။ ဥပဒေကို ခြွင်းချက်အဖြစ် သင်တို့သည် လူတို့အကြားတွင် ထားရှိခံကြရသော သနားစဖွယ် စိတ်ဝိညာဉ်များ ဖြစ်နေကြစဉ် ငါကယ်တင်ခဲ့သူတို့သည် လွန်ခဲ့သောအချိန်က ငါကြိုတင်ခွဲခန့်မှတ်သားထားသောသူများနှင့် ရွေးနှုတ်ခံရပြီးသူများဖြစ်ကြသည်။ သင်တို့သည် ဒါဝိဒ် သို့မဟုတ် ယာကုပ်၏ အိမ်နှင့် သက်ဆိုင်ခြင်းမရှိဘဲ တစ်ပါးအမျိုးသားများဖြစ်သော မောဘ၏ အိမ်နှင့် သက်ဆိုင်ကြောင်းကို သိသင့်သည်။ အကြောင်းမှာ ငါသည် သင်တို့နှင့် ပဋိညာဉ်ကို မပြုခဲ့ဘဲ သင်တို့တွင် အမှုတော်ကို ထမ်းရွက်ခြင်း၊ ပြောဆိုခဲ့ခြင်းနှင့် သင်တို့အား ဦးဆောင်လမ်းပြခြင်းသာ ဖြစ်သည်။ သင်တို့အတွက် ငါ့အသွေးကို သွန်းသည်မဟုတ်။ ငါ့သက်သေခံတော်မူချက် အဘို့အလို့ငှါ အမှုတော်ကို သင်တို့တွင် ငါထမ်းရွက်ခြင်းမျှသာ ဖြစ်သည်။ ထိုအကြောင်းကို သင်တို့မသိကြသလော။ သေသည့်တိုင်အောင် သင့်ကိုယ်စား ယေရှုအသွေး သွန်းသကဲ့သို့ ငါ့လုပ်ဆောင်မှုသည် အမှန်တကယ် တူညီပါ၏လော။ သင်တို့အတွက် ထိုမျှလောက်ကြီးစွာသော အရှက်ကွဲခြင်းကို ငါခံစားခဲ့ရခြင်းသည် ဦးဆုံးမထိုက်တန်ပေ။ အပြစ်လုံးဝမရှိသော ဘုရားသခင်သည် လူနေထိုင်ရန် မသင့်လျော်သော၊ အလွန်အမင်း ရွံရှာဖွယ်ရာနှင့် စက်ဆုပ်ဖွယ်ရာကောင်းသည့် ဝက်နှင့်ခွေးတို့၏ ကမ္ဘာသို့ လူသိရှင်ကြား ကြွဆင်းလာခဲ့ကာ မည်သို့ပင်ဖြစ်စေကာမူ ငါ့ခမည်းတော်၏ ဘုန်းတော်အတွက်နှင့် ငါ၏ ထာဝရ သက်သေခံတော်မူချက်အတွက် ဤကဲ့သို့ ရက်စက်သော အရှက်ခွဲခြင်းများအားလုံးကို ငါ သည်းညည်းခံခဲ့သည်။ သင်တို့၏အပြုအမူ အဘယ်ဖြစ်သည်ကို သင်တို့သိသင့်ပြီး သင်တို့သည် “ကြွယ်ဝချမ်းသာ၍ အင်အားကြီးမားသော အိမ်ထောင်မိသားစုများ” တွင် မွေးဖွားလာခဲ့သော သားသမီးများ မဟုတ်ဘဲ စာတန်၏ ခိုကိုးရာမဲ့ ရင်သွေးသာ ဖြစ်ကြောင်း သိသင့်ပါသည်။ သင်တို့သည် လူသားမျိုးနွယ်ကို ဦးဆောင်သူများမဟုတ်ကြသလို သင်တို့တွင် လူ့အခွင့်အရေးများ သို့မဟုတ် လွတ်လပ်မှုမရှိ။ မူလက သင်တို့တွင် လူသားမျိုးနွယ်မှ သော်လည်းကောင်း သို့မဟုတ် ကောင်းကင်နိုင်ငံတော်မှ လည်းကောင်း မည်သို့သော ကောင်းချီးမင်္ဂလာများ၏ ဝေစုမှ မရှိခဲ့ပါ။ ဤသည်မှာ သင်တို့သည် လူသားမျိုးနွယ်၏ ပကတိ အောက်ဆုံးပိုင်း၌ ရှိနေသောကြောင့်လည်းကောင်း၊ သင်တို့၏ အနာဂတ်ကို ငါ ဘယ်တုန်းကမှ မစဉ်းစားပေးခဲ့သောကြောင့်လည်းကောင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် ငါ့အစီအစဉ်၏ မူလအစိတ်အပိုင်း ဖြစ်ခဲ့သော်လည်း ယနေ့ သင်တို့ကို ပြည့်စုံစေဖို့ ငါသည် ယုံကြည်ခြင်းထားရှိမည်၊ ဤအရာသည် ယခင်က မရှိခဲ့၊ မဖြစ်ခဲ့ဖူးသော အသစ်အဆန်း အလုပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့၏ အဆင့်အတန်းသည် အလွန်နိမ့်ကျနေပြီး လူသားမျိုးနွယ်ထဲတွင် မူလကတည်းက သင်တို့၌ ဝေစုမရှိခဲ့သောကြောင့်ဖြစ်သည်။ ဤအရာသည် လူတို့အတွက် ကောင်းချီးမင်္ဂလာပင် အတိအကျ မဟုတ်သလော။

ငါကယ်တင်သော စိတ်ဝိညာဉ်တို့မှာ သူတို့အကြားတွင် ငါ၏တစ်ဖန်ပေါ်လာခြင်းကို သူတို့ တောင့်တနေသောကြောင့် လွန်ခဲ့သောအချိန်က ငရဲမှ ငါလွတ်မြောက်စေခဲ့သော သူများဖြစ်ကြပြီး လွန်ခဲ့သောအချိန်က ငါသွားရောက်လည်ပတ်ခဲ့ရာ ငါရွေးချယ်သော သူများဖြစ်ကြသည်။ သူတို့သည် ငါ့ကို ချစ်ခဲ့ကြပြီး သူတို့ကို ငါချစ်ခဲ့သောကြောင့် သူတို့နှလုံးသားထဲတွင် အသွေးအားဖြင့် တည်ဆောက်ထားသော ငါ့ပဋိညာဉ်ကို သူတို့ ရေးထိုးထားခဲ့ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ ငါ့ကိုရှာဖွေနေခဲ့ကြသည့် ပျောက်သောသိုးသငယ်များကဲ့သို့ ဖြစ်ကြသည်။ သူတို့သည် ကောင်းမွန်ကြသောကြောင့် ကောင်းသော ဣသရေလလူမျိုးများဟု လည်းကောင်း၊ ချစ်စရာကောင်းသော ကောင်းကင်တမန်လေးများ ဟုလည်းကောင်း သူတို့ကို ငါခေါ်ဝေါ်သည်။ ငါသည် သူတို့အကြားတွင် ရှိနေခဲ့မည်ဆိုလျှင် ဤကဲ့သို့သော အရှက်ကွဲခြင်းဝေဒနာကို ငါခံစားခဲ့ရလိမ့်မည်မဟုတ်။ ဤသည်မှာ သူတို့သည် သူတို့ကိုယ်ပိုင်အသက်များကို ချစ်သည်ထက် ငါ့ကို သာ၍ချစ်ကြသောကြောင့် လည်းကောင်း၊ အရာအားလုံးတို့တွင် အလှပဆုံးသော အရာကဲ့သို့ သူတို့ကို ငါချစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ ယင်းမှာ သူတို့ကို ငါမှ ဖန်ဆင်းထားသောကြောင့် လည်းကောင်း၊ ငါပိုင်သောကြောင့်လည်းကောင်း သူတို့သည် ငါ့ကို ဘယ်တုန်းကမှ မမေ့လျော့ခဲ့ကြပေ။ သူတို့၏ ချစ်ခြင်းမေတ္တာက သင်တို့၏ ချစ်ခြင်းမေတ္တာထက် သာလွန်ထူးကဲပြီး သင်တို့သည် သင်တို့၏ ကိုယ်ပိုင်အသက်များကို ချစ်သည်ထက် သူတို့သည် သာ၍ကြီးမားသော ကိုင်းရှိုင်းမှုနှင့်အတူ ငါ့ကိုချစ်ကြသည်။ ချိုးဖြူလေးများက ကောင်းကင်ထံ ကျိုးနွံနာခံသကဲ့သို့ပင် သူတို့သည် ငါ့ထံ ကျိုးနွံနာခံကြပြီး သင်တို့၏ နှလုံးသားများထက် သူတို့၏ နှလုံးသားများထဲတွင် ကျိုးနွံနာခံမှုပိုရှိကြ၏။ အကြောင်းမှာ သူတို့သည် ယာကုပ်၏ဆွေစဉ်မျိုးဆက်များ၊ အာဒံ၏ ရင်သွေးများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ သည့်အပြင် သင်တို့သည် အလွန်တော်လှန် ပုန်ကန်ကြသောကြောင့် လည်းကောင်း၊ သင်တို့၌ အလွန်စိုးရိမ်ဖွယ် ခုခံမှုရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် ငါ့ကို အထင်အမြင် သေးလွန်းသောကြောင့်လည်းကောင်း၊ သင်တို့သည် ငါ့အပေါ် အေးစက်လွန်းသောကြောင့်လည်းကောင်း၊ သင်တို့သည် ငါ့ကို အလွန်မုန်းတီးကြပြီး အနည်းငယ်သာ ချစ်ကြသည် တို့ကြောင့်လည်းကောင်း၊ သင်တို့ကို ငါချစ်သည်ထက်ပင် သူတို့ကို ကြာရှည်လှစွာ ငါချစ်မြတ်နိုးခဲ့သောကြောင့် ငါရွေးချယ်ရာမှ အရွေးချယ်ခံရသူများ ဖြစ်ကြသည်။ ငါ၏လုပ်ငန်းကို သင်တို့ အထင်အမြင်သေးကြပြီး ငါ့လှုပ်ရှားမှုများကို သင်တို့ အလွန်စက်ဆုပ်ကြသည်။ သူတို့နှင့်မတူသည်က သင်တို့သည် ငါ၏ဆောင်ရွက်ချက်များကို ဘယ်သောအခါမှ အလေးမထားခဲ့ကြပေ။ ထိုအစား သင်တို့သည် ၎င်းတို့ကို စာတန်ကဲ့သို့ မျက်ထောင့်နီနီ စိုးရိမ်ပူပန်မှု မျက်လုံးများနှင့် စက်ဆုပ်ကြသည်။ သင်တို့၏ ကျိုးနွံနာခံမှုကား အဘယ်မှာနည်း။ သင်တို့၏ အကျင့်စရိုက်ကား အဘယ်မှာနည်း။ သင်တို့၏ ချစ်ခြင်းမေတ္တာကား အဘယ်မှာနည်း။ သင်တို့ အထဲမှာရှိသော မေတ္တာတရား၏ ပါဝင်ပစ္စည်းတို့ကို မည်သည့်အချိန်တွင် သင်တို့ဖော်ထုတ်ကြသနည်း။ မည်သည့်အချိန်တွင် ငါ၏ အလုပ်ကို သင်တို့ လေးလေးနက်နက် ထမ်းဆောင်ကြသနည်း။ ငါ့ကို စိုးရိမ်ကြောင့်ကြစွာ စောင့်နေကြစဉ် စိုးရိမ်တကြီး ငါ့ကို မျှော်လင့်စောင့်စားနေကြပြီး ပြင်းထန်စွာ ဝေဒနာခံစားကြသော ထိုချစ်စဖွယ် ကောင်းကင်တမန်များကို ငါသည် အလွန်တရာ ချစ်သောကြောင့် သနားပေ၏။ သို့သော် ယနေ့ ငါတွေ့သောအရာသည် သူတို့နှင့် ဘာမှမသက်ဆိုင်သော လူသားမဆန်သည့် ကမ္ဘာလောကမျိုးဖြစ်သည်။ လွန်ခဲ့သောအချိန်က သင်တို့၏ အသိစိတ်များ ထုံထိုင်းလာနေခဲ့ပြီး ခံစားချက် ကင်းမဲ့လာကြောင်း သင်တို့မထင်သလော။ သင်တို့သည် နှစ်သက်ဖွယ်ကောင်းသော ကောင်းကင်တမန်များနှင့်အတူ ငါ၏ပြန်လည် ပေါင်းစည်းခြင်းကို တားဆီးဟန့်တားနေသော အလကားလူများဖြစ်ကြောင်းကို မစဉ်းစားမိကြသလော။ ငါ၏ပြန်ကြွလာခြင်းကို သူတို့သည် မည်သည့်အချိန်တွင် မစောင့်ဘဲနေကြသနည်း။ ငါနှင့်ပြန်လည်ပေါင်းစည်းရန် မည်သည့် အချိန်တွင် သူတို့သည် မစောင့်ဘဲ နေခဲ့ကြသနည်း။ သူတို့သည် ငါနှင့်အတူ စားသောက်ရန်နှင့် လှပသောနေ့ရက်များကို အတူတကွ အချိန်ကုန်လွန်စေရန် မည်သည့်အချိန်တွင် မမျှော်လင့်၊ မစောင့်စားဘဲ နေခဲ့ကြသနည်း။ သင်တို့ ယနေ့ဘာလုပ်နေသည်ကို နားလည်သဘောပေါက်ဖူးခဲ့ကြပါသလား။ ကမ္ဘာလောက တစ်လျှောက်လုံး သောင်းကျန်းနေခြင်း၊ တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်နေခြင်း၊ တစ်ဦးနှင့်တစ်ဦး လိမ်လည်လှည့်ဖျားခြင်း၊ သစ္စာမဲ့စွာ၊ လျှို့ဝှက်စွာ၊ အရှက်မဲ့စွာ ပြုမူခြင်း၊ သမ္မာတရားကို မသိခြင်း၊ ကလိမ်ကကျစ်ကျခြင်းနှင့် လိမ်လည်လှည့်ဖျားခြင်း၊ မြှောက်ပင့် ပြောဆိုခြင်း၊ သင်တို့ကိုယ်သင်တို့ အခြားသူများထက် ပိုမိုကောင်းမွန်သည်၊ မှန်ကန်သည်ဟု တွေးတောနေခြင်း၊ စိတ်ကြီးဝင်နေခြင်း၊ တောတောင်များရှိ တောရိုင်း တိရစ္ဆာန်များကဲ့သို့ ရိုင်းစိုင်းစွာပြုမူခြင်းနှင့် သားရဲတိရစ္ဆာန်တို့၏ ဘုရင်ကဲ့သို့ ကြမ်းကြုတ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လူသတ္တဝါတစ်ဦးနှင့် ဆင်တူသော အရာလော။ သင်တို့သည် ရိုင်းစိုင်းပြီး လျော်ကန်မှုမရှိကြ။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို အဖိုးတန်ရတနာအဖြစ် ဘယ်တုန်းကမှ သဘောမထားကြ။ သို့သော် ထိုအစား သင်တို့သည် အထင်သေးစရာကောင်းသော သဘောထားအား မွေးစား အတည်ပြု ကျင့်သုံးခဲ့ကြပြီ။ ဤနည်းလမ်းဖြင့် မည်သည့်နေရာတွင် စစ်မှန်သော လူ့ဘဝဆိုသည့် အောင်မြင်ဖြစ်ထွန်းမှုများနှင့် လှပသည့် မျှော်လင့်ခြင်းများ ဆိုက်ရောက်လာနိုင်မည်နည်း။ သင်၏ တရားလွန် စိတ်ကူးစိတ်သန်းက သင့်ကို ကျားခံတွင်းမှ အမှန်တကယ် ကယ်ဆယ်လိမ့်မည်လော။ ဤအရာက သင့်ကို လောင်နေသော မီးထဲမှ အမှန်တကယ် ကယ်ဆယ်လိမ့်မည်လော။ ငါ့အလုပ်ကို တန်ဖိုးမဲ့သော ရတနာအဖြစ် သင်တို့ အမှန်တကယ် သဘောထားခဲ့လျှင် ဤအခြေအနေထိ သင်ကျဆင်းလိမ့်မည်လော။ သင်၏ ကံကြမ္မာသည် အမှန်တကယ် မပြောင်းလဲနိုင်ပါ ဆိုသည်မှာ ဖြစ်နိုင်ပါမည်လော။ ယင်းကဲ့သို့သော နောင်တရခြင်းများနှင့် သင်တို့ သေဆုံးလိုပါသလော။

အရှေ့သို့- လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်

နောက်တစ်ခုသို့- လူသား၏ ပင်ကို ကိုယ်ပိုင်လက္ခဏာနှင့် ၎င်း၏ တန်ဖိုး- ထိုအရာများသည် အမှန်တကယ် မည်သည့်အရာများနှင့် တူပါသနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ