မေးခွန်း (၃) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်လို့ ကျွန်တော်တို့ထင်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေ သမ္မာကျမ်းစာအပြင် တခြား ဘယ်မှာမှမရှိနိုင်ပါဘူး အဲဒါကြောင့်၊ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်မှုဟာသမ္မာကျမ်းစာကိုပဲအခြေခံရမှာပါ ဒါမှားပါသလား

အဖြေ- ဘာသာရေးလောကက ယုံကြည်သူအများစုဟာ၊ “ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာရေးမှတ်ထားတယ် သမ္မာကျမ်းစာအပြင် ဘယ်နေရာမှာမှ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အမှုတော်တွေ မရှိနိုင်ဘူး” လို့ခံယူကြတယ် ဒါဟာ မှန်ကန်တဲ့အချက်အလက်နဲ့ကိုက်ညီလို့လား ပညတ်တော်ခေတ် ထဲမှာ ယေဟောဝါဘုရားသခင် လုပ်ဆောင်တဲ့အမှုတော်တစ်ခုစီတိုင်းကို သမ္မာကျမ်းစာထဲမှာ အကုန်အစင် ရေးမှတ်ထားတယ်လို့ ခင်ဗျားပြောနိုင်လား ကျေးဇူးတော်ခေတ် ထဲက သခင်ယေရှု ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်အားလုံးကို သမ္မာကျမ်းစာထဲမှာ ရေးမှတ်ထားတယ်လို့ အာမခံနိုင်လား အကယ်၍ ဒီအမြင်က မှန်ကန်တဲ့အချက်အလက်တွေနဲ့ မကိုက်ညီဘူးဆိုရင် ဘယ်လိုရလဒ်တွေဖြစ်လာမလဲ လူတွေက ဘုရားသခင်ကိုကန့်သတ်လိုက်ခြင်း၊ ပြစ်မှားကျူးလွန်လိုက်ခြင်းနဲ့ အထင်အမြင်သေးအောင်လုပ်သလိုဖြစ်မနေဘူးလား ဘုရားသခင်ရဲ့ စိတ်သဘောထားကို စော်ကားလိုက်တာမဟုတ်ဘူးလား ကျွန်တော်တို့အားလုံးသိထားရမှာက၊ ဘုရားသခင်က သူ့အမှုတော်တွေကို တဆင့်ချင်းစီ လုပ်ဆောင်ပြီးတဲ့နောက်ပိုင်း ဘုရားသခင်ကိုနှစ်ပေါင်းများစွာ အစေခံခဲ့တဲ့လူတွေက သမ္မာကျမ်းစာကို ရေးသားပြုစုခဲ့ကြတယ်၊ ဒါကြောင့် တချို့အကြောင်းအရာတွေဟာ ပျောက်ပျက်ကျန်ခဲ့လိမ့်မယ်ဆိုတာ ဧကန်အမှန်ပါပဲ ပရောဖက်တွေရဲ့အချို့စကားတွေကိုလည်း ဓမ္မဟောင်းကျမ်းထဲမှာ မှတ်တမ်းတင်ထားတာမတွေ့ရဘဲ ကျမ်းပယ်စာအုပ်တွေထဲမှာတော့ ရှိနေတာတွေ့ရတယ် ဓမ္မသစ်ကျမ်းစာထဲက၊ ခရစ်ဝင်ကျမ်းလေးကျမ်း ထဲမှာလည်း သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို မှတ်တမ်းတင်ထားတာလည်း သိပ်အများကြီး မတွေ့ရပါဘူး တကယ်တော့ သခင်ယေရှုက သုံးနှစ်တာ တရားတွေဟောခဲ့၊ အမှုတော်တွေဆောင်ခဲ့တာပါ သူပြောတဲ့စကားတွေဟာ သမ္မာကျမ်းစာထဲမှာမှတ်တမ်းတင်ထားတာတွေထက်ကို အဆပေါင်းများစွာများလွန်းပါတယ် ဒီအမှန်တရားကိုဘယ်သူမှ ငြင်းလို့မရပါဘူး သမ္မာကျမ်းစာကပြောပါတယ် “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) သမ္မာကျမ်းစာထဲမှာ မဖော်ပြထားတဲ့ တမန်တော်တွေရဲ့ စာေစာင်တချို့လည်းရှိပါတယ် သခင်ယေရှုပြန်ကြွလာတဲ့အခါ၊ သူမြွက်ဆိုမဲ့စကား၊ လုပ်ဆောင်မဲ့အမှုတော်တွေ ဒီထက်မက အများကြီးရှိပါသေးတယ် ဒီအရာတွေအားလုံး သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားနိုင်ပါ့မလား သမ္မာကျမ်းစာဟာ သခင်ယေရှုပြန်ကြွလာမယ့် ပရောဖက်ပြုချက်တွေကို ရေးမှတ်ထားတာပါ၊ သူပြန်ကြွလာတဲ့အခါပြောမဲ့နှုတ်ကပတ်တော်၊ လုပ်ဆောင်မဲ့အမှုတော်တွေကို ရေးထားတာမဟုတ်ပါဘူး ပြောရမယ်ဆိုရင်၊ သမ္မာကျမ်းစာထဲမှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ အကန့်အသတ်ရှိပါတယ် ဒီစကားလုံးတွေဟာ တကယ်တမ်းဆိုရင် ဘုရားသခင်ရဲ့ အသက်ပင်လယ်ထဲက ရေတစ်ပေါက်လောက်တောင် မရှိပါဘူး၊ ဘုရားသခင့် အသက် တစ်သောင်းပုံတစ်ပုံ၊ ပကောဋိတစ်သောင်းပုံတစ်ပုံလောက်ပဲဖြစ်နိုင်ပါတယ် ဒီအချက်အလက်တွေကို ကြည့်ပြီးတော့ လူတွေကဘယ်လိုလုပ်ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေအားလုံးကို သမ္မာကျမ်းစာထဲမှာ ရေးမှတ်ထားတယ်လို့ ဘယ်လိုပြောနိုင်ရတာလဲ သမ္မာကျမ်းစာအပြင် အခြားဘယ်မှာမှ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်၊ အမှုတော်တွေမရှိနိုင်ဘူးလို့ ပြောနိုင်ရသေးတာလဲ ဒီလိုပြောဆိုရေးသားချက်တွေဟာ အရမ်းကို တစ်ဖက်သတ်ဆန်ပါတယ် အချက်အလက်တွေနဲ့ မကိုက်ညီပါဘူး လူအများစုက ဒီပြောဆိုချက်တွေနဲ့ ကျမ်းစာဟာ လူတွေရဲ့ ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်ခြင်းရဲ့အခြေခံပဲလို့ ကောက်ချက်ဆွဲကြတယ် ဒီကောက်ချက်ဟာ မမှန်ကန်ပါဘူး သမ္မာကျမ်းစာကို အခြေခံအဖြစ်အားထားတာ မှန်ပါတယ်၊ ယုံကြည်ခြင်းအတွက်ကတော့ ဒီတစ်ခုတည်းနဲ့ မလုံလောက်ဘူး အရေးအကြီးဆုံးကတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို အခြေခံပြီး ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းဖို့ပါပဲ ဒီနည်းလမ်းနဲ့ ဘုရားသခင်ရဲ့ အခွင့်ေပးမှုကို ရယူရမှာပါ သန့်ရှင်းသောဝိညာဉ်တော် ရဲ့အမှုတော်မပါဘဲ၊ သမ္မာကျမ်းစာ အခြေခံတစ်ခုတည်းနဲ့သာဆိုရင်၊ လူတွေဟာ သမ္မာကျမ်းစာရဲ့သမ္မာတရားတွေကို နားလည်နိုင်ပါ့မလား၊ ဒါမှမဟုတ်၊ ဘုရားသခင်အကြောင်းနားလည်မှု ရယူနိုင်ပါ့မလား အကယ်၍၊ လူသာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းမရခဲ့ရင်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားလည်မှုလွဲနေမှာပါ ဒီလိုပဲ၊ ဒါဟာလမ်းလွဲဖို့လွယ်ကူသွားသလို မဖြစ်နေဘူးလား ဒါတွေအားလုံးဟာ တကယ်လေးနက်တဲ့ပြဿနာတွေပါပဲ ဘုရားသခင်ကို ယုံကြည်သူတွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်တွေကင်းမဲ့နေရင်၊ သူတို့ဟာ ဘယ်တော့မှ သမ္မာတရားကိုရရှိမှာမဟုတ်ဘူး၊ ဘုရားသခင်ကို အမှန်စင်စစ်သိမှာလဲမဟုတ်ဘူး သူတို့ဟာ သမ္မာကျမ်းစာကို ဖတ်နေရင်တောင်မှ၊ ဒေသနာတွေကို နားထောင်နေရင်တောင်မှ၊ သမ္မာတရားကို နားလည်နိုင်ကြမှာ၊ လက်တွေ့ဘဝထဲ အသုံးပြုနိုင်ကြမှာမဟုတ်ဘူး ဒါဟာဘာကိုဖော်ပြနေလဲဆိုရင်၊ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေဟာ၊ သန့်ရှင်းသောဝိညာဥ်တော်ရဲ့အမှုတော်မပါရှိရင် ဘာတစ်ခုမှမရရှိနိုင်ကြပါဘူး

သင်းအုပ်ဆရာတွေရယ်၊ ပြီးတော့ ဘာသာရေး ပညာရှင်တွေရယ်ဟာ၊ လူ့ဉာဏ်ပညာကိုအသုံးပြုပြီး သမ္မာကျမ်းစာကို ရှင်းပြကြတယ် ရလဒ်ကဘာလဲ ဘုရားသခင်ကို ဆန့်ကျင်ကြတဲ့သူတွေအဖြစ် အဆုံးသတ်ကြတာပဲ သူတို့ဟာ ဖာရိရှဲတွေလိုပဲ၊ သမ္မာကျမ်းစာနဲ့ရင်းနှီးကျွမ်းဝင်ပြီး စည်းမျဉ်းတေွကို လေ့လာနေခဲ့ပေမဲ့၊ ဘုရားသခင်ကို သိကျွမ်းမှုကင်းမဲ့နေခဲ့ကြတယ် အပြင်ပန်းမှာ ဘုရားတရားကိုင်းရှိုင်းသယောင်ထင်ရပေမဲ့၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေမှု လုံးဝမရှိကြဘူး သခင်ယေရှု က သူ့အမှုတော်တွေကို လုပ်ဆောင်ဖို့ ပေါ်ထွန်းလာခဲ့တုန်းက၊ သူတို့ဟာ အမှန်တကယ်ပဲ သမ္မာကျမ်းစာကိုအသုံးချပြီး၊ ကိုယ်တော့်ကို ခုခံကြ၊ ပြစ်တင်ရှုတ်ချကြ၊ ပြီးတော့ ဘုရားသခင်ရဲ့ ကျိန်ခြင်းကို ခံခဲ့ကြရတယ် ဒါ ဘယ်လိုပြဿနာမျိုးလဲ လူတွေ ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်ခြင်းကို သမ္မာကျမ်းစာပေါ်မှာပဲ အခြေခံလို့ရနိုင်တာလား မရနိုင်တာလား ဖာရိရှဲတွေရဲ့ ခါးသီးလှတဲ့သင်ခန်းစာက၊ ကျွန်မတို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်ခြင်းကို သမ္မာကျမ်းစာတစ်ခုတည်း ပေါ်မှာပဲ အခြေခံလို့ မလုံလောက်ဘူး ဆိုတာကို ပြောပြနေတာပဲ အရေးကြီးတာက ကျွန်မတို့ရဲ့ယုံကြည်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ပေါ်မှာအခြေခံဖို့ပါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်မပါရှိဘဲ၊ သူတို့နှစ်ဘယ်လောက်ကြာကြာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြပါစေ၊ အသက်ေတာ်ကိုရရှိနိုင်ကြမှာ မဟုတ်ပါဘူး ဒီသမ္မာတရားကို ဘယ်သူကမှငြင်းဆန်လို့မရနိုင်ပါဘူး ဒါဟာ “ဘုရားသခင်ကိုယုံကြည်ခြင်းသည် သမ္မာကျမ်းစာပေါ်မှာပဲ အခြေခံရမယ်၊ သမ္မာကျမ်းစာကလွဲရင် ဘုရားသခင်ကို ယုံကြည်တာမဟုတ်ဘူး” ဆိုတဲ့ပြောဆိုချက်ဟာ မမှန်ဘူးဆိုတာကို ပြနေတာပါပဲ တကယ်တမ်း ကျွန်မတို့တွေးကြည့်ရင် ဒါဟာယုတ္တိမရှိတဲ့ ထင်မြင်ချက်တစ်ခုပါ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော် ရှင်းရှင်းလင်းလင်း ဖော်ပြထားတာက၊ “အင်အား အားဖြင့်မဟုတ်၊ တန်ခိုးအာဏာအားဖြင့်မဟုတ်၊ သို့သော် ငါ၏ ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေရှင် ယေဟောဝါ မိန့်တော်မူ၏။(ဇာခရိအနာဂတ္တိကျမ်း ၄:၆) ပြီးတော့ ဆာလံကျမ်းထဲမှာလည်း “ယေဟောဝါက အိမ်ကိုဆောက်တော်မမူလျှင်၊ တည်ဆောက်သောသူတို့သည် အချည်းနှီး အားထုတ်ကြိုးပမ်းကြ၏။ ယေဟောဝါက မြို့ကို မစောင့်ရှောက်လျှင်၊ ကင်းစောင့်တို့သည် အချည်းနှီး နိုး၏။” (ဆာလံကျမ်း ၁၂၇:၁) ကျမ်းပိုဒ်နှစ်ပိုဒ်စလုံးဟာ သမ္မာကျမ်းစာရဲ့ အကောင်းဆုံးသော ကျမ်းပိုဒ်တွေပါပဲ ယုံကြည်သူအားလုံး ဒီကျမ်းနှစ်ပိုဒ်ကို သိတယ်လို့ပြောလို့ရပါတယ် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာတစ်ခုတည်းအပေါ်မှာပဲ အခြေခံလို့ရသလား၊ မရဘူးလား အဖြေကရှင်းပါတယ် ဘုရားသခင်အပေါ်ယုံကြည်ခြင်းရဲ့အခြေခံဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်တွေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အစစ်အမှန်တွေပါပဲ ဒါဟာ သမ္မာတရားနဲ့ ထာ၀ရအသက်ကို ဘယ်လိုရယူရမလဲဆိုတာပါပဲ လူအများစုက သမ္မာကျမ်းစာကို အမှန်တကယ် နားမလည်ကြပါဘူး သူတို့အထင်၊ ထာဝရအသက်ဟာ သမ္မာကျမ်းစာထဲမှာရှိတယ်၊ ပြီးတော့ သမ္မာကျမ်းစာဟာ အရာအားလုံးကိုပြီးပြည့်စုံစေမယ်ဆိုတဲ့အချက်ကို ရိုးရိုးလေးကိုင်စွဲထားကြတယ်။ ဒါဟာတကယ့်ကိုယုတ္တိမရှိတဲ့ထင်မြင်ချက်ပါ သခင်ယေရှု အရင်က ပြောခဲ့ပါတယ်၊ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀)ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) လို့။ ယုံကြည်သူတွေရဲ့စိတ်နှလုံးထဲကသိထားရမှာက ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအရာအားလုံးရဲ့ သခင်အစစ်အမှန်တစ်ပါး ဆိုတာကိုပါ ဘုရားသခင်ဟာ အရာအားလုံးကိုအုပ်စိုး ပိုင်သသောသူဖြစ်ပြီး၊ အရာအားလုံးရဲ့အသက်အရင်းအမြစ်ဖြစ်ပါတယ် ဘုရားသခင်မှာ အကန့်အသတ်မရှိသော ဉာဏ်ပညာနဲ့ အံ့သြဖွယ်ရာတေွရှိေနတယ် သမ္မာကျမ်းစာဟာ ဘုရားသခင့်အမှုတော်တွေရဲ့ သမိုင်းဝင်မှတ်တမ်း၊ ဘုရားသခင့်အမှုတော် ပထမနှစ်ဆင့်ရဲ့ သက်သေမျှသာ ဖြစ်ပါတယ် သမ္မာကျမ်းစာဟာ သမ္မာကျမ်းစာပါပဲ ပြီးတော့ ဘုရားသခင်သည်လည်း ဘုရားသခင်သာလျှင်ဖြစ်ပါတယ် သမ္မာကျမ်းစာနဲ့ ဘုရားသခင်ဟာ ကွဲပြားသောအရာတွေဖြစ်ပြီး နှိုင်းယှဉ်လို့မရနိုင်ပါဘူး သမ္မာကျမ်းစာဟာ ဘုရားသခင်ကိုကိုယ်စားမပြုနိုင်ပါဘူး၊ ရှင်းရှင်းပြောရရင် ဘုရားသခင်ကိုယ်စား လူတွေကို ကယ်တင်မပေးနိုင်ပါဘူး ဘုရားသခင် တစ်ပါးတည်းသာလျှင် လူသားတွေကို ကယ်တင်နိုင်တာပါ သမ္မာကျမ်းစာသာ လူတွေကိုကယ်တင်နိုင်တယ် ဆိုရင်၊ ဘာဖြစ်လို့ နှစ်ပေါင်းထောင်ချီပြီး သမ္မာကျမ်းစာကို ဖက်တွယ်ထားပြီး၊ မျက်စိမှိတ်ယုံကြည်ကြ၊ သမ္မာကျမ်းစာကိုကိုးကွယ်ကြတဲ့ဣသရေလအမျိုးသားတွေက သူတို့ကိုလာပြီးကယ်တင်မဲ့ မေရှိယကိုလိုအပ်နေသေးတာလဲ သမ္မာကျမ်းစာသာ လူတွေကိုကယ်တင်နိုင်တယ်ဆိုရင်၊ သမ္မာကျမ်းစာကိုဖက်တွယ်ထားကြတဲ့ ဖာရိရှဲတွေဟာ ဘာေကြာင့် သခင်ယေရှုကို ပြစ်တင်ရှုတ်ချကြ၊ ခုခံကြပြီး ဘုရားသခင်ရဲ့ရန်သူဖြစ်တဲ့ အန္တိခရစ်တွေဖြစ်သွားရတာလဲ ဒါက သမ္မာကျမ်းစာဟာ လူတွေကိုမကယ်တင်နိုင်ဘူး ဆိုတာကို သိသာထင်ရှားစေပါတယ် သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ သက်သေခံချက်တစ်ခုသာသာပါပဲ ကျွန်မတို့သာ သမ္မာကျမ်းစာတစ်ခုတည်းကိုပဲ စွဲကိုင်ထားပြီး ဘုရားသခင်ရဲ့အမှုတော်ကို မနာခံရင်၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို မရရှိနိုင်ပါဘူး ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်တဲ့အတွက် ဘုရားသခင်ရဲ့အမှုတော်ကို နာခံပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျင့်သုံးလိုက်လျှောက်ကြရပါမယ် ဒါမှသန့်ရှင်းသောဝိညာဥ်တော်ရဲ့အမှုတော်ကိုလက်ခံရရှိပြီး သမ္မာတရားနဲ့အသက်ကို ရရှိမှာပါ အဲ့ဒါကြောင့်ပဲ သမ္မာကျမ်းစာကို ကျမ်းညွှန်းတစ်ခုအနေနဲ့သာ အသုံးချရမှာဖြစ်ပြီး၊ ကျွန်မတို့ရဲ့ ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်ခြင်းရဲ့ အခြေခံတစ်ခုအဖြစ် သတ်မှတ်လို့မရနိုင်ပါဘူး လူတစ်ဦးရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်အစစ်အမှန်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ပေါ်မှာ အခြေခံရမှာဖြစ်တယ် ဒါဟာဘုရားသခင်ကိုယုံကြည်ခြင်းရဲ့ အရေးကြီးဆုံးသော သဘောတရားပါပဲ ဒီလိုသာမာန်အသိ ဉာဏ်ပညာနဲ့တောင် မမြင်နိုင်ဘူးဆိုရင် ကျွန်မတို့ဟာ တကယ်ကိုမိုက်မဲပြီး ထောင်လွှားတဲ့သူတွေပါပဲ သမ္မာကျမ်းစာကို ရုပ်တုတစ်ခုလိုသဘောထားပြီး သခင့်နေရာမှာအစားထိုးနေတာဟာ ဘုရားသခင်ကို ဆန့်ကျင်တာ၊ ပြစ်မှားတာပါပဲ အကယ်၍ ကျွန်မတို့ဟာ သမ္မာကျမ်းစာကို မျက်စိမှိတ်ယုံကြည်ကိုးကွယ်နေကြပြီး၊ သခင်ကိုမချီးမြှောက်၊ မနာခံရင်၊ ကျွန်မတို့ဟာ ဘယ်လိုလုပ်ပြီး စစ်မှန်သောယုံကြည်သူတွေဖြစ်နိုင်မှာလဲ သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေနဲ့ ဘာကွာတော့လို့လဲ ဒါဟာ ဘာကိုဖော်ပြနေလဲဆိုရင်၊ ဘုရားသခင်ကို ယုံကြည်တယ်ဆိုပြီး သမ္မာကျမ်းစာထဲက သမ္မာတရားကိုမသိ၊ ဘုရားသခင်နဲ့ ပတ်သက်ဆက်နွယ်မှုကိုမသိရင်၊ ကျွန်မတို့ သမ္မာတရားကနေလမ်းလွဲသွားဖို့နဲ့ လမ်းမှားရောက်ဖို့ အရမ်းလွယ်ကူသွားမှာပါ

အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့နှုတ်ကပတ်တော်ကို ထပ်ပြီးဖတ်လိုက်ရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))

“သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။” “သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။” “အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

“သမ္မာကျမ်းစာသည် ထောင်စုနှစ်အချို့ကြာ လူ့သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင်၊ နောက်ဆုံးသော ကာလတွင် ကျမ်းစာက ဘုရားသခင်၏နေရာကို ယူထားလိုက်သည်အထိ လူတို့သည် ကျမ်းစာကို ဘုရားသခင်အလား သဘောထား ကြပြီး၊ ယင်းက ဘုရားသခင်ကို စက်ဆုပ်စေ၏။ ထို့ကြောင့်၊ အခွင့်သာသည့်အခါတွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် ဇာစ်မြစ်တို့ကို ရှင်းလင်းစေဖို့ တာဝန်ရှိသည်ဟု ခံစားခဲ့သည်။ ဤအရာကို သူ မလုပ်ဆောင်ပါက၊ သမ္မာကျမ်းစာသည် လူတို့၏ စိတ်နှလုံးများ ထဲတွင် ဘုရားသခင်၏နေရာကို ဆက်လက်ယူထားလိမ့်မည် ဖြစ်ပြီး လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ရန်နှင့် ရှုတ်ချရန် ကျမ်းစာ၏ ကျမ်းဟောင်းတရားများကို အသုံးပြုကြပေလိမ့်မည်။ ကျမ်းစာ၏ အနှစ်သာရ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အပြစ်အနာအဆာများကို ရှင်းပြခြင်းအားဖြင့်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ တည်ရှိခြင်းကို လုံးဝ ငြင်းပယ်နေခြင်း မဟုတ်သကဲ့သို့၊ ရှုတ်ချနေခြင်းလည်း မဟုတ်ပေ။ ယင်းထက်၊ ကျမ်းစာကို ၎င်းတို့ မကိုးကွယ်တော့ရန်နှင့် ၎င်းတို့ လမ်းမပျောက်တော့ရန်အလို့ငှာ သမ္မာကျမ်းစာ၏ နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိစေသည့်၊ သမ္မာကျမ်းစာအပေါ် လူတို့ ထားရှိသည့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းပြီး ကျမ်းစာနှင့် သက်ဆိုင်သည့် မှန်ကန်သော အမြင်ကို ၎င်းတို့အား ပေးသည့် သင့်တင့်လျောက်ပတ်သော ဖော်ပြချက်တစ်ခုကို သူက ပေးနေခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ကျိုးကြောင်းမမြင်သော သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းအား ဘုရားသခင်၌ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းကဲ့သို့ မမှားတော့ဖို့ရန်အလို့ငှာ၊ သမ္မာကျမ်းစာ၏ မှန်ကန်သော နောက်ခံအကြောင်းအရာနှင့် ချွတ်ယွင်းချက်များကို ရင်ဆိုင်ရန်ပင် မကြောက်ရွံ့တော့ဖို့ရန် အလို့ငှာ ဖြစ်သည်ဟု ဆိုလိုသည်။...သမ္မာကျမ်းစာ၏ ထောင်ချောက်မှ လူတို့ မလွတ်နိုင်ပါက၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ မည်သည့်အခါတွင်မျှ လာနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက် ၎င်းတို့ လာလိုပါက၊ ဦးစွာပထမ သူ့ကို အစားထိုးနိုင်သည့် မည်သည့်အရာမဆိုကို ၎င်းတို့၏ စိတ်နှလုံးများမှ သန့်ရှင်းစေရမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်အဖို့ ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။ ဤနေရာတွင် ဘုရားသခင်သည် သမ္မာကျမ်းစာကိုသာ ရှင်းပြသော်လည်း၊ သမ္မာကျမ်းစာအပြင် လူတို့ အမှန်ပင် ကိုးကွယ်ကြသည့် အခြား မှားယွင်းသော အရာများစွာ ရှိသည်ကို မမေ့လေနှင့်။ ၎င်းတို့ မကိုးကွယ်သည့် တစ်ခုတည်းသော အရာများမှာ ဘုရားသခင်ထံမှ အမှန်တကယ် လာသည့်အရာများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ လမ်းကြောင်းမှားကို မလျှောက်ဖို့ရန်နှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို လက်ခံကြစဉ်တွင် တစ်ဖန် အစွန်းရောက်ပြီး ရောထွေးမှု၏ သားကောင်ဖြစ်မသွားစေရန် သတိပေးဖို့ ဥပမာတစ်ခု အဖြစ်သာ ကျမ်းစာကို အသုံးပြုထားပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ၊ နိဒါန်း)

အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့နှုတ်ကပတ်တော်က သမ္မာကျမ်းစာဟာ ဘုရားသခင်အကေြာင်း သက်သေခံချက်တစ်ခု၊ ဘုရားသခင်ရဲ့ ကြီးမြတ်သောအမှုတော် ပထမနှစ်ဆင့်ရဲ့ မှတ်တမ်းတစ်ခုပဲဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြထားတယ် သမ္မာကျမ်းစာရဲ့ တန်ဖိုးနဲ့ အဖိုးတန်မှုဟာ အထဲမှာ ကိုယ်တော့်အမှုတော်ရဲ့ ပထမနှစ်ဆင့်မှာပြောတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မှတ်တမ်းတင်ထားတာဖြစ်တယ် ဒါဟာလူသားတွေကို သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဘယ်လိုတွေ့စေနိုင်မလဲဆိုရင်၊ ဘုရားသခင် အရာအားလုံးကို ဘယ်လိုဖန်ဆင်းတယ်၊ လူသားတွေကို ဘယ်လိုဖန်ဆင်းတယ်၊ ဘယ်လိုလမ်းညွှန်ပြသနေတယ် ပြီးတော့ လူသားတွေကိုဘယ်လိုကယ်တင်တယ်၊ လူတွေဘုရားသခင်ကို နားလည်ဖို့ ဘယ်လိုကူညီသလဲဆိုတာ အားဖြင့်သိနိုင်တယ် လူအများစုဟာ ဘုရားသခင်ဆီကို သမ္မာကျမ်းစာထဲက မှတ်တမ်းတွေအားဖြင့် ဦးလှည့်သွားကြတယ် ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းတယ်ဆိုတာကို သူတို့လက်ခံရုံမကဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဆာငတ်ကြတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ခြေရာကို ရှာဖွေကြတယ် ဒါဟာလူတွေရဲ့စာရိတ္တကို သမ္မာကျမ်းစာက မြှင့်တင်ပေးတာပဲ ဖြစ်ပြီး၊ သမ္မာကျမ်းစာရဲ့တန်ဖိုး တည်ရှိရာလည်း ဖြစ်တယ် ပြီးတော့ ဘုရားသခင်ရဲ့အမှုတော်တွေဟာ အမြဲတမ်း တိုးတက်ပြောင်းလဲနေတယ် လူတွေအတွက်ကယ်တင်ခြင်းကို အမှုတော်ရဲ့ ပထမအဆင့်နှစ်ဆင့် ပြည့်စုံခြင်းေလာက်နဲ့ ရရှိနိုင်ေသးတာမဟုတ်ပါဘူး ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ် မှာအမှုတော်အဆင့်သုံးဆင့် ရှိပါတယ် သမ္မာကျမ်းစာကို ကျွန်မတို့ဖက်တွယ်နေပြီး နောက်ဆုံးသောကာလ က ဘုရားသခင်ရဲ့အမှုတော်ကို ငြင်းဆန်နေမယ်ဆိုရင်၊ ကြီးမားသောဆုံးရှုံးမှုကြီး ဖြစ်သွားမှာပါ ဘုရားသခင်ရဲ့ သန့်စင်စေတဲ့ကယ်တင်ခြင်း အမှုတော်နဲ့ လူသားအားလုံးကိုစုံလင်စေတဲ့ အမှုတော်ဟာ ကိုယ်တော့် နောက်ဆုံးသောကာလရဲ့ တရားစီရင်မှုအားဖြင့်သာ ရရှိနိုင်မှာပါ အဲ့ဒါကြောင့်၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဖော်ပြမဲ့ သမ္မာတရားအားလုံးဟာ ကျွန်မတို့ရဲ့ကယ်တင်ခြင်း၊ သန့်စင်ခြင်းနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်စားရခြင်းအတွက် အရမ်းအရေးကြီးပါတယ် ဘာလို့ သခင်ယေရှုက၊ သူပြန်ကြွလာတဲ့အချိန်မှာ သူ့ကိုလက်ခံတဲ့ သူတစ်ယောက်ချင်းစီတိုင်း မင်္ဂလာ စားပွဲကို ဝင်ရမယ်လို့ ပရောဖက်ပြု ဟောခဲ့တာလဲ သခင်က “သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊(ဗျာဒိတ်ကျမ်း ၁၉:၉) လို့ပြောထားပါတယ် “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဒီမင်္ဂလာ စားပွဲဟာ ဘုရားသခင်က လူတွေကို အမှန်တကယ် ရရှိပြီး ပြီးပြည့်စုံစေမယ် ကိုယ်တော်နဲ့ တစ်စိတ်တစ်သဘောတည်း ဖြစ်အောင်လုပ်ပြီး နောက်ထပ်ဘယ်တော့မှ ထပ်မကွဲကွာစေတော့ဘူး လို့ဆိုလိုတာကို ကျွန်မတို့အားလုံး ရှင်းရှင်းလင်းလင်း နားလည်ကြတယ် ဒါကြောင့် နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားေတွကို သန့်စင်စေခြင်းအတွက်နဲ့ ကယ်တင်ဖို့အတွက် သမ္မာတရားကို အပြည့်အဝ ဖော်ပြတာဖြစ်တယ် ဘုရားသခင်ရဲ့အသံတော်ကို ကြားပြီးလက်ခံသောသူ၊ နာခံသောသူတိုင်း၊ စင်စစ်ပညာသတိရှိသော သတို့သမီးတွေပါပဲ သူတို့ဟာ ပလ္လင်တော်ရှေ့ကို ချီဆောင်သွားခံရပြီး၊ သိုးသူငယ်ရဲ့မင်္ဂလာစားပွဲ ကိုတက်ရောက်ရမယ်၊ ဘုရားသခင်ရဲ့ ပလ္လင်တော်က စီးထွက်တဲ့သက်စမ်းရေကို မွေ့လျော်ကြရမယ် နောက်ဆုံးသာကာလထဲက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်စေခြင်းကို တွေ့ကြုံခြင်းအားဖြင့် သူတို့ဟာ အပြစ်ရဲ့ချည်နှောင်ခြင်းက လွတ်မြောက်ပြီး ပြောင်းလဲခြင်းကိုရရှိပြီးနောက် ဘုရားသခင်အားဖြင့် အောင်နိုင်သူများအဖြစ်ကို ရောက်ရှိကြမယ် သူတို့ဟာ မင်္ဂလာ အရှိဆုံးသော သူတွေဖြစ်ပြီး ထာဝရအသက်ကိုရရှိတဲ့သူ၊ ကောင်းကင်နိုင်ငံတော်ကို ဝင်စားရတဲ့သူတွေပါပဲ လူတွေသာ ဘုရားသခင်အပေါ်ထားတဲ့ သူတို့ယုံကြည်ခြင်းကို သမ္မာကျမ်းစာပေါ်မှာပဲ အခြေခံမယ်ဆိုရင်၊ သမ္မာကျမ်းစာရဲ့ စကားလုံးတွေ၊ စည်းမျဉ်းစည်းကမ်းတွေထဲ ပိတ်မိပြီးကျန်ရစ်ခဲ့မှာ၊ ထိုနည်း၄င်းပဲ၊ ဘုရားသခင့်အမှုတော် ပထမအဆင့်နှစ်ဆင့်အထိလောက်အသိနဲ့ပဲပိတ်မိနေမှာ အဲ့ဒါကပဲ သူတို့ကို ဘုရားသခင့်အမှုတော်ရဲ့ အရှိန်က စွန့်ပစ်ပြီး စွန့်ခွာခံရဖို့လွယ်ကူသွားစေမှာ ပြီးတော့ နောက်ဆုံးသောကာလထဲမှာ ဘုရားသခင်ရဲ့ ဆေးကြောခြင်းခံရဖို့၊ ကယ်တင်ခြင်းခံရဖို့၊ ပြီးပြည့်စုံစေမဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးရလိမ့်မယ် ဒါဟာသူတို့ကို ဘုရားသခင်ရဲ့ကယ်တင်ခြင်းအမှုတော်ထဲကနေ ကွဲကွာစေမယ်။ သူတို့ရဲ့အားထုတ်မှုတွေဟာ အလဟဿဖြစ်သွားပြီး သူတို့အားလုံး ဘုရားသခင်ရဲ့ပယ်ရှားခြင်းခံရလိမ့်မယ် ဘုရားသခင်ရဲ့မျက်စိတော်ထဲမှာ သူတို့အားလုံးဟာ ကိုယ်တော့်ကိုသစ္စာဖောက်တဲ့သူတွေ၊ အဓမ္မအမှုနဲ့သက်ဆိုင်တဲ့ မယုံကြည်သူတွေပဲ အရင်ခေတ်တုန်းက ခေါင်းမာပြီး ဓမ္မဟောင်းကျမ်းကို စွဲကိုင်လို့ သခင်ယေရှုခရစ်ကို ခုခံ ပြစ်တင်ရှုတ်ချခဲ့ကြတဲ့အတွက်အဆုံးမှာ ဘုရားသခင်ရဲ့ ကျိန်ဆဲပြီး အပြစ်ပေးခံခဲ့ကြရတဲ့ ဖာရိရှဲတွေနဲ့ တူသွားတာပဲ သခင်ယေရှုက၊ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) လို့ မှာမိန့်တော်မူခဲ့တယ်။ ဒါ ရှင်းပါတယ် ဒါဟာ သမ္မာကျမ်းစာကိုစွဲကိုင်ထားပြီး နောက်ဆုံးသောကာလထဲမှာ ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံဖို့ ငြင်းဆန်သူတွေအတွက် ရလဒ်ပဲ

အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့နှုတ်ကပတ်တော်ကို ထပ်ကြည့်ကြရအောင် အနန္တတန်ခိုးရှင်ဘုရားကပြောသည် “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) တိမောသေသြဝါဒစာ ဒုတိယစောင် မှာ ရှင်ပေါလုက၊ တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” ပြီးတော့ကျမ်းစာရှိသမျှဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့နှုတ်ကပတ်တော်တွေပဲ လုိ့ ေပြာထားတယ် ကျမ်းစာဟာဘုရားခင်ရဲ့ကိုယ်စားတော်ဖြစ်ပါတယ်လို့ ပြောလို့ရပါတယ် ဒါရှင်ပေါလုကိုယ်တိုင်အတိအကျပြောခဲ့တာ၊ ဘယ်လိုလုပ်မှားနိုင်မှာလဲ

နောက်တစ်ခုသို့- မေးခွန်း (၇) ခင်ဗျားပြောတာက၊ သခင်ယေရှု ရောက်ရှိနေပြီ၊ သူဟာအနန္တတန်ခိုးရှင် ဘုရားသခင်ပဲ၊ ပြီးတော့ တရားစီရင်ခြင်းအမှုတော်တွေ လုပ်ဆောင်နေပြီတဲ့၊ ဒါမဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ ရှိတယ်၊ သမ္မာကျမ်းစာရဲ့အပြင်မှာ မရှိဘူးလို့ပဲ ကျွန်တော်တို့ အမြဲစောင့်ထိန်းလာခဲ့တယ်၊ သခင့်ကိုယုံကြည်ခြင်းဟာ သမ္မာကျမ်းစာကနေ သွေဖည်သွားလို့မဖြစ်ဘူးလို့ ကျွန်တော်တို့ယုံကြည်တယ် သမ္မာကျမ်းစာမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအပြည့်အဝ ပါရှိတယ်၊ သမ္မာကျမ်းစာဟာ သခင်ပါပဲ သမ္မာကျမ်းစာအားဖြင့်၊ ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ဝင်ရလိမ့်မယ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာပေါ်မှာအခြေခံတယ်၊ အဲဒီကနေ သွေဖည်တာဟာ သခင်ကိုသစ္စာဖောက်တာပဲ ဒီလိုနားလည်ထားတာက မှားနေသလားဗျာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။