မေးခွန်း (၇) ခင်ဗျားပြောတာက၊ သခင်ယေရှု ရောက်ရှိနေပြီ၊ သူဟာအနန္တတန်ခိုးရှင် ဘုရားသခင်ပဲ၊ ပြီးတော့ တရားစီရင်ခြင်းအမှုတော်တွေ လုပ်ဆောင်နေပြီတဲ့၊ ဒါမဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ ရှိတယ်၊ သမ္မာကျမ်းစာရဲ့အပြင်မှာ မရှိဘူးလို့ပဲ ကျွန်တော်တို့ အမြဲစောင့်ထိန်းလာခဲ့တယ်၊ သခင့်ကိုယုံကြည်ခြင်းဟာ သမ္မာကျမ်းစာကနေ သွေဖည်သွားလို့မဖြစ်ဘူးလို့ ကျွန်တော်တို့ယုံကြည်တယ် သမ္မာကျမ်းစာမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအပြည့်အဝ ပါရှိတယ်၊ သမ္မာကျမ်းစာဟာ သခင်ပါပဲ သမ္မာကျမ်းစာအားဖြင့်၊ ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ဝင်ရလိမ့်မယ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာပေါ်မှာအခြေခံတယ်၊ အဲဒီကနေ သွေဖည်တာဟာ သခင်ကိုသစ္စာဖောက်တာပဲ ဒီလိုနားလည်ထားတာက မှားနေသလားဗျာ

အဖြေ- ခင်ဗျားတို့အားလုံးက၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာရှိတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအပြည့်အဝပါရှိတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာပြင်ပမှာ မပေါ်ထွန်းနိုင်ဘူးလို့ ပြောပါတယ် ဘာသာရေးလောကက ဒါကိုယုံကြည်ပါတယ် ကြည့်ရတာ၊ ဒီထင်မြင်ချက်ဟာ အဓိပ္ပာယ်ရှိတယ်လို့ ဘယ်သူကမှ တကယ်သေချာအောင် လေ့လာ မစီစစ်နိုင်သလိုပဲ အတိတ်မှာတုန်းက၊ ဖြစ်ပျက်သမျှတွေကို သမ္မာကျမ်းစာထဲကအတိုင်း ကျွန်တော်တို့ပြုမူဆက်ဆံခဲ့တယ် ကျွန်တော်မေးပါရစေ၊ ဘာသာရေးလောကရဲ့ ဒီထင်မြင်ချက်က သမ္မာကျမ်းစာ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ ကိုက်ညီပါရဲ့လား သခင်ယေရှု သမ္မာကျမ်းစာထဲမှာ တစ်ခါမှဒီလိုမျိုးတွေမပြောခဲ့ဖူးပါဘူး သန့်ရှင်းသောဝိညာဉ်တော်လည်း ဒီလိုမပြောခဲ့ပါဘူး အဲဒီတော့ ဒီအတွေးအခေါ်ဘယ်ကလာသလဲလို့ မေးစရာရှိတယ် ဒါကိုရှင်းပြဖို့မခက်ပါဘူး ဒီအယူအဆဟာ သေချာပေါက် လူ့ရဲ့စိတ်ကူးကနေလာတယ်လို့ ပြောလို့ရပါတယ် ဒီလိုဘာကြောင့်ကျွန်တော်ပြောရပါသလဲ ကျွန်တော်တို့အားလုံးသိကြပါတယ်၊ သမ္မာကျမ်းစာ၂စောင်လုံးဟာ ဘုရားသခင်ရဲ့အမှုတော်အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားတယ် ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်အတွင်းက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေကို၊ သမ္မာကျမ်းစာထဲမှာ အားလုံးမှတ်တမ်းတင်ထားတယ်လို့ ဘယ်သူပြောရဲပါသလဲ ပညတ်တော်ခေတ်ထဲမှာ ပရောဖက်တွေ ကနေတဆင့် ဟောခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အားလုံးနဲ့ ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်အားလုံးဟာ သမ္မာကျမ်းစာထဲမှာ ရှိတယ်လို့ ပြောဝံ့ပါသလား တကယ်တော့၊ ခင်ဗျားတို့အားလုံး ပညတ်တော်ခေတ်ထဲက ပရောဖက်အများစုရဲ့ မှတ်အုပ်တွေလည်း သမ္မာကျမ်းစာထဲမှာ မပါရှိပါဘူး ဒါကိုအများစုက ဝန်ခံခဲ့ပါတယ် သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေအများကြီး သမ္မာကျမ်းစာထဲမှာ မှတ်တမ်းမတင်ထားတာကို ကောင်းကောင်းသတိထားမိကြပါတယ် သမ္မာကျမ်းစာထဲက သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေဟာ၊ ရေခဲတုံးကြီးရဲ့ ထိပ်ဖျားလေးလောက်ပဲရှိပါတယ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ကျွန်တော်သွားသတိရမိတယ် “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) သမ္မာကျမ်းစာမှာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေအားလုံးမပါရှိဘူးလို့ ဒီကျမ်းပိုဒ်က ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ် သမ္မာကျမ်းစာဟာ တကယ်တော့ အရမ်းကန့်သတ်ထားတဲ့ စာရင်းတစ်ခုပါ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးဟာ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ ဒါဟာ အချက်အခက်အားလုံးနဲ့ ဆန့်ကျင်နေတာပဲ မဟုတ်ဘူးလား ဒီသဘောနဲ့သာဆို ခင်ဗျားတို့ဟာလူလိမ်တွေပဲ မဟုတ်ဘူးလား သခင်ယေရှုက သူပြန်ကြွလာဦးမယ်လို့ ကြိုပြောထားပါတယ် ပြန်လည်ကြွလာမယ့် သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာထဲမှာ ကြိုတင်မှတ်တမ်းတင်ထားမှာလဲ ဒါဟာမဖြစ်နိုင်တာပဲ ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိသင့်တယ် သမ္မာကျမ်းစာဟာ အတိတ်က ဘုရားသခင့်အမှုတော်တွေရဲ့ မှတ်တမ်းတစ်ခုပါပဲ ဓမ္မဟောင်းကျမ်းရေးခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက၊ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို အခုကျွန်တော့်ကိုပြောပါ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေ အလိုအလျောက် ရေးထားပါ့မလား မဖြစ်နိုင်တာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေကို သမ္မာကျမ်းစာထဲမရောက်ခင် ပြုစုရေးသားရသေးတယ် နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားသခင့်အိမ်တော်ကနေစပြီး စီရင်ခြင်းအမှုကို စတင်လုပ်ဆောင်ဖို့ ပြန်ကြွလာခဲ့ပြီ၊ ပြီးတော့၊ လူသားတွေကိုကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြခဲ့တယ် ဒီသမ္မာတရားတွေက သမ္မာကျမ်းစာထဲမှာ အလိုအလျောက်ပေါ်လာနိုင်မှာလား မဖြစ်နိုင်တာ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို နိုင်ငံတော်ခေတ်ရဲ့ သမ္မာကျမ်းစာ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲမှာ ပြုစုရေးသားထားပါတယ် ဒီနိုင်ငံတော်ခေတ်ရဲ့ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ဖော်ပြချက်တွေကလွဲလို့ လူတွေရဲ့စကားတွေ ဘာတစ်ခုမှ ဒီအထဲမှာမပါပါဘူး ကျွန်တော်တို့က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟာ နောက်ဆုံးသောကာလထဲမှာ ဘုရားသခင် ပေးသနားတဲ့ အသက်ရဲ့ထာဝရလမ်းလို့ ပြောကြပါတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာအားလုံးရှိတယ်၊ ပြီးတော့ ဘုရားသခင့်နှုတ်ကပတ်တော်နဲ့ အမှုတော်တွေ အခြားမှာမရှိဘူးဆိုတဲ့အမြင်ဟာ မမှန်ပါဘူး၊ ယုတ္တိမရှိပါဘူး၊ ပြီးတော့ လူတွေရဲ့အယူအဆနဲ့ စိတ်ကူးသက်သက်ပါပဲ

ဒီထက်ပိုရှင်းရှင်းလင်းလင်းသိရအောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်လိုက်ကြစို့ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))

“ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။...ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း)

“သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။...ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။...မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

သမ္မာကျမ်းစာအားဖြင့်သာ ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရလိမ့်မယ်လို့ ခင်ဗျားအခိုင်အမာပြောတယ် ကျွန်တော်မေးပါရစေ၊ ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာထဲမှာ သက်သေရှိပါသလား သခင်ယေရှုကပြောခဲ့တာလား သန့်ရှင်းသောဝိညာဉ်တော်က ပြောခဲ့တာလား ဒီတော့၊ ဒီအတွေးအခေါ်ဘယ်ကလာပါသလဲ ဒီအတွေးအခေါ်နဲ့ပတ်သက်ပြီး ပြဿနာကြီးတစ်ခုရှိပါတယ် သမ္မာကျမ်းစာဟာ လူအားဖြင့် ရေးသားပြုစုခဲ့တာပါ၊ ဘုရားသခင်မဟုတ်ပါဘူး ဒါကြောင့်၊ အချို့အရာတွေကျန်ခဲ့တာ၊ အမှားရှိတာဟာ သဘာဝပါပဲ လူဟာ ဘုရားသခင်ဆီက ကယ်တင်ခြင်းနဲ့ ပြည့်စုံခြင်း မရရှိသေးတော့၊ သမ္မာတရားနဲ့ ကင်းကွာနေတာပေါ့ လူဟာ ဘုရားသခင်ဆီကလာတဲ့အရာနဲ့ လူဆီကလာတဲ့အရာကို ခွဲခြားမပြောနိုင်ဘူး လူတွေရဲ့သက်သေခံချက် အတွေ့အကြုံတွေ သွေဖည်နေတာတောင် သတိမူနိုင်စွမ်းနည်းကြတယ် အဲဒီလို၊ သမ္မာတရားနဲ့ ခွဲခြားသိမြင်နိုင်စွမ်းမရှိတာကြောင့်၊ လူတွေဟာ သူတို့ကြိုက်တာတွေကို သူတို့စိတ်ကူးထဲကအတိုင်း မကြာခဏရွေးချယ်တတ်ကြတယ်၊ ပြီးတော့၊ ဘုရားသခင်ဆီကလာပြီး သူတို့အတွေးနဲ့မကိုက်ညီတဲ့အရာတွေကို ချန်ထားတတ်ကြတယ် လူဟာ မှားလေ့မှားထရှိပါတယ် အဲဒါကြောင့်၊ လူတွေဟာ သမ္မာကျမ်းစာကို ရေးသားပြုစုနေတုန်း သေချာပေါက်အမှားတွေလုပ်ခဲ့တာပဲ ကျွန်တော်တို့ယုံကြည်ခြင်းကို သမ္မာကျမ်းစာအပေါ်မှာပဲ အခြေခံမယ်ဆိုရင်၊ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်မလားဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ သမ္မာကျမ်းစာအားဖြင့်သာလျှင် လူဟာဘုရားသခင့်နိုင်ငံတော်ကို ဝင်နိုင်မယ်လို့ သခင်ယေရှု ဘယ်တုန်းကမှမပြောခဲ့ပါဘူး ကိုယ်တော့်နိုင်ငံတော်ကိုဝင်ဖို့အတွက်၊ ကိုယ်တော်က “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) သခင်ယေရှုက ရှင်းရှင်းလေးပြောထားပါတယ်၊ ကောင်းကင်အဖရဲ့အလိုတော်ကို ဆောင်သောသူသာလျှင် ကောင်းကင်နိုင်ငံတော်ကိုဝင်စားရပါမယ် သမ္မာကျမ်းစာကိုဖက်တွယ်ထားမှသာ၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဝင်နိုင်မယ်လို့ ပြောတဲ့သူတွေကို၊ ကျွန်တော်မေးပါရစေ၊ အဲဒါကိုစွဲကိုင်ထားတာဟာ ကောင်းကင်အဖရဲ့ အလိုတော်ဟုတ်ရဲ့လား သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်နေရာမှာ သမ္မာကျမ်းစာက အစားဝင်ပေးလို့ရလား သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်မရှိဘဲနဲ့၊ လူဟာကယ်တင်ခြင်းရနိုင်ပါ့မလား သမ္မာကျမ်းစာတစ်ခုတည်းနဲ့ လူတွေရဲ့ ဖောက်ပြန်တတ်တဲ့စိတ်သဘောထားတွေကို သန့်စင်စေနိုင်ပါ့မလား သမ္မာကျမ်းစာက သူ့ဘဝ စိတ်သဘောထားကို ပြောင်းလဲနိုင်မှာတဲ့လား သမ္မာကျမ်းစာကိုပဲ နားလည်နေရုံနဲ့ လူက ဘုရားသခင်ကိုသိပြီတဲ့လား အားလုံးသိတဲ့အတိုင်း၊ ဖာရိရှဲတွေဟာ သမ္မာကျမ်းစာကို နားလည်ကြတယ် ဒါပေမဲ့၊ ဘာလို့သူတို့ သခင်ယေရှုကို ကားတိုင်တင်ကြသလဲ သခင်ယေရှုပြန်ကြွလာတဲ့အခါ၊ သူဘာလို့ သမ္မာကျမ်းစာကို အကုန်အစင် အနက်ဖွင့်နိုင်တဲ့ ဖာရိရှဲတွေကို ကျိန်ဆိုရတာလဲ သမ္မာကျမ်းစာကို ဖက်တွယ်ထားရုံနဲ့ ဘုရားသခင်ရဲ့အသံတော်ကိုသိပြီတဲ့လား ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ချီဆောင်ခြင်းခံသွားရပြီတဲ့လား သင့်ကို သိုးသငယ်ရဲ့စားပွဲကို ခေါ်ဆောင်သွားပြီတဲ့လား ဒီမေးခွန်းတွေရဲ့အဖြေ ခင်ဗျားတို့မှာရှိရဲ့လား သခင်ယေရှုက “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ခင်ဗျားတို့က သမ္မာကျမ်းစာကို ပြန်ကြွလာမည့် သခင်ရယ်၊ နှုတ်ကပတ်တော်တွေနဲ့ ကိုယ်တော့်အမှုတော်တွေနဲ့ အစားထိုးပစ်လိုက်ကြတယ် ဒါဟာ သခင်ကို သစ္စာဖောက်တာပဲမဟုတ်ဘူးလား ခင်ဗျားတို့ဟာ သခင်ရဲ့အစေခံလား၊ သမ္မာကျမ်းစာရဲ့အစေခံလား ခင်ဗျားတို့က သခင့်အစေခံနေတာလား၊ သမ္မာကျမ်းစာရဲ့အစေခံနေတာပါလား သူတို့ရဲ့ကြားက ဆက်သွယ်မှုကို သဘောမပေါက်ရင်၊ ကိုယ်တော့်ကိုသိဖို့ ဘယ်လိုလုပ်မျှော်လင့်နိုင်တော့မှာလဲ သခင်ယေရှုက ရှင်းရှင်းလေးပြောထားပါတယ်၊ ထာဝရအသက်ကိုရနိုင်ဖို့ သမ္မာကျမ်းစာကို မျက်စိစုံမှတ်ယုံကြည်ပြီး၊ သခင့်ကိုနာခံဖို့နဲ့ ကိုးကွယ်ဖို့တော့ ပျက်ကွက်နေတယ် ဒါဟာ ဖာရိရှဲတွေ လျှောက်ခဲ့တဲ့လမ်းစဉ်ပဲ မဟုတ်ဘူးလား ဖာရိရှဲတွေဟာ သခင့်ကိုမဟုတ်ဘဲ သမ္မာကျမ်းစာကို ကိုးကွယ်ခဲ့ကြတယ်မဟုတ်လား သခင့်ကို ကားတိုင်တင်ခဲ့ပြီး သခင့်ကို ကျိန်ဆဲစေခဲ့တယ်မဟုတ်ဘူးလား ဒါဟာအမှန်တရားပဲ၊ ဒါကို ဘယ်လိုမှငြင်းလို့မရပါဘူး သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဝင်မယ်လို့ ခင်ဗျားပြောတယ်နော်၊ ဒါဟာယုတ္တိမဲ့တာ မဟုတ်လား နှစ်ပေါင်းများစွာ အကြီးအကဲအဖြစ်၊ သင်းအုပ်အဖြစ် အမှုတော်ဆောင်ခဲ့ပြီးမှ ဒီလိုယုတ္တိမရှိတဲ့အမြင်တွေကို ဆွဲကိုင်ထားတုန်းပဲ သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေနဲ့ ဘာများကွာသေးလို့လဲ နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့တာတောင်၊ ခုထိနားမလည်နိုင်သေးဘူးလား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တဲ့နောက်တော့၊ ကျွန်တော်တို့ သခင့်အလိုတော်ကို သိသင့်ပါတယ် ကိုယ်တော့်ပြန်ကြွလာခြင်းဟာ သူ့နိုင်ငံတော်ဆီ သန့်ရှင်းသူတွေကို ခေါ်ဆောင်သွားဖို့ဖြစ်တယ် သန့်ရှင်းသူတွေကို သခင်ဘယ်လိုခေါ်ဆောင်သလဲဆိုတာ ကျွန်တော်တို့ တစ်ယောက်မှ သေချာသိပ်မသိကြဘူး သခင်ယေရှုကပြောခဲ့ပါတယ် သတို့သားရဲ့အသံကို ကြားတဲ့ ပညာရှိကညာပျိုတွေဟာ၊ သခင်နဲ့အတူ စားပွဲကိုဝင်ရလိမ့်မယ်တဲ့ ဒါက နောက်ဆုံးသောကာလ သခင်ပြန်ကြွလာတဲ့အခါ၊ ကိုယ်တော့်အသံတော်ကိုကြားတဲ့သူတိုင်းနဲ့၊ ကိုယ်တော်နဲ့အတူ စားပွဲကိုဝင်တဲ့သူတွေဟာ ကိုယ်တော့်နိုင်ငံတော်ကို ခေါ်ဆောင်သွားခြင်းခံရမယ်ဆိုတာကို သက်သေပြတာပဲ သခင့်အသံတော်ကိုကြားတဲ့သူတွေဟာ တကယ့်ကိုကောင်းချီးအခံရဆုံးသူတွေပါပဲ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်နိုင်တာဟာ သခင့်အသံတော်ကို မှတ်မိစေနိုင်ပါသလား အဲဒါကိုအလွတ်မှတ်နိုင်တာနဲ့ သခင့်အသံတော်ကို သိနိုင်ပါသလား ဖာရိရှဲတွေ ကျက်မှတ်ခဲ့တယ်၊ ပြီးတော့ အနက်တောင်ဖွင့်နိုင်ကြတယ်၊ ဒါတောင် ကိုယ်တော့်ကို ကားတိုင်တင်ခဲ့ကြသေးတယ်၊ ဘာမှားသွားတာလဲ ဒါကြောင့်၊ ရှင်းပါတယ်၊ သမ္မာတရားကိုချစ်ပြီး ဘုရားသခင့်အသံတော်ကို ကြားတဲ့သူတွေပဲ သခင့်ကို ကြိုဆိုကြမှာ၊ ပြီးတော့ ကိုယ်တော့်ဆီက အသက်ကိုလက်ခံရရှိမှာလေ၊ သူတို့ကိုပဲ ကောင်းကင်နိုင်ငံတော်ကို ခေါ်ဆောင်သွားမှာပါ

ကျွန်တော့်သခင် ဘယ်သူလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်လို့ ကျွန်တော်တို့ထင်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေ သမ္မာကျမ်းစာအပြင် တခြား ဘယ်မှာမှမရှိနိုင်ပါဘူး အဲဒါကြောင့်၊ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်မှုဟာသမ္မာကျမ်းစာကိုပဲအခြေခံရမှာပါ ဒါမှားပါသလား

နောက်တစ်ခုသို့- မေးခွန်း (၈) ဘာသာရေးလောကက နှစ်ပေါင်းထောင်ချီပြီး၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်၊ သခင့်ကိုကိုယ်စားပြုတယ်လို့ ယုံကြည်ခဲ့ကြတာ သမ္မာကျမ်းစာဟာ ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်ဆိုတာကို ငြင်းဆန်တဲ့သူတိုင်းဟာ အပြစ်စီရင်ခြင်းနဲ့ မိစ္ဆာဒိဌိလို့သမုတ်ခြင်းခံရမယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။