မေးခွန်း (၈) ဘာသာရေးလောကက နှစ်ပေါင်းထောင်ချီပြီး၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်၊ သခင့်ကိုကိုယ်စားပြုတယ်လို့ ယုံကြည်ခဲ့ကြတာ သမ္မာကျမ်းစာဟာ ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်ဆိုတာကို ငြင်းဆန်တဲ့သူတိုင်းဟာ အပြစ်စီရင်ခြင်းနဲ့ မိစ္ဆာဒိဌိလို့သမုတ်ခြင်းခံရမယ်

အဖြေ- ဘာသာရေးလောကက လူအတော်များများယုံကြည်တာက သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူတဲ့ ကိုယ်တော့်နှုတ်ကပတ်တော်တွေပါပဲ ဒါဟာ အရှင်းကြီးကို မှားယွင်းတဲ့အယူအဆပါပဲ သမ္မာကျမ်းစာထဲက တမန်တော်တွေရဲ့ သက်သေခံချက်အားလုံး၊ ပြီးတော့ စာလွှာတွေအားလုံးမှာ စာရေးသူကိုဖော်ပြထားပါတယ် သမ္မာကျမ်းစာကို မတူညီတဲ့အချိန်တွေမှာ လူတွေကရေးသားခဲ့တာပါ ဘယ်လိုလုပ်ပြီး သူတို့ရဲ့သက်သေခံချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအဖြစ် တည်ဆောက်ဖန်တီးတာဖြစ်နိုင်မှာလဲ ဘာသာရေးလောကရဲ့ အတွေးအတိုင်းသာ ကျွန်တော်တို့သွားနေရင်၊ စာရေးသူတွေအားလုံးဟာ လူသားတွေပဲဆိုတာရှင်းနေရက်နဲ့ သူတို့စကားတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဖြစ်သွားတယ် ဒါဘယ်လိုယုတ္တိရှိသလဲ ဘုရားသခင်ဟာ လူတွေနဲ့ပကတိကွဲပြားခြားနားပါတယ်၊ ဘုရားသခင်တစ်ပါးတည်းသာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မြွက်ကြားနိုင်ပါတယ် လူတွေကတော့ လူစကားပဲပြောပါတယ် လူတွေရဲ့စကားကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်လို့ ကျွန်တော်တို့ အခိုင်အမာပြောနေဦးမယ်ဆိုရင် ကျွန်တော်တစ်ခုမေးပါရစေ၊ သမ္မာကျမ်းစာရဲ့ စာရေးသူတွေဟာ ဘုရားသခင် ဖြစ်နိုင်သလား သူတို့ကိုယ်သူတို့ ဘုရားသခင်လို့ အခိုင်အမာဆိုခဲ့ကြလား သူတို့စကားတွေအားလုံးဟာ ဘုရားသခင်မှုတ်သွင်းတော်မူတယ်လို့ အခိုင်အမာဆိုခဲ့ကြလား ဒီမေးခွန်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ဘယ်လိုပြောမလဲ သူတို့အားလုံးဟာ ဘုရားသခင်ပဲလို့ ပြောနေမယ်ဆိုရင်၊ ခင်ဗျားအမှန်တရားကို ဆန့်ကျင်နေတာပဲ၊ ဘာလို့လဲဆိုရင် ဘုရားသခင် တစ်ဆူတည်းရှိပါတယ် သူတို့တွေဟာ လူတွေပဲဆိုတာ ရှင်းနေရက်သားနဲ့ သူတို့ကို ဘုရားသခင်လို့ ခင်ဗျားထပ်တလဲလဲပြောနေသေးတယ် ဒါဟာ ဘုရားကိုပြစ်မှားတာပဲ ဒါဟာ သေလောက်တဲ့အပြစ်ပဲ သူတို့ကို လူတွေလို့လက်ခံထားပြီး၊ သူတို့စကားတွေကျတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်လို့ ဆက်ခံယူနေဦးမယ်ဆိုရင်၊ ဒါဟာအမှန်တရားကို လိုရာဆွဲပြောတာပဲ၊ ပြီးတော့၊ ဘုရားသခင်ကို ပြစ်မှားစော်ကားတာနဲ့ အတူတူပဲ သမ္မာကျမ်းစာထဲမှာ၊ မောရှေနဲ့ ပရောဖက်တွေကလွဲလို့ ဘယ်သူ့ကိုမှ ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို တဆင့်ပြောဖို့ မပြောခဲ့ပါဘူး။ သူတို့ရဲ့အရေးအသားတွေမှာလည်း ဘုရားသခင်မှုတ်သွင်းတော်မူတယ်လို့ မပြောခဲ့ပါဘူး ဒီလူတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ပြောနေခဲ့တာပဲလို့ တစ်ယောက်ယောက်က သက်သေမရှိပဲ အခိုင်အမာပြောရင်၊ တကယ်တော့ အဓိပ္ပါယ်မရှိတာတွေကို အရှက်မဲ့စွာပြောနေတာပဲ ကျမ်းစာနှစ်ခုလုံးရဲ့ စာရေးသူတွေဟာ ဘုရားသခင်အသုံးပြုတဲ့သူတွေပါပဲ ပြီးတော့ အဲဒီအချိန်တုန်းက ဘုရားသခင်ရဲ့အမှုတော်တွေကို ကြုံတွေ့ခဲ့တဲ့သူတွေပါ သူတို့ဟာ ဘုရားသခင်ကိုသိကြပြီးတော့၊ သူတို့နှလုံးသားထဲမှာ ဝန်ထုပ်တွေရှိကြတယ် သူတို့ရဲ့အတွေ့အကြုံတွေနဲ့ သက်သေခံချက်တွေကို ရေးချပြီး၊ အသင်းတော်တွေက သန့်ရှင်းသူတွေဆီကို ဖြန့်လိုက်ကြတယ် ဒါဟာအမှန်တရားပဲ ဒါပေမဲ့၊ တချို့က ဒါတွေကို စိတ်ဓာတ်မြှင့်တင်ပေးတယ်၊ သာမာန်လူတွေရဲ့ သက်သေခံချက်ထက် ပိုမြင့်တယ်လို့ ခံစားကြတယ်၊ ဒါကြောင့် မျက်စိမှိတ်လိုက်နာခဲ့ပြီး ကိုးကွယ်ကြတော့တာပေါ့၊ သူတို့ရဲ့စကားတွေဟာ ဘုရားသခင်ဆီကလာတာပဲဖြစ်မယ်လို့တွေးပြီးတော့ပေါ့၊ ဘာလို့လဲဆိုရင် ဒီလိုတွေကို ဘယ်သူကမှ မရေးနိုင်ခဲ့ကြဘူးလေ အဲလိုနဲ့ အယူဝါဒမှားတွေနဲ့ အယူအဆအမှားတွေ ဖြစ်ပေါ်လာတာ၊ ပြီးတော့ ဒီအယူမှားတွေနဲ့ အယူအဆအမှားတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကုန်ပြီး၊ လူအများစုက အတည်ယူခဲ့ကြတယ် နောက်ဆုံးတော့၊ ဘာသာရေးသမားတွေရဲ့ အယူအဆတွေပဲ ဖြစ်သွားတယ် ဒါကြောင့်ဖြစ်တဲ့ ပျက်စီးမှုကကြီးမားလွန်းပါတယ် အနန္တတန်ခိုးရှင် ဘုရားသခင်သာ မကြွလာသေးရင်၊ ဘယ်သူတွေက ဒါကိုသတိမူမိမှာလဲ လူအများစုက ဒီအရာတွေအားလုံးဟာ သမ္မာကျမ်းစာနဲ့ ဘုရားသခင့်နှုတ်ကပတ်တော်နဲ့ ကိုက်ညီရမယ်လို့ပြောပေမဲ့၊ ဘယ်သူကမှ ဘုရားသခင့်နှုတ်ကပတ်တော်နဲ့ ကိုက်ညီမညီ မခွဲခြားကြည့်ခဲ့ကြဘူး၊ ဘယ်သူကမှ သမ္မာတရားကိုမရှာဖွေခဲ့ကြဘူး၊ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တရားတွေကိုစေ့စေ့စပ်စပ် မကြည့်ရှု မစစ်ဆေးခဲ့ကြဘူး

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်လိုက်ကြရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။...အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။” “သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိုလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖောပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))

ဤနှုတ်ကပတ်တော်များ ဖတ်ခြင်းအားဖြင့် ကျွန်တော်တို့ အားလုံး တွေ့မြင်နိုင်သည်မှာ သမ္မာကျမ်းစာ ရှိရှိသမျှက ဘုရားသခင် မှုတ်သွင်းတော်မူခြင်း မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များလည်း မဟုတ်ပါ။ သမ္မာကျမ်းစာ၏ မည်သည့်အပိုင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး၊ မည်သည့်အပိုင်းက လူများ၏ စကားဖြစ်ကြောင်းကို ခွဲခြားသိမြင်နိုင်သည့် သူများအတွက်က ရှင်းပါသည်။ ကျမ်းစာတစ်အုပ်ချင်းစီတိုင်းမှာ ရေးသားသူ၏ အမည်ပေး ထားပါသည်။ ပြီးလျှင် သမ္မာကျမ်းစာ၏ မည်သည့်အပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ပါရှိကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ သို့ပါက မျက်တောင်တစ်ချက် မခတ် လူများနှင့် စာတန်၏စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဟု လူများ မည်သို့ ဆက်ပြီး ခံယူကြသနည်း။ ဤသည်မှာ မျှမျှတတပြောခြင်း ဟုတ်ပါသလား။ ယုံကြည်သူများသာ သမ္မာကျမ်းစာထဲက လူများ၏စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဟု အခိုင်အမာပြောနေသေးပါက၊ ဘုရားသခင် မည်သို့ခံစားရမည်ဟု သင်တို့ထင်ပါသနည်း။ ဘုရားသခင်အတွက် တရားပါသလား။ ဤသည်မှာဘုရားသခင်ကို ပြစ်မှားခြင်း၊ ပုတ်ခတ်ပြောဆိုခြင်းသာ ဖြစ်သည် မဟုတ်ပါလား။ လူများ၏စကားက ဘုရားသခင်၏မျက်စိထဲမှာ မည်သို့လေးနက်နိုင်မည်နည်း။ ကျွန်တော်တို့ ခဏမျှအချိန်ယူပြီး မစဉ်းစားကြည့်သင့်ပါလား။ လူများ၏စကားကို ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ လူများ၏ အနှစ်သာရနှင့် ဘုရားသခင်၏ အနှစ်သာရ မတူပါ။ ထိုကဲ့သို့ပင်၊ လူများ၏စကားကလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အများကြီး ကွာခြားပါသည်။ လူများ၏ စကားအားဖြင့် ဉာဏ်အလင်းရခြင်းက သမ္မာတရားနှင့် ကိုက်ညီပါက၊ ဤသည်မှာ တကယ့်ကို ရလဒ်ကြီးကြီးတစ်ခုဖြစ်ပါသည်။ လူများ၏စကားသာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုမရှိပါက၊ ဤသည်မှာ အယူမှားနှင့် အလိမ်အညာများ မဟုတ်ပါလား။ ဘုရားသခင်၏ ယုံကြည်သူများက ဤအရာကိုမမြင်နိုင်ပါက၊ ကျွန်တော်စိုးရိမ်မိသည်။ သူတို့က အလွန်မိုက်မဲပြီး၊ မာနထောင်လွှားကြသည့် သူများ ဖြစ်လေသည်။ ယနေ့ ဘာသာရေးလောကက သမ္မာကျမ်းစာထဲက လူများ၏စကားကို ဘုရားသခင်၏နှုတ်ကပတ်တော်ဟု မှတ်ယူနေ ကြသည်။ ဤသည်မှာ ဘာသာရေးလောကထဲက မည်သည့်သူကမှ ဘုရားသခင်ကို မှန်မှန်ကန်ကန်မသိကြကြောင်းကို ပြနေခြင်း ဖြစ်သည်။ ဘာသာရေး လောကက ခေါင်းဆောင်အများစုက သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများဖြစ်ပါသည်။ ဘုရားသခင်ကို အမှန်သိသည့်သူများက၊ သမ္မာကျမ်းစာ ရှိရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြစ်ပြီး အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်ဟု မျက်စိစုံမှိတ် ကိုးကွယ်နေမည်မဟုတ်ပါ။ ဘုရားသခင်ကဲ့သို့ သမ္မာကျမ်းစာကို သူတို့ ဆက်ဆံမည်မဟုတ်ပါ။ ဘာသာရေးလောကက သမ္မာကျမ်းစာ ရှိရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ကိုယ်စား ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဘာသာရေးလောက၏ ယုတ္တိမရှိဆုံးသော အယူမှားတစ်ခုဖြစ်ပါသည်။ ယခုအခါတွင် ကျွန်တော်တို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

ကျွန်တော့်သခင် ဘယ်သူလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၇) ခင်ဗျားပြောတာက၊ သခင်ယေရှု ရောက်ရှိနေပြီ၊ သူဟာအနန္တတန်ခိုးရှင် ဘုရားသခင်ပဲ၊ ပြီးတော့ တရားစီရင်ခြင်းအမှုတော်တွေ လုပ်ဆောင်နေပြီတဲ့၊ ဒါမဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ ရှိတယ်၊ သမ္မာကျမ်းစာရဲ့အပြင်မှာ မရှိဘူးလို့ပဲ ကျွန်တော်တို့ အမြဲစောင့်ထိန်းလာခဲ့တယ်၊ သခင့်ကိုယုံကြည်ခြင်းဟာ သမ္မာကျမ်းစာကနေ သွေဖည်သွားလို့မဖြစ်ဘူးလို့ ကျွန်တော်တို့ယုံကြည်တယ် သမ္မာကျမ်းစာမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအပြည့်အဝ ပါရှိတယ်၊ သမ္မာကျမ်းစာဟာ သခင်ပါပဲ သမ္မာကျမ်းစာအားဖြင့်၊ ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ဝင်ရလိမ့်မယ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာပေါ်မှာအခြေခံတယ်၊ အဲဒီကနေ သွေဖည်တာဟာ သခင်ကိုသစ္စာဖောက်တာပဲ ဒီလိုနားလည်ထားတာက မှားနေသလားဗျာ

နောက်တစ်ခုသို့- မေးခွန်း (၉) သမ္မာကျမ်းစာဟာ သခင့်အပေါ်ကျွန်တော်တို့ ယုံကြည်ခြင်းရဲ့ အခြေခံပဲ ဒီနှစ် နှစ်ထောင်အတွင်းမှာ ယုံကြည်သူအားလုံးဟာ သူတို့ရဲ့ယုံကြည်ခြင်းကို သမ္မာကျမ်းအစာအပေါ်မှာပဲ အခြေခံခဲ့ကြတယ် အဲဒါကြောင့် သမ္မာကျမ်းစာဟာ သခင့်ကို ကိုယ်စားပြုတယ်လို့ ကျွန်တော်ယုံကြည်တယ် တစ်ခုကိုယုံတာဟာ အခြားတစ်ခုကိုယုံတာပါပဲ ဘယ်လိုပဲဖြစ်ဖြစ်၊ သမ္မာကျမ်းစာကနေ ကျွန်တော်တို့ သွေဖည်သွားလို့ မဖြစ်ဘူး သမ္မာကျမ်းစာမရှိဘဲ ကျွန်တော်တို့ယုံကြည်ခြင်း ဘယ်လို ကျင့်ကြံမှာလဲ ဒါဟာ ယုံကြည်ခြင်းတောင် ဟုတ်ရဲ့လား ဒီလိုပုံစံမျိုးနဲ့ ယုံကြည်ခြင်းကို ကျင့်ကြံတာဟာ ဘာများမှားနေလို့လဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။