မေးခွန်း (၉) သမ္မာကျမ်းစာဟာ သခင့်အပေါ်ကျွန်တော်တို့ ယုံကြည်ခြင်းရဲ့ အခြေခံပဲ ဒီနှစ် နှစ်ထောင်အတွင်းမှာ ယုံကြည်သူအားလုံးဟာ သူတို့ရဲ့ယုံကြည်ခြင်းကို သမ္မာကျမ်းအစာအပေါ်မှာပဲ အခြေခံခဲ့ကြတယ် အဲဒါကြောင့် သမ္မာကျမ်းစာဟာ သခင့်ကို ကိုယ်စားပြုတယ်လို့ ကျွန်တော်ယုံကြည်တယ် တစ်ခုကိုယုံတာဟာ အခြားတစ်ခုကိုယုံတာပါပဲ ဘယ်လိုပဲဖြစ်ဖြစ်၊ သမ္မာကျမ်းစာကနေ ကျွန်တော်တို့ သွေဖည်သွားလို့ မဖြစ်ဘူး သမ္မာကျမ်းစာမရှိဘဲ ကျွန်တော်တို့ယုံကြည်ခြင်း ဘယ်လို ကျင့်ကြံမှာလဲ ဒါဟာ ယုံကြည်ခြင်းတောင် ဟုတ်ရဲ့လား ဒီလိုပုံစံမျိုးနဲ့ ယုံကြည်ခြင်းကို ကျင့်ကြံတာဟာ ဘာများမှားနေလို့လဲ

အဖြေ- အများစုက သမ္မာကျမ်းစာက သခင်နှင့် ဘုရားသခင်ကို ကိုယ်စားပြုသည် ဟု ယုံကြည်ကြပြီး၊ သခင့်ကို ယုံကြည်ခြင်းက၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းနှင့် တူညီသည်ဟု ယုံကြည်ကြသည်။ လူများက ဘုရားသခင်ကို သမ္မာကျမ်းစာနှင့် တစ်တန်းတည်း ထားပစ်လိုက်ကြသည်။ သမ္မာကျမ်းစာကို သိမှတ်ဝန်ခံပြီး၊ ဘုရားသခင်ကို မဝန်ခံသည့်သူများပင် ရှိသည်။ သူတို့က သမ္မာကျမ်းစာကို အကြီးမြတ်ဆုံးဟု သတ်မှတ်ကြပြီး၊ ဘုရားသခင်၏ နေရာမှာပင် အစားထိုးလိုက်ကြသည်။ သမ္မာကျမ်းစာကို သိမှတ်ဝန်ခံပြီး၊ ခရစ်တော်ကို မဝန်ခံသည့် ဘာသာရေး ခေါင်းဆောင်များပင် ရှိကြသည်၊ ပြီးလျှင် သခင်၏ ဒုတိယအကြိမ် ပြန်လည်ကြွချီ လာခြင်းကို ဟောပြောသည့်သူများက မိစ္ဆာဒိဌိများသာ ဖြစ်သည်ဟု အခိုင်အမာ ပြောကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဘာသာရေးလောကက သမ္မာကျမ်းစာကို သိမှတ်ဝန်ခံဖို့ အထိလောက်သာ နစ်မြှပ်နေကြပြီး၊ သခင့်ပြန်အလာကို မယုံကြည်ကြသည်မှာ သိသာထင်ရှားလှသည်၊ သူတို့ကို ကယ်တင်၍ မရနိုင်ပါ။ ဘာသာရေးလောကက ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ သူတို့၏ရန်သူဟု သတ်မှတ်ထားသည့် အန္တိခရစ်များ ဖြစ်လာသည်မှာ ထင်ရှားနေပါသည်။ ဘာသာရေးခေါင်းဆောင်အများစုက သူတော် ကောင်းယောင်ဆောင်နေသည့် ဖာရိရှဲများ ဖြစ်ကြောင်းကို ငြင်း၍မရနိုင်ပါ။ အထူးသဖြင့်၊ “သခင့်ပြန်လည်ကြွချီ လာခြင်းကို ဟောပြောတဲ့သူတွေဟာ မိစ္ဆာဒိဌိတွေပဲ” ဟု ပြောသည့်သူများ အားလုံးက အန္တိခရစ်များ၊ နှင့် မယုံကြည်သူများ ဖြစ်ပါသည်။ လူအများစုက သခင့်အပေါ် ယုံကြည်ခြင်း ဆိုသည်မှာ မည်သည့် အရာဖြစ်ကြောင်း အတိအကျ မသိသည့် သဘောမှာ ရှိပါသည်။ သူတို့က ဤမရေရာသည့် ဘုရားသခင် အပေါ် သူတို့၏ ယုံကြည်ခြင်းကို “အများယုံကြည် လက်ခံသည့်အယူဝါဒ ယုံကြည်ခြင်း” ဟု ခေါ်နေကြပြီး၊ ဘုရားသခင်၏ နေရာမှာ သမ္မာကျမ်းစာကို အစားထိုး၍ပင် ယုံကြည်ကြသည်။ နောက်ဆုံးသော ကာလ၏ ခရစ်တော် လူ့ဇာတိခံယူခြင်းကိုပင် သူတို့က ငြင်းပယ်ပြီး ရှုတ်ချကြသည်။ ခရစ်တော်၏ဖော်ပြသည့် မည်သည့် သမ္မာတရားများကို မဆို ဥပေက္ခာပြုကြ၊ ငြင်းဆန်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ အတော် နက်နဲသည့် မေးခွန်းတစ်ခု ဖြစ်သည်။ ယခင်က သခင်ယေရှု သူ့အမှုတော်များ ပြုခဲ့သည့်အချိန်တွင်၊ ဂျုးလူမျိုးများက ထိုကဲ့သို့နည်းအတိုင်းပင် ပြုမူခဲ့ကြသည်။ ခရစ်တော် သူ့၏အမှုတော်များကို လုပ်ဆောင်ဖို့ ပေါ်ထွန်းမလာခင်တုန်းက၊ လူများအားလုံးက သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို သမ္မာကျမ်းစာအပေါ်မှာသာ လုံးဝအခြေခံထားကြသည်။ မည်သူ့ယုံကြည်ခြင်းက စစ်မှန်ပြီး၊ မည်သူ့ ယုံကြည်ခြင်းက မှားသည်၊ ပြီးလျှင် မည်သူက ဘုရားသခင်ကို အစစ်အမှန်နာခံနေပြီး၊ မည်သူက ကိုယ်တော်ကို ဆန့်ကျင်နေသည်ကို မည်သူကမှ မပြောနိုင်ကြပါ။ သခင်ယေရှုခရစ် လူ့ဇာတိခံယူပြီး၊ သူ့အမှုတော်များ ဆောင်ရွက်စဉ်က၊ လူအမျိုးမျိုးကို အဘယ့်ကြောင့် ဖော်ပြခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုး နှင့် ဉာဏ်ပညာ တို့ရှိပါသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်းလာပြီး၊ သူ၏အမှုတော်များကို ဆောင်ရွက်သည့်အခါ၊ ပညာရှိ သတို့သမီးများက သူ့အသံတော်ကို ကြားပြီး၊ ဘုရားသခင်၏ ခြေရာအတိုင်း တစ်သွေမတိမ်း လိုက်ကြသည်။ ထို့ကြောင့် သူတို့က ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို သဘာဝအလျောက် ဆောင်ယူသွားခြင်း ခံရသည့်သူများဖြစ်လာ ကြသည်။ မိုက်မဲသည့် သတို့သမီးများကမူ၊ သူတို့က သမ္မာတရားကိုသာ အခိုင်အမာ လက်ခံပြီး၊ နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို သတိမပြုနိုင်သည့်အတွက်၊ သူတို့က ထုတ်ဖော်ခံရပြီး၊ နှင်ထုတ်ခြင်းခံကြရသည်။ ယခုအခါတွင် သူတို့ပြောသည့် ယုံကြည်ခြင်းဟု ခေါ်သည့် အရာကို မြဲမြဲဆုပ်ကိုင်၊ တွယ်ကပ်ထားကြ သော်လည်း၊ ကပ် ဘေးကြီးများရောက်လာသည့်အခါ၊ ငိုကြွေး ပူဆွေးပြီး၊ အံကြိတ်ခြင်းနှင့် အဆုံးသတ်ရလိမ့်မည်။ သမ္မာကျမ်းစာကို တွယ်ကပ်ပြီး၊ သမ္မာတရားကို လက်မခံနိုင်သည့်သူများ၊ ကောင်းကင်ဘုံက ဘုရားသခင်ကို ယုံကြည်ပြီး လူ့ဇာတိခံယူသည့် ခရစ်တော်ကို လက်မခံသည့်သူများ အားလုံးက၊ မယုံကြည်သူများ ဖြစ်ပြီး၊ ဘုရားသခင်၏ ပယ်ရှင်းခြင်းခံရမဲ့သူများသာဖြစ်သည်ကို ဤအရာမှနေပြီး ကျွန်မတို့ မြင်တွေ့နိုင်ပါသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် က ဤအကြောင်းအရာနှင့် ပတ်သက်ပြီး မည်သည့်အရာ ပြောသည်ကို ကြည့်လိုက်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

သခင့်ကိုယုံကြည်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ သခင်နှင့် သမ္မာကျမ်းစာနှင့် ကြားမှ ဆက်နွယ်မှုမှာ မည်သည့်အရာ ဖြစ်သနည်း။ မည်သည့်အရာ အရင်လာသနည်း၊ သမ္မာကျမ်းစာလား၊ သခင်လား။ သို့ပါက ကယ်တင်ခြင်းအမှုကို မည်သူကဆောင်ရွက်သနည်း။ သမ္မာကျမ်းစာက သခင့်၏အမှုတော်ကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာကျမ်းစာက သခင့်ကိုကိုယ်စားပြု နိုင်ပါသလား။ သမ္မာကျမ်းစာကို လူများက မျက်စိမှိတ်ယုံနေကြပါက၊ ဤသည်မှာ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သည်ဟု ဆိုလိုပါသလား။ သမ္မာကျမ်းစာကို စွဲကိုင်ထားခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်း တို့ဖြင့် အဖိုးတူညီပါသလား။ သမ္မာကျမ်းစာကို စွဲကိုင်ထားခြင်းက သခင့်လမ်းကိုလိုက်ခြင်း ဖြစ်သည်ဟု ဆိုလိုနိုင်ပါသလား။ ထို့ကြောင့်၊ ကျွန်မတို့က သမ္မာကျမ်းစာကို အရာအားလုံးထက်ပိုပြီး ရှေးရှုပါက၊ သခင့်ကို ကြီးမြတ်ခြင်းအဖြစ် ကိုးကွယ်နေသည်ဟု ဆိုလိုပါသလား၊ သူတို့က သခင်ကိုချစ်ကြောက် ရိုသေပြီး၊ နာခံသည်ဟု ဆိုလိုပါသလား။ ဤပြဿနာများ၏ သမ္မာတရားကို မည်သူမျှ မမြင်ကြပါ။ နှစ်ပေါင်းများစွာ လူများသည် သမ္မာကျမ်းစာကို မျက်စိစုံမှိတ်ပြီး ကိုးကွယ်ကာ၊ သမ္မာကျမ်းစာကို သခင်နှင့် တစ်တန်းတည်းထား ရှိကြပါသည်။ အချို့က သခင်နှင့် သူ့အမှုတော်များ၏ နေရာမှာ အစားထိုးဖို့ပင် သမ္မာကျမ်းစာကို အသုံးပြုကြသည်၊ သို့သော်လည်း မည်သူမျှ သခင့်ကိုအမှန်မသိကြ၊ မနာခံကြပါ။ ဖာရိရှဲများက သမ္မာကျမ်းစာကို စွဲကိုင်ထားကြသောကြောင့် သခင်ယေရှုကို ကားတိုင်တင်ခဲ့ကြသည်။ ပြဿနာမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သမ္မာကျမ်းစာကို နားလည်ခြင်းက ဘုရားသခင်ကို သိကျွမ်းခြင်းဟု ဆိုလိုပါသလား။ သမ္မာကျမ်းစာကို စွဲကိုင်ခြင်းက သခင့်လမ်းကို လိုက်နေခြင်းဟု ဆိုလိုပါသလား။ ဖာရိရှဲများက သမ္မာကျမ်းစာ အနက်ဖွင့်ခြင်းကို ကျွမ်းကျင်သည့်သူများ ဖြစ်ပါသည်၊ သို့သော်လည်း သူတို့က ဘုရားသခင်ကို မသိကျွမ်းကြပါ။ ထိုအစား ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ပြီး၊ သမ္မာတရားကို ဖော်ပြသည့် သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲကြသည်။ ဤသည်မှာ အမှန်တရား မဟုတ်ပါသလား။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းက မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်ခြင်း၊ သမ္မာကျမ်းစာ ဗဟုသုတများကို နားလည်ခြင်း တို့က ဘုရားသခင်ကို သိကျွမ်းခြင်းအဖြစ် အရည်အချင်း ပြည့်မီပါသလား။ ယင်းမှာ အမှန်တရား ဖြစ်ပါက၊ ဖာရိရှဲများက သမ္မာကျမ်းစာကို အနက်ဖွင့်ခဲ့သည့်အချိန်တွင်၊ သခင်ယေရှုကို အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်ကြသနည်း။ လူတစ်ဦးက ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပြီး နာခံနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်သည့် အဓိကသော့ချက်မှာ လူ့ဇာတိခံ ခရစ်တော်ကို သိပြီးနာခံခြင်း ရှိမရှိ ဖြစ်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်က လူသားအားလုံးကို ထုတ်ဖော်ခဲ့ပါသည်၊ ဤသည်မှာ လူအများစု သတိမထားမိလိုက်ကြသည့် အရာ ဖြစ်သည်။ ဖာရိရှဲများကို သခင်ယေရှု ကျိန်ဆဲခြင်းက ဘုရားသခင်က လူသားအားလုံးကို ဖြောင့်မတ်ခြင်းနှင့် ဆက်ဆံကြောင်း သက်သေပင် ဖြစ်သည်။ လူတစ်ယောက်က သခင့်ကို မနာခံ၊ မကိုးကွယ်ဘဲ၊ သမ္မာကျမ်းစာကိုသာ မျက်စိမှိတ်ယုံကြည်ပြီး ကိုးကွယ်နေပါက၊ ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်သည်မှာ ရှင်းလင်းပါသည်။ လူတစ်ယောက်၏ ယုံကြည်ခြင်းက သမ္မာကျမ်းစာတစ်ခုတည်းကိုသာ လိုက်နာပြီး၊ သခင့်အတွက် သူတို့နှလုံးသားထဲမှာ နေရာမရှိပါက၊ သခင့်ကို ကြီးမြတ်သူကဲ့သို့ မကိုးကွယ်နိုင်ဘဲ၊ ကိုယ်တော့်နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်နိုင်ပါက။ ဘုရားသခင်၏အမှုတော်နှင့် လမ်းညွှန်မှုကို လက်မခံနိုင်ပါက၊ မနာခံနိုင်ပါက၊ ထိုသို့သော လူတစ်ယောက်သည် သူတော်ကောင်းယောင်ဆောင်နေသည့် ဖာရိရှဲသာ မဟုတ်ပါလား။ ထိုကဲ့သို့ လူမျိုးက ဘုရားသခင်ကို ရန်ဘက်ပြုနေသည့်၊ အန္တိခရစ်တစ်ယောက်သာ မဟုတ်ပေလား။ ထို့ကြောင့် ကျွန်မတို့က သမ္မာကျမ်းစာကိုသာ ဖက်တွယ်နေပါက၊ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို သေချာပေါက် ရရှိပြီဟု သေချာပေါက် မဆိုလိုပါ။ သမ္မာကျမ်းစာကို မျက်စိမှိတ်ကိုးကွယ်ပြီး၊ လိုက်နာသည်မှာ မှားသည်၊ ထိုသို့လုပ်ခြင်းဖြင့် သခင့်ထောက်ခံမှုကို ဧကန်မုချ မရရှိနိုင်ပါ။ ကျွန်မတို့က အဆုံးသတ်တွင် ဘုရားသခင်ကို နာခံနိုင်ရန်၊ ကိုးကွယ်နိုင်ရန် နှင့် ဘုရားသခင်၏ ရယူခြင်းကို ခံရရန် အလို့ငှာ၊ ဘုရားသခင်က လူသားကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့၊ စာတန်၏ စွမ်းအားကနေ ကယ်တင်ဖို့အတွက် လူ့ဇာတိခံယူပြီး၊ သမ္မာတရားကို ဖော်ပြခဲ့သည်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်က သူ့အမှုတော်များ လုပ်ဆောင်သည့် ရည်ရွယ်ချက်နှင့် အဓိပ္ပါယ် ဖြစ်ပါသည်။ ကျွန်တော်တို့ ယုံကြည်ခြင်း၏ သော့ချက်က သမ္မာတရားကို ရှာဖွေခြင်း၊ သခင့်နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားခြင်း နှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သို့ပါက့၊ ကျွန်တော်တို့ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို လက်ခံရရှိပြီး၊ ဘုရားသခင်ကို သိကျွမ်းကြလိမ့်မည်။ သို့မှသာ ဘုရားသခင်ကို ကျွန်မတို့ ချစ်ကြောက်ရိုသေပြီး၊ ကျွန်မတို့ နှလုံးသားတွင် သခင့်ကို ကြီးစွာ အလေးထားလိမ့်မည်။ ထို့အပြင် ကျွန်မတို့ စစ်မှန်သော နာခံခြင်းနှင့် ယုံကြည်ခြင်းရရှိမည်။ ဤသည်မှာကျွန်မတို့ သခင့်ကို ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်ပါသည်။ ဤနည်းဖြင့် ယုံကြည်ခြင်းကို လက်တွေ့ လုပ်ဆောင်ခြင်းသည် သာလျှင် ကျွန်မတို့သည် သခင့်ထောက်ခံမှုကို လက်ခံရရှိလိမ့်မည်။ ဤအရာ မှနေပြီး သမ္မာကျမ်းစာကို ယုံကြည်ခြင်း သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တန်ဖိုးမတူညီကြောင်းကို လူတိုင်း ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် ဘုရားသခင်နှင့် သမ္မာကျမ်းစာတို့ ကြားမှ ဆက်နွယ်မှုမှာ အဘယ်နည်း။ ဤမေးခွန်းနှင့် ပတ်သက်ပြီး သခင်ယေရှုက အလွန်ရှင်းလင်းစွာ ပြောထားသည်။ ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၅ အငယ် ၃၉-၄၀ ကို ကြည့်ပါ။ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” သမ္မာကျမ်းစာသည် ဘုရားသခင်ကို သက်သေခံခြင်းသာ ဖြစ်ကြောင်း သခင်ယေရှု၏ နှုတ်ကပတ်တော်များမှ အလွန်ရှင်းလင်းနေပါသည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့နှင့် ပတ်သက်ပြီး နည်းပါးသည့် အကြောင်းအရာသာ ပါဝင်သောကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့နှင့် ပတ်သက်ပြီး ဤနည်းပါးသည့် အကြောင်းအရာသည် ဘုရားသခင်ကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်၊ ကိုယ်တော်က အရာအားလုံး၏ သခင်ဖြစ်သည်။ ဘုရားသခင်၏ အသက်တာက အကန့်အသတ်မရှိသည့်အပြင်၊ မကုန်ခမ်းနိုင်ပါ။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် ပေါလျှံကြွယ်ဝခြင်းများကို လူတို့ မည်သည့်အခါမျှ မနားလည်နိုင်ပါ။ သမ္မာကျမ်းစာထဲက တွေ့ရသည့် ထိုနည်းပါးသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့က ဘုရားသခင်၏ ကျယ်ပြန့်သော အသက်ပင်လယ်ထဲက ရေတစ်ပေါက်မျှသာ ရှိပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်ကို မည်ကဲ့သို့ ကိုယ်စားပြုနိုင်မည်နည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မည်သို့ တန်းတူ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်က လူကို ကယ်တင်ရန် အမှုပြုနိုင်သည်၊ သမ္မာကျမ်းစာက လူကို ကယ်တင်ဖို့ အမှုပြုနိုင်ပါသလား။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြနိုင်သည်၊ သမ္မာကျမ်းစာက ထိုသို့ ပြုနိုင်သလား။ ဘုရားသခင်သည် လူကို အချိန်မရွေး ဉာဏ်အလင်းပေး၊ အလင်းပြပြီး၊ လမ်းပြနိုင်သည်၊ သမ္မာကျမ်းစာက ထိုသို့ ပြုနိုင်သလား။ မပြုနိုင်ပါ။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့က သမ္မာကျမ်းစာကို ဘုရားသခင်နှင့် တန်းတူထားပြီး၊ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု ထင်မြင် ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သေးငယ်အောင်လုပ်ခြင်း နှင့် ပြစ်မှားစော်ကားခြင်း တို့မဟုတ်ပါလား။ ကျွန်မတို့က သမ္မာကျမ်းစာကို ဘုရားသခင်၏ အမှုနေရာတွင် အသုံးပြုပါက၊ ဤသည်မှာ ဘုရားသခင်ကို ငြင်းပယ်ခြင်း နှင့် သစ္စာဖောက်ခြင်း မဟုတ်ပါလား။ ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည်၊ သမ္မာကျမ်းစာသည် သမ္မာကျမ်းစာ ဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ ဘုရားသခင်၏ အမှုနေရာတွင်လည်း မရပ်တည်နိုင်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် မှတ်တမ်းတစ်ခု ဖြစ်သည်။ သမ္မာကျမ်းစာထဲမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အသက်တာစိတ်သဘောထားနှင့် ပတ်သက်ပြီး ထင်ရှားပြခြင်း တစ်ခုဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ပြနိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ အဆင့်တစ်ခုချင်းစီသည် ထိုအဆင့်အတွင်းရှိ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလိုတော်တို့ကိုသာ ကိုယ်စားပြုသည်။ ၎င်းတို့က အခြားအဆင့်များမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ကိုယ်စားမပြုပါ။ ဤအရာနှင့် ပတ်သက်ပြီး ကျွန်မတို့ ယခု ရှင်းလင်းပါပြီလား။

သမ္မာကျမ်းစာ၏ အတွင်းကျကျ အကြောင်းအရာများနှင့် ပတ်သက်ပြီး၊ ကျွန်မတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ ကျမ်းပိုဒ်အချို့ကို ဖတ်နိုင်ပါသည်။ “သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))

လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများဖြစ်ပြီး တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများနှင့်၊ သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။ ဘုရားသခင် ယနေ့ လုပ်ဆောင်သည့် အမှုကို သင်အဘယ်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင်၏ အမှုကသာလျှင် လူကို ကယ်တင်နိုင်သည်။ သမ္မာကျမ်းစာသည် လူကို မကယ်တင်နိုင်ပါ။ လူတို့သည် ယင်းကို နှစ်ပေါင်းထောင်နှင့်ချီပြီး ဖတ်ရှုနိုင်ခဲ့ကြသော်လည်း ယင်းတို့အထဲတွင် အပြောင်းအလဲ စိုးစဉ်းမျှရှိခဲ့မည် မဟုတ်ခဲ့ချေ။ သင်က သမ္မာကျမ်းစာကို ကိုးကွယ်နေလျှင် သန့်ရှင်းသောဝိညာဉ်၏ လုပ်ဆောင်ချက်ကို ဘယ်တော့မှ ရမည် မဟုတ်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))

သမ္မာကျမ်းစာအား လူတို့၏ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှုနှင့် ယုံကြည်မှုသာရှိပြီး၊ သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်း သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမျှ လုံးဝ ရှင်းလင်းစွာ မသိနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖော်ပြမရနိုင်အောင် အံ့သြရသည့် ခံစားချက်ရှိနေဆဲဖြစ်ပြီး သူတို့သည် သမ္မာကျမ်းစာကို ပို၍ပင် စွဲလမ်းနေကြပြီး ယုံကြည်နေကြသည်။...သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုကဲ့သို့ အားကိုးခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မရှာဖွေလိုတော့ပေ။ လူတို့၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်၊ ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင်၏ အမှု၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့် ဘုရားသခင် အမှု အလုံးစုံကို ရှင်းလင်းပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ အမှုကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်သည်၊ ထို့အပြင် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ဤအယူအဆများကြောင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့်၊ အတိတ်ကာလများက လူတို့ကို သမ္မာကျမ်းစာက မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသောအမှုအတွက် အတားအဆီး တစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာ မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို အခြားတစ်နေရာမှာ ရှာနိုင်ကြမည် ဖြစ်သော်လည်း၊ ယနေ့တွင် ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာက ထိန်းချုပ်ထားပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို တိုးချဲ့ခြင်းသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက်၊ လေထန်ရေဆန် ရုန်းကန်ရမှုတစ်ခု ဖြစ်တော့သည်။ အားလုံး ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ စိတ်ထဲမှာ ကိုးကွယ်ရာတစ်ခု ဖြစ်လာပြီး၊ ၎င်းသည် သူတို့၏ ဦးနှောက်များထဲ၌ ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ပြင်ပတွင် အမှုပြုနိုင်သည်ကို ၎င်းတို့ တကယ့်ကို ယုံကြည်လက်ခံနိုင်စွမ်း မရှိကြပေ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ ပြင်ပတွင် ရှာတွေ့နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း မရှိကြသည့်အပြင်၊ နောက်ဆုံးသော အမှုအတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာက သွေဖည်လျက် အသစ်တစ်ဖန် စတင်နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ လူတို့သည် ဤအရာကို မစဉ်းစားရဲကြပေ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။ လူတို့အနေနှင့် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတားတစ်ခု ဖြစ်လာကာ ဘုရားသခင်၏ ဤအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာသည်။” “အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြု၏မပြု၏ နှင့် သမ္မာကျမ်းစာနှင့် ဘုရားသခင်တို့အကြား ဆက်နွယ်မှုမှာ မည်သည့်အရာဖြစ်ကြောင်း တို့နှင့် ပတ်သက်သည့် မေးခွန်းအတွက် သမ္မာတရားကို ရှာဖွေခြင်းနှင့် လေ့လာစူးစမ်းခြင်းတို့သည် အဆုံးစွန် အရေးကြီးလှပါသည်။ ပထမဦးစွာ၊ ဘုရားသခင်က မည်သည့် ဘုရားမျိုး ဖြစ်ကြောင်း ကို ကျွန်မတို့သိရမည်။ ဘုရားသခင်က အရာအားလုံး၏ ဖန်ဆင်းရှင်ဖြစ်ပါသည်၊ အရာအားလုံးကို အုပ်စိုးသူ ဖြစ်ကြောင်း ကျွန်မတို့ အားလုံး သိပြီး ဖြစ်သည် ဘုရားသခင်သည် ဘုရားဖြစ်ပြီး၊ သူသည် တန်ခိုးတော်အနန္တ၊ ပညာဉာဏ်နှင့် ပြည့်စုံတော်မူပါသည်။ ဘုရားသခင်တစ်ပါးတည်းသာ လူများကို ကယ်တင်နိုင်ပြီး၊ လမ်းညွှန်ပေးနိုင်ပါသည်။ ဘုရားသခင် တစ်ပါးတည်းကသာ လူများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေး နိုင်သည်။ ဤအရာကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြသည်။ သမ္မာကျမ်းစာကို မည်သို့ ရေးသားခဲ့သနည်း။ ဘုရားသခင်က သူ့အမှုတော်များ လုပ်ဆောင် ပြီးသည့်နောက်မှာ၊ သူ အသုံးပြုခဲ့သည့် လူများက သူတို့၏ သက်သေခံချက်များနှင့် အတွေ့အကြုံများကို ရေးသားခဲ့ပြီး၊ ထို သက်သေခံချက်များနှင့် အတွေ့အကြုံများကို နောက်ပိုင်းတွင် သမ္မာကျမ်းစာအဖြစ် ပြန်လည်စုပေါင်းထားခြင်း ဖြစ်ပါသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤအကြောင်း အရင်းကြောင့် ကျွန်မတို့က သမ္မာကျမ်းစာသည် အတိတ်ကာလက ဘုရားသခင်၏ အမှုတော်၏ မှတ်တမ်းတစ်ခုမျှသာ ဖြစ်ပြီး၊ ဘုရားသခင့် အမှုတော်၏ သက်သေများထက် မပိုကြောင်း အလွန်သံသယကင်းစွာဖြင့် ဖော်ပြ ပြောဆိုနိုင်ပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားမပြု နိုင်သကဲ့သို့၊ လူကို ကယ်တင်ခြင်း အမှုပြုဖို့ ဘုရားသခင် နေရာမှာထား၍လည်း မရနိုင်ပါ။ ကျွန်မတို့၏ ယုံကြည်ခြင်းက သမ္မာကျမ်းစာဖတ်ခြင်း တစ်ခုတည်းပေါ်ကိုပဲ အာရုံစိုက်နေပြီး၊ ဘုရားသခင် အမှုတော်ကို တွေ့ကြုံခံစားခြင်း မရှိပါက၊ ကျွန်မတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ရရှိမှာမဟုတ်သည့်အပြင်၊ ကယ်တင်ခြင်းခံရမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်က အစဉ်မပြတ် တိုးတက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်မတို့က ဘုရားသခင့် အမှုတော်၏ အဆင့် နှစ်ဆင့်လောက်ကိုသာ စွဲလမ်းနေ၍ မရပါ။ ကျွန်မတို့က ဘုရားသခင်က လူများကို ကယ်တင်သည့်အမှုတော် ပြီးမြောက်သည့်အထိ၊ ကိုယ်တော့် အမှုတော်၏ ခြေရာတော်ကို လိုက်နေရမည်။ ဤနည်းနှင့်သာ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို အပြည့်အဝရရှိပြီး၊ ကျွန်မတို့၏ လှပသော ပန်းတိုင်ကို ဝင်ရောက်နိုင်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်း စီမံခန့်ခွဲမှု အစီအစဉ်မှာ အဆင့်သုံးဆင့်ရှိပါသည်။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်၊ နှင့် နိုင်ငံတော်ခေတ် တို့နှင့် ပတ်သက်သည့် အမှုတော်များ ဖြစ်ပါသည်။ ပညတ်တော်ခေတ်သည် ဘုရားသခင်က ပညတ်တော်များကို အသုံးပြုပြီး၊ လူများကို လမ်းညွှန်ခဲ့သည့် အချိန်ဖြစ်ပါသည်။ ကျေးဇူးတော်ခေတ်က ဘုရားသခင်က လူသားမျိုးနွယ် အပေါ် ရွေးနှုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ခဲ့ပါသည်။ သခင်ယေရှု လူများကို စာတန်၏ အုပ်စိုးမှုအောက်ကနေ ရွေးနှုတ်ဖို့၊ သူတို့၏အပြစ်များကို ခွင့်လွှတ်ဖို့နှင့်၊ ဘုရားသခင်၏ ရှေ့တော်ကိုလာရန် အရည်အချင်း ပြည့်စေနိုင်ဖို့၊ ဘုရားသခင်ကို ဆုတောင်းနိုင်ဖို့ နှင့် သူနှင့် ရင်းနှီးကျွမ်းဝင်နိုင်ဖို့ ကားတိုင်တွင် သံမှိုစွဲခံခဲ့ရပါသည်။ နိုင်ငံတော်ခေတ် ထဲက စီရင်ခြင်းမှာမူ၊ ဤသည်မှာ လူများကို သန့်စင်၊ စုံလင်စေပြီး၊ ကယ်တင်သည့်အမှုတော် ဖြစ်သည်။ လူသားမျိုးနွယ်က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကိုပဲ ဖြတ်သန်းပြီး၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်မခံနိုင်ပါက၊ သူတို့က ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ရယူခြင်းကို လုံးလုံးလျားလျား ခံရမည် မဟုတ်ပါ။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ အမှုတော်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်သာ ဖြစ်ကြောင်း ကျွန်မတို့အားလုံး တွေ့မြင်နိုင်သည်။ ဤခေတ်တွင် သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွန်မတို့သည် မိမိတို့၏ အပြစ်များမှ လွှတ်ခံရသည်၊ ဘုရားသခင်ကို ဆုတောင်းရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို နှစ်သက်ခံစားရန် အရည်အချင်းပြည့်စေသည်၊ သို့သော်လည်း ကျွန်မတို့သည် ဤခေတ်တွင် သန့်စင်ခြင်းကို မရရှိနိုင်ပါ။ အဘယ့်ကြောင့်နည်း။ ကျွန်မတို့သည် အတွင်းတွင် အပြစ်ရှိသော သဘာဝရှိပြီး၊ အပြစ်ကို မကြာခဏ ကျူးလွန်သည်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ကြသောကြောင့်၊ သခင်ယေရှုက သူသည် တစ်ဖန်ပြန်ကြွ လာမည့် အကြောင်း နှင့် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ဆောင်ကြဉ်းခံရသူများ အားလုံးကို နောက်ဆုံးသောကာလတွင် သန့်စင်ဖို့အတွက် လူသားမျိုးနွယ်ကို ကယ်တင်သည့် သမ္မာတရားများ အားလုံးကို ဖော်ပြမည် ဖြစ်ကြောင်းတို့ကို ကတိတော်ထားခဲ့သည်။ သခင်ယေရှု ကြိုတင်ပြောခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ရှင်ယောဟန်၏ ကျမ်းပိုဒ်ကို ပြည့်စုံစေပါသည်။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်က တဖန်ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က လက်ရှိတွင် နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်း အမှုကို ပြုလျက်ရှိသည်၊ ပြီးလျှင် သူ့ပလ္လင်တော် ရှေ့ရောက်လာသည့်သူတိုင်းကို တရားစီရင်ခြင်း များ၊ သန့်စင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို လုပ်ဆောင်ပေးသည်၊ ယင်းမှာ သူ့အသံတော်ကြားပြီး သူ့ဆီပြန်လှည့်လာသည့် ပညာရှိ သတို့သမီးများကို အောင်မြင်သောသူများ အဖြစ် စုံလင်စေပြီး၊ သူတို့ကို ဘုရားသခင်၏ နိုင်ငံတော်ဆီကို ခေါ်ဆောင်သွားမည်။ ဘုရားသခင်က သူ့အမှုတော်များကို အဆင့်သုံးဆင့်နှင့် လုပ်ဆောင်ခြင်းက၊ လူများကို ဦးဆောင်လမ်းပြပြီး၊ ကယ်တင်ဖို့ အစဉ်အမြဲလုပ်ဆောင်နေသည်ကို ကျွန်မတို့အား မြင်တွေ့စေပါသည်။ ဘုရားသခင်၏ အမှုတော် တဆင့်ချင်းစီက တဆင့်ထက်တဆင့် ပို၍ နက်ရှိုင်းလာသည်။ ကျွန်မတို့ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သူများ အတွက် သမ္မာကျမ်းစာက အရေးကြီးသည့်စာအုပ်တစ်အုပ်ထက် မပိုပါ။ သမ္မာကျမ်းစာက ဘုရားသခင်၏ အမှုတော်များ ဖြစ်သည့် လူသားများကို ကယ်တင်ခြင်း၊ လမ်းညွှန်ခြင်းများကို မလုပ်ဆောင် နိုင်ပါ။

သမ္မာကျမ်းစာက ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် မှတ်တမ်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ အမှုတော်များ စုံလင် သည့်အခါ၊ လူများက သူ့နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို စာဖြင့် ရေးသားမှတ်တမ်းတင်ခဲ့ပြီး၊ ထိုစုစည်းထားသည့် စာများက သမ္မာကျမ်းစာ ဖြစ်လာခဲ့သည်။ ကျွန်မတို့ ယုံကြည်မှုအတွက် သမ္မာကျမ်းစာက မရှိမဖြစ်သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို လက်ခံရရှိခြင်းဖြင့် သာလျှင် ကျွန်မတို့သည် သမ္မာကျမ်းစာနှင့် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်မည်။ ဤသည်မှာအမှန်တရား ဖြစ်သည်။ ထို့ကြောင့် သခင့်ကို ယုံကြည်ခြင်းသည် သိုးသငယ်၏ ခြေလှမ်းများနောက်ကို ကျွန်မတို့ လိုက်ဖို့၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ စီရင်ခြင်း အမှုတော်ကို လက်ခံပြီး နာခံဖို့ လိုအပ်ပါသည်။ ဤနည်းဖြင့်သာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ပြည့်စုံခြင်းတို့ကို ကျွန်မတို့ ရရှိမည် ဖြစ်သည်။ သမ္မာကျမ်းစာကိုသာ ကျွန်မတို့ ဖတ်နေမည်၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်မခံ ဆိုပါက၊ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း ခံရမှာမဟုတ်။ အမှန်မှာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခဲ့လျှင်ပင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု မရှိပါက၊ ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်မနိုင်ဆဲ၊ မသိကျွမ်းနိုင်ဆဲသာ ဖြစ်မည်။ သမ္မာတရားကို နားလည်ဖို့အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မတို့ တွေ့ကြုံခံစားပြီး၊ လက်တွေ့လုပ်ဆောင် ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်း တို့ကို ရရှိရမည်။ သို့မှသာလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မတို့ နားလည်ပြီး၊ သမ္မာတရားကို နားလည်ကာ၊ သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်မည်။ ဒါကိုသိရင်းနှင့် ကျွန်မတို့ နားလည်ဖို့ တစ်ခုလိုသေးသည်။ အချက်အလက်များက လူသား၏ ကယ်တင်ခြင်း၏ အဓိကသော့ချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်း ဖြစ်ကြောင်းကို သက်သေပြရန် လုံလောက်ပါသည်။ သို့ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သူနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် မဟုတ်ပါသလား။ သမ္မာကျမ်းစာသည် အတိတ်မှ ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် မှတ်တမ်း တစ်ခု ဖြစ်သည်။ ထို့ကြောင့် ၎င်းက ဘုရားသခင် ကိုယ်တော်တိုင် အတွက် မည်သို့ ရပ်တည်နိုင်မည်နည်း။ ထို့ကြောင့် ကျွန်မ ပြောခဲ့သည့်အတိုင်းပင်၊ ဘုရားသခင် တစ်ပါးတည်းသာလျှင် လူသားကို ကယ်တင်နိုင်ပြီး၊ သမ္မာကျမ်းစာသည် လူသားကို ကယ်တင်နိုင်စွမ်း မရှိပါ။ လူတစ်ဦး၏ ယုံကြည်မှုသည် သမ္မာကျမ်းစာကို လိုက်နာစောင့်ထိန်းခြင်းသာ ပါဝင်ပြီး၊ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို လက်ခံရရှိခြင်း မရှိပါက၊ သူသည် ဘုရားသခင်၏ အမှုတော် နှုန်းအတိုင်း မလိုက်ပါက၊ သူသည် စွန့်ပစ်ခံရပြီး၊ သုတ်သင်ဖယ်ရှင်းခံရမည်။ ပညတ်တော်ခေတ်တွင် သခင်ယေရှု၏ အမှုတော်ကို လက်မခံနိုင်သည့်သူ များစွာ ရှိခဲ့သည်၊ သူတို့က သုတ်သင်ဖယ်ရှင်းခံခဲ့ရသည်။ သခင်ယေရှကို ယုံကြည်သော်လည်း၊ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံနိုင်သူများသည်လည်း စွန့်ပစ်ခံရပြီး၊ သုတ်သင်ဖယ်ရှင်း ခံရမည်။ ထိုလူများသည် မျက်စိမမြင်သကဲသို့၊ ဘုရားသခင်ကို မသိကျွမ်းကြောင်း ပြောနိုင်ပါသည်။ သူတို့အတွက် ကျန်သည့် အရာမှာ ကပ်ဘေးဆိုက်ရောက်ခြင်း၏ အပြင်းဆုံးဒဏ်ကို ခံစားရန်၊ ငိုကြွေးဟစ်အော်ပြီး သူတို့သွားများကို အံကြိတ်ရန် တို့သာ ဖြစ်ပါသည်။

သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ပြုတော်မူသည့် တရားစီရင်ခြင်း အမှုတော်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ် တွင် အဓိကအမှုတော် ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ရန်၊ ကယ်တင်ရန် နှင့် စုံလင်စေရန် ဘုရားသခင့် အမှုတော်၏ နောက်ဆုံးအဆင့်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့က သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ပထမအဆင့်နှစ်ခုကိုသာ စွဲကိုင်ထားသော်လည်း၊ နောက်ဆုံးသောကာလ၏ ခရစ်တော်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းနှင့် ပတ်သက်သည့် အမှုတော်ကို လက်မခံပါက၊ ကျွန်မတို့သည် မည်သည့်အခါမျှ ကယ်တင်မခံရ သည့်အပြင်၊ နိုင်ငံတော်ကို ဝင်ရောက်လိမ့်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ငြင်းပယ်ကြသူများအားလုံးသည် ဘုရားသခင်၏ ပြိုင်ဖက်များ ဖြစ်ကြပြီး၊ သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ ဖြစ်သောကြောင့် ကျွန်မတို့ ယုံကြည်ခြင်းကို နှစ်ပေါင်း မည်မျှကြာအောင် လက်တွေ့လုပ်ဆောင်ခဲ့ပါစေ၊ ၎င်းတို့အားလုံးသည် အချည်းနှီးသာ ဖြစ်သည်။ ဤအရာနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ရန် လုံးဝမရှိပါ။ ဖာရိရှဲများသည် သမ္မာကျမ်းစာကို အခြေခံပြီး သခင်ယေရှုကို ငြင်းပယ်ခဲ့သည့်အပြင်၊ နောက်ဆုံးသောကာလတွင် အကြီးအကဲများနှင့် သင်းအုပ်ဆရာများသည် သမ္မာကျမ်းစာကို အခြေပြုပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းပယ်ခဲ့သော်လည်း၊ သူတို့၏ ငြင်းခုံမှုများက မခိုင်လုံပါ။ အကြောင်းမှာ သူတို့က မိမိတို့၏ ငြင်းခုံမှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်တွင် အခြေမပြုဘဲ၊ သမ္မာကျမ်းစာ၏ စာပေါ်တွင် အခြေပြုသောကြောင့် ဖြစ်သည်။ သူတို့ မည်မျှသော ငြင်းခုံမှု ရှိနေပါစေ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်မခံသူများသည် ဘုရားသခင်၏ ရန်ဘက် နှင့် သစ္စာဖောက်သူ တစ်ယောက် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် သူတို့အားလုံးက မကောင်းမှုပြုသူများ ဖြစ်သည်၊ ဘုရားသခင်က သူတို့ကို မည်သည့်အခါမျှ အသိအမှတ် ပြုမည် မဟုတ်ပါ။ နောက်ဆုံးသောကာလမှာ ဖော်ထုတ်ခံရမည့်၊ မယုံကြည်သူများနှင့် အန္တိခရစ်များက ကပ်ဘေးဒါဏ်ကြီး၏ အပြစ်ဒဏ်ပေးခြင်းကို ငိုယိုဟစ်ကြွေးခြင်း နှင့် အံကြိတ်ခြင်းတို့ဖြင့် ခံရမည်။ ဘုရားသခင်က သူတို့အားလုံးကို နှင်ထုတ်ပစ်လိုက်ပြီး၊ သုတ်သင်ဖယ်ရှင်း ပစ်လိမ့်မည်၊ ပြီးလျှင် နောက်ထပ်သူတို့ မည်သည့်အခါမျှ ဘုရားသခင်ကို မြင်ခွင့်ရမည်မဟုတ်သည့်အပြင်၊ သူ့ထောက်ခံမှုကိုလည်း လက်ခံရရှိမည် မဟုတ်ပါ။ ယင်းမှာ အမှန်တရား ဖြစ်သည်။ ယခုအခါတွင် ကျွန်မတို့က အမှန်တရား တစ်ခုကို နားလည်လာခဲ့ပြီ။ သမ္မာကျမ်းစာက ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ၊ ပြီးလျှင် ဘုရားသခင့်အမှုတော်နေရာကို အစားထိုး၍မရပါ။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ သမ္မာကျမ်းစာ ကလည်း သမ္မာကျမ်းစာဖြစ်သည်။ ကျွန်မတို့ ယုံကြည်သည့် အားလျော်စွာ၊ ဘုရားသခင်၏ အမှုတော်များကို ကြုံတွေ့ရမည်၊ ဘုရားသခင့်အမှုတော်၏ နှုန်းအတိုင်း လိုက်ရမည်၊ ကျွန်မတို့က နောက်ဆုံးသောကာလတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ကြရမည်၊ ပြီးလျှင် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများကို လက်ခံပြီး လိုက်နာကြ ရမည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ဖြစ်ပါသည်။ ဘုရားသခင် လူ့ဇာတိခံယူပြီး၊ သူ့အမှုတော် လုပ်ဆောင်မည့်် အချိန်တိုင်း၊ ဘုရားသခင်ကို မနာခံကြဘဲ၊ သမ္မာကျမ်းစာကိုပဲ လိုက်နာကြသည့်သူ အားလုံးကို ကိုယ်တော်ဖယ်ထုတ်ပြီး၊ သုတ်သင်ဖယ်ရှင်း ရမည်။ ထို့ကြောင့် ကျွန်မတို့ “ဘုရားသခင်ကို ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာနဲ့ ကိုက်ညီရမယ်၊ သမ္မာကျမ်းစာကို လိုက်နာခြင်းသည် ဘုရားသခင်ကို စစ်မှန်သောယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုတယ်” ဆိုသည့် အတွေးအခေါ်များက အမှားများ ဖြစ်ကြောင်း ယုံကြည်ချက်အပြည့်နှင့် ပြောနိုင်သည်၊ ဤအခိုင်အမာ ပြောဆိုချက်များသည် ယုတ္တိအမှား သက်သက်သာ ဖြစ်သည်။ ထိုကဲ့သို့ အခိုင်အမာပြောဆိုသည့် လူတိုင်းသည် မျက်စိစုံမှိတ်ပြီး၊ ဘုရားသခင်ကို မသိကြပါ။ လူတစ်ယောက်က သမ္မာကျမ်းစာကို အရာအားလုံးထက် ရှေးရှုပြီး၊ ဘုရားသခင့် နေရာမှာပင် ထားလိုက်ပါက၊ သူကဖာရိရှဲများ၏ လမ်းစဉ်ကိုလိုက် နေခြင်းသာ မဟုတ်ပါလား။ ဖာရိရှဲများက သမ္မာကျမ်းစာကို စောင့်ထိန်း ကြပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ကြသည်၊ ရလဒ်အနေဖြင့် သူတို့က ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ကြုံကြရသည်။ ဤသည်မှာ အမှန်တရားမဟုတ် ပါလား။

ကျွန်တော့်သခင် ဘယ်သူလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၈) ဘာသာရေးလောကက နှစ်ပေါင်းထောင်ချီပြီး၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်၊ သခင့်ကိုကိုယ်စားပြုတယ်လို့ ယုံကြည်ခဲ့ကြတာ သမ္မာကျမ်းစာဟာ ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်ဆိုတာကို ငြင်းဆန်တဲ့သူတိုင်းဟာ အပြစ်စီရင်ခြင်းနဲ့ မိစ္ဆာဒိဌိလို့သမုတ်ခြင်းခံရမယ်

နောက်တစ်ခုသို့- မေးခွန်း (၁) သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အနေနဲ့ နောက်ဆုံးသောကာလမှာ သူ့ရဲ့စီရင်ခြင်းအမှုတော်တွေကိုပြုဖို့ကြွလာခဲ့ပြီးပြီလို့ မင်းတို့သက်သေခံကြတယ်၊ ဒါဟာ ဘယ်လိုဖြစ်နိုင်မှာလဲ ကိုယ်တော်ဟာ တို့ကို ကောင်းကင်နိုင်ငံတော်ခေါ်ဆောင်ဖို့ တကယ်ပြန်ကြွလာမှာပဲဆိုရင် ဘာလို့များ နောက်ဆုံးသောကာလမှာ စီရင်ခြင်းအမှုတော်တွေလုပ်ဖို့ တို့ကို ချန်ထားမှာလဲ ကိုယ်တော့်ကိုယုံကြည်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်တွေကို လက်ခံရရှိမယ်ဆိုရင် တို့တွေဟာ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်နဲ့ ကျွမ်းဝင်ပြီးပြီပဲလို့ ငါထင်တယ် သခင်ယေရှုပြောခဲ့တဲ့ သက်သေစကားရှိတယ် “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၇-၈) သခင်ယေရှု ရှင်ပြန်ထမြောက်၍ကောင်းကင်ဘုံပြန်တက်ပြီးနောက် ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောဝိညာဉ်တော်က သူ့အမှုတော်တွေပြုဖို့ လူတွေဆီကြွလာတယ် သူဟာ လူသားတွေကို အပြစ်တင်ဆုံးမတာတွေ၊ ဖြောင့်မတ်တာတွေ၊ စီရင်တာတွေလုပ်ပေးပြီးပြီ တို့ဟာ ကိုယ်တော့်ရှေ့မှာ နောင်တတရားနဲ့အပြစ်တွေဝန်ချတောင်းပန်မယ်ဆို ဒါဟာ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်နဲ့ အကျွမ်းတဝင်ရှိနေတာဘဲလေ ဒါကြောင့်ကျွန်တော်တို့ဟာ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းတွေ အဲဒီနောက် ကောင်းကင်ဘုံသို့ပြန်လည်တက်ကြွခြင်းတွေကို ယုံကြည်ပေမဲ့ ပင်တေကုတ္တေပွဲနေ့မှာ ဆင်းကြွလာတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကသာ နောက်ဆုံးသောကာလအတွက် ဘုရားသခင်ရဲ့အဆုံးအဖြတ်ဖြစ်သင့်တယ်လို့ ခံယူတယ် အဲဒါဟာ စီရင်ခြင်းအမှုတော်ဘဲမဟုတ်ခဲ့ရင် အဲ့ဒါဟာ “ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” လို့ဘယ်လိုဖြစ်နိုင်ပါ့မလဲ တို့ဟာ ကိုယ်တော့်ကိုယုံကြည်သူတွေဖြစ်လို့ တခါတရံမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တို့ထိမှု၊ဆုံးမမှု၊ လေ့ကျင့်ပေးမှုတွေကို ခံစားရတယ် ဒါကြောင့် ကိုယ်တော့်ရှေ့မှာ တို့ဟာ အမြဲတမ်း ငိုကြွေးပြီး နောင်တရနေတတ်တာပေါ့ အပြုအမူကောင်းတွေပေါက်ဖွားလာတာဟာ ကိုယ်တော့်ကိုယုံကြည်ခြင်းဖြင့် တို့ဟာဘယ်လိုပြောင်းလဲခဲ့ပြီဆိုတာဘဲ ဒါဟာ ကိုယ်တော့်ရဲ့စီရင်ခြင်းနဲ့အကျွမ်းဝင်ခြင်းရလဒ်မလား ဒါဆို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလစီရင်ခြင်းအမှုတော်တွေဟာ သခင်ယေရှုရဲ့အမှုတော်နဲ့ ဘယ်လိုကွာခြားလဲဆိုတာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။