ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်

“ဘုရားသခင်၏ နှုတ်ကပတ်တော်များနောက် လိုက်ပါက၊ သင် လမ်းမပျောက်နိုင်ပေ” ဟူသည့် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ဦးစွာ နားထောင်ကြမည်။

၁ သင်တို့သည် အမှီအခိုကင်းကင်းဖြင့် စားသောက်နိုင်ပြီး၊ ဘုရားသခင်၏ မျက်မှောက်တော်အလင်းထဲ၌ အမြဲရှင်သန်ဖို့နှင့် သင်အသက်ရှင်သည့် ပုံစံတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မစွန့်ခွာဖို့ကို ဘုရားသခင် မျှော်လင့်သည်။ သို့မှသာလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်ဝနိုင်မည်။ သင့်စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင် ရှေ့ဆက်ဖို့ ဧကန်မုချ လမ်းပြပေလိမ့်မည်။ ဤအတိုင်းအတာအထိ ဘုရားသခင်ကို စစ်မှန်စွာ တိုးဝင်ချဉ်းကပ်ပါက၊ သင်သည် ဘုရားသခင်နှင့် အမြဲမပြတ် ဆက်သွယ်နိုင်မည် ဖြစ်ပြီး၊ သင်လုပ်သမျှမှာ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နားမလည်ခြင်းတို့ကို ခံစားရစ်စေခြင်းတို့ဖြင့် အဆုံးသတ်မည် မဟုတ်ပေ။ သင်သည် သင့်အပါးတွင် ဘုရားသခင်ကို ဧကန်မုချ ရရှိနိုင်စွမ်းရှိမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အမြဲတမ်း ပြုမူနိုင်လိမ့်မည် ဖြစ်သည်။

၂ သင်ကြုံတွေ့ရသည့် လူတိုင်း၊ အရေးကိစ္စတိုင်းနှင့် အမှုအရာတိုင်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ အလိုတော်အတိုင်း သင်ပြုမူဆောင်ရွက်ဖို့ လမ်းပြလျက် သင့်ထံသို့ အချိန်မရွေး ပေါ်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါက၊ ဘုရားသခင်က သင့်လုပ်ရပ်တစ်ခုချင်းစီတွင် သင်ရှေ့ဆက်ဖို့ ဦးဆောင်လမ်းပြလိမ့်မည်။ သင်သည် မည်သည့်အခါမျှ လမ်းလွဲမည်မဟုတ်ပေ၊ ထို့ပြင် သင်သည် ပို၍ပင် သစ်လွင်သော ဉာဏ်အလင်းပေးခြင်းများဖြင့် အလင်းသစ်ထဲ၌ အသက်ရှင် နေထိုင်နိုင်လိမ့်မည်။ လုပ်ဆောင်ဖို့အရာအား စဉ်းစားချင့်ချိန်ရန် လူသား၏ စိတ်ကူးစိတ်သန်းများကို သင်အသုံးပြု၍မရပေ။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုကို သင် နာခံသင့်သည်၊ ရှင်းလင်းသည့် နှလုံးသား ရှိသင့်သည်၊ ဘုရားသခင်၏ရှေ့မှောက်တွင် ဆိတ်ငြိမ်သင့်သည်၊ ပြီးလျှင် ဆင်ခြင်တွေးတောခြင်းကို ပို၍ပြုသင့်သည်။ သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။

၃ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။

—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

သင်သည် “ဘုရားသခင်၏ နှုတ်ကပတ်တော်များနောက် လိုက်ပါက၊ သင် လမ်းမပျောက်နိုင်ပေ” ဟူသည့် ဓမ္မတေးသီချင်းကို ယခုတင်ဖွင့်ပြီးဖြစ်သည်။ ဤဓမ္မတေးသီချင်းကို နားထောင်ပြီးနောက်တွင် သိနားလည်မှု တစ်ခုခု၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများ သင်တို့ ရရှိခဲ့သလော။ မည်သည့် စကားများမှ ဉာဏ်ကွန်မြူးမှုနှင့် နားလည်မှု သင် ရရှိခဲ့သနည်း။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များနောက် လိုက်ပါက၊ သင် လမ်းမပျောက်နိုင်ပေ” ဟူသည့် ဤစကားများ မှန်ကန်သလော။ သမ္မာတရား ဖြစ်သလော။ (သမ္မာတရားဖြစ်ပါသည်။) ဤဓမ္မတေးသီချင်းမှ မည်သည့် စာကြောင်းသည် တကယ့်ဘဝတွင် သင်၏ အတွေ့အကြုံအတွက် အထူးသဖြင့် အထောက်အကူဖြစ်သည်ဟု သင် တွေ့ရှိရပါသနည်း။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။” ဟူသည့် စာကြောင်းမှ စတင်ဖတ်ရှုလော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) ဤထုတ်နုတ်ချက်မှ မည်သည့် စာကြောင်းများသည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးသနည်း။ ယင်းတို့ထဲမှ မည်သည့်အရာသည် တကယ့်ဘဝထဲက အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် လူတို့ကို ဘုရားသခင် သိရှိစေသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ဖြစ်သနည်း။ ယင်းတို့ကို သင် ရှာတွေ့နိုင်သလော။ လူတို့ ဖတ်သည့် သတင်းစာများ၊ မဂ္ဂဇင်းများနှင့် အမျိုးမျိုးသော စာအုပ်များအားလုံးသည် မှတ်သားထိုက်သည်ဟု ယူဆရသည့် အစိတ်အပိုင်းများ ရှိကြ၏။ ဤသည်တို့မှာ မည်သည့် အစိတ်အပိုင်းများ ဖြစ်သနည်း။ လူတို့ ဂရုစိုက်သည့် အစိတ်အပိုင်းများ၊ အရေးအကြီးဆုံးဖြစ်သည်ဟု လူတို့ တွေးထင်သည့် အစိတ်အပိုင်းများနှင့် လူတို့က မိမိတို့၏ နေ့စဉ် ဘဝများတွင် သိရှိရန်လိုအပ်သည့် အရေးကြီးသော သတင်းအချက်အလက်များကို ပေးသည့် အစိတ်အပိုင်းများ ဖြစ်သည်။ သို့ဆိုလျှင် ဤဘုရားနှုတ်ကပတ်တော် စာပိုဒ်၏ မည်သည့် အစိတ်အပိုင်းများသည် မှတ်သားထိုက်ပါသနည်း။ မည်သည့် အစိတ်အပိုင်းများက လူတို့အတွက် ဘုရားသခင် ရှိထားသည့် သတ်မှတ်ချက်များကို စီစဉ်တင်ပြပါသနည်း။ မည်သည့်အရာက လူတို့၏ နေ့စဉ်ဘဝများတွင် အခြေအနေများ ၎င်းတို့ ကြုံရသည့်အခါ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာရန် လူတို့အတွက် ဘုရားသခင် ပြဋ္ဌာန်းသည့် စည်းမျဉ်းများ ပါရှိပါသနည်း။ ဤသည်တို့မှာ မည်သည့်အရာများဖြစ်သည်ကို သင် သိမြင်နိုင်ပါသလော။ (ကောင်းစွာ မသိမြင်ပါ။) ထိုအရာကို ထပ်မံ ဖတ်ရှုလော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) ဤစာပိုဒ်ထဲက စာကြောင်းတစ်ကြောင်းစီ၏ အဓိပ္ပာယ်ကို သင်တို့ နားလည်ပါသလော။ (နားလည်ပါသည်။) ဤစာပိုဒ်ကို နားလည်ရလွယ်သည့် ရိုးရှင်းသော စကားလုံးများဖြင့် ရေးသားထား၏။ စိတ်ကူးယဉ်သက်သက် မဟုတ်ပေ။ ဤစကားလုံးများ၏ တိုက်ရိုက် အဓိပ္ပာယ်ကို နားလည်ရန် လွယ်ကူသည်။ ထို့ကြောင့် ထိုစကားလုံးများတွင် ပါရှိသည့် စည်းမျဉ်းမှာ အဘယ်နည်း။ ဤစကားလုံးများကို ဖတ်နေချိန်တွင် သင်တို့ ရှာတွေ့နိုင်သလော။ စည်းမျဉ်းဟူသည်မှာ အဘယ်နည်း။ သာ၍ ကျယ်ပြန့်စွာ ပြောဆိုရလျှင် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် စည်းမျဉ်းများ ဖြစ်၏။ သို့ရာတွင် ဤသို့ ပြောဆိုရသည်မှာ အတော်လေး ပေါ့တန်ပြီး အနည်းငယ် စိတ်ကူးယဉ်သက်သက်ဖြစ်သည်ဟုပင် ထင်ရပေသည်။ သာ၍ တိကျစွာပြောရလျှင် စည်းမျဉ်းတစ်ခုမှာ အမှုအရာများကို လုပ်ဆောင်နေချိန်တွင် လူတစ်ဦး ရှိသင့်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် စံဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုဟု ငါတို့ ခေါ်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ဤစာပိုဒ်တွင် မည်သည့်အရာက စည်းမျဉ်းဖြစ်ပါသနည်း။ တိတိကျကျ ဆိုရလျှင် ဤစာပိုဒ်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိ၏။ အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး မည်သို့ ပြုမူရမည်ဆိုသည်ကို ဘုရားသခင်က လူတို့အား ပြောပြီးသား ဖြစ်သည်။ ဤစာပိုဒ်ကို တစ်ဖန် ဖတ်ပြီး စကားလုံးများကို သေချာစွာ နားထောင်လော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) သင်တို့အားလုံးသည် ဤစာပိုဒ်ကို သုံးကြိမ် ဖတ်ရှုကြပြီး ဖြစ်သည်။ ထိုအရာက သင်တို့အပေါ် ထင်မြင်ချက်တစ်ခုခု ဖြစ်စေပြီလော။ သုံးကြိမ်ဖတ်ပြီးနောက်တွင် သင်တို့ ပုံမှန်လုပ်လေ့ရှိသည့်အတိုင်း သေချာအာရုံစိုက်ခြင်းမရှိဘဲ ဤသီချင်းကို နားထောင်နေခဲ့သည့်အချိန်ထက် မတူကွဲပြားသည့် တစ်စုံတစ်ရာကို သင်တို့ ခံစားရသလော။ (ခံစားရပါသည်။) ဤစာပိုဒ်တွင် မည်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင်တို့ ရှာတွေ့ပြီး သဘောပေါက်သနည်း။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ဤနေရာတွင် တင်ပြထားသနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာသည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုနှင့် ဆက်နွှယ်သော်လည်း ဤနေရာတွင် မည်သည့်အရာသည် စည်းမျဉ်း အတိအကျ ဖြစ်သနည်း။ ထိုစည်းမျဉ်းက မည်သည့် စစ်မှန်သည့် ပြဿနာမျိုးများကို ခြုံငုံသနည်း။ ပထမစာကြောင်းက စစ်မှန်သည့် ပြဿနာတစ်ခုကို ခြုံငုံမိသည်- ထိုစာကြောင်းက သင်တို့ နားမလည်သည့် အရာများအကြောင်း ပြောဆိုသည်။ သင်တို့ နားမလည်သည့် ဤအရာများတွင် သမ္မာတရား၊ သင်၏ လက်တွေ့လုပ်ဆောင်မှု၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့်ဆိုင်သည့် ကိစ္စရပ်များ၊ သင်၏ အလုပ်နယ်ပယ်နှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းနေစဉ် သင် ကြုံတွေ့ရသည့် ကိုယ်ရေးကိုယ်တာ အခြေအနေများနှင့် ဆက်နွှယ်သည့် ပြဿနာများအပြင် လူတို့၏ အနှစ်သာရကို မည်သို့ ပိုင်းခြားသိမြင်ရမည်နှင့်ဆိုင်သည့် ကိစ္စရပ်များ စသည်တို့ ပါဝင်သည်။ ထိုသို့သောအရာများသည် ဧကန်အမှန် သင့်အနီးအနားတွင် ဖြစ်ပွားနေပြီး ထိုအရာများကို သင် မြင်ကာ ကြားပြီးဖြစ်သည်။ သို့ရာတွင် ဤကိစ္စရပ်များ၏ အနှစ်သာရ၊ သို့မဟုတ် ယင်းတို့နှင့် ပတ်သက်သည့် သမ္မာတရားများကို သင်နားမလည်သကဲ့သို့ ပါဝင်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် စည်းမျဉ်းများကို သာ၍ပင် မသိပေ။ ပင်ကိုအားဖြင့် သင်တို့သည် ဤကိစ္စရပ်တွင် ဘုရားသခင်၏ အလိုတော်နှင့် ထိုသို့သော အခြားအရာများကိုလည်း မသိချေ။ လူတစ်ဦးသည် ဤအရာများကို နားမလည်၊ မသိ၊ သို့မဟုတ် မရိပ်စားမိပါက ထိုအရာများသည် ၎င်းတို့၏ အကြီးမားဆုံးသော အခက်အခဲများ ဖြစ်လာပြီး ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ဖြေရှင်းသင့်ပေသည်။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောက မရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့။”) အပြင်လောကတွင်ရော ဘုရားအိမ်တော်တွင်ပါ သင်နားမလည်သည့် အမှုအရာများစွာ ရှိလေသည်။ ဤအရာများကို သင် နားမလည်သည့်အတွက် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သမ္မာတရားကို သင်ရှာဖွေရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်တွင် မည်သည့်အရာ ဆိုထားပြီး မည်သည့် သမ္မာတရား စည်းမျဉ်းများ ရှာတွေ့နိုင်သည်ဆိုသည်ကို ကြည့်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်အတော်များများ ဖတ်ရှုရင်း သေချာစွာ တွေးဆရမည်။ ပထမဦးစွာ သမ္မာတရား၏ စစ်မှန်မှုကို ရှာဖွေပြီးနောက် သင့်အပေါ် ဘုရားသခင် မည်သည့်အရာ တောင်းဆိုသည်ကို နားလည်လော့။ ဆက်လက်၍ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို သတ်မှတ်လော့။ ထိုသို့ဖြင့် သမ္မာတရားကို နားလည်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ ငါ ပြောပြီးသည့်အရာကို သင်တို့ နားလည်နိုင်သလော။ (နားလည်နိုင်ပါသည်။) ဘုရားသခင်သည် သင့်အနီးအနားရှိ သင်၏ ပတ်ဝန်းကျင်နှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို စီစဉ်ပြီး ဖြစ်သည်။ ထို့ကြောင့် ဤအရာအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်တွင် သင်တွေ့မြင်နိုင်၏။ ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်ရန်၊ အမှုအရာများကို သတ်မှတ်ဖို့၊ ထင်မြင်ချက်များပေးဖို့၊ သို့မဟုတ် ဝေဖန်မှုများ တစ်ခုတလေ ပြုလုပ်ဖို့ အလောမကြီးရန် ဘုရားသင်က သင့်ကို ပြောဆိုသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင့်အတွက် ဘုရားသခင် စီစဉ်ပေးပြီးဖြစ်သည့် ဤအဖြစ်အပျက်ကို သင် နားမလည်သေးသောကြောင့် ဖြစ်သည်။ အလောမကြီးရန် သင့်ကို ဘုရားသခင် ပြောသည့်အခါ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤအဖြစ်အပျက်က ဖြစ်ပြီးသွားပြီဖြစ်ကြောင်း၊ ထိုအရာကို သင့်ရှေ့တွင် ဘုရားသခင် ချခင်းပြီးဖြစ်ကာ သင့်ကို ဤပတ်ဝန်းကျင်တွင် ထားရှိပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ သဘောထားသည် အလွန် ရှင်းလင်းပြတ်သားကြောင်း ဆိုလိုပေသည်။ ဘုရားသခင်က “ဤအခြေအနေတွင် ဖြစ်ပျက်နေသည့်အရာကို သင့်အား အပြည့်အဝ နားလည်စေရန် ငါ အလောမကြီးပါ။ ထိုအရာအတွက် သင့်အား ချက်ချင်း ထင်မြင်ချက် ပေးစေရန်၊ သင်၏ ကောက်ချက်ပေးစေရန်၊ သို့မဟုတ် ဖြေရှင်းချက် အမျိုးအစားတစ်ခုခုကို အဆိုပြုစေရန် ငါသည် အလောမကြီးပါ”ဟု သင့်ကို ပြောနေသည်။ ဤကိစ္စရပ်သည် သင့်အတွက် အကျွမ်းဝင်ခြင်းမရှိသကဲ့သို့ သင် နားမလည်ပေ။ ယခင်က သင် မကြုံဖူးသည့် တစ်စုံတစ်ရာဖြစ်ပြီး သင့်အနေဖြင့် မသင်ယူရသေးသည့် သင်ခန်းစာတစ်ခုဖြစ်သည့်အပြင် ထိုအရာနှင့် စပ်လျဉ်း၍ အတွေ့အကြုံဆိုင်ရာ အသိ၊ သို့မဟုတ် ညွှန်ကြားချက် မရှိသကဲ့သို့ ယခင်က ထိုအရာကို သင် လုံးဝ မတွေ့ကြုံဖူးသေးသောကြောင့် ထိုအရာအတွက် သင်သည် အဖြေတစ်ခု စိတ်ကူးရလာရန်အတွက် ဘုရားသခင် အလောမကြီးပေ။ လူအချို့က “ဘုရားသခင်သည် ဤအခြေအနေကို စီစဉ်ပြီးဖြစ်သည့်အတွက် ထိုအရာ၏ ရလဒ်ကို တွေ့မြင်ရန် အဘယ်ကြောင့် အလောမကြီးပါသနည်း”ဟု မေးကြသည်။ ဤတွင် ဘုရားသခင်၏ အလိုတော်လည်း တည်လေသည်။ ပတ်ဝန်းကျင်ကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သင့်အား ထိုအရာနှင့် ပတ်သက်၍ အယူအဆဆိုင်ရာ အကဲဖြတ်ချက်တစ်ခု၊ သို့မဟုတ် ကောက်ချက်တစ်ခု မြန်ဆန်စွာ ဖြစ်ပေါ်စေရန် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အနေဖြင့် ဘုရားထံ ကျိုးနွံနာခံခြင်း သင်ခန်းစာ သင်ယူနိုင်ရန်အလို့ငှာ ထိုသို့သော ပတ်ဝန်းကျင်နှင့် အဖြစ်အပျက်ကို တွေ့ကြုံစေလိုပြီး ထိုအရာ၌ ပါရှိသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို နားလည်စေချင်သည်။ ထိုသို့သော သိနားလည်မှုနှင့် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံရရှိပြီးသည်နှင့် ဤအဖြစ်အပျက်သည် သင့်အဖို့ အဓိပ္ပာယ်ရှိလိမ့်မည်ဖြစ်ပြီး သင့်အတွက် ကြီးမားသည့် အရေးပါမှုနှင့် တန်ဖိုးရှိလိမ့်မည်ဖြစ်သည်။ အဆုံးတွင် ဤအရာကို တွေ့ကြုံပြီးနောက်၊ သင် ရရှိမည့်အရာမှာ သဘောတရားတစ်ခုဖြစ်စေ၊ အယူအဆတစ်ခုဖြစ်စေ၊ စိတ်ကူးစိတ်သန်းတစ်ခုဖြစ်စေ၊ အကဲဖြတ်ချက်တစ်ခုဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာပင်ဖြစ်စေ၊ လူတို့ အကျဉ်းရုံးသည့် သင်ခန်းစာတစ်ခုဖြစ်စေ မဟုတ်ဘဲ ထိုအရာနှင့်ဆိုင်သည့် ကိုယ်ပိုင်၊ ကိုယ်တွေ့အတွေ့အကြုံနှင့် စစ်မှန်သော အသိပညာဖြစ်သည်။ ဤအသိပညာသည် သမ္မာတရားနှင့် နီးစပ်လိမ့်မည်၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ထိုသို့သော အရာများကို တွေ့ကြုံခြင်းမှတစ်ဆင့် သင်သည် လူသားအပေါ် ဘုရားသခင်၏ သဘောထားက အလွန် ပြတ်သားပြီး နားလည်သဘောပေါက်ရန် လွယ်ကူသည့် နည်းလမ်းဖြင့် ဖော်ပြထားကြောင်း တွေ့မြင်နိုင်လိမ့်မည်။ ထိုအရာကို ဘုရားသခင် သိမြင်သလောက်မှာ သင့်အနေဖြင့် သင်၏ အဖြေကို မြန်ဆန်စွာ ပေးရန်၊ သို့မဟုတ် သင်၏ တုံ့ပြန်ချက်ကို ပေးရန် သူအလောမကြီးပေ။ ဘုရားသခင်သည် သင့်အား ဤပတ်ဝန်းကျင်ကို တွေ့ကြုံစေလိုသည်။ ဤသည်မှာ သူ၏ သဘောထား ဖြစ်သည်။ ဤသည်မှာ သူ၏ သဘောထား ဖြစ်သည့်အတွက် သူသည် လူအတွက် သတ်မှတ်ချက်နှင့် စံနှုန်းတစ်ခု ရှိသည်။ ဤစံနှုန်းသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမှာ အဘယ်နည်း။ တိကျသည့် အဖြစ်အပျက်တစ်ခုကို သင် ကြုံရသည့်အခါ သင် အသုံးပြုသည့် လုပ်နည်းကိုင်နည်း၊ နည်းစနစ်နှင့် နည်းလမ်းများ ဖြစ်သည်။ အဖြစ်အပျက်တစ်ခုနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အလိုတော်နှင့် သဘောထားကို သင် နားလည်သည့်အခါ ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်သင့်သည်။ ပြီးလျှင် သင့်အပေါ် ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်က “ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်”ဟု ဆိုခဲ့သည်။ ဤ”ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်” ဟူသည့်အရာက နောက်ခံအကြောင်းအရာ ရှိ၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူအပေါ် အဘယ်ကြောင့် ထိုသို့သော သတ်မှတ်ချက်နှင့် စံနှုန်းတစ်ခု ထားရှိပါသနည်း။ ဤအချက်အပေါ် သင် ရှင်းလင်းပါသလော။ အဘယ်ကြောင့်ဆိုသော် သင်သည် သာမန်လူတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် မဟာလူသား မဟုတ်၊ သင်၏ အတွေးသည် သာမန်လူတစ်ဦး၏ အတွေးသာ ဖြစ်သည်။ သင်သည် သာမည လူတစ်ဦး ဖြစ်သည်။ သင့်အနေဖြင့် အနှစ်လေးဆယ်၊ ငါးဆယ်၊ သို့မဟုတ် အနှစ်ရှစ်ဆယ်ပင် အသက်ရှင်သည်ဖြစ်စေ သင်သည် ဆက်လက် ကြီးထွားလိမ့်မည်။ သင်သည် မွေးလာခဲ့သည့်အတိုင်းချည်း အစဉ်ထာဝရ ဖြစ်မနေပေ။ သင်၏ စိတ်နှလုံးတွင် သိရှိကာ နားလည်သည့် အရာအားလုံးနှင့်အတူ သင်၏ လက်ရှိ အတွေ့အကြုံများ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ၊ သိနားလည်မှု၊ သင် မြင်ကာ ကြားရသည့် အရာများ၊ သင်၏ ဘဝအတွေ့အကြုံများ စသည့် ဤအရာအားလုံးသည် ပုံသွင်းပျိုးထောင်ခံရသည့် နှစ်ကာလများ စုပုံလာခြင်း ဖြစ်သည်။ ဤသည်ကို ပုံမှန် လူ့သဘာဝဟု ခေါ်ဆိုသည်။ ဤသည်မှာ လူအတွက် ဘုရားသခင် စီစဉ်ထားသည့် ပုံမှန် လူသား ကြီးထွားမှု ဖြစ်စဉ်ဖြစ်ပြီး ပုံမှန်လူ့သဘာဝ၏ ထုတ်ဖော်ပြသမှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သင် နားမလည်သည့် တစ်စုံတစ်ရာ၊ သင်အကျွမ်းမဝင်သည့် တစ်စုံတစ်ရာကို သင် ကြုံရသည့်အခါ သင့်အနေဖြင့် ထိုအရာအတွက် မြန်ဆန်စွာ အဖြေပေးရန်နှင့် သင်သည် စက်ရုပ်တစ်ရုပ်ဖြစ်သည့်အလား အလွန်မြန်ဆန်စွာ တုံ့ပြန်ရန် ဘုရားသခင်က မတောင်းဆိုပေ။ စက်ရုပ်တစ်ရုပ်သည် သတင်းအချက်အလက်အားလုံးကို မိမိ၏ မှတ်ဉာဏ်ထဲသို့ တစ်ပြိုင်နက်တည်း ထည့်သွင်းသောကြောင့် ထိုစက်ရုပ်ကို အဖြေတစ်ခု တောင်းသည့်အခါ တစ်ချက်ရှာပြီးနောက် ပြန်ဖြေလေသည်။ ပေးထားသည့် အဖြေကို သူ၏ မှတ်ဉာဏ်ထဲတွင် ရှာတွေ့နိုင်ပေသည်။ ပုံမှန်လူများအတွက်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ယခင်က တစ်စုံတစ်ရာကို ကြုံတွေ့ပြီးဖြစ်သည့်အချိန်တွင်ပင် ထိုအရာကို ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် သေချာပေါက် သိုထားခြင်းမရှိပေ။ လူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ကို မဟာလူသားများ၊ စက်ရုပ်များနှင့် အထူးအစွမ်းတန်ခိုး ရှိသည့် လူသားများနှင့် ကွဲပြားသွားစေသည်မှာ အတွေ့အကြုံဆိုင်ရာ အသိပညာ၊ အတွေ့အကြုံများ၊ ဘဝအတွေ့အကြုံနှင့် စစ်မှန်သော ကိုယ်တွေ့အသိကဲ့သို့သော ပုံမှန်လူ့သဘာဝနှင့် ဆက်နွှယ်သည့် အရာများသာ ဖြစ်သည်။

ပုံမှန်လူ့သဘာဝရှိသူများ လိုအပ်ပြီး ပိုင်ဆိုင်သင့်သည့် အရာပေါ် အခြေခံ၍ ဘုရားသခင်သည် လူတို့အတွက် သတ်မှတ်ချက်များနှင့် စံနှုန်းများကို စီစဉ်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ညွှန်ပြပြီးဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှာ အဘယ်နည်း။ သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ဖြေရှင်းချက်များ ရှာတွေ့ဖို့ အလောတကြီးလုပ်ရန်မှာ သင့်အတွက် အချည်းနှီးဖြစ်ကြောင်း သင့်ကို ဤအရာက ပြောပြပေသည်။ ဤသည်မှာ အဘယ့်ကြောင့် ထိုသို့ဖြစ်သနည်း။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင့်အနေဖြင့် သင်၏ ယခင်အတွေ့အကြုံများမှ အတွေ့အကြုံဆိုင်ရာ အသိပညာနှင့် သိနားလည်မှု အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း အနာဂတ်တွင် အလားတူအရာ ထပ်မံ ဖြစ်ပွားလျှင် သင်သည် သေချာပေါက် ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝ သဘောပေါက်နိုင်မည် မဟုတ်၊ သမ္မာတရားနှင့် လုံးဝ ကိုက်ညီစွာ လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်၊ သို့မဟုတ် ရမှတ်အပြည့် ရနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သင် နားမလည်သည့် အရာများနှင့် ပတ်သက်လာသည့်အခါတွင် သာ၍ပင် ဖြစ်နိုင်ချေနည်းပေသည်။ ထို့ကြောင့် ထိုအခြေအနေများတွင် ဖြေရှင်းချက် ရှာရန် သင့်အနေဖြင့် သာ၍ပင် အလောတကြီး မဖြစ်သင့်ပေ။ ဖြေရှင်းချက်များအတွက် စိုးရိမ်သောက မဖြစ်ရန်ဟူသည့် ညွှန်ကြားချက်က လူတို့ကို မည်သည့်အရာ ပြောပြသနည်း။ ထိုအရာ၏ ဆိုလိုရင်းမှာ လူတို့အား ပုံမှန်လူ့သဘာဝကို နားလည်စေရန် ဖြစ်သည်။ ပုံမှန် လူ့သဘာဝသည် ထူးခြားခြင်းမရှိ၊ သာမန်ထက်လွန်ကဲခြင်း မရှိ၊ သို့မဟုတ် ထွေထွေထူးထူး မဟုတ်ပေ။ အမျိုးမျိုးသော အမှုအရာများအပေါ် လူတို့၏ သိနားလည်မှု၊ အတွေ့အကြုံဆိုင်ရာ အသိပညာ၊ အသိအမှတ်ပြုခြင်းနှင့် သဘောပေါက်မှုတို့အပြင် လူအမျိုးအစားအမျိုးမျိုး၏ အနှစ်သာရအပေါ် ၎င်းတို့၏ အမြင်များအားလုံးကို အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ၎င်းတို့ အတွေ့အကြုံမှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝဖြစ်၏။ ထိုအရာနှင့်ပတ်သက်၍ ထူးကဲသာလွန်သောအရာ မရှိသကဲ့သို့ မည်သည့်လူမျှ မခုန်နိုင်သည့် တန်းတစ်ခု ဖြစ်သည်။ သင်သည် လူအတွက် ဘုရားသခင် ပြုလုပ်ထားသည့် ဤဥပဒေသများကို ကျော်လွန်ပြီး လုပ်ဆောင်လိုပါက ပုံမှန် ဖြစ်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ထိုအရာက သင်သည် ပုံမှန်လူ့သဘာဝ မည်သည့်အရာဖြစ်သည်ကို မသိကြောင်းသာ ပြမည် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ထိုအရာက သင်၏ လွန်ကဲသော မာနထောင်လွှားမှုနှင့် လက်တွေ့မကျခြင်းကို ထုတ်ဖော်ပြပေမည်။ ၎င်းတို့ နားမလည်သည့် အရာများနှင့် ပတ်သက်သော ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်ရန် ဘုရားသခင်က လူတို့ကို ပြောထားပြီးဖြစ်သည်။ သင်သည် ပုံမှန် လူတစ်ဦးဖြစ်သဖြင့် အတွင်းတွင် ပေါ်လွင်သည့် လူ၏ ဖောက်ပြန်ပျက်စီးမှုကို သင် တွေ့ကြုံ၊ နားလည်ပြီး သတိပြုမိနိုင်ကာ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်နိုင်ရန်အလို့ငှာ သင့်အတွက် သာ၍ များသော ပတ်ဝန်းကျင်များ ဘုရားသခင် စီစဉ်ပေးရန် သင် လိုအပ်ပေသည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝရှိသည့် လူများ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။” တွင် မည်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့နိုင်သနည်း။ (ဖြေရှင်းချက်များအတွက် စိုးရိမ်သောက မရောက်နှင့်။) လူတစ်ဦးသည် အခြေအနေတစ်ခုကို ကြုံရပြီး ထိုအခြေအနေကို မရိပ်စားမိနိုင်သည့်အခါ၊ သို့မဟုတ် နားမလည်နိုင်သည့်အခါ၊ ထိုအခြေအနေကို ယခင်က ၎င်းတို့ မတွေ့ကြုံဖူးသည့်အခါ၊ သို့မဟုတ် စိတ်မကူးဖူးသည့်အခါ၊ လူသား အယူအဆများအပေါ် မှီခိုခြင်းအားဖြင့် ဤကိစ္စရပ်ကို မည်သို့ ဖြေရှင်းရမည်ကို စိတ်ကူးရန်ပင် ၎င်းတို့အတွက် မဖြစ်နိုင်သည့်အခါ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းသည် မည်သည့်အရာ ဖြစ်သနည်း။ (ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်နှင့်။) ဘုရားသခင်သည် သင့်ထံမှ ဤအရာကို တောင်းဆိုပြီးဖြစ်သောကြောင့် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများကို မည်သည့် သဘောထားဖြင့် သင် ချဉ်းကပ်သင့်သနည်း။ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သည့် လူများသည် ၎င်းတို့ မရိပ်စားမိနိုင်သည့်၊ နားမလည်နိုင်သကဲ့သို့ အတွေ့အကြုံမရှိသည့် အရာများ၊ သို့မဟုတ် ၎င်းတို့ လုံးဝ အကူအညီမဲ့သည့် အခြေအနေများကိုပင် ကြုံရသည့်အခါ ၎င်းတို့အနေဖြင့် ပထမဦးစွာ မှန်ကန်သော သဘောထားကို ခံယူပြီး “ဤအရာမျိုးကို ကျွန်ုပ် နားမလည်ပါ၊ မရိပ်စားမိနိုင်သလို အတွေ့အကြုံမရှိသကဲ့သို့ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်ကိုလည်း မသိပါ။ ကျွန်ုပ်သည် သာမန် လူတစ်ဦးသာဖြစ်သောကြောင့် ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်သည့်အရာ အကန့်အသတ်ရှိပါသည်။ အချို့သော အရာများကို မရိပ်စားမိနိုင်ခြင်း၊ သို့မဟုတ် နားမလည်နိုင်ခြင်းတွင် ရှက်စရာမရှိသကဲ့သို့ ထိုအရာများအပေါ် အတွေ့အကြုံ ကင်းမဲ့ခြင်းတွင်လည်း ဧကန်မုချ ရှက်စရာမရှိပါ”ဟု ဆိုသင့်သည်။ သင်သည် ဤအရာမှာ ရှက်ဖွယ်မဟုတ်ဟူသည့် အသိတရား ရလာသည့်အခါ ယင်းမှာ ကိစ္စရပ်၏ အဆုံးသတ် ဖြစ်သလော။ ပြဿနာ ပြေလည်သွားပြီး ဖြစ်လိမ့်မည်လော။ မိမိကိုယ်ကို အရှက်ရစေခြင်းနှင့်ပတ်သက်၍ မစိုးရိမ်ခြင်းသည် ထိုသို့သော အရာများအပေါ် လူတို့ ခံယူနိုင်သည့် သိနားလည်မှုနှင့် သဘောထားတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူပေ။ ထို့ကြောင့် အကြင်သူသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်နိုင်သနည်း။ သင်က “ဤအရာမျိုးကို ယခင်က ငါမတွေ့ကြုံဖူးသကဲ့သို့ မရိပ်စားမိနိုင်ပါ။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုနှင့်ဆိုင်သည့် ဘုရားသခင်၏ အစီအစဉ်က မည်သည့်အရာက ဆိုလိုသည်၊ သို့မဟုတ် မည်သည့် ရလဒ်စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ကို ငါ မသိပါ။ ဘုရားသခင်၏ သဘောထားကိုလည်း ငါ မသိပါ။ ထို့ကြောင့် ထိုအရာနှင့်ပတ်သက်၍ မိမိကိုယ်ကို ဒုက္ခပေးရန် မလိုအပ်ဟု ငါမြင်ပါသည်။ သူ့ဘာသာသူ ဖြစ်ချင်တာ ဖြစ်ပါလေ့စေ။ ငါလျစ်လျူရှုလိုက်မည်”ဟု မိမိဘာသာ တွေးသည်ဆိုပါစို့။ ထိုသို့သော သဘောထားအပေါ် သင် အဘယ်သို့ စဉ်းစားပါသနည်း။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသည့် သဘောထားလော။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်အတိုင်း လက်တွေ့လုပ်ဆောင်သည့် သဘောထား ဖြစ်သလော။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်သည့် သဘောထား ဖြစ်သလော။ (မဟုတ်ပါ။) ထိုသို့သော အခြေအနေတစ်ခု ကြုံရခြင်းနှင့်ပတ်သက်၍ အခြားသူတို့က “ဤကိစ္စရပ်ကို ငါ မရိပ်စားမိနိုင်၊ သို့မဟုတ် နားမလည်နိုင်ပါ။ ယခင်က မတွေ့ကြုံဖူးပါ။ ဤအရာသည် ငါ၏ တက္ကသိုလ်အတန်းများတွင် လုံးဝ မပါဝင်ခဲ့ပါ။ ငါသည် မဟာဘွဲ့၊ ပါရဂူဘွဲ့ရှိပြီး ပါမောက္ခတစ်ဦးအဖြစ်ပင် အလုပ်လုပ်နေပြီဖြစ်သည်။ ဤအရာကို ငါ နားမလည်နိုင်ပါက မည်သူက အမှန်တကယ် နားလည်နိုင်မည်နည်း။ ဤအရာကို ငါ မရိပ်စားမိနိုင်သကဲ့သို့ အတွေ့အကြုံမရှိကြောင်း လူတိုင်းကို သိခွင့်ပေးရန်မှာ အလွန်ရှက်ဖွယ်ရာဖြစ်မည်မဟုတ်ပါလား။ သူတို့အားလုံးက ငါ့ကို အထင်သေးကြမည် မဟုတ်ပါလား။ မဖြစ်ပါ၊ ဤသည်မှာ ငါမရိပ်စားမိနိုင်သည့်အရာတစ်ခုဖြစ်ကြောင်း ငါပြော၍ မဖြစ်ပါ။ ငါ့အနေဖြင့် ‘ဤကိစ္စမျိုးနှင့် ပတ်သက်၍၊ ဘုရားနှုတ်ကပတ်တော်ကို ကြည့်ပါ၊ ရှာဖွေပါ၊ ပြီးလျှင် အဖြေကို သင် ရှာတွေ့လိမ့်မည်’ဟု ပြောရမည်။ ဤကိစ္စရပ်ကို ငါမရိပ်စားမိနိုင်၊ သို့မဟုတ် နားမလည်နိုင်ဟု ပြောရသည်ထက် သေသာ သေလိုက်ချင်သည်”ဟု မိမိဘာသာ တွေးကြသည်။ ဤသဘောထားအပေါ် သင် မည်သို့ တွေးသနည်း။ (မကောင်းပါ။) ဤလူသည် မိမိကိုယ်ကို ဘာများ အောက်မေ့နေသနည်း။ ၎င်းက သူတော်စင်တစ်ဦး၊ ပြီးပြည့်စုံသော လူတစ်ဦးဖြစ်သည်ဟု တွေးထင်သည်။ ၎င်းက “သိက္ခာရှိသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့်၊ ကျော်ကြားသော ပညာရှင်၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရသူ၊ ကြီးမြတ်ပြီး ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ငါက နားမလည်နိုင်သည့်၊ သို့မဟုတ် မရိပ်စားမိနိုင်သည့် အရာများ အမှန်တကယ် ရှိနိုင်ပါသလား။ မဖြစ်နိုင်ပါ။ ရှိလျှင်ပင် သင်တို့တစ်ဦးမျှ နားမလည်နိုင်မည့် တစ်စုံတစ်ရာဖြစ်ပေမည်။ ထို့ကြောင့် ယင်းမှာ ကိစ္စမရှိပါ။ ထိုအရာကို ငါ မရိပ်စားမိနိုင်လျှင်ပင် သင်တို့ကို ငါ မုချ သိခွင့်ပေးမည် မဟုတ်ပါ။ “ကျွန်ုပ် မရိပ်စားမိနိုင်ပါ’၊ ‘ကျွန်ုပ် နားမလည်နိုင်ပါ’၊ ‘ကျွန်ုပ် မတတ်နိုင်ပါ’ တို့ကဲ့သို့သော စကားများ ငါ၏ နှုတ်မှ လုံးဝ မထွက်ရ”ဟု တွေးသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားသော လူတစ်ဦးဖြစ်ပါသည်။) ဤသည်မှာ အသိစိတ်ကင်းမဲ့သည့် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော လူတစ်ဦး ဖြစ်သည်။ ဤလူစားမျိုးက “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။”ဟူသည့် စကားများကို ဖတ်ပါက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရရှိမည်လော။ ဉာဏ်ကွန့်မြူးမှု တစ်စွန်းတစ်စ ရရှိမည်လော။ မရရှိပါက ဤစကားများကို ၎င်း ဖတ်ရွတ်သမျှသည် အချည်းနှီးဖြစ်သွားပေမည်။ ဤစကားများကို အလွယ်တကူ ရေးသားထားပြီး နားလည်သဘောပေါက်ရ လွယ်ကူသောကြောင့် ၎င်းသည် အဘယ်ကြောင့် နားမလည်နိုင်သနည်း။ သင်လေ့လာကာ သင်ယူရင်း ကုန်ဆုံးခဲ့သည့် ထိုနှစ်ကာလများအားလုံးသည် အသုံးမဝင်ပေ။ ဤရိုးရှင်းပြီး လွယ်ကူရှင်းလင်းသော စကားများကိုပင် သင် နားမလည်နိုင်လျှင် သင်သည် အမှန်တကယ် အသုံးမကျသောသူ ဖြစ်သည်။

ယခုအခါတွင် “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်”ဟူသည့် စာကြောင်းတွင် မည်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပါရှိသည်ကို နောက်ထပ် ကြည့်ကြပါစို့။ ပထမဦးစွာ ဖြေရှင်းချက်အပေါ် စိုးရိမ်သောကမရောက်သည့် သဘောထားတစ်ခုကို သင်ခံယူသင့်ပြီး ထိုသို့စိုးရိမ်မည့်အစား ပထမဦးစွာ သင်၏ ပင်ကို အစွမ်းအစများက မည်သည့်အရာ စွမ်းဆောင်ရှိနိုင်သည်၊ ပုံမှန် လူ့သဘာဝက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သတိပြုသင့်ပြီး ဘုရားသခင်က ပုံမှန်လူ့သဘာဝနှင့်ပတ်သက်၍ ပြောသည့်အခါ သူမည်သည့်အရာ ဆိုလိုသည်ကို နားလည်သင့်သည်။ လူတို့ကို မဟာလူသားများ မဖြစ်စေချင်ကြောင်း၊ သို့မဟုတ် ထူးကဲသာလွန်သူ၊ သာမန်ထက်လွန်ကဲသော သူများ မဖြစ်စေချင်ကြောင်းနှင့် ၎င်းတို့ကို သာမန်လူများသာ ဖြစ်စေချင်ကြောင်း ဘုရားသခင် ပြောသည့်အခါ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသည်ကို သင် နားလည်သင့်သည်။ သင်သည် ပထမဦးစွာ ဤအရာများကို နားလည်သင့်သည်။ သင် နားမလည်သည့်အရာများကို သိသယောင်ဆောင်ရန်မှာ အသုံးမဝင်ပေ။ တစ်နည်းအားဖြင့် သင် မည်မျှ ဟန်ဆောင်သည်ဖြစ်စေ ထိုအရာများကို သင်သိဦးမည်မဟုတ်။ အခြားသူအယောက်တိုင်းကို သင်လှည့်စားနိုင်လျှင်ပင် ဘုရားသခင်ကို သင်လှည့်စားနိုင်မည်မဟုတ်။ ထိုသို့သောအရာများ သင့်အပေါ် ကျရောက်သည့်အခါ ထိုအရာများကို သင် နားမလည်ပါက သင်နားမလည်ကြောင်းကိုသာ ပြောလော့။ စစ်မှန်ရိုးသားသော သဘောထားနှင့် ကိုင်းရှိုင်းသော စိတ်နှလုံး သင် ရှိရမည်ဖြစ်ပြီး သင့်အနီးအနားရှိသူတို့အား သင် မသိသကဲ့သို့ မရိပ်စားမိနိုင်သည့် အရာများ၊ ယခင်က သင် မတွေ့ကြုံရသေးသည့် အရာများရှိကြောင်းနှင့် သင်သည် အခြားမည်သူနှင့်မျှ ကွဲပြားခြင်းမရှိဘဲ သာမန် လူတစ်ဦးသာ ဖြစ်ကြောင်း မြင်ခွင့်ပေးရမည်ဖြစ်သည်။ ထိုအရာတွင် ရှက်ဖွယ်ရာတစ်ခုမျှ မရှိပေ။ ထိုအရာမှာ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး ဤအမှန်တရားကို သင် လက်ခံရမည်။ ဤအမှန်တရားကို သင် လက်ခံပြီးနောက်တွင် မည်သည့်အရာ ဖြစ်သနည်း။ “ဤအရာကို ယခင်က ကျွန်ုပ် မတွေ့ကြုံဖူးပါ၊ မရိပ်စားမိနိုင်ပါ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိပါ။ ကျွန်ုပ်သည် ကဏ္ဍတစ်ခုတွင် သင်တို့ထက် သာလွန်သည်မှာ ဖြစ်နိုင်သော်လည်း သင်တို့ကဲ့သို့ သူလိုကိုယ်လိုသာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များတွင် ဉာဏ်အလင်း မြင်တွေ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ မျှော်လင့်ချက်ရှိပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိပါသည်”ဟု ပြောလျက် လူတိုင်းကို ထိုအရာ ပြောပြသင့်သည်။ ဤမျှော်လင့်ချက်သည် မည်သည့်နေရာတွင် တည်သနည်း။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” ဟူသည့် ဘုရားနှုတ်ကပတ်တော်များတွင် တည်၏။ ဤသည်မှာ ကိစ္စရပ်ကို နှလုံးသွင်းခြင်း၊ ထိုကိစ္စရပ်နှင့်ပတ်သက်၍ ရှာဖွေရန် ဘုရားသခင်၏ရှေ့မှောက်သို့ မကြာခဏ ယူဆောင်ခြင်းဟု ဆိုလိုသည်။ ထိုကိစ္စရပ်ကို သင် နှလုံးသွင်းရမည်၊ သမ္မာတရားနှင့် ထိုသမ္မာတရားရှိ ဘုရားသခင်၏ အလိုတော်ကို နားလည်ရန် ထိုကိစ္စကို သင်နှင့်ပတ်သက်သည့် တာဝန်အမျိုးအစားတစ်ခုအဖြစ်သို့ ပြောင်းလဲစေရမည်ဖြစ်ပြီး သင်၏ တာဝန်ဝတ္တရား၊ သင့်ရှာဖွေခြင်း၏ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်အဖြစ်သို့ ပြောင်းလဲစေရမည်ဖြစ်သည်။ ဤသို့ သင် လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာလိမ့်မည်၊ သင်၏ ပြဿနာကို သင်ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး ဤစကားများ၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ဤအရာကို သင် မည်သို့ အတိအကျ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာရမည်ဖြစ်ပြီး စုဝေးပွဲများတွင် သင် မိတ်သဟာယပြုနေစဉ်တွင်လည်း ဤကိစ္စကို မျှဝေရန်၊ ယင်းနှင့်ပတ်သက်၍ လူတိုင်းနှင့် မိတ်သဟာယပြုပြီး တွေးဆရန် အခွင့်အရေးများ ရှာဖွေသင့်သည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” သင်၏ စိတ်နှလုံးသည် ရိုးသားပြီး စစ်မှန်ရမည်။ သင့်အနေဖြင့် ဟန်ဆောင်လုပ်ပြရုံ လုပ်ပြခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပုံစံဖြင့် ပြုမူဆောင်ရွက်ခြင်း မရှိရသကဲ့သို့ သင်ပြောသည့်အရာများကို အတည်ပြောရမည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဝန်တာတစ်ခုကို သင်တာဝန်ယူရမည်ဖြစ်ပြီး ဤကိစ္စတွင် ဘုရားသခင်၏ အလိုတော်ကို နားလည်ရန်နှင့် ဤကိစ္စ၏ အနှစ်သာရကို ရိပ်စားမိရန် အလိုရှိလျက် တစ်ချိန်တည်းတွင် ဤကိစ္စရပ်ကို လူတို့ ကြုံရချိန်တွင် ရင်ဆိုင်ရသည့် ပြဿနာများနှင့် ရှုပ်ထွေးမှုအပြင် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် အမျိုးမျိုးသော မူမမှန်သည့် အခြေအနေများကို ဖြေရှင်းရန် ဆန္ဒရှိလျက် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ပြီး တောင့်တသော စိတ်နှလုံးကို သင်နှင့်အတူ ယူဆောင်လာရမည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” ဤသည်မှာ လူကို ဘုရားသခင် ပြောခဲ့သည့် ပြည့်စုံသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤစာကြောင်းတွင် မည်သည့်အရာကို သင် မြင်သနည်း။ တစ်နည်းအားဖြင့် လူအတွက် ပတ်ဝန်းကျင်များ စီစဉ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူတို့အား အမျိုးမျိုးသော အမှုအရာများကို နည်းလမ်းအမြောက်အမြားဖြင့် ကြုံတွေ့ခွင့်ပေးရန်၊ ထိုအရာများမှ သင်ခန်းစာများ သင်ယူခွင့်ပေးရန်၊ ဘုရားနှုတ်ကပတ်တော်တွင် ပါရှိသည့် အမျိုးမျိုးသော သမ္မာတရား၏ စစ်မှန်မှုများထဲသို့ ဝင်ရောက်ခွင့်ပေးရန်၊ လူတို့၏ အတွေ့အကြုံများကို တိုးတက်အောင် အားဖြည့်ပေးရန်၊ ဘုရားသခင်၊ မိမိတို့ကိုယ်ကို၊ မိမိတို့၏ ပတ်ဝန်းကျင်များနှင့် လူသားမျိုးနွယ်တို့အပေါ် သာ၍ ပြည့်စုံပြီး ရှုထောင့်များစွာရှိသည့် သိနားလည်မှုတစ်ခု ရရှိစေဖို့ ကူညီပေးရန် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့အတွက် ထူးခြားသည့် ပတ်ဝန်းကျင်အချို့ကို စီစဉ်ညွှန်ကြားခြင်းနှင့် ထူးခြားသည့် သင်ခန်းစာအချို့ကို စီစဉ်ပေးခြင်းအားဖြင့် ဘုရားသခင်သည် လူတို့အား သူနှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ထိန်းသိမ်းစေချင်သည်။ ဤနည်းဖြင့် လူတို့သည် ဘုရားမဲ့သည့် အခြေအနေတွင် အသက်ရှင်ခြင်း၊ ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောသော်လည်း ဘုရားသခင်၊ သမ္မာတရားတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အပြင် ဒုက္ခရောက်စေမည့်အရာ ဖြစ်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်ခြင်းတို့ထက် သူ၏ရှေ့မှောက်သို့ မကြာခဏ လာကြပေသည်။ ထို့ကြောင့် အမှန်တွင် ဘုရားသခင် စီစဉ်သည့် ပတ်ဝန်းကျင်များ၌ လူတို့သည် ဘုရားသခင်ကိုယ်တိုင်အားဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ အင်တင်တင်နှင့် မတက်မကြွ ဆောင်သွင်းခြင်းခံကြရလေသည်။ ဤအရာက ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို ပြ၏။ အချို့သော ကိစ္စတွင် သင်သည် သိနားလည်မှု ကင်းမဲ့လေ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုင်းရှိုင်းသည့် စိတ်နှလုံး သာ၍ ရှိသင့်လေဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာသင့်ပေသည်။ သင်သည် အမှုအရာများကို နားမလည်သည့်အခါ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ လိုအပ်သည်။ သင်နားမလည်သည့် အရာများကို သင် ကြုံရသည့်အခါ သင့်အပေါ် သာ၍ အမှုပြုရန် ဘုရားသခင်ကို သင်တောင်းလျှောက်ဖို့ လိုအပ်သည်။ ဘုရားသခင်ရှေ့မှောက်သို့ သင် သာ၍ လာလေ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးလေ ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ စိတ်နှလုံး သာ၍ နီးလေ၊ ထိုစိတ်နှလုံးထဲတွင် ဘုရားသခင် သာ၍ နေထိုင်လေ ဖြစ်သည်မှာ မှန်သည် မဟုတ်လော။ ဘုရားသခင်သည် လူတစ်ဦး၏ စိတ်နှလုံးတွင် သာ၍ ရှိလေ၊ ၎င်းတို့၏ လိုက်စားမှု၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့ စိတ်နှလုံးထဲရှိ အခြေအနေတို့သည် သာ၍ ကောင်းလာလေ ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက သာ၍ ရင်းနှီးလေ၊ သင်၏ ရိုးသားစစ်မှန်သော စိတ်နှလုံးကို ပူဇော်ရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏလာဖို့ သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် သာ၍ စစ်မှန်လေ ဖြစ်လာလိမ့်မည်။ တစ်ချိန်တည်းတွင် သင်၏ ဘဝ၊ သင်၏ လုပ်ရပ်များနှင့် အပြုအမူတို့သည် ချုပ်ထိန်းခြင်းခံရလိမ့်မည်။ ထိုသို့သော ချုပ်ထိန်းခြင်းသည် မည်သို့ ဖြစ်ပေါ်သနည်း။ လူတို့က ဘုရားသခင်ထံ မကြာခဏ ဆုတောင်းသည့်အခါ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသည့်အခါတွင် ဖြစ်ပေါ်၏။ ဤသည်မှာ အရေးအကြီးဆုံးသော အရာဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦးသည် မည်သည့် ဆက်စပ်အကြောင်းအရာနှင့် မည်သည့် အခြေအနေများတွင် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်သနည်း။ (သူတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိကြသည့်အခါတွင် ဖြစ်ပါသည်။) မှန်ပေ၏၊ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိကြသည့်အခါတွင် ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိပါက ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင် ရှိကြောင်းနှင့် သင်သည် သူနှင့် အလွန်ရင်းနှီးကြောင်း ဆိုလိုလိမ့်မည် မဟုတ်လော။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် နေရာတစ်ခု အမြဲရှိကြောင်းနှင့် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်က အလွန်အရေးပါသော နေရာတစ်ခု ယူထားကြောင်း ဆိုလိုပေလိမ့်မည်။ အကျိုးဆက်အနေဖြင့် သင်သည် ဘုရားသခင်အကြောင်းကို အမြဲ စဉ်းစားလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ စဉ်းစားလိမ့်မည်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အနှစ်သာရတို့နှင့်ပတ်သက်၍ စဉ်းစားလိမ့်မည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ စဉ်းစားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် ဆိုင်သည့် အရာအားလုံးကို စဉ်းစားလိမ့်မည်ဖြစ်သည်။ အရပ်သုံးစကားကို သုံးရလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ပြည့်လျှမ်းနေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် အလွန်မြင့်မားသောနေရာတစ်ခု ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ပြည့်ပါက သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိလိမ့်မည်၊ ဘုရားသခင်၏ စိစစ်မှုကို သင် လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခုလည်း ရှိလိမ့်မည်။ ထိုအခါတွင်မှ ချုပ်ထိန်းမှုဖြင့် သင် ပြုမူဆောင်ရွက်နိုင်လိမ့်မည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့”ဆိုသည်မှာ ရိုးရှင်းသည့် စာကြောင်းတစ်ကြောင်းဖြစ်သော်လည်း အဓိပ္ပာယ်အဆင့်များစွာ ပါရှိ၏။ ထိုအရာတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူတို့ ပြုမူဆောင်ရွက်ရန် ဘုရားသခင် တောင်းဆိုသည့် သဘောထားပါရှိသကဲ့သို့ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ထားရှိသည့် သတ်မှတ်ချက်များကိုလည်း သိရှိစေသည်။ ထို့ကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ သင့်အပေါ် ကျရောက်သည့် အရာများအပေါ် သင် လက်မလျှော့ခြင်း၊ ထွက်မပြေးခြင်း၊ သို့မဟုတ် စိတ်မဝင်စားသော သဘောထားတစ်ခု ခံယူခြင်းတို့ ဖြစ်သည်။ သင် နားမလည်သကဲ့သို့ မရိပ်စားမိနိုင်သည့် တစ်စုံတစ်ရာ၊ သို့မဟုတ် သင်ကျော်လွှားအောင်မြင်နိုင်ခြင်းမရှိသည့်၊ သို့မဟုတ် သင့်ကို အားပင်နည်းစေသည့် တစ်စုံတစ်ရာနှင့် သင် ထိပ်တိုက်တွေ့ပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဖြေရှင်းချက်များအတွက် စိုးရိမ်သောကရောက်ခြင်း မရှိနှင့်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ တတ်နိုင်စွမ်းကို ကျော်လွန်ရန် တွန်းအားမပေးပေ။ လူသား တတ်စွမ်းနိုင်မှုများ၏ နယ်ပယ်ကို ကျော်လွန်သည့် အရာများ လုပ်ဆောင်ရန် လူတို့ကို မည်သည့်အခါတွင်မျှ ဘုရားသခင် မတောင်းဆိုပေ။ ဘုရားသခင် သင့်ကို လုပ်စေမည့်အရာနှင့် သင့်အပေါ် သူ တောင်းဆိုမည့် အရာများမှာ ပုံမှန် လူ့သဘာဝရှိသည့်လူများ စွမ်းဆောင်ရရှိကာ ရယူပြီး ပြီးမြောက်နိုင်သည့် အရာများသာ ဖြစ်သည်။ ထို့ကြောင့် လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ အနည်းငယ်မျှ အနှစ်မဲ့ခြင်း၊ သို့မဟုတ် မရေရာခြင်း မရှိပေ။ လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ ပုံမှန် လူ့သဘာဝရှိသည့် လူများ စွမ်းဆောင်ရရှိနိုင်သည့် အရာ၏ နယ်ပယ်ကို ခြုံငုံသည့် စံနှုန်းတစ်ခုထက် ဘာမျှမပိုပေ။ သင်၏ စိတ်ကူးများနောက်သို့သာ သင် အမြဲ လိုက်ပြီး အခြားသူများထက် သာ၍ တော်လိုကာ သာလွန်လိုပြီး သာ၍ တတ်စွမ်းလိုပါက၊ အခြားသူများထက် အမြဲ သင် သာလိုပါက ဘုရားသခင်၏ ဆိုလိုရင်းကို သင် နားလည်မှုလွဲပေပြီ။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသောလူတို့သည် မကြာခဏ ဤသို့ဖြစ်ကြ၏။ ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်ဖို့ ဘုရားသခင်က ပြောသည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်ရန် သူ ပြောသော်လည်း မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသောလူတို့သည် ဘုရားသခင်၏ ဤသတ်မှတ်ချက်များကို သေချာစွာ စဉ်းစားခြင်း မရှိချေ။ ထိုအစား ဟုန်းခနဲဖြစ်သော ခွန်အားနှင့် အားအင်ဖြင့် အမှုအရာများကို ပြီးမြောက်ရန်၊ သပ်ရပ်ပြီး လှပသည့် နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် မျက်တောင်တစ်ခတ်တွင် အခြားလူတိုင်းထက် သာလွန်ရန် မရမက ကြိုးစားကြလေသည်။ ၎င်းတို့သည် မဟာလူသားများ ဖြစ်လိုကြပြီး သာမန်လူသားဖြစ်ရန် ငြင်းပယ်ကြသည်။ ဤသည်မှာ လူအတွက် ဘုရားသခင် စီစဉ်ထားသည့် သဘာဝနည်းဥပဒေသများနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလား။ (ဟုတ်ပါသည်။) ၎င်းတို့သည် သာမန်လူများ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ပုံမှန် လူ့သဘာဝ ကင်းမဲ့ကြပြီး အလွန် မာနထောင်လွှားကြသည်။ ပုံမှန်လူသဘာဝနယ်ပယ်အတွင်းရှိ လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်သတ်မှတ်သည့် သတ်မှတ်ချက်များကို အလေးမထားကြချေ။ ပုံမှန် လူ့သဘာဝရှိသူများက ရယူနိုင်သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင် စီစဉ်ထားသော စံနှုန်းများကို ၎င်းတို့ အလေးမထားကြချေ။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ မထီမဲ့မြင်ပြုပြီး “ဘုရားသခင်၏ သတ်မှတ်ချက်များက အလွန်နိမ့်ကျသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အဘယ်သို့ သာမန် လူများဖြစ်နိုင်မည်နည်း။ သူတို့သည် သာမန်ထက် ထူးကဲသောသူများ၊ သာမန်လူများထက် ကျော်လွန်ပြီး သာလွန်သောသူများ ဖြစ်ရမည်။ သူတို့သည် ကြီးမြတ်ပြီး ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ရမည်”ဟု တွေးကြသည်။ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ပြီး သမ္မာတရား ဖြစ်သော်လည်း အဆင့်အတန်းမရှိသကဲ့သို့ သာမန်ဖြစ်လွန်းသည်ဟု တွေးလျက် ဘုရားနှုတ်ကပတ်တော်များကို အလေးမထားကြပေ။ ထို့ကြောင့် သူ၏ နှုတ်ကပတ်တော်များကို လျစ်လျူရှုပြီး အထင်သေးကြလေသည်။ သို့ရာတွင် လူတို့ လိုက်နာပြီး လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ဘုရားသခင် ညွှန်ပြသည်မှာ အတိအကျအားဖြင့် မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တို့က အလွန်မထီမဲ့မြင်ပြုသည့် ဤပုံမှန်ဖြစ်ပြီး သာမန်ဖြစ်သော စကားများဖြင့် ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များက အလွန် ရိုးသားစစ်မှန်သည်၊ ဓမ္မဓိဋ္ဌာန်ကျပြီး လက်တွေ့ကျသည်။ လူတို့အပေါ် မြင့်မားသည့် တောင်းဆိုချက်များ လုံးဝ မထားပေ။ ထိုနှုတ်ကပတ်တော်များသည် လူတို့ စွမ်းဆောင်ရရှိနိုင်ပြီး ရရှိသင့်သည့် အရာအားလုံး ဖြစ်သည်။ လူတို့အနေဖြင့် ပုံမှန် အသိစိတ်ရှိသရွေ့ ၎င်းတို့အနေဖြင့် စိတ်ကူးယဉ်ရန် မကြိုးစားသင့်သကဲ့သို့ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် လက်ခံသင့်သည်၊ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်သည်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သင့်ပြီး သမ္မာတရားကို မိမိတို့ အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ စည်းမျဉ်းအဖြစ် သဘောထားသင့်သည်။ ၎င်းတို့အနေဖြင့် အလွန်အကျွံ ရည်မှန်းချက်မကြီးသင့်ပေ။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့”ဟူသည့် စာကြောင်းတွင် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် သမ္မာတရားများသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများဖြစ်ကြောင်းတို့ကို လူတို့ သာ၍ပင် နားလည်သင့်သည်။ ဤနေရာတွင် “လူတို့”က မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ပုံမှန် ဆင်ခြင်တုံတရားနှင့် ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့်၊ အပြုသဘောဆောင်သော အရာများကို နှစ်သက်ကာ မည်သည့်အရာက ဓမ္မဓိဋ္ဌာန်ကျပြီး မည်သည့်အရာက လက်တွေ့ကျသည်၊ မည်သည့်အရာက ထူးမခြားနားဖြစ်ပြီး မည်သည့်အရာက သာမန်ဖြစ်သည်ဆိုသည်တို့ကို နားလည်သူ၊ ပုံမှန်လူများကို ရည်ညွှန်းပေသည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလော့”ဟူသော စကားလုံးများကို တစ်စိမ့်စိမ့်တွေးရန် အချိန်ယူလော့။ ဤစကားများသည် ရိုးရှင်းသည့်၊ သာမန် စကားလုံးများဖြစ်သော်လည်း ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သောလူများ လုပ်ဆောင်နိုင်သင့်သည့် တစ်စုံတစ်ရာကို ဖော်ပြပြီး ယင်းတို့သည် ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦးက မိမိတို့၏ လက်တွေ့ဘဝတွင် အခက်အခဲများ ကြုံနေရချိန် လက်တွေ့အလုပ်ဆောင်သင့်ဆုံးသော သမ္မာတရား စည်းမျဉ်းလည်း ဖြစ်ပေသည်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော လူများ အလိုအပ်ဆုံးဖြစ်သည့် သမ္မာတရား ဖြစ်သည်။ အနှစ်မဲ့သော စကားများ လုံးဝ မဟုတ်ပေ။ သင်တို့သည် ဤသာမန် စကားများကို အကြိမ်များစွာ သီဆိုကာ နားထောင်ကြပြီး ဖြစ်သည်။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ဤစကားများကို သေချာစွာ တွေးဆပြီး အာရုံစူးစိုက် မိတ်သဟာယပြုရန် သမ္မာတရားများအဖြစ် သဘောထားခြင်း မရှိကြလေပြီ။ ဤသို့ဖြင့် သင်တို့သည် ဤအဖိုးတန်စကားများကို အချည်းနှီးဖြစ်စေကြပြီး ဖြစ်သည်။ အမှန်တွင် ဤစကားလုံးများတွင် လူတို့အတွက် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏ သတိပေးချက်များနှင့် ဆုံးမမှုများအပြင် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ပါရှိသည်။ အလွန်များစွာ ပါရှိ၏။ လူတို့သည် အသနားအကြင်နာမဲ့ပြီး ဆင်ခြင်တုံတရားမဲ့ကြကာ ဤစကားများကို သာမန် စကားများအဖြစ် သဘောထားကြသည်။ ၎င်းတို့သည် ထိုအရာတို့ကို တန်ဖိုးထားခြင်းမရှိ၊ တွေးဆခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ဤအရာကြောင့် အဆုံးတွင် ဆင်းရဲဒုက္ခခံစားပြီး ဆုံးရှုံးမည့်သူများမှာ မည်သူများ ဖြစ်လိမ့်မည်နည်း။ လူတို့ကိုယ်တိုင်ပင် ဖြစ်သည်။ ဤသည်မှာ သင်ခန်းစာတစ်ခု မဟုတ်လော။

သာမန်လူတို့အတွက် ဤစာပိုဒ်တွင် ဘုရားသခင် စီစဉ်ထားသည့် သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ရန် အလွန်လွယ်ကူသည်။ ဤလက်တွေ့လုပ်ဆောင်မှုနှင့်ပတ်သက်၍ ခက်ခဲသည့်အရာ၊ သို့မဟုတ် ပင်ပန်းသည့်အရာ တစ်ခုမျှ မရှိသကဲ့သို့ ထိုလက်တွေ့လုပ်ဆောင်မှုသည် ထိရောက်ပေသည်။ နောက်ဆုံးတွင် ထိုလက်တွေ့လုပ်ဆောင်မှုက သင့်အား တဖြည်းဖြည်း ရင့်ကျက်ကာ တိုးတက်စေနိုင်သည်။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့”ဆိုသည့်အရာ၏ စည်းမျဉ်းကို လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် သမ္မာတရား၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၊ အမျိုးမျိုးသော ပတ်ဝန်းကျင်ကို တွေ့ကြုံခြင်းမှ သင် ရရှိသည့် သိနားလည်မှု စသည်တို့အရ သင်သည် တိုးတက်လိမ့်မည်မှာ မှန်ပေ၏။ ဤစကားများ ကောင်းလိုက်လေခြင်း။ လူတို့တွင် အသိစိတ်ရှိပြီး ဤစကားများကို လက်တွေ့လုပ်ဆောင်ကြပါက ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် လမ်းညွှန်မှုအောက်တွင် ဘုရားသခင်က အမျိုးမျိုးသော ပတ်ဝန်းကျင်များကို စီစဉ်သည့်အခါ ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သိလာကြလိမ့်မည်။ အချိန်ကာလတစ်ခုကြာပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံး၌ ဆုလာဘ်များကို ခံစားနိုင်ကြလိမ့်မည်၊ အတွေ့အကြုံ ရရှိကာ ထိုပတ်ဝန်းကျင်များတွင် သမ္မာတရားကို နားလည်လာနိုင်ကြလိမ့်မည်။ ထိုသို့သော ဆုလာဘ်များကို သင်ခံစားရသည့်အခါ ဤပတ်ဝန်းကျင်များကို ဘုရားသခင် အဘယ်ကြောင့် စီစဉ်ကြောင်း၊ ဘုရားအလိုတော်က မည်သည့်အရာဖြစ်ပြီး လူတို့အား ထိုအရာများမှ မည်သည့်အရာကို ဘုရားသခင် ရရှိစေရန် ဆန္ဒရှိကြောင်းတို့ကို သင် သိလိမ့်မည်။ ထို့အပြင် လူတို့ ဆင်းသွားသည့် လမ်းလွှဲများ၊ ၎င်းတို့ တွေ့ကြုံရသည့် ဆုတ်ဆိုင်းမှုများ၊ ၎င်းတို့ ရှိထားသည့် မူမမှန်သော သိနားလည်မှုများ၊ ၎င်းတို့ ပိုင်ဆိုင်သည့် လက်တွေ့မကျသော စိတ်ကူးများ၊ ၎င်းတို့အတွင်းတွင် ထွက်ပေါ်သည့် ဘုရားအပေါ် အယူအဆများနှင့် အတိုက်အခံလုပ်ခြင်း စသည်တို့အားလုံးသည် ဤပတ်ဝန်းကျင်များကို ၎င်းတို့ တွေ့ကြုံစဉ်တွင် ဖြည်းဖြည်း ဖော်ထုတ်ကာ ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအရာများက အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ ဤပတ်ဝန်းကျင်များမှတစ်ဆင့် မည်သည့်အရာ ဖော်ထုတ်ပြီး ထုတ်ဖော်ပြခံရသည်ကို ရှင်းလင်းစွာ သိမြင်ပြီး နားလည်ရန်မှာ အတွေ့အကြုံ ကာလတစ်ခု လိုအပ်သည်။ ဤသို့ဖြင့် “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်”ဟူသည့် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်သည် ပြည့်စုံပေသည်။ ဆိုလိုသည်မှာ သင် မရိပ်စားမိနိုင်၊ သို့မဟုတ် နားမလည်နိုင်သကဲ့သို့ ယခင်က မတွေ့ကြုံရသေးသည့် တစ်စုံတစ်ရာကို ဘုရားသခင် စီစဉ်သည့်အခါ ထိုအခြေအနေမှ ဘုရားသခင် သင့်ကို နားလည်စေကာ ရရှိစေပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံစေချင်သည့် အရာများကို နှစ်ရက်မျှဖြင့် ရယူ၍ မရနိုင်ဟူ၍ဖြစ်သည်။ အချိန်အချို့ကြာပြီးနောက်တွင်မှသာ၊ ပြီးလျှင် ခြေတစ်လှမ်းစီတိုင်းတွင် ဘုရားသခင်၏ လမ်းညွှန်ချက်၊ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ဖြင့်သာ သင်သည် တဖြည်းဖြည်း သိနားလည်မှု ရပြီး ရလဒ်များ ရရှိလိမ့်မည်။ ထိုအရာမှာ လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်။ ရုတ်တရက်ဖြစ်သည့် ဉာဏ်အလင်းပေးမှုဖြင့် အရာရာကို ရုတ်တရက် သင်နားမလည်ပေ၊ သို့မဟုတ် လျှပ်တစ်ပြက်ဖြစ်သော ဉာဏ်ကွန့်မြူးမှုဖြင့် ဘုရားသခင် ဆိုလိုသည့်အရာကို သင်မသိပေ။ ဘုရားသခင်သည် သဘာဝလွန် နည်းလမ်းများဖြင့် ထိုသို့သော အရာများကို မလုပ်ဆောင်ပေ။ ဤသို့ ဘုရားသခင် ပြုမူဆောင်ရွက်ခြင်း မရှိပေ။ ဘုရားသခင် အမှုပြုသည့် နည်းလမ်းမှာ ဤသို့ဖြစ်သည်။ ဘုရားသခင်သည် အခြေအနေတစ်ခု၏ အကြောင်းတရားများနှင့် အကျိုးဆက်များကို သင့်အား တွေ့ကြုံခွင့်ပေးပြီး သင်သည် “ထို့ကြောင့် ဤလူစားမျိုး၏ အနှစ်သာရမှာ ဤကဲ့သို့ဖြစ်ပြီး ထိုအရာမျိုး၏ စစ်မှန်မှုနှင့် အနှစ်သာရမှာ ဤကဲ့သို့ဖြစ်ကာ ဤအရာက ဘုရားနှုတ်ကပတ်တော်၏ ထိုထိုသော စာကြောင်းကို ပြည့်စုံစေသည်။ ဘုရားသခင်က ထိုသို့ပြောသည်အခါ ဆိုလိုသည့်အရာကို ကျွန်ုပ် နောက်ဆုံးတွင် သဘောပေါက်ပြီ။ ဤကဲ့သို့သော ကိစ္စရပ်များနှင့် ထိုကဲ့သို့သော လူများနှင့်ပတ်သက်၍ ဘုရားသခင် အဘယ်ကြောင့် ထိုသို့သောအရာများ ပြောဆိုခဲ့သည်ကို နောက်ဆုံးတွင် ကျွန်ုပ် နားလည်ပြီ”ဟု တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဘုရားသခင်က ထိုသို့သာ အသိတရားရလာခွင့်ပေးသည်။ ဤအရာများကို သဘောပေါက်ရန် အချိန်အချို့ ကြာသည် မဟုတ်လော။ (ကြာပါသည်။) အတွေ့အကြုံကာလတစ်ခုမှတစ်ဆင့် သင်ရယူသည့် အသိပညာနှင့် နားလည်လာသည့် သမ္မာတရားများမှာ အယူဝါဒများ၊ သို့မဟုတ် အယူအဆဆိုင်ရာ အမှုအရာများမဟုတ်ဘဲ သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံနှင့် စစ်မှန်သော အသိပညာတို့ ဖြစ်သည်။ ဤသည်မှာ သင် ဝင်ရောက်သည့် သမ္မာတရား၏ စစ်မှန်မှု ဖြစ်သည်။ ဤတွင် “ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်”ဟူသည့် ဘုရားနှုတ်ကပတ်တော်များ၏ အကြောင်းတရားနှင့် ရင်းမြစ်တို့ တည်ရှိလေသည်။ သင် တွေ့ကြုံသည့် အဖြစ်အပျက်များမှ ဆုလာဘ်များကို ဘုရားသခင်က သင့်အား ရိတ်သိမ်းခွင့်ပေးသည့်အခါ သူသည် သင့်အား ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းရုံမျှ ဖြတ်သန်းမသွားစေချင်၊ သို့မဟုတ် သဘောတရားတစ်ခုကို သင်ယူရုံမျှ မသင်ယူစေချင်ဘဲ နားလည်မှုတစ်ခု၊ အချို့သော အသိပညာ၊ အပြုသဘောဆောင်သော ရှုထောင့်နှင့် မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်တို့ကို ရရှိစေချင်သည်။ ဤစာပိုဒ်တွင် စာကြောင်းအနည်းငယ်သာ ပါရှိပြီး အကြောင်းအရာများစွာ မခြုံငုံသော်လည်း ဤစာပိုဒ်တွင် ဘုရားသခင် တင်ပြသည့် သတ်မှတ်ချက်များနှင့် ထိုစာပိုဒ်မှတစ်ဆင့် လူတို့ကို သူ ပေးသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ အလွန် အရေးကြီးသည်။ လူတို့သည် လူသား အသိပညာနှင့် အယူဝါဒအပေါ် ၎င်းတို့ ခံယူသည့် အလားတူသဘောထားဖြင့်ပင် ဘုရားနှုတ်ကပတ်တော်များကို မမှတ်ယူသင့်ပေ။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများရှိရမည်။ ဤသည်မှာ သင့်အနေဖြင့် အခြေအနေတစ်မျိုးမျိုးကို ကြုံရသည့်အခါ လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခု၊ နည်းလမ်းတစ်ခု ရှိရမည်ဟု ဆိုလိုသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုဟုခေါ်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဤသည်တို့မှာ ရိုးရှင်းသည့် စကားအနည်းငယ်မျှသာ မဟုတ်ပေ။ ထိုစကားများကို ဖော်ပြပြီး တင်ပြသည့် နည်းလမ်းသည် ရိုးရှင်းကာ နားလည်ရန်လွယ်ပြီး စကားလုံးများက အလွန်ရိုးစင်းပုံရကာ လှပသည့်၊ ကွန့်လွန်းသော ဘာသာစကား၊ သို့မဟုတ် ပါးနပ်သေသပ်သော ဝေါဟာရများ၊ သို့မဟုတ် ညက်ညောဆန်းပြားသော စကားများဖြင့် တန်ဆာဆင်ထားခြင်းမရှိသကဲ့သို့ တင်စီးသော လေသံဖြင့် ပြောဆိုထားခြင်းမရှိသည့်အပြင် ထိုစကားများသည် တေ့တေ့ဆိုင်ဆိုင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် ရိုးသားစစ်မှန်သော ဆုံးမစကားများနှင့် သတ်မှတ်ချက်များ ဖြစ်လင့်ကစား လူတို့အား အရေးအကြီးဆုံးသော စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို အမှန်တကယ် ပြောကြားလေသည်။

ဘုရားသခင် ပြောဆိုထားသည့် သာမန်အဖြစ်ဆုံးသော စကားများကို လူများစွာက မည်သည့်အခါတွင်မျှ အလေးအနက် မထားကြပေ။ ဘုရားသခင် ပြောဆိုသည့် နက်နဲပြီး ဆန်းကျယ်သော စကားများကိုသာ သူ၏ နှုတ်ကပတ်တော်များအဖြစ် မှတ်ယူကြလေသည်။ ဤသည်မှာ မူမမှန်သော သိနားလည်မှု၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်၏။ သာမန်စကားများဖြစ်စေ၊ နက်နဲသော စကားများဖြစ်စေ ဘုရားနှုတ်ကပတ်တော်များအားလုံးတွင် သမ္မာတရားနှင့် နက်နဲသောအရာများပါရှိပြီး ထိုအရာများကို နားလည်ကာ သိရှိရန် နှစ်ချီအတွေ့အကြုံနှင့် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခု လိုအပ်ပေသည်။ သင်တို့ ယခုတင် သီဆိုကြသည့် ဓမ္မတေးသီချင်းတွင် ပါရှိသည့် ဘုရားသခင်၏ ကောင်းမွန်ပြီး အရေးကြီးသော စကားများကဲ့သို့ပင် မည်သူကမျှ ဤစကားလုံးများကို အလေးအနက် မထားကြပေ။ ထိုစကားများကို တေးဂီတအတွက် ပြင်ဆင်ထားပြီး လူတိုင်းက နှစ်ချီ သီဆိုပြီးဖြစ်သော်လည်း ထိုစကားများတွင် ပါရှိသည့် ဤအရေးအကြီးဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို မည်သူကမျှ တစ်ကြိမ်တစ်ခါမျှ ရှာမတွေ့ဖူးကြပေ။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များက “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့” ဟု ၎င်းတို့ကို ပြောနေပုံရသည်ဟူသော ခံစားချက်တစ်ခု ၎င်းတို့၏ အသိစိတ်တွင်ရှိပြီး ဤသည်တို့မှာ လူတို့အတွက် ဘုရားသခင် ရှိထားသည့် သတ်မှတ်ချက်များဖြစ်သည်ဟု ခံစားရလျှင်ပင် အဘယ်သူသည် မိမိတို့၏ တကယ့်ဘဝတွင် တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ဖူးသနည်း၊ အကောင်အထည်ဖော်ကာ ဤဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖူးကြသနည်း။ တစ်ဦးတလေက ဤအရာကို လုပ်ဆောင်ပြီးပြီလော။ (မလုပ်ဆောင်ရသေးပါ။) ဤအရာကို မည်သူမျှ မလုပ်ဆောင်ရသေးပေ။ ဤဘုရားနှုတ်ကပတ်တော်များသည် အလွန်ရိုးရှင်းသော်လည်း မည်သူကမျှ မလိုက်လျှောက်နိုင်ပေ။ ဤအရာအတွင်းတွင် ပဓာနကျသော ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ (ရှိပါသည်၊ လူတို့သည် သမ္မာတရားကို ငြီးငွေ့ကြသည်ဟု ပြပါသည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (ကျွန်ုပ်တို့ထံ ဘုရားသခင်ပြောဆိုခဲ့သည့် ဤစကားများသည် အလွန် လက်တွေ့ကျသည်။ စည်းမျဉ်းနှင့်ဆိုင်သည့် စကားများသာ ဖြစ်သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ အလေးအနက် မထားကြပါ။ ထိုနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ အာရုံမစိုက်ကြသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသေးပါ။) သို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များကို သင်တို့ မည်ကဲ့သို့ ပုံမှန်ဖတ်ရှုကြသနည်း။ (ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်ရှုသည့်အခါ ပုံမှန်အားဖြင့် ကျွန်ုပ်တို့ အပေါ်ယံအားဖြင့် သာမန်ကာလျှံကာသာ ဖတ်ကြပါသည်။ စကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ကျွန်ုပ်တို့ နားလည်သည့်နောက်တွင် ကျွန်ုပ်တို့ ဆက်ဖတ်ကြသည်။ ထိုစကားများတွင် ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် သမ္မာတရား၏ မည်သည့် စည်းမျဉ်းကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်တို့ကို ကျွန်ုပ်တို့ နားမလည်ပါ။ ထိုစကားများကို ကျွန်ုပ်တို့ ထိုကဲ့သို့ သေချာစွာ မတွေးဆခဲ့ကြပါ။) သင်တို့သည် အယူအဆဆိုင်ရာ စိတ်ကူးအချို့ဖြင့် ပြန်ဖြေကြပြီးဖြစ်ကာ သင်တို့ ပြောဆိုသည့်အရာ မှန်ကန်ပုံရသော်လည်း လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းမရှိရခြင်း၏ ဖြစ်ကြောင်းရစ်မြစ်ကို သင်တို့ မတွေ့မြင်ကြသေးပေ။ ဘုရားနှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလျှင် ထိုနှုတ်ကပတ်တော်များတွင် ပါရှိသည့် ရတနာများ၊ ရွှေ၊ စိန်များကို သင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်ပြီး ဤအရာများကို တစ်သက်တာ သင် မွေ့လျော်ခံစားလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို သင် တန်ဖိုးမထားပါက ဤရတနာများကို သင် ရရှိနိုင်လိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးမထားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားနှုတ်ကပတ်တော်များကို သင် ချစ်ခင်မြတ်နိုးခြင်းမရှိဟု ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များ အလွန်များကြောင်းနှင့် အားလုံးက သမ္မာတရားဖြစ်ကာ မည်သည့်အရာများအား တန်ဖိုးထားရမည်ကို သင် မသိကြောင်း သင်ခံစားရသည်။ အားလုံးက သာမန်ဖြစ်သည်ဟု သင် ခံစားရပြီး ဤသည်မှာ ပြဿနာဖြစ်သည့်သဘောဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားနှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ကြောင်းနှင့် ဤသမ္မာတရားများသည် လူတို့၏ ဘဝများနှင့် အသက်ရှင်ခြင်းအတွက် အသုံးအဝင်ဆုံးနှင့် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြောင်း သင် သိရှသည်ကို ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များအား မခွဲခွာရက်အောင် အလွန်ချစ်ခင်သည့် ရတနာများအဖြစ် သင် သဘောထားသည်ဟု ဆိုလိုပေသည်။ ဘုရားနှုတ်ကပတ်တော်များအပေါ် ဤသဘောထားကို တန်ဖိုးထားခြင်းဟု ခေါ်သည်။ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များအားလုံးက အကြီးမားဆုံး တန်ဖိုးရှိသည့် ရတနာများဖြစ်ကြောင်း၊ မည်သည့် ကျော်ကြားသော၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်မဆို၏ ဘဝဆောင်ပုဒ်များထက် အဆတစ်ရာ၊ အဆတစ်ထောင် သာ၍ အဖိုးတန်ကြောင်း သင် ရှာဖွေတွေ့ရှိပြီးဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်းနှင့် ဘဝ၏ အကြီးမားဆုံးနှင့် တန်ဖိုးအရှိဆုံးသော ရတနာများကို ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း ဆိုလိုပေသည်။ ဤရတနာများကို ရှာဖွေတွေ့ရှိခြင်းသည် သင်၏ တန်ဖိုးကို တိုးပွားရန်နှင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် သင့်ကို ကူညီပေးနိုင်သည်။ ဤအကြောင်းရင်းအတွက် သင်သည် ဤသမ္မာတရားများကို အထူးသဖြင့် တန်ဖိုးထား၏။ ဤအရာနှင့်ဆိုင်သည့် တကယ့် ဘဝ ဥပမာတစ်ခုကို ငါပေးမည်။ အမျိုးသမီးတစ်ဦးက လှပသည့် ဝတ်စုံတစ်စုံကို ဝယ်သည်ဆိုပါစို့။ သူမ အိမ်ပြန်ရောက်သည့်အခါ ထိုဝတ်စုံကို မှန်ထဲတွင် စမ်းဝတ်ကြည့်သည်။ ဘယ်ပြန်၊ ညာပြန်ကြည့်ရင်း သူက “ဤဝတ်စုံအရမ်းလှသည်၊ ဝတ်စုံ၏ အထည်သားက ထူးကဲသည်။ လက်ရာက အလွန်လက်ရာမြောက်ပြီး သက်သောင့်သက်သာ ဖြစ်သလို ဝတ်ရသည်မှာ နူးညံ့သည်။ ထိုသို့သော ကောင်းမွန်သည့် အဝတ်အစားများ ဝတ်နိုင်သည်မှာ ငါကောင်းချီးခံစားရလေခြင်း။ ဤအရာသည် ငါအနှစ်သက်ဆုံး အဝတ်အထည်တစ်ခုဖြစ်သော်လည်း တစ်ချိန်လုံး ဝတ်၍ မဖြစ်ပါ။ အဆင့်အတန်း အမြင့်ဆုံးသော ပွဲများတက်ရောက်ပြီး ဂုဏ်အရှိဆုံးသော လူများကို တွေ့ဆုံသည့်အခါတွင် ငါဝတ်မည်”ဟု တွေးသည်။ အားလပ်သည့်အချိန်အချို့ ရသည့်အခါ သူသည် ရှုစားပြီး ဝတ်ကြည့်ရန် ထိုဝတ်စုံကို မကြာခဏ ထုတ်ကြည့်လေသည်။ ခြောက်လကြာပြီးနောက်တွင် ထိုဝတ်စုံနှင့်ပတ်သက်၍ သူမ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ထိုဝတ်စုံနှင့် မခွဲနိုင်မခွာရက်ဖြစ်နေသည်။ ဤသည်မှာ တစ်စုံတစ်ရာ တန်ဖိုးထားခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏ သဘောထားသည် ဤအဆင့်သို့ ရောက်ပြီလော။ (မရောက်သေးပါ။) အမျိုးသမီးက သူ အနှစ်သက်ဆုံး ဝတ်စုံကို တန်ဖိုးထားသမျှလောက် ဘုရားနှုတ်ကပတ်တော်များကို သင်တန်ဖိုးမထားသေးသည်မှာ အဘယ်မျှ သနားချင့်စဖွယ် ကောင်းသနည်း။ သင်သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးဖြစ်သော်လည်း သမ္မာတရားများစွာကို ရှာတွေ့နိုင်ခြင်း မရှိသေးသကဲ့သို့ စစ်မှန်မှုထဲသို့ လုံးဝ မဝင်ရောက်နိုင်သေးသည်မှာ အံ့ဩစရာမရှိပေ။ ဘုရားနှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ကြောင်း သင်အမြဲ ပြောသော်လည်း ဤသည်တို့သည် အယူအဆဆိုင်ရာနှင့် နှုတ်ဖြင့် ပြောဆိုချက်များသာ ဖြစ်သည်။ အရိုးရှင်းဆုံးနှင့် ပထမဆုံး ဖော်ပြထားသည့် ဘုရားနှုတ်ကပတ်တော် စာပိုဒ်များကို ထုတ်ပြပြီး ထိုနှုတ်ကပတ်တော်များတွင် မည်သည့် သမ္မာတရားများ ရှိသည်၊ ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လူကို ဘုရားသခင်က မည်သည့် သတ်မှတ်ချက်များနှင့် စံနှုန်းများပေးသည်ဆိုသည်တို့ကို မေးခြင်းခံရပါက သင်တို့သည် ဆွံ့အကာ စကားတစ်ခွန်းမျှ တုံ့ပြန်ပြောဆိုနိုင်မည်မဟုတ်ပေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုကာ နားထောင်ပြီးဖြစ်သည်။ ထို့ကြောင့် ထိုနှုတ်ကပတ်တော်များအပေါ် အဘယ်ကြောင့် စစ်မှန်သည့် သိနားလည်မှု မရှိကြပါသနည်း။ ပြဿနာ၏ ရင်းမြစ်မှာ အဘယ်နည်း။ အမှန်တွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို လုံလောက်အောင် တန်ဖိုးမထားခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်တန်ဖိုးထားသည့် လက်ရှိ အတိုင်းအတာတွင် သင်သည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို ရှာတွေ့ခြင်းမှ အလှမ်းဝေးသကဲ့သို့ ထိုနှုတ်ကပတ်တော်များမှတစ်ဆင့် လူ့အပေါ် ဘုရားသခင် ပေးသနားသည့် သတ်မှတ်ချက်များ၊ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတို့ကို ရှာဖွေတွေ့ရှိခြင်းမှ သင် အလှမ်းဝေးနေပေသည်။ ဤသည်မှာ သင့်အပေါ် အမှုအရာများ ကျရောက်သည့်အခါ သင် အမြဲ စိတ်ရှုပ်ထွေးပြီး စည်းမျဉ်းများ လုံးဝ ရှာမတွေ့နိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အမှုအရာများစွာကို သင်တွေ့ကြုံသော်လည်း ဘုရားသခင်၏ အလိုတော်ကို လုံးဝ မသိ၊ သို့မဟုတ် မရင့်ကျက်၊ သို့မဟုတ် သိပ်များစွာ ပြောင်းလဲခြင်းမရှိ၊ သို့မဟုတ် အနည်းငယ်မျှသော ဆုလာဘ်ထက်ပို၍ အကျိုးခံစားခြင်း မရှိရသည့် အကြောင်းရင်း ဖြစ်သည်။ ဤကဲ့သို့သော လူတို့သည် အလွန်သနားချင့်စဖွယ်ဖြစ်သည် မဟုတ်လော။

ဤစာပိုဒ်ကို ပြန်ဖတ်လော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များ အတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။”) အရေးကြီးသည့် အချက်များဆီသို့ သင်၏ အာရုံကို ဆွဲဆောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအတွက် စည်းမျဉ်းများနှင့် ထိုနှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု မည်သို့ ရှာတွေ့ရမည်ဆိုသည်ကို ရှင်းပြပါရစေ။ စာပိုဒ်ကို တစ်ကြောင်းချင်းစီ ပြန်ဖတ်လော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်။”) ဤစာကြောင်းတွင် လူတို့ နားလည်ရမည့် စည်းမျဉ်းတစ်ခု ပါရှိ၏။ ဤသို့ဖြစ်သည်။ ရလဒ်များကို မြင်ရန် အလောတကြီး မဖြစ်နှင့်၊ အထိတ်တလန့်မဖြစ်နှင့်၊ အပူတပြင်းမလုပ်နှင့်ဟူ၍ ဖြစ်သည်။ ဤသည်မှာ သဘောထားတစ်ခု ဖြစ်၏။ ဤပထမစာကြောင်းတွင် အမှုအရာများအပေါ် လူတို့ ခံယူသင့်သည့် မှန်ကန်သော သဘောထားပါရှိသည်။ ဤမှန်ကန်သော သဘောထားသည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းတွင် တည်သည်။ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သော လူတို့၏ ဆင်ခြင်တုံတရားနှင့် အစွမ်းအစ နယ်ပယ်အတွင်းတွင် ကျရောက်သည်။ ယခုတွင် ဒုတိယ စာကြောင်းကို ဖတ်လော့။ (“ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။”) ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဤသည်မှာ ဘုရားသခင်က လူကိုပေးသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်ပါသည်။) မှန်ပေ၏၊ ထိုမျှ ရိုးရှင်းပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။ ဤနေရာတွင် “ပို၍မကြာခဏ”ဟူသည်မှာ ဤအရာကို သင်လုပ်ချင်သည့်အခါတိုင်းတွင် မလုပ်သင့်သကဲ့သို့ ဧကန်မုချ တစ်လ ကိုးသီတင်းကြာမှ တစ်ကြိမ်သာ မလုပ်ဆောင်သင့်ဟု ဆိုလိုသည်။ ဤကိစ္စရပ်များ သင့်စိတ်ထဲပေါ်လာသည်နှင့် ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်သင့်သည်ဟု ဆိုလိုသည်။ ဤကိစ္စရပ်များတွင် ဝန်ထုပ်တစ်ခုကို သင် ထမ်းပါက၊ ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်၊ တောင့်တသော နှလုံးသားတစ်ခု သင်၌ ရှိပါက၊ ဤကိစ္စရပ်များရှိ ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များအပြင် သင် ရိပ်စားမိလိုသည့် ပြဿနာများ၏ အနှစ်သာရတို့ကို နားလည်ရန် သင် စိတ်ထက်သန်ပါက ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာသင့်ပေသည်။ ယင်းမှာ အလွန်များသည့် အကြိမ်ရေဖြင့်လာသင့်သည်ဟု ဆိုလိုသည်။ သင် ရှိသည့် ပတ်ဝန်းကျင်အပေါ် မူတည်၍ သင်အလုပ်များသည့်အခါ ဤကိစ္စရပ်များကို သင်တွေ့နေခဲ့သည့်အလား၊ သို့မဟုတ် ယင်းတို့နှင့် ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းကာ ရှာဖွေနေခဲ့သည့်အလား ဤကိစ္စရပ်များကို ချင့်ချိန်စဉ်းစားရန် အားလပ်သည့် အချိန်အခိုက်အတန့်တစ်ခုကို ရှာလော့။ ဤလက်တွေ့လုပ်ဆောင်မှုပုံံစံသည် အလွန် ရှင်းလင်းသည် မဟုတ်လော။ (ရှင်းလင်းပါသည်။) ဥပမာအားဖြင့် အစာစားပြီးနောက် အနားယူချိန်တစ်ခု သင် ယူသည့်အခါ “ဘုရားသခင်၊ ထိုထိုသော ပတ်ဝန်းကျင်တစ်ခုကို ကျွန်ုပ် တွေ့ကြုံပြီးဖြစ်ပါသည်။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် နားမလည်သကဲ့သို့ ဤအရာ ကျွန်ုပ်ထံ အဘယ်ကြောင့် ဖြစ်ပျက်ခဲ့သည်ကို ကျွန်ုပ် မရိပ်စားမိနိုင်ပါ။ ဤလူ၏ အကြံသည် အတိအကျ မည်သည့်အရာ ဖြစ်ပါသနည်း။ ဤပြဿနာမျိုးကို ကျွန်ုပ် မည်သို့ ဖြေရှင်းသင့်ပါသနည်း။ ဤကိစ္စမှ မည်သည့်အရာကို ကိုယ်တော် ကျွန်ုပ်အား နားလည်စေချင်ပါသနည်း”ဟု ဆိုလျက် တွေးဆကာ ဆုတောင်းလော့။ ဤရိုးရှင်းသည့် စကားအနည်းငယ်ဖြင့် သင်ရှာဖွေလိုသည့် ကိစ္စရပ်များနှင့် သင် နားလည်လိုသည့် ပြဿနာများ၏ အနှစ်သာရနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေသည်။ ဤကဲ့သို့ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် ဘုရားရှေ့မှောက်သို့ ပြဿနာကို ရိုးရှင်းစွာ ချခင်းထားခြင်း မဟုတ်၊ ဘုရားသခင်ထံမှ သမ္မာတရားကို သင် ရှာဖွေနေခြင်း ဖြစ်သည်၊ ဘုရားသခင်ကို သင့်အတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးစေရန်နှင့် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်ကို သင့်အား ပြောပြစေရန် သင်ကြိုးစားနေခြင်းဖြစ်ပြီး သင့်ကို ဉာဏ်အလင်းပေးကာ လမ်းပြရန် ဘုရားသခင်ကို သင် တောင်းလျှောက်နေခြင်း ဖြစ်သည်။ ဤအရာကို လုပ်ဆောင်နိုင်ရန် သင့်အတွက် လိုအပ်သည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ (ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်ရပါ။) ဖြေရှင်းချက်များနှင့်ပတ်သက်၍ စိုးရိမ်သောကမရောက်ခြင်းသည် သဘောထားတစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ သင်သည် ဖြေရှင်းချက်များနှင့်ပတ်သက်၍ စိုးရိမ်သောကမရောက်ခြင်း မဟုတ်ဘဲ ဖြေရှင်းချက်များအတွက် သင်စိုးရိမ်သောကမရောက်ခြင်း၏ ကြီးမားသည့် မရှိမဖြစ် လိုအပ်ချက်အောက်တွင် သင်သည် ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်၊ ခင်မွတ်သော စိတ်နှလုံးတစ်ခု ရှိကာ ဤကိစ္စရပ်တွင် ဝန်ထုပ် ထမ်းခြင်း ဖြစ်သည်။ နောက်တစ်နည်းဖြင့် ပြောရလျှင် ဤကိစ္စရပ်သည် သင့်အပေါ် ဖိအားတစ်မျိုးကဲ့သို့ ပြုမူဆောင်ရွက်ပြီး သင့်အနေဖြင့် နားလည်ပြီး ဖြေရှင်းချင်သည့် ပြဿနာတစ်ခု ရှိရန်အလို့ငှာ ထိုဖိအားက သင့်ပခုံးပေါ် ဝန်ထုပ်တစ်ခု ထားရှိလေသည်။ ဤသည်မှာ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။ သင်၏ အားလပ်သည့်အချိန်တွင် သင်၏ ပုံမှန် ဝတ်ပြုဆက်ကပ်သည့် အချိန်အတောအတွင်းတွင်၊ သို့မဟုတ် သင်၏ ညီအစ်ကို မောင်နှမများနှင့် သင် စကားစမြည်ပြောနေသည့်အချိန်တွင် သင်၏ လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို သင် တင်ပြနိုင်ပြီး သင်၏ ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယပြုကာ ရှာဖွေနိုင်ပေသည်။ ပြဿနာများကို သင်မဖြေရှင်းနိုင်သေးပါက ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ထိုပြဿနာများကို ယူဆောင်လော့။ ဤအရာကို သင် လုပ်ဆောင်သည့်အခါ “ဘုရားသခင်၊ ကျွန်ုပ်အတွက် ကိုယ်တော် စီစဉ်ပေးထားသည့် ပတ်ဝန်းကျင်ကို မည်သို့ ကျွန်ုပ် တွေ့ကြုံသင့်သည်ကို ကျွန်ုပ် မသိသေးပါ။ ထိုအရာအပေါ် ကျွန်ုပ် သိနားလည်မှု မရှိသေးသကဲ့သို့ မည်သည့်နေရာတွင် အစပြုရမည်၊ သို့မဟုတ် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါ။ ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးပြီး သမ္မာတရား များစွာကို နားမလည်ပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဉာဏ်အလင်းပေးကာ လမ်းပြတော်မူပါ။ ကျွန်ုပ်ကို ကိုယ်တော် ဤပတ်ဝန်းကျင်မှ မည်သည့်အရာ ရရှိစေချင်သည်၊ သို့မဟုတ် နားလည်စေချင်သည်၊ သို့မဟုတ် ဤပတ်ဝန်းကျင်မှတစ်ဆင့် ကျွန်ုပ်အကြောင်း မည်သည့်အရာကို ကိုယ်တော် ထုတ်ဖော်ပြလိုသည်ဆိုသည်တို့ကို ကျွန်ုပ် မသိပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဉာဏ်အလင်းပေးကာ ကိုယ်တော်၏ အလိုတော်ကို နားလည်ခွင့်ပေးတော်မူပါ”ဟု ဆိုလော့။ ဤသည်မှာ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာလော့” ဟူသည့် စာကြောင်းတွင် တွေ့ရသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။ တစ်ခါတစ်ရံ သင်၏ စိတ်နှလုံးတွင် တွေးတောရင်း၊ တစ်ခါတစ်ရံ တိတ်ဆိတ်စွာ ဘုရားသခင်ထံ ဆုတောင်းရင်းနှင့် တစ်ခါတစ်ရံ ကျယ်ကျယ်ပြောကာ တစ်ခါတစ်ရံ သင်၏ ညီအစ်ကို မောင်နှများနှင့်အတူ မိတ်သဟာယဖွဲ့ရင်း ဤကဲ့သို့ လက်တွေ့လုပ်ဆောင်လော့။ သင်သည် ဤသရုပ်သကန်များရှိပါက ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နှင့်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ဤသို့ သင် မကြာခဏ ဆက်သွယ်ပြောဆိုပါက သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိပေသည်။ ထိုသို့သော အတွေ့အကြုံကို နှစ်အတော်ကြာတွေ့ကြုံပြီးနောက်တွင် သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် အလိုအလျောက် ဝင်ရောက်လိမ့်မည်။ ဤလက်တွေ့လုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ အခက်အခဲများ တစ်ခုတလေ ရှိသလော။ (မရှိပါ။)ကောင်းပေ၏။ ဥပမာအားဖြင့် တစ်ခါတစ်ရံ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်သည့်အခါ သာ၍ ဖတ်ရှုလေ၊ သင်၏ စိတ်နှလုံး သာ၍ဉာဏ်အလင်းရလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်သည် မိမိတွေ့ကြုံပြီးဖြစ်သည့် နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးကာ သင်၏ ယခင် အယူအဆများနှင့် စိတ်ကူးများသည် တစ်ပြိုင်တည်း ပြိုကွဲသွားကြောင်းကို ဆိုလိုပေသည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး “ဘုရားသခင်၊ ဤစာပိုဒ်ကို ဖတ်ရှုခြင်းက ကျွန်ုပ်၏ စိတ်နှလုံးကို ဉာဏ်အလင်းရစေပြီး ဖြစ်ပါသည်။ ယခင်က ကျွန်ုပ် ရှိခဲ့သည့် ပြဿနာများသည် ယခုအခါတွင် ကျွန်ုပ်အတွက် ရုတ်တရက် ရှင်းသွားသည်။ ဤသည်မှာ ကိုယ်တော်၏ ဉာဏ်အလင်းပေးမှုဖြစ်ကြောင်း ကျွန်ုပ် သိရှိသကဲ့သို့ ကိုယ်တော်၏ ဤနှုတ်ကပတ်တော်စာပိုဒ်ကို နားလည်ခွင့်ပေးခြင်းအတွက် ကိုယ်တော်ကို ကျွန်ုပ် ကျေးဇူးတင်ပါသည်”ဟု ဆိုသင့်သည်။ ဤသည်မှာ ဆုတောင်းပြီး ဘုရားသခင်ရှေ့မှောက်သို့ တစ်ဖန်လာခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လုပ်ဆောင်ရန် ခက်ခဲသလော။ ဤအရာအတွက် သင် အချိန်ပေးနိုင်သလော။ (ပေးနိုင်ပါသည်။) သင်၏ ရှာဖွေခြင်း အစမှသည် ဤဆုတောင်းချက်အထိ သင်သည် “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာလော့”ဟူသည့် ဘုရားနှုတ်ကပတ်တော်များတွင် တွေ့ရှိရသည့် စည်းမျဉ်းများကို စဉ်ဆက်မပြတ် သင် လက်တွေ့လုပ်ဆောင်ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ဤနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုဖြင့် သင် စဉ်ဆက်မပြတ် အသက်ရှင်ပြီး ထိုအရာများတွင် ပါရှိသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို အမြဲ ဖက်တွယ်ကာ ဤစစ်မှန်မှုမျိုးတွင် အမြဲ အသက်ရှင်သည့်အခါ ဤအရာကို လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုအား လိုက်နာစောင့်ထိန်းခြင်းဟု ခေါ်သည်။ ဤသည်မှာ ခက်ခဲသလော။ (မခက်ခဲပါ။) ဘုရားသခင်နှင့် စကားစမြည်ပြောဆိုရန်နှင့် သင်၏ စိတ်နှလုံးရှိ စကားများကို ပြောပြပြီး ဝေမျှရန် အချိန်တစ်ခု ရံဖန်ရံခါ ရှာကြံလျက် သင်၏ စိတ်နှလုံးကို အသုံးပြုဖို့၊ သင်၏ နှုတ်ကို လှုပ်ရှားဖို့၊ အချိန်အချို့ ပေးပြီး အနည်းငယ် တွေးတောဖို့သာ လိုအပ်သည်။ ဤသည်မှာ ပို၍ မကြာခဏ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်းဖြစ်သည်။ ထိုမျှ မပင်မပန်း ရိုးရှင်းပြီး လွယ်ကူပေသည်။ ထိုအရာနှင့်ပတ်သက်၍ ခက်ခဲသည့်အရာတစ်ခုမျှ မရှိပေ။ သင်၏ စိတ်နှလုံးတွင် အလွန် အရေးပါသကဲ့သို့ သင် မှတ်ယူသည့် တစ်စုံတစ်ရာကို သင် သယ်ဆောင်ပြီး ထိုအရာကို ဝန်ထုပ်တစ်ခုကဲ့သို့ သဘောထားကာ လုံးဝ မေ့လျော့ခြင်း၊ လက်လွှတ်ခြင်း မရှိပေ။ သင်သည် ထိုသို့သော အရာတစ်ခု သင်၏ စိတ်နှလုံးတွင် ရှိပြီး သူ့ထံ ဆုတောင်းရန်နှင့် သူနှင့်အတူ စကားပြောပြီး ထိုအကြောင်းနှင့်ပတ်သက်၍ စကားစမြည် ပြောဆိုရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ သင်လာလေသည်။ ဘုရားသခင်နှင့်အတူ သင်စကားပြောသည့်အခါ မည်သည့် စိတ်နှလုံးမျိုး သင်ရှိသင့်သနည်း။ (ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြစ်ပါသည်။) မှန်ပေ၏။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု သင်ရှိသင့်ပေသည်။ ဝန်ထုပ်တစ်ခု သင် ထမ်းပါက သင်၏ စိတ်နှလုံး စစ်မှန်လိမ့်မည်။ အခြားသူများသည် စကားစမြည် ပြောဆိုနေကြချိန်တွင် သင်သည် ဆုတောင်းပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် မိတ်သဟာယပြုလိမ့်မည်။ တစ်ခါတစ်ရံ အလုပ်မှ ပင်ပန်းကာ အနားယူနေချိန်တွင် ထိုကိစ္စကို သင် သတိရပြီး “ဤသည်မှာ မကောင်းပါ။ ဤကိစ္စရပ်ကို ကျွန်ုပ် နားမလည်သေးပါ။ ထိုအကြောင်းကို ဘုရားသခင်နှင့် ကျွန်ုပ် ပြောရဦးမည်”ဟု ဆိုလိမ့်မည်။ သင်အချိန်ရသည့်အခါတိုင်းတွင် ဤကိစ္စရပ်ကို အဘယ်ကြောင့် သင် သတိရလိမ့်မည်နည်း။ သင်၏ စိတ်နှလုံးတွင် ထိုအရာကို အလေးအနက် သဘောထားသောကြောင့် သင်၏ ကိုယ်ပိုင် ဝန်ထုပ်နှင့် တာဝန်အမျိုးအစားတစ်ခုကဲ့သို့ ထိုအရာကို သင်မှတ်ယူပြီး ထိုအရာကို သင် နားလည်ချင်ကာ ဖြေရှင်းချင်သောကြောင့် ဖြစ်လေသည်။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့လာပြီး သူနှင့်အတူ ရင်းနှီးအကျွမ်းဝင်စွာ ဆွေးနွေးပြီး စကားစမြည်ပြောဆိုသည့်အခါ သင်၏ စိတ်နှလုံးသည် အလိုအလျောက် ရိုးသားစစ်မှန်လာလိမ့်မမည်။ ဤအခြေအနေနှင့် ဤစိတ်နေသဘောထားဖြင့် ဘုရားသခင်နှင့် သင်မိတ်သဟာယပြုသည့်အခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ကဲ့သို့ အေးစက်ကာ ဝေးကွာခြင်းမရှိတော့ဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး ထိုအစား သင်သည် သူ့ထံ သာ၍ တိုးဝင်ချဉ်းကပ်နေသည်ဟု ခံစားရလိမ့်မည်။ ဤသည်မှာ လူကို ဘုရားသခင် ပေးသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများက လူတို့အပေါ် ထိရောက်ပုံ ဖြစ်သည်။ သင် မည်သို့ တွေးထင်သနည်း။ ဘုရားသခင်နှင့် ဤကဲ့သို့ ပါဝင်ပတ်သက်ရန်မှာ ခက်ခဲသလော။ သင်သည် ကိစ္စရပ်ကို နှလုံးသွင်းသည်၊ ထိုအကြောင်းကို ရံဖန်ရံခါ ဘုရားသခင်ထံ ပြောဆိုသည်၊ မကြာခဏ ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သူ့ကို နှုတ်ခွန်းဆက်သည်၊ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာအကြောင်းနှင့် သင်၏ အခက်အခဲများအကြောင်းကို ဘုရားသခင်ထံ သင် ပြောဆိုသည်၊ သင် နားလည်လိုသည့် အရာများ၊ သင် စဉ်းစားသည့်အရာများ၊ သင်၏ သံသယများ၊ အခက်အခဲများနှင့် သင်၏ တာဝန်များကို သင် ပြောဆိုသည်။ ဘုရားသခင်ထံ ဤအရာအားလုံးကို သင်ပြောဆိုပါက ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ အချိန်ကာလတစ်ခုကြာ ဤကဲ့သို့ သင်လက်တွေ့လုပ်ဆောင်ပါက ရလဒ်များကို သင် မြင်နိုင်ပြီး ဆုလာဘ်များကို အလွန် မြန်ဆန်စွာ သင် အကျိုးခံစားနိုင်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ရာတွင် ထိုမျှ မရိုးရှင်းပေ၊ ထိုအရာသည် ဖြစ်စဉ်တစ်ခုဖြစ်သည်။ သင်သည် ဤသို့ အချိန်အချို့ကြာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ရင်းနှီးသည်ထက် ရင်းနှီးလာလိမ့်မည်၊ သင်၏ စိတ်နေသဘောထားသည် တိုးတက်လိမ့်မည်၊ သင်၏ အခြေအနေသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်၏ စိတ်ဝင်စားမှုသည် တိုး၍ ကြီးမားသည်ထက် ကြီးမားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိခြင်း ဖြစ်သည်။ သမ္မာတရားအချို့ကို သင်နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ သင် စတင်ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ သို့ရာတွင် ဤအရာကို အချိန်တိုအတွင်း မစွမ်းဆောင်မရရှိနိုင်ပေ။ ရှင်းလင်းသည့် ရလဒ်များ မမြင်ရမီ ခြောက်လ၊ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်၊ သုံးနှစ်ပင် ကြာသွားနိုင်သည်။ ဤကာလအတောအတွင်းတွင် လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုမှ လွတ်မြောက်ကြလိမ့်မည်လော။ လွတ်မြောက်မည်မဟုတ်။ ဘုရားသခင်ထံ အကြိမ်ပေါင်း မရေတွက်နိုင်အောင်ပင် သင်ဆုတောင်းပြီး ဤသို့ လက်တွေ့လုပ်ဆောင်ခဲ့လျှင်ပင် ယင်းမှာ သင်သည် ရလဒ်များကို မုချ ရလိမ့်မည်ဟု ဆိုလိုသလော။ ဘုရားသခင်က သင့်ကို ရလဒ်တစ်ခု ပြရမည်လော။ အဖြေတစ်ခု ပေးရမည်လော။ သေချာပေါက် မဟုတ်ပေ။ လူအချို့က “ကျွန်ုပ် ရလဒ်များ ရမည်၊ မရမည်မှာ မသေချာပါက၊ ရလဒ်များ မသေချာပါက ဘုရားသခင်သည် အဘယ်ကြောင့် ဤသို့ပြုမူနေသေးသနည်း။ အဘယ်ကြောင့် သူသည် လူတို့အား ဤသို့ လက်တွေ့လုပ်ဆောင်စေသနည်း”ဟု ပြောကြသည်။ မစိုးရိမ်နှင့်၊ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် မုချ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်။ သင်သည် ဤသို့ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ လက်တွေ့လုပ်ဆောင်ပြီး ချက်ချင်း၊ သို့မဟုတ် တိုတောင်းသည့် အချိန်အတွင်းတွင် ရလဒ်တစ်ခုတလေ ရရှိပြီးဖြစ်သည်ဟု မထင်ပါက ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးနောက် ဘုရားသခင်က သင့်အတွက် အလားတူ ပတ်ဝန်းကျင်တစ်ခု စီစဉ်ပေးသည့်အခါ ယခင်က သင် သဘောမပေါက်နိုင်ခဲ့သည့် သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင် လျင်မြန်စွာ သဘောပေါက်လိမ့်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့ရာတွင် ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးနောက် သင်သဘောပေါက်ကာ နားလည်လာခဲ့သည့် ဤသမ္မာတရားသည် သင်၏ လက်ရှိ အတွေ့အကြုံ၊ အသိပညာနှင့် သိနားလည်မှုတို့အားဖြင့် တည်ဆောက်ထားသည့် အခြေခံအုတ်မြစ် လိုအပ်ပေသည်။ ဤနောက်ပိုင်းတွင်ရသည့် အသိတရားဝင်ခြင်းသည် ဤအခြေခံအုတ်မြစ်အပေါ်တွင် အခြေခံရမည်ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်တစ်ခုကို နားလည်ရန် လူတို့အတွက် လွယ်ကူသည်ဟု သင် ထင်သလော။ (မလွယ်ကူပါ။) ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အဖိုးအခပေးခြင်း၏ အရေးပါမှုနှင့် တန်ဖိုး ဖြစ်သည်။ ဤသည်မှာ ဒုတိယစာကြောင်းတွင် ပါရှိသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်း ဖြစ်သည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” ဤစာကြောင်းကို ရိုးရှင်းပြီး နားလည်ရလွယ်သည့် ဘာသာစကားဖြင့် ရေးသားထားသဖြင့် နားလည်ရန် အလွန်လွယ်ကူပေသည်။ စစ်မှန်သည့် စိတ်နှလုံးတစ်ခုက အမှုအရာများကို အကျိုးဖြစ်ထွန်းစေသည့်အားလျော်စွာ သင့်အနေဖြင့် သာ၍ ဆုတောင်းရမည်ဖြစ်ပြီး စစ်မှန်သည့် စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရမည်ဟု ဆိုလိုပေသည်။ ထိုမျှ သာမန်ကာလျှံကာ ဖြစ်ကာ ရိုးရှင်းပေသည်။ သို့ရာတွင် ဤစကားများသည် လူတိုင်း ဝင်ရောက်ရမည့် သမ္မာတရား၏ စစ်မှန်မှုတစ်ခု အမှန်တကယ်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ ရောက်လာနိုင်ကာ နောက်ဆုံးတွင် ကယ်တင်ခြင်းရရှိနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ဤစာကြောင်းကို ရိုးရှင်ပြီး နားလည်လွယ်သည့် စကားများဖြင့် ပြောထားသော်လည်း လူတိုင်းသည် ဤနည်းဖြင့် တွေ့ကြုံကာ ဝင်ရောက်ရမည်ဖြစ်သည်။ ယင်းမှာ အဆောက်အဦးတစ်ခုကို တည်ဆောက်ခြင်းနှင့် တူပေသည်။ အထပ် ၃၀ဖြစ်စေ၊ အထပ် ၅၀၊ သို့မဟုတ် အထပ်တစ်ရာခန့်ပင် ရှိသည်ဖြစ်စေ အခြေခံအုတ်မြစ်တစ်ခု ရှိရမည်ဖြစ်သည်။ အဆောက်အဦး၏ အခြေခံအုတ်မြစ် ခိုင်မာခြင်းမရှိပါက အဆောက်အဦးက မည်မျှ မြင့်မားသည်ဖြစ်စေ အချိန်အလွန်ကြာမြင့်စွာ ခံနိုင်မည်မဟုတ်။ နှစ်အနည်းငယ်အတွင်း ပြိုကျသွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဤလောက၌ အသက်ရှင်စဉ်တွင် လူတို့သည် သမ္မာတရားကို မိမိတို့၏ အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ၎င်းတို့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လူတို့သည် သာ၍ နက်ရှိုင်းပြီး မြင့်မားသည့် သမ္မာတရာများကို သိနားလည်လိုပါက အခြေခံအကျဆုံးသော အရာများ ရှိရမည်။ ဆိုလိုသည်မှာ အခြေခံအုတ်မြစ်ကို ဖန်တီးသည့်အရာများ ဖြစ်သည်။ ချည့်နဲ့သော အခြေခံအုတ်မြစ်တစ်ခု ရှိခြင်းသည် အန္တရာယ်အရှိဆုံး ဖြစ်သည်။ ဤအခြေခံအကျဆုံးသော သမ္မာတရားများ၊ ဤအခြေခံအကျဆုံး စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို အထင်မသေးလေနှင့်။ ထိုအရာများက သမ္မာတရားများဖြစ်သရွေ့ လူတို့ ပိုင်ဆိုင်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် အရာများ ဖြစ်သည်။ ထိုအရာများ ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ အရေးမကြီးပေ။ အခြေခံများမှ သင် အစပြုရမည်။ ဤသည်မှာ ခိုင်မာသော အခြေခံအုတ်မြစ်တည်ဆောက်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

ယခုအခါတွင် တတိယစာကြောင်းကို ဖတ်လော့။ (“ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။”) “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့”ဟူသည့်အရာက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းနှင့် ရူပါရုံကို ရည်ညွှန်းပေသည်။ သင်သည် ဤရူပါရုံအားဖြင့် ထောက်ပံ့ပေးကာ လမ်းပြခံရသည့်အခါ သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းက အကျိုးတစ်ခု ရှိလိမ့်မည်လော။ လူအချို့က “ဤလက်တွေ့လုပ်ဆောင်မှု အားလုံးနှင့်ပတ်သက်၍ ကျွန်ုပ် ငြီးငွေ့လာပြီဖြစ်ပြီး ဘုရားသခင်သည် ကျွန်ုပ်ကို ဉာဏ်အလင်းပေးခြင်း၊ သို့မဟုတ် တစ်ခုခု ပြောပြခြင်းလည်း မရှိသေးပါ။ ဘုရားသခင်၏ မျက်မှောက်တော်ကို ကျွန်ုပ် မခံစားရပါ။ ဘုရားတစ်ပါး အမှန်တကယ် ရှိပါသလော”ဟု ဆိုကြသည်။ ဤသို့ သင်တွေး၍မရပေ။ ဘုရားသခင်သည် သင့်ကို စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အနန္တတန်ခိုးရှင် ဖြစ်၏။ ဘုရားသခင်က သင့်ကို စကားပြောချင်ပြီး သင့်ကို စကားပြောသည့်အခါ သူသည် အနန္တတန်ခိုးရှင်ဖြစ်သည်။ သင့်ကို ဘုရားသခင် စကားမပြောချင်သကဲ့သို့ သင့်ကို စကားမပြောသည့်အခါ သူသည် အနန္တတန်ခိုးရှင် ဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သင့်အား အမှုအရာများကို နားလည်ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူသည် အနန္တတန်ခိုးရှင် ဖြစ်၏။ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာသည် မပြောင်းလဲနိုင်ချေ။ ဤသည်မှာ လူတို့ နားလည်ရမည့် ရူပါရုံဖြစ်သည်။ ဤသည်မှာ တတိယစာကြောင်းဖြစ်သည်၊ အလွန်ရိုးရှင်း၏။ ရိုးရှင်းသော်လည်း လူတို့အနေဖြင့် အမှန်တကယ် တွေ့ကြုံရမည်ဖြစ်သည်။ ထိုသို့ လူတို့ တွေ့ကြုံသည့်အခါ ဤစကားများက သမ္မာတရားဖြစ်ကြောင်း ထိုအရာက ၎င်းတို့ကို အတည်ပြုပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုစကားများကို မည်သို့မျှ သံသယထားဝံ့ကြတော့မည် မဟုတ်ပေ။

စတုတ္ထစာကြောင်းကို ဖတ်လော့။ (“သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိရမည်”) “သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိရမည်” ဤသည်မှာ လူ့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ “ကြီးစွာသော”ဟူသည့်အရာအားဖြင့် မည်သည့်အရာဆိုလိုသည်ကို လူတို့ နားလည်ရန် လိုအပ်သည်။ ထောင်ထောင်ထောင်ထောင်ဖြင့် ကြီးကျယ်နေခြင်းနှင့် ကြွားဝါခြင်း၊ ရည်မှန်းချက်အပြည့်ရှိသည့် စိတ်နှလုံးတစ်ခုရှိခြင်း၊ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟုမှတ်ယူခြင်း၊ ဗိုလ်ကျခြင်းနှင့် အာဏာရှင်ဆန်ခြင်း၊ ပြီးလျှင် မည်သူကိုမျှ ကျိုးနွံနာခံမှုမရှိခြင်းတို့သည် “ကြီးစွာသော”အရာ ဖြစ်သလော။ “ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခု”ဟူသည့် စာကြောင်းကို မည်သို့ နားလည်သင့်ပါသနည်း။ “ဘုရားသခင်အတွက် ဆန္ဒတစ်ခု”ကို သင် မည်သို့ ရှိသနည်း။ ယင်းမှာ ပြီးခဲ့သည့် စာကြောင်းက ဖော်ပြထားသည့်အတိုင်းဖြစ်သည်၊ သင့်အနေဖြင့် “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်”ရမည်။ သင့်အနေဖြင့် သမ္မာတရား သိနားလည်ခြင်းကို လိုက်စားရန်နှင့် ကယ်တင်ခြင်းကို လိုက်စားရန် စိတ်ဆန္ဒနှင့် စိတ်ပြင်းပြမှုတစ်ခု ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရန်၊ ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံခြင်းအား ရယူရန် ဆန္ဒတစ်ခုလည်း ရှိရမည်။ ဤအရာကို ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုဟု ခေါ်ပေသည်။ ဤကိစ္စရပ်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြရန် ဘုရားသခင်က လူသား ဘာသာစကားကို အသုံးပြုသော်လည်း လူတို့အနေဖြင့် ထိုအရာ၏ အဓိပ္ပာယ်ကို ရိုးသားသော နည်းလမ်းတစ်ခုဖြင့် နားလည်သင့်ပြီး အစွန်းရောက်သော ပုံစံဖြင့် အဓိပ္ပာယ်မကောက်သင့်ပေ။ ဤနေရာတွင် “ကြီးစွာသော”ဟူသည့် စကားက မိုက်ရူးရဲသောနည်းဖြင့် အမှုအရာများကိုလုပ်ဆောင်ရန် အလွန်အကျွံ အကြမ်းပတမ်း အင်အားအတိုင်းအတာကို ဟန်ဆောင် အသုံးပြုခြင်းအား မရည်ညွှန်းပေ။ ထိုအရာတွင် မသိနားမလည်မှု၊ သို့မဟုတ် မဆင်မခြင်ဖြစ်ခြင်းတို့ကို မဆိုထားနှင့်၊ အကြမ်းဖက်မှုပင် မပါဝင်ပေ။ “ကြီးစွာသော”ဟူသည်က တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒပြင်းပြမှုကို အဓိက ရည်ညွှန်းပေသည်။ လူတစ်ဦးက တကယ်ကို ရှိမှဖြစ်မည်ဆိုသည့် အတိုင်းအတာတစ်ခုထိ တစ်စုံတစ်ရာကို တန်ဖိုးထားသည့်အခါ၊ ပြီးလျှင် ထိုအရာကို ပိုင်ဆိုင်ဖို့ ၎င်းတို့ စိတ်ပိုင်းဖြတ်ထားကြပြီး ထိုသို့ မပိုင်ဆိုင်မချင်း ၎င်းတို့ လက်လျှော့လိမ့်မည် မဟုတ်သည့်အချိန်တွင်ကဲ့သို့ ဖြစ်သည်။ ဤ “ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒ”ဆိုသည်မှာ လုံးဝ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး အပြုသဘောဆောင်သော ရလဒ်များကိုသာ စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် “ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒ”၏ တိကျသည့် အဓိပ္ပာယ်မှာ အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာပြီး သမ္မာတရားကို နားလည်ရန်နှင့် မိမိကြုံရသည့် အမှုအရာများတွင် ဘုရားသခင်၏ အလိုတော်ကို နားလည်ရန် ဆန္ဒနှင့် စိတ်ပြင်းပြမှု ရှိရန် ဆိုလိုပါသည်။) မှန်ပေ၏။ ထိုမျှ ရိုးရှင်းပေသည်။ ထိုအရာမှာ သင့် ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်ရွှင်မှုတို့ကို စွန့်လွှတ်ရန်နှင့် သင်၏ ကိုယ်ပိုင် အားလပ်ချိန်ကိုလည်း စွန့်ရန်၊ ပြီးလျှင် ဘုရားသခင်ထံမှ ရှာဖွေရန်၊ ဘုရားသခင်ထံ ဆုတောင်းရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ဖို့ ကြိုးစားရန်ကဲ့သို့သော အပြုသဘောဆောင်သည့် အရာများအတွက် ဤအချိန်ကို အသုံးပြုရန် ဖြစ်သည်။ ထိုအရာမှာ တစ်စုံတစ်ခုအတွက် နှိုင်းနှိုင်းချိန်ချိန် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်း၊ သင်၏ အချိန်နှင့် အားအင်ကို အသုံးခံခြင်းနှင့် သမ္မာတရား၏ သွင်ပြင်တစ်ခုကို နားလည်ရန်အလို့ငှာ အဖိုးအခတစ်ခုခု ပေးခြင်းအကြောင်း ဖြစ်သည်။ ဤအရာကို ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုဟု ခေါ်သည်။ ဤသည်မှာ ထိုအရာကို ဖော်ပြရန် မှန်ကန်သည့် နည်းလမ်း ဖြစ်သလော။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသလော။ ဤစကားများသည် နားလည်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ထို့ကြောင့် ဤသရုပ်သကန်များတွင် အစွယ်နှင့် လက်သည်းများကို ထုတ်ပြခြင်းနှင့် မိမိလိုချင်သည့် အရာကို ကြမ်းတမ်းစွာ သိမ်းပိုက်ခြင်းတို့ ပါဝင်သလော။ ထိုအရာသည် ရိုင်းစိုင်းမှု၊ မဆင်မခြင်ဖြစ်ခြင်းနှင့် ဉာဏ်ပညာမဲ့ခြင်းတို့ဖြင့် သူ့ဘာသာ ပေါ်လွင်သလော။ (မထင်ရှားပါ။) သို့ဆိုလျှင် “ကြီးစွာသော”ဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယခုတင် သင်တို့ကို ငါပြောခဲ့သည့်အရာကို ပြန်ပြောကြလော့။ (ဘုရားသခင်ရှေ့မှောက်သို့ ပို၍ မကြာခဏ လာနိုင်ခြင်း၊ သမ္မာတရားကို နားလည်ရန် ဆန္ဒပြင်းပြမှု ရှိခြင်း၊ ဇာတိပကတိ၏ အပျော်အပါးအချို့ကို စွန့်နိုင်ခြင်း၊ သမ္မာတရား ရှာဖွေခြင်းအပေါ် အချိန်နှင့် အားအင်တို့ သာ၍ အသုံးပြုခြင်းနှင့် ဤအရာအတွက် အားအင် အသုံးခံပြီး အဖိုးအခပေးနိုင်ခြင်းတို့ကို ဆိုလိုပါသည်။) သို့ဆိုလျှင် ဤအရာကို ခိုင်လုံစွာ လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်သို့နည်း။ ဥပမာတစ်ခု ငါပေးမည်။ တစ်ခါတစ်ရံ သင်အနှစ်သက်ဆုံး သရုပ်ဆောင်တစ်ဦးကို တွေ့ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်ပြီး မည်သည့် ရုပ်ရှင်ဇာတ်ကားများတွင် သူ ပါဝင်သည်ကို သိချင်လေသည်။ ကွန်ပြူတာပေါ် သူ့အကြောင်း သတင်းကို သင်သွားရှာဖွေချင်လိမ့်မည်ဖြစ်သော်လည်း ထို့နောက်တွင် သင်က တွေးဆကာ “မဟုတ်သေးပါ၊ သူ သရုပ်ဆောင်သည့် ရုပ်ရှင်ဇာတ်ကားများက ငါနှင့် အဘယ်သို့ပတ်သက်ပါသနည်း။ တစ်ချိန်လုံး ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုခြင်းသည် မိမိ၏ သင့်တော်သော အလုပ်ကို လျစ်လျူရှုခြင်းဟု ခေါ်သည်။ ဘုရားရှေ့သို့ ငါ လာပြီး ဆုတောင်းရမည်”ဟု စဉ်းစားမိလိမ့်မည်။ ထို့နောက်တွင် သင်သည် စိတ်တည်ငြိမ်သွားပြီး ဘုရားသခင်၏ မျက်မှောက်တွင် ယခင်က အဖြေတစ်ခု သင် ရှာဖွေနေခဲ့သည့် ပြဿနာကို သင် သတိရသွားသည်။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ သင်သည် မည်သည့် စိတ်ကူးစိတ်သန်းမျှ မရှိဖြစ်နေဆဲဖြစ်ပြီး ထိုအရာကို သင် လုံးဝ နားမလည်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သင်၏ စိတ်နှလုံးကို တည်ငြိမ်စေလိမ့်မည်ဖြစ်ပြီး သူ့ထံ “ဘုရားသခင်၊ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ်၏ စိတ်နှလုံးကို ချခင်းထားရန် ကျွန်ုပ် လိုလားလျက်ရှိပါသည်။ လတ်တလောတွင် ကျွန်ုပ် တွေ့ကြုံနေခဲ့ရသည့် ပတ်ဝန်းကျင်သည် ကျွန်ုပ်ကို ကြီးမားစွာ ထိခိုက်ပြီးဖြစ်ပါသည်။ ထိုသို့ဖြစ်လျက်ပင် ကျွန်ုပ်သည် မနာခံနိုင်သေးသကဲ့သို့ ဤသည်မှာ ကိုယ်တော်၏ အချုပ်အခြာအာဏာဖြစ်သည်ကို ကျွန်ုပ် ရှင်းလင်းစွာ မမြင်နိုင်သေးပါ။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် နားလည်ပြီး နာခံနိုင်ဖို့ ကိုယ်တော် ကျွန်ုပ်အတွက် စီစဉ်ပေးသည့် ပတ်ဝန်းကျင်များတွင် ကျွန်ုပ်ကို ဉာဏ်အလင်းပေးပါ၊ လမ်းပြပြီး ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ထုတ်ဖော်ပြတော်မူပါ”ဟု ဆုတောင်းလိမ့်မည်။ ဆုတောင်းပြီးနောက်တွင် သင်သည် တွေးဆကာ “မဟုတ်သေးပါ၊ ငါ့ ပြဿနာသည် ပြေလည်မသွားသေးပါ။ ဖြေရှင်းချက် ရှာတွေ့ဖို့ ဘုရားနှုတ်ကပတ်တော်များကို ငါ ပိုဖတ်ရန် လိုအပ်သည်”ဟု စဉ်းစားမိလိမ့်မည်။ ထို့နောက်တွင် ချက်ချင်း ဘုရားနှုတ်ကပတ်တော်များကို သင်သည် အတန်ကြာ ဆက်လက် ဖတ်ရှုလိမ့်မည်။ အချိန်ကို ကြည့်ရင်း သင်က “ဟာ၊ နာရီဝက် ကုန်သွားပြီ။ ဘုရားနှုတ်ကပတ်တော်များက အလွန်ကောင်းသော်လည်း ကျွန်ုပ် ဖတ်ရှုသည့် စာပိုဒ်သည် ကျွန်ုပ်၏ ပြဿနာနှင့် လုံးဝ ဆက်နွှယ်ခြင်းမရှိသောကြောင့် ကျွန်ုပ်၏ ပြဿနာသည် ပြေလည်မသွားသေးပါ။ ကျွန်ုပ်အတွက် ဤပတ်ဝန်းကျင်ကို စီစဉ်ပေးခြင်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်ကို မည်သည့်အရာ နားလည်စေချင်သည်ကို ကျွန်ုပ် မသိသကဲ့သို့ သူ၏ အလိုတော်ကိုလည်း ကျွန်ုပ် မသိပါ။ ကျွန်ုပ်အနေဖြင့် မိမိတာဝန်ကို ဖြည့်ဆည်းရင်း အလျင်အမြန် အလုပ်လုပ်မှဖြစ်မည်ဖြစ်ပြီး အရေးကြီးသည့် ကိစ္စများကို ရွှေ့ဆိုင်း၍ မဖြစ်ပါ။ တစ်နေ့တွင် သင့်လျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ပြီး ကျွန်ုပ်၏ ပြဿနာကို ဖြေရှင်းနိုင်မည် ထင်ပါသည်”ဟု ပြောလိမ့်မည်။ ဤသည်မှာ အချိန်နှင့် အားအင်ကို အသုံးခံခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ထိုမျှလောက် ရိုးရှင်းပေသည်။ သင်၏ ကိုယ်ပိုင် နှစ်သက်မှုများကို စွန့်လွှတ်ကာ သင်၏ အပန်းဖြေချိန်နှင့် အားလပ်သည့် အချိန်ကို စွန့်နေစဉ်တွင် ရိုးသားစစ်မှန်မှု အနည်းငယ်ကို သင် ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒအနည်းငယ်ကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် သင်သည် အလွန့်အလွန် စိတ်အေးသက်သာဖြစ်ကာ အေးချမ်းလိမ့်မည်။ သင့်ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် သင်၏ ကိုယ်ပိုင် ဇာတိ၏ ပျော်မွေ့မှုကို စွန့်ပစ်ခြင်းတို့၏ ကြီးမားသော အေးချမ်းမှုနှင့် အားဖြည့်ပေးခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ သင် ကြုံတွေ့လိမ့်မည်။ ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် သင့်စိတ်နှလုံးရှိ စကားများကို သူ့ထံ ပြောဆိုခြင်းတို့သည် သင့်အား ရေပန်းစားမှုများနှင့် လူမှုရေးရာ ကိစ္စများအပေါ် အရေးစိုက်ခြင်းက မဆောင်ကြဉ်းပေးနိုင်သည့် ငြိမ်သက်ခြင်းနှင့် ရောင့်ရဲမှုတို့ ဆောင်ကြဉ်းပေးပုံကိုလည်း သင် ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းရလိမ့်မည်။ ထိုအရာမှလည်း တစ်စုံတစ်ရာကို သင်ရရှိနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို နားလည်လာကာ အမှုအရာများစွာကို ရိပ်စားမိနိုင်လိမ့်မည်။ အကျိုးဆက်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များသည် အမှန်တကယ် ကောင်းမွန်ကြောင်း၊ ဘုရားသခင်သည် အမှန်တကယ် ကောင်းမြတ်ကြောင်းနှင့် သမ္မာတရားကို ရယူခြင်းသည် ဧကန်အမှန် ရတနာတစ်ပါးကို ရရှိခြင်းဖြစ်ကြောင်းတို့ကို သင်ခံစားရလိမ့်မည်။ အမှုအရာများစွာကို ရှုပ်ထွေးခြင်းမရှိဘဲ သင်ရိပ်စားမိနိုင်လိမ့်မည်သာမက ဘုရားသခင် ရှေ့မှောက်တွင်လည်း သင် အသက်ရှင်နိုင်လိမ့်မည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒက စွမ်းဆောင်ရရှိနိုင်သည့် အကျိုးတရားများ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်း၊ သင်၏ အချိန်နှင့် အားအင်တို့ကို ဆက်ကပ်အပ်နှံခြင်းနှင့် သင့်ဇာတိ၏ ပျော်မွေ့မှုကို စွန့်ခြင်းသည် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခု၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် သင် မည်သို့ တွေးထင်သနည်း။ ဤသရုပ်သကန်သည် အနှစ်မဲ့သလော။ (အနှစ်မဲ့ခြင်းမရှိပါ။) စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) စွမ်းဆောင်ရရှိရန် အလွန် လွယ်ကူပေသည်။ ပုံမှန်လူ့သဘာဝရှိသည့်လူများ စွမ်းဆောင်ရရှိနိင်သည့် အရာတစ်ခု ဖြစ်သည်။

လူတို့တွင် အတွေးများရှိသောအခါ ၎င်းတို့တွင် ရွေးချယ်မှုများရှိသည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ၎င်းတို့က မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်လျှင် မိမိတို့ကိုယ်ကို နောက်ပြန်လှည့်ပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်သင့်သည်။ ၎င်းတို့၏ အမှားကို လုံးဝ ဖက်တွယ်မထားသင့်ပေ။ ဤသို့သော လူများသည် လိမ္မာပါးနပ်ကြ၏။ သို့သော် မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ကို သိပြီး မိမိကိုယ်ကို နောက်ပြန်မလှည့်လျှင် ထိုသူသည် သမ္မာတရားကို မချစ်သောသူဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်ကို အမှန်တကယ် အလိုမရှိပေ။ ဥပမာ သင်သည် သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ချင်သည်ဟု ဆိုကြပါစို့။ သင်သည် ခိုကတ်ရန် ကြိုးစားသည်။ ဘုရားသခင်၏ စိစစ်မှုကို ရှောင်ကြဉ်ရန် ကြိုးစားသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ အမြန်လာပါ။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်လမ်းဟုတ်မဟုတ်ကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဤအရာကို စဉ်းစားကြည့်ပါ။ “ဘုရားသခင်ကို ငါ အဘယ်ကြောင့်ယုံကြည်သနည်း။ ဤသို့သော မသေသပ်မှုကို လူတို့က သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သတိမထားမိဘဲ နေလိမ့်မည်လော။ ထို့အပြင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် မခိုကတ်ရန်ဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့အတွက်ဖြစ်သည်။ ဤကဲ့သို့ ငါလုပ်ဆောင်ခြင်းသည် သာမန်လူ့သဘာဝ၏ ဖော်ပြချက်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကိုလည်း မခံရပေ။ မဖြစ်ပေ။ ပြင်ပကမ္ဘာတွင် ငါသည် ခိုကတ်နိုင်ပြီး ငါကျေနပ်သလို လုပ်ဆောင်နိုင်ပေမည်။ သို့သော် ယခု ငါသည် ဘုရားသခင်၏ အိမ်တော်တွင်ရှိနေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ မျက်လုံးများ၏ စိစစ်မှုအောက်တွင်ရှိနေသည်။ ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သင်သည် ငါ၏အသိတရားနှင့်အညီ ပြုမူရမည်။ ငါကျေနပ်သလို လုပ်ဆောင်၍မရပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရမည်။ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေမပြုရပေ။ ခိုကတ်၍ မရပေ။ ဤသို့ဆိုလျှင် မခိုကတ်ရန်၊ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေမပြုလုပ်ရန် မည်သို့ဆောင်ရွက်သင့်သနည်း။ အနည်းငယ်အားစိုက်ထုတ်ရမည်။ ယခုပင် ဤကဲ့သို့ လုပ်ဆောင်ရန် အလွန်ဒုက္ခများလွန်းသည်ဟု ငါခံစားရသည်။ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်လိုခဲ့သော်လည်း ယခု ငါနားလည်သည်။ ဤသို့လုပ်ဆောင်ရန်မှာ ဒုက္ခအလွန်များနိုင်သည်။ သို့သော် ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤသည်မှာ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်” ဟု ဖြစ်သည်။ သင်သည် အလုပ်လုပ်နေပြီး ဆင်းရဲဒုက္ခကို ကြောက်နေသေးသောအခါတွင်၊ ဤသို့သော အချိန်မျိုးတွင် ဘုရားသခင်ကို ဆုတောင်းရမည်။ “အို ဘုရားသခင်။ ကျွန်ုပ်သည် ပျင်းရိပြီး လှည့်စားတတ်သည်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါရန်၊ အပြစ်တင်ပါရန် ကိုယ်တော်ကို တောင်းပန်ပါ၏။ ဤသို့ဖြင့် ကျွန်ုပ်၏ အသိစိတ်သည် တစ်စုံတစ်ရာကို ခံစားပြီး၊ ခံစားချက်တစ်ခု၊ ရှက်စိတ်တစ်ခု ရှိရန်ဖြစ်သည်။ ကျွန်ုပ်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ မဖြစ်လိုပါ။ ကျွန်ုပ်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြရန်၊ ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှုကို ပြသရန် ကိုယ်တော်ကို တောင်းပန်ပါ၏” ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင်သိမြင်ရန် ကြိုးစားသောအခါ ဤအရာက နောင်တခံစားချက်ကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သင်၏ အကျည်းတန်မှုကို သင် မုန်းတီးနိုင်လိမ့်မည်။ သင်၏ မှားယွင်းသော အခြေအနေသည် စတင်ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဤအရာကို ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ “ကျွန်ုပ်သည် အဘယ်ကြောင့်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုရသနည်း။ အဘယ်ကြောင့် အစဉ် ခိုကတ်ရန် ကြိုးစားနေသနည်း။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားတစ်ခုမျှ မရှိပေ။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သေးသလော။ ငါသည် အဘယ်ကြောင့် အမှုအရာများကို အလေးအနက်မထားသနည်း။ အချိန်နှင့် အားစိုက်မှုအနည်းငယ်ပို၍ ကျွန်ုပ် စိုက်ထုတ်ရန်သာ လိုအပ်သည်မဟုတ်လော။ ယင်းမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုးမဟုတ်ပေ။ ဤသည်မှာ ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဤအရာကိုပင်မလုပ်ဆောင်နိုင်လျှင် ငါ့ကို လူသားဟုခေါ်ဆိုရန် သင့်တော်သလော”ဟု သင့်ကိုယ်သင် ပြောဆိုနိုင်စွမ်းရှိလိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် သန္နိဌာန်ချပြီး ကျမ်းသစ္စာကျိန်ဆိုလိမ့်မည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်ပျက်စေခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေပါသည်။ ကျွန်ုပ်၌ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါ။ လူ့သဘာဝမရှိပါ။ ကျွန်ုပ် နောင်တရလိုပါသည်။ ကျွန်ုပ်ကို ခွင့်လွှတ်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်သည် သေချာပေါက် ပြောင်းလဲပါမည်။ ကျွန်ုပ်နောင်တမရလျှင် ကျွန်ုပ်အား အပြစ်ဒဏ်ပေးစေလိုပါသည်။” ထို့နောက်တွင် သင်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး၊ သင် စတင်ပြောင်းလဲလာလိမ့်မည်။ ပေါ့ဆမှုနှင့် ဝတ်ကျေတမ်းကျေပြုမှု လျော့နည်းလျက် သင်သည် တာဝန်သိသိ အသိဉာဏ်ရှိရှိ လုပ်ဆောင်ခြင်းဖြင့် ပြုမူပြီး သင်၏တာဝန်များကို ထမ်းဆောင်လိမ့်မည်ဖြစ်ကာ သင်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်လိမ့်မည်။ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် အလွန်ကောင်းသည်ဟု သင်ခံစားမိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြာက်ခြင်း ရှိလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်သည့်အခါ၊ သူ့ကို ဆုတောင်းပြီး သူ့အပေါ် မှီခိုနိုင်သည့်အခါ ၎င်းတို့၏ အခြေအနေများသည် မကြာမီ ပြောင်းလဲသွားလိမ့်မည်။ သင့်စိတ်နှလုံး၏ အပျက်သဘောဆောင်သော အခြေအနေသည် ပြောင်းပြန်ဖြစ်သွားပြီးဖြစ်ကာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို သင် စွန့်လွှတ်ပြီးဖြစ်သကဲ့သို့ ဇာတိ၏ တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများကို စွန့်လွှတ်ပြီးဖြစ်သည့်အခါ၊ ဇာတိပကတိ၏ ဇိမ်ခံမှုနှင့် ပျော်မွေ့မှုတို့ကို သင် လက်လွတ်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်နိုင်ကာ သင်သည် ထင်ရာမြင်ရာ၊ သို့မဟုတ် မဆင်မခြင် မဖြစ်တော့သည့်အခါ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်ထဲတွင် လိပ်ပြာလုံလိမ့်မည်။ ဤသို့ ဇာတိကို စွန့်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်ရန် လွယ်ကူသလော။ လူတို့သည် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိသရွေ့ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်နိုင်သရွေ့ သင် မသိလိုက်မီတွင် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ လုံးဝ ခက်ခဲလိမ့်မည်မဟုတ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင် ရုန်းကန်ရသည့် ဖြစ်စဉ်နှင့် သင်၏ အတွေး ပြောင်းလဲသည့် ဖြစ်စဉ်ကို သင်ဖြတ်သန်းရမည်မှာ အမှန်ဖြစ်ပြီး ဤအရာများကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို မချစ်သောလူတစ်ဦးဖြစ်ပါက သင်၏ အပျက်သဘောဆောင်သော အခြေအနေကို ဖြေရှင်းရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို နားလည်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ မိမိတို့၏ အတွေး ပြောင်းလဲသည့် ဖြစ်စဉ်တွင် လူတစ်ဦး ရင်ဆိုင်ရသည့် အခက်အခဲပမာဏမှာ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်ပါက မိမိတို့၏ အတွေးကို ပြောင်းလဲရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ အခြားတစ်ဖက်တွင် သမ္မာတရားကို လက်ခံနိုင်သောသူတို့သည် ထိုအရာကို ခက်ခဲသည်ဟု လုံးဝ တွေ့ရလိမ့်မည်မဟုတ်။ ၎င်းတို့သည် သမ္မာတရားကို အလိုအလျာက် လက်တွေ့လုပ်ဆောင်ကာ ကျိုးနွံနာခံနိုင်လိမ့်မည်။ သမ္မာတရားကို အမှန်တကယ် ချစ်သောသူတို့သည် မည်သည့် အတိုင်းအတာရှိသော အခက်အခဲများကိုမဆို အောင်မြင်ကျော်လွှားရန် ဘုရားသခင်အပေါ် မှီခိုနိုင်ကြ၏။ ဤနည်းဖြင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိလိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိသည့် စိတ်နှလုံး ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒတစ်ခု ရှိသည့်အတွက် ဤသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုတို့ ရှိခွင့်မရဟု ဆိုလိုသလော။ မဟုတ်ပါ။ ထိုအရာမှာ သင်သည် ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒတစ်ခု ရှိသည်နှင့်အမျှ သင်သည် အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း ပြုမူဆောင်ရွက်နိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်ဟု ဆိုလိုပေသည်။ ဤနည်းဖြင့် မည်သည့် အခြေအနေတွင်မဆို သင်သည် မှန်ကန်သည့် ရွေးချယ်မှု ပြုလုပ်နိုင်ပြီး မှန်ကန်သည့် ဦးတည်ချက်ဖြင့် လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်နိုင်ပေသည်။ ဤအရာကို ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခုဟု ခေါ်ဆိုပေသည်။ ဤသရုပ်သကန်များသည် ပေါ့တန်ပါသလော။ (မပေါ့တန်ပါ။) ထိုအရာများသည် ပေါ့တန်ခြင်း၊ သို့မဟုတ် မရေမရာဖြစ်ခြင်း မရှိပေ။ အလွန်လက်တွေ့ကျပြီး ခိုင်လုံသကဲ့သို့ လုံးဝ စိတ်ကူးယဉ်သက်သက် မဟုတ်။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် နှစ်များစွာ ယုံကြည်ပြီးဖြစ်သည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အချိန်ရောက်လာတိုင်း အခက်အခဲများကို ကျွန်ုပ် အမြဲ ကြုံရသည်။ ချွေးများကျနေမိအောင်ကို ကျွန်ုပ် အလွန်စိတ်သောက ရောက်သော်လည်း လမ်းကြောင်းတစ်ခု မရှသေးပါ။ ကျွန်ုပ်သည် ရုပ်ပိုင်းဆိုင်ရာ မည်သည့် အခက်အခဲမျှ ရင်ဆိုင်ရခြင်းမရှိဘဲ၊ သို့မဟုတ် ကျွန်ုပ်၏ အကျိုးစီးပွားများက မည်သည့် ဆုံးရှုံးမှုမျှ မရှိဘဲ သမ္မာတရားကို အစဉ်သဖြင့် လက်တွေ့လုပ်ဆောင်ချင်ပြီး အကျိုးဆက်အနေဖြင့် လမ်းကြောင်းတစ်ခုကို ကျွန်ုပ် ရှာမတွေ့နိုင်ပါ။ ယခုတွင်သာ ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒရှိခြင်းသည် အလွန်ရိုးရှင်းကြောင်း ကျွန်ုပ် သဘောပေါက်ရသည်။ ဤအရာကို ယခင်က ကျွန်ုပ် သိခဲ့ပြီး ဤစကားများကို ပို၍ စောစော လက်တွေ့လုပ်ဆောင်မိခဲ့လျှင်..”ဟု ပြောကြသည်။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ခြင်းအတွက် မည်သူကို သင်အပြစ်တင်စရာ ရှိသနည်း။ ဤနှစ်ကာလများအားလုံးတွင် ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးမထားရန်နှင့် တန်ဖိုးထားရမည့်အစား ဟိုသည် စမ်းတဝါးဝါးသာဖြစ်နေရန် သင့်ကို မည်သူက အတင်းအကျပ်ပြုခဲ့သနည်း။ ယခုတွင် စာတစ်ကြောင်းကို ကျွန်ုပ်တို့ အကျဉ်းရုံးနိုင်သည်။ ဘုရားသခင်ကို သင် ယုံကြည်သည့်အခါ သမ္မာတရားကို နားလည်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်။ အမှုကိစ္စများကို သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်သည့် အဆင့်ထိ ရောက်ရှိခြင်းအားဖြင့်သာ ဘုရားသခင်၏ လက်ခံမှုကို သင်ရရှိနိုင်ပေသည်။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း အမှုအရာများကို သင် လုံးဝ မလုပ်ဆောင်ရ၊ သို့မဟုတ် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို လိုက်စားရမည်မဟုတ်သကဲ့သို့ အသင်းတော်တွင် အုပ်စုများကို ဖွဲ့ရမည်မဟုတ်၊ သို့မဟုတ် အားပေးပံ့ပိုးသူကို ရှာရမည်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်သူတို့ထံ မည်သည့်ကောင်းမွန်သည့် အဆုံးသတ်မျှ ရောက်လာလိမ့်မည် မဟုတ်။ မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်သောသူများ၊ သမ္မာတရားကို မလိုက်စားသူများ၊ အခြားသူများအပေါ် အမြဲ အားကိုးပြီး မှီခိုသောသူများနှင့် မိုက်မဲသည့် ဆူညံသောင်းကျန်းခြင်းများကို ဖန်တီးရာတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များနောက်သို့ လိုက်ရသည်ကို နှစ်သက်သောသူတို့အားလုံးသည် မိမိတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးလျက် စမ်းတဝါးဝါး လုပ်နေခြင်းအားဖြင့် မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်ရှိစေကြပေသည်။ ဤအရာက ၎င်းတို့ကို မှင်တက်သွားစေလိမ့်မည်။ သင်၏ သဘောအတိုင်း လုပ်ဆောင်ခြင်းမှ သင့်ကိုယ်သင် တားဆီးလိုပါက ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာရမည်ဖြစ်ပြီး သူ့ထံ ဆုတောင်းကာ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ သမ္မာတရား သိနားလည်ခြင်း၏ ရလဒ်ကို သင် ရယူနိုင်ပုံ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ် စတင်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပုံ ဖြစ်သည်။ ဤနေရာတွင် အဓိကအချက်မှာ သင့်အနေဖြင့် ကြီးမြတ်သည်ဟု တွေးထင်သောကြောင့် ဤလူနောက်သို့ တစ်ရက်လိုက်ပြီးနောက်တွင် အခြားတစ်စုံတစ်ဦးကို မှန်ကန်သည်ဟု သင် တွေးထင်သောကြောင့် ထိုသူ၏နောက်သို့ နောက်တစ်နေ့တွင် လိုက်ရင်း၊ သမ္မာတရားကို ရရှိခြင်းမရှိဘဲ ဟိုသည် စမ်းတဝါးဝါးလုပ်ခြင်းဖြင့် အချိန်များစွာ ကုန်ဆုံးရင်း အခြားသူများနောက် သင် လုံးဝ မလိုက်ရမည့်အကြောင်း၊ သို့မဟုတ် အခြားသူများကို လက်ခံသဘောတူခြင်း မရှိရမည့်အကြောင်း ဖြစ်သည်။ မည်သည့် ပြဿနာကို သင်ကြုံရသည်ဖြစ်စေ သမ္မာတရားကို သင် ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုပြဿနာများကို ဖြေရှင်းသင့်သည်။ ကောင်းစွာ စကားပြောပြီး စကားကြီး စကားကျယ်ပြောသူတိုင်းနောက်လိုက်ရင်း အခြားလူများနောက် ကြောင်းကျိုးမမြင်ဘဲ သင် လိုက်ပါက သင်လှည့်စားခံရမည့်အကြောင်း ဖြစ်နိုင်ဖွယ်ရှိပေသည်။ ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကိုသာ ယုံကြည်သင့်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကိုသာ ၎င်းတို့ နားထောင်သင့်ပြီး၊ ဘုရားနှုတ်ကပတ်တော်များအတိုင်းသာ လက်တွေ့လုပ်ဆောင်သင့်ကြ၏။ ထိုသို့ လုပ်ဆောင်ခြင်းသည် သင့်အား အခြားလူများနောက် လိုက်ခြင်းနှင့် ၎င်းတို့နှင့်အတူ မှားယွင်းသည့် လမ်းကြောင်း လျှောက်ခြင်းကို လက်ခံသဘောတူခြင်းမှ တားဆီးလိမ့်မည်။

နောက်တစ်ကြောင်းကို ဆက်ဖတ်ကြလော့။ (“စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်”) ဤသည်မှာလည်း လက်တွေ့လုပ်ဆောင်မှုအကြောင်း ဖြစ်သည်။ “အာသာငမ်းငမ်း ရှာဖွေခြင်း”ဆိုသည့်အရာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်သော်လည်း လမ်းကြောင်း ကင်းမဲ့ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေချင်သော်လည်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိခြင်းအား ရည်ညွှန်းပေသည်။ ဤကဲ့သို့ သင် အာသာငမ်းငမ်း ဖြစ်သည့်အခါ ရှာဖွေပြီး ဆုတောင်းလိမ့်မည်။ သင် ချို့တဲ့သည့်အရာ အလွန်များသည်ဟု စဉ်ဆက်မပြတ် ခံစားခြင်း၊ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ လမ်းကြောင်းတစ်ခု ကင်းမဲ့သည်ကို မိမိကိုယ်ကို တွေ့ရှိရခြင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သို့ လုပ်ဆောင်ရမည်ကို မသိခြင်း၊ အမြဲ ပုန်ကန်ပြီး သင်လုပ်ဆောင်လိုသည့်အတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း၊ မသက်မသာဖြစ်သည့် စိတ်နှလုံးဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို မသိခြင်း၊ ဤသည်မှာ အာသာငမ်းငမ်းဖြစ်ခြင်း၏ ခံစားချက် ဖြစ်သည်။ သင်အာသာငမ်းငမ်း ဖြစ်ပါက ရှာဖွေရမည်ဖြစ်သည်။ မရှာဖွေပါက လမ်းကြောင်းတစ်ခု ရှိလိမ့်မည်မဟုတ်။ မရှာဖွေပါက အမှောင်ထဲတွင် သင် ကျရောက်လိမ့်မည်။ သင် မည်သည့်အခါတွင်မျှ မရှာဖွေပါက ဇာတ်သိမ်းသွားလိမ့်မည်။ သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သွားလိမ့်မည်။ “စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်ခြင်း”ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့အနေဖြင့် အခြေအနေများကို ကြုံရသည့်အခါ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ အမြဲရှိကြသည်၊ မိမိတို့ကိုယ်ပိုင် ဇာတိပကတိ၏ အကျိုးစီးပွားများအကြောင်းကို ၎င်းတို့ အမြဲ တွေးကြပြီး မိမိတို့၏ ဇာတိပကတိအတွက် ထွက်ပေါက်တစ်ခုကို ၎င်းတို့ အမြဲ ရှာဖွေကြသည်ဟု ဆိုလိုပေသည်။ ဤသို့သော အချိန်များတွင် သင်၏ အသိစိတ်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို နာခံရန် တိုက်တွန်းရင်း သင့်ကို အပြစ်တင်လိမ့်မည်။ ထိုသို့သော အခြေအနေများတွင် သင်၏ စိတ်နှလုံး၌ ရုန်းကန်မှုတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်သည် စာတန်၏ ဆင်ခြေများကို ငြင်းပယ်ကာ ဇာတိပကတိ၏ အမျိုးမျိုးသော အကြောင်းပြချက်များကို ငြင်းပယ်သင့်ပေသည်။ “ငြင်းပယ်ခြင်း”သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းအတွက် လူတို့တွင်ရှိသော စာတန်၏ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များဖြစ်သည့် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို ထိုးထွင်းကာ ရိပ်စားမိနိုင်ပြီး ထို့နောက်တွင် ထိုအရာများကို စွန့်လွှတ်နိုင်ခြင်းဟု ဆိုလိုပေသည်။ ဤသည်မှာ ငြင်းပယ်ခြင်း၏ ဖြစ်စဉ် ဖြစ်သည်။ တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်ကူးတစ်ခုခု၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များအပြင် အချို့သော လူသား အသိပညာ၊ အတွေးအခေါ်များ၊ သီအိုရီများနှင့် နည်းလမ်းများ၊ နည်းစနစ်များ၊ လှည့်ကွက်များနှင့် ပြုမူနေထိုင်ခြင်းအတွက် အကြံအစည်များ စသည်တို့သည် လူတို့တွင် ထွက်ပေါ်လေသည်။ ဤအရာ ဖြစ်ပျက်သည့်အခါ ဤသည်တို့မှာ ၎င်းတို့ထံမှ ပွင့်ထွက်လာသည့် ဖောက်ပြန်ပျက်စီးသော အရာများဖြစ်ပြီး ထိုအရာများကို ထိန်းချုပ်သင့်ကြောင်း၊ သမ္မာတရားကို ရှာဖွေသင့်ကြောင်း၊ ထိုအရာများကို စေ့စေ့စပ်စပ် စိတ်ဖြာဆွေးနွေးသင့်ကြောင်း၊ ထိုအရာများ၏ လက်တွေ့အရှိတရားကို ရှင်းလင်းစွာ တွေ့မြင်ပြီး ထိုအရာများကို အညွန့်ချိုးပစ်လျက် လုံးလုံးလျားလျား ငြင်းပယ်ကာ စွန်လွှတ်သင့်ကြောင်း လူတို့ ချက်ချင်း သိသင့်ပေသည်။ မည်သည့်အချိန်တွင် ဤအရာဖြစ်ပျက်သည်ဖြစ်စေ လူတစ်ဦး၌ ဖောက်ပြန်ပျက်စီးသော စိတ်ကူးများ၊ အတွေးများ၊ ရည်ရွယ်ချက်များ၊ သို့မဟုတ် အယူအဆများ ထွက်ပေါ်သရွေ့ ထိုအရာများကို ၎င်းတို့ ချက်ချင်း ထိန်းချုပ်သင့်သည်၊ ထိုအရာများကို ထိုးထွင်းမြင်ကာ ရိပ်စားမိသင့်သည်၊ စွန့်လွှတ်ပြီးနောက် မိမိတို့ကိုယ်ကို ပြောင်းလဲစေသင့်ကြပေသည်။ ဖြစ်စဉ်မှာ ထိုသို့ဖြစ်သည်။ ဤသည်မှာ စာတန်ကို ငြင်းပယ်ခြင်းနှင့် ဇာတိပကတိကို စွန့်လွှတ်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ပုံ ဖြစ်သည်။ အလွန် ရိုးရှင်းသည် မဟုတ်လော။ အမှန်တွင် ဤဖြစ်စဉ်ကို ယခုတင် ပေးထားခဲ့သည့် ဥပမာနှစ်ခုတွင် ပြောထားပြီးသားဖြစ်ပေသည်။ ဤသည်မှာ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ လူတို့၌ ဖြစ်ပေါ်သည့် မမှန်သော အခြေအနေများကို ချဉ်းကပ်ခြင်းအတွက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခု ဖြစ်သည်။

ဆက်ဖတ်လော့။ (“စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။”) ဤသည်မှာ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေကာ စောင့်ဆိုင်းရန် ဆိုလိုပေသည်။ “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့”ဟူသည် ဤရိုးရှင်းသော စကားရပ်လေးခုတွင် အဓိပ္ပာယ်နှစ်ခုရှိသည်။ ဤအဓိပ္ပာယ်နှစ်ခုမှာ အဘယ်နည်း။ (ပထမတစ်ခုမှာ “စိတ်ပျက်လေနှင့်”နှင့် “အားမလျော့လေနှင့်” ဖြစ်ပါသည်။ ဆိုလိုသည်မှာ အခက်အခဲများကို သင်ကြုံတွေ့ရသည့်အခါတွင်၊ သို့မဟုတ် သင်၏ ရှာဖွေခြင်း ဖြစ်စဉ်တွင် အမှုအရာများကို ခဏတာ နားမလည်နိုင်သည့်အခါတွင် စိတ်မပျက်နှင့်၊ သို့မဟုတ် စိတ်ဓာတ်ကျမသွားနှင့်ဟူ၍ ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေကာ စောင့်ဆိုင်းသင့်ကြောင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်၏ ရှာဖွေခြင်း ဖြစ်စဉ်တွင် သင်သည် လုံ့လရှိရမည်၊ သင် နားမလည်သည့်အခါ ဆက်လက် ရှာဖွေပြီး ဆုတောင်းကာ ဘုရားသခင်၏ အလိုတော် ထုတ်ဖော်ပြခံရဖို့အတွက် စောင့်ဆိုင်းရမည်ဖြစ်သည်။ (ဤသည်မှာ ဒုတိယအဓိပ္ပာယ်ဖြစ်ပါသည်။) “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်”ဟူသည်က ဆိုလိုသည်မှာ လူတို့အနေဖြင့် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို ထိန်းသိမ်းရမည်၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ဉာဏ်အလင်းပေးနိုင်ပြီး သမ္မာတရားကို နားလည်စေနိုင်ကြောင်းတို့ကို ယုံကြည်ရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သင်သည် သမ္မာတရားကို အဘယ်ကြောင့် နားမလည်နိုင်သနည်း။ ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ယခု ဉာဏ်အလင်းမပေးသနည်း။ ဤအတွက် အကြောင်းရင်းအချို့ ရှိရမည်။ အခြေခံကျသည့် အကြောင်းရင်းတစ်ခုမှာ အဘယ်နည်း။ ဘုရားသခင်၏ အချိန်မရောက်သေးခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ယုံကြည်ခြင်းကို စစ်ဆေးနေပြီး တစ်ချိန်တည်းတွင် သူသည် သင်၏ ယုံကြည်ခြင်းကို အားကောင်းစေရန် ဤနည်းစနစ်ကို အသုံးပြုချင်ပေသည်။ ဤသည်မှာ လူတို့ နားလည်ကာ သိသင့်သည့် အခြေခံကျသော အရာဖြစ်သည်။ ဘုရားသခင် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ သင်ပြုမူဆောင်ရွက်ပြီးဖြစ်သည်၊ သင် ဆုတောင်းပြီးဖြစ်သည်၊ ရှာဖွေပြီးဖြစ်သည်၊ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံးရှိသည်၊ ဘုရားနှုတ်ကပတ်တော်များကို သင်စတင်တန်ဖိုးထားပြီးဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များကို သင် စိတ်ဝင်စားပြီး ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရန်၊ ဘုရားရှေ့မှောက်သို့ လာရန်၊ သူ့ထံမှ သွေဖည်မသွားရန်နှင့် အမှုအရာများ လုပ်ဆောင်နေချိန်တွင် ရှာဖွေရန် မိမိကိုယ်ကို သင် မကြာခဏ သတိပေးသည်ဆိုပါစို့။ သို့သော် သင်က “ဘုရားသခင်က ငါ့ကို အထူး ဉာဏ်အလင်းပေးမှု၊ အလင်းပြမှု၊ သို့မဟုတ် လမ်းပြမှု တစ်ခုတလေ ပေးပြီးဖြစ်သည်ဟု ငါ ရှင်းရှင်းလင်းလင်း ခံစားရသည် မထင်မိပါ။ ဘုရားသခင်က ငါ့ကို အထူးဆုကျေးဇူးများ၊ ပါရမီများ၊ သို့မဟုတ် ငါ ထမ်းဆောင်သည့် တာဝန်အတွက် အထူးအစွမ်းအစများ တစ်ခုတလေ ပေးထားပြီးဖြစ်သည်ဟုပင် သိသာထင်ရှားသည့် ခံစားချက်များ ငါ့ထံတွင် မရှိပါ။ ထိုအစား ငါ့လောက်မတော်သည့်သူများသည် ငါ့ထက် ပိုသိနားလည်သည်၊ မိမိတို့တာဝန်များတွင် လုပ်ဆောင်ရာတွင် ပိုတော်ကြပြီး ဧဝံဂေလိဖြန့်ရာတွင် ပိုမိုအပြောကောင်းကြသည်ဟု ငါ ခံစားရသည်။ ငါသည် အဘယ်ကြောင့် အခြားလူများလောက် မတော်ရသနည်း။ ငါသည် အဘယ်ကြောင့် တစ်နေရာတည်းတွင် ရပ်နေပြီး တိုးတက်မှု အနည်းငယ်သာဖြစ်စေရသနည်း”ဟု မိမိကိုယ်ကို တွေးလေသည်။ ဤအတွက် အကြောင်းရင်းနှစ်ခုရှိ၏။ တစ်ခုမှာ လူတို့ကိုယ်တိုင်သည် ရှာဖွေရာတွင် မိမိတို့ တစ်ဦးချင်းစီ၏ နည်းစနစ်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များအပြင် ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် ဘုရားသခင်အပေါ် တောင်းလျှောက်မှုများ ပြုလုပ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အကြောင်းရင်းများ စသည်တို့ကဲ့သို့သော ပြဿနာများစွာ ရှိကြခြင်း ဖြစ်သည်။ ဤအရာအားလုံးတွင် သင်သည် သုံးသပ်ရန်၊ အသိပညာ ရရှိရန်၊ အတွင်းရှိ ပြဿနာများကို ရှာဖွေတွေ့ရှိပြီး သင်၏ လမ်းကြောင်းကို ချက်ချင်း ပြောင်းရန် လိုအပ်သည်။ ဤအရာနှင့် ပတ်သက်၍ အသေးစိတ်ပြောရန် မလိုအပ်ပေ။ ဒုတိယအကြောင်းရင်းမှာ မတူကွဲပြားသော လူတို့အား ဘုရားသခင် မည်မျှပေးပြီး ၎င်းတို့အပေါ် မည်သို့ပေးသည်ဆိုသည့်အရာနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင် နည်းစနစ်ရှိခြင်း ဖြစ်သည်။ ဘုရားသခင်က နှုတ်ကပတ်တော်များ ပြောဆိုပြီးဖြစ်သည်။ “ငါ ကျေးဇူးပြုမည့်သူကို ငါ ကျေးဇူးပြုမည်ဖြစ်ပြီး ငါ သနားကရုဏာ ပြမည့်သူကို ငါ သနားကရုဏာပြမည်ဟု ဆိုလေ၏။“ (ထွက်မြောက်ရာ ၃၃:၁၉) သင်သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းခံရမည့်သူ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဘုရားသခင်၏ သနားကရုဏာပြ ခံရမည့်သူ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် သင်သည် ဘုရားသခင် ပြောဆိုသည့် ဤလူနှစ်မျိုးထဲမှ မည်သည့်လူစားမျိုးမှမဟုတ်ဘဲ ဖြစ်ကောင်းဖြစ်မည်။ သင်သည် အခြားလူများထက် သာ၍ သန်မာသည်၊ သို့မဟုတ် သင့်ကို စစ်ဆေးခြင်းနှင့် ပုံသွင်းပျိုးထောင်ခြင်းအတွက် အခြားသူများထက် သင် အချိန်ပိုလိုအပ်သည်ဟု ဘုရားသခင် တွေးထင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းရင်းများစွာ ရှိသော်လည်း မည်သည့် အကြောင်းရင်းဖြစ်ပါစေ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို မှန်ကန်ပေသည်။ လူတို့သည် ဘုရားသခင်အပေါ် လွန်ကဲသည့် မည်သည့် တောင်းဆိုမှုများမျှ မပြုလုပ်သင့်ပေ။ သင် လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သင်၏ စိတ်နှလုံးအကြင်းမဲ့ဖြင့် ရှာဖွေပြီး သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်ဆိုင်းရန် ဖြစ်သည်။ ဘုရားသခင်က သင့်ကို နားလည်ခွင့်ပေးပြီး အဖြေများ မပေးမီတွင် သင် လုပ်ဆောင်သင့်သည့် တစ်ခုတည်းသော အရာမှာ ရှာဖွေရန်ဖြစ်သလိုတစ်ချိန်တည်းတွင် ဘုရားသခင်က သင့်ကို တစ်စုံတစ်ရာ ပေးမည့်အချိန်၊ ဘုရားသခင်က သင့်ကို ကျေးဇူးပြုမည့်အချိန်နှင့် သင့်ကို ဉာဏ်အလင်းပေးကာ လမ်းပြမည့်အချိန်ကို စောင့်ဆိုင်းခြင်းလည်း ဖြစ်သည်။ လူသား အယူအဆများနှင့် ဆန့်ကျင်စွာပင် ဘုရားသခင်သည် လူတို့ကို အမှုအရာများအား အညီအမျှ ဝေငှခြင်းမပြုသောကြောင့် ဘုရားသခင်အပေါ် တောင်းဆိုမှုများ ပြုလုပ်ရန် “ညီမျှသော”ဟူသည့် စကားလုံးကို သင် သုံး၍မရပေ။ ဘုရားသခင်က သင့်ကို တစ်စုံတစ်ရာ ပေးသည့်အခါ ယင်းမှာ ထိုအရာကို သင် လက်ခံရရှိသင့်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို တစ်စုံတစ်ရာ မပေးသည့်အခါ ဘုရားသခင်၏ အမြင်၌ ထိုအချိန်သည် သင့်တော်ခြင်းမရှိ၊ သို့မဟုတ် မှန်ကန်ခြင်းမရှိသည်မှာ သိသာထင်ရှားသောကြောင့် ထိုအချိန်တွင် သင် မရရှိသင့်ပေ။ တစ်စုံတစ်ရာကို သင်မရရှိသင့်ဟု ဘုရားသခင်က ပြောပြီး ထိုအရာကို သင့်အား သူ မပေးလိုသည့်အခါ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ အသိစိတ်ရှိသည့် လူတစ်ဦးက “ဘုရားသခင် မပေးလျှင်၊ ကျွန်ုပ် ကျိုးနွံနာခံပြီး စောင့်ဆိုင်းပါမည်။ လတ်တလောတွင် ထိုအရာကို ကျွန်ုပ် မရရှိထိုက်ပါ။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ထိုအရာကို မခံနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို စောဒကတက်ခြင်း၊ သို့မဟုတ် မယုံသင်္ကာဖြစ်ခြင်း မရှိဘဲနှင့် ဧကန်မုချ မည်သည့် သံသယမျှရှိဘဲ နာခံနိုင်ပါသည်”ဟု ဆိုပေမည်။ ဤအချိန်တွင် လူတို့သည် မိမိတို့၏ အသိစိတ် မပျောက်ဆုံးသင့်ပေ။ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ အသိစိတ်ဖြင့် ဘုရားသခင်ကို နာခံရန် သင် ရွေးချယ်သင့်သည်။ ဘုရားသခင်အပေါ် အဖန်ဆင်းခံများ ရှိသင့်သည့် သဘောထားတစ်ခုတည်းရှိ၏။ နားထောင်ပြီး နာခံရန်ဖြစ်သည်။ အခြားရွေးချယ်စရာ မရှိပေ။ သို့သော် ဘုရားသခင်သည် သင့်အပေါ် မတူကွဲပြားသော သဘောထားများ ရှိနိုင်သည်။ ဤအရာအတွက် အခြေခံအကြောင်းရင်းတစ်ခု ရှိ၏။ ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင် အလိုတော်ရှိသည်။ သူသည် မိမိကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ပြီး ဤအရာများကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သူ့ထံတွင် သူ၏ ကိုယ်ပိုင် နည်းစနစ်များ ရှိကာ လူအသီးသီးအပေါ် သူ ခံယူသည့် သဘောထားရှိသည်။ ဤရွေးချယ်မှုများနှင့် နည်းစနစ်များနောက်ကွယ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များ ရှိသည်မှာ အမှန်ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သိနားလည်မှု မရှိမီတွင် ၎င်းတို့ လုပ်ဆောင်သင့်ပြီး လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်ကို ပုန်ကန်သည့် အရာတစ်ခုတလေ လုပ်ဆောင်ခြင်းကို ရှောင်ရှားရင်း ရှာဖွေပြီး စောင့်ဆိုင်းရန်ဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်း၊ ကျေးဇူးပြုခြင်းနှင့် သနားကရုဏာတို့ကို မခံစားရသည့် ဤအချိန်ကာလများတွင် ဘုရားသခင်ထံမှ သွေဖည်ခြင်း၊ သူသည် ဖြောင့်မတ်ခြင်း မရှိဟု ပြောဆိုခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ဟစ်အော်ခြင်း၊ သို့မဟုတ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို မခံစားနိုင်သည့်အခါ သူ့ကို ငြင်းပင်ငြင်းပယ်ခြင်းတို့သည် လူတို့အနေဖြင့် လုပ်ဆောင်ရန် မသင့်တော်ဆုံး အရာပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မမြင်လိုဆုံးသော အရာဖြစ်သည်။ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ သူ၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်ခြင်း၊ သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်ကို အော်ဟစ်ခြင်း အဆင့်ထိ သင် အမှန်တကယ် ရောက်ရှိပါက ဘုရားသခင်သည် အစောကတည်းက သင့်ကို အလေးဂရုမပြုသည့် သဘောထားတစ်ခုကို ခံယူခဲ့သည်မှာ မှန်ကန်ကြောင်းကို ထိုအရာက အတည်ပြုလိမ့်မည်။ ဤသေးငယ်သည့် စမ်းသပ်မှုနှင့် စစ်ဆေးမှုကိုပင် သင် မခံနိုင်ပါက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ သင်၏ ယုံကြည်မှုသည် အလွန် ပေါ့တန်ပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မခံစားရသည့်အခါ ၎င်းတို့လုပ်ဆောင်ရန် အရေးကြီးဆုံးသော အရာမှာ မိမိတို့ စိတ်နှလုံး တစ်ခုလုံးဖြင့် ရှာဖွေကာ စောင့်ဆိုင်းရန် ဖြစ်သည်။ ရှာဖွေခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် လူ၏ တာဝန်များဖြစ်ပြီး ဘုရားသခင်အပေါ် လူတို့ ရှိသင့်သည့် အသိစိတ်၊ သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများလည်း ဖြစ်သည်။ ရှာဖွေကာ စောင့်ဆိုင်းနေစဉ်တွင် အခွင့်အရေးတစ်ခုအပေါ် အခြေခံထားသည့် စိတ်နေစိတ်ထားကို မသိုထားနှင့်။ “ငါ စောင့်ဆိုင်းလျှင် ဘုရားသခင်က ငါ့အပေါ် ရှင်းလင်းသော စကားများ ပေးသနားလိမ့်မည်။ ငါသည် အနည်းငယ်မျှ သာ၍ ရိုးသားစစ်မှန်ပြီး ဘုရားသခင်က ငါ့ကို ဉာဏ်အလင်းပေးခြင်း ရှိမရှိဆိုသည်ကိုသာ ကြည့်ရန် လိုအပ်သည်။ ငါ့ကို သူ ဉာဏ်အလင်းပေးကောင်း ပေးနိုင်သည်။ သူ ဉာဏ်အလင်း မပေးလျှင် အခြားနည်းလမ်းကို ငါအကြံထုတ်မည်”ဟု အမြဲ မစဉ်းစားနှင့်။ အခွင့်အရေးအပေါ် အခြေခံသည့် ဤကဲ့သို့သော စိတ်နေစိတ်ထားကို မသိုထားနှင့်။ ဘုရားသခင်သည် လူတို့၌ရှိသော ဤသဘောထားမျိုးကို စက်ဆုပ်၏။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ အတွင်းတွင် စုံစမ်းသွေးဆောင်ခြင်းကို သယ်ဆောင်သည့် အခွင့်အရေးယူတတ်သော သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမုန်းဆုံးသော အရာဖြစ်သည်။ သင် စောင့်ဆိုင်းမည်ဆိုပါက ရိုးသားစစ်မှန်စွာ စောင့်ဆိုင်းလော့။ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရား ရှာဖွေစဉ်တွင် သင်၏ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းစဉ်နှင့် ဘုရားသခင်ကို ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ တောင်းလျှောက်စဉ်တွင် ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်၊ ခင်မွတ်သော စိတ်ဓာတ်တစ်ခုကို ထားရှိလော့။ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သင့်ကို နောက်ဆုံးတွင် သူက ပြည့်ဝသော သိနားလည်မှုတစ်ခု ရရှိခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မည်သည့် သွေဖည်မှုမျှ မရှိဘဲ နာခံခြင်း စည်းမျဉ်းကို သင်စောင့်ထိန်းလိုက်နာသင့်သည်။ ဤသို့ဖြင့် သင်သည် အဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အဆင့်အတန်းနှင့် တာဝန်ကို စွဲစွဲမြဲမြဲ ကိုင်စွဲနေလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးတွင် သူ၏ မျက်နှာကို သင့်ထံမှ ကွယ်ဝှက်သည်ဖြစ်စေ၊ သင့်ကို သူ ကျောခိုင်းထားသည်ဖြစ်စေ၊ သင့်ထံ သူပေါ်ထွန်းလာသည်ဖြစ်စေ အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်နှင့် မူလအဆင့်အတန်းကို သင် စွဲစွဲမြဲမြဲ ကိုင်စွဲသရွေ့ သင်သက်သေခံပြီးဖြစ်မည်ဖြစ်ကာ အောင်မြင်သောသူတစ်ဦး ဖြစ်လိမ့်မည်။ “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။” ဤပြောဆိုချက်အတို လေးရပ်မှာ အလွန် အရေးကြီး၏။ ထိုပြောဆိုချက်များသည် လူက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား၊ လူက ရပ်တည်သင့်သည့် မူလအဆင့်အတန်းနှင့် လူ လိုက်လျှောက်သင့်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတို့ကို ခြုံငုံသည်။ လူအချို့က “ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေကာ စောင့်ဆိုင်းကြပါသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဉာဏ်အလင်းမပေးပါသနည်း။ ကျွန်ုပ်ကို သူက အဘယ်ကြောင့် ဉာဏ်ကွန့်မြူးမှု တစ်ခုမျှ မပေးပါသနည်း”ဟု ဆိုကြသည်။ ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင် အလိုတော်ရှိသည်။ ဘုရားသခင်အပေါ် တောင်းဆိုချက်များ မပြုနှင့်။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ အသိစိတ်ဖြစ်သည်။ ဤသည်မှာ အဖန်ဆင်းခံများ အပိုင်ဆိုင်သင့်ဆုံးသော အသိစိတ်ဖြစ်သည်။ လူ့စိတ်၊ အတွေးများနှင့် စိတ်ကူးများအရ လူတို့ နားမလည်သည့် အရာ အလွန်များပြီး ဘုရားသခင်က ဤအရာများကို လူတို့အား ပြောပြရမည်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က “ထိုအရာများကို ပြောပြရန်မှာ ငါ၏ တာဝန်၊ သို့မဟုတ် ဝတ္တရား မဟုတ်ပေ။ ငါသည် သင့်ကို တစ်စုံတစ်ရာ သိစေလိုလျှင် သင်အနည်းငယ် သိလိမ့်မည်ဖြစ်ပြီး ဤသည်မှာ သင့်ကို ငါမျက်နှာသာပေးခြင်း ဖြစ်လိမ့်မည်။ ငါသည် သင့်ကို တစ်စုံတစ်ရာ မသိစေလိုပါက ထိုအရာအကြောင်း စကားတစ်ခွန်းမျှ ငါပြောလိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာကို သင် နားလည်နိုင်လိမ့်မည်ဟု စိတ်မကူးလေနှင့်”ဟု ဆိုသည်။ လူအချို့က “ဤအရာတွင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို ဆန့်ကျင်ရန် ပြင်ဆင်ပါသနည်း”ဟု ပြောကြသည်။ ဘုရားသခင်သည် သင့်ကို ဆန့်ကျင်ရန် ပြင်ဆင်နေခြင်းမရှိပေ။ ဖန်ဆင်းရှင်သည် အမြဲ ဖန်ဆင်းရှင်ဖြစ်လိမ့်မည်ဖြစ်ပြီး သူသည် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ သူ၏ ကိုယ်ပိုင် နည်းလမ်းများနှင့် နည်းစနစ်များ ရှိ၏။ သူ၏ နည်းလမ်းနှင့် နည်းစနစ်များသည် လူ၏ အကြိုက်များ၊ စိတ်ကူးများ၊ အယူအဆများနှင့် မကိုက်ညီသကဲ့သို့ လူ၏ ရိုးရာယဉ်ကျေးမှုနှင့် ဧကန်မုချ မကိုက်ညီသော်လည်း ရိုးရှင်းစွာပြောရလျှင် ထိုအရာများက လူ၏ မည်သည့် သွင်ပြင်လက္ခဏာများနှင့် မကိုက်ညီသည်ဖြစ်စေ၊ လူ သတ်မှတ်ချက်များနှင့် စံနှုန်များဖြင့် ထိုအရာများ မကိုက်ညီသည့်အချက်ကို ပဓာနမထားဘဲ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူတို့က ထိုအရာကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့သည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်။ ဖန်ဆင်းရှင်ကို အကဲဖြတ်ရန် လူတို့သည် လူသား ဘာသာစကား၊ လူသား အယူအဆများ၊ သို့မဟုတ် လူသား နည်းစနစ် တစ်ခုတလေကိုမျှ လုံးဝ အသုံးမပြုသင့်ပေ။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဤအသိစိတ်အနည်းငယ်ကိုပင် သင် ချို့တဲ့ပါက သင့်ကို ငါရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်။ သင်သည် အဖန်ဆင်းခံတစ်ဦးကဲ့သို့ ပြုမူဆောင်ရွက်နိုင်စွမ်း မရှိပေ။ အနှေးနှင့်အမြန်ဆိုသလို တစ်နေ့တွင် မကောင်းသည့်အရာတစ်ခုခု သင့်ထံ ဖြစ်ပျက်လိမ့်မည်။ သင်သည် ဤအသိစိတ် အနည်းငယ်ပင် ကင်းမဲ့ပါက အနှေးနှင့်အမြန်ဆိုသလို တစ်နေ့တွင် သင်၏ ဆိုးယုတ်သော စိတ်သဘောထား ပွင့်ထွက်လာလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်ကို သံသယရှိလိမ့်မည်၊ နှုတ်ဖြင့် ဘုရားသခင်ကို စော်ကားလိမ့်မည်၊ ငြင်းပယ်ပြီး သစ္စာဖောက်လိမ့်မည်။ ထို့နောက်တွင် သင်သည် လုံးဝ ဇာတ်သိမ်းသွားမည်ဖြစ်ကာ ဖယ်ရှားခံရသင့်ပေသည်။ ထို့ကြောင့် အဖန်ဆင်းခံများ ပိုင်ဆိုင်သင့်သည့် အသိစိတ်သည် အလွန် အရေးကြီး၏။ “စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။” ဤပြောဆိုချက် လေးရပ်သည် လူတို့က မိမိတို့၏ တကယ့် ဘဝများတွင် မကြာခဏ ရင်ဆိုင်ရသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ကိုင်တွယ်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို တိုးတက်စေရန်အတွက်လည်းကောင်း အဖန်ဆင်းခံများ ရှိသင့်သော အသိစိတ်နှင့် စည်းမျဉ်းများ ဖြစ်သည်။

ဤစာပိုဒ်၏ ပထမအပိုင်းမှာ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်” ဟုဆိုပြီး နောက်ဆုံးပိတ်မတိုင်မီ တစ်ခုဖြစ်သော စာကြောင်းက “သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့”ဟု ဆိုသည်။ လူအချို့က “‘ဖြေရှင်းချက်များအတွက် စိုးရိမ်သောကမရောက်လေနှင့်’ဟူသည့် စကားလုံးများ၏ ပြောမထားသော အဓိပ္ပာယ်မှာ နောက်ဆုံးရလဒ်ကို ရှောင်လွဲမရဟူ၍ ဖြစ်ပါသလား။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကျွန်ုပ်တို့ ရှာဖွေပြီး စောင့်ဆိုင်းလျှင်၊ ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တသည့် စိတ်နှလုံးရှိလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဖြေပေးပြီး ကိစ္စရပ်၏ အမှန်တရားကို သိနားလည်ခွင့်ပေးဖို့ လိုအပ်လာပါသလား” ဟု ဆိုကြသည်။ ဤသည်မှာ သင့်အတွက် ငါ၏ အဖြေဖြစ်သည်။ ထိုအရာသည် မသေချာသကဲ့သို့ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဤစာပိုဒ်ရှိ စကားလုံးတိုင်းသည် လူတို့အတွက် ဘုရားသခင် အဆိုပြုသည့် သတ်မှတ်ချက်တစ်ခု၊ အဖန်ဆင်းခံများ လိုက်နာစောင့်ထိန်းသင့်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဘုရားသခင် လူအား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု၊ လူတို့က နေ့စဉ်ဘဝတွင် မိမိတို့ကိုယ်ကို တွေရှိရသည့် အခြေအနေများတွင် လက်တွေ့လုပ်ဆောင်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းများကို ပေး၏။ သို့ရာတွင် ဘုရားသခင်က လူတို့ကို “ဤစကားများကို သင်တို့ နားလည်သည့် အတိုင်းအတာ မည်သို့ဖြစ်စေ၊ ဤစည်းမျဉ်းများကို သင်တို့ လိုက်နာစောင့်ထိန်းသရွေ့ အမှန်တရားများကို သင်တို့အား ငါ ပြောရမည်။ သင်တို့ကို ငါ အဖြေတစ်ခု ပေးရမည်ဖြစ်ပြီး အဆုံးတွင် သင်တို့ကို ရှင်းပြချက်တစ်ခု ငါ ပေးရမည်ဖြစ်သည်”ဟု မပြောခဲ့ပေ။ ဘုရားသခင်တွင် ဤတာဝန်မရှိ။ သူ့တွင် “မဖြစ်မနေ လုပ်ရမည်”ဟူသကဲ့သို့သော အရာ မရှိ။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် ထိုသို့ ကျိုးကြောင့်မသင့်သော တောင်းဆိုချက်များကို မပြုသင့်ပေ။ ဤသည်မှာ သင်တို့ တစ်ဦးစီ နားလည်ရမည့် တစ်စုံတစ်ရာ ဖြစ်သည်။ ဤ “ထိုသို့ သေချာပေါက်မဟုတ်”ဟူသည့်အရာက လူတို့ကို အချက်တစ်ချက် ပြောပြသည်။ ဘုရားသခင်သည် လူတို့က မိမိတို့၏ လူသား အယူအဆများ၊ လူသား အတွေးအခေါ်များ၊ လူသား အတွေ့အကြုံနှင့် သင်ခန်းစားများအတိုင်း ချမှတ်သည့် လှည့်ကွက်၏ စည်းမျဉ်းများကို လုံးဝ လိုက်နာလိမ့်မည် မဟုတ်သကဲ့သို့ လူသား ဥပဒေကိုပင် သူ လိုက်နာလိမ့်မည် မဟုတ်။ ထို့ထက် လူသားများသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ဘုရားသခင် တင်ပြသည့် သမ္မာတရား အသီးသီး၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) လူတို့ လိုက်နာရမည့် စည်းမျဉ်းများကို ဤစာပိုဒ်တွင် ရှင်းလင်းစွာ ရှင်းပြထားသည်။ ပထမ စာကြောင်းဖြင့် အစပြုလော့။ (“သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များ အတွက် စိုးရိမ်သောကမရောက်လေနှင့်။”) ဤသည်မှာ လက်တွေ့လုပ်ဆောင်ပြီး နားလည်ရန် လွယ်ကူသည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုအရာကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အပေါ် မည်သည့် ဝန်ထုပ်၊ သို့မဟုတ် မည်သည့် ဖိအားမျှ မဖန်တီးပေးပေ။ ထိုအရာသည် ထူးခြားစွာ လွယ်ကူပေသည်။ ပြီးလျှင် ဒုတိယစာကြောင်းမှာရော အဘယ်သို့နည်း။ (“ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။”) သင်သည် ကမ္ဘာလောကတွင် အသက်ရှင်နေသည့် ပုံမှန်လူတစ်ဦး ဖြစ်သည်။ သင်တို့ စွမ်းဆောင်ရရှိရန် လိုအပ်သမျှမှာ ထိုမျှသာဖြစ်သည်။ “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” သင်သည် နှလုံးသားမမဲ့သရွေ့ ထိုအရာကို သင် လုပ်ဆောင်နိုင်၏။ သင်၌ တစ်နေ့တွင် နှစ်ဆယ်လေးနာရီရှိသည်။ သင်၏ ပုံမှန် အလုပ်၊ အနားယူချိန်၊ အစားအစားနှင့် ကိုယ်ရေးကိုယ်တာ ဝိညာဉ်ရေးရာ ဝတ်ပြုဆက်ကပ်မှုများအပြင် “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်”ရန်မှာ လွယ်ကူသော အရာဖြစ်သလော။ (လုပ်ဆောင်ရန် လွယ်ကူပါသည်။) လမ်းလျှောက်နေစဉ်၊ စကားစမြည်ပြောနေစဉ်၊ သို့မဟုတ် အနားယူနေစဉ် ထိုအရာကို လုပ်ဆောင်၍ ရ၏။ ထိုအရာက သင်၏ ပုံမှန် လုပ်ငန်း၊ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် လက်တစ်ကမ်းမှာ ရှိသော အလုပ်ကို ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်။ တကယ်ကို ရိုးရှင်းသော အရာတစ်ခု ဖြစ်သည်။ လူတစ်ဦး၏ အစွမ်းအစကို ပဓာနမထားဘဲ ၎င်းတို့အနေဖြင့် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခုကို ပူဇော်ကာ သမ္မာတရားအတွက် ကြိုးပမ်းသရွေ့ ၎င်းတို့သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်ကာ ဤစစ်မှန်မှုထဲသို့ အလွယ်ကလေး ဝင်ရောက်ကြလိမ့်မည်။

နောက်တစ်ကြောင်းမှာ အဘယ်နည်း။ (“ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။”) ယခုအခါတွင် ငါသည် သင်တို့အားလုံးကို ပြောင်း၍မေးမည်။ “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်”ဆိုသည်ကို သင်တို့ ယုံကြည်ကြသလော။ ဤအရာကို မည်သည့်အချိန်တွင် သင်တို့ စတင်ယုံကြည်ကြသနည်း။ မည်သည့် အရေးကိစ္စများတွင် ဤအရာကို သင်တို့ ယုံကြည်လာကြသနည်း။ ဤအရာကို သင်တို့ မွေးရာပါ မျက်မြင်တွေ့ကြုံကြပြီလော။ ဤအတွေ့အကြုံ သင်တို့ ရှိကြပြီးပြီလော။ တစ်စုံတစ်ဦးက “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ဆိုသည်ကို သင် ယုံကြည်ပါသလား”ဟု မေးလျှင် အဘယ်သို့နည်း။ သဘောတရားအရ သင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ “ဘုရားသခင်သည် ကျွန်ုပ်၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်သို့ ကျွန်ုပ်၏ အနန္တတန်ခိုးရှင် မဖြစ်နိုင်ရမည်နည်း”ဟု ပြောကောင်းပြောပေမည်။ ၎င်းတို့က သင့်ကို တစ်ဖန်ထပ်၍ “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဟုတ်ပါသလား။ မည်သည့် အရေးကိစ္စများတွင် သင်သည် ဘုရားသခင်အပါ် မှီခိုပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ကြုံပြီးပြီနည်း။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းသည် သင်ကိုယ်တိုင်၌ မည်သည့် အတိုင်းအတာအထိ ထုတ်ဖော်ပြပြီးပြီနည်း။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ကြောင်း မည်သည့်အချိန်တွင် သင်ရှာဖွေတွေ့ရှိခဲ့သနည်း။ မည်သည့် ကိစ္စတွင် ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သင် ခံစားရသနည်း။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်းနှင့် သူနှင့်ပတ်သက်၍ မည်သည့်အရာမျှ မဖြစ်နိုင်သည့်အရာ မရှိကြောင်း သင် ဝန်ခံပါက သင်သည် တစ်ခါတစ်ရံ အဘယ်ကြောင့် အလွန် ပျော့ညံ့နေရသနည်း။ အဘယ်ကြောင့် အပျက်သဘောဆောင်နေသေးသနည်း။ သင့်ထံ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ အဘယ်ကြောင့် သင်သည် ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိရသနည်း။ အခြားသူများကို သင် ကိုင်တွယ်ဖြေရှင်းရာတွင် အဘယ်ကြောင့် ဆိုးယုတ်သော အတွေးအခေါ်ဖြင့် အမြဲ အသက်ရှင်ရသနည်း။ ဘုရားသခင်၏ ပြစ်တင်မောင်းမဲခြင်း မခံစားရဘဲ အဘယ်ကြောင့် သင်သည် မကြာခဏ အလိမ်အညာများကို ပြောသေးသနည်း။ ဘုရားသခင်သည် အမှန်တကယ် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ပါသလား။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းက မည်သည့်အရာ အတိအကျ ရည်ညွှန်းသည်ဟု သင် ထင်သနည်း။ ထိုအရာသည် ဘုရားသခင်၏ အနှစ်သာရနှင့် ကိုက်ညီပါသလား”ဟု မေးလျှင် အဘယ်သို့နည်း။ သင်သည် ဤမေးခွန်းများ အမေးခံရမည်ဆိုပါက ထိုသို့သော သေချာမှုဖြင့် သင်ဖြေဝံ့ဦးမည်လော။ ငါ ဤသို့မေးသည့်အခါ လူတို့သည် အာစေးမိသွားကြသည်။ သင့်ထံတွင် ထိုသို့သော အတွေ့အကြုံမရှိ။ သင်သည် ဘုရားသခင်နှင့် ဤအဆင့်တွင် ဆက်ဆံရေးတစ်ခု ထူထောင်ထားခြင်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် ဘုရားသခင်၏ အုပ်စိုးမှုကို သင် လုံးဝ မတွေ့ကြုံဖူးပေ၊ ဘုရားသခင်၏ လက်တော်ကို သင် လုံးဝ မမြင်ဖူး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ဘုရားသခင်၏ အနန္တတန်ခိုးရှိသော လက်တော်က စွဲကိုင်သည့် အချုပ်အခြာအာဏာကို သင် လုံးဝ မမြင်ဖူးပေ။ ဤအရာကို သင်သည် တွေ့ကြုံရန်၊ သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရန်မဆိုထားနှင့်၊ မည်သည့်အခါတွင်မျှ မမြင်ဖူး၊ မကြားဖူးပေ။ ထို့ကြောင့် “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပါသလား”ဟူသည့် မေးခွန်းနှင့် ပတ်သက်၍ သင်သည် မသိသကဲ့သို့ ပြောရန် မဝံ့မရဲဖြစ်လေသည်။ ဤအရာက သင်သည် ယုံကြည်ခြင်းကင်းမဲ့ကြောင်း သက်သေပြ၏။ သင့်အတွက် ဤစာကြောင်းသည် သင်၏ ရူပါရုံဖြစ်လာသင့်သည်။ ထိုအရာသည် ဘုရားသခင်ကို သင် ယုံကြည်ပြီး သူ့နောက်လိုက်ကြောင်း အားအကောင်းဆုံးသော သက်သေအထောက်အထား ဖြစ်ရပေမည်။ ထိုအရာသည် သင်ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ သင့်ကို ပံ့ပိုးသည့် ရူပါရုံ၏ ရှုထောင့်တစ်ခုလည်း ဖြစ်သည်။ သို့တိုင် သင်သည် သေချာမှုဖြင့် အဖြေမပေးဝံ့ဘဲ ရှိနေသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းသည် ဘုရားသခင် တည်ရှိကြောင်း ယုံကြည်မှုတစ်ခုမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်သည့်တိုင် သင်သည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်ခြင်းမရှိ၊ ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခုကို အမှန်တကယ် ထူထောင်ခြင်းမရှိသေး၊ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ သင်မဝင်ရောက်သေး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသည့် အတွေ့အကြုံတွင် ပါဝင်ခြင်း မရှိသေးသကဲ့သို့ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အမှန်တရားကို သင်ကိုယ်တွေ့ သဘောပေါက်ခြင်း မရှိသေးချေ။ ဤအရာများကို သင်နားလည်ရန်မဆိုထားနှင့် မမြင်ဖူးသေးပေ၊ သို့မဟုတ် မတွေ့ကြုံဖူးသေးပေ။ သင့်ကို ရိုးရှင်းစွာဖြင့် “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ပါသလား။” ဟု မေးခဲ့လျှင် သင့်အနေဖြင့် သေချာပေါက် “ဖြစ်ပါသည်”ဟု ဖြေပေမည်။ ထို့နောက်တွင် ဤအရာကို သင် မည်သို့ တွေ့ကြုံခဲ့ပြီး ဤသိနားလည်မှုကို မည်သို့ ရောက်ရှိလာသည်ဆိုသည်ကို အမေးခံရမည်ဆိုပါက သင်သည် မုချ မဖြေဝံ့ဘဲ အားစေမိလျက် ခေါင်းမဖော်ဝံ့ဘဲ ရှိပေမည်။ ဤအချက်အတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့တွင် အတွေ့အကြုံမရှိပါ။) သင်သည် အယူအဆဆိုင်ရာ ရှုထောင့်မှ ပြောနေခြင်း ဖြစ်သည်။ အမှန်တွင် သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ နောက်လိုက်တစ်ဦးနှင့် အဖန်ဆင်းခံတစ်ဦးအဖြစ် နှုတ်ဖြင့် ကြေညာပေသည်။ သို့ရာတွင် ဘုရားသခင်ကို သင်စတင်နောက်လိုက်သည့်နေ့ကတည်းက အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို သင် လုံးဝ ဖြည့်ဆည်းခြင်း မရှိလေပြီ။ ဘုရားနှုတ်ကပတ်တော်ကို သင်၏တည်ရှိခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် လက်ခံခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို သင်၏ တာဝန်အား ဖြည့်ဆည်းခြင်းအတွက် စည်းမျဉ်းနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအဖြစ် သဘောထားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းတို့သည် သင်၏ တာဝန်ဖြစ်သည်။ ဤသမ္မာတရား၏ စစ်မှန်မှုများထဲသို့ သင် မဝင်ရောက်သေးပါက ဤအရာက မည်သည့်အရာကို သွယ်ဝှိက်ရည်ညွှန်းပါသနည်း။ ဘုရားသခင်နောက် သင်လိုက်သော်လည်း မိသားစု၊ အလုပ်နှင့် အသက်မွေးမှုလုပ်ငန်းတို့ကို သင် စွန့်လွှတ်ပြီးဖြစ်ကာ ယနေ့ထိတိုင် ဘုရားသခင်နောက်သို့ သင်လိုက်နိုင်ပြီးဖြစ်သော်လည်း သင်၏ စိတ်နှလုံးသည် သမ္မာတရားကိုလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားသည့် အသက်ကိုလည်းကောင်း လက်မခံသေးဘဲ ထိုအစား သင်ကိုယ်တိုင်က ချစ်သည့် အရာများကို လိုက်စားကာ ထိုအရာများကို လုံးဝ လက်လွှတ်ခြင်းမရှိဟု ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင် နောက်လိုက်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံခြင်းအဖြစ် ယူဆ၍ ရသလော။ သင်၏ စိတ်နှလုံးတွင် လူအတွက် ဘုရားသခင် ချမှတ်သည့် ဘဝ ရည်မှန်းချက်များ၊ ဦးတည်ချက်များ၊ ဘဝနှင့် အသက်ရှင်ခြင်း၏ စံများကို သင် လက်မခံဘဲ သင် ကြားသည့် စကားများကိုသာ သံယောင်လိုက်ပြီး အချို့သော အယူဝါဒများကို ရေရွတ်ပါက ဤအရာကို သမ္မာတရား လက်ခံခြင်းအဖြစ် ယူဆရသလော။ သင်သည် ဘုရားသခင်နောက်လိုက်ပြီး အပြင်ပန်းအားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သော်လည်း သင်၏ စိတ်နှလုံးသည် သမ္မာတရားကို လက်မခံသေးပေ။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သော်လည်း သင် အသက်ရှင်နေထိုင်သည့် စည်းမျဉ်းများ၊ သင်၏ ဘဝက လိုက်လျှောက်သည့် နည်းစနစ်များနှင့် လမ်းကြောင်းများသည် စာတန်နှင့် သက်ဆိုင်နေဆဲ ဖြစ်သည်။ သင်သည် တစ်သက်လုံး ရှိခဲ့သည့်ပုံစံအတိုင်းသာဖြစ်၍ မပြောင်းလဲသေးပေ။ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော လူ၏ နည်းလမ်းအတိုင်း အသက်ရှင်နေဆဲဖြစ်ပြီး ဘုရားသခင်ထံမှ လာသည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများကို သင်လက်မခံသေးပေ။ ဤပဓာနကျသော ရှုထောင့်အမြင်မှ သင်လုပ်ဆောင်နေသည့်အရာမှာ ဘုရားသခင်နောက် အမှန်တကယ် မလိုက်လျှောက်ခြင်း ဖြစ်သည်။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်သည် သင်၏ ဘုရားသခင်ဖြစ်ကြောင်းကိုသာ သင် ဝန်ခံနေခြင်း ဖြစ်သည်။ ဤအယူအဆဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် သင်သည် ဘုရားသခင်အတွက် အနည်းငယ် လုပ်ဆောင်ပြီး သူ့ကို အနည်းငယ် ပူဇော်ဆက်ကပ်သည်။ ဤအကြောင်းရင်းကို ထောက်သော် ဘုရားသခင်သည် သင်၏ ဘုရားဖြစ်ကြောင်းနှင့် သင်သည် သူ၏ နောက်လိုက်ဖြစ်ကြောင်းကို သင်သည် အင်တင်တင်ဖြင့် ဝန်ခံသော်လည်း သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို သင်၏ ဘဝ၊ သင်၏ သခင်နှင့် သင်၏ ဘုရားအဖြစ် လုံးဝ လက်ခံခြင်းမရှိလေပြီ။ ဤအရာက ငါယခုတင် မေးခဲ့သည့် “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်ပါသလား”ဟူသော မေးခွန်းဆီသို့ ပြန်ရောက်စေသည်။ အထက်ပါ အကြောင်းရင်းများကြောင့် သင်သည် သေချာမှုဖြင့် အဖြေမပေးဝံ့ပေ။ အရာခပ်သိမ်းနှင့် စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်လင့်ကစား သင့်အတွက်မူ ဘုရားသခင်သည် သဘောတရားအရ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သင် ဝန်ခံနိုင်သော်လည်း အမှန်တွင် ဤအရာကို သင် မတွေ့ကြုံဖူးသေးချေ၊ သို့မဟုတ် မမြင်ရသေးချေ။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် မေးခွန်းတစ်ခု ရှိနေသည်။ မည်သည့်အချိန်တွင် လူတို့သည် “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်”ဟူသည့် စကားများကို အမှန်တကယ် အတည်ပြုနိုင်ပြီး ဤရူပါရုံကို သူ၌ မိမိတို့ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်စေနိုင်ကြလိမ့်မည်နည်း။ ၎င်းတို့ စိတ်နှလုံးများထဲရှိ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အဆင့်အတန်းတို့ကို လူတို့ လက်ခံနိုင်ကာ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို မိမိတို့ တည်ရှိခြင်း၏ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲနိုင်ကြသည့်အခါတွင်သာ “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင်ဖြစ်သည်”ဟူသည်ကို ၎င်းတို့ အမှန်တကယ် အသိအမှတ်ပြုနိုင်ကြပေသည်။ ဤစကားများသည် အမှန်တကယ် စွမ်းဆောင်ရရှိရန် အခက်ခဲဆုံးဖြစ်သော်လည်း ယင်းတို့က လူအတွက် စွဲကိုင်ထားသည့် အရေးပါမှုကို ပြလျက် ဘုရားသခင်က ထိုစကားများကို ဖြစ်ပွားစေပြီးဖြစ်သည်။ တစ်စုံတစ်ဦးသည် ဆန္ဒရှိပါက ဤစကားများကို တွေ့ကြုံပြီး သဘောပေါက်ရန် တစ်သက်တာလုံး အချိန်ယူရမည်ဖြစ်သည်။ ဤစကားများက ဖြစ်ပေါ်စေသည့် မေးခွန်းအတွက် ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ စစ်မှန်ပြီး သေချာသော အဖြေတစ်ခု ပေးရန်အလို့ငှာ အဖန်ဆင်းခံနှင့် မိမိတို့၏ ဖန်ဆင်းရှင်တို့၏ ဆက်နွှယ်မှုဖြစ်သည့် မိမိတို့ကိုယ်တိုင်နှင့် ဘုရားသခင်ကြား ပုံမှန် ဆက်နွှယ်မှုတစ်ခု ထူထောင်ရန် တစ်သက်တာလုံး အချိန်ယူ၍ ကြိုးပမ်းဖို့ လိုအပ်ပေသည်။ ဤအရာအားလုံးကို “ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့”ဟူသည့် စည်းမျဉ်းအား လက်တွေ့လုပ်ဆောင်ခြင်း အခြေခံအကြောင်းပေါ်တွင် စွမ်းဆောင်ရရှိနိုင်ပေသည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ရန် အတော် ရိုးရှင်းသော်လည်း ဘုရားသခင် သတ်မှတ်သည့် ရည်မှန်းချက်ပန်းတိုင်ကို အမှန်တကယ် စွမ်းဆောင်ရရှိရန် မလွယ်ကူပေ။ အကြင်သူသည် ထိုအရာအတွက် အချိန်နှင့် အားထုတ်မှု အသုံးပြုရမည်ဖြစ်ပြီး အဖိုးအခပေးရမည်ဖြစ်သည်။

နောက်တစ်ကြောင်းမှာ အဘယ်နည်း။ (“သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ…အာသာငမ်းငမ်း ရှာဖွေရမည်။”) ဤအရာတို့သည် လူ့အပေါ် ဘုရားသခင် ပြုသည့် သတ်မှတ်ချက်များသာ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်လိုပြီး ကယ်တင်ခံရလိုလျှင် ၎င်းတို့၏ စိတ်နှလုံးများက ဤအရာကို တမ်းတရမည်၊ ၎င်းတို့တွင် ထိုအရာကို လိုက်စားရန် အလိုဆန္ဒရှိရမည်ဖြစ်ပြီး စစ်မှန်သည့် တောင့်တမှုတစ်ခု ရှိရမည်။ ထို့နောက်တွင် ၎င်းတို့အနေဖြင့် ဘုရားသခင် ချခင်းထားသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည်။ တဖြည်းဖြည်းနှင့် ဘုရားသခင်သည် ဤလူများကို သမ္မာတရား၏ စစ်မှန်မှုနှင့် မှန်ကန်ပြီး ပုံမှန်ဖြစ်သော အခြေအနေတစ်ခုထဲသို့ ဆောင်ကြဉ်းလိမ့်မည်ဖြစ်သည်။ ထိုသို့သော လူများသည် တိုး၍ လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားများကို ပိုပိုပြီး နားလည်ကြလိမ့်မည်။ အဆုံးတွင် ဤလူများ ပိုင်ဆိုင်သည့် မူမမှန်သော အခြေအနေများစွာ၊ ၎င်းတို့တွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းနှင့် ၎င်းတို့၏ ပုန်ကန်မှုတို့သည် ဘုရားသခင် စီစဉ်သည့် အမျိုးမျိုးကွဲပြားသော ပတ်ဝန်းကျင်များစွာထဲက ဘုရားအမှုတော်၏ နည်းလမ်းအမျိုးမျိုးအားဖြင့် တဖြည်းဖြည်း ဖြေရှင်းခံရလိမ့်မည်။ သို့ဆိုလျှင် သင်တို့ နားလည်သင့်သည့်အရာမှာ အဘယ်နည်း။ ဤအရာဖြစ်၏။ လူတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာများသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြီးမြောက်ရမည်ဟူ၍တည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လူတို့ လက်တွေ့လုပ်ဆောင်ပြီး ပြုမူသည့်အခါ ၎င်းတို့အတွက် ဘုရားသခင် ညွှန်ပြသည့် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ၎င်းတို့ လျှောက်ကြလိမ့်မည်။ လူတို့သည် ဤမှန်ကန်သော လမ်းကြောင်းပေါ် လျှောက်ကြသည့်အခါ ဘုရားသခင်သည် သူ၏ နည်းလမ်းနှင့် သူ၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းများအားဖြင့် အချိန်တန်သည့်အခါ ၎င်းတို့အပေါ် မှန်ကန်သည့် ခွဲတမ်းကို ပေးသနားလိမ့်မည်။ ဤနေရာတွင် မည်သည့်အရာကို လူတို့ နားလည်သင့်သနည်း။ လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းတို့ ပေးသည့် အဖိုးအခနှင့် ၎င်းတို့၏ အသုံးခံမှုတို့သည် မရှိမဖြစ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူကာ လက်တွေ့လုပ်ဆောင်ရမည်။ လူသား စိတ်ဆန္ဒများနှင့်အညီ၊ သို့မဟုတ် လူသား စိတ်ကူးများနှင့် အယူအဆများအရ ၎င်းတို့ မပြမူမဆောင်ရွက်ရပေ။ မည်သည့်အဆုံးသတ် ရလဒ်ကို ရရှိသည်၊ တစ်စုံတစ်ဦး မည်မျှ ပြောင်းလဲနိုင်သည်၊ မည်မျှရရှိနိုင်သည်တို့ကို လူတစ်ဦးစီ၏ ဆန္ဒများအားဖြင့် ဆုံးဖြတ်သလော။ မဆုံးဖြတ်ပေ၊ ယင်းမှာ ဘုရားသခင်၏ ကိစ္စဖြစ်ပြီး သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သည့်အရာပေးပြီး မည်မျှပေးသည်၊ မည်သည့်အချိန်တွင် သင့်ကို ပေးသည်၊ သင့်ကို ပေးထားသည့်အရာကို သင်ရရှိသည့် အသက်အရွယ်တို့သည် ဘုရားသခင်၏ ကိစ္စဖြစ်ပြီး သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိပေ။ ဤအရာတွင် ငါ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ်သာ သင် အာရုံစိုက်ရန်၊ ဘုရားသခင် သင့်ကို ပေးသည့် လမ်းကြောင်းအတိုင်း ဝင်ရောက်ရန်၊ သင့်တင့်လျောက်ပတ်သော အဖန်ဆင်းခံတစ်ဦးအနေဖြင့် ပြုမူဆောင်ရွက်ရန်နှင့် သင်လုပ်သင့်သည့် ပူးပေါင်းဆောင်ရွက်မှုကို ပေးရန်သာ လိုအပ်ခြင်း ဖြစ်သည်။ သင် မည်သည့်အရာနှင့် မည်မျှ ရရှိမည်ဆိုသည်အတွက်မူ ထိုအရာကို သင် ရရှိမည့်အချိန်နှင့် ဤကိစ္စရပ်များကို ဘုရားသခင် မည်သို့ နေရာချထားမည်ဆိုသည်တို့မှာ ဘုရားသခင်၏ ကိစ္စဖြစ်ပြီး ဘုရားသခင်၏ အချိန်တွင် ဖြစ်ပွားလိမ့်မည်။ လူအချို့က “ဤအရာကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်လျှင် အဆုံးတွင် ကျွန်ုပ် ကယ်တင်ခံရမလား”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့ ကယ်တင်ခံရနိုင်သည်ဟု သင် ထင်သလော။ လူတို့အပေါ် ဘုရားသခင် ပေးသနားပြီး ထောက်ပံ့ပေးပြီးဖြစ်သည့် ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် ကယ်တင်ခြင်းဆီသို့ လူ၏ လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပါက သင်ကယ်တင်ခံရကောင်း ခံရမည်မဟုတ်ဟု စိုးရိမ်ရန် လိုအပ်သေးသလော။ ဘုရားသခင်က သင့်ကို စွန့်ပစ်မည်ကို ကြောက်ရွံ့သည့်အတွက် စိုးရိမ်ခြင်းနှင့် သောကဖြင့် နေ့တိုင်း သင် အချိန်ကုန်ဆုံးနေဆဲဖြစ်သလော။ ဤအရာသည် အလွန်သေးငယ်သည့် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ရန် ပျက်ကွက်ခြင်းအားဖြင့် ဖြစ်သည် မဟုတ်လော။ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် ဝင်ရောက်ပါက၊ သင့်စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိပါက၊ စစ်မှန်သည့် အတွေ့အကြုံမှ သက်သေခံချက် သင်ပေးနိုင်ပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိနိုင်ပါက သင် ကယ်တင်ခံရလိမ့်မည်မဟုတ်ဟု သင်စိုးရိမ်လိမ့်ဦးမည်လော။ မစိုးရိမ်နှင့်၊ ထိုအရာသည် သင်၏ ကိစ္စမဟုတ်။ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကိုသာ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်၏။ ဘုရားနှုတ်ကပတ်တော်တွင် အရေးမကြီးသည့် စာကြောင်းမရှိပေ။ ဘုရားနှုတ်ကပတ်တော်တစ်ခုလုံးသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားသည် လူက ရှိသင့်သည့် အသက်ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်တစ်ခုလုံးသည် ကယ်တင်ခြင်းရရှိရန် လူတို့ လိုအပ်ပြီး ပိုင်ဆိုင်သင့်သောအရာ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှုဖြင့် ဤဘုရားနှုတ်ကပတ်တော်များကို သင်လိုက်လျှောက်သော်လည်း သင် ကယ်တင်ခံရလိမ့်မည်မဟုတ်ဟု စိုးရိမ်နေဆဲဖြစ်ပါက သင်သည် စဉ်းစားဉာဏ်မရှိသကဲ့သို့ မသိနားမလည်ဖြစ်သလော။ သင်သည် အလွန်တရာပင် ပူတတ်ရန်ကော။ ထိုသို့သော အသုံးမကျသည့် အတွေးများကို လက်သင့်ခံနေသည့်အစား ဘုရားသခင်၏ အလိုတော်ကို သင် ထောက်ထားမှုပြလျှင် သင်သည် သာ၍ ပျော်ရွှင်ရပေမည်။ မှန်ကန်သည့် လမ်းကြောင်းကို သင် လျှောက်နေလျှင် သင် ရောက်ရှိမည့် နောက်ဆုံး ခရီးပန်းတိုင်သည် ဧကန်မုချ မှန်ကန်သည့်အရာတစ်ခု၊ သင့်အတွက် ဘုရားသခင် သတ်မှတ်ထားသည့် ခရီးပန်းတိုင်ဖြစ်လိမ့်မည်။ သင်သည် လမ်းမှားသွားလိမ့်မည် မဟုတ်။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်လက်တွေ့လုပ်ဆောင်ပြီ ဝင်ရောက်ပါက သင်ကယ်တင်ခံရခြင်း ရှိမရှိဆိုသည့်အပေါ် စိုးရိမ်ရန် မလိုအပ်ပေ။ ဘုရားသခင် ညွှန်ပြသည့် ကယ်တင်ခြင်း လမ်းကြောင်းကိုသာ လက်တွေ့လုပ်ဆောင်ပြီး လိုက်စားလော့၊ ယင်းသည် မှန်ကန်သည့် လမ်းခရီးဖြစ်၏။ လူအချို့က “ကယ်တင်ခြင်း ရရှိရန်မှာ မည်သည့်အရာကဲ့သို့ ခံစားရလိမ့်မည်နည်း။ လေထဲတွင် ကျွန်ုပ်တို့ လွင့်မျောနေသကဲ့သို့ ခံစားရလိမ့်မည်လား။ ယခု ငါတို့ ခံစားပုံနှင့် မတူဘဲ ခံစားရလိမ့်မည်လား”ဟု ဆိုကြသည်။ ဤမေးခွန်းသည် အနည်းငယ် ဆန္ဒစောလွန်း၏။ ဤသည်မှာ သင်တို့ ယခုသိရှိရန် လိုအပ်သည့်အရာတစ်ခု မဟုတ်။ သင်အမှန်တကယ် ကယ်တင်ခံရသည့်အခါ သိလိမ့်မည်။ လူအချို့က “ကျွန်ုပ် ကယ်တင်ခံရသည့်အခါ ယောဘထံ ပေါ်လာခဲ့သကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်ထံ ပေါ်လာမည်လား”ဟု ဆိုကြသည်။ ဤသည်မှာ ကျိုးကြောင်းသင့်သော တောင်းဆိုမှုတစ်ခုလော။ ဤအတွက် မတောင်းဆိုနှင့်။ သင် ကယ်တင်ခံရမည်လားဆိုသည်ကို သင်မသိသေးသောကြောင့် ဤတောင်းဆိုချက် ပြုခြင်းသည် မည်သည့်အကျိုး ရှိသနည်း။ လုံးဝ မရှိပေ။ ဥပမာအားဖြင့် သင်သည် လတ်တလောတွင် မူလတန်းတက်နေသည်ဟု ဆိုပါစို့။ သင်၏ အတန်းအားလုံးတွင် အမှတ်ကောင်းကောင်းရခြင်းနှင့် သင့်ဆရာ၏ သတ်မှတ်ချက်များအား ဖြည့်ဆည်းခြင်းအပေါ် အာရုံစိုက်သင့်သည်။ “အနာဂတ်တွင် မည်သည့် တက္ကသိုလ်သို့ ကျွန်ုပ် သွားလိမ့်မည်နည်း။ နောက်ပိုင်း ဘဝတွင် မည်သည့်အလုပ်မျိုးကို ငါ ရှိမည်နည်း”ဟူသည့် အရာနှင့်ပတ်သက်၍ အမြဲ မတွေးဆနှင့်။ ထိုအရာများကို စဉ်းစားခြင်းသည် အချည်းနှီးဖြစ်၏။ အလွန်အလှမ်းဝေးပြီး လက်တွေ့မကျချေ။ မှန်ကန်သည့် နည်းစနစ်များနှင့် လမ်းကြောင်းများထဲသို့ သင် လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သရွေ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ကို သင်ဧကန်မုချ စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ လမ်းပြမှုဖြင့် မည်သည့်အရာကို သင်စိုးရွံ့နေဆဲဖြစ်သနည်း။ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင်ဖြစ်သည်ဟု သင် ယုံကြည်သလော။ (ယုံကြည်ပါသည်။) ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်သောကြောင့် သင်ကဲ့သို့ သေးငယ်သည့် လူတစ်ဦးကို ကယ်တင်ရန် ဘုရားသခင်အတွက် ခက်ခဲသလော။ ဘုရားသခင်အတွက် တစ်လောကလုံးကို ယူပြီး သင့်ကို ပေးရန်မှာ ခက်ခဲသည့် အလုပ်ဖြစ်မည်မဟုတ်။ ထို့ကြောင့် သေးငယ်သော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးကို ကယ်တင်ရန် အဘယ်သို့ ခက်ခဲနိုင်မည်နည်း။ ထို့ကြောင့် သင်သည် စိုးရိမ်သောကရောက်ရန် လိုအပ်သေးသလော။ ဘုရားသခင်က သင့်ကို ကယ်တင်နိုင်ခြင်း ရှိမရှိဆိုသည်ကို မစိုးရိမ်နှင့်၊ ဘုရားနှုတ်ကပတ်တော်များက သင့်ကို ကယ်တင်နိုင်ခြင်း ရှိမရှိဆိုသည်ကို မစိုးရိမ်နှင့်။ ထို့ထက် ဘုရားနှုတ်ကပတ်တော်များကို သင် နားလည်နိုင်ခြင်း ရှိမရှိနှင့် ဘုရားနှုတ်ကပတ်တော်များ၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု သင် ရှာတွေ့နိုင်ခြင်း ရှိမရှိဆိုသည့်အရာနှင့် ပတ်သက်၍ သင် စိုးရိမ်သင့်ပေသည်။ ယခုတွင် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိနှင့် သင်၏ လုပ်ရပ်များတွင် သင်သည် ဘုရားသခင် ညွှန်ပြပြီးဖြစ်သည့် လမ်းကြောင်းကို လျှောက်နေခြင်း ရှိမရှိဆိုသည့်အကြောင်းကို သင် စိုးရိမ်သင့်သည်။ ယင်းသည် များစွာ သာ၍ ကောင်းမွန်၏။ ဤအရာများကို စဉ်းစားခြင်းသည် လက်တွေ့ကျပြီး စစ်မှန်၏။ အခြားတစ်ခုတလေနှင့်ပတ်သက်၍ စိုးရိမ်ရန်မှာ အချည်းနှီးဖြစ်သည်။

နောက်တစ်ကြောင်းမှာ အဘယ်နည်း။ (“စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက်။”) ဤစာကြောင်းကို ယခုတင် ငါတို့ ဆွေးနွေးပြီး ဖြစ်သောကြောင့် ဤပြဿနာကို ဖြေရှင်းရန် လွယ်ကူရပေမည်။ အချိန်အများစုတွင် “စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များ”သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အကြောင်းပြချက်များ၊ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များအပြင် သင် ထိတွေ့ဆက်ဆံလာရသည့် ဆိုးယုတ်သော လူများနှင့် မယုံကြည်သူများ အသုံးပြုသော နည်းလမ်းများမှ အရင်းခံကြောင်းကို နားလည်ရန်သာ လူအတွက် လိုအပ်ပေသည်။ ထိုသို့သော အရာများကို သင် မည်သို့ ပိုင်းခြားပြီး ငြင်းပယ်ရမည်ဆိုသည့်အရာနှင့် သင်ပြုလုပ်သင့်သည့် ရွေးချယ်မှုများအတွက်မူ ယင်းမှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုဖြစ်သည်။ နောက်တစ်ကြောင်းကို ဖတ်လော့။ (“စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။”) ဤစာကြောင်းကိုလည်း ကျွန်ုပ်တို့ ယခုတင် အသေးစိတ် ဆွေးနွေးပြီး ဖြစ်သည်။ လူအတွက် စာကြောင်းတိုင်းသည် သတိပေးခြင်းနှင့် သတိပေးချက်တစ်ခု ဖြစ်ပြီး တစ်ချိန်တည်းတွင် အားပေးမှု၊ အကူအညီနှင့် ထောက်ပံ့မှုမျိုးတစ်ခု ဖြစ်သည်။ ဤစကားများတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော် ပါရှိပြီး လူသားမျိုးနွယ်အတွက် အလျှံပယ်သော သူ၏ မျှော်လင့်ချက်ကို သယ်ဆောင်သည်မှာ အမှန်ဖြစ်၏။ လူတို့သည် အားနည်းချက်နှင့် အခက်အခဲများ ကြုံရသည့်အခါ ၎င်းတို့ မျှော်လင့်ချက် ဆုံးရှုံးကာ ယုံကြည်ခြင်း ပျောက်ဆုံး၍ သမ္မာတရားနှင့် ကယ်တင်ခြင်း လိုက်စားရန် ၎င်းတို့၏ ဆန္ဒပြင်းပြမှုတို့ ပျောက်ဆုံးပြီး သမ္မာတရား ရရှိကာ ဘုရားသခင်၏ စုံလင်စေခြင်း ခံရမည့် အခွင့်အရေး ဆုံးရှုံးသည်ကို ဘုရားသခင် မမြင်လိုပေ။ လူတို့အား သူရဲဘောကြောင်သူများဖြစ်ရန် ဘုရားသခင် အလိုမရှိပေ။ ထိုအစား အခက်အခဲ မည်မျှ ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ ၎င်းတို့ မည်မျှအားနည်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းက မည်မျှ ထုတ်ဖော်ပြခံရသည်ဖြစ်စေ လူတို့အနေဖြင့် လုံးဝ လက်လျှော့မည်မဟုတ်ဟုလည်းကောင်း၊ လုံးဝ မဆုတ်မနစ် ကြိုးပမ်းလိမ့်မည်ဟုလည်းကောင်း၊ သမ္မာတရားကို ဆက်လက် လိုက်စားကြလိမ့်မည်ဟုလည်းကောင်း၊ ၎င်းတို့၏ လိုက်စားမှုတွင် ၎င်းတို့အတွက် ဘုရားသခင် ညွှန်ပြသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို လိုက်လျှောက်ကြလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိကြလိမ့်ဦးမည်ဟုလည်းကောင်း ဘုရားသခင် မျှော်လင့်လေသည်။ ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းသည် အတွေ့အကြုံနှင့်အတူ၊ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့်အတူ တိုး၍ ကြီးထွားသင့်ပြီး အားနည်းချက် ကြုံရသည့်အခါ ၎င်းတို့ နောက်မတွန့်သင့်၊ အခက်အခဲများ ကြုံရသည့်အခါ အပျက်သဘောမဆောင်လာသင့်၊ ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ် ထုတ်ဖော်ပြခံရသည့်အခါ ရှိုက်မငိုသင့်သကဲ့သို့ ရှေ့ဆက်တိုးမည့်အစား နောက်မဆုတ်သင့်ကြပေ။ ဤကဲ့သို့သော အရာများ ပေါ်လွင်သည်ကို ဘုရားသခင် အလိုမရှိပေ။ လူတို့အနေဖြင့် မိမိတို့ကိုယ်ကို ဘုရားသခင်ထံသို့ စိတ်ပါလက်ပါ ဦးတည်စေမည်၊ ဤအရာကို ဖြစ်ပွားနိုင်သည့် အချိန်၊ ပတ်ဝန်းကျင်၊ ရုပ်ပိုင်းဆိုင်ရာ နေရာ၊ သို့မဟုတ် မည်သည့် အခြေအနေမဆိုနှင့်ဆိုင်သော အကြောင်းပြချက်များအတွက် လုံးဝ ပြောင်းလဲခြင်းမရှိရန် ဘုရားသခင် မျှော်လင့်ပေသည်။ ဘုရားသခင်ကို ရှာဖွေရန်ဖြစ်သော သင်၏ စိတ်ဆန္ဒမပြောင်းလဲသကဲ့သို့ ဘုရားသခင်ကို ရှာဖွေရာတွင် သင်၏ ဆုံးဖြတ်ချက် မယိုင်နဲ့ပါက ဘုရားသခင်သည် သင်၏ ရိုးသားစစ်မှန်သည့် စိတ်နှလုံးကို မြင်ကာ သိလိမ့်မည်။ အဆုံးတွင် သင့်အပေါ် ဘုရားသခင် ပေးသနားမည့်အရာသည် ဧကန်မုချ သင် အလိုရှိနိုင်သမျှကို ကျော်လွန်လိမ့်မည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယောဘ တွေ့ကြုံခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် ဘုရားသခင်က သူ့ကို စကားပြောမည်၊ သို့မဟုတ် ကိုယ်တော်တိုင် သူ့ထံ ပေါ်ထွန်းမည်ဟု သူ လုံးဝ စိတ်မကူးဝံ့ခဲ့ပေ။ ထိုအရာကို သူလုံးဝ စိတ်မကူးဝံ့ခဲ့သော်လည်း သူ၏ နောက်ဆုံး စမ်းသပ်မှုပြီးသည့်နောက်တွင် ဘုရားသခင်သည် လေပွေတစ်ခုမှ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စကားပြောဆိုရင်း သူ့ထံ အမှန်တကယ် ပေါ်ထွန်းခဲ့သည်။ ဤသည်မှာ လူက တောင်းဆိုနိုင်သမျှထက် ကျော်လွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ တစ်စုံတစ်ဦးက တောင်းဆိုနိုင်သည့် မည်သည့်အရာမဆိုထက် ကျော်လွန်ပြီး ထိုစိတ်ကူးကို မည်သူမျှက လက်သင့်ပင်မခံဝံ့ကြချေ။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူသည် မိမိ၏ မှန်ကန်သည့် နေရာတွင် ရပ်တည်ရမည်၊ မိမိ လုပ်သင့်သည့်အရာကို လုပ်ရမည်၊ လျှောက်သင့်သည့် လမ်းကြောင်းကို လျှောက်ရမည်၊ သူ့အပေါ် တောင်းဆိုသည့်အရာထက် ကျော်လွန်၍မလုပ်ဆောင်ဘဲ သူ့ကို ပေးထားသည့် တာဝန်များကို လုပ်ဆောင်သင့်ပြီး ဘုရားသခင် မုန်းသည့်အရာများ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်သင့်သည်။ ဘုရားသခင်အပေါ် သင် အလွန်များစွာ တောင်းဆိုနေမိကြောင်း၊ သင်၏ တောင်းလျှောက်မှုများက အထိန်းအကွပ်မဲ့သော စိတ်ဆန္ဒများနှင့် အသိစိတ်မဲ့ခြင်း၏ ရလဒ်ဖြစ်ကြောင်း၊ သင်ခံစားရသည့်အခါတိုင်းတွင်၊ ဘုရားသခင်ရှေ့မှောက်သို့ သင်ချက်ချင်းလာရမည်၊ သူ့ရှေ့တွင် မိမိကိုယ်ကို ပျပ်ဝပ်ကာ သင်၏ အပြစ်များကို ဝန်ချရမည်။ သင်သည် လှိုက်လှိုက်လှဲလှဲ နောင်တရကာ သင့်ကိုယ်သင် ပြောင်းလဲရမည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာဖြစ်ပြီး သူ့နောက်လိုက်ကာ သမ္မာတရားကို ချစ်သောသူတိုင်းအတွက် သူမျှော်လင့်သည့်အရာ ဖြစ်သည်။

ဤစာပိုဒ်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်ကြသည်။ အလွန်များသည့် မိတ်သဟာယပြုပြီးနောက်တွင်၊ မွေ့လျော်သင့်သည့်အရာကို ငါ မွေ့လျော်ပြီးဖြစ်ကာ လူ နားလည်ရန်အတွက် သင့်တင့်လျောက်ပတ်သောအရာကို သင်တို့အား နားလည်စေပြီးဖြစ်သည်။ ဤမိတ်သဟာယမျိုးသည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ဖတ်ရှုရမည်ဆိုသည်ကို သင်တို့အား ပြောပြရန်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရမည့် နည်းလမ်းအား သင်တို့ကို သွန်သင်ပေးရန်နှင့် ဘုရားနှုတ်ကပတ်တော်ရှိ မည်သည့်စာပိုဒ်ကိုမျှ အချည်းနှီး ပြောဆိုထားခြင်း မရှိသည်ကို အားလုံး သိစေရန် ရည်ရွယ်ပေသည်။ ထိုနှုတ်ကပတ်တော်အားလုံးသည် ဘုရားအလိုတော်နှင့် ပြည့်နေပြီး၊ ဘုရားသခင်၏ မျှော်လင့်ချက်ကို သယ်ဆောင်သည်။ ဤသို့ ရှုမြင်သည့်အခါ၊ ဘုရားနှုတ်ကပတ်တော်အားလုံးသည် နက်နဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ၊ လူက ပိုင်ဆိုင်သင့်ပြီး လိုက်နာစောင့်ထိန်းသင့်သည့် အရာများ ဖြစ်သည်။ ရိုးရှင်းသည့် နှုတ်ကပတ်တော် အနည်းငယ်သာ လူတို့ လက်တွေ့အလုပ်ဆောင်သင့်ဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ပါရှိသော်လည်း၊ ဤသည်ကို မည်သူမျှ မပြီးမြောက်ကြချေ။ မည်သူကမျှ ဤဘုရားနှုတ်ကပတ်တော် အနည်းငယ်ကို အရေးထားမှုတစ်ခုမျှ မရှိသကဲ့သို့ ထိုနှုတ်ကပတ်တော်များအတွက် မည်သူကမျှ အလေးထားမှုတစ်ခုတလေ မရှိချေ။ ငါ့ကို ပြောလော့၊ လူသည် မည်မျှ ထုံထိုင်းသနည်း။ အမှန်တွင်၊ ထုံထိုင်းသည်ဆိုသည်မှာ ထိုအရာကို ပြောရန် ဆင်ပြေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့အားလုံးသည် ဤစကားများကို အထင်သေးပြီး မြင်ရန် သို့မဟုတ် ဖတ်ရှုရန် ဆန္ဒမရှိကြသည်မှာ လူ၏ အကန့်အသတ်မဲ့ မာနထောင်လွှားမှုကြောင့် ဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ဖတ်လိုကြသနည်း။ နက်နဲ၊ မြင့်မြတ်သည့်၊ ဒဿနိကဆိုင်ရာနှင့် စနစ်ကျသော စကားလုံးများကို ဖတ်လိုကြ၏။ ထိုအဆင့်မြင့်ပြီး နက်နဲသော စကားများအကြောင်း မပြောလေနှင့်။ ဤရိုးရှင်းသည့် စကားအနည်းငယ်ကို လူတို့ နားလည်နိုင်လျှင် အတော်လုံလောက်ပေသည်။ ဤစကားများသည် ရိုးရှင်းပုံရကာ ဖတ်သောသူ မည်သူမဆိုက နားလည်နိုင်သော်လည်း၊ မည်သူသည် ထိုစကားများကို အမှန်တကယ် လက်တွေ့လုပ်ဆောင်သနည်း။ မိမိတို့ထံ ဖြစ်ပျက်သည့် အရာများကို ဘုရားရှေ့မှောက်သို့ မည်သူက အမှန်တကယ် ယူဆောင်ပြီး ဆုတောင်းနိုင်သနည်း။ ဖြေရှင်းချက်များအတွက် စိုးရိမ်သောကရောက်ခြင်းမရှိဘဲ မည်သူသည် ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းသနည်း။ ဤအရာကို လူမည်မျှက လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ယခုထက်ထိတိုင်၊ ဤဘုရားနှုတ်ကပတ်တော်များကို လေ့လာပြီး လက်တွေ့လုပ်ဆောင်ပြီးသူ မည်သူကိုမျှ ငါ မတွေးသေးသကဲ့သို့၊ ဤစကားများကို စိတ်ဝင်စားသည့်သူ၊ ဘုရားနှုတ်ကပတ်တော်များက မည်မျှ လှိုက်လှိုက်လှဲလှဲဖြစ်သည်၊ ရိုးသားစစ်မှန်ပြီး တန်ဖိုးရှိသည်ကို တွေ့မြင်ပြီးနောက်တွင် တန်ဖိုးထားပြီးဖြစ်သည့်သူ မည်သူကိုမျှလည်း ငါ မတွေ့သေးချေ။ ယခုတွင်ပင် ဤဓမ္မတေးသီချင်း သင်တို့ ဖွင့်နေသည်ကို ကြားသည့်အခါ၊ ဤဘုရားနှုတ်ကပတ်တော်အပိုဒ်အား မည်သို့ စားသောက်ခဲ့ကြသည်ကို သင်တို့ကို ငါ မေးခဲ့သည်။ တစ်ဦးတစ်လေက ဆုတောင်းဖတ်ရှုခြင်းအားဖြင့် ဤလွယ်ကူ၊ ရိုးစင်းပြီး၊ လွယ်ကူရှင်းလင်းသော စကားများမှ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေတွေ့ရှိပြီးပြီနည်း။ လူက နားလည်ပြီး ဝင်ရောက်သင့်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာတွေ့ရန်အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တစ်ဦးတစ်လေက ဆုတောင်းဖတ်ရှုပြီးပြီလော။ တစ်ဦးတလေက ထိုနှုတ်ကပတ်တော်များမှ သမ္မာတရား တစ်ခုတလေကို နားလည်ပြီလော။ ငါ မေးနေသည့်အရာမှာ၊ ထိုနှုတ်ကပတ်တော်များတွင် ပါရှိသည့် သမ္မာတရားသည် လူတစ်ဦးစီ၌ အကျိုးဖြစ်ထွန်းလေပြီလော။ ထိုနှုတ်ကပတ်တော်များသည် သက်ရောက်မှုတစ်ခု ရှိခဲ့ကြပြီလော။ အမှန်တကယ် မရှိသေးကြောင်း ငါတို့၏ မိတ်သဟာယက ပြသပြီးဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် နည်းပါးလွန်း၏။ ဤနှစ်ကာလများအတွက် ဘုရားသခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်အများစုသည် သင်တို့၏ စိတ်နှလုံးများတွင် အမှန်တကယ် အမြစ်တွယ်ခြင်း မရှိသေးသည့်ပုံရသည်။ ထိုနှုတ်ကပတ်တော်များကို သမ္မာတရားများအဖြစ် သင်တို့ တန်ဖိုးထားသည့် အဆင့်ကို သင်တို့ မရရှိသေးပေ။ ဤသည်မှာ ကောင်းမွန်သည့် နိမိတ်မဟုတ်။ ကောင်းမွန်သည့် လက္ခာတစ်ခု မဟုတ်ပေ။ လူအချို့က၊ “ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလွန် အလုပ်များကြသည်။ ဘုရားနှုတ်ကပတ်တော်များကို တွေးဆရန် အချိန်မရှိပါ”ဟု ဆိုကြသည်။ အမှန်တွင်၊ ၎င်းတို့ အချိန်မရှိကြခြင်း မဟုတ်၊ အားထုတ်မှုမပြုကြခြင်း သို့မဟုတ် အာရုံမစိုက်ကြခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ထိုအရာက မိမိတို့ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များကို တွေးဆပုံအား ထိခိုက်နိုင်သလော။ စားသောက်ကာ အနားယူနေစဉ်တွင် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ တွေးဆ၍မရနိုင်သလော။ အားလုံးက ၎င်းတို့ စိတ်ဆန္ဒရှိမရှိဆိုသည့်အပေါ် တည်မှီသည်။ အလွန်အလုပ်များခြင်းသည် စိတ်ကျေနပ်ရသည်ဟု လူတို့ တွေးထင်ကြသည်။ အမှန်တွင်၊ စဉ်းစားရန် အားလပ်ချိန်ရှိသည့်အခါတွင်၊ သင်၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်တစ်ခုကိုမျှ သင် အမှန်တကယ် လုံးဝ တွေးဆခြင်းမရှိသေးသည်ကို သဘောပေါက်လိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ ထိန်းသိမ်းခြင်း မရှိသေးသကဲ့သို့၊ ထိုနှုတ်ကပတ်တော်များသည် သင့်ဘဝ၏ လမ်းညွှန် နှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် စံ ဖြစ်လာသေးပေ။ ဤအရာကို သင် သုံးသပ်ဆင်ခြင်သည့်အခါတွင်၊ အရှက်ရလိမ့်မည်။ သင်၏ အလုပ်များခြင်းသည် သင့်ကို လှည့်ဖြားသည့် အတွေးမှားတစ်ခုသာ ဖြစ်သည်။ ထိုအရာက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကြောင့် သင်၏ ဘဝသည် အနှစ်မဲ့ခြင်းထက် ပြည့်ဝမှုရှိကြောင်း၊ သင်သည် လောက လူများနှင့် ကွာခြားကြောင်း၊ လောက၏ ရေပန်းစားမှုများနောက် သင်မလိုက်ကြောင်း သင့်ကို ခံစားစေသည်။ ထို့ထက်၊ သင်သည် အဖြောင့်မတ်ဆုံးသော လူများထဲတွင်ရှိသည်၊ သင်သည် ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်လျက် ဘုရားသခင်၏ အမှုတော်တွင် ပူးပေါင်းဆောက်ရွက်နေသည်ဟူ၍ ခံစားစေသည်။ သင်သည် ကယ်တင်ခံရပြီးသားဖြစ်သည်၊ သို့မဟုတ် ကယ်တင်ခြင်း လမ်းပေါ်သို့ အစပြုနှင့်ပြီးဖြစ်သည်ဟု သင် ခံစားရသည်။ လူအချို့သည် ၎င်းတို့က အောင်မြင်သောသူများ ဖြစ်ပြီးသားဖြစ်သည်ဟု တွေးထင်သည်အထိပင် ခံစားကြသည်။ ဤအရာအားလုံးကို ထောက်ဆသော်၊ ထိုသို့ ရိုးရှင်းသည့် ဓမ္မတေးသီချင်းတစ်ပုဒ်နှင့် ရိုးရှင်းသည့် ဘုရားနှုတ်ကပတ်တော် အနည်းငယ်၊ ဘုရားသခင် ဖော်ပြသည့် အစောဆုံး နှုတ်ကပတ်တော်များအပေါ် ဤသဘောထားမျိုးကိုပင် သင်တို့ ခံယူကြလေသည်။ မည်သူမျှက ဤစကားများတွင် မည်သည့်အရာကိုမျှ မရရှိသေး သို့မဟုတ် မည်သည့် ဉာဏ်အလင်းပေးမှုကိုမျှ ရှာမတွေ့သေးပေ၊ သို့မဟုတ် မည်သည့်နည်းဖြင့်မျှ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးချေ။ မိမိတို့ကိုယ်တိုင်အတွက် အကျိုးတစ်ခုတလေ သို့မဟုတ် ရလဒ်များတစ်ခုတလေ ရရှိပြီးသူ တစ်ဦးတလေကို ငါ မမြင်ရပေ။ ဤသည်မှာ ကောင်းသည့်အရာတစ်ခုလော၊ ဆိုးသည့်အရာတစ်ခုလော။ (ဆိုးသည့်အရာတစ်ခု ဖြစ်ပါသည်။) ဤနှစ်ကာလများအတောအတွင်းတွင်၊ သင်တို့၏ တာဝန်များကို မအားမလပ် သင်တို့ ထမ်းဆောင်ပြီးဖြစ်ကာ အထူးသဖြင့် ဧဝံဂေလိ အလုပ်နှင့် မိမိကိုယ်ကိုယ် အလုပ်များစေပြီးဖြစ်သည်။ အချို့သော အောင်မြင်မှုများကို သင်တို့ ရရှိပြီးဖြစ်ကာ သင်တို့ စိတ်နှလုံးအားလုံးက ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဧဝံဂေလိအလုပ်သည် ပျံ့နှံ့ပြီးဖြစ်သည်။ နိုင်ငံနှင့် ဒေသတိုင်းရှိ လူတို့ထံ ဘုရားနှုတ်ကပတ်တော်ကို ယူဆောင်ပြီးဖြစ်ကာ ပိုများသည့် လူတို့က ဘုရားနှုတ်ကပတ်တော်ကို စားသောက်နေကြသည်။ အပေါ်ယံအနေဖြင့်၊ သင်တို့သည် အောင်မြင်မှု စွမ်းဆောင်ရရှိပြီးဖြစ်ပုံရသော်လည်း၊ သင်၏ ကယ်တင်ခြင်းဖြစ်သည့် ဘဝတွင် ကြီးမားသည့် ကိစ္စရပ်အကြောင်းကို သင်တို့ တစ်ခုတလေ သိကြပါသလော။ ဤဘုရားနှုတ်ကပတ်တော်အပိုဒ်အပေါ် လူတို့ထားသည့် သဘောထားမှ အကဲဖြတ်သည့်အခါ၊ သင်တို့ မသိကြချေ။ ဒေသ အသုံးအနှုန်းတစ်ခု သုံးရလျှင်၊ ပထမဆုံးသော ဆေးချက် မထင်သေးပေ။ ငါ့ကို ပြောလော့၊ သင်တို့အားလုံး ဤသို့ဖြစ်သည်ကို မြင်ရသည့် ငါ အဘယ်သို့ ခံစားရသနည်း။ ရိုးရှင်းသည့် စကားအနည်းငယ်သာဖြစ်သော်လည်း ထိုစကားများကို သင်တို့အား အသေးစိတ်ဖော်ပြရှင်းလင်းပြီး ဆွေးနွေးရန် ငါ လိုအပ်ဆဲဖြစ်သည်။ ငါ၏ စကားများသည် ပြည့်စုံစေ့စပ်ပြီး အသေးစိတ်ကျလွန်း၏။ သင်တို့ နားထောင်ရန် လိုလားလျက်ရှိကြသလော။ ငါ နားပူနားဆာ လုပ်လွန်းသည်ဟု သင်တို့ ပြောကြလိမ့်မည်လော။ ငါသည်လည်း ဤသို့ နားပူနားဆာ မလုပ်လို။ သင်တို့အားလုံး တည်ကြည်ဖြောင့်မတ်ကြပုံရသည်။ သင်တို့အားလုံးသည် ဉာဏ်နှင့် အသိပညာ အနည်းသယ် ရှိကြပြီး၊ သင်တို့အများစုက ကျွမ်းကျင်မှုတစ်ခု ရှိကြသည်။ ထိုသို့ဖြစ်လျက်ပင်၊ ဤဓမ္မတေးသီချင်း၏ စကားအနည်းငယ်ကို သင်တို့ အလေးဂရုပြုခြင်း တစ်ခုတလေ မရှိကြသကဲ့သို့ နှလုံးမသွင်းကြလေပြီ။ ယခုထက်ထိတိုင်၊ ဤစကားများ၏ စစ်မှန်မှုထဲသို့ လူတစ်ဦးမျှ မဝင်ရောက်သေး။ ယင်းမှာ အမှန်တကယ် ဒုက္ခပေးသည့်အရာနှင့် ဒေါသထွက်စရာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ အသင်းတော်တွင် သင်တို့ လုပ်ဆောင်သည့် အလုပ်အားလုံး၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ပေါလုက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” ဟု ဆိုခဲ့ချိန်တွင် သူ ပြောနေခဲ့သည့် ရည်မှန်းချက်ပန်းတိုင်အတွက်ဖြစ်သလော။ ဤသည်မှာ အမှန်တကယ် ရည်မှန်းချက်ပန်းတိုင်ဖြစ်လျှင်၊ သင်တို့အားလုံးသည် ပေါလုများဖြစ်ကြပြီး၊ ဖြစ်လာမည့်အရာက မကောင်းနိုင်ပေ။ ထိုသို့ဖြစ်သလော။ (ဟုတ်ပါသည်။) ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရာတွင် သင် မကြိုးစားပါက၊ အနှေးနှင့်အမြန် သင် ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး၊ ထိုအရာက သင့်ကို မည်သည့်အရာမျှ ရရှိစေလိမ့်မည် မဟုတ်။ သင် ဖယ်ရှားခံရသည့်နေ့တွင်၊ သင်က၊ “မည်သည့်အရာကို ငါ ရရှိပြီးပြီနည်း”ဟု ပြောလိမ့်မည်။ အမှုအရာတစ်ခုမျှ သင် မရရှိသေးသောကြောင့် သင်သည် လုံးဝအရှက်ရပြီး၊ သေပင်သေလိုက်ချင်တော့သည်။ ထိုအရာမှာ အလွန် သနားစဖွယ်ဖြစ်၏။ ကိစ္စရပ်များအားလုံးအပေါ် ပြောဆိုလျက်၊ ဘုရားနှုတ်ကပတ်တော်များသည် ကြွယ်ဝပြီး အလျှံပယ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များ လိုက်စားခြင်းကို သင် လုံးဝ နှလုံးမသွင်းသေးသည်မှာ၊ ဘုရားနှုတ်ကပတ်တော်များကို သင် မည်သည့်အခါတွင်မျှ လုံးဝ မဖတ်ရှုသေးသည်မှာ စိတ်မကောင်းစရာပါတကား။ ဘုရားနှုတ်ကပတ်တော်များစွာထဲမှ၊ စာတစ်ကြောင်းမျှ သင်၏ စိတ်နှလုံးတွင် နေရာရှိပေ။ သင် ဖယ်ရှားခြင်းမခံရပါက၊ မည်သူ ဖယ်ရှားခံရဖွယ် ရှိနိုင်မည်နည်း။ (ဟုတ်ပါသည်။) ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အရှိတရားဖြစ်စေခြင်း။ ယင်းမှာ အဓိက အဖြစ်အပျက်တစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာမဆိုထက် အရေးကြီးသည်၊ နောက်မျိုးဆက်ကို ပေါက်ဖွားစေခြင်းထက် အရေးကြီးသည်၊ မိမိတာဝန်ကို လုပ်ဆောင်ခြင်းထက် အရေးကြီးသည်၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သင်ယူခြင်းထက် အရေးကြီးသည်၊ ဧဝံဂေလိ ဖြန့်ဝေရန် အလုပ်လုပ်ခြင်းထက် အရေးကြီးသည်၊ အခြားအရာအားလုံးထက် အရေးကြီးပေသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းမရှိသေးပါက၊ မည်သည့်တာဝန်များကို သင် ထမ်းဆောင်သည်ဖြစ်စေ၊ မည်မျှဝေးဝေး သင် ပြေးသည်ဖြစ်စေ၊ ထိုအရာအားလုံး တန်ခိုးရှိလိမ့်မည် မဟုတ်။ အဆုံးတွင်၊ မည်သည့် ရလဒ်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ သင် လုပ်ဆောင်သမျှအားလုံး အချည်းနှီးဖြစ်လာလိမ့်မည်။ ယခုတွင် သင်သည် မည်မျှ ပြင်းထန်စွာ ပြေးနေသည်ဖြစ်စေ၊ သင်၏ လက်ရှိ အနေအထားကို ပဓာနမထားဘဲ၊ သင် လုပ်နေသည့် အလုပ် သို့မဟုတ် မည်သည့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ သင် ပြုလုပ်ပြီးသည်ဖြစ်စေ၊ နောက်ဆုံးတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားမည့် မီးခိုးငွေ့ပါးပါးတစ်ခုသာ ဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါတွင်သာ၊ မိမိတို့ ပါရှိသည့် သမ္မာတရားကို ရရှိပြီး၊ ဘုရားနှုတ်ကပတ်တော်များ၌ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ၊ လမ်းကြောင်းများနှင့် ဦးတည်ချက်များ ရှာတွေ့သည့်အခါတွင်သာ၊ ဤအရာများကို ၎င်းတို့ထံမှ မည်သူကမျှ ယူဆောင်မသွားနိုင်ပေ။ မိမိတို့ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့် အရာရာအတွက် ၎င်းတို့ ပေးဆပ်သည့် အဖိုးအခတို့ အဓိပ္ပာယ်ရှိကာ တန်ဖိုးရှိလိမ့်မည်မှာ သမ္မာတရား၏ ဤစစ်မှန်မှုများထဲသို့ ၎င်းတို့ ဝင်ရောက်ပြီးသည့်အခါတွင်သာ ဖြစ်သည်။ ထိုအခါတွင်မှ ဘုရားသခင်အတွက် ထိုအရာသည် နှစ်လိုဖွယ် ဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီး၊ သင် လုပ်ဆောင်သမျှတိုင်း၌ ဘုရားနှုတ်ကပတ်တော် တောင်းဆိုသည့် စည်းမျဉ်းများနှင့် စံနှုန်းများကို လက်တွေ့လုပ်ဆောင်ပြီးသည့်နောက်တွင်၊ သင်၏ တာဝန်သည် အချည်းနှီး ထမ်းဆောင်ထားခြင်း မဟုတ်သကဲ့သို့၊ ထိုတာဝန်၏ တစ်စိတ်တစ်ပိုင်းက ဘုရားသခင်ကို ကျေနပ်စေလိမ့်မည်။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) သင်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် သင်၏ကိုယ်ပိုင် မိမိကိုယ်ကိုယ် ချုပ်တည်းခြင်း၊ လူသား ဇွဲလုံ့လ၊ လူသား ဉာဏ်နှင့် ဆုကျေးဇူးများ၊ ပြီးလျှင် လူသားနည်းလမ်းများနှင့် နည်းစနစ်များအပေါ်သာ မှီခိုပါက၊ သင် လုပ်ဆောင်သမျှသည် ဘုရားနှုတ်ကပတ်တော်များနှင့် မည်သို့မျှ မပတ်သက်ပေ။ နောက်ရလဒ်ဖြစ်လိမ့်မည့်အရာသည် သင့်အဖို့ ရှင်းလင်းသိသာနေသင့်သည်။ လူများစွာတို့သည် ၎င်းတို့၏ စီးပွားရေး အကောင့်များနှင့် ကိုယ်ကျစရိတ် အကျိုးအမြတ် အကောင့်များကို ကိုက်ညှိနိုင်ကြသော်လည်း ဤအကောင့်ကို ကိုက်ညီစေရန် မည်သူမျှမရှိပေ။ အပြင်ပန်း အရေးကိစ္စများကို ကိုင်တွယ်ရာတွင် သင် အတော်လေး အသိဉာဏ်ရှိပုံရသည်၊ သင့်ထံတွင် သင်၏ နည်းလမ်းများနှင့် နည်းစနစ်များရှိပြီး သင်တော် အတော်လေး လိမ္မာပါးနပ်သော်လည်း၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်း ကိစ္စရပ်နှင့် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ သဘောထားရမည်ဆိုသည့် ကိစ္စရပ်များကို မည်သို့မျှ လုံးဝ အာရုံစိုက်ခြင်းမရှိဘဲ သင် လျစ်လျူရှုမိပြီး ဖြစ်သည်။ အာရုံစိုက်မှု ကင်းမဲ့ခြင်းအားဖြင့်၊ ဘုရားသခင် တောင်းဆိုသည့် ပညတ်ချက်ကို သင် ရှောင်ရှားနိုင်မည် တွေးထင်ခဲ့သလော။ အားထုတ်မှု အနည်းငယ်ဖြင့်၊ သင်သည် ကံကောင်းပြီး ဘုရားသခင်၏ တရားမျှတသည့် တရားစီရင်ခြင်းကို လွတ်မြောက်နိုင်မည်ဟု သင် တွေးထင်ခဲ့သလော။ မိမိကိုယ်ကိုယ် မလှည့်ဖြားနှင့်။ လူက ဖန်တီးသည့် ဥပဒေများအားလုံးသည် လူသား အသိပညာနှင့် ထိုးထွင်းအမြင်များ၏ ရလဒ်ဖြစ်သည်။ အားလုံးက လူသား လိမ္မာပါးနပ်မှုဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ဖြစ်ပေါ်စေသည့် ဥပဒေများ မဟုတ်ပေ။ သင်၏ ကယ်တင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ကံနှင့်ဆိုင်သော စိတ်နေစိတ်ထားကို မခံယူနှင့်။ သင်သည် မိမိကိုယ်ကိုယ်ကိုသာ လှည့်ဖြားနိုင်သည်၊ ဘုရားသခင်ကို မလှည့်ဖြားနိုင်ပေ။

ကယ်တင်ခြင်း လိုက်စားမှုသည် သင် လုပ်ဆောင်သင့်သည့် ပထမဆုံး ကြီးမြတ်သော အရာမှာ အဘယ်နည်း။ သမ္မာတရားကို သင် နားလည်ကာ ထိုသမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များကို စားသောက်လော့။ ဤသည်မှာ ပထမဆုံး ကြီးမြတ်သော အရာဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် သင် မည်မျှ အလုပ်များသည်ဖြစ်စေ၊ မည်မျှ များပြားသည့်အလုပ်ကို သင် ပုံထားပါစေ၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ထိုနှုတ်ကပတ်တော်များတွင် အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာကာ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သင် အချိန်ယူရဦးမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ သင် လုပ်ဆောင်သမျှတိုင်းသည် သင့်တာဝန်ကို စိတ်ကျေနပ်ဖွယ် ထမ်းဆောင်မှုဖြစ်လိမ့်မည်ဖြစ်ပြီး၊ ထိုအရာသည် တန်ဖိုးရှိကာ အဓိပ္ပာယ်ရှိလာလိမ့်မည်။ သို့မဟုတ်လျှင်၊ သင် လုပ်ဆောင်သမျှသည် အစေခံမှုပေးခြင်း ဖြစ်ပြီး၊ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း မရှိပေ။ ဤအစေခံမှုကလည်း သင့်ကို ကယ်တင်ရန် ကူညီပေးလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များကို သင် မစားသောက်ပါက၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း မရှိပါက၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအား လေးနက်သည့် တစ်စုံတစ်ရာအဖြစ် သဘောထားခြင်း မရှိသကဲ့သို့၊ မိမိကိုယ်ကိုယ် ဤအတိုင်း အသုံးခံခြင်းနှင့် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို အလေးမထားဘဲ အမှုအရာများကို လုပ်ဆောင်ခြင်းဖြင့် စိတ်ကျေနပ်ပါက၊ သင်သည် လူနုံလူအတစ်ဦး ဖြစ်မည် မဟုတ်လော။ လူတိုင်းက မိမိတို့ တော်တတ်ပြီး မိမိတို့အလုပ်တွင် အားကိုးရသည်ဟု တွေးထင်ကြသည်။ “ယခုတွင် ဤနေရာ၌ ငါရှိသဖြင့်၊ ဤအလုပ် ကောင်းစွာ ပြီးမည်မှာ သေချာသည်။ သတိထားကြည့်ရန် ဤနေရာတွင် ငါ ရှိနေသရွေ့၊ မည်သည့်အရာကမျှ အသင်းတော်၏ အလုပ်ကို တားဆီးလိမ့်မည် မဟုတ်ပါ။ ငါ မပျင်းရိသရွေ့၊ ဘုရားအိမ်တော်တွင် ငါ၏တာဝန်ကို ဆက်လုပ်နေသရွေ့၊ ငါ ကယ်တင်ခံရလိမ့်မည်”ဟူ၍ ဖြစ်သည်။ မိမိကိုယ်ကိုယ် အရူးမလုပ်နှင့်။ တစ်စုံတစ်ဦးသည် မိမိတာဝန်ကို စဉ်ဆက်မပြတ် လုပ်ဆောင်သရွေ့၊ ကယ်တင်ခံရလိမ့်မည်ဟု ဘုရားသခင် လုံးဝ မပြောခဲ့ပေ။ ဤသည်မှာ လူ၏ ကိုယ်ပိုင် စိတ်ကူးနှင့် ဖြစ်လိုသည့် အတွေးမှ လာပေသည်။ ဤအရာကို ပြောဆိုသောသူတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြသကဲ့သို့၊ လူက စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် နက်ရှိုင်းမှု၏ အနှစ်သာရနှင့် အမှန်တရားကို ၎င်းတို့ နားမလည်ကြချေ။ ဤသည်မှာ ထိုသို့သော မိုက်မဲသည့် စကားများကို ၎င်းတို့ ပြောနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ခေတ်ကာလများအားလုံး တစ်လျှောက်တွင်၊ ဘုရားသခင်၏ နောက်လိုက်များအားလုံးသည် မိမိတို့တာဝန်များကို လုပ်ဆောင်နေခဲ့ကြသည် မဟုတ်လော။ ၎င်းတို့ ကယ်တင်ခံခဲ့ရကြသလော။ မခံခဲ့ရပေ။ ၎င်းတို့သည် ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီကြသလော။ မပြည့်မီကြပေ။ နောက်ဆုံးသော ကာလထဲက ဘုရားသခင်၏ အမှုတော်သည် လူ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းလင်းစွာ ထုတ်ဖော်ပြပြီး ဖြစ်သည်။ ဤအရာက လူတိုင်းကို နားလည်ခွင့်ပေးသည်၊ လမ်းကြောင်းပြောင်းခွင့်ပေးပြီး သမ္မာတရားကို ရရှိခွင့်ပေးကာ တကယ့် ပြောင်းလဲမှုများကို ကြုံလျက် ထိုသမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခွင့်ပေးလေသည်။ ဤသည်မှာ လူ့ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သင်သည် မိမိတာဝန်ကို စဉ်ဆက်မပြတ် ထမ်းဆောင်ခြင်းအပေါ်သာ အာရုံစိုက်လျှင် စစ်မှန်သည့် ပြောင်းလဲမှုကို ရရှိနိုင်သလော။ သမ္မာတရားကို ရရှိနိုင်သလော။ ဘုရားသခင်ကို နာခံခြင်းအား ရရှိနိုင်သလော။ အခွင့်အလမ်းမရှိပေ။ အလွန်အရေးပါသော အရာမှာ အကြင်သူသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီရန်အလို့ငှာ သမ္မာတရားကို လိုက်စားရမည်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျိုးနွံနာခံပြီး သမ္မာတရားကို ရရှိရမည်ဖြစ်သည်။ ဤစကားများကို ပြောဆိုရာတွင်၊ ဘုရားသခင်သည် မိမိကိုယ်ပိုင် နှလုံးသွေးဖြင့် အဖိုးအခပေးပြီး သူ၏ အသက်ကို လူအတွက် ပူဇော်လေသည်။ ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လေးနက်စွာ သဘောမထားဘဲလျက်၊ ထိုအရာများကို သင် ချစ်ခင်မြတ်နိုးခြင်းမရှိဘဲ သင်၏ စိတ်နှလုံးတွင် အမြဲ လျစ်လျူရှုကာ အထင်သေးပါက၊ သင် ကယ်တင်ခံရနိုင်သလော။ အဆုံးသတ် ရလဒ်က ကောင်းဖွယ်ရှိနိုင်သလော။ ထိုအရာနှင့်ပတ်သက်၍ သင် စဉ်းစားရန်ပင် မလိုအပ်ပေ။ ဘုရားသခင်ကို သင် ယုံကြည်သည့်အခါ ပထမဆုံး ကြီးမြတ်သည့်အရာမှာ အဘယ်နည်း။ သမ္မာတရားကို နားလည်ရန် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းဖြစ်ပြီး၊ ဤအရာအားဖြင့် နှောင့်နှေးခြင်း မရှိဘဲ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရေကြ်ရန် ဖြစ်သည်။ သင့်အနီးဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာ၊ သင် မြင်ကာ ခံစားနိုင်သည့်အရာဖြင့် အစပြုလော့။ မိမိကိုယ်ကို သုံးသပ်ရန်၊ သမ္မာတရားကို ရှာဖွေပြီး ပြဿနာအားလုံးကို ဖြေရှင်းကာ စစ်မှန်သည့် ပြောင်းလဲမှုများ ရရှိရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုလော့။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းမရှိပါက၊ သင်၏ ကယ်တင်ခံရမည့် အခွင့်အရေးသည် သုံညဖြစ်၏။ သင်သည် ကယ်တင်ခြင်းနှင့်ဆိုင်သည့် အခွင့်အလမ်းတစ်ခုတလေကို လုံးဝ အဆုံးခံရပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သည့်အခါ၊ သင်က၊ “ယခင် ဧဝံဂေလိ ဖြန့်ဝေသည့် အလုပ် အတောအတွင်းတွင်၊ ကျွန်ုပ်၏ ကဏ္ဍကို ကျွန်ုပ် လုပ်ဆောင်ခဲ့သည်။ ဧဝံဂေလိ ဖြန့်ဝေသည့် အလုပ်အတောအတွင်းတွင်၊ ထိုထိုသော အရေးကြီးသည့် အဆင့်တွင် ကျွန်ုပ် အဖိုးအခပေးပြီး၊ ကျွန်ုပ်၏ အချိန်နှင့် အားထုတ်မှုတို့ကို ဆက်ကပ်မြှုပ်နှံခဲ့သည်”ဟု ပြောလိမ့်မည်။ သို့တိုင် ထိုနေ့ရက်ထိ၊ သင်သည် သမ္မာတရားကို မရရှိဘဲ ရှိနေဆဲဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် သင် စားသောက်နိုင်ခြင်း မရှိသကဲ့သို့၊ သင်၏ တာဝန်ကို ပုံမှန် မထမ်းဆောင်နိုင်ပေ။ အခြေခံအားဖြင့်၊ သင်သည် ဘုရားသခင်ကို နာခံသည့်လူတစ်ဦး မဟုတ်ပေ။ ထိုအခါတွင်မှ သင်သည် မိမိ၏ ကယ်တင်ခြင်း အခွင့်အလမ်း လက်လွှတ်လိုက်ရပြီးဖြစ်သည်ကို သိလိမ့်မည်။ ထိုအရာမှာ အလွန်နောက်ကျနှင့်ပြီ မဟုတ်လော။ သင်သည် မည်သည့် အခွင့်အလမ်းမျှမရှိ၊ ကပ်ဘေးထဲသို့ ကျဆင်းနှင့်ပြီးဖြစ်သောကြောင့် သင်၏ သေခြင်းက ဖြစ်အံ့ဆဲဆဲ ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခြင်း၌ရှိသော ဤအခွင့်အလမ်းသည် အလွန် ရှားပါးသကဲ့သို့ နေ့တိုင်းနှင့် မိနစ်တိုင်းကို သင် မြတ်နိုးတန်ဖိုးထားရမည်။ သင့်အနီးဝန်းကျင်ရှိ သေးငယ်သည့်အရာများနှင့် ဦးစွာ အစပြုပြီးနောက်၊ သာ၍များသော အရာများနှင့် သာ၍ ကြီးမားသော အရာများကို တဖြည်းဖြည်း လုပ်ဆောင်လော့။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လော့။ သင်၏ စိတ်နှလုံးဖြင့် ဘုရားသခင်ထံ သင် မကြာခဏ ဆုတောင်းပြီး သူ့ထံ ချဉ်းကပ်သင့်သည်။ သင်၏ စိတ်နှလုံးကို ဇာတိပကတိ၏ လိုအင်များ၊ လောက၏ ရေပန်းစားမှုများနှင့် အခြား ထိုသို့သော ဆိုးယုတ်သည့် အရာများ၏ သိမ်းပိုက်နေရာယူခြင်းကို အခွင့်မပေးနှင့်။ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအား သင်၏ စိတ်နှလုံးတွင် တန်ခိုးအာဏာ စွဲကိုင်ခွင့်ပေးလော့။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ဘုရားနှုတ်ကပတ်တော်များကို စတင် တန်ဖိုးထားလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက သင့်စိတ်နှလုံးတွင် နေရာတစ်ခု ထိန်းသိမ်းပြီး၊ သင်၏ ဘဝကို ဦးဆောင်လမ်းပြသရွေ့၊ သင်၏ ဘဝသည် ရည်မှန်းချက်ပန်းတိုင်တစ်ခုနှင့် လမ်းပြမည့် အလင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ စိတ်နှလုံးက ပျော်ရွှင်မှုကို သိရှိလိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များထဲမှ စကားသုံးခွန်း၊ ထို့နောက် စကားငါးခွန်း နားလည်ကာ ထို့နောက်တွင် စကားဆယ်ခွန်း၊ ထို့နောက် စကားအခွန်းတစ်ရာကို သိနားလည်ပါက၊ ဤစကားများက စုပုံလာလိမ့်မည်ဖြစ်ကာ တစ်ဖြည်းဖြည်းနှင့် ဘုရားနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးကို ပိုပိုပြီး နေရာယူလာလိမ့်မည်၊ သင်၏ အတွေးများ၊ လုပ်ရပ်များနှင့် သင့်ဘဝကို ဦးဆောင်လမ်းပြလိမ့်မည်။ သင်သည် သာ၍သာ၍ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး၊ ပိုပိုများသည့် သမ္မာတရား စည်းမျဉ်းများကို သင် သဘောပေါက်လာလိမ့်မည်။ သင်၏ လုပ်ရပ်များသည် သင်၏ ကိုယ်ပိုင် အလိုဆန္ဒများနှင့် တစ်ဦးချင်း လိုအင်များအပေါ် အခြေခံတော့မည် မဟုတ်ပေ။ သင်၏ တာဝန်ကို သင် လုပ်ဆောင်ရာတွင် ရောနှောသည့် မသန့်စင်မှုများ နည်းသည်ထက် နည်းသွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို တိုး၍ စစ်မှန်သော နှလုံးသားဖြင့် သင် ဆက်ဆံလိမ့်မည်။ တဖြည်းဖြည်း၊ သင် နားလည်သည့် အယူဝါဒများသည် သမ္မာတရား၏ စစ်မှန်မှုများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ဤသို့ဖြင့်၊ သင်၏ အသက်စိတ်သဘောထားတွင် စစ်မှန်သည့် ပြောင်းလဲမှုတစ်ခု ရှိလိမ့်မည်။ သင်၏ ကယ်တင်ခြင်း မျှော်လင့်ချက်သည် ပါးလျတော့မည်မဟုတ်၊ မမြင်သာအောင် ဖြစ်တော့မည်မဟုတ်ဘဲ၊ တိုး၍ မြင်နိုင်စရာဖြစ်ပြီး ကြီးမားလာလိမ့်မည်။ ဤအလင်းကို သင် မြင်နိုင်သည့်အခါ၊ ဤသည်မှာ အမှန်တကယ်ပင် ဘုရားနှုတ်ကပတ်တော်၌ အကျိုးစီးပွားတစ်ခုကို သင် စတင်ရရှိပြီး၊ ကယ်တင်ခြင်း ကိစ္စရပ်တွင် ကြီးမားသည့် မျှော်လင့်ချက်တစ်ခု ရင်းနှီးမြှုပ်နှံသည့် အချိန်ကာလ ဖြစ်သည်။ ထိုသို့သော အချိန်တွင်၊ ဘုရားသခင်သည် သင့်ကို သူ၏ နှုတ်ကပတ်တော်များအား ပိုပိုပြီး နားလည်ခွင့်ပေးလိမ့်မည်။ သူ၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခွင့်ပေးလိမ့်မည်၊ စုံစမ်းနှောင့်ယှက်ခြင်းထဲသို့ မကျရောက်စေရန် သင့်ကို ကွယ်ကာပေးလိမ့်မည်၊ စာတန်၏ ကျော့ကွင်းများနှင့် အမှောင်လွှမ်းမိုးမှုထဲသို့ ကျဆင်းခြင်းမှ သင့်ကို ကွယ်ကာလိမ့်မည်ဖြစ်ပြီး အနှောင်အဖွဲ့များ၊ သဘောထားကွဲလွဲမှုများ၊ မနာလိုမှုများနှင့် အငြင်းပွားမှုများမှ၊ အခြားသော အရာများအလယ် သင့်ကို ကွယ်ကာပေးလိမ့်မည်။ ဤသို့ဖြင့်၊ ဘုရားသခင်သည် သင့်ကို အလင်းတွင် အသက်ရှင်စေလိမ့်မည်ဖြစ်ပြီး၊ သူ့နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အသက်ရှင်စေလိမ့်မည်။ ဤသည်မှာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ပြီးမြောက်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းနှင့် သမ္မာတရားကို သိနားလည်ရန် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့ဖြင့် အစပြု၏။ အမှန်တွင်၊ ထိုအရာမှာ မခက်ခဲပေ။ သင်သည် တရားဒေသနာများကို မကြာခဏ နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံနိုင်ပါက၊ သမ္မာတရားကို သင် တဖြည်းဖြည်း နားလည်လာလိမ့်မည်။ ဤသို့ဖြင့်၊ တဖြည်းဖြည်း တစ်ကြိမ်တွင် အနည်းငယ် ကူးပြောင်းရင်းနှင့် နည်းနည်းချင်း ရှေ့ဆက်ရင်း၊ သင် အခက်တွေ့လိမ့်မည်မဟုတ်။ အဓိကအရာမှာ သမ္မာတရားကို ချစ်ခြင်း ရှိမရှိဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်ပါက၊ ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့်၊ သင်သည် မှန်ကန်သော ကိစ္စရပ်များကို အာရုံစိုက်လုပ်ဆောင်နိုင်လိမ့်မည်၊ သမ္မာတရားအတွက် ကြိုးပမ်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် တွေးဆခြင်းတို့အပေါ် အာရုံစိုက်နိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို တွေးဆရန် သင်ယူပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဆုတောင်းဖတ်ရှုရန် သင်ယူလော့။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သင် နားလည်နိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများ သင် ရှာတွေ့နိုင်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် နားလည်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို စတင် နားလည်လိမ့်မည်။ ထို့နောက်တွင် သင်၏ သမ္မာတရားအပေါ် သိနားလည်ခြင်းကို အခြေခံ၍ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သုံးသပ်ပြီး သတိပြုလော့၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးပြီးနောက် ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုလော့။ ဤသို့ သင် လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ပါက၊ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မိမိကိုယ်ကို ဖယ်ရှားရန် လွယ်ကူလိမ့်မည်။ အသိပညာကို နည်းနည်းချင်း ရရှိခြင်း၊ အတွေ့အကြုံကို နည်းနည်းချင်း ရရှိခြင်း၊ ဘုရားသခင်၏ အလိုတော်ကို တဖြည်းဖြည်း သိနားလည်ခြင်းနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို နည်းနည်းချင်း ဖယ်ရှားခြင်းမှတစ်ဆင့်၊ လူတို့သည် သိပင်မသိလိုက်ဘဲ စတင်ပြောင်းလဲကြလိမ့်မည်။ ဤသည်မှာ ဘဝ အတွေ့အကြုံနှင့်ဆိုင်သည့် ဖြစ်စဉ်ဖြစ်သည်။ သမ္မာတရားကို သိနားလည်ခြင်းသည် အရေးအပါဆုံးသော အရာဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို သိနားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က လူကို လိုက်လျှောက်ရန် တောင်းဆိုသည့် စံနှုန်းများကို ၎င်းတို့ သိလိမ့်မည်။ ဤအရာကို အဘယ်ကြောင့် ဘုရားသခင် ပြောဆိုသည်ဆိုသည်နှင့် သူ ရရှိရန် ကြိုးစားသည့် အကျိုးတရားကိုလည်း သိကြလိမ့်မည်။ လူ့အပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများသည် အမှန်တွင် လူသားများက စွမ်းဆောင်ရရှိနိုင်အရာများသာ ဖြစ်သည်ကိုလည်း သိကြလိမ့်မည်။ ထိုအရာများသည် လူသား အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ စွမ်းဆောင်ရရှိနိုင်သည့် အရာများအားလုံး ဖြစ်သည်။ ဤဖြစ်စဉ်များအားလုံးသည် အသက်ထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် ကိစ္စတစ်ခုသာ ဖြစ်သည်။ အသက်ထဲသို့ ဝင်ရောက်ရန်၊ သင်၏ တာဝန်များကို လုံ့လရှိစွာ သင် ထမ်းဆောင်ရန် လိုအပ်သည်၊ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို လုံ့လရှိစွာ လက်တွေ့လုပ်ဆောင်ပြီး မိမိတာဝန်များကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားသခင်အပေါ် မှီခိုရန် လိုအပ်သည်။ ထိုသို့သော အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်မှုမှတစ်ဆင့်၊ သင်သည် ပိုကောင်းသည်ထက် ကောင်းမွန်သော ရလဒ်များ ရှိလိမ့်မည်။ သမ္မာတရားကို မချစ်သောလူတို့သည် ထိုသို့သော အရာများကို စိတ်ဝင်စားမှု ပြလိမ့်မည် မဟုတ်။ ၎င်းတို့သည် အသက်ထဲသို့ ဝင်ရောက်ရန် ဝန်ထုပ်တစ်ခု မခံစားကြသကဲ့သို့ ထိုသို့လုပ်ဆောင်ခြင်းကိုလည်း စိတ်မဝင်စားကြချေ။ ထို့ကြောင့်၊ ဘုရားသခင်ကို နှစ်များစွာ ၎င်းတို့ ယုံကြည်ကြပြီးဖြစ်သော်လည်း၊ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့်ပတ်သက်၍ ၎င်းတို့ မပြောဆိုနိုင်ကြချေ။ သမ္မာတရားကို ချစ်သောလူတို့မှာ ဤသို့ မဟုတ်။ ၎င်းတို့ တွေ့ကြုံပြီးဖြစ်သည့် အရာတိုင်းနှင့်ဆိုင်သော သက်သေခံချက်များနှင့် မိမိတို့၏ အတွေ့အကြုံ ကာလအသီးသီးကို ၎င်းတို့ ထုတ်ရေးကြသည်။ ၎င်းတို့၏ အတွေ့အကြုံများအားလုံးမှ အမှန်တကယ် အကျိုးရရှိကြသည်။ ရက်များနှင့် လများအတွင်းတွင် ဤအကျိုးတရားများ စုဆောင်းမိလျက်ရှိသည်။ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်နောက်တွင်၊ ကြီးမားသည့် အပြောင်းအလဲများ ၎င်းတို့ ကြုံရပြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ မိမိတို့ အတွေ့အကြုံများနှင့်ဆိုင်သည့် သက်သေခံချက်များကို အားထုတ်စရာမလိုဘဲ ၎င်းတို့ ရေးနိုင်ကြပြီး၊ ၎င်းတို့အတွက် သမ္မာတရားအပေါ် မိတ်သဟာယတွင် ပါဝင်ခြင်းက ခက်ခဲသည့်အရာ မဟုတ်ပေ။ မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင်၊ အရာရာကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ကြသည်။

သင်တို့သည် သမ္မာတရားကို ချစ်သောလူများ ဖြစ်ကြသလော။ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံးများ သင်တို့ ရှိကြသလော။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးများ သင်တို့ ရှိကြသလော။ ဖြေရန်ခက်သည် မဟုတ်လော။ အမှန်တွင်၊ သင်၏ စိတ်နှလုံးများ၌၊ ဤအချက်နှင့်ပတ်သက်၍ သင်တို့အားလုံး ရှင်းကြသည်။ သင်သည် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်ပြီး သတိမမူသော ပုံစံဖြင့် လုပ်ဆောင်လိုသည့်အခါ၊ သင်သည် စိတ်မချရ သို့မဟုတ် အချောင်ခိုချင်သည့်အခါ၊ သင်သည် ထင်ရာစိုင်းပြီး မဆင်မခြင်ဖြစ်လိုသည့်အခါ၊ ဤအရာကို သင် သတိပြုမိနိင်သလော။ ဇာတိပကတိကို သင် စွန့်လွှတ်နိုင်သလော။ မည်သည့် ရွေးချယ်မှုကို သင်လုပ်ဆောင်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင် ရွေးချယ်သလော သို့မဟုတ် ဇာတိပကတိ၏ လိုအင်များကို ရွေးချယ်သလော။ အပြုသဘောကို သင် ရွေးချယ်သလော သို့မဟုတ် အပျက်သဘောကို သင် ရွေးချယ်သလော။ သမ္မာတရားကို ရရှိရန်အလို့ငှာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် သင် ရွေးချယ်သလော သို့မဟုတ် ဇာတိပကတိ၏ ကိုယ်စိတ်ချမ်းသာမှုနောက်လိုက်ရန် သင် ရွေးချယ်သလော။ ဤသည်တို့မှာ ဘုရားသခင်ကို သင် အမှန်တကယ် ချစ်ပြီး နာခံသည့် စိတ်နှလုံးတစ်ခု ရှိမရှိဆိုသည်နှင့် သင့်ကိုယ်သင် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံခြင်း ရှိမရှိဆိုသည်တို့ကို အကဲဖြတ်ရန် အသုံးပြုလိမ့်မည်ဖြစ်သော မေးခွန်းများ ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု မရှိပါက၊ အမှုအရာများကို ထင်ရာစိုင်းပြီး မဆင်မခြင် လုပ်ဆောင်လိုပါက၊ သင် စိတ်ကျေနပ်သရွေ့ ပျော်ရွှင်ပြီး စိတ်မကျေနပ်သည့်အခါ ဒေါသထွက်ပြီး၊ ဝုန်းဒိုင်းကြဲပြီး၊ အမှုအရာများ မိမိသဘောအတိုင်းမဖြစ်သည့်အခါ ထွက်သွားတတ်ပါက၊ ဤသည်မှာ မှန်ကန်သည့် စိတ်အခြေအနေ ဖြစ်သလော။ ဤသည်မှာ ဘုရားသခင်ကို နာခံသည့် စိတ်နှလုံးရှိရမည်ဟု ဆိုလိုသည့်အရာ ဖြစ်သလော။ ဤသည်မှာ မိမိတာဝန်ကို သစ္စာရှိစွာ လုပ်ဆောင်ခြင်းလော။ သင်သည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သနည်း။ ဘုရားနှုတ်ကပတ်တော်များကို သင် နားမလည်သောကြောင့် ဖြစ်သလော။ သို့မဟုတ် သမ္မာတရားကို မချစ်သောကြောင့် ဖြစ်သလော။ လူအချို့က၊ “ဘုရားနှုတ်ကပတ်တော်များက ရိုးရှင်းသော်လည်း၊ လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်။ ဘုရားအိမ်တော်သည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အမြဲ တောင်းဆိုသော်လည်း၊ ဤသည်မှာ လူတို့အတွက် ခက်ခဲပြီး ပြဿနာများစွာ ပေးသည်။ ကျွန်ုပ်၏ စိတ်နှလုံးက သက်သောင့်သက်သာဖြစ်လျှင်၊ သမ္မာတရားကို ကျွန်ုပ် လက်တွေ့မလုပ်ဆောင်ပါ။ အသင်းတော်က ကျွန်ုပ်ကို မရှင်းလင်း၊ မဖယ်ရှားသရွေ့၊ လွတ်လပ်ပြီး စိတ်အေးလက်အေးဖြစ်ကာ ကိုယ်လုပ်ချင်သည့်အရာ မှန်သမျှ လုပ်ဆောင်ဖို့ ကျွန်ုပ် ရွေးချယ်မည်”ဟု ဆိုကြသည်။ ဤသည်မှာ ဘုရားသခင်ကို အမှတ်တကယ် ချစ်သည့် တစ်စုံတစ်ဦး ဖြစ်သလော။ မယုံကြည်သူတစ်ဦးဖြစ်သည် မဟုတ်လော။ ဤသည်မှာ မယုံကြည်သူများက မိမိတို့တာဝန်များကို လုပ်ဆောင်သည့်အခါ ခံယူသည့် သဘောထား ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ လက်မခံကြသောကြောင့်၊ လွတ်လပ်မှုနှင့် သောက်စားပျော်ပါးခြင်းကို ၎င်းတို့ နှစ်သက်ကြပြီး၊ ဖြစ်ကတတ်ဆန်းနှင့် အမှုမဲ့အမှတ်မဲ့နေရန် နှစ်သက်ကြသည်။ ၎င်းတို့ မည်သို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ အသုံးမဝင်ပေ။ ၎င်းတို့၏ နားများက သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းမှ မည်သည့်အရာကိုမျှ မကြားကြ။ ၎င်းတို့ကို ဖယ်ထုတ်ပြီး ဖယ်ရှားရန်မှလွဲ၍ လုပ်ဆောင်ရန် ဘာမျှမရှိပေ။ သမ္မာတရားကို ၎င်းတို့ လက်မခံဘဲ ထိုအစား သမ္မာတရားကို ငြီးငွေ့သည့် မယုံကြည်သူများ ဖြစ်ကြသောကြောင့်၊ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်လိမ့်မည် မဟုတ်။ သမ္မာတရားကို ချစ်သောလူတို့အတွက်မူ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခံရသည့်အခါတွင်ပင်၊ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရရန် လက်ခံနိုင်ကြသည်။ သမ္မာတရားကို ရှာဖွေနိုင်ကြသည်၊ မိမိတို့ကိုယ်ကိုယ် သုံးသပ်ပြီး သိရှိလာနိုင်ကြကာ နောင်တရဖို့ သိရှိနိုင်ကြသည်။ ဤသည်တို့မှာ ဘုရားသခင် ကယ်တင်လိုသည့် လူများ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သည့်အခါ၊ သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲသည်။ ဤသမ္မာတရား လက်ခံနိုင်စွမ်းမရှိခြင်း၏ အကြီးမားဆုံးသော အန္တရာယ်မှာ အဘယ်နည်း။ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း ဖြစ်သည်။ သမ္မာတရားကို လက်မခံသောသူတို့သည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ အလားအလား အရှိဆုံးဖြစ်ပြီး၊ အချိန်မရွေး နေရာမရွေး ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်။ အသေးအဖွဲအရာတစ်ခုက မိမိတို့ သဘောအတိုင်း မဖြစ်သည့်အခါ ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်နိုင်သည်။ တစ်ကြိမ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ၎င်းတို့ လက်မခံနိုင်သောကြောင့် ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြသည်။ ကပ်ဘေးတစ်ခုနှင့် ထိပ်တိုက်တွေ့သည့်အခါ၊ ဘုရားသခင်ကို ၎င်းတို့ စောဒကတက်ပြီး သစ္စာဖောက်ရန် သာ၍ပင် အလားအလာရှိ၏။ မည်သည့်အရာဖြစ်စေ၊ သမ္မာတရားကို မချစ်သူများ သို့မဟုတ် လက်မခံသူများသည် အန္တရာယ်အရှိဆုံး ဖြစ်သည်။ တစ်စုံတစ်ဦး ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ၎င်းတို့ နှစ်သက်သည့် အတိုင်းအတာအပြင်၊ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင်၏ စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုကို အကဲဖြတ်ရန်၊ သင့်ကိုယ်သင် ပိုင်းခြားသိမြင်ရန်နှင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သိရှိပြီး၊ သင်၏ သဘာဝက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို သတိပြုမိရန် သမ္မာတရား၏ သတ်မှတ်ချက်များကို အသုံးပြုလော့။ တစ်နည်းအားဖြင့်၊ ထိုသို့သော ချင့်ချိန်နိုင်စွမ်းက သင့်ကိုယ်သင် သိရှိရန်နှင့် စစ်မှန်သည့် နောက်တရကို ရရှိနိုင်ရန် ကူညီလိမ့်မည်။ နောက်တစ်နည်းအားဖြင့်၊ ထိုအရာက သင့်ကို ဘုရားသခင်အား သိခွင့်ပေးလိမ့်မည်ဖြစ်ပြီး သူ၏ အလိုတော်ကို နားလည်ခွင့်ပေးလိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိခြင်းသည် ဘုရားသခင်ကို မနာခံမှုနှင့် အတိုက်အခံလုပ်ခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤပြဿနာအပေါ် ရှင်းလင်းသော သိနားလည်မှုက သင့်ကို ကယ်တင်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းရန် ကူညီလိမ့်မည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို အမှတ်တကယ် ချစ်သည့်အခါ၊ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို နာခံရန် ရိုးသားစစ်မှန်သော စိတ်နှလုံးနှင့် အလိုဆန္နတို့ ရှိနိုင်ကြသည်။ စစ်မှန်သည့် ခွန်အားကို ပိုင်ဆိုင်လျက်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်မှု၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် လမ်းရှင်းပေးရင်း၊ ၎င်းတို့သည် အဖိုးအခပေးနိုင်ကြသည်၊ မိမိတို့၏ အားအင်နင့် အချိန်ကို ဆက်ကပ်မြှုပ်နှံနိုင်ကြသည်၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များကို စွန့်လွှတ်နိုင်ကြပြီး၊ ဇာတိပကတိ၏ အနှောင်အဖွဲ့အားလုံးကို လက်လွှတ်နိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ၊ သင်၏ ကိုယ်ပိုင် အယူအဆများကို သင် လက်လွှတ်နိုင်ပါက၊ သင့်ကိုယ်ပိုင် ဇာတိပကတိ၏ အကျိုးစီးပွားများ၊ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဇာတိပကတိ၏ ပျော်မွေ့မှုများကို သင် လက်လွှတ်နိုင်ပါက၊ ထိုသို့သော အရာအားလုံးကို သင် လက်လွှတ်နိုင်ပါက၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ပိုပိုပြီး ဝင်ရောက်လိမ့်မည်။ သင်၌ ရှိသည့် မည်သည့် အခက်အခဲများနှင့် ဒုက္ခများမဆို ပြဿနာများ ဖြစ်တော့မည်မဟုတ်။ ထိုအရာများသည် အလွယ်တကူ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ သင် အလွယ်တကူ ဝင်ရောက်လိမ့်မည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်၊ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုနှင့် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခုတို့သည် မရှိမဖြစ်သော သတ်မှတ်ချက်နှစ်ခု ဖြစ်သည်။ သင်သည် စစ်မှန်ရိုးသားသည့် စိတ်နှလုံးတစ်ခုသာ ရှိသော်လည်း၊ အမြဲ သူရဲဘောကြောင်စွာ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခု ကင်းမဲ့ပြီး၊ အခက်အခဲများ ကြုံရသည့်အခါ နောက်တွန့်ပါက၊ ဤသည်မှာ မလုံလောက်ပေ။ သင်သည် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိတစ်ခုရှိပြီး၊ အနည်းငယ် စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ကာ ဤပြင်းပြသော ဆန္ဒသာရှိသော်လည်း၊ သင့်ထံ အမှုအရာများဖြစ်ပျက်သည့်အခါ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု ကင်းမဲ့ပြီး နောက်တွန့်ကာ၊ မိမိကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပါက၊ ဤသည်မှာလည်း မလုံလောက်ပေ။ သင်သည် ရိုးသားစစ်မှန်သော စိတ်နှလုံးနှင့် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံး နှစ်ခုလုံး လိုအပ်သည်။ သင်၏ စိတ်နှလုံး စစ်မှန်မှု အတိုင်းအတာနှင့် ဘုရားသခင်အတွက် သင်၏ ကြီးစွာသော ဆန္၏ စွမ်းအားတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင့် အလိုဆန္ဒ၏ ခွန်အားကို အဆုံးအဖြတ်ပေးသည်။ သင်သည် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု မရှိသကဲ့သို့ သင်၏ စိတ်နှလုံးက ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခု ရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်နိုင်လိမ့်မည်မဟုတ်သကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလိုဆန္ဒရှိလိမ့်မည် မဟုတ်။ ဤသို့ဖြင့်၊ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်သကဲ့သို့၊ ကယ်တင်ခြင်း ရရှိရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။

ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို လူများစွာတို့က ရှင်းရှင်းလင်းလင်း မသိကြပေ။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပါက၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာရှိသည်ဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ၎င်းတို့ နားလည်ပါက၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာရှိသည်ဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာ‌ပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ အဓိကဖြစ်သောအရာမှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း လူများနားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရဖို့ဟူသည်မှာ အဓိကအားဖြင့် အပြစ်မှ လွတ်မြောက်ဖို့နှင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ဖို့၊ ပြီးလျှင် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို နာခံဖို့တို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ အကြင်သူက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို ၎င်းတို့မည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ ၎င်းတို့သည် ဆုကျေးဇူးများ၊ သို့မဟုတ် အစွမ်းအစများ ပိုင်ဆိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့ မည်မျှဒုက္ခခံသည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ ထို့ကြောင့် ယနေ့ သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီးဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏ဘဝ ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ သင်၏ ဘုရားသခင်ကို ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ သင် မည်မျှ ဝင်ရောက်ပြီးပြီနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိသေးပါက၊ ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သင်သည် မြင့်မားသော အသိပညာအတိုင်းအတာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်စေ၊ ကောင်းမွန်သော အသွင်အပြင် ရှိသည်ဖြစ်စေ၊ ကောင်းစွာ စကားပြောဆိုနိုင်ပြီး နှစ်အတော်ကြာအောင် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ သမ္မာတရားကို မလိုက်စားသကဲ့သို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်း မရှိသကဲ့သို့၊ စစ်မှန်သည့် အတွေ့အကြုံနှင့် သက်သေခံချက် သင်၌ မရှိပါက၊ သင့်အတွက် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် မရှိပေ။ သင် မည်သည့်အရာနှင့်တူသည်၊ သိပ္ပွံဆိုင်ရာ အသိပညာ သင် မည်မျှရှိသည်၊ သင် မည်မျှ ဆင်းရဲဒုက္ခခံရပြီးဖြစ်သည်၊ သို့မဟုတ် သင် မည်မျှ ကြီးမားသည့် အဖိုးအခပေးပြီးဖြစ်သည်ဆိုသည်တို့ကို ငါ ဂရုမစိုက်ပေ။ ဤအရာကို သင့်အား ငါ ပြော၏။ သမ္မာတရားကို သင် လက်မခံသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ လုံးဝ မဝင်ရောက်ပါက၊ သင် ကယ်တင်မခံရနိုင်ပေ။ ဤသည်မှာ သေချာ၏။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ သင် မည်မျှ ဝင်ရောက်ပြီးဖြစ်သည်ကို ငါ့အား သင် ပြောပါက၊ ကယ်တင်ခြင်းသက်ဆိုင်၍ သင် မျှော်လင့်ချက် မည်မျှရှိသည်ကို သင့်အား ငါ ပြောမည်။ ဤအရာကို အကဲဖြတ်ခြင်းအတွက် စံများကို ယခု သင့်အား ငါ ပြောပြီးသည်ဖြစ်၍၊ ထိုအရာကို သင်ဘာသာ အကဲဖြတ်နိုင်သင့်သည်။ ဤစကားများက သင့်ကို မည်သည့်အချက်များ ပြောပြသနည်း။ ဘုရားသခင်သည် ကမ္ဘာလောကကို ဖန်ဆင်းရန် စကားလုံးများ အသုံးပြခဲ့သည်။ အမှန်တရားမျိုးစုံကို ပြီးမြောက်စေရန်၊ ဘုရားသခင် လုပ်ဆောင်ပြီးစီးရန် ဆန္ဒရှိသည့် အမှန်တရားများအားလုံးကို ပြီးမြောက်ရန် စကားလုံးများကို သူ အသုံးပြုပြီး၊ သူ၏ အမှုတော် အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ရန် စကားလုံးများကို သူ အသုံးပြုသည်။ ယနေ့တွင် ဘုရားသခင်သည် သူ့အမှုတော်၏ တတိယအဆင့်ကို လုပ်ဆောင်နေပြီး၊ အမှု၏ဤအဆင့်တွင် အခြားအဆင့်တစ်ခုတလေထက် သာ၍ နှုတ်ကပတ်တော်များကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ် သမိုင်းတစ်လျှောက်လုံး သူ၏ အမှုတော်တွင် စကားအများဆုံးပြောသည့်အချိန် ဖြစ်သည်။ ကမ္ဘာလောကကို ဖန်ဆင်းရန်၊ အမှန်တရားများအားလုံးကို ပြီးမြောက်ရန်၊ ဘာမျှမရှိခြင်းမှသည် တည်ရှိခြင်းအဖြစ်သို့၊ ပြီးလျှင် တည်ရှိခြင်းမှသည် ဘာမျှမရှိခြင်းအဖြစ်သို့ အမှန်တရားများကို ဆောင်ကြဉ်းရန် စကားလုံးများကို ဘုရားသခင် အသုံးပြုနိုင်ခြင်း- ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ ဩဇာအာဏာဖြစ်ပြီး နောက်ဆုံးတွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အမှန်တရားကို ပြီးမြောက်ရန်လည်း နှုတ်ကပတ်တော်များကို သူ အသုံးပြုမည် ဖြစ်သည်။ ယနေ့တွင်၊ ဤအမှန်တရားများကို သင်တို့အားလုံး မြင်နိုင်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်နှင့် မဆက်စပ်သည့် မည်သည့် အမှုကိုမျှ မလုပ်ဆောင်လေပြီ၊ သူသည် တစ်ချိန်လုံး စကားပြောပြီးဖြစ်သည်၊ ယနေ့ထက်တိုင် လူကို လမ်းပြရန် နှုတ်ကပတ်တော်များကို တောက်လျှောက် အသုံးပြုပြီးဖြစ်သည်။ စကားပြောနေစဉ်တွင်၊ ဘုရားသခင်သည် သူ့နောက်လိုက်သူများနှင့် သူ၏ ဆက်ဆံရေးကို ထိန်းသိမ်းရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီးဖြစ်သည်၊ ၎င်းတို့ကို လမ်းပြရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီးဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ကယ်တင်ခံရရန် ဆန္ဒရှိသူတို့အတွက်၊ ဘုရားသခင် ကယ်တင်ရန် ဆန္ဒရှိသူတို့အတွက် အဆုံးစွန် အရေးကြီးသည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အမှန်တရားကို ပြီးမြောက်ရန် ဤနှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သိသိသာသာပင်၊ ထိုနှုတ်ကပတ်တော်များ၏ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် အရေအတွက်အရ ရှုမြင်ရလျှင်၊ ထိုနှုတ်ကပတ်တော်များက မည်သည့်စကားမျိုးဖြစ်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့် အစိတ်အပိုင်း ဖြစ်သည်ဖြစ်စေ၊ ထိုစကားများသည် ကယ်တင်ခံရရန် ဆန္ဒရှိသူ တစ်ဦးစီအတွက် အဆုံးစွန် အရေးကြီးပေသည်။ ဘုရားသခင်သည် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံး အကျိုးတရားကို စွမ်းဆောင်ရရှိရန် ဤစကားများကို အသုံးပြုနေသည်။ လူသားမျိုးနွယ်အဖို့၊ ယနေ့ခေတ် လူများသားမျိုးဖြစ်စေ၊ အနာဂတ် လူသားမျိုးနွယ်ဖြစ်စေ၊ ထိုစကားများသည် အဆုံးစွန် အရေးကြီးမှု ပါရှိ၏။ ယင်းမှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သူ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်နှင့် အရေးပါမှု ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တွင် ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုအရာများကို လျစ်လျူမရှုသင့်ပေ။ သို့ရာတွင် ယင်းမှာ ဘုရားသခင်၌ လူအချို့တို့၏ ယုံကြည်ခြင်း နည်းလမ်းမဟုတ်ပေ။ ဘုရားသခင် မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အလိုရှိသည့်အရာကို လိုက်စားကြဆဲ၊ မိမိတို့ အလိုရှိသည့်အရာကို လုပ်ဆောင်ကြဆဲဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ သမ္မာတရားကို မရှာဖွေကြချေ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း မဟုတ်ပေ။ ဘုရားသခင် မည်သည့်အရာ ပြောသည်ဖြစ်စေ အာရုံမစိုက်သူများ၊ မိမိတို့ စိတ်နှလုံးများတွင် ခံယူချက်တစ်ခုသာ ရှိသော အခြားသူများ ရှိ၏။ “ဘုရားသခင် မည်သည့်အရာ စေခိုင်းသည်ဖြစ်စေ ကျွန်ုပ်တို့ လုပ်ဆောင်မည်။ ဘုရားသခင်က အနောက်အရပ်သို့ သွားရန် ကျွန်ုပ်ကို ပြောလျှင်၊ အနောက်အရပ်သို့ ကျွန်ုပ် သွားမည်။ အရှေ့အရပ်သို့ သွားရန် သူ ပြောလျှင်၊ အရှေ့အရပ်သို့ ကျွန်ုပ် သွားမည်။ ကျွန်ုပ်ကို သူ သေခိုင်းလျှင် ကျွန်ုပ် သေသည်ကို သူ့အား မြင်ခွင့်ပေးမည်”ဟူ၍ ဖြစ်သည်။ သို့ရာတွင် အချက်တစ်ချက်သာ ရှိ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မသိမှတ်ကြပေ။ ၎င်းတို့က၊ “ဘုရားနှုတ်ကပတ်တော် အလွန်များသည်။ ထိုနှုတ်ကပတ်တော်များသည် အနည်းငယ် ပို၍ ရိုးစင်းသင့်ပြီး ငါ့ကို ဘာလုပ်ရမည်ဆိုသည်ကို အတိအကျ ပြောသင့်သည်။ ငါ့ စိတ်နှလုံးတွင် ဘုရားသခင်ကို ငါ နာခံနိုင်ပါသည်”ဟု မိမိတို့ဘာသာ တွေးကြ၏။ နှုတ်ကပတ်တော် မည်မျှ ဘုရားသခင် ပြောဆိုသည်ဖြစ်စေ၊ ထိုသို့သော လူများသည် နောက်ဆုံးတွင် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိဘဲ ရှိနေသကဲ့သို့၊ မိမိတို့၏ အတွေ့အကြုံနှင့် အသိပညာတို့ကို မပြောပြနိုင်ကြချေ။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များ တစ်ခုမျှ နားမလည်သည့် သာမန်လူတစ်ဦးကဲ့သို့ ဖြစ်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချစ်ခင်ရသူများဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ ထိုသို့သော လူများအပေါ် သနားကရုဏာရှိဖို့ ဘုရားသခင် ဆန္ဒရှိသလော။ (မရှိပါ။) ဧကန်မုချ မရှိပေ။ ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။ ဘုရားသခင်က၊ “ပြောမပြနိုင်လောက်အောင် နှုတ်ကပတ်တော်များ ထောင်ချီကို ငါ ပြောဆိုပြီး ဖြစ်သည်။ မျက်ကန်းဖြစ်သည့် သို့မဟုတ် နားမကြားသည့် တစ်စုံတစ်ဦးကဲ့သို့ သင်သည် ထိုနှုတ်ကပတ်တော်များကို မမြင် သို့မဟုတ် မကြားသည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်၏ စိတ်နှလုံးတွင် အတိအကျ မည်သည့်အရာကို သင် စဉ်းစားနေပါသနည်း။ သင်သည် ကောင်းချီးများနှင့် လှပကောင်းမွန်သည့် ခရီးပန်းတိုင်နောက်လိုက်ခြင်းကို စွဲလမ်းသည့် တစ်စုံတစ်ဦးထက် ဘာမျှမပိုသည်ကို ငါ မြင်သည်။ သင်သည် ပေါလုကဲ့သို့ အလားတူ ရည်မှန်းချက်ပန်းတိုင်များနောက် လိုက်နေသည်။ ငါ၏ စကားများကို သင် နားမထောင်လိုပါက၊ ငါ၏ လမ်းခရီးကို သင် လိုက်လျှောက်ရန် ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အဘယ်ကြောင့် သင် ယုံကြည်သနည်း။ သင်သည် ကယ်တင်ခြင်းနောက် လိုက်နေခြင်း မရှိ၊ လှပကောင်းမွန်သည့် ခရီးပန်းတိုင်နှင့် ကောင်းချီးများအတွက် စိတ်ဆန္ဒနောက် သင် လိုက်နေသည်။ ဤသည်မှာ သင် ကြံစည်နေသည့်အရာ ဖြစ်သည့်အတွက်၊ သင့်အတွက် အသင့်တော်ဆုံးသောအရာမှာ အစေခံသူတစ်ဦး ဖြစ်ခြင်းဖြစ်သည်”ဟု ပြောသည်။ အမှန်တွင်၊ သစ္စာရှိသည့် အစေခံတစ်ဦးဖြစ်ခြင်းသည်လည်း ဘုရားသခင်ကို နာခံခြင်း သရုပ်သကန်တစ်ခု ဖြစ်သော်လည်း၊ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သစ္စာရှိသည့် အစေခံတစ်ဦးအဖြစ် ရှိနေခြင်းသည် မယုံကြည်သူတစ်ဦးကဲ့သို့ ထာဝရပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ကျဆင်းခြင်းထက် များစွာ သာ၍ ကောင်းသည်။ အထူးသဖြင့်၊ ဘုရားအိမ်တော်သည် အစေခံသူများအတွက် လိုအပ်ချက်တစ်ခု ရှိပြီး၊ ဘုရားသခင်အတွက် အစေခံမှု ပြုနိုင်ခြင်းကိုလည်း ကောင်းချီးတစ်ခုအဖြစ် မှတ်ယူသည်။ ဤသည်မှာ နတ်ဆိုးမင်းများ၏ လက်ပါးစေများဖြစ်ခြင်းထက် များစွာ သာ၍ ကောင်းသည်၊ နှိုင်းမရအောင် သာ၍ ကောင်း၏။ သို့ရာတွင် ဘုရားသခင်ကို အစေခံမှုပြုခြင်းသည် ဘုရားသခင်အတွက် အပြည့်အဝ စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူများကို ကယ်တင်၊ သန့်စင်စေပြီး စုံလင်စေရန်အလို့ငှာ ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို အစေခံခြင်းမျှဖြင့် ကျေနပ်ရောင့်ရဲကြပါက၊ ဤသည်မှာ ဘုရားသခင်က လူတို့တွင် အမှုပြုခြင်းအားဖြင့် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရည်မှန်းချက် မဟုတ်သကဲ့သို့၊ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့် အကျိုးတရားလည်း မဟုတ်ပေ။ သို့ရာတွင် လူတို့သည် စိတ်ဆန္ဒဖြင့် လောင်မြိုက်ကြသည်။ ၎င်းတို့သည် မိုက်မဲပြီး ကြောင်းကျိုးမမြင်ဖြစ်ကြသည်။ ၎င်းတို့သည် သေးနုပ်သည့် အကျိုးအမြတ်အချို့ဖြင့် ဖမ်းစားခံရ၊ ဝါးမြိုခံရပြီး၊ ဘုရားသခင် မိန့်မြွက်သည့် အဖိုးတန်သော နှုတ်ကပတ်တော်များကို ပယ်ချကြသည်။ ထိုနှုတ်ကပတ်တော်ကို အလွန်မြတ်နိုးတန်ဖိုးထားဖို့ မပြောနှင့်၊ အလေးအနက်ပင် သဘောမထားနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မြတ်နိုးတန်ဖိုးထားမှု မရှိခြင်း၊ ဤသည်မှာ တော်ခြင်းဖြစ်သလော၊ နုံအခြင်းသလော။ လူတို့သည် ဤနည်းဖြင့် ကယ်တင်ခြင်း ရရှိနိုင်ကြသလော။ ဤအရာအားလုံးကို လူတို့ နားလည်သင့်၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဘေးဖယ်ကာ သမ္မာတရား လိုက်စားခြင်းကို အာရုံစိုက်လျှင်သာ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိကြသည်။

လူအချို့က၊ “ဘုရားနှုတ်ကပတ်တော်များက လူကို အဖန်ဆင်းခံတစ်ဦး၏ ရပ်တည်ချက်ကို ခံယူရန်နှင့် အဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန် တောင်းဆိုသည်။ ကျွန်ုပ်တို့ကို မဟာလူသား သို့မဟုတ် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် မစေခိုင်းထားသော်လည်း ထိုသို့သော ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို ကျွန်ုပ် အမြဲ ခံစားရသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးဖြစ်ရန် မရောင့်ရဲပါ။ သို့ဆိုလျှင် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း”ဟု မေးကြသည်။ ဤပြဿနာသည် အလွန် ရိုးရှင်းသည်။ သင်သည် အဘယ်ကြောင့် သာမန်လူတစ်ဦးဖြစ်ရန် မလိုမလား ရှိနေသနည်း။ သင် ပထမဦးစွာ ဤမေးခွန်း၏ ရင်းမြစ်ကို တူးဆွကြည့်ပါက၊ သင်၏ ပြဿနာသည် လွယ်ကူစွာ ပြေလည်သွားလိမ့်မည်။ ဘုရားသခင်က လူကို ရိုးသားသောလူတစ်ဦး ဖြစ်ရန် တောင်းဆိုသည်။ ဤသည်မှာ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက မည်သည့်အရာဖြစ်သည်ဆိုသည့် သမ္မာတရားကို သင် နားလည်ပါက၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် လူတစ်ဦးက သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဖြစ်ခြင်း၊ စစ်မှန်သည့် လူတစ်ဦးဖြစ်ခြင်းဖြစ်သည်ကို သင် သိလိမ့်မည်။ ရိုးသားသော လူတစ်ဦး၏ အပြင်ပန်း လက္ခဏာများမှာ အဘယ်နည်း။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းမှာ ပုံမှန်လူတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ ပုံမှန်လူများ၏ သဘာဝ ဗီဇများ၊ အတွေးများနှင့် ဆင်ခြင်တုံတရားတို့မှာ အဘယ်နည်း။ ပုံမှန်လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များ မည်သို့ ပေါ်လွင်သနည်း။ ပုံမှန်လူတစ်ဦးသည် လှိုက်လှိုက်လှဲလှဲ စကားပြောနိုင်သည်။ မုသား သို့မဟုတ် လှည့်ဖြားမှုမပါဘဲ မိမိတို့ စိတ်နှလုံးတွင်ရှိသည့် မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုကြလိမ့်မည်။ မိမိတို့ ကြုံရသည့် ကိစ္စရပ်တစ်ခုကို ၎င်းတို့ နားလည်နိုင်ပါက၊ မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း ပြုမူဆောင်ရွက်ကြလိမ့်မည်။ ထိုအရာကို ရှင်းလင်းစွာ ၎င်းတို့ မရိပ်စားမိနိုင်ပါက၊ ၎င်းတို့ အမှားများ ပြုမိပြီး ကျရှုံးကြလိမ့်မည်။ နားလည်မှုလွဲခြင်းများ၊ အယူအဆများနှင့် မိမိတို့ကိုယ်တိုင်၏ စိတ်ကူးများကို လက်သင့်ခံမိကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့မျက်စိရှေ့ရှိ အယုံမှားခြင်းများဖြင့် ကြောင်းကျိုးမမြင် ဖြစ်ကြလိမ့်မည်။ ဤသည်တို့မှာ ပုံမှန် လူ့သဘာဝ၏ အပြင်ပန်း လက္ခဏာများ ဖြစ်သည်။ ပုံမှန် လူ့သဘာဝ၏ ဤအပြင်ပန်း လက္ခဏာများသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းသလော။ မဖြည့်ဆည်းပေးပေ။ လူတို့သည် သမ္မာတရား မရှိပါက၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်ပေ။ ပုံမှန်လူ့သဘာဝ၏ ဤအပြင်ပန်းလက္ခဏာများသည် သာမန်ဖြစ်သည့်၊ ဖောက်ပြန်ပျက်စီးသော လူတစ်ဦး၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဤသည်တို့မှာ လူက မွေးရာပါဖြစ်သည့် အရာများ၊ သူ့အတွက် ပင်ကို ဖြစ်သည့်အရာ ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ဤအပြင်ပန်း လက္ခဏာများနှင့် ထုတ်ဖော်ပြချက်များကို ပြသခွင့်ပေးရမည်။ ဤအပြင်ပန်းလက္ခဏာများနှင့် ထုတ်ဖော်ပြချက်များကို မိမိကိုယ်ကိုယ် ပြသခွင့်ပေးစဉ်တွင်၊ ထိုသို့သော အရာများမှာ လူ၏ ပင်ကို ဗီဇများ၊ အစွမ်းအစနှင့် မွေးရာပါ သဘာဝဖြစ်သည်ကို သင် နားလည်ရမည်။ ဤအရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ထိုအရာကို မှန်ကန်စွာ သင် အလေးထားသင့်၏။ သို့ရာတွင် ဤမှန်ကန်သည့် အလေးထားမှုကို သင် မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ ဤအရာကို ဘုရားနှုတ်ကပတ်တော်များ သာ၍ ဖတ်ရှုခြင်း၊ သမ္မာတရားနှင့် မိမိကိုယ်ကိုယ် နောက်ထပ် ပြင်ဆင်ခြင်း၊ သင် နားမလည်သည့် အရာများ၊ သင် အယူအဆများ လက်သင့်ခံမိသည့် အရာများနှင့် သင် မှားယွင်းသည့် အကဲဖြတ်ချက်များ ပြုမိနိုင်သည့် အရာများကို သင်၏ ပြဿနာများအားလုံး ဖြေရှင်းရန်အလို့ငှာ ထိုအရာများကို သုံးသပ်ပြီး သမ္မာတရား ရှာဖွေဖို့ ဘုရားထံ သာ၍ မကြာခဏ ယူဆောင်ခြင်းအားဖြင့် လုပ်ဆောင်ရပေသည်။ ဤကဲ့သို့ သင် အတန်ငယ် တွေ့ကြုံပါက၊ အကြိမ်အနည်းငယ် သင် ကျရှုံးပြီး ခလုတ်တိုက်လဲကျလျှင်လည်း ကိစ္စမရှိပေ။ အရေးအကြီးဆုံးသော အရာမှာ ဤကိစ္စရပ်များတွင် ဘုရားနှုတ်ကပတ်တော်များတွင် သင် ရှင်းလင်းစွာ မြင်နိုင်ပြီး၊ ဘုရားအလိုတော်၏ စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်ကို သိရှိနိုင်ခြင်း ဖြစ်သည်။ ဤအရာက သင်သည် သင်ခန်းစာတစ်ခု သင်ယူပြီးဖြစ်ကြောင်း ပြသ၏။ ကျရှုံးမှုများနှင့် ခလုတ်တိုက်လဲခြင်းများကို နှစ်အတော်ကြာ ဖြတ်သန်းပြီးနောက်တွင်၊ ဖောက်ပြန်ပျက်စီးသော လူ၏ အနှစ်သာရကို သင် ရှင်းလင်းစွာ နားလည်ပါက၊ ကမ္ဘာလောကထဲရှိ အမှောင်နှင့် ဆိုးယုတ်မှု အရင်းအမြစ်ကို မြင်ပြီး၊ လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ၏ ခြားနားသော အမျိုးအစားများကို ပိုင်းခြားသိမြင်ပါက၊ သင်သည် သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်လိမ့်မည်။ သင်သည် မဟာလူသားတစ်ဦးမဟုတ်သကဲ့သို့၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်နှင့်အမျှ၊ အရာခပ်သိမ်းကို သင် ထိုးထွင်းမမြင်နိုင်သကဲ့သို့ နားမလည်နိုင်ပေ။ အကြည့်တစ်ချက်ဖြင့် ကမ္ဘာလောကကို ရိပ်စားမိရန်၊ အကြည့်တစ်ချက်ဖြင့် လူသားမျိုးနွယ်ကို ရိပ်စားမိရန်နှင့် အကြည့်တစ်ချက်ဖြင့် သင့်အနီးအနား ဖြစ်ပျက်နေသည့် အရာရာတိုင်းကို ရိပ်စားမိရန် သင့်အတွက် မဖြစ်နိုင်ပေ။ သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ သင်သည် ကျရှုံးမှုများစွာ၊ စိတ်ရှုပ်ထွေးသော အချိန်ကာလများစွာ၊ မှားယွင်းသော အကဲဖြတ်မှုများစွာနှင့် သွေဖည်မှုများစွာကို ကြုံရမည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ အားနည်းချက်နှင့် ချို့ယွင်းချက်များ၊ သင်၏ မသိနားမလည်မှုနှင့် မိုက်မဲမှုများကို အပြည့်အဝ ဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သိနိုင်သည်။ ဘုရားသခင်၏ အတိုင်းအဆမရှိ တန်ခိုး၊ ပြည့်ဝသော ဉာဏ်ပညာနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို သိရှိနိုင်သည်။ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အရာများကို ရလိမ့်မည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားသို့ ဝင်ရောက်လိမ့်မည်။ သင်၏ အတွေ့အကြုံတွင် သင်ဖြစ်စေချင်ရှိသလို မဖြစ်သော အရာများစွာ၊ သင်မည်သို့မျှ မတတ်နိုင်ဟု ခံစားရသော အရာများစွာ ရှိလိမ့်မည်။ ဤအရာများဖြင့် သင်သည် ရှာဖွေပြီး စောင့်ဆိုင်းရမည်။ အကြောင်းအရာတစ်ခုစီအတွက် အဖြေကို ဘုရားသခင်ထံမှ ရယူရမည်။ အကြောင်းအရာတစ်ခုစီတိုင်း၏ အခြေခံအနှစ်သာရနှင့် လူအမျိုးအစားတစ်ခုစီတိုင်း၏ အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် နားလည်ရမည်။ ဤသည်မှာ သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ယောက် ပြုမူပုံဖြစ်သည်။ သင့်အနေဖြင့်၊ “ကျွန်ုပ် မတတ်နိုင်ပါ”၊ “ထိုအရာကို ကျွန်ုပ် ဉာဏ်မမီနိုင်ပါ”၊ “ထိုအရာကို ကျွန်ုပ် ထိုးထွင်းမမြင်နိုင်ပါ”၊ “ထိုအရာကို ကျွန်ုပ် မတွေ့ကြုံရသေးပါ”၊ “မည်သည့်အရာကို ကျွန်ုပ် လုံးဝ မသိပါ”၊ “ကျွန်ုပ် အဘယ်ကြောင့် အလွန် အားနည်းရသနည်း။ အဘယ်ကြောင့် ကျွန်ုပ် သိပ်တော်သည့်အရာ မည်သည့်အရာမျှ မရှိသနည်း”၊ “ကျွန်ုပ် ထိုမျှ အစွမ်းအစ ညံ့ဖျင်းပါသည်”၊ “ကျွန်ုပ် အလွန် ထုံထိုင်းပြီး ဉာဏ်နုံ့နှေးပါသည်”၊ “ကျွန်ုပ် အလွန် မသိနားမလည်သည်မှာ ဤအရာကို ကျွန်ုပ် နားလည်ပြီး တာဝန်မယူနိုင်မီ ရက်အတော်ကြာ အချိန်ယူရလိမ့်မည်ဖြစ်သည်” ဆိုသည်နှင့် “ဤအရာကို တစ်စုံတစ်ဦးနှင့် ငါ ဆွေးနွေးရန် လိုအပ်သည်”ဟု ပြောဖို့ သင်ယူရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ရန် သင် သင်ယူရမည်။ ဤသည်မှာ သင်သည် ပုံမှန်လူတစ်ဦးဖြစ်ကြောင်း သင်၏ ဝန်ခံခြင်းနှင့် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်၏ ဆန္ဒ၏ အပြင်ပန်း လက္ခဏာရပ်ဖြစ်သည်။ မိမိကိုယ်ကိုယ် ကြီးမြတ်ပြီး အင်အားကြီးမားသည်ဟု တွေးထင်သူများ၊ ၎င်းတို့အနေဖြင့် သာမန်မဟုတ်ဘဲ၊ သာလွန်ကာ မဟာလူသားဖြစ်သည်ဟု တွေးထင်သူများသည် “ကျွန်ုပ် မတတ်နိုင်”၊ “ကျွန်ုပ် ဉာဏ်မမီနိုင်”၊ “ထိုအရာကို ကျွန်ုပ် ထိုးထွင်းမသိနိုင်”၊ “ကျွန်ုပ်မသိပါ၊ ကျွန်ုပ် သင်ယူရပါမည်၊ ကျွန်ုပ် ရှာကြည့်ရမည်၊ မိတ်သဟာယပြုရန် လူများကို ရှာရမည်၊ အထက်ကို မေးမြန်းကြည့်ရမည်”ဟု မည်သည့်အခါတွင်မျှ မပြောပေ။ ထိုသို့သော စကားများကို ၎င်းတို့ လုံးဝ မပြောကြချေ။ အထူးသဖြင့် အဆင့်အတန်းကို ၎င်းတို့ ရရှိကြသည်နှင့်တစ်ပြိုင်နက်၊ ဤသို့သော တစ်စုံတစ်ဦးသည် ၎င်းတို့က သာမန်လူတစ်ဦးဖြစ်ကြောင်းနှင့် အခြားလူတိုင်းကဲ့သို့ပင် ၎င်းတို့ မရိပ်စားမိနိုင်သည့် အရာများ၊ နားမလည်နိုင်သည့်အရာများရှိကြောင်း လူတို့ကို မတွေးစေချင်ပေ။ ထိုအစား၊ လူတို့အား ၎င်းတို့ကို မဟာလူသားတစ်ဦးနှင့် အမြဲ လူမှားစေချင်ကြသည်။ ထို့ကြောင့်၊ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ထိုသို့သော ကိစ္စရပ်များကို ဘုရားရှေ့မှောက်သို့ သာ၍ မကြာခဏ ယူဆောင်ပြီး သူ့ကို ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု ပူဇော်ရန် ၎င်းတို့ မလိုအပ်ပေ။ ၎င်းတို့ ရှာဖွေရန် မလိုအပ်ပေ။ ၎င်းတို့ထံ ဖြစ်ပျက်သည့် အရာရာတိုင်းကို မိနစ်ပိုင်းအတွင် ၎င်းတို့ နားလည်ကြသည်၊ သင်ယူပြီး ရိပ်စားမိကြလေသည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် အားနည်းချက်တစ်ခုမျှ မရှိ။ ၎င်းတို့ မရိပ်စားမိနိုင်သည့်အရာ တစ်ခုမျှမရှိ၊ မတွေ့ကြုံရသေးသည့်အရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့ မတွေ့ကြုံရသေးသည့် တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင်၊ အကြည့်တစ်ချက်ဖြင့် ထိုအရာကို ၎င်းတို့ ရိပ်စားမိကြပေမည်။ ၎င်းတို့သည် ဤအတိုင်း ပြီးပြည့်စုံသော မဟာလူသားတစ်ဦး ဖြစ်၏။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ ၎င်းတို့သည် ပုံမှန်လူတစ်ဦး ဖြစ်ကြသလော။ ဧကန်မုချ မဟုတ်ပေ။ ဤလူစားမျိုးက ၎င်းတို့သာမန်လူတစ်ဦးဖြစ်ကြောင်း၊ အားနည်းချက်များ၊ အပြစ်အနာအဆာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်း ဝန်မခံပေ။ ထို့ကြောင့် ၎င်းတို့သည် ရှာဖွေပြီး ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ရိုးသားစစ်မှန်သော စိတ်နှလုံးဖြင့် သာ၍ မကြာခဏ လာနိုင်ကြသလော။ ဧကန်မုချ မလာနိုင်ကြပေ။ ဤအရာက ၎င်းတို့အနေဖြင့် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့နေသေးသကဲ့သို့ ပုံမှန် လူ့သဘာဝကို အသက်မရှင်ကြသေးကြောင်း ပြသပေသည်။

ငါ့ကို ပြောလော့၊ သင်တို့သည် ပုံမှန်၊ သာမန်ဖြစ်သောလူများ မည်သို့ ဖြစ်နိုင်သနည်း။ သင်တို့သည် မဟာလူသား၊ ကြီးမြတ်သောသူဖြစ်ဖို့ မကြိုးစားဘဲ ဘုရားပြောသကဲ့သို့ ဖန်ဆင်းခံတစ်ဦး၏ လူတို့သည် မဟာလူသား၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်အချို့အဖြစ် အဘယ်သို့ ကြိုးစား၍ မရနိုင်သနည်း။ ရိုးရိုးနှင့် သာမန်လူတစ်ဦးဖြစ်ဖို့ သင်မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်ကို မည်သို့ လုပ်ဆောင်နိုင်သနည်း။ မည်သူ ဖြေမည်နည်း။ (ပထမဆုံး၊ ကျွန်ုပ်တို့သည် သာမန်လူများ၊ အလွန် သာမညောင်ညဖြစ်သော လူများဖြစ်ကြောင်း ဝန်ခံရပါမည်။ ကျွန်ုပ်တို့ နားမလည်သည့် အရာများစွာ၊ သဘောမပေါက်သည့် အရာများနှင့် မရိပ်စားမိနိုင်သည့် အရာများစွာ ရှိသည်။ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကြောင်း ကျွန်ုပ်တို့ ဝန်ခံရမည်။ ထို့နောက်တွင်၊ ကျွန်ုပ်တို့သည် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု ရှိရမည်ဖြစ်ပြီး၊ ရှာဖွေရန် ဘုရားသခင် ရှေ့မှာက်သို့ မကြာခဏ လာရမည်။) ရှေးဦးစွာ၊ သင်သည်”ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး” ဟုပြောလျက်၊ သင့်ကိုယ်သင် ရာထူးတစ်ခုပေးပြီး ထိုရာထူးဖြင့် ကန့်သတ်ခြင်းကို မခံနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်း၏ အချုပ်အနှောင်များမှ သင့်ကိုယ်သင် လွတ်မြောက်အောင် ပြုလုပ်ရမည်။ ရှေးဦးစွာ ဤတရားဝင်ရာထူးနှင့် နေရာမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏စိတ်နေစိတ်ထားက အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် “ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်” သို့မဟုတ် “ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး” ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ်ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်အသိစိတ်ကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် သာမန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။ သင်သည် အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူး၊ အဆင့်အတန်းနှင့် ရပ်တည်ချက်ရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် စဉ်းစားခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု စဉ်းစားခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ အခြေအနေ ကွာခြားသကဲ့သို့ သက်ရောက်မှုက ကွာခြားသည်။ သင်၏ စိတ်နှလုံးတွင် အစဉ်သဖြင့် သံသယများရှိလျှင်၊ အစဉ်ဖိစီးပြီး စိတ်ကျဉ်းကျပ်လျှင်၊ ဤအရာများကို သင်ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်လျှင် ဘုရားသခင်ထံ သင် အလေးအနက် ဆုတောင်းသင့်သည်၊ သင့်ကိုယ်သင် သုံးသပ်သင့်သည်၊ သင်၏ အားနည်းချက်များကို မြင်ပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းသင့်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ရလဒ်များ ရရှိလိမ့်မည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ရာထူးတစ်ခုခုဖြင့်၊ သို့မဟုတ် ရာထူးတစ်ခုကို အသုံးပြုလျက်ဖြင့် ပြောဆို ပြုမူခြင်းမပြုနှင့်။ ရှေးဦးစွာ ဤအရာအားလုံးကို တစ်ဖက်တွင် ထားလိုက်ပြီး သင့်ကိုယ်သင် သာမန်လူတစ်ယောက်၏နေရာတွင် ထားပါ။ တစ်စုံတစ်ဦးက၊ “သင်သည် ခေါင်းဆောင် မဟုတ်ပါလား။ အဖွဲ့ကို သင် ကြီးကြပ်သည် မဟုတ်ပါလား။ ဤအရာကို သင် နားလည်သင့်သည်”ဟု ပြောသည့်အခါ၊ တုံ့ပြန်သည့်အနေဖြင့်၊ သင်က၊ “သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်လျှင်၊ အရာရာကို သင် နားလည်နိုင်သည်ဟု ဘုရားနှုတ်ကပတ်တော်ထဲ၌ မည်သည့်နေရာတွင် ပြောပါသနည်း။ ဤအရာကို ကျွန်ုပ် နားမလည်ပါ။ ကျွန်ုပ်ကို အကဲဖြတ်ဝေဖန်ရန် သင်၏ အမြင်ကို အသုံးမပြုပါနှင့်။ သင် များစွာ တောင်းဆိုလွန်းသည်။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦးဖြစ်သည်မှာ မှန်သော်လည်း၊ သမ္မာတရားအပေါ် ကျွန်ုပ်၏ သိနားလည်မှုမှာ အလွန် ပေါ့တန်နေဆဲဖြစ်ပြီး၊ ဤအရာကို ကျွန်ုပ် မတွေ့ကြုံရသေးသောကြောင့် မည်သည့်ဆုံးဖြတ်ချက် ချရမည်ကို မသိသကဲ့သို့ မရိပ်စားမိနိုင်သေးပါ။ ကျွန်ုပ် ဆုတောင်းပြီး ရှာဖွေရန် လိုအပ်သည်။ ဘုရားသခင်က၊ သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များ အတွက် စိုးရိမ်သောကမရောက်လေနှင့်ဟု ပြောထားပြီး ဖြစ်သည်။ သင်သည် ကျွန်ုပ်ကို ယခု အမြဲ နားလည်စေချင်ပြီး ယခုတွင်ပင် ဆုံးဖြတ်ချက်ချစေချင်သည်။ မှားယွင်းသည့် ဆုံးဖြတ်ချက်ကို ကျွန်ုပ် ချမိလျှင် အဘယ်သို့နည်း။ ဤအတွက် မည်သူ တာဝန်ရှိမည်နည်း။ သင် တာဝန်ယူနိုင်ပါသလား။ သင်သည် ကျွန်ုပ်ကို အမှားတစ်ခု ပြုလုပ်မိစေချင်သည်လား။ ဤအရာကို လုပ်ဆောင်ရာတွင် သင်သည် ကျွန်ုပ်အတွက် တာဝန်ရှိပါသလား။ ကျွန်ုပ်တို့ အတူတကွ အလုပ်လုပ်သင့်သည်၊ အတူတကွ ဆုတောင်းပြီး ရှာဖွေသင့်ကာ ဤကိစ္စရပ်ကို ကောင်းစွာ ကိုင်တွယ်သင့်သည်”ဟု ပြောသည်။ ဤအရာကို သင် လုပ်ဆောင်နိုင်သလော။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ သင်သည် လှိုက်လှိုက်လှဲလှဲပုံစံဖြင့် အခြားသူများကို စကားပြောနိုင်လျှင်၊ သင်က၊ “အမှန်ပင်၊ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည်လည်း အလွန် နည်းပါးပါသည်။ ကျွန်ုပ် ရှာဖွေပြီး ဆုတောင်းခြင်းမရှိလျှင်၊ အချိန်မရွေး အမှားတစ်ခု လုပ်မိနိုင်သည်။ တစ်ခါတရံ အမှားများ မလုပ်မိဘဲ ကျွန်ုပ် မနေနိုင်ပါ။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက မည်မျှ ကြီးမားသည်ဟု သင် ထင်ပါသနည်း။ သင်သည် ကျွန်ုပ်ကို အလွန် အထင်ကြီးလွန်းပေပြီ”ဟု ပြောနိုင်သည်။ အခြားသော လူက သင် ပြောသည့်အရာကို ကြားသည့်အခါ၊ သင်သည် လှိုက်လှိုက်လှဲလှဲ စကားပြောနိုင်သည့် ရိုးသားသော လူတစ်ဦးဖြစ်သည်ဟု ခံစားလိမ့်မည်။ ထို့နောက်တွင် သင့်အပေါ် ၎င်းတို့ အလွန်များစွာ တောင်းဆိုတော့မည်မဟုတ်ဘဲ၊ ထိုအစား သင်နှင့်အတူ အလုပ်လုပ်လိမ့်မည်။ ဤအရာကို သင် လက်တွေ့လုပ်ဆောင်ပါက၊ သင် လုပ်ဆောင်သည့်အရာများတွင် သင်သည် သာ၍ စဉ်းစားချင့်ချိန်နိုင်လာလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့၏ ကန့်သတ်မှုနှင့် ချည်နှောင်မှုတို့ကို ခံရလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည် လွတ်မြောက်သွားလိမ့်မည်။ သင်သည် ပွင့်လင်းသည့် စိတ်နှလုံးဖြင့် စကားပြောကာ ပြုမူဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပြီး၊ အခြားသူများနှင့် ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကာ ညီအစ်ကို မောင်နှမများကို မှန်ကန်စွာ ဆက်ဆံနိုင်လိမ့်မည်။ ဤအချိန်တွင်၊ သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ လုပ်ရပ်များသည် တိုး၍ ယုတ္တိတန်လာလိမ့်မည်။ ဤအရာကို လူတိုင်း မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ “ဤခေါင်းဆောင်သည် အမှန်တကယ် ပြောင်းလဲလေပြီ။ သူသည် အသိတရားနှင့် အသိစိတ်တို့ အမှန်တကယ် ရှိပြီး၊ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ပြီးဖြစ်သည်။ ထိုသို့သောလူကို ခေါင်းဆောင်အဖြစ် ရှိထားလျက်၊ ကျွန်ုပ်တို့သည်လည်း အကျိုးကျေးဇူးများစွာ ရရှိကြသည်”ဟု ပြောနိုင်လိမ့်မည်။ ဤအချိန်တွင်၊ အလုပ်၌ သင် တစ်ဖန် ပါဝင်ပတ်သက်သည့်အခါ၊ ရှာဖွေခြင်းနှင့် ဆုတောင်းခြင်း ဖြစ်စေ၊ မိတ်သဟာယအတွက် အခြားသူများထံ သွားခြင်းဖြစ်စေ၊ သင် လုပ်ဆောင်သည့်အရာသည် မှန်ကန်ပြီး သင်တင့်လျောက်ပတ်ကာ သင်သည် သံသယများ ရှိလိမ့်မည် မဟုတ်။ သင် လုပ်ဆောင်သမျှတွင်၊ ခိုင်မာစွာနှင့် တည်ငြိမ်စွာ သင် ရှေ့ဆက်သည်။ ဖြေရှင်းချက်များအတွက် သင် စိုးရိမ်သောက မရောက်ဘဲ၊ အမှုအရာများ ဖြစ်ခွင့်ပေးလိုက်သည်။ မည်သည့်အရာကို သင် ကြုံရသည်ဖြစ်စေ၊ ထိုအရာကို ဘုရားသခင် ရှေ့မှောက်သို့ သင် ဆောင်ကြဉ်းနိုင်ပြီး သင်၏ ရိုးသားစစ်မှန်သော စိတ်နှလုံးကို ပူဇော်နိုင်သည်။ ဤသည်မှာ အရာခပ်သိမ်း၌ သင် လက်တွေ့လုပ်ဆောင်နိုင်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ ညီအစ်ကို မောင်နှမများဖြစ်စေ၊ လူတိုင်းသည် သာမန်လူတစ်ဦး ဖြစ်၏။ ဤစည်းမျဉ်းကို ၎င်းတို့အားလုံး လက်တွေ့လုပ်ဆောင်သင့်သည်။ လူတိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ခွဲတမ်းတစ်ခုနှင့် တာဝန်ရှိသည်။ သင်သည် ခေါင်းဆောင်တစ်ဦး၊ အမှုဆောင်တစ်ဦး၊ အဖွဲ့၏ ခေါင်းဆောင်၊ ကြီးကြပ်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ထဲတွင် အလွန်လေးစားခံရသည့်လူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ သင် မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ဤသို့ သင် လက်တွေ့လုပ်ဆောင်ရန် သင်ယူသင့်သည်။ သင်၏ ခေါင်းပေါ်တွင် ဆောင်းထားသည့် ရောင်ဝါနှင့် ဂုဏ်ပုဒ်ကို ချွတ်လိုက်လော့၊ သင့်အပေါ် အခြားသူများ ပေးအပ်ထားသည့် အောင်ပန်းသရဖူများကို ချွတ်လော့။ ထို့နောက်တွင် ပုံမှန် လူတစ်ဦးဖြစ်လာရန် လွယ်ကူသည်ကို သင် တွေ့ရလိမ့်မည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်အရ စိတ်အေးသက်သာ သင် ပြုမူဆောင်ရွက်လိမ့်မည်။ ထို့နောက်တွင် သင်သည် နားမလည်သကဲ့သို့ မသိကြောင်း ဝန်ခံရုံမျှသည် မလုံလောက်ပေ။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းသည့် နောက်ဆုံးဖြေရှင်းချက် မဟုတ်။ နောက်ဆုံး ဖြေရှင်းချက်မှာ အဘယ်နည်း။ ကိစ္စရပ်များနှင့် ပြဿနာများကို ဘုရားသခင် ရှေ့မှောက်သို့ ဆုတောင်းပြီး ရှာဖွေရန် ယူဆောင်လော့။ လူတစ်ဦးအတွက် တစ်ဦးတည်းဆုတောင်းရန် မလုံလောက်ပေ။ ထိုအစား၊ ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ လူတိုင်းနှင့်အတူတကွ သင်သည် ဆုတောင်းချက်များကို ပူဇော်ရမည်ဖြစ်ပြီး၊ ဤတာဝန်နှင့် ဝတ္တရားကို ထမ်းရွက်ရမည်ဖြစ်သည်။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရန် ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်၏။ သင်သည် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦးဖြစ်ရန် ကြိုးစားသည့် လမ်းကြောင်းကို ရှောင်ရှားမိလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်သည် အဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သည့် နေရာကို မရည်ရွယ်ဘဲ ခံယူမိလိမ့်မည်ဖြစ်ပြီး မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ရည်မှန်းချက်နှင့် စိတ်ဆန္ဒတို့၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် လွတ်မြောက်သွားစေလိမ့်မည်။

အဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သော နေရာတွင် ရပ်တည်ခြင်းနှင့် သာမန်လူတစ်ဦး ဖြစ်ခြင်း- ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) အခက်အခဲသည် မည်သည့်နေရာတွင် ရှိပါသနည်း။ ဤသို့ ဖြစ်သည်။ လူတို့က မိမိတို့၏ ဦးခေါင်းများသည် ဘုန်းရောင်ဝါနင့် ဘွဲ့နာမများစွာဖြင့် ဖြည့်ခြင်းခံရသည်ဟု အမြဲ ခံစားကြသည်။ သူ တို့သည် ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကိုလည်း မိမိတို့ကိုယ်ကိုယ် ပေးကြပြီး ဟန်ဆောင်ပြီး၊ အယောင်ဆောင် အလေ့အကျင့်များ နှင့် အပြင်ပန်း ပြစားမှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ကြသည်။ဤအရာများကို သင် လက်မလွှတ်ပါက၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဤအရာများ၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အမြဲခံရပါက၊ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် သင် အခက်တွေ့လိမ့်မည်။ သင် နားမလည်သည့် အရာများအတွက် စိုးရိမ်သောကရောက်ခြင်းကို ရပ်တန့်ရန်နှင့် ထိုသို့သော ကိစ္စရပ်များကို ဘုရားသခင်ရှေ့သို့ သာ၍ မကြာခဏ ယူဆောင်ပြီး၊ စစ်မှန်ရိုးသားသည့် စိတ်နှလုံးကို သူ့အား ပူဇော်ရန် ခက်ခဲလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်မည် မဟုတ်။ ယင်းမှာ သင်၏ အဆင့်အတန်း၊ သင်၏ ဂုဏ်ပုဒ်များ၊ သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ထိုသို့သော အရာများအားလုံးသည် အယောင်ဆောင်ဖြစ်ပြီး မမှန်ကန်သောကြောင့်၊ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်နှင့် ဆန့်ကျင်၊ ကွဲလွဲသောကြောင့် သင့်အနေဖြင့် ဘုရားသခင်ရှေ့သို့ မလာနိုင်ရန်အလို့ငှာ ဤအရာများက သင့်ကို ချည်နှောင်ထားခြင်း ဖြစ်သည်။ ဤအရာများက သင့်ကို မည်သည့်အရာ ဖြစ်စေသနည်း။ မိမိကိုယ်ကိုယ် ဟန်ဆောင်ရာတွင်၊ နားလည်ဟန်ဆောင်ခြင်း၊ တော်တတ်သည့်ဟန်ဆောင်ခြင်း၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ ကျော်ကြားသူတစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ တတ်စွမ်းနိုင်ဟန်ဆောင်ခြင်း၊ အမြော်အမြင်ရှိဟန်ဆောင်ခြင်းနှင့် အရာရာကို သိဟန်၊ အရာရာကို တတ်စွမ်းနိုင်ပြီး အရာရာကို လုပ်ဆောင်နိုင်ဟန်ဆောင်ခြင်းတွင်ပင် သင့်ကို တော်စေသည်။ အခြားသူများက သင့်ကို ကိုးကွယ်ပြီး လေးစားကြရန်အလို့ငှာ ဤအရာက ထိုသို့ဖြစ်စေခြင်းဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မှီခိုရင်းနှင့် သင့်ကို အထင်ကြီးလျက်၊ မိမိတို့ ပြဿနာအားလုံးဖြင့် သင့်ထံ လာကြလိမ့်မည်။ ထိုသို့ဖြင့်၊ ယင်းမှာ သင်သည် မိမိကိုယ်ကိုယ် မီးကင်ရန် မီးပေါ်တွင် ထားသည့်အလား ဖြစ်သည်။ ငါ့ကို ပြောလော့၊ မီးပေါ်တွင် အကင်ခံရခြင်းသည် ခံစားရကောင်းသလော။ (မကောင်းပါ။) သင် နားမလည်သော်လည်း သင် နားမလည်ကြောင်း မပြောဝံ့ချေ။ သင် မရိပ်စားမိနိုင်သော်လည်း မရိပ်စားမိနိုင်ကြောင်း မပြောဝံ့ချေ။ သင်သည် သိသာထင်ရှားစွာ အမှားလုပ်မိသော်လည်း၊ ဝန်မခံဝံ့ချေ။ သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားရသော်လည်း၊ “ဤတစ်ကြိမ် အမှန်တကယ် ကျွန်ုပ်၏ အပြစ်ဖြစ်ပါသည်၊ ဘုရားသခင်နှင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများကို ကျွန်ုပ် အကြွေးတင်ပါသည်။ ဘုရားအိမ်တော်ကို ထိုမျှ ကြီးမားသည့် ဆုံးရှုံးမှုကို ကျွန်ုပ် ဖြစ်စေပြီဖြစ်သော်လည်း၊ လူတိုင်းရှေ့တွင် ရပ်ပြီး ဝန်ခံဖို့ သတ္တိမရှိပါ”ဟု မပြောဝံ့ပေ။ အဘယ်ကြောင့် သင် စကားမပြောဝံ့သနည်း။ သင်က၊ “ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ပေးထားသည့် နာမည်ဂုဏ်သတင်း၊ ဂုဏ်ရှိန်ဂုဏ်ဝါနှင့်အညီ ကျွန်ုပ်တို့ အသက်ရှင်ဖို့ လိုအပ်သည်။ ကျွန်ုပ်အတွက် နှစ်များစွာကြာ သူတို့ စွဲကိုင်ထားသည့် စိတ်ထက်သန်သော မျှော်လင့်ချက်များကို မဆိုထားနှင့်၊ ကျွန်ုပ်အတွက် သူတို့ရှိကြသည့် အထင်ကြီးလေးစားမှုနှင့် ယုံကြည်ကိုးစားမှုတို့ကို ကျွန်ုပ် သစ္စာဖောက်၍ မရပါ။ ထို့ကြောင့် ကျွန်ုပ် ဆက်လက် ဟန်ဆောင်ရမည်”ဟု ယုံကြည်သည်။ ထိုသို့သော ဟန်ဆောင်မှုတစ်ခုသည် မည်သည့်အရာနှင့်တူသနည်း။ သင်သည် မိမိကိုယ်ကိုယ် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦးအဖြစ် အောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်သည်။ ညီအစ်ကို မောင်နှမများက မေးမြန်းရန်၊ တိုင်ပင်ရန်နှင့် မိမိတို့ ရင်ဆိုင်ရသည့် မည်သည့်ပြဿနာမဆိုနှင့်ပတ်သက်၍ သင်၏ ဆွေးနွေးတိုင်ပင်မှုကို အရေးတကြီး တောင်းခံရန် သင့်ထံ လာချင်ကြသည်။ ၎င်းတို့အနေဖြင့် သင့်မရှိဘဲနှင့် အသက်ပင်မရှင်နိုင်ကြသည့်ပုံရသည်။ သို့ရာတွင် သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားရသည် မဟုတ်လော။ လူအချို့သည် ဤမချိတင်ကဲဝေဒနာ မခံစားရသည်မှာ အမှန်ဖြစ်၏။ အန္တိခရစ်တစ်ဦးသည် ဤမချိတင်ကဲဝေဒနာကို မခံစားပေ။ ထိုအစား၊ ထိုအရာတွင် မိမိတို့၏ အဆင့်အတန်းသည် အခြားအရာအားလုံးအထက်တွင် ရှိသည်ဟု တွေးထင်လျက်၊ ထိုအရာ၌ ၎င်းတို့ ဝမ်းမြောက်ပျော်ရွှင်ကြသည်။ သာမန်ဖြစ်သည့်၊ ပုံမှန်လူတစ်ဦးသည် မီးပေါ် အကင်ခံရသည့်အခါ မချိတင်ကဲဝေဒနာ ခံစားသည်။ ၎င်းတို့သည် သာမန်လူတစ်ဦးကဲ့သို့သာ လုံးဝ ဘာမျှမဟုတ်ဟု ခံစားရသည်။ အခြားသူများထက် ၎င်းတို့ ပိုသန်မာသည်ဟု မယုံကြည်ကြ။ လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မပြီးမြောက်နိုင်ရုံမက၊ အသင်းတော် အလုပ်နှင့် ဘုရားရွေးချယ်ထားသူတို့ကို နှောင့်နှေးစေလိမ့်မည်ဟုလည်း ၎င်းတို့ တွေးထင်ကြသောကြောင့်၊ အပြစ်တင်မှုကို ခံယူပြီး နှုတ်ထွက်ကြလိမ့်မည်ဖြစ်သည်။ ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူပါသလော။ အသိစိတ်ရှိသူတို့အတွက် ဤပြဿနာကို ဖြေရှင်းရန် လွယ်ကူသော်လည်း၊ အသိစိတ်မဲ့သူတို့အတွက် ခက်ခဲ၏။ အဆင့်အတန်းကို သင် ရရှိသည်နှင့်၊ သင်သည် ဖော်ထုတ်ခံရပြီး စစ်မှန်သည့် အလုပ်ကို လုပ်ရန် သင်၏ ကျရှုံးမှုအတွက် ဖယ်ရှားခံရသည့် အကျိုးဆက်ဖြင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အရှက်မဲ့စွာ မွေ့လျော်လျှင်၊ သင်သည် ဤအရာကို မိမိကိုယ်ကိုယ်ပေါ် ယူဆောင်ခြင်းဖြစ်ပြီး၊ သင် ရရှိသည့်အရာနှင့် သင် ထိုက်တန်ပေသည်။ သနားခြင်း သို့မဟုတ် ကရုဏာ တစ်စက်မျှဖြင့်ပင် သင် မတန်ပေ။ ဤအရာကို ကျွန်ုပ် အဘယ်ကြောင့် ပြောဆိုရသနည်း။ သင်သည် မြင့်သောနေရာတွင် မရမက ရပ်တည်သောကြောင့် ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ကင်ရန် မီးပေါ်ထားလိုက်ခြင်း ဖြစ်သည်။ သင့်ဒဏ်ရာသည် မိမိကိုယ်ကိုယ် ထိခိုက်စေသည့် ဒဏ်ရာဖြစ်သည်။ သင့်အနေဖြင့် မီးပေါ်ထိုင်ပြီး အကင်မခံလိုပါက၊ ဤဘွဲ့နာများနှင့် ဂုဏ်ရှိန်ဂုဏ်ဝါများကို စွန့်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများကို စစ်မှန်သော အဆင့်အတန်းနှင့် သင့်စိတ်နှလုံးရှိ အတွေးများကို ပြောပြသင့်သည်။ ဤသို့ဖြင့် ညီအစ်ကို မောင်နှမများသည် သင့်ကို မှန်ကန်စွာ ဆက်ဆံနိုင်ပြီး၊ သင်သည် ဟန်ဆောင်နေစရာ မလိုအပ်ပေ။ ယခုတွင် သင်သည် ဖွင့်ပြောပြီး မိမိ၏ စစ်မှန်သော အခြေအနေကို ဖော်ထုတ်ပေးသဖြင့်၊ သင်၏ စိတ်နှလုံးသည် သာ၍ အေးချမ်းသည်၊ သာ၍ စိုးရိမ်သောကကင်းသည် မဟုတ်လော။ သင့်ပခုံးပေါ် ထိုသို့သော လေးလံသည့် ဝန်ထုပ်တစ်ခုဖြင့် အဘယ်ကြောင့် လျှောက်လှမ်းသနည်း။ သင်၏ စစ်မှန်သည့် အခြေအနေကို သင် ကြေညာပါက၊ ညီအစ်ကို မောင်နှမများက သင့်ကို အထင်သေးကြလိမ့်မည်လော။ ၎င်းတို့သည် သင့်ကို အမှန်တကယ် စွန့်ပစ်ကြလိမ့်မည်လော။ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ညီအစ်ကို မောင်နှမများသည် သင့်ကို လက်ခံလိမ့်မည်ဖြစ်ပြီး၊ သင့်စိတ်နှလုံးထဲရှိသည့်အတိုင်း စကားပြောဝံ့သည့်အတွက် သင့်ကို လေးစားကြလိမ့်မည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်။ ဤအရာက အသင်းတော်ထဲတွင် သင်၏ အလုပ်ကို ဟန့်တားလိမ့်မည် မဟုတ်သကဲ့သို့၊ ထိုအလုပ်အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု အနည်းငယ်မျှ ရှိလိမ့်မည် မဟုတ်ပေ။ သင့်ထံတွက် အခက်အခဲများရှိကြောင်း ညီအစ်ကို မောင်နှမများက အမှန်တကယ် မြင်ပါက၊ ၎င်းတို့သည် သင့်ကို ဆန္ဒအလျောက် ကူညီကာ သင်နှင့်အတူ အလုပ်လုပ်ကြလိမ့်မည်။ သင် အဘယ်သို့ ထင်ပါသနည်း။ ဤသည်မှာ ဖြစ်မည့်ပုံ မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများ သင့်ကို အထင်ကြီးဖို့ အမြဲ ဟန်ဆောင်ခြင်းသည် အနုံအဆုံးသောအရာ ဖြစ်သည်။ အကောင်းဆုံးသော ချဉ်းကပ်နည်းမှာ ပုံမှန်ဖြစ်သော စိတ်နှလုံးဖြင့် သာမန်လူတစ်ဦး ဖြစ်ရန်၊ ဖြူစင်ပြီး ရိုးရှင်းသော ပုံစံဖြင့် ဘုရားရွေးချယ်ထားသူများထံ ဖွင့်ဟနိုင်ဖို့နှင့် စိတ်နှလုံးပါပါ စကားပြောဆိုမှုများတွင် မကြာခဏ ပါဝင်ဖို့ဖြစ်သည်။ လူတို့က သင့်ကို အထင်ကြီး၊ လေးစားသည့်အခါ၊ သင့်ကို အလွန်အကျွံ ချီးမွမ်းသည့်အခါ သို့မဟုတ် မြှောင့်ပင့်သော စကားများ ပြောသည့်အခါ လုံးဝ လက်မခံနှင့်။ ဤအရာအားလုံးကို ငြင်းပယ်သင့်သည်။ ဥပမာအားဖြင့်၊ လူအချို့က၊ “သင်သည် တက္ကသိုလ် ပါမောက္ခတစ်ဦး မဟုတ်ပါလား။ သင်သည် အလွန် နှံ့စပ်သည့်အတွက်၊ သမ္မာတရားအပေါ် အလွန် သိနားလည်သည်မှာ ဖြစ်ရပေမည်”ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့ကို၊ “ကျွန်ုပ်သည် မည်သည့် တက္ကသိုလ်မျိုး၏ ပါမောက္ခဖြစ်ပါသနည်း။ မည်သည့် အသိပညာပမာဏကမျှ သမ္မာတရားကို အစားမထိုးနိုင်ပါ။ ဤအသိပညာက ကျွန်ုပ်ကို ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေနိုင်သည်။ ထိုအရာမှာ လုံးဝ အချည်းနှီးဖြစ်သည်။ ကျွန်ုပ်ကို အထင်မကြီးပါနှင့်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးသာ ဖြစ်ပါသည်”ဟု ပြောလော့။ လူအချို့သည် မိမိတို့၏ အဆင့်အတန်းကို လက်လွှတ်ရန် ခက်ခဲသည့်အချိန်တစ်ခု အမှန်ပင် ရှိကြသည်။ ၎င်းတို့သည် သာမန်လူ၊ သာမညောင်ည လူများဖြစ်လိုပြီး၊ အဖန်ဆင်းခံတစ်ဦး၏ မှန်သည့် နေရာတွင် ဧကန်အမှန် ရပ်တည်ချင်ကြသည်။ ၎င်းတို့အနေဖြင့် ထိုသို့ ဆင်းရဲဒုက္ခမခံစားလိုကြသော်လည်း မိမိတို့ကိုယ်ကိုယ် မတတ်နိုင်ကြပေ။ မိမိတို့ကိုယ်ကိုယ် သာလွန်သော လူများအဖြစ် အမြဲ မြင်မိကြပြီး၊ မိမိတို့၏ အဆင့်မြင်သော နေရာမှ မဆင်းနိုင်ကြပေ။ ဤသည်မှာ ခက်ခဲပေသည်။ လူတို့က ၎င်းတို့ကို လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်လျက်၊ မဏ္ဍိုင်ပြုကြသည့်အခါ ၎င်းတို့ နှစ်သက်သဘောကျကြသည်။ လူတို့က မိမိတို့ ပြဿနာအားလုံးနှင့်အတူ ၎င်းတို့ထံ သွားသည်ကို၊ ၎င်းတို့အပေါ် မှီခိုသည်ကို၊ ၎င်းတို့ ပြောသည်ကို နားထောင်ပြီး အထင်ကြီးသည်ကို နှစ်သက်သဘောကျကြသည်။ ၎င်းတို့အနေဖြင့် အရာရာတွင် ကျွမ်းကျင်သည့် သာလွန်သောလူများဖြစ်ကြောင်း၊ ၎င်းတို့သည် အရာခပ်သိမ်းကို သိရှိသောကြောင့် ၎င်းတို့ နားမလည်သည့်အရာတစ်ခုမျှ မရှိကြောင်း လူတို့ ယုံကြည်ကြသည်ကို နှစ်သက်ကြပြီး၊ လူတို့က ၎င်းတို့ကို အောင်မြင်သူများအဖြစ် မှတ်ယူကြလျှင် အလွန် ကောင်းကာ အံ့ဖွယ်ဖြစ်မည်ဟုပင် တွေးထင်ကြလေသည်။ ဤသည်မှာ ကုရာနတ္တိ ဆေးမရှိတော့ပါ။ လူအချို့သည် အခြားသူများ ပေးသည့် ချီးကျူးခြင်းများနှင့် အောင်ပန်းသရဖူများကို လက်ခံကြပြီး၊ အချိန်တစ်ခုကြာ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်စိတ်တစ်ပိုင်းဖြစ် ဆောင်ရွက်ကြသည်။ သို့ရာတွင် ၎င်းတို့သည် စိတ်မသက်မသာဖြစ်ပြီး မချိတင်ကဲဝေဒနာ ခံစားကြရသည်။ ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင့်ကို မြှောက်ပင့်လိုသူ မည်သူမဆိုသည် သင့်ကို မီးကင်ရန် မီးပေါ် အမှန်တကယ် ထားရှိနေခြင်းဖြစ်ပြီး၊ ထိုသူတို့ထံမှ သင် ဝေးဝေးနေသင့်သည်။ သို့မဟုတ်လျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ၎င်းတို့ထံ ဖွင့်ပြဖို့ အခွင့်အရေးတစ်ခုကို ရှာလော့၊ သင်၏ စစ်မှန်သော အခြေအနေကို ၎င်းတို့အား ပြောပြီး၊ သင်၏ အပြစ်အနာအဆာများနှင့် ကျရှုံးမှုများကို ဖော်ထုတ်လော့။ ဤနည်းဖြင့်၊ ၎င်းတို့သည် သင့်ကို ကိုးကွယ် သို့မဟုတ် အထင်ကြီးကြလိမ့်မည် မဟုတ်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ အမှန်တွင် လုပ်ဆောင်ရန် လွယ်သည်။ သင် အမှန်တကယ် မလုပ်ဆောင်နိုင်ပါက၊ သင်သည် အလွန် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြောင်း သက်သေပြပေသည်။ သင်သည် မိမိကိုယ်ကိုယ် မဟာလူသား၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်အဖြစ် မှတ်ယူပြီး၊ သင့်စိတ်နှလုံးတွင် ဤစိတ်သဘောထားမျိုးကို လုံးဝ မမုန်းသကဲ့သို့ စက်ဆုပ်ခြင်း မရှိပေ။ ထိုသို့ဖြစ်လျက် သင်သည် အခြားသူများ၏ အမြင်တွင် သင့်ကို အရှက်ရစေသည့် မှောက်မှားမှုကို စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။ သင်သည် အသိစိတ်ရှိသည့် တစ်စုံတစ်ဦး အမှန်တကယ် ဖြစ်လျှင်၊ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်အဖြစ် အမြဲ လုပ်ဆောင်ချင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စက်ဆုပ်ကာ အော်ဂလီဆန်လိမ့်မည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ဤခံစားချက်ရှိလိမ့်မည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ကိုယ် မုန်းတီးပြီး ဇာတိပကတိကို စွန့်လွှတ်နိုင်ပေသည်။ သင်သည် သာမညောင်ည လူတစ်ဦး၊ သာမန်လူတစ်ဦး၊ ပုံမှန် လူတစ်ဦးဖြစ်ရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ၊ အလွန် ကောင်းမြတ်ပြီး တဖိုးရှိသည်ဟု သင် တွေးထင်သည့်သင် ထိန်းသိမ်းသော အရာများအပြင် သင့်ကို အခြားသူများ လေးစားပြီး ချီးမွမ်းကြသည့် ထိုအပေါ်ယံ၊ လှပသော စကားလုံးများကို သင် ငြင်းပယ်ပြီး လက်လွှတ်သင့်သည်။ သင်၏စိတ်နှလုံးတွင် သင်သည် မည်သို့သောလူမျိုးဖြစ်သည်၊ သင်၏ အနှစ်သာရ အဘယ်သို့ရှိသည်၊ သင်၏ ကျရှုံးမှုများက မည်သည့်အရာဖြစ်ပြီး၊ မည်သည့် ဖောက်ပြန်ပျက်စီးမှုကို သင် ထုတ်ဖော်ပြသည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ သိရှိလျှင် ဤအရာကို အခြားလူများနှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ဤသို့ဖြင့် သင်၏ အခြေအနေမှန်က မည်သို့ရှိသည်၊ သင်၏ အတွေးများနှင့် ထင်မြင်ချက်များက မည်သို့ရှိသည်တို့ကို ၎င်းတို့ မြင်တွေ့နိုင်ဖို့ဖြစ်သည်။ ဤသို့အားဖြင့် ဤကဲ့သို့သော အရာများနှင့်ပတ်သက်ပြီး သင့်တွင် မည်သည့်အသိပညာရှိသည်ကို ၎င်းတို့ သိရှိဖို့ရန်ဖြစ်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သူမျှ မသိရန်အလို့ငှာ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် ကျရှုံးမှုများကို သူတစ်ပါးတို့အား မဖုံးကွယ်နှင့်။ ဤအယောင်ဆောင် အပြုအမူမျိုးသည် သင်၏ စိတ်နှလုံးတွင် အတားအဆီးတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးခြင်းတစ်ခုလည်းဖြစ်ပြီး၊ လူတို့ကို နောင်တရခြင်း၊ ပြောင်းလဲခြင်းမှ တားဆီးနိုင်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်။ အခြားလူတို့က သင့်ကို ပေးသည့် ချီးမွမ်းခြင်း၊ သင့်အား ၎င်းတို့ ပုံပေးသည့် ဂုဏ်ကျက်သရေနှင့် ၎င်းတို့ပေးအပ်သော သရဖူများကဲ့သို့သော အယောင်ဆောင်ဖြစ်သောအရာများအား သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့ကို ထိန်းသိမ်းရမည်။ ဤအရာများက သင့်အပေါ်တွင် ဖြစ်စေသော ထိခိုက်နစ်နာမှုကို သင်မြင်ရမည်။ ထိုသို့ပြုလုပ်ရာတွင် သင်သည် သင်ကိုယ်တိုင်၏ ဆောင်ရွက်မှုကို သိလိမ့်မည်။ မိမိကိုယ်ကိုယ် သိမြင်မှုကို ရရှိလိမ့်မည်။ သင့်ကိုယ်သင် မဟာလူသားတစ်ဦးအဖြစ်၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် မြင်တော့မည်မဟုတ်ပေ။ ဤသို့သော မိမိကိုယ်ကိုယ် သိမြင်မှုကို သင် ရရှိသည်နှင့် သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်များနှင့် သင်၏ စိတ်နှလုံးတွင်းသို့ လူသားအပေါ် ဘုရားသခင်တောင်းဆိုသောအရာကို လက်ခံရန်၊ သင့်အပေါ် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ တည်ကြည်ခိုင်မာစွာဖြင့် သာမန်လူတစ်ယောက်ဖြစ်ရန်၊ ရိုးသားပြီး အားကိုးရနိုင်သည့် တစ်စုံတစ်ဦးဖြစ်ရန်နှင့် ၊ ဖန်ဆင်းခံဖြစ်သော သင်ကိုယ်တိုင်နှင့် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်ကြား သာမန်ဆက်ဆံရေးကို တည်ဆောက်ရန် သင့်အတွက် လွယ်ကူလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသောအရာ အတိအကျဖြစ်ပြီး ၎င်းတို့အဖို့ လုံးဝ ရယူနိုင်သောအရာတစ်ခုလည်းဖြစ်သည်။ ဘုရားသခင်သည် သာမန်၊ ပုံမှန်ဖြစ်သော လူတို့ကိုသာ သူ့ရှေ့လာခွင့်ပေး၏။ ရုပ်ဖျက်ထားသူများ သို့မဟုတ် အယောင်ဆောင် ကျော်ကြားသူများ၊ ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများထံမှ ကိုးကွယ်မှုကို သူ လက်မခံပေ။ သင်သည် ဤအတုအယောင် ကိုယ်ရောင်ကိုယ်ဝါများကို လက်လွှတ်သည့်အခါ၊ သင်သည် သာမန်၊ ပုံမှန်လူတစ်ဦးဖြစ်ကြောင်း ဝန်ခံပြီး သမ္မာတရားကို ရှာကာ သူ့ထံ ဆုတောင်းရန် ဘုရားသခင်ဆီသို့ လာသည့်အခါ၊ သူ့အတွက် သင်ရှိသည့် စိတ်နှလုံးသည် များစွာ သာ၍ စစ်မှန်လိမ့်မည်ဖြစ်ပြီး သင်သည် များစွာ သာ၍ စိတ်အေးချမ်းလိမ့်မည်။ ထိုသို့သော အချိန်တွင်၊ သင့်ကို အားပေးပြီး ကူညီရန် ဘုရားသခင် လိုအပ်သည်ဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး၊ သူ့ထံ ရှာဖွေကာ ဆုတောင်းဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ သာ၍ မကြာခဏ လာနိုင်လိမ့်မည်။ ငါ့ကိုပြောလော့၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်၊ မဟာလူသားတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူသလော သို့မဟုတ် သာမန်လူတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူသလော။ (သာမန်လူတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူပါသည်။) သဘောတရားအရ၊ သာမန်လူတစ်ဦးဖြစ်ရန် လွယ်ကူသော်လည်း၊ အမြဲ ပူပင်သောကဝေဒနာဖြစ်စေသည့် ကြီးမြတ်သော ပုဂ္ဂိုလ် သို့မဟုတ် မဟာလူသားတစ်ဦး ဖြစ်ဖို့ ခက်ခဲ၏။ သို့ရာတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ပြီး လက်တွေ့လုပ်ဆောင်ကြသည့်အခါ၊ ၎င်းတို့သည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး မဖြစ်ချင်ဘဲမနေနိုင်ကြချေ။ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် မတတ်နိုင်ကြ။ ဤအရာကို ၎င်းတို့၏ သဘောသဘာဝနှင့် အနှစ်သာရတို့က ဖြစ်စေခြင်း ဖြစ်သည်။ ထိုသို့ဖြင့်၊ လူသည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်သည်။ အနာဂတ်တွင်၊ တစ်စုံတစ်ဦးက၊ “တစ်ဦးတစ်ယောက်သည် မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန် ကြိုးစားခြင်းကို မည်သို့ ရပ်တန့်နိုင်သနည်း”ဟု သင့်ကို မေးသည့်အခါ၊ ဤမေးခွန်းကို သင် ဖြေနိုင်လိမ့်မည်လော။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ငါ ချခင်းပေးသည့် နည်းစနစ်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သာမန်လူတစ်ဦး ဖြစ်လော့၊ မိမိကိုယ်ကိုယ် ဟန်မဆောင်နှင့်၊ ဘုရားသခင်ထံ ဆုတောင်းပြီး၊ ရိုးရှင်းသည့် နည်းလမ်းဖြင့် မိမိကိုယ်ကိုယ် ဖွင့်ဟပြီး၊ အခြားသူများနှင့် လှိုက်လှိုက်လှဲလှဲ စကားပြောရန် သင်ယူလော့။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် အလိုအလျောက် အကျိုးဖြစ်ထွန်းလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်ယူလိမ့်မည်။ ဘဝကို ငြီးငွေ့တော့မည် မဟုတ်၊ ပူပင်သောကရောက်တော့မည်မဟုတ်သကဲ့သို့ စိတ်ဆင်းရဲတော့မည် မဟုတ်ပေ။ လူအားလုံးသည် သာမန်လူများ ဖြစ်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ ကွာကြားပြီး အစွမ်းအစတွင် အတော်အတန် ခြားနားသည်မှလွဲ၍၊ ၎င်းတို့ကြားတွင် ကွာခြားမှု မရှိပေ။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကွယ်ကာမှုကြောင့် မဟုတ်လျှင်၊ ၎င်းတို့အားလုံး မကောင်းမှု ပြုမည်ဖြစ်ကာ အပြစ်ဒဏ်ခံစားရမည် ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်း ဝန်ခံနိုင်ပါက၊ လူ၏ စိတ်ကူးများနှင့် အနှစ်မဲ့သည့် အတွေးမှားများမှ သင် ထွက်နိုင်ပြီး၊ ရိုးသားသော လူတစ်ဦးဖြစ်ရန် ကြိုးစားကာ ရိုးသားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်လျှင်၊ ဘုရားသခင်ကို တာဝန်သိစွာ နာခံနိုင်လျှင်၊ သင်သည် ပြဿနာများရှိလိမ့်မည် မဟုတ်သကဲ့သို့ လူသား ပုံသဏ္ဍာန်ကို အပြည့်အဝ အသက်ရှင်လိမ့်မည်။ ထိုမျှ ရိုးရှင်းသောကြောင့် အဘယ်ကြောင့် လမ်းကြောင်း မရှိရသနည်း။ ယခု ငါ ပြောပြီးသည့်အရာသည် အလွန် ရိုးရှင်း၏။ အမှန်တွင်၊ ယင်းမှာ အတိအကျ ဖြစ်သည့်ပုံစံဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ထိုသမ္မာတရားကို လုံးဝ လက်ခံနိုင်ပြီး၊ “အမှန်တွင်၊ ဘုရားသခင်သည် လူ့အပေါ် အလွန်များစွာ မတောင်းဆိုပါ။ သူ၏ သတ်မှတ်ချက်များအားလုံးကို လူသား အသိတရားနှင့် အသိစိတ်တို့ဖြင့် ဖြည့်ဆည်းနိုင်သည်။ လူတစ်ဦးအတွက် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် မခက်ခဲပါ။ လူတစ်ဦးသည် လှိုက်လှိုက်လှဲလှဲ ပြုမူဆောင်ရွက်ပြီး ဤအရာကို လက်တွေ့လုပ်ဆောင်ရန် လိုအင်နှင့် ဆန္ဒရှိလျှင်၊ စွမ်းဆောင်ရရှိရန် လွယ်ပါသည်”ဟုလည်း ပြောလိမ့်မည်။ သို့ရာတွင် လူအချို့သည် ဤအရာကို စွမ်းဆောင်မရရှိနိုင်ပေ။ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ အမြဲ ရှိကြသူများ၊ မဟာလူသားများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များ အမြဲ ဖြစ်ချင်ကြသူများအတွက်၊ ၎င်းတို့အနေဖြင့် သာမန်လူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အတွက် မလွယ်ကူပေ။ ၎င်းတို့က မိမိတို့အနေဖြင့် အခြားသူများထက် သာလွန်ပြီး ပိုတော်သည်ဟု အမြဲ ခံစားကြသောကြောင့် ၎င်းတို့၏ စိတ်နှင့် နှလုံးသားတစ်ခုလုံးသည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်လိုသည့် ဆန္ဒဖြင့် လောင်မြိုက်နေသည်။ ၎င်းတို့သည် သာမန်လူများဖြစ်ကာ အဖန်ဆင်းခံများအဖြစ် မိမိတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် လိုလာခြင်း မရှိရုံမက၊ မဟာလူသားများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များဖြစ်ရန် ၎င်းတို့၏ လိုက်စားမှုအပေါ် မည်သည့်အခါတွင်မျှ လက်လျှော့လိမ့်မည် မဟုတ်ဟူ၍လည်း သန္နိာန်ပြုကြလေသည်။ ဤသည်မှာ ကုစား၍မရတော့ပေ။

လူအချို့သည် မည်သည့်အရာ ကြုံရသည်ဖြစ်စေ၊ သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ဘုရားသခင်ကို ဆုမတောင်းကြချေ။ မိမိတို့၏ ကိုယ်ပိုင် ဆန္ဒများ၊ ဆုကျေးဇူးများနှင့် အစွမ်းအစအရသာ ၎င်းတို့ ပြုမူဆောင်ရွက်ကြသည်။ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းသည့်အခါတွင်ပင်၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး မိမိတို့ စိတ်နှလုံးတွင်၊ “ဘုရားသခင်က ငါ့ကို ဉာဏ်အလင်းပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ အကောင်းဆုံးဟု ငါထင်သည့် နည်းလမ်းဖြင့်သာ ငါ ဆောင်ရွက်မည်”ဟု တွေးကြသည်။ ဤအရာများကို မိမိတို့ဘာသာ အပြည့်အဝ ကိုင်တွယ်နိုင်စွမ်းရှိပြီး မိမိတို့ လုပ်သည့် အလုပ်အတွက် အပြည့်အဝ အရည်အချင်းရှိသည်ဟု ခံစားကြသည်။ ၎င်းတို့အတွက်၊ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်းနှင့်ဆိုင်သည့် ကိစ္စမျှသာ ဖြစ်သည်။ ထိုသို့သော လူများသည် မည်သည့်အရာနှင့် တူသနည်း။ ၎င်းတို့သည် သာမန်၊ ပုံမှန်လူများ ဖြစ်သည်ဟု ၎င်းတို့ ဝန်ခံနိုင်ကြသလော။ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ကြသလော။ (လုံးဝ မဝင်ရောက်နိုင်ကြပါ။) ထိုသို့သော လူများသည် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြသလော။ (တွေးထင်ပါသည်။) ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိလျှင်ပင်၊ မည်သည့်အရာကိုမဆို ၎င်းတို့ ကိုင်တွယ်နိုင်ပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေခြင်းမရှိဘဲနှင့် ဗျာများခြင်း သို့မဟုတ် အခက်အခဲများနှင့်ပတ်သက်သည့် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပြီးစီးစေနိုင်သည်ဟု ယုံကြည်ကြသည်။ ဤကဲ့သို့သော လူများသည် မည်သည့် လမ်းကြောင်းကို လျှောက်နေကြသနည်း။ ရှာဖွေသည့် လမ်းကြောင်းမှာ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်ရန် ဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ မည်မျှ ကြီးမားသည့် အမှားလုပ်မိကြသည်ဖြစ်စေ၊ သို့မဟုတ် ပြစ်မှားမှု မည်မျှ ကျူးလွန်မိကြသည်ဖြစ်စေ၊ ၎င်းတို့အတွက် ဘာမျှမဟုတ်သကဲ့သို့ ဖြစ်သည်။ အမှုအရာများစွာကို ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သရွေ့၊ အောင်မြင်မှုအချို့ကို စုဆောင်းပြီးဖြစ်ကာ သာလွန်သည့် ခံစားချက်တစ်ခုခု ခံစားရသရွေ့၊ အရင်းအမြစ်များနှင့် အရည်အသွေးများ ၎င်းတို့ ပိုင်ဆိုင်ထားသည်ဟု ခံစားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလုပ်ကြိုးစားပြီး ဘုရားအိမ်တော်အတွက် များစွာ စွမ်းဆောင်ရရှိပြီးကြသူများဖြစ်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ မလိုအပ်ကြချေ။ ၎င်းတို့ကိုယ်တိုင်က မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြသည်။ ထိုသို့သော လူများသည် ဘုရားရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ လာလိမ့်မည် မဟုတ်။ ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိဟု ၎င်းတို့ ကြွားဝါကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ၊ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုရန် မဆိုထားနှင့်၊ ဘုရားသခင်ထံ လုံးဝ ဆုမတောင်းကြသကဲ့သို့ သမ္မာတရား၏ စည်းမျဉ်းများကိုပင် မရှာကြချေ။ ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို ရှာရန် မဆိုထားနှင့်၊ အထက်ကိုပင် တစ်ကြိမ်တစ်ခါမျှ မေးမြန်းခြင်း မရှိကြချေ။ ဘုရားနှုတ်ကပတ်တော်များတွင် အမှုအရာများစွာကို ခြုံငုံထားခြင်း ရှိသကဲ့သို့ ခိုင်လုံသည့် ရှင်းပြချက် ပေးထားခြင်းမရှိသောကြောင့်၊ ထိုသို့သော အရာများကို မိမိတို့ဘာသာ ဖြေရှင်းရန်မှာ ၎င်းတို့အတွက် အဆင်ပြေသည်ဟု တွေးထင်ကြသည်။ မသိလိုက်ဘဲနှင့်၊ ဘုရားသခင်ကို ၎င်းတို့ တစ်ဖက်တွင် ဖယ်ထားလိုက်မိကြသည်။ မသိလိုက်ဘဲနှင့်၊ အခြားသူများအပေါ် ၎င်းတို့ အထင်အမြင်သေးပြီး၊ လူတိုင်းကို ခြေဖြင့်နင်းလိုက်မိကြသည်။ ၎င်းတို့ လျှောက်လှမ်းနေသည့် လမ်းသည် ကျော်ကြားသူတစ်ဦး၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦး ဖြစ်လာခြင်းဆီသို့ သွားသည့် လမ်းဖြစ်သည်။ အဆုံးတွင်၊ ဤလူစားမျိုးသည် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ၎င်းတို့အနေဖြင့် သာမန်လူများဖြစ်ကြောင်း၊ အမှားများ ပြုလုပ်နိုင်စွမ်း၊ ပြစ်မှားမှုများ ကျူးလွန်နိုင်စွမ်းရှိပြီး ကျရှုံးနိုင်စွမ်း ရှိကြောင်းနှင့် ၎င်းတို့တွင် ပြစ်ချက်များနှင့် အပြစ်အနာအဆာများစွာ ရှိကြောင်း ဝန်ခံဖို့ သင်ယူရန် ၎င်းတို့ကို သင် စေခိုင်းမည်ဆိုပါက၊ ဤအရာကို ၎င်းတို့ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ထိုကိုယ်ရောင်ကိုယ်ဝါများနှင့် အောင်ပန်းသရဖူများကို ချွတ်ရန်၊ ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ၎င်းတို့ကိုပေးထားသည့် အထင်ကြီးမှုကို လက်လွှတ်ရန်နှင့် အသင်းတော်၌ရှိသည့် မိမိတို့၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ရန် ၎င်းတို့ကို သင် ပြောပါက၊ ၎င်းတို့ သဘောတူကြမည်လော။ (တူကြမည်မဟုတ်ပါ။) ၎င်းတို့က၊ “ကျွန်ုပ် ကြိုးစားရယူထားသည့် ကျော်ကြားမှုနှင့် အောင်ပန်းသရဖူများကို ဤကဲ့သို့ တင်းတိမ်ရောင့်ရဲစွာ ကျွန်ုပ် အဘယ်သို့ စွန့်လွှတ်နိုင်မည်နည်း။ ကျွန်ုပ် မအပါ”ဟု ပြောကြပေမည်။ ပိုများသည့် လူတို့က ၎င်းတို့ကို မဟာလူသားများနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်များအဖြစ် ဆက်ဆံရန် ၎င်းတို့ စိတ်ထက်သန်စွာ အလိုရှိကြသည်။ ၎င်းတို့ ပြစ်ချက်များနှင့် အပြစ်အနာအဆာများကို လူတို့ မြင်ပြီး ပုံမှန်လူများကဲ့သို့ ၎င်းတို့ကို မဆက်ဆံစေချင်ကြပေ။ လူတို့က ၎င်းတို့၏ အမှားများ၊ ကျရှုံးမှုများနှင့် အပြုအမူတို့ကို ဖော်ထုတ်သည့်အခါ သာ၍ပင် ၎င်းတို့ မနှစ်သက်ကြချေ။ ထိုသို့သောလူများသည် ဆုတောင်းပြီး သမ္မာတရား ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ကြသလော။ (မလာနိုင်ကြပါ။) ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလျှင်ပင်၊ ၎င်းတို့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု ရှိကြလိမ့်မည်လော။ ရှိကြမည် မဟုတ်။ ၎င်းတို့ ပြောဆို၊ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ ခေါင်းပေါ်ရှိ သရဖူနှင့် မိမိတို့ကိုယ်ပိုင် သိက္ခာအတွက် ဖြစ်သည်။ ၎င်းတို့သည် လူတိုင်းမြင်ဖို့ အမှုအရာများကို လုပ်ဆောင်ကြသော်လည်း ဘုရားသခင်၏ စိစစ်မှုကို လက်ခံကြလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို မိမိတို့တွင် မရှိသည့် ရိုးသားစစ်မှန်သော စိတ်နှလုံးကို မပူဇော်နိုင်ကြပေ။ ဘုရားနှုတ်ကပတ်တော်ရှိ ဘုရားသခင်၏ အလိုတော်ကို မည်သည့် နည်းနှင့်မျှ ၎င်းတို့ သဘောမပေါက်နိုင်ကြသကဲ့သို့၊ ဘုရားသခင် တောင်းဆိုသည့်ရာနှင့်အညီ မပြုမူနိုင်ကြပေ။ ထို့ကြောင့်၊ ဤလူစားမျိုးသည် သမ္မာတရားကို ရှာဖွေလိုပြီး ကျော်ကြားသူ သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်လိုသည့် ဆန္ဒကို ဖယ်ရှားလိုလျှင်ပင်၊ ရိုးသားစစ်မှန်ခြင်း မရှိကြချေ။ ဇာတိပကတိကို ၎င်းတို့ မစွန့်လွှတ်နိုင်ကြသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်သည်။ အန္တိခရစ်များဖြစ်ကြသည်။ အန္တိခရစ်များသည် အဆင့်အတန်း၊ ဩဇာအာဏာနှင့် လူတို့ကြားတွင် သိက္ခာအနည်းငယ်ရှိသည်နှင့်၊ ပြန်လမ်းမရှိသည့် လမ်းကြောင်းတစ်ခုကို စတင်ရင်း၊ အမှီအခိုကင်းသည့် နိုင်ငံ ထူထောင်ခြင်းကို ခေါင်းမဖော်ဘဲလုပ်ကြတော့သည်။ သမ္မာတရားနှင့် ပတ်သက်၍ ၎င်းတို့ကို သင် အကြိမ်ပေါင်းမည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ၊ အချည်းနှီးဖြစ်လာလိမ့်မည်။ ဘုရားအိမ်တော်တွင်၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း၊ အတွေ့အကြုံများနှင့် သက်သေခံချက်များ၊ ဘုရားသခင်ကို ချစ်ပြီး သက်သေခံရန် ကြိုးစားခြင်းနှင့် သမ္မာတရားအပေါ် သိနားလည်မှု စစ်စစ်နှင့် စည်းမျဉ်းများကို မိတ်သဟာယပြုရာတွင် ပါဝင်ခြင်း - ဤအပြုသဘောဆောင်သော အရာများသည် သမ္မာတရားကို ချစ်ပြီး၊ ဘုရားသခင်အတွက် ကြီးမားသည့် စိတ်ပြင်းပြမှုတစ်ခု ရှိသူတို့အတွက်သာ ထိရောက်ပေသည်။ သမ္မာတရားကို မချစ်သူများ၊ ကောင်းချီးများကိုသာ လိုက်စားသူများနှင့် မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ် တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ချင်သူတို့အတွက်၊ ထိုအရာများသည် လုံးဝ အသုံးမဝင်ပေ။ မည်သည့် အမှန်တရားများ၊ မှန်ကန်သည့် စကားများနှင့် အပြုသဘောဆောင်သော အရာများမဆိုသည် သမ္မာတရားကို ချစ်သောသူများ၊ ဘုရားနှုတ်ကပတ်တော်ကို ချစ်ပြီး ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒပြင်းပြမှု ရှိသူတို့အတွက်သာ ဖြစ်သည်။ သမ္မာတရားကို နားထောင်ပြီးနောက်တွင်၊ ဤအရည်အချင်းများ မပိုင်ဆိုင်သောသူတို့သည်လည်း သမ္မာတရား မှန်ကန်ပြီး သမ္မာတရား ကောင်းမြတ်သည်ဟု ပြောကြလိမ့်မည် ဖြစ်သော်လည်း၊ ထိုသမ္မာတရားကို ၎င်းတို့ တွေးဆပြီး “မည်သည့်အရာအတွက် ငါ အသက်ရှင်နေသနည်း။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ အောင်ပန်းသရဖူများ၊ ကိုယ်ရောင်ကိုယ်ဝါများနှင့် ဘုရားသခင်၏ ဆုလာဘ်များအတွက် ငါ အသက်ရှင်သည်။ ဤအရာများ မရှိဘဲနှင့် ငါ့ထံတွင် ဂုဏ်သိက္ခာ ရှိသေးပါသလား။ ငါ့ဘဝ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ ဆုလာဘ်များနှင့် သရဖူများနောက်လိုက်ရန် နည်းလမ်းတစ်ခုသာ ဖြစ်သည် မဟုတ်ပါလား။ ယခုတွင် ကျွန်ုပ်၏ စိတ်နှလုံးနှင့် အသွေးများစွာဖြင့် အဖိုးအခကို ငါ ပေးပြီးဖြစ်ကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက်တွင်၊ ကောင်းမြတ်သူကို ဆုချီးမြှင့်ကာ ဆိုးယုတ်သူကို အပြစ်ပေးရန် ဘုရားသခင်အတွက် နောက်ဆုံးတွင် အချိန်ကျလာပြီဖြစ်သည်။ ဤသည်မှာ ငါ သရဖူဆောင်းပြီး၊ ငါ၏ ဆုလာဘ် ရရှိသင့်သည့် အချိန်ဖြစ်သည်။ ဤအရာကို အခြားတစ်စုံတစ်ဦးထံ အဘယ်သို့ ငါ ပေးနိုင်မည်နည်း။ အခြား ရိုးရိုးလူများအားလုံးကဲ့သို့ပင် ပုံမှန်လူတစ်ဦး၊ သာမန်လူတစ်ဦးဖြစ်ရန်မှာ၊ ထိုသို့ အသက်ရှင်ရာတွင် မည်သည့် အဓိပ္ပာယ်ရှိပါသနည်း။ ကျွန်ုပ် ထိုသို့မအပါ” ဟု တွေးကြလိမ့်မည်။ ထိုသို့သောလူသည် ကုစားမရနိုင်သည် မဟုတ်လော (ဟုတ်ပါသည်။) ထိုသို့သောလူများကို ဖျောင်းဖျရန် မကြိုးစားနှင့်။ သမ္မာတရားသည် ၎င်းတို့အတွက် မဟုတ်သကဲ့သို့ ၎င်းတို့ လိုချင်သည်မှာ သမ္မာတရား မဟုတ်ပေ။ ဤလူစားမျိုးသည် ကောင်းချီးများနှင့် သရဖူများကိုသာ ရှာဖွေသည်။ ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များသ်ည ပုံမှန်လူများအတွက် လိုအပ်သည့်အရာ၏ အကန့်အသတ် အတိုင်းအတာကို ကျော်လွန်သည်။ ဤလူစားမျိုးက အဘယ်ကြောင့် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ဖက်တွယ်ပြီး လက်မလွှတ်ချင်ရသည်ကို လူအချို့က တွေးမရပေ။ ဤသည်မှာ ဤလူစားမျိုး၏ အနှစ်သာရနှင့် မွေးရာပါ သဘာဝဖြစ်သည်။ သင်၏ အနှစ်သာရသည် ၎င်းတို့နှင့် ကွာခြားသောကြောင့် ထိုအရာကို သင် နားမလည်နိုင်သကဲ့သို့၊ ၎င်းတို့ကလည်း သင့်ကို နားမလည်နိုင်ကြပေ။ သင် အဘယ်ကြောင့် အလွန် အသည်ကို ၎င်းတို့ မသိကြ။ သင်သည် အသင့်လုပ်ထားသည့် သရဖူများ၊ ကိုယ်ရောင်ကိုယ်ဝါများနှင့် ဂုဏ်သိက္ခာတို့ကို မလိုချင်သကဲ့သို့၊ ထိုအစား သာမန်လူတစ်ဦး ဖြစ်မည် ဖြစ်သည်။ သင့်ကို မယုံကြည်နိုင်လောက်စရာဖြစ်သည်ဟု ၎င်းတို့ မြင်သည်။ ဤလူစားမျိုးက၊ “သင်သည် သမ္မာတရားကို တာဝန်သိစွာ လိုက်စားသည်၊ ဘုရားသခင် သင့်ကို ပြောပြသည့်အရာကို သင် လက်တွေ့လုပ်ဆောင်သည်၊ လုပ်ဆောင်ရန် သင့်ကို ဘုရားသခင် ပြောသည့်အရာကို သင် လုပ်ဆောင်ပြီး၊ သင့်ကို လုပ်ဆောင်ရန် ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို သင် နာခံသည်။ သင် အဘယ်သို့ အလွန် အရသနည်း”ဟု တွေးလေသည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် သမ္မာတရားကို လက်တွ့လုပ်ဆာင်ခြင်းတို့က အသည်၊ မသိနားမလည်ဖြစ်ကာ ဉာဏ်လေးသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ အသိပညာကို လိုက်စားခြင်းနှင့် သာလွန်သော လူတစ်ဦး တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ခြင်းတွင် ၎င်းတို့ လိမ္မာပါးနပ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အရာရာကို ၎င်းတို့ နားလည်သည်ဟု တွေးထင်လျက်၊ ၎င်းတို့က၊ “အဆင့်အတန်းနှင့် ဂုဏ်သိက္ခာမရှိ၊ မိမိတို့ ခေါင်းပေါ်တွင် မည်သည့် သရဖူမျှ မဆောင်းသကဲ့သို့၊ လူများကြားတွင် တန်ဖိုးမရှိသည့်အပြင်၊ ပြောစရာ ဩဇာအာဏာမရှိသည့် လူတစ်ဦးသည် အသုံးမကျပါ။ လူတစ်ဦးသည် ကျော်ကြားမှုအတွက် အသက်မရှင်လျှင်၊ အကျိုးအမြတ်အတွက် အသက်ရှင်ရမည်။ အကျိုးအမြတ်အတွက် အသက်မရှင်လျှင်၊ ကျော်ကြားမှုအတွက် အသက်ရှင်ရမည်”ဟု ၎င်းတို့ ကောက်ချက်ချကြသည်။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်လော။ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြင့် အသက်ရှင်ရင်း၊ ၎င်းတို့အတွက် ဖြေဆေးမရှိပေ။ ၎င်းတို့သည် မည်သည့် ဘုရားနှုတ်ကပတ်တော်များ၊ အပြုသဘောဆောင်သောအရာများ သို့မဟုတ် မှန်ကန်သည့် အကြံတစ်ခုကိုမျှ လုံးဝ လက်ခံနိုင်ကြမည် မဟုတ်။ ဤအရာကို ၎င်းတို့ လက်မခံလျှင်၊ မည်သည့်အရာ လုပ်စရာရှိပါသနည်း။ ငါတို့ ပြောဆိုသည့် ဤစကားများသည် ၎င်းတို့အတွက် မဟုတ်ပေ။ ဤစကားလုံးများသည် ပုံမှန် လူ့သဘာဝရှိသူများကိုသာ၊ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသူများကိုသာ ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုစကားများသည် ဤလူများအတွက်သာ ဖြစ်သည်။ ဤလူများသည်သာ ဘုရားနှုတ်ကပတ်တော်များကို စိတ်ထက်သန်စွာ နားထောင်ပြီး တွေးဆနိုင်ကြသည်၊ သမ္မာတရား သိနားလည်ခြင်းကို ရယူနိုင်ကြသည်၊ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ကြသည်၊ ဘုရားသခင် တောင်းဆိုသည့်အတိုင်း မိမိတို့၏ တာဝန်များကို ဆောင်ရွက်ကြသည်၊ ဘုရားသခင် စီစဉ်သည့် ပတ်ဝန်းကျင်များတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံကြပြီး၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ အပြုသဘောဆာင်သော အရာများနှင့် ဘုရားနှုတ်ကပတ်တော်များအတွက် မိမိတို့ စိတ်နှလုံးတွင် စက်ဆုပ်မှုနှင့် ရန်လိုမှုတို့ သိုထားကြသူများအတွက်မူ၊ မထူးခြားသကဲ့သို့ မကျော်ကြားသင့် ဘဝတစ်ခု အသက်ရှင်ရန်၊ သာမန်လူတစ်ဦးဖြစ်ရန်၊ ဘုရားရှေ့သို့ တာဝန်သိစွာ လာပြီး၊ မိမိတို့ နားမလည်သည့်အရာများနှင့် စပ်လျဉ်း၍ မိမိတို့ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေ၊ စောင့်ဆိုင်းရန် ၎င်းတို့ကို ညှိနှိုင်းမရနိုင်ပေ။ ထိုသို့သော လူတစ်ဦးဖြစ်ရန် ၎င်းတို့ မရောင့်ရဲကြချေ။ ထိုသို့ဖြင့်၊ ထိုသို့သော လူတစ်ဦးအတွက် ကယ်တင်ခံရရန် မဖြစ်နိုင်ပေ။ ကောင်းကင်နိုင်ငံတော်သည် ၎င်းတို့အတွက် ပြင်ဆင်ထားခြင်း မဟုတ်ပေ။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဘုရားသခင် ပြောသည့် သာမန်၊ ပုံမှန် အဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်ပြီး၊ အဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သည့် နေရာတွင် ရပ်တည်နိုင်သူ မည်သူမဆို၊ အခြားသူများ၏ အထင်သေးခြင်းခံရသည့် ထိုမိုက်မဲသည့် လူတစ်ဦးဖြစ်ရန် လိုလားပြီး၊ ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာလျက်၊ မကြာခဏ ရှာဖွေရင်းနှင့် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရင်း၊ မည်သည့်အရာကို ဘုရားသခင် ပြောသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို လက်ခံကာ နာခံနိုင်သောသူ မည်သူဆိုသည် ဘုရားသခင် ပြောဆိုသည့် အောင်မြင်သောသူများထဲမှတစ်ဦး ဖြစ်လာနိုင်သည်။ ဘုရားသခင် ပြောသည့် အောင်မြင်သောသူများထဲမှ တစ်ဦး ဖြစ်လာသူ မည်သူမဆိုသည် လူသားမျိုးနွယ်ကို ဘုရားသခင် ကတိပေးထားသည့်အရာကို နောက်ဆုံးတွင် ရရှိလိမ့်မည်။ ဤသည်မှာ သေချာ၏။

လူတစ်ဦးသည် ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိ၊ သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ချိန်ဆသည့်အခါ၊ သူ၏ နှုတ်ကပတ်တော်များပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် သူ၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားတို့ကို သူ သုံးသပ်ဆင်ခြင်သည်။ မိမိတို့ နားလည်သည့် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်ကို သူ သုံးသပ်ဆင်ခြင်သည်။ ၎င်းတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါနှင့် စမ်းသပ်မှုများ ကြုံရသည့်အခါ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်ကို သူ သုံးသပ်ဆင်ခြင်သည်။ ဘုရားသခင်ကို ၎င်းတို့ ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် အလိုရှိကာ လက်ခံကြခြင်း ရှိမရှိဆိုသည်ကို သူ သုံးသပ်ဆင်ခြင်သည်။ ၎င်းတို့၏ ပညာရေး အဆင့်၊ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူး မည်မျှ ပိုင်ဆိုင်သည်၊ မည်မျှဝေးဝေး ခရီးသွားကြပြီးဖြစ်သည်၊ သို့မဟုတ် အလုပ်မည်မျှ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်ကို သူ အကဲမဖြတ်ပေ။ ဤအရာများကို ဘုရားသခင် မသုံးသပ်မဆင်ခြင်သကဲ့သို့ ဤအရာများကို ဆန္ဒမရှိပေ။ သင်သည် သင်၏ ဆန္ဒများနှင့် ရည်မှန်းချက်များကို ဘုရားသခင်ထံ ယူဆောင်ပြီး၊ ထိုအရာများကို ဆုလာဘ်များနှင့် သရဖူများအတွက် လဲလှယ်ချင်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်များကို သင် အမြဲ ပယ်ချကာ လျစ်လျူရှုသည်ဆိုပါစို့။ ဘုရားသခင်သည် နှုတ်ကပတ်တော် ထောင်ချီဆင့်ကာ ပြောဆိုပြီးဖြစ်သော်လည်း၊ ဘုရားသခင်ထံမှ စကားတစ်ခွန်းမျှ သင့်စိတ်နှလုံးတွင် ကျန်ရှိခြင်း မရှိပေ။ ဘုရားသခင်၏ တိုက်တွန်းချက်များ၊ သူ၏ သတိပေးချက်များ၊ သူ၏ အသိပေးချက်များ သို့မဟုတ် သူ၏ တရားစီရင်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများ သို့မဟုတ် သွန်သင်ချက်များထဲမှပင် စကားတစ်လုံးမျှ - သင်၏ စိတ်နှလုံးတွင် ဤစကားများထဲမှ တစ်လုံးမျှ သင် မရှိပေ။ သင်၏ စိတ်နှလုံးတွင် သင်၏ ဆောင်ပုဒ်အဖြစ် ဘုရားသခင် ပြောဆိုထားသည့် စကားတစ်ခွန်းမျှ သင် မယူပေ။ သင်၏ စိတ်နှလုံးက ဘုရားသခင်ထံမှ စကားတစ်ခွန်းမျှ သတိမရသကဲ့သို့ တစ်ချိန်တည်းတွင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန် မည်သည့် အဖိုးအခမျှ သင် မပေးဆပ်ပေ။ ဤသည်မှာ အားလုံး မှန်ကန်ပါက၊ ဘုရားသခင်၏ ရှုထောင့်အမြင်အရ၊ သင်၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်တို့ကို သတ်မှတ်ထားနှင့်ပြီး ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တွင်၊ ဖန်ဆင်းရှင်၏ မျက်မှောက်တွင်၊ သင်သည် သာမန် သို့မဟုတ် သာမညလူတစ်ဦးဖြစ်ရန် သင် ပြေလည်ခြင်း မရှိပါက၊ ဖန်ဆင်းရှင်၏ မျက်မှောက်တွင်၊ သင် ပမာမခန့် ပြုမူဝံ့ပါက၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်၊ မဟာလူသား၊ ထူးခြားသောလူတစ်ဦးအဖြစ် အမြဲ ဟန်ဆောင်ချင်ပြီး၊ သင့်ကို ဘုရားပေးထားသည့် နေရာတွင် ရှိမနေပါက၊ ဘုရားသခင်ထံမှ မည်သည့်အရာကို သင် ရရှိချင်သေးသနည်း။ ထိုအရာကို ဘုရားသခင်က သင့်အား ပေးလိမ့်မည်လော။ လူကို ဘုရား ကတိပေးပြီးသည့်အရာကို လူတို့ ရရှိလိုပါက၊ ပထမဦးစွာ ဘုရားသခင်၏ နည်းလမ်းကို ၎င်းတို့ လိုက်လျှောက်ရမည်။ ဤသည်မှာ ယေဘုယျ လိုက်လျောညီထွေလုပ်ခြင်း ဖြစ်သည်။ တိကျသည့် လိုက်လျောညီထွေဖြစ်အောင်လုပ်ခြင်းအတွက်မူ၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ နားထောင်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ ဤလမ်းကြောင်းက ၎င်းတို့ကို လုံးဝ မှားယွင်းသွားစေလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး လက်တွေ့လုပ်ဆောင်လော့၊ ဘုရားနှုတ်ကပတ်တော်များကို သင့်ဘဝ၏ စစ်မှန်မှု၊ အခြေခံအကြောင်းရင်း၊ စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် သင် ပြောဆိုသည့်အရာ၏ ရည်မှန်းချက်ပန်းတိုင်၊ သင် ပြုမူနေထုင်ပုံ၊ အမှုအရာများကို သင် ရှုမြင်ပုံနှင့် အမှုအရာများကို သင် လုပ်ဆောင်ပုံများအဖြစ်သို့ ပြောင်းလဲသွားစေလော့။ ဆိုလိုသည်မှာ သင် ပြောသည့်အရာနှင့် သင် ပြုလုပ်သည့် အကဲဖြတ်မှုများသည် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အခြေခံအကြောင်းရင်းအဖြစ် ရှိကြရမည်ဟူ၍ ဖြစ်သည်။ လူတစ်မျိုးနှင့် သင် ပတ်သက်ရန် ရွေးချယ်ပြီး၊ နောက်လူတစ်မျိုးကို ရှောင်ရှား၊ ငြင်းပယ်ရန် ရွေးချယ်သည့် အခါတိုင်းတွင်၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေခံအကြောင်းရင်းအဖြစ် သင် ရှိရမည်။ အခြားသူများကို သင် ဒေါသထွက်ပြီး ကျိန်ဆဲလျှင်ပင်၊ သင်၏ လုပ်ရပ်များသည် စည်းမျဉ်းများနှင့် ဆက်စပ်အကြောင်းအရာရှိရမည်ဖြစ်ပြီး၊ သမ္မာတရားနှင့် အခြေခံအားဖြင့် ကိုက်ညီရမည်။ ဤသို့ဖြင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို သင် အသက်ရှင်နေထိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ကြိုးစားခြင်းသည် အရည်အချင်းပြည့်မီသော အဖန်ဆင်းခံတစ်ဦးဖြစ်လာရန် သမ္မာတရား လိုက်စားခြင်းနှင့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၏ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ မိမိကိုယ်ကိုယ် မဟာလူသားတစ်ဦး၊ ထူးခြားသောလူတစ်ဦးနှင့် ကျော်ကြားသူ သို့မဟုတ် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ကြိုးစားခြင်းမှ လွတ်မြောက်စေခြင်း ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ မဟာလူသားတစ်ဦး၊ ကျော်ကြားသူတစ်ဦးနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ကြိုးပမ်းခြင်း လမ်းကြောင်းမှ သို့မဟုတ် ဤလိုက်စားမှု နည်းလမ်းမျိုးမှ သင် လွတ်မြောက်လိုပါက၊ သင်၏ ကိုယ်နေဟန်ထားကို ပထမဦးစွာ နိမ့်ရမည်၊ သင့်ကိုယ်သင် နှိမ့်ချရမည်၊ သင်သည် လူတစ်ဦး၊ အရေးမပါသည့် လူတစ်ဦးနှင့် ဘုရားသခင်၏ လမ်းပြမှုမရှိဘဲနှင့် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သည့် လူတစ်ဦး၊ သာမန်လူတစ်ဦးမျှသာ ဖြစ်သည်ကို ဝန်ခံရမည်။ ဘုရားသခင်နှင့် ဘုရားနှုတ်ကပတ်တော်များကလွဲ၍ သင်သည် ဘာမျှမဟုတ်ကြောင်း ဝန်ခံရမည်။ သင်သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရန် လိုလားလျက်ရှိသည့် လူတစ်ဦး ဖြစ်သည်။ သင့်ကို ဘုရားပေးထားသည့် ထွက်သက်ဝင်သက်မရှိဘဲနှင့်၊ သင့်ကို သူ ပေးထားသမျှအားလုံး မရှိဘဲနှင့်၊ သင်သည် အလောင်းကောင်တစ်ဦးနှင့် အသုံးမကျသူတစ်ဦး ဖြစ်သည်။ ဤအရာများကို အသိအမှတ်ပြုနေစဉ်တွင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့လာပြီး၊ သူ ပြောပြီးသည့် အသက်နှင့်ဆိုင်သော စကားများအားလုံးကို လက်ခံရမည်မှာ အမှန်ဖြစ်သည်။ အရေးအကြီးဆုံးမှာ၊ ဘုရားသခင် ပြောဆိုသည့် ဤစကားများ၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ရမည်၊ ဘုရားသခင်၏ စကားများကို သင်၏ အသက်ဖြစ်စေရမည်၊ သင့်ဘဝနှင့် တည်ရှိမှုတို့၏ အခြေခံအုတ်မြစ်နှင့် အခြေခံအကြောင်းရင်း ဖြစ်လာစေရမည်ဖြစ်ပြီး၊ သင့်ဘဝတစ်ခုလုံးတစ်လျှောက် သင်၏ ရှင်သန်ခြင်း အရင်းအမြစ်နှင့် အထောက်အပံ့တစ်ခု ဖြစ်စေရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်၏ လူ့အပေါ် သူ၏ အမြင့်ဆုံးသော သတ်မှတ်ချက် ဖြစ်သည်။

ယနေ့တွင်၊ ငါတို့ မိတ်သဟာယ၏ အဓိက အကြောင်းအရာမှာ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ သဘောထားရမည်၊ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်၊ ဘုရားနှုတ်ကပတ်တော်များကို လူတို့က မည်သို့ တန်ဖိုးထားသင့်သည်ဆိုသည်နှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီး ကယ်တင်ခြင်းကို ရရှိရန် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဟူ၍ ဖြစ်သည်။ အဓိကအားဖြင့်၊ ဘုရားနှုတ်ကပတ်တော်၏ အရေးပါမှုနှင့်ပတ်သက်သည့် မိတ်သဟာယတွင် ငါတို့ ပါဝင်ကြပြီး ဖြစ်သည်။ ဤအရာများသည် သင်တို့ ချို့တဲ့သည့်အရာများနှင့် လူက ပိုင်ဆိုင်သင့်သည့်အရာများ အတိအကျ ဖြစ်သည်။ ငါသည် ဤသို့ မိတ်သဟာယမပြုခဲ့ပါက၊ ထိုသို့သော အရာများကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်ကြမည် မဟုတ်။ သင်တို့တွင် မသိစိတ်နှင့်ဆိုင်သော အသိပညာအချို့ ရှိပုံရသော်လည်း၊ သင်တို့ သိသည့်အရာကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ အကြမ်းဖော်ပြချက် စီစဉ်ထားသော်လည်း ပါဝင်သည့် အကြောင်းအရာကို သင် မဖြည့်နိုင်ဘဲ ရှိနေသေးချိန်တွင်၊ ဆောင်းပါးတစ်ပုဒ်ကို ရေးသားသကဲ့သို့ ဖြစ်သည်။ ဤသည်မှာ သင်၏ တကယ့် အခြေအနေ ဖြစ်သည်။ ဤအရာများနှင့် ပတ်သက်၍ ယနေ့၏ မိတ်သဟာယမှာ သင်တို့အတွက် အသိပေးချက်နှင့် သတိပေးချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးစီအတွက်၊ ဘုရားနှုတ်ကပတ်တော်များသည် အရေးအကြီးဆုံးသော အရာဖြစ်ပြီး၊ သမ္မာတရားအတွက် အစားထိုးမရှိပေ။ ဤအချက်ကို သင်နားလည်သည်နှင့် တစ်ပြိုင်နက်၊ လက်တွေ့လုပ်ဆောင်ပုံအတွက် လမ်းကြောင်းတစ်ခု သင်တို့ ရှိသင့်သည့်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး လက်တွေ့လုပ်ဆောင်ရန် သင် သာ၍ လုပ်ဆောင်ရမည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု အလွန် သေးငယ်သည်၊ သင်၏ နားလည်သဘောပေါက်နိုင်စွမ်း ချို့တဲ့နေပြီး ဘုရားသခင်၏ နက်ရှိုင်းသည့် နှုတ်ကပတ်တော်များကို သင် ထွင်းဖောက်မသိနိုင် သို့မဟုတ် အလှမ်းမမီနိုင်သကဲ့သို့ ထိုနှုတ်ကပတ်တော်များကို မိမိကိုယ်ကိုယ်အတွက် မကျင့်သုံးနိုင်ဟု သင် ခံစားရပါက၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ပေါ့တန်သည့်အပိုင်းများမှ စားသောက်ခြင်းအားဖြင့် စတင်လော့။ သင်၏ စိတ်နှလုံးတွင်၊ မိမိဘာသာ လက်တွေ့လုပ်ဆောင်နိုင်သည့် ရိုးရှင်း၊ နားလည်ရလွယ်သော နှုတ်ကပတ်တော်များကို အာဂုံဆောင်လော့၊ ထိုနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် သင် လိုက်လျှောက်သည့် စည်းမျဉ်းများ ဖြစ်စေပြီး၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း ပြုမူဆောင်ရွက်လော့။ အရှေ့ကိုသွားဖို့ ဘုရားသခင် ပြောလျှင်၊ အရှေ့ကို သွားလော့။ အနောက်အရပ်ကို ဘုရားသခင် သွားဖို့ ပြောလျှင်၊ အနောက်အရပ်ကို သွားလော့။ သာ၍ ဆုတောင်းရန် ဘုရားသခင် ပြောလျှင်၊ သာ၍ ဆုတောင်းလော့။ စာတန်က တော်ပြီး လိမ္မာပါးနပ်သည့်လူတစ်ဦးအဖြစ် စဉ်းစားမည့်အရာဖြစ်ဖို့ထက် မိုက်မဲသူတစ်ဦးအဖြစ် အခြားသူများ၏ တွေးထင်ခြင်းခံရရန် သာ၍ ကောင်း၏။ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော ရည်မှန်းချက်ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်သူတို့သာ အမှန်တကယ် အသိဉာဏ်ရှိပြီး အမြော်အမြင်ရှိသူများ ဖြစ်ကြသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်

အရှေ့သို့- သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်

နောက်တစ်ခုသို့- လူသားသည် အသစ်သောကာလသို့ ကူးပြောင်းပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။