မေးခွန်း (၃) ကျွန်တော်တို့တွေ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်တွေကို စပြီးလေ့လာဆည်းပူးကတည်းက ဘာသာရေးခေါင်းဆောင်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အရင်ထက်ပိုပြီး ထိတ်ထိတ်ပျာပျာနဲ့ ရှုတ်ချနေကြတယ် ကျွန်တော်တို့ စစ်မှန်တဲ့လမ်းကိုလေ့လာနေတာကို သူတို့တွေက ရသမျှနည်းလမ်းနဲ့ တားဆီးနေကြတာ ဒါဟာ ဟိုးယခင်နှစ်ဟောင်းကာလတွေတုန်းက သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချကြတဲ့ ဂျူးလူမျိုးဖာရိရှဲတွေရဲ့အဖြစ်မျိုးနဲ့ ဘာမှကွာခြားမှုမရှိဘူး အခုတလောကျွန်တော်စဉ်းစားနေတာ.. ဘုရားသခင်က အမှုတော်ဆောင်ရွက်ဖို့ ဘာဖြစ်လို့ နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိမှာပေါ်လာတာလဲဆိုတာနဲ့ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ဘုရားမဲ့ဝါဒီအစိုးရဲ့ ပြစ်တင်ရှုတ်ချခြင်းနဲ့နှိပ်စက်ညှဥ်းပန်းခြင်းတွေ စုပေါင်းခံယူဖို့ ဘာလို့နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံတာလည်း ဆိုတာတွေလေ.. နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ လူသားတွေသန့်စင်စေဖို့၊ ကယ်တင်ခြင်းရရှိဖို့သက်သက်နဲ့ စကားပြောဆိုခြင်းနဲ့ လုပ်ဆောင်မှုတွေကတဆင့် သမ္မာတရားကိုဖော်ပြဖို့ ပေါ်လာပြီးအမှုတော်ဆောင်ပါတယ် ဘာသာရေးအသိုင်းအဝိုင်းနဲ့ တရုတ်ကွန်မြူနစ်အစိုးရက မီဒီယာကော်ပိုရေးရှင်းတွေနဲ့ လက်နက်ကိုင်ရဲအင်အားတွေကို ဆော်သြစည်းရုံးပြီးတောင် ခရစ်တော်ကို ပြစ်တင်ရှုတ်ချတာတွေ၊ စော်ကားပြောဆိုတာတွေ၊ စုရုံးပြီးအမြစ်ဖြတ်သုတ်သင်တာတွေ ဘာဖြစ်လို့ခါးခါးသီးသီး လုပ်ဆောင်နေတာလဲ သခင်ယေရှု မွေးဖွားလာခဲ့သည့်အချိန်က၊ “ဣသရေလ၏ ရှင်ဘုရင်” မွေးဖွားပြီဟု ဟေရုဒ်မင်းက ကြားခဲ့ပြီး ဗက်လင်မြို့ရှိ နှစ်နှစ်အောက် ကလေးသူငယ် ယောက်ျားလေးများအားလုံးကို သူ သတ်ဖြတ်စေခဲ့သည်၊ ခရစ်တော်ကို အသက်ရှင်ခွင့်ပေးသည်ထက် ကလေးငယ် တစ်သောင်းကို မှားယွင်းစွာ သတ်ဖြတ်ဖို့ သူပိုနှစ်သက်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် လူ့ဇာတိ ဖြစ်လာပြီဖြစ်သည်၊ ထို့ကြောင့် ဘာသာရေး လောကနှင့် ဘုရားမဲ့ တရုတ်အစိုးရက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို အရူးအမူး ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူတို့သည် ခရစ်တော်ကို ကားတိုင်တွင် သံမှိုရိုက်ဖို့ တစ်နိုင်ငံလုံး၏ သြဇာအာဏာကို အသုံးချပြီး မခြွင်းမချန် အားထုတ်ကြိုးပမ်းကြသနည်း။ လူသားမျိုးနွယ်သည် အဘယ်ကြောင့် အလွန် ဆိုးညစ်ရပါသနည်း။ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် အလွန်မုန်းတီးပြီး ကိုယ်တော့်ကို ဆန့်ကျင်ရန် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပါသနည်း။

အဖြေ- ဤမေးခွန်းက တကယ်ကိုအရေးပါပြီး၊ ၎င်းကို လူသားမျိုးနွယ် တစ်ခုလုံးမှာ လူအနည်းအပါးလောက်သာ အလုံးစုံနားလည်သဘောပေါက် နိုင်ကြပါသည်။ လူသားများ ဘုရားသခင်ကို အရမ်းရိုင်းရိုင်းစိုင်းစိုင်း ဖီဆန်နေသည့် အကြောင်းအရင်းက ခေါင်းစီး သတင်းများဖြစ်လာနေပြီ။ ပြီးလျှင် လူ့ဇာတိခံယူခဲ့သည့်ခရစ်တော် လက်ဝါးကားတိုင်မှာ သံမှိုနှင့်ရိုက်ဆွဲခြင်းခံခဲ့ရသည့် ကြေကွဲစရာအတိတ်သမိုင်းများလည်း နောက်တစ်ပြန် ဖြစ်လာနေပြီ။ ဤသည်မှာ အမှန်တရား မဟုတ်ပါ လား။ သခင်ယေရှု ပြောခဲ့သည်မှာ- “အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၉-၂၀)လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။(ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၈)ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။(ရှင်လုကာခရစ်ဝင် ၁၁:၂၉) ပြီးလျှင် ၁ယော ၅:၁၉ မှာ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။” ဟု ပြောထားသေးသည်။ ယခင်ကကျွန်တော်တို့ ကျမ်းစာထဲက ဤစကားလုံးများကို ဖတ်ခဲ့ရစဉ်က လုံးလုံးကို သဘောမပေါက်ခဲ့ပါ။ သို့သော်လည်း ဘုရားသခင်၏ လူ့ဇာတိခံယူတော်မူခြင်းက ဘုရားမဲ့ဝါဒီအစိုးရနှင့် ဘာသာရေးလောကတို့၏ လိုက်လံဖမ်းဆီးနှိမ်နင်းခြင်း၊ ပူးပေါင်းပြီး၊ ပြစ်တင်ရှုတ်ချကြခြင်းများကို ခံစားခဲ့ရ ကြောင်းကို သိရသည့်အခါကျမှ သမ္မာကျမ်းထဲမှာ ပါရှိနေသည့် ဤစကားလုံးများက တကယ့်ကို မှန်ကန်နေကြောင်း ကျွန်တော်တို့ နားလည်ရသည်။ လူများ၏လုပ်ဆောင်မှုများနှင့် သူတို့ခရစ်တော်ဆီကို ချဉ်းကပ်သည့် စိတ်သဘောထားများက လောကကြီးတစ်ခုလုံးက စာတန်၏ထိန်းချုပ်မှုနှင့်သူ့၏စွမ်းအားများအောက်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း လုံလောက်စွာပြသနေခြင်း ဖြစ်သည်။ ယခုအခါမှာ ကျွန်တော်တို့အများစု ရှင်းရှင်းလင်းလင်း မြင်နေရသည်မှာ ဘာသာရေး လောက၏ သင်းအုပ်နှင့်အကြီးအကဲအများစုက ခရစ်တော်ကို အာခံရှုတ်ချပြီး ငြင်းပယ်နေကြကြောင်းဖြစ်သည်။ ပြီးလျှင် ဟိုးယခင်ကာလက ဘာသာရေးလောကကြီးကလည်း ထိုသူတော်ကောင်း ဟန်ဆောင်နေသည့် ဖာရိရှဲများနှင့် အန္တိခရစ်များ၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူထွန်းပေါ်လာပြီး အမှုတော်များကိုဆောင်ရွက်သည့်အခါ ဘာသာရေးလောက က သင်းအုပ်များနှင့် အကြီးအကဲများက ပထမဦးဆုံး ထကြွလာပြီး ဘုရားသခင်ကိုရှုတ်ချခြင်း ဖီဆန်ခြင်းများ လုပ်ကြခြင်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက သမ္မာတရားကို လွန်စွာမုန်းတီးပြီး ဘုရားသခင်ကိုဖီဆန်သည့် ဆိုးယုတ်သည့် အစိုးဖြစ်ပြီး၊ ခရစ်ယာန်များကိုအမြဲတမ်း ဖမ်းဆီးပြီးညှဉ်းပန်း နှိပ်စက်နေသည်။ နောက်ဆုံးသောကာလ၏ခရစ်တော် ပေါ်ထွန်းလာပြီး သူ့၏အမှုတော်များကို တရုတ်နိုင်ငံမှာဆောင်ရွက်သည့်အခါ တရုတ်ကွန်မြူနစ်ပါတီအစိုးရက ရိုးဖြောင့်မှုကင်းမဲ့ပြီး ရိုင်းစိုင်းကြမ်းတမ်းစွာနှင့် ခရစ်တော်ကို လိုက်လံရှာဖွေ အမြစ်ဖြတ်သုတ်သင်ဖယ်ရှားဖို့ ကြိုးစားနေပြီး၊ ကမ္ဘာတစ်ခုလုံးကို ဂယက်ထစေခဲ့သည်။ ဤအချက်က သခင်ယေရှု၏ဗျာဒိတ်တော်ကို လုံးဝပြည့်စုံစေခြင်း ဖြစ်သည်။ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဘုရားသခင်က စကားပြောဆိုပြီး လုပ်ဆောင်ဖို့၊ လူသားများကိုရွေးနှုတ်ဖို့နှင့် လူသားများကိုကယ်တင်ဖို့ လူသားများ၏ကြားမှာ နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိခံယူခဲ့သည်။ ထိုနှစ်ကြိမ်စလုံး ဘာသာရေးခေါင်းဆောင်များနှင့် လက်ရှိအာဏာရ ပါတီတို့၏ စုပေါင်းပြီးရှုတ်ချခြင်းများ၊ နာမတော်ကို စော်ကားပြောဆို ခြင်းများ လိုက်လံရှာဖွေခြင်းများကို ခံခဲ့ရသည်။ ဤအချက်က ဤလောကကြီးက အမှောင်ထုနှင့် ဆိုးယုတ်မှုများ အလွန်ကိုဖုံးလွှမ်းနေပြီး လူသားများဖောက်ပြန်နေကြကြောင်းကို ပြသနေသည့် လုံလောက်သည့်သက်သေဖြစ်ပါသည်။ လူများက သမ္မာတရားကို စိတ်ကုန်လာသည့်အထိ သမ္မာတရားကို မုန်းတီး လာသည့်အထိ ဖောက်ပြန်ပျက်စီးပြီး နိမ့်ကျလာခဲ့သည်။ စာတန်ကဲ့သို့ ဖြစ်လာသည်။ စာတန်၏ သားသမီးများဖြစ်လာပြီး၊ ဘုရားသခင် တည်ရှိမှုကို မခံနိုင်တော့ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကိုယ်ထင်ပြခြင်းနှင့် အမှုတော်က နှိပ်စက်ညှဉ်းပန်းမှုများ၊ စွန့်ပစ်မှုများကို မလွဲမသွေခံစားရမှာဖြစ်သည်။ လူသားများ ဘုရားသခင်ကို ဖီဆန်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဤသမ္မာတရားရှုထောင့်ကို ဖော်ထုတ်ပြသခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဖတ်ကြည့် သည့်အခါ ဤအရာက ရှင်းလင်းသွားမည် ဖြစ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားမျိုးနွယ်သည် ယနေ့ ၎င်းတို့ ရောက်ရှိနေသော နေရာသို့ ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီကြာပြီးဖြစ်သည်၊ သို့သော် အစအဦး၌ ငါ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ အလိုဆန္ဒရှိသည့် လူသားမျိုးနွယ် မဟုတ်တော့သကဲ့သို့၊ ထို့ကြောင့် ငါ၏ အမြင်တွင် လူတို့သည် လူသားမျိုးနွယ်၏ အမည်ဖြင့် မထိုက်တန်တော့ပေ။ ယင်းထက် ၎င်းတို့သည် စာတန်က ဖမ်းဆီးချုပ်နှောင်ပြီးဖြစ်သည့် လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းများနှင့် စာတန်က မှီတင်းအခြေချထားကာ မိမိကိုယ်ကိုယ် အရေခြုံထားသည့် လမ်းလျှောက်နေသည့် ပုပ်ပွသော အလောင်းကောင်များ ဖြစ်သည်။ လူများသည် ငါ၏တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့၊ ငါ၏ကြွလာခြင်းကိုလည်း မကြိုဆိုကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ)

လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)

သာ၍တိကျစွာ ပြောရလျှင် လူသားမျိုးနွယ်သည် ငါ၏ရန်သူသာ ဖြစ်သည်မှာ တစ်ခဏ မှန်ပေသည်။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ကာ မနာခံသည့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ)

စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ လှည့်စားဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”)

ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့် သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏ နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက် ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် နဂိုမူလက သူ၌ရှိခဲ့သည့် အရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)

နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈))

အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားများအကျင့်ပျက်ပြားမှု၏ ဇစ်မြစ်နှင့် လက်ရှိအခြေအနေများကို ပြောခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ကြည့်သည့်အခါ ဤကမ္ဘာပေါ်မှာ အလွန်အမှောင် ဖုံးလွှမ်းခြင်းများနှင့် ဆိုးယုတ်မှုများ ရှိနေရသည့် အကြောင်းအရင်းကို သိမြင်နားလည်မှုတစ်ချို့ ရရှိခဲ့သည်။ လူသားက ဘုရားသခင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် အကြောင်းအရင်း နှင့်၊ စာတန်အားဖြင့် လူသားတို့၏ သမ္မာတရားနှင့်အနှစ်သာရ ပျက်စီးခြင်းတို့ကို နားလည်လာသည်။ ၎င်းတို့အားလုံးကို သင် နားလည်ပါသလား။ အမှောင်ဖုံးနေသည့် ဤအချိန်ကာလများက လူသားများစာတန်၏ လက်ထဲမှာ ဖျက်ဆီးခြင်းခံနေရကြောင်းကို သက်သေပြနေခြင်း ဖြစ်သည်။ သို့ပါက လူသားများထဲမှာ မည်မျှများပြားသော လူများက ဘုရားသခင် ပေါ်ထွန်းလာခြင်းကို ဆာငတ်တောင့်တပြီး သူ့၏ကြွရောက်လာခြင်းကို ကြိုဆိုကြမည်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ချင်ပြီး၊ သမ္မာတရားကို လက်ခံသည့်သူ မည်မျှ ရှိဦးမည်နည်း။ နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို မည်မျှ လေ့လာဆည်းပူးပြီးကြပြီနည်း။ လူအတော်များများက ဤအရာများကို လစ်လျူရှုထားကြရုံမကဘဲ၊ ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ အလိမ်အညာများကိုပါ နားထောင်ကြသည်။ ပြီးလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင် ရှုတ်ချဖို့ စာတန်၏အင်အားစုများနှင့်အတူတကွ လုပ်ဆောင်ကြသည်။ ဤသည်မျာ အားလုံးရှင်းရှင်းလင်းလင်း နားလည်သည့်အချက် ဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်ကြသည့်သူများ များစွာ ရှိသော်လည်း၊ သမ္မာတရားကို လက်ခံနိုင်သည့်သူများ၊ သမ္မာတရားကို ရှာဖွေကြသူများ၊ နှင့် ဘုရားသခင်ကို အမှန်တကယ်နာခံသည့် သူများ မည်မျှရှိသနည်း။ သခင်ယေရှု သူ့အမှုတော်ဆောင်ဖို့ ထွန်းပေါ်လာခဲ့သည့်အချိန်ကို ပြန်ကြည့်မည်ဆိုပါက ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများနောက်ကို လိုက်ကြသည့် ဂျူးများအားလုံးက သခင်ယေရှုကိုဆန့်ကျင်ပြီး အတိုက်အခံလုပ်ခဲ့ ကြသည်ကို တွေ့ရမည် ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင် အမှုတော်ထမ်းရွက်ဖို့ ပေါ်ထွန်းလာ စဉ်ကတည်းက ဘာသာရေးလောက က ခေါင်းဆောင်အားလုံးနီးပါးက သူ့ကို ငြင်းပယ်ရှုတ်ချကြသည်။ သူတို့က သူတို့များ၏အသင်းတော်များကို ပိတ်ထားကြပြီး၊ ယုံကြည်သူများကို မှန်ကန်သည့်လမ်းကိုလေ့လာဖို့ ခွင့်မပြုသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းက ဤအချိန် ဤလောကကြီးထဲမှာ အမှောင်ထုနှင့်ဆိုးယုတ်မှုများ ပြည့်ဝနေကြောင်းကို ပြသဖို့ လုံလောက်သည့်သက်သေများဖြစ်သည်။ လူသားများက သမ္မာတရားကို ငြင်းပယ်ကြသည်။ သမ္မာတရားကို မုန်းတီးကြသည်။ ပြီးလျှင် ဘုရားသခင်ကိုဆန့်ကျင်ပြီးနေဖို့ ရွေးချယ်ကြသည်။ ဤဆိုးယုတ်မှုများ ဖြစ်ရသည့် အဓိကအကြောင်းက စာတန်က လူသားများကို ထိန်းချုပ်နေသောကြောင့် ဖြစ်သည်။ ကမ္ဘာလောကကြီးတစ်ခုလုံးက စာတန်၏ အုပ်စိုးမှုအောက်မှာ ရှိနေသောကြောင့် ဖြစ်သည်။ နှစ်ထောင်ပေါင်း အတော်များများ စာတန်က လူသားများကိုဖျက်ဆီးဖို့ ဘုရားမဲ့ဝါဒများ၊ ဆင့်ကဲပြောင်းလဲမှုသီအိုရီများ၊ ရုပ်ဝါဒများနှင့် အခြားသော မိစ္ဆာဒိဌိ အယူဝါဒများကို အသုံးချခဲ့သည်။ ထို့ကြောင့် လူသားများက “ဘုရားသခင်မရှိ ကယ်တင်ရှင်မရှိ” ဟု ပြောဆိုနေကြသည့် လွဲမှားနေသည့် “ကြီးမြတ်သူများ” ဟုဆိုကြသည့် သူများ၊ အမျိုးမျိုးသောနတ်ဆိုးများ၏ လိမ်ညာမှုများကို ကိုးကွယ်ဝတ်ပြုဖို့ အကြောင်းဖန်လာခဲ့ပါသည်။ နောက်ပြီး လူတစ်ဦး၏ ကံကြမ္မာက သူ့လက်ထဲမှာ ရှိသည်၊ “လူသားက ကောင်းကင်နှင့်မြေကြီးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး သဘာဝတရားကို အနိုင်ယူသည်” “လူတိုင်းကိုယ့်အတွက် ကိုယ်ကြည့်ပါ” “ဘယ်သူသေသေ ငတေမာပြီးရော” “ဦးနှောက်ကခွန်အားကိုထိန်းချုပ်ရမည်” “ငွေကကမ္ဘာကိုလှည့်ပတ် သွားစေသည်” “စိတ်သဘောထားနူးညံ့ရင် လူကြီးလူကောင်းမဖြစ်ဘူး၊ အကြင်နာမဲ့မှလူသားစစ်မှန်မည်” စသဖြင့်ပြောဆိုကြသည်။ လူသားများက ထိုအတွေးမှား အမြင်မှားစေမည့် ဆိုးယုတ်သည့်သွန်သင်မှု များ၏ ဖျက်ဆီးခြင်းနှင့်လှည့်ဖြားခြင်းကို ခံခဲ့ကြရသည်။ ၎င်းကသူတို့ကို မာနထောင်လွှားလာစေသည်၊ လိမ်လည်လှည့်ဖြားလာစေသည်၊ တကိုယ်ကောင်း ဆန်လာစေသည်၊ လောဘကြီးလာစေသည်၊ ပြီးလျှင် ကောက်ကျစ်စဉ်းလဲ လာစေသည်။ ကိုယ်ချင်းစာတရားနှင့် ကိုယ်ကျင့်သိက္ခာ အကြောင်း၊ အသိတရားနှင့်အသိစိတ်အကြောင်း၊ ပြီးလျှင် ရိုးသားမှုရှိရမည့် အကြောင်း စသည်တို့ကို ပြောသည့် သူတစ်ယောက်မှမရှိတော့ပါ။ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းကို ရှာဖွေရယူဖို့အတွက် လူသားများက အချင်းချင်းတိုက်ခိုက်ကြသည်၊ အချင်းချင်းလိမ်လည် လှည့်ဖြား ကြံစည်ကြသည်၊ ပြီးလျှင် အချင်းချင်းပင် သတ်ဖြတ်ကြသည်။ မတူညီသည့်အကျိုးစီးပွားများအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံတိုက်ခိုက် နေကြပြီး၊ မဆုံးနိုင်သည့် ပဋိပက္ခများ ဖြစ်နေကြသည်။ ဤသည်မှာ စာတန်လူသားများကိုဖျက်ဆီးခြင်း၏ ရလဒ်များမဟုတ် ပါလား။ ဤအချက်အလက်များက စာတန်ကလူသားများကို အကုန်အစင် ဖျက်ဆီးနေကြောင်းကို ပြသနေခြင်းဖြစ်ပြီး၊ ကျွန်တော်တို့က စာတန်ကဲ့သို့ စာတန်ဆီက ဆင်းသက်လာသကဲ့သို့ ဖြစ်လာနေကြပြီ။ လူသားများက ဘုရားသခင်ကိုဆန့်ကျင်ကြသည့် ဆိုးယုတ်သည့်အင်အားစုများ ဖြစ်လာနေကြပြီ။ ထိုအကြောင်းများကြောင့် ဘုရားသခင်နှစ်ကြိမ်တိုင် လူ့ဇာတိခံယူပြီး၊ လူများ၏ကြားမှာ သူ့အမှုတော်ကိုထမ်းဆောင်ပြီး ပြောဆိုသည့်အခါ ဖောက်ပြန်ပျက်စီးနေသည့်လူများက သူ့ကိုခုခံကြသည်၊ ရှုတ်ချကြသည်။ ပြီးလျှင် ထိုအခြေအနေနှစ်ခုစလုံးမှာ သူ့ကိုစွန့်ခွာကြပြီး ကားတိုင်ပေါ်ပင် တင်သတ်ခဲ့ကြသည်။ ဤသည်မှာ လူများ ဘုရားသခင်ကိုဆန့်ကျင်ကြသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ဖော်ပြနေသည့် အချက်အလက်တစ်ချို့ဖြစ်ပါသည်။

စီစီပီတရုတ်နိုင်ငံကိုအုပ်စိုးနေတာ နှစ်ပေါင်း၆၀ကျော်ရှိနေပြီး အဲ့ဒီအတောအတွင်း ဘာသာရေးယုံကြည်မှုတွေအားလုံးကို ဖိနှိပ်ချုပ်ချယ်ပြီး ညှဥ်းပန်းနှိပ်စက်နေခဲ့တာ.. ခရစ်ယာန်ဘာသာနဲ့ကတ်သလစ်ဘာသာတွေကိုလည်း အစွန်းရောက်တွေအဖြစ် သတ်မှတ်ခဲ့တယ်။ သမ္မာကျမ်းစာကိုလည်း ဖျက်ဆီးရမယ့် အစွန်းရောက်စာအုပ်အဖြစ် တံဆိပ်တပ်ခဲ့တယ်။ နေရာတိုင်းက ဘုရားကျောင်းတွေနဲ့ လက်ဝါးကားတိုင်တွေကို ဖြိုဖျက်ပစ်ကြတယ်။ ဒါ့အပြင်.. ခရစ်ယာန်တွေကိုလည်း ထိန်းသိမ်းတာတွေ ဖမ်းဆီးတာတွေ ထောင်ချတာတွေ ပြုလုပ်ခဲ့ကြတယ်။ အဲ့ဒါကြောင့်ပဲ မရေမတွက်နိုင်အောင်များပြားလှတဲ့ခရစ်ယာန်တွေ နေရာတွေရွှေ့ပြောင်းခဲ့ကြရပြီး အိုးမဲ့အိမ်မဲ့တွေဖြစ်ခဲ့ကြရတယ် မရေမတွက်နိုင်အောင်များပြားလှတဲ့လူတွေလည်း ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်ခွင့်တွေ ဆုံးရှုံးခဲ့ကြရတယ်.. အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးတွေတောင် ဆုံးရှုံးခဲ့ကြရတယ်.. ခရစ်ယာန်မိသားစုဝင်အတော်များများလည်း လူထုဝန်ဆောင်မှုအလုပ် တွေကနေ ထုတ်ပယ်ခြင်းခံခဲ့ကြရတယ် သူတို့ရဲ့ကလေးတွေလည်း တက္ကသိုလ်တွေမှာပညာသင်ကြားခွင့်တွေနဲ့ အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတွေ တားမြစ်ခံရတဲ့အပြင် တိုင်းပြည်ကနေထွက်ခွာဖို့တောင် တွန်းအားပေးခံရတယ်။ တရုတ်နိုင်ငံက ငရဲအကျဉ်းစခန်းကြီးတစ်ခုနီးနီး ဖြစ်လာနေပြီ ဘာသာရေးလွတ်လပ်ခွင့်တွေ မရှိရုံတင်မကဘူး အသက်ရှင်သန်ဖို့အခွင့်အရေးတွေတောင် တားမြစ်ခံနေရတယ်။ စီစီပီက ဘုရားသခင်ကိုယုံကြည်တဲ့သူတွေကို ရှင်သန်ခွင့်မပေးဘူး..ဖြစ်နိုင်ရင်သူတို့အားလုံးကို ရှာဖွေဖမ်းဆီးသတ်ဖြတ်ချင်နေတာ တရုတ်ကွန်မြူနစ်ပါတီ၏ အရှေ့အရပ်မှလျှပ်ပြက်ခြင်း အပေါ် နှိမ်နင်းတိုက်ခိုက် နေခြင်းများက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေသည်။ သူတို့ ဘုရားသခင်ကို အဘယ့်ကြောင့် ထိုမျှ ဆန့်ကျင်အန်တု နေကြကြောင်း လူအတော်များများက နားမလည်ကြပါ။ အကြောင်းမှာ လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရား အများအပြားကို ဖွင့်ဟပြသခဲ့သောကြောင့် ဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏နှင့် ဤစာအုပ်က ဘာသာရေးအားလုံး နှင့် ဂိုဏ်းဂဏအားလုံး တို့ကို လှုပ်ခါစေခဲ့သည့် စာအုပ်ဖြစ်သည်။ သခင့်ကို ယုံကြည်သည့်သူအများအပြားက အနန္တတန်ခိုးရှင်ဘုရားသခင် ၏ မိန့်မြွက်ချက်များကို ကြားခဲ့ကြပြီး၊ ထိုဖွင့်ဟမှုများကို ဘုရားသခင် အသံတော်နှင့် အမှုတော်အဖြစ် အခိုင်အမာအတည်ပြုကြပြီး သူ့ဆီကို ပြန်လှည့်ခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ကို ထုတ်ဖော်ပြောဆို သက်သေခံလာကြသည့် လူများ၏အရေအတွက် ပုံမှန်တိုးပွားလာခြင်းက တရုတ်ကွန်မြူနစ်ပါတီကို ထိတ်ထိတ်ပျာပျာ ဖြစ်စေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီကလည်း ဘုရားသခင်ကို သက်သေခံကြသည့် မရေမတွက်နိုင်အောင် များပြားလှသည့်လူများကို ဖမ်းဆီးပြီး၊ နှုတ်ကပတ်တော်သည်လူ့ဇာတိ၌ပေါ်လာ၏ ဆိုသည့်စာအုပ် အများအပြားကိုလည်း သိမ်းဆည်းခဲ့သည်။ သူတို့က ဤစာအုပ်ကို တစ်နေ့ပြီးတစ်နေ့ သုတေသနပြုလုပ်ကြပြီး မည်မျှ စွမ်းအားကြီးကြောင်းကို ပိုမိုနားလည်သဘောပေါက်လာသည်။ ဤစာအုပ်က အားလုံးကို အောင်နိုင်သည့် အစွမ်းရှိသည်။ တရုတ်ကွန်မြူနစ်ပါတီအနေနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို မည်သို့ အသရေဖျက်ဖျက်၊ မည်သို့ အကဲဖြတ်ဖြတ်၊ မည်သို့ သိက္ခာချချ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ ကိုမူ လူများသိအောင် မလုပ်ရဲကြပါ။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင် မည်သည့်အရာ ပြောခဲ့ကြောင်းကို နည်းနည်းလေးပင် မဖော်ပြကြပါ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ နှင့်ပတ်သက်ပြီး အဘယ့်ကြောင့် ဖုံးကွယ်ထားကြ သနည်း။ ဘုရားသခင် အရှေ့အရပ်ကပေါ်ထွန်းလာပြီး သူ့၏အမှုတော်ကို ဆောင်ရွက်ကြောင်း၊ အရှေ့အရပ်တွင် လူသားမျိုးနွယ်၏ ကယ်တင်ရှင် ပေါ်ထွန်းခဲ့ပြီ ဖြစ်ကြောင်း၊ နှင့် ယင်းတွင် လူသားမျိုးနွယ်၏ မျှော်လင့်ချက် ရှိကြောင်း ကို တစ်ကမ္ဘာလုံးကလူများ မြင်တွေ့သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ လူများ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏” ကိုဖတ်မည်ကို တရုတ်ကွန်မြူနစ်ပါတီက အဘယ့်ကြောင့် ကြောက်နေသနည်း။ အကြောင်းမှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏” ဆိုသည်မှာ ဘုရားသခင်၏အသံတော်ဖြစ်သည်၊ သမ္မာတရားကို ဖွင့်ဟပြသနေမှုလည်းဖြစ်သည်၊ ပြီးလျှင် အရှေ့အရပ်က ပေါ်ထွန်းလာသည့် စစ်မှန်သည့်အလင်းလည်း ဖြစ်နေသောကြောင့်ပင်တည်း။ တရုတ်ကွန်မြူနစ်ပါတီက အဆိုးယုတ်ဆုံး နှင့် သမ္မာတရားကိုမုန်းတီးနေသည့် စာတန်၏အစိုးရဖြစ်သည်။ သမ္မာတရား လူသားများ၏ လောကထဲရောက်လာပြီး ထိုသမ္မာတရားကို လူသားများလက်ခံသွားမည်ကို စာတန်အကြောက်ဆုံးဖြစ်သည်။ ဘုရားသခင်က ဘုရင်တစ်ယောက်ကဲ့သို့ စွမ်းအားနှင့် လူသားများ၏ ကမ္ဘာကိုအုပ်စိုးမည် ဖြစ်သကဲ့သို့ ခရစ်တော်၏နိုင်ငံတော်လည်း ဤကမ္ဘာပေါ်မှာ ပေါ်ထွန်းလာလိမ့်မည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီက ခရစ်တော်ကို ကျယ်ကျယ်ပြန့်ပြန့် မီးခိုးကြွက်လျှောက်လိုက်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ပုံစံချဖို့၊ မှားယွင်းစွာဆွဲချက်တင်ဖို့ သိက္ခာချဖို့ မီဒီယာကွန်ရက် အားလုံးကိုအသုံးပြုပြီး ဝါဒဖြန့်မှုများလုပ်နေခြင်း ဖြစ်သည်။ သူတို့များက နိုင်ငံ၏လက်နက်ကိုင်ရဲအင်အားများကိုပင် ဆော်သြစည်းရုံးပြီး၊ ဘုရားသခင် ရွေးချယ်ထားသည့်သူများကို လိုက်လံနှိမ်နင်း ဖမ်းဆီးတာများအပြင် နှိပ်စက်ညှဉ်းပန်းတာများကိုလည်း ပြုလုပ်ကြသည်။ တရုတ်ကွန်မြူနစ် ပါတီ၏ ညဉှ်းပန်းနှိပ်စက်မှုများကြောင့် သူ့၏ရွေးကောက်ခြင်း ခံထားရသည့် သူများက ပုန်းခိုစရာနေရာမရှိဘဲ၊ အတင်းအကြပ် ပြည်နှင်ဒဏ်ပေးခြင်း ခံရသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ လက်အောက်မှာ တရုတ်အစိုးရက အခြားနိုင်ငံတိုင်းနှင့် ဖြန့်ကျက်ဆောင်ရွက်နေပြီး နိုင်ငံခြားကိုထွက်ပြေး လွတ်မြောက်သွားသည့် ခရစ်ယာန်များကို ညဉှ်းပန်းနှိပ်စက်ဖို့အတွက် ပြန်ခေါ်ဖို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ သံသမန်နည်းလမ်းအရရော ထိုနိုင်ငံများကို ဖိအားပေးပြီး ဆော်သြစည်းရုံးနေသည်။ ထို့ထက်ပိုပြီး စက်ဆုပ်ရွံရှာစရာကောင်းသည်မှာ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံခြားကို ထွက်ပြေးလွတ်မြောက်သွားသည့် ခရစ်ယာန်များ၏ဆွေမျိုးသားချင်းများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို ခြောက်လှန့်ဖို့ ထိုသူများကို ဓါးစာခံများအဖြစ် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ နိုင်ငံခြားကိုသွားဖို့ သူတို့၏နိုင်ငံကူးလက်မှတ်များကို ရအောင် အတင်းအကြပ်ဖိအားပေးပြီး နိုင်ငံအသီးသီးက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဖျက်လိုဖျက်ဆီး လုပ်ကြသည်။ ပြီးလျှင် သံတမန် နည်းလမ်းများကနေ တဆင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အသရေပျက်အောင် ကောလာဟလများနှင့် အထင်အမြင်မှားစေပြီး လူထု၏အတွေးအမြင်ကို ကြိုးကိုချယ်လှယ်ရင်း သိက္ခာချနေခြင်း ဖြစ်သည်။ သူတို့က အခြားတိုင်းပြည်များက အစိုးရများနှင့် ပြည်သူများကိုပါ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော် ကိုငြင်းပယ်ဖို့ လှုံ့ဆော်နေသည်။ ပြီးလျှင် နိုင်ငံခြားမှာရောက်နေကြသည့် အသင်းသားများကိုပြန်လွှဲအပ်ပေးဖို့ ဆော်သြနေသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ဆိုးယုတ်သည့်ရည်ရွယ်ချက်က အောင်အောင်မြင်မြင် ပိတ်ဆို့ ဟန့်တားဖို့၊ နိုင်ငံခြားမှာ ပျံ့နှံ့ရောက်ရှိနေသည့် အနန္တတန်ခိုးရှင်ဘုရာသခင်အသင်းတော် နှင့် သတင်းကောင်း ဟောပြောသည့် လုပ်ဆောင်မှုများကို တားမြစ်ပိတ်ပင်ပြီး ထိန်းချုပ်နှိမ်နင်းဖို့ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာတရားနှင့်ဘုရားသခင်ကို မုန်းတီးနေသည့် မကောင်းဆိုးဝါး စာတန် ဟု မပြောနိုင်ပါ လား။ တရုတ်ကွန်မြူနစ်ပါတီက လူများကိုရက်ရက်စက်စက်နှိပ်ကွပ်သည့်နေရာမှာ၊ ပြီးလျှင် ဝိညာဉ်များကိုဝါးမြိုသည့်နေရာမှာ တကယ်ကို ဆရာတစ်ဆူ ဖြစ်ပါသည်။ ပြီးလျှင် တရုတ်ကွန်မြူနစ်ပါတီက အရိုးများကိုပင်မထုတ်ဘဲ လူသားများကိုစားသုံးနေသည့် ဘီလူးသရဲတစ်ကောင်ဖြစ်ပါသည်။

မချောမွေ့တဲ့ ကောင်းကင်နိုင်ငံသို့ သွားရာလမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

အရှေ့သို့- မေးခွန်း (၂) ဒီရက်ပိုင်းမှာ အစ်ကိုက ကျွန်မတို့ကို အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်းသက်သေခံတာကို သင်းအုပ်ဆရာတွေအကြီးအကဲတွေက သိသွားပြီ သူတို့က အလိမ်အညာတွေကို လိုက်ဖြန့်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချနေကြတယ် သူတို့တွေကဘုရားကျောင်းကိုပိတ်ထားပြီး လိုက်လံနှောင့်ယှက်နေတယ် .. ပြီးတော့ အစ်ကိုယုရဲ့ဒေသနာကိုနားထောင်ဖို့ကြိုးစားနေတဲ့ ညီအစ်ကိုမောင်နှမတွေကို လည်း တားဆီးနေတယ် ကျွန်မတို့ကို သူတို့မျက်လုံးထဲမှာ ဆူးတွေလို့ပဲမြင်နေကြတာ .. မုန်းစရာအကောင်းဆုံး သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လက်ခံသူအားလုံးကို အသင်းတော်ကနေ နှင်ထုတ်မယ်လို့လည်း ပြောတယ် အသင်းတော်ကတော့ ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပြီ တစ်ချို့ညီအစ်ကိုတွေညီအစ်မတွေက ကျွန်မတို့နဲ့အတူ စစ်မှန်တဲ့လမ်းကို လေ့လာဆည်းပူးချင်ကြတယ် ကျန်တဲ့သူတွေကတော့ “အရှေ့အရပ်မှလျှပ်ပြက်ခြင်း” ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေနောက်ကို လိုက်သွားကြတယ် ပြီးတော့သူတို့တွေက ကျွန်မတို့ကို သူတို့ရဲ့ရန်သူတွေလိုဆက်ဆံကြတယ် အသင်းတော်က ရက်အနည်းငယ်လောက်အတွင်း ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၁) သမ္မာကျမ်းစာဟာ ဘုရားသခင့်အမှုတော်ရဲ့ သက်သေခံချက်တစ်ခုဖြစ်ပြီး၊ လူသားတွေကို အရမ်းအကျိုးဖြစ်စေတဲ့အရာပဲလေ သမ္မာကျမ်းစာကို ဖတ်ခြင်းအားဖြင့် ဘုရားသခင်ကို အရာအားလုံးရဲ့ ဖန်ဆင်းရှင်လို့ သိမှတ်ခဲ့ရပြီး၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးတော်၊ လုပ်ဆောင်ချက်တွေနဲ့ ကြီးမြတ်ခြင်းတွေကို လေ့လာခဲ့ရပါတယ် သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ လူတွေရဲ့ သက်သေခံချက်တွေပါတဲ့ မှတ်တမ်းတစ်ခုဖြစ်တဲ့အတွက်၊ သမ္မာကျမ်းစာကို ဖတ်ရဲ့သားနဲ့ ဘာဖြစ်လို့ ထာဝရအသက်ကို မရရှိနိုင်ရတာလဲ။ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပါရှိရဲ့သားနဲ့ ဘာဖြစ်လို့ သမ္မာကျမ်းစာထဲမှာ ထာဝရအသက်ကို မတွေ့ရှိနိုင်တာလဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။