မေးခွန်း (၁) သခင်ယေရှုက သူ့အမှုတော်ကိုပြုဖို့ ပြန်ကြွလာပြီ၊ လူ့ဇာတိခံယူပြီးပြီလို့ ခင်ဗျားတို့က သက်သေခံတယ် ကျွန်တော်ကတော့ ဒါကို နားမလည်ဘူး သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာထဲမှာ- “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာ ဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဌာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

အဖြေ- ပြန်ကြွလာသည့်သခင်က သူ၏ဝိညာဏကိုယ်နှင့်သာ ထင်ရှားပြ လိမ့်မည်ဟု ယုံကြည်သူအများစုက ယုံကြည်ကြပါသည်၊ ယင်းမှာ ထမြောက်ပြီးသည့်နောက် ရက်လေးဆယ်တိတိ လူများကို ထင်ရှားပြခဲ့သည့် သခင်ယေရှု၏ဝိညာဉ်ခန္ဓာဖြစ်ပါသည်။ ဤကိစ္စတွင်မူ ကျွန်တော်တို့ ယုံကြည်သူများ အားလုံး ရှင်းကြပါသည်။ အပေါ်ယံကြည့်ပါက သခင်ယေရှု၏ ထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာက လူ့ဇာတိခံယူသကဲ့သို့ ပုံသဏ္ဍာန်မျိုးနှင့်သာထင်ရှားမည်။ သို့သော်လည်း ဝိညာဉ်ခန္ဓာ ဆိုသည်မှာ အကောင်အထည်ရှိသည့် ကမ္ဘာလောက၊ အာကာသ၊ နေရာ စသည်တို့နှင့် ဘောင်ခတ်ထားခြင်း မဟုတ်ပါ။ လူများကို အထိတ်တလန့် ဖြစ်အောင်၊ လိုသကဲ့သို့ ထင်ရှားနိုင်သည်၊ ပျောက်ကွယ်နိုင်သည်။ ဤအချက်ကို သမ္မာကျမ်းတွင် မှတ်တမ်းတင်ထားပါသည်။ သခင်ယေရှု ကားတိုင်တင် မခံရသေးမီတွင် သူက လူ့ဇာတိ၏ သာမန်လူ့သဘာဝနှင့်သာ ဟောပြောခဲ့သည်၊ အမှုတော်ပြုခဲ့သည်၊ သမ္မာတရားကို ဖော်ပြခြင်း ဖြစ်ဖြစ်၊ လူများနှင့် အပြန်အလှန်ဆက်ဆံခြင်းဖြစ်ဖြစ်၊ နိမိတ်လက္ခဏာများ ပြခြင်းဖြစ်ဖြစ်၊ လူများက သူ့ကို သာမန်လူအဖြစ်ပဲ ခံစားမိခဲ့ကြသည်။ ဤလူသားက အမှန်တကယ်ကို အမှုတော်ပြုနေခြင်းများ၊ အမှန်တကယ် ညှဉ်းဆဲခံပြီး၊ ပေးဆပ်ခြင်းများကိုသာ လူများက မြင်ခဲ့ကြရပါသည်။ နောက်ဆုံးတွင် လူများအတွက် အပြစ်ပေးဆပ်သည့်အနေနှင့် ကားတိုင်တင်ခံ ရသည်မှာ လည်း ဤလူသားသာဖြစ်ပါသည်၊ ဤသို့နှင့် ဘုရားသခင်၏ ရွေးနှုတ်ခြင်းအမှုတော်ကို ပြီးမြောက် စေခဲ့ပါသည်။ ဤသည်မှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည့် အချက်ဖြစ်ပါသည်။ တစ်ခဏမျှ စဉ်းစားကြည့်ပါ။ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက အမှုတော်ကို ပြုခဲ့မည်ဆိုပါက၊ သူက လူများနှင့် သာမန်အတိုင်း ပြောဆို ဆက်ဆံခြင်းများ လုပ်နိုင်ပါ့မလား။ ညှဉ်းဆဲခြင်းများ၊ အဖိုးအခ ပေးဆပ်ခြင်းများကို တကယ်ပဲ ခံစားရပါ့မလား။ ကားတိုင်တွင်လည်း သံမှိုစွဲခံရနိုင်မည်လား။ သူ့အနေနှင့် ဤအရာများတစ်ခုမှမလုပ်နိုင်ပါ။ ဝိညာဉ်ခန္ဓာက အမှုတော်ပြုခဲ့မည်ဆိုပါက၊ ကျွန်တော်တို့လူသားများက သူနှင့် အလွယ်တကူ ဆက်ဆံနိုင်ပါ့မလား။ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများကို ထုတ်ပြကြမလား။ သူနှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်များ ပေါ်လာမလား။ ဘုရားသခင်ကို ပုန်ကန်ပြီး၊ စိတ်ကြိုက် အကဲဖြတ်ဝံ့မလား။ သို့ပါက ဖြစ်နိုင်မည်မဟုတ်ပါ။ လူများအားလုံးက သာမန် လူ့သဘာဝ အပြည့်နှင့်သာ ရှိပါသည်။ အားလုံးက အကောင်အထည်ရှိသည့် ကမ္ဘာလောက၊ အာကာသ၊ နေရာ စသည်တို့၏ အကန့်သတ်ခံများ သာဖြစ်ပါသည်။ လူ၏တွေးခေါ်မှုဖြစ်စဉ်ကလည်း သာမန်သာ ဖြစ်ပါသည်။ အကယ်၍ လူများက ဝိညာဉ်ခန္ဓာ၏အမှုတော်နှင့် ထိတွေ့ရမည်ဆိုပါက၊ ကြောက်လန့် တုန်လှုပ်သွားကြလိမ့်မည်။ သူတို့အတွေးများကလည်း အထိန်းအကွပ် မဲ့ပြီး ရူးကြောင်ကြောင် ဖြစ်လာလိမ့်မည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံသွားကြပါက၊ ဘုရားသခင်အနေနှင့် လူများကို ကယ်တင်ခြင်း အမှုတော်ကို အောင်မြင်စေဖို့ တော်တော်ခက်ခဲ သွားပါလိမ့်မည်။ ထို့ကြောင့် သာမန် လူ့သဘာဝ၏ အကန့်အသတ်များထဲမှနေ ဆောင်ရွက် ပြီး ရလာသည့် ရလဒ်က ဝိညာဉ်ခန္ဓာအားဖြင့် ဆောင်ရွက်သည့် ရလဒ်ထက် များစွာ သာလွန်ပါသည်။ ခေတ်တစ်လျှောက်လုံးတွင်၊ ဘုရားသခင် ရွေးကောက်ထားသည့် လူများက ဘုရားသခင်၏ ဝိညာဉ်ခန္ဓာ အမှုတော်ကို တွေ့ကြုံရခြင်း မရှိခဲ့ဖူးပါ။ ဝိညာဉ်ခန္ဓာက သမ္မာတရားကို တိုက်ရိုက်ဖော်ပြဖို့၊ လူများကို တုံ့ပြန်ဖို့နှင့် အသင်းတော်များကို လမ်းပြဖို့ဆိုသည်မှာ လုံးဝကို သင့်တော်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဒုတိယအကြိမ် လာရောက်ခြင်းအားဖြင့် ပြုသည့် တရားစီရင်ခြင်းအမှုက လူများကို သန့်စင်ဖို့၊ ကယ်တင်ဖို့၊ စုံလင်စေဖို့အတွက် နှုတ်ကပတ်တော်ကို ဖော်ပြခြင်းဖြစ်ပါသည်။ ၎င်း၏ရည်ရွယ်ချက်က လူများကို ထုတ်ဖော်ပြီး ဖယ်ရှားဖို့လည်း ဖြစ်ပါသည်။ လူများကို အမျိုးအစား အလိုက် သရုပ်ခွဲပြပြီး၊ ကောင်းသည့်သူကို ဆုချခြင်းဖြစ်သကဲ့သို့၊ ဆိုးယုတ်သူကို အပြစ်ပေးခြင်းဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်က လူများဆီသို့ ဝိညာဉ်ခန္ဓာအသွင်နှင့် ပေါ်ထွက်လာ မည်ဆိုပါက၊ ကောင်းသည့်လူ ဆိုးသည့်လူအားလုံးက ကိုယ်တော့်ရှေ့တွင် ဝပ်စင်းကုန်မည် ဖြစ်သည်။ သို့ပါက ကိုယ်တော်က ကောင်းသည့်သူနှင့် ဆိုးယုတ်သူကို မည်သို့ခွဲထုတ် မည်နည်း။ ပြီးလျှင် ဘုရားသခင်က ဝိညာဉ်ခန္ဓာနှင့် ပေါ်ထွက် လာမည်ဆိုပါက၊ လူများက ထိတ်လန့်တုန်လှုပ်ကုန်လိမ့်မည်။ တစ်ကမ္ဘာလုံးအနှံ့တွင် ဖရိုဖရဲများ ဖြစ်ကုန်လိမ့်မည်။ သို့ဆိုပါက နောက်ဆုံးသောကာလတွင် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပုံမှန်အတိုင်း ဆောင်ရွက်၍ ရမည်လား။ ကပ်ဘေးများမလာမီတွင်၊ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည့် လူအုပ်စုကို ပြီးစီးအောင် ပြုလုပ်မည့်အစီအစဉ်က ဖြစ်မြောက်ပါတော့မလား။ ထို့ကြောင့် နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်က သာမန်လူ့သဘာ၀ ရှိသည့် လူသားအဖြစ် လူ့ဇာတိကို မဖြစ်မနေ ခံယူရပါသည်။ သို့မှသာ သူက လူများ၏ကမ္ဘာတွင် အမှုတော်ပြုရင်း နေထိုင်နိုင်မည်။ သို့မှသာ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူများကို လက်တွေ့ကျကျ တရားစီရင်နိုင်၊ သန့်စင်နိုင်ပါသည်။ သို့မှသာ လူများကို စာတန်၏ လွှမ်းမိုးမှုအောက်မှနေ လုယူပြီး၊ ဘုရားသခင်က ကယ်တင်နိုင်မည်၊ ဘုရားသခင်၏လူများ ဖြစ်လာနိုင်မည်။ လူ့ဇာတိခံသည့် သခင်ယေရှုက လူများကို ရွေးနုတ်ခြင်း အောင်မြင်ဖို့၊ သာမန် လူ့သဘာဝထဲကသာဆောင်ရွက်ခဲ့ပါသည်။ သခင်ယေရှုက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်း သက်သေ ပြဖို့ လောက်သာ သခင်ယေရှု၏ထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြခဲ့ပါသည်။ ဤသည်မှာ လူများ၏ယုံကြည်မှုကို အားကောင်းစေဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြဖို့သာလာ ခဲ့ခြင်းဖြစ်ပါသည်။ အမှုတော် ပြုဖို့ လာခဲ့တာမဟုတ်ပါ။ လူများကြားတွင် အမှုတော်ပြုနိုင်ဖို့၊ လူများကို ရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းများ ရရှိနိုင်ဖို့အတွက် ဘုရားသခင်၏ လူ့ဇာတိခံခြင်းက သာမန်လူ့သဘာ၀ ရှိရပါသည်။ ထို့ကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်း အမှုအားဖြင့် လူများကို အလုံးစုံကယ်တင်ချင် သည်ဆိုပါက၊ အကောင်းဆုံးအကျိုးဆက် ရဖို့အတွက်၊ လူ့ဇာတိခံယူပြီး သာမန်လူ့သဘာဝနှင့်ပဲ အမှုတော်ကို ပြုရပါသည်။ သူက နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက်၊ သခင်ယေရှု၏ ဝိညာဏကိုယ်အဖြစ် လူများဆီကို ပေါ်ထွက်လာမည် မဟုတ်ပါ။ ဤသည်မှာ သစ္စာရှိသော ကျွန်တော်တို့ ယုံကြည်သူများအားလုံး ရှင်းရှင်း လင်းလင်း ဖြစ်လာရမည့် အချက်တစ်ခုဖြစ်ပါသည်။

လူ့ဇာတိခံယူခြင်း၏အဓိပ္ပာယ်ကို ပို၍ နားလည်သွားဖို့ဆိုပါက အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ကြည့်ကြ ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ လူ့ဇာတိခံယူသည့်အကြောင်းရင်းမှာ လူ့ဇာတိသည်လည်း ဩဇာအာဏာကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်ပြီး၊ သူသည် လူသားတို့အလယ်တွင် လက်တွေ့ကျသော နည်းတစ်ခု၊ လူသားအဖို့ မြင်၍ရနိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် နည်းလမ်းတစ်ခုဖြင့် အမှုကို ဆောင်ရွက်နိုင်စွမ်းရှိသောကြောင့်၊ ဖြစ်လေသည်။ ဤအမှုသည် ဩဇာအာဏာအားလုံးကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှုထက် များစွာ ပိုမို လက်တွေ့ကျပြီး ယင်း၏ ရလဒ်များသည်လည်း သိသာထင်ရှားလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် စကားပြောဆိုနိုင်ပြီး အမှုပြုနိုင်သောကြောင့် ဖြစ်သည်။ သူ၏ လူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် ဩဇာအာဏာကိုမျှ စွဲကိုင်ထားခြင်း မရှိသကဲ့သို့၊ လူသားအနေဖြင့် ချဉ်းကပ်၍ရနိုင်သည်၊ သူ၏ အနှစ်သာရမှာမူ ဩဇာအာဏာကို သယ်ဆောင်ထားသော်လည်း၊ သူ၏ ဩဇာအာဏာသည် မည်သူအဖို့မျှ မြင်၍မရနိုင်ပေ။ သူသည် စကားပြောဆိုပြီး အမှုပြုသောအခါတွင်၊ လူသည် သူ၏ အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ဤအရာက လက်တွေ့ကျသော သဘာဝနှင့်ဆိုင်သည့် အမှုကို လုပ်ဆောင်ရာ၌ သူကို လွယ်ကူချောမောစေသည်။...အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက၊ သူသည် လူသားအဖို့ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍လည်း မရနိုင်သည့် ဝိညာဉ်တော်အဖြစ် ကျန်ရှိနေမည် ဖြစ်သည်။ လူသားသည် ဇာတိပကတိရှိသည့် ဖန်ဆင်းခံ ဖြစ်လျက်၊ သူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး မတူကွဲပြားသော သဘာဝများကို ပိုင်ဆိုင်ကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိရှိသည့် လူသားနှင့် သဟဇာတ မဖြစ်သကဲ့သို့၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိသည်ကို ပြောစရာပင် မလိုဘဲ၊ ၎င်းတို့အကြားတွင် ဆက်ဆံရေးများ တည်ဆောက်ရန် တကယ့်ကို မဖြစ်နိုင်ပေ။ ဤသို့ဖြစ်ရာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအမှုကို လုပ်ဆောင်ရန်အလို့ငှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်လာရမည် ဖြစ်သည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွ သွားနိုင်သကဲ့သို့၊ လူသားမျိုးနွယ်အလယ်တွင် အလုပ်လုပ်ရင်းနှင့် ၎င်းတို့အလယ်၌ အသက်ရှင်ရင်း၊ ဖန်ဆင်းခံ လူသားတစ်ဦးဖြစ်လာရန် မိမိကိုယ်ကိုယ် နှိမ့်ချနိုင်သည်၊ သို့သော် လူသားသည် အနိမ့်ဆုံးသော နေရာသို့ ဆင်းသက်နိုင်ဖို့ မဆိုထားနှင့်၊ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်သကဲ့သို့ ဝိညာဉ်တစ်ပါးလည်း မဖြစ်လာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူရမည့် အကြောင်းရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ပတ်သက်သည့် အချို့အရာများသည် လူသားတို့ ထင်မှတ်ထားပုံနှင့် ကွာခြားသည်၊ ဤအရာများသည် မြင်တွေ့၍မရနိုင်၊ ထိတွေ့၍မရနိုင်ဘဲ နက်နဲလှသည်ဟူ၍လည်းကောင်း၊ သူသည် နေရာ၊ သို့မဟုတ် ပထဝီဝင်တို့၏ ဘောင်ခတ်ခြင်း မခံရဘဲ တစ်စုံတစ်ခုကို သိနိုင်စွမ်းရှိသည်ဟူ၍လည်းကောင်း သူတို့က ထင်မှတ်ထားကြသည်။ ထိုသို့ဆိုလျှင် ယင်းမှာ ဇာတိခန္ဓာ မဟုတ်ဘဲ ဝိညာဉ်ခန္ဓာသာ ဖြစ်သည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုစွဲနှက်ခြင်း ခံရပြီးသည့်နောက် ရှင်ပြန်ထမြောက်ခဲ့သည်။ သူသည် တံခါးကို ထိုးဖောက်သွားနိုင်ခဲ့သည် ဆိုသော်လည်း ယင်းမှာ ရှင်ပြန်ထမြောက်ပြီးသော ယေရှုဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်း မတိုင်မီက ယေရှုသည် နံရံကို ထိုးဖောက်၍ မသွားနိုင်ခဲ့ပေ။ သူသည် နေရာ၊ ပထဝီဝင်နှင့် အချိန်တို့၏ ဘောင်ခတ်ထားခြင်းကို ခံခဲ့ရသည်။ ယင်းမှာ ဇာတိခန္ဓာ၏ ပုံမန်လက္ခဏာသွင်ပြင် ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏ လူ့ဇာတိနှင့် ဝိညာဉ်တို့ကြား ဆက်နွယ်မှုကို နားလည်ရန် နည်းလမ်း”)

တရားစီရင်ခြင်းကို ခံရသူမှာ လူသား၊ ဇာတိခန္ဓာရှိပြီး၊ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော လူသားဖြစ်ကာ၊ တိုက်ရိုက် တရားစီရင်ခြင်းခံရသည့်သူမှာ စာတန်၏ ဝိညာဉ် မဟုတ်သောကြောင့်၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ၊ လူသားအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင်၊ နားရှိသော သူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းအမှုကို ရရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားအယောက်စီတိုင်း၏ နားများထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပေးပို့နိုင်သည်။ ဤအရာသည်သာ လူသားကို ကျိုးနွံနာခံစေခြင်း အဖြစ်သို့ ခြောက်လှန့်ရန် ဝိညာဉ်တော်က ထင်ရှားခြင်းထက်၊ သူ၏နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသောရလဒ် ဖြစ်သည်။ လူသည် အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန် အလို့ငှာ၊ နှစ်ပေါင်းများစွာ အတွင်းတွင် နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့် လူ၏ စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ် ပေးနိုင်သည်မှာ၊ ဤလက်တွေ့ကျသော်လည်း ထူးခြားသည့် အမှုမှတစ်ဆင့်သာ ဖြစ်ပေသည်။ ဤအရာများသည် လက်တွေ့ကျသည့် နည်းဟန်ဖြင့် စကားပြောဆိုခြင်းနှင့် တရားစီရင်ခြင်းကို စီမံဆောင်ရွက်သည့် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျသော အမှုအားလုံးဖြစ်သည်၊ သူသည် လူအပေါ် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

ဝိညာဉ်ခန္ဓာတွင် ဆောင်ရွက်သည့် ဘုရားသခင်၏အမှုတော်နှင့် လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်ကြား ခြားနားမှုကို အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်က သေချာ ရှင်းလင်းပြထားပါသည်။ လူ့ဇာတိခံယူခြင်းတွင်ပြုသည့် ဘုရားသခင် အမှုတော်၏ အဓိပ္ပာယ်ကို လည်း ပြည့်စုံစွာ ထုတ်ဖော်ပြသည်။ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြပြီး၊ လူများနှင့် မျက်နှာချင်းဆိုင် နိုင်သည်ဟု ဆိုသော်လည်း၊ ဝိညာဉ်ခန္ဓာက နားမလည်နိုင်လောက်အောင် လျှို့ဝှက်နက်နဲနေဆဲသာ ဖြစ်ပါသည်၊ လူများအတွက် ချဉ်းကပ်ဖို့ခက်ခဲဆဲ သာဖြစ်ပါသည်၊ သူက လူများ၏ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်စေပြီး၊ လူများကို သင့်တင့်လျောက်ပတ်သည့် အကွာအဝေးတစ်ခုတွင် ရှိစေသည်။ သခင်ယေရှု၏ဝိညာဉ်ခန္ဓာက လူများနှင့် ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံ၍ မရနိုင် သကဲ့သို့ လူတွေကြားတွင် သာမန်အတိုင်း အမှုတော်မပြုနိုင်၊ မဟောပြောနိုင်သည့်အတွက်၊ သူက လူများကို ကယ်တင်နိုင်ခြင်း မရှိပါ။ သို့သော်လည်း လူ့ဇာတိခံ ဘုရားသခင်ကမူ ကွဲပြားပါသည်။ သူက လူများကို လက်တွေ့ကျပြီး စစ်မှန်သည့် နည်းလမ်းမျိုးနှင့် ဆက်ဆံနိုင်သည်။ လူများကို ရေလောင်း ထောက်ပံ့ပေးနိုင်သည်၊ သခင်ယေရှုကဲ့သို့ပင် ဖြစ်သည်၊ လူများနှင့် အဖော်ပြုနေထိုင်ရင်း လူများကိုထောက်ပံ့ပေးဖို့အတွက်၊ သမ္မာတရားကို အချိန်မရွေး နေရာမရွေး ဖော်ပြနိုင်ခဲ့သည်။ သူ့တပည့်များကလည်း သူနှင့်အတူထိုင်ပြီး၊ သူ၏ သင်ကြားခြင်းများကို နားထောင်ခဲ့ရသည်၊ သူနှင့်အတူ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ရသည်။ သူတို့က ကိုယ်တော်၏ ရေလောင်းခြင်း၊ လမ်းပြခြင်းကို တိုက်ရိုက်ရခဲ့ကြပါသည်။ သူတို့ မည်သို့ ပြဿနာများ အခက်အခဲများနှင့်ပင် ကြုံကြုံ၊ သခင်ယေရှုက ကူညီဖြေရှင်း ပေးခဲ့သည်။ သူတို့က ကြီးမားသည့် အသက်တာအထောက်အပံ့ကို အပ်နှင်းခံရသည်။ ဘုရားသခင်က နှစ်သက်ဖွယ် ချစ်ခင်ဖွယ် ကောင်းကြောင်း သူတို့တွေ့ခဲ့ကြသည်။ ဤအတွက်ကြောင့် သူတို့က ဘုရားသခင်ကို အမှန်တကယ် ချစ်ခင် နာခံနိုင်ခဲ့ကြပါသည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းက လူ့နယ်ပယ်ထဲကို ဝင်ရောက်မှသာလျှင် ကျွန်တော်တို့ကလည်း၊ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံဖို့၊ ဘုရားသခင်ကို တွေ့ကြုံပြီး၊ သိနားလည်ဖို့ အခွင့်အလမ်းကို ရကြပါပြီ။ သို့မှသာ ကျွန်တော်တို့က ဘုရားသခင်၏အံ့မခန်းဖြစ်ခြင်း၊ ဉာဏ်ပညာ၊ လူများကို လက်တွေ့ကျကျ ကယ်တင်ခြင်း တို့ကို မျက်မြင် မြင်တွေ့နိုင်ပါသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်တွင်ပါသည့် အရေးပါမှုနှင့် လက်တွေ့ကျသည့် တန်ဖိုးသွင်ပြင် လက္ခဏာ တစ်ရပ်ဖြစ်ပါသည်။ ဝိညာဉ်ခန္ဓာကမူ ဤအကျိုးတရားကို လုံး၀ မဖြစ်စေနိုင်ပါ။

ဤမိတ်ဿဟာယကြောင့် ကျွန်တော်တို့အနေနှင့် အချက် တစ်ခုကို အတော်အတန် ရှင်းသွားကြပါပြီ။ လူသားအဖြစ် လူ့ဇာတိခံယူပြီး၊ သာမန်လူ့သဘာဝအတွင်း ဆောင်ရွက်မှသာ ဘုရားသခင်အနေနှင့် လူများကို လက်တွေ့ကျကျ တရားစီရင် နိုင်သည်၊ သိမ်းပိုက်နိုင်သည်၊ သန့်စင်နိုင်ပါသည်။ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာကတော့ အမှုတော်အတွက် ဤကဲ့သို့ တူညီသည့် အကျိုးတရား နီးပါးလောက်ကိုပင် မရရှိနိုင်ပါ။ အစတွင်မူ ဘုရားသခင်က လူများကြားတွင် တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို ပြုဖို့အတွက် လူသားအဖြစ် လူ့ဇာတိ ခံယူသည့်အခါ ကျွန်တော်တို့လူသားများက ဘုရားသခင်ကို သာမန်လူသားအဖြစ် ဆက်ဆံကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူ့ဇာတိခံခြင်းက မည်သူဖြစ်ကြောင်း ကို ကျွန်တော်တို့က ခွဲခြားရဦးမည် ဖြစ်ပါသည်။ ကျွန်တော်တို့က ဘုရားသခင်၏နှုတ်ကပတ်တော်၊ အမှုတော်နှင့်ပတ်သက်ပြီး အယူအဆများကိုပင် ဖော်ထုတ်လာလိမ့်မည်၊ ခရစ်တော်ကို မလေးမစား ဆက်ဆံကြလိမ့်မည်၊ သူ့ကို နာခံဖို့ ငြင်းပယ်ကြလိမ့်မည်။ ကျွန်တော်တို့က သူ့ကိုလှည့်စားဖို့ မမှန်မကန် ပြောဆိုကြလိမ့်မည်၊ သူ့ကို အကဲဖြတ်ပြီး ဆန့်ကျင်ရှုတ်ချခြင်းပင် လုပ်ကြလိမ့်မည်။ ကျွန်တော်တို့လူသားများ၏စိတ်ကြီးဝင်မှု၊ ပုန်ကန်မှု၊ ဆန့်ကျင်မှုများက ခရစ်တော်ရှေ့တွင် အပြည့်အစုံ ပေါ်လွင်လာပါ လိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို ‘ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း’ နှင့် ‘ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း’ ဟု ခေါ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားသခင်က လူများ၏ပုန်ကန်မှု၊ ဆန့်ကျင်မှု အခြေအနေမှန်နှင့်အညီ၊ လူများကို တရားစီရင်သည်၊ ဖော်ထုတ်ပြသည်၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားသခင်၏အမှုတော်က အမှန်တကယ် လက်တွေ့ကျ သကဲ့သို့၊ လူများကို အရှိအတိုင်း ထုတ်ဖော်ပြပါသည်။ ဤကဲ့သို့ အဖြစ်မှန်အထောက်အထားနှင့် ရင်ဆိုင်လိုက် ရသည့်အခါတွင်၊ သမ္မာတရားကို လက်ခံနိုင်သူများကမူ သေချာ နားလည် လက်ခံသွားကြမည်။ သူတို့၏ပုန်ကန်မှု၊ ဆန့်ကျင်မှု ကိုလည်း ဝန်ခံသွား ကြမည်။ ဘုရားသခင်၏ သန့်ရှင်းသည့်၊ ဖြောင့်မတ်သည့်၊ ချိုးဖျက်မရ နိုင်သည့် စိတ်နေသဘောထား ကိုလည်း သူတို့ သိလာကြလိမ့်မည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ကျိုးကျိုးနွံနွံ လက်ခံနိုင်လာလိမ့်မည်။ သို့မှသာ သူတို့အနေနှင့် ဘုရားသခင်၏ လက်တွေ့ကျသည့်အမှုတော်အားဖြင့် သိမ်းပိုက် ကယ်တင်ခြင်းကို ခံရနိုင်ပါသည်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်) ထို့ကြောင့် နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်မှသာ လူများက အလုံးစုံ သန့်စင်ပြီး ကယ်တင်ခံရပါလိမ့်မည်။

မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီး တော်တော်ပြင်းထန်တာလေးတွေရှိတာတွေ့ရပါတယ် လူသားကိုတရားစီရင်ခြင်း ရှုတ်ချခြင်းနဲ့ ကျိန်ဆိုခြင်းတွေပါ ဘုရားသခင်ကလူသားတွေကိုတရားစီရင်ပြီး ကျိန်ရင် သူတို့တွေရှုတ်ချခံရပြီးအပြစ်ပေးခံရမလားလို့တွေးမိတယ် ဘယ်လိုဖြစ်ပြီး ဒီလိုတရားစီရင်မှုမျိုးက လူသားမျိုးနွယ်ကိုသန့်စင်ပြီးကယ်တင်ဖို့လို့ ပြောလို့ရမှာလဲ

နောက်တစ်ခုသို့- မေးခွန်း (၂) ဒီနေ့တွေမှာ ခင်ဗျားတို့မိတ်သဟာယပြုတာတွေ၊ သက်သေခံတာတွေကို နားထောင်ရတော့ နောက်ဆုံးသောကာလမှာ သခင်ရဲ့ဒုတိယအကြိမ်လာခြင်းဆိုတာ တရားစီရင်ခြင်းအမှုကိုပြုဖို့ လူ့ဇာတိခံခြင်းဖြစ်တယ်ဆိုတာတော့ ရှင်းပါပြီ ဒါပေမဲ့ လူ့ဇာတိခံယူခြင်းသမ္မာတရားကို ကျွန်တော်တို့ နားမလည်ပါဘူး အဲဒါကြောင့်လည်း စီစီပီအစိုးရနဲ့ ဘာသာရေးလောကရဲ့သင်းအုပ်၊ အကြီးအကဲတွေက မမှန်မကန်ပြောတာတွေ၊ ကောလာဟလတွေနဲ့ ခပ်လွယ်လွယ် လှည့်စားခံကြရပါတယ် အဲဒီအတွက် အကျိုးဆက်ကတော့ ကျွန်တော်တို့က လူ့ဇာတိခံ ဘုရားသခင်ကို လူတစ်ယောက်အဖြစ်နဲ့ပဲ သဘောထားမိလိမ့်မယ်။ ကိုယ်တော့်ကို ဆန့်ကျင်စော်ကားတာတောင် လုပ်မိလိမ့်မယ် ဒါကြောင့် ခင်ဗျားတို့ကို လူ့ဇာတိခံယူခြင်းသမ္မာတရားအကြောင်း မေးချင်ပါတယ် လူ့ဇာတိခံခြင်းဆိုတာ ဘာလဲ လူ့ဇာတိခံ ခရစ်တော်နဲ့ ဘုရားသခင် အသုံးပြုတဲ့ ပရောဖက်တွေ၊ တမန်တော်တွေကြားမှာ ဘယ်လိုကွာခြားပါသလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။