မေးခွန်း (၂) ဒီနေ့တွေမှာ ခင်ဗျားတို့မိတ်သဟာယပြုတာတွေ၊ သက်သေခံတာတွေကို နားထောင်ရတော့ နောက်ဆုံးသောကာလမှာ သခင်ရဲ့ဒုတိယအကြိမ်လာခြင်းဆိုတာ တရားစီရင်ခြင်းအမှုကိုပြုဖို့ လူ့ဇာတိခံခြင်းဖြစ်တယ်ဆိုတာတော့ ရှင်းပါပြီ ဒါပေမဲ့ လူ့ဇာတိခံယူခြင်းသမ္မာတရားကို ကျွန်တော်တို့ နားမလည်ပါဘူး အဲဒါကြောင့်လည်း စီစီပီအစိုးရနဲ့ ဘာသာရေးလောကရဲ့သင်းအုပ်၊ အကြီးအကဲတွေက မမှန်မကန်ပြောတာတွေ၊ ကောလာဟလတွေနဲ့ ခပ်လွယ်လွယ် လှည့်စားခံကြရပါတယ် အဲဒီအတွက် အကျိုးဆက်ကတော့ ကျွန်တော်တို့က လူ့ဇာတိခံ ဘုရားသခင်ကို လူတစ်ယောက်အဖြစ်နဲ့ပဲ သဘောထားမိလိမ့်မယ်။ ကိုယ်တော့်ကို ဆန့်ကျင်စော်ကားတာတောင် လုပ်မိလိမ့်မယ် ဒါကြောင့် ခင်ဗျားတို့ကို လူ့ဇာတိခံယူခြင်းသမ္မာတရားအကြောင်း မေးချင်ပါတယ် လူ့ဇာတိခံခြင်းဆိုတာ ဘာလဲ လူ့ဇာတိခံ ခရစ်တော်နဲ့ ဘုရားသခင် အသုံးပြုတဲ့ ပရောဖက်တွေ၊ တမန်တော်တွေကြားမှာ ဘယ်လိုကွာခြားပါသလဲ
အဖြေ- လူ့ဇာတိခံခြင်းဆိုတာ ဘာလဲ၊ ခရစ်တော်ဟာ ဘာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ရင်တော့ ဒါက ဘယ်ယုံကြည်သူမှ နားမလည်ကြတဲ့ သမ္မာတရားရဲ့နက်နဲမှုတစ်ခုလို့ပဲ ပြောနိုင်ပါတယ် သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်တယ်ဆိုတာကို နှစ်ပေါင်းထောင်ချီနေတဲ့ ယုံကြည်သူအဆက်ဆက်က သိခဲ့ကြတယ်ဆိုပေမယ့် လူ့ဇာတိခံယူခြင်းနဲ့ လူ့ဇာတိခံယူခြင်းရဲ့အစစ်အမှန် အနှစ်သာရကိုတော့ ဘယ်သူမှ နားမလည်ကြပါဘူး နောက်ဆုံးသောကာလရဲ့အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာခဲ့တဲ့ အခုချိန်ကျမှသာ၊ သမ္မာတရားရဲ့ ဒီလိုနက်နဲတဲ့လက္ခဏာသွင်ပြင်ကို လူတွေဆီ ထုတ်ဖော်ပြလိုက်တာပါ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘယ်လိုပြောတယ်ဆိုတာ ကြည့်ကြရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။” “သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ ‘အကောင်အထည်ဖော်ခံရခြင်း’ ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)
“လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။ ဤအနှစ်သာရသည် သူကိုယ်တိုင်၏ အမှုကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ ပြီးလျှင် သူကိုယ်တိုင်၏ အမှုကို ဖျက်ဆီးမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ သူကိုယ်တိုင်၏ အလိုနှင့် ဆန့်ကျင်သည့် မည်သည့် စကားကိုမျှ တစ်ကြိမ်တစ်ခါမျှ သူ မိန့်မြွက်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)
အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအရ လူ့ဇာတိခံခြင်းဆိုတာ ဘုရားသခင်ရဲ့ဝိညာဉ်တော်က လူ့ဇာတိမှာ ဖြစ်ပေါ်လာတာကိုဆိုလိုမှန်း ထင်ရှားပါတယ် သူ့ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကမ္ဘာမြေဆီ သယ်ဆောင်ပြီး၊ လူတွေဆီ ပေါ်ထွန်းဖို့အတွက် ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ လူ့ဇာတိနဲ့လွှမ်းခြုံပြီး၊ သာမန်လူသားတစ်ယောက် ဖြစ်လာတာပါ တစ်နည်းပြောရရင် လူ့လောကထဲမှာ ဟောကြားဖို့၊ အမှုတော်ပြုဖို့၊ လူတွေကို ရွေးနုတ်ကယ်တင်ဖို့အတွက် ကောင်းကင်ဘုံမှာရှိတဲ့ ဘုရားသခင်က လူသားဖြစ်လာတာပါ “သူဟာ သာမန်လူ့သဘာဝရော ပြည့်စုံတဲ့ ဘုရားသဘောသဘာဝ ပါ ရှိတယ်” အပြင်ပန်းသွင်ပြင်ကနေ ကြည့်ရင်တော့၊ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ သာမန် ပုံမှန်လူသားတစ်ယောက်လိုပဲ ထင်ရပါတယ် သူ့မှာလည်း တခြားလူသားတွေလို ဘဝရဲ့စည်းကမ်းသတ်မှတ်ချက်တွေရှိတယ်။ လူတွေ လှုပ်ရှားဆောင်ရွက်ကြတဲ့အတိုင်းပဲ ပါဝင်လုပ်ဆောင်တယ် သူ့မှာလည်း တခြားသာမန်လူသားတွေလို စိတ်ခံစားမှုတွေရှိပါတယ်။ လူတွေနဲ့အတူ အဖော်ပြုရင်း၊ လက်တွေ့ကျကျနဲ့ စစ်မှန်စွာ နေထိုင်တာဖြစ်ပါတယ် အပြင်ပန်းသွင်ပြင်အရတော့ သူဟာ တခြားလူတွေနဲ့ ကွဲပြားမှုမရှိသလိုပါပဲ ဒါပေမဲ့ လူ့ဇာတိခံ ဘုရားသခင်ရဲ့စစ်မှန်တဲ့အနှစ်သာရက ဘုရားသဘောသဘာဝပါပဲ သူဟာ ဘုရားသခင်ရဲ့စိတ်နေသဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ပြနိုင်ပါတယ် လူတွေရဲ့လိုအပ်ချက်တွေအရ သူဟာ လူတွေကို အသက်တာထောက်ပံ့ဖို့၊ ကယ်တင်ဖို့အတွက် သမ္မာတရားကို အချိန်မရွေး နေရာမရွေး ဖော်ပြနိုင်တယ် ဘုရားသခင်ကိုယ်တော်တိုင်ရဲ့အမှုကိုလည်း သူက ဆောင်ရွက်နိုင်တယ် ဒါဟာ ဖန်ဆင်းခံတွေအားလုံးထဲမှာ ဘယ်သူမှ မစွမ်းဆောင်နိုင်တဲ့အရာပါ သခင်ယေရှုဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဖြစ်တယ်၊ ခရစ်တော်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ် အပြင်ပန်းသွင်ပြင်အရတော့ သူဟာ ကျွန်တော်တို့လိုပဲ သာမန်ပုံမှန်လူသားတစ်ယောက်ပါပဲ ဒါပေမဲ့ သခင်ယေရှုက သမ္မာတရားကို ဖော်ပြနိုင်သလို၊ လူတွေကို နောင်တလမ်းကို ထောက်ပံ့ပေးနိုင်တယ် လူတွေကို အပြစ်တွေကနေ ခွင့်လွှတ်ပေးဖို့နဲ့ ရွေးနုတ်ခြင်းအမှုတော် ပြီးစီးအောင် ကားတိုင်မှာ အသေခံနိုင်တဲ့ ဩဇာအာဏာလည်း သူ့မှာရှိပါတယ် ဘယ်လိုလူသားကမှ ဒါကို မစွမ်းဆောင်နိုင်ပါဘူး သခင်ယေရှုဟာ အံ့ဖွယ်နိမိတ်လက္ခဏာတွေကိုလည်း ပြသနိုင်တယ် လေနဲ့ ပင်လယ်ကို ငြိမ်သက်စေနိုင်သလို၊ လူငါးထောင်ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်တည်းနဲ့ လောက်အောင်ကျွေးနိုင်တယ်။ သေသူကို ပြန်ရှင်စေနိုင်တယ် စသဖြင့်ပေါ့လေ သခင်ယေရှုက ဟောကြားတာတွေအတွက်လည်း နေရာအနှံ့သွားရောက်ခဲ့တာပါ လူတွေရဲ့တကယ့်လိုအပ်ချက်တွေအရ၊ သူဟာ လူတွေကို အသက်တာထောက်ပံ့ဖို့ လမ်းပြဖို့အတွက် သမ္မာတရားကို အချိန်မရွေး နေရာမရွေး ဖော်ပြခဲ့တာပါ သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ဟာ၊ စစ်မှန်ပြီး လက်တွေ့ကျတဲ့ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေ ဖြစ်မှန်း လူတွေကို သိစေခဲ့တာပါပဲ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ဟာ ဘုရားသခင်ရဲ့အသက်တာစိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတွေကို ထင်ရှားစေခြင်းပါပဲ ဘယ်လို ဖန်ဆင်းခံလူသားကမှ ဒါမျိုးကို မပိုင်ဆိုင်သလို၊ အဲဒီလိုအောင်မြင်မှုတွေကို ရယူနိုင်စွမ်းလည်း မရှိကြပါဘူး သခင်ယေရှုဟာ လူ့ဇာတိခံ ဘုရားသခင် ဖြစ်တယ်ဆိုတာ ဒါက သက်သေပါပဲ သူဟာ သာမန်လူ့သဘာဝ ရှိတယ်ဆိုပေမယ့်၊ သူ့ရဲ့အနှစ်သာရကတော့ ဘုရားသဘောသဘာဝပါပဲ အဲဒီအတွက် သူဟာ ဘုရားသခင်ရဲ့အသံတော်နဲ့ သမ္မာတရားကို ဖော်ပြနိုင်တာ ဖြစ်ပါတယ် သူဟာ ဘုရားသခင်ရဲ့အမှုတော်ကိုပြုဖို့အတွက် ဘုရားသခင်အဖြစ် ဆောင်ရွက်နိုင်ပါတယ် ဒါကြောင့် ကျွန်တော်တို့က ခရစ်တော်ရဲ့သာမန်လူ့သဘာဝကိုပဲ မြင်နိုင်တယ်ဆိုရင် သူ့ကို သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ သဘောထားမိသွားတတ်ပါတယ် ဒါပေမဲ့ ခရစ်တော် ပြောသမျှအားလုံးဟာ သမ္မာတရားဖြစ်တယ်၊ သူ ထင်ရှားပြတာတွေအားလုံးက ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်း ဆိုတာတွေကို သဘောပေါက်ပြီး လူ့ဇာတိထဲက ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုပါ မြင်နိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့က အဲဒီလိုအနေအထားမျိုးရောက်မှသာ ခရစ်တော်ရဲ့ဘုရားသဘောသဘာဝ အနှစ်သာရကို သိလာပါလိမ့်မယ်
ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ ခရစ်တော်ရဲ့ဘုရားသဘောသဘာဝ အနှစ်သာရကို သိဖို့ အရေးကြီးပါတယ် ခရစ်တော်ရဲ့ဘုရားသဘောသဘာဝ အနှစ်သာရကို မမှတ်မိ မသိရှိဘူးဆိုရင်၊ ကျွန်တော်တို့က ခရစ်တော်ကို သာမန်လူတစ်ယောက်အဖြစ်ပဲ မှတ်ယူလိုက်လိမ့်မယ် ဘုရားသခင် အသုံးပြုတဲ့ ပရောဖက်တွေ၊ တမန်တော်တွေကိုတောင် ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် ယူဆမိကြလိမ့်မယ် ဒါက ပေါ့သေးသေးကိစ္စ မဟုတ်ပါဘူး ကဲ ဒီတော့ ခရစ်တော်နဲ့ ဘုရားသခင် အသုံးပြုတဲ့ ပရောဖက်တွေ၊ တမန်တော်တွေကြားက ခြားနားမှုကို ဆွေးနွေးကြရအောင် ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ အပြင်ပန်းသွင်ပြင်မှာ သာမန်လူ့သဘာဝ ရှိတယ်၊ သာမန်ပုံမှန်လူသားတစ်ယောက် ဖြစ်တယ်ဆိုတာ အားလုံး သိကြပါတယ် ဒါပေမဲ့ တကယ်တမ်းတော့ သူဟာ ဘုရားသခင်ရဲ့ဝိညာဉ်တော်က လူ့ဇာတိမှာ ဖြစ်ပေါ်ခြင်းပါပဲ။ သူဟာ အနှစ်သာရအရ ဘုရားဖြစ်ပါတယ် ဒါကြောင့်ပဲ သူဟာ သမ္မာတရားကို ဖော်ပြရင်း၊ ဘုရားသခင်ရဲ့စိတ်သဘောထား၊ အလိုတော်နဲ့ လူတွေအပေါ် တောင်းဆိုချက်တွေကို အချိန်နေရာမရွေး ဖော်ပြရင်း ဘုရားသခင်ကိုယ်တော်တိုင်ရဲ့အမှုတော်ကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ် သူဟာ လူတွေကို ရွေးနုတ်၊ သန့်စင်၊ ကယ်တင်နိုင်သလို လူတွေကို တရားစီရင်နိုင်တယ်၊ ဖော်ထုတ်ပြနိုင်တယ်၊ ကျိန်ဆိုခြင်းလည်း ပြုနိုင်တယ် ပရောဖက်တွေ၊ တမန်တော်တွေကတော့ ဘုရားသခင် အသုံးပြုတဲ့ လူတွေပါပဲ သူတို့က သာမန်လူ့သဘာဝကိုပဲ ပိုင်ဆိုင်တယ်။ ဘုရားသခင်ရဲ့ဘုရားသဘောသဘာဝ အနှစ်သာရတော့ မရှိကြပါဘူး ဒါကြောင့် သူတို့က လူသားရဲ့အလုပ်ကိုပဲ လုပ်နိုင်ကြတယ် ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုအစီအစဉ်မှာ၊ သူတို့က လူသားတာဝန်တွေကို ကျေပွန်တာထက်ပိုပြီး တခြားဘာမှမလုပ်နိုင်ပါဘူး သူတို့တွေက သမ္မာတရားကို မဖော်ပြနိုင်သလို၊ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့အမှုတော်ကို ဆောင်ရွက်နိုင်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ပါဘူး သူတို့ရဲ့ဆွေးနွေးချက်တွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းပေးမှု၊ အလင်းပြမှုနဲ့ ပြည့်စုံတယ်၊ သမ္မာတရားနဲ့လည်း ကိုက်ညီနေတယ်ဆိုပေမယ့်၊ အဲဒါတွေကိုယ်တိုင်က သမ္မာတရား မဟုတ်ပါဘူး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အပေါ် သူတို့ရဲ့နားလည်မှုနဲ့ အတွေ့အကြုံကို ဖော်ပြခြင်းလောက်ပါပဲ ကျေးဇူးတော်ခေတ်ရဲ့တမန်တော်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် သူတို့ဆွေးနွေးပြခဲ့တာတွေက အဓိကအားဖြင့် သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေနဲ့အမှုတော်အပေါ် သူတို့ရဲ့နားလည်မှု၊ အတွေ့အကြုံကို ဖော်ပြခြင်းပါပဲ ဘုရားသခင်ရဲ့အမှုတော်မှာ တွေ့ကြုံရခြင်းသက်သေခံချက်ကို သူတို့က ကိုယ်စားပြုခဲ့တာပါ တမန်တော်တွေရဲ့စာစောင်တွေကို ကြည့်မယ်ဆိုရင်၊ အဲဒါတွေကို လူတွေက ရေးထားတာဖြစ်မှန်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ် အဲဒါတွေက သူတို့ရဲ့အတွေ့အကြုံတွေနဲ့ သက်သေခံချက်အကြောင်း ဟောပြောချက်တွေပါပဲ ဒီ တမန်တော်တွေရဲ့စာစောင်တွေထဲမှာ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားဆိုတာက လုံးဝမပါဝင်ပါဘူး ဒီ တမန်တော်တွေရဲ့စာစောင်တွေထဲမှာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်ထဲက ဩဇာအာဏာနဲ့ တန်ခိုးတော်မျိုးလည်း မပါဝင်ပါဘူး တမန်တော်တွေရဲ့စကားတွေနဲ့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေဟာ အင်မတန်ခြားနားတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါပြီ။ ဒီနှစ်မျိုးလုံးကို အတူတူအဖြစ် မြင်လို့မရပါဘူး တကယ်တော့ ပရောဖက်တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖော်ပြတယ်ဆိုတာ၊ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်ကို သယ်ဆောင်ပေးဖို့ အမိန့်ပေးတာကြောင့်သာ သူတို့တွေက အဲဒီလို လုပ်ရတာပါ ပရောဖက်တွေက ဘုရားသခင်ရဲ့ကိုယ်ပိုင်လက္ခဏာကို သုံးပြီး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မဖော်ပြနိုင်ပါဘူး။ သူတို့က ကိုယ်တိုင်ပြောသူနေရာမှာဝင်ပြီး မပြောဆိုနိုင်ဘူး သူတို့တွေက သမ္မာတရားကို စိတ်တိုင်းကျ ဖော်ပြနိုင်စွမ်းလည်း မရှိပါဘူး ဒါက ဘာကြောင့်လဲဆိုရင်၊ သူတို့တွေက ဘုရားသခင် အသုံးပြုတဲ့လူတွေမျှသာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က ဘုရားသခင် မဟုတ်ပါဘူး သူတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဟောပြောပေးရုံသက်သက်ပါ။ သူတို့ဟောပြောနိုင်တာကလည်း တော်တော် အကန့်အသတ်ရှိပါတယ် ဒါကြောင့် ပရောဖက်တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဟောပြောတဲ့အခါ၊ သူတို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ပြောဆိုနေတာသာဖြစ်တယ်၊ သူတို့ကိုယ်ပိုင်စကား မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်လေ ဒါတွေအားလုံးက ဘာကို သက်သေပြလဲဆိုတော့ ပရောဖက်တွေနဲ့ တမန်တော်တွေဟာ ဘုရားသခင် အသုံးပြုတဲ့ လူတွေသာဖြစ်တယ်။ သူတို့ဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံယူခြင်းတွေ မဟုတ်ဘူးဆိုတာပါပဲ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကိုတော့ ဘုရားသခင်အဖြစ် ခေါ်ဆိုနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ ရှိလို့ပါပဲ ပရောဖက်တွေနဲ့ တမန်တော်တွေကျတော့ လူ့သဘာဝပဲ ရှိပါတယ်။ သူတို့မှာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ ကင်းမဲ့တဲ့အတွက်၊ လူသားအဖြစ်ပဲ ယူဆလို့ရနိုင်တယ် ဒါက ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနဲ့ ပရောဖက်တွေ၊ တမန်တော်တွေကြား အနှစ်သာရအရ ခြားနားမှုပါပဲ
မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ