မေးခွန်း (၄) ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ အပြင်ပန်းသွင်ပြင်အရ သာမန်လူတစ်ယောက်လိုပဲလို့ ခင်ဗျားတို့က သက်သေခံတယ် သူဟာ သခင်ယေရှုလိုပဲ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရုံမကဘူး၊ ဘုရားသဘောသဘာဝလည်း ရှိတယ်ပေါ့ ဒီလောက်အထိကတော့ သံသယမရှိပါဘူး ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြားမှာ ကွာခြားတာက ဘာလဲ

အဖြေ- ညီအစ်ကိုကူးက သိပ်အရေးကြီးတဲ့မေးခွန်းတစ်ခု ထုတ်လိုက်တာပဲ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကို နားလည်ရာမှာ သိပ်ကိုအရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ ဘုရားသခင်က ခရစ်တော် ဖြစ်လာဖို့အတွက် လူ့ဇာတိခံယူတဲ့အခါ၊ လူတွေအနေနဲ့ ခရစ်တော်ဆီမှာ သာမန်လူ့သဘာဝကို အလွယ်တကူ မြင်နိုင်ပါတယ် ခရစ်တော်ဟာ သာမန်လူ့သဘာဝနဲ့ပဲ သမ္မာတရားကို ဖော်ပြတယ်၊ အမှုတော် ပြုပါတယ် အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြသချိန်မှာလည်း သာမန်လူ့သဘာဝနဲ့ပါပဲ။ သူနဲ့ပတ်သက်ပြီး သဘာဝလွန်ဖြစ်ရပ်ဆိုတာ မရှိပါဘူး ခရစ်တော်ရဲ့လူ့သဘာဝက သာမန်ဆန်လွန်းတဲ့သဘာဝဆိုတာကို ဒါက ပြပါတယ် ဒါကြောင့် ခရစ်တော်ဟာ လူ့ဇာတိခံဘုရားသခင်ဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့ လူတော်တော်များများအတွက် ခက်ခဲပါတယ် ဒါကြောင့်လည်း ကျေးဇူးတော်ခေတ်အတွင်းမှာ၊ သခင်ယေရှုနောက်ကို လိုက်ခဲ့သူတွေက သူ့ကို ဘုရားသခင်ရဲ့သားတော်၊ ခရစ်တော်လို့ ခေါ်ခဲ့ကြပေမယ့် သခင်ယေရှုကို ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် ကိုးကွယ်နာခံခဲ့သူဆိုတာတော့ မရှိသလောက်ပါပဲ ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ ခရစ်တော်ရဲ့လူ့သဘာဝက သာမန်ဆန်လွန်းပြီး၊ သဘာဝလွန်ဖြစ်ရပ်ဆိုတာလည်း လုံးဝမရှိတာကြောင့် ဒီလိုဖြစ်ခဲ့တယ်လို့ ကျွန်တော်တော့ ယုံကြည်တယ် လူတွေရဲ့အမြင်မှာ၊ ခရစ်တော်က သာမန်လူသားတစ်ယောက်ပဲလေ ဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်က ဘယ်လိုပဲ သက်သေခံပါစေ၊ လူတွေက သခင်ယေရှုကို ဘုရားသခင်အဖြစ် ထင်မြင်ကြည့်ဖို့ ခက်ခဲခဲ့ကြတာပေါ့ နောက်အချက်တစ်ခုကတော့ အဲဒီခေတ်တုန်းက လူတွေဟာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်ကို မဆိုသလောက်ပဲ တွေ့ကြုံခဲ့ကြရတယ် ဒါကြောင့် သမ္မာတရားကို နားလည်ဖို့နဲ့ ခရစ်တော်ရဲ့ဘုရားသဘောသဘာဝ အနှစ်သာရကို သိဖို့ဆိုတာ သူတို့အတွက် တော်တော်ခက်ခဲခဲ့တယ် ခရစ်တော်ဟာ သာမန်လူ့သဘာ၀ ရှိတယ်ဆိုပေမယ့်၊ ခရစ်တော်ရဲ့သာမန်လူ့သဘာဝကို စေ့စေ့စပ်စပ် နားလည်တဲ့သူဆိုတာ မရှိသလောက်ပါပဲ ခရစ်တော်ဟာ အပြစ်တွေနဲ့ ကင်းရှင်းပါတယ်။ သူ့ရဲ့သာမန်လူ့သဘာဝဟာ သန့်ရှင်းပါတယ် သူ့မှာ မစင်ကြယ်မှု၊ အကျင့်ပျက်မှု၊ မောက်မာမှုနဲ့ ပုန်ကန်တဲ့စိတ်သဘောထား မရှိပါဘူး။ ယုတ်မာမှု၊ တစ်ကိုယ်ကောင်းဆန်မှုတွေလည်း လုံး၀ ကင်းစင်ပါတယ် ဒါက လူတွေရဲ့လူ့သဘာဝနဲ့ အလွန့်အလွန် ခြားနားပါတယ်။ ဒီနှစ်မျိုးဟာ နှိုင်းယှဉ်လို့ကို မရပါဘူး ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားအောင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ကျမ်းပိုဒ်နှစ်ခုကို ဖတ်ကြည့်ကြရအောင်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူသားနှင့် ခရစ်တော်သည် နေရာတစ်ခုတည်းအတွင်း နေထိုင်ကြသည် ဆိုသည့်အချက် ရှိသော်ငြားလည်း၊ စာတန်၏ ဝင်ပူးခြင်းခံရကာ၊ အသုံးပြုခံရပြီး အမိဖမ်းခံရသည်မှာ လူသားသာ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ခရစ်တော်ကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ထာဝရ မသက်ရောက်နိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသော နေရာသို့ တက်ကြွခြင်းငှာ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ဘယ်သောအခါမျှ တိုးဝင်ချဉ်းကပ် နိုင်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂))

ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။ သူသည် လူ့ဇာတိ၌ ရှိသော်လည်း၊ သူ၏ လူ့သဘာဝသည် ခန္ဓာရှိသည့် လူတစ်ဦး၏ လူ့သဘာဝနှင့် လုံးလုံးမတူညီပေ။ သူသည် သူ၏ ကိုယ်ပိုင် တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ဤအရာကိုလည်း သူ၏ ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။...ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လုံးဝ ညွှန်ကြားလေသည်။ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် သာမန်ဘဝမှအပ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် အခြားလုပ်ဆောင်မှု အားလုံးတို့သည် သူ၏ဘုရားသဘောသဘာဝအားဖြင့် လွှမ်းမိုးခံရသည်၊ အကျိုးသက်ရောက်ခံရပြီး ညွှန်ကြားခံရလေသည်။ ခရစ်တော်သည် လူ့သဘာဝ ရှိလင့်ကစား၊ ယင်းသည် သူ၏ဘုရားသဘောသဘာဝ၏ အမှုကို မနှောင့်ယှက်သကဲ့သို့၊ ဤသည်မှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ညွှန်ကြားသောကြောင့် အတိအကျ ဖြစ်ပေသည်။ သူ၏လူ့သဘာဝသည် အခြားသူများနှင့် ပြုမူနေထိုင်ပုံတွင် မရင့်ကျက်သော်လည်း၊ သူ၏ ဘုရားသဘာဝ၏ ပုံမှန်အမှုကို မထိခိုက်ပေ။ သူ၏လူ့သဘာဝသည် ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ကွပ်ကဲနိုင်ပြီး၊ သူသည် သာမန်လူထက် သာ၍ မြင့်မားသည့် အသိစိတ် ပိုင်ဆိုင်သည်ကို ဆိုလိုပေသည်။ သူ၏ လူ့သဘာဝသည် သူ၏အမှုတွင် ဘုရားသဘောသဘာဝ၏ လမ်းညွှန်မှုကို ခံရဖို့ အသင့်လျော်ဆုံး ဖြစ်သည်၊ သူ၏လူ့သဘာဝသည် ဘုရားသဘာဝ၏အမှုကို အဖော်ပြနိုင်ဆုံး ဖြစ်ပြီး၊ ထိုသို့သော အမှုကို အကျိုးနွံအနာခံနိုင်ဆုံး ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် အမှုပြုသည်နှင့်အမျှ၊ လူ့ဇာတိ၌ရှိသည့် လူတစ်ဦးအနေဖြင့် ဖြည့်ဆည်းသင့်သည့် တာဝန်ကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပေ။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်လေသည်။ သူသည် ဘုရားသခင်၏ အနှစ်သာရရှိပြီး၊ သူ၏ပင်ကိုလက္ခဏာသည် ဘုရားကိုယ်တိုင်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။ ယင်းမှာ သူသည် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်း အခွံဖြင့်၊ ကမ္ဘာမြေသို့ ကြွလာပြီး ဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းသာ ဖြစ်ပြီး၊ ယခုတွင် ယခင်က သူ့ထံတွင် မရှိခဲ့သည့် လူ့သဘာဝကို ပိုင်ဆိုင်ထားလေသည်။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ ဖြစ်တည်ခြင်း ဖြစ်ပြီး၊ လူသားအဖို့ တုပ၍ မရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ ဘာကိုမြင်ရလဲဆိုတော့ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ ရှိတဲ့အပြင်၊ သန့်ရှင်းသောဝိညာဉ်တော်ကလည်း သူ့ကိုယ်ထဲမှာ ပေါ်ပေါက်ပြီး ကိန်းဝပ်နေတာကြောင့် စာတန်က သူ့ကို ပျက်စီးအောင် မလုပ်ဆောင်နိုင်ဘူးဆိုတာပါပဲ ဒါက ဘာကြောင့်လဲဆိုရင် ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်နေလို့ပါပဲ။ စာတန်ရဲ့ဖျက်ဆီးခြင်းက သူ့အပေါ် မသက်ရောက်နိုင်ပါဘူး ကျွန်တော်တို့အနေနဲ့လည်း အဲဒီအတိုင်းပါပဲ ကျွန်တော်တို့က တစ်နေ့မှာ သမ္မာတရားကို အလုံးစုံရရှိပြီဆိုရင်၊ စာတန်ဟာ ကျွန်တော်တို့ကိုလည်း လှည့်ဖြားတာတွေ၊ ဖျက်ဆီးတာတွေ မလုပ်နိုင်တော့ပါဘူး အဲဒီအခါ ကျွန်တော်တို့တွေလည်း ဘုရားသခင်ရဲ့အရာတွေ အမှန်တကယ် ဖြစ်လာလိမ့်မယ် ကျွန်တော်တို့တွေရဲ့အကျင့်ပျက်လူ့သဘာဝဟာ ခရစ်တော်ရဲ့သာမန်လူ့သဘာဝနဲ့ ကွာခြားလွန်းတယ်ဆိုတာ ကျွန်တော်တို့ အခုဆို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါပြီ ခရစ်တော်ရဲ့သာမန်လူ့သဘာဝမှာ သာမန်လူရဲ့အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိပါတယ်။ သူ့ရင်ထဲမှာ ဘုရားသခင်ကို စစ်မှန်စွာချစ်ခြင်းနဲ့ နာခံခြင်းလည်း ရှိတယ် ခရစ်တော်က သာမန်လူ့သဘာဝနဲ့ အမှုတော်ပြုပြီး ဟောပြောတဲ့အခါမှာ စာတန်ရဲ့မိစ္ဆာအင်အားတွေက သူ့ကို ဘယ်လိုပဲ လုပ်ကြံပြောဆိုပြီး စော်ကားပါစေ သူ့အမှုတော်အတွက် ဘယ်လိုအခက်အခဲတွေပဲ တွေ့ပါစေ၊ သူဟာ ဘုရားသခင်ကိုပဲ အမြဲနာခံပါတယ် ဘုရားသခင်ရဲ့အလိုတော်ကိုပဲ ဖော်ဆောင်ပါတယ်။ သူ့မှာ ပေးဆပ်ချင်စိတ်ပဲ ရှိတယ် သခင်ယေရှုက စာတန်ရဲ့စုံစမ်းသွေးဆောင်မှုကို ခံဖို့အတွက် တောထဲမှာ ရက်လေးဆယ်လုံးလုံး နေခဲ့တုန်းကလိုပေါ့ သူဟာ လောကီစည်းစိမ်တွေနဲ့ အာဏာရဲ့သွေးဆောင်မှုကို ကျော်လွှားနိုင်ခဲ့သလို၊ စာတန်ကိုလည်း အောင်နိုင်ခဲ့တယ် အထူးသဖြင့် သခင်ယေရှုဟာ ကားတိုင်မှာ သံမှိုစွဲခံရတော့မယ့်အချိန် သူ့လူ့သဘာဝရဲ့ပင်ကိုယ်အားနည်းမှု ရှိနေတဲ့အပြင်၊ သူ့ရင်ထဲမှာ ပြင်းပြင်းထန်ထန် နာကျင်နေရပေမယ့် သခင်ယေရှုဟာ ဘုရားသခင်ရဲ့အလိုတော်ကိုပဲ အရာအားလုံးအထက်မှာ ဦးထိပ်ထားပြီး ဆောင်ရွက်ခဲ့တယ် သူ့အသက်ကို စွန့်လွှတ်ဖို့ပဲ ရွေးခဲ့တယ်။ ဘုရားသခင်ရဲ့အလိုတော်ကို ပစ်ပယ်မယ့်အစား၊ သူ့ခန္ဓာကိုယ်ထဲကိုပဲ သံမှိုစွဲခံခဲ့တာပါ ဒီလုပ်ရပ်မျိုးကို ဘယ်လို အကျင့်ပျက်လူသားကမှ မဆောင်ရွက်နိုင်ပါဘူး သခင်ယေရှုဟာ မောက်မာတာ၊ ကိုယ်ကျိုးကြည့်တာမျိုး နည်းနည်းမှ မရှိပါဘူး သူဟာ လူတွေကို အဖော်ပြုရင်းနေနေတဲ့ ဘုရားသခင်ကိုယ်တိုင်ဖြစ်ပေမယ့် သူ့ကိုယ်သူ ဘုရားသခင်ရဲ့နေရာမှာ ဝင်ယူပြတာမျိုး မရှိပါဘူး သူဟာ လူတွေကို ဟောပြောအမှုတော်ပြုရင်း၊ အထောက်အပံ့ပေးရင်း၊ လူတွေကြားမှာ နှိမ့်နှိမ့်ချချနဲ့ ကွယ်ဝှက်နေခဲ့တာပါ သူက လူတွေရဲ့အနာရောဂါကို ငြိမ်းစေသလို၊ နတ်ဆိုးတွေကိုလည်း နှင်ထုတ်ခဲ့တယ်။ အပြစ်သားတွေကြားမှာ နေထိုင်ရင်း၊ သူတို့ရဲ့သောကတွေ၊ အခက်အခဲတွေကို သက်သာစေခဲ့တယ် လူ့ဇာတိခံ သခင်ယေရှုကို ကြည့်မယ်ဆိုရင် ခရစ်တော်ရဲ့လူ့သဘာဝဟာ ဘယ်လို သန့်ရှင်းပြီး ကောင်းမွန်တယ်ဆိုတာ မြင်ရပါတယ် ခရစ်တော်ဟာ သာမန်လူ့သဘာဝရဲ့သွင်ပြင်အားလုံးကို ထင်ရှားပြပါတယ် ခရစ်တော်ဟာ ဘုရားသခင်ကို စစ်မှန်စွာ နာခံတယ်။ ချစ်တယ်။ သူ့ကိုယ်သူ ချစ်သလို၊ တခြားသူတွေကိုလည်း ချစ်ပါတယ် ဒါကြောင့် ခရစ်တော်ဟာ ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်ရွက်နိုင်တယ်။ အလိုတော်အတိုင်း ဖော်ဆောင်နိုင်ပါတယ်

သာမန်လူ့သဘာဝဆိုတာ ခရစ်တော်ရဲ့လူ့သဘာဝသာ ဖြစ်တယ်ဆိုတာကို အခု မိတ်သဟာယကနေ ကျွန်တော်တို့ မြင်ကြပါပြီ ခရစ်တော်ဟာ ဘုရားသခင်ရဲ့တာဝန်ပေးစေခိုင်းမှုကို ဆောင်ရွက်နိုင်တယ်။ အလိုတော်အတိုင်း ဖော်ဆောင်နိုင်ပါတယ် တကယ်လို့ ကျွန်တော်တို့ရဲ့လူ့သဘာဝက ခရစ်တော်လိုပဲ ဖြစ်နိုင်တယ်ဆိုရင် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ကျွန်တော်တို့ကကော မဆောင်ရွက်နိုင်ဘူးလား ကံဆိုးတာက ကျွန်တော်တို့အားလုံးကို စာတန်က ဆိုးဆိုးဝါးဝါး ဖျက်ဆီးထားတာပါ ကျွန်တော်တို့လူ့သဘာဝဟာ ဆိုးယုတ်တဲ့စိတ်သဘောထားတွေ ပြည့်နေသလို၊ ကျွန်တော်တို့စကားတွေ၊ လုပ်ရပ်တွေကိုလည်း ဆိုးယုတ်တဲ့သဘာဝက ခြယ်လှယ်ပါတယ် မောက်မာတာ၊ ဖောက်ပြန်တာ၊ လောဘကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ သမ္မာတရားကို မနှစ်မြို့တာ၊ မကောင်းမှုကို ကိုးကွယ်တာတွေပေါ့ ကျွန်တော်တို့က နတ်ဆိုးတွေလို ရှင်သန်တာပါ။ သာမန်လူ့သဘာဝဆိုတာမျိုး လုံးဝမရှိပါဘူး ကျွန်တော်တို့က သခင့်ကို ယုံကြည်ပေမယ့်၊ အမှန်တကယ် မနာခံကြပါဘူး ဘုရားသခင်ရဲ့အမှုတော်က ကျွန်တော်တို့အယူအဆတွေ၊ အတွေးမှားတွေနဲ့ မကိုက်ညီတဲ့အခါဆို ဘုရားသခင်ကို ဆန့်ကျင်ကြတယ်။ သစ္စာဖောက်ကြတယ် သခင့်အတွက် ကြီးကြီးမားမား အသုံးခံပြီး၊ မမောနိုင်မပန်းနိုင် အမှုတော်ထမ်းတယ်ဆိုတဲ့လူတွေလည်း ဆုလာဘ် ရဖို့၊ ကောင်းကင်နိုင်ငံတော်ဆီ ရောက်နိုင်ဖို့ လုပ်ကြတာပါပဲ ဘုရားသခင်ရဲ့အလိုတော်ကို ထည့်တွက်ဖို့၊ ဖော်ဆောင်ဖို့မဟုတ်ဘူး သူတို့အကျိုးအတွက် လုပ်ကြတာပါ ဒါက အကျင့်ပျက်လူသားတွေရဲ့အခြေအနေမှန် မဟုတ်ဘူးလား အကျင့်ပျက်လူတွေရဲ့အနှစ်သာရဟာ ဆိုးယုတ်တယ်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်တတ်တယ်ဆိုတာ ရှင်းပါတယ် လူတွေမှာ ပေါ်လွင်နေတာက ဆိုးယုတ်တဲ့သဘောထားတွေပါပဲ။ လူ့သဘာဝဆိုတာ နည်းနည်းမှ တွေ့ရမှာမဟုတ်ဘူး ဒါပေမဲ့ လူ့ဇာတိခံ ခရစ်တော်ကတော့ ကွဲပြားပါတယ် ခရစ်တော်ဟာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ ရှိသလို၊ စာတန်ရဲ့ဖျက်ဆီးခြင်း မခံထားရတဲ့အတွက်၊ သူက အပြစ်ကင်းမဲ့ပါတယ် ခရစ်တော်မှာ ပုန်ကန်တာ၊ ဆန့်ကျင်တာ၊ မောက်မာတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ သစ္စာဖောက်တာ မရှိပါဘူး သူဟာ ဘုရားသခင်ကို နာခံနိုင်သလို၊ အလိုတော်အတိုင်း ဆောင်ရွက်နိုင်တယ် ခရစ်တော်ရဲ့လူ့သဘာဝကသာ သာမန်လူ့သဘာဝပါပဲ ဒါဟာ လူ့ဇာတိခံ ဘုရားသခင်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူတွေရဲ့လူ့သဘာ၀ကြားက အဓိကခြားနားမှုပါပဲ ခရစ်တော်ရဲ့သာမန်လူ့သဘာဝကို မသိဘဲ၊ အယူအဆနဲ့ အကဲဖြတ်တာတွေ လုပ်ကြတဲ့ လူတွေ အများကြီးရှိပါတယ် ဒါက ဘာကြောင့်ဖြစ်မလဲ အကျင့်ပျက်လူသားဟာ စိတ်ကြီးဝင်ပြီး၊ မကောင်းမှုကို စွဲလမ်းလွန်းနေတာပါ သူတို့ကိုယ်သူတို့ မသိလိုက်ဘဲ၊ စာတန်ကို ကိုးကွယ်ဆည်းကပ်မိနေတယ် ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချတယ်။ ပြောမထွက်နိုင်အောင် ဆိုးရွားပါတယ် သူတို့ဟာ လုံးဝကို ပျက်စီးနေတာပါ ဘုရားသခင်ဟာ လူ့ဇာတိမှာ ပေါ်ထွန်းနေပြီးတော့၊ အမှုတော်ကို သာမန်လူ့သဘာဝနဲ့ ပြုပါတယ် ဒါပေမဲ့ လူတွေက မမြင်နိုင်ကြတဲ့အတွက်၊ ကိုယ်တော့်ကို မမှတ်မိနိုင်ကြတာပါ ဘုရားသခင်ရဲ့ချီးမွမ်းမှုကို သူတို့တွေ ဘယ်လိုမျှော်လင့်ကြမှာလဲ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့ ဘယ်လိုမျှော်လင့်ကြမှာလဲ

မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ဒါပေမဲ့ ကျွန်တော်တို့ယုံကြည်တဲ့ သခင်ယေရှုက ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းပါပဲ သခင်ယေရှုက ဘုရားသခင်ရဲ့ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ ဒါကို ဘယ်သူမှ မငြင်းရဲပါဘူး ဒါပေမဲ့ ခင်ဗျားတို့ယုံကြည်တဲ့ ဒီ အနန္တတန်ခိုးရှင်ဘုရားကတော့ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း လုံး၀ မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာက ကျမ်းစာထဲမှာ မရှိဘူး ဒါကြောင့်လည်း ဘာသာရေးလောကရဲ့သင်းအုပ်၊ အကြီးအကဲတွေက ခင်ဗျားတို့ယုံကြည်တဲ့ သူဟာ လူသားတစ်ယောက်ပါပဲလို့ ပြောကြတာပေါ့ ခင်ဗျားတို့ အရူးလုပ်ခံရပြီလို့ ပြောကြတယ်လေ ကျွန်တော်တို့ယုံကြည်တဲ့ သခင်ယေရှုကသာ ခရစ်တော်ပါ။ ဘုရားသခင်ရဲ့သားတော်ပါပဲ “ခင်ဗျားတို့ယုံကြည်တဲ့ ဒီ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ လူသားတစ်ယောက်ပါပဲ။ ဒါကလွဲပြီး တခြား ဘာဖြစ်နိုင်မှာတုန်း”

နောက်တစ်ခုသို့- မေးခွန်း (၅) ကျေးဇူးတော်ခေတ်မှာ၊ အပြစ်ပေးဆပ်ဖို့နဲ့ လူတွေရဲ့အပြစ်ဝန်ကို ထမ်းဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံခဲ့တယ်။ ဒါက ကြောင်းကျိုးကျပါတယ် သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်ပြီး၊ လူတွေကို ရွေးနုတ်ဖို့အတွက် လူသား ဖြစ်လာခဲ့တယ် အဲဒီလောက်လေး လုပ်ခဲ့ရုံနဲ့ စာတန်က အရှက်ရခဲ့တယ် နောက်ဆုံးသောကာလမှာ ဘုရားသခင်က တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် လူသားအဖြစ် ထပ်ပြီး လူ့ဇာတိခံယူပြီးပြီပေါ့ ဒါက အမှန်တကယ်ပဲဆိုတာလည်း ကျွန်တော်တို့ မြင်ပါပြီ ကျွန်တော် မေးချင်တာက ဒီလိုပါ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနှစ်ကြိမ်က နည်းနည်းကွဲပြားနေတယ်။ ပထမအခေါက်က ယုဒပြည်မှာ၊ ဒုတိယအခေါက်က တရုတ်ပြည်မှာပေါ့လေ ဒီတော့ ဘုရားသခင်က လူတွေကို ကယ်တင်ခြင်းအမှုအတွက် ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံရတာလဲ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနှစ်ခုမှာ စစ်မှန်တဲ့ အရေးပါမှုက ဘာလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။