မေးခွန်း (၅) ကျေးဇူးတော်ခေတ်မှာ၊ အပြစ်ပေးဆပ်ဖို့နဲ့ လူတွေရဲ့အပြစ်ဝန်ကို ထမ်းဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံခဲ့တယ်။ ဒါက ကြောင်းကျိုးကျပါတယ် သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်ပြီး၊ လူတွေကို ရွေးနုတ်ဖို့အတွက် လူသား ဖြစ်လာခဲ့တယ် အဲဒီလောက်လေး လုပ်ခဲ့ရုံနဲ့ စာတန်က အရှက်ရခဲ့တယ် နောက်ဆုံးသောကာလမှာ ဘုရားသခင်က တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် လူသားအဖြစ် ထပ်ပြီး လူ့ဇာတိခံယူပြီးပြီပေါ့ ဒါက အမှန်တကယ်ပဲဆိုတာလည်း ကျွန်တော်တို့ မြင်ပါပြီ ကျွန်တော် မေးချင်တာက ဒီလိုပါ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနှစ်ကြိမ်က နည်းနည်းကွဲပြားနေတယ်။ ပထမအခေါက်က ယုဒပြည်မှာ၊ ဒုတိယအခေါက်က တရုတ်ပြည်မှာပေါ့လေ ဒီတော့ ဘုရားသခင်က လူတွေကို ကယ်တင်ခြင်းအမှုအတွက် ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံရတာလဲ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနှစ်ခုမှာ စစ်မှန်တဲ့ အရေးပါမှုက ဘာလဲ

အဖြေ- ဘုရားသခင်က လူသားမျိုးနွယ် ကယ်တင်ခြင်းအမှုအတွက် အဘယ့်ကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံရသနည်း၊ ကျွန်တော်တို့ အနေနှင့် ဦးဆုံး ရှင်းရှင်းလင်းလင်း သိထား ရမည့်အရာ ရှိပါသည်။ လူများကို ကယ်တင်ခြင်းနှင့်ပတ်သက်ပါက၊ ဘုရားသခင်၏ လူ့ဇာတိခံခြင်း နှစ်ကြိမ်လုံးက သိပ်ကို လေးနက်သည့် အဓိပ္ပာယ်ရှိပါသည်။ ကျွန်တော်တို့အနေနှင့် ရွေးနှုတ်ခြင်း အကြောင်းကို ပြောသည်ဖြစ်စေ၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအကြောင်းကို ပြောသည်ဖြစ်စေ၊ ကယ်တင်ခြင်း အမှုတော်ဆိုသည်မှာ လူများအနေနှင့် မဆောင်ရွက်နိုင်သည့် အရာမျိုး ဖြစ်ပါသည်။ ဘုရားသခင်က လူ့ဇာတိခံယူပြီး၊ အမှုတော်ကို ကိုယ်တိုင် ဆောင်ရွက်ဖို့လိုပါသည်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံခဲ့သည်၊ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်က သန့်ရှင်းပြီး အပြစ်ကင်းသည့် လူ့ဇာတိနှင့် သူ့ကိုယ်သူ လွှမ်းခြုံခဲ့ခြင်းသာ ဖြစ်သည်၊ ပြီးလျှင် လူများကို အပြစ်ကနေ ရွေးနှုတ်သည့်အနေနှင့် အပြစ်ပေးဆပ်ခြင်းအဖြစ် ကားတိုင်မှာ သံမှိုစွဲခံခဲ့သည်။ ဤအရာကိုမူ ကျွန်တော်တို့အားလုံး နားလည်ကြ ပါသည်။ သို့သော်လည်း နောက်ဆုံးသောကာလမှာ သခင်ယေရှု ပြန်လာခြင်းနှင့်ပတ်သက်ပြီး ပြောရလျှင်၊ သူက အဘယ့်ကြောင့် လူသားအဖြစ် ထပ်ပြီး လူ့ဇာတိခံယူရသနည်း။ ဤအရာကိုမူ လူတော်တော်များများက နားလည်ဖို့ခက်ခဲကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ သမ္မာတရား၏ ဤရှုထောင့်ကို မရှင်းပြဘဲ၊ ၎င်း၏နက်နဲမှုကိုလည်း မဖွင့်ဟထားပါက၊ ဤ သမ္မာတရားကို မည်သူမျှ နားလည်ကြမည်မဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က မည်သည့်အရာများ ပြောထားသည်ကို ကြည့်ကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးလာခဲ့ပြီး ကျေးဇူးတော်ခေတ်ဖြင့် အစပြုခြင်းနောက်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည်၊ ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ၎င်းတို့၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်စေမည့် အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက် လုပ်ဆောင်လေသည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အမှုကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အမှု၏ အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင် ဆောင်ရွက်ရန် နှစ်ကြိမ်သာ လူ့ဇာတိခံယူခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အမှု၏ အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို ၎င်းတို့၏အသက်တာများအား အသက်ရှင်နေထိုင်ရာတွင် လမ်းပြရန်ဖြစ်စဉ်တွင်၊ အခြားနှစ်ဆင့်မှာ ကယ်တင်ခြင်းအမှု ပါရှိသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံခြင်းအားဖြင့်သာ ဘုရားသခင်သည် လူသားနှင့်အတူ အသက်ရှင်နိုင်သည်၊ ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ပြီး၊ ပုံမှန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းဖြင့်သာ သူသည် လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ၎င်းတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းဖြင့် ထောက်ပံ့ပေးနိုင်သည်။ လူသားက ဘုရားသခင်၏ ပြည့်ဝသည့် ကယ်တင်ခြင်းကို ရရှိသည်မှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမှတစ်ဆင့်ဖြစ်ပြီး၊ သူ၏ဆုတောင်းခြင်းများ အဖြေပေးခြင်းဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက် ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိခန္ဓာရှိသည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံလာနိုင်သည့်အရာ အားလုံးမှာ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကိုယ်သာဖြစ်ပြီး ဤနည်းဖြင့်သာလျှင် လူသားသည် လမ်းခရီးများအားလုံးနှင့် သမ္မာတရားအားလုံးကို သဘောပေါက်နိုင်ကာ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ အပြစ်များကို သန့်စင်ဖယ်ရှားရန်နှင့် လူသားကို အပြည့်အဝ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိ၌ ဘုရားသခင်၏အမှု အလုံးစုံသည် အဆုံးတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အရေးပါမှုသည် ပြည့်စုံ သွားလိမ့်မည်။ ထိုအချိန်မှစ၍ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုသည် အဆုံးတစ်ခုသို့ လုံးဝ ရောက်လာပြီးဖြစ်လိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနောက်တွင်၊ သူသည် သူ၏အမှုအတွက် တတိယအကြိမ် လူ့ဇာတိခံလာလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှု အလုံးစုံသည် အဆုံးတစ်ခုသို့ ရောက်လာပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံယူခြင်းသည် သူ၏ ရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူသားမျိုးနွယ်သည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း အားလုံး ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့၊ မည်သည့်အမှုကိုမျှ ဆောင်ရွက်ရန် လူ့ဇာတိသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များကနေ ကျွန်တော်တို့ မြင်ရသည်မှာ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က ရွေးနှုတ်ခြင်းအမှုသက်သက်အတွက်သာ ပထမဆုံးအကြိမ် လူ့ဇာတိခံခဲ့ကြောင်း၊ လူများကို အပြစ်ကနေ ရွေးနှုတ်ဖို့အတွက်၊ လူများအနေနှင့် ပညတ်တော်၏ပြစ်ဒဏ်ခတ်ခြင်းများကနေ သက်သာရာရစေဖို အပြစ်ပေးဆပ်မှုအဖြစ် ကားတိုင် တင်ခံခဲ့ကြောင်း တို့ ဖြစ်ပါသည်။ ကျွန်တော်တို့က အပြစ်များကို ဝန်ခံပြီး နောင်တရဖိုသာ လိုခဲ့သည်။ အပြစ်များကို ခွင့်လွှတ်ပေးမည် ဖြစ်သည်။ ပြီးလျှင် ပေါများလှသည့် ကျေးဇူးတော်နှင့် သမ္မာတရားကို ခံစားနိုင်ကြသည်။ ဤသည်မှာ သခင်ယေရှု ပြုခဲ့သည့် ရွေးနှုတ်ခြင်းအမှုပင် ဖြစ်ပါသည်၊ သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ်ဖြစ်ပါသည်။ သခင်ယေရှုက အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း၊ အပြစ်များ၏အချုပ်အနှောင်ကနေ လွတ်အောင် ကျွန်တော်တို့ ရုန်းနေရဆဲဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က အပြစ်နှင့်ပြည့်သည့် သဘာဝနှင့် ဆိုးယုတ်သည့် သဘောထားကို ပိုင်ဆိုင်နေဆဲကြောင့် ဖြစ်သည်။ ကျွန်တော်တို့က သခင့်ဆီမှာ အပြစ်များကို ဝန်ခံပြီး၊ ခွင့်လွှတ်ခြင်းကို ရထားသော်လည်း၊ ကျွန်တော်တို့၏လွဲမှားသည့်သဘာဝကို မသိကြပါ၊ အပြစ်များထက် ပို၍ဆိုးဝါးသည့် အခြေအနေဖြစ်သည့် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ပို၍ပင် မသိကြပါ၊ ကျွန်တော်တို့၏အပြစ်က ပညတ်ချိုးဖောက်ခြင်းများ ပါဝင်သည်။ ထိုအပြစ်ကြောင့် မိမိအသိစိတ်ကို စွပ်စွဲခြင်းနှင့် အဆုံးသတ်ကြောင်း ကိုသာ ကျွန်တော်တို့ သိနိုင်ကြသည်။ သို့သော်လည်း ပိုပြီးနက်ရှိုင်းသော အပြစ်များဖြစ်သည့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ်ကိုမူ ကျွန်တော်တို့ မသိကြပါ။ ဥပမာ၊ ဘုရားသခင်အပေါ် ဆန့်ကျင်မိသည့် အကြောင်းရင်းကို မသိကြပါ၊ ကျွန်တော်တို့၏ဆိုးယုတ်သည့် စိတ်သဘောထားက မည်သို့ ပေါ်လွင်သည်၊ ဆိုးယုတ်သည့်သဘာဝက မည်သို့ဖြစ်လာသည်၊ ကျွန်တော်တို့ သဘာဝထဲမှာ စာတန်၏ အဆိပ်အတောက်များ မည်သို့ရှိနေသည်၊ လူ၏ဆိုးယုတ်သည့် အတွေးအခေါ်၊ ဆင်ခြင်မှုနှင့် စည်းမျဉ်းများက မည်သည့်နေရာမှနေ ထွက်ပေါ်လာသည် တို့ကို မသိကြပါ။ ထို့ကြောင့် လူများက ဤကဲ့သို့ ဆိုးယုတ်သည့်အရာများကို အဘယ့်ကြောင့် မသိကြသနည်း။ လူများ၏အပြစ်များကို သခင်ယေရှုက ခွင့်လွှတ်ထားပြီးပါက၊ လူက အပြစ်များ၏ အချုပ်အနှောင်ကနေ အဘယ့်ကြောင့် ရုန်းမထွက် နိုင်သနည်း။ ဤအပြစ်များကိုသာ အဘယ့်ကြောင့် ဆက်ကျူးလွန် နေသနည်း။ လူက အပြစ်များ ခွင့်လွှတ်ခံရပြီဆိုသည်နှင့် တကယ်ပဲ သန့်ရှင်းပြီလား။ ဤသည်မှာ ကျေးဇူးတော်ခေတ်က မည်သူမှ နားလည်ပုံမရသည့် လက်တွေ့ကျသည့် အချက်တစ်ခုဖြစ်သည်။ သခင့်ကို ယုံကြည်မှုအတွက်၊ ကျွန်တော်တို့အပြစ်များ ခွင့်လွှတ်ခံရ သော်လည်း၊ ကျွန်တော်တို့က အပြစ်များကို အမှုမဲ့အမှတ်မဲ့ ကျူးလွန်နေဆဲသာ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင် သစ္စာဖောက်မိဆဲသာ ဖြစ်သည်။ ယုံကြည်သူများအနေနှင့် ဤအရာကို ကိုယ်တွေ့သိကြပါသည်။ ဥပမာ ကျွန်တော်တို့က သခင့်ကို ယုံကြည်ပြီးသားဖြစ်သည့်တိုင်၊ ဆက်ပြီး လိမ်ညာဆဲ၊ စိတ်ကြီးဝင်ဆဲသာ ဖြစ်သည်၊ သမ္မာတရားကို မုန်းပြီး၊ မကောင်းမှုကို ဆုပ်ကိုင်ထားဆဲသာ ဖြစ်သည်၊ ကျွန်တော်တို့က မောက်မာပြီး ဖောက်ပြန်နေဆဲသာ ဖြစ်သည်၊ တစ်ကိုယ်ကောင်းဆန်ပြီး၊ လောဘကြီးနေဆဲသာ ဖြစ်သည်။ ကျွန်တော်တို့က စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ထဲမှာ ကူရာမဲ့ ငြိတွယ်နေကြသည်။ လူတော်တော်များများက သခင့်အတွက် မမောနိုင်မပန်းနိုင် အလုပ်လုပ်ခြင်းကလည်း၊ ဆုလာဘ် ရဖို့နှင့် ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရဖို့ မျှော်လင့်ချက်များနှင့် လုပ်ကြခြင်း ဖြစ်သည်။ သခင့်ကျေးဇူးတော်ကို ခံစားရချိန်မျိုးမှာ၊ သူတို့က ကျေနပ်သည်၊ ယုံကြည်မှုလည်း ခိုင်မာကြသည်။ သို့သော်လည်း ဘေးဒုက္ခနှင့် ရင်ဆိုင်ရခြင်း၊ မိသားစုမှာ ဝမ်းနည်းစရာ ကြုံရခြင်း ဖြစ်သည်နှင့် နားလည်မှုလွဲပြီး၊ အပြစ်တင်ကြသည်။ သခင့်ကိုပင် ငြင်းပယ်ပြီး သစ္စာဖောက် ကြသည်။ ဘုရားသခင်၏အမှုတော်က သူတို့အယူအဆများ၊ အတွေးမှားများနှင့် မကိုက်တော့ဘူးဆိုပါက၊ သီလကြောင် ဖာရိရှဲများကဲ့သို့ပင် ဘုရားသခင်ကို ဆန့်ကျင် ရှုတ်ချကြသည်။ ကျွန်တော် ပြောသည့်အရာများကို သင်တို့လည်း ကိုယ်တွေ့ မကြုံဖူးကြပါလား။ ၎င်းတို့က မည်သည့်အရာကို သက်သေပြ သနည်း။ ကျွန်တော်တို့က သခင်ယေရှု၏ ကယ်တင်ခြင်းကို လက်ခံပြီး၊ အပြစ်များ ခွင့်လွှတ်ခံခဲ့ရသော်လည်း အပြစ်များကို လုံး၀ ဖယ်ရှားနိုင်သေးခြင်း မရှိဘဲ၊ ယခု သန့်ရှင်းသွားပြီ ဖြစ်ကြောင်း ပြခြင်း မဟုတ်ပါ၊ ကျွန်တော်တို့က ဘုရားသခင်၏ အရာများ ဖြစ်လာပြီး၊ ဘုရားသခင်၏ ရယူခြင်းခံလိုက် ရကြောင်းကို ပြသည်မှာ ပို၍ပင် မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုအတွက် တစ်ဖန်ကြွလာသည့်အခါ လူတော်တော်များများက ဘုရားသခင်ကို အကဲဖြတ်ရင်း၊ ရှုတ်ချစော်ကားမိကြသည်။ ကိုယ်တော့်ကို သူတို့၏ပြိုင်ဘက်အဖြစ် ကြေညာပြီး၊ ကားတိုင်မှာ ထပ်တင်မိ သကဲ့သို့ ဖြစ်ကြသည်။ အပြစ်များ ခွင့်လွှတ်ခံထားရခြင်းကိုသာ အခြေခံပြီး ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချသည့် ထိုကဲ့သို့သော လူများက ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရနိုင်မလား။ သူ့ကို ဆန့်ကျင်သည့် ထိုကဲ့သို့ မိစ္ဆာအင်အားများကို ဘုရားသခင်က ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ပြုနိုင်ပါ့မလား။ ဤကဲ့သို့ အန္တိခရစ်များ၊ သမ္မာတရား မုန်းတီးသူများကို ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ပါ့မလား။ ခင်ဗျားတို့ မြင်ရသကဲ့သို့ပင် ကျွန်တော်တို့က သခင့်ကို ယုံကြည်မှုကြောင့်၊ အပြစ်များ ခွင့်လွှတ်ခံရသော်လည်း မိမိကိုယ်ကိုယ် အပြစ်များကနေ လုံးဝမဖယ်ရှားရသေးပါ။ ဆိုးယုတ်သည့် လွှမ်းမိုးမှုများကနေ မလွတ်သေးပါ။ ဘုရားသခင်၏ရယူခြင်း ခံရပြီ၊ ဘုရားသခင်၏ အရာများ ဖြစ်ဖို့မှာ ပို၍ပင်ဝေးပါသေးသည်။ ထို့ကြောင့် ဘုရားသခင်၏အပြည့်အဝ ရယူခြင်းခံရဖို့၊ အပြစ်များကို ဖယ်ရှားပြီး၊ သန့်စင်ခြင်းကို အောင်မြင်ရရှိချင်ပါက ဘုရားသခင်၏ ဒုတိယမြောက် လူ့ဇာတိခံခြင်းအားဖြင့် ဆောင်ရွက်သည့် သန့်စင်ခြင်းနှင့်၊ ကယ်တင်ခြင်းကို နှံ့စပ်စွာ ခံကြရမည်။

ကျွန်တော်တို့က ဘုရားသခင်၏ကယ်တင်ခြင်းအမှုတော်ကို အလွန် ရိုးရှင်းသည်ဟု မြင်နေသည်။ အပြစ်များ ခွင့်လွှတ်ခံရပါက၊ တခြား မည်သည့်အရေးကိစ္စမှ မရှိတော့ပါ။ ကောင်းကင်နိုင်ငံတော်ဆီ သခင်က ချီဆောင်ပေးမှာကို စောင့်ရုံပဲကျန်တော့သည်။ ကျွန်တော်တို့ ဖောက်ပြန်ပျက်ဆီးသည့် လူများက မည်မျှ နုံအပြီး၊ ကလေးကလားဆန် လိုက်သနည်း။ အကျင့်ပျက်လူသားများ၏အယူအဆများ၊ အတွေးမှား များက မည်မျှပင် အဓိပ္ပာယ်မဲ့လိုက်သနည်း။ စာတန်၏ဖျက်ဆီးခြင်း ခံရပြီးနောက်မှာ၊ လူများကို ဖိစီးနေသည့် တစ်ခုတည်းသော ပြဿနာက အပြစ်ပဲလား။ လူ့အပြစ်၏အရင်းခံက မည်သည့် အရာနည်း။ အပြစ်ဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်က အဘယ့်ကြောင့် ဤအရာကို မုန်းတီးသနည်း။ ၎င်းတို့ကို ယနေ့အထိ အမှန်တကယ် နားလည်သည့်သူ မရှိပါ။ လူက စာတန်၏ဖျက်ဆီးခြင်း ခံထားရသည့်အတွက် လူများ၏ပျက်စီးမှုက မည်မျှအတိုင်းအတာအထိ ရှိသည်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိပါ။ လူများ၏ အကျင့်ပျက်မှု အခြေအနေမှန်က သခင်ယေရှု၏ ကားတိုင်ထက် အသေခံခြင်းမှာ သိသာထင်ရှားခဲ့သည်။ သမ္မာတရား များစွာကို ဖော်ပြထားခဲ့သည့် သခင်ယေရှုကို ကားတိုင်မှာ အဆုံးစီရင်ရက်သည်ကို ကြည့်ပါက လူများက စာတန်၏မျိုးနွယ်များ၊ သားသမီးများ ဖြစ်နေခဲ့ကြောင်းကို ပြပါသည်။ သူတို့မှာ လူ့သဘာ၀ လုံး၀ပျောက်ဆုံးနေပြီ၊ ဆင်ခြင်မှုနှင့် အသိစိတ်ဆိုတာ နည်းနည်းမှ မရှိတော့ကြောင်းကို ပြသည်။ လူများထဲမှာ သာမန်လူ့သဘာ၀ ပိုင်ဆိုင်သေးသည့်သူ မည်သူရှိသနည်း။ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ မုန်းတီးခြင်းတို့က လူများက ဘုရားသခင်နှင့် သူတို့ကြားမှာ တစ်ဦးဦးသာရှိရမည်၊ စေ့စပ်မရတော့သည့် အဆင့်ကို ရောက်နေပြီဟု ညွှန်ပြမနေပါလား။ အပြစ်များ ခွင့်လွှတ်ခံရရုံနှင့် ဤပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်ပါ့မလား။ လူများက အပြစ်များ ခွင့်လွှတ်ခံရရုံနှင့် ဘုရားသခင်ကို မဆန့်ကျင်တော့၊ ရန်သူအဖြစ် မသတ်မှတ်တော့ဟု မည်သူ အာမခံနိုင်သနည်း။ မည်သူမှ အာမမခံနိုင်ပါ။ လူ၏အပြစ်များကို ခွင့်လွှတ်နိုင်ကောင်းသော်လည်း၊ ဘုရားသခင်က လူ့သဘာဝကို ခွင့်လွှတ်နိုင်ပါ့မလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် သဘာ၀လေ လူမှာ ပြည့်နှက်နေသည့် ဆိုးယုတ်သည့် စိတ်သဘောထားကို ဘုရားသခင်က ခွင့်လွှတ်နိုင်ပါ့မလား။ သို့ပါက စာတန်နှင့်ဆိုင်သည့် ဤကိစ္စများကို ဘုရားသခင်က မည်သို့ဖြေရှင်းမည်နည်း။ ဘုရားသခင်က တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို သုံးမှာဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါဘဲ၊ လူများကို သိမ်းပိုက်လို့ရမည် မဟုတ်ဟု ပြော၍ရပါသည်။ လူများ အရှက်ကြီးစွာရပြီး မြေပေါ် ဝပ်ဆင်း စေဖို့ ပို၍ပင် မဖြစ်နိုင်ပါ။ ဤသည်မှာ ဘုရားသခင်က တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိခံယူရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်း အမှုအတွက် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်ပြီး မေးခွန်း ထုတ်သည့်သူများစွာ ရှိပါသည်။ အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ သူတို့က လူသား၏လုံးဝ ဖောက်ပြန်ပျက်စီးခြင်း အဖြစ်မှန်ကို မမြင်သောကြောင့်ဖြစ်သည်။ အကျိုးဆက်မှာမူ သူတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှု၏ အဓိပ္ပာယ်ကို နည်းနည်းမှ နားမလည်တော့ပါ။ သူတို့အယူအဆများ ကိုသာ ကိုင်ဆွဲပြီး၊ စစ်မှန်သည့်လမ်းကို ရှာဖွေ မစူးစမ်းဖြစ်တော့ပါ။ ထို့ကြောင့် သူတို့အနေနှင့် ဘုရားသခင်၏ အမှုတော်ကို မည်သို့ လက်ခံနာခံ နိုင်တော့မည်နည်း။

ဘုရားသခင် လူ့ဇာတိနှစ်ကြိမ်ခံယူခြင်း၏ လေးနက်သည့် အဓိပ္ပာယ်ကို ကျွန်တော်တို့ လူများ နားမလည်နိုင်ပါ။ ထို့ကြောင့် ဘုရားသခင်က လူ့ဇာတိနှစ်ကြိမ်ခံယူရသည့် အကြောင်းအရင်းနှင့် ဤကဲ့သို့ လူဇာတိခံခြင်းများ၏အဓိပ္ပာယ် တို့နှင့်ပတ်သက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ကျမ်းပိုဒ်အနည်းငယ်ကို ဖတ်ကြည့်ကြ ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရိုးပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။...သူ သာမန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းမှာ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူကြုံရသည်ဟူသည့် အချက်သည်လည်း သူသည် သာမန် ဇာတိပကတိ ဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ သူ့အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိပကတိ၌ လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် ‘လူ့ဇာတိ ခံယူသော နှုတ်ကပတ်တော်’ နှင့် ‘လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်’ အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။” “ယေရှု၏အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်မလာခဲ့သောကြောင့် ဖြစ်သည်။ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိပကတိ၌ ဘုရားသခင်၏အလုပ်၏ တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနုတ်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား လုံး၀ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်ကိုလည်း သာမန်ဇာတိပကတိ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လုံး၀ သာမန်ဖြစ်သော၊ လူ့သဘာဝမှာ စိုးစဉ်းမျှပင် ထူးကဲသာလွန်ခြင်း မရှိသော လူသားတစ်ဦးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် လူသား လုံး၀ ဖြစ်သွားသည်၊ သူ၏ကိုယ်ပိုင်လက္ခဏာသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်ပြီး၊ အလုပ်ကို လုပ်ဆောင်နေသည့် လုံး၀သက်ရှိလူသား၊ လုံး၀ ဇာတိပကတိ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်က လူ့ဇာတိခံ ခြင်း၏နက်နဲမှုနှင့် အဓိပ္ပာယ်ကို ထုတ်ဖော်ပြထားသည်။ လူ့ဇာတိခံခြင်း ဆိုသည်မှာ အမှုတော်ကို ကိုယ်တိုင်ပြုဖို့အတွက် ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိနှင့် လွှမ်းခြုံပြီး၊ ပုံမှန်သာမန်လူ တစ်ယောက်အဖြစ် ပြောင်းလဲခြင်းကို ရည်ညွှန်းကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရင်းနှင့် သိရပါသည်။ လူ့ဇာတိခံ ဘုရားသခင်က သာမန်လူ့သဘာ၀ ရှိရပါသည်။ သာမန် လူ့သဘာဝအတွင်းမှာသာ အမှုတော်ပြုပြီး ဟောပြော ရပါသည်။ နိမိတ်လက္ခဏာများပြသည့် အချိန်မျိုးမှာပင်၊ သာမန်လူ့သဘာဝ အတွင်းမှာသာ ဖော်ပြရပါသည်။ အပြင်ပန်းမှာတော့ လူ့ဇာတိခံ ဘုရားသခင်က သာမန်ပုံစံဖြစ်သည်။ သူ့အမှုတော်ကို သာမန်လူသား တစ်ယောက်ကဲ့သို့ ဆောင်ရွက်သည်ဟုသာ ထင်ရသည်။ သူက သာမန်လူ့သဘာ၀ မရှိဘဲ၊ အမှုတော်ကိုလည်း သာမန်လူ့သဘာဝနှင့် မပြုပါက၊ သူက ဘုရားသခင်၏ လူ့ဇာတိခံခြင်း မဟုတ်ပါ။ လူ့ဇာတိခံခြင်း ဆိုသည်မှာ ဘုရားသခင်၏ဝိညာဉ်တော်က လူ့ဇာတိမှာ အကောင်အထည် ပေါ်လာခြင်းကို ဆိုလိုပါသည်။ သူက သာမန်လူ့သဘာဝအတွင်းမှာ သမ္မာတရားကို ဖော်ပြပြီး၊ လူများကို ရွေးနုတ်ရင်း၊ ကယ်တင်ရင်းနှင့် အမှုတော်ကို ကိုယ်တိုင်ပြုပါသည်။ ဤသည်မှာ ဇာတိခံခြင်း၏အဓိပ္ပာယ်ဖြစ်သည်။ သို့ပါက ဘုရားသခင် လူ့ဇာတိခံခြင်းနှစ်ကြိမ်၏အဓိပ္ပာယ်က မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏လူ့ဇာတိခံခြင်းနှစ်ကြိမ်က လူ့ဇာတိခံခြင်း၏အဓိပ္ပာယ်ကို ပြည့်စုံစေသည်ဟုသာ အဓိကအားဖြင့် ဆိုလိုပါသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည့် အမှုကို ပြီးမြောက်စေခြင်း ဖြစ်သကဲ့သို့၊ လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေခြင်းဟုလည်း အဓိပ္ပာယ်ရသည်။ ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံခြင်းနှစ်ကြိမ်၏အရေးပါမှုဖြစ်သည်။ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သင့်သည်မှာ ဘုရားသခင် ပထမအကြိမ် လူ့ဇာတိခံခြင်း၏ရည်ရွယ်ချက်က ရွေးနုတ်ခြင်းအမှုကို ပြုဖို့နှင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် လမ်းခင်းပေးဖို့ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ပထမအကြိမ် လူ့ဇာတိခံခြင်းက လူ့ဇာတိခံခြင်း၏အဓိပ္ပာယ်ကို မပြည့်စုံစေခဲ့ပါ။ ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံခြင်း၏ ရည်ရွယ်ချက်မှာမူ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုပြီး လူတွေကို စာတန်၏ ချုပ်ကိုင်ထားမှုတွေကနေ လုယူဖို့ ဖြစ်ပါသည်။ လူများကို ဆိုးယုတ်သည့် စိတ်သဘောထားကနေ သက်သာရာရစေဖို့၊ စာတန်၏လွှမ်းမိုးမှုကနေ လွတ်မြောက်စေဖို့ဖြစ်သည်။ သို့မှသာ လူများအနေနှင့် ဘုရားသခင်ဆီ ပြန်ရောက်ပြီး၊ သူ့၏ရယူခြင်းကို ခံရနိုင်မည်။ နောက်ဆုံးသောကာလ၏ခရစ်တော် ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားက လူများကို သန့်စင်၊ ကယ်တင်ဖို့အတွက် သမ္မာတရားအလုံးစုံကို ဖော်ပြထားသည်။ ဘုရားသခင်၏ အမှုတော်အားလုံးကို လူ့ဇာတိမှာ ပြည့်စုံစေပြီး၊ လူ့ဇာတိခံရာမှာ ဘုရားသခင် ဖော်ပြရမည့် အရာအားလုံးကိုလည်း ဖော်ပြထား ပါသည်။ ဤသို့ ဆောင်ရွက်မှသာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အမှုကို ပြည့်စုံစေတာဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကျမ်းပိုဒ်နှစ်ခုကို ဖတ်ကြည့် ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် စကြဝဠာကို သိမ်းပိုက်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သူသည် ဤအရာများကို သူ၏ လူ့ဇာတိခံ ခန္ဓာဖြင့် လုပ်ဆောင်လိမ့်မည်မဟုတ်ဘဲ၊ စကြဝဠာ တစ်ခုလုံးရှိ လူအားလုံးကို သိမ်းပိုက်ရန် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို အသုံးပြုခြင်းမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသည်သာ နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသည်သာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်ခြင်း ဖြစ်သည်။ လူသားများအဖို့ ဘုရားသခင်သည် အမှုများစွာ မလုပ်ဆောင်သေးသည့်အလား ထင်ရသော်လည်း- ဘုရားသခင်၏ သူ၏နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား ယုံကြည်လက်ခံကြလိမ့်မည် ဖြစ်ကာ အံ့ဩကြလိမ့်မည်ဖြစ်သည်။ အမှန်တရားများ မရှိဘဲနှင့်၊ လူများသည် အော်ဟစ်ကာ ပွတ်လောရိုက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ ၎င်းတို့ ဆိတ်ငြိမ်ကျသွားကြသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်သို့ နှုတ်ကပတ်တော်၏ ရောက်ရှိခြင်း အမှန်တရားကို ပြီးမြောက်စေခြင်း ဖြစ်သည့် ဘုရားသခင်၏ ကြာရှည်တည်ဆောက်ထားသည့် အစီအစဉ်ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ဤအမှန်တရားကို ဧကန်မုချ ပြီးမြောက်စေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ)အမှု၏ ဤအဆင့်သည် ‘နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏’ ၏ သိုဝှက်ထားသော အနက်အဓိပ္ပာယ်ကို တိကျစွာ ဖြည့်ဆည်းခဲ့ပြီး၊ ‘နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏’ အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပေးခဲ့ကာ ‘အစအဦး၌ နှုတ်ကပတ်တော်ရှိ၏’ ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်းကာလတွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲထုတ်၍ မရခဲ့ဘဲ၊ နောက်ဆုံးသောခေတ်တွင် သူက သူ၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး လူသားအား သူ့လမ်းခရီးများ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို ကြားခွင့်ပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် နားလည်လာရမည် ဖြစ်သည်။ ဇာတိပကတိကို သိရှိခြင်းမှာ အရေးကြီးဆုံး မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို မည်သို့နားလည်သည် ဆိုခြင်းက အရေးကြီးဆုံး ဖြစ်၏။ ဤသည်မှာ သင်ပေးရမည့် သက်သေခံချက် ဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာ ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အမှု- ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ ဇာတိပကတိ၌ ဘုရားသခင်၏ အမှုအားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိပကတိ၌ ဘုရားသခင်၏ဖြစ်ခြင်းခေတ်ကို အဆုံးသတ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)) ဘုရားသခင်၏ လူ့ဇာတိခံခြင်း နှစ်ကြိမ်က သူ့၏အမှုတော်အားလုံးကို လူ့ဇာတိမှာ ပြည့်စုံစေ ပါသည်။ တစ်နည်းပြောရလျှင်၊ လူများကို ကယ်တင်ခြင်းအမှုကို ဘုရားသခင်၏ပြည့်စုံစေခြင်းဖြစ်သည်။ ထို့ကြောင့် အနာဂတ်မှာ ဘုရားသခင်က ထပ်ပြီး လူ့ဇာတိခံတော့မည် မဟုတ်ပါ။ တတိယအကြိမ်၊ စတုတ္ထအကြိမ်တို့လည်း ရှိလာတော့ မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် လူ့ဇာတိ၌ပြုသည့် ဘုရားသခင်၏ အမှုက လုံး၀ ပြီးမြောက်သွား၍ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေဖို့၊ ဘုရားသခင်က လူ့ဇာတိနှစ်ကြိမ် ခံယူထားသည် ဆိုသည့် ဖော်ပြချက်၏ ဆိုလိုရင်း ဖြစ်ပါသည်။

ဘုရားသခင်က လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေဖို့အတွက် နှစ်ကြိမ်တိတိ လူ့ဇာတိခံယူထားသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို မတွေ့ကြုံရသေးသူများ အတွက်မူ၊ ဤသည်မှာ နားလည်ဖို့ ခက်ပါသည်။ ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကိုသာ တွေ့ကြုံခဲ့ရသူများက သခင်ယေရှုကို လူ့ဇာတိခံ ဘုရားသခင် ဖြစ်ကြောင်း သိကြပါသည်။ သို့သော်လည်း သခင်ယေရှု၏ အမှုက ရွေးနုတ်ခြင်းအတွက်သာ ကန့်သတ်ထားသကဲ့သို့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည့် အမှုကို မပြီးမြောက်စေ ခဲ့ကြောင်းကိုမူ နားလည်သူ မရှိသလောက်ဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ လူများကိုပြည့်စုံစွာ ကယ်တင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရား အလုံးစုံကို သခင်ယေရှုက မဖော်ပြခဲ့ပါ။ ထို့ကြောင့် သခင်ယေရှုက ပြောခဲ့သည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ယခုဆိုလျှင် သခင်ယေရှုက လူသားအဖြစ် လူ့ဇာတိခံယူထားပါပြီ။ သူက နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားဖြစ်သည်။ သူက တရားစီရင်ခြင်းအမှုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်နေပြီး၊ လူများကို သန့်စင်၊ ကယ်တင်ပေးမည့်် သမ္မာတရားအလုံးစုံကို ဖော်ပြနေပါသည်။ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဆိုသည့် ဤကျမ်းမှာ ပါဝင်သည့် သမ္မာတရားဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က ဘုရား၏သွင်ပြင်လက္ခဏာအတွင်းမှာ သူ့ နှုတ်ကပတ်တော်ကို စကြဝဋ္ဌာတစ်ခုလုံးဆီ ထုတ်ဖော်ပြသည်။ လူများကို ကယ်တင်မည့်် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အသေးစိတ်ကို သူက ထုတ်ဖော်ပြသည်။ ဘုရားသခင်၏အလိုတော်၊ လူများအပေါ်ထားသည့် တောင်းဆိုချက်များနှင့် လူများ၏ ပန်းတိုင်ကိုလည်း ဖော်ပြပေးသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ဤအရာကို မည်သို့ရှင်းပြထား ကြောင်းကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းကို မိန့်ကြားသည်မှာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းပြီးကတည်းက၊ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟုပြောလျှင် မှန်ကောင်း မှန်နိုင်ပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားမျိုးနွယ်ကို ထိုကဲ့သို့ အသေးစိတ်ကျကျနှင့် အလွန်စနစ်ကျစွာ ယခင်က တစ်ခါမျှပင် မပြောဆိုခဲ့ဖူးပေ။ ဤသည်မှာ သူသည် လူသားမျိုးနွယ် အပေါင်းသို့ ပထမဦးဆုံးအကြိမ် များစွာပြောဆိုခြင်းနှင့် အလွန်ကြာရှည်စွာ ပြောဆိုခြင်းလည်း ဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည် လုံးလုံး မကြုံစဖူးသောအရာ ဖြစ်သည်။ ထို့ထက်ပိုသည်မှာ ဤမိန့်မြွက်ချက်များသည် လူသားမျိုးနွယ်အကြားတွင် ဘုရားသခင် ဖော်ပြခဲ့သည့် ပထမဆုံးသော စာသားများပင် ဖြစ်သည်၊ ထိုအထဲတွင် သူသည် လူသားများကို ဖော်ထုတ်ပြီး လမ်းပြလျက်၊ တရားစီရင်ကာ ၎င်းတို့ကို ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်က လူများကို သူ၏ခြေလှမ်းများ၊ သူလျောင်းသည့်နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှုတို့အား သိစေခဲ့သည့် ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်မှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များ ဖြစ်သည်ဟု ဆိုနိုင်ပြီး ဘုရားသခင်သည် နှုတ်ကပတ်တော်များ အလယ်တွင် လူသားမျိုးနွယ်ထံသို့ သူ့နှလုံးသား၏အသံ ပေါ်လာရန်နှင့် ၎င်းကို ဖော်ပြရန် သူ၏ ပင်ကို ကိုယ်ပိုင်လက္ခဏာကို အသုံးပြုခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ နိဒါန်း)ဤသည်မှာ ငါသည် လူသားမျိုးနွယ်၏အဆုံးကို လောကသို့ ယူဆောင်လာကာ ဤအချိန်မှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ပြီဖြစ်ကြောင်း၊ အရာခပ်သိမ်း တိုးပွားသည့်နေရာဖြစ်သော ကမ္ဘာမြေပေါ်သို့ လာခဲ့ကြောင်း ငါ့ကို သိသူခပ်သိမ်းနှင့် မသိသူများအားလုံး မျက်စိအရသာ ခံစားနိုင်ရန် ငါသည် လူသားမျိုးနွယ်ရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို ထုတ်ဖော်ပြခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်ကတည်းက ငါ၏အစီအစဉ်နှင့် ငါ၏တစ်ခုတည်းသော ‘ဝန်ခံချက်’ ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားမျိုးနွယ်အနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီးထံသို့ တစ်ဖန်ပြန်၍ ချဉ်းကပ်လာသည်ဖြစ်ရာ သင်တို့သည် ငါ၏လှုပ်ရှားမှုတိုင်းကို မမှိတ်မသုန် အာရုံစိုက်နိုင်ကြပါစေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)

လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေသည့် ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှစ်ကြိမ်နှင့်ပတ်သက်ပါက၊ မတွေ့ကြုံရသေးသည့် အတွက် နားမလည်ကြသူများ ရှိပါသည်။ သူတို့က ဤအရာကို ကြားရသည့်အခါ၊ နားမလည်ကြပါ။ လူ့ဇာတိခံခြင်းသမ္မာတရားက တကယ်ကို လေးနက်ပါသည်။ ဤအရာကို နားလည်ဖို့ အတော်အတန် ဆွေးနွေးရပါသည်။ အခု ဘုရားသခင် လူ့ဇာတိခံခြင်းနှစ်ကြိမ်အတွင်းမှာ ဆောင်ရွက်သည့် အမှုတော်၏ အသေးစိတ်ကို ဆွေးနွေးရအောင်။ ဘုရားသခင်၏ပထမအကြိမ် လူ့ဇာတိခံခြင်းမှာ၊ သူက နိမိတ်လက္ခဏာများကို ပြရင်း ရွေးနှုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့သည်။ လူငါးထောင်ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်တည်းနှင့် လောက်ငှအောင် ကျွေးပြသည်၊ လေနှင့် လှိုင်းကို စကားတစ်ခွန်းတည်းနှင့် ငြိမ်သက်စေသည်၊ လာဇရုကို ပြန်ရှင်စေခဲ့သည်၊ သခင်ယေရှုက အစာအာဟာရ မသုံးဆောင်ဘဲ၊ တောထဲမှာ ရက်လေးဆယ်လုံးလုံး စုံစမ်းသွေးဆောင်မှုကို ခံခဲ့သေးသည်၊ ရေပေါ်မှာလည်း လမ်းလျှောက်ပြသည်၊ သခင်ယေရှု၏လူ့ဇာတိခန္ဓာက လူများရှေ့မှာ နိမိတ်လက္ခဏာပြခြင်းများ၊ တောင်ပေါ်မှာ ထူးခြားသည့် အဆင်းအရောင်များ ပြခဲ့ခြင်းကြောင့် ကျွန်တော်တို့ လူသားများ၏ အမြင်မှာ သခင်ယေရှုက လူ့ဇာတိခံယူခဲ့သည်ဟု ဆိုသော်လည်း၊ သူ့မှာ တန်ခိုးဣဒ္ဓိပါဒ်များ ပိုင်ဆိုင်ဆဲဖြစ်သည်။ သူက သာမန်လူ တစ်ယောက်ထက် ထူးခြားခဲ့သည်။ သူ ထွက်ပေါ်သည့် နေရာတိုင်းကို တန်ခိုးတော်များ ပါလာသည်။ ထို့အပြင် သခင်ယေရှုက ရွေးနုတ်ခြင်းဆိုသည့် အမှုတော်အဆင့်တစ်ခုကိုသာ ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် စိတ်နေသဘောထား၏ကရုဏာနှင့် ချစ်ခြင်းကို အဓိက ထင်ရှားပြရင်းနှင့် ရွေးနုတ်ခြင်းအမှု၏သမ္မာတရားကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ တရားစီရင်ခြင်း၊ ကယ်တင်ခြင်းအမှု၏ သမ္မာတရားများ အားလုံးကို မဖော်ပြခဲ့ပါ။ ဘုရားသခင်၏ဖြောင့်မတ်သည့်၊ သန့်ရှင်းသည့်၊ ချိုးဖျက်မရနိုင်သည့် စိတ်နေသဘောထားကို လူများကို မဖော်ပြခဲ့ပါ။ ထို့ကြောင့် ပထမအကြိမ် လူ့ဇာတိခံခြင်းက လူ့ဇာတိခံခြင်း အဓိပ္ပာယ်ကို ပြည့်စုံစေခဲ့သည်ဟု မဆိုနိုင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ယေရှု လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် ‘နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏’ ၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည်- ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် ရှိခဲ့ပြီး ဘုရားသခင်၏ ဝိညာဉ်တော်မှာ လူ့ဇာတနှင့် ရှိခဲ့ကာ ထိုလူ့ဇာတိထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိခဲ့ကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)) နောက်ဆုံးသောကာလမှာ ဘုရားသခင် လူ့ဇာတိခံခြင်းက ပထမအကြိမ် လူ့ဇာတိခံခြင်းနှင့် မတူပါ။ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းမှာ၊ ဘုရားသခင်က နိမိတ်လက္ခဏာများကို မပြထားပါ။ သူက တန်ခိုးဣဒ္ဓိပါဒ်ရှိသူ မဟုတ်ပါ။ လူများကြားမှာ လက်တွေ့ကျကျ အမှုတော်ပြုရင်း၊ နှုတ်ကပတ်တော်ကို ဟောကြားရင်းနှင့်ပဲ၊ သူက အပြင်ပန်းအရ သာမန်လူသား တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ သူက လူများကို တရားစီရင်ဖို့၊ သန့်စင်ဖို့၊ စုံလင်စေဖို့အတွက် သမ္မာတရားကို ဖော်ပြထားပါသည်။ အနန္တတန်ခိုးရှင်ဘုရားက ဘုရားသခင့် စီမံခန့်ခွဲမှု အစီအစဉ်၏နက်နဲမှုများအားလုံးကို ထုတ်ဖော်ပြထားသကဲ့သို့ ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသည့် စိတ်နေသဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ့၏အလိုတော်နှင့် လူများ အပေါ် ထားသည့် တောင်းဆိုမှုများကိုလည်း ပြသထားပါသည်။ ထို့အပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် လူများ၏ ဆိုးယုတ်သည့် သဘာဝနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို တရားစီရင်ပြီး ဖော်ထုတ်ပြထားသည်။ ဤကဲ့သို့ပြုရင်းနှင့်သာ လူများကို သိမ်းပိုက်ထားပါပြီ၊ စုံလင်စေပါပြီ။ လူတစ်ဦးစီကို သူ့အမျိုးအစားအလိုက် ဖော်ထုတ်ပြပြီး၊ ဖယ်ရှားထားပါပြီ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူများကို ပေးအပ်သည့် သမ္မာတရားအားလုံးကို လူ့ဇာတိ၏သာမန်လူ့သဘာဝအတွင်းမှာသာ ဖော်ပြသည်။ ဤအရာနှင့် ပတ်သက်ပြီး တန်ခိုးဣဒ္ဓိပါဒ် မရှိပါ။ သာမန်လူတစ်ယောက်က နှုတ်ကပတ်တော်ကို ဟောကြားရင်း၊ အမှုတော် ပြုနေတာကိုသာ မြင်ကြရသည်။ သို့သော်လည်း ခရစ်တော် ဟောပြောသည့် နှုတ်ကပတ်တော်က အလုံးစုံသော သမ္မာတရားဖြစ်သည်။ ဤနှုတ်ကပတ်တော်မှာ ဩဇာအာဏာနှင့် တန်ခိုးပါဝင်သည်။ လူများကို သန့်စင် ကယ်တင်နိုင်သည်။ လူ၏အကျင့်ပျက်ခြင်း အနှစ်သာရနှင့် အဖြစ်မှန်ကို တရားစီရင်ပြီး ဖော်ထုတ်ပြသည့် ခရစ်တော်၏နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ ဘုရားသခင်က လူများကို စောင့်ကြည့်ရာမှာ အတွင်းထဲအထိ မည်သို့ထိုးဖောက်ကြည့်ကြောင်း၊ လူများကို မည်သို့ အလုံးစုံနားလည်မှုရှိကြောင်း မြင်ရပါသည်။ လူများအနေနှင့်လည်း ဘုရားသခင်၏ဖြောင့်မတ်သည့်၊ သန့်ရှင်းသည့်၊ ချိုးဖျက်မရနိုင်သည့် စိတ်နေသဘောထားကို သိလာရပါသည်။ ခရစ်တော်၏ဆုံးမ တိုက်တွန်းမှုကတစ်ဆင့်၊ ဘုရားသခင်၏ကရုဏာနှင့် အလေးထားမှုကို ကျွန်တော်တို့ သိရကြသည်။ ခရစ်တော်၏ဟောပြောပုံ၊ အမှုတော်ပြုပုံ အမျိုးမျိုးကနေ ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုတတ်လာကြသည်။ လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏အထက်သန်ဆုံး စေတနာများ၊ လူများ အပေါ်ထားသည့် စစ်မှန်သည့် ချစ်ခြင်းနှင့် ကယ်တင်ခြင်းကိုလည်း အသိအမှတ်ပြုတတ် လာသည်။ လူများအားလုံးနှင့် အရာခပ်သိမ်းအပေါ် ခရစ်တော်၏ ပြုမူဆက်ဆံပုံကတစ်ဆင့် ဘုရားသခင်၏ဝမ်းမြောက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုများက အပေါင်း လက္ခဏာဆောင်သည့် အရာများ၏ အရှိတရားများ ဖြစ်ကြောင်းကို နားလည်လာကြသည်။ ၎င်းတို့က ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ပြခြင်းများဖြစ်ပြီး၊ ဘုရားသခင် အသက်တာ၏အနှစ်သာရကို သဘာဝကျကျ ထင်ရှားပြခြင်းများ ဖြစ်ကြောင်းလည်း နားလည်လာသည်။ ခရစ်တော်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကတစ်ဆင့်၊ ဘုရားသခင်က မည်သို့ အထွတ်အမြတ်ဖြစ်ပြီး ကြီးမြတ်ကြောင်း၊ မည်သို့ နှိမ့်ချပြီး ကွယ်ဝှက်ကြောင်းကို မြင်ကြရသည်။ ဘုရားသခင်၏ ပင်ကို စိတ်နေသဘောထားနှင့် မျက်နှာတော်စစ်စစ်ကိုလည်း အမှန်တကယ် နားလည်သိမြင်လာကြသည်။ ထို့တွက် ကျွန်တော်တို့က သမ္မာတရားကို တောင့်တလာပြီး၊ ဘုရားသခင်ကို ကြည်ညိုလာ ကြသည်။ သူ့ကို အမှန်တကယ် ချစ်ခင် နာခံချင်လာသည်။ ဤသည်မှာ ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံခြင်း နှုတ်ကပတ်တော်နှင့် အမှုတော်တို့၏ ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှုဖြစ်သည်။ ဘုရားသခင် ဒုတိယအကြိမ်လူ့ဇာတိခံခြင်း၏ နှုတ်ကပတ်တော်နှင့် အမှုတော်များက လူများအနေဖြင့် လူ့ဇာတိခံသည့် ဘုရားသခင်ကို မြင်စေရုံမကဘဲ၊ လူ့ဇာတိတွင်ပေါ်နေသော ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုသည့် အချက်ကိုလည်း မြင်စေပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ဤအရာများအားလုံးကို ပြီးမြောက်စေသည်။ ဤကဲ့သို့ သာမန်သာရှိသည့် လူ့ဇာတိက သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သူက တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင်၏ပေါ်ထွန်းခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကသာ ပြည့်စုံသည့် လူ့ဇာတိခံခြင်း အရေးပါမှုရှိပါသည်။

ဤသမ္မာတရားနှင့် နက်နဲမှုအပေါ် ကျွန်တော်တို့ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်လာနိုင်ရန် အနန္တတန်ခိုးရှင်ဘုရား၏ နောက်ထပ် ကျမ်းပိုဒ်နှစ်ခုကို ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အမှု၏ ဤအဆင့်သည် ‘နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏’ ၏ သိုဝှက်ထားသော အနက်အဓိပ္ပာယ်ကို တိကျစွာ ဖြည့်ဆည်းခဲ့ပြီး၊ ‘နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏’ အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပေးခဲ့ကာ ‘အစအဦး၌ နှုတ်ကပတ်တော်ရှိ၏’ ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄))နိုင်ငံတော်ခေတ်အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကိုယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဤသည်မှာ၊ ‘နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း’ ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်ရန် နောက်ဆုံးသောကာလ၌ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ စစ်မှန်သော အရေးပါမှုကို ပြီးမြောက်စေဖို့ ကြွလာပြီးဖြစ်ပေသည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အချက်အလက်များ ပေါ်ထွန်းခြင်း ရှိခဲပေသည်။ ဤသည်မှာ နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွလာခြင်းဖြစ်သည်။ ‘အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။’ ဤအရာ (လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်းအမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်မည့် အမှုဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ကြွလာရမည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ ထင်ရှားစေရမည် ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်ဆောင်ပြီးမည့်အရာ၊ ဘုရားသခင်က ပြီးမြောက်စေမည့်အရာ၊ လူသား၏ နောက်ဆုံး ခရီးပန်းတိုင်၊ ကယ်တင်ခံရမည့်သူများ၊ ဖျက်ဆီးခံရမည့်သူများ၊ စသည်ဖြင့်- အဆုံးတွင် စွမ်းဆောင်ရရှိသင့်သည့် ဤအမှုအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ကာ၊ အားလုံးသည် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေဖို့ အလို့ငှာ ဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် အခြေခံဥပဒေသများ၊ ဖျက်ဆီးခံရမည့်သူများ၊ ငြိမ်သက်ခြင်း ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ- ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလအတောအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က အဓိကအားဖြင့် ပြီးမြောက်သည့် အမှု ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သား ထားသောသူများသည် မည်သည့်နေရာနှင့် သက်ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မခံရသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်လိမ့်မည်ဖြစ်ကြောင်း၊ ဣသရေလနိုင်ငံကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဲဂုတ္တုပြည်ကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်းတို့ကို သူသည် လူတို့အား နားလည်စေလေသည်- အနာဂတ်တွင်၊ ဤနှုတ်ကပတ်တော်များတစ်ခုစီတိုင်း ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ ခြေလှမ်းများသည် အရှိန်မြင့်လာနေ၏။ ခေတ်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်၊ နောက်ဆုံးသောကာလ အတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ရမည် ဆိုသည်နှင့်၊ ဆောင်ရွက်ရမည့် သူ၏အမှုတော်တို့ကို လူသားထံ ထုတ်ဖော်ပြရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ဤနှုတ်ကပတ်တော်များ အားလုံးသည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေရန်အလို့ငှာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်)

ဘုရားသခင်၏လူ့ဇာတိခံခြင်း နှစ်ကြိမ်က လူ့ဇာတိခံခြင်း အရေးပါမှုကို မည်သို့ ပြည့်စုံစေကြောင်းကို အနည်းငယ်မျှ ပိုနားလည်သွားမယ်ဟု ယုံကြည်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို လူ့ဇာတိခံခြင်းအမှုကတစ်ဆင့် ပြီးမြောက်စေကြောင်းကို ကျွန်တော်တို့ အခု သိကြပါပြီ။ သခင်ယေရှု ဆောင်ရွက်ခဲ့သည့် အမှုတော်အဆင့်က ရွေးနုတ်ခြင်းအမှုပါ။ သူ ဖော်ပြခဲ့သည့် သမ္မာတရားကလည်း အကန့်အသတ်ရှိပါသည်။ ထို့ကြောင့် သခင်ယေရှု၏အမှုကို တွေ့ကြုံပြီးပြီဆိုသော်လည်း၊ ဘုရားသခင်အပေါ် ကျွန်တော်တို့၏ အသိက အကန့်အသတ်နှင့် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကမူ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှု ပြုဖို့ ရောက်လာခဲ့ပါပြီ။ လူများ၏ ဖောက်ပြန်ပျက်စီးခြင်းအပေါ် ဘုရားသခင်၏ ဖြောင့်မတ်သည့် တရားစီရင်မှုနှင့် ပတ်သက်သမျှ အလုံးစုံသောသမ္မာတရားကိုလည်း ဖော်ပြထားသည်။ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို မြင်စေခြင်းဖြစ်ပြီး၊ သူ၏ဖြောင့်မတ်သည့် သန့်ရှင်းသည့် အနှစ်သာရကိုလည်း သိစေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၏ လူ့ဇာတိခံဘုရားသခင်က ဘုရားသခင်၏ လူ့ဇာတိထဲက အမှုတော်ကို လုံးဝ ပြည့်စုံစေခဲ့ပါပြီ။ လူ့ဇာတိမှာ ဘုရားသခင် ဖော်ပြရမည့်် သမ္မာတရားအလုံးစုံကို သူက ဖော်ပြထားသည်။ ထို့ကြောင့်လည်း နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည့်အချက်ကို ပြည့်စုံစေပါသည်။ ဤသည်မှာ ဘုရားသခင်၏လူ့ဇာတိခံခြင်းနှစ်ကြိမ်က လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို မည်သို့ပြည့်စုံစေခြင်း ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်း နှစ်ကြိမ်က မရှိမဖြစ်ဖြစ်သည်။ တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးပြီး ပြည့်စုံစေသည်။ ထို့ကြောင့် ဘုရားသခင်က တစ်ကြိမ်သာ လူ့ဇာတိခံနိုင်သည်ဟု ပြော၍မရပါ။ သူက လူ့ဇာတိကို သုံးလေးကြိမ် ခံယူဦးမည်ဟုလည်း ပြော၍မရပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏လူ့ဇာတိခံခြင်းနှစ်ကြိမ်က ကယ်တင်ခြင်းအမှုကို ပြည့်စုံစေခဲ့ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံခြင်းများမှာ ဖော်ပြရမည့်၊ လူသားမျိုးနွယ်ကို ကယ်တင်သည့် သမ္မာတရား အလုံးစုံကိုလည်း ဖော်ပြထားပြီး သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှစ်ကြိမ်က လူ့ဇာတိခံခြင်းအဓိပ္ပာယ်ကို ပြည့်စုံစေ ခဲ့ပါပြီ။

မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ အပြင်ပန်းသွင်ပြင်အရ သာမန်လူတစ်ယောက်လိုပဲလို့ ခင်ဗျားတို့က သက်သေခံတယ် သူဟာ သခင်ယေရှုလိုပဲ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရုံမကဘူး၊ ဘုရားသဘောသဘာဝလည်း ရှိတယ်ပေါ့ ဒီလောက်အထိကတော့ သံသယမရှိပါဘူး ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြားမှာ ကွာခြားတာက ဘာလဲ

နောက်တစ်ခုသို့- မေးခွန်း (၆) သမ္မာကျမ်းမှာ ဖော်ပြတာက သခင်ယေရှုဟာ ဗတ္တိဇံခံပြီးနောက်မှာ ကောင်းကင် ဖွင့်လှစ်သွားတယ် သန့်ရှင်းသောဝိညာဉ်တော်က သခင်ယေရှုအပေါ်ကို ချိုးငှက်တစ်ကောင်လို ဆင်းသက်တယ်။ အဲဒီမှာမှ အသံတော် ဖြစ်ပေါ်တယ် “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) ကျွန်တော်တို့ကလည်း သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်၊ ခရစ်တော်ဖြစ်တယ်လို့ လက်ခံထားတယ် ဒါပေမဲ့ လူ့ဇာတိခံ ခရစ်တော်ဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း၊ ဘုရားသခင်ကိုယ်တိုင် ဖြစ်တယ်လို့ ခင်ဗျားတို့က သက်သေခံထားတယ် သခင်ယေရှုဆိုတာ ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ဘုရားသခင်ကိုယ်တိုင် ဖြစ်တယ်ပေါ့လေ ကျွန်တော်တို့နားလည်ထားတာနဲ့ မတူဘူး ဒါကြောင့် လူ့ဇာတိခံ ခရစ်တော်ဟာ ဘုရားသခင်ကိုယ်တိုင်လား၊ ဘုရားသခင်ရဲ့သားတော်လား နှစ်မျိုးစလုံးကတော့ ကျွန်တော်တို့အတွက် ယုတ္တိရှိသလိုပါပဲ။ နှစ်ခုလုံးက သမ္မာကျမ်းနဲ့ ညီတယ် ဒီတော့ ဘယ်နားလည်မှုက မှန်တာလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။