သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)

အချိန်ကာလတိုင်းနှင့် အဆင့်တိုင်းတွင် အသင်းတော်၌ လူတို့၏ အယူအဆများနှင့် ကွဲလွဲသော အထူးကိစ္စအချို့ ဖြစ်ပျက်သည်။ ဥပမာ လူအချို့ နေမကောင်းဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လူစားလဲခံရသည်။ လူအချို့မှာ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။ အချို့မှာ သေရေး၊ ရှင်ရေး စမ်းသပ်မှုကို ရင်ဆိုင်ရသည်။ အချို့အသင်းတော်များတွင် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများ၊ အန္တိခရစ်များ၊ စသည်တို့ပင် ရှိသည်။ ဤအရာများသည် ရံဖန်ရံခါ ဖြစ်ပျက်၏။ သို့သော် ၎င်းတို့သည် မတော်တဆဖြစ်ခြင်း လုံးဝ မဟုတ်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၏ ရလဒ်ဖြစ်သည်။ အလွန်ငြိမ်းချမ်းသော အချိန်ကာလသည် အချို့သော အကြောင်းထူးများ သို့မဟုတ် ပုံမှန်မဟုတ်သော ဖြစ်ရပ်များကြောင့် ရုတ်တရက် အလျဉ်ပြတ်သွားနိုင်သည်။ ဤအရာများသည် သင်တို့အနီးတွင် သို့မဟုတ် သင်ကိုယ်တိုင်အပေါ်တွင် လာဖြစ်ပျက်သည်။ ဤအရာများ ဖြစ်ပေါ်ခြင်းသည် လူတို့ဘဝ၏ ပုံမှန်အစီအစဉ်တကျရှိခြင်းနှင့် ပုံမှန်အခြေအနေကို ပျက်ပြားစေသည်။ အပြင်ပန်းတွင် ဤအရာများသည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပေ။ ဤအရာများသည် လူတို့က ၎င်းတို့အပေါ်တွင် မဖြစ်ပျက်စေလိုသော သို့မဟုတ် ၎င်းတို့ မမြင်တွေ့လိုသော အရာများဖြစ်သည်။ သို့ဆိုလျှင် ဤအရာများ ဖြစ်ပျက်ခြင်းက လူတို့ကို အကျိုးပြုသလော။ လူတို့သည် ဤအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း၊ မည်သို့ တွေ့ကြုံသင့်သနည်း၊ မည်သို့ နားလည်သင့်သနည်း။ ဤသည်မှာ သင်တို့အားလုံး တွေးဖူးသည့်အရာတစ်ခု ဖြစ်သလော။ (ဤသည်မှာ ဘုရားသခင့်၏ အချုပ်အခြာအာဏာ၏ ရလဒ်ဖြစ်သည်ကို ကျွန်ုပ်တို့ နားလည်သင့်ပါသည်။) ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ ရလဒ်ဖြစ်သည်ဟု နားလည်ရုံနှင့် ပြီးသွားသည့် ကိစ္စလော။ သင်တို့သည် ဤအရာမှ သင်ခန်းစာတစ်ခုခုကို သင်ယူရရှိခဲ့သလော။ ဘုရားသခင်က ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ မည်သို့ချုပ်ထိန်းထားပုံကို သင်တို့ ဆက်၍ နားလည်နိုင်သလော။ အတိအကျဆိုရလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာတွင် အဘယ်အရာများ ပါဝင်သနည်း။ လူတို့တွင် ၎င်းတို့သိမြင်ပြီး နားလည်သင့်သည့် မည်သည့် တိကျသောအရာများ ပေါ်လွင်သနည်း။ သင်တို့အနီးတွင် ဖြစ်ပျက်ခဲ့သောအရာများမှ သင်ခန်းစာတစ်ခုခုကို သင်တို့ သင်ယူခဲ့ရသလော။ ထိုအရာများကို ဘုရားသခင်ထံမှ လက်ခံရယူပြီး ထိုအရာများမှတစ်ဆင့် တစ်စုံတစ်ခုကို ရရှိနိုင်သလော။ သို့မဟုတ် “ဤအရာအားလုံးမှာ ဘုရားသခင့်၏ အချုပ်အခြာအာဏာ၏ ရလဒ်ဖြစ်သည်၊ ဘုရားသခင်ကိုသာ နာခံလော့၊ ဤတွင် တွေးတောရန် လိုအပ်သည့် မည်သည့်အရာမျှမရှိ” ဟူ၍ စဉ်းစားလျက် ဖြစ်သလိုနေထိုင်ကာ ဤသို့ရိုးစင်းလှသော အတွေးများ တွေးလျက် ကျော်လွန်သွားစေသလော။ ဤအခြေအနေများထဲမှ မည်သည့်အခြေအနေက သင်တို့နှင့် သက်ဆိုင်နေသနည်း။ တစ်ခါတစ်ရံတွင် အသင်းတော်၌ အကြီးစား ဖြစ်ရပ်များ ဖြစ်ပေါ်သည်။ ဥပမာ ဧဝံဂေလိအလုပ် ဖြန့်ဝေရာတွင် မမျှော်လင့်ထားဘဲ ရလဒ်ကောင်းများ ရရှိသည်၊ သို့မဟုတ် မျှော်လင့်မထားသည့် အချို့သော အခက်အခဲများ၊ ဘေးဒုက္ခများ၊ အတားအဆီးများ ရှိသည်၊ သို့မဟုတ် ပြင်ပအင်အားစုများ၏ နှောင့်ယှက်ဖျက်ဆီးခြင်းများပင် ရှိသည်။ တစ်ခါတစ်ရံ အသင်းတော်တစ်ခုခုတွင်၊ သို့မဟုတ် တာဝန်ထမ်းဆောင်နေသော လူအချို့ထဲတွင် ထူးခြားသည့်အရာ ဖြစ်ပျက်သည်။ သာမန်အချိန်တွင်ဖြစ်စေ၊ ထူးခြားသောအချိန်တွင်ဖြစ်စေ ဤဖြစ်ပျက်လာသော ထူးထူးခြားခြား ကိစ္စများကို သင်တို့ ချင့်ချိန်စဉ်းစားကြည့်ဖူးသလော။ သင်တို့သည် မည်သို့ နောက်ဆုံး ကောက်ချက်ချသနည်း။ သို့မဟုတ် အချိန်အများစုတွင် လုံးဝ နားမလည်ဘဲ ဖြစ်နေသလော။ လူအချို့သည် စိတ်အတွင်းတွင်သာ စဉ်းစားပြီးနောက် အကျဉ်းချုပ်သာ ဆုတောင်းလိုက်သည်။ ဤအရာများကို အနည်းငယ်နားလည်ရန် သမ္မာတရားကို ရှာဖွေခြင်းပင် မပြုပေ။ ဤအရာများသည် ဘုရားသခင်ထံမှ လာသည်ဟုသာ ဝန်ခံပြီး ပြီးသွားသည်။ ဤသည်မှာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း မဟုတ်လော။ လူအချို့သည် ဖြစ်သလိုသာ လုပ်ဆောင်ကြသည်။ အလွန်အမင်း အစွမ်းအစညံ့ဖျင်းသော လူများက ဤအရာများကို ကြုံတွေ့သောအခါ၌ နားမလည်သဘောမပေါက်ခြင်း၊ စိတ်ရှုပ်ခြင်းများစွာ ဖြစ်ပေါ်ကြသည်။ ဘုရားသခင်အပေါ် အယူအဆများ၊ နားလည်မှုလွဲခြင်းများ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများအပေါ် သံသယများ အလွယ်တကူ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အစကတည်းက ဘုရားသခင်ကို နားလည်ခြင်း မရှိပေ။ ၎င်းတို့၏ အယူအဆများနှင့် ကွဲလွဲသည့်အရာအချို့ကို ကြုံရသောအခါ၌ သမ္မာတရားကို မရှာဖွေကြ၊ သို့မဟုတ် မိတ်သဟာယဖွဲ့ရန် လူများကို မရှာကြဘဲ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများကို အခြေခံ၍သာ ကိုင်တွယ်ကြသည်။ နောက်ဆုံးတွင် “ဤအရာများသည် ဘုရားသခင်ထံမှ ဟုတ်မဟုတ် မသေချာသေး” ဆိုသည့် ကောက်ချက်ကို ချပြီး ဘုရားသခင်နှင့် ပတ်သက်၍ သံသယများ ရှိလာကြသည်။ ဘုရားနှုတ်ကပတ်တော်များကိုပင် သံသယဝင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ သံသယများ၊ မှန်းဆချက်များ၊ ဘုရားသခင်ကို သတိထားခြင်းများသည် ပိုပို၍ ဆိုးလာသည်။ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားကြသည်။ ၎င်းတို့သည် ဒုက္ခခံလိုစိတ်နှင့် အနစ်နာခံလိုစိတ် မရှိကြပေ။ ကြုံလာသည့် နေ့ရက်တိုင်းကို ဖြစ်သလို ဖြတ်သန်းလျက် အချောင်လည်း ခိုကြသည်။ အထူးဖြစ်ရပ်အနည်းငယ်ကို ကြုံတွေ့ပြီးနောက်တွင်ကား ယခင်က ၎င်းတို့တွင် ရှိနေခဲ့သည့် အနည်းငယ်သော စိတ်ထက်သန်မှု၊ စိတ်ကြံ့ခိုင်မှု၊ စိတ်ဆန္ဒတို့သည် ၎င်းတို့ကို စွန့်ခွာသွားပြီး ပျောက်ကွယ်သွားတော့သည်။ ကျန်ရှိသောအရာမှာ အနာဂတ်အတွက် ကိုယ်ပိုင်အစီအစဉ်များကို မည်သို့ပြုလုပ်ပြီး မည်သို့ ထွက်ပေါက်ရှာရမည်ဆိုသည့် အတွေးများသာဖြစ်သည်။ ဤသို့သောသူများသည် လူနည်းစု မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို ရှာလည်း မရှာဖွေသောကြောင့် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်လာသည့်အခါတိုင်းတွင် ဘုရားသခင်ထံမှ လက်ခံရယူရန် လုံးဝ မသင်ယူဘဲ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ဖြင့် ကြည့်လေသည်။ ၎င်းတို့သည် အဖြေများ ရှာတွေ့ရန်အတွက် ဘုရားနှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်း မရှိ။ မိတ်သဟာယဖွဲ့ရန်အတွက် သမ္မာတရားကို နားလည်သောသူများအား ရှာဖွေပြီး ဤအရာများကို ဖြေရှင်းခြင်းလည်း မရှိ။ ထိုအစား ၎င်းတို့အပေါ် ဖြစ်ပျက်လာသော အရာများကို စိစစ်ပြီး အကဲဖြတ်ရန် လောကနှင့် ဆက်ဆံဖူးသည့် ၎င်းတို့၏ ကိုယ်ပိုင်အသိအမြင်နှင့် အတွေ့အကြုံကို အစဉ် အသုံးပြုကြသည်။ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ သွားစရာ မည်သည့်နေရာမျှမရှိသည့် ခွကျသော အခြေအနေတွင် ပိတ်မိသွားအောင် မိမိတို့ကိုယ်ကို လုပ်ကြခြင်းပင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မရှာဖွေသည့် အကျိုးဆက်ဖြစ်၏။ မည်သည့်အရာကမျှ မတော်တဆ မဖြစ်ပျက်ပေ။ အရာရာတိုင်းကို ဘုရားသခင်က အုပ်စိုးထားသည်။ လူတို့သည် ဤအရာကို သဘောတရားအရ နားလည်ပြီး လက်ခံနိုင်သော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာကို မည်သို့ သဘောထားသင့်သနည်း။ ဤသည်မှာ လူတို့ လိုက်စားပြီး နားလည်သင့်သည့် သမ္မာတရားဖြစ်သည်။ ယင်းကို အတိအကျ လက်တွေ့လုပ်ဆောင်သင့်သည်။ လူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သဘောတရားအရသာ အသိအမှတ်ပြုသော်လည်း အမှန်တကယ် နားလည်ခြင်းမရှိလျှင်၊ ၎င်းတို့ကိုယ်တိုင်၏ အယူအဆများ၊ စိတ်ကူးများကို မဖြေရှင်းရသေးလျှင် ဘုရားသခင်ကို ၎င်းတို့ နှစ်မည်မျှကြာ ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့တွေ့ကြုံသည့်အရာများက မည်မျှရှိသည်ဖြစ်စေ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ဦးမည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင် ဘုရားသခင်၏ အမှုတော်ကို မသိနိုင်ပေ။ ၎င်းတို့ ကြုံတွေ့သည့်အရာ ပိုများလာလေလေ ဘုရားသခင်နှင့် ပတ်သက်ပြီး အယူအဆများ ပိုရှိလာလေလေဖြစ်ကာ ဘုရားကို မေးခွန်းထုတ်လေလေဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ မှန်းဆချက်များ၊ နားလည်မှုလွဲခြင်းများ၊ သတိထားခြင်းများက ပို၍ပင် ပြင်းထန်လာမည် ဖြစ်သည်ကိုကား ပြောစရာမလိုပေ။ အမှန်မှာ ဖြစ်ပျက်သမျှ အရာရာတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှု၏ ရလဒ်သာ ဖြစ်သည်။ ဤအရာများအားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်သည် ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ နားလည်မှုလွဲခြင်းနှင့် သံသယများကို တိုးပွားစေရန် မဟုတ်ဘဲ သင်၏ စိတ်အတွင်းက အယူအဆများ၊ စိတ်ကူးများအပြင် ဘုရားသခင်အပေါ် သင်၏ သံသယဝင်ခြင်းများ၊ နားလည်မှုလွဲခြင်းများ၊ သတိထားခြင်းများနှင့် အခြားသော ဤကဲ့သို့ အပျက်သဘောဆောင်သည့် အရာများကိုပါ ရှင်းလင်းပေးပြီး ဖြေရှင်းပေးရန် ဖြစ်သည်။ သင်သည် ပြဿနာများ ဖြစ်ပေါ်သောအခါ အချိန်မီ မဖြေရှင်းလျှင် သင့်အတွင်းတွင်ရှိသော ဤပြဿနာများက စုပုံလာပြီး ပို၍ ဆိုးရွားလာသည့်အခါ၊ ပြီးလျှင် သင်၏ စိတ်ထက်သန်မှု၊ သို့မဟုတ် စိတ်ဓာတ်ကြံ့ခိုင်မှုသည် သင့်တာဝန်များကို ထမ်းဆောင်ရာ၌ သင့်အား ပံ့ပိုးရန် မလုံလောက်တော့သည့်အခါ သင်သည် ဘုရားသခင်အား စွန့်ခွာမည့် အန္တရာယ် ရှိသည်အထိ အပျက်သဘောဆောင်ခြင်းထဲသို့ လဲပြိုကျသွားမည်ဖြစ်သည်။ သေချာပေါက်ပင် ခိုင်မာစွာ ရပ်တည်နိုင်မည်မဟုတ်။ ယခုတွင် လူအချို့သည် တာဝန်ထမ်းဆောင်ရာ၌ အင်တင်တင်ဖြင့် မဆိုစလောက်သာ အားစိုက်ထုတ်ကြသည်။ သို့သော် ကောင်းချီးများရရန်အတွက်သာဖြစ်ပြီး သမ္မာတရားကို လုံးဝ မလိုက်စားပေ။ အခက်အခဲတစ်ခုခုက ၎င်းတို့အပေါ်သို့ ကျရောက်လာသည့် အချိန်တိုင်းတွင် အပျက်သဘောဆောင်ကြသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူတို့၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် ရူပါရုံသမ္မာတရားကို အလုံးစုံ ရှင်းလင်းခြင်း မရှိသောကြောင့်၊ ဘုရားအမှုတော်ကို အမှန်တကယ် နားလည်ခြင်း မရှိသောကြောင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်အတွက် ၎င်းတို့ကိုယ်ကို အသုံးခံလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ခွန်အားမရှိပေ။ ၎င်းတို့နားလည်သည့် အယူဝါဒအနည်းငယ်က ၎င်းတို့ကို ကြာရှည်စွာ ထိန်းမထားနိုင်ဘဲ လဲပြိုကျရသည်။ လူတို့သည် ပုံမှန် မစုဝေးလျှင်၊ တရားဒေသနာများကို ပုံမှန် နားမထောင်လျှင်၊ သို့မဟုတ် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ပုံမှန် မရှာဖွေလျှင် ၎င်းတို့သည် ခိုင်မာစွာ မရပ်တည်နိုင်ကြပေ။ ထို့ကြောင့် တာဝန်ထမ်းဆောင်သောသူများသည် သမ္မာတရားကို ပုံမှန် မိတ်သဟာယဖွဲ့ဖို့လိုသည်။ ပြီးလျှင် ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာ၍ ၎င်းတို့ထံ၌ အယူအဆများ ဖြစ်ပေါ်လာသည့် အချိန်တိုင်းတွင် ၎င်းတို့သည် သမ္မာတရားကို အချိန်မီ ရှာဖွေခြင်းအားဖြင့် ဤအရာကို ပြုပြင်ရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းတွင် သစ္စာရှိမြဲရှိနေရန်၊ ဘုရားသခင်နောက်တော်သို့ အဆုံးထိလိုက်ရန် သေချာနိုင်မည်ဖြစ်သည်။

ဘုရားသခင်အား ယုံကြည်ခြင်းလမ်းသည် ကျောက်ဆောင်ကျောက်ခဲအပြည့်ဖြင့် ညီညာခြင်းမရှိပေ။ ဤအရာကို ဘုရားသခင်က ချမှတ်ထားခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ လူတို့၏ ဆန္ဒအတိုင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ သို့မဟုတ် လူတို့အဖို့ ကြိုတင်သိမြင်နိုင်သောအရာဖြစ်စေ၊ မသိမြင်နိုင်သောအရာဖြစ်စေ ဤဖြစ်ပျက်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ စီစဉ်ညွှန်ကြားမှုမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင်က သူလုပ်ဆောင်သောအရာအားလုံးကို လုပ်ဆောင်ခြင်းသည် လူတို့ကို သင်ခန်းစာယူစေပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိစေသဖြင့် ထူးခြားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း၏ ပန်းတိုင်သည် ဘုရားသခင်ကို လူတို့ အတိုက်အခံလုပ်သင့်ကြောင်း မဟုတ်သကဲ့သို့ လူတို့သည် ဘုရားသခင်ကို သိနားလည်လျက်ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် စွမ်အားနှင့် အရင်းအနှီးပို၍ ရှိသင့်ကြောင်းလည်း မဟုတ်ပေ။ ထိုထက် လူတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ ထိုအရာများကို ဘုရားသခင်ထံမှ လက်ခံပြီး ယင်းကို နားလည်ဖို့အတွက် သမ္မာတရားကို ရှာဖွေရန် သင်ယူသင့်ကာ ထို့နောက်တွင် စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်ပြီး ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းဖြစ်ပေါ်ရန် လုပ်ဆောင်သင့်ခြင်းဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ထိုသို့ဆိုလျှင် သင်တို့သည် ထိုအရာကို မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ဤအရာများနှင့်စပ်လျဉ်း၍ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းသည် မှန်ကန်သလော။ သင်တို့အပေါ်သို့ ကျရောက်သော အမှုအရာတစ်ခုချင်းစီကို ကျိုးနွံနာခံခြင်းနှလုံးသား၊ သမ္မာတရားကို ရှာဖွေခြင်းသဘောထားဖြင့် ဆက်ဆံသလော။ သင်တို့သည် သမ္မာတရားကို လိုက်စားသောသူဖြစ်လျှင် ထိုသို့သော စိတ်နေစိတ်ထားကို ပိုင်ဆိုင်လိမ့်မည်။ သင်တို့အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ ယင်းကို ဘုရားသခင်ထံမှ လက်ခံလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ရှာဖွေပြီး ဘုရား၏ ရည်ရွယ်ချက်များကို သဘောပေါက်ဖို့ ဆက်လက်လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်အရ လူများ၊ အမှုအရာများကို ရှုမြင်လိမ့်မည်။ သင်တို့အပေါ်သို့ ကျရောက်သောအရာများအားလုံးတွင် သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီး သိရှိနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်စွမ်းရှိလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ယောက် မဟုတ်လျှင် သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်လာသည်ဖြစ်စေ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းမည် မဟုတ်သကဲ့သို့ သမ္မာတရားကိုလည်း ရှာဖွေမည် မဟုတ်ပေ။ သင်သည် ရလဒ်အနေဖြင့် မည်သည့်သမ္မာတရားကိုမျှ လုံးဝ မရရှိဘဲ ဖြစ်သလိုသာ လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူတို့အား သမ္မာတရားကို ရှာဖွေစေဖို့ လေ့ကျင့်ပေးရန်၊ သူ၏ လုပ်ဆောင်မှုများကို နားလည်မှုရှိစေရန်၊ သူ၏ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာကို မြင်တွေ့ရန်၊ ဤသို့အားဖြင့် ၎င်းတို့၏ဘဝ တဖြည်းဖြည်းချင်း ကြီးထွားတိုးတက်ရန်အလို့ငှာ ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အရာများစွာကို စီစဉ်ပေးခြင်းအားဖြင့် ၎င်းတို့ကို စုံလင်အောင် ပြုလုပ်သည်။ သမ္မာတရားကို လိုက်စားသူများသည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီး သမ္မာတရားကို ရရှိကာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရသော်လည်း သမ္မာတရားကို မလိုက်စားသူတို့မူကား ဖယ်ရှားရှင်းလင်းခံရသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို လိုက်စားသူတို့သည် ၎င်းတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်လာသည်ဖြစ်စေ သမ္မာတရားကို ရှာဖွေနိုင်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုရှိပြီး ထိုအတွက်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်၍ ဘုရားသခင်၏ စုံလင်ခြင်းကို ခံရသောကြောင့် ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့မှာမူ ဘုရားသခင်၏ အမှုတော်သည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည်ကို မြင်သော်လည်း သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဤအရာကို မပြုပြင်ဘဲ အပျက်သဘောပင် ဆောင်ပြီး ညည်းပင် ညည်းညူနိုင်ကြသောကြောင့်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများမှာ တိုးပွားလာပြီး ၎င်းတို့သည် ဘုရားသခင်ကို စတင်သံသယဝင်ကာ ငြင်းဆန်လာကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင့် အမှုတော်၏ နှင်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလေသည်။ ထိုအကြောင်းကြောင့် သမ္မာတရားအပေါ် လူတို့၏ သဘောထားသည် အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်ရမည့်အစား သမ္မာတရားကို ရှာရန်၊ လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ညီဖို့ ကြိုးပမ်းရန် ဖြစ်သင့်သည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ရန်အတွက် အမှုအရာများစွာကို ရင်ဆိုင်ရမည်။ ထိုအရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ရမည်။ ထို့အပြင် အချိန်ပိုယူကာ သမ္မာတရားကို ချင့်ချိန်စဉ်းစားလျက် ရှာဖွေပြီး မိတ်သဟာယပြုရမည်။ ဤသို့အားဖြင့် ဘုရားသခင်၏ အမှုတော်ကို သိနိုင်ပြီး အမီလိုက်နိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်သည်။ သမ္မာတရားထဲသို့ တစ်နေ့ပြီးတစ်နေ့ ပို၍ နက်နဲစွာ တိုးဝင်နိုင်သည်။ ဤနည်းအားဖြင့်သာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ ရှုထောင့်တိုင်းသည် လူတို့တွင် အမြစ်တွယ်နိုင်သည်။ ဘုရား၏ အမှုတော်အား ကြုံတွေ့ခြင်းကို ဘုရားသခင် ပြင်ဆင်ပေးသည့် အမျိုးမျိုးသော လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများနှင့်ဆိုင်သည့် ပတ်ဝန်းကျင်များမှ ခွဲခြားဖို့ မဆိုထားနှင့်၊ လက်တွေ့ဘဝဖြင့်ပင် ခွဲခြား၍ မရနိုင်ပေ။ ဤသို့မဟုတ်လျှင် လူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်မည်မဟုတ်။ လူအများစုသည် ၎င်းတို့အပေါ်သို့ ပြဿနာတစ်ခု ကျရောက်လာသောအခါ ဘုရားသခင်၏ အမှုတော်အား မည်သို့ ကြုံတွေ့ရမည်ကို မသိပေ။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ မှားယွင်းနေသော နားလည်မှုများနှင့် အဓိပ္ပာယ်မရှိသော အမြင်များအား မည်သို့ ပြုပြင်ရမည်ကိုလည်းကောင်း မသိကြပေ။ ရလဒ်အနေဖြင့် အမှုအရာများစွာကို ကြုံတွေ့ရသော်လည်း သမ္မာတရားကို နားမလည်နိုင်ဘဲ မည်သည့်အရာကိုမျှ မရရှိကြပေ။ ဤသည်မှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်။ လူတို့အပေါ်သို့ မည်သည့်အရာ ဖြစ်ပျက်လာသည်ဖြစ်စေ နောက်ဆုံးတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံရန်ဖြစ်သည်။ ဤနာခံခြင်းမှာ လူတို့အနေဖြင့် အပျက်သဘောဆောင်စွာ၊ တက်ကြွမှုမရှိစွာ နာခံသင့်သည်၊ သို့မဟုတ် မတတ်သာသည့် အဆုံးတွင်မှ နာခံသင့်သည်ဟု မဆိုလိုဘဲ ၎င်းတို့၌ အပြုသဘောဆောင်သော၊ တက်ကြွသော ရည်ရွယ်ချက်နှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဘုရားသခင်က မည်သည့်အရာကို စီစဉ်ပေးပါစေ၊ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်လာပါစေ ဘုရားသခင်ကို လုပ်ဆောင်ခွင့်ပေးပြီး ဘုရားသခင်အား နာခံတတ်ရန် သင်ယူခြင်းကို ဆိုလိုသည်။ မည်သည့်ဆန္ဒ၊ သို့မဟုတ် ကိုယ်ပိုင်အစီအစဉ်မျှ မရှိစေနှင့်။ သင်၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း လုပ်ဆောင်ဖို့ မကြိုးစားနှင့်။ လူတို့ နှစ်သက်သည့်၊ လိုက်စားသည့်၊ တောင့်တသည့် အရာရာတိုင်းသည် အဓိပ္ပာယ်ကင်းမဲ့ကာ ယုတ္တိမရှိပေ။ လူတို့သည် ဘုရားသခင်အား အလွန်အမင်း ပုန်ကန်ကြ၏။ ဘုရားသခင်က လူတို့ကို အရှေ့ဘက်သို့ သွားခိုင်းသော်လည်း ၎င်းတို့သည် အရှေ့ဘက်သို့ မသွားလိုပေ။ ၎င်းတို့က တွန့်ဆုတ်စွာဖြင့် နာခံလျှင်ပင် စိတ်ထဲ၌ တောင်ဘက်သို့ သွားရန် စဉ်းစားကြဆဲဖြစ်သည်။ ဤသည်မှာ စစ်မှန်သော နာခံခြင်းမဟုတ်ပေ။ စစ်မှန်သော ကျိုးနွံနာခံခြင်းဆိုသည်မှာ ဘုရားသခင်က သင့်အား အရှေ့ဘက်သို့ သွားရန် ပြောလျှင် သင်က အရှေ့ဘက်သို့ သွားသင့်သည်။ တောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက်သို့ သွားမည့် အတွေးများအားလုံးကို စွန့်ပစ်ပြီး ဖယ်ထုတ်သင့်သည်။ ဇာတိပကတိ၏ အလိုဆန္ဒကို ပုန်ကန်နိုင်သင့်သည်။ ထို့နောက်တွင် ဘုရားသခင်က သင့်အား ပြသထားသည့် လမ်းကြောင်းနှင့် ဦးတည်ချက်ကို လိုက်လျှောက်ခြင်းအားဖြင့် သွား၍ လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ နာခံခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ နာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး နာခံရန်၊ ဘုရားသခင်ပြောသည့် အရာအတိုင်း လက်တွေ့လုပ်ဆောင်ရန်ဖြစ်သည်။ ကိုယ်ပိုင်ရည်ရွယ်ချက်များ မထားရှိနှင့်။ ပြောင်းလဲလွယ်၍လည်း မရပေ။ ဘုရားနှုတ်ကပတ်တော်များကို သင်ရှင်းလင်းစွာ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များကို အောက်ကျို့စွာဖြင့် လက်တွေ့လုပ်ဆောင်သင့်သည်။ အမှုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရားကို မသိစိတ်မှနေ၍ နားလည်လာလိမ့်မည်။ သင်၏ နှုတ်က ဘုရားသခင်ကို နာခံသည်ဟု ဆိုသော်လည်း သင်၏ စိတ်အတွင်းမှ အစီအစဉ်များနှင့် ဆန္ဒများကို မည်သည့်အခါမျှ လက်လွှတ်ခြင်း၊ ပုန်ကန်ခြင်းမပြုလျှင် ဤသည်မှာ ပြောသည့်အရာက တစ်ခု၊ စဉ်းစားသည့်အရာက တစ်ခုဖြစ်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စစ်မှန်သော နာခံခြင်းမဟုတ်ပေ။ သင်သည် အမှန်တကယ် မနာခံလျှင် သင့်အပေါ်သို့ အမှုအရာများ ဖြစ်ပျက်လာသည့် အခါတိုင်း၌ ဘုရားသခင်အပေါ် တောင်းဆိုမှုများစွာ ရှိလိမ့်မည်။ စိတ်အတွင်းတွင် သင်သည် သင်၏ တောင်းဆိုချက်များကို ဘုရားသခင်ဖြည့်ဆည်းပေးဖို့ စိတ်မရှည်နိုင် ဖြစ်လိမ့်မည်။ ဘုရားသခင်က သင်ဆန္ဒရှိသည့်အတိုင်း မလုပ်ဆောင်လျှင် သင်သည် အလွန်ပင် မချိတင်ကဲ ဝေဒနာဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်လိမ့်မည်။ သင်သည် များစွာ ဒုက္ခခံရမည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ အစီအစဉ်နှင့် သင့်အတွက် ဘုရားသခင်က ပြင်ဆင်ပေးထားသည့် ပတ်ဝန်းကျင်တို့ကို သင် နာခံနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင့်ထံ၌ အစဉ်သဖြင့် သင်၏ ကိုယ်ပိုင်သတ်မှတ်ချက်များနှင့် ဆန္ဒများ ရှိနေသောကြောင့်လည်းကောင်း၊ သင်၏ ကိုယ်ပိုင်အယူအဆများကို လက်မလွှတ်နိုင်သောကြောင့်လည်းကောင်း၊ သင်သာ အဆုံးအဖြတ်ပေးသည့်သူ ဖြစ်လိုသောကြောင့်လည်းကောင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ အယူအဆများနှင့် ကွဲလွဲသည့်အရာများကို ကြုံတွေ့သည့်အခါတိုင်းတွင် သင်သည် မနာခံနိုင်၊ ဘုရားသခင်အား နာခံရန် သင့်အတွက် ခက်ခဲလေသည်။ လူတို့သည် ဘုရားသခင်ကို နာခံပြီး ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို လက်လွှတ်သင့်သည်ဟု သဘောတရားအရ သိသော်လည်း အကျိုးယုတ်ပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်လိမ့်မည်ကို အစဉ် ကြောက်ရွံ့လျက် ထိုအယူအဆများကို အကယ်ပင် လက်မလွှတ်နိုင်ကြချေ။ ငါ့ကို ပြောလော့။ ဤသည်မှာ ၎င်းတို့အား ကြီးမားသော အခက်အခဲမဖြစ်စေသလော။ ဤသို့ဆိုလျှင် ၎င်းတို့၏ မချိတင်ကဲဝေဒနာက မတိုးပွားလာသလော။ (တိုးပွားလာပါသည်။) သင်သည် အရာရာကို စွန့်လွှတ်နိုင်လျှင်၊ သင်နှစ်သက်ပြီး တောင်းဆိုသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်သည့် အရာများကို လက်လွှတ်နိုင်လျှင်၊ ထိုအရာများကို တက်ကြွစွာ၊ လိုလားစွာ လက်လွှတ်နိုင်လျှင်၊ ဘုရားသခင်နှင့် သတ်မှတ်ချက်များ မပြုလုပ်ဘဲ ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်လိုစိတ်ရှိလျှင် သင့်အတွင်းတွင်ရှိသော အခက်အခဲသည် အလွန်ပို၍ သေးငယ်ပြီး အတားအဆီးများကလည်း အလွန်ပို၍ သေးငယ်လိမ့်မည်။ ဘုရားသခင်အား လူတစ်ယောက်နာခံရာ၌ အတားအဆီးများ လျော့နည်းသွားလျှင် သူ၏ မချိတင်ကဲဝေဒနာကလည်း လျော့နည်းသွားမည် မဟုတ်လော။ သူ၏ မချိတင်ကဲ ဝေဒနာက လျော့နည်းသွားသောအခါ ထိုသူ မလိုအပ်ဘဲ ခံရသည့် ဒုက္ခသည် ကြီးစွာပင် လျော့နည်းသွားသည်။ သင်တို့သည် ဤအနည်းအတိုင်း သွား၍ တွေ့ကြုံခံစားမည်လော။ ဤသို့ မလုပ်ဆောင်သေးဖို့ များလိမ့်မည်။ အခက်အခဲများအား လူတစ်ယောက် ကြုံနေရသည်ကို လူအချို့က မြင်သောအခါ၌ ၎င်းတို့သည် ချက်ချင်းပင် ထိုသူ၏ နေရာတွင် ဝင်ကြည့်ပြီး မိမိတို့ကိုယ်ကို သတိချပ်ကြသည်။ လူတစ်ယောက်က မချိတင်ကဲဝေဒနာတစ်မျိုးမျိုး၊ ဖျားနာမှုတစ်မျိုးမျိုး၊ ဆင်းရဲဒုက္ခတစ်မျိုးမျိုး၊ သို့မဟုတ် ဘေးဒုက္ခတစ်မျိုးမျိုးအား ကြုံနေရသည်ကို လူအချို့က တွေ့မြင်သောအခါတိုင်းတွင် ၎င်းတို့သည် ချက်ချင်းပင် မိမိတို့အကြောင်းကို စဉ်းစားကြပြီး “ငါ့ထံ၌ ဤအရာ လာဖြစ်ပျက်လျှင် ငါမည်သို့ပြုရမည်နည်း။ ဖြစ်ချင်ရကား ယုံကြည်သူများသည်လည်း ဤအရာများကို ကြုံတွေ့နိုင်ပြီး ဤကြီးစွာသော ဒုက္ခများကို ခံရနိုင်ဆဲပင် ဖြစ်နေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် အတိအကျအားဖြင့် မည်သို့သော ဘုရားမျိုးဖြစ်သနည်း၊ ဘုရားသခင်က ထိုသူ၏ ခံစားချက်များကို အလွန်ပင် အလေးထားခြင်း မရှိလျှင် ငါ့ကိုလည်း ထိုသို့ဆက်ဆံမည်လော၊ ဤအရာက ဘုရားသခင်သည် စိတ်မချရကြောင်း ပြသည်၊ အချိန်မရွေး၊ နေရာမရွေးတွင် ဘုရားသခင်သည် လူတို့အတွက် မျှော်လင့်မထားသော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပြီး လူတို့အား အကျပ်ရိုက်ရသော အခြေအနေများထဲ စဉ်ဆက်မပြတ် ရောက်သွားအောင်၊ မည်သည့်အခြေအနေမျိုးထဲမဆို ရောက်သွားအောင် လုပ်ပစ်နိုင်သည်” ဟူ၍ တွေးတောကြသည်။ ၎င်းတို့သည် မယုံကြည်လျှင် ကောင်းချီးများရမည် မဟုတ်သော်လည်း ဆက်လက်၍ ယုံကြည်ပါက ကပ်ဘေးနှင့် ကြုံရမည်ဟူ၍ ကြောက်ရွံ့ကြသည်။ ဤသို့ဖြင့် လူတို့သည် ဘုရားသခင်ရှေ့တွင် ဆုတောင်းသောအခါ “ဘုရားသခင်၊ ကျွန်ုပ်အား ကောင်းချီးပေးရန် ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟူ၍သာ ဆိုပြီး “ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်ရန်၊ ပဲ့ပြင်ဆုံးမရန်၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုရန် တောင်းဆိုပါသည်၊ ကျွန်ုပ်သည် လက်ခံလိုစိတ်ရှိပါသည်” ဟူ၍ မဆိုရဲပေ။ ၎င်းတို့သည် ဤသို့ ဆုမတောင်းရဲပေ။ လူတို့သည် အနှောင့်အယှက်နှင့် ကျရှုံးမှုအနည်းငယ်ကို ကြုံတွေ့ပြီးနောက်တွင် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် သတ္တိက လျော့နည်းသွားပြီး ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ်ကိုလည်းကောင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ်ကိုလည်းကောင်း ယခင်နှင့်မတူညီသော “နားလည်မှု” ရှိသွားကြသည်။ ဘုရားသခင်အပေါ် သတိထားသည့်စိတ်လည်း ဖြစ်လာကြသည်။ ဤသို့ဖြင့် လူတို့နှင့် ဘုရားသခင်ကြားတွင် တံတိုင်းတစ်ခု၊ ဝေးကွာမှုတစ်ခု ရှိလာသည်။ လူတို့တွင် ဤအခြေအနေများ ရှိနေခြင်းက အဆင်ပြေသလော။ (အဆင်မပြေပါ။) ဤသို့ဆိုလျှင် သင်တို့အတွင်းတွင် ဤအခြေအနေများ ဖြစ်ပေါ်တတ်သလော။ ဤအခြေအနေများထဲတွင် သင်တို့ နေထိုင်ဖူးသလော။ (နေထိုင်ဖူးပါသည်။) ဤသို့သော ပြဿနာများကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သမ္မာတရားကို မရှာဖွေ၍ ရသလော။ သမ္မာတရားကို နားမလည်လျှင်၊ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်လျှောက်ရန် ခက်ခဲလိမ့်မည်။ ပြီးလျှင် သဘာဝအလျောက်ဖြစ်စေ၊ လူကြောင့်ဖြစ်စေ ကပ်ဘေးများ၊ ဘေးဒုက္ခများကို ကြုံရသည့်အခါတိုင်းတွင် ပြိုလဲလိမ့်မည်။

ယောဘသည် စမ်းသပ်မှုကို ခံရပြီးနောက်တွင် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဟူသော စကားများကို ဆိုခဲ့သည်။ ယခုအခါတွင် လူများစွာတို့သည် ဤစာကြောင်းကို ရွတ်ဖတ်ဖို့ သင်ယူကြသည်။ ပြီးလျှင် ရှင်းလင်းပီသစွာ ရွတ်ဆိုကြသည်။ သို့သော် ရွတ်ဆိုသည့်အခါတိုင်းတွင် ၎င်းတို့စဉ်းစားသမျှမှာ ပေးသောသူသည် ယေဟောဝါဖြစ်သည်ဟူသည့်အရာပင် ဖြစ်သည့်တိုင် ယေဟောဝါက ပြန်နုတ်သိမ်းသောအခါတွင် မည်ကဲ့သို့ဖြစ်လိမ့်မည်၊ ယခင်က လူတို့သည် မည်သို့သော မချိတင်ကဲဝေဒနာ၊ အခက်အခဲနှင့် ကသိကအောက်ဖြစ်သော အကျပ်အတည်းတို့ကို တွေ့ကြုံရလိမ့်မည်၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးက ပတ်ဝန်းကျင်အပေါ်မူတည်ပြီး မည်သို့ပြောင်းလဲလိမ့်မည်ဆိုသည်တို့ကို လုံးဝ မတွေးတောပေ။ ၎င်းတို့သည် လုံးဝ ပြန်လှန်စဉ်းစားခြင်းမရှိဘဲ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍သာ ရွတ်ဆိုနေသည်မှာ ဤစာကြောင်းကို အခွင့်အရေးရတိုင်းတွင် ၎င်းတို့ ထပ်ခါထပ်ခါရွတ်ဆိုသည့် ဆောင်ပုဒ်နှင့် အယူဝါဒတစ်ခုအဖြစ် အသုံးပြုသည်အထိပင်ဖြစ်သည်။ လူတိုင်း၏ စိတ်တွင် ၎င်းတို့စဉ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ ယေဟောဝါက လူတို့အားချပေးသည့် အားလုံးသော ကျေးဇူးတော်၊ ကောင်းချီးနှင့် ကတိတော်များသာ ဖြစ်သော်လည်း ယေဟောဝါက ၎င်းတို့ထံမှ ဤအရာများအားလုံးကို နုတ်သိမ်းသောအခါတွင် မည်သို့သောမြင်ကွင်းမျိုး ဖြစ်ပေါ်လိမ့်မည်ကို ၎င်းတို့ လုံးဝ မစဉ်းစားပေ၊ သို့မဟုတ် မြင်ယောင်မကြည့်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်လာသောသူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီး၊ ကတိတော်များကိုသာ လက်ခံရန် အဆင်သင့်ဖြစ်နေကြပြီး ဘုရားသခင်၏ ကြင်နာခြင်းနှင့် သနားကရုဏာကိုသာ လက်ခံလိုစိတ်ရှိသည်။ သို့တိုင်အောင် မည်သူကမျှ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ စမ်းသပ်မှုနှင့် စစ်ဆေးမှု၊ သို့မဟုတ် ပိတ်ပင်မှုတို့ကို လက်ခံရန် စောင့်ဆိုင်းခြင်း၊ သို့မဟုတ် ပြင်ဆင်ခြင်းမရှိပေ။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပိတ်ပင်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်းများကို လက်ခံရန် တစ်ဦးတစ်ယောက်မျှ ပြင်ဆင်မှုများ မပြုလုပ်ပေ။ လူတို့နှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမှာ သာမန်ဟုတ်သလော၊ မဟုတ်သလော။ (သာမန်မဟုတ်ပါ။) သာမန်မဟုတ်ဟု အဘယ်ကြောင့်ဆိုသနည်း။ မည်သည့်နေရာတွင် ချို့ယွင်းသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို နားမလည်ခြင်းတွင် ချို့ယွင်းမှုရှိသည်။ ဤသည်မှာ လူတို့၌ အယူအဆများနှင့် စိတ်ကူး များစွာရှိသောကြောင့်လည်းကောင်း၊ ဘုရားသခင်အား စဉ်ဆက်မပြတ် နားလည်မှုလွဲသောကြောင့်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဤအရာများကို မပြုပြင်သောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအတွက်ကြောင့် ပြဿနာများပေါ်ပေါက်ရန် အလားအလာများသည်။ အထူးသဖြင့် လူတို့သည် ကောင်းချီးခံရရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူသာ လုပ်ဆောင်လိုကြပြီး ဘုရားသခင်ထံမှ အရာဝတ္ထုများ တောင်းဆိုလိုကြသည်။ သို့သော် သမ္မာတရားကို မလိုက်စားလိုကြပေ။ ဤသည်မှာ အလွန်အန္တရာယ်ရှိသည်။ ၎င်းတို့၏ အယူအဆနှင့် ကွဲလွဲသည့်အရာတစ်ခုကို ကြုံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်းပင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နာကြည်းမှုများ၊ နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်ကြသည်။ ပြီးလျှင် ဘုရားသခင်အား သစ္စာဖောက်သည်အထိပင် လုပ်ဆောင်နိုင်ကြသည်။ ဤအရာတို့၏ အကျိုးဆက်မှာ ဆိုးရွားသလော။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရား အတော်များများကို နားလည်လာသည်ဟု ခံစားရနိုင်သော်လည်း အမှန်မှာ သင်တို့သည် ဗိုက်ဝစေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သည့်လမ်းကြောင်းကို လျှောက်နေဆဲဖြစ်သည်။ သင်၏ စိတ်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရန် ပြင်ဆင်ပြီးဖြစ်လျှင်လည်းကောင်း၊ ကပ်ဘေးကို ခံရန်အတွက်လည်း သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးဖြစ်လျှင်လည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်အတွက် သင်မည်မျှ အသုံးခံသည်ဖြစ်စေ၊ မည်မျှ အနစ်နာခံပါစေ ယောဘအား စမ်းသပ်မှုများကို သင်အမှန်ပင် ရင်ဆိုင်ရလျှင်လည်းကောင်း၊ သင်၏ ဘဝအဆုံးသတ်တော့မည်အထိပင် သင်၏ ပိုင်ဆိုင်မှုအားလုံးကို ဘုရားသခင်က ယူဆောင်သွားလျှင်လည်းကောင်း သင် မည်သို့လုပ်ဆောင်မည်နည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင်၏တာဝန်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ဘုရားသခင်က သင့်ထံသို့ အပ်နှံထားသည့်အရာကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင့်တွင် မှန်ကန်သော နားလည်မှုနှင့် မှန်ကန်သော သဘောထားရှိသလော။ ဤမေးခွန်းများသည် ဖြေရန် လွယ်ကူသလော၊ မလွယ်ကူသလော။ ဤသည်မှာ သင်တို့ရှေ့တွင်ရှိသော ကြီးမားသော အကျပ်အတည်းဖြစ်သည်။ ယင်းသည် အကျပ်အတည်းတစ်ခုနှင့် ပြဿနာတစ်ခုဖြစ်သောကြောင့် မဖြေရှင်းသင့်သလော။ (ဖြေရှင်းသင့်ပါသည်။) မည်သို့ ဖြေရှင်းရမည်နည်း။ ယင်းသည် ဖြေရှင်းရန် လွယ်ကူသလော။ သင်သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ကာ ဘုရားနှုတ်ကပတ်တော်များစွာ ဖတ်ခဲ့သည်၊ တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရားများစွာကို နားလည်ခဲ့ပြီးသည့်နောက်တွင် ကောင်းချီးဖြစ်စေ၊ ကပ်ဘေးဖြစ်စေ အရာအရာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပေးရန် သင် ပြင်ဆင်ပြီးသား ဖြစ်သည်ဆိုပါစို့။ သင်သည် သင့်ကိုယ်သင် စွန့်လွှတ်ပြီး အသုံးခံသော်လည်း၊ အနစ်နာခံမှုများ ပြုလုပ်ခဲ့သော်လည်း၊ တစ်ဘဝလုံး အားစိုက်ထုတ်ခဲ့သော်လည်း အပြန်အလှန်အနေဖြင့် သင်ရရှိသမျှမှာ ဘုရားသခင်က သင့်အား ကျိန်ဆဲခြင်း၊ သို့မဟုတ် သင့်အား ပိတ်ပင်ခြင်းဖြစ်သည် ဆိုပါစို့။ ထိုအချိန်တွင်ပင် သင်သည် ညည်းညူသည့်စကားများ မရှိလျှင်လည်းကောင်း၊ သင်၏ ကိုယ်ပိုင်ဆန္ဒများ၊ သို့မဟုတ် သတ်မှတ်ချက်များမရှိဘဲ ဘုရားသခင်အား ကျိုးနွံနာခံရန်နှင့် ဘုရားသခင် စီစဉ်ညွှန်ကြားမှုများ၏ ပြုသမျှကို ခံရန်သာ အားထုတ်လျှင်လည်းကောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းနှင့် ကျိုးနွံနာခံခြင်း အနည်းငယ်မျှပင် ရှိခြင်းသည် သင်၏ ဘဝက အကျိုးရှိသည်ဟု သင်ခံစားရလျှင်လည်းကောင်း၊ သင့်တွင် ဤသို့သော မှန်ကန်သော သဘောထားရှိလျှင်လည်းကောင်း အခက်အခဲအချို့ကို ဖြေရှင်းရန် မလွယ်ကူသလော။ ယခုတွင် သင်တို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို အမှန်တကယ် သိမြင်မှုရှိသလော။ သင်၏ စိတ်နှလုံးအတွင်းတွင် သင်ကိုယ်တိုင်၏ အနာဂတ်နှင့် ကံကြမ္မာအတွက် အစီအစဉ်များ ရှိဆဲဖြစ်သလော။ အရာရာကို ကျောခိုင်းပြီး ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံနိုင်သလော။ ဤပြဿနာများကို ချင့်ချိန်လျက်၊ စဉ်းစားလျက်ဖြင့် အချိန်နှင့် အားအင်ကို ဂရုတစိုက် အသုံးချသလော။ သို့မဟုတ် သမ္မာတရားများကို နားလည်ခြင်းရှိပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရန် အချို့သောအရာများကို တွေ့ကြုံပြီးသလော။ ဘုရားသခင်နောက်လိုက်သူများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုသကဲ့သို့သော လက်တွေ့ကျသည့် ပြဿနာတစ်ခုကိုပင် လုံးဝ မစဉ်းစားခဲ့လျှင်၊ ဤသည်မှာ သင်တို့ရှေ့တွင် အကြီးဆုံးပြဿနာလည်းဖြစ်ပြီး ဤသည်မှာ အကြီးဆုံး ရူပါရုံများ၏ သမ္မာတရားဖြစ်သည်ကို သဘောမပေါက်လျှင် တစ်နေ့တွင် အကြီးစားဖြစ်ရပ်တစ်ခုဖြစ်စေ၊ ကပ်ဘေးတစ်ခုဖြစ်စေ ဖြစ်ပျက်လျှင် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ ဤသည်မှာ ပြောရန် ခက်ခဲပြီး မသိရှိရသေးသော အချက်တစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ဤပြဿနာကို နှံ့စပ်စွာ ဆင်ခြင်သုံးသပ်သင့်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်ကြိုတင်မမြင်နိုင်သော အနာဂတ်တစ်ခုကို ရင်ဆိုင်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှုကို သင် မည်သို့ ရှိနိုင်သနည်း။ ဘုရားသခင် ပြင်ဆင်သည့် ပတ်ဝန်းကျင်များအတွင်းတွင် သင်၏ သက်သေခံချက်၌ မည်သို့ ခိုင်မာစွာရပ်တည်နိုင်သနည်း။ ဤသည်မှာ အလေးအနက် စဉ်းစားတွေးတောသင့်သည့် ပြဿနာတစ်ခုမဟုတ်သလော။ သင်က “ငါသည် သဘာဝအားဖြင့် လူကောင်းတစ်ယောက် ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီးများနှင့် ကွယ်ကာမှုများစွာကို ငါ ခံစားခဲ့ပြီးဖြစ်သည်။ အခြားလူများက အခက်အခဲကို ကြုံရသောအခါ ၎င်းတို့သည် ကူကယ်ရာမဲ့သော အခြေအနေတွင် ရှိကြသည်၊ သို့သော် အခက်အခဲကို ငါကြုံရသောအခါတိုင်းတွင် ဘုရားသခင်၏ ပံ့ပိုးမှု၊ လမ်းပြမှုနှင့် ကူညီမှုရှိလေသည်။ ယခုအခါတွင် ငါသည် ဆင်းရဲဒုက္ခကို ခါးစီးခံနိုင်ပြီး မိမိ၏တာဝန်ထမ်းဆောင်ရာတွင် အနစ်နာခံမှုများ လုပ်ဆောင်သည်၊ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းသည် တိုး၍ ကြီးထွားလာပြီး အရေးကြီးသော တာဝန်တစ်ခုကိုလည်း ငါထမ်းဆောင်နေသည်။ ဘုရားသခင်က ငါ့အပေါ်သို့ အထူးပင် သနားကရုဏာထားသည်ကို တွေ့ရသည်၊ ပြီးလျှင် ငါ့တွင် သူ၏ ကွယ်ကာခြင်းနှင့် ကောင်းချီးတို့ရှိသည်။ ငါသည် ဤသို့ဆက်လက်လုပ်ဆောင်လျှင် နောင်ကာလ၌ ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ စမ်းသပ်မှုနှင့် စစ်ဆေးမှုတို့ကို ခံရလျှင်ပင် ထိုအရာများကို ငါ အောင်မြင်ကျော်လွှားနိုင်လောက်သည်၊ အဆုံးတွင် ငါသည် အသေအချာပင် ကောင်းချီးခံစားရသောသူများထဲမှ တစ်ယောက်ဖြစ်လိမ့်မည်၊ ဘုရားသခင်က နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်းကို အသေအချာခံရမည်ဖြစ်ပြီး ဘုရားသခင် ဘုန်းတော်ထင်ရှားသည့်နေ့ရက်ကို ငါ အသေအချာမြင်ရလိမ့်မည်” ဟူ၍ စဉ်ဆက်မပြတ် ထင်မြင်သည်။ ဤသို့ ထင်မြင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်သည် အခြားလူများနှင့် မတူညီဟုလည်းကောင်း၊ ဘုရားသခင်က သင့်အား အထူးမျက်နှာသာ ပေးသည်ဟုလည်းကောင်း၊ ဘုရားသခင်က တစ်စုံတစ်ယောက်ကို ဖယ်ရှားရှင်းလင်းလျှင်၊ သို့မဟုတ် စွန့်ပစ်လျှင် ထိုသူသည် သင်ဖြစ်လိမ့်မည် မဟုတ်ဟုလည်းကောင်း သင်ယုံကြည်သည်။ ဤအတွေးများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (ဤသို့စဉ်းစားသည်မှာ ဓမ္မဓိဋ္ဌာန်မကျပါ။) ဤစကားများသည် ဘုရားသခင်အား အမှန်တကယ် သိမြင်ခြင်းနှင့် ညီမျှသလော။ သို့မဟုတ် အလွန်ပင် ခံစားချက်အရဖြစ်ပြီး မှန်းဆခြင်းဖြစ်သလော။ ဤအတွေးများရှိသောသူတို့သည် သမ္မာတရားကို လိုက်စားသောသူများဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (ကျိုးနွံနာခံနိုင်ခြင်း မရှိပါ။) ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းအပြင် သူ၏ကျိန်ဆဲခြင်းကိုပင် လက်ခံဖို့ အဆင်သင့်ဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့အပေါ်တွင် အမှန်တကယ် ဖြစ်ပျက်သောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ ဖြစ်ပေါ်မည်လော၊ သို့မဟုတ် စောဒကတက်မည်လော။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဤအရာများကို လက်ခံပြီး အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (ကျိုးနွံနာခံနိုင်ခြင်း မရှိပါ။) အနည်းဆုံးအနေဖြင့် ဆိုရလျှင် ယင်းကို စွမ်းဆောင်ရရှိရန် ခက်ခဲလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျေးဇူးတော်ကို ရှာရန်၊ သို့မဟုတ် ဗိုက်ပြည့်ရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့လည်း ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကိုလည်းကောင်း မသိကြပေ။ ဘုရားသခင်က လူတိုင်းအား မျှတစွာ ဆက်ဆံသည်။ ပြီးလျှင် မည်သည့်ဖန်ဆင်းခံမဆိုနှင့်ပတ်သက်လျှင် ဘုရားသခင်၏ စိတ်သဘောထားက သနားကရုဏာနှင့် ချစ်ခြင်းဖြစ်သည်။ သို့သော် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသလည်း ဖြစ်သည်။ လူတစ်ဦးချင်းစီကို ဘုရားသခင် ကိုင်တွယ်ရာတွင် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားတွင်ရှိသော သနားကရုဏာ၊ ချစ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသည် မပြောင်းလဲပေ။ ဘုရားသခင်သည် လူအချို့ကိုသာ သနားကရုဏာနှင့် ချစ်ခြင်းကို ပြပြီး အခြားလူများကိုမူ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ပြခြင်းအား မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ လုံးဝ လုပ်ဆောင်မည်မဟုတ်။ အကြောင်းမှာ သူသည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သောကြောင့်တည်း။ ပြီးလျှင် သူသည် လူတိုင်းအပေါ်တွင် မျှတသည်။ မည်သူမဆိုအတွက် ဘုရားသခင်၏ သနားကရုဏာ၊ ချစ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသရှိသည်။ သူသည် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများကို ချပေးနိုင်ပြီး ကွယ်ကာမှုပေးနိုင်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် လူတို့အား တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့်အပြင် ကျိန်ဆဲခြင်းကိုလည်း ပြုလုပ်နိုင်ပြီး ၎င်းတို့အား သူပေးထားသောအရာများအားလုံးကို ပြန်နုတ်သိမ်းနိုင်သည်။ ဘုရားသခင်သည် လူတို့အား ပေးနိုင်သော်လည်း အရာရာတိုင်းကိုလည်း ၎င်းတို့ထံမှ ပြန်နုတ်သိမ်းနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ လူတိုင်းအပေါ် သူ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ထို့ကြောင့် သင်က “ငါသည် ဘုရားသခင်၏ အမြင်တွင် တန်ဖိုးရှိသည်၊ သူ၏ အချစ်တော်ကဲ့သို့ ဖြစ်သည်၊ သူသည် ငါ့အပေါ် ပြစ်တင်ဆုံးမပြီး တရားစီရင်ခြင်းအား လုံးဝ မပြုရက်ပေ၊ ထို့ပြင် ငါ စိတ်မချမ်းမသာဖြစ်ပြီး စိတ်ဖိစီးမည်ကို စိုးသဖြင့် ငါ့အား သူပေးထားသော အရာများအားလုံးကို ပြန်နုတ်သိမ်းလိုစိတ် လုံးဝရှိမည်မဟုတ်ပေ” ဟူ၍ ထင်မြင်လျှင် ဤသို့ တွေးထင်ခြင်းသည် မှားယွင်းသည်မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်သည် ဤသမ္မာတရားများကို နားမလည်မီတွင် ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကရုဏာနှင့် ချစ်ခြင်းအား ခံစားခြင်းကိုသာ စဉ်းစားခြင်းမရှိသလော။ ရလဒ်အနေဖြင့် ဘုရားသခင်တွင် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ရှိသည်ကိုလည်း သင် မေ့လျော့လျက်ရှိသည်။ ဘုရားသခင်က ဖြောင့်မတ်သည်ဟု သင်၏ နှုတ်က ဆိုသော်လည်း၊ ဘုရားသခင်က သင့်အား သနားကရုဏာနှင့် ချစ်ခြင်းကို ပြသောအခါတွင် သင်က ဘုရားသခင်အား ကျေးဇူးတင်ကာ ချီးမွမ်းနိုင်သော်လည်း သင့်အား ပြစ်တင်ဆုံးမပြီး တရားစီရင်ရာတွင် ဘုရားသခင်က ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ပြသည့်အခါတိုင်းတွင် သင်သည် အလွန်ပင် စိတ်မချမ်းမသာဖြစ်သည်။ “ဤသို့သော ဘုရားသာမရှိလျှင် ကောင်းမည်” ဟူ၍ သင် စဉ်းစားသည်။ “ဤသို့ လုပ်ဆောင်သည်မှာ ဘုရားသခင်သာ မဟုတ်လျှင်၊ ဘုရားသခင်က ငါ့အား ပစ်မှတ်သာ မထားလျှင်၊ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်သာ မဟုတ်လျှင်၊ ဤအရာများကို အခြားလူများအပေါ်သာ လုပ်ဆောင်လျှင် ကောင်းလိမ့်မည်၊ ငါသည် ကြင်နာမှုရှိသောသူ ဖြစ်သောကြောင့်လည်းကောင်း၊ မကောင်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့်လည်းကောင်း၊ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ခြင်းအတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သောကြောင့်လည်းကောင်း ဘုရားသခင်က ငါ့အား အလွန်ပင် သက်ညှာမှုမရှိခြင်း မဖြစ်သင့်ပေ။ ငါသည် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းအပြင် ဘုရားသခင်၏ ကြွယ်ဝသော ကျေးဇူးတော်နှင့် ကောင်းချီးများကို ခံစားရရန် အခွင့်ရှိပြီး သတ်မှတ်ချက်ပြည့်မီသင့်သည်၊ ဘုရားသခင်က ငါ့အား တရားစီရင်မည်၊ သို့မဟုတ် ပြစ်တင်ဆုံးမမည်မဟုတ်သကဲ့သို့ ထိုသို့လုပ်ဆောင်လိုစိတ်လည်းရှိမည်မဟုတ်” ဟူ၍ သင်ထင်မြင်သည်။ ဤသည်မှာ လိုရာဆွဲ၍ တွေးခြင်းနှင့် မှားယွင်းသော ထင်မြင်ခြင်း ဟုတ်သလော။ (ဟုတ်ပါသည်။) မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ဤနေရာတွင် မှားသည့်အရာမှာ သင်သည် သင့်ကိုယ်သင် ဖန်ဆင်းခံတစ်ယောက်အဖြစ်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်တစ်ယောက်အဖြစ် မမှတ်ယူခြင်းဖြစ်သည်။ သင့်ကိုယ်သင် ဖန်ဆင်းခံလူသားမျိုးနွယ်မှ မှားယွင်းစွာ ခွဲထွက်ပြီး သင့်ကိုယ်သင် အထူးအုပ်စု၊ သို့မဟုတ် အထူးဖန်ဆင်းခံအမျိုးအစားတွင် ပါဝင်သည်ဟု မှတ်ယူကာ မိမိကိုယ်ကို အထူးအဆင့်အတန်း ပေးအပ်ထားခြင်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းမဟုတ်လော။ ဤသည်မှာ ကျိုးကြောင်းမသင့်လျော်ခြင်း မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံသောသူ ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။

ဘုရားသခင်၏ မိသားစုတွင်၊ ညီအစ်ကိုမောင်နှမများကြားတွင် သင်၏ အဆင့်အတန်း၊ သို့မဟုတ် အနေအထားက မည်မျှမြင့်ပါစေ၊ သို့မဟုတ် သင်၏ တာဝန်က မည်မျှအရေးကြီးပါစေ၊ သင်၏ ပါရမီနှင့် ပါဝင်ပံ့ပိုးမှုက မည်မျှကြီးပါစေ၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်၊ သာမန်ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ ပြီးလျှင် သင့်ကိုယ်သင်ပေးထားသော မြင့်မြတ်သော ရာထူးများနှင့် ဘွဲ့များသည် မတည်ရှိပေ။ သင်သည် ထိုအရာများကို ဆုသရဖူအဖြစ် အစဉ်မှတ်ယူလျှင်၊ သို့မဟုတ် အထူးအုပ်စုတွင် သင့်အား ပါဝင်စေသည့်၊ သို့မဟုတ် အထူး အကျော်အမော်ပုဂ္ဂိုလ် ဖြစ်စေသည့် အရင်းအနှီးအဖြစ် မှတ်ယူလျှင် သင်သည် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ အမြင်များအား အတိုက်အခံလုပ်ပြီး ဘုရားသခင်၏ အမြင်များနှင့် ကွဲလွဲမှုရှိသည်။ ပြီးလျှင် ဘုရားသခင်နှင့် သဟဇာတမဖြစ်ပေ။ ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်များကို သင် အတိုက်အခံ ပြုလုပ်မည်လော။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်သာဖြစ်သော်လည်း မိမိကိုယ်ကို ဖန်ဆင်းခံတစ်ယောက်အဖြစ် သင် မမှတ်ယူချေ။ ဤသို့သော စိတ်ထားဖြင့် ဘုရားသခင်အား သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ သင်က “ဘုရားသခင်က ငါ့အား ဤသို့ မဆက်ဆံသင့်ပေ၊ ငါ့အား ဤသို့ လုံးဝ ဆက်ဆံ၍မရပေ” ဟု အစဉ်သဖြင့် လိုရာဆွဲ၍ တွေးသည်။ ဤသည်မှာ ဘုရားသခင်နှင့် ကွဲလွဲမှု မဖြစ်စေသလော။ ဘုရားသခင်က သင်၏ အယူအဆများ၊ သင်၏ စိတ်နေစိတ်ထား၊ သင်၏ လိုအပ်ချက်များဖြင့် ဆန့်ကျင်၍ ပြုမူဆောင်ရွက်သောအခါ သင်၏ စိတ်နှလုံးတွင် မည်သို့ စဉ်းစားမည်နည်း။ ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသော ပတ်ဝန်းကျင်များကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ သင် နာခံမည်လော။ (နာခံမည်မဟုတ်ပါ။) သင် နာခံမည်မဟုတ်ပေ။ ပြီးလျှင် သင်သည် အသေအချာပင် အတိုက်အခံပြုမည်။ ဆန့်ကျင်မည်။ ညည်းတွားပြီး စောဒကတက်မည်။ သင်၏ စိတ်နှလုံးတွင် အလေးအနက် အဖြေရှာပြီး “သို့သော် ဘုရားသခင်သည် ငါ့အား ကျေးဇူးတော်ဖြင့် ကွယ်ကာပြီး ဆက်ဆံလေ့ရှိသည်။ ယခုတွင် အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ ငါအသက်ရှင်၍ မရတော့ပေ” ဟူ၍ တွေးသည်။ ဤသို့ဖြင့် သင်သည် ငြိုငြင်လာပြီး ဆိုးသွမ်းလာသည်။ သင်သည် နေအိမ်တွင် သင်၏ မိဘများအပေါ် ဤသို့ပြုမူလျှင် ခွင့်လွှတ်နိုင်ဖွယ်ဖြစ်ပြီး ၎င်းတို့က သင့်အား မည်သည့်အရာကိုမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ ဘုရားအိမ်တော်တွင် လက်ခံနိုင်ဖွယ်မဟုတ်ပေ။ သင်သည် အရွယ်ရောက်သူတစ်ယောက် ဖြစ်ပြီး ယုံကြည်သူတစ်ယောက် ဖြစ်သောကြောင့် အခြားလူများကပင် သင်၏ အဓိပ္ပာယ်မရှိသောအရာများအတွက် သည်းညည်းခံမည်မဟုတ်လျှင် ဘုရားသခင်က ဤသို့သော အပြုအမူကို သည်းခံမည်ဟု သင်ထင်သလော။ ဘုရားသခင်က သူ့အား ဤသို့ သင် လုပ်ဆောင်ခြင်းကို ခွင့်လွှတ်မည်လော။ သူက ခွင့်လွှတ်မည်မဟုတ်။ အဘယ်ကြောင့် သူခွင့်မလွှတ်မည်နည်း။ ဘုရားသခင်က သင်၏ မိဘမဟုတ်ပေ။ သူသည် ဘုရားဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်သည် ဖန်ဆင်းခံတစ်ယောက်အား ငြိုငြင်ခွင့်ကိုဖြစ်စေ၊ ကျိုးကြောင်းမသင့်ဖြစ်ခွင့်ကိုဖြစ်စေ၊ သူ့ရှေ့တွင် သောင်းကျန်းခွင့်ကိုဖြစ်စေ မည်သည့်အခါမျှ ပေးမည်မဟုတ်ပေ။ ဘုရားသခင်က သင့်အား ပြစ်တင်ဆုံးမပြီး တရားစီရင်သောအခါ၊ စမ်းသပ်သောအခါ၊ သို့မဟုတ် သင့်ထံမှ ပြန်နုတ်သိမ်းသောအခါ၊ သင့်အား အခက်အခဲထဲသို့ ချထားသောအခါ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်အပေါ် ဆက်ဆံပုံတွင် ဖန်ဆင်းခံ၏ သဘောထားကို သူမြင်တွေ့လိုသည်။ ဖန်ဆင်းခံတစ်ယောက်က မည်သည့်လမ်းကြောင်းမျိုးအား ရွေးချယ်သည်ကို သူ မြင်တွေ့လိုသည်။ ပြီးလျှင် သူသည် သင့်အား ငြိုငြင်ရန်၊ ကျိုးကြောင်းမသင့်ရန်၊ သို့မဟုတ် အဓိပ္ပာယ်မရှိသော ကျိုးကြောင်းပြဆိုချက်များကို ကြာရှည်စွာပြောဆိုရန် မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ပေ။ ဤအရာများကို နားလည်ပြီးနောက်တွင် လူတို့သည် ဖန်ဆင်းခံလုပ်ဆောင်သည့်အရာရာတိုင်းအား မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို မစဉ်းစားသင့်သလော။ ရှေးဦးစွာ လူတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ သင့်လျော်သောနေရာကို ခံယူပြီး ဖန်ဆင်းခံအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုသင့်သည်။ သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ကို အသိအမှတ်ပြုနိုင်သလော။ အသိအမှတ်ပြုနိုင်လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ သင့်လျော်သောနေရာကို ခံယူသင့်ပြီး ဖန်ဆင်းရှင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ ပြီးလျင် အနည်းငယ် ဒုက္ခခံရလျှင်ပင် စောဒကမတက်ဘဲ လုပ်ဆောင်သင့်သည်။ ဤသည်မှာ အသိတရားရှိသူတစ်ယောက် ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ဟု မထင်ဘဲ သင့်တွင် ရာထူးများရှိပြီး သင်၏ခေါင်းပေါ်တွင် ရောင်ခြည်တော်စက်ဝန်းရှိသည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစုတွင် အဆင့်အတန်း ရှိသူဖြစ်သည်ဟုလည်းကောင်း၊ ကြီးမြတ်သော ခေါင်းဆောင်၊ ဦးစီးဦးရွက်ပြုသူ၊ တည်းဖြတ်သူ၊ သို့မဟုတ် ညွှန်ကြားသူ ဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစု အလုပ်အတွက် ထိုက်တန်သော ပါဝင်ပံ့ပိုးမှုကို ပြုလုပ်ခဲ့သူဖြစ်သည်ဟုလည်းကောင်း လက်ခံထားလျှင်၊ ဤသို့ သင် ထင်မြင်လျှင် သင်သည် ကျိုးကြောင်းမသင့်ဆုံးသော၊ မျက်နှာအပြောင်ဆုံးသော အရှက်မရှိသူတစ်ယောက်ဖြစ်သည်။ သင်တို့သည် အဆင့်အတန်း၊ အနေအထားနှင့် တန်ဖိုးရှိသော သူများဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် သင်တို့သည် အဘယ်နည်း။ (ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။) မှန်သည်။ သင်တို့သည် သာမန်ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်သည်။ လူများကြားတွင် သင်သည် သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်နိုင်သည်။ ဝါရင့်မှုကို အသုံးချနိုင်သည်။ သင်၏ ပါဝင်ပံ့ပိုးမှုများကို ကြွားဝါပြောဆိုနိုင်သည်၊ သို့မဟုတ် သင်၏ သူရဲကောင်းဆန်သော စွန့်စားခန်းများအကြောင်းကို ပြောနိုင်သည်။ သို့သော် ဘုရားသခင်ရှေ့တွင် ဤအရာများ မတည်ရှိပေ။ ပြီးလျှင် ထိုအရာများအကြောင်းကို သင် လုံးဝ မပြောရပေ၊ သို့မဟုတ် ထုတ်မကြွားရပေ၊ သို့မဟုတ် အတွေ့အကြုံရှိသူတစ်ယောက်၏ လေသံကို မယူရပေ။ သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်လျှင် အမှုအရာများသည် ဖရိုဖရဲဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား လုံးလုံးပင် ကျိုးကြောင်းမဲ့ပြီး အဆုံးစွန်အထိ မာနထောင်လွှားသည်ဟု မှတ်ယူမည်။ သူသည် သင့်ကြောင့် စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အား ဘေးသို့ ဖယ်ထားလိမ့်မည်ဖြစ်ပြီး ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။ သင်သည် ရှေးဦးစွာ ဖန်ဆင်းခံအဖြစ် သင်၏ ပင်ကိုလက္ခဏာနှင့် ရပ်တည်မှုကို အသိအမှတ်ပြုရမည်။ သင်သည် သူတစ်ပါးတို့ကြားတွင် အဆင့်အတန်းက မည်သို့ရှိသည်ဖြစ်စေ၊ သင်၏ အနေအထားက မည်မျှ ဂုဏ်ရှိပါစေ၊ သို့မဟုတ် သင့်တွင် မည်သည့်အားသာချက်များ ရှိပါစေ၊ သို့မဟုတ် လူများကြားတွင် သာလွန်မှုကို ပေါလျှံစွာ ခံစားနိုင်ရန်အတွက် ဘုရားသခင်က သင့်အား အထူးပါရမီတစ်မျိုးကို ပေးသည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ သင်လာသောအခါတွင် ထိုအရာများသည် တန်ဖိုး၊ သို့မဟုတ် အရေးပါမှုမရှိပေ။ ထို့ကြောင့် သင်သည် မကြွားဝါရဘဲ ဘုရားရှေ့တွင် အောက်ကျို့စွာဖြင့် ဖန်ဆင်းခံတစ်ယောက်ဖြစ်ရမည်။ ဘုရားသခင်ရှေ့တွင် သင်သည် ဖန်ဆင်းခံလူသားမျိုးနွယ်ဝင်တစ်ယောက်သာဖြစ်သည်။ သင်သည် မည်မျှ ကျော်ကြားပါစေ၊ မည်မျှ ဆုကျေးဇူး၊ ပါရမီရှိပါစေ၊ လူတို့ကြားတွင် သင်၏ ကြိုးပမ်းအားထုတ်မှုက မည်မျှကြီးပါစေ ဘုရားရှေ့တွင် ဤအရာများသည် ကြွားဝါဖို့မဆိုနှင့်၊ ထုတ်ပြောဖို့ပင် မထိုက်တန်ပေ။ ပြီးလျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ သင့်လျော်သောနေရာကိုသာ ခံယူသင့်သည်။ ဤသည်မှာ ပထမတစ်ခုဖြစ်သည်။ ဒုတိယတစ်ခုမှာ စိတ်အတွင်းတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အာခံပြီး ငြင်းဆန်လျက်၊ သို့မဟုတ် သင့်အတွက် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ကြောက်ရွံ့လျက် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ခံစားဖို့သာ ရှာဖွေခြင်း မပြုရန်ဖြစ်သည်။ ဤကြောက်ရွံ့မှုများနှင့် အာခံမှုသည် အားလုံး အသုံးမဝင်ပေ။ လူအချို့က “ငါသည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို လက်ခံလိုစိတ်ရှိလျှင် ဤဒုက္ခများနှင့် ကင်းလွတ်ခွင့်ရနိုင်သလော” ဟူ၍ ဆိုကြသည်။ ဘုရားသခင်က ဤအရာများအားလုံးကို သင်နှစ်သက်သည်၊ မနှစ်သက်သည်ဆိုသည်နှင့်အညီ၊ သို့မဟုတ် သင်၏ ခံစားချက်အရဖြစ်သောဆန္ဒ၊ သို့မဟုတ် သင်၏ရွေးချယ်မှုနှင့်အညီ လုပ်ဆောင်ခြင်းမဟုတ်ဘဲ သူ၏ အလိုတော်၊ သူ၏ အတွေးများနှင့် သူ၏ အစီအစဉ်များနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို လက်ခံခြင်းအပြင် ဘုရားနှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကိုလည်း သင်၏ စိတ်နှလုံး၌ အမှန်တကယ် လက်ခံပြီး တွေ့ကြုံနိုင်ရမည်။ “ဘုရားသခင်၏ ကျေးဇူးတော်ကို လူတို့အပေါ်သို့ အချိန်မရွေး၊ နေရာမရွေး ချပေးနိုင်သော်လည်း ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်းနှင့် ဘေးဒုက္ခများသည်လည်း လူတို့အပေါ်သို့ အချိန်မရွေး၊ နေရာမရွေး ကျရောက်နိုင်သည်ဟု သင်ဆိုလိုသလော” ဟူ၍ ပြောမည့်သူအချို့ရှိသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့သည် လူတို့အပေါ်သို့ စိတ်ကူးပေါက်သလို ကျရောက်ပြီး လူတို့အတွက် သတိထားကာကွယ်ရန် ဖြစ်နိုင်မည်မဟုတ်ဟု သင်တို့ ထင်သလော။ (ဤသို့ ကျရောက်မည်မဟုတ်ပါ။) လုံးဝမဟုတ်ပေ။ ဤသည်မှာ လုံးဝ မမှန်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် မထိုက်တန်ပေ။ ဤသည်မှာ သင်တို့ သတိမူမိသင့်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် ဘုရားသခင်က သင့်အား ထုတ်ဖော်ခြင်းများနှင့် ဖော်ထုတ်ခြင်း၊ သင့်အား ပဲ့ပြင်ဆုံးမခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်း၊ ပြီးလျှင် သင့်အား ကျိန်ဆဲခြင်းသည်ပင် သင်၏ ဝိညာဉ်ရင့်ကျက်မှု၊ သင်၏ အခြေအနေများနှင့် သင်၏ တစ်ကိုယ်ရေလိုက်စားမှုများအပေါ် အခြေခံသည်ဆိုသည်ကို သင် နားလည်ရမည်။ ဘုရားသခင်က သင့်အား လက်ခံလျှင် သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့သည် သင့်အပေါ်သို့ သင့်လျော်သော အချိန်တွင် ကျရောက်လိမ့်မည်။ ဘုရားသခင်အား သင်ယုံကြည်သည့်လမ်းကြောင်းတစ်လျှောက်တွင် သူ၏ ကောင်းချီးများနှင့် ကျေးဇူးတော်တို့သည် အချိန်တိုင်း၊ နေရာတိုင်း၌ သင့်နောက်သို့လိုက်သည်။ ထို့ပြင် သူ၏ ထုတ်ဖော်ခြင်းများ၊ ရိုက်နှက်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်း စသည်တို့သည်လည်း ဤသို့ ဖြစ်လိမ့်မည်။ အချိန်တိုင်း၊ နေရာတိုင်းဆိုသည်မှာ သင့်တင့်လျောက်ပတ်သော အတိုင်းအတာဖြင့်၊ သင့်တော်သောအချိန်တွင်၊ ဘုရားသခင်၏ အစီအစဉ်ကို အခြေခံသည်ဟု ဆိုလိုသည်မှာ မှန်သည်။ ယင်းသည် လူတို့အပေါ်၌ စိတ်ကူးပေါက်သလို မဖြစ်ပျက်ပေ။ ပြီးလျှင် လူတို့က ဂရုမစိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားသော ဘေးဒုက္ခက လူတို့အပေါ် ရုတ်တရက်ကျရောက်မည်ဟု မဆိုလိုပေ။ ထိုကဲ့သို့ လုံးဝ မဟုတ်ပေ။ သင့်တွင် ဝိညာဉ်ရင့်ကျက်မှုတစ်ခုခုမရှိဘဲ ဘုရားသခင်က သင်နှင့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မစီစဉ်ရသေးလျှင် စိတ်မပူနှင့်။ သင့်ဘဝတွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီးနှင့် မျက်မှောက်တော်တို့သာ ရှိကောင်း ရှိနိုင်သည်။ သင့်တွင် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှုမရှိလျှင်၊ သို့မဟုတ် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို အထူးပင် အာခံပြီး ကြောက်ရွံ့လျှင် ဘုရားသခင်သည် သင်၏ အလိုဆန္ဒကို ဆန့်ကျင်ပြီး သင့်အပေါ်သို့ အတင်းအဓမ္မလုပ်ဆောင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအရာကို သင် စိတ်ပူဖို့မလိုပေ။ ဤအရာများ ဖြစ်ပျက်သည်ဖြစ်စေ၊ မဖြစ်ပျက်သည်ဖြစ်စေ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို သိမြင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သင့်သည်။ ဘုရားနှုတ်ကပတ်တော်ကို တိကျစွာ သိမြင်ခြင်းဖြင့်သာ လူတို့တွင် မှန်ကန်သော သဘောထား၊ သာမန်အခြေအနေတစ်ခု ရှိနိုင်ပြီး ၎င်းတို့အပေါ်သို့ ကျရောက်သည့်အရာတိုင်းကို သင့်တင့်လျောက်ပတ်စွာ ရင်ဆိုင်နိုင်သည်။ သင်တို့သည် ယခုတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို လက်ခံဖို့ အဆင်သင့်ဖြစ်သလော။ သင်တို့သည် လက်ခံလိုစိတ်ရှိသလော။ (ရှိပါသည်။) သင်တို့၏ နှုတ်က ရှိသည်ဟု ပြောသော်လည်း စိတ်နှလုံးတွင် အလွန်ကြောက်ရွံ့နေဆဲဖြစ်သည်။ ရှိသည်ဟု ပြောပြီးသည့်နောက်တွင်ပင် ဘေးဒုက္ခတစ်ခုက သင့်အပေါ်သို့ မျှော်လင့်မထားဘဲ ရုတ်ခြည်း ကျရောက်လျှင် သင်သည် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ သင်သည် ချုံးပွဲချငိုမည်လော။ သေခြင်းကို ကြောက်ရွံ့မည်လော။ ကောင်းချီးမခံစားရမည်ကို စိတ်ပူမည်လော။ ဘုရားသခင် ဘုန်းတော်ထင်ရှားမည့်နေ့ရက်အား မမြင်နိုင်မည်ကို စိတ်ပူသလော။ ဤအရာများအားလုံးသည် လူတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ လူတို့ ရင်ဆိုင်ရသော ပြဿနာများဖြစ်သည်။ အတိုချုပ်အားဖြင့် စမ်းသပ်မှုများနှင့် အတိဒုက္ခများထဲတွင် ခိုင်မာစွာ ရပ်တည်လိုလျှင် အရာနှစ်ခုကို ပိုင်ဆိုင်ရမည်။ ပထမတစ်ခုမှာ ဖန်ဆင်းခံအနေဖြင့် သင်၏ သင့်လျော်သောနေရာကို ယူလော့။ သင်သည် သာမန်ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ကိုလည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် သာမန်လူတစ်ယောက် ဖြစ်သည်ကိုလည်းကောင်း၊ သာမန်ထက်လွန်ကဲမှု၊ သို့မဟုတ် ထူးခြားမှု လုံးဝမရှိသည်ကိုလည်းကောင်း သင်၏ စိတ်နှလုံးတွင် ရှင်းလင်းသင့်သည်။ ပြီးလျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ သင့်လျော်သောနေရာကို ခံယူသင့်သည်။ ဒုတိယတစ်ခုမှာ ဘုရားသခင်အား ကျိုးနွံနာခံသည့် ရိုးသားစစ်မှန်သော စိတ်နှလုံးရှိလော့။ ဘုရားသခင်ထံမှ ကောင်းချီးများနှင့် ကျေးဇူးတော်ကို လက်ခံရန် အချိန်ပြည့် အဆင်သင့်ဖြစ်လော့။ ဘုရားသခင်ထံမှ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကိုလည်း လက်ခံရန် အဆင်သင့်ဖြစ်လော့။ ယောဘပြောသကဲ့သို့ပင် “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ဝတ္ထု ၂:၁၀) “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဤသည်မှာ အမှန်တရားဖြစ်သည်။ ပြီးလျှင် မည်သည့်အခါမျှ မပြောင်းလဲမည့် အမှန်တရားဖြစ်သည်။ သင် နားလည်သည်မဟုတ်လော။ (နားလည်ပါသည်။) ဤအရာနှစ်ခုကို ပိုင်ဆိုင်လျှင် သင်သည် အခြေခံအားဖြင့် ခိုင်မာစွာ ရပ်တည်နိုင်ပြီး အထွေထွေဘေးဒုက္ခများနှင့် ဆင်းရဲဒုက္ခတို့ကို ဖြတ်သန်းနိုင်လိမ့်မည်။ သင်သည် ခိုင်မာပြီး ထူးကဲသော သက်သေကို မခံကောင်းမခံနိုင်သော်လည်း အနည်းဆုံးအနေဖြင့် လမ်းလွဲရန်၊ မှောက်မှားရန်၊ သို့မဟုတ် ဖောက်ပြန်သောအရာတစ်ခုကို လုပ်ဆောင်ရန် အလားအလာ ရှိမည်မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်သည် လုံခြုံစိတ်ချရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်တို့သည် ဤအရာနှစ်ခုအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ ပြီးလျှင် ဖြစ်မြောက်ရန် လွယ်ကူခြင်း ရှိမရှိနှင့် သင်၏ စိတ်နှလုံးအတွင်းထဲတွင် လက်ခံနိုင်ခြင်း ရှိမရှိကို ကြည့်သင့်သည်။ ဤအရာများကို သင် သိသည်နှင့် စမ်းသပ်မှုအချို့ကို သင် ကြုံရသောအခါ ထိုအရာများကို သင်မည်သို့ ကွဲပြားစွာ ရှုမြင်ပြီး နားလည်မည်ဆိုသည်မှာ သင်တို့ကိုယ်တိုင်၏ ကိစ္စဖြစ်သည်။ ဤတွင် ဤအကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယ အဆုံးသတ်လေသည်။

ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့်ပတ်သက်၍ ပြီးခဲ့သည့်အခေါက်တွင် မည်သည့်ဆိုရိုးစကားများကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (“ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “ကိုယ်ဆန္ဒမရှိသည့်အရာကို အခြားသူများအပေါ် အတင်းအကျပ် မခိုင်းနှင့်”နှင့် “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ဆိုရိုးစကားသုံးခုကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ပြီးခဲ့သည့်အခေါက်တွင် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ သတ်မှတ်ချက်နှင့် ဆိုရိုးစကား သုံးခုကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီး ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရအကြောင်းကိုလည်း မိတ်သဟာယဖွဲ့ခဲ့သည်။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရနှင့် ပတ်သက်ပြီး မည်သည့်အရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (ဘုရားသခင်သည် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် သမ္မာတရားကြား ကွာခြားချက်များအကြောင်း ပြောဆိုခဲ့သည်။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ အပြုအမူကိုသာ ကန့်သတ်ပြီး စည်းကမ်းများကိုသာ လိုက်နာစေသည်။ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားများကမူ လူတို့ နားလည်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို လူတို့အား ပြောပြပြီး ၎င်းတို့အတွက် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းအချို့ကို ညွှန်ပြသည်။ ဤသို့အားဖြင့် ၎င်းတို့အပေါ်သို့ အမှုအရာများ ကျရောက်သည့်အခါတိုင်းတွင် လက်တွေ့လုပ်ဆောင်ရာ၌ ၎င်းတို့တွင် စည်းမျဉ်းများနှင့် ဦးတည်ချက်ရှိဖို့ရန်ဖြစ်သည်။ ဤအရာတို့သည် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများက သမ္မာတရားနှင့် ကွဲပြားသည့် ကဏ္ဍများဖြစ်သည်။) ပြီးခဲ့သည့်အခေါက်က ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူတို့အား လက်တွေ့လုပ်ဆောင်မှုနှင့် စည်းကမ်းအချို့ကို လိုက်နာရန် အဓိကအားဖြင့် သတ်မှတ်ပြီး လူတို့၏ အပြုအမူကို ကန့်သတ်ရန်အတွက် စည်းကမ်းများအား အသုံးပြုခြင်းကို ပို၍ အရေးပေးကြောင်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကမူ ပုံမှန်လူ့သဘာဝက စွမ်းဆောင်ရရှိနိုင်သည့် အရာအပေါ် အခြေခံပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများကို အဓိကအားဖြင့် ညွှန်ပြသည်။ ပြီးလျှင် ဤကျယ်ပြန့်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို စည်းမျဉ်းများဟု ခေါ်သည်။ ဤသည်မှာ သင့်အပေါ်သို့ ပြဿနာတစ်ခု ကျရောက်သည့်အခါတိုင်းတွင် ဘုရားသခင်က သင့်အား တိကျပြီး အပြုသဘောဆောင်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ပြောပြမည်ဖြစ်ပြီး သင် လက်တွေ့လုပ်ဆောင်ရန်အတွက် စည်းမျဉ်းများ၊ ပန်းတိုင်များနှင့် ဦးတည်ချက်တို့ကို ပြောပြလိမ့်မည်ဟု ဆိုလိုသည်။ ဘုရားသခင်က သင့်အား စည်းကမ်းများကို မလိုက်နာစေလိုဘဲ ဤစည်းမျဉ်းများကို နာခံစေလိုသည်။ ဤနည်းအားဖြင့် လူတို့သည် သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းက မှန်ကန်လိမ့်မည်။ ယနေ့တွင် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၌ ပဓာနကျသော သဘာဝနှင့်ပတ်သက်၍ အခြားမည်သည့်ပြဿနာများ ရှိသည်ကို ငါတို့ ဆက်၍ ကြည့်ကြစို့။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများစွာသည် လူတို့၏ အတွေးများကို ဘောင်ခတ်ရုံမကဘဲ ၎င်းတို့၏ စဉ်းစားပုံကိုလည်း အထင်အမြင်မှားစေပြီး တွေဝေထိုင်းမှိုင်းစေသည်။ တစ်ချိန်တည်းတွင် လူတို့၏ အသက်ကို တောင်းဆိုသည့် နောက်ထပ် အစွန်းရောက် ဆိုရိုးစကားအချို့ ရှိသည်။ ဥပမာအနေဖြင့် ငါတို့၏ ပြီးခဲ့သည့်မိတ်သဟာယမှ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ထိတ်လန့်ချောက်ချားဖွယ် ကောင်းသော ဆိုရိုးစကားသည် လူတို့၏ အတွေးများကို ထိန်းချုပ်ပြီး ဘောင်ခတ်ရုံသာမကဘဲ ကိုယ့်အသက်ကိုယ် ချစ်မြတ်နိုး၍ မရအောင် ပြုလုပ်သည်သာမက စိတ်လိုက်မာန်ပါဖြစ်ပြီး ပေါ့ဆသောပုံစံဖြင့် ထင်ရာမြင်ရာ အကြောင်းပြချက်များအတွက် ၎င်းတို့၏ အသက်ကို စိတ်မြန်လက်မြန် စွန့်လွှတ်နိုင်ခြေရှိရန် လုပ်ဆောင်ခြင်းအားဖြင့်လည်း ၎င်းတို့၏ အသက်ကိုလည်း တောင်းဆိုသည်။ ဤသည်မှာ လူတို့၏ အသက်ကို တောင်းဆိုခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ဘဝဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို လူတို့ နားမလည်မီတွင်ပင်၊ ဘဝတွင် လမ်းမှန်ကို ရှာမတွေ့မီတွင်ပင် ၎င်းတို့သည် အနည်းငယ်မျှဖြစ်သော ကြင်နာမှုအတွက် အပြန်အလှန်အနေဖြင့် မိတ်ဆွေဆိုသောသူတစ်ယောက်အတွက် ဘဝကို ထင်ရာမြင်ရာ စွန့်လွှတ်ပြီး ၎င်းတို့ကိုယ်တိုင်၏ အသက်ကို အလွန်ယုတ်ညံ့ပြီး တန်ဖိုးမရှိဟု မှတ်ယူသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုက လူတို့ကို သွန်သင်သော စဉ်းစားပုံမျိုး၏ အကျိုးဆက်ဖြစ်သည်။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများက လူတို့၏ အတွေးများအား ဘောင်ခတ်နိုင်ပုံကိုကြည့်လျှင် ထိုဆိုရိုးစကားများနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သောအရာ တစ်ခုပင်မရှိပေ။ ပြီးလျှင် ထိုဆိုရိုးစကားများက လူတို့၏ အသက်ကို ထင်ရာမြင်ရာ တောင်းဆိုပုံကို ကြည့်လျှင် လူတို့အပေါ်၌ သေချာပေါက် အပြုသဘောဆောင်သော သက်ရောက်မှု၊ သို့မဟုတ် အကျိုးအမြတ် မရှိပေ။ ထို့အပြင် လူတို့သည် ဤအယူအဆများအားဖြင့် လှည့်စားခံရပြီး တွေဝေထိုင်းမှိုင်းကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ဘဝင်မြင့်မှုနှင့် မာန်မာနအတွက်လည်းကောင်း၊ လူအများ၏ ထင်မြင်ချက်အားဖြင့် ရှုတ်ချခြင်းမခံရစေရန်အတွက်လည်းကောင်း ၎င်းတို့သည် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေ ပြုမူဆောင်ရွက်ရသည်။ လူတို့သည် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် အယူအဆအမျိုးမျိုးတို့၏ အပြည့်အဝ ချည်နှောင်ခြင်း၊ ကန့်သတ်ခြင်းနှင့် ချုပ်နှောင်ခြင်းကို ခံရပြီးဖြစ်ကာ အခြားရွေးချယ်စရာမရှိတော့ပေ။ လူသားမျိုးနွယ်သည် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ အချုပ်အနှောင်အောက်တွင် အသက်ရှင်လိုစိတ်ရှိပြီး ပို၍ လေးစားဖွယ်ဖြစ်သော ဘဝကို ရှင်သန်ရန်၊ သူတစ်ပါးတို့ရှေ့တွင် အမြင်ကောင်းစေရန်၊ အထင်ကြီးခံရပြီး လူတို့ထံမှ မျက်နှာသာပေးသော မှတ်ချက်များရရန်၊ ထို့အပြင် ကွယ်ရာ၌ မကောင်းပြောခံရသည့် ပစ်မှတ် မဖြစ်စေရန်နှင့် ၎င်းတို့၏ မိသားစုအတွက် ဂုဏ်ရှိစေရန်တို့ဖြစ်သော ရည်ရွယ်ချက်သက်သက်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိပေ။ လူတို့၏ ဤအယူအဆများနှင့် အမြင်များကို ကြည့်လျှင်၊ ထို့အပြင် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ ထိန်းချုပ်ခြင်းကို ၎င်းတို့ ခံရသော ဤဖြစ်ရပ်များကို ကြည့်လျှင် ဤသို့သော ဆိုရိုးစကားများသည် လူသား အပြုအမူကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ပြီး ဘောင်ခတ်သော်လည်း ဤဆိုရိုးစကားများက စာတန်က လူတို့ကို ဖျက်ဆီးသည်ဆိုသည့် အချက်နှင့် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုးယုတ်သော သဘာဝများရှိသည့်အချက်ကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ထားသည်။ လူတို့အနေဖြင့် အပြင်ပန်းတွင် လေးစားထိုက်သော၊ ယဉ်ကျေးမှုရှိသော၊ ရည်မွန်သော၊ ထင်ရှားကျော်ကြားသော၊ ဂုဏ်ရှိသော ဘဝများကို ရှင်သန်ကြဖို့အလို့ငှာ ထိုဆိုရိုးစကားများသည် လူတို့ကို ဖုံးကွယ်ရန်အတွက် အပြင်ပန်းအပြုအမူကို အသုံးပြုလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်ရှိသည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ၎င်းတို့သည် မည်သို့သောသူမျိုး ဖြစ်သည်ကို အခြားလူများက ၎င်းတို့၏ အပြင်ပန်းအပြုအမူအားဖြင့်သာ ဆုံးဖြတ်နိုင်သည်။ ဤသို့သော အခြေအနေမျိုးတွင် လူတိုင်းသည် လူတစ်ယောက်က ကောင်းသည်ကိုဖြစ်စေ၊ ဆိုးသည်ကိုဖြစ်စေ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ သတ်မှတ်ချက် အမျိုးမျိုးကို အခြေခံပြီး တိုင်းတာကာ အကဲဖြတ်သည်။ သို့တိုင်အောင် လူတို့၏ အပေါ်ယံဆန်သော ကိုယ်ကျင့်တရား အပြုအမူမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအထိ မည်သူကမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ ကိုယ်ကျင့်တရား အပြုအမူမျက်နှာဖုံး၏ နောက်ကွယ်တွင် ဖုံးနေသည့် အမျိုးမျိုးသော မသိမသာ အန္တရာယ်ရှိခြင်းနှင့် ရက်စက်ကြမ်းတမ်းခြင်း အားလုံးကိုလည်း ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဤသို့ဖြင့် လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ကြီးမားသော အတိုင်းအတာအထိ ဖုံးကွယ်ရန် ဝတ်ရုံတစ်ခုအဖြစ် ကိုယ်ကျင့်တရား အပြုအမူကို အသုံးပြုကြသည်။ ဥပမာအနေဖြင့် အမျိုးသမီးတစ်ယောက်သည် အပြင်ပန်းတွင် အကျင့်သီလကောင်းသည်။ ကြင်နာ၍ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရား ရှိသည်။ သူမအနီးတွင် ရှိသောလူများ၏ ချီးမွမ်းခြင်းနှင့် လေးစားခြင်းကို ခံရသည်။ သူမသည် သင့်တင့်ကောင်းမွန်စွာ ပြုမူသည်။ ယဉ်ကျေးသည်။ အထူးသဖြင့် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် သည်းခံသည်။ အာဃာတမထားပေ။ မိဘများအပေါ် သားသမီးဝတ်ကျေသည်။ သူမ၏ ခင်ပွန်းကို အလုပ်အကျွေးပြုပြီး သူမ၏ သားသမီးများကို ပြုစုပျိုးထောင်သည်။ ဆင်းရဲဒုက္ခများကို ခံနိုင်သည်။ ပြီးလျှင် အခြားအမျိုးသမီးများအတွက် စံပြအဖြစ် သတ်မှတ်ခြင်းခံရသည်။ သူမ၏ အပြင်ပန်း အသွင်အပြင်မှနေ၍ မည်သည့်ပြဿနာမှ ရှာမတွေ့နိုင်ပေ။ သို့သော် သူမ၏ စိတ်အတွင်းထဲတွင် မည်သည့်အရာကို စဉ်းစားသည်၊ သို့မဟုတ် မည်သို့စဉ်းစားနေသည်ကို မည်သူမျှ မသိပေ။ သူမ၏ ဆန္ဒများနှင့် ရည်မှန်းချက်များက မည်သည့်အရာဖြစ်သည်ကို လုံးဝ မပြောသကဲ့သို့ ပြောရဲခြင်းလည်းမရှိပေ။ အဘယ်ကြောင့် မပြောရဲသနည်း။ အဘယ်ကြောင့်ဆိုသော သူမသည် အကျင့်သီလကောင်းသော၊ ကြင်နာသော၊ နူးညံ့သိမ်မွေ့သော၊ ကိုယ်ကျင့်တရားရှိသော အမျိုးသမီးတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်လိုသောကြောင့် ဖြစ်သည်။ သူမသည် အမှန်တကယ် ဖွင့်ဟပြီး သူမ၏ စိတ်နှလုံးနှင့် သူမ၏ အကျည်းတန်မှုကို ဖော်ထုတ်လျှင် သူမသည် အကျင့်သီလကောင်းသော၊ ကြင်နာသော၊ နူးညံ့သိမ်မွေ့သော၊ ကိုယ်ကျင့်တရားရှိသော အမျိုးသမီးတစ်ယောက် ဖြစ်နိုင်မည် မဟုတ်ပေ။ ပြီးလျှင် သူတစ်ပါးတို့က ဝေဖန်ခြင်းနှင့် အထင်သေးခြင်းကိုပင် ခံရလိမ့်မည်။ ထို့ကြောင့် သူမသည် မိမိကိုယ်ကို ဖုံးကွယ်ပြီး အပေါ်ယံဟန်ပြခြင်းသာ လုပ်ဆောင်နိုင်သည်။ အကျင့်သီလကောင်းခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ကိုယ်ကျင့်တရားရှိခြင်းတို့ဖြစ်သည့် ဤအပြင်ပန်းအပြုအမူ၏ ဖုံးကွယ်မှုအောက်တွင် ရှိခြင်းဖြင့် လူတို့သည် သူမ၏ ကောင်းမှုများကိုသာ မြင်ပြီး ချီးမွမ်းကြသည့် သဘောဖြစ်သည်။ ဤသို့ဖြင့် သူမ၏ ရည်ရွယ်ချက် ဖြစ်မြောက်လေသည်။ သို့သော် သူမသည် မိမိကိုယ်ကို မည်မျှအယောင်ဆောင်ပြီး သူတစ်ပါးတို့အား လှည့်စားပါစေ သူမသည် လူတို့က သူမအား ထင်မြင်သည့်အတိုင်း အမှန်တကယ် ကောင်းမွန်သလော။ လုံးဝ မဟုတ်ပေ။ သူမသည် အမှန်တကယ်ပင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသလော။ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရရှိသလော။ သူမသည် လှည့်စားတတ်သလော။ မာနထောင်လွှားသလော။ စိတ်နှလုံးခိုင်မာသလော။ ကောက်ကျစ်ဆိုးယုတ်သလော။ (ဟုတ်ပါသည်။) သူမသည် အသေအချာပင် ဤသို့ဖြစ်သည်။ သို့သော် ဤအရာအားလုံးကို ဖုံးကွယ်ထားသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ တရုတ်သမိုင်းဝင် ပုဂ္ဂိုလ်အချို့သည် ရှေးသူတော်စင်များနှင့် ပညာရှိများအဖြစ် ကြည်ညိုခြင်းခံရသည်။ ဤသို့ အခိုင်အမာ မှတ်ယူခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ၎င်းတို့သည် နည်းပါးသော၊ အထောက်အထားမခိုင်လုံသော မှတ်တမ်းများနှင့် ဒဏ္ဍာရီများကိုသာ အခြေခံပြီး သူတော်စင်များနှင့် ပညာရှိများအဖြစ် ချီးမွမ်းခြင်းခံရသည်။ အမှန်မှာ ၎င်းတို့၏ ဖုံးကွယ်နေသော လုပ်ရပ်များနှင့် ပြုမူဆောင်ရွက်မှုတို့သည် အတိအကျ မည်သို့ရှိသည်ကို မည်သူမျှ မသိပေ။ သင်တို့သည် ယခုတွင် ဤပြဿနာများကို နှံ့နှံ့စပ်စပ် နားလည်ကြသလော။ သင်တို့ထဲမှ အချို့သည် အတော်အတန် နှံ့နှံ့စပ်စပ် နားလည်မှုရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီးခဲ့ကြပြီး လူသား၏ ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရနှင့် သမ္မာတရားကို လုံးဝ ရှင်းလင်းစွာ မြင်တွေ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် သမ္မာတရားအချို့ကို သဘောပေါက်နားလည်သရွေ့ ၎င်းတို့သည် လူ၊ အမှုကိစ္စနှင့် အကြောင်းအရာအချို့ကို နှံ့နှံ့စပ်စပ် နားလည်မှုရှိနိုင်ကြသည်။ သူမ၏ အပြင်ပန်း အပြုအမူနှင့် ကိုယ်ကျင့်တရား အပြုအမူက မည်မျှ စံထားထိုက်ပါစေ၊ သူမကိုယ်သူမ မည်မျှအယောင်ဆောင်ပြီး အပေါ်ယံဟန်ပြပါစေ အကျင့်သီလကောင်းသော၊ ကြင်နာသော၊ နူးညံ့သိမ်မွေ့သော၊ ကိုယ်ကျင့်တရား ရှိသော အမျိုးသမီးတစ်ယောက်သည် သူမ၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖွင့်ပြမည်လော။ (ဖွင့်ပြလိမ့်မည်။) လုံးဝ ဖွင့်ပြလိမ့်မည်။ ဤသို့ဆိုလျှင် သူမသည် စိတ်နှလုံးခိုင်မာသော စိတ်သဘောထားရှိသလော။ (ရှိပါသည်။) သူမသည် မှန်ကန်သည်ဟု ထင်မြင်ပြီး အကျင့်သီလကောင်းသည်၊ ကြင်နာသည်၊ နူးညံ့သိမ်မွေ့သည်၊ ကိုယ်ကျင့်တရားရှိသည်၊ လူကောင်းတစ်ယောက် ဖြစ်သည်ဟု သူမ ခံစားရသည်။ ဤသည်မှာ သူမသည် အလွန်ပင် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပြီး အလွန် စိတ်နှလုံးခိုင်မာခြင်းလည်း ရှိသည်ကို သက်သေပြသည်။ အမှန်တွင် သူမသည် စိတ်အတွင်းတွင် သူမ၏ သရုပ်မှန်နှင့် မည်သည့်အားနည်းချက်များရှိသည်ကို သူမ သိမြင်သည်။ သို့သော် သူမကိုယ်တိုင်၏ အကျင့်သီလကောင်းများကို ကျယ်လောင်စွာ ပြောဆိုနိုင်ဆဲဖြစ်သည်။ ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်း မဟုတ်လော။ မာနထောင်လွှားခြင်း မဟုတ်လော။ ထို့အပြင် သူမက အကျင့်သီလကောင်းသည်၊ ကြင်နာသည်၊ နူးညံ့သိမ်မွေ့သည်၊ ကိုယ်ကျင့်တရား ရှိသောသူဖြစ်သည်ဟု သူမကိုယ်သူမ ကြေညာခြင်းသည် ကောင်းသောဂုဏ်သတင်းကို ကျန်ရစ်စေပြီး သူမ၏ မိသားစုအတွက် ဂုဏ်ဆောင်ပေးရန်အတွက်သက်သက်သာ ဖြစ်သည်။ ဤသို့သော အတွေးများနှင့် လိုက်စားမှုများက ယုတ္တိမရှိသကဲ့သို့ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ သူမသည် လူတို့၏ ချီးမွမ်းခြင်းကို ခံရပြီး နာမည်ကောင်းတစ်ခုရရှိသည်။ သို့သော် သူမသည် စိတ်အတွင်းတွင် သူမ၏ ရည်ရွယ်ချက်များ၊ အတွေးများနှင့် သူမပြုလုပ်ခဲ့သော ရှက်ဖွယ်သောအရာများကို အစဉ်မပြတ် ဖုံးကွယ်ထားပြီး ဤအရာများအကြောင်းကို မည်သူ့ကိုမျှ လုံးဝ မပြောပေ။ လူတို့က သူမအား ထိုးထွင်းမြင်သည်နှင့် သူမအား မှတ်ချက်များ ပေးမည်ကိုလည်းကောင်း၊ ဝေဖန်အပြစ်တင်မည်ကိုလည်းကောင်း၊ ငြင်းပယ်မည်ကိုလည်းကောင်း သူမ ကြောက်ရွံ့သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ လှည့်စားခြင်းမဟုတ်သလော။ (ဟုတ်သည်။) ထို့ကြောင့် သူမ၏ အပြင်ပန်းအပြုအမူက မည်မျှ သင့်လျော်ပြီး လေးစားဖွယ်ဖြစ်ပါစေ၊ သို့မဟုတ် သူမ၏ ကိုယ်ကျင့်တရား အပြုအမူက မည်မျှ ဂုဏ်ရှိပါစေ သူမ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အမှန်ပင် တည်ရှိသည်။ ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မကြားဖူးဘဲ သမ္မာတရားကို နားမလည်သော ဘာသာတရားမရှိသူများက ဤအရာကို သတိမမူမိခြင်း၊ သို့မဟုတ် မသိမြင်ခြင်းသာဖြစ်သည်။ သူမသည် ဘာသာတရားမရှိသူများက ကို လှည့်စားကောင်း လှည့်စားနိုင်မည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားအား နားလည်သောသူများကို မလှည့်စားနိုင်ပေ။ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူမသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရ ရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ သူမ၏ ကိုယ်ကျင့်တရား အပြုအမူက မည်မျှ စံထားထိုက်ပါစေ၊ သို့မဟုတ် သူမရရှိသည့် စံနှုန်းက မည်မျှမြင့်မားပါစေ သူမတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်ဆိုသည့်အချက်က ငြင်းဆန်၍မရသကဲ့သို့ ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် သမ္မာတရားကို နားလည်သည်နှင့် သူမအား အရှိအတိုင်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ သို့ရာတွင် စာတန်သည် လူသားများကို အထင်အမြင်မှားစေရန်အတွက် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကို အသုံးချသည်။ ၎င်းတို့၏ အတွေးများကိုလည်း တွေဝေထိုင်းမှိုင်းစေပြီး ဘောင်ခတ်ကာ ၎င်းတို့သည် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့် ကိုက်ညီလျှင် လူကောင်းများဖြစ်ပြီး လမ်းမှန်ကို လျှောက်နေသည်ဟု မှားယွင်းစွာ ထင်မြင်စေသည်မှာလည်း ပြောစရာမလိုပေ။ အမှန်မှာ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ လူအချို့က ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့်ညီသော အပြုအမူကောင်းအချို့ကို ပြသလျှင်ပင် ၎င်းတို့သည် ဘဝတွင် လမ်းမှန်ပေါ်သို့ စတင် မလျှောက်လှမ်းသေးပေ။ ထိုအစား ၎င်းတို့သည် လမ်းမှားပေါ်တွင် စတင်လျှောက်လှမ်းပြီး အပြစ်ထဲတွင် အသက်ရှင်ကြသည်။ ၎င်းတို့သည် ကြောင်သူတော်ဆန်သော လမ်းကြောင်းပေါ်တွင် စတင် လျှောက်လှမ်းကြပြီး စာတန်၏ ပိုက်ကွန်ထဲသို့ သက်ဆင်းကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရသည် ၎င်းတို့၌ ကောင်းသော ကိုယ်ကျင့်တရား အပြုအမူအချို့ ရှိရုံဖြင့် အနည်းငယ်မျှပင် ပြောင်းလဲမည် မဟုတ်သောကြောင့်ဖြစ်သည်။ အပြင်ပန်း ကိုယ်ကျင့်တရား အပြုအမူသည် အလှဆင်ထားခြင်း သက်သက်သာ ဖြစ်သည်။ ဟန်ပြသာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ သဘာဝအမှန်နှင့် စိတ်သဘောထားအမှန်ကို ထုတ်ဖော်ဦးမည်ဖြစ်သည်။ စာတန်သည် လူတို့အား ၎င်းတို့၏ အပြုအမူနှင့် အပြင်ပန်း အသွင်အပြင်မှတစ်ဆင့် ကန့်သတ်ပြီး ထိန်းချုပ်ရန် ရည်မှန်းထားကာ အပြုအမူကောင်းများကို အသုံးပြုခြင်းအားဖြင့် လူတို့အား မိမိကိုယ်ကို အယောင်ဆောင်စေပြီး အပေါ်ယံဟန်ပြဖြစ်စေသည်။ တစ်ချိန်တည်းတွင်ပင် စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည်ဆိုသည့် အချက်ကို ဖုံးကွယ်ရန်အတွက် လူတို့၏ အပြုအမူကောင်းကို အသုံးပြုသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဆိုသည့်အချက်ကို ဖုံးကွယ်ရန်လည်းဖြစ်သည်မှာ ပြောစရာမလိုပေ။ တစ်ဖက်တွင် စာတန်၏ ရည်ရွယ်ချက်သည် လူတို့အား ကောင်းမှုများကို ပို၍လုပ်ဆောင်စေပြီး မကောင်းမှုများကို လျှော့၍ လုပ်ဆောင်စေရန်အတွက်၊ အုပ်ချုပ်သူလူတန်းစားအား ဆန့်ကျင်သည့်အရာများကို သေချာပေါက် မလုပ်ဆောင်ရန်အတွက် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ ထိန်းချုပ်မှုကို လူတို့ ခံရစေဖို့ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်အပေါ် အုပ်ချုပ်သူလူတန်းစား၏ ကြီးစိုးမှုနှင့် ထိန်းချုပ်မှုကို ဆက်လက်၍ အကျိုးဖြစ်စေသည်။ အခြားတစ်ဖက်တွင် လူသားများသည် ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများအတွက် သဘောတရားဆိုင်ရာ အခြေပြုချက်အဖြစ် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကို လက်ခံပြီးနောက်တွင် ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ကင်းအောင်နေပြီး အတိုက်အခံပြုလုပ်တတ်ကြသည်။ ဘုရားသခင်မိန့်ဆိုသော နှုတ်ကပတ်တော်များ၊ ဘုရားသခင်က လူတို့အား သွန်သင်သော အပြုသဘောဆောင်သည့် အရာများ၊ သို့မဟုတ် သမ္မာတရားများနှင့်ပတ်သက်လျှင် ၎င်းတို့အတွက် သိမြင်ရန်နှင့် သဘောပေါက်နားလည်ရန် အခက်အခဲဖြစ်လာသည်၊ သို့မဟုတ် အတိုက်အခံများနှင့် အယူအဆမျိုးစုံ ဖြစ်ပေါ်လာနိုင်သည်မှာ ပြောစရာမလိုပေ။ လူတို့သည် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ အယူအဆများကို ပိုင်ဆိုင်လိုက်သည်နှင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် ပိုပြီး ခက်ခဲလာတတ်သည်။ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ပြီး ပြောင်းလဲရန်လည်း ပို၍ ခက်ခဲလာသည်မှာ ပြောစရာမလိုပေ။ ထို့ကြောင့် အမျိုးမျိုးသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် အယူအဆများသည် ဘုရားနှုတ်ကပတ်တော်အား လူတို့ လက်ခံခြင်းနှင့် နားလည်ခြင်းကို ကြီးမားသော အတိုင်းအတာအထိ ပိတ်ဆို့ထားသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားအား လူတို့လက်ခံသော အတိုင်းအတာကိုလည်း ထိခိုက်မှုရှိသည်မှာ ပြောစရာမလိုပေ။ စာတန်သည် လူတို့အား မသင့်လျော်သော၊ အပျက်သဘောဆောင်သော အယူအဆနှင့် အမြင် အမျိုးမျိုး ဖြစ်ပေါ်စေရန်အတွက် လူတို့အား ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့်အယူဝါဒသွတ်သွင်းသည့် နည်းလမ်းကို အသုံးပြုသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဤအယူအဆများနှင့် အမြင်များကို အခြေခံပြီး လူများနှင့် အမှုအရာများကို ရှုမြင်၍ ကျင့်ကြံပြုမူကာ ပြုမူဆောင်ရွက်ကြသည်။ လူတို့သည် လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်မှုများ၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် ဆောင်ရွက်မှုများအတွက် သဘောတရားဆိုင်ရာ အခြေပြုချက်နှင့် စံနှုန်းအဖြစ် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနောက်ကွယ်ရှိ အယူအဆများကို ခံယူသောအခါတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြေလျော့ခြင်းနှင့် ပြောင်းလဲခြင်း မရှိနိုင်ရုံသာမက ယင်းနှင့် ပြောင်းပြန်ပင်ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ပို၍ပင် ပြင်းထန်လာလိမ့်မည်။ ပြီးလျှင် ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံခြင်းနှင့် အာခံခြင်းသည် ပို၍ပင် ဆိုးရွားလာလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူတို့ကို ကယ်တင်သောအခါတွင်၊ ဘုရားနှုတ်ကပတ်တော်ကို လူတို့အား ပေးသောအခါတွင် အကြီးဆုံး အတားအဆီးမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမဟုတ်ဘဲ စာတန်ထံမှလာသော အမျိုးမျိုးသော ဆိုးယုတ်သော အတွေးအခေါ်များ၊ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၊ အမျိုးမျိုးသော ဆိုးယုတ်သော အယူအဆများနှင့် အမြင်များဖြစ်သည်။ ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်း၏ အကျိုးဆက်ဖြစ်သည်။ ပြီးလျှင် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးက ဖောက်ပြန်ပျက်စီးသော လူသားများအပေါ်တွင် ကျရောက်သော အပျက်သဘောဆောင်သည့် သက်ရောက်မှုလည်း ဖြစ်သည်။ ဤသည်မှာ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကို ဟောကြားခြင်းနှင့် ထောက်ခံအားပေးခြင်းအားဖြင့် စာတန် ရရှိလိုသော တကယ့်ရည်ရွယ်ချက်ဖြစ်သည်။

ငါတို့၏ ယခင်က စုဝေးပွဲတွင် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားသုံးခုကို အဓိက မိတ်သဟာယဖွဲ့ခဲ့သည်။ အတိအကျဆိုရလျှင် “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “ကိုယ်ဆန္ဒမရှိသည့်အရာကို အခြားသူများအပေါ် အတင်းအကျပ် မခိုင်းနှင့်”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့်အရာများ ဖြစ်သည်။ ယနေ့တွင် “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဆိုသည့်အရာအပေါ်တွင် ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားသည်လည်း လူသားမျိုးနွယ်ကြားတွင် ပေါ်ထွက်လာခဲ့ပြီး ဖောက်ပြန်ပျက်စီးသော လူသားများ၏ အယူအဆများနှင့် အမြင်များမှ လာသည်။ ပို၍ အတိအကျဆိုရလျှင် လူသားမျိုးနွယ်အား စာတန်က ဖျက်ဆီးခြင်းနှင့် အထင်အမြင်မှားစေခြင်းမှ စတင်၍ ပေါ်ပေါက်လာသည်မှာ မှန်သည်။ ယင်းသည် ယခင်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် တူညီသော သက်ရောက်မှုနှင့် သဘာဝရှိသော်ငြားလည်း သို့သော် မတူညီသော ချဉ်းကပ်မှုရှိသည်။ ၎င်းတို့သည် အလားတူပင် ရဲတင်းပြီး ဟိတ်ဟန်များသော အဆိုအမိန့်များဖြစ်သည်။ အလွန် စိတ်ထက်သန်ပြီး လှိုက်လှိုက်လှဲလှဲ ဖြစ်သည်။ သူရဲကောင်းဆန်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို လုံးဝ မကြားဖူးသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်လျှင် ဤအဆိုအမိန့်များသည် အလွန်ပင် စိတ်ကိုနိုးကြွစေပြီး သွေးဆူစေသည်။ ဤစကားများကို ကြားပြီးနောက်တွင် ၎င်းတို့သည် ချက်ချင်းပင် အားရှိလာပြီး လက်သီးဆုပ်ကြလိမ့်မည်။ ၎င်းတို့သည် တည်ငြိမ်စွာ ထိုင်နေနိုင်တော့မည် မဟုတ်ပေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်မည်မဟုတ်ပေ။ ပြီးလျှင် ဤသည်မှာ တရုတ်ယဉ်ကျေးမှုနှင့် နဂါးများ၏ စိတ်ဓာတ်ဖြစ်သည်ဟု ခံစားရမည်။ သင်တို့သည် ယခုတွင် ဤသို့ ခံစားရဆဲဖြစ်သလော။ (မခံစားရပါ။) ယခုတွင် ဤစကားများကို ကြားသောအခါ မည်သို့ ခံစားရသနည်း။ (ယခုတွင် ဤစကားများသည် ကောင်းမွန်ခြင်း၊ သို့မဟုတ် အပြုသဘောဆောင်ခြင်းမရှိဟု ခံစားရသည်။ ယခင်နှင့် ယှဉ်ကြည့်လျှင် ယခုအခါ အဘယ်ကြောင့်ကွဲပြားစွာ ခံစားရသနည်း။ ဤသည်မှာ လူတို့သည် အသက်ကြီးလာပြီး ဒုက္ခများစွာကို ဖြတ်သန်းပြီးသည်နှင့် ၎င်းတို့၏ ငယ်ရွယ်မှုနှင့် ကြမ်းတမ်းသော အားမာန်ကို ဆုံးရှုံးသွားသောကြောင့် ဖြစ်သလော။ သို့မဟုတ် လူတို့သည် သမ္မာတရားအချို့ကို နားလည်သည်နှင့် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် အလွန်ပင် အနှစ်မဲ့သည်၊ လက်တွေ့မကျပေ၊ အသုံးမဝင်ပေဆိုသည်ကို ပိုင်းခြားသိမြင်နိုင်ခြင်းကြောင့် ဖြစ်သလော။ (အဓိကအားဖြင့် ဤဆိုရိုးစကားများသည် သမ္မာတရားနှင့်မညီဘဲ လက်တွေ့မကျသောကြောင့်ဖြစ်သည်။) အမှန်ပင်ဖြစ်သည်။ ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် အလွန်ပင် အနှစ်မဲ့လွန်းပြီး လက်တွေ့မကျပေ။ ဤသို့ဆိုလျှင် “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားနှင့်ပတ်သက်ပြီး ဤဆိုရိုးစကားနှင့် ဤဆိုရိုးစကားအတွင်းတွင် ကွယ်ဝှက်နေသော စာတန်၏ ဉာဏ်များသည့် ကြံစည်မှုများ၏ အဓိပ္ပာယ်မဲ့ခြင်းကို အတိအကျဖော်ထုတ်ရန်အတွက် ယခင်က ငါတို့ မိတ်သဟာယပြုခဲ့သည့် စည်းမျဉ်းများကို ထည့်သွင်းစဉ်းစားလျက် ဤဆိုရိုးစကားသည် မည်သို့မှားယွင်းနေသည်ကို ပိုင်းခြားကာ စိစစ်ကြစို့။ မည်သို့ ပိုင်းခြားစိစစ်ရမည်ကို သင်တို့ သိသလော။ ဤစာကြောင်း၏ အဓိပ္ပာယ်မှာ အတိအကျမည်သို့ရှိသည်ကို ငါ့အားပြောလော့။ (ဤအရာတို့သည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားဖြစ်လာရန်အတွက် မန်စီးယပ်စ်က အဆိုပြုခဲ့သော စံသတ်မှတ်ချက်သုံးခုဖြစ်သည်။ ခေတ်ပေါ် အနက်ဖွင့်ဆိုချက်မှာ ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုသည် လူတစ်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုကို မနှောင့်ယှက်နိုင်၊ ဆင်းရဲခြင်းနှင့် နိမ့်ကျသော အခြေအနေများသည် လူတစ်ယောက်၏ ခိုင်မာသော စိတ်ဆန္ဒကို မပြောင်းလဲနိုင်၊ အာဏာနှင့် အကြမ်းဖက်ခြင်း၏ ခြိမ်းခြောက်မှုသည် လူတစ်ယောက်ကို နာခံအောင် မပြုလုပ်နိုင်ဟူ၍ဖြစ်သည်။) ယခင်က ငါတို့ပြောခဲ့သည့် “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်။ နူးညံ့သိမ်မွေ့ရမည်။ ကိုယ်ကျင့်တရားရှိရမည်” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားသည် အမျိုးသမီးများအတွက် ရည်ရွယ်သည်။ သို့သော် ဤတစ်ခုမှာ သိသာစွာပင် အမျိုးသားများအတွက် ရည်ရွယ်သည်။ ဂုဏ်ကျက်သရေရှိပြီး ချမ်းသာသည့် ဘဝဖြစ်စေ၊ ဆင်းရဲသော အခြေအနေများဖြစ်စေ၊ အာဏာနှင့် အကြမ်းဖက်ခြင်းကို ရင်ဆိုင်ရခြင်းဖြစ်စေ ပတ်ဝန်းကျင်မျိုးစုံတွင် အမျိုးသားများအပေါ် သတ်မှတ်ချက်များထားထားသည်။ အမျိုးသားများအပေါ်တွင် စုစုပေါင်း သတ်မှတ်ချက် မည်မျှထားသနည်း။ အမျိုးသားများသည် အာဏာနှင့် အကြမ်းဖက်ခြင်းကို ရင်ဆိုင်ရာတွင် ခိုင်မာသော စိတ်ဆန္ဒ၊ ဖြားယောင်းသွေးဆောင်၍ မရနိုင်သော စိတ်ဓာတ်ခိုင်မာမှုရှိရန်၊ အရှုံးမပေးရန် လိုအပ်သည်။ ဤအဆိုပြုထားသော သတ်မှတ်ချက်များသည် သာမန်လူ့သဘာဝနှင့် သက်ဆိုင်ခြင်းရှိမရှိ၊ လူတို့ အသက်ရှင်သည့် လက်တွေ့ဘဝ ပတ်ဝန်းကျင်များနှင့် သက်ဆိုင်ခြင်းရှိမရှိကို စဉ်းစားလော့။ တစ်နည်းအားဖြင့် အမျိုးသားများအပေါ် ချမှတ်ထားသော ဤသတ်မှတ်ချက်များသည် အနှစ်မဲ့ပြီး လက်တွေ့မကျခြင်း ရှိမရှိ စဉ်းစားလော့။ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား အပြုအမူအတွက် ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်များမှာ အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်။ နူးညံ့သိမ်မွေ့ရမည်။ ကိုယ်ကျင့်တရားရှိရမည်ဟူ၍ ဖြစ်သည်။ “အကျင့်သီလကောင်းရမည်” ဆိုသည်မှာ အမျိုးသမီးနှင့်ဆိုင်သော အကျင့်သီလများအား ပိုင်ဆိုင်ရမည်ဟု ဆိုလိုသည်။ “ကြင်နာရမည်” ဆိုသည်မှာ ကြင်နာသောစိတ်ရှိခြင်းကို ဆိုလိုသည်။ “နူးညံ့သိမ်မွေ့ရမည်” ဆိုသည်မှာ နူးညံ့သိမ်မွေ့သော အမျိုးသမီးဖြစ်ခြင်းကို ဆိုလိုသည်။ ပြီးလျှင် “ကိုယ်ကျင့်တရားရှိရမည်” ဆိုသည်မှာ ကိုယ်ကျင့်တရား ရှိသောသူဖြစ်ခြင်း၊ ကိုယ်ကျင့်တရား အပြုအမူကောင်းရှိခြင်းကို ဆိုလိုသည်။ ဤသတ်မှတ်ချက်တစ်ခုချင်းစီသည် အလွန်ပင် အတန်အသင့်ဖြစ်သည်။ အမျိုးသားများသည် အကျင့်သီလကောင်းကာ ကြင်နာ၍ နူးညံ့သိမ်မွေ့ရန် သို့မဟုတ် ကိုယ်ကျင့်တရားကောင်းရန် မလိုအပ်ပေ။ အမျိုးသမီးများမှာမူ ခိုင်မာသော စိတ်ဆန္ဒနှင့် ဖြားယောင်းသွေးဆောင်၍ မရနိုင်သော စိတ်ဓာတ်ခိုင်မှုတို့ကိုမူ ရှိရန်မလိုအပ်ဘဲ အာဏာနှင့် အကြမ်းဖက်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါတိုင်းတွင် အရှုံးပေးနိုင်သည်။ ဆိုလိုသည်မှာ “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဆိုသည့် ဤကိုယ်ကျင့်တရား အပြုအမူ သတ်မှတ်ချက်သည် အမျိုးသမီးများအား လုံလောက်သော ထွက်ပေါက်ပေးထားသည်မှာ အမျိုးသမီးများအပေါ် အထူးပင် သည်းခံပြီး ထောက်ထားသည်အထိ ဖြစ်သည်။ ဤသည်းခံပြီး ထောက်ထားခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အခြားနည်းဖြင့် နားလည်၍ ရနိုင်သလော။ (ယင်းသည် ခွဲခြားဆက်ဆံသည့် ပုံစံတစ်မျိုးဖြစ်သည်။) ငါလည်း ဤသို့ထင်မြင်သည်။ အမှန်မှာ ဤအရာသည် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းဖြစ်သည်။ အမျိုးသမီးများသည် ခိုင်မာသော စိတ်ဆန္ဒမရှိ၊ သူရဲဘောကြောင်သည်၊ အလွန်အမင်း ရှိုးတိုးရှန့်တန့်ဖြစ်သည်ဟုလည်းကောင်း၊ အမျိုးသမီးများအား ကလေးမွေးရန်၊ မိမိ၏ ခင်ပွန်းကို အလုပ်အကျွေးပြုပြီး မိမိ၏ သားသမီးများကို ပြုစုပျိုးထောင်ရန်၊ အိမ်အလုပ်ကို တာဝန်ယူရန်၊ သူတစ်ပါးတို့နှင့် စကားမများရန်၊ အတင်းအဖျင်းမပြောရန် မျှော်လင့်ခြင်းသည် လုံလောက်သည်ဟုလည်းကောင်း ယုံကြည်မှုဖြစ်သည်။ အမျိုးသမီးများအား အသက်မွေးအလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ကိုင်ပြီး ခိုင်မာသော စိတ်ဆန္ဒရှိဖို့ တောင်းဆိုရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ မစွမ်းဆောင်နိုင်ပေ။ ထို့ကြောင့် အခြားအမြင်ရှုထောင့်မှကြည့်လျှင် အမျိုးသမီးများအတွက် ဤသတ်မှတ်ချက်များသည် လုံးဝပင် ခွဲခြားဆက်ဆံခြင်းနှင့် နှိမ်ချခြင်းဖြစ်သည်။ “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဟူသည့် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားသည် အမျိုးသားများအတွက် ရည်ရွယ်သည်။ အမျိုးသားများအား ခိုင်မာသော စိတ်ဆန္ဒနှင့် တားဆီး၍ မရနိုင်သော စိတ်ဓာတ်ခိုင်မာမှုအပြင် အာဏာနှင့် အကြမ်းဖက်မှုကို အရှုံးမပေးသော ယောက်ျားပီသသည့်၊ သန်မာသည့် စိတ်ဓာတ်တို့ ရှိရန် သတ်မှတ်သည်။ ဤသတ်မှတ်ချက်က မှန်ကန်သလော။ ကျိုးကြောင်းသင့်လျော်မှုရှိသလော။ အမျိုးသားများအပေါ် ဤသတ်မှတ်ချက်များက ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားကို အဆိုပြုခဲ့သောသူသည် အမျိုးသားများကို အထင်ကြီးသည်ဆိုသည်ကို ပြသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားများအပေါ် သူ၏ သတ်မှတ်ချက်များသည် အမျိုးသမီးများအပေါ် သတ်မှတ်ချက်များထက် ပို၍ မြင့်နေသောကြောင့်ဖြစ်သည်။ ဤအရာသည် အမျိုးသမီးနှင့် အမျိုးသားတို့၏ လိင်၏ အနှစ်သာရနှစ်ခုလုံးနှင့်၊ ၎င်းတို့၏ လူမှုအဆင့်အတန်းနှင့် အမျိုးသားဗီဇတွင် အမျိုးသားများသည် အမျိုးသမီးများ၏ အထက်တွင်ရှိသင့်သည်ဟု ဆိုလိုသည်ဟူ၍ နားလည်နိုင်သည်။ ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားကို ဤအမြင်ရှုထောင့်မှ ဖော်ထုတ်ထားခြင်းဖြစ်သလော။ (ဟုတ်ပါသည်။) သိသာထင်ရှားစွာပင် ဤသည်မှာ အမျိုးသားနှင့် အမျိုးသမီးက တန်းတူညီမျှမှုမရှိသော လူ့အဖွဲ့အစည်း၏ အကျိုးရလဒ်ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းတွင် အမျိုးသားများသည် အမျိုးသမီးများကို ဆက်လက်၍ ခွဲခြားဆက်ဆံပြီး နှိမ်ချသည်။ အမျိုးသမီးများ၏ ဘဝ၏ ပိုင်နက်ကို ကျဉ်းမြောင်းစေသည်။ အမျိုးသမီးများ၏ ဖြစ်တည်မှု တန်ဖိုးကို လျစ်လျူရှုသည်။ အမျိုးသားများ၏ ကိုယ်ပိုင်တန်ဖိုးကို အစဉ်မပြတ် ချဲ့ကားပြောဆိုသည်။ အမျိုးသားများ၏ ကိုယ်ပိုင် လူမှုအဆင့်အတန်းကို မြှင့်တင်သည်။ ပြီးလျှင် အမျိုးသားများ၏ ကိုယ်ပိုင်လူ့အခွင့်အရေးများကို အမျိုးသမီးများ၏ လူ့အခွင့်အရေးများထက် တစ်ပန်းသာအောင် လုပ်သည်။ လူ့အဖွဲ့အစည်းတွင် ဤအရာ၏ သက်ရောက်မှုနှင့် အကျိုးဆက်များမှာ အဘယ်နည်း။ ဤလူ့အဖွဲ့အစည်းကို အမျိုးသားများက အုပ်ချုပ်ပြီး ကြီးစိုးသည်။ ဤသည်မှာ ဖိုဝါဒကြီးစိုးသော လူ့အဖွဲ့အစည်းဖြစ်သည်။ အမျိုးသမီးတို့သည် အမျိုးသားများ၏ ခေါင်းဆောင်မှု၊ ဖိနှိပ်မှု၊ ထိန်းချုပ်မှုအောက်တွင် ရှိသင့်သော လူ့အဖွဲ့အစည်းဖြစ်သည်။ တစ်ချိန်တည်းတွင် အမျိုးသားများသည် မည်သည့်အလုပ်အမျိုးအစားကိုဆို ပါဝင်လုပ်ကိုင်နိုင်ပြီး အမျိုးသမီးများ တာဝန်ယူနိုင်သည့် အလုပ်အကိုင် နယ်ပယ်ကိုမူ လျှော့ချပြီး ကန့်သတ်သင့်သည်။ အမျိုးသားများက လူ့အဖွဲ့အစည်းတွင် အခွင့်အရေးအားလုံးကို အပြည့်အဝ ခံစားသင့်ပြီး အမျိုးသမီးများ ခံစားရသည့် အခွင့်အရေးနယ်ပယ်မှာမူ ပြတ်သားစွာ ကန့်သတ်ထားသည်။ အမျိုးသားများက မလုပ်ဆောင်လိုသော၊ မရွေးချယ်လိုသော အလုပ်များ၊ သို့မဟုတ် လုပ်ဆောင်ခြင်းအတွက် ခွဲခြားဆက်ဆံခံရမည့် အလုပ်များကို အမျိုးသမီးများလုပ်ဆောင်ရန် ချန်ထားနိုင်သည်။ ဥပမာ အဝတ်လျှော်ဖွတ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် အတော်အတန်နည်းပါးသော ဝင်ငွေရှိပြီး နိမ့်ကျသော လူမှုအဆင့်အတန်းရှိသည့်၊ သို့မဟုတ် လူတို့က ခွဲခြားဆက်ဆံသည့် အလုပ်အကိုင်အချို့ကို အမျိုးသမီးများအတွက် သီးသန့်ထားရှိသည်။ တစ်နည်းအားဖြင့် အမျိုးသားများသည် အလုပ်အကိုင်နှင့် လူမှုအဆင့်အတန်း ရွေးချယ်မှုနှင့်ပတ်သက်လျှင် အမျိုးသားများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို အပြည့်အဝခံစားနိုင်ပြီး လူ့အဖွဲ့အစည်းက အမျိုးသားများအပေါ် ချပေးသော အထူးအခွင့်အရေးများကို ခံစားနိုင်သည်။ ဤသို့သော လူ့အဖွဲ့အစည်းတွင် အမျိုးသားများက ပထမဦးစားပေးဖြစ်ပြီး အမျိုးသမီးများက ဒုတိယအတန်းအစားဖြစ်သည်မှာ အမျိုးသမီးများသည် ရွေးချယ်ရန် ထွက်ပေါက်လုံးဝ မရှိသကဲ့သို့ ရွေးချယ်ပိုင်ခွင့် မရှိသည်အထိပင်ဖြစ်သည်။ အမျိုးသမီးများသည် ရွေးချယ်ခြင်းခံရရန် ငြိမ်သက်စွာစောင့်ဆိုင်းခြင်းသာ ပြုလုပ်နိုင်သည်။ ပြီးလျှင် အဆုံးတွင် ဤလူ့အဖွဲ့အစည်း၏ ဖယ်ရှားရှင်းလင်းခြင်း၊ စွန့်ပစ်ခြင်းကို ခံရသည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် ဤလူ့အဖွဲ့အစည်း၏ သတ်မှတ်ချက်များသည် အတော်အတန် အလယ်အလတ်ကျပြီး အမျိုးသားများအပေါ် သတ်မှတ်ချက်များကမူ အတော်အတန် တင်းကျပ်ကာ ကြမ်းတမ်းသည်။ သို့ရာတွင် အမျိုးသားများကို ပစ်မှတ်ထားသည်ဖြစ်စေ၊ အမျိုးသမီးများကို ပစ်မှတ်ထားသည်ဖြစ်စေ ဤ ကိုယ်ကျင့်တရား အပြုအမူအတွက် သတ်မှတ်ချက်များကို အဆိုပြုခြင်း၌ ရည်ရွယ်ချက်နှင့် ဦးတည်ချက်တို့မှာ လူတို့အား လူ့အဖွဲ့အစည်း၊ လူမျိုး၊ နိုင်ငံအတွက် ပို၍ တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး အဆုံးတွင် အုပ်ချုပ်သူလူတန်းစားနှင့် အုပ်ချုပ်သူများအတွက် တာဝန်ထမ်းဆောင်စေရန်ဖြစ်သည်မှာလည်း မှန်သည်။ “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဟူသော ဆိုရိုးစကားမှတစ်ဆင့် ဤ ကိုယ်ကျင့်တရား အပြုအမူအတွက် သတ်မှတ်ချက်ကို အဆိုပြုသူသည် အမျိုးသားများအပေါ် တစ်ဖက်သတ်အမြင်ရှိသည်ဆိုသည်ကို မြင်ရန် လွယ်ကူသည်။ ထိုသူ၏ အမြင်တွင် အမျိုးသားများသည် ခိုင်မာသော စိတ်ဆန္ဒ၊ ဖြားယောင်းသွေးဆောင်၍မရသော စိတ်ဓာတ်ခိုင်မာမှုနှင့် အာဏာနှင့် အကြမ်းဖက်မှုကို အရှုံးမပေးသောစိတ်ရှိရမည်။ ဤသတ်မှတ်ချက်များမှတစ်ဆင့် ဤဆိုရိုးစကားကို အဆိုပြုသောသူ၏ ရည်ရွယ်ချက်က မည်သို့ဖြစ်သည်ကို မြင်နိုင်သလော။ ယင်းသည် ဤလူ့အဖွဲ့အစည်းတွင်ရှိသော အသုံးဝင်သော အမျိုးသားများနှင့် စိတ်ဓာတ်ခိုင်မာသော အမျိုးသားများအား လူ့အဖွဲ့အစည်း၊ လူမျိုးနှင့် နိုင်ငံအတွက် ပို၍ ကောင်းစွာ တာဝန်ထမ်းဆောင်နိုင်စေရန်၊ အဆုံးတွင် အာဏာရှိသူတို့အတွက် ပို၍ ကောင်းစွာ ထမ်းဆောင်နိုင်ပြီး ဤလူ့အဖွဲ့အစည်း၌ အမျိုးသားများ၏ တန်ဖိုးနှင့် တာဝန်ကို ရရှိစေရန်ဖြစ်သည်။ ဤသို့သော အမျိုးသားများသာ ယောက်ျားပီသပြီး သန်မာသည်ဟု ဆိုနိုင်သည်။ အမျိုးသားများက ဤသတ်မှတ်ချက်များအတိုင်း မလုပ်ဆောင်နိုင်လျှင် ဤကိုယ်ကျင့်တရားဝါဒီများနှင့် အုပ်ချုပ်သူများ၏ အမြင်တွင် ၎င်းတို့ကို ယောက်ျားပီသပြီး သန်မာသည်ဟု မဆိုဘဲ သာမန်မျှသာဖြစ်သောသူများနှင့် အပယ်ခံများဟုသာ ဆိုနိုင်ပြီး ခွဲခြားဆက်ဆံခံရသည်။ ဆိုလိုသည်မှာ အမျိုးသားတစ်ယောက်သည် သတ်မှတ်ထားသည့်အတိုင်း ခိုင်မာသော စိတ်ဆန္ဒ၊ ဖြားယောင်းသွေးဆောင်၍မရသော စိတ်ခိုင်မာမှု၊ အာဏာနှင့် အကြမ်းဖက်မှုကို အရှုံးမပေးသောစိတ်ဓာတ်မရှိဘဲ အောင်မြင်မှုမရှိသော ပုံမှန်၊ သာမန်မျှသာဖြစ်သောသူတစ်ယောက်ဖြစ်လျှင်၊ ကိုယ့်ဘဝကိုယ်သာ ရှင်သန်နိုင်လျှင်၊ လူ့အဖွဲ့အစည်း၊ လူမျိုး၊ နိုင်ငံအပေါ် သူ၏တန်ဖိုးကို မပံ့ပိုးနိုင်လျှင်၊ အုပ်ချုပ်သူ၊ နိုင်ငံ၊ သို့မဟုတ် လူမျိုးက အရေးကြီးသောနေရာအချို့ကို တာဝန်ပေးအပ်၍မရနိုင်လျှင် ဤသို့သောသူသည် လူ့အဖွဲ့အစည်း၏ လက်ခံခြင်းနှင့် တန်ဖိုးထားခြင်းကို ခံရမည်မဟုတ်သကဲ့သို့ အာဏာရှိသောသူတို့၏ တန်ဖိုးထားခြင်းကိုလည်း ခံရမည်မဟုတ်ပေ။ ပြီးလျှင် သူသည် သာမန်မျှသာဖြစ်သောသူ၊ အပယ်ခံတစ်ဦးနှင့် အမျိုးသားများအလယ်ရှိ အကျင့်ပျက်သူအဖြစ် အုပ်ချုပ်သူများ၏၊ သို့မဟုတ် ဤကိုယ်ကျင့်တရားဝါဒီများ၏ မှတ်ယူခြင်းကို ခံရမည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ဤဆိုရိုးစကားကို သင်တို့ သဘောတူသလော။ ဤဆိုရိုးစကားသည် သင့်တင့်လျောက်ပတ်သလော။ ယင်းသည် အမျိုးသားတို့အပေါ် မျှတသလော။ (မမျှတပါ။) အမျိုးသားများသည် တစ်ကမ္ဘာလုံးအပေါ်၊ နိုင်ငံအပေါ်ရည်မှန်းချက်ထားရှိပြီး လူမျိုးအတွက် ကြီးမားသောတာဝန်ကို ယူရမည်လော။ သာမန်ဖြစ်သော၊ တာဝန်သိသောသူများသာ ဖြစ်၍ မရသလော။ ၎င်းတို့သည် ငိုကြွေး၍မရသလော။ အချစ်နာကျ၍ မရသလော။ အသေးအဖွဲဖြစ်သော တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များကို မထားရှိနိုင်သလော။ သို့မဟုတ် ၎င်းတို့ ချစ်ခင်သောသူများနှင့်အတူ ရိုးရှင်းသောဘဝကို မနေထိုင်နိုင်သလော။ ၎င်းတို့သည် ယောက်ျားပီသပြီး သန်မာသည်ဟု ဖော်ပြခြင်းခံရရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ထားရှိရမည်လော။ ၎င်းတို့သည် အမျိုးသားများဟု သတ်မှတ်ခြင်းခံရရန်အတွက် ယောက်ျားပီသပြီး သန်မာသည်ဟု ဆိုမှဖြစ်မည်လော။ သင်ဖြစ်ရမည့် အမျိုးသား၏ အဓိပ္ပာယ်သည် ယောက်ျားပီသပြီး သန်မာခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤအယူအဆများသည် အမျိုးသားများအပေါ် စော်ကားမှုဖြစ်သည်။ ၎င်းတို့သည် အမျိုးသားများအပေါ် သီးသန့်တိုက်ခိုက်မှုအဖြစ် သဘောသက်ရောက်သည်။ သင်တို့ထဲမှ တစ်ယောက်ယောက်က ဤသို့ ခံစားရသလော။ (ခံစားရပါသည်။) အမျိုးသားများအနေဖြင့် ခိုင်မာသော စိတ်ဆန္ဒမရှိ၍ ရသလော။ အမျိုးသားများအနေဖြင့် ဖြားယောင်းသွေးဆောင်၍မရသော စိတ်ဓာတ်ခိုင်မာမှုမရှိ၍ ရသလော။ အမျိုးသားများက အာဏာနှင့် အကြမ်းဖက်မှုကို ရင်ဆိုင်ရသောအခါ ရှင်သန်ရန်အတွက် အရှုံးပေးပြီး အလျှော့ပေး၍ ရသလော။ (ရပါသည်။) အမျိုးသားများအနေဖြင့် အမျိုးသမီးများမရှိသည့် မည်သည့်အရာမဆို မရှိ၍လည်း ရသလော။ အမျိုးသားများအနေဖြင့် ယောက်ျားပီသပြီး သန်မာမှုမရှိဘဲ သာမန်လူဖြစ်ခြင်းအားဖြင့် ခေတ္တအနားယူ၍ ရသလော။ (ရပါသည်။) ဤသို့ဆိုလျှင် လူတို့သည် လွတ်မြောက်လိမ့်မည်။ အမျိုးသားတစ်ယောက်ဖြစ်ခြင်း လမ်းကြောင်းသည် ကျယ်ပြန့်လိမ့်မည်။ အမျိုးသားများသည် ဘဝတွင် အလွန်ပင်ပန်းခြင်းရှိမည်မဟုတ်ဘဲ သာမန်အားဖြင့် အသက်ရှင်နိုင်သည်။

“အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဆိုသကဲ့သို့သော ရိုးရာယဉ်ကျေးမှု အယူအဆများက အမျိုးသားများအား ဘောင်ခတ်သည့်နိုင်ငံအချို့ ရှိနေဆဲဖြစ်သည်။ ဤနိုင်ငံများသည် အမျိုးသားများက အဆုံးအဖြတ်ပေးသော၊ ယေဘုယျအားဖြင့် မိသားစုထဲမှနေ၍ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအထိ အထွတ်အထိပ်ကြီးစိုးသော၊ နေရာအနှံ့တွင် ဦးစားပေးခြင်းခံရသော၊ အခြေအနေတိုင်းတွင် အနိုင်ရရှိသော၊ အဘက်ဘက်မှ သာလွန်မှုရှိသော ဖိုဝါဒကြီးစိုးသည့် လူ့အဖွဲ့အစည်းများဖြစ်နေဆဲ ဖြစ်သည်။ တစ်ချိန်တည်းတွင် ဤသို့သော လူ့အဖွဲ့အစည်း၊ လူမျိုးနှင့် နိုင်ငံများတွင် အမျိုးသားများအတွက် မြင့်မားသော သတ်မှတ်ချက်များရှိသည်။ ယင်းကြောင့် အမျိုးသားများအပေါ်တွင် ဖိအားကြီးစွာ သက်ရောက်ပြီး ကောင်းကျိုးမပေးသော အကျိုးဆက်များစွာ ဖြစ်ပေါ်သည်။ အလုပ်ပြုတ်သွားသော အမျိုးသားအချို့သည် ၎င်းတို့၏ မိသားစုများကိုပင် ပြောမပြရဲပေ။ တစ်နေ့ပြီးတစ်နေ့ ၎င်းတို့၏ အိတ်ကို လွယ်ပြီး အလုပ်သို့ သွားဟန်ဆောင်ကြသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် အပြင်ထွက်ပြီး လမ်းများ၌ ဦးတည်ရာမဲ့သွားလာနေကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အိမ်သို့ ညအချိန်မှ နောက်ကျ၍ ပြန်လာပြီး ၎င်းတို့သည် ရုံးတွင် အချိန်ပိုဆင်းနေရသည်ဟုပင် ၎င်းတို့၏ မိသားစုများကို လိမ်ညာကြသည်။ ထို့နောက် နောက်တစ်နေ့တွင် ၎င်းတို့သည် လမ်းများပေါ်တွင် လျှောက်သွားရန် အပြင်သို့ပြန်ထွက်ပြီး ဆက်လက်၍ ဟန်ဆောင်ကြသည်။ ဤ ရိုးရာယဉ်ကျေးမှု အယူအဆများအပြင် လူ့အဖွဲ့အစည်းတွင်ရှိသော အမျိုးသားများ၏ လူမှုတာဝန်များနှင့် ရပ်တည်မှုတို့သည် ဖိအား၏ အရင်းအမြစ်ဖြစ်ပြီး အရှက်ရခြင်းပင် ဖြစ်သည်။ ပြီးလျှင် အမျိုးသားများ၏ လူ့သဘာဝကိုပင် ပုံပျက်စေပြီး အမျိုးသားများစွာကို စိတ်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အခက်အခဲများ ဝန်းရံသည့်အခါတိုင်းတွင် မကြာခဏပင် စိတ်ဓာတ်ပျက်ပြားလုနီးနီး ဖြစ်စေသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အမျိုးသားများ ဖြစ်သည်ဟုလည်းကောင်း၊ အမျိုးသားများသည် ၎င်းတို့၏ မိသားစုကို ပံ့ပိုးရန်အတွက် ပိုက်ဆံရှာသင့်သည်ဟုလည်းကောင်း၊ အမျိုးသားများအဖြစ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်ဟုလည်းကောင်း၊ အမျိုးသားများသည် မငိုသင့်၊ ဝမ်းမနည်းသင့်ဟုလည်းကောင်း၊ အမျိုးသားများသည် အလုပ်လက်မဲ့ မဖြစ်သင့်ဘဲ လူ့အဖွဲ့အစည်း၏ ထောက်တိုင်များ ဖြစ်သင့်သည်ဟုလည်းကောင်း၊ မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်သင့်သည်ဟုလည်းကောင်း ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ဘာသာတရားမရှိသူများ ပြောသကဲ့သို့ “ယောက်ျားများသည် မျက်ရည်လွယ်လွယ်မကျ”၊ အမျိုးသားတစ်ယောက်သည် အားနည်းချက်များ မရှိသင့်သကဲ့သို့ မည်သည့်ချို့ယွင်းချက်မျှ မရှိသင့်ဟူ၍ ဖြစ်သည်။ ဤအယူအဆများနှင့် အမြင်များသည် ကိုယ်ကျင့်တရားဝါဒီများက အမျိုးသားများကို မှားယွင်းစွာ ပုံသေသတ်မှတ်ခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့က အမျိုးသားများ၏ အဆင့်အတန်းကို စဉ်ဆက်မပြတ် မြှင့်တင်နေသောကြောင့်လည်း ဖြစ်သည်။ ဤအယူအဆများနှင့် အမြင်များသည် အမျိုးသားများအား ပြဿနာ၊ စိတ်အနှောင့်အယှက်နှင့် မချိတင်ကဲ ဝေဒနာမျိုးစုံကို ခံရစေရုံသာမက ၎င်းတို့၏ စိတ်ထဲတွင်လည်း အချုပ်အနှောင်များ ဖြစ်လာကာ လူ့အဖွဲ့အစည်းတွင်ရှိသော ၎င်းတို့၏ ရပ်တည်ချက်၊ အခြေအနေနှင့် ကြုံတွေ့မှုများကို ပို၍ အချိုးမကျဖြစ်စေသည်။ အမျိုးသားများအပေါ် ဖိအားက တိုးလာသည်နှင့်အမျှ အမျိုးသားများအပေါ် ဤအယူအဆများနှင့် အမြင်များ၏ အပျက်သဘောဆောင်သော သက်ရောက်မှုများသည်လည်း တိုးလာသည်။ အမျိုးသားအချို့သည် လူ့အဖွဲ့အစည်းတွင်ရှိသော အမျိုးသား၏ လိင်ရပ်တည်ချက်အပေါ် အနက်အဓိပ္ပာယ်ကောက်လွဲသောကြောင့် မိမိတို့ကိုယ်ကို ကြီးမြတ်သော အမျိုးသားများအဖြစ် ပုံသေသတ်မှတ်ကာ အမျိုးသားများသည် ကြီးမြတ်သော ယောက်ျားများဖြစ်ပြီး အမျိုးသမီးများသည် သေးငယ်သော မိန်းမများ ဖြစ်သည်ဟုလည်းကောင်း၊ ထို့ကြောင့် အမျိုးသားများသည် အရာရာ၌ ဦးဆောင်ပြီး အိမ်၏ အရှင်သခင်ဖြစ်သင့်သည်ဟုလည်းကောင်း၊ အဆင်မပြေမှုများရှိသောအခါ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်နိုင်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ဤပြဿနာများအားလုံးသည် အမျိုးသားလိင်အနေဖြင့် လူသားမျိုးနွယ်၏ မှားယွင်းစွာ ပုံသေသတ်မှတ်ခြင်းကို ခံရသည့်ပုံစံဖြင့် ဆက်စပ်နေသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ကမ္ဘာလောကတွင်ရှိသော နိုင်ငံအများစုတွင် အမျိုးသားများ၏ လူမှုအဆင့်အတန်းသည် အမျိုးသမီးများထက် မြင့်သည်၊ အထူးသဖြင့် မိသားစုထဲတွင် ဤသို့ဖြစ်သည်ဆိုသည်ကို သင်မြင်နိုင်သည်။ အမျိုးသားများသည် အလုပ်သို့သွားပြီး ပိုက်ဆံရှာရုံမှလွဲ၍ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်မလိုဘဲ အမျိုးသမီးများကမူ အိမ်အလုပ်များအားလုံးကို လုပ်ရပြီး မည်မျှပင်ပန်းပါစေ၊ ခက်ခဲကြမ်းတမ်းပါစေ ငြင်း၍၊ စောဒကတက်၍ မရပေ၊ သို့မဟုတ် အခြားလူများကို မပြောရဲပေ။ အမျိုးသမီးများ၏ အဆင့်အတန်းသည် မည်သည့်အတိုင်းအတာအထိ နိမ့်ကျသနည်း။ ဥပမာ အမျိုးသားများသည် စားသောက်သည့် စားပွဲပေါ်ရှိ အရသာအရှိဆုံးသော အစားအစာကို အရင်ဦးဆုံး စားရပြီး အမျိုးသမီးများက နောက်မှစားရသည်။ ပြီးလျှင် အိမ်ထောင်စုဇယားများတွင် အမျိုးသားသည် အိမ်ထောင်ဦးစီးအဖြစ် အမှတ်အသားပြုထားပြီး အမျိုးသမီးကို မိသားစုဝင်အဖြစ် အမှတ်အသားပြုသည်။ ဤအသေးအဖွဲကိစ္စများမှပင် အမျိုးသားနှင့် အမျိုးသမီးကြား ကွာဟချက်ကို ငါတို့ မြင်နိုင်သည်။ အမျိုးသားနှင့် အမျိုးသမီးတို့ကြား အလုပ်ခွဲခြားခြင်းသည် လိင်မတူညီခြင်းကြောင့် ကွဲပြားခြင်းဖြစ်သည်။ သို့သော် မိသားစုတွင်ရှိသော အမျိုးသားနှင့် အမျိုးသမီး၏ အဆင့်အတန်း ကွာဟချက်က အလွန်ကြီးမားနေသည်မှာ မမျှတခြင်း မဖြစ်သလော။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ပညာရေးကြောင့် ဖြစ်ခြင်းမဟုတ်လော။ လူ့အဖွဲ့အစည်းတွင် အမျိုးသားများသည် ပို၍ ထင်ရှားကျော်ကြားမှုရှိပြီး မြင့်မြတ်သည်ဟု အမျိုးသမီးများက ထင်မြင်ရုံမကဘဲ အမျိုးသားများကပင် ၎င်းတို့သည် လူ့အဖွဲ့အစည်း၊ လူမျိုးနှင့် နိုင်ငံတွင် တန်ဖိုးများကို ပို၍ဖန်တီးပြီး ၎င်းတို့၏ စွမ်းဆောင်နိုင်စွမ်းက ပို၍ ကြီးမားသော သက်ရောက်မှုရှိကာ အမျိုးသမီးများက ဤသို့ မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် အမျိုးသမီးများနှင့် ယှဉ်လျှင် မြင့်မြတ်ပြီး အဆင့်မြင့်သည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ အမှန်တရားကို ပုံဖျက်နေခြင်းမဟုတ်လော။ ဤသို့သော အမှန်တရားအား ပုံဖျက်ခြင်းက မည်သို့ ဖြစ်လာသနည်း။ ယင်းသည် လူမှု ပညာရေးနှင့် ရိုးရာယဉ်ကျေးမှုတို့၏ စွဲမှတ်အောင် သွန်သင်ခြင်း၊ လွှမ်းမိုးခြင်းနှင့် တိုက်ရိုက်ဆက်စပ်သလော။ (ဆက်စပ်ပါသည်။) ယင်းသည် ရိုးရာယဉ်ကျေးမှု၏ ပညာရေးနှင့် တိုက်ရိုက်ဆက်စပ်သည်။ လူသားမျိုးနွယ်ကြားတွင်၊ တကယ့် လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ လူမျိုးတစ်မျိုး၊ သို့မဟုတ် နိုင်ငံတစ်ခုတွင်ဖြစ်စေ၊ မည်သို့သော မူမမှန်သည့် ပြဿနာများ ပေါ်ပေါက်ပါစေ ထိုပြဿနာများသည် လူမှုဗေဒပညာရှင်၊ သို့မဟုတ် အုပ်ချုပ်သူလက်တစ်ဆုပ်စာက ထောက်ခံအားပေးသော မမှန်ကန်သော အယူအဆအနည်းငယ်ကြောင့် ဖြစ်ခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်ခု၊ သို့မဟုတ် နိုင်ငံတစ်ခု၏ ခေါင်းဆောင်များက ထောက်ခံအားပေးသော မမှန်ကန်သည့် အယူအဆများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့ ထောက်ခံအားပေးသည့် အယူအဆများနှင့် အမြင်များက ပို၍ အပြုသဘောဆောင်လျှင်၊ သမ္မာတရားနှင့် နီးစပ်လျှင် လူသားမျိုးနွယ်ကြားတွင် အတော်အတန်ပို၍ နည်းပါးသော ပြဿနာများသာရှိလိမ့်မည်။ ၎င်းတို့ ထောက်ခံအားပေးသည့် အယူအဆများက လွဲချော်နေဖြစ်လျှင်၊ လူ့သဘာဝကို မှားယွင်းစွာ ဖော်ပြလျှင် လူ့အဖွဲ့အစည်းအတွင်း၌၊ လူမျိုးစုတစ်စုအတွင်း၌၊ သို့မဟုတ် နိုင်ငံတစ်ခုအတွင်း၌ မမူမှန်သောအရာများစွာ ဖြစ်ပျက်လိမ့်မည်။ လူမှုဗေဒပညာရှင်များက အမျိုးသားများ၏ လူ့အခွင့်အရေးကို ထောက်ခံအားပေးလျှင်၊ အမျိုးသားများ၏ တန်ဖိုးကို မြှင့်တင်လျှင်၊ အမျိုးသမီးများ၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာကို နိမ့်ကျစေလျှင် ဤလူ့အဖွဲ့အစည်း၌ အမျိုးသားနှင့် အမျိုးသမီးကြားတွင် လူမှုအဆင့်အတန်း၌ သိသိသာသာ ကြီးမားသော ကွာဟမှုတစ်ခုရှိမည်ဖြစ်ပြီး အလုပ်အကိုင်၊ လူမှုအဆင့်အတန်း၊ လူမှုဖူလုံရေးတို့ တန်းတူညီမျှမှုမရှိခြင်း အမျိုးမျိုးအပြင် မိသားစု၌ လိင်အဆင့်အတန်းတွင် ကြီးမားသောကွာဟမှုနှင့် လုံးဝ မတူညီသော အလုပ်ခွဲခြားမှုတို့ နောက်ဆက်တွဲဖြစ်ပေါ်လိမ့်မည်။ ဤအရာအားလုံးမှာ မူမမှန်ပေ။ ဤမူမမှန်သော ပြဿနာများ ထွက်ပေါ်ခြင်းသည် ဤအယူအဆများနှင့် အမြင်များကို ထောက်ခံအားပေးသောသူများနှင့် ဆက်စပ်နေပြီး ဤနိုင်ငံရေးသမားများနှင့် လူမှုဗေဒပညာရှင်များကြောင့် ဖြစ်ပေါ်သည်။ လူသားမျိုးနွယ်သည် အစကတည်းက ဤအမှုအရာများအပေါ်၌ မှန်ကန်သော အမြင်များ၊ မှန်ကန်သော ဆိုရိုးစကားများရှိလျှင် နိုင်ငံ၊ သို့မဟုတ် လူမျိုး အမျိုးမျိုးတွင် ဤမူမမှန်သော ပြဿနာများ အတော်အတန် လျော့ကျသွားလိမ့်မည်။

ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို ကြည့်လျှင် အမျိုးသားများအား ဆက်ဆံရာတွင် မှန်ကန်သော အမြင်မှာ မည်သို့ ဖြစ်သင့်သနည်း။ အမျိုးသားများသည် သာမန်ဖြစ်ဖို့ရန်အတွက် မည်သို့သော အပြုအမူ၊ လူ့သဘာဝ၊ လိုက်စားမှုနှင့် လူမှုအဆင့်အတန်းမျိုးရှိသင့်သနည်း။ အမျိုးသားများသည် ၎င်းတို့၏ လူမှုတာဝန်များကို မည်သို့ ချဉ်းကပ်သင့်သနည်း။ လိင်မတူညီမှုအပြင် အမျိုးသားနှင့် အမျိုးသမီးတို့၏ လူမှုတာဝန်နှင့် လူမှုအဆင့်အတန်းနှင့် ပတ်သက်လျှင် ၎င်းတို့ကြားတွင် ကွာဟချက်များ ရှိသင့်သလော။ (မရှိသင့်ပါ။) ဤသို့ဆိုလျှင် အမျိုးသားများအား မှန်ကန်သော၊ အရှိအတိုင်းဖြစ်သော၊ လူသားဆန်သော၊ သမ္မာတရားစည်းမျဉ်းများနှင့်ညီသော ပုံစံဖြင့် မည်သို့ ဆက်ဆံသင့်သနည်း။ ဤသည်မှာ ယခုပင် ငါတို့ နားလည်သင့်သည့်အရာ အတိအကျပင်ဖြစ်သည်။ ဤသို့ဆိုလျှင် အမျိုးသားများအား အတိအကျ မည်သို့ ဆက်ဆံသင့်သည်ကို ပြောကြစို့။ အမျိုးသားများနှင့် အမျိုးသမီးများ၏ လူမှုတာဝန်များကို ခွဲခြားသင့်သလော။ အမျိုးသားနှင့် အမျိုးသမီးများသည် ညီမျှသော လူမှုအဆင့်အတန်းရှိသင့်သလော။ အမျိုးသားများ၏ အဆင့်အတန်းကို လွန်လွန်ကဲကဲ မြှင့်တင်ပြီး အမျိုးသီးများကို နှိမ့်ချသင့်သလော။ (မနှိမ့်ချသင့်ပါ။ မမျှတပါ။) ဤသို့ဆိုလျှင် အမျိုးသားများနှင့် အမျိုးသမီးများ၏ လူမှုအဆင့်အတန်းကို မျှတပြီး ဆင်ခြင်တုံတရား ရှိသည့်နည်းဖြင့် အတိအကျ မည်သို့ ကိုင်တွယ်သင့်သနည်း။ ဤအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ (အမျိုးသားနှင့် အမျိုးသမီးများသည် တန်းတူညီပြီး မျှတစွာ ဆက်ဆံသင့်ခြင်း ဖြစ်သည်။) မျှတစွာ ဆက်ဆံခြင်းသည် သဘောတရားဆိုင်ရာ အခြေပြုချက်ဖြစ်သည်။ သို့သော် မျှတခြင်းနှင့် ဆင်ခြင်တုံတရား ရှိခြင်းကို ထင်ဟပ်စေသည့် နည်းဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ လက်တွေ့ပြဿနာများနှင့် မသက်ဆိုင်သလော။ ရှေးဦးစွာ အမျိုးသားများနှင့် အမျိုးသမီးများ၏ အဆင့်အတန်းသည် ညီမျှသည်ဟု ငါတို့ သတ်မှတ်ဆုံးဖြတ်ရမည်။ ဤသည်မှာ ငြင်းခုံ၍ မရနိုင်ပေ။ ထို့ကြောင့် အမျိုးသားများနှင့် အမျိုးသမီးများကြားရှိ လူမှုဆိုင်ရာ အလုပ်ခွဲခြားမှုသည်လည်း ညီမျှသင့်သည်။ ပြီးလျှင် အလုပ်လုပ်ရန် ၎င်းတို့၏ အစွမ်းအစနှင့် အရည်အချင်းနှင့်အညီ ထည့်သွင်းစဉ်းစားပြီး စီစဉ်သင့်သည်။ အထူးသဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် တန်းတူညီမျှမှုရှိသင့်သည်မှာ အမျိုးသားများက ခံစားနိုင်သည့်အရာများကို အမျိုးသမီးများကလည်း ခံစားနိုင်သင့်သည်အထိ ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတွင် အမျိုးသားနှင့် အမျိုးသမီးများကြား ညီမျှသော အဆင့်အတန်းကို သေချာစေရန်အတွက် ဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အလုပ်ကို လုပ်နိုင်သည့် မည်သူမဆို၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် အရည်အချင်းရှိသူ မည်သူမဆို ပြုလုပ်ခွင့်ပြုသင့်သည်။ ဤစည်းမျဉ်းကို သင် မည်သို့ ထင်သနည်း။ (ကောင်းပါသည်။) ဤစည်းမျဉ်းသည် အမျိုးသားနှင့် အမျိုးသမီးကြား တန်းတူညီမျှမှုကို ထင်ဟပ်သည်။ ဥပမာ မီးသတ်သမားအနေဖြင့် အလုပ်လျှောက်သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးရှိလျှင် မည်သူ့ကို အလုပ်ခန့်သင့်သနည်း။ မျှတစွာ ဆက်ဆံခြင်းသည် သဘောတရားဆိုင်ရာ အခြေပြုချက်နှင့် စည်းမျဉ်းဖြစ်သည်။ ဤသို့ဆိုလျှင် အမှန်တကယ် မည်သို့လုပ်ဆောင်သင့်သနည်း။ ငါ ယခုတင် ပြောခဲ့သကဲ့သို့ပင် ၎င်းတို့၏ အရည်အချင်းနှင့် အစွမ်းအစနှင့်အညီ အလုပ်ကို လုပ်နိုင်သူမည်သူကိုမဆို လုပ်ဆောင်ခွင့်ပြုလော့။ ဤလျှောက်ထားသူများထဲတွင် မည်သူက ကိုယ်ကာယပိုင်းတွင် ကျန်းမာသန်စွမ်းပြီး ပျာယာခတ်ခြင်း မရှိသည်ကိုကြည့်ခြင်းအားဖြင့် ဤစည်းမျဉ်းနှင့်အညီသာ ရွေးချယ်လော့။ မီးသတ်ခြင်းသည် အရေးပေါ်လျင်မြန်စွာ ဆောင်ရွက်ခြင်းသာဖြစ်သည်။ သင်သည် အလွန်ပျာယာခတ်လျှင်၊ ထုံထိုင်းလျှင်၊ နှေးကွေးလျှင်၊ လိပ်၊ သို့မဟုတ် နွားအိုတစ်ကောင်ကဲ့သို့ဖြစ်လျှင် သင်သည် အမှုကိစ္စများကို နှောင့်နှေးစေလိမ့်မည်။ လျှောက်ထားသူတစ်ဦးချင်းစီ၏ အစွမ်းအစ၊ အရည်အချင်း၊ အတွေ့အကြုံ၊ မီးသတ်အလုပ်တွင် လုပ်ရည်ကိုင်ရည် အဆင့် စသည်တို့နှင့် ပတ်သက်ပြီး ၎င်းတို့၏ စရိုက်လက္ခဏာများကို သေချာစိစစ်ပြီးနောက်တွင် ကောက်ချက်ချလျှင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က အလွန်ပင် သင့်တော်ခြင်းရှိသည်။ အမျိုးသားက အရပ်ရှည်သည်။ ကိုယ်ကာယ သန်စွမ်းသည်။ မီးသတ်အတွေ့အကြုံရှိသည်။ မီးသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းအချို့တွင် ပါဝင်လုပ်ကိုင်ခဲ့ဖူးသည်။ အမျိုးသမီးက ပေါ့ပါးဖျတ်လတ်သည်။ ကြမ်းတမ်းသော လေ့ကျင့်မှုကို ဖြတ်သန်းခဲ့သည်။ မီးသတ်ခြင်း၊ ဆက်စပ်မှုရှိသော အလုပ် လုပ်ထုံးလုပ်နည်းများကို ကောင်းစွာတတ်သိနားလည်သည်။ အစွမ်းအစရှိသည်။ ပြီးလျှင် အခြားအလုပ်များတွင် အသိအမှတ်ပြုခံရပြီး ဆုများ ရရှိခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ၎င်းတို့နှစ်ယောက်လုံး ရွေးချယ်ခံရသည်။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ မည်သူ့ကိုမျှ မျက်နှာသာမပေးဘဲ အကောင်းတကာ့အကောင်းဆုံးကို ရွေးချယ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ ဤလူအမျိုးအစားကို ရွေးချယ်ရာတွင် စိတ်ထဲ၌ သူသည် အမျိုးသားဖြစ်ရမည်၊ အမျိုးသမီးဖြစ်ရမည်ဟူ၍ စည်းကမ်းမသတ်မှတ်ခြင်းကို ဆိုလိုသည်။ အမျိုးသားများနှင့် အမျိုးသမီးများသည် အားလုံး တူညီသည်။ ပြီးလျှင် အလုပ်ကို လုပ်နိုင်သူမည်သူမဆို အဆင်ပြေလိမ့်မည်။ ထို့ကြောင့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အမျိုးသားတစ်ဦး၊ သို့မဟုတ် အမျိုးသမီးတစ်ဦးအား ရွေးချယ်ဖို့ ဆုံးဖြတ်ရာတွင် ပို၍ အရေးပါသော မျှတစွာ ဆက်ဆံခြင်း စည်းမျဉ်းအပြင် လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းအတိအကျမှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ စွမ်းဆောင်နိုင်သူ၊ အလုပ်ကို လုပ်နိုင်သူမည်သူကိုမဆို လုပ်ဆောင်ခွင့်ပေးရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် “အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်” ဆိုသည့် အယူအဆအားဖြင့် ကန့်သတ်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းကို မခံရတော့ပေ။ ပြီးလျှင် ဤအမှုအရာနှင့်ပတ်သက်ပြီး မည်သည့်ခေတ်နောက်ကျသော အယူအဆများကမျှ သင်၏ အကဲဖြတ်မှု၊ သို့မဟုတ် ရွေးချယ်မှုအပေါ် သက်ရောက်မည်မဟုတ်ပေ။ သင်၏ အမြင်တွင် ၎င်းတို့သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အလုပ်ကို လုပ်နိုင်သူမည်သူကိုမဆို လုပ်ခွင့်ပေးသင့်သည်။ ဤသည်မှာ မျှတမှုရှိခြင်းမဟုတ်လော။ ရှေးဦးစွာ အမှုအရာတစ်ခုကို ကိုင်တွယ်ရာတွင် သင်သည် အမျိုးသား၊ သို့မဟုတ် အမျိုးသမီးအပေါ် တစ်ဖက်သတ် ကြိုတင်ထင်မြင်ချက်မရှိပေ။ ထူးချွန်သော၊ ပါရမီရှိသော အမျိုးသမီးများစွာရှိသည်ဟု သင် ယုံကြည်သည်။ ပြီးလျှင် ဤသို့သော ပုဂ္ဂိုလ်များစွာကို သင်သိသည်။ ထို့ကြောင့် အမျိုးသမီးများ၏ အလုပ်လုပ်သည့် အရည်အချင်းသည် အမျိုးသားများထက် မနိမ့်ကျ၊ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများက သယ်ဆောင်လာသော တန်ဖိုးသည် အမျိုးသားများထက် မနိမ့်ကျဆိုသည်ကို သင်၏ အသိအမြင်ကြောင့် သင် လက်ခံယုံကြည်သည်။ သင်သည် ဤအသိအမြင်နှင့် နားလည်မှုရှိသည်နှင့် နောင်ကာလတွင် သင် ပြုမူဆောင်ရွက်သောအခါတိုင်းတွင် ဤအချက်ကို အခြေခံပြီး တိကျသော အကဲဖြတ်မှုများနှင့် ရွေးချယ်မှုများကို ပြုလုပ်လိမ့်မည်။ တစ်နည်းအားဖြင့် သင်သည် မည်သူ့ကိုမျှ မျက်နှာသာမပေးလျှင်၊ လိင်နှင့်ပတ်သက်ပြီး ဘက်လိုက်မှုလုံးဝ မရှိလျှင် သင်၏ လူ့သဘာဝသည် ဤအမှုအရာတွင် အတော်အတန် သာမန်ဖြစ်လိမ့်မည်ဖြစ်ပြီး မျှတစွာ ပြုမူဆောင်ရွက်နိုင်သည်။ အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်ဟု မှတ်ယူသည့် ရိုးရာယဉ်ကျေးမှု၏ တားမြစ်မှုများ ပျက်ပြယ်သွားလိမ့်မည်။ သင်၏ အတွေးများက ဘောင်ခတ်ခြင်း ခံရတော့မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် ဤရိုးရာယဉ်ကျေးမှုကဏ္ဍ၏ လွှမ်းမိုးခြင်းကို ခံရတော့မည်မဟုတ်ပေ။ လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော အတွေးများ၊ သို့မဟုတ် အစဉ်အလာ ခေတ်ရေးစီးကြောင်းများက မည်သို့ရှိသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် သင်သည် ဤအစဉ်အလာများကို ကျော်လွန်ပြီးဖြစ်လိမ့်မည်။ ၎င်းတို့၏ ဘောင်ခတ်ခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို ခံရတော့မည်မဟုတ်ပေ။ ပြီးလျှင် အချက်အလက်များနှင့် သမ္မာတရားကို ရင်ဆိုင်နိုင်သည်။ ပို၍ပင် ကောင်းသည်မှာ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်နိုင်သည်၊ ကျင့်ကြံပြုမူပြီး ဆောင်ရွက်နိုင်သည်ဆိုသည်မှာ ပြောစရာမလိုပေ။ ရလဒ်အနေဖြင့် သင်၏ အမြင်တွင် “အမျိုးသားများသည် ယောက်ျားပီသပြီး သန်မာရမည်၊ အမျိုးသမီးများကမူ အလွန်အမင်း အရှက်အကြောက်ကြီးသူများဖြစ်သည်” ဟူသကဲ့သို့သော အယူအဆနှင့် အမြင်များ မရှိပေ။ ဤသို့ဆိုလျှင် သင်၏ အတွေးများနှင့် အမြင်များသည် လူသားများကြားတွင် အတော်အတန် တိုးတက်မှုရှိသလော။ (ရှိပါသည်။) ဤသည်မှာ နှိုင်းယှဉ်၍ ပြောလျှင် တိုးတက်မှုဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ လူတိုင်းက သင့်ထံသို့လာသောအခါတွင် မျှတစွာ ဆက်ဆံမှုကိုရရှိနိုင်သည်။ ဤသည်မှာ လက်တွေ့တွင် လူတို့အား ထိခိုက်ခြင်းထက် တည်ဆောက်စရာဖြစ်စေသည်။ သင်သည် “ရှေးယခင်တည်းက အမျိုးသားများသည် အမျိုးသမီးများထက် ပို၍ အဆင့်အတန်းမြင့်သည်၊ လူ့အလွှာအတန်းအစားအားလုံးတွင် ထူးချွန်ပြီး ပါရမီရှိသော အမျိုးသားများသည် အမျိုးသမီးများထက်ပို၍ များသည်။ ထို့ကြောင့် အမျိုးသားများသည် အမျိုးသီးများထက်ပို၍ သန်မာသည်၊ လူ့အဖွဲ့အစည်းအပေါ် အမျိုးသားများ၏ တန်ဖိုးသည် အမျိုးသမီးများထက်ပို၍ ကြီးမားသည်ဟု အခိုင်အမာဆိုနိုင်သည်။ လူ့အဖွဲ့အစည်းအပေါ် အမျိုးသားများ၏ တန်ဖိုးသည် ပို၍ကြီးလျှင် ၎င်းတို့၏ လူမှုအဆင့်အတန်းက ပို၍ မြင့်သင့်သည်မဟုတ်လော။ ထို့ကြောင့် ဤလူ့အဖွဲ့အစည်းတွင် အမျိုးသားများသည် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ကြီးစိုးသည့်နေရာကို ယူသင့်ကာ အမျိုးသမီးများကမူ အမျိုးသားများကို နားထောင်သင့်သည်၊ အမျိုးသားများက စည်းကမ်းသတ်မှတ်ခြင်းနှင့် အုပ်စိုးခြင်းကို ခံသင့်သည်” ဟူ၍ ပြောဆိုလျက် ရိုးရာယဉ်ကျေးမှုအမြင်များကို ဖက်တွယ်ထားဆဲဖြစ်လျှင် ဤသို့သော စဉ်းစားပုံမျိုးသည် အလွန်ပင် ခေတ်နောက်ပြန်ဆွဲပြီး ယိုယွင်းသည်။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများဖြင့် အနည်းငယ်မျှပင် မကိုက်ညီပေ။ သင်သည် ဤသို့သော အယူအဆများနှင့် အမြင်များ အမှန်ပင်ရှိလျှင် အမျိုးသမီးများကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်ခြင်းသာ လုပ်ဆောင်နိုင်သည်။ ပြီးလျှင် လူမှုဆိုင်ရာ ခေတ်ရေစီးကြောင်းများ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်။ အမျိုးသားများနှင့် အမျိုးသမီးများကြား တန်းတူညီမျှခြင်းသည် ကမ္ဘာအနှံတွင် အသိအမှတ်ပြုပြီးဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီသည်။ လူတို့သည် မျှတစွာ ဆက်ဆံခြင်းခံရသင့်သည်။ အမျိုးသားများကို အထင်မကြီးသင့်ပေ။ အမျိုးသမီးများကို အထင်မသေးသင့်ပေ။ အမျိုးသမီးများ၏ တန်ဖိုးကို လျစ်လျူမရှုသင့်သကဲ့သို့ ၎င်းတို့၏ အလုပ်အရည်အချင်းနှင့် အစွမ်းအစကိုလည်း လျစ်လျူမရှုသင့်ပေ။ ဤသည်မှာ နိုင်ငံတိုင်း၏ အသိအမြင်များသောလူထုကြားတွင် အခြေခံ သဘောတူညီချက် ဖြစ်နေပြီ ဖြစ်သည်။ သင်၏ အဓိကဖြစ်သော အယူအဆများမှာ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကို ခံရဆဲဖြစ်လျှင်၊ အမျိုးသားများသည် အောင်မြင်ကျော်ကြားပြီး အမျိုးသမီးများက နိမ့်ကျသည်ဟု ခံစားရဆဲဖြစ်လျှင် သင်ပြုမူဆောင်ရွက်သည့်အခါတိုင်းတွင် သင်၏ အမြင်နှင့် သင်၏ ရွေးချယ်မှုများသည် အမျိုးသားလိင်ဆီသို့ ယိမ်းနေလိမ့်မည်။ သင်သည် အမျိုးသားများအား အတော်အတန်ပင် ပို၍ အခွင့်အရေးပေးလိမ့်မည်။ သင်သည် အမျိုးသားအချို့မှာ အနည်းငယ် အရည်အချင်းမရှိလျှင်ပင် အမျိုးသမီးများထက် ပို၍ သာသေးသည်ဟုလည်းကောင်း၊ အမျိုးသမီးများသည် အမျိုးသားများလုပ်ဆောင်နိုင်သည့်အရာကို လိုက်၍ မလုပ်နိုင်၊ သို့မဟုတ် မဖြစ်မြောက်နိုင်ဟုလည်းကောင်း ထင်မြင်လိမ့်မည်။ သင်သည် ဤသို့ ထင်မြင်လျှင် သင်၏ အမြင်ရှုထောင့်သည် တစ်ဖက်သတ်ဖြစ်လိမ့်မည်။ အကျိုးဆက်အနေဖြင့် သင်၏ အကဲဖြတ်မှုနှင့် နောက်ဆုံး ဆုံးဖြတ်ချက်များသည် သင်၏ စဉ်းစားပုံကြောင့် လွဲချော်လိမ့်မည်။ ဥပမာ ငါတို့ ပြောခဲ့သည့် မီးသတ်သမားရွေးချယ်မှုနှင့်ပတ်သက်ပြီး သင်သည် “အမျိုးသမီးများသည် လှေကားကို တက်နိုင်သလော။ အမျိုးသမီးများက မည်မျှ လုပ်ဆောင်နိုင်သနည်း။ အမျိုးသမီးတစ်ယောက်တွင် လျင်မြန်ဖျတ်လတ်ခြင်းသည် မည်သို့ အသုံးဝင်သနည်း။ သူမသည် ကြမ်းတမ်းသော လေ့ကျင့်မှုကို ဖြတ်သန်းပြီးလျှင်ပင် လုံးဝ အသုံးဝင်မည်မဟုတ်ပေ” ဟူ၍ တွေးတောလျက် အလေးအနက် စဉ်းစားလိမ့်မည်။ သို့သော်ငြားလည်း သင်သည် လူတို့အား မျှတစွာ ဆက်ဆံခြင်းအကြောင်းကို စဉ်းစားသောကြောင့် နောက်ဆုံးတွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရွေးချယ်သည်။ အမှန်မှာ ဤဖြစ်ရပ်တွင် အမျိုးသမီးတစ်ဦးကို ရွေးချယ်ခြင်းအားဖြင့် သင်သည် အမျိုးသမီးကို နှစ်သိမ့်ရန်၊ သူမ၏ သိက္ခာကို အဖတ်ဆည်ရန်အတွက် ဝတ်ကျေတမ်းကျေလုပ်ဆောင်ပြီး အပေါ်ယံ ဟန်လုပ်နေခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းမှာ အဘယ်သို့ဖြစ်သနည်း။ သင်သည် လူများအား ဤသို့ ရွေးချယ်ခြင်းသာမကဘဲ အလုပ်တာဝန်ပေးသောအခါတွင် သင်သည် အမျိုးသမီးများကို လျှော့တွက်သည့် အမြင်ကို ခံယူကာ သူမအပေါ် အစေခံအလုပ်နှင့် ပေါ့ပါးသောအလုပ်များကိုပင် ချပေးသည်။ သင်သည် လူသားချင်းစာနာမှုရှိပြီး အမျိုးသမီးတစ်ယောက်ကို ဦးစားပေးဆက်ဆံခြင်းနှင့် ကာကွယ်ခြင်းအားဖြင့် သူမကို စောင့်ရှောက်နေသည်ဟု ထင်ဆဲဖြစ်သည်။ အမှန်မှာ အမျိုးသမီး၏ အမြင်တွင် သင်သည် သူမ၏ မိမိကိုယ်ကို တန်ဖိုးထားမှုကို အလွန်အမင်း ထိခိုက်စေခဲ့သည်။ မည်သို့ ထိခိုက်စေသနည်း။ အမျိုးသမီးများသည် အားနည်းပြီး ထိခိုက်လွယ်သည်ဟုလည်းကောင်း၊ အမျိုးသမီးများသည် အလွန်အမင်း အရှက်အကြောက်ကြီးသူများဖြစ်ပြီး အမျိုးသားများက ယောက်ျားပီသသည်၊ ထို့ကြောင့် အမျိုးသမီးများကို ကာကွယ်ပေးသင့်သည်ဟုလည်းကောင်း သင် ထင်မြင်သောကြောင့်ဖြစ်သည်။ ဤအယူအဆများက မည်သို့ ဖြစ်လာသနည်း။ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုကြောင့်ဖြစ်သလော။ (ဟုတ်ပါသည်။) ဤတွင် အကြောင်းရင်း တည်ရှိသည်။ လူတို့အား မျှတစွာ ဆက်ဆံခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ သင်၏ လုပ်ရပ်များကို ကြည့်လျှင် သင်သည် “အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်” ဆိုသည့် ဤရိုးရာယဉ်ကျေးမှုအယူအဆ၏ ချုပ်နှောင်ခြင်းနှင့် ဘောင်ခတ်ခြင်းကို ခံရဆဲဖြစ်သည်မှာ မငြင်းနိုင်ပေ။ သင်သည် ဤအယူအဆကို မစွန့်ပစ်သေးသည်မှာ သင်၏ လုပ်ရပ်များမှတစ်ဆင့် ရှင်းလင်းစွာ မြင်နိုင်သည်။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤအချုပ်အနှောင်များကို ဖယ်ရှားလိုလျှင် သမ္မာတရားကို ရှာဖွေရမည်။ ဤအယူအဆများ၏ အနှစ်သာရကို အပြည့်အဝ နားလည်ရမည်။ ပြီးလျှင် ဤရိုးရာယဉ်ကျေးမှု အယူအဆများ၏ လွှမ်းမိုးမှု၊ သို့မဟုတ် ထိန်းချုပ်မှုအောက်တွင် မလုပ်ဆောင်ရပေ။ သင်သည် ယင်းတို့ကို အပြီးအပိုင် ကျောခိုင်း စွန့်ခွာသင့်သည်။ ပြီးလျှင် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များအတိုင်း လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်း၊ ဆောင်ရွက်ခြင်းတို့ကို မလုပ်ဆောင်သင့်တော့သကဲ့သို့ ရိုးရာယဉ်ကျေးမှုကို အခြေခံပြီး မည်သည့် အကဲဖြတ်မှုများနှင့် ရွေးချယ်မှုများကိုမျှ မလုပ်ဆောင်သင့်ပေ။ ထိုအစား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်သင့်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်သင့်သည်။ ဤသို့အားဖြင့် သင်သည် လမ်းမှန်ကို လျှောက်လှမ်းလိမ့်မည်။ ပြီးလျှင် ဘုရားသခင်က အသိအမှတ်ပြုသည့် စစ်မှန်သော ဖန်ဆင်းခံဖြစ်လိမ့်မည်။ ဤသို့မဟုတ်လျှင် သင်သည် စာတန်က ထိန်းချုပ်ခြင်းကို ခံရဆဲဖြစ်လိမ့်မည်။ သင်သည် စာတန်၏ အာဏာအောက်တွင် ဆက်လက်၍ အသက်ရှင်ရလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်တွင် အသက်ရှင်နိုင်မည်မဟုတ်ပေ။ ဤအရာတို့သည် ကိစ္စရပ်၏ အမှန်တရားများဖြစ်သည်။

ယခုတွင် “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်ကြောင့် အလျှော့မပေးသင့်” ဟူသော ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကား၏ အနှစ်သာရကို သင်တို့ နားလည်သလော။ ဤဆိုရိုးစကားကို တင်ပြသည့် လူမှုဆိုင်ရာ အခြေအနေကိုလည်း သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ယောက်ျားများ၏ လူမှုအဆင့်အတန်းကို တိုးတက်စေပြီး ပို၍ကောင်းသော အခွင့်အရေးကို ပေးနိုင်ရန်အတွက် ယောက်ျားများအပေါ် ပို၍မြင့်သော သတ်မှတ်ချက်များကို ထားရှိရန်၊ လူတို့စိတ်ထဲတွင် ယောက်ျားများ၏ ပုံရိပ်ကို တည်ဆောက်ရန်၊ ထိုပုံရိပ်ကို ယောက်ျားပီသခြင်းနှင့် သန်မာခြင်းအဖြစ် ပုံသွင်းရန် လိုအပ်သည်။ ဤသည်မှာ လူတို့ပြောသည့် “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဟူသော ဆိုရိုးစကားက ပေးသည့် ပုံရိပ်ဖြစ်သည်။ ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားကို တင်ပြသော ကိုယ်ကျင့်တရားဝါဒီများက လူတို့အား ပြောသည့် အချက်တစ်ခုမှာ ဤဆိုရိုးစကားအတိုင်းလုပ်ဆောင်သူသည် အမှန်တကယ် ယောက်ျားပီသသော ယောက်ျားများဖြစ်သည်ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့အား ယောက်ျားတစ်ဦး၏ အဓိပ္ပာယ်ကို ပြောပြနေခြင်းဖြစ်သည်။ အခြားအချက်မှာ ယောက်ျားများသည် လူ့အဖွဲ့အစည်းတွင် ထကြွပြီး အများဂရုမူလေးစားအောင် လုပ်သင့်သည်ကိုလည်းကောင်း၊ သမားရိုးကျမဟုတ်ဆိုသည်ကို ပြသခြင်းကိုလည်းကောင်း၊ မိမိတို့၏ လူမှုအဆင့်အတန်းတွင် ခိုင်မာသော ခြေကုပ်ရယူခြင်းကိုလည်းကောင်း၊ လူမှုဆိုင်ရာ ခေတ်ရေစီးကြောင်းတွင် အာဏာစွဲကိုင်ခြင်းကိုလည်းကောင်း ထောက်ခံအားပေးနေခြင်းဖြစ်သည်။ “အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်” ဆိုသည့် ဤအတွေးအခေါ်သည် ယခုအချိန်အထိ ဆက်လက်တည်ရှိနေသည်။ အချို့သော နိုင်ငံများ၊ သို့မဟုတ် လူမျိုးစုများသည် ဤအရာနှင့်ပတ်သက်ပြီး တိုးတက်မှုများ ရှိသော်လည်း ဤသို့သော အတွေးအခေါ်သည် အခြားနိုင်ငံများနှင့် လူမျိုးများစွာတွင် ကြီးစိုးသည့်နေရာကို ယူထားဆဲဖြစ်သည်။ ထိုနေရာတို့တွင် ဤအတွေးအခေါ်သည် လူမျိုးဆိုင်ရာနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ခေတ်ရေစီးကြောင်းများကို ထိန်းချုပ်ပြီး ကြီးစိုးဆဲဖြစ်သည်။ ပြီးလျှင် လူ့အဖွဲ့အစည်းတွင်ရှိသော ယောက်ျားများနှင့် မိန်းမများကြား အလုပ်ခွဲခြားခြင်းအပြင် ၎င်းတို့၏ လူမှုအဆင့်အတန်းနှင့် လူမှုတန်ဖိုးတို့ကို ကြီးစိုးဆဲဖြစ်သည်မှာ ယခုအချိန်အထိပင် များစွာ ပြောင်းလဲခြင်းမရှိပေ။ ဆိုလိုသည်မှာ နိုင်ငံများနှင့် လူမျိုးများစွာတွင် မိန်းမများသည် ခွဲခြားဆက်ဆံခံရပြီး ဖယ်ကြဉ်ခံရဆဲဖြစ်သည်။ ဤသည်မှာ အလွန်ပင် ကြေကွဲဝမ်းနည်းဖွယ်ရာဖြစ်ပြီး ကမ္ဘာပေါ်တွင် တန်းတူညီမျှမှု မရှိဆုံးဖြစ်သည်။ မိန်းမများက ခွဲခြားဆက်ဆံခံရပြီး ဖယ်ကြဉ်ခံရခြင်း ရှိမရှိဟူသည့်အချက်သည်၊ သို့မဟုတ် ထိုအစား ယောက်ျားများနှင့် တန်းတူညီမျှခြင်း ရှိမရှိဆိုသည့် အချက်သည် နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် လူမျိုးတစ်စုက တိုးတက်သည်ကိုဖြစ်စေ၊ ဆုတ်ယုတ်သည်ကိုဖြစ်စေ တိုင်းတာသည့် ရှင်းလင်းသော အမှတ်အသားတစ်ခုဖြစ်သည်။

ယခုတင် ဘုရားသခင် ဖန်ဆင်းခဲ့သော ယောက်ျားများနှင့် မိန်းမများကို မည်သို့ မှတ်ယူသင့်သည်နှင့် ၎င်းတို့အပေါ် မည်သို့သောအမြင်များ ရှိသင့်သည်ဆိုသည်တို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ယောက်ျားနှင့် မိန်းမနှစ်ဦးစလုံးသည် ပုံမှန်လူ့သဘာဝရှိပြီး သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည်။ ဤအရာများသည် ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးတွင်ရှိသည်။ လိင်ကွဲပြားမှုမှလွဲ၍ ယောက်ျားများနှင့် မိန်းမများသည် ၎င်းတို့၏ စဉ်းစားပုံ၊ ပင်ကိုဗီဇစိတ်၊ အမှုကိစ္စအမျိုးမျိုးအပေါ် ၎င်းတို့၏ တုံ့ပြန်မှု၊ ၎င်းတို့၏ အစွမ်းအစ၊ အရည်အချင်းနှင့် အခြားသောကဏ္ဍအမျိုးအစားများနှင့်ပတ်သက်ပြီး အခြေခံအားဖြင့် တူညီမှုရှိသည်။ အတိအကျတူညီသည်ဟု ဆို၍ မရနိုင်သော်လည်း အခြေခံအားဖြင့် အနည်းနှင့်အများ ဆင်တူသည်။ ၎င်းတို့၏ ဘဝအလေ့အကျင့်များနှင့် ရှင်သန်ခြင်းအတွက် စည်းကမ်းများသာမက လူ့အဖွဲ့အစည်းအပေါ် အယူအဆများ၊ အမြင်များနှင့် သဘောထားများ၊ လောက၏ ခေတ်ရေစီးကြောင်းများ၊ လူများ၊ ဖြစ်ရပ်များ၊ အမှုကိစ္စများနှင့် ဘုရားသခင်၏ ဖန်ဆင်းမှုအားလုံးတို့အပြင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအပါအဝင် အချို့သော အမှုကိစ္စများအပေါ် ၎င်းတို့၏ တုံ့ပြန်မှုများသည် ထပ်တူကျသည်။ အဘယ်ကြောင့် ဤအရာများက ထပ်တူကျသနည်း။ အဘယ်ကြောင့်ဆိုသော် ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို တစ်ပါးတည်းသော ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဝင်သက်ထွက်သက်၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းအပြင် ၎င်းတို့ တာဝန်ယူဆောင်ရွက်နိုင်သော အလုပ်အမျိုးမျိုး၊ ဘဝ၏ လုပ်ရိုးလုပ်စဉ်များ စသည်တို့အားလုံးသည် ဖန်ဆင်းရှင်ထံမှ လာသောကြောင့်ဖြစ်သည်။ ဤဖြစ်ရပ်များကို ကြည့်လျှင် လိင်ကွဲပြားမှု၊ ပြီးလျှင် ၎င်းတို့ ထူးချွန်သည့် မတူညီသောအရာများ၊ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများမှ လွဲ၍ ယောက်ျားနှင့် မိန်းမကြားတွင် မတူညီသောအရာ မရှိပေ။ ဥပမာ ယောက်ျားများ လုပ်ဆောင်နိုင်သော အလုပ်များစွာကို မိန်းမများကလည်း လုပ်ဆောင်နိုင်သည်။ အမျိုးသမီး သိပံ္ပပညာရှင်များ၊ လေယာဉ်မှူးများနှင့် အာကာသယာဉ်မှူးများရှိပြီး အမျိုးသမီး သမ္မတများ၊ အစိုးရအရာရှိများလည်းရှိသည်။ ဤသည်မှာ လိင်ကွဲပြားသော်လည်း ယောက်ျားနှင့် မိန်းမက လုပ်ဆောင်နိုင်သော အလုပ်များသည် အနည်းနှင့်အများ တူညီသည်ဆိုသည်ကို သက်သေပြသည်။ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်နှင့် စိတ်ခံစားချက်များကို ဖော်ပြမှုနှင့်ပတ်သက်လျှင် ယောက်ျားနှင့် မိန်းမသည် အနည်းနှင့်အများ တူညီသည်။ မိန်းတစ်ယောက်၏ ဆွေမျိုး သေဆုံးသောအခါ သူမသည် အလွန်ပူဆွေးဝမ်းနည်းပြီး အလွန်အမင်း ငိုကြွေးသည်။ ယောက်ျားတစ်ယောက်၏ မိဘများ၊ သို့မဟုတ် ချစ်သူသေဆုံးသောအခါ သူသည်လည်း မြေကြီးတုန်လှုပ်သည်အထိ ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းသည်။ မိန်းမများသည် လင်မယား ကွာရှင်းပြတ်ဆဲခြင်းနှင့် ရင်ဆိုင်ရသောအခါ စိတ်မချမ်းမမြေ့ဖြစ်ပြီး စိတ်ဓာတ်ကျကာ ဝမ်းနည်းကြသည်။ မိမိကိုယ်ကိုပင် သတ်သေနိုင်သည်။ ယောက်ျားများသည်လည်း ၎င်းတို့၏ ဇနီးမယားက ၎င်းတို့ကို စွန့်ခွာသောအခါတွင် စိတ်ဓာတ်ကျကြလိမ့်မည်။ ပြီးလျှင် အချို့မှာ အိပ်ရာခင်းအောက်တွင် လျှို့ဝှက်၍ပင် ငိုကြွေးကြလိမ့်မည်။ ၎င်းတို့သည် ယောက်ျားများ ဖြစ်သောကြောင့် သူတစ်ပါးတို့ရှေ့တွင် ဤဒုက္ခကို မညည်းညူရဲဘဲ အပြင်ပန်းတွင် စိတ်ဓာတ်ခိုင်မာဟန်ဆောင်ကြရသည်။ သို့သော် မည်သူမျှမရှိသောအခါ ၎င်းတို့သည် သာမန်လူတစ်ယောက်ကဲ့သို့ ငိုကြွေးလိမ့်မည်။ အချို့သော အမှုကိစ္စများ ဖြစ်ပျက်သောအခါတိုင်းတွင် မျှော်လင့်ထားသည့်အတိုင်း ယောက်ျားနှင့် မိန်းမနှစ်ဦးစလုံးတို့သည် စိတ်လှုပ်ရှားထိခိုက်ကြသည်။ ယင်းမှာ ငိုကြွေးခြင်းဖြစ်စေ၊ ရယ်မောခြင်းဖြစ်စေ ဖြစ်ဖို့ အလားအလာရှိလေသည်။ ထို့အပြင် ဘုရားအိမ်တော်တွင် အမျိုးမျိုးသော တာဝန်များနှင့် အလုပ်များကို ထမ်းဆောင်သော အမှုထမ်းများကြားတွင် မိန်းမများသည် ရာထူးတိုးရန်၊ သင်တန်းဆင်းရန် အခွင့်အလမ်းများရှိကြပြီး အရေးကြီးသော နေရာများသို့ တာဝန်ပေးခြင်းခံရသည်။ ယောက်ျားများသည်လည်း ရာထူးတိုးရန်၊ သင်တန်းဆင်းရန် တူညီသော အခွင့်အလမ်းများရှိကြပြီး အရေးကြီးသောအလုပ်များ ပေးအပ်ခြင်းခံရသည်။ အခွင့်အလမ်းများက တူညီပြီး ညီမျှမှုရှိသည်။ မိန်းမများသည် ၎င်းတို့၏ နေ့စဉ်ဘဝများနှင့် တာဝန်ထမ်းဆောင်ခြင်းတွင် ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးမှု အမျိုးမျိုးသည် ယောက်ျားများက ထုတ်ဖော်သော အရာများနှင့် မကွာခြားပေ။ မိန်းမများကြားတွင်ပင် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များရှိကြသည်။ ယောက်ျားများလည်း ထို့အတူမဟုတ်လော။ ဤသည်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တူညီသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုကို ပြုလုပ်သော၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော၊ ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေကို တည်ဆောက်ရန် ကြိုးစားသော ဆိုးယုတ်သည့်လူများဖြစ်လျှင် ၎င်းတို့ကို ရှင်းလင်းပစ်သောအခါ၌ ယောက်ျားနှင့် မိန်းမကြားတွင် ကွဲပြားမှုတစ်ခုခုကို ပြုလုပ်မည်လော။ မပြုလုပ်ပေ။ ၎င်းတို့အားလုံးကို တူညီသောနည်းဖြင့် ရှင်းလင်းပစ်မည်ဖြစ်သည်။ ရှင်းလင်းပစ်ခြင်း ခံရသောသူများတွင် မိန်းမများထက် ယောက်ျားများက ပို၍များသည်ဟု သင်တို့ ထင်သလော။ နှစ်ဖက်စလုံးတွင် အတူတူခန့်သာဖြစ်သည်။ မကောင်းမှုကို လုပ်ဆောင်သော၊ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော၊ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများအဖြစ် အကျုံးဝင်သောသူများအားလုံးကို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ရှင်းလင်းပစ်ရမည်။ လူအချို့က “မိန်းမများသည် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောအရာများကို မလုပ်ဆောင်နိုင်ပေ၊ မိန်းမများက ဤသို့သောအရာများကို လုပ်ဆောင်လျှင် မည်မျှ ရှက်ဖွယ်ဖြစ်မည်နည်း။ မိန်းမများသည် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ပို၍ အရေးစိုက်ရမည်။ မပြောပလောက်သော မိန်းမများသည် ဤသို့ ကြီးမားသော မကောင်းမှုများကို အဘယ်သို့ လုပ်ဆောင်နိုင်မည်နည်း။ မလုပ်ဆောင်နိုင်ပေ၊ ၎င်းတို့အား နောင်တရရန် အခွင့်အရေးပေးသင့်သည်။ ယောက်ျားများသည် ရဲတင်းသည်။ ၎င်းတို့သည် မကောင်းသောအရာများကို လုပ်ဆောင်ရန် မွေးဖွားလာကြသည်။ ၎င်းတို့သည် အန္တိခရစ်များနှင့် မကောင်းမှုပြုသူများဖြစ်ရန် မွေးဖွားလာကြသည်။ ၎င်းတို့သည် မကောင်းမှုအနည်းငယ်ကို လုပ်ဆောင်လျှင်ပင်၊ အခြေအနေများကို ကျွန်ုပ်တို့ ရှင်းလင်းစွာ နားမလည်လျှင်ပင် ၎င်းတို့ကို နှင်ထုတ်သင့်ဆဲဖြစ်သည်” ဟူ၍ ဆိုကြသည်။ ဘုရားအိမ်တော်က ဤအရာကို ပြုလုပ်သလော။ (မပြုလုပ်ပါ။) ဘုရားအိမ်တော်က ဤအရာကို မပြုလုပ်ပါ။ ဘုရားအိမ်တော်သည် စည်းမျဉ်းများကို အခြေခံပြီး လူတို့အား ထုတ်ပယ်သည်။ ယောက်ျားနှင့် မိန်းမကြား မခွဲခြားပေ။ ပြီးလျှင် မိန်းမ၊ သို့မဟုတ် ယောက်ျား၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အရေးမစိုက်ဘဲ ၎င်းတို့အား မျှတစွာ ဆက်ဆံသည်။ သင်သည် မကောင်းမှုကျူးလွန်သော ယောက်ျားတစ်ယောက်ဖြစ်ပြီး ရှင်းလင်းပြီး နှင်ထုတ်ခံရရန် စည်းမျဉ်းများနှင့် ညီလျှင် ဘုရားအိမ်တော်က စည်းမျဉ်းများနှင့်အညီ သင့်အား ဖယ်ထုတ်လိမ့်မည်။ သင်သည် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းကို ဖြစ်စေသူဖြစ်လျှင်၊ ဆိုးယုတ်သောသူတစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်လျှင် သင်သည် အလားတူပင် ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းကို ခံရမည်။ သင်က မိန်းမဖြစ်ပြီး ငိုရုံဖြင့်၊ သို့မဟုတ် မျက်ရည်ကျရုံဖြင့် သက်ညှာမည်မဟုတ်ပေ။ ဘုရားအိမ်တော်သည် အမှုအရာများကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်ရမည်။ အမျိုးသမီး ယုံကြည်သူများသည် ကောင်းချီးများနောက်လိုက်ပြီး ကောင်းချီးခံစားရရန် ဆန္ဒနှင့် ရည်ရွယ်ချက်ရှိသည်။ ယောက်ျားများသည်လည်း ဤသို့ရှိသလော။ ရှိသည်။ အလားတူပင်ဖြစ်သည်။ ယောက်ျားများသည် ကောင်းချီးခံစားရရန် ရည်မှန်းချက်နှင့် ဆန္ဒရှိခြင်းသည် မိန်းမများထက် မလျော့နည်းပေ။ ဘုရားသခင်အပေါ် မည်သူ၏ အာခံခြင်းက ပို၍ဆိုးသနည်း။ ယောက်ျား၏ အာခံခြင်းဖြစ်သလော၊ သို့မဟုတ် မိန်းမ၏ အာခံခြင်းဖြစ်သလော။ အတူတူပင်ဖြစ်သည်။ “ယခုတွင် နောက်ဆုံး၌ သမ္မာတရားကို ကျွန်ုပ် နားလည်ပြီ၊ ယောက်ျားနှင့် မိန်းမတို့သည် တူညီစွာပင် ဖောက်ပြန်ပျက်စီးကြသည်ဆိုသည်ကို တွေ့ရသည်။ ယောက်ျားများသည် မိန်းမများနှင့်မတူဘဲ ယောက်ျားပီသပြီး သန်မာသည်ဟုလည်းကောင်း၊ လူကြီးလူကောင်းများအဖြစ် ကျင့်ကြံနေထိုင်ရမည်ဟုလည်းကောင်း၊ အရာအရာကို မျှတစွာ၊ ဂုဏ်သရေရှိစွာ၊ ရိုးသားစွာ လုပ်ဆောင်ရမည်ဟုလည်းကောင်း၊ မိန်းမများစွာတို့ကမူ အမြင်ကျဉ်းမြောင်းသည်ဟုလည်းကောင်း၊ အသေးအဖွဲကိစ္စများကို အဆုံးမရှိ ပုံကြီးချဲ့ပြီး ပြောဆိုသည်ဟုလည်းကောင်း၊ လူတို့၏ နောက်ကွယ်တွင် အဆက်မပြတ် အတင်းအဖျင်းပြောပြီး ရိုးသားစွာ မလုပ်ဆောင်ဟုလည်းကောင်း ကျွန်ုပ် ထင်ခဲ့သည်။ သို့သော် မကောင်းသောသူ အတော်များများက ယောက်ျားများ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့ ပါဝင်ပတ်သက်သည့် မကောင်းသောအရာများသည် ပို၍ပင် ကြီးမားပြီး ပို၍ များပြားသည်ကိုလည်းကောင်း ကျွန်ုပ် မစဉ်းစားမိခဲ့ပေ” ဟူ၍ ပြောသောသူအချို့ရှိလိမ့်မည်။ ယခုတွင် ဤကိစ္စများကို သင် နားလည်သည်။ အတိုချုပ်ဆိုရလျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူတိုင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တူညီသည်။ မတူညီသည်မှာ လူတို့၏ လူ့သဘာဝများသာဖြစ်သည်။ ဤသည်မှာ ယောက်ျားနှင့် မိန်းမကို ရှုမြင်ရန် တစ်ခုတည်းသော မျှတသည့် နည်းလမ်းဖြစ်သည်။ ဤအမြင်ရှုထောင့်တွင် အခြေပြုချက်တစ်ခုခုရှိသလော။ (မရှိပါ။) ဤသည်မှာ ယောက်ျားသည် မိန်းမထက်သာလွန်သည်ဆိုသည့် အယူအဆ၏ လွှမ်းမိုးခြင်းကို ခံရသလော။ (မခံရပါ။) ဤအရာများ၏ လွှမ်းမိုးခြင်းကို လုံးဝ မခံရပေ။ လူတစ်ယောက်က ကောင်းသည်၊ ဆိုးသည်ကို တိုင်းတာရာတွင် သူသည် ယောက်ျားဖြစ်သလော၊ မိန်းမဖြစ်သလော ဆိုသည်ကို ဦးစွာ မကြည့်ရှုသင့်ဘဲ သူ၏ လူ့သဘာဝကို ကြည့်ရှုသင့်သည်။ ထို့နောက်တွင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့်သက်ဆိုင်သော သရုပ်သကန်များပေါ်တွင် အခြေခံပြီး သူ၏ အနှစ်သာရကို အကဲဖြတ်သင့်သည်။ ဤသည်မှာ လူတို့အား တိကျစွာ ရှုမြင့်သည့် နည်းလမ်းဖြစ်သည်။

ငါတို့ အစောပိုင်းက မိတ်သဟာယပြုခဲ့သည့် ဖြစ်ရပ်များကို ကြည့်လျှင် လိင်မတူညီမှုများမှလွဲ၍ ယောက်ျားနှင့် မိန်းမကြားတွင် ခြားနားမှုလုံးဝ မရှိပေ။ ၎င်းတို့၏ ပင်ကိုဗီဇ၏ သရုပ်သကန်များတွင်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးအား ထုတ်ဖော်ခြင်းတွင်ဖြစ်စေ၊ ၎င်းတို့၏ သဘာဝအနှစ်သာရတွင်ဖြစ်စေ ခြားနားမှုမရှိပေ။ လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရနှင့် ၎င်းတို့၏ စိတ်သဘောထားများအပြင် ဘုရားသခင်က လူတို့ကို ဖန်တီးသောအချိန်တွင် လူတို့အား အပ်နှင်းပေးခဲ့သော ပင်ကိုဗီဇ၊ စိတ်အားထက်သန်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတို့နှင့် ပတ်သက်လျှင် လူတို့ကြား၌ ခြားနားမှုမရှိပေ။ ထို့ကြောင့် လူတို့သည် ယောက်ျားများနှင့် မိန်းမများကို ရှုမြင်သောအခါ၌ ဤကမ္ဘာလောကက လူတို့အား သွန်သင်သော ရိုးရာယဉ်ကျေးမှု အယူအဆများကို အခြေခံရန် မဆိုထားနှင့်၊ ၎င်းတို့၏ အသွင်အပြင်ကိုပင် အခြေခံပြီး မရှုမြင်သင့်ဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်ကို အခြေခံသင့်သည်။ အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ရှုမြင်သင့်သနည်း။ အဘယ်ကြောင့် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များကို အခြေခံပြီး မရှုမြင်သင့်သနည်း။ “လူသားသမိုင်း၏ ထောင်စုနှစ်များတစ်လျှောက်တွင် အဆိုပြုချက်များစွာကို ပြုလုပ်ခဲ့ပြီး စာအုပ်များထဲတွင် ရေးသားခဲ့ကြသည်။ လူသားမျိုးနွယ်၏ မည်သည့် အမြင်များနှင့် ဆိုရိုးစကားများကမျှ မမှန်ကန်သလော။ ၎င်းတို့အထဲတွင် အမှန်တရား လုံးဝ မရှိသလော” ဟူ၍ ဆိုသောသူအချို့ရှိသည်။ ဤစကားများသည် မည်သည့်နည်းအားဖြင့် အဓိပ္ပာယ်မဲ့လေသနည်း။ လူသားများသည် ဖန်ဆင်းခံများအဖြစ် အကျုံးဝင်သည်။ ၎င်းတို့သည် ထောင်စုနှစ်များစွာ စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ ပြီးလျှင် ၎င်းတို့သည် ဆိုးယုတ်သော စိတ်သဘောထားများ အပြည့်ရှိကြသည်။ ယင်းသည် လူ့အဖွဲ့အစည်းတွင် ဤသို့သော မှောင်မိုက်မှုနှင့် ဆိုးယုတ်မှုကို ဖြစ်စေသည့်အရာ ဖြစ်သည်။ မည်သူကမျှ အကြောင်းရင်း အရင်းအမြစ်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ၊ သို့မဟုတ် စာတန်ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကို အမှန်တကယ် မသိမြင်နိုင်ပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမြင်များသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ပြီးလျှင် ဖန်ဆင်းရှင်ကသာ ဤအရာနှင့်ပတ်သက်သော အရာရာတိုင်းကို သိသည်။ ဤသည်မှာ တကယ့်အမှန်တရားဖြစ်သည်။ သမ္မာတရားကို ဘုရားနှုတ်ကပတ်တော်မှသာ ရရှိနိုင်သည်။ လူသားကမ္ဘာလောက၏ ယဉ်ကျေးမှုမှာမူ စာတန်၏ ဖျက်ဆီးမှုမှ ဖြစ်ပေါ်ခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လုံးဝ မကြုံတွေ့ဖူးသကဲ့သို့ မည်သူမျှ ဘုရားသခင်ကို မသိနိုင်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုတွင် သမ္မာတရား ထွက်ရှိရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားအားလုံးသည် ဘုရားသခင်ဆီမှလာပြီး ခရစ်တော်က ဖော်ပြသောကြောင့်ဖြစ်သည်။ လူသားများအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက်တွင် ဆိုးယုတ်သော သဘာဝနှင့် စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့အားလုံးသည် နာမည်ကျော်ကြားသူများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များကို ကိုးကွယ်ကြပြီး စာတန်နောက်သို့ လိုက်ကြသည်။ လူသားများသည် အမှုအရာအချို့ကို ရှုမြင်သောအခါ၊ သို့မဟုတ် အဓိပ္ပာယ်သတ်မှတ်သောအခါ ၎င်းတို့ကိုယ်တိုင်၏ ဖုံးကွယ်ထားသော ကြံရွယ်ချက်များနှင့် ဦးတည်ချက်များရှိကြသည်။ ဤကြံရွယ်ချက်များနှင့် ဦးတည်ချက်များသည် မည်သူ့အတွက်အသုံးတည့်သည်ဖြစ်စေ၊ ချိန်ရွယ်ထားသော ရည်ရွယ်ချက်က မည်သို့ဖြစ်စေ ယင်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ချုပ်ကိုင်ခြင်းကို ခံရသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားများက အဓိပ္ပာယ်သတ်မှတ်သောအရာများနှင့် ၎င်းတို့ ထောက်ခံအားပေးသည့် အတွေးများသည် စာတန်၏ ဉာဏ်များသော အကြံအစည်များ၏ လွှမ်းမိုးခြင်းကို ခံထားရလိမ့်မည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အရှိအတိုင်းဖြစ်သော အမြင်တစ်ခုမှလာသည့် အခြားရှုထောင့်မှာ လူသားများသည် မည်မျှ စွမ်းဆောင်နိုင်ပါစေ ဖန်ဆင်းခံလူသားများ၏ အခန်းကဏ္ဍများ၊ ပင်ကိုဗီဇများနှင့် အနှစ်သာရကို မည်သူမျှ နားမလည်ပေ။ လူသားများကို မည်သည့်လူကမျှ ဖန်ဆင်းထားခြင်း မဟုတ်သောကြောင့်၊ ကြီးမြတ်သော အကျော်အမော်ပုဂ္ဂိုလ်ဟု ဆိုသောသူအချို့၊ နတ်ဆိုးဘုရင်များ၊ စာတန်၊ သို့မဟုတ် ဝိညာဉ်ဆိုးများက ဖန်ဆင်းထားခြင်း မဟုတ်သောကြောင့် လူသားများသည် လူတို့၏ ပင်ကို ဗီဇများ၊ အခန်းကဏ္ဍများနှင့် အနှစ်သာရတို့ကို လုံးဝ နားမလည်ပေ။ ဤသို့ဆိုလျှင် လူတို့၏ ပင်ကိုဗီဇ၊ အခန်းကဏ္ဍများနှင့် အနှစ်သာရကို မည်သူက အသိဆုံးဖြစ်သနည်း။ ဖန်ဆင်းရှင်သာ အသိဆုံးဖြစ်သည်။ လူသားများကို ဖန်ဆင်းသည့် မည်သူမဆိုသည် လူသားတို့၏ အခန်းကဏ္ဍများ၊ ပင်ကိုဗီဇများနှင့် အနှစ်သာရကို အသိဆုံးဖြစ်ပြီး လူသားများကို အဓိပ္ပာယ်သတ်မှတ်ရန်၊ ယောက်ျားများ၊ သို့မဟုတ် မိန်းမများ၏ တန်ဖိုး၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သတ်မှတ်ရန် သတ်မှတ်ချက်အပြည့်မီဆုံး ဖြစ်သည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ အရှိအတိုင်းဖြစ်သော အမှန်တရားတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) လူသားများကို ဖန်ဆင်းရန် ဘုရားသခင် အသုံးပြုသည့်အရာ၊ လူသားများကို ဖန်ဆင်းသောအချိန်တွင် လူတို့အား သူပေးသော ပင်ကိုဗီဇများ၊ လူသားများ၏ ကိုယ်ခန္ဓာ အခန်းကဏ္ဍများနှင့် နိယာမများ၊ လူသားများက လုပ်ဆောင်ရန် သင့်လျော်သောအရာ၊ မသင့်လျော်သောအရာနှင့် လူသားများ၏ သက်တမ်းက မည်မျှကြာရှည်သင့်သည်ဆိုသည်ကိုပင် ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းသည်။ ဘုရားသခင်သည်သာ သူဖန်ဆင်းသော လူသားများကို နားအလည်ဆုံးဖြစ်ပြီး ဖန်ဆင်းခံလူသားမျိုးနွယ်ကို အခြားမည်သူမျှ ပို၍ နားမလည်ပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဘုရားသခင်သည် လူသားများကို အဓိပ္ပာယ်သတ်မှတ်ရန်၊ ယောက်ျားများ၏၊ သို့မဟုတ် မိန်းမ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်း၊ တန်ဖိုးနှင့် အခန်းကဏ္ဍအပြင် လူတို့ လျှောက်လှမ်းသင့်သည့် လမ်းမှန်ကို သတ်မှတ်ရန် သတ်မှတ်ချက်အပြည့်မီဆုံးဖြစ်သည်။ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သော လူသားများက မည်သည့်အရာကို လိုအပ်သည်ကိုလည်းကောင်း၊ လူသားတို့သည် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းအတွင်းတွင် မည်သည့်အရာများ ရှိသည်ကိုလည်းကောင်း အသိဆုံးဖြစ်သည်။ အခြားရှုထောင့်မှကြည့်လျှင် ဖန်ဆင်းခံလူသားများက အလိုအပ်ဆုံးသောအရာမှာ ဖန်ဆင်းရှင်ပြောသော စကားများဖြစ်သည်။ ဘုရားသခင်သာ လူသားများကို ကိုယ်တိုင် ဦးဆောင်နိုင်သည်၊ ပံ့ပိုးပေးနိုင်သည်၊ ထိန်းကျောင်းပေးနိုင်သည်။ ဘုရားသခင်ထံမှ လာခြင်းမဟုတ်သော ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ထိုဆိုရိုးစကားအားလုံးသည် အထင်အမြင်မှားစေသည်။ အထူးသဖြင့် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သောအရာများဖြစ်သည်။ ထိုအရာအားလုံးသည် လူတို့အား အမြင်မှားစေသည်၊ တွေဝေထိုင်းမှိုင်းစေပြီး ဘောင်ခတ်သည်။ ပြီးလျှင် ကန့်သတ်ပြီး ထိန်းချုပ်သည့် အမျိုးအစားတစ်ခုအဖြစ် လုပ်ဆောင်သည်မှာလည်း ပြောစရာမလိုပေ။ အခြားရှုထောင့်တစ်ခုရှိသည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းပြီး လူသားများအပေါ် ဘုရားသခင် အရေးအစိုက်ဆုံးမှာ ဘဝတွင် လမ်းမှန်ကို လျှောက်နိုင်ခြင်းရှိမရှိပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းများ၊ လူမျိုးများနှင့် နိုင်ငံများကမူ အုပ်ချုပ်သူလူတန်းစား၏ အကျိုးစီးပွားနှင့် နိုင်ငံရေးအစိုးရ၏ တည်ငြိမ်မှုကိုသာ ထည့်သွင်းစဉ်းစားသည်။ နိမ့်ကျသော အတန်းအစားများ၏ ဘဝများကို အရေးမစိုက်ပေ။ ရလဒ်အနေဖြင့် အစွန်းရောက်ပြီး ပရမ်းပတာဖြစ်သော အရာအချို့ ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် လူတို့အား တန်ဖိုးရှိပြီး ရှင်းလင်းပြတ်သားသောဘဝကို အသက်ရှင်နိုင်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်အတွက် လမ်းမှန်ပေါ်သို့ရောက်အောင် လမ်းပြမပေးပေ။ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်အသက်မွေးလုပ်ငန်းများ၊ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအတွက် အစေခံရန် လူတို့အား အသုံးချလိုသည်။ ၎င်းတို့က မည်သည့် အဆိုပြုချက်များ၊ သို့မဟုတ် မည်သည့်အယူအဆများနှင့် အမြင်များ အဆိုပြုပါစေ ဤအရာအားလုံး၏ ရည်ရွယ်ချက်မှာ လူတို့အား အထင်အမြင်မှားစေရန်၊ ၎င်းတို့၏ အတွေးများကို ဘောင်ခတ်ရန်နှင့် လူသားမျိုးနွယ်ကို ထိန်းချုပ်ရန်ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် ၎င်းတို့အား အစေခံပြီး ၎င်းတို့အပေါ် သစ္စာစောင့်သိရန်ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ အနာဂတ်၊ သို့မဟုတ် အလားအလာများ၊ သို့မဟုတ် လူသားများက မည်သို့ပို၍ ကောင်းစွာ ရှင်သန်နိုင်သည်ဆိုသည်တို့ကို မစဉ်းစားပေ။ သို့သော် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လုံးဝ ကွဲပြားခြားနားသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ သူ၏ အစီအစဉ်တိုင်း ဖြစ်သည်အထိဖြစ်သည်။ သူသည် လူသားများကို ဖန်ဆင်းပြီးနောက်တွင် လူသားများအား သမ္မာတရားများနှင့် ကျင့်ကြံနေထိုင်ခြင်းအတွက် စည်းမျဉ်းများကို ပို၍နားလည်ရန် လမ်းပြပေးသည်။ ပြီးလျှင် လူသားမျိုးနွယ်အား စာတန်ဖျက်ဆီးသည့် အမှန်တရားကို ရှင်းလင်းစွာ မြင်ရန် လုပ်ဆောင်သည်။ လူသားတို့သည် ဤအခြေခံအုတ်မြစ်အပေါ်၌ ဘုရားသခင်က ၎င်းတို့ကို သွန်သင်ပေးပြီး ၎င်းတို့အား သတိပေးဆုံးမရန် အသုံးပြုသည့် ဤသမ္မာတရားစည်းမျဉ်းများနှင့်အညီ ဘဝတွင် လမ်းမှန်ပေါ်၌ စတင်လျှောက်လှမ်းနိုင်ကြသည်။

ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အစဉ်အလာများသည် အလွန်ပင် ကျယ်ပြန့်ပြီး ကဏ္ဍမျိုးစုံမှနေ၍ လူတို့၏ စဉ်းစားပုံကို လွှမ်းမိုးပြီး ၎င်းတို့၏ စဉ်းစားပုံကို အထင်အမြင်မှားစေပြီး ဘောင်ခတ်သည်။ ငါတို့ ယနေ့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော လိင်နှင့်ပတ်သက်သော လွဲချော်နေသော ဆိုရိုးစကားနှင့် အမြင်အချို့ဖြစ်သည်။ ယင်းတို့သည် လိင်နှင့်ပတ်သက်၍ လူတို့၏ မှန်ကန်သော အမြင်များကို ကြီးမားသောအတိုင်းအတာအထိ လွှမ်းမိုးခဲ့ပြီး ယောက်ျားများနှင့် မိန်းမများကို အလွန်များပြားသော အချု်ပအနှောင်များ၊ ချည်နှောင်မှုများ၊ ဘောင်ခတ်ခြင်းများ၊ ခွဲခြားဆက်ဆံမှုများကဲ့သို့သောအရာများကိုလည်း ခံရစေသည်။ ဤအရာအားလုံးသည် လူတို့ မြင်နိုင်သည့် အချက်များဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုက လူတို့အပေါ်တွင် ကျရောက်စေသော သက်ရောက်မှုနှင့် အကျိုးဆက်များလည်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။