သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၂)

ယခင် စုဝေးပွဲတွင် မည်သည့်အရာကို ငါ မိတ်သဟာယပြုခဲ့သနည်း။ ငါ့အား တစ်ယောက်ယောက် ပြောပြနိုင်သလော။ (ယခင်တစ်ခေါက်က ဘုရားသခင်က ကဏ္ဍနှစ်ခုကို မိတ်သဟာယပြုခဲ့သည်။ ကဏ္ဍတစ်ခုမှာ ဖြစ်ရပ်အချို့သည် အသင်းတော်၌ မတူညီသောအချိန်ကာလ၊ သို့မဟုတ် မတူညီသော အဆင့်များတွင် ဖြစ်ပေါ်သောအခါ၊ ဥပမာ လူအချို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းခံရသောအခါ၊ ခေါင်းဆောင်နှင့် အမှုဆောင်အချို့ လူစားလဲခံရသောအခါ၊ အချို့လူများ ဖျားနာသောအခါ၊ အချို့လူများက သေရေး၊ ရှင်ရေးကိစ္စများကို ရင်ဆိုင်ရသောအခါ ဤဖြစ်ရပ်များသည် ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်ပေ။ ပြီးလျှင် ဤဖြစ်ရပ်များနှင့်ပတ်သက်ပြီး သမ္မာတရားအား ကျွန်ုပ်တို့ ရှာဖွေရန် လိုအပ်သည်။ ဘုရားသခင်က လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအချို့ကိုလည်း သိစေခဲ့သည်။ ဤအခြေအနေများကို ရင်ဆိုင်ရသောအခါ ကျွန်ုပ်တို့သည် အချက်နှစ်ချက်ကို လိုက်နာသင့်သည်။ ပထမအချက်မှာ ဖန်ဆင်းခံတစ်ယောက်၏ သင့်လျော်သောနေရာကို ယူရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ရိုးသားစစ်မှန်ပြီး ကျိုးနွံနာခံသော စိတ်နှလုံးရှိဖို့ဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ကျေးဇူးတော်နှင့် ကောင်းချီးများကို ရင်ဆိုင်ရသည်ဖြစ်စေ ကျွန်ုပ်တို့သည် ဤအရာအားလုံးကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ထို့အပြင် ဘုရားသခင်၏ မိတ်သဟာယသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားတစ်ခုကို စိစစ်ခဲ့သည်။ ယင်းမှာ “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဟူ၍ ဖြစ်သည်။) ပြီးခဲ့သည့် မိတ်သဟာယ၏ အဓိကအကြောင်းအရာသည်လည်း ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် သက်ဆိုင်သော ပြဿနာများဖြစ်သည်။ ဤအကြောင်းအရာကို ငါ ကြာရှည်စွာ မိတ်သဟာယဖွဲ့ခဲ့သည်။ အချို့သော အတွေ့ရများသော ဆိုရိုးစကားများ၊ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူ သတ်မှတ်ချက်များနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များကို ဖော်ထုတ်ခဲ့သည်။ ဤအကြောင်းအရာများကို မိတ်သဟာယဖွဲ့ပြီးသောအခါတွင် သင်တို့သည် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့်ပတ်သက်ပြီး အသစ်သော နားလည်မှု၊ အသစ်သော အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုခုရှိသလော။ ဤအဆိုအမိန့်များကို အရှိအတိုင်း ပိုင်းခြားသိမြင်ပြီး ယင်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်ပြီးဖြစ်သလော။ သင်၏ စိတ်နှလုံးအတွင်းထဲတွင်ရှိသော ဤအရာများကို လက်လွှတ်နိုင်သလော။ စွန့်လွှတ်နိုင်သလော။ ဤအရာများကို သမ္မာတရားနှင့် ရောထွေးနေခြင်းအား ရပ်တန့်နိုင်သလော။ ပြီးလျှင် ဤအရာများကို အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူခြင်း၊ သမ္မာတရားများအဖြစ် လိုက်စားခြင်းနှင့် လိုက်နာခြင်းတို့ကို ရပ်တန့်နိုင်သလော။ အထူးသဖြင့် နေ့စဉ်အသက်တာတွင် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် ဆက်နွှယ်သော အမှုကိစ္စအချို့ကို ကြုံတွေ့ရသောအခါ သင်၏ အတွင်းတွင် သတိပြုမိခြင်းရှိသလော။ သင်သည် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ လွှမ်းမိုးခြင်းကို ခံရဆဲဖြစ်သလောဆိုသည်ကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်နိုင်သလော။ သင်သည် ဤအရာများ၏ နှောင်ဖွဲ့ခြင်း၊ ချုပ်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသလော။ စိတ်အတွင်းတွင် သင်သည် သင့်ကိုယ်သင် ချုပ်တည်းပြီး သင်၏ အပြောအဆို၊ အပြုအမူတို့အပြင် အမှုအရာများအပေါ် သင်၏ သဘောထားကိုပါ လွှမ်းမိုးရန်အတွက် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကို သင် အသုံးပြုနိုင်သေးသလော။ သင်တို့၏ အတွေးများကို မျှဝေလော့။ (ဘုရားသခင်က ရိုးရာယဉ်ကျေးမှုကို မိတ်သဟာယဖွဲ့ပြီး စိစစ်ခြင်း မရှိမီတွင် ကိုယ်ကျင့်တရား အပြုအမူနှင့် သက်ဆိုင်သော ဤအယူအဆများနှင့် အမြင်များက မှားယွင်းသည်ကို၊ သို့မဟုတ် ယင်းတို့က ကျွန်ုပ်အပေါ်သို့ မည်သို့သော ထိခိုက်မှုမျိုးဖြစ်စေမည်ကို ကျွန်ုပ် သတိမပြုမိခဲ့ပါ။ သို့သော် ယခုတွင် ကျွန်ုပ်၌ သတိပြုမိခြင်း အချို့ ရှိလာသည်။) သင့်ထံတွင် သတိပြုမိခြင်းအချို့ရှိသည်မှာ ကောင်းသည်။ အချိန်အတန်ကြာပြီးနောက်တွင် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ အမှားများကို သင်တို့ သိမြင်လာနိုင်သင့်သည်မှာ ပြောစရာမလိုပေ။ စိတ်ခံစားချက်မှဖြစ်သော အမြင်ဖြင့်ကြည့်လျှင် သင်တို့သည် ယင်းတို့ကို စွန့်ပစ်ပြီး အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူခြင်းကိုလည်း ရပ်တန့်နိုင်သင့်သည်။ သို့သော် အရှိအတိုင်းဖြစ်သော အမြင်မှ ကြည့်လျှင် နေ့စဉ်အသက်တာ၌ ဤသို့သော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကို အသေအချာ သိမြင်ရန်၊ ဖော်ထုတ်ရန်နှင့် ပိုင်းခြားသိမြင်ရန် လိုအပ်ဆဲဖြစ်သည်။ ယင်းတို့ကို ထိုးထွင်းမြင်ပြီး စွန့်ပစ်နိုင်ရန်အတွက်ဖြစ်သည်။ ခံစားချက်မှ ဖြစ်သောအမြင်ဖြင့် သတိပြုမိခြင်းက သင်သည် သင်၏ နေ့စဉ်အသက်တာတွင် ရိုးရာယဉ်ကျေးမှု၏ ဤမှားယွင်းသော အယူအဆများနှင့် အမြင်များကို စွန့်ပစ်နိုင်သည်ဟု မဆိုလိုပေ။ ဤသို့သော အရာများကို ကြုံတွေ့ရသောအခါ ဤဆိုရိုးစကားများသည် ကျိုးကြောင်းသင့်သည်ဟု သင် ရုတ်တရက် ခံစားရနိုင်သည်။ ပြီးလျှင် ယင်းတို့ကို အပြည့်အဝ မစွန့်ပစ်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့သော ဖြစ်ရပ်မျိုးတွင် သင်၏ အတွေ့အကြုံများ၌ သမ္မာတရားကို ရှာဖွေရမည်။ ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်သည့် ဤမှားယွင်းသော အမြင်များကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသေအချာ စိစစ်ရမည်။ ပြီးလျှင် ရိုးရာယဉ်ကျေးမှုမှ ဤဆိုရိုးစကားများ၏ အနှစ်သာရသည် သမ္မာတရားနှင့် ဆန့်ကျင်ကြောင်း၊ လက်တွေ့မကျကြောင်း၊ အထင်အမြင်မှားစေကြောင်း၊ လူတို့အား ထိခိုက်စေကြောင်းတို့ကို သင် ရှင်းလင်းစွာ မြင်နိုင်သည်အထိ လုပ်ဆောင်ရမည်။ ဤနည်းအားဖြင့်သာ ဤအဓိပ္ပာယ်မရှိသော အမြင်များ၏ အဆိပ်ကို သင်၏ စိတ်နှလုံးမှ အပြီးအပိုင် သန့်စင်နိုင်သည်။ သင်တို့သည် ယခုတွင် အယူဝါဒနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားအမျိုးမျိုး၏ အားနည်းချက်များကို သိမြင်ပြီးဖြစ်ပြီး ဤသည်မှာ ကောင်းသည်။ သို့သော် ဤသည်မှာ အစသာရှိသေးသည်။ ရိုးရာယဉ်ကျေးမှု၏ အဆိပ်ရှိသော လွှမ်းမိုးမှုကို နောင်ကာလတွင် အပြည့်အဝ အမြစ်ဖြတ်နိုင်ခြင်း ရှိမရှိဆိုသည်မှာ လူတို့က သမ္မာတရားကို လိုက်စားသည့်ပုံစံအပေါ်တွင် မူတည်သည်။

ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားက မည်သို့ရှိသည်ဖြစ်စေ ယင်းသည် လူသားမျိုးနွယ်က ထောက်ခံအားပေးသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်သက်ဆိုင်သော သဘောတရားဆိုင်ရာ အမြင်မျိုးဖြစ်သည်။ ငါတို့သည် ယခင်က အမျိုးမျိုးသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားအတော်များများ၏ အနှစ်သာရကို ဖွင့်ပြခဲ့သည်။ သို့သော် လူသားများက ထောက်ခံအားပေးသော များပြားလှသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများအပေါ် ပို၍ လေးနက်သော နားလည်မှုနှင့် ပိုင်းခြားသိမြင်မှုကို ရရှိရန်အတွက် ယခင်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သော ကဏ္ဍများအပြင် ထုတ်ဖော်သင့်သော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားအချို့ သေချာပေါက် ရှိနေဆဲဖြစ်သည်။ ဤသည်မှာ သင်တို့ လုပ်ဆောင်သင့်သည့်အရာတစ်ခုဖြစ်သည်။ ယခင်တစ်ခေါက်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်” ဟူသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားနှင့်ပတ်သက်ပြီး ဤစာကြောင်း၏ အဓိပ္ပာယ်ကို အကဲဖြတ်လျှင် ယင်းသည် ယောက်ျားများအား အဓိက ရည်ရွယ်သည်။ ယောက်ျားများအတွက် သတ်မှတ်ချက်ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်က “ယောက်ျားပီသသော၊ သန်မာသော ယောက်ျားများ” ဟု ခေါ်ဆိုသည့် အရာအတွက် စံနှုန်းတစ်ခုလည်း ဖြစ်သည်။ ငါတို့သည် ယောက်ျားများနှင့် သက်ဆိုင်သော ဤစံနှုန်းကို ဖော်ထုတ်ပြီး စိစစ်ခဲ့သည်။ ယောက်ျားများအပေါ် ဤသတ်မှတ်ချက်အပြင် ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့သော “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်၊ ကြင်နာရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရား ရှိရမည်” ဟူသော ဆိုရိုးစကားလည်းရှိသည်။ ယင်းသည် အမျိုးသမီးများနှင့် ပတ်သက်ပြီး တင်ပြခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုသည် အမျိုးသမီးများအတွက် လူသားသဘာဝဖြင့် မကိုက်ညီသည့် လက်တွေ့မကျသော၊ လူသားမဆန်သော သတ်မှတ်ချက်များကို အဆိုပြုရုံသာမကဘဲ ယောက်ျားများနှင့် ပတ်သက်ပြီး ကိုယ်ကျင့်တရားမရှိသော၊ လူသားမဆန်သော၊ လူသားသဘာဝကို ဆန့်ကျင်သော အဆိုများနှင့် တောင်းဆိုမှုများကို အဆိုပြုပြီး ယောက်ျားများကိုလည်း အလွတ်မပေးပေ၊ ဤသို့အားဖြင့် မိန်းမများ၏ လူ့အခွင့်အရေးကို ပိတ်ပင်ရုံသာမကဘဲ ယောက်ျားများကိုလည်း ပိတ်ပင်သည်ဆိုသည်ကို ဤဆိုရိုးစကား နှစ်ခုလုံးမှနေ၍ ရှင်းလင်းစွာ မြင်နိုင်သည်။ ဤအမြင်မှကြည့်လျှင် မိန်းမများကို အလျှော့မပေးခြင်း၊ ယောက်ျားများကိုလည်း အလွတ်မပေးခြင်းအားဖြင့် မျက်နှာမလိုက်ခြင်းက မျှတသည့် ပုံစံရှိသည်။ သို့ရာတွင် မိန်းမများ၊ ယောက်ျားများအပေါ် ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်များနှင့် စံနှုန်းများကို အကဲဖြတ်ကြည့်လျှင် ဤနည်းလမ်းတွင် ဆိုးဝါးသော ပြဿနာများ ရှိသည်ဆိုသည်မှာ ရှင်းသည်။ တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုက မိန်းမများအတွက် ကိုယ်ကျင့်တရားစံနှုန်းများကို အဆိုပြုပြီး အခြားတစ်ဖက်တွင်လည်း ယောက်ျားပီသသော၊ သန်မာသော ယောက်ျားများအတွက် အပြုအမူ စံသတ်မှတ်ချက်များကိုလည်း ပြုလုပ်ထားသည်။ ဤသတ်မှတ်ချက်များနှင့် စံနှုန်းများကို အကဲဖြတ်ကြည့်လျှင် ရှင်းလင်းစွာပင် မျှတမှု ကင်းမဲ့နေသည်။ ဤသို့ မဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) မိန်းမများ၏ ကိုယ်ကျင့်တရား အပြုအမူအတွက် ဤသတ်မှတ်ချက်များနှင့် စံနှုန်းများသည် မိန်းမများ၏ လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ကန့်သတ်သည်။ မိန်းမများ၏ အတွေးကို ချုပ်နှောင်ရုံသာမကဘဲ မိန်းမများအား အိမ်တွင်နေစေပြီး တသီးတခြားဖြစ်သော ဘဝကို နေထိုင်ကာ အိမ်မှ လုံးဝ မထွက်ခွာရဘဲ ပြင်ပလောကနှင့် ထိတွေ့မှု အနည်းဆုံး ရှိစေဖို့ သတ်မှတ်ခြင်းအားဖြင့် မိန်းမများ၏ ခြေကိုပါ ချုပ်နှောင်သည်။ မိန်းမများအား အကျင့်သီလကောင်းရန်၊ ကြင်နာရန်၊ နူးညံ့သိမ်မွေ့ရန်၊ ကိုယ်ကျင့်တရားရှိရန် သတိပေးခြင်းအပြင် မိန်းမများအား ကြီးမားသော ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် စံသတ်မှတ်ချက်များ တစ်ခုတလေ ထားရှိဖို့ မဆိုထားနှင့်၊ လူအများရှေ့သို့ မထွက်ရန်၊ ခရီးဝေးဝေးမသွားရန်၊ မည်သည့် အသက်မွေးအလုပ်ကိုမျှ တာဝန်ယူမလုပ်ဆောင်ရန်ပင် သတ်မှတ်ခြင်းအားဖြင့် မိန်းမများ၏ ပြုမူဆောင်ရွက်မှု အတိုင်းအတာနှင့် ဘဝနယ်ပယ်အပေါ် တင်းကျပ်သော စည်းမျဉ်းများပင် သတ်မှတ်သည်။ ပြီးလျှင် မိန်းမတစ်ယောက်တွင်ရှိသော အကျင့်ကောင်းသည် အရည်အချင်းမရှိခြင်းဖြစ်သည်ဆိုသော ပို၍ လူသားမဆန်သော အဆိုကို တင်ပြသည်အထိပင် ပြုလုပ်သည်။ ဤအရာကို ကြားရသည့်အခါတွင် သင်တို့ မည်သို့ ခံစားရသနည်း။ “မိန်းမတစ်ယောက်တွင်ရှိသော အကျင့်ကောင်းသည် အရည်အချင်းမရှိခြင်းဖြစ်သည်” ဟူသည့် အဆိုသည် စင်စစ်အားဖြင့် မှန်ကန်သလော။ မိန်းမတစ်ယောက်တွင်ရှိသော အကျင့်ကောင်းသည် အဘယ်သို့ အရည်အချင်းမရှိခြင်း ဖြစ်နိုင်ရသနည်း။ ဤ “အကျင့်ကောင်း” ဆိုသည့် စကားသည် အတိအကျ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အကျင့်ကောင်း မရှိခြင်းကို ဆိုလိုသလော၊ သို့မဟုတ် အကျင့်ကောင်း ရှိခြင်းကို ဆိုလိုသလော။ အရည်အချင်းမရှိသော မိန်းမအားလုံးကို အကျင့်ကောင်းရှိသည်ဟု မှတ်ယူလျှင် အရည်အချင်းရှိသော မိန်းမအားလုံးက အကျင့်ကောင်း မရှိပြီး ကိုယ်ကျင့်တရားမရှိသလော။ ဤသည်မှာ အရည်အချင်းရှိသော မိန်းမများအား ဝေဖန်ခြင်းနှင့် ရှုတ်ချခြင်းဖြစ်သလော။ ဤသည်မှာ မိန်းမများ၏ လူ့အခွင့်အရေးကို အလွန်အမင်း ပိတ်ပင်ခြင်းဖြစ်သလော။ ဤသည်မှာ မိန်းမများ၏ ဂုဏ်သိက္ခာကို စော်ကားခြင်းဖြစ်သလော။ (ဟုတ်ပါသည်။) ယင်းသည် မိန်းမများ၏ ဖြစ်တည်မှုကို လျစ်လျူရှုရုံမကဘဲ မိန်းမများ၏ ဖြစ်တည်မှုကို အလေးလည်းမထားပေ။ ဤသည်မှာ မိန်းမများအပေါ် မမျှတခြင်းနှင့် ကိုယ်ကျင့်တရားမရှိခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် “မိန်းမတစ်ယောက်တွင်ရှိသော အကျင့်ကောင်းသည် အရည်အချင်းမရှိခြင်း ဖြစ်သည်” ဆိုသည့် ဤ ဆိုရိုးစကားကို အဘယ်သို့ ထင်သနည်း။ လူသားမဆန်ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) “လူသားမဆန်ခြင်း”ကို အဘယ်သို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ယင်းသည် အကျင့်ကောင်း မရှိခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ပင် အကျင့်ကောင်း မရှိခြင်းဖြစ်သည်။ တရုတ်ဆိုရိုးစကားတစ်ခုကို သုံးရလျှင် ယင်းသည် ဘဝသက်တမ်းရှစ်ခုအထိ အကျင့်ကောင်း မရှိခြင်းဖြစ်သည်။ ဤသို့သော အဆိုမျိုးသည် သေချာပေါက် လူသားမဆန်ပေ။ “မိန်းမတစ်ယောက်တွင် ရှိသော အကျင့်ကောင်းသည် အရည်အချင်းမရှိခြင်း ဖြစ်သည်” ဟူသည့် အဆိုကို ထုတ်ဖော်ပြောသူတို့သည် ဖုံးကွယ်ထားသော အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များရှိသည်။ ၎င်းတို့သည် မိန်းမများကို အရည်အချင်းမရှိစေလိုပေ။ မိန်းမများအား လူ့အဖွဲ့အစည်း၏ လုပ်ဆောင်မှုတွင် မပါဝင်စေလိုသကဲ့သို့ ယောက်ျားများနှင့် တန်းတူညီမျှရှိခြင်း မဖြစ်စေလိုပေ။ ၎င်းတို့သည် မိန်းမများအား ယောက်ျားများအား အစေခံရာတွင် အသုံးချပစ္စည်းသာ ဖြစ်စေလိုသည်။ အိမ်တွင် ယောက်ျားကို အောက်ကျို့စွာ အလုပ်အကျွေးပြုပြီး အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်စေလိုပေ။ ဤသည်မှာ “အကျင့်ကောင်းရှိခြင်း”၏ အဓိပ္ပာယ်ဟု ၎င်းတို့က ထင်သည်။ ၎င်းတို့သည် မိန်းမများအား အသုံးမဝင်ဟု အဓိပ္ပာယ်သတ်မှတ်ဖို့ တောင့်တပြီး မိန်းမများ၏ တန်ဖိုးကို ငြင်းဆန်သည်။ ယောက်ျားများအတွက် ကျွန်ထက်မပိုသောအရာအဖြစ် ပြောင်းလဲပြီး ယောက်ျားများအား ထာဝရ အစေခံခိုင်းသည်။ ယောက်ျားများနှင့် တန်းတူညီမျှဖြစ်ပြီး ညီမျှသော ဆက်ဆံမှုကို ခံစားရဖို့ လုံးဝ ခွင့်မပြုပေ။ ဤအမြင်ရှုထောင့်သည် သာမန်လူသား၏ အတွေးအခေါ်မှလာသလော၊ သို့မဟုတ် စာတန်ထံမှ လာသလော။ (စာတန်ထံမှ လာပါသည်။) မှန်သည်။ ယင်းသည် စာတန်ထံမှ လာခြင်း ဖြစ်ရမည်။ မိန်းမများတွင် ဗီဇဖြစ်သော၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မည်သည့် အားနည်းချက်များရှိသည်ဖြစ်စေ ဤအရာတစ်ခုမျှ ပြဿနာမဟုတ်ဘဲ ဤအရာများသည် မိန်းမများကို အသရေဖျက်ရန်၊ မိန်းမများ၏ ဂုဏ်ကို စော်ကားရန်၊ မိန်းမများ၏ လွတ်လပ်ခွင့်၊ သို့မဟုတ် လူ့အခွင့်အရေးကို ပိတ်ပင်ရန် ယောက်ျားများအတွက် ဆင်ခြေ၊ သို့မဟုတ် အကြောင်းပြချက် ဖြစ်မလာသင့်ပေ။ ဘုရားသခင်၏ အမြင်တွင် လူတို့က မိန်းမများအား ဆက်စပ်ယှဉ်တွဲကြည့်သည့် ဤအားနည်းချက်များနှင့် မွေးရာပါ ထိခိုက်လွယ်မှုများသည် ပြဿနာမဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် မိန်းမများကို ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ အားနည်းချက်များနှင့် ပြဿနာများအဖြစ် လူတို့က ထင်မြင်သော ဤအရာများသည် အတိအကျပင် ဘုရားသခင်ထံမှ လာသောကြောင့်ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းပြီး ကြိုတင်ပြဋ္ဌာန်းထားသည်။ ပြီးလျှင် စင်စစ်အားဖြင့် အားနည်းချက်များ၊ သို့မဟုတ် ပြဿနာများမဟုတ်ပေ။ လူသားများနှင့် စာတန်၏ အမြင်တွင် အားနည်းချက်များနှင့် ချို့ယွင်းချက်များဖြစ်သည့် ပုံစံရှိသော ဤအရာများသည် အခြေခံအားဖြင့် သဘာဝကျပြီး အပြုသဘောဆောင်သောအရာများ ဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသောအခါ ဖော်ထုတ်ခဲ့သော သဘာဝနိယာမများဖြင့်လည်း ကိုက်ညီသည်။ စာတန်ကသာ ဘုရားသခင်ဖန်ဆင်းခဲ့သော သက်ရှိများကို ဤပုံစံဖြင့် အပုပ်ချနိုင်သည်။ လူသားအယူအဆများနှင့် မကိုက်ညီသော အရာများကို ဗီဇဖြစ်သော မလုံလောက်မှုများနှင့်သက်ဆိုင်သည့် ချို့ယွင်းချက်များ၊ အားနည်းချက်များနှင့် ပြဿနာများအဖြစ် မှတ်ယူခြင်း၊ ယင်းတို့ကို ပုံကြီးချဲ့ခြင်း၊ လူတို့အား အသရေဖျက်ရန်၊ လှောင်ပြောင်ရန်၊ အပုပ်ချရန်နှင့် ဖယ်ကြဉ်ရန်၊ ပြီးလျှင် မိန်းမများ၏ ဖြစ်တည်ခွင့်၊ လူသားမျိုးနွယ်ကြားတွင် မိန်းမများ၏ တာဝန်များနှင့် ဝတ္တရားများအား ဖြည့်ဆည်းခွင့်ကို ပိတ်ပင်ရန်၊ လူသားမျိုးနွယ်ကြားတွင် ၎င်းတို့၏ အရည်အချင်းများနှင့် ထူးခြားသော ပါရမီများကို ပြသခွင့်ကိုလည်း ပိတ်ပင်ရန် ယင်းတို့ကို အသုံးပြုခြင်းအားဖြင့် စာတန်က အပုပ်ချနိုင်သည်။ ဥပမာ “အရှက်အကြောက်ကြီးသူ”၊ သို့မဟုတ် “မိန်းကလေးဆန်သော” ဆိုသကဲ့သို့သော ဝေါဟာရများကို မိန်းမများအား သရုပ်ဖော်ပြရန်၊ မိန်းမများအား တန်ဖိုးမရှိဟူ၍ နှိမ်ရန် မကြာခဏ အသုံးပြုကြသည်။ ဤသို့သော အခြား မည်သည့်စကားများ ရှိသေးသနည်း။ “မိန်းမလိုမိန်းမရနိုင်သော”၊ “လှတာမက်ရင် ညစာခက်မယ်”၊ “ရင်ကြီးသော မိန်းမရွှင်” စသည်ဖြင့်တို့အားလုံးသည် မိန်းမများကို စော်ကားသော ဝေါဟာရများဖြစ်သည်။ သင်သိမြင်ရသည့်အတိုင်းပင် ဤဝေါဟာရများသည် အမျိုးသမီးလိင်နှင့် ဆက်နွှယ်နေသော မိန်းမများ၏ ကွဲပြားသိသာသော လက္ခဏာများ၊ သို့မဟုတ် အမည်နာမများကို ညွှန်းဆိုခြင်းအားဖြင့် မိန်းမများကို စော်ကားရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ သိသာထင်ရှားစွာပင် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် မိန်းမများအား ယောက်ျားများဖြင့် လုံးဝပင် ကွဲပြားသည့် အမြင်ရှုထောင့်မှနေ၍လည်းကောင်း၊ လုံးဝ တန်းတူညီမျှခြင်း မရှိသည့် အမြင်ရှုထောင့်မှနေ၍လည်းကောင်း ကြည့်သည်။ ဤသည်မှာ တရားမမျှတခြင်းမဟုတ်သလော။ ဤသည်မှာ ယောက်ျားနှင့် မိန်းမကြား တန်းတူညီမျှမှု အခြေခံအုတ်မြစ်မှနေ၍ ပြောဆိုခြင်း၊ သို့မဟုတ် အမှုအရာများကို ရှုမြင်ခြင်းမဟုတ်ပေ။ ထိုထက် ဤသည်မှာ ယောက်ျား၏ သာလွန်မှုနှင့် ယောက်ျားနှင့် မိန်းမကြား လုံးဝ မညီမျှမှု၏ ရှုထောင့်မှနေ၍ မိန်းမများအား အထင်အမြင်သေးစွာ ကြည့်ခြင်းဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတွင်၊ သို့မဟုတ် လူသားများကြားတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်သက်ဆိုင်သော ပြဿနာအမျိုးမျိုးကို ဖော်ပြရန်အတွက် အမျိုးသမီးများအတွက် ကွဲပြားသိသာသော မိန်းမလက္ခဏာများနှင့် အမည်နာမများကို ရည်ညွှန်းသည့် ဝေါဟာရများစွာ ထွက်ပေါ်လာသည်။ ဥပမာ ငါတို့ ယခုပြောခဲ့သည့် “အရှက်အကြောက်ကြီးသူ”၊ “မိန်းကလေးဆန်သော”၊ “မိန်းမလိုမိန်းမရနိုင်သော”နှင့်၊ “လှတာမက်ရင် ညစာခက်မယ်”၊ “ရင်ကြီးသော မိန်းမရွှင်”ဆိုသည့် ဖော်ပြမှုများသည် မိန်းမများကို သရုပ်ဖော်ပြပြီး ပစ်မှတ်ထားဖို့ရန်သာမကဘဲ အမျိုးသမီးလက္ခဏာများနှင့် အမျိုးသမီးလိင်နှင့် ဆက်စပ်သည့် ဝေါဟာရများကို အသုံးပြုလျက် ၎င်းတို့ စက်ဆုပ်ရွံရှာသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လှောင်ပြောင်ရန်၊ နှိမ့်ချရန်၊ မြင်သာအောင်ပြရန်အတွက်လည်း ဖြစ်သည်။ တစ်စုံတစ်ယောက်အား လူ့သဘာဝကင်းမဲ့ကြောင်း ဖော်ပြသည့်အခါတွင် ကဲ့သို့ဖြစ်သည်။ ဤလူသည် ဝံပုလွေ၏ နှလုံးနှင့် ခွေး၏ အဆုပ်ရှိသည်ဟု ပြောကောင်းပြောနိုင်သည်။ ဝံပုလွေ၏ နှလုံးဖြစ်စေ၊ ခွေး၏ အဆုပ်ဖြစ်စေ နှစ်မျိုးလုံးက ကောင်းသောအရာများမဟုတ်ဟု လူတို့က ထင်သောကြောင့် လူ့သဘာဝပျောက်ဆုံးနေသောသူတစ်ယောက်က မည်မျှ ယုတ်မာသည်ကို ဖော်ပြရန် ဤအရာနှစ်ခုလုံးကို အတူတကွ ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ အလားတူပင် လူသားများသည် မိန်းမများကို စက်ဆုပ်ရွံရှာပြီး မိန်းမများ၏ ဖြစ်တည်မှုကို အလေးမထားသောကြောင့် ၎င်းတို့ စက်ဆုပ်ရွံရှာသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သရုပ်ဖော်ပြရန်အတွက် မိန်းမများနှင့် သက်ဆိုင်သော ဝေါဟာရအချို့ကို အသုံးပြုကြသည်။ ဤသည်မှာ ရှင်းလင်းစွာပင် အမျိုးသမီးလိင်ကို နှိမ်ချခြင်းဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) မည်သို့ပင်ဖြစ်စေ လူသားမျိုးနွယ်နှင့် လူ့အဖွဲ့အစည်းက မိန်းမများကို မှတ်ယူသည့်၊ အဓိပ္ပာယ်သတ်မှတ်သည့် နည်းလမ်းသည် မမျှတဘဲ အမှန်တရားများနှင့် ဆန့်ကျင်နေသည်။ အချုပ်အားဖြင့် မိန်းမများအပေါ် လူသားမျိုးနွယ်၏ သဘောထားကို စကားနှစ်လုံးဖြင့် ဖော်ပြနိုင်သည်။ အတိအကျဆိုရလျှင် “အပုပ်ချခြင်း”နှင် “ဖိနှိပ်ချုပ်ချယ်ခြင်း” ဖြစ်သည်။ မိန်းမများကို လူ့အဖွဲ့အစည်း၌ ကဏ္ဍတစ်ခုခုတွင် ပါဝင်ဖို့ မဆိုထားနှင့် ထကြွပြီး အမှုအရာများကို လုပ်ဆောင်ခွင့်ပင် မပြုသကဲ့သို့ လူမှုဆိုင်ရာ တာဝန်များနှင့် ဝတ္တရားများ တစ်ခုတလေကို ဖြည့်ဆည်းခွင့်လည်း မပြုပေ။ အချုပ်အားဖြင့်ဆိုလျှင် မိန်းမများကို လူ့အဖွဲ့အစည်းတွင် မည်သည့်အလုပ်ကိုမျှ ပါဝင်လုပ်ကိုင်ရန် အိမ်ပြင်သို့ ထွက်ခွင့်မပေးပေ။ ဤသည်မှာ မိန်းမများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်သည်။ မိန်းမများကို လွတ်လပ်စွာ ပြုမူဆောင်ရွက်ခွင့်ပြုဖို့ မဆိုထားနှင့် လွတ်လပ်စွာ စိတ်ကူးခွင့်ပင်မပေးသကဲ့သို့ လွတ်လပ်စွာ ပြောဆိုခွင့်လည်း မပေးပေ။ မိန်းမများအား ၎င်းတို့ လုပ်ဆောင်သင့်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ခွင့်မပြုပေ။ ဤသည်မှာ မိန်းမများကို ဖိနှိပ်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ရိုးရာယဉ်ကျေးမှုက မိန်းမများကို ဖိနှိပ်ခြင်းသည် ၎င်းတို့အပေါ် သတ်မှတ်သည့် ကိုယ်ကျင့်တရား အပြုအမူအတွက် သတ်မှတ်ချက်များမှတစ်ဆင့် ထင်ရှားသည်။ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် လူ့အသိုင်းအဝိုင်းက မိန်းမများအပေါ် ထားရှိသည့် အမျိုးမျိုးသော သတ်မှတ်ချက်များကို ကြည့်လျှင် မိန်းမများကို ဖိနှိပ်ခြင်းသည် လူ့အသိုင်းအဝိုင်း စတင်ဖြစ်ပေါ်ပြီး လူတို့က လိင်များကြားတွင် ရှင်းလင်းသော ခွဲခြားမှုများ ဖန်တီးသောအချိန်၌ တရားဝင် စတင်ဖြစ်ပေါ်သည်။ ယင်းသည် မည်သည့်အချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိသနည်း။ မိန်းမများအား ဖိနှိပ်ခြင်းသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ အမျိုးမျိုးသော ဆိုရိုးစကားများနှင့် သတ်မှတ်ချက်များ တဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီးနောက်တွင် အထွတ်အထိပ်သို့ ရောက်ရှိသည်။ ရေးသားထားသော စည်းမျဉ်းစည်းကမ်းများနှင့် တိကျပြတ်သားသော ဆိုရိုးစကားများရှိသောကြောင့် လူ့အဖွဲ့အစည်းတွင်ရှိသော ဤစည်းမျဉ်းစည်းကမ်းများနှင့် တိကျပြတ်သားသော ဆိုရိုးစကားများသည် အများပြည်သူ၏ ထင်မြင်ချက်ကို ပုံသွင်းခဲ့ပြီး အင်အားစု အမျိုးအစားတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ဤအများပြည်သူ၏ ထင်မြင်ချက်နှင့် ဤအင်အားစုသည် မိန်းမများအတွက်၊ မိမိတို့၏ ကံကြမ္မာကိုသာ လက်ခံနိုင်သောသူတို့အတွက် ရှောင်လွှဲ၍မရနိုင်သော လှောင်အိမ်နှင့် အချုပ်အနှောင်မျိုး ဖြစ်လာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းမများသည် လူသားမျိုးနွယ်ထဲတွင်၊ မတူညီသော လူ့အဖွဲ့အစည်း ခေတ်ကာလတွင် အသက်ရှင်နေထိုင်ရာ၌ တရားမမျှတမှုကိုသာ ခါးစီးခံပြီး စော်ကားမှုများကိုသာ ခံစားရနိုင်သောကြောင့်၊ မိမိတို့ကိုယ်ကို အညွန့်ချိုးပြီး လူ့အဖွဲ့အစည်းအတွက်လည်းကောင်း၊ ယောက်ျားများအတွက်ပင်လည်းကောင်း အစေခံ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ ယနေ့အထိ ကိုယ်ကျင့်တရား အပြုအမူ၏ အကြောင်းအရာနှင့်ပတ်သက်၍ တင်ပြခဲ့သည့် ကြာရှည်စွာ တည်မြဲနေသော၊ ရှေးကျသော အယူအဆနှင့် ဆိုရိုးစကားများသည် ယောက်ျားများအပါအဝင်၊ မိန်းမများလည်း အမှန်ပင် ပါဝင်သည့် ခေတ်သစ်လူ့အဖွဲ့အစည်းအား အလွန်အမင်း လွှမ်းမိုးဆဲဖြစ်လေသည်။ မိန်းမများသည် မိမိတို့ကိုယ်ကို ဘောင်ခတ်ရန်အတွက် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် လူ့အဖွဲ့အစည်း၏ ထင်မြင်ချက်များကို အမှုမဲ့အမှတ်မဲ့ဖြင့်တစ်မျိုး သတိမထားမိဘဲနှင့်တစ်ဖုံး အကြမ်းဖျင်းအနေဖြင့် အသုံးပြုကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤအချုပ်အနှောင်များနှင့် လှောင်အိမ်များမှ ရုန်းထွက်လွတ်မြောက်ရန် မသိစိတ်မှနေ၍ ရုန်းကန်ကြိုးစားနေသည်မှာလည်း မှန်သည်။ သို့ရာတွင် လူတို့သည် လူ့အဖွဲ့အစည်းတွင်ရှိသော အများပြည်သူထင်မြင်ချက်၏ ဤစွမ်းအားကြီးသော အင်အားကို လုံးဝ ခံနိုင်ရည်မရှိသောကြောင့်ဖြစ်စေ၊ ပို၍ အတိအကျဆိုရလျှင် လူသားများသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဆိုရိုးစကားအမျိုးမျိုး၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့်ဖြစ်စေ ၎င်းတို့သည် ဤအချုပ်အနှောင်များနှင့် လှောင်အိမ်များကို ရုန်းထွက်ပြီး လွတ်မြောက်ရန် တောင့်တသော်လည်း ထိုသို့ မလုပ်နိုင်ကြပေ။ ခံစားချက်ရဖြစ်သော အမြင်မှကြည့်လျှင် ယင်းမှာ လူတို့သည် ဤပြဿနာများကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့်ဖြစ်သည်။ အရှိအတိုင်းဖြစ်သော အမြင်ဖြင့် ကြည့်လျှင် လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သကဲ့သို့ လူတို့ကို ဖန်ဆင်းရာတွင် ဖန်ဆင်းရှင်၏ အဓိပ္ပာယ်က အတိအကျ မည်သည့်အရာ ဖြစ်သည်ဆိုသည်ကိုလည်း နားမလည်သောကြောင့်ဖြစ်သည်၊ သို့မဟုတ် ဖန်ဆင်းရှင်က ယောက်ျားနှင့် မိန်းမဗီဇများကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို လူတို့ နားမလည်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယောက်ျားနှင့် မိန်းမနှစ်မျိုးလုံးသည် လူမှုဆိုင်ရာ ကိုယ်ကျင့်တရား၏ ဤကျယ်ပြန့်သောဘောင်အတွင်းတွင် နေထိုင်ပြီး ဆက်လက် တည်ရှိနေသည်။ ပြီးလျှင် ၎င်းတို့သည် ဤကျယ်ပြန့်သော လူမှုပတ်ဝန်းကျင်အတွင်းတွင် မည်မျှကြိုးစားရုန်းကန်ပါစေ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၊ လူတစ်ယောက်ချင်းစီ၏ စိတ်တွင် မမြင်နိုင်သော အချုပ်အနှောင်များဖြစ်လာသည့် ဆိုရိုးစကားများ၏ ချည်နှောင်မှုများမှ မလွတ်မြောက်နိုင်သေးပေ။

ရိုးရာယဉ်ကျေးမှုတွင် မိန်းမများကို ဖိနှိပ်သော ထိုဆိုရိုးစကားများသည် မမြင်နိုင်သော အချုပ်အနှောင်များကဲ့သို့ဖြစ်သည်။ မိန်းမများအတွက်သာမဟုတ်ဘဲ ယောက်ျားများအတွက်လည်း ဖြစ်သည်မှာ ပြောစရာမလိုချေ။ အဘယ်ကြောင့် ငါ ဤသို့ ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ယောက်ျားများသည် လူသားမျိုးနွယ်ကြားတွင် မွေးဖွားပြီးနောက် ဤလူ့အဖွဲ့အစည်း၏ တန်းတူအရေးကြီးသော အဖွဲ့ဝင်များအနေဖြင့် ဤကိုယ်ကျင့်တရား အပြုအမူ၏ ရိုးရာယဉ်ကျေးမှုများအားဖြင့် စွဲမှတ်အောင် သွန်သင်ခြင်းနှင့် လွှမ်းမိုးခြင်းကို အလားတူခံရသောကြောင့်ဖြစ်သည်။ ဤအရာများသည် ယောက်ျားတိုင်း၏ စိတ်ထဲတွင်လည်း နက်နဲစွာ အမြစ်တွယ်နေသည်။ ပြီးလျှင် ယောက်ျားအားလုံးသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းနှင့် ချည်နှောင်ခြင်းကို အမှုမဲ့အမှတ်မဲ့ ခံနေရသည်။ ဥပမာ ယောက်ျားများသည်လည်း “အရှက်အကြောက်ကြီးသူ”၊ “မိန်းမတစ်ယောက်တွင်ရှိသော အကျင့်ကောင်းသည် အရည်အချင်းမရှိခြင်း ဖြစ်သည်”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်၊ ကြင်နာရမည်၊ နူးညံ့သိမ်မွေ့ရမည်၊ ကိုယ်ကျင့်တရားရှိရမည်”၊ “မိန်းမများသည် ကာမကို ရှောင်ကြဉ်သင့်သည်”တို့ကဲ့သို့သော စကားအသုံးအနှုန်းများကို ခိုင်မာစွာ ယုံကြည်ကြပြီး မိန်းမများကဲ့သို့ပင် ဤရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သောအရာများ၏ ဘောင်ခတ်ခြင်းကို အလွန်ပင် ခံထားရသည်။ တစ်ဖက်တွင် မိန်းမများကို ဖိနှိပ်သည့် ဤဆိုရိုးစကားများသည် ယောက်ျားများ၏ အဆင့်အတန်းအတွက် အလွန်အကျိုးအမြတ်ရှိပြီး ယင်းကို မြှင့်တင်ရာတွင် ကူညီပေးသည်။ ပြီးလျှင် လူ့အဖွဲ့အစည်းတွင် ယောက်ျားများသည် ဤအကြောင်းအရာနှင့်ပတ်သက်၍ အများပြည်သူထင်မြင်ချက်ဖြင့် ကူညီပံ့ပိုးခြင်းကို အလွန်အမင်းရရှိသည်ဆိုသည်ကို ဤအရာမှနေ၍ မြင်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် မိန်းမများကို ဖိနှိပ်သော ဤထင်မြင်ချက်များနှင့် စကားအသုံးအနှုန်းများကို လိုလိုလားလား လက်ခံကြသည်။ တစ်ဖက်တွင် ယောက်ျားများသည်လည်း ကိုယ်ကျင့်တရား အပြုအမူနှင့်သက်ဆိုင်သော ဤရိုးရာယဉ်ကျေးမှုများကြောင့် အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို ခံရသည်။ ထို့ကြောင့် မိန်းမများအပြင် ယောက်ျားများသည် ရိုးရာယဉ်ကျေးမှု၏ ခေတ်ရေစီးကြောင်း၏ အခြားသားကောင်များဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ “ယေဘူယျအားဖြင့် လူ့အဖွဲ့အစည်းသည် ယောက်ျားများ၏ အခွင့်အရေးကို ထောက်ခံအားပေးသည်၊ ထို့ကြောင့် ယောက်ျားများသည်လည်း သားကောင်များဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း” ဟု ပြောသောသူအချို့ရှိသည်။ ဤအရာကို လူသားမျိုးနွယ်သည် ကိုယ်ကျင့်တရား အပြုအမူနှင့် သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု၏ သွေးဆောင်ခြင်း၊ အလွဲညွှန်ကြားပေးခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထုံထိုင်းစေခြင်းနှင့် ဘောင်ခတ်ခြင်းကို ခံရသည့် အမြင်ရှုထောင့်မှတစ်ဆင့် ရှုမြင်ခြင်း ဖြစ်ရမည်။ မိန်းမများသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ အယူအဆများ၏ အလွန်အမင်း ထိခိုက်ခြင်းကို ခံရသကဲ့သို့ ယောက်ျားများသည်လည်း အလားတူပင် အလွန်အမင်း အထင်အမြင်မှားစေခြင်းကို ခံရပြီး ကြီးစွာ ဒုက္ခခံရသည်။ “အထင်အမြင်မှားစေခြင်း” ဆိုသည်မှာ အခြားသဘောတရားအားဖြင့် မည်သို့အဓိပ္ပာယ်ရသနည်း။ လူတို့သည် ယောက်ျားများကို အကဲဖြတ်ပြီး မိန်းမများကို အဓိပ္ပာယ်သတ်မှတ်ရန် မှန်ကန်သော အမြင်ရှုထောင့်မရှိဟု ဆိုလိုသည်။ ၎င်းတို့သည် ဤအရာများကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ အားလုံးက ရိုးရာယဉ်ကျေးမှုအပေါ်တွင် အခြေခံသည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားများ၊ သို့မဟုတ် လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖော်ထုတ်ခဲ့သော စည်းကမ်းနှင့် ဥပဒေအမျိုးမျိုးအပေါ်တွင် အခြေခံခြင်းမဟုတ်သကဲ့သို့ လူသားမျိုးနွယ်ကို ဘုရားသခင် ထုတ်ဖော်ပြခဲ့သည့် အပြုသဘောဆောင်သော အရာများအပေါ်လည်း အခြေခံခြင်းမရှိပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ယောက်ျားများသည်လည်း ရိုးရာယဉ်ကျေးမှု၏ သွေးဆောင်ခြင်း၊ အလွဲညွှန်ကြားခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထုံထိုင်းစေခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို ခံရသော သားကောင်များဖြစ်သည်။ ထို့ကြောင့် မိန်းမများက လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းမရှိရုံဖြင့် ယောက်ျားများသည် မိန်းမများအား ကမ်းကုန်အောင် သနားစရာကောင်းသည်ဟူ၍ မထင်မြင်သင့်ပေ။ ပြီးလျှင် ၎င်းတို့၏ လူမှုအဆင့်အတန်းသည် မိန်းမများထက် မြင့်ရုံကြောင့် မိမိကိုယ်ကို အားရကျေနပ်ခြင်းမရှိသင့်ပေ။ အလွန်လျင်မြန်စွာ ဝမ်းမြောက်ခြင်းမရှိနှင့်။ အမှန်တကယ်တွင် ယောက်ျားများသည်လည်း အလွန်သနားစဖွယ် ဖြစ်သည်။ မိန်းမများနှင့် ယှဉ်ကြည့်လျှင် ၎င်းတို့သည် တန်းတူညီစွာပင် သနားစဖွယ်ဖြစ်သည်။ ၎င်းတို့အားလုံးသည် တန်းတူညီစွာ သနားစဖွယ်ဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ယောက်ျားများအပေါ် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အကဲဖြတ်ချက်နှင့် ယောက်ျားများအား ချပေးသော တာဝန်အချို့ကို နောက်တစ်ခေါက် ကြည့်ကြစို့။ “အကြင်သူသည် ချမ်းသာကြွယ်မှုကြောင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းကြောင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုကြောင့် အလျှော့မပေးသင့်”ဟူသော ယခင်တစ်ခေါက်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ယောက်ျားများအပေါ် လူသားမျိုးနွယ်၏ သတ်မှတ်ချက်နှင့်ပတ်သက်၍ ဤသတ်မှတ်ချက်၏ အဆုံးစွန်ပန်းတိုင်မှာ ယောက်ျားများအား ယောက်ျားပီသသော၊ သန်မာသော ယောက်ျားများအဖြစ် အဓိပ္ပာယ်သတ်မှတ်ရန်ဖြစ်သည်။ ဤသည်မှာ ယောက်ျားများအတွက် စံသတ်မှတ်ချက်ဖြစ်သည်။ “ယောက်ျားပီသသော၊ သန်မာသော ယောက်ျား” ဟူသည့် ဤသတ်မှတ်ချက်ကို ယောက်ျားတစ်ယောက်၏ ပခုံးပေါ်သို့ ချထားလိုက်သည်နှင့် သူသည် ထိုဂုဏ်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသွားသည်။ ပြီးလျှင် သူက အမှန်တကယ် လိုက်နာဆောင်ရွက်လိုလျှင် သူသည် ပုံမှန်လူ့သဘာဝကို ဆန့်ကျင်သည့်ပုံစံဖြင့် အဓိပ္ပာယ်မရှိသော စွန့်လွှတ်မှုများစွာကို ပြုလုပ်ပြီး အမှုအရာများစွာကို လုပ်ဆောင်ရမည်။ ဥပမာ သင်သည် ယောက်ျားတစ်ယောက်ဖြစ်ပြီး ယောက်ျားပီသသော၊ သန်မာသော ယောက်ျားအဖြစ် လူ့အဖွဲ့အစည်းက အသိအမှတ်ပြုစေလိုလျှင် သင်သည် မည်သည့်အားနည်းချက်မျှ မရှိရပေ။ မည်သည့်ပုံစံနှင့်မျှ တွန့်ဆုတ်၍မရပေ။ ခိုင်မာသော စိတ်ဓာတ်ရှိရမည်။ ပင်ပန်းသည်ဟု ညည်းညူ၍မရပေ။ မငိုရပေ၊ သို့မဟုတ် မည်သည့် လူ့အားနည်းချက်ကိုမျှ မပြရပေ။ ဝမ်းနည်း၍ပင် မရပေ။ ပြီးလျှင် အချောင်မခိုရပေ။ သင်၏ မျက်လုံးသည် အချိန်ပြည့် ဝင်းလက်နေရမည်။ စိတ်ပိုင်းဖြတ်ထားသော၊ ကြောက်ရွံ့မှုမရှိသော အကြည့်ရှိရမည်။ ပြီးလျှင် သင်သည် သင်၏ ရန်သူများအပေါ် ဒေါသများ ပြည့်နှက်နေနိုင်ရမည်။ “ယောက်ျားပီသသော၊ သန်မာသော ယောက်ျား” ဆိုသည့် ဂုဏ်ပုဒ်အတိုင်း လုပ်ဆောင်နိုင်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဤဘဝတွင် အားတင်းပြီး မားမားမတ်မတ်ရပ်တည်ရမည်။ သင်သည် သာမန်မျှဖြစ်သော၊ ပုံမှန်သာဖြစ်သော၊ အတွေ့ရများသော၊ သို့မဟုတ် ထူးခြားမှုမရှိသောသူမဖြစ်ရပေ။ သင်သည် “ယောက်ျားပီသသော၊ သန်မာသော ယောက်ျား” ဟူ၍ သတ်မှတ်ခံရဖို့ ထိုက်တန်ရန်အတွက် သေမျိုးဖြစ်ခြင်းသက်သက်ထက် ကျော်လွန်ပြီး ထူးကဲသော စိတ်စွမ်းအား၊ ထူးကဲသော ဇွဲလုံ့လ၊ ခံနိုင်ရည်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို ပိုင်ဆိုင်သည့် သာမန်လူထက်ပို၍ အစွမ်းရှိသောလူသားဖြစ်ရမည်။ ဤသည်မှာ ယောက်ျားများအပေါ် ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်များထဲမှ တစ်ခုသာဖြစ်သည်။ ဆိုလိုသည်မှာ ယောက်ျားများသည် လျှောက်သွား၍ သောက်စားနိုင်သည်၊ မတရားမေထုန်မှီဝဲနိုင်သည်၊ ပြီးလျှင် လောင်းစားလုပ်နိုင်သည်။ သို့သော်လည်း ၎င်းတို့သည် မိန်းမများထက်ပို၍ သန်မာပြီး အလွန့်အလွန် ခိုင်မာသော စိတ်စွမ်းအားရှိရမည်။ သင့်အပါ်သို့ မည်သည့်အရာကျရောက်ပါစေ အလျှော့မပေးရပေ။ နောက်မတွန့်ရပေ။ မငြင်းဆန်ရပေ။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သို့မဟုတ် သတ္တိနည်းခြင်းတို့ကို မပြရပေ။ သင်သည် ဤ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များကို ကွယ်ဝှက်ပြီး ဖုံးအုပ်ထားရမည်။ မည်သည့်နည်းနှင့်မျှ ဖွင့်မပြရသကဲ့သို့ မည်သူ့ကိုမျှလည်း မြင်တွေ့ခွင့်မပြုရပေ။ သင်၏ မိဘအရင်းများ၊ အနီးစပ်ဆုံး ဆွေမျိုးများ၊ သို့မဟုတ် သင်အချစ်ဆုံးသောလူများကိုပင် မြင်ခွင့်မပြုရပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားတစ်ယောက် ဖြစ်လိုသောကြောင့်ဖြစ်သည်။ ယောက်ျားပီသသော၊ သန်မာသော ယောက်ျားများ၏ အခြား စရိုက်လက္ခဏာတစ်ခုမှာ မည်သူကမျှဖြစ်စေ၊ မည်သည့်ဖြစ်ရပ်ဖြစ်စေ၊ မည်သည့်အမှုအရာဖြစ်စေ ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်ကို ဖျက်လိုဖျက်ဆီး မလုပ်နိုင်ခြင်းဖြစ်သည်။ ယောက်ျားတစ်ယောက်က တစ်စုံတစ်ခုကို လုပ်ဆောင်လိုသည့် အချိန်တိုင်းတွင် သူသည် သူ၏ နိုင်ငံကို အစေခံခြင်း၊ သူ၏ မိတ်ဆွေများအပေါ် သစ္စာစောင့်သိမှု ပြခြင်း၊ သို့မဟုတ် သူ၏ မိတ်ဆွေများအတွက် အသက်စွန့်ခြင်းတို့ကဲ့သို့သော ပြင်းပြသော ဆန္ဒများ၊ စံသတ်မှတ်ချက်များ၊ သို့မဟုတ် လိုအင်ဆန္ဒများ တစ်ခုခုရှိသောအခါ၊ သို့မဟုတ် မည်သည့် အသက်မွေးအလုပ်ကို သူလုပ်ဆောင်လိုသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ရည်မှန်းချက် ရှိသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မည်သူကမျှ သူ့ကို ဆွဲမထားနိုင်ပေ။ ပြီးလျှင် မိန်းမများအပေါ် သူ၏ ချစ်ခြင်း၊ သွေးသားတော်စပ်ခြင်း၊ မိသားစု၊ သို့မဟုတ် လူမှုတာဝန်များက သူ၏ စိတ်ပိုင်းဖြတ်ချက်ကို မပြောင်းလဲနိုင်သကဲ့သို့ သူ၏ ပြင်းပြသော ဆန္ဒများ၊ စံသတ်မှတ်ချက်များနှင့် လိုအင်ဆန္ဒများကိုလည်း စွန့်လွှတ်အောင် မပြုလုပ်နိုင်ပေ။ သူ၏ စိတ်ပိုင်းဖြတ်ချက်၊ သူ ရရှိရန် ဆန္ဒပြင်းပြသော ပန်းတိုင်များ၊ သို့မဟုတ် သူလျှောက်လိုသည့် လမ်းကြောင်းတို့ကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ တစ်ချိန်တည်းတွင် သူသည် မည်သည့်အချိန်အခိုက်အတန့်တွင်မဆို သက်သောင့်သက်သာ မနေရန်လည်း သူ့ကိုယ်သူ သတ်မှတ်သင့်သည်။ သူသည် သက်သောင့်သက်သာဖြစ်ကာ စိတ်ဖြေလျှော့ပြီး သူ၏ မိသားစုတာဝန်များကို ဖြည့်ဆည်းခြင်း၊ သူ၏မိဘများအပေါ် သားကောင်းဖြစ်ခြင်း၊ သူ၏ သားသမီးများကို ပြုစုစောင့်ရှောက်ခြင်း၊ သာမန်လူတစ်ယောက်ဖြစ်ခြင်းတို့ကို ပြန်လည်လုပ်ဆောင်လိုသည့်အပြင် သူ၏ စံသတ်မှတ်ချက်များ၊ ပြင်းပြသော ဆန္ဒများ၊ သူလျှောက်လိုသည့် လမ်းကြောင်းနှင့် သူ ရရှိလိုသည့် ပန်းတိုင်များကို အရှုံးပေးခြင်းတို့ ရှိသည်နှင့် တစ်ပြိုင်နက် သူသည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားတစ်ယောက် ဖြစ်မည်မဟုတ်တော့ပေ။ သူသည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားတစ်ယောက် မဟုတ်လျှင် မည်သူဖြစ်သနည်း။ သူသည် အလွန် ပျော့ညံ့သော၊ အသုံးမကျသောသူ ဖြစ်လာသည်။ ယင်းတို့သည် လူ့အဖွဲ့အစည်းတစ်ခုလုံးက စက်ဆုပ်ရွံရှာသော စရိုက်လက္ခဏာများဖြစ်ပြီး သူကိုယ်တိုင်က စက်ဆုပ်ရွံရှာသော စရိုက်လက္ခဏာများလည်းဖြစ်သည်မှာ ပြောစရာမလိုပေ။ ယောက်ျားတစ်ယောက်သည် သူ၏ လုပ်ရပ်များနှင့် ပြုမူဆောင်ရွက်မှုတွင် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားတစ်ယောက်ဖြစ်ခြင်းအတွက် စံနှုန်းနှင့် မကိုက်ညီသော ပြဿနာများနှင့် အားနည်းချက်များရှိသည်ကို သတိထားမိသည်နှင့် သူသည် စိတ်အတွင်းတွင် သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာလိမ့်မည်။ ပြီးလျှင် သူသည် ဤလူ့အဖွဲ့အစည်းတွင် သူ့အတွက်နေရာမရှိ၊ သူ၏ အရည်အချင်းများကို ပြသရန်လမ်းကြောင်းမရှိ၊ သူသည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျား၊ သို့မဟုတ် ယောက်ျားတစ်ယောက်ဟူ၍ပင် ခေါ်ဆို၍ မရနိုင်ဟု ခံစားရသည်။ ယောက်ျားပီသသော၊ သန်မာသော ယောက်ျားများ၏ အခြား စရိုက်လက္ခဏာတစ်ခုမှာ ၎င်းတို့ကို အတင်းအဓမ္မပြုပြင်ပြောင်းလဲ၍ မရခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့်အစွမ်း၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် ထိုကဲ့သို့သောအရာများ၏ နှိပ်ကွပ်ခြင်းကို ၎င်းတို့ ခံရရန် မဖြစ်နိုင်သည့် စိတ်ဓာတ်တစ်မျိုးဖြစ်သည်။ ၎င်းတို့သည် မည်သည့်အစွမ်း၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် သေစေနိုင်သည့် အန္တရာယ်ကိုပင် ကြုံတွေ့ရပါစေ ဤသို့သော ယောက်ျားများသည် သေခြင်းကို မကြောက်ဘဲ ဆက်တိုက် ဖြစ်ပေါ်သော အခက်အခဲများကို ကျော်လွှားနိုင်သည်။ ၎င်းတို့သည် အကျပ်ကိုင်၍မရပေ၊ သို့မဟုတ် နာခံရန် ခြိမ်းခြောက်၍ မရပေ။ ၎င်းတို့သည် အသက်ရှင်ဖို့သက်သက်နှင့် မည်သည့်အင်အားစုကိုမျှ အလျှော့ပေးမည်မဟုတ်။ ၎င်းတို့သည် အလျှော့ပေးရန်အတွက် နှိမ့်ချမည်မဟုတ်ပေ။ ၎င်းတို့သည် တာဝန်၊ ဝတ္တရားတစ်ခုခု၊ သို့မဟုတ် အခြားအကြောင်းပြချက်တစ်ခုကြောင့် အာဏာ၊ သို့မဟုတ် မည်သည့်အင်အားစုမျိုးကိုမဆို မလွန်ဆန်နိုင်သည်နှင့်၊ ၎င်းတို့သည် အသက်ရှင်ကျန်ရစ်ပြီး ၎င်းတို့၏ အသက်ကို ရရှိလျှင်ပင် ၎င်းတို့ကို မြတ်နိုးကိုးကွယ်သည့် ကိုယ်ကျင့်တရား အပြုအမူနှင့်သက်ဆိုင်သော ရိုးရာယဉ်ကျေးမှုကြောင့် ၎င်းတို့၏ အပြုအမူကို ရွံရှာလိမ့်မည်။ ဂျပန်တွင်ရှိသော ဘူရှီဒို၏ ဝိညာဉ်သည် ဤအရာနှင့် အနည်းငယ်တူသည်။ သင်သည် ကျရှုံးသည်နှင့်၊ သို့မဟုတ် အရှက်ရသည်နှင့် သင်သည် မိမိ၏ ဗိုက်ကို ဓါးဖြင့်ထိုးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရမည်ဟု ခံစားရသည်။ အသက်ကို ရရှိရန်မှာ ဤမျှ လွယ်ကူသလော။ လူတို့သည် တစ်ကြိမ်သာ အသက်ရှင်သည်။ အသေးစား ကျရှုံးမှု၊ သို့မဟုတ် အနှောင့်အယှက်တစ်ခုကပင် သေခြင်းအား တွေးမိစေရန် လှုံ့ဆော်လျှင် ဤသည်မှာ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ပြဿနာတစ်ခုက ၎င်းတို့အပေါ်သို့ ကျရောက်ပြီး ၎င်းတို့က ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် မချနိုင်လျှင်လည်းကောင်း၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်များနှင့်ညီသော ရွေးချယ်မှုကို မပြုလုပ်နိုင်လျှင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ ဂုဏ်နှင့် ကိုယ်ကျင့်သိက္ခာကို သက်သေမပြနိုင်လျှင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့သည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားဖြစ်သည်ဟု သက်သေမပြနိုင်လျှင်လည်းကောင်း ၎င်းတို့သည် သေဖို့ရန် အားထုတ်ပြီး မိမိကိုယ်ကို သတ်သေလိမ့်မည်။ ယောက်ျားများက ဤအယူအဆများနှင့် အမြင်များကို ကိုင်စွဲနိုင်သည့် အကြောင်းရင်းသည် ရိုးရာယဉ်ကျေးမှု၏ ပြင်းထန်သော သက်ရောက်မှုကြောင့်ဖြစ်ပြီး ယင်းက ၎င်းတို့၏ အတွေးအခေါ်ကို ဘောင်ခတ်သည့်နည်းလမ်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို မခံရလျှင် မိမိကိုယ်ကိုသတ်သေသော၊ သို့မဟုတ် ဗိုက်ကို ဓားဖြင့်ထိုးပြီး သတ်သေသော ယောက်ျား များစွာရှိမည်မဟုတ်ပေ။ ယောက်ျားပီသသော၊ သန်မာသော ယောက်ျားအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်လျှင် ယောက်ျားများသည် ရိုးရာယဉ်ကျေးမှု၏ ဤအယူအဆများနှင့် အမြင်များကို အလွန်ပင် ပြတ်ပြတ်သားသား၊ ခိုင်ခိုင်မာမာ လက်ခံကြသည်။ မိမိတို့ကိုယ်ကို တိုင်းတာ၊ ကန့်သတ်ရန်ဖြစ်သော အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူကြသည်။ ပြီးလျှင် အခြားယောက်ျားများကိုလည်း တိုင်းတာကန့်သတ်ကြသည်။ ယောက်ျားများ၏ အတွေးများနှင့် အမြင်များ၊ စံသတ်မှတ်ချက်များ၊ ပန်းတိုင်များအပြင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းများကို အကဲဖြတ်ကြည့်လျှင် ဤအရာအားလုံးက ယောက်ျားအားလုံးသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းနှင့် အဆိပ်ခတ်ခြင်းကို အလွန်အမင်း ခံရကြောင်းကို သက်သေပြသည်။ သူရဲကောင်းဆန်သော စွန့်စားမှုများ၊ လှပသော ဒဏ္ဍာရီများနှင့်သက်ဆိုင်သော ပုံပြင်များစွာသည် ရိုးရာယဉ်ကျေးမှုက လူတို့၏ စိတ်ထဲတွင် အလွန်ပင် အမြစ်တွယ်နေပုံကို အမှန်တကယ် ပြသခြင်းဖြစ်သည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ယောက်ျားများသည် မိန်းမများကဲ့သို့ပင် ရိုးရာယဉ်ကျေးမှု၏ အဆိပ်ခတ်ခြင်းကို အလွန်အမင်း ခံရသလော။ ရိုးရာယဉ်ကျေးမှုသည် ယောက်ျားများနှင့် မိန်းမများအပေါ်တွင် မတူညီသော စံသတ်မှတ်ချက်များကိုသာ ချထားပြီး မိန်းမများကို အကန့်အသတ်မရှိ စော်ကားကာ အပုပ်ချ၍ ကန့်သတ်ပြီး ထိန်းချုပ်သော်ငြားလည်း ယောက်ျားများအား သတ္တိနည်းသူများ၊ သို့မဟုတ် သာမန်၊ ပုံမှန်လူများမဖြစ်ရန် အတင်းအဓမ္မ တိုက်တွန်းကာ သွေးဆောင်၍ သွေးထိုးပြီး လှုံ့ဆော်သည်။ ယောက်ျားများအတွက် သတ်မှတ်ချက်မှာ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိန်းမများနှင့် မတူညီရပေ။ မိန်းမများကို ကျော်လွန်ရမည်။ မိန်းမများ၏ အထက်တွင်ရှိရမည်။ မိန်းမများထက် မြင့်ရမည်။ ယောက်ျားများသည် လူ့အဖွဲ့အစည်းကို ထိန်းချုပ်ရမည်။ လူသားမျိုးနွယ်ကို ထိန်းချုပ်ရမည်။ လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများနှင့် ဦးတည်ချက်ကို ထိန်းချုပ်ရမည်။ ပြီးလျှင် လူ့အဖွဲ့အစည်းတွင်ရှိသော အရာရာတိုင်းကို ထိန်းချုပ်ရမည်။ ယောက်ျားများသည် လူ့အဖွဲ့အစည်းတွင် ဩဇာအာဏာအပြည့်အဝပင် ရှိရမည်။ လူ့အဖွဲ့အစည်းနှင့် လူသားများကို ထိန်းချုပ်ရန် ဩဇာအာဏာရှိရမည်။ ပြီးလျှင် ဤဩဇာအာဏာတွင် မိန်းမများအား အုပ်စိုးခြင်းနှင့် ထိန်းချုပ်ခြင်းလည်း ပါဝင်သည်။ ဤသည်မှာ ယောက်ျားများက လိုက်စားသင့်သည့်အရာဖြစ်သည်။ ယောက်ျားပီသသော၊ သန်မာသော ယောက်ျား၏ သူရဲကောင်းဆန်သော ပုံစံလည်း ဖြစ်သည်ဟူ၍ပင်တည်း။

လက်ရှိခေတ်ကာလတွင် နိုင်ငံများစွာသည် မိန်းမများနှင့် ကလေးများ၏ လူ့အခွင့်အရေးနှင့် အကျိုးစီးပွားများ အတော်အတန် အာမခံချက်ပေးသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများဖြစ်လာသည်။ ပြီးလျှင် လူတို့အပေါ် ဤရိုးရာယဉ်ကျေးမှုအယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးမှုနှင့် ဘောင်ခတ်မှုတို့သည် အလွန်သိသာခြင်း မရှိတော့ပေ။ အမှန်တကယ်ပင် မိန်းမများစွာသည် လူ့အဖွဲ့အစည်း၌ တိုးတက်ဖြစ်ထွန်းလာကြပြီး နယ်ပယ်များစွာနှင့် အလုပ်အကိုင်များစွာ၌ ၎င်းတို့၏ ပါဝင်မှုသည် တိုးပွားလာသည်။ သို့ရာတွင် ရိုးရာယဉ်ကျေးမှု၏ အယူအဆများသည် လူသားများ၏ စိတ်ထဲတွင် ကြာရှည်စွာ အလွန်အမြစ်တွယ်ခဲ့သောကြောင့်၊ မိန်းမများ၏ စိတ်တွင်သာမကဘဲ ယောက်ျားများ၏ စိတ်တွင်လည်း အမြစ်တွယ်သောကြောင့် ယောက်ျားနှင့် မိန်းမနှစ်မျိုးစလုံးသည် အမှုအရာအမျိုးမျိုးကို စဉ်းစားသောအချိန်နှင့် ချဉ်းကပ်သောအချိန်တွင် ရိုးရာယဉ်ကျေးမှု၏ အမြင်နှင့် ရှုထောင့်ကို အမှုမဲ့အမှတ်မဲ့ ခံယူကြသည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များ၏ လမ်းပြမှုအောက်တွင် အမျိုးမျိုးသော အသက်မွေးမှုများနှင့် အလုပ်များကိုလည်း တာဝန်ယူလုပ်ဆောင်ကြသည်မှာ ပြောစရာမလိုပေ။ ယခုခေတ် လူ့အဖွဲ့အစည်းတွင် ယောက်ျားနှင့် မိန်းမတို့ကြား တန်းတူညီမျှမှုက အတော်အတန် တိုးတက်လာသော်လည်း ရိုးရာယဉ်ကျေးမှုတွင်ရှိသော ယောက်ျား၏ သာလွန်မှုအယူအဆသည် လူတို့၏ စိတ်တွင် စိုးမိုးဆဲဖြစ်သည်။ ပြီးလျှင် နိုင်ငံအများစုတွင် ပညာရေးသည် အခြေခံအားဖြင့် ရိုးရာယဉ်ကျေးမှု၏ ဤအနှစ်ချုပ်အယူအဆများကို အခြေခံထားသည်။ ထို့ကြောင့် ဤလူ့အဖွဲ့အစည်းတွင် လူသားများသည် ပြဿနာအမျိုးမျိုးကို ပြောဆိုရန်အတွက် ဤရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားများကို အသုံးပြုခြင်း သိပ်မရှိတော့သော်လည်း ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ သဘောတရားဆိုင်ရာဘောင်အတွင်းတွင် အကျဉ်းကျနေဆဲဖြစ်သည်။ မိန်းမတစ်ယောက်အား ချီးမွမ်းခြင်းနှင့်ပတ်သက်ပြီး ခေတ်သစ်လူ့အဖွဲ့အစည်းတွင် မည်သည့်ဝေါဟာရမျိုးရှိသနည်း။ ဥပမာ “ယောက်ျားဆန်သော မိန်းမ”နှင့် “ဩဇာကြီးမားသော မိန်းမ” တို့ဖြစ်သည်။ ဤသို့ ခေါ်ခြင်းသည် လေးစားသော ပုံစံဖြစ်သလော၊ သို့မဟုတ် နှိမ်ချသောပုံစံဖြစ်သလော။ “တစ်စုံတစ်ယောက်က ငါ့အား ယောက်ျားဆန်သော မိန်းမဟု ခေါ်သည်၊ ယင်းမှာ အလွန်မြှောက်ပင့်သည်ဟု ငါထင်သည်။ အဘယ်သို့နည်း။ ငါသည် ယောက်ျားထုကြီးနှင့် တစ်သားတည်း ဖြစ်သွားပြီး ငါ၏ အဆင့်အတန်းက မြင့်တက်သွားသည်။ ငါသည် မိန်းမတစ်ယောက် ဖြစ်သော်လည်း ‘ယောက်ျားဆန်သော’ ဟူသည့် စကားကို ဖြည့်စွက်ခြင်းအားဖြင့် ငါသည် ယောက်ျားဆန်သော မိန်းမဖြစ်လာသည်၊ ဤသို့ဆိုလျှင် ငါသည် ယောက်ျားများနှင့် တန်းတူညီသောသူတစ်ယောက် ဖြစ်လာနိုင်သည်၊ ဤသည်မှာ ဂုဏ်ယူစရာကိစ္စမျိုးဖြစ်သည်” ဟု ပြောသော မိန်းမများ ရှိသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင်ရှိသော အသိုင်းအဝိုင်းတစ်ခု၊ သို့မဟုတ် အုပ်စုတစ်စုက ဤမိန်းမကို အသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းကဲ့သို့ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန်ပင် ဂုဏ်ယူဖွယ်ဖြစ်သည် မဟုတ်လော။ မိန်းမတစ်ယောက်သည် ယောက်ျားဆန်သော မိန်းမဟု ဖော်ပြခြင်းခံရလျှင် ဤမိန်းမသည် အလွန်စွမ်းဆောင်ရည်ရှိသည်ဟုလည်းကောင်း၊ ယောက်ျားများအောက် မနိမ့်ကျဘဲ ယောက်ျားများနှင့် တူညီသည်ဟုလည်းကောင်း၊ သူမ၏ အသက်မွေးအလုပ်၊ ပင်ကိုစွမ်းရည်များနှင့် သူမ၏ လူမှုအဆင့်အတန်း၊ သူမ၏ ဉာဏ်ရည်နှင့် လူ့အဖွဲ့အစည်းတွင် အခြေချသော နည်းလမ်းများသည် ယောက်ျားများနှင့် ယှဉ်ဖို့ လုံလောက်သည်ဟုလည်းကောင်း သက်သေပြသည်။ ငါမြင်သည့်ပုံစံမှာ မိန်းမအများစုအတွက် “ယောက်ျားဆန်သော မိန်းမ” ဆိုသည့် သတ်မှတ်ချက်သည် လူ့အဖွဲ့အစည်း၏ ဆုလာဘ်တစ်ခုဖြစ်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းက မိန်းမများအားပေးသော လူမှုအဆင့်အတန်း၏ အသိအမှတ်ပြုခြင်းတစ်ခု ဖြစ်သည်။ မိန်းမတိုင်းက ယောက်ျားဆန်သော မိန်းမ ဖြစ်လိုသလော။ ဤသတ်မှတ်ချက်က မကောင်းသော်လည်း အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ မိန်းမတစ်ယောက်အား ယောက်ျားဆန်သည်ဟု ဆိုခြင်းသည် သူမအား အလွန်အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်သည့်အတွက် သေချာပေါက် ချီးမွမ်းခြင်းဖြစ်သည်။ ပြီးလျှင် ယောက်ျားများ၏ အမြင်တွင် သူမအား ထောက်ခံခြင်းဖြစ်သည်။ ယောက်ျားများအတွက် သတ်မှတ်ချက်များနှင့်ပတ်သက်လျှင် လူတို့သည် မည်သည့်အခါမျှ မပြောင်းလဲသော ရိုးရာအယူအဆများကို ကိုင်စွဲထားဆဲဖြစ်သည်။ ဥပမာ ယောက်ျားအချို့သည် အလုပ်ကို အာရုံစိုက်ခြင်းမရှိသကဲ့သို့ အာဏာ၊ သို့မဟုတ် အဆင့်အတန်းနောက်သို့ မလိုက်ဘဲ ၎င်းတို့၏ လက်ရှိအခြေအနေကို လက်ခံသည်။ ပြီးလျှင် ၎င်းတို့၏ သာမန်အလုပ်နှင့် ဘဝဖြင့် ကျေနပ်ရောင့်ရဲပြီး ၎င်းတို့၏ မိသားစုကို အလွန်ပင် ဂရုစိုက်သည်။ ဤသို့သောယောက်ျားများကို လူ့အဖွဲ့အစည်းက မည်သည့်နာမည်မျိုးပေးသနည်း။ ဤသို့သော ယောက်ျားများကို အသုံးမကျသောသူများအဖြစ် ဖော်ပြသလော။ (ဖော်ပြပါသည်။) ယောက်ျားအချို့မှာ ၎င်းတို့၏ စီးပွားရေးကို လုပ်ဆောင်ရာတွင် အလွန်နှံ့စပ်ပြီး စေ့စပ်သည်။ တစ်ဆင့်ချင်းလုပ်ဆောင်ပြီး သတိကြီးစွာ လုပ်ဆောင်သည်။ လူအချို့က ၎င်းတို့ကို အဘယ်သို့ ခေါ်သနည်း။ “အနည်းငယ် မိန်းမဆန်သည်”၊ သို့မဟုတ် “အရှက်အကြောက်ကြီးသူ” ဟူ၍ဖြစ်သည်။ သင် မြင်သလော။ ယောက်ျားများသည် ညစ်ညမ်းသောစကားများကို အသုံးပြုပြီး စော်ကားခြင်းကို မခံရဘဲ မိန်းမများနှင့်ပတ်သက်သော ဖော်ပြချက်များကို အသုံးပြုပြီး စော်ကားခြင်းခံရသည်။ လူတို့သည် မိန်းမလိင်ကို မြှင့်တင်လိုလျှင် မိန်းမတစ်ယောက်၏ အဆင့်အတန်းကို မြှင့်တင်ပြီး ၎င်းတို့၏ အရည်အချင်းကို အတည်ပြုရန်အတွက် “ယောက်ျားဆန်သော မိန်းမ”၊ “ဩဇာကြီးမားသော မိန်းမ”ဟူသကဲ့သို့သော ဝေါဟာရများကို အသုံးပြုကြသည်။ “အရှက်အကြောက်ကြီးသူ” ဆိုသကဲ့သို့သော ဝေါဟာရမျိုးကိုမူ ယောက်ျားများအား အပုပ်ချပြီး ယောက်ျားမပီသသည့်အတွက် ပြစ်တင်ကြိမ်းမောင်းရန် အသုံးပြုသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသော ဖြစ်ရပ်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) ခေတ်ပေါ် လူ့အဖွဲ့အစည်းတွင် ထွက်ပေါ်လာသော ဤဆိုရိုးစကားများသည် ပြဿနာတစ်ခုကို သက်သေပြသည်။ ယင်းမှာ ရိုးရာယဉ်ကျေးမှုသည် ခေတ်သစ်လူနေမှုဘဝထံမှ ဖယ်ရှားပြီး ဖြစ်ပုံရသော်လည်း၊ လူတို့၏စိတ်ဖြင့် အလွန်ဝေးသော်လည်း၊ လူတို့သည် ယခုတွင် အင်တာနက်၊ သို့မဟုတ် လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို စွဲလမ်းကြသော်လည်း၊ သို့မဟုတ် ခေတ်သစ်လူနေမှုဘဝပုံစံမျိုးစုံကို စွဲလမ်းကြသော်လည်း လူတို့သည် ခေတ်သစ်လူနေမှု ပတ်ဝန်းကျင်များတွင် အလွန့်အလွန် သက်သောင့်သက်သာဖြစ်စွာ နေထိုင်ရလျှင်ပင်၊ သို့မဟုတ် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုများရှိလျှင်ပင် ဤသည်မှာ ဟန်ပြသက်သက်သာဖြစ်သည်။ အမှန်မှာ ရိုးရာယဉ်ကျေးမှု၏ အဆိပ်များစွာသည် ၎င်းတို့၏ စိတ်တွင် ကျန်ရှိနေသည်။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုအချို့ကို ရရှိပြီးဖြစ်သော်လည်း၊ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အဓိကကျသောအမြင်အချို့ ပြောင်းလဲသွားသည့် ပုံစံရှိသော်လည်း၊ ၎င်းတို့၏ အတွေးအခေါ်တွင် အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရရှိပြီးဖြစ်သည့် ပုံစံရှိသော်လည်း၊ ဤခေတ်သစ်လူ့အဖွဲ့အစည်းတွင် လျင်မြန်သော သတင်းလည်ပတ်မှုနှင့် အဆင့်မြင့် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာတို့ကြောင့် အသိအမြင်သစ်များကို ရရှိပြီးဖြစ်သည့် ပုံစံရှိသော်လည်း၊ ပြင်ပလောကတွင်ရှိသော အမှုအရာများစွာကို သိပြီး မြင်တွေ့ပြီးဖြစ်သော်လည်း လူသားများသည် ရိုးရာယဉ်ကျေးမှုက အားပေးထောက်ခံသည့် များပြားလှသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ အရိပ်ထဲတွင် နေထိုင်နေဆဲဖြစ်သည်။ “ငါသည် ရိုးရာဓလေ့နောက် မလိုက်ဆုံးသောသူဖြစ်သည်၊ အလွန် ခေတ်မီသည်၊ ခေတ်သစ်ဝါဒီတစ်ယောက်ဖြစ်သည်” ဟုဆိုသောသူအချို့ရှိပြီး ၎င်းတို့၏ နှာခေါင်းတွင် ရွှေကွင်း၊ နားတွင် နားကပ်အတွဲလိုက်ရှိပြီး ၎င်းတို့၏ အဝတ်အစားများက အလွန်ဆန်းသစ်ကာ ရေပန်းစားနေလျှင်ပင် လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များအပြင် မည်သို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သင့်သည်ဆိုသည့်အပေါ် ၎င်းတို့၏ အမြင်များသည် ရိုးရာယဉ်ကျေးမှုနှင့် ခွဲ၍ မရဆဲဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ရိုးရာယဉ်ကျေးမှုမရှိဘဲ မနေနိုင်သနည်း။ ၎င်းတို့၏ စိတ်နှင့် နှလုံးသားသည် ရိုးရာယဉ်ကျေးမှုတွင် နစ်မြုပ်နေပြီး ရိုးရာယဉ်ကျေးမှု၏ ဘောင်ခတ်ခြင်းကို ခံထားရသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ ဝိညာဉ်၏ အတွင်းကျဆုံးသောနေရာများမှ ထွက်ပေါ်သော အရာရာတိုင်းနှင့် ၎င်းတို့စိတ်တွင် ခဏတာ လျှပ်တစ်ပြက်ဖြစ်ပေါ်သော အယူအဆများသည်ပင် ရိုးရာယဉ်ကျေးမှု၏ အယူဝါဒသွတ်သွင်းမှု၊ စွဲမှတ်အောင်သွန်သင်မှုမှ အရင်းခံဖြစ်ပေါ်သည်။ ပြီးလျှင် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုမှ ခွဲထွက်ခြင်းအစား အားလုံးက ရိုးရာယဉ်ကျေးမှု၏ ကြီးမားသောဘောင်အတွင်းတွင် ဖြစ်ပေါ်သည်။ လူသားများသည် ရိုးရာယဉ်ကျေးမှု၏ ဘောင်ခတ်ခြင်းကို ခံနေရပြီဖြစ်သည်ဆိုသည်ကို ဤအချက်များက သက်သေပြသလော။ (ပြပါသည်။) လူသားများသည် ရိုးရာယဉ်ကျေးမှု၏ ဘောင်ခတ်ခြင်းကို ခံနေရပြီဖြစ်သည်။ သင်သည် စာပေဗဟုသုတ ပြည်စုံသည်ဖြစ်စေ၊ အလွန်ပညာတတ်သည်ဖြစ်စေ လူသားများကြားတွင် အသက်ရှင်သရွေ့ လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရား အပြုအမူနှင့်ဆိုင်သော ရိုးရာယဉ်ကျေးမှု၏ စွဲမှတ်အောင်သွန်သင်ခြင်းနှင့် လွှမ်းမိုးခြင်းကို မလွှဲမရှောင်သာ ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အရာများသည် ကျောင်းများ၊ လူတို့၏ ကျောင်းသုံးစာအုပ်များတွင်သာမကဘဲ အထူးသဖြင့် လူတို့၏ မိသားစုများတွငလည်းကောင်း၊ အမှန်ပင် လူ့အဖွဲ့အစည်း၏ နေရာအနှံ့တွင်လည်းကောင်း နေရာတိုင်းတွင်ရှိသည့် မမြင်နိုင်သော အင်အားနှင့် အစွမ်းမျိုးကို အသုံးပြုသောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် ဤအရာများ၏ အယူဝါဒသွတ်သွင်းခြင်း၊ လွှမ်းမိုးခြင်း၊ အထင်အမြင်မှားစေခြင်း၊ လှည့်စားခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ခံကြရသည်။ ထို့ကြောင့် လူသားတို့သည် ရိုးရာယဉ်ကျေးမှု၏ နှောင်ဖွဲ့မှု၊ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုအောက်တွင် နေထိုင်ကြပြီး ၎င်းတို့ ဆန္ဒရှိလျှင်ပင် ယင်းထံမှ မပုန်းကွယ်နိုင်ပေ၊ သို့မဟုတ် မလွတ်မြောက်နိုင်ပေ။ ၎င်းတို့သည် ဤသို့သော လူမှုပတ်ဝန်းကျင်မျိုးတွင် နေထိုင်နေကြသည်။ ဤသည်မှာ လက်ရှိအခြေအနေဖြစ်ပြီး အမှန်တရားများလည်း ဖြစ်သည်။

ယခင်တစ်ခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် ၎င်းတို့၏ အနှစ်သာရကို အခြေခံပြီး ကြည့်လျှင် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤသို့သော ဆိုရိုးစကားများသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရတို့ကို ဖုံးကွယ်သည်။ ပြီးလျှင် ယင်းတို့သည် စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် အချက်ကိုလည်း ဖုံးကွယ်ထားသည်မှာ ပြောစရာမလိုပေ။ ငါတို့ ယနေ့ မိတ်သဟာယဖွဲ့ခဲ့သည့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ယောက်ျားနှင့် မိန်းမတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်များမှာ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ အခြားသော အခြေခံကျသော ကဏ္ဍတစ်ခုကို ရှင်းလင်းစွာ ပုံဖော်ပြသည်။ ယင်းမှာ မည်သည့်အနှစ်သာရဖြစ်သနည်း။ ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ အတွေးအခေါ်ကို အထင်အမြင်မှားစေခြင်း၊ အလွဲညွှန်ကြားပေးခြင်း၊ ဘောင်ခတ်ခြင်းတို့ ပြုလုပ်ရုံသာမကဘဲ အမျိုးမျိုးသော လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများနှင့်ပတ်သက်ပြီး မှားယွင်းသော အယူအဆများနှင့် အမြင်များကိုလည်း လူတို့အတွင်းသို့ သွတ်သွင်းသည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ အမှန်တရားဖြစ်ပြီး စာတန်က ထောက်ခံအားပေးသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့်သက်ဆိုင်သော အခြား အခြေခံကျသော ကဏ္ဍတစ်ခုဖြစ်သည်။ ဤအခိုင်အမာပြောဆိုချက်ကို မည်သို့ သက်သေပြနိုင်သနည်း။ ယခုတွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများတွင်ရှိသော ယောက်ျားနှင့်မိန်းမအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဤအချက်ကို ပုံဖော်ပြရန် မလုံလောက်သလော။ (လုံလောက်ပါသည်။) ယင်းတို့သည် ဤအချက်ကို ပုံဖော်ပြရန် အမှန်တကယ်ပင် လုံလောက်ပေသည်။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် မှန်သော၊ မှားသော အပြုအမူ၊ ကောင်းသော၊ မကောင်းသော ကျင့်သုံးမှုများအကြောင်းကိုသာ ပြောသည်။ ပြီးလျှင် ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်းတို့နှင့် ပတ်သက်ပြီး အပေါ်ယံသာ ပြောဆိုသည်။ ယင်းတို့သည် လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများနှင့်ပတ်သက်လျှင် မည်သည့်အရာက အပြုသဘောဆောင်သည်၊ အပျက်သဘောဆောင်သည်၊ ကောင်းသည်၊ ဆိုးသည်၊ မှန်သည်၊ မှားသည်တို့ကို လူတို့အား သိခွင့်မပေးပေ။ ယင်းတို့က လူတို့အား လိုက်နာစေသည့်အရာများသည် လူ့သဘာဝနှင့် ကိုက်ညီသော၊ သို့မဟုတ် လူတို့အတွက် အကျိုးရှိသော မှန်ကန်သည့် စံသတ်မှတ်ချက်များ၊ သို့မဟုတ် ပြုမူဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများ မဟုတ်ပေ။ ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူ့သဘာဝ၏ သဘာဝနိယာမများကို ချိုးဖောက်သည်ဖြစ်စေ၊ လူတို့သည် ယင်းတို့ကို လိုက်နာလိုစိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းတို့သည် လူတို့အား မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းကို ခွဲခြားသိမြင်ခြင်း မရှိဘဲ မူဝါဒတစ်ခုကို တစ်သဝေမတိမ်း ဖက်တွယ်ထားရန် အတင်းအကျပ်စေခိုင်းသည်။ သင်က ယင်းတို့ကို လိုက်နာရန် ပျက်ကွက်လျှင် လူ့အဖွဲ့အစည်းက သင့်အား ပုတ်ခတ်ဝေဖန်ပြီး ရှုတ်ချမည်။ ပြီးလျှင် သင်သည် သင့်ကိုယ်သင်ပင် ပုတ်ခတ်ဝေဖန်လိမ့်မည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုက လူသား၏ အတွေးအခေါ်အား ဘောင်ခတ်သည့်ပုံကို အရှိအတိုင်း ပြသခြင်းဖြစ်သလော။ ဤသည်မှာ အတိအကျပင် ရိုးရာယဉ်ကျေးမှုက လူသား၏ အတွေးအခေါ်ကို ဘောင်ခတ်ပုံအား ဖော်ညွှန်းမှုစစ်စစ် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုက ဆိုရိုးစကားအသစ်များ၊ သတ်မှတ်ချက်များနှင့် စည်းကမ်းများကို ဖြစ်ပေါ်စေသည်နှင့်၊ သို့မဟုတ် အများပြည်သူထင်မြင်ချက်ကို ပုံသွင်းသည်နှင့်၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ခေတ်ရေစီးကြောင်းတစ်ခု၊ သို့မဟုတ် အစဉ်အလာတစ်ခုကို တည်ဆောက်သည်နှင့် သင်သည် မလွှဲမရှောင်သာဖြင့် ဤခေတ်ရေစီးကြောင်း၊ သို့မဟုတ် အစဉ်အလာ၏ သယ်ဆောင်ခြင်းကို ခံရမည်ဖြစ်ပြီး သံသယတစ်ခုခုနှင့် မတူညီသော ထင်မြင်ချက်တစ်ခုခု ဖြစ်ပေါ်ဖို့ မဆိုထားနှင့် ပယ်ချရဲမည်ပင်မဟုတ်၊ သို့မဟုတ် ငြင်းဆန်ရဲမည်ပင်မဟုတ်ပေ။ သင်သည် ယင်းကို စိတ်နှစ်လုပ်ကိုင်ခြင်းသာ တတ်နိုင်သည်။ ဤသို့မဟုတ်လျှင် သင်သည် လူ့အဖွဲ့အစည်း၏ အထင်သေးခြင်းနှင့် ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံရမည်။ အများပြည်သူထင်မြင်ချက်၏ ပုတ်ခတ်ဝေဖန်ခြင်းနှင့် လူသားမျိုးနွယ်၏ ရှုတ်ချခြင်းကိုပင် ခံရမည်။ ပုတ်ခတ်ဝေဖန်ခံရခြင်း၊ ရှုတ်ချခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် လူတို့အနီး၌ ရှိနေခြင်းကို ရင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် ဂုဏ်သိက္ခာရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။ လူမှုကျင့်ဝတ်များကို သင် မလိုက်နာနိုင်သောကြောင့် ဖြစ်သည်။ ကိုယ်ကျင့်တရားများ မရှိသောကြောင့်ဖြစ်သည်။ ပြီးလျှင် သင့်တွင် ရိုးရာယဉ်ကျေးမှုက တောင်းဆိုသော ကိုယ်ကျင့်တရား အပြုအမူ မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် လူမှုအဆင့်အတန်း ရှိမည်မဟုတ်ပေ။ လူမှုအဆင့်အတန်းမရှိခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် ဤလူ့အဖွဲ့အစည်းတွင် နေထိုင်ရန် ထိုက်တန်မည်မဟုတ်ဘဲ သင်၏ လူ့အခွင့်အရေး ကဏ္ဍများအားလုံး ဖယ်ရှားခံရမည်ဖြစ်သည်မှာ သင်၏ နေထိုင်ခွင့်၊ စကားပြောဆိုခွင့်နှင့် သင်၏ ဝတ္တရားများကို ထမ်းဆောင်ခွင့်တို့ ဟန့်တားခံရပြီး ထိန်းချုပ်ခံရသည်အထိပင် ဖြစ်သည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုက လူသားမျိုးနွယ်အပေါ် သက်ရောက်ပြီး ခြိမ်းခြောက်သော နည်းလမ်းဖြစ်သည်။ လူတိုင်းက ယင်း၏ သားကောင်ဖြစ်သည်။ ပြီးလျှင် လူတိုင်းက ယင်းကို ပြဋ္ဌာန်းသူများလည်း ဖြစ်သည်မှာ မှန်သည်။ သင်သည် ဤအများပြည်သူထင်မြင်ချက်၏ သားကောင်ဖြစ်ရသည်။ သင်သည် လူ့အဖွဲ့အစည်းတွင်ရှိသော အမျိုးမျိုးသော လူများအားလုံး၏ သားကောင်းလည်း အလိုအလျောက် ဖြစ်ရသည်။ ပြီးလျှင် တစ်ချိန်တည်းတွင် ရိုးရာယဉ်ကျေးမှုကို သင်ကိုယ်တိုင်လက်ခံခြင်း၏ သားကောင်လည်း အလိုအလျောက်ဖြစ်ရသည်။ နောက်ဆုံး ပိုင်းခြားစိစစ်ရာတွင် သင်သည် ဤရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သောအရာများ၏ သားကောင် ဖြစ်ရသည်။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤအရာများသည် လူသားမျိုးနွယ်အပေါ် ကြီးမားသော သက်ရောက်မှုရှိသလော။ (ရှိပါသည်။) ဥပမာအနေဖြင့် မိန်းမတစ်ယောက်က အကျင့်သီလမကောင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းမရှိ၊ ကိုယ်ကျင့်တရားမရှိ၊ မိန်းမကောင်းတစ်ယောက် မဟုတ်ဟူသော ကောလာဟလများ ဖြန့်ခြင်းကို ခံရလျှင် နောက်ပိုင်းတွင် သူမသည် အလုပ်သစ်တစ်ခု စတင်လုပ်သည့်အခါတိုင်းတွင်၊ သို့မဟုတ် မည်သည့်အုပ်စုကိုမဆို ပါဝင်သောအခါတိုင်းတွင် လူတို့သည် သူမနှင့်ပတ်သက်သည့် ဖြစ်ရပ်များကို သတိထားမိပြီး အတင်းအဖျင်းပြောသူများကို နားထောင်ကာ သူမအား ဝေဖန်နှင့် တစ်ပြိုင်နက် သူမသည် မည်သူ၏ အမြင်တွင်မျှ မိန်းမကောင်းတစ်ယောက်အဖြစ် မှတ်ယူခြင်း ခံရမည်မဟုတ်ပေ။ ဤအခြေအနေဖြစ်ပေါ်သည်နှင့် သူမသည် အပတ်တကုတ်ကြိုးစားရန် သို့မဟုတ် လူ့အဖွဲ့အစည်း၌ ရှင်သန်ရန် ခက်ခဲလိမ့်မည်။ လူအချို့သည် ရွေးချယ်စရာပင်မရှိဘဲ ၎င်းတို့၏ ပင်ကိုလက္ခဏာကို ဖုံးကွယ်ပြီး အခြားမြို့၊ သို့မဟုတ် ပတ်ဝန်းကျင်တစ်ခုဆီသို့ ပြောင်းရွှေ့ကြရသည်။ အများပြည်သူထင်မြင်ချက်သည် အားကြီးသလော။ (ကြီးပါသည်။) ဤမမြင်နိုင်သောအားသည် မည်သူကိုမဆို ဖျက်ဆီးပြီး ပျက်စီးစေနိုင်ကာ ခြေအောက်တွင် နင်းချေပစ်နိုင်သည်။ ဥပမာအနေဖြင့် သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် သိသာစွာပင် တရုတ်နိုင်ငံရှိ လူမှုပတ်ဝန်းကျင်တွင် ရှင်သန်ဖို့ သင့်အတွက် ခက်ခဲသည်။ အဘယ်ကြောင့် ရှင်သန်ဖို့ အလွန်ခက်ခဲသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို ယုံကြည်သည်နှင့်၊ သင့်တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံသည်နှင့် တစ်ခါတစ်ရံတွင် သင်သည် မလွှဲမရှောင်သာဖြင့် သင်၏ မိသားစုကို ဂရုစိုက်နိုင်မည်မဟုတ်ပေ။ ပြီးလျှင် ထို ဘာသာတရားမရှိသော နတ်ဆိုးများက သင်သည် “သာမန်ဘဝကို နေထိုင်ခြင်းမရှိ”၊ “မိမိ၏ မိသားစုကို စွန့်ပစ်သည်”၊ “တစ်စုံတစ်ယောက်ဖြင့် ထွက်ပြေးသွားသည်” စသည်တို့ကဲ့သို့သော ကောလာဟလများကို ဖြန့်လိမ့်မည်။ ဤပြောဆိုချက်များသည် အမှန်တရားများနှင့် မကိုက်ညီသော်လည်း၊ အားလုံးက မှန်းဆချက်များနှင့် မှားယွင်းသော ကောလာဟလများ ဖြစ်သော်လည်း ဤစွပ်စွဲချက်များကို သင်ခံရသည်နှင့် အလွန်ခက်ခဲသော အကျပ်အတည်းတစ်ခုထဲသို့ သင်ရောက်ရှိလိမ့်မည်။ သင် ဈေးဝယ်ထွက်သည့်အချိန်တိုင်းတွင် လူတို့က သင့်အား တစ်မျိုးတစ်မည် ကြည့်ကြလိမ့်မည်။ သင်၏ နောက်ကွယ်တွင် တီးတိုးပြောဆိုပြီး မှတ်ချက်များပေးလိမ့်မည်။ “ဤလူသည် ဘာသာရေးလိုက်စားသည်၊ မိန်းမပီသသော သူတော်ကောင်းတရား မရှိ၊ မလျောက်ပတ်သော ဘဝကို နေထိုင်သည်၊ ပြီးလျှင် နေရာတကာသို့ သွားလာ၍ တစ်နေကုန် အချိန်ကုန်သည်။ ဤသည်မှာ သာမန်ဘဝကို နေထိုင်ရန် သူမ၏ အားမစိုက်သော မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည် နေရာတကာ ပြေးလွှားနေခြင်းအားဖြင့် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ မိန်းမများသည် နာခံခြင်းသုံးမျိုးနှင့် သူတော်ကောင်းတရား လေးမျိုးဖြစ်သော ကွန်ဖြူးရှပ်၏ စည်းမျဉ်းကို လိုက်နာသင့်သည်။ ပြီးလျှင် သူမ၏ ခင်ပွန်းကို နာခံပြီး သားသမီးများကို ပြုစုပျိုးထောင်သင့်သည်” ဟူ၍ ဆိုလိမ့်မည်။ ဤသို့ ကြားရလျှင် သင် မည်သို့ ခံစားရမည်နည်း။ အလွန် စိတ်ဆိုးမည်လော။ သင်က ဘုရားသခင်ကို ယုံကြည်ပြီး သင့်တာဝန်ကိုထမ်းဆောင်ခြင်းသည် ၎င်းတို့နှင့် မည်သို့ သက်ဆိုင်သနည်း။ ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်ပေ။ သို့တိုင်အောင် ၎င်းတို့သည် ညစာစားပြီးနောက် စကားစမြည် ပြောဆိုကြသော အကြောင်းအရာတစ်ခုအဖြစ် မှတ်ယူနိုင်ကြကာ အရေးကြီးသော စီးပွားရေးတစ်ခုကဲ့သို့ မှတ်ချက်များပေးပြီး အတင်းအဖျင်း ပြောကြသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင်ဖြစ်သော ဖြစ်ရပ်တစ်ခုမဟုတ်လော။ နေရာတိုင်းတွင် မြင်တွေ့နိုင်သော ဖြစ်ရပ်တစ်ခုမဟုတ်လော။ ဥပမာအနေဖြင့် သင့်တွင် သင်နှင့်ဆက်ဆံရေး အဆင်ပြေသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိသည်။ သို့သော် သင်က ဘုရားသခင်အား ယုံကြည်သည်ကို သူကြားသွားသောအခါ သူသည် သင့်နောက်ကွယ်တွင် အတင်းအဖျင်းမျိုးစုံကို ဖြန့်သည်။ ထို့ကြောင့် ယခုတွင် လူများစွာက သင့်ကို ရှောင်ကြပြီး သင်နှင့် သင့်မြတ်ခြင်းမရှိကြတော့ပေ။ သင်သည် သင့်အလုပ်ပေါ်သို့ ယခင်ကဲ့သို့ သဘောထားမျိုး ထားရှိသော်လည်း လူအများစုက ဤအတင်းအဖျင်းကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် ဤအလုပ်တွင် သင် အပတ်တကုတ် ကြိုးစားအားထုတ်ရန် လွယ်ကူသည်ဟု မြင်ဦးမည်လော။ (လွယ်ကူမည်မဟုတ်။) သင့်အပေါ် လူတို့၏ သဘောထားများက ယခင်နှင့် ကွာခြားမည်လော။ (ကွာခြားပါမည်။) ၎င်းတို့သည် မည်သည့်အရာကို ပြောဆိုမည်နည်း။ “ဤမိန်းမသည် သာမန်ဘဝကို နေထိုင်ရန် သူမ၏ အားအင်များကို မစိုက်။ သူမသည် ဘာသာတရားကို ယုံကြည်ခြင်းအားဖြင့် မည်သည့်အရာကို လုပ်ဆောင်နေသနည်း” ဟူ၍ဖြစ်သည်။ ပြီးလျှင် “ယောက်ျားများက အဘယ်ကြောင့် ဘာသာတရားကို ယုံကြည်သနည်း။ အရှုံးသမားများသာ ဘာသာတရားကို ယုံကြည်သည်။ ယင်းသည် မိန်းမများ လုပ်ဆောင်သော အရာတစ်ခုဖြစ်သည်။ ယောက်ျားပီသသော၊ သန်မာသော ယောက်ျားများကမူ ၎င်းတို့၏ အသက်မွေးအလုပ်ကို အာရုံစိုက်သင့်သည်” ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က ဤအရာများကို ပြောခဲ့ဖူးသလော။ (ပြောခဲ့ဖူးပါသည်။) ဤစကားများက အဘယ်မှ လာသနည်း။ သင်က ဘုရားသခင်ကို ယုံကြည်သည်မှာ ၎င်းတို့နှင့် မည်သို့ သက်ဆိုင်သနည်း။ လူတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အရာကို ယုံကြည်ပိုင်ခွင့်ရှိသည်။ ပြီးလျှင် အခြားလူများက ဝင်ရောက်စွက်ဖက်ခွင့်မရှိ။ ဤသို့ဆိုလျှင် ၎င်းတို့က အဘယ်ကြောင့် သင့်အကြောင်း ပြောဆိုနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို သင် စတင်ယုံကြည်သည်နှင့် အဘယ်ကြောင့် လက်လွတ်စပယ် ဝေဖန်ကြသနည်း။ ၎င်းတို့၏ မှတ်ချက်များ၏ ကိုးကားမှု အကန့်အသတ်ဘောင်သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များအပြင် ယုံကြည်မှုအပေါ် နိုင်ငံတော်အစိုးရ၏ သဘောထားအပေါ်တွင် အတိုင်းအတာတစ်ခုအထိ မလွှဲမရှောင်သာ အခြေခံထားသည်။ အပေါ်ယံတွင် ၎င်းတို့သည် သင့်အကြောင်း ပြောဆိုနေသော်လည်း အမှန်မှာ ၎င်းတို့သည် သင့်အား လက်လွတ်စပယ် ဝေဖန်နေခြင်း၊ မဟုတ်မမှန် ပြောဆိုနေခြင်းနှင့် သင့်အား အကြောင်းမဲ့သက်သက် ရှုတ်ချနေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတို့၏ မှတ်ချက်များနှင့် အကဲဖြတ်ချက်များအပြင် သင်၏ ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်နှင့် သဘောထားများအတွက် အခြေပြုချက်သည် ရိုးရာယဉ်ကျေးမှုနှင့် ဘုရားမဲ့သဘောတရားတို့၏ လွှမ်းမိုးမှုကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ ခံထားရသည်။ အဘယ်ကြောင့်ဆိုသော် လူတို့အား မည်သို့ မိန်းမဖြစ်ရမည်၊ မည်သို့ ယောက်ျားဖြစ်ရမည်ဆိုသည်ကို သင်ကြားပေးခြင်းအပြင် ရိုးရာယဉ်ကျေးမှု၏ အခြေခံ အယူအဆများမှာ အဘယ်နည်း။ ကောင်းကင်ဘုံမရှိခြင်းနှင့် ဘုရားမရှိခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဤအရာတို့သည် ဘုရားမဲ့ အယူအဆများနှင့် အမြင်များဖြစ်သည်။ ထို့ကြောင့် ယင်းတို့သည် ယုံကြည်ခြင်းရှိသော လူများအား ငြင်းပယ်သည်။ အထူးသဖြင့် စစ်မှန်သော ဘုရားအား ယုံကြည်သူတို့ကို ငြင်းပယ်သည်။ သင်သည် အစွန်းရောက်သော လှုပ်ရှားမှုများကို ပါဝင်ဆောင်ရွက်လျှင်၊ အစွန်းရောက်အဖွဲ့တစ်ခုခုတွင် ပါဝင်လျှင်၊ သို့မဟုတ် ဘာသာရေးလှုပ်ရှားမှုတစ်ခုခုကို ပါဝင်ဆောင်ရွက်လျှင် ၎င်းတို့သည် သင့်အား လျစ်လျူရှုနိုင်သည်။ သင်က အယူသီးလျှင် ၎င်းတို့ သင်နှင့်ပေါင်းသင်းနိုင်သေးသည်။ သို့သော် ဘုရားသခင်အား သင် ယုံကြည်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရှုခြင်း၊ ဧဝံဂေလိ ဖြန့်ဝေခြင်း၊ သင့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းတို့ စတင်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က သင်နှင့် သဟဇာတဖြစ်မည်မဟုတ်ပေ။ ၎င်းတို့က သင်နှင့် သဟဇာတမဖြစ်ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ အတိအကျဆိုရလျှင် တစ်ချက်မှာ ၎င်းတို့သည် ဘာသာတရားမရှိသူများ ဖြစ်ပြီး ၎င်းတို့အားလုံးက စာတန်နောက်လိုက်ကာ စာတန်နှင့် သက်ဆိုင်ကြသည်။ အခြားအချက်မှာ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များအရလည်းကောင်း၊ အဆင်းနီသော နဂါးကြီး၏မူဝါဒနှင့် ဥပဒေများအရလည်းကောင်း အမှုအရာများကို ကြည့်ရှုသည်။ ဤသည်တို့မှာ အရှိအတိုင်းဖြစ်သော အမှန်တရားများဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် မကိုက်ညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ၎င်းတို့ မြင်သည့်အခါတိုင်းတွင် ယုံကြည်သူများက နိုင်ငံတော်၏ ဖိနှိပ်မှု ပစ်မှတ်များဖြစ်ပြီး ဖမ်းဆီးခြင်းခံကြရသည်ကို ၎င်းတို့ မြင်သည့်အခါတိုင်းတွင် ၎င်းတို့သည် ယုံကြည်သူများအား စက်ဆုပ်ရွံရှာသည်။ လက်လွတ်စပယ် ဝေဖန်သည်။ အကဲဖြတ်ပြီး ရှုတ်ချသည်။ ပြီးလျှင် ဘုရားသခင်အား ယုံကြည်သူများကို စောင့်ကြည့်ပြီး တိုင်ကြားရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည်။ ၎င်းတို့က ဤသို့ လုပ်ဆောင်သည်မှာ မည်သည့်အရာကို အခြေခံသနည်း။ ရိုးရာယဉ်ကျေးမှု၊ ဘုရားမဲ့ သဘောတရားနှင့် အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော မူဝါဒများအပေါ်တွင် အဓိကအားဖြင့် အခြေခံသည်။ ဥပမာအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူများအား အကဲဖြတ်ပြီး “ဤသည်မှာ သာမန်ဘဝတွင် နေထိုင်ရန် အားမစိုက်သော မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည် နေရာတကာသို့ ပြေးလွှားနေခြင်းအားဖြင့် မည်သည့်အရာကို လုပ်ဆောင်နေသနည်း” ဟု ပြောပြီး “ဤသည်မှာ သင့်လျော်သော အသက်မွေးအလုပ်တစ်ခုကို မလိုက်စားသောသူတစ်ယောက်ဖြစ်သည်။ သူသည် ဘာသာတရားကို ယုံကြည်ခြင်းအားဖြင့် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ ရည်မွန်သော ယောက်ျားများသည် မည်မည်ရရဖြစ်သော ရည်မှန်းချက်များ ရှိကြသည်။ ယောက်ျားပီသသော၊ သန်မာသော ယောက်ျားများသည် ၎င်းတို့၏ အသက်မွေးအလုပ်များကို အာရုံစိုက်သင့်သည်” ဟု ဆိုကြသည်။ စဉ်းစားကြည့်လော့။ ဤရိုးအီနေသော အဆိုအမိန့်များသည် သိသာထင်ရှားစွာပင် ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာခြင်းမဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းတို့အားလုံးသည် ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသည်။ ဤရိုးအီနေသော၊ သူလိုငါလို လူများသည် မည်သည့် ယုံကြည်မှုကိုမျှ မလိုက်စားဘဲ စားခြင်း၊ သောက်ခြင်းနှင့် ကာမဂုဏ် သာယာမှုများကိုသာ လိုက်စားကြသည်။ ၎င်းတို့၏ စိတ်သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ပြည့်နေရုံသာမကဘဲ ဤရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သောအရာများ၏ အလွန်အမင်း ချည်နှောင်ခြင်းနှင့် ဘောင်ခတ်ခြင်းကိုလည်း ခံထားရသည်။ ၎င်းတို့သည် သတိမထားမိဘဲ ယင်းတို့၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ကြသည်။ ထို့ကြောင့် မည်သူ့ကိုမဆိုနှင့် မည်သည့်အရာကိုမဆို ကိုင်တွယ်ဖြေရှင်းသောအခါတွင် ဤအမြင်ရှုထောင့်များကို ၎င်းတို့ ခံယူသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ ဤသည်မှာ မည်သည့်နေရာတွင်ရှိသော ခေတ်သစ်လူ့အဖွဲ့အစည်းတွင်မဆို ဖြစ်ပျက်နိုင်သော အရာတစ်ခုဖြစ်ပြီး အလွန်ပင် သာမန်သာဖြစ်သည်။ ဤသည်မှာ စာတန်က ထိန်းချုပ်သော လောကတွင် ရှိသော ကိစ္စများ၏ ပုံစံဖြစ်ပြီး ဆိုးယုတ်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းခေတ်ကာလ၏ ပုံစံဖြစ်သည်။

ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူတို့တွင် မှားယွင်းသော အယူအဆများနှင့် အမြင်များ သွတ်သွင်းပေးရုံသာမကဘဲ အချို့သော အကြောင်းအရာများနှင့် အခြေအနေများတွင် အစွန်းရောက်သော အတွေးအချို့ကို လိုက်နာပြီး အစွန်းရောက် အပြုအမူအချို့ကို ခံယူကျင့်သုံးရန်လည်း အားပေးလှုံ့ဆော်သည်။ ဥပမာအနေဖြင့် အစောပိုင်းက ပြောခဲ့သည့်အတိုင်း “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည်မှာ လူတို့၏ မိတ်ဆွေများနှင့် ဆက်ဆံခြင်းနှင့်ပတ်သက်လျှင် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို စည်းကမ်းသတ်မှတ်သော မူမမှန်သော အကြောင်းပြချက်နှင့်ပတ်သက်၍ စာတန်က အဆိုပြုသော သတ်မှတ်ချက်မျိုးဖြစ်သည်။ သိသာစွာပင် ဤကိုယ်ကျင့်တရား အပြုအမူရှုထောင့်နှင့်သက်ဆိုင်သော ဆိုရိုးစကားများသည် လူတို့၏ မိတ်ဆွေများနှင့် ဆက်ဆံသောအခါ ဆင်ခြင်တုံတရားမရှိသော၊ ကျိုးကြောင်းမညီညွတ်သော အတွေးများနှင့် အမြင်များရှိစေရန်နှင့် ၎င်းတို့၏ မိတ်ဆွေများအတွက် ၎င်းတို့၏ အသက်ကို ပေါ့ပေါ့တန်တန်ဖြင့် စွန့်လွှတ်ရန်ပင် လှုံ့ဆော်ဖို့ ရည်ရွယ်ခြင်းဖြစ်သည်။ ဤသည်မှာ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်ပြီး လူသားတို့အပေါ် စာတန်ချထားသော အစွန်းရောက်သော၊ လွန်ကျူးသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။ အမှန်မှာ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည်နှင့် ဆင်တူသော၊ အလားတူပင် လူတို့အား အစွန်းရောက်သော အပြုအမူများကို ခံယူစေသော အခြား ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားအချို့ ရှိသည်။ ဤအရာအားလုံးတို့သည် လူသားမဆန်သော၊ ဆင်ခြင်တုံတရား မရှိသော ဆိုရိုးစကားများဖြစ်သည်။ စာတန်သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆနှင့် အမြင်များကို လူတို့အတွင်းသို့ သွတ်သွင်းသည့် တစ်ချိန်တည်းတွင် ဤဆင်ခြင်တုံတရားမရှိသော အတွေးများနှင့် လူသားမဆန်သော ဆိုရိုးစကားများကို လူတို့အား လိုက်နာရန်လည်း သတ်မှတ်သည်။ ပြီးလျှင် ဤအယူအဆနှင့် ကျင့်သုံးမှုတို့ကိုလည်း လူတို့အား တစ်သဝေမတိမ်း လိုက်နာစေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ဆော့ကစားသည့်၊ ဖျက်ဆီးသည့် သဘောဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းတို့မှာ မည်သည့်ဆိုရိုးစကားများဖြစ်သနည်း။ ဥပမာအနေဖြင့် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ”၊ “နွေဦးပိုးများသည် သေသည်အထိ ရက်လုပ်ကြပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လောင်ကျွမ်းကြသည်” ဟူသည့် ဆိုရိုးစကားနှစ်ခုသည် “မိတ်ဆွေအတွက် အသက်စွန့်မည်” ဟူသော ဆိုရိုးစကားထက် ပို၍ တိကျပြတ်သားသော ပုံစံဖြင့် လူတို့အား ပြောသည်။ ဘဝကို မမြတ်နိုးရန်နှင့် ဘဝကို ဤပုံစံဖြင့် ဖြုန်းတီးရန် ပြောသည်။ လူတို့သည် ၎င်းတို့၏ အသက်များကို စွန့်လွှတ်ဖို့ လိုအပ်သောအခါတွင် ၎င်းတို့သည် ဘဝကို အလွန်အမြင်း မမြတ်နိုးသင့်ဘဲ ထိုအစား “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ”၊ “နွေဦးပိုးများသည် သေသည်အထိ ရက်လုပ်ကြပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လောင်ကျွမ်းကြသည်” ဟူသည့် ဆိုရိုးစကားများကို လိုက်နာရမည် ဟူ၍ဖြစ်သည်။ သင်တို့အားလုံးသည် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားနှစ်ခု၏ တိုက်ရိုက်အဓိပ္ပာယ်ကို အနည်းနှင့်အများ နားလည်ကြသော်လည်း ယင်းတို့သည် အတိအကျ မည်သည့်အရာကို ထုတ်ဖော်ပြောပြီး လှုံ့ဆော်နေသနည်း။ သင်သည် မည်သူ့အတွက် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစား” သင့်သနည်း။ မည်သူ့အတွက် “‌နွေဦးပိုးများသည် သေသည်အထိ ရက်လုပ်ကြပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လောင်ကျွမ်းကြ”သင့်သနည်း။ လူတို့သည် မေးခွန်းထုတ်ပြီး မိမိတို့ဘာသာ ဆင်ခြင်သုံးသပ်သင့်သည်။ ဤဆိုရိုးစကားများက အကြံပြုသည့်အတိုင်း လုပ်ဆောင်ရန် အဓိပ္ပာယ်ရှိသလော။ ဤသို့သော ဆိုရိုးစကားများသည် ရှေးဦးစွာ သင်၏ စိတ်ကို အထင်အမြင်မှားစေပြီး ထုံထိုင်းစေသည်။ သင်၏ မြင်ကွင်းကို နှောင့်ယှက်သည်။ ထို့နောက်တွင် သင်၏ လူ့အခွင့်အရေးကို ဖယ်ရှားသည်။ မှားယွင်းသော ဦးတည်ချက်ဆီသို့ လမ်းပြပြီး မှားယွင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အမြင်ရှုထောင့်များကို သင့်အားပေးသည်။ ထို့နောက်တွင် ဤနိုင်ငံ၊ လူ့အဖွဲ့အစည်းနှင့် လူမျိုးအတွက်၊ သို့မဟုတ် အသက်မွေးအလုပ်အတွက်၊ သို့မဟုတ် အချစ်အတွက် သင်၏ ငယ်ရွယ်မှုနှင့် ဘဝကို စွန့်လွှတ်ရန် အတင်းအကျပ်စေခိုင်းသည်။ ဤသို့ဖြင့် လူသားများသည် နားဝေတိမ်တောင်ဖြစ်သော၊ တွေဝေနေသော အခြေအနေတွင် ၎င်းတို့၏ ဘဝများကို စာတန်ဆီသို့ အမှတ်တမဲ့ စွန့်လွှတ်သည်။ ထို့အပြင် ၎င်းတို့သည် လိုလိုလားလားဖြင့် ဤသို့ လုပ်ဆောင်ကြပြီး ညည်းညူခြင်း၊ သို့မဟုတ် နောင်တရခြင်းမရှိဘဲ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ဘဝကို စွန့်လွှတ်လိုက်သည့် အချိန်အခိုက်အတန့်မှသာ ၎င်းတို့သည် အရာရာကို နားလည်သွားကြပြီး ၎င်းတို့သည် အဓိပ္ပာယ်မရှိသော အကြောင်းပြချက်များအတွက် လုပ်ဆောင်နေကြသဖြင့် အလိမ်ခံရသကဲ့သို့ ခံစားရသည်။ သို့သော် အလွန်နောက်ကျသွားပြီး နောင်တရရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် ၎င်းတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်း၊ အရူးလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်းနှင့် ခြေအောက်တွင် နင်းချေခံရခြင်းတို့ဖြစ်လျက် ၎င်းတို့၏ ဘဝများကို ကုန်ဆုံးကြသည်။ အဆုံးတွင် ၎င်းတို့တွင်ရှိသည့် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သော အသက်သည်လည်း ယူဆောင်သွားခြင်း ခံရသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ သွန်သင်ခြင်းခံရသည့် လူသားများ၏ အကျိုးဆက်ဖြစ်သည်။ ပြီးလျှင် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ပြီး စာတန်၏ အထင်အမြင်မှားစေခြင်းခံရသော၊ အရူးလုပ်ခြင်းခံရသောသူများအတွက် မည်မျှစိတ်ပျက်စရာဖြစ်သော ကံကြမ္မာက စောင့်ဆိုင်းနေသည်ဆိုသည်ကို အပြည့်အဝ သက်သေပြသည်။ လူသားမျိုးနွယ်ကို ကိုင်တွယ်ရာတွင် စာတန် အသုံးပြုသည့် နည်းဗျူဟာများကို ဖော်ပြရန် မည်သည့်စကားများရှိသနည်း။ စတင်ပြောရလျှင် “ထုံထိုင်းစေခြင်း”၊ “အထင်အမြင်မှားစေခြင်း” ဖြစ်ပြီး အခြားမည်သည့်အရာရှိသနည်း။ ငါ့အား အချို့ကို ပြောပြလော့။ (အရူးလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ နင်းချေခြင်း၊ ပျက်စီးစေခြင်း) “လှုံ့ဆော်ခြင်း”၊ “သွေးဆောင်ခြင်း”၊ “လူတစ်ဦး၏ အသက်ကို တောင်းဆိုခြင်း”တို့လည်းရှိပြီး နောက်ဆုံးတွင် “လူတို့အား ဆော့ကစားပြီး ဝါးမြိုခြင်း” ရှိသည်။ ဤသည်မှာ လူတို့အား စာတန်က ဖျက်ဆီးခြင်း၏ ရလဒ်ဖြစ်သည်။ လူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ပြီး စာတန်ဆန်သော စိတ်သဘောထားနှင့်အညီ အသက်ရှင်ကြသည်။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန်အတွက် သမ္မာတရားကို ဖော်ပြခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို ပြုခြင်းမရှိလျှင် လူသားမျိုးနွယ်အားလုံးသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်း၊ ဝါးမြိုခြင်းနှင့် ပျက်စီးစေခြင်းတို့ကို ခံရမည်မဟုတ်လော။

ရိုးရာယဉ်ကျေးမှုတွင်ရှိသော မည်သည့်အရာများကို လူသားမျိုးနွယ်က ထုတ်ဖော်ပြောသနည်း။ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည်က မည်သည့်အရာကို ဆိုလိုသနည်း။ ဤဆိုရိုးစကား၏ အဓိကသတ်မှတ်ချက်မှာ လူတို့သည် အမှုအရာများကို လုပ်ဆောင်သည့်အချိန်တိုင်းတွင် ရိုးသားစစ်မှန်ပြီး လုံ့လဝီရိယရှိသင့်သည်၊ အစွမ်းကုန် လုပ်ဆောင်သင့်သည်၊ သေသည်အထိ တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်ဟူ၍ ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် လူတို့သည် မည်သူ့ကို အတိအကျ အစေခံနေခြင်း ဖြစ်သနည်း။ ယင်းမှာ လူ့အဖွဲ့အစည်း၊ ၎င်းတို့၏ ဇာတိနယ်မြေနှင့် နိုင်ငံဖြစ်သည်မှာ ပြောစရာမလိုပေ။ ဤသို့ဆိုလျှင် ဤလူ့အဖွဲ့အစည်း၊ ဤဇာတိနယ်မြေနှင့် ဤနိုင်ငံကို မည်သူအုပ်ချုပ်သနည်း။ စာတန်နှင့် နတ်ဆိုးဘုရင်များဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဤသို့ဆိုလျှင် လူတို့ကို အထင်အမြင်မှားစေရန်အတွက် ရိုးရာယဉ်ကျေးမှုကို အသုံးပြုရာတွင် စာတန်နှင့် နတ်ဆိုးဘုရင်များက ရရှိလိုသည့် ရည်ရွယ်ချက်မှာ မည်သည့်အရာများဖြစ်သနည်း။ တစ်ခုမှာ နိုင်ငံကို အင်အားကြီးစေရန်၊ လူမျိုးကို ကြွယ်ဝချမ်းသာစေရန်ဖြစ်ပြီး အခြားတစ်ခုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးများအတွက် ဂုဏ်ဆောင်ပေးစေရန်၊ နောင်လာမည့် မျိုးဆက်များက အမှတ်ရစေရန် ဖြစ်သည်။ ဤသို့အားဖြင့် လူတို့သည် ဤအရာအားလုံးကို လုပ်ဆောင်ခြင်းထက် ပို၍ကြီးသော ဂုဏ်မရှိဟု ခံစားရမည်။ ပြီးလျှင် ၎င်းတို့သည် နတ်ဆိုးဘုရင်များကို ကျေးဇူးတင်လိမ့်မည်ဖြစ်ပြီး လူမျိုးအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ အမိနယ်မြေအတွက် ၎င်းတို့၏ အသက်များကို စွန့်လွှတ်လိုစိတ် ရှိကြမည်။ လက်တွေ့တွင် ၎င်းတို့လုပ်ဆောင်သမျှသည် စာတန်နှင့် နတ်ဆိုးဘုရင်များကို အစေခံခြင်းဖြစ်ပြီး စာတန်နှင့် နတ်ဆိုးဘုရင်များ၏ အင်အားကြီးသော ရာထူးများကို အစေခံနေခြင်း ဖြစ်သည်။ ပြီးလျှင် ၎င်းတို့အတွက် မိမိတို့၏ တန်ဖိုးရှိသောဘဝကို စွန့်လွှတ်နေခြင်းဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိတို့၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ကောင်းစွာ ဖြည့်ဆည်းရန်၊ လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် လူတို့ကို ပြောခြင်းအစား ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားများက လူတို့အား နိုင်ငံအတွက်၊ နတ်ဆိုးဘုရင်များအတွက်၊ သို့မဟုတ် အခြားသော အကြောင်းများအတွက် အသက်စွန့်ရန် တောင်းဆိုလျှင် ယင်းတို့သည် လူတို့ကို ထင်ယောင်ထင်မှားဖြစ်စေခြင်းဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ကြီးကျယ်ပြီး ယုတ္တိရှိသည်ဟု ထင်ရသည့် စကားများကို အသုံးပြုလျက် လူတို့အား နိုင်ငံနှင့် လူမျိုးအတွက် ၎င်းတို့လုပ်ဆောင်ရမည့်အပိုင်းကို လုပ်ဆောင်ဖို့ ပြောသည်။ သို့သော် အမှန်မှာ ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးဘုရင်များ၏ အင်အားကြီးသော ရာထူးများကို အစေခံရန်အတွက် လူတို့အား တစ်သက်စာ အားထုတ်မှုကို ရည်စူးဆက်ကပ်ထားရန်၊ ၎င်းတို့၏ ဘဝကိုပင် စွန့်လွှတ်ရန် အတင်းအကျပ်စေခိုင်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အား အထင်အမြင်မှားစေခြင်း၊ အရူးလုပ်ခြင်းနှင့် ထိခိုက်ခြင်းမဟုတ်လော။ ရိုးရာယဉ်ကျေးမှုက အဆိုပြုသော ဆိုရိုးစကားအမျိုးမျိုးသည် လူတို့အား လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို မည်သို့နေထိုင်သင့်သည်ဟူ၍ မတောင်းဆိုသကဲ့သို့ ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများအား မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ကိုလည်း မတောင်းဆိုပေ။ ထိုအစား လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ဘောင်အတွင်းတွင်၊ ဆိုလိုသည်မှာ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့် ကိုယ်ကျင့်တရား အပြုအမူမျိုးကို ပြသသင့်သည်ဆိုသည်ကို ယင်းတို့က တောင်းဆိုသည်။ အလားတူပင် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားသည်လည်း လူ့အဖွဲ့အစည်းအပေါ်၊ လူမျိုးအပေါ်၊ အထူးသဖြင့် ၎င်းတို့၏ ဇာတိမြေအပေါ် သစ္စာစောင့်သိရန်အတွက် လူသားများအား မဖြစ်မနေလုပ်ဆောင်စေရန် ရှေ့တန်းတင်သော သက်ဝင်ယုံကြည်မှုတစ်ခု ဖြစ်သည်။ ဤသက်ဝင်ယုံကြည်မှုမျိုးသည် လူတို့အား လူမျိုးအတွက်၊ ၎င်းတို့၏ ဇာတိမြေနှင့် လူ့အဖွဲ့အစည်းအတွက် အစေခံဖို့ ရည်စူးထားရန်၊ ၎င်းတို့ သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးပမ်းရန် တောင်းဆိုသည်။ စေ့စပ်ပြီး ဇွဲလုံ့လရှိစွာ လုပ်ဆောင်ကာ ၎င်းတို့သေသည့်နေ့ရက်အထိ အစွမ်းကုန် လုပ်ဆောင်သောသူများသာ မြင့်မြတ်သည်၊ အကျင့်သီလကောင်းသည်၊ အနာဂတ်မျိုးဆက်၏ ကြည်ညိုခြင်း၊ အောက်မေ့ဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု သတ်မှတ်ကြသည်။ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသော ဤဆိုရိုးစကား၏ ပထမအပိုင်းသည် စေ့စပ်ပြီး ဇွဲလုံ့လရှိကာ အစွမ်းကုန် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ဤစကားတွင် ပြဿနာတစ်ခုခုရှိသလော။ လူသားဗီဇ၏ ရှုထောင့်နှင့် လူ့သဘာဝက ဖြစ်မြောက်နိုင်သောနယ်ပယ်မှ ကြည့်လျှင် ဤစကား၌ ပြဿနာအကြီးစားမရှိပေ။ ယင်းသည် လူတို့အား အမှုအရာများကို လုပ်ဆောင်စဉ်တွင်၊ သို့မဟုတ် အကြောင်းကိစ္စတစ်ခုကို တာဝန်ယူဆောင်ရွက်နေစဉ်တွင် လုံ့လဝီရိယရှိရန်နှင့် အစွမ်းကုန် လုပ်ဆောင်ရန် သတ်မှတ်သည်။ အခြေခံအားဖြင့် ဤသဘောထားသည် လုံးဝ မမှားပေ။ ပုံမှန်လူ့သဘာဝ၏ စံနှုန်းဖြင့် အတော်အတန် ကိုက်ညီပြီး လူတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ ဤသဘောထားမျိုး ရှိသင့်သည်။ ဤသည်မှာ အတော်အတန် အပြုသဘောဆောင်သောအရာဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင် စေ့စပ်ပြီး ဇွဲလုံ့လရှိရန်၊ အစွမ်းကုန်လုပ်ဆောင်ရန်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်၊ သင်၏ အသိတရားအတိုင်း လိုက်နာဆောင်ရွက်ရန်သာ လိုအပ်သည်။ ပုံမှန်လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူ မည်သူမဆိုအတွက် ဤအရာထက်ပို၍ သာမန်ဖြစ်သည့်အရာ မရှိပေ။ ပြီးလျှင် ဤအရာသည် လွန်ကျူးသော တောင်းဆိုချက်မဟုတ်ပေ။ သို့သော် မည်သည့်အရာက လွန်ကျူးသနည်း။ ယင်းမှာ လူတို့အား “သေသည့်နေ့ရက်အထိ” မရပ်တန့်ရန် တောင်းဆိုသည့် အပိုင်းဖြစ်သည်။ “သေသည့်နေ့ရက်အထိ” ဆိုသည့် စကားတွင် ပြဿနာတစ်ခုရှိသည်။ ယင်းသည် သင်က စေ့စပ်ပြီး ဇွဲလုံ့လရှိကာ အစွမ်းကုန် လုပ်ဆောင်ရမည်သာမကဘဲ သင်၏ အသက်ကိုပါ ပေးဆပ်ရမည်ဖြစ်ပြီး သေလျှင်သာ ရပ်တန့်နိုင်သည်၊ ဤသို့မဟုတ်လျှင် မရပ်ရပေဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်၏ အသက်နှင့် တစ်သက်တာ အားစိုက်ထုတ်မှုကို ပေးဆပ်ရမည်ဟု ဆိုလိုသည်။ သင့်တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိရပေ။ ပြီးလျှင် သင် အသက်ရှင်နေသရွေ့ အရှုံးပေး၍ မရပေ။ သင်သည် သေသည်အထိ ဇွဲရှိခြင်းမရှိဘဲ တစ်ဝက်တစ်ပျက်၌ အရှုံးပေးလျှင် ဤသည်ကို ကောင်းသော ကိုယ်ကျင့်တရား အပြုအမူအဖြစ် မသတ်မှတ်ပေ။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုတွင် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို တိုင်းတာသည့် စံနှုန်းတစ်ခုဖြစ်သည်။ လူတစ်ယောက်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ရာတွင် စေ့စပ်ပြီး ဇွဲလုံ့လရှိပြီးဖြစ်ကာ သူစွမ်းဆောင်ရရှိနိုင်သည့် နယ်ပယ်အတွင်းတွင် အစွမ်းကုန်လုပ်ဆောင်ပြီး လုပ်ဆောင်လိုစိတ်ရှိသရွေ့ လုပ်ဆောင်သော်လည်း သေသည်အထိ ဆက်လက်၍ မလုပ်ဆောင်လျှင်၊ တစ်ဝက်တစ်ပျက်တွင် လက်လျှော့ပြီး အခြားအကြောင်းကိစ္စတစ်ခုကို တာဝန်ယူဆောင်ရွက်ဖို့ ရွေးချယ်လျှင်၊ သို့မဟုတ် သူ၏ နောက်ဆုံးသောနှစ်များတွင် အနားယူပြီး သူ့ကိုယ်သူ ဂရုစိုက်ဖို့ ရွေးချယ်လျှင် ဤသည်မှာ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားခြင်း” မဟုတ်ပေ။ ထို့ကြောင့် ဤသူသည် ကောင်းသော ကိုယ်ကျင့်တရား အပြုအမူကို မပိုင်ဆိုင်ပေ။ စံနှုန်းတစ်ခုအနေဖြင့် ဤသည်မှာ အဘယ်သို့ရှိသနည်း။ မှန်သလော၊ မှားသလော။ (မှားပါသည်။) သိသာထင်ရှားစွာပင် ဤစံနှုန်းသည် ပုံမှန်လူ့သဘာဝ၏ ပင်ကိုဗီဇများ၊ သာမန်လူတို့တွင် အခွင့်ရှိသော လူ့အခွင့်အရေးများနှင့် မကိုက်ညီပေ။ ယင်းသည် လူတို့အား စေ့စပ်ပြီး လုံ့လရှိရန်၊ အစွမ်းကုန်လုပ်ဆောင်ရန်သာ သတ်မှတ်ပြီး အခြားသတ်မှတ်ချက် မရှိတော့ခြင်းမဟုတ်ဘဲ လူတို့အား ဆက်လက်၍ လုပ်ဆောင်ပြီး သေသည်အထိ မရပ်တန့်ရန် အတင်းအကျပ် စေခိုင်းသည်။ ဤသည်မှာ ယင်းက လူတို့ကို တောင်းဆိုသည့်အရာဖြစ်သည်။ သင်သည် မည်မျှ စေ့စပ်ပြီး လုံ့လရှိပါစေ၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ရာ၌ အစွမ်းကုန်လုပ်ဆောင်ရန် မည်မျှ ကြိုးပမ်းပါစေ သင်က ဆက်လက်၍ လုပ်ဆောင်လိုစိတ်မရှိသောကြောင့် လမ်းတစ်ဝက်တွင် လက်လျှော့လိုက်သည်နှင့် တစ်ပြိုင်နက် သင်သည် ကောင်းသော ကိုယ်ကျင့်တရား အပြုအမူရှိသူမဟုတ်ပေ။ သင်သည် သာမန်အဆင့်မျှသော လုံ့လဝီရိယကို စိုက်ထုတ်ပြီး အစွမ်းကုန်မလုပ်ဆောင်သော်လည်း သေသည်အထိ ဆက်လက်၍ လုပ်ဆောင်လျှင် သင်သည် ကောင်းသော ကိုယ်ကျင့်တရား အပြုအမူရှိသူဖြစ်သည်။ ဤသည်မှာ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူအား တိုင်းတာခြင်းအတွက် ရိုးရာယဉ်ကျေးမှုတွင်ရှိသော စံနှုန်းတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်ပင် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူအား တိုင်းတာခြင်းအတွက် ရိုးရာယဉ်ကျေးမှုတွင်ရှိသော စံနှုန်းတစ်ခုဖြစ်သည်။ ဤသို့ ကြည့်လျှင် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် သတ်မှတ်ချက်က ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ကိုက်ညီသလော။ လူတို့နှင့်ပတ်သက်လျှင် ယင်းသည် မျှတပြီး လူသားဆန်သလော။ (မျှတခြင်း၊ လူသားဆန်ခြင်းမရှိပါ။) အဘယ်ကြောင့် သင် ဤသို့ဆိုသနည်း။ (ယင်းသည် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင် အဆိုပြုသော သတ်မှတ်ချက်မဟုတ်ပါ။ ယင်းသည် လူတို့က ရွေးချယ်လိုစိတ် မရှိသောအရာဖြစ်သည်။ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့်လည်း မညီပါ။) ဤစံနှုန်း၏ အဓိကအဓိပ္ပာယ်မှာ ယင်းသည် လူတို့အား ကိုယ်ပိုင်ရွေးချယ်မှုများ၊ ကိုယ်ပိုင် ဆန္ဒများနှင့် စံသတ်မှတ်ချက်များကို စွန့်လွှတ်ဖို့ တောင်းဆိုသည်။ သင်၏ အစွမ်းအစနှင့် ပါရမီတို့သည် လူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ်၊ နိုင်ငံ၊ သင်၏ ဇာတိနယ်မြေနှင့် အုပ်ချုပ်သူများကို အစေခံရန် အသုံးချနိုင်လျှင် သင်သည် အကြွင်းမဲ့ နာခံသင့်ပြီး သင့်ထံတွင် အခြားရွေးချယ်မှု မရှိသင့်ပေ။ လူ့အဖွဲ့အစည်း၊ နိုင်ငံ၊ ဇာတိနယ်မြေနှင့် အုပ်ချုပ်သူများကိုပင် သင်သေသည်အထိ သင်၏ဘဝကို ပေးအပ်သင့်သည်။ ဤဘဝတွင် သင်တာဝန်ယူဆောင်ရွက်ရမည့် အကြောင်းကိစ္စတွင် အခြားရွေးချယ်စရာ မရှိနိုင်ပေ။ အခြားမည်သည့်ရွေးချယ်မှုကိုမျှ သင် ပြုလုပ်၍မရပေ။ သင်သည် နိုင်ငံ၊ လူသားမျိုးနွယ်၊ လူ့အဖွဲ့အစည်း၊ သင်၏ ဇာတိမြေနှင့် အုပ်ချုပ်သူများအတွက်သာ အသက်ရှင်နိုင်သည်။ ၎င်းတို့ကိုသာ သင် အစေခံနိုင်သည်။ ပြီးလျှင် သင်သည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မဆိုထားနှင့်။ ကိုယ်ပိုင်ရည်မှန်းချက်များပင် လုံးဝ မရှိရပေ။ သင်သည် သင်၏ ငယ်ရွယ်မှုကို စွန့်လွှတ်ပြီး သင်၏ အားအင်ကို ရည်စူးဆက်ကပ်ရုံသာမကဘဲ သင်၏ ဘဝကိုလည်း စွန့်လွှတ်ရမည်။ ဤသည်မှာ ကောင်းသောကိုယ်ကျင့်တရား အပြုအမူရှိသူဖြစ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသို့သော ကောင်းသော ကိုယ်ကျင့်တရား အပြုအမူကို လူသားမျိုးနွယ်က အဘယ်သို့ ခေါ်ဆိုသနည်း။ ပို၍ ကြီးမြတ်သော ဖြောင့်မတ်ခြင်းဟူ၍ ဖြစ်သည်။ ဤသို့ဆိုလျှင် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည်ကို ဖော်ပြရန် အခြားနည်းလမ်းမှာ အဘယ်နည်း။ ကြားရလေ့ရှိသော “ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသော သူရဲကောင်းများသည် ၎င်းတို့၏ နိုင်ငံနှင့်ပြည်သူတို့အတွက် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်သည်” ဆိုသည့် ဆိုရိုးစကားဆိုလျှင် အဘယ်သို့ရှိသနည်း။ ထိုဆိုရိုးစကားက ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသော သူရဲကောင်းများဆိုသူတို့သည် ၎င်းတို့၏ နိုင်ငံနှင့် ပြည်သူတို့အတွက် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရမည်ဟူ၍ ဆိုလေသည်။ ၎င်းတို့၏ မိသားစု၊ မိဘများ၊ ဇနီး၊ သားသမီး၊ ညီအစ်ကိုမောင်နှမတို့အတွက် လုပ်ဆောင်ရမည်လော။ လူတစ်ယောက်အနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လုပ်ဆောင်ရမည်လော။ မဟုတ်ပေ။ ထိုထက် ၎င်းတို့သည် နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိပြီး မိမိတို့ကိုယ်ကို ရည်စူးဆက်ကပ်ရမည်။ ဤသည်မှာ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသော ဆိုရိုးစကား၏ အခြားပုံစံတစ်ခုဖြစ်သည်။ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသည့် သတ်မှတ်ချက်က ပြောဆိုသည့် စေ့စပ်ပြီး ဇွဲလုံ့လရှိကာ အစွမ်းကုန်လုပ်ဆောင်ခြင်းသည် လူတို့ လက်ခံနိုင်သည့် ဆိုရိုးစကားတစ်ခုသာဖြစ်သည်။ လူတို့အား လိုလိုလားလားဖြင့် “သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစား”ရန် တိုက်တွန်းဖို့ အသုံးပြုသည်။ ဤ တစ်သက်တာ ရည်စူးဆက်ကပ်ခြင်းခံရသူက မည်သူဖြစ်သနည်း။ (နိုင်ငံနှင့် လူမျိုးဖြစ်သည်။) ဤသို့ဆိုလျှင် နိုင်ငံနှင့် လူမျိုးကို မည်သူက ကိုယ်စားပြုသနည်း။ (အုပ်ချုပ်သူများက ကိုယ်စားပြုသည်။) မှန်သည်။ အုပ်ချုပ်သူများဖြစ်သည်။ မည်သည့်လူတစ်ယောက်၊ သို့မဟုတ် အမှီအခိုကင်းသော အုပ်စုကမျှ နိုင်ငံနှင့် လူမျိုးကို ကိုယ်စားမပြုနိုင်ပေ။ အုပ်ချုပ်သူများကိုသာ နိုင်ငံနှင့် လူမျိုးအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် ခေါ်ဆိုနိုင်သည်။ အပေါ်ယံတွင် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ဆိုရိုးစကားသည် လူတို့အား နိုင်ငံ၊ လူမျိုး၊ အုပ်ချုပ်သူများအတွက် ၎င်းတို့၏ တာဝန်ကို စေ့စပ်ပြီး လုံ့လရှိစွာလုပ်ဆောင်ရမည်ဖြစ်ပြီး သေသည်အထိ အစွမ်းကုန်လုပ်ဆောင်ရမည်ဟု မပြောပေ။ မည်သို့ပင်ဖြစ်စေ အမှန်မှာ ယင်းသည် လူတို့အား အုပ်ချုပ်သူများနှင့် နတ်ဆိုးဘုရင်များအပေါ် ၎င်းတို့၏ ဘဝများကို သေသည်အထိ ရည်စူးဆက်ကပ်ထားရန် အတင်းအကျပ်စေခိုင်းသည်။ ဤဆိုရိုးစကားသည် လူ့အဖွဲ့အစည်းတွင်ရှိသော၊ သို့မဟုတ် လူသားမျိုးနွယ်ထဲတွင်ရှိသော သာမန်ပုဂ္ဂိုလ်တစ်ဦးဦးကိုသာ ပစ်မှတ်ထားခြင်းမဟုတ်ပေ။ ယင်းသည် လူ့အဖွဲ့အစည်းအပေါ်၊ လူသားမျိုးနွယ်အပေါ်၊ မိမိ၏ ဇာတိမြေအပေါ်၊ လူမျိုးအပေါ်၊ အထူးသဖြင့် အုပ်ချုပ်သူများအပေါ် ကြီးမားသော ပံ့ပိုးကူညီမှုများ ပေးနိုင်သော လူအားလုံးကို ပစ်မှတ်ထားသည်။ မည်သည့်မင်းဆက်တွင်မဆို၊ မည်သည့်ခေတ်ကာလတွင်မဆို၊ မည်သည့်လူမျိုးတွင်မဆို လူ့အဖွဲ့အစည်းက “အပိုင်စီးခြင်း” ခံရသော၊ အုပ်ချုပ်သူများက အသုံးချပြီး မြတ်နိုးခြင်းခံရသော၊ ထူးခြားသော ဆုကျေးဇူး၊ အရည်အချင်းများနှင့် ပါရမီများရှိသောသူအချို့ အစဉ်ရှိကြသည်။ ၎င်းတို့၏ ထူးခြားသော ပါရမီများနှင့် အရည်အချင်းများကြောင့်၊ လူ့အဖွဲ့အစည်း၊ လူမျိုး၊ ၎င်းတို့၏ ဇာတိမြေနှင့် အုပ်ချုပ်သူများ၏ အုပ်စိုးမှုအတွင်းတွင် ၎င်းတို့၏ ပါရမီများနှင့် ခွန်အားများကို ကောင်းစွာ အသုံးပြုနိုင်သောကြောင့် အုပ်ချုပ်သူများ၏ အမြင်တွင် ၎င်းတို့သည် လူသားမျိုးနွယ်အား ပို၍ ထိရောက်စွာ အုပ်ချုပ်ရန်၊ လူ့အဖွဲ့အစည်းကို ပို၍ကောင်းစွာ တည်ငြိမ်စေပြီး ပြည်သူ့သဘောထားကို နှစ်သိမ့်ပေးရန်အတွက် အုပ်ချုပ်သူများကို ကူညီပေးနိုင်သောသူမျိုးအဖြစ် မကြာခဏ မှတ်ယူခြင်းခံရသည်။ ဤသို့သောသူမျိုးသည် အုပ်ချုပ်သူများ၏ အသုံးချခြင်းကို မကြာခဏခံရသည်။ အုပ်ချုပ်သူများက ဤသို့သော လူများကို “မကောင်းသော စိတ်ထား” မထားရှိဘဲ “ကောင်းသော စိတ်ထား” ထားရှိစေရန်၊ ၎င်းတို့၏ သူရဲကောင်းစိတ်ဓာတ်ရှိသော စိတ်ဓာတ်ကို ကောင်းစွာအသုံးပြုပြီး မိမိတို့၏ စိတ်နှလုံးတွင် နိုင်ငံနှင့် ပြည်သူသာရှိသော ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသော သူရဲကောင်းများ ဖြစ်လာနိုင်ရန်၊ နိုင်ငံနှင့် ပြည်သူအတွက် စဉ်ဆက်မပြတ် စိတ်ပူနိုင်ရန်၊ ပြီးလျှင် ၎င်းတို့သည် အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားနိုင်ရန်ပင် မျှော်လင့်ကြသည်။ ၎င်းတို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့သည် နိုင်ငံနှင့် ပြည်သူတို့ကို စေ့စပ်ပြီး လုံ့လရှိစွာဖြင့် အစွမ်းသတ္တိရှိသမျှ အစေခံနိုင်လျှင်၊ သေသည်အထိပင် လုပ်ဆောင်လိုစိတ်ရှိလျှင် ၎င်းတို့သည် အုပ်ချုပ်သူအချို့အတွက် ဧကန်မုချ အစွမ်းအစရှိသော လက်ထောက်ဖြစ်လာကြလေသည်။ ပြီးလျှင် ခေတ်ကာလတစ်ခုအတွင်းတွင် လူမျိုး၊ သို့မဟုတ် လူ့အဖွဲ့အစည်း၊ သို့မဟုတ် လူသားမျိုးနွယ်တစ်ခုလုံး၏ ဂုဏ်သိက္ခာအဖြစ်ပင် အသိအမှတ်ပြုခြင်း ခံရသည်။ ခေတ်ကာလတစ်ခုအတွင်းတွင် လူ့အဖွဲ့အစည်း၌ ဤသို့လူအုပ်စု ရှိသည့်အခါတိုင်းတွင်၊ သို့မဟုတ် ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသော သူရဲကောင်းများအဖြစ် ဂုဏ်ပြုခြင်းခံရသော၊ လူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ်၊ ဇာတိမြေ၊ လူမျိုးနှင့် အုပ်ချုပ်သူတို့ကို အစေခံရန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားသော ဖြောင့်မတ်သော သစ္စာခံ လက်တစ်ဆုပ်စာလူတစ်စု ရှိသည့်အခါတိုင်းတွင် ဤခေတ်ကာလသည် ဂုဏ်ကျက်သရေရှိသော သမိုင်းခေတ်ကာလအဖြစ် လူသားမျိုးနွယ်က သတ်မှတ်ကြသည်။

တရုတ်သမိုင်းတွင် ကြီးမြတ်သောသူရဲကောင်းစိတ်ဓာတ်ရှိသော သူရဲကောင်းမည်မျှသည် ၎င်းတို့၏ နိုင်ငံနှင့် ပြည်သူတို့အား အစေခံခြင်းကို ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားနိုင်ကြသနည်း။ လူအချို့၏ နာမည်ကို သင်တို့ပြောနိုင်သလော။ (ချီယွမ်၊ ကျူဂါလျန်၊ ယူဖေး စသည်တို့ ဖြစ်ပါသည်။) တရုတ်သမိုင်းတွင် နိုင်ငံနှင့် ပြည်သူအတွက် စိတ်ပူနိုင်သော၊ ၎င်းတို့၏ နိုင်ငံနှင့် လူမျိုးအား အစေခံခြင်း၊ လူတို့၏ ရှင်သန်ရေးကို သေချာစေခြင်းတာဝန်ကို ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားနိုင်သော နာမည်ကြီးပုဂ္ဂိုလ် လက်တစ်ဆုပ်စာ အမှန်ပင်ရှိသည်။ သမိုင်းတွင်ရှိသော ခေတ်ကာလတိုင်းတွင်၊ တရုတ်နှင့် အခြားသောနိုင်ငံများတွင်၊ နိုင်ငံရေးနယ်ပယ်တွင်ဖြစ်စေ၊ ယေဘုယျ လူထုထဲတွင်ဖြစ်စေ၊ နိုင်ငံရေးသမားများဖြစ်စေ၊ လှည့်လည်သွားလာသော သူရဲကောင်းများဖြစ်စေ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသကဲ့သို့သော ရိုးရာယဉ်ကျေးမှု ဆိုရိုးစကားများကို လိုက်နာသောသူများရှိသည်။ ဤသို့သောလူများသည် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသည့် သတ်မှတ်ချက်ကို စေ့စပ်သေချာစွာ လိုက်နာနိုင်ကြသည်။ ပြီးလျှင် နိုင်ငံနှင့် ပြည်သူအတွက် အစေခံခြင်း၊ နိုင်ငံနှင့် ပြည်သူအတွက် စိုးရိမ်ခြင်းဖြစ်သော ဤအယူအဆကိုလည်း တစ်သဝေမတိမ်း လိုက်နာနိုင်ကြသည်။ ၎င်းတို့သည် ဤသို့သော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကို လိုက်နာနိုင်ကြပြီး ဤအရာများကို လုပ်ဆောင်ရန် မိမိတို့ကိုယ်ကို တင်းကျပ်စွာ သတ်မှတ်နိုင်ကြသည်။ လူတို့က ၎င်းတို့အား နောင်တွင် အမှတ်ရစေရန်အတွက် ၎င်းတို့၏ ကျော်ကြားမှုအတွက် လုပ်ဆောင်ခြင်းဖြစ်သည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားရှုထောင့်တစ်ခုမှာ ဤအပြုအမူများသည် ဤသို့သောသူများက ရိုးရာယဉ်ကျေးမှု၏ အယူအဆများ၏ စွဲမှတ်အောင်သွန်သင်ခြင်း၊ လွှမ်းမိုးခြင်းကို ခံရခြင်း၏ ရလဒ်မှ ထွက်ပေါ်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤရိုးရာယဉ်ကျေးမှုက လူတို့အပေါ်တွင် ချထားသော ဤသတ်မှတ်ချက်များသည် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ခြင်းမရှိပါ။) အဘယ်ကြောင့် သင့်တင့်လျောက်ပတ်ခြင်း မရှိသနည်း။ လူတစ်ယောက်တွင် အရည်အချင်းမည်မျှရှိပါစေ၊ သို့မဟုတ် ဆုကျေးဇူး၊ ပါရမီ၊ အသိပညာမည်မျှရှိပါစေ၊ သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် ဗီဇတို့မှာ လူသား၏အရာများဖြစ်သည်။ ပြီးလျှင် ဤနယ်ပယ်ကို ကျော်လွန်ရန် သူ့အတွက် မဖြစ်နိုင်ပေ။ ထိုသူသည် အခြားလူများထက် အနည်းငယ်ပို၍ ဆုကျေးဇူးရှိခြင်း၊ အနည်းငယ်ပို၍ အစွမ်းအစရှိခြင်း၊ အမှုအရာများအပေါ် သူ၏ အမြင်ရှုထောင့်များနှင့်ပတ်သက်လျှင် သာမန်လူထက် မြင့်ခြင်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင် ပို၍ ကွဲပြားပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော နည်းလမ်းများရှိခြင်း၊ ပို၍ ထိရောက်ခြင်း၊ ပို၍ကောင်းသော ရလဒ်များရခြင်းသာဖြစ်သည်။ ဤမျှသာ ဖြစ်သည်။ သို့သော် သူသည် မည်မျှ ထိရောက်ပါစေ၊ သို့မဟုတ် သူ၏ ရလဒ်များက မည်မျှကောင်းမွန်ပါစေ သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းနှင့် ပတ်သက်လျှင် သာမန်လူများထက်သာခြင်း လုံးဝ မရှိဆဲဖြစ်သည်။ ၎င်းတို့သည် သာမန်လူများသာဖြစ်ဆဲဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဇာတိပကတိဖြင့် အသက်ရှင်သော သူတစ်ယောက်သည် သူ၏ စိတ်က မည်မျှ ထက်မြက်သည်ဖြစ်စေ၊ မည်မျှဆုကျေးဇူးရှိသည်ဖြစ်စေ၊ အစွမ်းအစမြင့်သည်ဖြစ်စေ ဖန်ဆင်းခံလူသားများ၏ ရှင်သန်ရေးနိယာမများကိုသာ အစဉ် လိုက်နာကြပြီး ဤထက် မပိုပေ။ ဥပမာအနေဖြင့် ခွေးများကို ကြည့်လော့။ ၎င်းတို့သည် မည်မျှအရပ်ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ဝသည်၊ ပိန်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အမျိုးအစား ဖြစ်စေ၊ မည်မျှအသက်ကြီးသည်ဖြစ်စေ အခြားခွေးတစ်ကောင်ကောင်နှင့် တွေ့သည့်အခါတိုင်းတွင် ၎င်းတို့သည် ထိုခွေး၏ လိင်၊ အကျင့်စရိုက်၊ ၎င်းတို့အပေါ် သဘောထားတို့ကို ထိုခွေး၏ အနံ့ကို ခံခြင်းအားဖြင့် ခွဲခြားလေ့ရှိသည်။ ဤ ထိတွေ့ဆက်ဆံသည့် နည်းလမ်းသည် ခွေးများ၏ အသက်ရှင်သန်ရေးနှင့်ဆိုင်သော ဗီဇဖြစ်သကဲ့သို့ ခွေးများ၏ ရှင်သန်ရေးအတွက် နိယာမနှင့် စည်းကမ်းတစ်ခုလည်းဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်က ဖန်တီးသည်။ အလားတူပင် လူတို့သည်လည်း ဘုရားသခင်က ဖန်တီးသော နိယာမများအတွင်းတွင် ရှင်သန်ကြသည်။ သင်သည် မည်မျှ ဉာဏ်ထက်မြက်ပါစေ၊ အသိပညာရှိပါစေ၊ သင်သည် အစွမ်းအစ၊ ပါရမီမည်မျှရှိပါစေ၊ မည်မျှ စွမ်းဆောင်နိုင်ပါစေ၊ သင်၏ ကြိုးပမ်းအားထုတ်မှုက မည်မျှကြီးပါစေ သင်သည် နေ့စဉ် ခြောက်နာရီမှ ရှစ်နာရီအထိ အိပ်ရမည်။ အာဟာရပြည့်ဝိသော အစားအစာသုံးနပ်စားရမည်။ တစ်နပ်မစားလျှင် ဆာလောင်မည်ဖြစ်ပြီး လုံလောက်စွာ မသောက်လျှင် ရေငတ်မည်။ ကျန်းမာရန်အတွက် လေ့ကျင့်ခန်းကိုလည်း ပုံမှန် လုပ်ရမည်။ အသက်ကြီးလာသည်နှင့်အမျှ သင်၏ အမြင်အာရုံက ဝေဝါးလာမည်ဖြစ်ပြီး ဖျားနာမှုမျိုးစုံက သင့်အပေါ်သို့ ကျရောက်နိုင်သည်။ ဤသည်မှာ သာမန်ဖြစ်သော၊ သဘာဝဖြစ်သော မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ ဖျားနာခြင်း၊ သေဆုံးခြင်း နိယာမဖြစ်ပြီး ဘုရားသခင်က ချမှတ်ထားခြင်းဖြစ်သည်။ မည်သူကမျှ ဤနိယာမကို မချိုးဖောက်နိုင်သကဲ့သို့ လွတ်မြောက်နိုင်ခြင်းလည်း မရှိပေ။ ဤအရာကို အခြေခံလျှင် သင်သည် မည်မျှ စွမ်းဆောင်နိုင်ပါစေ၊ သင်၏ အစွမ်းအစ၊ ပါရမီတို့နှင့် မသက်ဆိုင်ဘဲ သင်သည် သာမန်လူတစ်ယောက် ဖြစ်ဆဲဖြစ်သည်။ သင်သည် အတောင်များရှိပြီး ကောင်းကင်တွင် နှစ်ပတ်ပတ်ပြီး ပျံသန်းနိုင်လျှင်ပင် အဆုံး၌ ကမ္ဘာမြေသို့ ပြန်ဆင်းလာပြီး ခြေနှစ်ချောင်းဖြင့် လျှောက်ရဆဲဖြစ်မည်။ ပြီးလျှင် ပင်ပန်းသောအခါတွင် အနားယူခြင်း၊ ဆာလောင်သောအခါတွင် စားခြင်း၊ ရေငတ်သောအခါတွင် ရေသောက်ခြင်းတို့ ပြုလုပ်ရဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ လူသား၏ ပင်ကိုဗီဇဖြစ်ပြီး ဤဗီဇသည် ဘုရားသခင်က သင့်အတွက် စီမံထားသော အရာဖြစ်သည်။ သင်သည် ယင်းကို လုံးဝ မပြောင်းလဲနိုင်သကဲ့သို့ လွတ်မြောက်နိုင်ခြင်းလည်း မရှိပေ။ သင်၏ အရည်အချင်းများက မည်မျှ ကြီးမားပါစေ ဤနိယာမကို မချိုးဖောက်နိုင်ပေ။ ဤနယ်ပယ်ကို ကျော်လွန်၍ မသွားနိုင်ပေ။ ထို့ကြောင့် လူတို့သည် မည်မျှ အစွမ်းအစရှိပါစေ လူများအဖြစ် ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းက မပြောင်းလဲပေ။ ပြီးလျှင် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည်လည်း မပြောင်းလဲပေ။ သင်သည် လူသားမျိုးနွယ်အပေါ် အနည်းငယ်ထူးခြားပြီး ထူးချွန်သော ပံ့ပိုးကူညီမှုများကို လုပ်ဆောင်နိုင်လျှင်ပင် သင်သည် လူသားတစ်ယောက် ဖြစ်နေဆဲဖြစ်သည်။ ပြီးလှင် အန္တရာယ်ကို ကြုံရသည့်အခါတိုင်းတွင် သင်သည် ကြောက်ရွံ့ပြီး ထိတ်လန့်တုန်လှုပ်ဆဲဖြစ်မည်။ ဒူးတုန်ဆဲဖြစ်မည်။ သင်၏ ကိုယ်ခန္ဓာဖြစ်စဉ်များကိုပင် ထိန်းချုပ်၍မရနိုင် ဖြစ်လိမ့်မည်။ သင်သည် အဘယ်ကြောင့် ဤသို့ပြုမူနိုင်သနည်း။ သင်သည် လူသားဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် လူသားဖြစ်သောကြောင့် သင့်တွင် လူသားများရှိသင့်သည့် ဤအပြုအမူများရှိသည်။ ဤအရာတို့သည် သဘာဝနိယာမများဖြစ်ပြီး မည်သူကမျှ ယင်းတို့မှ မလွတ်မြောက်နိုင်ပေ။ သင်သည် ထင်ရှားသော ကူညီပံ့ပိုးမှုများစွာ လုပ်ဆောင်ခဲ့ရုံဖြင့် သင်သည် သာမန်လူထက်ပို၍ အစွမ်းရှိသော လူသားဖြစ်သွားသည်၊ သို့မဟုတ် သာမန်ထက် သာလွန်ထူးခြားသည်၊ သို့မဟုတ် သာမန်လူတစ်ယောက်မဟုတ်တော့ပေဟူ၍ သေချာပေါက် အဓိပ္ပာယ်မရပေ။ ဤအရာအားလုံးက မဖြစ်နိုင်ပေ။ ထို့ကြောင့် သင်သည် နိုင်ငံနှင့် လူမျိုးအတွက် အစေခံခြင်းတာဝန်ကို ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားနိုင်သည်ဆိုလျှင်ပင် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင် သင် အသက်ရှင်သောကြောင့် သင်၏ စိတ်နှလုံးတွင် အလွန်ကြီးမားသော ဖိအားကို ခံရမည်။ သင်သည် နိုင်ငံတော်၏ အရွယ်အစားက သင်၏ စိတ်နှလုံးအရွယ်အစားဖြင့် သတ်မှတ်ဆုံးဖြတ်သည်ဟု ယုံကြည်ပြီး နိုင်ငံနှင့် ပြည်သူတို့အတွက် တစ်နေကုန် စိတ်ပူရန်၊ သင်၏ စိတ်နှလုံး၌ လူဦးရေနှင့် နိုင်ငံတစ်ခုလုံးအတွက် နေရာပေးထားရန် သင့်ကိုယ်သင် သတ်မှတ်သည်။ သို့သော် ဤသည်မှာ မှန်သလော။ (မမှန်ပါ။) လူတစ်ယောက်သည် တီထွင်ဆန်းသစ်စွာ တွေးရုံဖြင့် သာမန်လူတို့နှင့် ကွဲပြားခြင်း လုံးဝ ဖြစ်လာမည်မဟုတ်သကဲ့သို့ သာမန်လူတို့နှင့် ကွဲပြားခြင်း၊ သို့မဟုတ် သာမန်လူတို့ထက် သာလွန်ခြင်း ရှိမည်မဟုတ်ပေ၊ သို့မဟုတ် သူသည် ထူးခြားသော ဆုကျေးဇူးများဖြစ်စေ၊ ပါရမီများဖြစ်စေ ရှိရုံဖြင့်၊ သို့မဟုတ် သူသည် လူသားမျိုးနွယ်အပေါ် ထူးခြားသော ကူညီပံ့ပိုးမှုများ ပြုလုပ်သောကြောင့် ပုံမှန်လူ့သဘာဝ၏ စည်းကမ်းများနှင့် ရှင်သန်ရေးအတွက် နိယာမများကို ချိုးဖောက်ခွင့်ရမည်မဟုတ်ပေ။ ထို့ကြောင့် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစား” ရန် လူသားမျိုးနွယ်အပေါ် ချမှတ်သည့် ဤသတ်မှတ်ချက်သည် အလွန်ပင် လူသားမဆန်ပေ။ လူတစ်ယောက်သည် သာမန်လူတို့ထက် ပို၍ကြီးသော ပါရမီနှင့် အယူအဆများရှိလျှင်ပင်၊ သို့မဟုတ် ပို၍ အမြော်အမြင်ရှိပြီး အကဲဖြတ်တတ်လျှင်၊ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ရာတွင် သာမန်လူများထက်ပို၍ တော်လျှင်၊ သို့မဟုတ် လူတို့အား ရှုမြင်ခြင်း၊ အကဲဖြတ်ခြင်း၌ ပို၍ တော်လျှင်၊ သို့မဟုတ် ထိုသူက သာမန်လူတို့ထက် မည်သို့ပို၍ တော်သည်ဖြစ်စေ သူသည် ဇာတိပကတိဖြင့် အသက်ရှင်ပြီး ပုံမှန်လူ့သဘာဝ၏ ရှင်သန်ရေးနိယာမများနှင့် စည်းကမ်းများကို လိုက်နာရဦးမည်ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ ရှင်သန်ရေးနိယာမများနှင့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သောကြောင့် လူ့သဘာဝနှင့် မကိုက်ညီသည့် လက်တွေ့မကျသော တောင်းဆိုမှုမှုများကို ၎င်းတို့အပေါ် ပြုလုပ်ခြင်းသည် လူသားမဆန်ခြင်း မဟုတ်သလော။ ယင်းသည် ၎င်းတို့၏ လူ့သဘာဝကို တစ်မျိုးတစ်မည် နင်းချေခြင်းမဟုတ်သလော။ (ဟုတ်သည်။) လူအချို့က “ကောင်းကင်ဘုံက ငါ့အား ပေးထားသော ဤဆုကျေးဇူးများ၊ ပါရမီများရှိသောကြောင့် ငါသည် သာမန်ထက် ထူးခြားသည်၊ သာမန်လူတစ်ယောက်မဟုတ်။ ကောင်းကင်အောက်တွင်ရှိသော အရာရာတိုင်းဖြစ်သည့် လူများ၊ နိုင်ငံ၊ ငါ၏ဇာတိမြေနှင့် ကမ္ဘာလောကကို ငါ၏ စိတ်နှလုံးတွင် ထားရှိသင့်သည်” ဟူ၍ ဆိုကြသည်။ ငါ သင့်အား ပြောမည်။ သင်၏ စိတ်နှလုံး၌ ဤအရာများကို ထားရှိခြင်းသည် အုပ်ချုပ်သူလူတန်းစားနှင့် စာတန်က သင့်အပေါ် သတ်မှတ်သော အပို ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်ကိုယ်သင် ပျက်စီးခြင်းလမ်းကြောင်းပေါ်သို့ ထားရှိခြင်းဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးတွင် ကမ္ဘာလောက၊ လူများ၊ နိုင်ငံ၊ သင်၏ ဇာတိမြေ၊ အုပ်ချုပ်သူများ၏ စံသတ်မှတ်ချက်များနှင့် လိုအင်ဆန္ဒများကို ထားရှိလိုလျှင် သင်သည် စောစီးစွာ သေလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဤအရာများကို ထားရှိလျှင် ဤသည်မှာ ယမ်းမှုန့်ပါသော စည်ပိုင်းအပေါ်သို့ တက်ထိုင်ခြင်း၊ ပေါက်ကွဲစေသောအရာများပါသည့် အိတ်ပေါ်တွင် ထိုင်ခြင်းကဲ့သို့ဖြစ်သည်။ ဤသို့ လုပ်ဆောင်သည်မှာ အလွန်အန္တရာယ်များသောအရာဖြစ်ပြီး လုံးဝ အဓိပ္ပာယ်မရှိပေ။ သင်သည် ဤအရာများကို သင်၏ စိတ်နှလုံး၌ ထိန်းသိမ်းထားလျှင် “ငါသည် အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရမည်။ နိုင်ငံနှင့် လူသားမျိုးနွယ်၏ ကြီးမြတ်သော အကြောင်းကိစ္စများအတွက် ငါ ကူညီပံ့ပိုးရမည်။ ပြီးလျှင် လူသားမျိုးနွယ်အပေါ် ငါ၏ အသက်ကို ပေးအပ်ရမည်” ဟူ၍ စဉ်းစားလျက် သင့်ကိုယ်သင် တောင်းဆိုမှုများ ပြုလုပ်သည်။ ဤသို့သော ကြီးမားသော၊ မြင့်မြတ်သော ရည်မှန်းချက်များ ထားရှိခြင်းသည် သင့်အား စောစီးစွာ အဆုံးသတ်ခြင်း၊ သဘာဝအလျောက်မဟုတ်သော သေခြင်း၊ သို့မဟုတ် လုံးဝ ပျက်စီးခြင်းတို့ဆီကိုသာ ခေါ်ဆောင်လိမ့်မည်။ စဉ်းစားကြည့်လော့။ မိမိတို့၏ စိတ်နှလုံးတွင် ကမ္ဘာဘလောကကြီးအပေါ် ထည့်ထားသော နာမည်ကြီးသည့် သမိုင်းဝင်ပုဂ္ဂိုလ်မည်မျှသည် ပျော်ရွှင်စွာ သေဆုံးခဲ့သနည်း။ အချို့မှာ မြစ်ထဲသို့ ခုန်ချလျက် မိမိကိုယ်ကို သတ်သေကြသည်။ အချို့မှာ အုပ်ချုပ်သူများ၏ ကွပ်မျက်ခြင်းကို ခံရသည်။ အချို့မှာ ခေါင်းဖြတ်စက်တွင် ခေါင်းဖြတ်ခြင်းခံရသည်။ အချို့မှာ ကြိုးပေးခံရသည်။ လူသားများအနေဖြင့် ကမ္ဘာဘလောကကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထည့်ထားရန် ဖြစ်နိုင်သလော။ မိမိ ဇာတိမြေ၏ ကြီးမြတ်သော အကြောင်းကိစ္စများ၊ လူမျိုး၏ ချမ်းသာဝပြောမှု၊ နိုင်ငံ၏ ကံကြမ္မာ၊ လူသားမျိုးနွယ်၏ ကံကြမ္မာတို့သည် မိမိတို့၏ ပခုံးတွင် သယ်ဆောင်ပြီး စိတ်နှလုံး၌ နေရာပေးနိုင်သောအရာများ ဖြစ်သလော။ သင်သည် သင်၏ စိတ်နှလုံး၌ သင်၏မိဘများ၊ သားသမီးများ၊ သင်နှင့် အနီးစပ်ဆုံး၊ အချစ်ခင်ဆုံးသောသူများ၊ ကောင်းကင်ဘုံက ချပေးသော သင်၏ ကိုယ်ပိုင်ဝတ္တရားများနှင့် အထူးတာဝန်ကို နေရာပေးနိုင်လျှင် သင်သည် အလွန်ပင် အဆင်ပြေနေပြီဖြစ်ပြီး သင်၏ ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနေပြီဖြစ်သည်။ သင်သည် နိုင်ငံနှင့် ပြည်သူအတွက် စိုးရိမ်ဖို့ မလိုပေ။ သင်သည် ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသည့် သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ မလိုပေ။ စိတ်နှလုံးတွင် ကမ္ဘာလောက၊ နိုင်ငံနှင့် ဇာတိမြေကို အစဉ်ထည့်ထားလိုသော ထိုလူများသည် မည်သူတို့ဖြစ်သနည်း။ ၎င်းတို့အားလုံးသည် ၎င်းတို့၏ အရည်အချင်းကို ရှိသည်ထက်ပို၍ များသည်ဟု ထင်မြင်သော အလွန်အကျွံ ရည်မှန်းချက်ထားရှိသော လူများဖြစ်သည်။ သင်၏ စိတ်နှလုံးက အမှန်ပင် အလွန်ကြီးမားသလော။ သင်သည် အလွန်အကျွံ ရည်မှန်းချက်ထားရှိခြင်း မရှိသလော။ သင်၏ ရည်မှန်းချက်က အတိအကျဆိုလျှင် မည်သည့်နေရာမှ လာသနည်း။ သင်၏ စိတ်နှလုံးတွင် ဤအရာများကို ထည့်ထားသည်နှင့် မည်သည့်အရာကို သင်လုပ်ဆောင်နိုင်သနည်း။ မည်သူ၏ ကံကြမ္မာကို သင် ခြယ်လှယ်ပြီး ထိန်းချုပ်နိုင်သနည်း။ သင်သည် ကိုယ့်ကံကြမ္မာကိုယ်ပင် မထိန်းချုပ်နိုင်ပေ။ သို့တိုင်အောင် သင်သည် သင်၏ စိတ်နှလုံးတွင် ကမ္ဘာဘလောက၊ နိုင်ငံနှင့် လူသားမျိုးနွယ်ကို ထားရှိလိုသည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်မဟုတ်သလော။ ထို့ကြောင့် အစွမ်းအစ ရှိသောလူများအဖြစ် မိမိတို့ကိုယ်ကို မှတ်ယူသော၊ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစား”ရန် သတ်မှတ်ချက်ကို လုံးဝဥဿုံ လိုက်နာသောသူတို့သည် ပျက်စီးခြင်း လမ်းကြောင်းနောက်သို့ လိုက်နေခြင်းဖြစ်သည်။ သေခြင်းကို ရှာဖွေနေခြင်းဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအတွက် စိုးရိမ်လိုသော၊ လူများနှင့် မိမိတို့၏ ဇာတိမြေအား အစေခံခြင်းတာဝန်ကို ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားသော မည်သူမဆိုသည် ၎င်းတို့၏ ပျက်စီးခြင်းဆီသို့ ဦးတည်နေခြင်းဖြစ်သည်။ ဤလူတို့သည် ချစ်ခင်ဖွယ်ဖြစ်သလော။ (ချစ်ခင်ဖွယ် မဖြစ်ပါ။) ဤလူတို့သည် ချစ်ခင်ဖွယ်မဖြစ်ရုံသာမကဘဲ အနည်းငယ် သနားစဖွယ်၊ ရယ်ဖွယ်ကောင်းသောသူများပင်ဖြစ်ပြီး အမှန်ပင် အလွန်အကျွံ မိုက်မဲသည်။

သင်သည် လူတစ်ယောက်အနေဖြင့် မိသားစုအတွင်းတွင် သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းရမည်။ မည်သည့်လူမှုရေးရာအုပ်စု၊ သို့မဟုတ် လူမျိုးစုတွင်မဆို သင်၏ အခန်းကဏ္ဍကို သင့်လျော်စွာ လုပ်ဆောင်ပြီး သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ လူ့အဖွဲ့အစည်း၏ ဥပဒေများ၊ စည်းမျဉ်းများကို လိုက်နာရမည်။ ပြီးလျှင် ကြီးကျယ်သောအရာများကို ပြောဆိုခြင်းထက် ဆင်ခြင်တုံတရားရှိစွာ ပြုမူဆောင်ရွက်ရမည်။ လူတို့ လုပ်ဆောင်နိုင်သည့်၊ လုပ်ဆောင်သင့်သည့် အရာကို လုပ်ဆောင်ခြင်းသည် သင့်တင့်လျောက်ပတ်သော အရာဖြစ်သည်။ သင်သည် မိသားစုအတွက်၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့် လူတို့အတွက် အစေခံခြင်းတာဝန်ကို ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားဖို့မလိုပေ။ သင်သည် ဘုရားသခင်၏ မိသားစုတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် သင့်တာဝန်ကို ထမ်းဆောင်ဖို့သာ လိုအပ်သည်။ ဤထက် မပိုပေ။ ဤသို့ဆိုလျှင် သင့်တာဝန်ကို မည်သို့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က တောင်းဆိုသည့်အတိုင်း ဘုရားနှုတ်ကပတ်တော်များကို လိုက်နာပြီး သမ္မာတရားစည်းမျဉ်းများအတိုင်းလုပ်ဆောင်ခြင်းက လုံလောက်သည်။ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင် ရွေးချယ်ထားသောသူများ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၊ ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့်နှင့် သူ၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုတို့ကို သင်၏ စိတ်နှလုံးတွင် တစ်နေကုန် ထားရှိဖို့ မလိုအပ်ပေ။ ဤအရာများကို သင့်စိတ်နှလုံးတွင် ထားရှိရန် မလိုအပ်ပေ။ အဘယ်ကြောင့် မလိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သာမန်လူတစ်ယောက်၊ ထူးခြားမှုမရှိသောသူတစ်ယောက် ဖြစ်သောကြောင့်ဖြစ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ လက်ထဲရှိ ဖန်ဆင်းခံတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ သင်ခံယူသင့်သည့် ခံယူချက်နှင့် ယူသင့်သည့် တာဝန်မှာ သင့်တာဝန်ကို ရိုးသားစွာဖြင့် ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန်၊ ဘုရားသခင်က စီစဉ်ညွှန်ကြားသောအရာအားလုံးကို နာခံရန်ဖြစ်ပြီး ဤသည်မှာ လုံလောက်သည်။ ဤသတ်မှတ်ချက်က အလွန်အကျွံဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင်က သင့်အား သင်၏ အသက်ကို စွန့်လွှတ်ရန် တောင်းဆိုသလော။ (မတောင်းဆိုပါ။) ဘုရားသခင်က သင်၏ အသက်ကို စွန့်လွှတ်ရန် မတောင်းဆိုပေ။ ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားမှာမူ “သင့်တွင် အရည်အချင်း၊ စိတ်ပါဝင်စားမှု၊ သူရဲကောင်းစိတ်ဓာတ်ရှိသော စိတ်ဓာတ်အနည်းငယ်မျှပင် ရှိသရွေ့ သင်သည် ရှေ့သို့ထွက်ပြီး သင်၏ဇာတိမြေအား အစေခံခြင်း၊ လူမျိုးအတွက် အစေခံခြင်း တာဝန်ကို စိတ်ပိုင်းဖြတ်ထားသင့်သည်။ သင်၏ အသက်ကို စွန့်လွှတ်ကာ သင်၏မိသားစုနှင့် ဆွေမျိုးများကို စွန့်ပစ်ပြီး သင်၏ ဝတ္တရားများကို စွန့်ပစ်လော့။ ဤလူ့အဖွဲ့အစည်း၏ အလယ်တွင်၊ လူသားမျိုးနွယ်ကြားတွင် သင့်ကိုယ်သင် ထားရှိလော့။ ပြီးလျှင် လူမျိုး၏ ကြီးမြတ်သော အမှုကိစ္စ၊ နိုင်ငံအား ပြန်လည်ရှင်သန်စေခြင်းဖြစ်သည့် ကြီးမြတ်သော အမှုကိစ္စ၊ လူသားမျိုးနွယ်အားလုံးအား ကယ်တင်ခြင်းဖြစ်သည့် ကြီးမြတ်သော အမှုကိစ္စတို့ကို သင်သေသည်အထိ တာဝန်ယူဆောင်ရွက်လော့” ဟူ၍ တောင်းဆိုသည်။ ဤသည်မှာ လွန်ကျူးသော တောင်းဆိုချက်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) လူသားများသည် ဤသို့သော အစွန်းရောက်အယူအဆများကို လက်ခံလိုက်သည်နှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်သည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် ထူးခြားသော ပါရမီများ၊ အထူးပင် ကြီးမားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိသည့်လူများနှင့်ပတ်သက်လျှင် ၎င်းတို့သည် သမိုင်းတွင်ရန် အားထုတ်ကြသည်။ ပြီးလျှင် နောင်လာမည့် မျိုးဆက်များက အမှတ်ရရန် အားထုတ်ကြကာ ဤဘဝတွင် အမှုကိစ္စတစ်ခုခုကို တာဝန်ယူဆောင်ရွက်ဖို့ မိမိတို့ကိုယ်ကို သတ်မှတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အမြင်များကို အထူးတန်ဖိုးထားပြီး အမွန်အမြတ်ထားကြသည်။ ရိုးရာယဉ်ကျေးမှုက အဆိုပြုသော “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” နှင့် “သေခြင်းသည် ထိုင်တောင်ထက်ပို၍ အလေးချိန်စီးနိုင်သည် သို့မဟုတ် ငှက်မွေးထက် ပို၍ပေါ့နိုင်သည်” ဟူသော ဆိုရိုးစကားများကဲ့သို့ ဖြစ်သည်။ ဤသို့သောသူများသည် ထိုင်တောင်ထက်ပို၍ အလေးချိန်စီးရန် စိတ်ဆုံးဖြတ်ထားကြသည်။ “သေခြင်းသည် ထိုင်တောင်ထက်ပို၍ အလေးချိန်စီးနိုင်သည်” ဆိုသည့် ဆိုရိုးစကား၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းသည် အရေးမပါသော အကျိုးအမြတ်များအတွက် သေခြင်း မဟုတ်သကဲ့သို့ သာမန်လူတစ်ယောက်၏ ဘဝကို နေထိုင်ခြင်း၊ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း၊ သို့မဟုတ် သဘာဝနိယာမများကို နာခံခြင်းအတွက်လည်းမဟုတ်ပေ။ ထိုအစား ယင်းသည် လူသားမျိုးနွယ်၏ ကြီးမြတ်သော အမှုကိစ္စအတွက်၊ လူမျိုး၏ ပြန်လည်ရှင်သန်ရေးအတွက်၊ နိုင်ငံ ချမ်းသာဝပြောဖို့အတွက်၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်ပြီး လူသားမျိုးနွယ်၏ လမ်းကြောင်းကို ပဲ့ကိုင်ပေးရန်အတွက်ဖြစ်သည်။ လူသားများ၏ ဤလက်တွေ့မကျသော အတွေးများသည် လူသားတို့အား မုန်တိုင်း၏ အလယ်ဗဟိုသို့ ထိုးထည့်ပေးသည်။ ဤသည်မှာ လူတို့အတွက် ပျော်ရွှင်စွာနေထိုင်ရန် နည်းလမ်းတစ်ခုခုဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ပျော်ရွှင်စွာ နေထိုင်လိမ့်မည်မဟုတ်ပေ။ လူတို့သည် မုန်တိုင်း၏ အလယ်ဗဟိုတွင် နေထိုင်သည်နှင့် သာမန်လူတို့နှင့် ကွဲပြားစွာ တွေးတောပြီး လုပ်ဆောင်သည်။ ကွဲပြားသောအရာများနောက်သို့လည်း လိုက်သည်။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်ကြီးသော အစီအစဉ်များကို လက်တွေ့လုပ်ဆောင်လိုသည်။ အကြီးစား တာဝန်များနှင့် ကြီးမားသော စွန့်စားခန်းများကို အောင်မြင်လိုသည်။ ပြီးလျှင် လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ကြီးမားသောအရာများကို ရရှိလိုသည်။ လူအချို့သည် တဖြည်းဖြည်းချင်းဖြင့် နိုင်ငံရေးထဲသို့ ဝင်ကြသည်။ နိုင်ငံရေးနယ်ပယ်ကသာ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်သောကြောင့်ဖြစ်သည်။ လူအချို့က “နိုင်ငံရေး နယ်ပယ်သည် အလွန်ပင် နောက်ကြောင်းမရှင်းပေ၊ နိုင်ငံရေးတွင် ငါပါဝင်မည်မဟုတ်ပေ၊ သို့သော် လူသားမျိုးနွယ်၏ တရားမျှတသော အမှုကိစ္စအပေါ် တစ်စုံတစ်ခု ပါဝင်ပံ့ပိုးရန် ငါ့တွင် လိုအင်ဆန္ဒရှိနေသေးသည်” ဟု ဆိုကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် နိုင်ငံရေးမဟုတ်သော အဖွဲ့အစည်းတစ်ခုသို့ ဝင်ကြသည်။ အခြားသောလူများက “နိုင်ငံရေးမဟုတ်သော အဖွဲ့အစည်းသို့ ငါဝင်မည်မဟုတ်။ ငါသည် တစ်ဦးတည်းဖြစ်သော သူရဲကောင်းလုပ်မည်၊ ဆင်းရဲသူများကို ကူညီရန် ချမ်းသာသူများအား လုယက်ခြင်း၊ အကျင့်ပျက်ခြစားသော အစိုးရဝန်ထမ်းများ၊ နယ်ခံ အာဏာရှင်များ၊ ဆိုးယုတ်သော အထက်တန်းလွှာများ၊ ကောက်ကျစ်ဆိုးယုတ်သော ရဲများ၊ ဓါးပြများနှင့် အနိုင်ကျင့်သူများအား ဖယ်ရှားရှင်းလင်းခြင်း၌ အထူးပြုလုပ်ဆောင်ခြင်း၊ သာမန်ပြည်သူများနှင့် ဆင်းရဲသားများကို ကူညီခြင်းတို့အားဖြင့် ငါ၏ ကျွမ်းကျင်မှုကို အကောင်းဆုံး အသုံးပြုမည်” ဟူ၍ ဆိုကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်သည်ဖြစ်စေ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုအောက်တွင် လုပ်ဆောင်ပြီး မည်သည့်အရာကမျှ လမ်းမှန်မဟုတ်ပေ။ လူတို့၏ စကားများက လူမှုဆိုင်ရာ ခေတ်ရေစီးကြောင်းများ၊ နာမည်ကြီးသော နှစ်သက်မှုများဖြင့် မည်မျှကိုက်ညီပါစေ ယင်းတို့သည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကို မလွှဲရှောင်သာ ခံရသည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် “နိုင်ငံနှင့် ပြည်သူအတွက် စိတ်ပူပါ”၊ “ကောင်းကင်အောက်ရှိ အရာရာတိုင်းကို မိမိ၏ စိတ်နှလုံးထဲတွင် ထားရှိပါ”၊ “ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသည့် သူရဲကောင်းများ”၊ “မိမိ၏ ဇာတိမြေ၏ တရားမျှတသော အရေးကိစ္စ” ဟူသကဲ့သို့သော စကားများကို လိုက်စားရန်၊ မိမိတို့ကိုယ်ကို ရည်စူးဆက်ကပ်ရန် ပန်းတိုင်များအဖြစ် အစဉ် မှတ်ယူပြီး အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး သေသည်အထိ အစွမ်းကုန် ကြိုးစားကြသောကြောင့်ဖြစ်သည်။ ဤသည်မှာ အခြေအနေ၏ လက်တွေ့အရှိတရားဖြစ်သည်။ မည်သူက “ဘဝတွင် ငါအလိုရှိသောအရာမှာ လယ်သမားတစ်ယောက်ဖြစ်ကာ အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး သေသည်အထိ အစွမ်းကုန် ကြိုးစားရန်ဖြစ်သည်” ဟု ပြောခဲ့ဖူးသနည်း။ မည်သူက “ငါ၏ ကျန်သည့် ဘဝတစ်လျှောက်လုံးတွင် ကျွဲနွားတိရစ္ဆာန်များနှင့် သိုးများကို ထိန်းကျောင်းကာ အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး သေသည်အထိ အစွမ်းကုန် ကြိုးစားမည်” ဟု ပြောခဲ့ဖူးသနည်း။ ဤအခြေအနေများတွင် တစ်စုံတစ်ယောက်က ဤဆိုရိုးစကားကို အသုံးပြုခဲ့သလော။ (အသုံးမပြုခဲ့ပါ။) လူတို့သည် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ဆိုရိုးစကားကို ရည်မှန်းချက်တစ်မျိုးနှင့် လက်တွေ့မကျသော လိုအင်ဆန္ဒတို့ဖြင့် အသုံးပြုပြီး ၎င်းတို့အတွင်းတွင် ရှိသော လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖုံးကွယ်ရန် ဤကြားကောင်းသော အလင်္ကာကို အသုံးပြုခြင်းဖြစ်သည်။ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသည့် ဆိုရိုးစကားသည် နိုင်ငံနှင့် ပြည်သူအတွက် စိတ်ပူခြင်း၊ ကောင်းကင်အောက်တွင်ရှိသော အရာရာတိုင်းကို မိမိ၏ စိတ်နှလုံးတွင်ထားရှိခြင်းကဲ့သို့သော လက်တွေ့မကျသော၊ သွေဖည်သော အတွေးများနှင့် ကျင့်သုံးမှုများကို ပေါ်ပေါက်စေသည်မှာ ပြောစရာမလိုပေ။ ယင်းသည် အတွေးအမြင်ဝါဒီနှင့် အမြော်အမြင်ရှိသူ တော်တော်များများကို ထိခိုက်စေခဲ့သည်။

ယခုတွင် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ဆိုရိုးစကားကို ငါတို့ ပိုင်းခြားစိစစ်ပြီး ကျယ်ပြန့်စွာ မိတ်သဟာယဖွဲ့ပြီးသောအခါတွင် ပြောခဲ့သည့် အရာရာတိုင်းကို သင်တို့ နားလည်သလော။ (နားလည်ပါသည်။) အချုပ်အားဖြင့် ဤဆိုရိုးစကားသည် အပြုသဘောမဆောင်ဘဲ အပြုသဘောဆောင်သော၊ သို့မဟုတ် လက်တွေ့ကျသော အဓိပ္ပာယ်မရှိဆိုသည်ကို ငါတို့ ယခုအခါတွင် သေချာသိနိုင်သည်။ ဤသို့ဆိုလျှင် ယင်းသည် လူတို့အပေါ်တွင် မည်သို့သော သက်ရောက်မှုမျိုးရှိသနည်း။ ဤဆိုရိုးစကားသည် သေစေနိုင်သလော။ လူတို့၏ အသက်များကို တောင်းဆိုသလော။ “သေစေနိုင်သော ဆိုရိုးစကား” ဟုဆိုလျှင် သင့်လျော်သလော။ (သင့်လျော်ပါသည်။) အမှန်တွင် ယင်းသည် သင်၏အသက်ကို ယူဆောင်သွားသည်။ အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး သေသည်အထိ အစွမ်းကုန် ကြိုးစားခြင်းအားဖြင့် သင်၏ဘဝကို အသုံးပြုနိုင်ခြင်းသည် မည်မျှ ကြီးမြတ်ပြီး ဂုဏ်သရေရှိသည်၊ သင့်အား အလွန်စိတ်ထားကောင်းသောသူဖြစ်စေသည်ဟူ၍ သင် ခံစားရစေရန် ကြားကောင်းသော စကားများကို အသုံးပြုသည်။ ဤသို့ စိတ်ထားကောင်း ရှိခြင်းအားဖြင့် သင်သည် သင်၏ ဇနီးနှင့် သားသမီးများကို ဂရုစိုက်ခြင်း၊ သို့မဟုတ် နွေးထွေးသော အိပ်ရာကို တောင့်တခြင်းတို့ရှိဖို့ မဆိုထားနှင့်၊ ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ရေနွေးကြမ်းနှင့် အခြားသော ဤသို့သော မိသားစုဘဝ အသုံးအဆောင်များအတွက် စဉ်းစားဖို့ နေရာမရှိတော့ဟု အဓိပ္ပာယ်ရသည်။ စိတ်ထားကောင်းသောသူတစ်ဦးအနေဖြင့် အနည်းငယ်သော အထူးကိစ္စများမရှိဘဲ နေခြင်းသည် မည်သို့ အဆင်ပြေနိုင်သနည်း။ သင်၏ စိတ်နှလုံးတွင် ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် ရေနွေးကြမ်းကဲ့သို့သော အရာများသာရှိခြင်းက သင့်အတွက် အလွန်ပင် သာမန်မျှသာဖြစ်သလော။ သင်သည် လူမျိုး၊ ဇာတိမြေ၏ ကြီးမားသော လုပ်ငန်းများ၊ လူသားမျိုးနွယ်၏ ကံကြမ္မာ စသည်တို့ကဲ့သို့သော သာမန်လူမလုပ်ဆောင်နိုင်သည့်အရာများအတွက် နေရာပေးရမည် ဖြစ်သည်။ ဤသည်မှာ “ကောင်းကင်ဘုံက လူတစ်ယောက်အား ကြီးမြတ်သော တာဝန်ကို အပ်နှင်းတော့မည့် အချိန်” ဖြစ်သည်။ လူတို့သည် ဤအယူအဆမျိုးရှိသည်နှင့် ၎င်းတို့သည် အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး သေသည်အထိ အစွမ်းကုန် ကြိုးစားရန် ပို၍ပင် ဆန္ဒပြင်းပြကာ မိမိတို့ကိုယ်ကို အဆက်မပြတ် လှုံ့ဆော်ရန်အတွက် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားကို အသုံးပြုကာ “ငါ၏ ဇာတိမြေနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် အစေခံခြင်းတာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး သေသည်အထိ အစွမ်းကုန် ကြိုးစားရမည်။ ဤသည်မှာ ငါ၏ တစ်သက်တာ ကြိုးပမ်းအားထုတ်မှုနှင့် ပြင်းပြသော ဆန္ဒဖြစ်သည်” ဟူ၍ တွေးတောကြသည်။ သို့သော် ဖြစ်ချင်တော့ ၎င်းတို့သည် ၎င်းတို့၏ ဇာတိမြေနှင့် လူမျိုး၏ ကြီးမြတ်သော အရေးကိစ္စကို မထမ်းရွက်နိုင်ဘဲ အလွန်ပင်ပန်းလာကာ သွေးအန်ကြလေသည်။ အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိအစွမ်းကုန် ကြိုးစားခြင်းသည် အဆုံးတွင် ၎င်းတို့အား သေစေသည်။ ဤသို့သောသူများသည် လူတို့အနေဖြင့် မည်သို့ အသက်ရှင်သင့်သည်၊ လူ့သဘာဝဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ လူသား၏ ခံစားချက်များသည် မည်သည့်အရာဖြစ်သည်၊ ချစ်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ မုန်းခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို မသိဘဲ နိုင်ငံနှင့် ပြည်သူတို့အတွက် စိတ်ပူရင်း အလွန်ပင် ငိုကြွေးသောကြောင့် မျက်ရည်များ ကုန်ခမ်းကြသည်။ ပြီးလျှင် ၎င်းတို့၏ သေခါနီးအချိန်အထိ ၎င်းတို့၏ ဇာတိမြေနှင့် လူမျိုး၏ ကြီးမြတ်သောတာဝန်ကို လက်မလွှတ်နိုင်သေးပေ။ “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည်မှာ လူတို့၏ အသက်ကို တောင်းဆိုသည့် သေစေနိုင်သည့် ဆိုရိုးစကားဖြစ်သလော။ ဤသို့သောသူများသည် သနားစရာကောင်းသော သေခြင်းဖြင့် မသေဆုံးကြသလော။ (သေဆုံးကြပါသည်။) သေသည့်အချိန်တွင်ပင် ဤသို့သောသူတို့သည် ၎င်းတို့၏ အနှစ်မရှိသော အတွေးများနှင့် စံသတ်မှတ်ချက်များကို စွန့်ပစ်ဖို့ ငြင်းဆန်ကြသည်။ အဆုံး၌ ၎င်းတို့သည် ၎င်းတို့အတွင်းတွင် နာကြည်းမှု၊ မုန်းတီးမှုများဖြင့် သေဆုံးကြသည်။ ၎င်းတို့အတွင်းရှိ နာကြည်းမှု၊ မုန်းတီးမှုတို့ဖြင့် သေသည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူမျိုး၊ ၎င်းတို့၏ ဇာတိမြေ၊ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် အုပ်ချုပ်သူများက ၎င်းတို့ကို အပ်နှံသည့် အထူးတာဝန်တို့ကို လက်မလွှတ်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့က “အလိုလေး၊ ငါ၏ ဘဝသည် အလွန်တိုတောင်းလွန်းသည်။ နောက်ထပ် နှစ်ထောင်ဂဏန်းအနည်းငယ်သာ အသက်ရှင်နိုင်လျှင် လူသားမျိုးနွယ်၏ အနာဂတ်က မည်သည့်နေရာသို့ ဦးတည်သည်ကို မြင်လိမ့်မည်” ဟူ၍ တွေးကြသည်။ ၎င်းတို့သည် ကောင်းကင်အောက်တွင်ရှိသော အရာရာကို ၎င်းတို့၏ စိတ်နှလုံးတွင်ထည့်ထားလျက် ၎င်းတို့၏တစ်သက်တာလုံး ကုန်ဆုံးကြပြီး အဆုံးတွင် လက်မလွှတ်နိုင်ကြသေးပေ။ သေသည့်အချိန်တွင်ပင် ၎င်းတို့၏ ပင်ကိုလက္ခဏာမှာ မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို မသိကြပေ။ အမှန်မှာ ၎င်းတို့သည် သာမန်လူများဖြစ်သည်။ သာမန်လူတို့၏ ဘဝကို နေထိုင်သင့်သည်။ သို့သော် ၎င်းတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှု၏ အဆိပ်ကို လက်ခံခဲ့ကြသည်။ ပြီးလျှင် မိမိတို့ကိုယ်ကို ကမ္ဘာလောက၏ ကယ်တင်ရှင်များအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ သနားစဖွယ်မဖြစ်သလော။ (ဖြစ်ပါသည်။) အလွန့်အလွန်ပင် သနားစဖွယ်ဖြစ်သည်။ ငါ့ကို ပြောလော့။ ချီယွမ်သည် လူမျိုး၏ ပိုမိုကြီးမြတ်သော ဖြောင့်မတ်ခြင်းဟူသော ဤရိုးရာအယူအဆ၏ လွှမ်းမိုးခြင်းကို မခံရလျှင် မြစ်ထဲသို့ ခုန်ချခြင်းအားဖြင့် မိမိကိုယ်ကို သတ်သေခဲ့လိမ့်မည်လော။ သူ့ကိုယ်သူ အဆုံးစီရင်ခြင်းအားဖြင့် ဤသို့သော အစွန်းရောက်သည့် အပြုအမူကို လုပ်ဆောင်မည်လော။ (မလုပ်ဆောင်ပါ။) လုံးဝ အသေအချာပင် လုပ်ဆောင်မည်မဟုတ်ပေ။ သူသည် ရိုးရာယဉ်ကျေးမှု၏ သားကောင်ဖြစ်သည်။ သူ၏ ဘဝကို အဆုံးအထိ မရှင်သန်ဘဲ မိုက်ကန်းစွာ အဆုံးသတ်ခဲ့သူဖြစ်သည်။ သူသည် ဤအရာများ၏ လွှမ်းမိုးခြင်းကို မခံခဲ့ရလျှင်၊ နိုင်ငံနှင့် ပြည်သူအတွက် စိတ်မပူခဲ့လျှင်၊ ထိုအစား ကိုယ့်ဘဝကိုယ် ရှင်သန်ခြင်းအား အာရုံစိုက်ခဲ့လျှင် အသက်ကြီးသည်အထိနေပြီး သဘာဝအလျောက် သေဆုံးနိုင်ခဲ့မည်လော။ သာမန်သေဆုံးခြင်းဖြင့် သေဆုံးနိုင်မည်လော။ သူသည် အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန် လှုံ့ဆော်ခြင်းမခံရလျှင် ဘဝတွင် ပို၍ ပျော်ရွှင်လွတ်လပ်ပြီး ပို၍ ငြိမ်းချမ်းနိုင်သလော။ (ဟုတ်ပါသည်။) ဤအတွက်ကြောင့် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည်မှာ လူတို့၏ အသက်ကို တောင်းဆိုသည့် သေစေနိုင်သော ဆိုရိုးစကားဖြစ်သည်။ လူတစ်ယောက်သည် ဤသို့သော အတွေးအခေါ်မျိုး ကူးစက်ခြင်းခံရလျှင် သူသည် နိုင်ငံနှင့် ပြည်သူအတွက် တစ်နေကုန်သောကပွားလျက် အချိန်ကုန်ပြီး အဆုံးတွင် သေသည်အထိ စိတ်ပူကြသည်။ လက်ရှိ အရေးကိစ္စအခြေအနေများကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်းမရှိပေ။ ၎င်းတို့၏ ဘဝ်ကို အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါဆိုသည့် ဤအယူအဆနှင့် အမြင်များကြောင့် လက်လွှတ်လိုက်ရသည်မဟုတ်လော။ ဤသို့သော အယူအဆနှင့် အမြင်များသည် အမှန်ပင် သေစေနိုင်ပြီး လူတို့၏ အသက်ကို တောင်းဆိုသည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ မည်သူက မိမိ၏ စိတ်နှလုံးတွင် နိုင်ငံ၊ သို့မဟုတ် လူမျိုး၏ ကံကြမ္မာအတွက် နေရာပေးနိုင်သနည်း။ ဤသို့သော ဝန်ထုပ်ဝန်ပိုးကို မည်သူက ထမ်းနိုင်သနည်း။ ဤသည်မှာ မိမိ၏ အရည်အချင်းကို ရှိသည်ထက်ပို၍ များသည်ဟု ထင်မြင်ခြင်းမဟုတ်လော။ လူတို့သည် ၎င်းတို့၏ အရည်အချင်းကို အဘယ်ကြောင့် ရှိသည်ထက်ပို၍ များသည်ဟု ထင်မြင်တတ်ကြသနည်း။ လူအချို့သည် အရာအားလုံးကို မိမိတို့အပေါ်သို့ ပုံချကြသလော။ ယင်းမှာ ၎င်းတို့၏ ကိုယ်စွမ်းကိုယ်စဖြင့် လုပ်ဆောင်လိုစိတ် ရှိခြင်းဖြစ်သလော။ အမှန်မှာ ၎င်းတို့သည် သားကောင်များ ဖြစ်သည်။ သို့သော် မည်သည့်အရာ၏ သားကောင်ဖြစ်သနည်း။ (စာတန်က လူတို့အတွင်းသို့ သွတ်သွင်းသော အယူအဆများနှင့် အမြင်များ၏ သားကောင်ဖြစ်သည်။) မှန်သည်။ ၎င်းတို့သည် စာတန်၏ သားကောင်များဖြစ်သည်။ စာတန်သည် လူတို့အတွင်းသို့ ဤအယူအဆများ သွတ်သွင်းပြီး လူတို့အား “ကောင်းကင်အောက်တွင်ရှိသော အရာရာတိုင်းကို သင်တို့၏ စိတ်နှလုံးတွင် ထားရှိရမည်၊ သင်တို့၏ စိတ်နှလုံးတွင် ပြည်သူကို ထားရှိရမည်၊ နိုင်ငံနှင့် ပြည်သူအတွက် စိတ်ပူရမည်၊ လှည့်လည်သွားလာသော သူရဲကောင်းဖြစ်ရမည်၊ ဆင်းရဲသားများကို ကူညီရန် လူချမ်းသာများထံမှ လုယူသော ဖြောင့်မတ်သူဖြစ်ရမည်၊ ပြီးလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို ကူညီပံ့ပိုးရမည်၊ ထူးခြားမှုမရှိသော ဘဝကို နေထိုင်မည့်အစား အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရမည်။ မိသားစုနှင့် လူမှုတာဝန်များကို အဘယ်ကြောင့် ထမ်းဆောင်မည်နည်း။ ထိုအရာများကို ပြောရန် မတန်ပေ။ ထိုအရာများကို လုပ်ဆောင်သူများသည် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်သည်။ သင်သည် ပုရွက်ဆိတ်မဟုတ်ပေ၊ စာကလေးလည်း မဖြစ်သင့်ပေ။ ထိုထက် သင်သည် လင်းယုန်တစ်ကောင် ဖြစ်သင့်သည်၊ သင်၏ အတောင်များကို ဖြန့်ပြီး ပျံတက်ရမည်၊ ကြီးမားသော ရည်မှန်းချက်များရှိရမည်” ဟူ၍ ပြောသည်။ ဤသို့သော လှုံ့ဆော်မှုနှင့် သွေးထိုးမှုသည် လူတို့အား “ယင်းသည် လုံးဝ မှန်သည်။ ငါသည် စာကလေးဖြစ်၍ မရ၊ အမြင့်သို့ ပျံတက်နေသော လင်းယုန်ဖြစ်ရမည်” ဟူ၍ တွေးစေကာ မရှင်းမလင်းဖြစ်စေသည်။ သို့ရာတွင် ၎င်းတို့သည် မည်မျှကြိုးစားပါစေ အမြင့်သို့ မပျံနိုင်ပေ။ နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်ပြီး အောက်သို့ကျကာ သေဆုံးကြသည်။ မိမိတို့ကိုယ်ကို ပျက်စီးအောင် မိမိတို့ဘာသာ လုပ်ဆောင်ကြသည်။ အမှန်မှာ သင်သည် မည်သည့်အရာမျှမဟုတ်ပေ။ စာကလေးမဟုတ်သကဲ့သို့ လင်းယုန်လည်း မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်သည် မည်သည့်အရာဖြစ်သနည်း။ (ဖန်ဆင်းခံတစ်ဦးဖြစ်ပါသည်။) မှန်သည်။ သင်သည် သာမန်လူတစ်ယောက် ဖြစ်သည်။ သာမန် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ သင်၏ တစ်ရက် သုံးနပ်ထဲမှ တစ်နပ်ကို မစားဘဲနေ၍ ရသည်။ သို့သော် နေ့စဉ်ရက်ဆက် မစားဘဲနေလျှင် မရပေ။ သင်သည် အသက်ကြီးလာမည်။ ဖျားနာမည်။ သေဆုံးမည်။ သင်သည် သာမန်လူတစ်ယောက်သာဖြစ်သည်။ ပါရမီနှင့် အရည်အချင်းအနည်းငယ် ရှိသူတို့သည် အလွန့်အလွန် မာနထောင်လွှားလာနိုင်သည်။ ပြီးလျှင် စာတန်က ဤနည်းဖြင့် တိုက်တွန်းခြင်း၊ သွေးဆောင်ခြင်း၊ အားပေးအားမြှောက်လုပ်ခြင်း၊ အထင်အမြင်မှားစေခြင်းတို့ကို ခံရပြီးနောက်တွင် ၎င်းတို့သည် ၎င်းတို့သည် ကမ္ဘာဘလောက၏ ကယ်တင်ရှင်များဖြစ်သည်ဟု အမှန်တကယ် တွေးထင်ကြလျက် မရှင်းမလင်းဖြစ်ကြသည်။ ၎င်းတို့သည် ပေါ့ပြက်ပြက်ဝင်လာပြီး ကယ်တင်ရှင်၏ နေရာတွင် ထိုင်သည်။ ပြီးလျှင် နိုင်ငံနှင့်လူမျိုးအတွက် အစေခံခြင်းတာဝန်ကို ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားသည်။ ပြီးလျှင် ၎င်းတို့သည် လူသားမျိုးနွယ်၏ အထူးတာဝန်၊ တာဝန်ရှိသောအရာများ၊ ဝတ္တရားများ၊ သို့မဟုတ် ဘဝနှင့်ပတ်သက်ပြီး လုံးဝ မစဉ်းစားပေ။ ယင်းသည် လူတို့အား ဘုရားသခင် ပေးအပ်သည့် တန်ဖိုးအရှိဆုံးသောအရာဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘဝက အရေးမကြီးဟူ၍လည်းကောင်း၊ သို့မဟုတ် တန်ဖိုးမရှိဟူ၍လည်းကောင်း၊ ၎င်းတို့ ဇာတိမြေ၏ အရေးကိစ္စက တန်ဖိုးအရှိဆုံးအရာဖြစ်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ စိတ်နှလုံးတွင် ကောင်းကင်အောက်၌ရှိသော အရာရာကို ထားရှိရမည်ဟူ၍လည်းကောင်း၊ နိုင်ငံနှင့် ပြည်သူအတွက် စိုးရိမ်ရမည်ဟူ၍လည်းကောင်း၊ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့တွင် တန်ဖိုးအရှိဆုံး ကိုယ်ကျင့်သိက္ခာနှင့် အမြင့်မြတ်ဆုံး ကိုယ်ကျင့်တရားများရှိသည်ဟူ၍လည်းကောင်း၊ လူအားလုံး ဤသို့ ရှင်သန်သင့်သည်ဟူ၍လည်းကောင်း ၎င်းတို့ ခံစားကြရသည်။ စာတန်သည် လူတို့အတွင်းသို့ ဤအတွေးများ သွတ်သွင်းပြီး ဖန်ဆင်းခံများနှင့် သာမန်လူများအဖြစ် ၎င်းတို့၏ ပင်ကိုလက္ခဏာများကို ဖယ်ရှားရန်၊ လက်တွေ့အရှိတရားနှင့် မညီသည့် အရာအချို့ကို လုပ်ဆောင်ရန် ၎င်းတို့ကို အထင်အမြင်မှားစေပြီး အားပေးတိုက်တွန်းသည်။ ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ပျက်စီးခြင်းလမ်းကြောင်းသို့ မိမိတို့ကိုယ်ကို တွန်းပို့ကြပြီး အမှုမဲ့အမှတ်မဲ့ဖြင့် အစွန်းရောက်သည့်အရာများကို လုပ်ဆောင်ကြသည်။ “အစွန်းရောက်သည့်အရာများကို လုပ်ဆောင်သည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူသားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြင့်လည်းကောင်း၊ လူသားမျိုးနွယ်အတွက် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသော ဗီဇများဖြင့်လည်းကောင်း ပိုပို၍ သွေဖည်ခြင်းကိုဆိုလိုသည်။ နောက်ဆုံးတွင် ဤသို့သောသူတို့သည် လမ်းဆုံးသို့ ရောက်ရှိကြသည်။ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းလမ်းကြောင်းဖြစ်သည်။

လူတို့သည် မည်သို့အသက်ရှင်သင့်သည်ဆိုသည်နှင့်ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက အဘယ်နည်း။ အမှန်မှာ ထိုသတ်မှတ်ချက်များက အလွန်ရိုးရှင်းသည်။ ဖန်ဆင်းခံတစ်ယောက်၏ သင့်လျော်သောနေရာကို ခံယူပြီး လူတစ်ယောက် ထမ်းဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဘုရားသခင်က သင့်အား သာမန်လူထက်ပို၍ အစွမ်းရှိသောလူသားဖြစ်ရန်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသော သူတစ်ယောက်ဖြစ်ရန် မတောင်းဆိုသကဲ့သို့ သင့်အား ကောင်းကင်တွင်ပျံရန် အတောင်များလည်း မပေးပေ။ သူသည် သင့်အား လက်နှစ်ဖက်နှင့် မြေပြင်ပေါ်တွင် တစ်ကြိမ်တွင် ခြေတစ်လှမ်းလှမ်းခွင့်ပေးသည့်၊ လိုအပ်လျှင် ပြေးခွင့်ပေးသည့် ခြေနှစ်ချောင်းကိုသာ ပေးခဲ့သည်။ သင့်အတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ကိုယ်တွင်းအင်္ဂါများသည် အစာကို ချေဖျက်ပြီး စုပ်ယူသည်။ ပြီးလျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံးအတွက် အာဟာရကို ထောက်ပံ့ပေးသည်။ ထို့ကြောင့် တစ်ရက်တွင် သုံးနပ်စားသည့် လုပ်ရိုးလုပ်စဉ်ကို စွဲစွဲမြဲမြဲ လုပ်ဆောင်ရမည်။ ဘုရားသခင်က သင့်အား လွတ်လပ်သောစိတ်၊ သာမန်လူ့သဘာဝ၏ အသိဉာဏ်၊ လူသားတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပေးခဲ့သည်။ သင်သည် ဤအရာများကို ကောင်းစွာ၊ မှန်ကန်စွာ အသုံးပြုလျှင်လည်းကောင်း၊ ရုပ်ခန္ဓာ၏ ရှင်သန်ရေး ဥပဒေသများကို လိုက်နာလျှင်လည်းကောင်း၊ သင်၏ ကျန်းမာရေးကို သင့်လျော်စွာ ကြည့်ရှုစောင့်ရှောက်လျှင်လည်းကောင်း၊ ဘုရားသခင်က သင့်အား တောင်းဆိုသည့်အရာကို တည်ကြည်ခိုင်မာစွာ လုပ်ဆောင်လျှင်လည်းကောင်း၊ ဘုရားသခင်က သင့်အား စွမ်းဆောင်ရရှိရန် တောင်းဆိုသည့်အရာကို စွမ်းဆောင်ရရှိလျှင်လည်းကောင်း ဤသည်မှာ လုံလောက်ပြီး အလွန်လည်း ရိုးရှင်းသည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန်တောင်းဆိုခဲ့သလော။ သင့်ကိုယ်သင် ညှင်းပန်းရန် တောင်းဆိုခဲ့သလော။ (မတောင်းဆိုခဲ့ပါ။) ဘုရားသခင်က ဤသို့သောအရာများကို မတောင်းဆိုပေ။ လူတို့သည် မိမိတို့ကိုယ်ကို မညှဉ်းပန်းသင့်ဘဲ ပုံမှန်အသိစိတ်ရှိသင့်ပြီး ကိုယ်ခန္ဓာ၏ အမျိုးမျိုးသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်သည်။ ရေဆာသောအခါတွင် ရေသောက်လော့။ ဆာလောင်သောအခါတွင် သင်၏ အစာကို ဖြည့်စွက်လော့။ ပင်ပန်းသောအခါတွင် အနားယူလော့။ အချိန်ကြာမြင့်စွာ ထိုင်ပြီးနောက်တွင် လေ့ကျင့်ခန်းလုပ်လော့။ ဖျားနာသောအခါတွင် ဆရာဝန်ထံသွားလော့။ တစ်ရက် သုံးနပ်စားခြင်းကို စွဲမြဲလုပ်ဆောင်လော့။ ပြီးလျှင် ပုံမှန်လူ့သဘာဝ၏ ဘဝကို ထိန်းသိမ်းလော့။ သင်၏ ပုံမှန်တာဝန်များကိုလည်း ဆက်လက်၍ လုပ်ဆောင်သင့်သည်မှာ ပြောစရာမလိုပေ။ သင်၏ တာဝန်များတွင် သင်နားမလည်သော အထူးပြုပညာရပ်တစ်ခုခုပါဝင်လျှင် သင်သည် သွားရောက်လေ့လာပြီး လေ့ကျင့်သင့်သည်။ ဤသည်မှာ ပုံမှန်ဘဝဖြစ်သည်။ လူတို့အတွက် ဘုရားသခင် အဆိုပြုသော အမျိုးမျိုးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ ပုံမှန်လူ့သဘာဝ၏ အသိဉာဏ်က နားလည်သဘောပေါက်နိုင်သော အရာများဖြစ်ပြီး လူတို့ နားလည်ပြီး လက်ခံနိုင်သောအရာများဖြစ်ကာ ပုံမှန်လူ့သဘာဝ၏ နယ်ပယ်ကို အနည်းငယ်မျှပင် မကျော်လွန်ပေ။ ယင်းတို့အားလုံးသည် လူသားများ ရယူနိုင်သည့် နယ်ပယ်အတွင်းတွင်ရှိသည်။ ပြီးလျှင် သင့်လျော်သောအရာ၏ ဘောင်ကန့်သတ်ချက်များကို လုံးဝ မကျော်လွန်ပေ။ ဘုရားသခင်က လူတို့အား သာမန်လူထက်ပို၍ အစွမ်းရှိသော လူသားဖြစ်ရန်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသော လူများဖြစ်ရန် မတောင်းဆိုပေ။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကမူ လူတို့အား သာမန်လူထက်ပို၍ အစွမ်းရှိသောလူသားဖြစ်ရန်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသောလူများ ဖြစ်ရန် ပြင်းပြသောဆန္ဒရှိဖို့ အတင်းအကျပ်စေခိုင်းသည်။ လူတို့သည် ၎င်းတို့၏ နိုင်ငံနှင့် လူမျိုး၏ ကြီးမြတ်သော အရေးကိစ္စကို တာဝန်ယူလုပ်ဆောင်ရမည်သာမကဘဲ အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန်လည်း လိုအပ်သည်။ ဤသည်မှာ ၎င်းတို့၏ အသက်ကို စွန့်လွှတ်ဖို့ အတင်းအကျပ်ခိုင်းစေသည်။ ယင်းသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝ ဆန့်ကျင်သည်။ လူတို့၏ အသက်အပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်နည်း။ ဘုရားသခင်သည် လူတို့အား အခြေအနေတိုင်းတွင် ဘေးကင်းစေရန် လုပ်ဆောင်သည်။ ပြီးလျှင် သွေးဆောင်ခြင်းသို့ မကျရောက်ရန်နှင့် အခြားသော အန္တရာယ်ရှိသော အကျပ်အတည်းများမှ ကာကွယ်စောင့်ရှောက်ပေးပြီး ၎င်းတို့၏ အသက်ကို ကာကွယ်သည်။ ဤသို့ လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား မိမိတို့၏ ဘဝများကို ကောင်းမွန်စွာ နေထိုင်ရစေရန်ဖြစ်သည်။ လူတို့အား မိမိတို့၏ ဘဝများကို ကောင်းမွန်စွာ နေထိုင်စေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် အရာရာကို အုပ်စိုးရာတွင်၊ အရာရာကို စီစဉ်ညွှန်ကြားရာတွင်၊ လူသားမျိုးနွယ်ကို အုပ်စိုးရာတွင် သူ၏ နေရာကို ယူရန် မဆိုထားနှင့်၊ သင့်အား သာမန်လူထက်ပို၍ အစွမ်းရှိသော လူသားဖြစ်ရန်၊ သို့မဟုတ် ကောင်းကင်အောက်တွင်ရှိသော အရာရာတိုင်းကို သင်၏ စိတ်နှလုံးတွင် ထည့်ထားရန်၊ သို့မဟုတ် နိုင်ငံနှင့် ပြည်သူတို့အတွက် စိတ်ပူရန် အတင်းအကျပ်စေခိုင်းခြင်းပင်မရှိပေ။ ထိုထက် ဘုရားသခင်သည် သင့်အား ဖန်ဆင်းခံတစ်ယောက်၏ သင့်လျော်သောနေရာကို ခံယူရန်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များကို ဖြည့်ဆည်းရန်၊ လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ရန်၊ လူတို့ လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်ရန် တောင်းဆိုသည်။ သင်လုပ်ဆောင်သင့်သည့်အရာများစွာရှိသည်။ ၎င်းတို့တွင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးခြင်း၊ ကောင်းကင်အောက်တွင်ရှိသော အရာရာကို သင်၏ စိတ်နှလုံး၌ ထည့်ထားခြင်း၊ သို့မဟုတ် သင်၏ စိတ်နှလုံးတွင် လူသားမျိုးနွယ်၊ သင်၏ ဇာတိမြေ၊ အသင်းတော်၊ ဘုရားအလိုတော်၊ သို့မဟုတ် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည့် ကြီးမြတ်သော တာဝန်ကို ထားရှိခြင်းတို့ မပါဝင်ပေ။ ဤအရာများ ပါဝင်ခြင်းမရှိပေ။ ဤသို့ဆိုလျှင် သင်လုပ်ဆောင်သင့်သည့် မည်သည့်အရာများ ပါဝင်သနည်း။ သင့်အား ဘုရားသခင်က အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်၊ သင့်အား ဘုရားသခင်ပေးသည့် တာဝန်များ၊ အချိန်ကာလတိုင်းတွင် ဘုရားအိမ်တော်က သင့်အပေါ် ချပေးသော သတ်မှတ်ချက်တိုင်းတို့ ပါဝင်သည်။ ဤသည်မှာ မရိုးရှင်းသလော။ လုပ်ဆောင်ရန် မလွယ်ကူသလော။ ယင်းသည် အလွန်ရိုးရှင်းပြီး လုပ်ဆောင်ရန် လွယ်ကူသည်။ သို့သော် လူတို့သည် အစဉ်သဖြင့် ဘုရားသခင်အား နားလည်မှုလွဲပြီး ဘုရားသခင်က ၎င်းတို့ကို အလေးအနက်မထားဟု ထင်ကြသည်။ “ဘုရားသခင်ကို ယုံကြည်လာသောသူတို့သည် မိမိတို့ကိုယ်ကို အလွန်အရေးပါသည်ဟု မမြင်သင့်၊ ၎င်းတို့၏ ရုပ်ခန္ဓာကို စွဲလန်းမနေသင့်ဘဲ ပို၍ ဒုက္ခခံသင့်သည်၊ ညတွင် အိပ်ရာစောစောမဝင်သင့်၊ အဘယ်ကြောင့်ဆိုသော် အလွန်စော၍ အိပ်ရာဝင်လျှင် ဘုရားသခင်က မပျော်ရွှင်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စောစောထပြီး နောက်ကျမှ အိပ်ရာဝင်သင့်သည်၊ ပြီးလျှင် တစ်ညလုံး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လျက် အားသွန်ခွန်စိုက်လုပ်သင့်သည်။ ရလဒ်များမရလျှင်ပင် မနက်နှစ်နာရီ၊ သုံးနာရီအထိ မအိပ်ဘဲ နေရဦးမည်ဖြစ်သည်” ဟူ၍ ထင်မြင်သောသူများရှိသည်။ ရလဒ်အနေဖြင့် ဤသို့သောသူများသည် အလွန်ပင်ပန်းနွမ်းနယ်ပြီး လမ်းလျှောက်ဖို့ကို အလွန့်အလွန် အားထုတ်ရသည်အထိပင် မိမိတို့ကိုယ်ကို လဲကျစေသည်အထိ အလုပ်လုပ်ကြသည်၊ သို့တိုင်အောင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရသောကြောင့် ၎င်းတို့သည် ပင်ပန်းနွမ်နယ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဤသည်မှာ လူတို့၏ မိုက်မဲမှုနှင့် မသိနားမလည်ခြင်းကြောင့် ဖြစ်သည်မဟုတ်လော။ “အနည်းငယ်ထူးခြားပြီး ကောင်းမွန်သော အဝတ်များကို ကျွန်ုပ်တို့ဝတ်သောအခါ ဘုရားသခင်က မပျော်ရွှင်သကဲ့သို့ ကျွန်ုပ်တို့သည် နေ့စဉ် အသားနှင့် ကောင်းသောအစားအစာများကို စားလျှင်လည်း သူသည် မပျော်ရွှင်ပေ။ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့သည် အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားခြင်းကိုသာ လုပ်ဆောင်နိုင်သည်” ဟု ထင်သော အခြားလူများရှိကြသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများအနေဖြင့် သေသည်အထိ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရမည်၊ ဤသို့မဟုတ်လျှင် ဘုရားသခင်က ၎င်းတို့ကို ချမ်းသာပေးမည်မဟုတ်ဟူ၍ ခံစားကြရသည်။ ဤသည်မှာ စင်စစ်အားဖြင့် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဘုရားသခင်က လူတို့အား ၎င်းတို့၏ တာဝန်ကို တာဝန်ခံယူမှုနှင့် သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ရန် တောင်းဆိုသည်။ သို့သော် ၎င်းတို့၏ ကိုယ်ခန္ဓာကို မညှာမတာခိုင်းစေဖို့ အတင်းအကျပ်မစေခိုင်းပေ။ ပြီးလျှင် ၎င်းတို့အား ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်ရန်၊ သို့မဟုတ် အချိန်ဖြုန်းရန် ပို၍ပင် မစေခိုင်းပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့အား ဤနည်းဖြင့် တာဝန်များကို ထမ်းဆောင်ရန် စီစဉ်ပြီး ထိရောက်မှုကို မတောင်းဆိုဘဲ လူတို့၏ အချိန်နှင့် အားအင်ကို ဖြုန်းတီးနေသည်ကို ငါ မြင်ရသည်။ အမှန်မှာ ၎င်းတို့သည် လူတို့၏ ဘဝကို ဖြုန်းတီးနေခြင်းဖြစ်သည်။ အဆုံးတွင် ရေရှည်၌ လူအချို့သည် ကျန်းမာရေးပြဿနာများ၊ ခါးပြဿနာများရှိလာကြပြီး ဒူးနာကြသည်။ ပြီးလျှင် ကွန်ပြူတာဖန်သားပြင်ကို ကြည့်သောအခါတိုင်းတွင် မူးဝေကြသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ (၎င်းတို့သည် မိမိတို့ဘာသာ ဖြစ်စေခြင်းဖြစ်သည်။) လူတိုင်းအား ည ၁၀ နာရီ မထိုးမီတွင် အနားယူဖို့ ဘုရားအိမ်တော်က တောင်းဆိုသည်။ သို့သော် လူအချို့မှာ ည ၁၁ နာရီ၊ သို့မဟုတ် ၁၂ နာရီအထိ အိပ်ရာမဝင်ပေ။ ယင်းသည် အခြားလူတို့၏ အနားယူမှုကို ထိခိုက်သည်။ အချို့သောသူများမှာ သာမန်အနားယူသောသူများကို ဘဝ၏ သက်သာမှုများကို တပ်မက်ခြင်းကြောင့် အပြစ်ပင်တင်ကြသည်။ ဤသည်မှာ မှားသည်။ သင်၏ ကိုယ်ခန္ဓာသည် ကောင်းစွာ အနားမယူရလျှင် သင်သည် မည်သို့ အလုပ်ကောင်းကောင်း လုပ်နိုင်မည်နည်း။ ဘုရားသခင်က ဤအရာနှင့်ပတ်သက်ပြီးမည်သို့ ပြောသနည်း။ ဘုရားအိမ်တော်က ဤအရာကို မည်သို့ စည်းမျဉ်းသတ်မှတ်သနည်း။ အရာရာတိုင်းကို ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားအိမ်တော်၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်သင့်ပြီး ဤသည်ကသာ မှန်ကန်သည်။ လူအချို့တွင် အဓိပ္ပာယ်မရှိသော နားလည်မှုများရှိသည်။ အစဉ်သဖြင့် အလွန်အကျွံလုပ်ဆောင်ကြပြီး သူတစ်ပါးတို့ကိုပင် ထိန်းချုပ်ကြသည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့်မညီပေ။ လူအချို့မှာ ပိုင်းခြားသိမြင်မှု လုံးဝမရှိသည့် အဓိပ္ပာယ်မရှိသော လူအများသာဖြစ်ကြသည်။ ပြီးလျှင် ၎င်းတို့က ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရန်အတွက် အလုပ်မရှုပ်လျှင်ပင် ညနက်သည်အထိ နေရမည်ဟု ထင်မြင်ပြီး ပင်ပန်းသောအခါတွင် မိမိကိုယ်ကို အိပ်ခွင့်မပေးပေ။ ဖျားနာလျှင် မိမိကိုယ်ကို မည်သူ့ကိုမျှပြောခွင့်မပေးဘဲ ပို၍ပင် ဆိုးသည်မှာ ဆရာဝန်နှင့်ပင် ပြခွင့်မပေးခြင်းဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်နှေးစေသည့် အချိန်ဖြုန်းတီးမှုဖြစ်သည်ဟု ၎င်းတို့က မှတ်ယူကြသည်။ ဤအမြင်ရှုထောင့်မှာ မှန်ကန်သလော။ ယုံကြည်သူများသည် တရားဒေသနာများစွာ ကြားပြီးနောက်တွင်ပင် အဘယ်ကြောင့် ဤသို့သော အဓိပ္ပာယ်မရှိသော အမြင်များထွက်လာသေးသနည်း။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို မည်သို့ စည်းမျဉ်းသတ်မှတ်သနည်း။ သင်သည် ည ၁၀ နာရီတွင် အချိန်မှန် အနားယူရမည်။ မနက် ၆ နာရီထွက် ထရမည်။ အိပ်စက်သည့်အချိန် ရှစ်နာရီရှိစေရန် သေချာလုပ်ဆောင်ရမည်။ ထို့အပြင် အလုပ်ပြီးနောက်တွင် လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သင်၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်သင့်သည်၊ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစားပုံနှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်တို့ကို စွဲကိုင်သင့်သည့်အပြင် တာဝန်ထမ်းဆောင်ရာတွင် ကျန်းမာရေးပြဿနာများကို ရှောင်ကြဉ်ရန်ဖြစ်သည်ဟု ထပ်ခါထပ်ခါပင် အလေးပေးပြောကြားသည်။ သို့သော် လူအချို့မှာ နားကိုမလည်ကြပေ။ ၎င်းတို့သည် စည်းမျဉ်းများကို မလိုက်နာနိုင်ပေ၊ သို့မဟုတ် စည်းကမ်းများကို မနာခံနိုင်ပေ။ ပြီးလျှင် မလိုအပ်ဘဲ ညနက်သည်အထိနေပြီး မစားသင့်သောအရာများကို စားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖျားနာစေသည်နှင့် တာဝန်ကို မထမ်းဆောင်နိုင်တော့ဘဲ ထိုအချိန်တွင် နောင်တရခြင်းက အကျိုးမရှိတော့ပေ။ လူအချို့သည် ဖျားနာကြသည်ဟု လတ်တလောအချိန်က ငါကြားခဲ့ရသည်။ ဤသည်မှာ စည်းမျဉ်းများကို မလိုက်နာဘဲ မဆင်မခြင်လုပ်ဆောင်လျက် တာဝန်ထမ်းဆောင်ခြင်းကြောင့် မဖြစ်သလော။ သင်သည် သင်၏တာဝန်ကို အလေးအနက်လုပ်ဆောင်သည်မှာ မှန်သည်။ သို့သော် သင့်ခန္ဓာကိုယ်၏ သဘာဝနိယာမများကို ချိုးဖောက်၍မရပေ။ ချိုးဖောက်လျှင် သင့်ကိုယ်သင် ဖျားနာစေလိမ့်မည်။ သင့်ကျန်းမာရေးကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်ရမည်ကို အကြမ်းဖျင်းနားလည်မှု သေချာပေါက် ရှိရမည်။ သင့်လျော်သောအချိန်တွင် လေ့ကျင့်ခန်းလုပ်သင့်သည်။ ပြီးလျှင် ပုံမှန်အချိန်တွင် စားသင့်သည်။ သင်သည် ဗိုက်ကားအောင် စား၍မရပေ၊ သို့မဟုတ် အရက်အလွန်သောက်၍ မရပေ။ ပြီးလျှင် သင်သည် အစားအသောက်ကြေးများသူဖြစ်၍မရပေ၊ သို့မဟုတ် နေ့တစ်ဓူဝ ကျန်းမာရေးနှင့် မညီညွတ်သော အစာစားသောက်၍ မရပေ။ ထို့အပြင် သင်၏ စိတ်နေစိတ်ထားကို စည်းကမ်းဖြင့် ထိန်းဖို့လိုသည်။ ဘုရားသခင်ရှေ့တွင် အသက်ရှင်ခြင်းကို အာရုံစိုက်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့လိုသည်။ ပြီးလျှင် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ဖို့လိုသည်။ ဤသို့ဆိုလျှင် သင်၏ စိတ်နှလုံး၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ထို့ပြင် အနှစ်မဲ့ခြင်း၊ သို့မဟုတ် စိတ်ဓာတ်ကျခြင်းကို ခံစားရမည်မဟုတ်ပေ။ အထူးသဖြင့် လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်လျှင် ၎င်းတို့၏ စိတ်အခြေအနေသည် လုံးဝ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ခန္ဓာက ကျန်းမာလိမ့်မည်။ ငါသည် သင်တို့အား နောက်ကျမှ အိပ်ရာဝင်ပြီး စောစီးစွာထရန်၊ သို့မဟုတ် တစ်ရက်တွင် ဆယ်နာရီကျော် အလုပ်လုပ်ရန် မည်သည့်အခါမျှ မပြောခဲ့ပေ။ ဤအရာအားလုံးမှာ လူတို့သည် စည်းကမ်းများနှင့်အညီ မပြုမူသောကြောင့်ဖြစ်ပြီး ဘုရားအိမ်တော်၏ အစီအစဉ်များကို မလိုက်နာသောကြောင့်ဖြစ်သည်။ အဆုံးတွင် လူတို့သည် အလွန်ပင် မသိနားမလည်ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးကို အလေးမမူကြချေ။ အချို့သောနေရာများတွင် လူတို့သည် တာဝန်များကို အစဉ်သဖြင့် အိမ်တွင်းတွင် ထမ်းဆောင်နေကြပြီး နေရောင်အနည်းငယ်ရရှိရန်၊ သို့မဟုတ် လှုပ်လှုပ်ရှားရှားရှိစေရန် အပြင်သို့ထွက်ခြင်းမရှိသည်ကို ငါ မြင်ခဲ့ရသည်။ ထို့ကြောင့် လူတို့အတွက် ကျန်းမာကြံ့ခိုင်ရေး ပစ္စည်းကိရိယာအချို့ရှာပေးရန် ငါ စီစဉ်ခဲ့ပြီး တစ်ပတ်လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်ရန် ၎င်းတို့အား ပြောခဲ့သည်။ ဤသည်မှာ ကျန်းမာရေးနှင့်ညီညွတ်သော ပုံမှန်အလေ့အကျင့်နှင့် ထပ်တူကျသည်။ သင့်လျော်သော လေ့ကျင့်ခန်း မလုပ်သူများသည် အလိုအလျောက် ဖျားနာလာမည်။ ပြီးလျှင် ဤသည်မှာ ၎င်းတို့၏ ပုံမှန်ဘဝများကိုလည်း ထိခိုက်သည်။ ဤသို့သော အစီအစဉ်များကို ငါ လုပ်ဆောင်ပြီးသည်နှင့် မည်သူက လေ့ကျင့်ခန်း လုပ်နေသည်၊ အကြိမ်ရေမည်မျှ လုပ်သည်ဆိုသည်ကို ငါ စစ်ဆေးဖို့ လိုအပ်သလော။ (မလိုအပ်ပါ။) စစ်ဆေးဖို့ မလိုပေ။ ငါသည် ငါ့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ ငါ ပြလိုသည့်အရာကို ပြပြီးဖြစ်ပြီး လိမ်ညာခြင်းတစ်ခုမျှမရှိဘဲ သင်လုပ်ဆောင်သင့်သည့်အရာကို ရိုးသားစစ်မှန်မှုအပြည့်ဖြင့် သင့်အား ပြောပြီးဖြစ်သည်။ ပြီးလျှင် သင်က ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ဖို့သာ လိုသည်။ သို့သော် လူတို့က လက်မခံပေ။ ၎င်းတို့သည် ငယ်ရွယ်ပြီး ကျန်းမာသည်ဟု ထင်ကြသည်။ ထို့ကြောင့် ငါ၏ စကားများကို အလေးအနက်မထားပေ။ သင်ကိုယ်တိုင်၏ ကျန်းမာရေးကို သင်တန်ဖိုးမထားလျှင် ငါက ယင်းကို စိုးရိမ်ရန်မှာ မလိုအပ်ပေ။ သင်ဖျားနာသောအခါတွင်သာ သူတစ်ပါးတို့ကို အပြစ်မတင်နှင့်။ လူတို့သည် လေ့ကျင့်ခန်းလုပ်ခြင်းကို အရေးမစိုက်ကြပေ။ တစ်ချက်မှာ ၎င်းတို့သည် မှားယွင်းသော အယူအဆများနှင့် အမြင်များရှိသောကြောင့်ဖြစ်သည်။ အခြားတစ်ချက်မှာ ၎င်းတို့တွင် ဆိုးရွားသော ပြဿနာတစ်ခုလည်းရှိသည်။ ယင်းသည် ပျင်းရိခြင်းဖြစ်သည်။ လူတို့သည် အသေးစား ကိုယ်ခန္ဓာ မကျန်းမာမှုများရှိလျှင် ၎င်းတို့လုပ်ဆောင်ဖို့ လိုအပ်သမျှမှာ ၎င်းတို့၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပို၍ လှုပ်ရှားမှုရှိရန် အာရုံစိုက်ဖို့သာဖြစ်သည်။ သို့သော် လူအချို့သည် ဖျားနာသည်နှင့် လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်မည့်အစား ဆေးသွားထိုးခြင်း၊ သို့မဟုတ် ဆေးသောက်ခြင်းကိုသာ ပြုလုပ်လိုကြသည်။ ဤသည်မှာ ပျင်းရိခြင်းကြောင့် ဖြစ်သည်။ လူတို့သည် ပျင်းရိပြီး လေ့ကျင့်ခန်းလုပ်လိုစိတ်မရှိကြပေ။ ထို့ကြောင့် ၎င်းတို့ကို မည်သည့်အရာကိုမျှ ပြောနေ၍ အကျိုးမရှိပေ။ အဆုံးတွင် ၎င်းတို့သည် ဖျားနာသောအခါ သူတစ်ပါးတို့ကို အပြစ်မတင်နိုင်ပေ။ တကယ့်အကြောင်းရင်းမှာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့၏ စိတ်အတွင်းထဲတွင် သိသည်။ လူတိုင်းသည် နေ့စဉ် သာမန်လေ့ကျင့်ခန်း ပမာဏကို လုပ်ဆောင်သင့်သည်။ ငါသည် နေ့စဉ် အနည်းဆုံးတစ်နာရီ၊ နှစ်နာရီလမ်းလျှောက်ပြီး လိုအပ်မှုရှိသော လေ့ကျင့်ခန်းအချို့ကို လုပ်ဆောင်ရသည်။ ဤသည်မှာ ငါ၏ ကိုယ်စိတ်ကြံ့ခိုင်မှုကို သန်မာစေရုံသာမကဘဲ ဖျားနာခြင်းကို ကာကွယ်ပြီး ရုပ်ပိုင်းဆိုင်ရာတွင် နေလို့ကောင်းရန် အထောက်အကူပြုသည်။ လေ့ကျင့်ခန်းသည် ဖျားနာခြင်းကို ကာကွယ်ရုံသာမဟုတ်ဘဲ ပုံမှန်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုလည်းဖြစ်သည်။ ဤအမှုကိစ္စတွင် လူသားများအပေါ် ဘုရားသခင်၏ တောင်းဆိုချက်သည် ၎င်းတို့အနေဖြင့် အသိအမြင် အသင့်အတင့်ရှိဖို့ဖြစ်သည်။ မသိနားမလည်ခြင်းမရှိနှင့်။ မိမိ၏ ခန္ဓာကိုယ်ကို မညှာမတာ မခိုင်းစေဘဲ ယင်း၏ သဘာဝနိယာမများကို လိုက်နာလော့။ သင်၏ အသွေးအသားကို မနှိပ်စက်နှင့်။ သို့သော် ယင်းကို အလွန်အကျွံ စိတ်စွဲနေခြင်းလည်း မရှိနှင့်။ ဤစည်းမျဉ်းသည် နားလည်သဘောပေါက်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ယင်းသည် အမှန်တကယ်တွင် နားလည်သဘောပေါက်ရန် အလွန်လွယ်ကူသည်။ အဓိကအချက်မှာ လူတို့က လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဖြစ်သည်။ လူတို့၏ နောက်ထပ် ဆိုးရွားသော အားနည်းချက်မှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်ကူးထင်မြင်မှုကို အစဉ်သဖြင့် အလိုလိုက်ပြီး “ဘုရားသခင်ကို ငါ ယုံကြည်လျှင် ဖျားနာမည်မဟုတ်၊ အသက်ကြီးမည်မဟုတ်၊ ပြီးလျှင် သေချာပေါက် သေမည်မဟုတ်သည်မှာလည်း ပြောစရာမလိုပေ” ဟူ၍ ထင်ကြသည်။ ဤသည်မှာ လုံးလုံးပင် အဓိပ္ပာယ်မရှိသောအရာဖြစ်သည်။ ဘုရားသခင်က ဤသဘာဝလွန်ဖြစ်သောအရာများကို မလုပ်ဆောင်ပေ။ သူသည် လူတို့ကို ကယ်တင်သည်။ လူတို့အား ကတိပေးသည်။ ပြီးလျှင် သမ္မာတရားကို လိုက်စားပြီးနားလည်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ သူ၏ ကယ်တင်ခြင်းကို ရယူရန်၊ လူသားမျိုးနွယ်၏ လှပသော ခရီးပန်းတိုင်သို့ ဝင်ရောက်ရန် လူတို့အား တောင်းဆိုသည်။ သို့သော် ဘုရားသခင်သည် လူတို့အား ဖျားနာမည်မဟုတ်၊ သို့မဟုတ် အသက်ကြီးမည်မဟုတ်ဟု မည်သည့်အခါမျှ ကတိမပေးသကဲ့သို့ သေမည်မဟုတ်ဟုလည်း လူတို့အား ကတိမပေးခဲ့ပေ။ ပြီးလျှင် လူတို့အနေဖြင့် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစား”သင့်သည် ဟူသော သတ်မှတ်ချက်တစ်ခုခုကို ဘုရားသခင်က လူတို့အပေါ် သေချာပေါက် မချမှတ်ခဲ့သည်မှာ ပြောစရာမလိုပေ။ မိမိ၏တာဝန်နှင့် အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်း၊ မည်သည့် ဆင်းရဲဒုက္ခများကို ခံယူရမည်၊ မည်သည့်အရာကို စွန့်ပစ်ရမည်၊ မည်သည့်အရာကို အသုံးခံရမည်၊ မည်သည့်အရာကို စွန့်လွှတ်ရမည်ဆိုသည်တို့နှင့် ပတ်သက်လျှင် လူတို့သည် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ မိမိ၏ အသက်ခန္ဓာနှင့် ကိုယ်ခန္ဓာလိုအပ်ချက်များကို ကိုင်တွယ်ရာတွင် လူတို့သည် ပုံမှန်အသိတရားအချို့ရှိသင့်သည်။ လူတို့အတွက် ဘုရားသခင်ချမှတ်ခဲ့သော ဥပဒေများ၊ စည်းကမ်းများကို မဆိုထားနှင့်၊ ၎င်းတို့ ကိုယ်ခန္ဓာ၏ သာမန်လိုအပ်ချက်များကိုပင် မချိုးဖောက်သင့်ပေ။ ဤသည်မှာလည်း လူတို့ ပိုင်ဆိုင်သင့်သည့် အနည်းဆုံးသော ပုံမှန် အသိတရားဖြစ်သည်မှာ ပြောစရာမလိုပေ။ လူတို့သည် ၎င်းတို့ ရုပ်ခန္ဓာ၏ လိုအပ်ချက်များနှင့် နိယာမများအား မည်သို့ ကိုင်တွယ်ရမည်ကိုပင် မသိလျှင်၊ ပုံမှန်အသိတရား လုံးဝ မရှိဘဲ စိတ်ကူးထင်မြင်မှုများနှင့် အယူအဆများကိုသာ အမှီပြုလျှင်၊ ၎င်းတို့၏ ရုပ်ခန္ဓာအား ကိုင်တွယ်ခြင်းနှင့်ပတ်သက်ပြီး အစွန်းရောက် အယူအဆအချို့ပင်ရှိပြီး အစွန်းရောက်နည်းလမ်းအချို့ကို ခံယူလျှင် ဤသို့သောလူတို့တွင် အဓိပ္ပာယ်မရှိသော နားလည်မှုရှိသည်။ ဤအစွမ်းအစမျိုး ရှိသည့်လူတို့သည် မည်သည့်သမ္မာတရားမျိုးကို နားလည်သဘောပေါက်နိုင်သနည်း။ ဤသည်မှာ မေးခွန်းဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ ရုပ်ခန္ဓာကို မည်သို့ကိုင်တွယ်ရန် တောင်းဆိုသနည်း။ ဘုရားသခင်က လူတို့ကို ဖန်ဆင်းသောအခါ လူတို့အတွက် စည်းကမ်းများ ချမှတ်ခဲ့သည်။ ထို့ကြောင့် သူသည် သင့်အား ဤသို့သော စည်းကမ်းများနှင့်အညီ သင်၏ ရုပ်ခန္ဓာကို ကိုင်တွယ်ရန် တောင်းဆိုသည်။ ဤသည်မှာ လူတို့အတွက် ဘုရားသခင် ချမှတ်သော သတ်မှတ်ချက်နှင့် စံနှုန်းဖြစ်သည်။ အယူအဆများကို အမှီမပြုနှင့်။ ပြီးလျှင် စိတ်ကူးများကို အမှီမပြုနှင့်။ သင် နားလည်သလော။

လူတို့သည် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကား၏ စွဲမှတ်အောင်သွန်သင်မှုနှင့် လွှမ်းမိုးမှုအောက်တွင် ၎င်းတို့၏ ရုပ်ခန္ဓာအား မည်သို့ကိုင်တွယ်ရမည်ကို၊ သို့မဟုတ် ပုံမှန်ဘဝအား မည်သို့နေထိုင်ရမည်ကို မသိကြပေ။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားအချက်မှာ လူတို့သည် ၎င်းတို့၏ သေခြင်းကို မည်သို့ ကိုင်တွယ်ရမည်ကို မသိသကဲ့သို့ အဓိပ္ပာယ်ရှိသောနည်းဖြင့် မည်သို့အသက်ရှင်ရမည်ကိုလည်း မသိပေ။ ဤသို့ဆိုလျှင် လူတို့၏ သေခြင်းကို ကိုင်တွယ်ရာတွင် ဘုရားသခင်၏ သဘောထားကို ကြည့်ကြစို့။ ထမ်းဆောင်သည့်တာဝန်၏ ကဏ္ဍက မည်သည့်အရာဖြစ်စေ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် သေခြင်းထံသို့ ဒရောသောပါး အပြေးအလွှားသွားခြင်းအစား သမ္မာတရားကို နားလည်ရန်၊ လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ပုံမှန်လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန်နှင့် ကယ်တင်ခြင်းအား ရယူခြင်းအတွက် စံနှုန်းကို ရောက်ရှိရန်ဖြစ်သည်။ လူအချို့သည် ဆိုးရွားသော ရောဂါ၊ သို့မဟုတ် ကင်ဆာဖြစ်ပြီး “ဤသည်မှာ ဘုရားသခင်က ငါ့အား သေရန်၊ ငါ၏ အသက်ကို စွန့်လွှတ်ရန် ခိုင်းစေနေခြင်းဖြစ်သည်၊ ထို့ကြောင့် ငါ နာခံမည်” ဟူ၍ စဉ်းစားကြသည်။ အမှန်တွင် ဘုရားသခင်က ဤသို့ မပြောသကဲ့သို့ သူ့တွင် ဤသို့သော စိတ်ကူးလည်း မပေါ်ပေ။ ဤသည်မှာ လူတို့၏ နားလည်မှုလွဲခြင်းထက် မပိုပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်းက နှစ်အရေအတွက်တစ်ခုခုအထိ အသက်ရှင်သော်လည်း ၎င်းတို့၏ ဘဝသက်တမ်းများက မတူညီကြပေ။ ဘုရားသခင်က ဆုံးဖြတ်သောအခါတွင် သင့်တော်သောအချိန်နှင့်နေရာ၌ လူတိုင်း သေဆုံးကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က ချမှတ်ဆုံးဖြတ်သည်။ ဘုရားသခင်သည် မည်သူ့ကိုမဆို ထင်သလိုကိစ္စတစ်ခုခုဖြင့် သေဆုံးစေခြင်းထက် ထိုလူ၏ ဘဝသက်တမ်းအတွက် သူချမှတ်ခဲ့သောအချိန်၊ သူ၏ သေဆုံးသောနေရာနှင့် သေဆုံးသည့် ပုံစံတို့နှင့်အညီ ဖြစ်ပျက်စေရန် လုပ်ဆောင်သည်။ ဘုရားသခင်သည် လူတစ်ယောက်၏ ဘဝကို အလွန်အရေးကြီးသည်ဟု မှတ်ယူသည်။ လူတစ်ယောက်၏ သေခြင်းနှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ အသက်ကို အဆုံးသတ်ခြင်းကိုလည်း အလွန်အရေးကြီးသည်ဟု မှတ်ယူသည်။ ဤအရာအားလုံးကို ဘုရားသခင်က ချမှတ်ဆုံးဖြတ်သည်။ ဤအမြင်ရှုထောင့်မှ ကြည့်လျှင် ဘုရားသခင်က လူတို့အား တာဝန်ထမ်းဆောင်ရန် တောင်းဆိုသည်ဖြစ်စေ သို့မဟုတ် သူ့နောက်သို့လိုက်ရန် တောင်းဆိုသည်ဖြစ်စေ သူသည် လူတို့အား သေခြင်းထံသို့ ဒရောသောပါး အပြေးအလွှားသွားရန် မတောင်းဆိုပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဘုရားသခင်က သင့်အား သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက်၊ သို့မဟုတ် ဘုရားသခင်အတွက် အသုံးခံခြင်း၊ သို့မဟုတ် သူ၏ တာဝန်ပေးစေခိုင်းချက်အတွက် သင်၏ အသက်ကို အချိန်မရွေး စွန့်လွှတ်ရန် ပြင်ဆင်ဖို့ မတောင်းဆိုပေဟု အဓိပ္ပာယ်ရသည်။ သင်သည် ဤသို့သော ပြင်ဆင်မှုများ ပြုလုပ်ဖို့ မလိုအပ်ပေ။ ဤသို့သော စိတ်ဓာတ်ရှိဖို့ မလိုအပ်ပေ။ ပြီးလျှင် သင်သည် အသေအချာပင် ဤနည်းဖြင့် စီစဉ်ဖို့၊ သို့မဟုတ် စဉ်းစားဖို့ မလိုအပ်ပေ။ ဘုရားသခင်က သင်၏ အသက်ကို မလိုအပ်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ သင်၏ အသက်ကို ဘုရားသခင်က ပိုင်ဆိုင်သည်၊ ထိုအသက်ကို ပေးအပ်သူမှာ သူဖြစ်သည်ဆိုသည်မှာ ပြောစရာမလိုပေ။ ဤသို့ဆိုလျှင် သူသည် မည်သည့်အတွက် ထိုအသက်ကို ပြန်လည်ရယူလိုမည်နည်း။ သင်၏ အသက်သည် တန်ဖိုးရှိသလော။ ဘုရားသခင်၏ အမြင်ရှုထောင့်မှကြည့်လျှင် တန်ဖိုးရှိသည်၊ မရှိသည်ဆိုသည်နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၌ မည်သည့်ကဏ္ဍတွင် သင်ပါဝင်သည်ဆိုသည်နှင့်သာ သက်ဆိုင်သည်။ သင်၏ အသက်နှင့်ပတ်သက်လျှင် ဘုရားသခင်က ယူဆောင်လိုလျှင် သူသည် အချိန်မရွေး၊ နေရာမရွေး၊ မိနစ်မရွေး ယူဆောင်နိုင်သည်။ ထို့ကြောင့် မည်သူမဆို၏ အသက်သည် ၎င်းတို့ကိုယ်တိုင်အတွက် အရေးကြီးသည်။ ၎င်းတို့၏ တာဝန်များ၊ ဝတ္တရားများနှင့် တာဝန်ခံယူမှုများအတွက် အရေးကြီးပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းအချက်အတွက်လည်း အရေးကြီးသည်။ ဘုရားသခင်၏ အဘက်ဘက်မှ စီမံခန့်ခွဲမှုအစီအစဉ်တွင်ပါဝင်သော ၎င်းတို့၏ ကဏ္ဍအတွက်လည်း အရေးကြီးသည်မှာ ပြောစရာမလိုပေ။ သင်၏ အသက်သည် အရေးကြီးသော်လည်း ဘုရားသခင်က သင့်အသက်ကို ယူဆောင်ဖို့ မလိုအပ်ပေ။ အဘယ်ကြောင့်နည်း။ သင်၏ အသက်ကို ယူဆောင်သွားသောအခါ သင်သည် လူသေတစ်ယောက်ဖြစ်သွားပြီး ဆက်လက်၍ အသုံးပြု၍ မရပေ။ သင် အသက်ရှင်သောအခါမှသာ၊ ဘုရားသခင် အုပ်စိုးသည့် လူသားမျိုးနွယ်ကြားတွင် အသက်ရှင်သောအခါမှသာ ဤဘဝတွင် သင်ပါဝင်ရန် ရည်ရွယ်ထားသော ကဏ္ဍတွင် ပါဝင်နိုင်သည်။ ပြီးလျှင် သင် ကောင်းမွန်စွာ ဖြည့်ဆည်းရန် ရည်ရွယ်ထားသော တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်ကာ ဘုရားသခင်က သင့်အား ဤဘဝတွင် ထမ်းဆောင်ရန် တောင်းဆိုသော တာဝန်များကို ထမ်းဆောင်နိုင်သည်။ ဤပုံစံဖြင့် သင်ဖြစ်တည်သောအခါမှသာ သင်၏ အသက်သည် တန်ဖိုးရှိပြီး ထိုတန်ဖိုးကို အမှန်တကယ် ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် “ဘုရားသခင်အတွက် သေခြင်း”၊ သို့မဟုတ် “ဘုရားအမှုတော်အတွက် ငါ၏ ဘဝကို စွန့်လွှတ်ခြင်း” ကဲ့သို့သော စကားများကို ပေါ့ပေါ့တန်တန် မပြောဆိုနှင့်။ ထပ်ခါထပ်ခါ မပြောဆိုနှင့်။ သို့မဟုတ် သင်၏ စိတ်ထဲတွင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် မထားရှိနှင့်။ ယင်းသည် မလိုအပ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်အတွက် အစဉ်မပြတ် သေလိုသောအခါ၊ သူ၏ တာဝန်အတွက် သူ့ကိုယ်သူ ပူဇော်ဆက်ကပ်ပြီး သူ၏ အသက်ကို စွန့်လွှတ်သောအခါတွင် ဤသည်မှာ စက်ဆုပ်ဖွယ်ရွာ၊ မထိုက်တန်သောအရာနှင့် ရွံရှာဖွယ်ရာ အဖြစ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်နည်း။ သင်၏ ဘဝသည် ပြီးဆုံးသွားလျှင်၊ ဤအသွေးအသားခန္ဓာပုံစံဖြင့် အသက်မရှင်တော့လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ လူတိုင်းက သေဆုံးလျှင် ဘုရားသခင်အတွက် သူ၏ အမှုတော်မှတစ်ဆင့် ကယ်တင်ရန် မည်သူကျန်ရှိမည်နည်း။ ကယ်တင်ရန်လိုအပ်သော လူသားများမရှိလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သို့ဆောင်ရွက်မည်နည်း။ လူသားမျိုးနွယ်အား ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုတော်က တည်ရှိဦးမည်လော။ ဆက်လက်၍ လုပ်ဆောင်နိုင်ဦးမည်လော။ ဤရှုထောင့်မှကြည့်လျှင် လူတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ခန္ဓာကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်ပြီး ကျန်းမာသော ဘဝကို နေထိုင်ခြင်းသည် အရေးကြီးသောကိစ္စတစ်ခု မဟုတ်သလော။ ယင်းသည် မထိုက်တန်သလော။ လုံးဝ အသေအချာပင် ထိုက်တန်သည်။ ပြီးလျှင် လူတို့သည် ဤသို့ လုပ်ဆောင်သင့်သည်။ “အဆိုးဆုံး အခြေအနေဖြစ်လာလျှင် ငါသည် ဘုရားသခင်အတွက် အသေခံမည်” ဟု ပေါ့ပေါ့တန်တန်ပြောဆိုသော၊ သေခြင်းကို ပေါ့ဆစွာဖြင့် ပေါ့ပေါ့တန်တန် မှတ်ယူပြီး မိမိတို့၏ အသက်ကို စွန့်လွှတ်သော၊ မိမိကိုယ်ခန္ဓာကို နှိပ်စက်သောသူတို့မှာမူ မည်သို့သောသူမျိုးဖြစ်သနည်း။ ၎င်းတို့သည် ပုန်ကန်သောသူများ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသူတို့မှာ အပုန်ကန်ဆုံးသောလူများ ဖြစ်သည်။ စက်ဆုပ်ရွံရှာပြီး အထင်အမြင်သေးသင့်သည်။ တစ်စုံတစ်ယောက်က သူသည် ဘုရားသခင်အတွက် အသေခံမည်ဟု ပေါ့ပေါ့တန်တန် ပြောဆိုနိုင်သောအခါတွင် သူသည် သူ၏ ကိုယ်ပိုင်အသက်ကို အဆုံးစီရင်ရန်၊ သူ၏ တာဝန်ကို စွန့်လွှတ်ရန်၊ ဘုရားသခင်က သူ့အား အပ်နှံခဲ့သော တာဝန်ပေးစေခိုင်းချက်ကို စွန့်လွှတ်ရန်၊ ၎င်းတို့တွင် ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို တားဆီးရန် ‌ပေါ့ပေါ့တန်တန်ဖြင့် စဉ်းစားသည်ဟု ဆိုနိုင်သည်။ ဤသည်မှာ အမှုအရာများကို မိုက်မဲစွာ လုပ်ဆောင်သည့် ပုံစံမဟုတ်လော။ သင်သည် ပေါ့ပေါ့တန်တန်ဖြင့်၊ လိုလိုလားလားဖြင့် သင်၏အသက်ကို စွန့်လွှတ်ပြီး သင်၏ အသက်ကို ဘုရားသခင်အား ပေးအပ်လိုသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဘုရားသခင်က သင့်အား သင်၏ အသက်ကို ပေးအပ်ရန် အလိုရှိသလော။ သင်၏ အသက်ကိုယ်၌က ဘုရားသခင်နှင့် သက်ဆိုင်သည်။ ဘုရားသခင်က အချိန်မရွေး ယူဆောင်နိုင်သည်။ ဤသို့ဆိုလျှင် သင်၏အသက်ကို သူ့အား ပေးအပ်ခြင်း၌ မည်သို့အသုံးဝင်သနည်း။ သင်က သင့်အသက်ကို မပေးအပ်သော်လည်း ဘုရားသခင်က လိုအပ်လျှင် သူသည် သင့်အား ကောင်းမွန်စွာ တောင်းဆိုမည်လော။ သူသည် သင်နှင့် ပြောဆိုဆွေးနွေးရန် လိုအပ်မည်လော။ လိုအပ်မည်မဟုတ်ပေ။ သို့သော် ဘုရားသခင်က သင်၏ အသက်ကို မည်သည့်အတွက် အလိုရှိမည်နည်း။ ဘုရားသခင်က သင့်အသက်ကို ပြန်လည်ယူဆောင်သည်နှင့် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်တော့ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် လူတစ်ယောက် ပျောက်သွားလိမ့်မည်။ သူသည် ဤအရာနှင့်ပတ်သက်ပြီး ပျော်ရွှင်ပြီး ကျေနပ်မည်လော။ မည်သူက အမှန်တကယ် ပျော်ရွှင်ပြီး ကျေနပ်မည်နည်း။ (စာတန်ဖြစ်ပါသည်။) သင်သည် သင်၏အသက်ကို စွန့်လွှတ်လျှင် ဤသို့ လုပ်ဆောင်ခြင်းမှတစ်ဆင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ဘုရားသခင်က သင်၏ အသက်ကို ယူဆောင်ခြင်းအားဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ သင်သည် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို လွဲချော်လျှင် ယင်းသည် ဘုရားသခင်အတွက် ရရှိခြင်းဖြစ်သလော၊ ဆုံးရှုံးခြင်းဖြစ်သလော။ (ဆုံးရှုံးခြင်းဖြစ်ပါသည်။) ဘုရားသခင်အတွက် ယင်းသည် ရရှိခြင်းမဟုတ်ဘဲ ဆုံးရှုံးခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ဖန်ဆင်းခံတစ်ယောက်၏ ဘဝကိုရရှိပြီး ဖန်ဆင်းခံတစ်ယောက်၏ နေရာကို ခံယူရန် အခွင့်ပေးပြီး ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ သင် ဝင်ရောက်နိုင်ရန်၊ ဘုရားသခင်အား ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ပြီး ဘုရားကို သိမြင်ရန်၊ သူ၏ အလိုတော်နောက်သို့ လိုက်လျှောက်ရန်၊ လူသားမျိုးနွယ်အား ကယ်တင်ခြင်းဖြစ်သည့် သူ၏ အမှုတော်ကို ဖြစ်မြောက်အောင် လုပ်ဆောင်ရာတွင် သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် အဆုံးထိ သူ၏ နောက်သို့လိုက်ရန် အခွင့်ကိုသင့်အား ပေးသည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းဖြစ်ပြီး သင့်ဘဝဖြစ်တည်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်ဖြစ်သည်။ သင်၏ ဘဝသည် ဤအရာအတွက် ဖြစ်တည်လျှင်၊ သင်သည် ဤအရာအတွက် ကျန်းမာစွာ နေထိုင်လျှင် ဤသည်မှာ အဓိပ္ပာယ်အရှိဆုံးသောအရာဖြစ်သည်။ ပြီးလျှင် ဘုရားသခင်နှင့် ပတ်သက်လျှင် ဤသည်မှာ မှန်ကန်သော ရည်စူးဆက်ကပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် ကျေနပ်ဖွယ် အဖြစ်ဆုံးသောအရာဖြစ်သည်။ ဘုရားသခင် မြင်တွေ့လိုသောအရာမှာ ဇာတိပကတိ၌ အသက်ရှင်သော ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလယ်တွင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပစ်ခြင်း၊ သူ့အတွင်းသို့ စာတန်က သွတ်သွင်းခဲ့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆ အများအပြားကို ငြင်းပယ်ခြင်း၊ ဘုရားသခင်ထံမှ သမ္မာတရားများနှင့် သတ်မှတ်ချက်များကို လက်ခံနိုင်ခြင်း၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အပြည့်အဝ နာခံခြင်း၊ ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက် ဖြစ်လာနိုင်ခြင်းတို့ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မြင်တွေ့လိုသောအရာ ဖြစ်သည်။ ဤသည်မှာ လူသားဘဝ၏ ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်ဖန်ဆင်းခံမဆိုအတွက် သေခြင်းသည် အဆုံးစွန် ခရီးပန်းတိုင်မဟုတ်ပေ။ လူသားဘဝ၏ ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် သေရန်မဟုတ်ဘဲ ဘုရားအတွက် အသက်ရှင်ရန်၊ ဘုရားအတွက်၊ မိမိ၏ ကိုယ်ပိုင်တာဝန်အတွက် ဖြစ်တည်ရန်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့အတွက် ဖြစ်တည်ရန်၊ ဘုရားအလိုတော်ကို လိုက်လျှောက်ရန်နှင့် စာတန်ကို အရှက်ခွဲရန်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက် ဖြစ်တည်မှု၏ တန်ဖိုးဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက်၏ ဘဝအဓိပ္ပာယ်လည်း ဖြစ်သည်။

လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ပတ်သက်လျှင် လူတို့၏ သေခြင်း၊ ရှင်ခြင်းကို ဘုရားသခင် သဘောထားသည့် ပုံစံသည် ရိုးရာယဉ်ကျေးမှုတွင် ရှိသော “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ဆိုရိုးစကားတွင် ဖော်ပြထားသည်နှင့် လုံးဝ မတူပေ။ စာတန်သည် အစဉ်သဖြင့် လူတို့ကို သေစေလိုသည်။ စာတန်သည် လူတို့ အသက်ရှင်နေသည်ကို မြင်ရသည်ကို သက်သောင့်သက်သာ မဖြစ်ပေ။ ပြီးလျှင် လူတို့၏ အသက်များကို မည်သို့ ပျက်စီးဆုံးရှုံးအောင် လုပ်ရမည်ကို အစဉ် အဖြေရှာလျက်ရှိသည်။ လူတို့သည် စာတန်ထံမှ ရိုးရာယဉ်ကျေးမှု၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို လက်ခံသည်နှင့် ၎င်းတို့ အလိုရှိသမျှမှာ ၎င်းတို့၏ နိုင်ငံနှင့် လူမျိုးအတွက်၊ သို့မဟုတ် ၎င်းတို့၏ အသက်မွေးအလုပ်အတွက်၊ ချစ်ခြင်းအတွက်၊ သို့မဟုတ် ၎င်းတို့၏ မိသားစုအတွက် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ရန်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အသက်ကို အစဉ်သဖြင့် အမှုမထားကြပေ။ အချိန်မရွေး၊ နေရာမရွေး သေရန်၊ ၎င်းတို့၏ အသက်ကို လက်လွှတ်ရန် အသင့်ရှိကြသည်။ ပြီးလျှင် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့် အသက်ကို တန်ဖိုးအရှိဆုံးသောအရာအဖြစ်၊ မြတ်နိုးသင့်သောအရာတစ်ခုအဖြစ် မှတ်ယူခြင်းမရှိကြပေ။ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့် အသက်ကို ပိုင်ဆိုင်ဆဲရှိနေစဉ်တွင် ၎င်းတို့၏ ဘဝသက်တမ်းအတွင်းတွင် ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြပေ။ ထိုအစား စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် နတ်ဆိုးဆန်သော စကားများကိုလက်ခံကြပြီး အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန် အစဉ် ရည်ရွယ်ကြသည်။ ပြီးလျှင် အချိန်မရွေး ဘုရားသခင်အတွက် အသေခံရန် အသင့်ရှိကြသည်။ အမှန်မှာ သင်သည် အမှန်တကယ် သေဆုံးလျှင် ဘုရားသခင်အတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ စာတန်အတွက် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က သင့်အား အမှတ်ရမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်ရှင်သူများသာ ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေနိုင်ပြီး သက်သေခံနိုင်သောကြောင့်ဖြစ်သည်။ အသက်ရှင်သူများသာ ဖန်ဆင်းခံများ၏ သင့်လျော်သောနေရာကို ခံယူပြီး ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ကာ ဤသို့ဖြင့် နောင်တများ မကျန်ရစ်စေဘဲ စာတန်ကို အရှက်ခွဲနိုင်သောကြောင့်၊ ဖန်ဆင်းရှင်၏ အံ့ဖွယ်အမှုများနှင့် အချုပ်အခြာအာဏာကို သက်သေခံနိုင်သောကြောင့်ဖြစ်သည်။ အသက်ရှင်သူများသာ ဤအရာများကို လုပ်ဆောင်နိုင်သည်။ သင်သည် အသက်ပင်မရှိလျှင် ဤအရာအားလုံး တည်ရှိမည်မဟုတ်ပေ။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားကို အဆိုပြုခြင်းအားဖြင့် စာတန်သည် လူသားအသက်ကို ဆော့စကားပြီး နင်းခြေနေသည်မှာ သံသယရှိစရာမလိုပေ။ စာတန်သည် လူ့အသက်ကို မလေးစားဘဲ ထိုအစား လှည့်ကွက်များ လုပ်ဆောင်ပြီး လူတို့အား “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသကဲ့သို့သော အယူအဆများကို လက်ခံစေရန် လုပ်ဆောင်သည်။ လူတို့သည် ဤသို့သော အယူအဆများနှင့် အသက်ရှင်ပြီး အသက်ကို မမြတ်နိုးပေ၊ သို့မဟုတ် ကိုယ့်အသက်ကိုယ် တန်ဖိုးရှိသည်ဟု မမှတ်ယူပေ။ ဤသို့ဖြင့် ဘုရားသခင်က လူတို့အား ပေးသည့်အရာများထဲမှ တန်ဖိုးအရှိဆုံးသောအရာဖြစ်သည့် ၎င်းတို့၏ အသက်ကို ပေါ့ပေါ့တန်တန် စွန့်လွှတ်ကြသည်။ ဤသည်မှာ ဖောက်ပြန်သော၊ ကိုယ်ကျင့်တရားမရှိသော အရာတစ်ခုဖြစ်သည်။ သင့်အတွက် ဘုရားသခင် ချမှတ်ဆုံးဖြတ်သည့် နောက်ဆုံးအချိန်ကို မရောက်သေးသရွေ့ သင်သည် မည်သည့်အချိန်တွင်ဖြစ်စေ သင်၏ အသက်အား စွန့်လွှတ်ခြင်းကို ပေါ့ပေါ့တန်တန် မပြောဆိုသင့်ပေ။ သင်အသက်ရှူနေသရွေ့ အားမလျှော့နှင့်။ သင်၏တာဝန်ကို မစွန့်လွှတ်နှင့်။ သင့်အပေါ် ဘုရားသခင်၏ အပ်နှံမှုနှင့် တာဝန်ပေးစေခိုင်းချက်ကို မစွန့်ပစ်နှင့်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ဖန်ဆင်းခံမဆို၏ အသက်သည် ဖန်ဆင်းရှင်အတွက်၊ သူ၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအတွက်သာ ဖြစ်တည်သောကြောင့်ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်၏ သက်သေခံချက်နှင့် သူ၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုအတွက်သာ ဖြစ်တည်ပြီး ယင်း၏ တန်ဖိုးကို အမှန်တကယ် ဖြစ်ပေါ်စေသောကြောင့်လည်းဖြစ်သည်။ လူ့အသက်အပေါ် ဘုရားသခင်၏ အမြင်သည် စာတန်၏ အမြင်နှင့် လုံးဝ ခြားနားသည်ကို သင် မြင်နိုင်သည်။ ဤသို့ဆိုလျှင် လူ့အသက်ကို မည်သူက အမှန်တကယ် မြတ်နိုးသနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) ဘုရားသခင်သာ ဖြစ်သည်။ လူတို့ကိုယ်တိုင်ကမူ ကိုယ့်အသက်ကိုယ် မြတ်နိုးရမှန်းမသိပေ။ ဘုရားသခင်သာ လူသား၏ အသက်ကို မြတ်နိုးသည်။ လူသားများသည် ချစ်ခင်ဖွယ် မရှိသော်လည်း၊ သို့မဟုတ် ချစ်ခြင်းနှင့် မထိုက်တန်သော်လည်း အညစ်အကြေးနှင့် ပုန်ကန်ခြင်းတို့ အပြည့်ရှိပြီး စာတန်က သွတ်သွင်းခဲ့သော အဓိပ္ပာယ်မရှိသော အယူအဆများနှင့် အမြင်မျိုးစုံတို့ဖြင့် ပြည့်လျက်ရှိသည်။ ပြီးလျှင် လူသားများသည် ဘုရားသခင်အား ဆန့်ကျင်သည်အထိပင် စာတန်ကို ကိုးကွယ်ပြီး စာတန်နောက်လိုက်သော်လည်း မည်သို့ပင်ဖြစ်စေ လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သောကြောင့်၊ လူသားများကို ဝင်လေ၊ ထွက်လေနှင့် အသက်ကို ပေးအပ်ခဲ့သောကြောင့် သူသာလျှင် လူသား၏အသက်ကို မြတ်နိုးသည်။ သူသာလျှင် လူတို့ကို ချစ်သည်။ သူသာလျှင် လူသားမျိုးနွယ်ကို စဉ်ဆက်မပြတ် ဂရုစိုက်ပြီး မြတ်နိုးသည်။ ဘုရားသခင်က လူသားများကို မြတ်နိုးသည်။ လူသားများ၏ ရုပ်ခန္ဓာကိုမဟုတ်ဘဲ ၎င်းတို့၏ အသက်ကိုမြတ်နိုးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အသက်ပေးခဲ့သော လူသားများသာ အဆုံးတွင် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်သော ဖန်ဆင်းခံများဖြစ်လာပြီး ဘုရားသခင်အပေါ် သက်သေခံနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူတို့အတွက်၊ ဤဖန်ဆင်းခံများအတွက် အလုပ်၊ တာဝန်ပေးစေခိုင်းချက်များနှင့် မျှော်မှန်းချက်များရှိသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့၏ အသက်ကို မြတ်နိုးပြီး တန်ဖိုးထားသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် လူတို့သည် ဖန်ဆင်းရှင်ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်လာသည်နှင့် ၎င်းတို့၏ ရုပ်ခန္ဓာ၏ အသက်ကို မည်သို့ ကို်ငတွယ်သင့်သည်၊ ၎င်းတို့ရှင်သန်သည့် ဥပဒေသများနှင့် လိုအပ်ချက်များကို မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်တို့အတွက် စည်းမျဉ်းများ မရှိသင့်သလော။ ဤစည်းမျဉ်းများသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသည်။ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ပြုသမျှနုနေသောဘက်တွင် လူတို့သည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းသော များစွာသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်မျိုးစုံကို စွန့်ပစ်ပြီး “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသည့် ဆိုရိုးစကားကဲ့သို့သော စာတန်၏ အမြင်များ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကို ဖော်ထုတ်ပြီး သိမြင်ရမည်။ ယင်းတို့သည် လူတို့ကို ထုံထိုင်းစေသည်။ ထိခိုက်စေသည်။ ပြီးလျှင် ဘောင်ခတ်သည်။ ဤအမြင်များကို စွန့်ပစ်ရမည်။ ထို့အပြင် လှုပ်ရှားတက်ကြွမှုရှိသောဘက်တွင်လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အတိအကျ မည်သည့်အရာများဖြစ်သည်ဆိုသည်ကို ၎င်းတို့ နားလည်ရမည်။ ပြီးလျှင် ၎င်းတို့လုပ်ဆောင်သည့်အရာရာတိုင်း၏ အခြေခံအုတ်မြစ်သည် ဘုရားနှုတ်ကပတ်တော်ဖြစ်စေရမည်။ ဤသို့ဖြင့် လူတို့သည် လမ်းလွဲခြင်းမရှိဘဲ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သမ္မာတရားကို အမှန်တကယ် လိုက်စားနိုင်မည်။ သမ္မာတရားအား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ (သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။) ဤစကားများဖြင့် အနှစ်ချုပ်ခြင်းသည် မှန်ကန်သည်။

ယနေ့တွင် ငါတို့သည် သေခြင်းကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်နှင့် အသက်ကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကိုပါ အဓိက မိတ်သဟာယပြုခဲ့သည်။ စာတန်သည် လူတို့၏ အသက်ကို နင်းချေသည်။ ဖျက်ဆီးသည်။ ပြီးလျှင် နုတ်ယူသည်။ စာတန်သည် လူတို့အတွင်းသို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆနှင့် အမြင်မျိုးကို သွတ်သွင်းခြင်းအားဖြင့် လူတို့အား အထင်အမြင်မှားစေပြီး ထုံထိုင်းစေသည်။ ပြီးလျှင် လူတို့အား ၎င်းတို့တွင်ရှိသော တန်ဖိုးအရှိဆုံးသောအရာဖြစ်သည့် ၎င်းတို့၏ အသက်ကို စက်ဆုပ်ရွံရှာစွာ သဘောထားစေပြီး ဤသို့အားဖြင့် ဘုရားအမှုတော်ကို နှောင့်ယှက်ပြီး ဖျက်ဆီးသည်။ ငါ့ကို ပြောလော့။ တစ်ကမ္ဘာလုံးရှိ လူများအားလုံးသည် သေလိုပြီး ပေါ့ပေါ့တန်တန်ဖြင့် သေသွားနိုင်လျှင် လူ့အဖွဲ့အစည်းသည် ဖရိုဖရဲဖြစ်မည်မဟုတ်လော။ ဤသို့ဆိုလျှင် လူသားများအတွက် အသက်ရှင်ရန်နှင့် ဖြစ်တည်ရန် ခက်ခဲမည်လော။ (ခက်ခဲပါမည်။) ဤသို့ဆိုလျှင် လူ့အသက်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ သူသည် လူသား၏ အသက်ကို မြတ်နိုးသည်။ ဘုရားသခင်သည် လူသား၏ အသက်ကို မြတ်နိုးပြီး တန်ဖိုးထားသည်။ ဤဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် မည်သည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို လူတို့ ရရှိသင့်သနည်း။ လူတို့သည် ၎င်းတို့၏ ဘဝသက်တမ်းအတွင်းတွင် ဘုရားသခင်က ပေးသည့် တန်ဖိုးအရှိဆုံးသောအရာများ ဖြစ်သော ဝင်သက်ထွက်သက်နှင့် အသက်ရှိနေဆဲအချိန်တွင် သမ္မာတရားအား သင့်လျော်စွာ လိုက်စားပြီး နားလည်သင့်သည်။ ပြီးလျှင် မည်သည့်နောင်တမျှ မကျန်ရစ်စေဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းများနှင့်အညီ ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဤသို့ဖြင့် တစ်နေ့တွင် ၎င်းတို့သည် ဖန်ဆင်းခံ၏ နေရာကို ခံယူနိုင်ပြီး ဖန်ဆင်းရှင်အား သက်သေခံပြီး ကိုးကွယ်နိုင်သည်။ ဤသို့ လုပ်ဆောင်ရာတွင် ၎င်းတို့သည် စာတန်အတွက် အသက်ရှင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ သူ၏ အမှုတော်၊ သူ၏ သက်သေခံချက်အတွက် အသက်ရှင်ခြင်းအားဖြင့် ၎င်းတို့၏ ဘဝကို တန်ဖိုးနှင့် အဓိပ္ပာယ်ပေးအပ်လိမ့်မည်။ လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် အမှုတော်ကို သက်သေခံနိုင်သောအခါတွင် ၎င်းတို့၏ ဘဝသည် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည်။ သို့သော် လူ့ဘဝသည် ဂုဏ်ကျက်သရေအရှိဆုံးသောအချိန်သို့ ရောက်ရှိခဲ့ပြီဟူ၍ မဆိုနိုင်ပေ။ ဤသို့ပြောလျှင် ထိုမျှ မှန်ကန်ခြင်းမရှိပေ။ ထိုအချိန်ကို မရောက်ရှိသေးသောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို အမှန်တကယ်နားလည်ပြီး သမ္မာတရားကို ရရှိသည်နှင့်၊ ဘုရားသခင်အကြောင်း သိမြင်မှု ရရှိပြီး ဘုရားသခင်အား ကိုးကွယ်ရန် ဖန်ဆင်းခံ၏ နေရာကို ခံယူနိုင်သည်နှင့်၊ ဘုရားသခင်အကြောင်း၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအကြောင်း၊ သူ၏ လုပ်ဆောင်မှုများအကြောင်း၊ သူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာတို့အကြောင်းကို သက်သေခံနိုင်သည်နှင့် သင့်ဘဝ၏ တန်ဖိုးသည် အထွတ်အထိပ်သို့၊ အပြည့်ဝဆုံးသော ပမာဏသို့ ရောက်ရှိပြီးဖြစ်လိမ့်မည်။ ဤအရာအားလုံးကို ပြောဆိုခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ သင်တို့အား ဘဝဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကိုလည်းကောင်း၊ ကိုယ့်ဘဝကိုယ် သင် မည်သို့ ကိုင်တွယ်သင့်သည်ကိုလည်းကောင်း နားလည်စေရန်ဖြစ်သည်။ ဤသို့အားဖြင့် သင်သည် ဤအရာကို အခြေခံပြီး သင်လျှောက်သင့်သည့်လမ်းကို ရွေးချယ်စေရန်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ကိုက်ညီရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။