သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၃)
ယခင်စုဝေးပွဲတွင် ရိုးရာယဉ်ကျေးမှု၌ရှိသော “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသည့် ဆိုရိုးစကားကို ငါတို့ အဓိက မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့သည်။ လူတို့ကို အယူဝါဒသွတ်သွင်းရန်အတွက် စာတန်အသုံးပြုသော ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆိုရိုးစကားများနှင့် သဘောတရားများသည် မမှန်ကန်သည့်အပြင် လူတို့အား လိုက်နာစေသည့် ကြီးကျယ်သော စကားများမှာလည်း မမှန်ကန်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းတို့သည် လူတို့အား စိတ်ရှုပ်ထွေးစေပြီး လမ်းလွဲစေသည့် သက်ရောက်မှုရှိကာ ၎င်းတို့၏ စဉ်းစားပုံကို ဘောင်ခတ်သည်။ ရိုးရာယဉ်ကျေးမှုတွင်ရှိသည့် ဤမှားယွင်းသော အယူအဆများနှင့် အမြင်များဖြင့် ပြည်သူလူထုအား ပညာပေးခြင်း၊ အယူဝါဒသွတ်သွင်းခြင်းနှင့် လွှမ်းမိုးခြင်းတို့အားဖြင့် အဆုံးစွန်သော ရည်ရွယ်ချက်မှာ အုပ်ချုပ်သူလူတန်းစား၏ အုပ်စိုးမှုကို ၎င်းတို့ ကျိုးနွံနာခံရန်၊ မိမိတို့၏ နိုင်ငံနှင့် ပါတီကို ချစ်သော၊ မိမိတို့၏အမိမြေနှင့် နိုင်ငံတော်ကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားသော သူတို့၏ သစ္စာစောင့်သိမှုဖြင့် အုပ်ချုပ်သူများကို အစေခံရန်ပင် ဖျောင်းဖျအယုံသွင်းဖို့ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်အစိုးရသည် လူသားမျိုးနွယ်အပေါ်နှင့် အမျိုးမျိုးသော လူမျိုးစုအားလုံးတို့အပေါ် အုပ်ချုပ်သူများ၏ ချုပ်ကိုင်မှုကို လွယ်ကူချောမောစေရန်၊ အုပ်ချုပ်သူများ၏ အစိုးရစနစ်တည်ငြိမ်မှုနှင့် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသော လူ့အဖွဲ့အစည်း၏ သဟဇာတဖြစ်မှုနှင့် ငြိမ်ဝပ်ပိပြားမှုကို ဆက်လက်မြှင့်တင်ရန်တို့အတွက် ရိုးရာယဉ်ကျေးမှုပညာရေးကို တွင်ကျယ်စေခြင်းဖြစ်သည်ကို ပြသရန် လုံလောက်သည်။ အုပ်ချုပ်သူ လူတန်းစားသည် ရိုးရာယဉ်ကျေးမှုပညာရေးကို မည်သို့ ဝါဒဖြန့်ပြီး အားပေးမြှင့်တင်ကာ တွင်ကျယ်အောင်ပြုလုပ်ပါစေ ယေဘုယျအနေဖြင့် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူတို့ကို ထင်ယောင်ထင်မှားဖြစ်စေပြီး လမ်းလွဲစေသည့်အပြင် အမှန်တရားနှင့် မုသား၊ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း၊ အမှန်နှင့် အမှား၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ ခွဲခြားသိမြင်နိုင်စွမ်းကိုလည်း ပြင်းထန်စွာ နှောင့်ယှက်သည်။ ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် အဖြူနှင့်အမဲကို လုံးဝ ပြောင်းပြန်လှန်သည်၊ အမှန်တရားကို မုသားများနှင့် ရောယှက်သည်၊ ပြီးလျှင် အများပြည်သူတို့ကို ထင်ယောင်ထင်မှားဖြစ်စေကာ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာကမှားသည်၊ မည်သည့်အရာက အမှန်တရားဖြစ်သည်၊ မည်သည့်အရာက မုသားများဖြစ်သည်၊ မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်၊ မည်သည့်အရာက ဘုရားသခင်ထံမှလာပြီး မည်သည့်အရာက စာတန်ထံမှလာသည် ဆိုသည်တို့ကို ၎င်းတို့ မသိမြင်ရသော အခြေအနေအတွင်း၌ ရိုးရာယဉ်ကျေးမှုမှလာသော ဤထင်မြင်ချက်များ၏ လှည့်စားခြင်းကို လူတို့အား ခံရစေသည်ဟုလည်း ဆိုနိုင်သည်။ ရိုးရာယဉ်ကျေးမှုက အကြောင်းအရာမျိုးစုံကို အဓိပ္ပာယ်သတ်မှတ်ပြီး လူမျိုးစုံအား ကောင်းသည်၊ ဆိုးသည်၊ ကြင်နာသည်၊ ဆိုးယုတ်သည်ဟု အမျိုးအစားခွဲသော နည်းလမ်းသည် လူသားများကို နှောင့်ယှက်ပြီး စိတ်ရှုပ်ထွေးစေကာ အထင်အမြင်မှားစေ၍ ရိုးရာယဉ်ကျေးမှုက ထောက်ခံအားပေးသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးအတွင်း၌ပင် လူတို့၏ အတွေးများကို ဘောင်ခတ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို မကယ်ထုတ်နိုင်ပေ။ ရလဒ်အနေဖြင့် လူများစွာတို့သည် နတ်ဆိုးဘုရင်များအား လိုလိုလားလား ကတိသစ္စာခံကြပြီး အဆုံးတိုင် မစဉ်းမစားကိုးကွယ်ဆည်းကပ်ခြင်းကို ပြသကာ သေသည်အထိ ထိုကတိသစ္စာကို တလေးတစား လိုက်နာစောင့်ထိန်းကြသည်။ ဤအခြေအနေသည် လက်ရှိအချိန်ထိ ဆက်လက် ဖြစ်ပေါ်နေသော်လည်း အသိစိတ်ဝင်သောသူ အနည်းငယ်သာရှိသည်။ ယခုအချိန်ကာလတွင် ဘုရားသခင်ကို ယုံကြည်သောသူများစွာသည် သမ္မာတရားကို သိမြင်နိုင်သော်လည်း သမ္မာတရားအား ၎င်းတို့၏ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတွင် အတားအဆီးများစွာ ရှိနေသည်။ ဤအတားအဆီးများသည် ၎င်းတို့၏ စိတ်နှလုံးတွင် ရှေးယခင်ကတည်းက အမြစ်တွယ်နေသော ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် ရှုထောင့်အမြင်များမှ အဓိကလာသည်ဟု ဆိုနိုင်သည်။ လူတို့သည် ထိုအရာများကို ဦးစွာ သင်ယူခဲ့ပြီး ကြီးစိုးလျက်ရှိ၍ ယင်းက လူတို့၏ အတွေးများကို ထိန်းချုပ်နေပြီဖြစ်ကာ သမ္မာတရားအား လူတို့လက်ခံခြင်းနှင့် ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းအတွက် အတားအဆီးများစွာ၊ အတိုက်အခံများစွာကို ဖန်တီးသည်။ ဤသည်မှာ တစ်ခုဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်၊ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပေါ်ရခြင်းထဲတွင် ရိုးရာယဉ်ကျေးမှုက လူတို့ကို ထင်ယောင်ထင်မှားဖြစ်စေပြီး ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းက တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်၏။ ရိုးရာယဉ်ကျေးမှုသည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း၊ အမှန်တရားနှင့် မုသားတို့အား မည်သို့အကဲဖြတ်ရမည် ဆိုသည့်အပေါ် လူတို့၏ ရှုထောင့်အမြင်များကို ပြင်းထန်စွာ ထိခိုက်နှောင့်ယှက်ပြီးဖြစ်ကာ လူတို့အား များစွာသော မှားယွင်းသည့် အယူအဆများ၊ စိတ်ကူးများနှင့် အမြင်များကို ဖြစ်ပေါ်စေပြီးဖြစ်သည်။ ဤအရာက လူတို့ကို အပြုသဘောဆောင်သော၊ လှပပြီး ကောင်းမွန်သောအရာများ၊ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာများအားလုံး၏ နိယာမများနှင့် အရာခပ်သိမ်းကို ဘုရားသခင်အုပ်စိုးသည် ဆိုသည့်အချက်တို့အား အပြုသဘောဖြင့် လက်မခံနိုင်ခြင်းကို ဖြစ်စေသည်။ ထိုအရာများကို အပြုသဘောဆောင်စွာ လက်ခံရမည့်အစား လူတို့သည် အယူအဆများ၊ မရေမရာနှင့် လက်တွေ့မကျသော အတွေးအခေါ်မျိုးစုံတို့ဖြင့် ပြည့်နှက်နေသည်။ ဤသည်တို့မှာ စာတန်က လူတို့အတွင်းသို့ သွတ်သွင်းသော အယူအဆအမျိုးမျိုး၏ အကျိုးဆက်များဖြစ်သည်။ အခြားသော အမြင်ရှုထောင့်မှ ကြည့်လျှင် ရိုးရာယဉ်ကျေးမှုတွင်ရှိသည့် အမျိုးမျိုးသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအားလုံးတို့သည် လူတို့၏ စဉ်းစားပုံကို ဖျက်ဆီးခြင်း၊ ၎င်းတို့၏စိတ်ကို နှောင့်ယှက်ခြင်းနှင့် ၎င်းတို့၏ ပုံမှန် တွေးခေါ်ခြင်းဖြစ်စဉ်များကို ထိခိုက်ခြင်းတို့ ဖြစ်စေပြီး ဤသို့ဖြင့် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားအား လူတို့လက်ခံခြင်းကို ပြင်းထန်စွာ ထိခိုက်ပြီးလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံး၏ နိယာမများနှင့် စည်းမျဉ်းများအပေါ် လူတို့၏ ရှင်းလင်းသော သဘောပေါက်နားလည်မှုကိုလည်း ပြင်းထန်စွာ ထိခိုက်သည့် မမှန်ကန်သော ဆိုရိုးစကားများ ဖြစ်၏။
တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးသည် အမှန်နှင့် အမှားကို လူတို့ ခွဲခြားသိမြင်သည့် စဉ်းစားပုံ၏ မှန်ကန်သော နည်းလမ်းများကို နှောင့်ယှက်သကဲ့သို့ ၎င်းတို့၏ လွတ်လပ်စွာ စဉ်းစားပိုင်ခွင့်ကိုလည်း နှောင့်ယှက်သည်။ ထို့အပြင် လူသားများသည် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကို လက်ခံပြီးနောက်တွင် ကြောင်သူတော်ဆန်ပြီး အတုအယောင် ဖြစ်လာကြသည်။ ၎င်းတို့သည် ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်မှာ သမင်ကို မြင်းဟု ခေါ်ဆိုခြင်း၊ အဖြူနှင့်အမည်းကို ပြောင်းပြန်လှန်ခြင်းနှင့် အပျက်သဘောဆောင်သော၊ အကျည်းတန်သော၊ ဆိုးယုတ်သောအရာများကို အပြုသဘောဆောင်သော၊ လှပသော၊ ကောင်းမွန်သောအရာများအဖြစ် ပြောင်းပြန်လှန်မှတ်ယူခြင်းတို့ လုပ်ဆောင်သည်အထိပင် ဖြစ်ပြီး ၎င်းတို့သည် ဆိုးယုတ်မှုကို အမွန်အမြတ်ထားသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်လျှောက်တွင် မည်သည့်အချိန်ကာလ၊ သို့မဟုတ် မည်သည့်မင်းဆက်ဖြစ်စေ လူသားများက ထောက်ခံအားပေးပြီး ကြည်ညိုသောအရာများမှာ အခြေခံအားဖြင့် ရိုးရာယဉ်ကျေးမှုရှိ အကျင့်စာရိတ္တဆိုင်ရာ ဤဆိုရိုးစကားများပင် ဖြစ်သည်။ အကျင့်စာရိတ္တဆိုင်ရာ ဤဆိုရိုးစကားများ၏ ပြင်းထန်သော သက်ရောက်မှုအောက်တွင်၊ ဆိုလိုသည်မှာ ရိုးရာယဉ်ကျေးမှုမှ လာသော ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အဆင့်ဆင့် ပို၍ လေးနက်လာပြီး နှံ့စပ်သော အယူဝါဒသွတ်သွင်းမှု၏အောက်တွင် လူတို့သည် ဤဆိုရိုးစကားများကို ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်နှင့် နိယာမများအဖြစ် မသိစိတ်မှ ခံယူကြသည်။ လူတို့သည် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ ယင်းတို့ကို အပြည့်အဝပင် လက်ခံကြပြီး ယင်းတို့ကို အပြုသဘောဆောင်သော အရာများအဖြစ်လည်းကောင်း၊ သူတစ်ပါးတို့ကို မည်သို့ ဆက်ဆံသင့်သည်၊ လူများနှင့် အမှုအရာများကို မည်သို့ ရှုမြင်သင့်သည်၊ မည်သို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သင့်သည်ဆိုသည်တို့အတွက် လမ်းညွှန်ပေးသော သဘောတရားနှင့် စံသတ်မှတ်ချက်အဖြစ်လည်းကောင်း မှတ်ယူကြသည်။ လူတို့သည် ယင်းတို့ကို လူ့အဖွဲ့အစည်းထဲတွင် အောင်မြင်ရန်အတွက်၊ သို့မဟုတ် ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရရှိခြင်း၊ သို့မဟုတ် အထင်ကြီးမှုနှင့် ကြည်ညိုလေးစားမှု ခံရခြင်းတို့အတွက် အမြင့်ဆုံးသော နည်းဥပဒေသများအဖြစ် မှတ်ယူကြသည်။ မည်သည့်အချိန်ကာလမဆိုရှိ မည်သည့် လူ့အဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံအတွင်း၌မဆို ရှိသော အုပ်စုတစ်ခုခုကို ကြည့်လျှင် လူသားမျိုးနွယ်၏ အကောင်းတကာ့ အကောင်းဆုံးအဖြစ် ၎င်းတို့ အထင်ကြီးသော၊ ကြည်ညိုသော၊ ကြေညာထားသော လူတို့သည် လူသားများက ကိုယ်ကျင့်တရား၌ စံထားရသူများဟု ခေါ်ဆိုသောသူများသာလျှင်ဖြစ်သည်။ ထိုသို့သောသူတို့သည် နောက်ကွယ်၌ မည်သည့်ဘဝမျိုးကို နေထိုင်ပါစေ၊ ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများ၏ ရည်ရွယ်ချက်များ၊ အကြောင်းရင်းများနှင့် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရက မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့က အမှန်တကယ် မည်သို့ပြုမူနေထိုင်ပြီး သူတစ်ပါးတို့နှင့် ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့၏ လှပပြီး ကောင်းမွန်သော အကျင့်စာရိတ္တဝတ်ရုံ၏ အောက်တွင် ရစ်ပတ်ထားသောသူ၏ အနှစ်သာရက မည်သို့ရှိသည်ဖြစ်စေ ဤအရာများကို မည်သူမျှ ဂရုမစိုက်သကဲ့သို့ ဆက်လက် စုံစမ်းစစ်ဆေးရန်လည်း မကြိုးစားပေ။ ၎င်းတို့သည် သစ္စာရှိသရွေ့၊ မျိုးချစ်စိတ်ဓာတ်ရှိသရွေ့၊ အုပ်ချုပ်သူများအပေါ် သစ္စာခံမှု ပြသရွေ့ လူတို့က ၎င်းတို့ကို မြတ်နိုးကိုးကွယ်ပြီး ချီးမွမ်းကြသည့်အပြင် ၎င်းတို့ကို သူရဲကောင်းများအဖြစ်ပင် အတုယူကြသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းက လူတစ်ယောက် ကြင်နာသည်၊ ဆိုးယုတ်သည်၊ ကောင်းသည်၊ မကောင်းသည် ဆိုသည်တို့ကို တွက်ချက်ဖို့အတွက်လည်းကောင်း၊ သူ၏ ဂုဏ်သတင်းကို အကဲဖြတ်ဖို့အတွက်လည်းကောင်း အခြေပြုချက်အဖြစ် သူ၏ အပြင်ပန်း အကျင့်စာရိတ္တကို ကြည့်သောကြောင့်ဖြစ်သည်။ ကျမ်းစာတွင် နောဧ၊ အာဗြဟံ၊ မောရှေ၊ ယောဘနှင့် ပေတရုတို့ကဲ့သို့သော ရှေးကာလက အချို့သော သူတော်စင်များနှင့် ပညာရှိများ၏ ဇာတ်လမ်းများနှင့် ပရောဖက်များစွာ၏ ဇာတ်လမ်းများ စသည်တို့ကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားသော်လည်း၊ လူများစွာသည် ထိုသို့သော ဇာတ်လမ်းများနှင့် ရင်းနှီးသော်လည်း ရှေးယခင်က ဤသူတော်စင်များနှင့် ပညာရှိများ၏ လူ့သဘာဝနှင့် ကိုယ်ကျင့်စရိုက်ကို၊ သို့မဟုတ် ဘုရားသခင်ကို ၎င်းတို့ကိုးကွယ်သည့် နမူနာများ၊ သို့မဟုတ် ၎င်းတို့ထုတ်ဖော်သည့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းများကို လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းတွင်ဖြစ်စေ၊ သို့မဟုတ် လူတို့ကြားတွင်ဖြစ်စေ ကျယ်ပြန့်စွာ အားပေးမြှင့်တင်သော တိုင်းပြည်၊ လူမျိုး၊ သို့မဟုတ် အုပ်စုမရှိသေးပေ။ နိုင်ငံ၊ လူမျိုး သို့မဟုတ် အုပ်စု တစ်ခုကမျှ ဤသို့ မလုပ်ဆောင်ပေ။ ခရစ်ယာန်ဘာသာက နိုင်ငံတော်ဘာသာဖြစ်သည့် နိုင်ငံများ၊ သို့မဟုတ် ဘာသာဝင်လူဦးရေအများဆုံးရှိသော နိုင်ငံများပင် ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဤရှေးကာလက သူတော်စင်များနှင့် ပညာရှိများ၏ လူ့အကျင့်စရိုက်၊ သို့မဟုတ် ဘုရားကို ကြောက်ရွံ့ပြီး နာခံတတ်သည့် ၎င်းတို့၏ ဇာတ်လမ်းများကို အရေးစိုက်ခြင်း၊ ကြည်ညိုခြင်း မရှိသေးပေ။ ဤအရာက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ သမ္မာတရားကို လူတို့စိတ်ကုန်ပြီး အပြုသဘောဆောင်သော အရာများကို စိတ်ကုန်ကာ ဆိုးယုတ်မှုကို အမွန်အမြတ်ထားသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယိုယွင်းပျက်စီးသွားပြီဖြစ်သည်။ ဘုရားသခင်သည် လူတို့ကြားတွင် ကိုယ်တိုင်စကားပြောပြီး အလုပ်လုပ်ကာ မည်သည့်အရာက အပြုသဘောဆောင်ပြီး မည်သည့်အရာက အပျက်သဘောဆောင်သည်၊ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်၊ မည်သည့်အရာက လှပပြီး ကောင်းမွန်သည်၊ မည်သည့်အရာက အကျည်းတန်သည် စသည်တို့ကို လူတို့အား ရှင်းလင်းစွာ မပြောပြခဲ့လျှင် လူသားမျိုးနွယ်သည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းကို မည်သည့်အခါမျှ ခွဲခြားသိမြင်နိုင်မည် မဟုတ်သကဲ့သို့ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကိုလည်း ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ အစကနဦးနှင့် လူသားတို့၏ ဖွံဖြိုးတိုးတက်မှု ဖြစ်စဉ်၌ပင် ဘုရားသခင်၏ ပေါ်ထွန်းမှုများနှင့် အမှုတော်တို့၏ ဤလုပ်ဆောင်မှုများနှင့် သမိုင်းမှတ်တမ်းများကို ဥရောပနှင့် အမေရိကနိုင်ငံများ၌ရှိသည့် အချို့သောနိုင်ငံများနှင့် လူမျိုးစုများတွင် ယနေ့အထိ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည်။ သို့ရာတွင် လူသားများသည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများ၊ သို့မဟုတ် လှပကောင်းမွန်သော အရာများနှင့် အကျည်းတန်ကာ ဆိုးယုတ်သော အရာများကို ခွဲခြားသိမြင်နိုင်မှု မရှိသေးပေ။ လူသားများသည် ခွဲခြားသိမြင်နိုင်စွမ်း မရှိရုံသာမကဘဲ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများအပြင် အမျိုးမျိုးသော လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် စာတန်၏ မှားယွင်းသော အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် အယူအဆများကဲ့သို့သော စာတန်ထံမှ ပြောဆိုချက်မျိုးစုံကိုလည်း တက်ကြွစွာနှင့် လိုလိုလားလား လက်ခံကြသည်။ ဤသည်မှာ မည်သည့်အရာကို ပြသနည်း။ ယင်းက လူသားမျိုးနွယ်သည် အပြုသဘောဆောင်သော အရာများကို မိမိဆန္ဒအလျောက် လက်ခံရန် ပင်ကိုအသိစိတ် လုံးလုံးမရှိသကဲ့သို့ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများ၊ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်း၊ အမှန်နှင့် အမှား၊ အမှန်တရားနှင့် မုသားတို့ကို ခွဲခြားသိမြင်ရန် ပင်ကိုအသိစိတ်လည်း မရှိသည်ကို ပြသနိုင်သလော။ (ပြသနိုင်ပါသည်။) လူသားမျိုးနွယ်ကြားတွင် တစ်ချိန်တည်း၌ အရာနှစ်မျိုး အနှံ့အပြား တည်ရှိလာပြီး တစ်မျိုးမှာ စာတန်ဆီမှလာပြီး အခြားတစ်မျိုးမှာ ဘုရားသခင်ဆီမှ လာသည်။ သို့သော် အဆုံးတွင် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတစ်လျှောက်လုံးတွင် ဘုရားသခင်မိန့်ဆိုသော နှုတ်ကပတ်တော်များ၊ လူသားမျိုးနွယ်ကို သူသွန်သင်ပြီး ရှင်းပြသည့် အပြုသဘောဆောင်သော အရာများအားလုံးသည် လူသားမျိုးနွယ်တစ်ခုလုံး၏ လေးစားကြည်ညိုခြင်းကို မခံရနိုင်သည့်အပြင် လူသားမျိုးနွယ်ကြားတွင် ခေတ်ရေစီးကြောင်းပင် ဖြစ်မလာနိုင်သကဲ့သို့ လူတို့၌ မှန်ကန်သော အတွေးများကို မဖြစ်ပေါ်စေနိုင်သည်သာမက ဘုရားသခင် ဖန်ဆင်းထားသော အရာအားလုံးကြားတွင် ပုံမှန် အသက်ရှင်ရန်လည်း လမ်းမပြနိုင်ပေ။ လူတို့သည် စာတန်၏ အမျိုးမျိုးသော မှတ်ချက်များ၊ စိတ်ကူးများနှင့် အယူအဆများ၏ လမ်းပြမှုအောက်၌ အမှုမဲ့အမှတ်မဲ့ ဖြစ်တည်နေပြီး ဤမှားယွင်းသော အမြင်များ၏ လမ်းပြမှုအောက်၌ နေထိုင်ကြသည်။ ဤသို့နေထိုင်ရာတွင် ၎င်းတို့သည် မတက်မကြွ နေထိုင်ခြင်းမဟုတ်ဘဲ တက်ကြွစွာ နေထိုင်ကြသည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများ ရှိသော်လည်း အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အုပ်စိုးခြင်း၌ သူ၏ အောင်မြင်ပြီးမြောက်မှုများ၊ အချို့သောနိုင်ငံများ၌ ဘုရားသခင်၏ အမှုတော်အားဖြင့် ချန်ထားခဲ့သည့် များစွာသော နှုတ်ကပတ်တော်များအပြင် လက်ရှိအချိန်အထိ လက်ဆင့်ကမ်းလာခဲ့သည့် အမျိုးမျိုးသော လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများ၏ အဓိပ္ပာယ်သတ်မှတ်ချက်များ ရှိသော်လည်း လူသားများသည် စာတန်က လူတို့ထဲသို့သွတ်သွင်းသည့် အမျိုးမျိုးသော အယူအဆများနှင့် ရှုထောင့်အမြင်များအောက်တွင် အမှုမဲ့အမှတ်မဲ့ အသက်ရှင်ကြဆဲဖြစ်သည်။ စာတန်က သွတ်သွင်းပြီး ထောက်ခံအားပေးသည့် အမျိုးမျိုးသော ဤအယူအဆများနှင့် ရှုထောင့်အမြင်များသည် လူ့အဖွဲ့အစည်းတစ်လျှောက်ရှိ ခေတ်ရေစီးကြောင်းဖြစ်သော အယူအဆများနှင့် ရှုထောင့်အမြင်များ ဖြစ်သည်မှာ ခရစ်ယာန်ဘာသာ ပျံ့နှံ့သော နိုင်ငံများတွင်ပင် ဤသို့ဖြစ်သည်။ ဘုရားသခင်က သူ၏ အမှုတော်ကို ဆောင်ရွက်ခြင်းအားဖြင့် လူသားမျိုးနွယ်ထံသို့ အပြုသဘောဆောင်သော ဖော်ပြချက်များ၊ အပြုသဘောဆောင်သော အယူအဆများ၊ အမြင်များနှင့် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများ၏ အပြုသဘောဆောင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ မည်မျှချန်ထားပါစေ ယင်းတို့သည် ချောင်တစ်ခုခုတွင်သာ တည်ရှိသည်၊ သို့မဟုတ် ပို၍ဆိုးသည်မှာ လူနည်းစုဖြစ်သော လူမျိုးစုများရှိ အရေအတွက် အလွန်နည်းပါးသော လူတို့ကသာ ထိန်းသိမ်းထားပြီး လူအချို့၏ ပါးစပ်တွင်သာ ရှိသော်လည်း လူသားများအား ဘဝတစ်လျှောက်လုံး လမ်းပြခေါ်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အရာများအဖြစ် လူသားများက တက်ကြွစွာ လက်မခံနိုင်ကြပေ။ ဤအရာနှစ်မျိုးကို နှိုင်းယှဉ်အကဲဖြတ်လျှင်၊ စာတန်ထံမှ အပျက်သဘောဆောင်သော အရာများနှင့် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အရာအမျိုးမျိုးအပေါ် လူသားမျိုးနွယ်၏ မတူညီသော သဘောထားများအားဖြင့် အကဲဖြတ်လျှင် လူသားမျိုးနွယ်တစ်ခုလုံးသည် ဆိုးယုတ်သူ၏ လက်ထဲတွင် တည်ရှိသည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး အသေအချာပင် အတည်ပြုနိုင်သည်။ ဤအမှန်တရားမှာ အဓိကအားဖြင့် လူတို့၏ အတွေးများ၊ စဉ်းစားပုံများနှင့် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအား ကိုင်တွယ်ပုံများ အားလုံးသည် စာတန်၏ အယူအဆနှင့် ရှုထောင့်အမြင်အမျိုးမျိုး၏ ထိန်းချုပ်ခြင်း၊ စိုးမိုးခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ခံရပြီး ဘောင်ခတ်ခြင်းကိုပင် ခံရသည်ဟု ဆိုလိုသည်။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတစ်လျှောက်တွင် မည်သည့်အဆင့်၊ သို့မဟုတ် အချိန်ကာလတွင်ဖြစ်စေ၊ အတော်အတန် ခေတ်နောက်ပြန်ဆွဲသော ခေတ်ကာလဖြစ်စေ၊ မျက်မှောက်ခေတ်၏ စီးပွားရေးအရ ဖွံဖြိုးတိုးတက်သော ခေတ်ကာလဖြစ်စေ၊ မည်သည့် ဒေသ၊ နိုင်ငံသား၊ သို့မဟုတ် လူအုပ်စုဖြစ်စေ လူသားမျိုးနွယ်၏ ဖြစ်တည်မှု ပုံစံများ၊ ဖြစ်တည်မှု အခြေခံအုတ်မြစ်များနှင့် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအား မည်သို့ ကိုင်တွယ်ရမည်ဆိုသည့် အမြင်များအားလုံးတို့သည် စာတန်က လူတို့ထဲ၌ သွတ်သွင်းထားသော အယူအဆအမျိုးမျိုးအပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် အခြေမခံပေ။ ဤသည်မှာ အလွန်ပင် ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ လူသားများက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အကြီးအကျယ်ခံထားရသော အခြေအနေတွင်၊ ၎င်းတို့၏ အတွေးအမြင်များအပြင် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများမျိုးစုံတို့အပေါ် ၎င်းတို့ရှုမြင်သည့် နည်းလမ်းများနှင့်၊ ၎င်းတို့၏ အသက်ရှင်ခြင်းနှင့် ကမ္ဘာလောကနှင့် ဆက်ဆံခြင်း နည်းလမ်းများသည် စာတန်၏ အယူအဆများ၏ ဘောင်ခတ်ခြင်းကို လုံးလုံးလျားလျားခံထားရသော အခြေအနေတွင် ဘုရားသခင်က သူ၏အမှုတော်ကို ဆောင်ရွက်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွလာသည်။ ဤသို့သော အခြေအနေမျိုးတွင် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင်၏ အမှုသည် မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို မြင်ယောင်ကြည့်နိုင်သည်။ ဤသည်မှာ မည်သို့သော အခြေအနေမျိုး ဖြစ်သနည်း။ သူ၏အမှုတော်ကို လုပ်ဆောင်ရန် ကြွလာသည့် အခြေအနေမှာ လူတို့၏စိတ်နှင့် နှလုံးသားသည် ရှေးယခင်ကတည်းက ဆိုးယုတ်သော အတွေးအခေါ်များ၊ အဆိပ်များဖြင့် အပြည့်အဝစိမ့်ဝင်ပြီး ဘောင်ခတ်ခြင်းခံရသော အခြေအနေဖြစ်သည်။ သူသည် လူတို့တွင် မည်သည့် အတွေးအမြင်စနစ်မျှမရှိသော၊ သို့မဟုတ် လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် မည်သည့်ရှုထောင့်အမြင်မျှ မရှိသော အခြေအနေတွင် သူ၏ အမှုကို လုပ်ဆောင်ရန် ကြွလာခြင်းမဟုတ်ဘဲ လူတို့တွင် အမျိုးမျိုးသော လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် ကြည့်ရှုသည့် နည်းလမ်းများရှိသော၊ ရှုမြင်သည့်၊ စဉ်းစားသည့်၊ အသက်ရှင်သည့် ဤနည်းလမ်းများသည် စာတန်ကြောင့် အလွန်အမင်းရှုပ်ထွေးပြီး လွဲမှားစွာလမ်းပြခံရသော အခြေအနေတွင် ကြွလာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားများသည် စာတန်၏ အယူအဆများနှင့် ရှုထောင့်အမြင်များကို အပြည့်အဝလက်ခံပြီး ဆိုးယုတ်သော အယူအဆများနှင့် ပြည့်နေသော၊ စိမ့်ဝင်နေသော၊ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသော အခြေအနေအတွင်းတွင် ဘုရားသခင်က အမှုပြုပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကယ်တင်နေသော လူအမျိုးအစားဖြစ်ပြီး ယင်းက သူ၏အမှုသည် မည်မျှခက်ခဲသည်ကို ပြသသည်။ ဘုရားသခင်က ဆိုးယုတ်သော အယူအဆများဖြင့် ပြည့်နှက်ပြီး ဘောင်ခတ်ခံရသည့် ထိုသို့သောသူများကို အသစ်တစ်ဖန် ပြန်လည်သိမြင်လာပြီး အပြုသဘောဆောင်သော အရာများနှင့်၊ အပျက်သဘောဆောင်သော အရာများ၊ လှပမှုနှင့် အကျည်းတန်မှု၊ အမှန်နှင့် အမှား၊ အမှန်တရားနှင့် ဆိုးယုတ်သော အတွေးမှားတို့ကို ခွဲခြားသိမြင်လာစေလိုကာ နောက်ဆုံးတွင် စာတန်သွတ်သွင်းခဲ့သည့် အမျိုးမျိုးသော အယူအဆများနှင့် အတွေးမှားများအားလုံးကို ၎င်းတို့၏ စိတ်နှလုံးထဲမှ အလွန်မုန်းတီးပြီး ငြင်းပယ်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေလိုသည်။ ဤသို့အားဖြင့် ဘုရားသခင်ထံမှလာသည့် အသက်ရှင်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သော အမြင်များနှင့် မှန်ကန်သော နည်းလမ်းများအားလုံးကို လက်ခံစေလိုသည်။ ဤသည်မှာ လူသားမျိုးနွယ်အား ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်ပတ်သက်၍ တိကျသောအဓိပ္ပာယ်ဖြစ်သည်။
လူသားမျိုးနွယ်၏ မည်သည့်အချိန်ကာလတွင်ဖြစ်စေ၊ သို့မဟုတ် လူ့အဖွဲ့အစည်းက မည်သည့်ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ရောက်ရှိသည်ဖြစ်စေ သို့မဟုတ် အုပ်ချုပ်သူများ၏ အုပ်ချုပ်မှုက မည်သည့်နည်းလမ်းဖြစ်စေ၊ မြေရှင်ပဒေသရာဇ် အာဏာရှင်စနစ်ဖြစ်စေ၊ ဒီမိုကရေစီ လူမှုစနစ်ဖြစ်စေ ဤမည်သည့်အရာကမျှ စာတန်က ထောက်ခံအားပေးသည့် အမျိုးမျိုးသော သဘောတရားဆိုင်ရာ သီအိုရီများနှင့် ဆိုရိုးစကားများသည် လူ့အဖွဲ့အစည်းတွင် ထူပြောလှသည်ဆိုသည့် အချက်ကို မပြောင်းလဲပေ။ မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်းမှ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတိုင်အောင် အုပ်ချုပ်သူများ၏ နယ်ပယ်၊ လမ်းညွှန်စည်းမျဉ်းများနှင့် ပုံစံများသည် ထပ်ခါထပ်ခါ ပြောင်းလဲသော်လည်း အမျိုးမျိုးသော လူမျိုးနွယ်စုများ၊ လူမျိုးများ၊ ကွဲပြားသော ယုံကြည်မှုအသိုင်းအဝိုင်းများ၏ အရေအတွက်များသည်လည်း စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း လူတို့တွင် စာတန် သွတ်သွင်းခဲ့သော ရိုးရာယဉ်ကျေးမှုရှိ ဆိုရိုးစကားအမျိုးမျိုး၏ အဆိပ်သည် ထူပြောပြီး ပျံ့နှံ့ဆဲဖြစ်ကာ လူတို့၏ အတွေးများနှင့် ၎င်းတို့၏ စိတ်ဝိညာဉ်၏ အတွင်းကျဆုံးသော နေရာများ၌ အမြစ်တွယ်လျက် ၎င်းတို့၏ ဖြစ်တည်မှုပုံစံများကို ထိန်းချုပ်ကာ လူများ၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အတွေးအမြင်များကို လွှမ်းမိုးထားလေသည်။ ဤအဆိပ်သည် ဘုရားသခင်အပေါ် လူတို့၏ သဘောထားများကိုလည်း အကြီးအကျယ် ထိခိုက်ပြီး သမ္မာတရားနှင့် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်အတွက် လူသားမျိုးနွယ်၏ လိုလားမှုနှင့် တောင့်တမှုတို့ကို ပြင်းထန်စွာ ပျက်စီးယိုယွင်းစေသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသော သဘောထားကို ထင်ဟပ်စေသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူသားမျိုးနွယ်တစ်လျှောက်တွင် လူတို့၏ စဉ်းစားပုံကို အစဉ်သဖြင့် ထိန်းချုပ်ခဲ့ပြီး လူသားမျိုးနွယ်ကြားရှိ ယင်းတို့၏ ကြီးစိုးသောနေရာနှင့် အခန်းကဏ္ဍသည် မည်သည့်အချိန်ကာလ သို့မဟုတ် လူမှုအခြေအနေတွင်မဆို လုံးဝ မပြောင်းလဲခဲ့ပေ။ အုပ်ချုပ်သူတစ်ဦးက အုပ်စိုးနေသည့် မည်သည့်အချိန်ကာလတွင်ဖြစ်စေ၊ ထိုအုပ်ချုပ်သူသည် လုံ့လဝီရိယရှိသည်ဖြစ်စေ၊ ခေတ်နောက်ပြန် ဆွဲသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ အုပ်ချုပ်ပုံနည်းလမ်းသည် ဒီမိုကရေစီဆန်သည်ဖြစ်စေ၊ အာဏာရှင်ဆန်သည်ဖြစ်စေ ဤအရာတစ်ခုမျှသည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် ရှုထောင့်အမြင်များက လူသားများအပေါ် အသုံးပြုသော ရှုပ်ထွေးမှုနှင့် ထိန်းချုပ်မှုကို မပိတ်ဆို့နိုင် သို့မဟုတ် အမြစ်မဖြတ်နိုင်ပေ။ မည်သည့်သမိုင်းအချိန်ကာလ၌ဖြစ်စေ၊ မည်သည့်လူမျိုးစုဖြစ်စေ၊ လူသား၏ ယုံကြည်မှု မည်မျှတိုးတက်သည် သို့မဟုတ် ပြောင်းလဲမှုများကို ကြုံရသည်ဖြစ်စေ၊ လူသားများသည် ဘဝနှင့် လူမှုဆိုင်ရာ ရေပန်းစားသောအရာများအပေါ် ၎င်းတို့၏ စဉ်းစားပုံနှင့်ပတ်သက်ပြီး မည်မျှတိုးတက်ပြီး ပြောင်းလဲပါစေ လူသား၏ စဉ်းစားပုံအပေါ် ရိုးရာယဉ်ကျေးမှုရှိ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများက ထားရှိသောလွှမ်းမိုးမှုသည် မည်သည့်အခါမျှ မပြောင်းလဲသည့်အပြင် လူတို့အပေါ် ယင်းတို့၏ သက်ရောက်မှုအာနိသင်က မည်သည့်အခါမျှ မပျောက်ပျက်သွားပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ အတွေးအခေါ်ကို အလွန်အမင်း ဘောင်ခတ်ထားပြီး လူသားများကြားက ဆက်ဆံရေးကိုသာမက သမ္မာတရားအပေါ် လူတို့၏ သဘောထားကိုပါ ပြင်းထန်စွာ ထိခိုက်သည့်အပြင် ဖန်ဆင်းခံလူသားများနှင့် ဖန်ဆင်းရှင်ကြားက ဆက်ဆံရေးကို ဆိုးရွားစွာ သက်ရောက်ပြီး ထိခိုက်စေသည်။ စာတန်က ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို သွေးဆောင်ရန်၊ ထင်ယောင်ထင်မှားဖြစ်စေရန်၊ ထုံထိုင်းစေရန်နှင့် ဘောင်ခတ်ရန် ရိုးရာယဉ်ကျေးမှု၏ အယူအဆများကို အသုံးပြုပြီး လူသားများကို ဘုရားသခင်ထံမှ လုယူရန် ဤနည်းလမ်းများကို အသုံးပြုသည်ဟု ဆိုနိုင်သည်မှာလည်းအမှန်ပင်။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ အယူအဆများကို လူသားမျိုးနွယ်ကြားတွင် ပို၍ ကျယ်ပြန့်စွာ ဖြန့်ဖြူးလေ၊ ထို့ပြင် ယင်းတို့သည် လူတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်လေ လူသားများက ဘုရားသခင်နှင့် ဝေးကွာလေဖြစ်မည်ဖြစ်ပြီး ၎င်းတို့၏ ကယ်တင်ခြင်းမျှော်လင့်ချက်က ဝေးလံလေပင်ဖြစ်သည်။ စဉ်းစားကြည့်လော့။ အာဒံနှင့် ဧဝသည် ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကိုစားရန် မြွေ၏ ဖြားယောင်းသွေးဆောင်ခြင်းကို မခံရမီတွင် ယေဟောဝါဘုရားသခင်သည် ၎င်းတို့၏သခင်၊ ၎င်းတို့၏ဖခင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် မြွေက “ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလော” (ကမ္ဘာဦးကျမ်း ၃:၁)၊ “သင်တို့ ဧကန်မုချ သေရမည်ကား မဟုတ်နိုင်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်” (ကမ္ဘာဦးကျမ်း ၃:၄-၅) ဟု ဆို၍ ဧဝကို ဖြားယောင်းသောအခါ အာဒံနှင့်ဧဝသည် စာတန်၏ သွေးဆောင်ဖြားယောင်းမှုကို အရှုံးပေးခဲ့ကြပြီး ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ မည်သည့် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ ကိုယ်လုံးတီးမလာတော့ဘဲ မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် အရာဝတ္ထုများကို ရှာကြပြီး ဘုရားသခင်၏ မျက်မှောက်တော်အလင်းကို ရှောင်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ရှာဖွေသောအခါ ၎င်းတို့သည် ဘုရားသခင်ထံမှ ပုန်းကွယ်ပြီး ယခင်ကကဲ့သို့ ဘုရားသခင်ကို မျက်နှာချင်းဆိုင် မပြောတော့ပေ။ ဘုရားသခင်နှင့် အာဒံ၊ ဧဝ၏ ဆက်ဆံရေးတွင် ဖြစ်ပေါ်ခဲ့သော ဤပြောင်းလဲမှုသည် ကောင်းမကောင်းသိကျွမ်းရာ အပင်၏အသီးကို ၎င်းတို့စားသောကြောင့် မဟုတ်ဘဲ စာတန်ဖြစ်သောမြွေက ပြောဆိုသည့် စကားများက လူတို့၌ မှားယွင်းသော အတွေးအခေါ်မျိုးကို သွတ်သွင်းကာ ဘုရားသခင်အား သံသယဝင်ရန်၊ ဘုရားသခင်ထံမှ သွေဖည်ရန်နှင့် ဘုရားသခင်ထံမှ ပုန်းကွယ်ရန် သွေးဆောင်ပြီး အထင်အမြင်မှားစေသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် ဘုရားသခင်၏ မျက်မှောက်တော်အလင်းကို ထိပ်တိုက် မရှုမြင်လိုတော့သည့်အပြင် သူ၏ရှေ့သို့ လုံးလုံးလျားလျား ဖွင့်ဟလျက် မလာလိုတော့ဘဲ လူနှင့် ဘုရားသခင်ကြားတွင် သူစိမ်းဆန်မှု ဖြစ်ပေါ်ခဲ့သည်။ ဤသူစိမ်းဆန်မှုသည် မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ ပတ်ဝန်းကျင် ပြောင်းလဲသောကြောင့်မဟုတ်၊ သို့မဟုတ် အချိန်ကုန်ဆုံးခြင်းကြောင့် မဟုတ်ဘဲ လူတို့၏ စိတ်နှလုံး ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ လူတို့၏ စိတ်နှလုံးက မည်သို့ ပြောင်းလဲသွားသနည်း။ လူတို့ကိုယ်၌က ပြောင်းလဲသွားရန်အတွက် စတင်လုပ်ဆောင်ခြင်းမရှိခဲ့ပေ။ ထိုထက် မြွေကပြောသော စကားများကြောင့်ဖြစ်ကာ ယင်းတို့သည် ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးတွင် သဘောထားကွဲလွဲစေရန် မျိုးစေ့ချပေးလျက် ၎င်းတို့အား ဘုရားသခင်နှင့် ကင်းကွာစေပြီး ဘုရားသခင်၏ မျက်မှောက်တော်အလင်းကို ရှောင်ကြဉ်ရန်၊ သူ၏ စောင့်ရှောက်မှုကို ရှောင်ရှားရန်နှင့် သူ၏ နှုတ်ကပတ်တော်များကို သံသယဝင်ရန် လုပ်ဆောင်လေသည်။ ထိုသို့သောပြောင်းလဲမှု၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူတို့သည် ယခင်ကကဲ့သို့ မဟုတ်တော့၊ ၎င်းတို့၏ စိတ်နှလုံးများနှင့် အတွေးများသည် မသန့်စင်တော့သည့်အပြင် ဘုရားသခင်အား ဘုရားအဖြစ်၊ ၎င်းတို့နှင့် အနီးကပ်ဆုံးသူအဖြစ် မမှတ်ယူတော့ပေ။ ထိုအစား ဘုရားသခင်ကို သံသယဝင်ပြီး ကြောက်ရွံ့သဖြင့် ဘုရားသခင်ထံမှ သွေဖည်ပြီး သူ့ထံမှ ပုန်းကွယ်လိုကာ ဘုရားသခင်အား ရှောင်ကြဉ်လိုသော စိတ်အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ လူသားမျိုးနွယ် လဲကျခြင်း၏ အစဖြစ်သည်။ လူသားမျိုးနွယ်၏ လဲကျခြင်းအစသည် စာတန်နှုတ်မြွက်သော စကားများ၊ အဆိပ်ရှိသော၊ သွေးဆောင်သော၊ လမ်းလွဲစေသော စကားများမှ အရင်းခံသည်။ ဤစကားများက လူတို့ထဲ၌ သွတ်သွင်းသော အတွေးများက သူတို့ကို ဘုရားသခင်အား သံသယဝင်ပြီး နားလည်မှုလွဲစေကာ မယုံသင်္ကာဖြစ်စေလျက် ဘုရားသခင်ထံမှ ကင်းကွာလာသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ရင်ဆိုင်လိုစိတ် မရှိရုံသာမကဘဲ ဘုရားသခင်ထံမှလည်း ပုန်းကွယ်လိုကြပြီးလျှင် ဘုရားသခင်ပြောသောအရာကိုပင် မယုံကြည်ကြတော့ပေ။ ဘုရားသခင်က ဤအရာနှင့်ပတ်သက်ပြီး မည်သို့ ပြောခဲ့သနည်း။ ဘုရားသခင်သည် “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်” (ကမ္ဘာဦးကျမ်း ၂:၁၆-၁၇) ဟု ပြောခဲ့သည်။ စာတန်ကမူ အကောင်း၊ အဆိုး သိကျွမ်းရာအပင်၏ အသီးကို စားသောသူတို့သည် ဧကန်အမှန်သေမည် မဟုတ်ဟူ၍ ဆိုခဲ့သည်။ စာတန်ပြောသည့် လှည့်ဖြားသောစကားများကြောင့် လူတို့သည် ဘုရားသခင်၏ စကားများကို စတင်၍ သံသယဝင်လာပြီး ငြင်းဆန်လာသည်။ ဆိုလိုသည်မှာ လူတို့၏ စိတ်နှလုံးတွင် ထင်မြင်ချက်များကို ထားရှိလာကြပြီး ၎င်းတို့သည် ယခင်ကကဲ့သို့ မသန့်စင်တော့ပေ။ လူတို့တွင်ရှိသော ဤထင်မြင်ချက်များ၊ သံသယများကြောင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို မယုံကြည်တော့ဘဲ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ကိုလည်းကောင်း၊ လူနှင့် ဘုရားကြားတွင် မလွှဲမရှောင်နိုင်သော ဆက်ဆံရေး ရှိသည်ကိုလည်းကောင်း မယုံကြည်တော့သည့်အပြင် ဘုရားသခင်က လူတို့ကို ကာကွယ်စောင့်ရှောက်နိုင်သည်ကိုပင် ယုံကြည်ခြင်းမရှိတော့ပေ။ လူတို့သည် ဤအရာများကို မယုံကြည်တော့သည့် အချိန်မှစပြီး ၎င်းတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို လက်ခံလိုစိတ်မရှိတော့ဘဲ ဘုရားသခင်၏ နှုတ်မှထွက်သော မည်သည့်စကားကိုမျှ လက်ခံလိုစိတ် မရှိတော့သည်မှာ အမှန်ပင်ဖြစ်သည်။ စာတန်၏ စုံစမ်းသွေးဆောင်သော စကားများ၏ ရလဒ်အနေဖြင့် လူသားမျိုးနွယ်၏ လဲကျမှု စတင်ဖြစ်ပေါ်ခဲ့ပြီးလျှင် လူတို့ထဲတွင် စာတန်သွတ်သွင်းခဲ့သော အယူအဆနှင့် ရှုထောင့်အမြင်မှ စတင်ခဲ့ခြင်းဖြစ်သည်။ စာတန်၏ လူတို့အား သွေးဆောင်ခြင်း၊ လမ်းလွဲစေခြင်းနှင့် လှည့်ဖြားခြင်း၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်မှာလည်း အမှန်ပင်။ လူတို့ထဲတွင် စာတန်သွတ်သွင်းခဲ့သော ဤအယူအဆနှင့် ရှုထောင့်အမြင်များကြောင့် လူတို့သည် ဘုရားသခင်ကို သို့မဟုတ် သူ၏ နှုတ်ကပတ်တော်ကို မယုံကြည်တော့ဘဲ ဘုရားသခင်ကို သံသယလည်းဖြစ်စေပြီး နားလည်မှုလွဲစေသည်၊ မယုံသင်္ကာဖြစ်စေသည်၊ ဘုရားထံမှ ပုန်းကွယ်စေသည်၊ သွေဖည်စေသည်၊ သူပြောသည့်အရာကို ငြင်းဆန်စေသည်၊ သူ၏ ပင်ကိုလက္ခဏာကို ငြင်းဆန်စေသည့်အပြင် လူတို့သည် ဘုရားသခင်ထံမှလာသည်ကိုပင် ငြင်းဆန်စေသည်။ ဤသည်မှာ စာတန်က လူတို့ကို တစ်ဆင့်ချင်း သွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးစေလျက် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို နှောင့်ယှက်ပြီး ထိခိုက်စေသောနည်းဖြစ်ကာ လူသားများအား ဘုရားထံသို့တိုးဝင်ခြင်း၊ ဘုရား၏နှုတ်မှ ထွက်သမျှစကားမှန်သမျှကို လက်ခံခြင်းမှလည်း တားဆီးသောနည်းဖြစ်သည်။ စာတန်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်ကို လက်ခံရန် လူတို့၏ လိုအင်ဆန္ဒကို စဉ်ဆက်မပြတ် နှောင့်ယှက်လျက်ရှိသည်။ လူတို့သည် စာတန်၏ အမျိုးမျိုးသော ဝေဖန်ချက်များကို ခုခံဖို့ အင်အားကင်းမဲ့လျက် မသိစိတ်မှနေ၍ ယင်းတို့၏ တိုက်စားခြင်းနှင့် စိမ့်ဝင်ခြင်းကို ခံရကာ နောက်ဆုံးတွင် ဘုရားသခင်၏ ရန်သူများနှင့် ရန်ဘက်များဖြစ်လာသည်အထိ ဆုတ်ယုတ်သွားသည်။ ဤသည်မှာ အခြေခံအားဖြင့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများက လူသားမျိုးနွယ်အပေါ် ဖြစ်စေသည့် သက်ရောက်မှုနှင့် ထိခိုက်မှုဖြစ်သည်။ ဤအရာများကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ငါတို့သည် ယင်းတို့ကို အရင်းအမြစ်မှနေ၍ စိစစ်နေခြင်းလည်းဖြစ်ကာ၊ ဤသို့အားဖြင့် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့်ပုံနှင့် ယင်းကအသုံးပြုသည့် နည်းလမ်းများနှင့်ပတ်သက်ပြီး အခြေခံနားလည်မှုကို လူတို့ ရရှိနိုင်သည်။ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့အတွက် စာတန်၏ အဓိကနည်းဗျူဟာများမှာ လူတို့၏ အတွေးအမြင်များကို ပစ်မှတ်ထားခြင်း၊ လူနှင့်ဘုရားကြား ဆက်ဆံရေးကို ဖျက်ဆီးခြင်းနှင့် ၎င်းတို့ကို ဘုရားသခင်ထံမှ တစ်ဆင့်ချင်း ဆွဲထုတ်လုယူခြင်းဖြစ်သည်။ အစပိုင်းတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ကြားသောအခါ ယင်းတို့ကို မှန်ကန်သည်ဟု ယုံကြည်ကာ ယင်းတို့နှင့်အညီ ပြုမူဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်လိုကြသည်။ ဤသည်မှာ လူတို့ကိုင်စွဲသည့် အနည်းငယ်မျှသော အပြုသဘောဆောင်သည့် အရာများ၊ အပြုသဘောဆောင်သော ဆန္ဒများနှင့်အတူ လူတို့၌ရှိသည့် အနည်းငယ်သော ယုံကြည်မှု၊ စိတ်ခိုင်မာမှုနှင့် ရည်မှန်းချက်တို့ကို တစ်စတစ်စဖြင့် ယိုယွင်းပျက်စီးပြီး တစ်စစီဖြစ်စေရန်အတွက် စာတန်သည် ယင်းတို့ကို သူ၏ ကိုယ်ပိုင်ဆိုရိုးစကားများနှင့် သူ၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ထင်မြင်ချက်များ၊ အမျိုးမျိုးသောအရာများ၏ အယူအဆများနှင့် အစားထိုးရန် အယူအဆနှင့် စကားလုံးမျိုးစုံကို အသုံးပြုသည့် အခြေအနေတွင်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မတော်တဆ စာတန့် အယူအဆများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး စာတန်၏ အကျဉ်းသားများ၊ ကျေးကျွန်များ ဖြစ်လာကြသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်၏ သမိုင်းတွင် လူသားများက စာတန်၏ အယူအဆများကို ပို၍နက်နဲစွာနှင့် ခိုင်လုံစွာ လက်ခံလာသောကြောင့် လူသားမျိုးနွယ်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ပို၍သာဝေးကွာလာသည်။ ထို့ကြောင့် “လူသားများသည် ဖန်ဆင်းခံများဖြစ်ပြီး ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်” ဆိုသည့်သတင်းစကားသည် လူတို့နှင့် ပို၍ ဝေးကွာလာပြီး လူများစွာက ယုံကြည်ခြင်းနှင့် အသိအမှတ်ပြုခြင်း မရှိကြတော့ပေ။ ထိုအစား ဤစကားသည် ဒဏ္ဌာရီတစ်ခုအဖြစ်၊ ရိုးရာပုံပြင်တစ်ခုအဖြစ်၊ ဖြစ်တည်ခြင်းမရှိသော အချက်၊ ဆိုးယုတ်သော အတွေးမှားတစ်ခုအဖြစ် မှတ်ယူခြင်းခံရကာ ယနေ့ လူ့အဖွဲ့အစည်းတွင် လူအချို့က မိစ္ဆာဒိဋ္ဌိအဖြစ်ပင် ရှုတ်ချခြင်းကို ခံရသည်။ ဤသည်မှာ လူသားမျိုးနွယ်ကြားတွင် ကျယ်ပြန့်စွာ ဖြန့်ဖြူးခဲ့သည့် စာတန်၏ ဆိုးယုတ်သော အတွေးမှားအမျိုးမျိုး၏ ရလဒ်နှင့် သက်ရောက်မှုချည်းသည်ဟု ဆိုရမည်။ စာတန်သည် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတစ်လျှောက်တွင် လူတို့အား သင်ကြားပေးခြင်းကဲ့သို့ အပြုသဘောဆောင်သော အရာများကို ဟန်ဆောင်ပြုလုပ်ခြင်း၊ လူတို့၏ စကားများနှင့် လုပ်ရပ်များကို စည်းကမ်းဖြင့် ဟန်ဆောင်ထိန်းသိမ်းခြင်း စသည်တို့ကို လုပ်ဆောင်လျက် စာတန်သည် လူသားမျိုးနွယ်အား အပြစ်နှင့် သေခြင်းချောက်နက်ထဲသို့ တစ်ဆင့်ချင်း ဆွဲခေါ်သွားကာ လူသားမျိုးနွယ်အား ဘုရားသခင်၏ မျက်မှောက်တော်အလင်းထံမှ ဝေးရာသို့၊ သူ၏ ကွယ်ကာစောင့်ရှောက်မှုမှ ဝေးရာသို့၊ သူ၏ ကယ်တင်ခြင်းမှ ဝေးရာသို့ ခေါ်ဆောင်သွားသည်ဟုလည်း ဆိုရမည်။ ကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ တမန်များသည် လူတို့အား လာရောက်စကားပြောခြင်း၊ လူတို့ကြား၌ နေထိုင်ခြင်း ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော်လည်း ထိုသို့သောအရာများသည် လွန်ခဲ့သော နှစ် ၂၀၀၀ တွင် မတည်ရှိတော့ပေ။ ဤအတွက် အကြောင်းရင်းမှာ လူသားမျိုးနွယ်တစ်ခုလုံးတွင် နောဧ၊ အာဗြဟံ၊ မောရှေ၊ ယောဘ သို့မဟုတ် ပေတရုတို့ကဲ့သို့သော ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ရှေးကာလသူတော်စင်များနှင့် ပညာရှင်များကဲ့သို့သောသူများ မရှိတော့ဘဲ လူသားမျိုးနွယ်တစ်ခုလုံးသည် စာတန်၏ အယူအဆများနှင့် ဝေဖန်ချက်များ၏ စိမ့်ဝင်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။ ဤသည်မှာ အကြောင်းအရာအမှန်ပင်ဖြစ်သည်။
ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သည့် အရာသည် ရိုးရာယဉ်ကျေးမှု၌ရှိသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရနှင့်ဆိုင်သော ကဏ္ဍတစ်ခုဖြစ်ပြီး ယင်းက လူသားမျိုးနွယ်အား စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုလည်း ညွှန်ပြသည်၊ သက်သေပြကာ လက္ခဏာဖော်ဆောင်သည်။ ဤပြဿနာများ၏ အနှစ်သာရမှ ကြည့်လျှင်၊ ခြွင်းချက်မရှိ လူသားများအားလုံးသည် ကလေးငယ်များဖြစ်စေ၊ အသက်ကြီးသော လူကြီးများဖြစ်စေ၊ မည်သည့် လူမှုအဆင့်အတန်းတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်လူမှုနောက်ခံမှ လာသည်ဖြစ်စေ အတိမ်အနက် ကွဲပြားမှုပင်မရှိဘဲ စာတန်၏ မှတ်ချက်အမျိုးမျိုး၏ ဘောင်ခတ်ခြင်းကို ခံရပြီး၊ ဆိုးယုတ်သော အယူအဆများ ပြည့်နှက်နေသည့် ဖြစ်တည်မှု ပုံစံတစ်ခုအတွင်း၌ လုံးလုံးလျားလျား နေထိုင်ကြသည်။ သို့ဆိုလျှင် မငြင်းနိုင်သော အချက်မှာ အဘယ်နည်း။ စာတန်က လူတို့ကို ဖောက်ပြန်ပျက်စီးစေသည် ဟူသည့်အချက်ပင်။ စာတန်က ဖောက်ပြန်ပျက်စီးစေသည်မှာ လူသားများ၏ ကိုယ်တွင်းအင်္ဂါအမျိုးမျိုးမဟုတ်ဘဲ ၎င်းတို့၏ အတွေးများဖြစ်သည်။ လူသားများ၏ အတွေးများကို ဖျက်ဆီးခြင်းက လူသားမျိုးနွယ်အားလုံးအား ဘုရားသခင်ကို ဆန့်ကျင်စေကာ ဤသို့ဖြင့် ဘုရားသခင်ဖန်ဆင်းခဲ့သော လူသားများသည် သူ့ကို မကိုးကွယ်နိုင်ဘဲ၊ ထိုအစား သူ့ကို ပုန်ကန်ရန်၊ အာခံရန်၊ သစ္စာဖောက်ပြီး ငြင်းပယ်ရန်အတွက် စာတန်ထံမှ အယူအဆနှင့် အမြင်မျိုးစုံကို အသုံးချကြသည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်နှင့် ဉာဏ်များသော အကြံအစည်ဖြစ်ပြီး ဤသည်မှာ စာတန်၏ သရုပ်မှန်ဖြစ်သည်မှာ ပြောစရာမလို၊ ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့်ပုံဖြစ်သည်။ သို့ရာတွင် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်မှာ နှစ်ထောင်ပေါင်း မည်မျှကြာပြီဖြစ်စေ၊ အချက်အလက်မည်မျှက လူသားမျိုးနွယ်အား စာတန်ဖျက်ဆီးခြင်းကို ညွှန်ပြသည်ဖြစ်စေ၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် အယူအဆနှင့် အမြင်အမျိုးမျိုးက မည်သို့မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည်ဖြစ်စေ၊ ထို့ပြင် လူသား၏ အတွေးများသည် ယင်းတို့၏ ဘောင်ခတ်ခြင်းကို မည်မျှနက်နဲစွာ ခံထားရသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုလျှင် ဤအရာအားလုံး ရှိသည်ဖြစ်စေ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် သူ၏အလုပ်ကို လုပ်ဆောင်ဖို့ ကြွလာသောအခါနှင့် သမ္မာတရားကို သူဖော်ပြသောအခါ လူတို့သည် ထိုအခြေအနေမျိုး၌ အသက်ရှင်လျှင်ပင် ဘုရားသခင်သည် လူတို့ကို စာတန်၏ အုပ်စိုးမှုအောက်မှ ပြန်လည်လုယူပြီး လူတို့ကို သိမ်းပိုက်နိုင်သေးသည်။ ထို့ပြင် ဘုရားသခင်သည် လူတို့အား သမ္မာတရားကို နားလည်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရနှင့် သမ္မာတရားကို သိစေရန်၊ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို စွန့်ပစ်ရန်၊ သူ့ကို နာခံရန်၊ သူ့ကိုကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန် လုပ်ဆောင်နိုင်သေးသည်။ ဤသည်မှာ မလွှဲမသွေ ရရှိမည့် နောက်ဆုံးရလဒ်ဖြစ်ပြီး ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်က သေချာပေါက် အသီးအပွင့် ဖြစ်ထွန်းလာသည့်၊ ဘုရားသခင်သည် သူ၏ ဘုန်းတော်ထင်ရှားခြင်းနှင့်အတူ တိုင်းပြည်များနှင့် လူအားလုံးထံသို့ ပေါ်ထွန်းသည့် ဦးတည်ရာတစ်ခုလည်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က ပြောသကဲ့သို့ပင် “ဘုရားသခင်က သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်ပြီး သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည် ထာဝရတည်သည်။” ဤစာကြောင်းသည် မှန်၏။ ယင်းကို သင်တို့ ယုံကြည်သလော။ (ယုံကြည်ပါသည်။) ဤသည်မှာ သေချာပေါက် ဖြစ်လာမည့် အချက်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုနောက်ဆုံးအဆင့်သည် လူသားမျိုးနွယ်အား သမ္မာတရားနှင့်အသက်ကို ထောက်ပံ့ပေးခြင်းအမှု ဖြစ်သောကြောင့်ဖြစ်သည်။ အနှစ်သုံးဆယ်ကျော် ကာလတိုအတွင်းတွင် အတော်အတန်များပြားသော လူတို့သည် ဘုရားရှေ့မှောက်သို့ ရောက်လာခဲ့ကြကာ သူ၏ သိမ်းပိုက်ခြင်းကို ခံရပြီး ယခုတွင် မပြောင်းလဲနိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် သူ၏နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် စာတန်ထံမှ မည်သည့် အကျိုးအမြတ်ကိုမျှ မရရှိလိုပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ သူ၏ ကယ်တင်ခြင်းတို့ကို လက်ခံလိုစိတ်ရှိကြကာ ၎င်းတို့အားလုံးသည် ဖန်ဆင်းခံအဖြစ် ၎င်းတို့၏နေရာကို ပြန်၍ခံယူပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံလိုစိတ်ရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်က အသီးအပွင့်ဖြစ်ထွန်းလာသည့် လက္ခဏာတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အခြေခိုင်သော အချက်တစ်ခုဖြစ်ပြီး ပြည့်စုံလာပြီးဖြစ်သည့် အချက်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် ယင်း ယခုဖြစ်ပျက်နေသည့် အရာတစ်ခုဖြစ်ပြီး ဖြစ်ပျက်နှင့်ပြီးဖြစ်သည့် အရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ စာတန်က လူသားမျိုးနွယ်ကို မည်သို့ ဖောက်ပြန်ပျက်စီးစေသည်ဖြစ်စေ၊ မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ ဘုရားသခင်သည် လူသားများအား စာတန်၏ အုပ်စိုးမှုအောက်မှ လုယူပြီး ၎င်းတို့ကို ကယ်တင်ရန်၊ သူ၏ရှေ့သို့ ပြန်လည်ခေါ်ဆောင်ရန်နှင့် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေးကို ပြန်လည်ရယူရန် နည်းလမ်းများ အစဉ်သဖြင့် ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမရှိ တန်ခိုးကြီးခြင်းနှင့် ဩဇာအာဏာဖြစ်ပြီး သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ထိုနေ့ရက်သည် အနှေးနှင့်အမြန် ရောက်ရှိလာလိမ့်မည်။
ယခင်နောက်ဆုံးစုဝေးပွဲတွင် “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီး ဤဆိုရိုးစကားတွင် ပါဝင်သော တောင်းဆိုချက်များ၊ ဖော်ပြချက်များ၊ အယူအဆများနှင့် ရှုထောင့်အမြင်များကို ပိုင်းခြားစိစစ်ပြီး ဖော်ထုတ်လျက် အချိန်အနည်းငယ် ယူခဲ့ကြကာ ယင်း၏အနှစ်သာရကို လူတို့ နားလည်မှုတစ်ခုရခဲ့ကြသည်။ ဤကဏ္ဍနှင့်သက်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်က အတိအကျမည်သို့ရှိသည်၊ သူ၏သဘောထားက မည်သို့ဖြစ်သည်၊ ဤအရာက မည်သည့်သမ္မာတရားများကို ဖြစ်ပေါ်စေသည်နှင့် သေခြင်းတရားကို လူတို့ မည်သို့ရှုမြင်သင့်သည်တို့ကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပေသည်။ လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက်တွင် ထိုသို့သောအရာများကို ၎င်းတို့ ကြုံတွေ့ရသောအခါတိုင်းတွင် ထိုသို့သော ပြဿနာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကြည့်ရှုပြီး သမ္မာတရားနှင့်အညီ ကိုင်တွယ်သင့်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ၎င်းတို့ ကိုက်ညီနိုင်မည်ဖြစ်သည်။ ထို့အပြင် ငါတို့ နောက်အခေါက်က ပြောခဲ့သော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားဖြစ်သည့် “နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်” ဆိုသည်မှာ အပေါ်ယံဆန်လွန်းကာ ယင်း၏ အတွေးနယ်ပယ်သည် အောက်တန်းကျလွန်းသောကြောင့် ရှေ့ဆက်၍ ပိုင်းခြားစိစစ်ဖို့ မထိုက်တန်ပေ။ ငါတို့ မိတ်သဟာယဖွဲ့မည့် နောက်ထပ် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားဖြစ်သော “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်မှာ ပိုင်းခြားစိစစ်ဖို့ ထိုက်တန်သည်။ ပိုင်းခြားစိစစ်ရန် ထိုက်တန်သောအရာများသည် လူတို့၏ အတွေးများနှင့် အယူအဆများတွင် တစ်နေရာရာကို ယူထားကြသည်။ အချိန်ကာလတစ်ခုအတွင်းတွင် ယင်းတို့သည် လူတို့၏ အတွေးအခေါ်၊ ဖြစ်တည်မှုပုံစံ၊ လမ်းကြောင်းတို့ကို လွှမ်းမိုးမည်ဖြစ်ပြီး၊ ၎င်းတို့၏ ရွေးချယ်မှုကိုလည်း လွှမ်းမိုးမည်မှာအမှန်ပင်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အပေါ် ရိုးရာယဉ်ကျေးမှုကို အသုံးချခြင်းအားဖြင့် စာတန်ရရှိသော အကျိုးဆက်ဖြစ်သည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် ဆိုရိုးစကားသည် လူတို့၏ နှလုံးနှင့် စိတ်တွင် တစ်နေရာကို ရယူထားသည်။ ဆိုလိုသည်မှာ ဤဆိုရိုးစကားက ရည်ညွှန်းသော ပြဿနာမျိုးသည် အထူးပင် သဘောထားကို ထင်ဟပ်စေသည်။ လူတို့သည် ၎င်းတို့နိုင်ငံ၏ ကံကြမ္မာတွင် အလွန်အရေးပါသော ကာလတစ်ခု၌ ဤဆိုရိုးစကားကို အခြေခံပြီး ရွေးချယ်မှုများကို လုပ်ဆောင်ကြမည်ဖြစ်ကာ ယင်းသည် ၎င်းတို့၏ အတွေးအခေါ်နှင့် ပုံမှန်အတွေးဖြစ်စဉ်များကို ချည်နှောင်ပြီး ကန့်သတ်လိမ့်မည်။ ထို့ကြောင့် ထိုသို့သော အယူအဆနှင့် ရှုထောင့်အမြင်များကို ပိုင်းခြားစိစစ်ထိုက်လေသည်။ ငါတို့ ယခင်က ပြောဆိုခဲ့သည့် ဆိုရိုးစကားများနှင့်ယှဉ်ပါက အတိအကျဆိုရလျှင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” စသည်တို့နှင့် ယှဉ်လျှင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အကျင့်စာရိတ္တစံနှုန်းသည် စာတန်၏လောကတွင် ပိုမိုမြင့်သည့်နယ်ပယ်၌ နေရာယူထားသည်။ ငါတို့ ယခင်က ပိုင်းခြားစိစစ်ခဲ့သည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူအမျိုးအစားတစ်ခု သို့မဟုတ် ဘဝ၏အသေးစားကိစ္စတစ်ခုကို ရည်ညွှန်းလျက်၊ ယင်းတို့အားလုံး၌ အကန့်အသတ်ရှိကာ ဤဆိုရိုးစကား၌ ပိုမိုကျယ်ပြန့်သော နယ်ပယ်ပါရှိသည်။ ယင်းသည် “နည်းပါးသောကိုယ်ကျိုး”၏ နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် မသက်ဆိုင်ဘဲ “ကြီးမားသော ကိုယ်ကျိုး” နှင့် သက်ဆိုင်သည့် အရေးကိစ္စများ အမှုအရာများ အနည်းငယ်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ယင်းသည် လူတို့၏ စိတ်နှလုံးတွင် အခရာကျသောနေရာကို ယူထားကာ၊ ဤဆိုရိုးစကားသည် လူတို့၏ စိတ်နှလုံး၌ နေရာတစ်နေရာ ယူသင့်သလောဆိုသည်ကို ကြည့်ရန်၊ လူတို့က ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို သမ္မာတရားနှင့်ညီသော နည်းလမ်းဖြင့် မည်သို့ရှုမြင်သင့်သည်ကို သေချာစေရန် ဤဆိုရိုးစကားကို ပိုင်းခြားစိစစ်ရမည်။
“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် လူတိုင်းက မိမိနိုင်ငံအတွက် တာဝန်ခံသင့်သည်ဟု အဆိုပြုခြင်းအားဖြင့် လူတို့အား မိမိတို့နိုင်ငံ၏ ကံကြမ္မာအတွက် မိမိတို့၏တာဝန်အပေါ် အရေးထားရန် လှုံ့ဆော်သည်။ သင်သည် သင့်နိုင်ငံ၏ ကံကြမ္မာအတွက် သင်၏တာဝန်ကို ကျေပွန်လျှင် အစိုးရက သင့်အား ဂုဏ်ပြုပြီး ဆုချီးမြှင့်မည်ဖြစ်ပြီး သင်သည် မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ရှိသူအဖြစ် ရှုမြင်ခံရမည်။ သို့သော် သင်သည် နိုင်ငံ၏ကံကြမ္မာကို အရေးမစိုက်ဘဲ နိုင်ငံက ဒုက္ခရောက်နေစဉ်တွင် အချည်းနှီးရပ်ကြည့်ကာ ဤအရာကို အလွန်အရေးကြီးသော ကိစ္စတစ်ခုအဖြစ် မမှတ်ယူလျှင်၊ သို့မဟုတ် ထိုအကြောင်းကို သင် ရယ်သွမ်းသွေးလျှင် ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ရန် လုံးဝပျက်ကွက်ခြင်းအဖြစ် ရှုမြင်ခံရမည်ဖြစ်သည်။ သင်၏နိုင်ငံက သင့်ကို လိုအပ်သည့်အချိန်တွင် သင်၏တာဝန်နှင့် ဝတ္တရားများကို မထမ်းဆောင်လျှင် သင်သည် အရာမရောက်သည့်အပြင် သင်သည် အမှန်ပင် အရေးမပါသောသူဖြစ်သည်။ ထိုသို့သောလူတို့သည် လူ့အဖွဲ့အစည်းတွင် ဘေးဖယ်ခံရပြီး အထင်သေးခံရကာ ၎င်းတို့နှင့် အဆင့်အတန်းတူသူတို့၏ ပမာမထားခြင်းနှင့် အထင်သေးခြင်းကို ခံရသည်။ မည်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်၏ မည်သည့်နိုင်ငံသားအတွက်မဆို “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် လူတို့၏ သဘောတူညီမှုနှင့် ကိုက်ညီသော ဆိုရိုးစကား၊ လူတို့က လက်ခံနိုင်သော ဆိုရိုးစကားနှင့် လူသားမျိုးနွယ်က လေးစားသော ဆိုရိုးစကားပင်ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်က မြင့်မြတ်သည်ဟု မှတ်ယူသော အယူအဆတစ်ခုလည်း ဖြစ်သည်။ မိမိ၏ ဇာတိမြေ၏ ကံကြမ္မာကို စိုးရိမ်ပြီး အရေးစိုက်လျက် တာဝန်ရှိသည်ဟူသော အသိစိတ် လေးနက်စွာရှိသောသူသည် ပိုမိုကြီးမြတ်သော ဖြောင့်မတ်ခြင်းရှိသူဖြစ်သည်။ မိမိတို့၏ မိသားစုကို စိုးရိမ်ပူပန်သောသူတို့သည် ဖြောင့်မတ်မှု ပို၍ နည်းပါးကြသည်။ သို့ဖြစ်လင့်ကစား မိမိတို့နိုင်ငံ၏ ကံကြမ္မာကို အရေးစိုက်သော သူများကမူ ပိုမိုကြီးမြတ်သော ဖြောင့်မတ်ခြင်းသဘော ရှိသူများဖြစ်ကာ လူတို့အားလုံးအနက် ထိုသူတို့ကို အုပ်ချုပ်သူများနှင့် ပြည်သူတို့၏ ချီးကျူးခြင်းခံရသင့်သည်။ အတိုချုပ်အားဖြင့် ဤသို့သော အယူအဆများသည် လူသားများအတွက် အပြုသဘောဆောင်သော အဓိပ္ပာယ်ရှိကာ လူသားမျိုးနွယ်ကို အပြုသဘောဖြင့် လမ်းပြရန် အကူအညီပေးသည်ဟု အသိအမှတ်ပြုခံရပြီး ယင်းတို့ကို အပြုသဘောဆောင်သော အရာများအဖြစ်လည်း အသိအမှတ်ပြုခံရသည်မှာ အမှန်ပင်ဖြစ်သည်။ သင်တို့လည်း ဤသို့ပင် ထင်မြင်သလော။ (ထင်မြင်ပါသည်။) ဤအတိုင်း သင်တို့ထင်မြင်သည်မှာ သာမန်ဖြစ်သည်။ ယင်းက သင်တို့၏ အတွေးအခေါ်သည် သာမန်လူတို့နှင့် မကွာခြား၊ သင်တို့သည် သာမန်လူများဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သာမန်လူတို့သည် အများတကာ စွဲကိုင်သော အယူအဆများအပြင် ကျန်သောလူသားမျိုးနွယ်ထံမှလာသည့် အပြုသဘောဆောင်သော၊ လိုလားတက်ကြွသော၊ တိုးတက်မှုရှိသော၊ မြင့်မြတ်သော အယူအဆများနှင့် မှတ်သားစရာများဟူသော အမျိုးမျိုးခေါ်ဆိုသည့် အရာအားလုံးကိုလည်း လက်ခံတတ်ကြသည်။ ဤသူတို့မှာ သာမန်လူများဖြစ်သည်။ သာမန်လူများက လက်ခံပြီး မြတ်နိုးသော အယူအဆများသည် သေချာပေါက် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) သဘောတရားအရ ပြောရလျှင် ယင်းတို့သည် အပြုသဘောမဆောင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သမ္မာတရားနှင့် မညီသောကြောင့်ဖြစ်သည်။ ဘုရားသခင်ထံမှ မလာသောကြောင့်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က သွန်သင်ပေးခြင်း မဟုတ်သောကြောင့်၊ သို့မဟုတ် လူသားမျိုးနွယ်အား ဘုရားသခင်ကပြောခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် အမှန်တရားက အတိအကျ အဘယ်နည်း။ ဤကိစ္စကို မည်သို့ ရှင်းပြသင့်သနည်း။ ယခု ငါ အသေးစိတ်ရှင်းပြမည်ဖြစ်ပြီး ငါပြောဆို၍ ပြီးသောအခါ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် အဘယ်ကြောင့် အပြုသဘောဆောင်သောအရာ မဟုတ်သည်ကို သင်တို့ သိလိမ့်မည်။ အဖြေကို ငါဖွင့်မပြမီတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားကို ဦးစွာ စဉ်းစားကြည့်လော့။ ယင်းသည် အမှန်ပင် အပြုသဘောဆောင်သောအရာ ဟုတ်သလော။ လူတို့အား မိမိတို့၏နိုင်ငံကို ချစ်စေသည်မှာ မှားယွင်းသလော။ လူအချို့က “ကျွန်တော်တို့ဇာတိမြေရဲ့ ကံကြမ္မာက ကျွန်တော်တို့ရဲ့ ရှင်သန်မှု၊ ပျော်ရွှင်မှု၊ အနာဂတ်နဲ့ ဆက်စပ်မှုရှိပါတယ်။ ဘုရားသခင်က လူတွေကို သူတို့မိဘတွေအပေါ် တာဝန်သိတတ်ဖို့၊ သူတို့ရဲ့ သားသမီးတွေကို ကောင်းကောင်းပြုစုပျိုးထောင်ဖို့၊ သူတို့ရဲ့ လူမှုတာဝန်တွေကို ဖြည့်ဆည်းဖို့ မပြောဘူးလား။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့က တာဝန်အနည်းငယ် ထမ်းဆောင်တာ ဘာမှားလို့လဲ။ ဒါက အပြုသဘောဆောင်တဲ့အရာ မဟုတ်ဘူးလား။ သမ္မာတရားတစ်ခုအဆင့်အထိ မရောက်ပေမယ့် မှန်ကန်တဲ့ အယူအဆဖြစ်သင့်တယ် မဟုတ်ဘူးလား” ဟူ၍ ဆိုကြသည်။ လူတို့သိရသလောက် ဤအကြောင်းပြချက်များက ကျိုးကြောင်းညီညွတ်သည် မဟုတ်လော။ လူတို့သည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကား၏ မှန်ကန်မှုကို ထောက်ခံရန်အတွက် ဤအဆိုများ၊ ဤအကြောင်းပြချက်များနှင့် ဤကျိုးကြောင်းပြချက်များကိုပင် အသုံးပြုကြသည်။ ဤသို့ဆိုလျှင် ဤဆိုရိုးစကားသည် တကယ် မှန်သလော၊ မှားသလော။ မှန်လျှင် မည်သို့ မှန်သနည်း။ မမှန်လျှင် မည်သို့ မှားသနည်း။ ဤမေးခွန်းနှစ်ခုကို သင်တို့ ရှင်းလင်းစွာ ဖြေနိုင်လျှင် ဤသမ္မာတရားကဏ္ဍကို သင်တို့ အမှန်တကယ် နားလည်လိမ့်မည်။ “'လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်' ဆိုတဲ့ ဆိုရိုးစကားက မမှန်ဘူး။ နိုင်ငံတွေကို အစိုးရက အုပ်ချုပ်ပြီး နိုင်ငံရေးစနစ်တွေနဲ့ ထိန်းချုပ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်လာတိုင်း ကျွန်တော်တို့မှာ တာဝန်မရှိဘူး၊ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က လူသားရဲ့ နိုင်ငံရေးမှာ ဝင်မပါလို့ပဲ၊ ဒါကြောင့် ကျွန်တော်တို့လည်း နိုင်ငံရေးမှာ ဝင်မပါဘူး၊ ဒီတော့ ဒီဆိုရိုးစကားက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ နိုင်ငံရေးနဲ့ဆိုင်တဲ့ အရာမှန်သမျှ ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူး။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူနဲ့ နိုင်ငံရေးကို ကြိုက်နှစ်သက်သူ ဘယ်သူမဆို နိုင်ငံရဲ့ ကံကြမ္မာအတွက် တာဝန်ရှိတယ်။ ဒီဆိုရိုးစကားကို ကျွန်တော်တို့ လက်မခံဘူး၊ ကျွန်တော်တို့ရဲ့ ရှုထောင့်ကနေကြည့်ရင် ဒါက အပြုသဘောဆောင်တဲ့အရာ မဟုတ်ဘူး” ဟု ပြောသော အခြားလူများရှိသည်။ ဤရှင်းပြချက်က မှန်သလော၊ မှားသလော။ (မှားသည်။) အဘယ်ကြောင့် မှားသနည်း။ ဤရှင်းပြချက်က ယုတ္တိမတန်သည်ကို သဘောတရားအရ သင်တို့သိသည်၊ ယင်းက ပြဿနာ၏ အရင်းအမြစ်ကို မကိုင်တွယ်သည့်အပြင် ပြဿနာ၏ အနှစ်သာရကို ရှင်းပြရန် မလုံလောက်ပေ။ ယင်းသည် သဘောတရားဆိုင်ရာ ရှင်းပြချက်တစ်ခုသာဖြစ်သော်လည်း ဤအကြောင်းအရာ၏ အနှစ်သာရကို မရှင်းလင်းပေ။ ယင်းက မည်သည့်ရှင်းပြချက်မျိုးဖြစ်စေ ဤကိစ္စ၏ တိကျသောအနှစ်သာရကို မဖြေရှင်းနိုင်သရွေ့ တကယ့်ရှင်းလင်းချက်မဟုတ်၊ တိကျမှန်ကန်သော အဖြေမဟုတ်သည့်အပြင် သမ္မာတရားမဟုတ်ပေ။ ဤသို့ဆိုလျှင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားက မည်သို့မှားယွင်းနေသနည်း။ ဤကိစ္စမှာ မည်သည့်သမ္မာတရားနှင့် ဆက်စပ်သနည်း။ ဤအမှုကိစ္စတွင်ရှိသော သမ္မာတရားကို စာကြောင်းတစ်ကြောင်း၊ နှစ်ကြောင်းဖြင့် ရှင်းလင်းစွာ ရှင်းပြ၍မရပေ။ ဤအရာ၌ပါဝင်သော သမ္မာတရားကို သင်တို့ နားလည်စေရန်အတွက် များစွာ ရှင်းပြဖို့လိုမည်။ ထို့ကြောင့် ဤအရာနှင့်ပတ်သက်၍ ရိုးရှင်းသော ဝေါဟာရများဖြင့် မိတ်သဟာယဖွဲ့ကြစို့။
“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားကို မည်သို့ရှုမြင်ပြီး ပိုင်းခြားသိမြင်သင့်သနည်း။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သလော။ ဤဆိုရိုးစကားကို ရှင်းပြရန်အတွက် နိုင်ငံဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ဦးစွာ ကြည့်ကြစို့။ လူတို့၏စိတ်တွင် နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားမှာ အဘယ်နည်း။ နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားမှာ နိုင်ငံသည် အလွန်ကြီးနေသလော။ သဘောတရားအရ ပြောရလျှင် နိုင်ငံတစ်နိုင်ငံသည် အုပ်ချုပ်သူတစ်ဦးတည်းက အုပ်ချုပ်ပြီး လူမှုစနစ်တစ်ခုတည်းဖြင့် ထိန်းချုပ်သည့် အိမ်ထောင်အားလုံးပါဝင်သော နယ်မြေတစ်ခွင်ဖြစ်သည်။ ဆိုလိုသည်မှာ အိမ်ထောင်များစွာက နိုင်ငံတစ်နိုင်ငံကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းက အဓိပ္ပာယ်သတ်မှတ်သည့် ပုံစံဟုတ်သလော။ (ဟုတ်သည်။) သေးငယ်သောအိမ်ထောင်များ ရှိသောအခါမှသာ အိမ်ထောင်ကြီးတစ်ခု ရှိနိုင်သည်ဖြစ်ကာ အိမ်ထောင်ကြီးတစ်ခုက နိုင်ငံတစ်နိုင်ငံ၏ လက္ခဏာဖြစ်သည်။ ဤသည်မှာ နိုင်ငံ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်က လက်ခံနိုင်ဖွယ်ဖြစ်သလော။ သင်တို့ စိတ်ထဲတွင် ယင်းကို စံအဖြစ် သတ်မှတ်သလော။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် မည်သူ၏ နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများနှင့် အသင့်တော်ဆုံးဖြစ်သနည်း။ (အုပ်ချုပ်သူများဖြစ်သည်။) မှန်သည်။ အရင်ဦးဆုံးအနေဖြင့် အုပ်ချုပ်သူများ ဖြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အုပ်စိုးမှုအောက်တွင် အိမ်ထောင်များအားလုံး ရှိခြင်းအားဖြင့် ၎င်းတို့၏ လက်ထဲတွင် ဩဇာအာဏာရှိသည်။ ထို့ကြောင့် အုပ်ချုပ်သူများနှင့်ပတ်သက်လျှင် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်က ကျိုးကြောင်းညီညွတ်သောအရာဖြစ်ပြီး ၎င်းတို့က ဤအရာကို စံအဖြစ်သတ်မှတ်သည်။ အုပ်ချုပ်သူ၏ နိုင်ငံတစ်နိုင်ငံအပေါ် အဓိပ္ပာယ်သတ်မှတ်ချက်မှာ မည်သို့ရှိသည်ဖြစ်စေ မည်သည့်သာမန်လူအတွက်မဆို နိုင်ငံနှင့် ထိုနိုင်ငံတွင်ရှိသော လူတိုင်း၏ ကြားတွင် ကွာဟမှုတစ်ခုရှိသည်။ သာမန်လူများအတွက်၊ ဆိုလိုသည်မှာ နိုင်ငံတစ်နိုင်ငံစီရှိ လူတစ်ဦးချင်းစီအတွက် နိုင်ငံတစ်နိုင်ငံအပေါ် ၎င်းတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အုပ်ချုပ်သူများ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားက ထောက်ခံအားပေးသော အဓိပ္ပာယ်သတ်မှတ်ချက်နှင့် လုံးဝ ကွဲပြားသည်။ အုပ်ချုပ်သူလူတန်းစားက နိုင်ငံတစ်နိုင်ငံကို အဓိပ္ပာယ်သတ်မှတ်သည့် နည်းသည် ၎င်းတို့၏ အုပ်စိုးမှုနှင့် ၎င်းတို့၏ ကိုယ်ကျိုးမျှော်လင့်ချက်အပေါ်တွင် အခြေခံသည်။ ၎င်းတို့သည် နိုင်ငံတစ်နိုင်ငံဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို အဓိပ္ပာယ်သတ်မှတ်ရန်အတွက် အထက်စီးမှနေပြီး ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ ပါဝင်သည့် ၎င်းတို့၏ မြင့်မားသော ရှုထောင့်နှင့် ကျယ်ပြန့်သော အမြင်ရှုထောင့်တို့ကို အသုံးပြုသည်။ ဥပမာ၊ အုပ်ချုပ်သူများသည် နိုင်ငံကို ၎င်းတို့၏ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်နယ်မြေအဖြစ် မှတ်ယူသည်။ ၎င်းတို့၏ ကိုယ်ပိုင်သာယာမှုအတွက် နိုင်ငံကို ပေးထားသည်ဟုလည်းကောင်း၊ နိုင်ငံ၏ အစိတ်အပိုင်းတိုင်း၊ အရင်းအမြစ်တိုင်းနှင့် နိုင်ငံအတွင်းတွင်ရှိသော လူတိုင်းကိုပင်လျှင် ၎င်းတို့ ပိုင်ဆိုင်သင့်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်သည်ဟုလည်းကောင်း၊ ထို့ပြင် ဤအရာအားလုံးကို ၎င်းတို့ ခံစားရသင့်ပြီး လူတို့အပေါ် ၎င်းတို့ စိတ်ရှိသလို မင်းမူနိုင်ရမည်ဟုလည်းကောင်း ထင်မြင်ကြသည်။ သို့သော် သာမန်လူတို့သည် ဤသို့သော ဆန္ဒများမရှိကြသကဲ့သို့ ဤသို့သော အခြေအနေများလည်းမရှိပေ။ ထို့ပြင် နိုင်ငံတစ်နိုင်ငံကို အဓိပ္ပာယ်သတ်မှတ်ရန်အတွက် ၎င်းတို့၌ အသေအချာပင် ဤသို့ကျယ်ပြန့်သည့် အမြင်ရှုထောင့်မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့ဆိုလျှင် သာမန်လူများအတွက်၊ မည်သည့် အမှီအခိုကင်းသောသူအတွက်မဆို နိုင်ငံတစ်နိုင်ငံ၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ကောင်းစွာ ပညာသင်ကြားထားပြီး မြေပုံများကို ကြည့်တတ်လျှင် ၎င်းတို့နိုင်ငံ၏ နယ်မြေအရွယ်အစား၊ မည်သည့်အိမ်နီးချင်းနိုင်ငံများက ဝန်းရံထားသည်၊ မြစ်ချောင်းအင်းအိုင်မည်မျှရှိသည်၊ ၎င်းတို့နိုင်ငံတွင် တောင်မည်မျှရှိသည်၊ တောမည်မျှရှိသည်၊ မြေမည်မျှရှိသည်နှင့် လူမည်မျှရှိသည်တို့ကိုသာ သိကြသည်။ နိုင်ငံတစ်နိုင်ငံအပေါ် ၎င်းတို့၏ အမြင်သဘောထားသည် မြေပုံကိုအခြေခံခြင်းနှင့် အရှိအတိုင်း ဖြစ်ခြင်းထက် မပိုပေ။ စာထဲတွင်ရှိသော သဘောတရားဆိုင်ရာ အယူအဆတစ်ခုသာဖြစ်သည်။ လက်တွေ့တွင် တည်ရှိသော နိုင်ငံနှင့် လုံးဝကိုက်ညီမှုမရှိပေ။ အတော်အတန် ကောင်းစွာ ပညာသင်ကြားထားပြီး လူမှုအဆင့်အတန်းတစ်ခုခုရှိသော သူတစ်ယောက်အတွက် နိုင်ငံတစ်နိုင်ငံအပေါ် သူ၏ သဘောထားအမြင်သည် ဤသို့သောအရာမျိုးဖြစ်သည်။ ဤသို့ဆိုလျှင် လူ့အဖွဲ့အစည်း၏ အောက်ခြေတွင်ရှိသော သာမန်လူများဆိုလျှင် အဘယ်သို့နည်း။ နိုင်ငံတစ်နိုင်ငံအပေါ် ၎င်းတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အဘယ်နည်း။ ငါ၏ အမြင်တွင် နိုင်ငံတစ်နိုင်ငံအပေါ် ဤလူတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ ၎င်းတို့မိသားစု၏ အသင့်အတင့် မြေတစ်ကွက်၊ ရွာအရှေ့စွန်၌ မိုးမခသစ်ပင်ကြီး၊ အနောက်စွန်၌ တောင်၊ ရွာအဝင်လမ်း၌ လမ်းနှင့် ထိုလမ်းတစ်လျှောက် မကြာခဏဖြတ်သွားသော ကားများအပြင် ရွာတွင် ဖြစ်ပျက်သော အတော်ပင် ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်အချို့နှင့် အရေးမပါသော အတင်းအဖျင်းစကားအချို့ထက်ပင် မပိုပေ။ သာမန်လူများအတွက် နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားသည် ဤသို့သောအရာဖြစ်သည်။ ဤအဓိပ္ပာယ်သတ်မှတ်ချက်၏ နယ်နိမိတ်များက အလွန်သေးငယ်ပြီး ယင်း၏နယ်ပယ်က အလွန်ကျဉ်းမြောင်းသော်လည်း ဤသို့သော လူမှုအခြေအနေတွင် နေထိုင်သော သာမန်လူများနှင့်ပတ်သက်လျှင် ဤသည်မှာ အလွန်ပင် လက်တွေ့ကျပြီး သဘာဝကျသည်။ ၎င်းတို့အတွက် နိုင်ငံတစ်နိုင်ငံသည် ဤထက်မပိုပေ။ ပြင်ပလောကတွင် မည်သို့ ဖြစ်ပျက်ပါစေ၊ နိုင်ငံအတွင်းတွင် မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့အတွက် နားထောင်ရန် သို့မဟုတ် နားမထောင်ရန် ရွေးချယ်နိုင်သည့် အတန်ငယ်အရေးကြီးသော သတင်းတစ်ခုခုသာ ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အရာက ၎င်းတို့၏ လတ်တလောစိတ်ဝင်စားမှုနှင့် သက်ဆိုင်သနည်း။ ယင်းသည် ဤနှစ်တွင် ၎င်းတို့စိုက်ပျိုးခဲ့သည့် ကောက်ပဲသီးနှံများက အောင်မြင်ထူးကဲသော သီးနှံများ ဖြစ်ထွန်းမည်လော၊ ၎င်းတို့၏ မိသားစုအား ကျွေးမွေးဖို့ လုံလောက်မည်လော၊ နောက်နှစ်တွင် မည်သည့်အရာကို စိုက်ပျိုးရမည်၊ ၎င်းတို့၏ ယာမြေက ရေကြီးမည်လော၊ အနိုင်ကျင့်သူများက ကျူးကျော်ပြီး နေရာယူမည်လော၊ ထို့ပြင် ဘဝနှင့်နီးကပ်စွာ ဆက်စပ်နေသော အခြား ဤသို့သောအမှုကိစ္စများနှင့် အကြောင်းအရာများဖြစ်သည်။ ရွာထဲရှိ အဆောက်အဦးတစ်ခု၊ စမ်းချောင်းတစ်ခု၊ လမ်းကြောင်းတစ်ခု စသည့်အရာတို့သာ ဖြစ်သည်။ ၎င်းတို့ အရေးစိုက်သောအရာနှင့် ပြောဆိုသောအရာသာမက ၎င်းတို့စိတ်တွင် နက်နဲစွာ ထင်ကျန်စေသောအရာတို့သည် ၎င်းတို့၏ဘဝနှင့် နီးကပ်စွာ ဆက်စပ်သည့် ၎င်းတို့အနီးအနားတွင်ရှိသော လူများ၊ အမှုအရာများနှင့် အကြောင်းကိစ္စများမျှသာဖြစ်၏။ နိုင်ငံတစ်နိုင်ငံ၏ နယ်ပယ်သည် မည်မျှကြီးသည်ဆိုသည့် အယူအဆ ၎င်းတို့တွင် မရှိသကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ သာယာဝပြောမှု၊ သို့မဟုတ် ကျဆင်းမှုနှင့်သက်ဆိုင်သော အယူအဆတစ်ခုခုလည်း မရှိပေ။ အမှုအရာများက ခေတ်ပေါ်ဆန်းပြားလေလေ၊ နိုင်ငံ၏ အရေးကိစ္စက အရေးကြီးလေလေ ယင်းတို့သည် ဤသို့သောလူများနှင့် အလှမ်းဝေးလေလေဖြစ်သည်။ ဤသာမန်လူများအတွက်မူ နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားသည် ၎င်းတို့၏ စိတ်ထဲတွင် အံဝင်ခွင်ကျဖြစ်သော လူများ၊ အမှုအရာများနှင့် အကြောင်းကိစ္စများသာဖြစ်ပြီး ၎င်းတို့၏ဘဝ၌ ၎င်းတို့ ထိတွေ့ဆက်ဆံရသော လူများ၊ အမှုအရာများနှင့် အကြောင်းကိစ္စများသာဖြစ်သည်။ ၎င်းတို့သည် နိုင်ငံ၏ ကံကြမ္မာနှင့်သက်ဆိုင်သော သတင်းအချက်အလက်ကို ရရှိလျှင်ပင် ယင်းက ၎င်းတို့နှင့် အလွန်အလှမ်းဝေးသည်။ ၎င်းတို့နှင့် အလှမ်းဝေးသည်ဆိုသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် လုံးဝ နေရာယူခြင်းမရှိ၊ ၎င်းတို့၏ ဘဝအပေါ် သက်ရောက်မှုရှိမည်မဟုတ်၊ ထို့ကြောင့် နိုင်ငံ၏ သာယာဝပြောမှု၊ ကျဆင်းမှုသည် ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့နိုင်ငံ၏ ကံကြမ္မာမှာ အဘယ်နည်း။ ယင်းသည် ဤနှစ်တွင် ၎င်းတို့စိုက်ပျိုးခဲ့သော သီးနှံများကို မိုးနတ်မင်းက ကောင်းချီးပေးခြင်းရှိမရှိ၊ သီးနှံများသည် ပေါများခြင်းရှိမရှိ၊ ၎င်းတို့၏ မိသားစုက မည်သို့ နေထိုင်စားသောက်နေရသည် ဆိုသည်နှင့် နေ့စဉ်ဘဝ၏ အခြားသော အသေးအဖွဲ အချက်အလက်များဖြစ်ပြီး နိုင်ငံတော်အရေးကိစ္စများမှာမူ ၎င်းတို့နှင့် ဆက်စပ်မှုမရှိပေ။ နိုင်ငံတော်၏ အရေးကြီးသောကိစ္စများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ နိုင်ငံ၏ ပိုင်နက်က ကျယ်ပြန့်လာသလော၊ ကျဉ်းမြောင်းလာသလော၊ အုပ်ချုပ်သူများ လည်ပတ်ခဲ့သည့် နေရာများနှင့် အုပ်ချုပ်သူလူတန်းစားအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ဆိုသည့် ဤအရာများကို သာမန်လူများ၏ နားလည်သဘောပေါက်မှုက လိုက်မမီပါပေ။ ထိုအရာတို့ကို ၎င်းတို့ နားလည်နိုင်လျှင်ပင် အဘယ်အသုံးဝင်မည်နည်း။ ၎င်းတို့သည် ညစာစားပြီး အုပ်ချုပ်သူလူတန်းစား၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ပြောဆိုကြလျှင်ပင် ၎င်းတို့သည် ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ဇလုံနှင့် တူများကို ချပြီးနောက်တွင် အသက်ရှင်ရေးအတွက် အားတင်းပြီး လယ်ထဲတွင် အလုပ်သွားလုပ်နေရဆဲဖြစ်သည်။ သီးနှံအထွက်ကောင်းနိုင်သော ၎င်းတို့၏ လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံများလောက် မည်သည့်အရာကမျှ လက်တွေ့ဆန်သည့်ပုံမရှိချေ။ လူတစ်ယောက်က အရေးစိုက်သောအရာသည် သူ၏စိတ်နှလုံးတွင် ကိုင်စွဲထားသောအရာ ဖြစ်သည်။ လူတစ်ယောက်၏ နယ်ပယ်သည် သူ၏စိတ်နှလုံးတွင် ဝင်ဆံ့သော အရာများလောက်သာ ကျယ်ပြန့်သည်။ သာမန်လူများ၏ နယ်ပယ်သည် ၎င်းတို့အနီးအနားရှိ ၎င်းတို့မြင်နိုင်သော နေရာများနှင့် ၎င်းတို့သွားနိုင်သော နေရာများအထိသာ ဆန့်တန်းနိုင်သည်။ ၎င်းတို့နိုင်ငံ၏ ကံကြမ္မာနှင့် နိုင်ငံ၏ အရေးကြီးကိစ္စများနှင့် ပတ်သက်လျှင် ၎င်းတို့သည် အလွန်ဝေးကွာပြီး လက်လှမ်းမမီပေ။ ထို့ကြောင့် နိုင်ငံ၏ကံကြမ္မာသည် အန္တရာယ် ကျရောက်နေသောအခါတွင်၊ သို့မဟုတ် နိုင်ငံသည် အင်အားကြီးသော ရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်နေရသောအခါတွင် ၎င်းတို့က “ငါ့ရဲ့သီးနှံတွေကို ကျူးကျော်သူတွေက သိမ်းသွားမှာလား။ ဒီနှစ်မှာ ငါတို့က ငါတို့သားသမီးတွေ ကောလိပ်တက်ဖို့အတွက် ပိုက်ဆံပေးဖို့ ဒီကောက်ပဲသီးနှံတွေကို ရောင်းဖို့ အားထားနေတာ” ဟူ၍ ချက်ချင်း စဉ်းစားကြသည်။ ဤအရာများသည် သာမန်လူများအတွက် လက်တွေ့ကျသော ဆက်စပ်မှုအရှိဆုံးသော အရာများ၊ ၎င်းတို့ နားလည်သဘောပေါက်နိုင်သော အရာများနှင့် ၎င်းတို့၏ စိတ်နှင့် ဝိညာဉ်က တာဝန်ယူနိုင်သော အရာများဖြစ်သည်။ သာမန်လူများအတွက် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် အလွန်ပင် ကြီးလေးလွန်းသည်။ ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို ၎င်းတို့မသိပေ။ ဤလေးလံသောဝန်နှင့် ကြီးလေးသောတာဝန်ကို မခံယူလိုကြပေ။ နိုင်ငံတစ်နိုင်ငံအပေါ် သာမန်လူများ၏ အမြင်သဘောထားသည် ဤကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ဘဝ၏ နယ်ပယ်နှင့် ၎င်းတို့၏ အတွေးနှင့် ဝိညာဉ်တို့ လှုပ်ရှားလည်ပတ်သည့် အရာများသည် ၎င်းတို့အား တစ်ရက်လျှင် အစာသုံးနပ်ထောက်ပံ့ပြီး ၎င်းတို့စိုက်ပျိုးဖို့ လိုအပ်သောအရာများ အားလုံးကိုပေးစွမ်းသော ၎င်းတို့ဇာတိမြို့၏ မြေနှင့် ရေတို့အပြင် ၎င်းတို့ဇာတိမြို့၏ လေနှင့် ပတ်ဝန်းကျင်တို့သာလျှင် ဖြစ်သည်။ ဤအရာများအပြင် အခြားမည်သည့်အရာ ရှိနိုင်သေးသနည်း။ လူအချို့က ၎င်းတို့မွေးဖွားကြီးပြင်းခဲ့သော ၎င်းတို့ဇာတိမြို့၏ ရင်းနှီးသော ပတ်ဝန်းကျင်များကို ကျော်လွန်၍ သွားလျှင်ပင် နိုင်ငံက ဒုက္ခရောက်နေပြီး နိုင်ငံအပေါ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် လိုအပ်သည့်အခါတိုင်းတွင် မည်သူကမျှ တစ်နိုင်ငံလုံးကို ကာကွယ်ဖို့ မစဉ်းစားပေ။ ထိုအစား လူတို့က မည်သည့်အရာကို စဉ်းစားသနည်း။ ၎င်းတို့ စဉ်းစားနိုင်သမျှမှာ ၎င်းတို့၏ ဇာတိမြို့ကို ကာကွယ်ပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ပွေ့ပိုက်ထားသော ထိုမြေကွက်ကို ကာကွယ်ပေးရန်အတွက် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ဖို့သာဖြစ်ပြီး ဤသို့ ဖြစ်မြောက်ရန်အတွက် ၎င်းတို့ကိုယ်တိုင်၏ အသက်များကိုပင် စွန့်လွှတ်ရန်ဖြစ်သည်။ လူတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ “နိုင်ငံ” ဆိုသည့် စကားသည် ၎င်းတို့အတွက် နာမ်စားတစ်ခု၊ အမှတ်အသားတစ်ခု၊ သင်္ကေတတစ်ခုသာဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် နေရာအတော်များများကို အမှန်တကယ်ယူသောအရာမှာ အုပ်ချုပ်သူ၏ စိုးမိုးမှု မဆိုထားနှင့်၊ နိုင်ငံ၏ ပိုင်နက်ပင်မဟုတ်ဘဲ ၎င်းတို့အား တစ်ရက်လျှင် သုံးနပ်ထောက်ပံ့သော၊ ၎င်းတို့ကို အသက်ပေးသော၊ ၎င်းတို့၏ ဘဝကို ဆက်လက်တည်တံ့စေရန် ကူညီပေးသော တောတောင်၊ မြေကွက်၊ မြစ်၊ ရေတွင်း စသည်တို့ပင်ဖြစ်သည်။ ထိုမျှသာဖြစ်၏။ ဤသည်မှာ လူတို့၏ စိတ်ထဲတွင်ရှိသော နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထား ဖြစ်သည်။ ယင်းသည် အလွန် လက်တွေ့ကျသည်။ အလွန် ခိုင်လုံသည်။ ထို့ပြင် အလွန်တိကျပြတ်သားသည်မှာလည်း အမှန်ပင်ဖြစ်သည်။
“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အယူအဆကို ရိုးရာယဉ်ကျေးမှုတွင်၊ အထူးသဖြင့် အကျင့်စာရိတ္တအကြောင်းကို စဉ်းစားရာတွင် အဘယ်ကြောင့် အစဉ်သဖြင့် ထောက်ခံအားပေးသနည်း။ ဤသည်မှာ အုပ်ချုပ်သူ၏ စိုးမိုးမှုနှင့် ဤအယူအဆကို ရပ်တည်ကာကွယ်ပေးသူများ၏ ရည်ရွယ်ချက်နှင့် ဦးတည်ချက်နှစ်ခုလုံးနှင့် သက်ဆိုင်သည်။ လူတစ်ဦးချင်းစီတိုင်း၏ စိတ်ထဲ၌ရှိသော နိုင်ငံတစ်နိုင်ငံအပေါ် အဓိပ္ပာယ်သတ်မှတ်ချက်သည် အလွန်ပင် အရေးမပါဖြစ်နေလျှင်၊ အလွန်ခိုင်လုံပြီး အလွန်လက်တွေ့ကျနေလျှင် မည်သူက နိုင်ငံကို ကာကွယ်မည်နည်း။ အုပ်ချုပ်သူ၏ စိုးမိုးမှုကို မည်သူက ထိန်းသိမ်းမည်နည်း။ ဤတွင် ပြဿနာများ မရှိသလော။ ဤတွင် အမှန်ပင် ပြဿနာများ ထွက်ပေါ်နေသည်။ နိုင်ငံတစ်နိုင်ငံအပေါ် လူတိုင်း၏ အမြင်သဘောထားသည် ဤသို့ဖြစ်လျှင် အုပ်ချုပ်သူသည် ပြယုဂ်မျှသာဖြစ်သွားမည် မဟုတ်လော။ အုပ်ချုပ်သူ၏ နိုင်ငံသည် အားကြီးသောရန်သူတစ်ယောက်၏ ကျူးကျော်မှုကို ရင်ဆိုင်ရပြီး ခုခံကာကွယ်ဖို့ရန်အတွက် အုပ်ချုပ်သူကိုသာ မှီခိုရလျှင်၊ သို့မဟုတ် အုပ်ချုပ်သည့်အဖွဲ့ကိုသာ မှီခိုရလျှင် ၎င်းတို့သည် ရုန်းကန်ရသော၊ အကူအညီမဲ့သော၊ သီးခြားဆန်သော၊ အားနည်းသော ပုံစံပေါက်မည်မဟုတ်လော။ အတွေးအခေါ်သမားများသည် ၎င်းတို့၏ဦးနှောက်ကို အသုံးပြုခြင်းအားဖြင့် ဤပြဿနာများကို တုံ့ပြန်ကြသည်။ နိုင်ငံကို ကာကွယ်ပြီး အုပ်ချုပ်သူ၏ စိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် ကူညီပံ့ပိုးပေးမည့် လူအရေအတွက် အနည်းငယ်ကိုသာ အမှီပြုလျှင် မဖြစ်နိုင်ဘဲ၊ ထိုအစား လူဦးရေအားလုံးကို နိုင်ငံ၏ အုပ်ချုပ်သူအား အစေခံရန် လှုံ့ဆော်ဖို့ လိုအပ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအတွေးအခေါ်သမားများသည် လူတို့အား အုပ်ချုပ်သူကို အစေခံပြီး နိုင်ငံကို ကာကွယ်ရန် တိုက်ရိုက်ပြောဆိုလျှင် လူတို့က လုပ်ဆောင်လိုစိတ်ရှိမည်လော။ (ရှိမည်မဟုတ်ပါ။) လူတို့သည် သေချာပေါက်ပင် လိုလားမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တောင်းဆိုမှုနောက်ကွယ်ရှိ ရည်ရွယ်ချက်က အလွန်ပင် ပြောင်တင်းလွန်းပြီး ၎င်းတို့က သဘောတူမည် မဟုတ်သောကြောင့်ဖြစ်သည်။ လူတို့အထဲသို့ ကြားကောင်းသော၊ မြင့်မြတ်သော၊ အပေါ်ယံ ဟိတ်ဟန်များသော ဖော်ပြမှုကို သွတ်သွင်းပေးပြီး ဤသို့စဉ်းစားသူ မည်သူမဆို အကျင့်စာရိတ္တမြင့်မြတ်မှုရှိသည်ဟု ၎င်းတို့အား ပြောရမည်ဆိုသည်ကို ထိုအတွေးအခေါ်သမားများက သိကြသည်။ ဤနည်းဖြင့် လူတို့သည် ဤအယူအဆကို အလွယ်တကူ လက်ခံပြီး ဤအယူအဆအတွက် စွန့်လွှတ်မှုများနှင့် ပံ့ပိုးကူညီမှုများပင် ပြုလုပ်လိမ့်မည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ ရည်ရွယ်ချက်ကို ရရှိမည်မဟုတ်လော။ ဤလူမှုအခြေအနေအတွင်းတွင်၊ ထို့ပြင် အုပ်ချုပ်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် ဤဆိုရိုးစကားနှင့် အယူအဆက ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူသားသဘာဝမှာ ဤသို့ဖြစ်သဖြင့် မည်သည့်အယူအဆ ထွက်ပေါ်ပါစေ ယင်းကို ခေတ်မီပြီး အတွေးအမြင်သစ်ကို ဖော်ဆောင်သည်ဟု မှတ်ယူပြီး ဤအရာအပေါ် အခြေခံ၍ ယင်းကို လက်ခံသည့်သူအချို့ အစဉ်ရှိနေလိမ့်မည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အယူအဆအား လူအချို့က လက်ခံသည်မှာ အုပ်ချုပ်သူကို အကျိုးမဖြစ်စေသလော။ ယင်းသည် အုပ်ချုပ်သူ၏ အစိုးရစနစ်အတွက် စွန့်လွှတ်မှုများနှင့် ပံ့ပိုးကူညီမှုများပြုလုပ်သည့် လူများရှိလိမ့်မည်ဟု ဆိုလိုသည်။ ဤသို့ဖြင့် အုပ်ချုပ်သူသည် ကြာရှည်စွာ စိုးမိုးရဖို့ မျှော်လင့်ချက်ရှိသည်မဟုတ်လော။ ဤသို့ဆိုလျှင် နှိုင်းယှဉ်၍ပြောရလျှင် ၎င်းတို့၏ စိုးမိုးမှုသည် ပို၍ တည်ငြိမ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အုပ်ချုပ်သူ၏ စိုးမိုးမှုသည် အခက်အခဲ ကျရောက်သောအခါ၊ သို့မဟုတ် ပျက်စီးခြင်းကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် သူတို့၏နိုင်ငံသည် အားကြီးသောရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်ရသောအခါတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အယူအဆကို လက်ခံသောသူတို့သည် နိုင်ငံကိုကာကွယ်ဖို့အတွက် ပံ့ပိုးကူညီရန်၊ သို့မဟုတ် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ရန် ရဲရင့်စွာနှင့် မတုန်မလှုပ်ဖြင့် ရှေ့သို့ထွက်လိမ့်မည်။ ဤအတွက် နောက်ဆုံး အကျိုးအမြတ်ရှိသူမှာ မည်သူနည်း။ (အုပ်ချုပ်သူဖြစ်သည်။) နောက်ဆုံး အကျိုးအမြတ်ရှိသူမှာ အုပ်ချုပ်သူဖြစ်သည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို လက်ခံသော၊ ဤအတွက် ၎င်းတို့၏ တန်ဖိုးရှိသော အသက်များကို စွန့်လွှတ်လိုစိတ်ရှိသောသူတို့သည် မည်သို့ ဖြစ်တော့မည်နည်း။ ၎င်းတို့သည် အုပ်ချုပ်သူချနင်းခံရသည့် ခုတုံးများ၊ အသုံးချစရာ လက်ကိုင်တုတ်များ ဖြစ်လာကြသည်။ ဤအယူအဆ၏ သားကောင်များ ဖြစ်လာကြသည်။ လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် နေထိုင်ကြသော သာမန်လူတို့သည် နိုင်ငံတစ်နိုင်ငံနှင့်ပတ်သက်ပြီး တိကျသော၊ ရှင်းလင်းသော အယူအဆ၊ သို့မဟုတ် ရှင်းလင်းသော အဓိပ္ပာယ်သတ်မှတ်ချက် မရှိပေ။ နိုင်ငံဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံသည် မည်မျှကြီးသည် ဆိုသည်တို့ကို ၎င်းတို့မသိကြဘဲ နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်သည့် အရေးကြီးကိစ္စများကို ပို၍ပင် မသိကြပေ။ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆတို့သည် မရေရာသောကြောင့် အုပ်ချုပ်သူလူတန်းစားသည် လူတို့အား ထင်ယောင်ထင်မှားဖြစ်စေရန်၊ ၎င်းတို့စိတ်အတွင်းသို့ ဤအယူအဆကို သွတ်သွင်းရန်အတွက် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် ဆိုရိုးစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့ဖြစ်၍ လူတိုင်းသည် အုပ်ချုပ်သူလူတန်းစားအတွက် နိုင်ငံကို ခုခံကာကွယ်ပြီး အသက်စွန့်ရန် ရပ်တည်ကြမည်ဖြစ်ပြီး ဤနည်းအားဖြင့် အုပ်ချုပ်သူလူတန်းစား၏ ရည်ရွယ်ချက်က ဖြစ်မြောက်လိမ့်မည်။ အမှန်တကယ်တွင် သာမန်လူတို့နှင့်ပတ်သက်လျှင် နိုင်ငံကို မည်သူက အုပ်ချုပ်သည်ဖြစ်စေ၊ ကျူးကျော်ဝင်ရောက်သူများက လက်ရှိအုပ်ချုပ်သူထက် ပို၍ကောင်းသည်ဖြစ်စေ၊ ပို၍ဆိုးသည်ဖြစ်စေ အဆုံး၌ ၎င်းတို့မိသားစု၏ နုံချာသောမြေကွက်ကို နှစ်စဉ် စိုက်ပျိုးရဦးမည်ဖြစ်သည်။ ၎င်းတို့ ရွာအရှေ့စွန်ရှိ သစ်ပင်သည် မပြောင်းလဲပေ။ ရွာအနောက်စွန်ရှိ တောင်သည် မပြောင်းလဲပေ။ ရွာအလယ်ရှိ ရေတွင်းသည်လည်း မပြောင်းလဲပေ။ ဤအရာတို့သည်သာ အရေးပါသော အရာများဖြစ်သည်။ ရွာပြင်ပတွင် ဖြစ်ပျက်သောအရာများ၊ အုပ်ချုပ်သူမည်မျှ ပေါ်လာပြီး ပျောက်သွားသည်၊ သို့မဟုတ် ၎င်းတို့က နိုင်ငံကို မည်သို့အုပ်စိုးသည် ဆိုသည့်အရာ အားလုံးတို့သည် ၎င်းတို့နှင့် ဆက်စပ်မှု လုံးဝမရှိပေ။ ဤသည်မှာ သာမန်လူတို့၏ဘဝ ဖြစ်သည်။ ၎င်းတို့၏ဘဝသည် လက်တွေ့ကျပြီး ရိုးရှင်းကာ နိုင်ငံအပေါ် ၎င်းတို့၏ အယူအဆသည် မိသားစုအပေါ် ၎င်းတို့၏ အယူအဆကဲ့သို့ ခိုင်လုံမှုရှိသည်။ မိသားစုထက် နယ်ပယ်ပို၍ ကြီးခြင်းသာရှိသည်။ နိုင်ငံက အားကြီးသော ရန်သူတစ်ဦး၏ ကျူးကျော်ခြင်းကို ခံရပြီး ထိုနိုင်ငံ၏ ရပ်တည်မှုနှင့် ရှင်သန်မှုတို့သည် မရေမရာဖြစ်သည့် အခြေအနေ၌ ရှိသောအခါနှင့် အုပ်ချုပ်သူ၏ စိုးမိုးမှုသည် နှောင့်ယှက်ခံရပြီး မတည်မငြိမ်ဖြစ်သောအခါတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်ကို လက်ခံသော ထိုလူတို့သည် ဤအယူအဆ၏ ချုပ်ကိုင်ထားခြင်းကို ခံရပြီး ၎င်းတို့ လုပ်ဆောင်လိုသမျှမှာ နိုင်ငံ၏ ကံကြမ္မာကို ထိခိုက်ပြီး အုပ်ချုပ်သူ၏ စိုးမိုးမှုကို ဝင်ရောက်စွက်ဖက်နေသော ဤအရာများကို ပြောင်းလဲရန် ၎င်းတို့ကိုယ်တိုင်၏ အားအင်များကို အသုံးချရန်သာဖြစ်သည်။ အဆုံး၌ မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို ပြောင်းလဲသနည်း။ ၎င်းတို့သည် အုပ်ချုပ်သူကို အာဏာဆက်လက်တည်မြဲစေရန် လုပ်ဆောင်နိုင်လျှင်ပင် ဤသည်မှာ ဖြောင့်မတ်သောအရာကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု အဓိပ္ပာယ်ရသလော။ ၎င်းတို့၏ အနစ်နာခံမှုက အပြုသဘောဆောင်သည်ဟု အဓိပ္ပာယ်ရသလော။ အောက်မေ့သတိရရန် ထိုက်တန်သလော။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို အလွန်အလေးထားသော သမိုင်းအချိန်ကာလ တစ်ခုခု၌ရှိသော ထိုလူများသည်လည်း နိုင်ငံကို ခုခံကာကွယ်ပြီး အုပ်ချုပ်သူများ ဆက်လက်၍ အာဏာတည်မြဲစေရာတွင် ဤအယူအဆ၏ ဆိုလိုရင်းကို အားမာန်တက်ကြွစွာ ထိန်းသိမ်းကြသည်။ သို့သော် ၎င်းတို့က ဆက်လက်၍ အာဏာတည်မြဲစေသည့် အုပ်ချုပ်သူများ၏ စိုးမိုးမှုသည် ခေတ်နောက်ပြန်ဆွဲပြီး ရက်စက်ကြမ်းကြုတ်ကာ လူသားမျိုးနွယ်အတွက် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုး မရှိပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဤလူတို့က ထမ်းဆောင်သော တာဝန်ဆိုသောအရာသည် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်သည်။) အပျက်သဘောဆောင်သည်၊ အောက်မေ့သတိရရန် မထိုက်တန်ဘဲ လူတို့၏ စက်ဆုပ်ခြင်းကို ခံရသည်ဟု ဆိုနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သာမန်လူတို့သည် ထိုကြံစည်တတ်သော အတွေးအခေါ်သမားများက ထောက်ခံအားပေးသည့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို အလေးအနက်မထားသကဲ့သို့ ယင်းကို အမှန်တကယ် လက်ခံခြင်းနှင့် အကောင်အထည်ဖော်ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝများသည် အတော်ပင် တည်ငြိမ်သည်။ ၎င်းတို့၏ တစ်သက်တာအောင်မြင်မှုများသည် မိမိနိုင်ငံ၏ကံကြမ္မာအတွက် မိမိတို့၏ အသက်ကိုစွန့်သော ထိုသူတို့ကဲ့သို့ အထင်ကြီးလောက်စရာ မဟုတ်သော်လည်း အဓိပ္ပာယ်ရှိသောအရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ပြီဖြစ်သည်။ ဤအဓိပ္ပာယ်ရှိသောအရာမှာ အဘယ်နည်း။ အတိအကျဆိုရလျှင် ၎င်းတို့သည် နိုင်ငံ၏ကံကြမ္မာကို ဟန်ဆောင်ပန်ဆောင် ဝင်ရောက်မစွက်ဖက်သကဲ့သို့ နိုင်ငံ၏ အုပ်ချုပ်သူများသည် မည်သူဖြစ်ရမည်ဟု ဆုံးဖြတ်သည့် လုပ်ငန်းစဉ်တွင်လည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့နိုင်ငံအပေါ် မည်သည့်ပြဿနာမျှ မဖြစ်စေဘဲ၊ ၎င်းတို့နိုင်ငံထံမှ အစားအစာ သို့မဟုတ် ငွေကြေးကို မတောင်းဆိုဘဲ အချိန်ကျသောအခါ၌ ပုံမှန်အခွန်များကို ပေးလျက်ဖြင့် ၎င်းတို့တောင်းဆိုသမျှမှာ ကောင်းမွန်သောဘဝကို နေထိုင်ရန်၊ လယ်မြေတွင် အလုပ်လုပ်ရန်၊ ၎င်းတို့၏ ဇာတိမြို့ကို ကာကွယ်ရန်၊ တစ်နှစ်ပတ်လုံး စားစရာအစာရှိရန်ဖြစ်ပြီး ကြွယ်ဝသော၊ သက်သောင့်သက်သာရှိသော၊ ငြိမ်းချမ်းသော၊ ကျန်းမာသောဘဝကို နေထိုင်ရန်ဖြစ်သည်။ ဤသည်မှာ နိုင်ငံသားတစ်ယောက်က ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ သင်သည် အတွေးအခေါ်သမားများ၏ အယူအဆများ၏ ဝင်ရောက်စွက်ဖက်မှုတစ်ခုခုမှ လွတ်မြောက်နိုင်လျှင်၊ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ လက်တွေ့ကျသည့် ပုံစံဖြင့် သာမန်လူတစ်ယောက်အဖြစ် သင်ကိုယ်တိုင်၏ ဘဝကို အသက်ရှင်နိုင်လျှင်၊ မိမိဘာသာ ဖူလုံမှုရှိလျှင် ဤသည်မှာ လုံလောက်သည်။ ထို့ပြင် သင်၏တာဝန်ကို သင်ဖြည့်ဆည်းပြီးဖြစ်သည်။ ဤသည်မှာ ဤကမ္ဘာမြေပေါ်တွင် နေထိုင်နေသောသူတစ်ယောက်က ဖြည့်ဆည်းသင့်သည့် အရေးကြီးဆုံးသော၊ အကြီးမားဆုံးသော တာဝန်ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်ရှင်သန်ရေးနှင့် အခြေခံလိုအပ်ချက်များကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် မိမိကိုယ်တိုင် ဖြေရှင်းသင့်သည့် အရေးကိစ္စများဖြစ်သည်။ နိုင်ငံ၏ ကံကြမ္မာနှင့် သက်ဆိုင်သော၊ အုပ်ချုပ်သူများက နိုင်ငံကို အုပ်ချုပ်သည့်ပုံစံနှင့် သက်ဆိုင်သော အရေးကြီးကိစ္စများအတွက်မူ သာမန်လူများသည် ဝင်ရောက်စွက်ဖက်ရန်၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်ပြီး တစ်ခုခုလုပ်ဆောင်ရန် စွမ်းရည်မရှိပေ။ ၎င်းတို့သည် ထိုကိစ္စများအားလုံးကို ကံတရားအပေါ်သာ ပုံချထားပြီး သဘာဝကို သဘာဝအတိုင်း ဖြစ်ခွင့်သာပေးနိုင်တော့သည်။ ကောင်းကင်ဘုံက အလိုရှိလျှင် အလိုရှိသည့်အတိုင်း ဖြစ်လာလိမ့်မည်။ သာမန်လူတို့သည် အလွန်ပင် အသိအမြင်နည်းပါးသည့်အပြင် ကောင်းကင်ဘုံက လူတို့အား ၎င်းတို့နိုင်ငံအပေါ် ဤသို့သော တာဝန်မျိုးကို အပ်နှံထားခြင်းမရှိပေ။ သာမန်လူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အိမ်ထောင်သာရှိသည်။ ၎င်းတို့၏ ကိုယ်ပိုင်အိမ်ထောင်ကို ထိန်းသိမ်းနေသရွေ့ ဤသည်မှာ လုံလောက်ပြီး ၎င်းတို့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။
အခြားသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကဲ့သို့ပင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်မှာ အုပ်ချုပ်သူများကို အာဏာတည်မြဲစေရန်အတွက် အတွေးအခေါ်သမားများက တင်ပြသော အယူအဆနှင့် အမြင်ဖြစ်ပြီး အုပ်ချုပ်သူများကို ပိုများသောလူတို့က ပံ့ပိုးရန်အတွက် ထောက်ခံအားပေးသော အယူအဆနှင့် အမြင်ဖြစ်သည်မှာလည်း မှန်ပေသည်။ အမှန်တွင် လူတို့သည် မည်သည့်လူအတန်းအစား၌ နေသည်ဖြစ်စေ ၎င်းတို့၌ ရည်မှန်းချက်တစ်ခုခု၊ ဆန္ဒတစ်ခုခုမရှိလျှင်၊ နိုင်ငံရေး၌ မပါဝင်လိုလျှင် သို့မဟုတ် အုပ်ချုပ်သူလူတန်းစားနှင့် မပတ်သက်လိုလျှင် လူသားမျိုးနွယ်၏ ရှုထောင့်မှ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် ၎င်းတို့၏ မြင်ကွင်းတစ်လျှောက်တွင် ၎င်းတို့မြင်နိုင်သော နေရာများ သို့မဟုတ် ၎င်းတို့ခြေကျင်လျှောက်ပြီး တိုင်းတာနိုင်သော နယ်မြေ၊ သို့မဟုတ် ၎င်းတို့ ပျော်ရွှင်စွာ၊ လွတ်လပ်စွာ၊ တရားဥပဒေနှင့်အညီ နေထိုင်နိုင်သော စက်ဝန်းတစ်ခုမျှသာ ဖြစ်၏။ နိုင်ငံတစ်နိုင်ငံအပေါ် ဤသို့သော အယူအဆရှိသူ မည်သူအတွက်မဆို ၎င်းတို့နေထိုင်သည့် နယ်မြေနှင့် ၎င်းတို့၏ ဘဝစက်ဝန်းသည် ၎င်းတို့အား တည်ငြိမ်သော၊ ပျော်ရွှင်သော၊ လွတ်လပ်သောဘဝကို ပေးနိုင်သည်။ ဤသည်မှာ ၎င်းတို့၏ဘဝတွင် အခြေခံလိုအပ်ချက်ဖြစ်သည်။ ဤအခြေခံလိုအပ်ချက်မှာ လူတို့ ခုခံကာကွယ်ရန် ကြိုးပမ်းသည့် ဦးတည်ချက်နှင့် ပန်းတိုင်လည်းဖြစ်သည်။ ဤအခြေခံလိုအပ်ချက်သည် စိန်ခေါ်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် လူတို့သည် အသေအချာပင် အလိုအလျောက်ထရပ်ပြီး ခုခံကာကွယ်လိမ့်မည်။ ဤခုခံကာကွယ်ခြင်းသည် ကျိုးကြောင်းခိုင်လုံပြီး လူ့သဘာဝ၏ လိုအပ်ချက်များမှ အရင်းခံသည့်အပြင် ရှင်သန်ရေးအတွက် လိုအပ်ချက်များလည်း ဖြစ်သည်။ မည်သူကမျှ လူတို့အား “သင်၏ ဇာတိမြို့နှင့် နေရပ်သည် တိုင်းတစ်ပါးရန်သူ၏ ကျုးကျော်မှုကို ရင်ဆိုင်ရသောအခါ သင်သည် ထရပ်ပြီး ထိုသူတို့ကို ခုခံကာကွယ်ရမည်၊ ထရပ်ပြီး ကျူးကျော်သူများကို တိုက်ခိုက်ရမည်” ဟူ၍ ပြောဖို့ မလိုအပ်ပေ။ ၎င်းတို့သည် အလိုအလျောက် ထရပ်ပြီး ခုခံကာကွယ်လိမ့်မည်။ ဤသည်မှာ လူသား၏ ပင်ကိုဗီဇဖြစ်သည်သာမက လူသား၏ ရှင်သန်ရေး လိုအပ်ချက်လည်းဖြစ်သည်။ ထို့ကြောင့် သာမန်လူတစ်ယောက်နှင့် ပတ်သက်လျှင် ထိုသူအား သူ၏ ဇာတိမြေနှင့် နေရပ်ကို ကာကွယ်ရန် ထိုသူအား အားပေးတိုက်တွန်းဖို့အတွက် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသကဲ့သို့သော အယူအဆများကို သင်အသုံးပြုဖို့ မလိုအပ်ပေ။ တစ်စုံတစ်ယောက်က ဤသို့သော အယူအဆများအား လူတို့အတွင်းသို့ အမှန်တကယ် သွတ်သွင်းလိုလျှင် သူ၏ ရည်ရွယ်ချက်သည် သိပ်မရိုးရှင်းပေ။ သူ၏ ရည်ရွယ်ချက်သည် လူတို့အား ၎င်းတို့၏ နေရပ်ကို ခုခံကာကွယ်ဖို့၊ ၎င်းတို့၏ အခြေခံ အသက်ရှင်ရပ်တည်ရေး လိုအပ်ချက်များကို သေချာစေဖို့ သို့မဟုတ် ပိုမိုကောင်းမွန်သော ဘဝများကို လူတို့နေထိုင်ဖို့အတွက် မဟုတ်ပေ။ ၎င်းတို့၌ အခြားရည်ရွယ်ချက်ရှိသည်။ ယင်းမှာ အုပ်ချုပ်သူများကို အာဏာတည်မြဲစေရန်သာ ဖြစ်၏။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင်နေရပ်ကို ကာကွယ်ရန်အတွက် မည်သည့်စွန့်လွှတ်မှုကိုမဆို ပင်ကိုဗီဇအလျောက် ပြုလုပ်မည်ဖြစ်ပြီး အခြားလူများအနေဖြင့် ၎င်းတို့ကို မည်သည့်အရာကို လုပ်ဆောင်ရမည်၊ မည်သို့ထရပ်ပြီး မိမိတို့၏ ကိုယ်ပိုင်အိမ်ထောင်တို့ကို ကာကွယ်ရမည်အကြောင်း ပြောပြရန်အတွက် ကြီးကျယ်သော စကားအသုံးအနှုန်းတစ်ခုခုကို အသုံးပြုစရာ မလိုအပ်ဘဲ ၎င်းတို့၏ အခြေခံရှင်သန်ရေး လိုအပ်ချက်များ ပြည့်မီဖို့ သေချာစေရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်နေရပ်နှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို သတိရှိရှိဖြင့် ကာကွယ်လိမ့်မည်။ ဤဗီဇစိတ်၊ ဤအခြေခံ အသိစိတ်ကို တိရစ္ဆာန်များကပင် ပိုင်ဆိုင်ကြပြီး မည်သည့်တိရစ္ဆာန်ထက်မဆို ပို၍အဆင့်မြင့်သော ဖန်ဆင်းခံများဖြစ်ကြသည့် လူသားများက လုံးဝ ပိုင်ဆိုင်ကြသည်။ တိရစ္ဆာန်များပင် ၎င်းတို့၏ နေရပ်နှင့် စားကျက်မြေ၊ ၎င်းတို့၏အိမ်နှင့် ၎င်းတို့၏ အသိုင်းအဝိုင်းကို ပြင်ပရန်သူများ၏ ကျူးကျော်ခြင်းမှ ကာကွယ်လိမ့်မည်။ တိရစ္ဆာန်များ၌ ဤသို့သော အသိစိတ်မျိုးရှိလျှင် လူသားများ၌ ရှိသည်မှာ အသေအချာပင်။ ထို့ကြောင့် ထိုအတွေးအခေါ်သမားများက အဆိုပြုသော “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆသည် လူသားမျိုးနွယ်၏ အဖွဲ့ဝင်အားလုံးအတွက် မလိုအပ်ပေ။ ထို့ပြင် လူတို့၏ စိတ်နှလုံးထဲတွင်ရှိသော နိုင်ငံတစ်နိုင်ငံ၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့်ပတ်သက်လျှင် ဤအယူအဆသည်လည်း အခြေခံအားဖြင့် မလိုအပ်ပေ။ သို့သော် ထိုအတွေးအခေါ်သမားများက အဘယ်ကြောင့် ယင်းကို အဆိုပြုနေသေးသနည်း။ အခြားရည်ရွယ်ချက်တစ်ခုကို ၎င်းတို့ ရရှိလိုသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ တကယ့်ရည်ရွယ်ချက်သည် လူတို့အား ၎င်းတို့၏ လက်ရှိနေရပ်တွင် ပို၍ကောင်းစွာ အသက်ရှင်နိုင်စေရန်အတွက် မဟုတ်သကဲ့သို့ ပို၍တည်ငြိမ်သော၊ ပို၍ဝမ်းမြောက်ဖွယ်ကောင်းသော၊ ပို၍ပျော်ရွှင်သော နေထိုင်ရာပတ်ဝန်းကျင် ရှိစေရန်အတွက်လည်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့အား ကာကွယ်သည့် အမြင်ရှုထောင့်မှနေ၍ တင်ပြခြင်းမဟုတ်သကဲ့သို့ လူတို့၏ နေရပ်များကို ကာကွယ်ပေးခြင်း အမြင်ရှုထောင့်မှ တင်ပြခြင်းလည်း မဟုတ်ပေ။ အုပ်ချုပ်သူများ၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်မှနေ၍ တင်ပြခြင်းဖြစ်သည်။ လူတို့အား “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို သွတ်သွင်းပြီး ၎င်းတို့အား ဤအယူအဆကို ပိုင်ဆိုင်ဖို့အတွက် လှုံ့ဆော်ရန်ဖြစ်သည်။ ဤသို့သော အယူအဆကို သင်မပိုင်ဆိုင်လျှင် သင်၏ အတွေးအခေါ်နယ်ပယ်သည် နိမ့်ကျသည်ဟု မှတ်ယူခြင်းခံရမည်ဖြစ်သည်။ ထို့ပြင် လူတိုင်း၏ လှောင်ပြောင်ခြင်းကို သင်ခံရမည်ဖြစ်ပြီး မည်သည့်လူမျိုးစုမဆို၏ အထင်သေးခြင်းကို ခံရမည်။ သင်သည် ဤသို့သောအယူအဆကို မပိုင်ဆိုင်လျှင်၊ ဤပိုမိုမြင့်မြတ်သော ဖြောင့်မတ်ခြင်းနှင့် ဤစိတ်ဓာတ်မရှိလျှင် သင်သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိသူ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် အောက်တန်းကျသူအဖြစ် မှတ်ယူခြင်းခံရမည်။ ဤ အောက်တန်းကျသူဆိုသူများသည် လူ့အဖွဲ့အစည်းထဲ၌ အထင်အမြင်သေးခြင်းခံရသူများ၊ လူ့အဖွဲ့အစည်း၏ ခွဲခြားဆက်ဆံပြီး စက်ဆုပ်ရွံရှာခြင်း ခံရသူများဖြစ်ကြသည်။
ဤကမ္ဘာလောက၊ ဤလူ့အဖွဲ့အစည်းတွင် ဆင်းရဲသော၊ သို့မဟုတ် ခေတ်နောက်ကျသော နိုင်ငံတွင် မွေးဖွားသူ၊ သို့မဟုတ် အဆင့်အတန်းနိမ့်ကျသော လူမျိုးမှလာသောသူ မည်သူမဆိုသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့၏ လူမျိုးကို တရားဝင်ထုတ်ဖော်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းသည် ရုတ်ချည်းပင် သတ်မှတ်ခြင်းခံရပြီး သူတစ်ပါးတို့ထက် နိမ့်ကျသည်ဟု မှတ်ယူခြင်းခံရမည်။ အထင်သေးခြင်းခံရပြီး ခွဲခြားဆက်ဆံခြင်းခံရမည်ဖြစ်သည်။ သင်၏ လူမျိုးသည် အင်အားကြီးသောနိုင်ငံမှဖြစ်လျှင် သင်သည် မည်သည့်လူမျိုးစုတွင်မဆို အလွန်မြင့်သော အဆင့်အတန်းရှိလိမ့်မည်ဖြစ်ပြီး သူတစ်ပါးတို့ထက် သာလွန်သည်ဟု မှတ်ယူခြင်းခံရမည်။ ထို့ကြောင့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် ဤအယူအဆသည် လူတို့၏ စိတ်နှလုံးတွင် အရေးကြီးသောနေရာတစ်ခုရှိသည်။ လူတို့တွင် နိုင်ငံတစ်နိုင်ငံအပေါ် အလွန်အကန့်အသတ်ရှိပြီး ခိုင်မာသော အယူအဆတစ်ခုရှိသည်။ သို့သော် လူသားမျိုးနွယ်တစ်ခုလုံးက အခြားသောနိုင်ငံတစ်ခုမှ မည်သည့်လူမျိုးစုမဆိုနှင့် မည်သူမဆိုကို ဆက်ဆံသည့်ပုံစံအပြင် ၎င်းတို့၏ အဆင့်အတန်းကို သတ်မှတ်သော နည်းလမ်းနှင့် စံသတ်မှတ်ချက်တို့သည်လည်း ၎င်းတို့နိုင်ငံ၏ ကံကြမ္မာနှင့် အလွန်ပင် သက်ဆိုင်မှုရှိသောကြောင့် လူတိုင်းသည် စိတ်အတွင်းတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆ၏ လွှမ်းမိုးခြင်းကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံရသည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအယူအဆ၏ လွှမ်းမိုးမှုကို မည်သို့ ခါချရမည်နည်း။ ဦးစွာ ဤအယူအဆသည် လူတို့အား အဘယ်သို့ လွှမ်းမိုးသည်ကို ကြည့်ကြစို့။ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်တစ်ခုထက်ပို၍ မကျယ်ပြန့်သော်လည်း၊ ပြီးလျှင် လူတို့သည် ပို၍ ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ၎င်းတို့၏ အခြေခံ အသက်ရှင်နေထိုင်ပိုင်ခွင့်နှင့် ၎င်းတို့၏ ရှင်သန်ရေးလိုအပ်ချက်များကိုသာ ထိန်းသိမ်းလိုကြသော်လည်း ယခုခေတ်ကာလတွင် လူသားမျိုးနွယ်တစ်ခုလုံးသည် စဉ်ဆက်မပြတ် လှုပ်ရှားလည်ပတ်နေသည်။ ပြီးလျှင် လူသားတို့သည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို မသိစိတ်မှနေ၍ လက်ခံနေကြသည်။ ဆိုလိုသည်မှာ လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် လူတို့သည် “ကြီးမြတ်သောလူမျိုး”၊ “သာယာဝပြောသော မင်းဆက်”၊ “အင်အားကြီးနိုင်ငံ”၊ “နည်းပညာ အင်အား”၊ “စစ်တပ်အင်အား” စသည်တို့ကဲ့သို့သော နိုင်ငံတစ်နိုင်ငံ၏ အနှစ်မဲ့သော၊ ခမ်းနားကြီးကျယ်သော အဓိပ္ပာယ်သတ်မှတ်ချက်များကို လက်မခံလိုကြပေ။ သာမန်လူ့သဘာဝတွင် ဤသို့သော အယူအဆများမရှိဘဲ လူတို့သည် ၎င်းတို့၏နေ့စဉ်ဘဝတွင် ဤအရာများကို စိတ်ထဲတွင် မထားရှိလိုပေ။ သို့သော် တစ်ချိန်တည်းတွင် လူတို့သည် ကျန်သည့်လူသားမျိုးနွယ်နှင့် ရောနှောလိုက်သောအခါတွင် မည်သို့ပင်ဖြစ်စေ အင်အားကြီးနိုင်ငံတစ်ခု၏ လူမျိုးဖြစ်လိုကြသည်။ အထူးသဖြင့် သင်သည် နိုင်ငံရပ်ခြားသို့ ခရီးသွားပြီး အခြားသောလူမျိုးစုထဲ၌ ရှိနေလျှင် သင့်နိုင်ငံ၏ ကံကြမ္မာသည် သင်၏ အလွန်အရေးပါသော အကျိုးစီးပွားများအပေါ် သက်ရောက်မှုရှိသည်ဟူ၍ သင် အလွန်အမင်း ခံစားရလိမ့်မည်။ သင်၏ နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားကြီးလျှင်၊ ချမ်းသာလျှင်၊ မြင့်မားသော အဆင့်အတန်းရှိလျှင် လူတို့ကြားရှိ သင်၏ အဆင့်အတန်းသည် သင့်နိုင်ငံ၏ အဆင့်အတန်းနှင့်အညီ မြင့်တက်လိမ့်မည်။ သင်သည် အလွန်ပင်အရေးစိုက်ခြင်းခံရမည်။ သင်သည် ဆင်းရဲသောနိုင်ငံ၊ သေးငယ်သော လူမျိုးစု၊ သို့မဟုတ် မထင်ရှားသောလူမျိုးစုတစ်ခုခုမှလာလျှင် သင်၏ နိုင်ငံသားနှင့် လူမျိုးစုနှင့်အညီ သင်၏ အဆင့်အတန်းက နိမ့်ကျလိမ့်မည်။ သင်သည် မည်သို့သောလူပုဂ္ဂိုလ်မျိုးဖြစ်စေ၊ သင်၏ နိုင်ငံက မည်သည့်နိုင်ငံဖြစ်စေ၊ မည်သည့်လူမျိုးတွင် သင် ပါဝင်သည်ဖြစ်စေ သင်သည် သေးငယ်သော စက်ဝန်းအတွင်း၌သာ နေထိုင်လျှင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆသည် သင့်အပေါ် မည်သည့်လွှမ်းမိုးမှုမျှ ရှိမည်မဟုတ်ပေ။ သို့သော် လူသားမျိုးနွယ်တစ်ခုလုံးရှိ နိုင်ငံအမျိုးမျိုးမှလူတို့သည် အတူတကွ စုဝေးလိုက်သောအခါ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို ပို၍များသောလူတို့က လက်ခံကြသည်။ ဤလက်ခံမှုသည် စိတ်မပါဘဲ လက်ခံခြင်းမဟုတ်ပေ။ ထိုအစား ယင်းသည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် မှန်ကန်သည်ဟု သင်၏ တစ်ဖက်သတ်စိတ်ဆန္ဒက ပို၍လေးနက်စွာ နားလည်သဘောပေါက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်နိုင်ငံ၏ ကံကြမ္မာသည် လူတို့ကြားရှိ သင်၏ အဆင့်အတန်း၊ ဂုဏ်၊ တန်ဖိုးတို့နှင့် ခွဲခြား၍မရနိုင်အောင် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ ထိုအခြေအနေတွင် သင့်နိုင်ငံ၏ အယူအဆနှင့် အဓိပ္ပာယ်သတ်မှတ်ချက်သည် သင်မွေးဖွားကြီးပြင်းသည့် သေးငယ်သောနေရာတစ်ခုသာဖြစ်သည်ဟု သင် မခံစားရတော့ပေ။ ထိုအစား သင်၏ နိုင်ငံကို ပို၍ကြီးပြီး အင်အားကြီးဖို့ သင်မျှော်လင့်သည်။ သို့ရာတွင် သင့်နိုင်ငံသို့ သင်ပြန်လာသောအခါ သင်၏စိတ်တွင် နိုင်ငံသည် တစ်ဖန်ပြန်၍ အလွန် အသေးစိတ်ကျသွားသည်။ ဤအသေးစိတ်ကျသောနေရာသည် ပုံသဏ္ဌာန်မရှိသော နိုင်ငံတစ်ခုမဟုတ်ဘဲ သင်၏ ဇာတိမြို့မှ လမ်းကြောင်း၊ စမ်းချောင်း၊ ရေတွင်းဖြစ်သည်။ ပြီးလျှင် သင် ကောက်ပဲသီးနှံစိုက်သည့် သင့်အိမ်၏ လယ်ကွင်းများဖြစ်သည်။ ထို့ကြောင့် သင်၏ အမြင်တွင် သင့်နိုင်ငံသို့ ပြန်လာခြင်းသည် ပို၍ အတိအကျဆိုရလျှင် သင်၏ ဇာတိမြို့သို့ ပြန်လာခြင်း၊ အိမ်သို့ ပြန်လာခြင်းဖြစ်သည်။ သင် အိမ်သို့ ပြန်လာသောအခါ နိုင်ငံက တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ အုပ်ချုပ်သူက မည်သူဖြစ်စေ၊ နိုင်ငံ၏ ပိုင်နက်က မည်မျှကြီးသည်ဖြစ်စေ၊ နိုင်ငံ၏ စီးပွားရေးအခြေအနေက မည်သို့ရှိသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အရေးမပါပေ။ ထိုအရာများထဲမှ မည်သည့်အရာကမျှ သင့်အတွက် အရေးမပါပေ။ သင်၏ အိမ်ရှိနေဆဲဖြစ်သရွေ့ သင်သည် ပြန်ဖို့ ရည်ရွယ်ပြီး သင်၏ ခရီးသွားအိတ်ကို ပခုံးတွင်လွယ်သောအခါ၌ သင့်တွင် ဦးတည်ချက်နှင့် သွားမည့်နေရာတစ်ခုရှိလိမ့်မည်။ သင့်တွင် သင်၏ ဦးထုပ်ကို ချိတ်ရန် နေရာတစ်နေရာရှိသေးသရွေ့၊ သင်မွေးဖွားကြီးပြင်းခဲ့သည့်နေရာ ရှိနေသေးသရွေ့ သင်သည် သံယောဇဉ်နှောင်ကြိုးနှင့် သွားရမည့်နေရာ တစ်ခုရှိနေလိမ့်မည်။ အဆိုပါနေရာ တည်ရှိသည့်နိုင်ငံက ပျက်သုဉ်းသွားပြီး အစိုးရက ပြောင်းလဲသွားလျှင်ပင် ထိုနေရာ၌ သင်၏ အိမ်ရှိနေသေးသရွေ့ မည်သို့ပင်ဖြစ်စေ သင့်၌ ပြန်ရန် အိမ်တစ်အိမ်ရှိသည်။ ဤသည်မှာ လူတို့စိတ်တွင်ရှိသော နိုင်ငံနှင့်ပတ်သက်သည့် အလွန်ပင် ကွဲလွဲဆန့်ကျင်နေပြီး မရေရာသော အယူအဆတစ်ခုဖြစ်သည်။ သို့သော် အိမ်နှင့်ပတ်သက်ပြီး အလွန်ခိုင်မာသည့် အယူအဆလည်းဖြစ်သည်။ လူတို့သည် အမှန်တွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆသည် မှန်ကန်သည်၊ မမှန်ကန်သည်ကို မသေချာပေ။ သို့သော် ဤအယူအဆသည် ၎င်းတို့၏ အသေးစိတ် လူမှုအဆင့်အတန်းအပေါ် သက်ရောက်မှုတစ်ခုရှိသောကြောင့် လူတို့သည် နိုင်ငံ၊ လူမျိုး၊ အမျိုးအနွယ်နှင့်ပတ်သက်ပြီး မသိစိတ်မှနေ၍ ပြင်းပြသော စိတ်တစ်ခုဖြစ်လာကြသည်။ လူတို့သည် ၎င်းတို့ဇာတိမြို့ရှိ သေးငယ်သော အဝန်းအတွင်း၌သာ နေထိုင်သောအခါတွင် ၎င်းတို့၌ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆအပေါ် ခံနိုင်ရည်၊ သို့မဟုတ် ခုခံမှုအတိုင်းအတာတစ်ခုအထိ ရှိကြသည်။ သို့သော် ၎င်းတို့၏ ဇာတိမြို့နှင့် ဇာတိမြေကို စွန့်ခွာပြီး ၎င်းတို့နိုင်ငံ၏ အုပ်စိုးမှုကို ကျော်လွန်၍ သွားသောအခါတိုင်းတွင် ၎င်းတို့၌ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆကို မရည်ရွယ်ဘဲ သတိပြုမိခြင်း၊ လက်ခံခြင်းတစ်ခုခုရှိကြသည်။ ဥပမာ သင်သည် နိုင်ငံရပ်ခြားသို့သွားသောအခါ တစ်စုံတစ်ယောက်က သင်မည်သည့်နိုင်ငံမှလာသည်ဆိုသည်ကို မေးလျှင် သင်က “ငါသည် စင်ကာပူနိုင်ငံသားဖြစ်သည်ဟု ဆိုလျှင် လူတို့က ငါ့အား အထင်ကြီးကြလိမ့်မည်၊ ငါသည် တရုတ်နိုင်ငံသားဖြစ်သည်ဟု ဆိုလျှင်မူ လူတို့က ငါ့ကို အထင်သေးကြလိမ့်မည်” ဟူ၍ တွေးတောလိမ့်မည်။ ထို့ကြောင့် သင်က ၎င်းတို့အား အမှန်အတိုင်း မပြောရဲပေ။ သို့သော် တစ်နေ့တွင် သင်၏ လူမျိုး ပေါ်လွင်သွားသည်။ သင်သည် တရုတ်လူမျိုးဖြစ်သည်ကို လူတို့ သိရှိသွားကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့က သင့်အား ပုံစံတစ်မျိုးနှင့် မြင်ကြသည်။ သင်သည် ခွဲခြားဆက်ဆံခံရသည်။ အထင်သေးခြင်းခံရသည်။ ဖိနှိပ်ခံရသည့် နိုင်ငံသားအမျိုးအစားအဖြစ်ပင် မှတ်ယူခြင်းခံရသည်။ ဤအချိန်တွင် သင်သည် “'လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်' ဆိုသည့် ထိုဆိုရိုးစကားသည် အတိအကျပင် မှန်သည်၊ ငါသည် ငါ၏ နိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်မရှိဟု ထင်ခဲ့ဖူးသည်၊ သို့သော် ယခုတွင် နိုင်ငံ၏ ကံကြမ္မာသည် လူတိုင်းအပေါ် သက်ရောက်သည့်ပုံစံရှိသည်၊ နိုင်ငံက ကြွယ်ဝချမ်းသာသောအခါ၊ လူတိုင်း ကြွယ်ဝချမ်းသာသည်၊ သို့သော် နိုင်ငံက ပြိုလဲသောအခါ လူတိုင်းက ဤအတွက် ဒုက္ခခံရသည်၊ ငါတို့နိုင်ငံက မဆင်းရဲသလော၊ အာဏာရှင်စနစ်မဟုတ်သလော၊ အုပ်ချုပ်သူများက နာမည်ဆိုးမရှိသလော၊ ဤအတွက်ကြောင့် လူတို့က ငါ့အား အထင်သေးခြင်းဖြစ်သည်၊ အနောက်နိုင်ငံများရှိ လူတို့သည် မည်မျှ ချမ်းသာပြီး ပျော်ရွှင်ကြသည်ကို ကြည့်လော့၊ ၎င်းတို့သည် မည်သည့်နေရာကိုမဆို လွတ်လပ်စွာသွားလာခွင့်ရှိပြီး မည်သည့်အရာကိုမဆို လွတ်လပ်စွာ ယုံကြည်ခွင့်ရှိသည်၊ ကွန်မြူနစ်အစိုးရလက်အောက်တွင်မူ ငါတို့သည် ဘုရားကို ယုံကြည်ခြင်းအတွက် ဖိနှိပ်ခံရပြီး နေရာတကာသို့ ပြေးရသည်၊ အိမ်သို့ မပြန်နိုင်ပေ၊ အနောက်နိုင်ငံတွင် မွေးခဲ့လျှင် မည်မျှကောင်းလိမ့်မည်နည်း” ဟူ၍ မရည်ရွယ်ဘဲ တွေးမိကြသည်။ ဤအခြေအနေတွင် နိုင်ငံလူမျိုးသည် အလွန်အမင်း အရေးကြီးသည်ဟု သင်ခံစားရသည်။ သင့်နိုင်ငံ၏ ကံကြမ္မာသည် သင့်အတွက် အရေးကြီးလာသည်။ မည်သို့ပင်ဖြစ်စေ လူတို့သည် ဤသို့သောပတ်ဝန်းကျင်နှင့် အခြေအနေ၌ နေထိုင်သောအခါတွင် ၎င်းတို့သည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆ၏ လွှမ်းမိုးခြင်းကို မသိဘဲ ခံရပြီး အတိုင်းအတာအမျိုးမျိုးအထိ စိုးမိုးခြယ်လှယ်ခြင်းကို ခံရသည်။ ဤအဆင့်တွင် လူများ၊ အမှုအရာများ၊ အကြောင်းကိစ္စများအပေါ် လူတို့၏ အပြုအမူ၊ အမြင်၊ ရှုထောင့်၊ ရပ်တည်ချက်တို့သည် အတိုင်းအတာအမျိုးမျိုးအထိ ပြောင်းလဲမည်ဖြစ်သည်။ ပြီးလျှင် ယင်းကြောင့်အကျိုးဆက်နှင့် သက်ရောက်မှု ပမာဏအမျိုးမျိုး ဖြစ်ပေါ်လာသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် လူတို့၏ အတွေးအခေါ်အပေါ် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကား၏ လွှမ်းမိုးမှုနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား ပမာဏတစ်ခုရှိသည်။ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အယူအဆသည် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် အလွန်ရှင်းလင်းပြတ်သားခြင်းမရှိသော်လည်း မည်သို့ပင်ဖြစ်စေ လူမှုအခြေအနေအချို့တွင် နိုင်ငံတစ်နိုင်ငံနှင့် သက်ဆိုင်ခြင်းမှလာသော လူမျိုးသည် လူတို့အပေါ် လွှမ်းမိုးမှုရှိဆဲဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ဘဲ ဤပြဿနာများကို ရှင်းလင်းစွာ မသိမြင်လျှင် ၎င်းတို့သည် ဤအယူအဆ၏ အချုပ်အနှောင်များ၊ ယိုယွင်းပျက်စီးစေတတ်သော သက်ရောက်မှုများကို ဖယ်ရှားနိုင်မည်မဟုတ်ပေ။ ဤသည်မှာ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသည့် ၎င်းတို့၏ စိတ်အခြေအနေနှင့် သဘောထားကိုလည်း ထိခိုက်လိမ့်မည်။ ယေဘုယျပတ်ဝန်းကျင်ပြောင်းလဲသောအခါတွင် လူ့သဘာဝ၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ လူတို့၏ အတွေးအခေါ်ရှိ ပြောင်းလဲမှုများ၊ ထိုးဖောက်ကျော်လွှားမှုများအရ ကြည့်သည်ဖြစ်စေ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသော စာတန်တင်ပြသည့် အယူအဆသည် လူတို့အပေါ် အမှန်ပင် လွှမ်းမိုးမှုတစ်ခုရှိသည်။ ပြီးလျှင် အမှန်ပင် လူသား၏ အတွေးအခေါ်အပေါ် ယိုယွင်းပျက်စီးစေတတ်သည့် သက်ရောက်မှုတစ်ခုရှိသည်။ လူတို့သည် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကဲ့သို့သော ကိစ္စရပ်များကို မည်သို့ မှန်ကန်စွာ ရှင်းပြရမည်ကို နားမလည်သောကြောင့်၊ ဤကိစ္စရပ်တွင် ပါဝင်သော သမ္မာတရားကို နားမလည်သောကြောင့် မတူညီသော ပတ်ဝန်းကျင်များအတွင်းတွင် ၎င်းတို့သည် ဤအယူအဆ၏ လွှမ်းမိုးခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းကို မကြာခဏခံရသည်၊ သို့မဟုတ် ၎င်းတို့၏ စိတ်အခြေအနေကို ထိခိုက်သည်။ ထိုအရာမှာ တန်ကို မတန်ပေ။
နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်လျှင် ဘုရားသခင်က ယင်းကို မည်သို့ရှုမြင်သည်ဆိုသည်နှင့် လူတို့သည် ယင်းကို မည်သို့ မှန်ကန်စွာ ရှုမြင့်သင့်သည်ဆိုသည်ကို လူတို့ နားလည်သင့်သလော။ (နားလည်သင့်သည်။) လူတို့သည် ဤအမှုကိစ္စနှင့်ပတ်သက်လျှင် မည်သည့်ရပ်တည်ချက်ကို ၎င်းတို့ ခံယူသင့်သည်ဆိုသည်ကို အတိအကျပင် နားလည်သင့်သည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆက ၎င်းတို့အပေါ်တွင်ရှိသည့် ယိုယွင်းပျက်စီးစေတတ်သော သက်ရောက်မှုနှင့် လွှမ်းမိုးမှုကို ဖယ်ရှားဖို့ရန်အတွက်ဖြစ်သည်။ ဦးစွာပထမ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် မည်သူမဆို၊ မည်သည့်အင်အားစုမဆို၊ မည်သည့်လူမျိုးစုမဆို၏ လွှမ်းမိုးခြင်းကို ခံရနိုင်သလောဆိုသည်ကို ကြည့်ကြစို့။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို မည်သူက ဆုံးဖြတ်သနည်း။ (ဘုရားသခင်က အဆုံးအဖြတ်ပေးသည်။) မှန်သည်။ ဤအကြောင်းရင်းကို နားလည်ရမည်။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် နီးကပ်စွာ ဆက်နွှယ်နေပြီး အခြားမည်သူနှင့်မျှ ဆက်နွှယ်ခြင်းမရှိပေ။ မည်သည့်အင်အားစု၊ အယူအဆ၊ သို့မဟုတ် လူပုဂ္ဂိုလ်ကမျှ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာတွင် မည်သည့်အရာ ပါဝင်သနည်း။ နိုင်ငံ၏ ချမ်းသာဝပြောမှု၊ ဆုတ်ယုတ်မှုတို့ ပါဝင်သည်။ နိုင်ငံသည် ဖွံဖြိုးတိုးတက်ပြီးဖြစ်စေ၊ ခေတ်နောက်ကျသည်ဖြစ်စေ၊ ပထဝီတည်နေရာက မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ ပိုက်နက်က မည်မျှကျယ်သည်ဖြစ်စေ၊ အရွယ်အစား၊ အရင်းအမြစ်အားလုံးက မည်သို့ရှိသည်ဖြစ်စေ၊ မြေပေါ်၊ မြေအောက်နှင့် လေထုတွင် အရင်းအမြစ်မည်မျှရှိသည်ဖြစ်စေ၊ နိုင်ငံ၏ အစိုးရက မည်သူဖြစ်စေ၊ မည်သည့်လူအမျိုးအစားက အုပ်ချုပ်သည့် ရာထူးစဉ်စနစ်တွင် ပါဝင်ဖွဲ့စည်းသည်ဖြစ်စေ၊ အစိုးရ၏ နိုင်ငံရေးလမ်းညွှန်စည်းမျဉ်းများနှင့် အုပ်ချုပ်ပုံနည်းလမ်းများက မည်သည့်အရာများဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ နာခံသည်ဖြစ်စေ၊ ဘုရားအပေါ် ၎င်းတို့သဘောထားက မည်သို့ဖြစ်စေ စသည်တို့အားလုံးသည် နိုင်ငံ၏ ကံကြမ္မာနှင့် သက်ဆိုင်မှုရှိသည်။ ဤအရာများကို မည်သည့်အင်အားစုက မဆိုထားနှင့် မည်သူတစ်ဦးတစ်ယောက်ကမျှ အဆုံးအဖြတ်ပေးခြင်းမရှိပေ။ မည်သူကမျှ၊ မည်သည့်အင်အားကမျှ အဆုံးအဖြတ်ပေးခွင့်မရှိသကဲ့သို့ စာတန်လည်း ထို့အတူပင်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သူက အဆုံးအဖြတ်ပေးခွင့်ရှိသနည်း။ ဘုရားသခင်သာ အဆုံးအဖြတ်ပေးခွင့်ရှိသည်။ လူသားများသည် ဤအရာများကို နားမလည်ပေ။ စာတန်လည်း ထို့အတူဖြစ်သော်လည်း စာတန်က အာခံသည်။ စာတန်သည် လူသားတို့ကို အစဉ်သဖြင့် ဦးဆောင်လိုပြီး အုပ်စိုးလိုသည်။ ထို့ကြောင့် စာတန်သည် အကျင့်စာရိတ္တနှင့် လူမှုထုံးတမ်းဓလေ့များကဲ့သို့သောအရာများကို အားပေးမြှင့်တင်ရန်အတွက် လှုံ့ဆော်ပေးသော၊ လှည့်စားသော အယူအဆနှင့် ထင်မြင်ချက်အချို့ကို အဆက်မပြတ် အသုံးပြုပြီး ဤအယူအဆများကို လူတို့ လက်ခံအောင် လုပ်ဆောင်သည်။ ဤနည်းအားဖြင့် အုပ်ချုပ်သူများကို အစေခံပြီး အုပ်ချုပ်သူများကို ဆက်လက်အာဏာရရှိနေစေရန်အတွက် လူတို့ကို အသုံးချသည်။ စင်စစ်အားဖြင့် စာတန်က မည်သို့လုပ်ဆောင်ပါစေ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် စာတန်နှင့် ဆက်နွှယ်ခြင်းမရှိသကဲ့သို့ ဤရိုးရာယဉ်ကျေးမှု အယူအဆများကို မည်သို့ အားသွန်ခွန်စိုက်၊ လေးလေးနက်နက်ဖြင့် ကျယ်ပြန့်စွာ ဖြန့်ဖြူးသည့်နည်းနှင့်လည်း ဆက်နွှယ်မှုမရှိပေ။ မည်သည့်အချိန်ကာလမဆိုတွင်ရှိသော မည်သည့်နိုင်ငံမဆို၏ ရှင်သန်နေထိုင်ရာ အခြေအနေနှင့် ရပ်တည်မှုပုံစံသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ခေတ်နောက်ကျသည်ဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်သည်ဖြစ်စေ၊ ထို့အပြင် ကမ္ဘာတွင်ရှိသော နိုင်ငံများစွာထဲတွင် အဆင့်က မည်သို့ရှိသည်ဖြစ်စေ ဤအရာအားလုံးတို့သည် အစိုးရ၏ အုပ်ချုပ်မှုအင်အားနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ဤအတွေးအခေါ်သမားများ၏ အယူအဆများ၏ အနှစ်သာရ၊ သို့မဟုတ် ယင်းတို့ကို ၎င်းတို့ ဖြန့်ဖြူးသည့် အားမာန်နှင့်လည်း မသက်ဆိုင်ပေ။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင် စီမံသည့် အချိန်ကာလနှင့်သာ သက်ဆိုင်သည်။ မည်သည့်အချိန်ကာလတွင်မဆို ဘုရားသခင်က မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်ဖို့ လိုသည်ဖြစ်စေ၊ မည်သည့်အရာများကို အုပ်စိုးပြီး စီစဉ်ညွှန်ကြားဖို့လိုသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအားလုံးကို မည်သည့်ဦးတည်ချက်သို့ ဦးဆောင်သည်ဖြစ်စေ၊ မည်သည့်လူ့အဖွဲ့အစည်းပုံစံကိုမဆို ဖြစ်ပေါ်စေသည်ဖြစ်စေ ထိုအချိန်ကာလအတွင်းတွင် ထူးခြားသော ဇာတ်ကောင်အချို့ ပေါ်ထွက်လာပြီး ကြီးမားပြီး ထူးခြားသောအရာအချို့ ဖြစ်ပေါ်လိမ့်မည်။ ဥပမာ စစ်ပွဲ၊ သို့မဟုတ် အချို့သောနိုင်ငံများ၏ နယ်မြေကို အခြားသောနိုင်ငံများက တိုက်ခိုက်သိမ်းပိုက်ခြင်း၊ သို့မဟုတ် ထူးခြားသော၊ ထင်ပေါ်လာသော နည်းပညာအချို့ ပေါ်ထွက်မှု၊ သို့မဟုတ် ကမ္ဘာမြေ၏ ပင်လယ်နှင့် ကုန်းမြေထုကြီးများအားလုံး ရွေ့လျားမှုပင်ဖြစ်ပြီး စသည်တို့ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲရှိ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၏ အုပ်စိုးခြင်းခံရသည်။ သာမန်မျှသာဖြစ်သောသူတစ်ဦး၏ ပေါ်ထွန်းမှုသည် လူသားမျိုးနွယ်တစ်ခုလုံးကို ရှေ့သို့ ကြီးမားသောခြေလှမ်းတစ်ခုလှမ်းဖို့အတွက် ဦးဆောင်မည်မှာလည်း ဖြစ်နိုင်သည်။ အလွန်ပင် သာမန်မျှသာဖြစ်သော၊ အရေးမပါသော ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာခြင်းက လူသားမျိုးနွယ်တစ်ခုလုံး အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်းကို အစပျိုးပေးနိုင်ခြင်းသည် တန်းတူညီစွာပင် ဖြစ်နိုင်ခြေရှိသည်၊ သို့မဟုတ် အရေးမပါသော ဖြစ်ရပ်တစ်ခု၏ သက်ရောက်မှုအောက်တွင် လူသားမျိုးနွယ်အားလုံးသည် အကြီးစားပြောင်းလဲမှုတစ်ခုကို ကြုံရမည်ဆိုသည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် စီးပွားရေး၊ စစ်ရေး၊ အရောင်းအဝယ်လုပ်ငန်း၊ သို့မဟုတ် ဆေးကုသမှု စသည်တို့နှင့် သက်ဆိုင်သော ပြောင်းလဲမှုအတိုင်းအတာအမျိုးမျိုး ဖြစ်လိမ့်မည်မှာ ဖြစ်နိုင်သည်။ ဤပြောင်းလဲမှုများသည် ကမ္ဘာပေါ်တွင်ရှိသော မည်သည့်နိုင်ငံကိုမဆို လွှမ်းမိုးပြီး မည်သည့်နိုင်ငံမဆို၏ ချမ်းသာဝပြောမှုနှင့် ဆုတ်ယုတ်မှုကိုလည်း လွှမ်းမိုးသည်။ ဤအတွက်ကြောင့် အင်အားကြီးသည်ဖြစ်စေ၊ အင်အားနည်းသည်ဖြစ်စေ မည်သည့်နိုင်ငံမဆို၏ ကံကြမ္မာ၊ တိုးတက်မှု၊ ကျရှုံးမှုတို့အားလုံးသည် လူသားမျိုးနွယ်ကြားရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် သူ၏ အချုပ်အခြာအာဏာတို့ဖြင့် ဆက်နွှယ်နေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အမှုအရာများကို အဘယ်ကြောင့် ဤသို့ လုပ်ဆောင်လိုသနည်း။ သူ၏ ရည်ရွယ်ချက်များသည် အရာရာတိုင်း၏ အရင်းအမြစ်တွင်ရှိသည်။ အတိုချုပ်အားဖြင့် ဆိုလျှင် မည်သည့်နိုင်ငံ၊ သို့မဟုတ် လူမျိုးမဆို၏ ရှင်သန်မှု၊ တိုးတက်မှု၊ ကျရှုံးမှုတို့သည် မည်သည့်လူမျိုး၊ မည်သည့်အာဏာ၊ မည်သည့် အုပ်ချုပ်သူလူတန်းစား၊ မည်သည့်အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း၊ မည်သည့်လူပုဂ္ဂိုလ်နှင့်မဆို လုံးဝ ဆက်စပ်မှုမရှိပေ။ ယင်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သာ သက်ဆိုင်သည်။ ပြီးလျှင် ယင်းတို့သည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို စီမံသည့် အချိန်ကာလ၊ လူသားမျိုးနွယ်ကို စီမံပြီး ဦးဆောင်ရာတွင် ဖန်ဆင်းရှင်က နောက်ထပ်လျှောက်လှမ်းမည့် ခြေလှမ်းတို့နှင့်လည်း သက်ဆိုင်သည်။ ထို့ကြောင့် ဘုရားသခင်က လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် မည်သည့်နိုင်ငံ၊ လူမျိုး၊ တိုင်းရင်းသား၊ အုပ်စု၊ သို့မဟုတ် လူတစ်ဦးတစ်ယောက်မဆို၏ ကံကြမ္မာကို လွှမ်းမိုးသည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် မည်သည့်လူပုဂ္ဂိုလ်၊ တိုင်းရင်းသား၊ လူမျိုး၊ နိုင်ငံမဆို၏ ကံကြမ္မာသည် တစ်ခုနှင့်တစ်ခု အမှန်ပင် ချိတ်ဆက်နေပြီး နီးကပ်စွာ ရောယှက်ထားကြသည်ဟု ဆိုနိုင်ပြီး ယင်းတို့ကြားတွင် ခွဲ၍မရသော ဆက်နွှယ်မှုတစ်ခုရှိသည်။ သို့ရာတွင် ဤအရာများကြားရှိ ဆက်နွှယ်မှုကို “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆနှင့် အမြင်က ဖြစ်ပေါ်စေခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤအရာများ၏ ကံကြမ္မာသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရား၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသောကြောင့်ပင် ယင်းတို့ကြားတွင် ခွဲ၍မရသော ဆက်နွှယ်မှုတစ်ခုရှိခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံတစ်ခု၏ ကံကြမ္မာ၏ အရင်းအမြစ်နှင့် အနှစ်သာရဖြစ်သည်။
ဤသို့ဆိုလျှင် လူဦးရေအများစု၏ ရှုထောင့်မှ ကြည့်လျှင် မိမိနိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မည်သည့်အမြင်ကို ကိုင်စွဲသင့်သနည်း။ ရှေးဦးစွာ နိုင်ငံသည် လူဦးရေအများစုကို ကာကွယ်ပြီး ၎င်းတို့ကို စိတ်ကျေနပ်မှု ရှိစေရန်အတွက် မည်မျှလုပ်ဆောင်သည်ကို ကြည့်သင့်သည်။ လူဦးရေအများစုမှာ ကောင်းစွာ အသက်ရှင်နေထိုင်လျှင်၊ လွတ်လပ်မှုရှိပြီး လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိလျှင်၊ နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းသော မူဝါဒများအားလုံးသည် အလွန်ပင် ယုတ္တိတန်ပြီး လူတို့က ယင်းတို့ကို မျှတပြီး ကျိုးကြောင်းသင့်မြတ်သည်ဟု မှတ်ယူလျှင်၊ သာမန်လူများ၏ လူ့အခွင့်အရေးသည် ကာကွယ်ပေးခြင်းခံရနိုင်လျှင်၊ လူတို့သည် ၎င်းတို့၏ အသက်ရှင်နေထိုင်ခွင့်ကို ဖယ်ရှားခြင်းမခံရလျှင် လူတို့သည် ဤနိုင်ငံအပေါ် အလိုအလျောက် မှီခိုလာလိမ့်မည်။ ဤနေရာတွင် နေရသည်ကို ပျော်ရွှင်လိမ့်မည်။ ထိုနိုင်ငံကို လှိုက်လှိုက်လှဲလှဲ နှစ်သက်မြတ်နိုးလိမ့်မည်။ ဤသို့ဆိုလျှင် လူတိုင်းက ဤနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်သိတတ်လိမ့်မည်။ လူတို့သည် ဤနိုင်ငံအပေါ် ၎င်းတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်လိုစိတ်ရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ဘဝအတွက်လည်းကောင်း၊ ၎င်းတို့နှင့်ပတ်သက်သော အရာရာတိုင်းအတွက်လည်းကောင်း အကျိုးအမြတ်ရှိသောကြောင့် ဤနိုင်ငံကို ထာဝရ တည်ရှိစေလိုလိမ့်မည်။ ဤနိုင်ငံသည် သာမန်လူတို့၏ ဘဝများကို ကာကွယ်မပေးနိုင်လျှင်၊ ၎င်းတို့ ထိုက်တန်သည့် လူ့အခွင့်အရေးကို မပေးလျှင်၊ လွတ်လပ်စွာ ပြောဆိုခွင့်ပင် မရှိလျှင်၊ စိတ်ထဲတွင်ရှိသည့်အရာကို ပြောဆိုသူတို့သည် ကန့်သတ်ခြင်း၊ နှိမ်နှင်းခြင်းခံရလျှင်၊ လူတို့သည် ၎င်းတို့ဆန္ဒရှိသည့်အရာကို ပြောဆိုခွင့်၊ သို့မဟုတ် ဆွေးနွေးခွင့်ပင် ပိတ်ပင်ခံရလျှင်၊ လူတို့သည် အနိုင်ကျင့်ခြင်း၊ အရှက်ရစေခြင်း၊ ဖိနှိပ်ခြင်းတို့ကို ခံရသောအခါ နိုင်ငံက ဂရုမစိုက်လျှင်၊ လွတ်လပ်ခွင့်လုံးဝ မရှိလျှင်၊ လူတို့၏ အခြေခံလူ့အခွင့်အရေးနှင့် အသက်ရှင်နေထိုင်ခွင့်ကို ပိတ်ပင်ခံရလျှင်၊ ဘုရားသခင်ကို ယုံကြည်ပြီး နာခံသူတို့သည် ဖိနှိပ်ခြင်း၊ နှိပ်ကွပ်ခြင်းပင်ခံရပြီး အိမ်သို့ မပြန်နိုင်ကြလျှင်၊ ယုံကြည်သူများကိုသတ်ခြင်းအားဖြင့် ပြစ်ဒဏ်မခံရလျှင်၊ ဤနိုင်ငံသည် နတ်ဆိုးများ၏ နိုင်ငံ၊ စာတန်၏ နိုင်ငံဖြစ်ပြီး နိုင်ငံအစစ်မဟုတ်ပေ။ ဤသို့ဆိုလျှင် လူတိုင်းသည် ဤနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်သိသင့်ဆဲဖြစ်သလော။ လူတို့သည် ဤနိုင်ငံကို ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ရွံမုန်းပြီး မုန်းတီးလျှင် ၎င်းတို့သည် သဘောတရားအရ တာဝန်ခံယူလျှင်ပင် ဤတာဝန်ကို ထမ်းဆောင်လိုစိတ်ရှိမည်မဟုတ်ပေ။ အင်အားကြီးသော ရန်သူက ဤနိုင်ငံကို ကျူးကျော်ရန် လာရောက်လျှင် လူအများစုသည် နိုင်ငံက ပြိုလဲလုဆဲဆဲဖြစ်ဖို့ကိုပင် မျှော်လင့်ကြလိမ့်မည်။ ဤသို့အားဖြင့် ပျော်ရွှင်သော ဘဝများကို ၎င်းတို့ နေထိုင်နိုင်ရန်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက နိုင်ငံတစ်ခု၏ ကံကြမ္မာအတွက် တာဝန်သိစိတ်ရှိမရှိသည် ထိုနိုင်ငံ၏ အစိုးရက လူတို့ကို မည်သို့ ဆက်ဆံသည်ဆိုသည့်အပေါ် မူတည်သည်။ အဓိကအချက်မှာ ပြည်သူ၏ ပံ့ပိုးမှုကို ရရှိခြင်း ရှိမရှိဖြစ်သည်။ ဤအချက်ကို အခြေခံပြီး အဓိကဆုံးဖြတ်သည်။ အခြေခံအားဖြင့် ပြောလျှင် အခြားအချက်မှာ မည်သည့်နိုင်ငံမဆိုတွင် ဖြစ်ပျက်သော အရာရာတိုင်း၏ နောက်ကွယ်တွင် ဤအရာကို ဖြစ်ပျက်စေသည့် အကြောင်းရင်းနှင့် အချက်အလက်အချို့ရှိသည်။ ယင်းသည် သာမန်လူ၊ သို့မဟုတ် အရေးမပါသော လူတစ်ယောက်က လွှမ်းမိုးနိုင်သည့်အရာမဟုတ်ပေ။ ထို့ကြောင့် နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်လျှင် မည်သည့်လူတစ်ဦးတစ်ယောက်မျှ၊ သို့မဟုတ် လူမျိုးစုမျှ ဆုံးဖြတ်ပိုင်ခွင့်မရှိပေ၊ သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အစွမ်းမရှိပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်သည်။) ဥပမာ သင့်နိုင်ငံ၏ အုပ်ချုပ်သူလူတန်းစားသည် ဤနိုင်ငံ၏ ပိုင်နက်ကို ချဲ့ထွင်လိုပြီး အိမ်နီးချင်းနိုင်ငံ၏ အကောင်းဆုံးနယ်မြေ၊ အခြေခံအဆောက်အအုံ၊ အရင်းအမြစ်တို့ကို သိမ်းယူလိုသည်ဆိုပါစို့။ အုပ်ချုပ်သူလူတန်းစားသည် ဆုံးဖြတ်ချက်ချပြီးနောက်တွင် စစ်တပ်များကို စတင်ပြင်ဆင်သည်။ ရံပုံငွေကို မြှင့်တင်သည်။ ထောက်ပံ့ပစ္စည်းမျိုးစုံကို သိုလှောင်သည်။ နယ်မြေချဲ့ထွင်မှုကို မည်သည့်အချိန်တွင်စတင်ရန် ဆွေးနွေးကြသည်။ သာမန်လူစုသည် ဤအရာအားလုံးကို သိခွင့်ရှိသလော။ သင်သည် သိခွင့်ပင်မရှိပေ။ သင်သိသမျှမှာ လတ်တလောနှစ်များတွင် နိုင်ငံတော်အခွန်က တိုးမြှင့်လာသည်။ မူမမှန်သော အကြောင်းပြချက်အမျိုးမျိုးအောက်တွင် သတ်မှတ်သော စည်းကြပ်ငွေနှင့် အဖိုးအခများက မြင့်တက်လာသည်။ နိုင်ငံတော်အကြွေးက မြင့်တက်လာသည်။ သင်၏ တစ်ခုတည်းသော ဝတ္တရားမှာ အခွန်ဆောင်ရန်ဖြစ်သည်။ နိုင်ငံတွင် မည်သည့်အရာ ဖြစ်ပျက်မည်ဆိုသည်နှင့် အစိုးရက မည်သည့်အရာကို လုပ်ဆောင်မည်ဆိုသည်နှင့်ပတ်သက်ပြီး သင်နှင့် လုံးဝ သက်ဆိုင်မှုတစ်ခုခုရှိသလော။ နိုင်ငံက စစ်ခင်းရန် ဆုံးဖြတ်သည့်အချိန်မရောက်ခင်အထိ မည်သည့်နိုင်ငံနှင့် မည်သည့်နယ်မြေကို ကျူးကျော်မည်၊ မည်သည့်နည်းဖြင့် ကျူးကျော်မည်ဆိုသည်တို့သည် အုပ်ချုပ်သူလူတန်းစားကသာ သိသောအရာများဖြစ်သည်။ တိုက်ပွဲသို့ စေလွှတ်ခြင်းခံရမည့် စစ်သားများပင် မသိပေ။ ၎င်းတို့သည် သိခွင့်ပင်မရှိပေ။ အုပ်ချုပ်သူအစိုးရ ညွှန်ပြသည့်မည်သည့်အရာကိုမဆို တိုက်ခိုက်ရမည်။ ၎င်းတို့သည် အဘယ်အတွက်ကြောင့် တိုက်ခိုက်နေသည်၊ မည်မျှကြာရှည်စွာ တိုက်ခိုက်ရမည်၊ အနိုင်ရနိုင်ခြင်းရှိမရှိ၊ မည်သည့်အချိန်တွင် အိမ်ပြန်၍ရသည်ဆိုသည်တို့နှင့်ပတ်သက်လျှင် ၎င်းတို့ မသိကြပေ။ မည်သည့်အရာကိုမျှ မသိကြပေ။ လူအချို့၏ သားသမီးများသည် စစ်ပွဲသို့ စေလွှတ်ခြင်းခံရပြီး မိဘများဖြစ်သည့် ၎င်းတို့က သိပင် မသိရပေ။ ပို၍ဆိုးသည်မှာ ၎င်းတို့၏ သားသမီးများ အသတ်ခံရသောအခါ ၎င်းတို့သည် သိပင် မသိရခြင်းဖြစ်ပေသည်။ ပြာများကို ပြန်လည်ယူဆောင်လာမှသာ ၎င်းတို့သားသမီးများက သေသည်ကို သိရသည်။ ဤသို့ဆိုလျှင် ပြောလော့။ သင့်နိုင်ငံ၏ ကံကြမ္မာ၊ သင့်နိုင်ငံက လုပ်ဆောင်မည့်အရာများ၊ မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ်မည်ဆိုသည်တို့သည် သာမန်လူတစ်ယောက်ဖြစ်သော သင်နှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ နိုင်ငံက သာမန်လူတစ်ယောက်ဖြစ်သော သင့်ကို ဤအရာများ ပြောပြသလော။ သင်သည် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ပိုင်ခွင့်ရှိသလော။ သင်သည် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ပိုင်ခွင့် ရှိရန် မဆိုထားနှင့် သိပိုင်ခွင့်ပင်မရှိပေ။ သင်၏ နိုင်ငံက သင့်အတွက် မည်သို့ဖြစ်သည်ဖြစ်စေ နိုင်ငံက မည်သို့ ဖွံ့ဖြိုးတိုးတက်သည်၊ မည်သည့်ဦးတည်ချက်သို့ ဦးတည်နေသည်၊ မည်သို့ အုပ်ချုပ်သည်ဆိုသည်တို့က သင်နှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ သင်နှင့် ဆက်စပ်မှုမရှိပေ။ အဘယ်ကြောင့်နည်း။ သင်သည် သာမန်လူတစ်ယောက်ဖြစ်ပြီး ဤအရာအားလုံးသည် အစိုးရနှင့်သာ သက်ဆိုင်သောကြောင့်ဖြစ်သည်။ ဆုံးဖြတ်ပိုင်ခွင့်သည် အစိုးရနှင့် အုပ်ချုပ်သူလူတန်းစားက ပိုင်ဆိုင်သည်။ ပြီးလျှင် မိမိတို့၏အကျိုးစီးပွားများ ပါဝင်ပတ်သက်နေခြင်းရှိသူတို့က ပိုင်ဆိုင်သည်။ သို့သော် သာမန်လူတစ်ယောက်ဖြစ်သော သင့်အပေါ် ဆက်စပ်မှုလုံးဝမရှိပေ။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို အနည်းငယ် သတိပြုမိသင့်သည်။ ဆင်ခြင်တုံတရားမရှိသောအရာများကို မပြုနှင့်။ အစိုးရအတွက် သင်၏ ဘဝကို စွန့်လွှတ်ရန်၊ သို့မဟုတ် သင့်ကိုယ်သင် အန္တရာယ်ကျရောက်စေရန် မလိုအပ်ပေ။ နိုင်ငံ၏ အစိုးရသည် အာဏာရှင်များဖြစ်သည် ဆိုပါစို့။ ဩဇာအာဏာသည် မိမိတို့၏ သင့်လျော်သောတာဝန်များကို အရေးမစိုက်သော၊ သောက်စားခြင်းနှင် ကာမရာဂတွင် မွေ့လျော်လျက်၊ အသုံးအဖြုန်းကြီးစွာ နေထိုင်လျက်၊ ပြည်သူအတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ တစ်နေကုန် အချိန်ကုန်သော နတ်ဆိုးများ၏ လက်ထဲတွင်ရှိသည်ဆိုပါစို့။ နိုင်ငံသည် အကြွေးနွံနစ်ပြီး ဖရိုဖရဲဖြစ်လာသည်။ အစိုးရသည် အကျင့်ပျက်ပြီး အရည်အချင်းမရှိ။ ရလဒ်အနေဖြင့် တိုင်းတစ်ပါးရန်သူက ကျူးကျော်ခြင်းခံရသည်။ ထိုအခါမှသာ အစိုးရသည် သာမန်ပြည်သူတို့ကို သတိရပြီး ၎င်းတို့ကို ခေါ်ထုတ်ကာ “'လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်' နိုင်ငံက ပျက်စီးသွားလျှင် သင်တို့အားလုံးအတွက် ခက်ခဲသည့်ဘဝဖြစ်ဖို့ ရှိနေသည်။ လက်ရှိတွင် နိုင်ငံသည် ဒုက္ခရောက်နေသည်၊ ကျူးကျော်သူများသည် ငါတို့၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ နိုင်ငံကို ကာကွယ်ရန်အတွက် စစ်မြေပြင်သို့ အလျင်အမြန်သွားလော့၊ နိုင်ငံက သင်တို့ကို လိုအပ်သည့်အချိန်ကို ရောက်ရှိလာပြီ” ဟုဆိုသည်။ သင်က တွေးတောချိန်ဆပြီး “မှန်သည်၊ 'လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်'၊ နောက်ဆုံးတွင် နိုင်ငံက ငါ့ကို ကြုံတောင့်ကြုံခဲ လိုအပ်လာပြီ၊ ထို့ကြောင့် ငါ့တွင် ဤတာဝန်ရှိသည့်အတွက် နိုင်ငံကို ကာကွယ်ရန် ငါ၏အသက်ကို စွန့်လွှတ်သင့်သည်။ ငါတို့၏ နိုင်ငံကို လွှဲပြောင်းပေး၍ မဖြစ်ပေ၊ ဤအစိုးရ အာဏာမရှိလျှင် ငါတို့ဘဝ ပြီးဆုံးသွားပြီဖြစ်သည်” ဟူ၍ ထင်မြင်သည်။ ဤသို့ ထင်မြင်သည်မှာ မိုက်မဲသလော။ ဤအာဏာရှင်စနစ်၏ အစိုးရသည် ဘုရားကို ငြင်းဆန်ပြီး ဆန့်ကျင်သည်။ တစ်နေကုန် စားသောက်ပြီး အပျော်အပါးလိုက်စားသည်။ မဆင်မခြင်ပြုမူသည်။ သာမန်ပြည်သူများကို အရေးမစိုက်ပေ။ ပြည်သူလူထုကို ထိခိုက်ပြီး လူမဆန်စွာ ဆက်ဆံသည်။ သင်သည် ဤသို့သော အစိုးရကို ကာကွယ်ရန် ရဲရင့်စွာ၊ မတွန့်မဆုတ် ပြေးလွှားပြီး စစ်မြေပြင်တွင် အသေခံတပ်သားအဖြစ် အစေခံလျှင်၊ ၎င်းတို့အတွက် သင့်အသက်ကို စွန့်ပစ်လျှင် သင်သည် သေချာပေါက် မိုက်မဲပြီး မျက်စိစုံမှိတ်ပြီး သစ္စာခံနေခြင်းဖြစ်သည်။ သင်သည် သေချာပေါက် မိုက်မဲသည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ စစ်မြေပြင်တွင်ရှိသော စစ်သားများသည် အတိအကျဆိုရလျှင် မည်သူ့အတွက် တိုက်ခိုက်နေခြင်းဖြစ်သနည်း။ မည်သူ့အတွက် ၎င်းတို့အသက်ကို စွန့်ပစ်နေသနည်း။ မည်သူ့အတွက် အသေခံတပ်သားအဖြစ် ထမ်းဆောင်နေသနည်း။ လူအားလုံးထဲမှာမှ သင်ကဲ့သို့ အားနည်းပြီး ပျော့ညံ့သော အရပ်သားတစ်ယောက်သည် တိုက်ပွဲအတွင်းသို့ သွားလျှင် ဤသည်မှာ မိုက်ရူးရဲခြင်းဖြစ်ပြီး ဘဝကို ဖြုန်းတီးခြင်းဖြစ်သည်။ စစ်ပွဲဖြစ်လျှင် သင်သည် အကျိုးမရှိသော အနစ်နာခံမှု၊ ခုခံမှုကို ပြုလုပ်မည့်အစား ဘေးကင်းရာနေရာသို့ ထွက်ပြေးနိုင်ရန်အတွက် ဘုရားသခင်ထံ ဆုတောင်းပြီး သင့်အား ကာကွယ်ပေးရန် တောင်းခံသင့်သည်။ အကျိုးမရှိသော အနစ်နာခံမှုကို မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ မိုက်ရူးရဲခြင်းဖြစ်သည်။ နိုင်ငံတွင် အစိုးရကို ကာကွယ်ပြီး ၎င်းတို့အတွက် မိမိတို့၏ အသက်ကို စွန့်ရန် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဆိုသည့် စိတ်ဓာတ်ကို ထိန်းသိမ်းလိုသည့်သူများ သဘာဝအလျောက်ရှိလိမ့်မည်။ နိုင်ငံ၏ ကံကြမ္မာသည် ဤသို့သောလူများ၏ အကျိုးစီးပွားနှင့် ရှင်သန်ရေးအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။ ထို့ကြောင့် ၎င်းတို့အား နိုင်ငံ၏ အရေးကိစ္စကို ကြည့်ရှုစောင့်ရှောက်စေလော့။ သင်သည် သာမန်ပြည်သူပြည်သားတစ်ယောက်ဖြစ်သည်။ နိုင်ငံကို ကာကွယ်ရန် အစွမ်းမရှိပေ။ ပြီးလျှင် ဤအရာများသည် သင်နှင့် ဆက်စပ်မှုမရှိပေ။ အတိအကျဆိုလျှင် မည်သည့်နိုင်ငံမျိုးက ခုခံကာကွယ်ရန် ထိုက်တန်သနည်း။ နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ပြီး ဒီမိုကရေစီစနစ်ရှိသော နိုင်ငံဖြစ်လျှင်၊ အစိုးရက ပြည်သူအတွက် အမှန်တကယ် လုပ်ဆောင်ပေးပြီး ပုံမှန်ဘဝကို အာမခံပေးနိုင်လျှင် ဤသို့သောနိုင်ငံသည် ခုခံကာကွယ်ပေးဖို့ ထိုက်တန်သည်။ ဤသို့သောနိုင်ငံကို ကာကွယ်ခြင်းသည် မိမိ၏ ကိုယ်ပိုင်အိမ်ကို ကာကွယ်သည့်သဘောသက်ရောက်သည်ဟု သာမန်ပြည်သူတို့က ခံစားရသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နိုင်ငံအတွက် အလုပ်လုပ်ပြီး ၎င်းတို့တာဝန်ကို ဖြည့်ဆည်းလိုစိတ်ရှိကြသည်။ သို့သော် နတ်ဆိုးများ၊ သို့မဟုတ် စာတန်က ဤနိုင်ငံကို အုပ်စိုးလျှင်၊ ဤနတ်ဆိုးဘုရင်များ၏ အုပ်စိုးမှုသည် စိတ်ထက်သန်မှုမရှိတော့ဘဲ ၎င်းတို့သည် နေရာဖယ်ပေးသင့်သည်အထိ အစိုးရက ကောက်ကျစ်ဆိုးယုတ်ပြီး အရည်အချင်းမရှိလျှင် ကျူးကျော်ရန်အတွက် ဘုရားသခင်က အင်အားကြီးနိုင်ငံတစ်ခုကို ပေါ်ပေါက်စေလိမ့်မည်။ ဤသည်မှာ ကောင်းကင်ဘုံမှ လူသားတို့ထံသို့ အချက်ပြခြင်းဖြစ်သည်။ ဤအစိုးရ၏ အုပ်ချုပ်သူများသည် နေရာဖယ်ပေးသင့်ကြောင်း၊ ဤသို့သော အာဏာရရှိဖို့၊ သို့မဟုတ် ဤမြေကို အုပ်စိုးဖို့၊ သို့မဟုတ် ဤနိုင်ငံရှိ ပြည်သူများအား ၎င်းတို့ကို ထောက်ပံ့ခိုင်းဖို့ မထိုက်တန်ကြောင်းပြောနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိုင်ငံ၏ လူဦးရေ၏ ကောင်းကျိုးအတွက် မည်သည့်အရာကိုမျှ ထောက်ပံ့ခြင်းလုံးဝ မရှိသောကြောင့်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ အုပ်စိုးမှုသည် သာမန်လူတို့အပေါ် မည်သည့်နည်းလမ်းနှင့်မျှ အကျိုးအမြတ်မဖြစ်စေသကဲ့သို့ သာမန်ပြည်သူတို့ဘဝကိုလည်း လုံးဝ မပျော်ရွှင်စေပေ။ ၎င်းတို့သည် သာမန်ပြည်သူတို့ကို ညှဉ်းပန်းခြင်း၊ ထိခိုက်ခြင်း၊ နှိပ်စက်ခြင်း၊ မတော်မတရားပြုခြင်းတို့ကိုသာ လုပ်ဆောင်သည်။ ထို့ကြောင့် ဤသို့သော အစိုးရသည် နေရာဖယ်ပေးသင့်ပြီး ၎င်းတို့၏ ရာထူးများကို စွန့်လွှတ်သင့်သည်။ ဤအစိုးရကို သူတော်ကောင်းတရားရှိသော လူများ အာဏာရရှိသည့် ဒီမိုကရေစီနစ်ဖြင့် အစားထိုးလိုက်လျှင် ပြည်သူ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်များကို ဖြည့်ဆည်းလိမ့်မည်။ ကောင်းကင်ဘုံ၏ အလိုနှင့်လည်း ညီလိမ့်မည်။ ကောင်းကင်ဘုံ၏ အလိုတော်၏ နည်းလမ်းများကို လိုက်နာသူတို့သည် ကြီးပွားပြီး ကောင်းကင်ဘုံအလိုကို ခုခံသူတို့သည် ပျက်စီးလိမ့်မည်။ သင်သည် သာမန်နိုင်ငံသားတစ်ယောက်အနေဖြင့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆ၏ လှည့်စားခြင်းကို စဉ်ဆက်မပြတ် ခံရပြီး အုပ်ချုပ်သူလူတန်းစားကို အစဉ်သဖြင့် ကိုးကွယ်နာခံလျှင် သင်သည် သေချာပေါက် စောစီးစွာ သေဆုံးပြီး အုပ်ချုပ်သူလူတန်းစားအတွက် စတေးပေးရသည့် သားကောင်နှင့် အသုဘဆိုင်ရာ အရာဝတ္ထုတစ်ခုဖြစ်လာဖို့ များသည်။ သင်သည် သမ္မာတရားကို လိုက်စားလျှင်၊ စာတန်၏ လှည့်စားခြင်းကို ရှောင်ကြဉ်နိုင်ပြီး စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ကာ သင်၏ အသက်ကို ထိန်းသိမ်းနိုင်လျှင် သင်သည် အပြုသဘောဆောင်သော နိုင်ငံ ပေါ်ထွက်လာသည်ကို မြင်ရဖို့၊ ပညာရှိဆရာသခင်များ၊ အမြော်အမြင်ရှိသော အုပ်ချုပ်သူများ အာဏာရရှိသည်ကို မြင်ရဖို့၊ ကောင်းသော လူမှုစနစ်တစ်ခု တည်ဆောက်ခြင်းကို မြင်ရဖို့ မျှော်လင့်ချက်ရှိပြီး ပျော်ရွှင်သောဘဝကို နေထိုင်ရရန် ကံကောင်းလိမ့်မည်။ ဤသည်မှာ ပါးနပ်သောသူတစ်ယောက်၏ ရွေးချယ်မှုမဟုတ်သလော။ ကျူးကျော်သူမည်သူမဆိုသည် ရန်သူများ၊ သို့မဟုတ် နတ်ဆိုးများဖြစ်သည်ဟု မထင်နှင့်။ ဤသည်မှာ မှားယွင်းသည်။ သင်သည် အုပ်ချုပ်သူများကို အခြားလူများအားလုံးထက် သာလွန်ပြီး အထက်၌ရှိသည်ဟု အစဉ် မှတ်ယူလျှင်၊ မကောင်းသောအရာမည်မျှကို ၎င်းတို့ လုပ်ဆောင်ပါစေ၊ သို့မဟုတ် ဘုရားကို ၎င်းတို့ မည်မျှအာခံပြီး ယုံကြည်သူများကို လူမဆန်စွာ ဆက်ဆံပါစေ ဤနယ်မြေ၏ ထာဝရအရှင်သခင်များအဖြစ် ၎င်းတို့ကို ဆက်ဆံလျှင် ဤသည်မှာ အလွန်ကြီးသော အမှားဖြစ်သည်။ စဉ်းစားကြည့်လော့။ ယခင်က ထိုမြေရှင်ပဒေသရာဇ်အုပ်ချုပ်သူမင်းဆက်များ အမြစ်ဖြတ်ခြင်းခံရပြီး အတော်အတန် ဒီမိုကရေစီဆန်သော လူမှုစနစ်အမျိုးမျိုး၏ အောက်တွင် လူသားတို့နေထိုင်ရသည်နှင့် ၎င်းတို့သည် အတော်အတန် ပို၍ လွတ်လပ်ပြီး ပျော်ရွှင်လာကြသည်။ ၎င်းတို့၏ ဘဝများသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် ယခင်ကထက် ပိုမိုးတိုးတက်ကောင်းမွန်လာခဲ့သည်။ ပြီးလျှင် အမျိုးမျိုးသော အရာများအပေါ် လူသားမျိုးနွယ်၏ အမြင်ကျယ်ပြန့်မှု၊ အသိအမြင်၊ ရှုမြင်ချက်တို့သည် ယခင်ကထက်ပို၍ အဆင့်မြင့်လာသည်။ လူတို့အားလုံးသည် ၎င်းတို့၏ အတွေးအခေါ်၌ ခေတ်နောက်ပြန်ဆွဲနေလျှင်၊ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်ကို စဉ်ဆက်မပြတ်ယုံကြည်ပြီး ရိုးရာဓလေ့အဟောင်းများကို ပြန်လည်အသက်သွင်းရန်၊ ဧကရာဇ်များ၏ အုပ်စိုးမှုကို ပြန်လည်ဖြစ်ပေါ်စေရန်၊ မြေရှင်ပဒေသရာဇ်စနစ်သို့ ပြန်သွားရန် အစဉ် ဆန္ဒရှိနေလျှင် လူသားမျိုးနွယ်သည် ဤမျှ ဖွံ့ဖြိုးတိုးတက်နိုင်သလော။ ၎င်းတို့နေထိုင်ရာနေရာသည် ယခုကဲ့သို့ ဖြစ်မည်လော။ အသေအချာပင် ဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသည် ဒုက္ခရောက်သောအခါ သင်သည် သင်၏ နိုင်ငံသားဆိုင်ရာတာဝန်များကို ဖြည့်ဆည်းပြီး စစ်မှုထမ်းရမည်ဟု နိုင်ငံ၏ ဥပဒေက ပြဋ္ဌာန်းလျှင် သင်သည် ဥပဒေနှင့်အညီ စစ်မှုထမ်းသင့်သည်။ သင် စစ်မှုထမ်းသည့်အချိန်အတွင်းတွင် တိုက်ပွဲဝင်ဖို့ လိုအပ်လျှင် ဤကဲ့သို့ သင်၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ ဥပဒေအရ သင်လုပ်ဆောင်ရမည့် အရာဖြစ်သောကြောင့်ဖြစ်သည်။ ဥပဒေကို သင် ချိုးဖောက်၍မရဘဲ ဥပဒေကို လိုက်နာရမည်။ ဥပဒေက ယင်းကို မတောင်းဆိုလျှင် သင်က လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ သင်နေထိုင်သည့် နိုင်ငံသည် ဘုရားသခင်ကို အသိအမှတ်ပြုလျှင်၊ နာခံလျှင်၊ ကိုးကွယ်လျှင်၊ ဘုရားသခင်၏ ကောင်းချီးကို ရရှိလျှင် ယင်းကို ခုခံကာကွယ်သင့်သည်။ သင်နေထိုင်သည့် နိုင်ငံသည် ဘုရားသခင်ကို အာခံပြီး ဖိနှိပ်လျှင်၊ ခရစ်ယာန်များကို ဖမ်းဆီးနှိပ်ကွပ်လျှင် ဤသို့သောနိုင်ငံသည် နတ်ဆိုးများက အုပ်စိုးသည့် ဆိုးယုတ်သည့်နိုင်ငံဖြစ်သည်။ စိတ်ဖောက်ပြန်သော ဒေါသနှင့် ဘုရားသခင်ကို စဉ်ဆက်မပြတ် အာခံခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီးဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရပြီးဖြစ်သည်။ ဤသို့သော နိုင်ငံသည် တိုင်းတစ်ပါးရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်ရပြီး နယ်နိမိတ်၏ အပြင်ဘက်၊ အတွင်းဘက်တွင် ပြဿနာများဖြင့် ဝန်းရံနေသောအခါတွင် ဤသည်မှာ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြားတွင် နာကြည်းခြင်း၊ အားမရခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့ ကျယ်ပြန့်စွာ ပျံ့နှံ့သည့်အချိန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ဤနိုင်ငံကို ဖျက်ဆီးရန် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေလိုသည့် အချိန်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က စတင်အလုပ်လုပ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဆုတောင်းသံကို ကြားသည်။ ဘုရားသခင်ရွေးချယ်ထားသောလူများအပေါ် ပြုလုပ်သော မတရားမှုများကို တရားသဖြင့် ဖြစ်စေရန် ဘုရားသခင်အတွက် အချိန်ကျလာပြီဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ သတင်းကောင်းလည်းဖြစ်သည်။ ဘုရားသခင်က နတ်ဆိုးနှင့် စာတန်ကို ချေမှုန်းတော့မည့်အချိန်သည် ဘုရားသခင်ရွေးချယ်ထားသောလူများ စိတ်လှုပ်ရှားပြီး လှည့်လည်သွားလာလျက် သတင်းကို ဖြန့်ချိရန်အချိန်လည်းဖြစ်သည်။ ဤအချိန်တွင် သင်သည် အုပ်ချုပ်သူလူတန်းစားအတွက် သင်၏ အသက်ကို မစွန့်ရပေ။ အုပ်ချုပ်သူလူတန်းစားက သတ်မှတ်သည့် ကန့်သတ်မှုများကို ဖယ်ရှားရန် သင်၏ ဉာဏ်ပညာကို အသုံးပြုသင့်သည်။ အရေးတကြီးကိစ္စအဖြစ် သင်၏ အသက်အတွက် အလျင်အမြန်ထွက်ပြေးပြီး သင့်ကိုယ်သင် ကယ်တင်သင့်သည်။ လူအချို့က “ကျွန်ုပ် ထွက်ပြေးလျှင် ကျွန်ုပ်သည် တပ်ပြေးဖြစ်မည်လော၊ ဤသည်မှာ တစ်ကိုကောင်းမဆန်သလော” ဟုဆိုကြသည်။ သင်သည် တပ်ပြေးမဖြစ်၍လည်း ရနိုင်သည်။ သင့်အိမ်ကို စောင့်ကြပ်ပြီး ကျူးကျော်သူများက သင့်အိမ်ကို ဗုံးကျဲကာ နေရာယူသည်အထိ စောင့်ဆိုင်းနိုင်သည်။ ထိုအချိန်တွင် ရလဒ်က အဘယ်သို့ဖြစ်သည်ကို ကြည့်ရှုနိုင်သည်။ အမှန်မှာ နိုင်ငံတော်၏အရေးကြီးကိစ္စနှင့်သက်ဆိုင်သော ဖြစ်ရပ်အကြီးစားတစ်ခုခုဖြစ်ပျက်သောအခါ သာမန်လူတို့သည် မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့်မရှိပေ။ လူတိုင်းက မလှုပ်မယှက်သာ စောင့်ဆိုင်းနေနိုင်သည်။ ဤဖြစ်ရပ်၏ မလွှဲမရှောင်နိုင်သော ရလဒ်များကို ကြည့်ပြီးသာ သည်းခံနေရနိုင်သည်။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ အမှန်ပင် အမှန်တရားတစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထွက်ပြေးခြင်းသည် ဉာဏ်အရှိဆုံးသော လုပ်ဆောင်မှုဖြစ်သည်။ သင်ကိုယ်တိုင်၏ အသက်နှင့် သင့်မိသားစု၏ လုံခြုံမှုကို ကာကွယ်ရန်မှာ သင်၏ တာဝန်ဖြစ်သည်။ လူတိုင်းက ၎င်းတို့နိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ခံရန် လိုအပ်လျှင်၊ ဤသို့အားဖြင့် ၎င်းတို့အားလုံး အသတ်ခံရလျှင် နိုင်ငံတွင် ကျန်ရှိသမျှ အရာအားလုံးမှာ နယ်မြေပြင်ကျယ်တစ်ခုသာဖြစ်သည်။ နိုင်ငံ၏ အနှစ်သာရသည် ရှိဦးမည်လော။ “နိုင်ငံ” ဆိုသည်မှာ အနှစ်မရှိသော စကားလုံးသာ ဖြစ်လိမ့်မည်မဟုတ်လော။ အာဏာရှင်များ၏ အမြင်တွင် လူသား၏အသက်များသည် ၎င်းတို့၏ ရည်မှန်းချက်၊ ဆန္ဒ၊ ၎င်းတို့၏ ရန်လိုသော လုပ်ဆောင်မှု၊ ၎င်းတို့၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်မှန်သမျှတို့နှင့် ယှဉ်လျှင် တန်ဖိုးအနည်းဆုံးသောအရာဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် လူသား၏ အသက်များသည် အရေးကြီးဆုံးသောအရာဖြစ်သည်။ အာဏာရှင်များအတွက် အသေခံတပ်သားဖြစ်ပြီး “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဆိုသည့် ဆိုရိုးစကား၏ ဆိုလိုရင်းကို ထိန်းသိမ်းလိုစိတ်ရှိသူတို့အား အုပ်ချုပ်သူများအတွက် ပံ့ပိုးမှု၊ အနစ်နာခံမှုများ ပြုလုပ်စေလော့။ ဘုရားသခင်နောက်သို့ လိုက်သူများသည် စာတန်၏ နိုင်ငံအတွက် မည်သည့်အနစ်နာခံမှုကိုမျှ ပြုလုပ်ရန် ဝတ္တရားမရှိပေ။ ဤသို့လည်း ဆိုနိုင်သည်။ စာတန်၏ တာဝန်သိတတ်သော သားသမီးများနှင့် စာတန်နောက်လိုက်သူများကို စာတန်၏ အုပ်စိုးမှုအတွက်၊ စာတန်၏ ရည်မှန်းချက်နှင့် ဆန္ဒများအတွက် နစ်နာခံစေလော့။ ၎င်းတို့ကို အသေခံတပ်သားများဖြစ်စေသည်မှာ လျော်ကန်ပေသည်။ မည်သူကမျှ ၎င်းတို့ကို ဤသို့သော ကြီးမားသည့် ရည်မှန်းချက်နှင့် ဆန္ဒများရှိရန် အဓမ္မမခိုင်းစေပေ။ ၎င်းတို့သည် အုပ်ချုပ်သူများနောက်သို့လိုက်ခြင်းကို နှစ်သက်ခြင်းသာဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် သေရမည်ဆိုလျှင်ပင် နတ်ဆိုးများအား သစ္စာခံရန် ရည်ရွယ်ကြသည်။ အဆုံးတွင် ၎င်းတို့သည် စာတန်အတွက် အနစ်နာခံသော သားကောင်များ၊ အသုဘအဆင်တန်ဆာများဖြစ်လာကြသည်။ ဤသည်မှာ ၎င်းတို့နှင့် ထိုက်တန်သော အရာဖြစ်သည်။
မည်သည့်နိုင်ငံမဆိုက အခြားနိုင်ငံတစ်ခုကို ကျူးကျော်လျှင်၊ သို့မဟုတ် အခြားနိုင်ငံတစ်ခုနှင့် မညီမျှသော အပေးအယူတစ်ခုကြောင့် စစ်ပွဲဖြစ်သောအခါတွင် အဆုံး၌ ဒုက္ခခံရသည့်လူများမှာ ပြည်သူများ၊ ဤမြေတွင်နေသော လူတိုင်းတို့ဖြစ်သည်။ တစ်ဖက်ဖက်က အလျှော့ပေးနိုင်လျှင်၊ သူ၏ ရည်မှန်းချက်၊ ဆန္ဒ၊ အာဏာကို လက်လွှတ်ပြီး ပြည်သူတို့၏ ရှင်သန်ရေးအတွက် စဉ်းစားပေးလျှင် အချို့သော စစ်ပွဲများကို ရှောင်ကြဉ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ စစ်ပွဲများစွာသည် အမှန်တကယ်တွင် အုပ်ချုပ်သူများက ၎င်းတို့၏ အုပ်စိုးမှုများကို ဖက်တွယ်ထားသောကြောင့်၊ ၎င်းတို့လက်ထဲတွင်ရှိသော အာဏာကို လက်မလွှတ်လိုဘဲ၊ မဆုံးရှုံးလိုဘဲ ထိုအစား ၎င်းတို့၏ ယုံကြည်မှုများကို ခေါင်းမာစွာဖြင့် လိုက်နာပြီး အာဏာကို စွဲကိုင်ထားကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖက်တွယ်ထားသောကြောင့်ဖြစ်သည်။ စစ်ပွဲဖြစ်သည်နှင့် ဒုက္ခခံရသည့်သူများမှာ လူထုနှင့် သာမန်လူများဖြစ်သည်။ ၎င်းတို့သည် စစ်ပွဲဖြစ်သည့်အချိန်တွင် နေရာအနှံ့ လူစုကွဲကုန်ကြသည်။ ဤအရာအားလုံးကို ခုခံနိုင်စွမ်းမရှိဆုံးသောသူများဖြစ်သည်။ ဤအုပ်ချုပ်သူများသည် သာမန်ပြည်သူတို့အတွက် ထည့်စဉ်းစားသလော။ “ငါ၏ ကိုယ်ပိုင်ယုံကြည်မှုနှင့် ကိုယ်ပိုင်သီအိုရီများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလျှင် ငါသည် စစ်ပွဲတစ်ခုကို စတင်ကောင်းစတင်မိနိုင်သည်၊ ဒုက္ခခံရသည့်သူများက သာမန်လူတို့ဖြစ်လိမ့်မည်။ ငါနိုင်လျှင်ပင် ဤနယ်မြေသည် လက်နက်နှင့် ခဲယမ်းမီးကျောက်များ၏ ဖျက်ဆီးခြင်းကို ခံရမည်၊ လူတို့နေထိုင်သည့် အိမ်များ ပျက်စီးလိမ့်မည်၊ ဤသို့ဆိုလျှင် ဤမြေ၌ နေထိုင်သောသူတို့သည် နောင်ကာလတွင် ပျော်ရွှင်သောဘဝများရှိမည်မဟုတ်။ ပြည်သူများကို ကာကွယ်ဖို့အတွက် ငါသည် နောက်ဆုတ်မည်၊ လက်နက်ချမည်၊ အရှုံးပေးမည်၊ အလျှော့ပေးမည်” ဟု ပြောသောအုပ်ချုပ်သူတစ်ယောက်ရှိပြီး ထို့နောက်တွင် စစ်ပွဲကို ရှောင်ကြဉ်နိုင်ခဲ့သည်ဟု မြင်ယောင်ကြည့်လော့။ ဤသို့သော အုပ်ချုပ်သူရှိသလော။ (မရှိပါ။) အမှန်တွင် ပြည်သူတို့သည် မတိုက်ခိုက်လိုသကဲ့သို့ နိုင်ငံရေးအင်အားစုများကြားရှိ ပြိုင်ဆိုင်မှု၊ သို့မဟုတ် ယှဉ်ပြိုင်ပွဲများတွင်လည်း မပါဝင်လိုကြပေ။ ၎င်းတို့အားလုံးသည် စိတ်မပါဘဲ စစ်မြေပြင်သို့၊ အသေခံရမည့်နေရာသို့ အုပ်ချုပ်သူက စေလွှတ်ခြင်းကိုခံရသည်။ စစ်မြေပြင်သို့ စေလွှတ်ခြင်းခံရသော ဤလူအားလုံးသည် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အဆုံးတွင် အုပ်ချုပ်သူကို အာဏာဆက်လက်တည်မြဲိနေစေရန် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်သူက အဆုံးစွန်သော အကျိုးအမြတ်ရရှိသူဖြစ်သလော။ (ဖြစ်သည်။) သာမန်ပြည်သူတို့သည် စစ်ပွဲမှနေ၍ မည်သည့်အရာကို ရရှိနိုင်သနည်း။ သာမန်ပြည်သူတို့သည် စစ်ပွဲကြောင့် အကြီးအကျယ်ပျက်စီးခြင်းကိုသာ ခံရနိုင်သည်။ ပြီးလျှင် ၎င်းတို့၏ အိမ်များ၊ ၎င်းတို့မှီခိုရာနေရာတို့ ပျက်စီးခြင်းကို ခံစားရနိုင်သည်။ အချို့မှာ မိသားစုများကို ဆုံးရှုံးရသည်။ ပြန်ရဖို့ အလားအလာမရှိဘဲ နေရပ်ကိုစွန့်ခွာပြီး အိမ်ရာမဲ့သောသူများ ပို၍ပင် များသည်။ သို့တိုင်အောင် လူတို့၏ အိမ်နှင့် ရှင်သန်ရေးကို ကာကွယ်ရန်အတွက် စစ်ပွဲကို စတင်သည်ဟု အုပ်ချုပ်သူက ကြီးကျယ်စွာ ဆိုသည်။ ဤအဆိုမှာ ခိုင်မာမှုရှိသလော။ ဤသည်မှာ မရိုးသားသော အဓိပ္ပာယ်မဲ့စကားမဟုတ်လော။ အဆုံးတွင် ဤအရာ၏ ဆိုးယုတ်သော အကျိုးဆက်များအားလုံးကို ခံရသူများ ပြည်သူများနှင့် လူထုတို့ဖြစ်ပြီး အကြီးဆုံးသော အကျိုးအမြတ်ရရှိသူမှာ အုပ်ချုပ်သူဖြစ်သည်။ ၎င်းတို့သည် ပြည်သူကို ဆက်၍ အုပ်ချုပ်နိုင်သည်။ နယ်မြေကို ဆက်၍ အုပ်ချုပ်နိုင်သည်။ ၎င်းတို့လက်တွင် အာဏာကို ဆက်လက်ကိုင်စွဲနိုင်သည်။ အမိန့်များပေးလျက် အုပ်ချုပ်သူ၏နေရာတွင် ဆက်လက်ရပ်တည်နိုင်သည်။ သာမန်လူများကမူ အနာဂတ်မရှိ၊ မျှော်လင့်ချက်မရှိဘဲ သေရေး၊ ရှင်ရေးဖြစ်သော အကျပ်အတည်းတွင် နေထိုင်ကြရသည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသော ဤအယူအဆသည် အကြွင်းမဲ့ မှန်ကန်သည်ဟု လူအချို့က ထင်ကြသည်။ ယခု ဤအရာကို ကြည့်သောအခါ မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤဆိုရိုးစကားတွင် မှန်ကန်မှု အနည်းငယ်ပင်မရှိပေ။ လူတို့၌ ဤအယူအဆကို သွတ်သွင်းရာတွင် စာတန်၏ ရည်ရွယ်ချက်များ၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ လူသား၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတစ်လျှောက်တွင်ရှိသော အဆင့်အမျိုးမျိုးရှိ အုပ်ချုပ်သူများ၏ အကြံအစည်၊ ဆန္ဒ၊ ရည်မှန်းချက်များမှ ကြည့်သည်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်သော မည်သည့်အချက်အလက်မဆိုမှ ကြည့်သည်ဖြစ်စေ ဤဖြစ်ရပ်များ ဖြစ်ပေါ်ခြင်းကို မည်သည့်သာမန်လူ၊ တစ်ဦးတစ်ယောက်ကမျှ၊ သို့မဟုတ် မည်သည့်လူမျိုးစုကမျှ မထိန်းချုပ်နိုင်ပေ။ အဆုံးတွင် ဒုက္ခခံရသည့်သူများသည် အန္တရာယ်ကျရောက်မည်ကို မသိသော ပြည်သူလူထများဖြစ်ပြီး အကျိုးအမြတ်ရှိဆုံးသူတို့မှာ နိုင်ငံ၏ အုပ်ချုပ်သူလူတန်းစား၊ ထိပ်ဆုံးတွင်ရှိသော အုပ်ချုပ်သူများဖြစ်သည်။ နိုင်ငံသည် ဒုက္ခရောက်သောအခါ အသေခံတပ်သားအဖြစ် အသုံးပြုရန်အတွက် သာမန်ပြည်သူများကို ရှေ့တန်းသို့ ပို့သည်။ နိုင်ငံက ဒုက္ခမရောက်သောအခါ သာမန်ပြည်သူတို့သည် ၎င်းတို့ကို ကျွေးမွေးသော လက်များဖြစ်သည်။ ၎င်းတို့သည် သာမန်ပြည်သူတို့ကို အသုံးချပြီး ခမ်းခြောက်သည်အထိ ဂုတ်သွေးစုပ်ကာ ၎င်းတို့ကို မှီခိုပြီး အသက်ရှင်သည်။ ၎င်းတို့ကို ပံ့ပိုးပေးရန် လူတို့အား လှုံ့ဆော်သည်။ အဆုံးတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကိုပင် လူတို့အတွင်းသို့ သွတ်သွင်းပြီး လူတို့အား အတင်းအဓမ္မလက်ခံခိုင်းသည်။ ယင်းကို လက်မခံသူမည်သူမဆိုသည် မျိုးချစ်စိတ်မရှိဟု သမုတ်ခံရသည်။ ဤအုပ်ချုပ်သူများက ပေးသော မှာကြားချက်မှာ “ငါ၏ အုပ်ချုပ်မှု ရည်ရွယ်ချက်သည် ပျော်ရွှင်သော ဘဝကို သင်တို့ နေထိုင်ရန်ဖြစ်သည်။ ငါ အုပ်ချုပ်မှုမရှိလျှင် သင်တို့သည် အသက်ရှင်နိုင်မည်မဟုတ်၊ ထို့ကြောင့် ငါပြောသည့်အတိုင်း သင်တို့ လုပ်ဆောင်ရမည်၊ နာခံမှုရှိသော နိုင်ငံသားများဖြစ်ရမည်၊ သင့်နိုင်ငံ၏ ကံကြမ္မာအတွက် သင့်ကိုယ်သင် ရည်စူးအပ်နှံပြီး စွန့်လွှတ်အနစ်နာခံဖို့ အစဉ် အသင့်ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။ နိုင်ငံဆိုသည်မှာ မည်သူနည်း။ မည်သူက နိုင်ငံကို ကိုယ်စားပြုသနည်း။ အုပ်ချုပ်သူများသည် နိုင်ငံကို ကိုယ်စားပြုသည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆကို လူတို့အတွင်းသို့ သွတ်သွင်းခြင်းအားဖြင့် တစ်ဖက်မှ ကြည့်လျှင် ၎င်းတို့သည် လူတို့အား ရွေးချယ်ခွင့်မရှိဘဲ၊ တွန့်ဆုတ်ခြင်း၊ သို့မဟုတ် မည်သည့်ကန့်ကွက်ခြင်းမျှမရှိဘဲ မိမိတို့တာဝန်များကို ထမ်းဆောင်ရန် လှုံ့ဆော်နေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှ ကြည့်လျှင် နိုင်ငံ၏ ကံကြမ္မာနှင့် ထိုနိုင်ငံ၏ အုပ်ချုပ်သူက ဆက်လက်၍ အာဏာရမရ၊ သို့မဟုတ် အာဏာမှ ဖြုတ်ချခံရခြင်း ရှိမရှိဆိုသည့် ကိစ္စမှာ ပြည်သူအတွက် အလွန်အရေးပါသောကြောင့် လူတို့သည် ၎င်းတို့၏ သာမန်ရပ်တည်မှုကို အာမခံနိုင်ရန်အတွက် နိုင်ငံကိုရော နိုင်ငံ၏ အုပ်ချုပ်သူကိုပါ ခုခံကာကွယ်ရန် အလွန်အရေးစိုက်ရမည်ဟူ၍ လူတို့အား ၎င်းတို့က ပြောနေခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အလွန်သိသာစွာပင် မမှန်ကန်ပေ။ ဘုရားသခင်ကို မနာခံနိုင်သော၊ ဘုရားအလိုတော်ကို မလုပ်ဆောင်နိုင်သော၊ သို့မဟုတ် ပြည်သူများအတွက် အလုပ်မလုပ်နိုင်သော အုပ်ချုပ်သူများသည် လူအများ၏ ပံ့ပိုးမှုကို ရယူနိုင်မည်မဟုတ်ပေ။ ကောင်းသော အုပ်ချုပ်သူများ ဖြစ်မည်မဟုတ်ပေ။ အုပ်ချုပ်သူများသည် ပြည်သူများအတွက် ပြုမူဆောင်ရွက်မည့်အစား ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနောက်သို့သာ လိုက်လျှင်၊ လူတို့ကို အရေးမစိုက်လျှင်၊ ကပ်ပါးကောင်များကဲ့သို့ လူတို့ထံမှ ချွေး၊ သွေးတို့ကို ညှစ်ထုတ်ယူလျှင် ဤသို့သော အုပ်ချုပ်သူများသည် စာတန်နှင့် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့သည် မည်မျှ အင်အားကြီးပါစေ လူတို့၏ ပံ့ပိုးမှုနှင့် မထိုက်တန်ပေ။ နိုင်ငံတွင် ဤသို့သော အုပ်ချုပ်သူများမရှိလျှင် ထိုနိုင်ငံသည် တည်ရှိမည်လော။ လူတို့၏ ဘဝများ တည်ရှိမည်လော။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ တည်ရှိလိမ့်မည်။ လူတို့သည် ပိုမိုကောင်းမွန်သော ဘဝများကိုပင် နေထိုင်ကောင်းနေထိုင်ရနိုင်သည်။ လူတို့သည် ၎င်းတို့နိုင်ငံအပေါ် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများက မည်သည့်အရာဖြစ်သင့်သည်ဆိုသည့် မေးခွန်း၏ အနှစ်သာရကို ရှင်းလင်းစွာမြင်လျှင် မည်သည့်နိုင်ငံ၌ ၎င်းတို့ နေထိုင်ပါစေ ထိုနိုင်ငံရှိ အကြီးစားအရေးကိစ္စများအပေါ်၊ နိုင်ငံရေးနှင့် ထိုနိုင်ငံ၏ ကံကြမ္မာတို့နှင့် သက်ဆိုင်သော အရေးကိစ္စများအပေါ် မှန်ကန်သော အမြင်များရှိသင့်သည်။ ထိုမှန်ကန်သော အမြင်များ ဖြစ်ပေါ်လာသောအခါ သင်သည် နိုင်ငံ၏ ကံကြမ္မာနှင့်သက်ဆိုင်သော အမှုကိစ္စများတွင် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်လိမ့်မည်။ နိုင်ငံ၏ ကံကြမ္မာနှင့်သက်ဆိုင်သော အမှုကိစ္စတွင် လူတို့နားလည်သင့်သော သမ္မာတရားကို သင်တို့ အခြေခံအားဖြင့် နားလည်သလော။ (နားလည်ပါသည်။)
“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို ငါ များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ နိုင်ငံ၏ အယူအဆ၊ လူ့အဖွဲ့အစည်းတွင်ရှိသော လူတို့အပေါ် “နိုင်ငံ”ဆိုသည့် ဝေါဟာရ၏ လွှမ်းမိုးမှု၊ လူတို့သည် မိမိတို့နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်လာသောအခါတွင် ၎င်းတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် မည်သည့်တာဝန်များရှိသင့်သည်၊ မည်သည့်ရွေးချယ်မှုများကို ၎င်းတို့ ပြုလုပ်သင့်သည်၊ ဤအမှုကိစ္စတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်က မည်သည့်အရာ တောင်းဆိုသည်တို့နှင့် ပတ်သက်၍ ဤအရာအားလုံးကို ငါ ရှင်းလင်းစွာ မိတ်သဟာယပြုခဲ့သလော။ (ပြုခဲ့ပါသည်။) ဤသို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်သည်။
၂၀၂၂ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့။