သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)

ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များ၏ ပြဿနာကို ငါတို့ အချိန်အနည်းငယ် မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့သည်။ ဤအရာကို သင်တို့ လက်တွေ့ကြုံတွေ့ခြင်း တစ်ခုခုရှိသလော။ (ယခင်က ကျွန်ုပ်သည် ဤကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များက သမ္မာတရား မဟုတ်သည်ကိုသာ သိမြင်ခဲ့သော်လည်း ၎င်းတို့က လူသားမျိုးနွယ်ကို မည်မျှ ဆိုးရွားစွာ ဖျက်ဆီးခဲ့သည်ကို သဘောမပေါက်ခဲ့ပါ။ စာတန်က လူတို့တွင် သွတ်သွင်းခဲ့သော ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်အမျိုးမျိုးသည် လူတို့၏ အမြင်တွင် မှန်ကန်ကောင်းမွန်သည့် ပုံစံရှိသော်လည်း ထိုအရာများသည် လူတို့၏ အတွေးများကို ဖျက်ဆီးသည်၊ ရပ်တန့်စေသည်။ ဤသို့ဖြင့် လူတို့အား ဘုရားသခင်ကို ငြင်းပယ်ပြီး အာခံစေကြောင်း၊ ဘုရားသခင်ထံမှ ပိုပို၍ ဝေးကွာစေကြောင်းကို ကိုယ်တော်၏ မိတ်သဟာယနှင့် ပိုင်းခြားစိစစ်ခြင်းမှတစ်ဆင့်သာ ကျွန်ုပ် သဘောပေါက်ခဲ့သည်။ ဤသည်မှာ စာတန်က လူသားမျိုးနွယ်အား ယနေ့အချိန်အထိ တစ်ဆင့်ချင်း ဖျက်ဆီးခဲ့ပုံဖြစ်သည်။) ဤအရာများကို ငါ အသေးစိတ် မိတ်သဟာယမဖွဲ့လျှင် လူတို့သည် ဤအရာကို ၎င်းတို့ဘာသာ သိမြင်နိုင်မည်လော။ ဤကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များကို ပိုင်းခြားစိစစ်နိုင်သလော။ (ဤကိုယ်ကျင့်တရား အဆိုအမိန့်များ၏ အနှစ်သာရကို လူတို့ စိစစ်နိုင်ခြင်း၊ သို့မဟုတ် ထိုးထွင်းမြင်နိုင်ခြင်း မရှိပါ။) ကြာရှည်စွာ ကြုံတွေ့ပြီးသည့်နောက်တွင် အဘယ်သို့ ဖြစ်မည်နည်း။ (အချို့သော ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များကို လူတို့ သိမြင်နိုင်လိမ့်မည် ဖြစ်သော်လည်း ယင်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာ ပိုင်းခြားစိစစ်နိုင်မည်မဟုတ်ပါ။) လူတို့သည် ရိုးရာယဉ်ကျေးမှုမှလာသော လူသိများသည့် ဆိုရိုးစကားများနှင့် သမ္မာတရားကို တန်းတူညီမျှသည်ဟု မကြာခဏ မှတ်ယူပြီး အတူ ရောထွေးလိုကြသည်။ အထူးသဖြင့် အပြင်ပန်းတွင် သမ္မာတရားနှင့် ဆင်တူသော၊ သို့မဟုတ် လူသား၏ ကိုယ်ကျင့်တရားနှင့်လည်းကောင်း၊ ၎င်းတို့၏ အသိတရား စံနှုန်းများနှင့်လည်းကောင်း၊ လူသား၏ ခံစားချက်များနှင့်လည်းကောင်း ကိုက်ညီသည့်ပုံစံရှိသော အရာများနှင့် ပတ်သက်လျှင် ဤသို့လုပ်ဆောင်ကြသည်။ ဤအရာများသည် အပြုသဘောဆောင်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု လူတိုင်းက ယုံကြည်သည်။ သို့သော် ယင်းတို့သည် စာတန်ဆီမှ စတင်ဖြစ်ပေါ်သည်ကိုလည်းကောင်း၊ အမှန်တကယ်တွင် အပျက်သဘောဆောင်သောအရာများ ဖြစ်သည်ကိုလည်းကောင်း မည်သူမျှ မမြင်နိုင်ပေ။ ယခုတွင် စာတန်က လူထဲသို့ သွတ်သွင်းသော အရာမှန်သမျှသည် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) ထိုအရာများတွင် အပြုသဘောဆောင်သောအရာ လုံးဝ မရှိပေ။ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ယင်းတို့အားလုံးသည် အပျက်သဘောဆောင်သောအရာများ၊ ဆိုးယုတ်သော အဆိပ်များဖြစ်သည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ ဤသို့ဆိုလျှင် သင်တို့သည် ဤအပျက်သဘောဆောင်သောအရာများနှင့် ဆိုးယုတ်သော အဆိပ်များကို သိမြင်ကာ ဆွဲထုတ်ပြီး ဖြစ်သလော။ သင်တို့က မှန်ကန်သည်ဟု သတ်မှတ်သော ရိုးရာယဉ်ကျေးမှုမှ ဤအရာများနှင့် ဆင်တူသောအရာတစ်ခုခုသည် သင်တို့၏ စိတ်တွင် ကျန်ရှိသလော။ ကျန်ရှိလျှင် ယင်းသည် အန္တရာယ်ဖြစ်သည်။ ကင်ဆာဖြစ်သည်။ သင်တို့သည် ယခု ဤအရာကို ပို၍ တွေးတောသင့်သည်။ သင်တို့၏ နေ့စဉ်အသက်တာတွင် ဤအရာကို ဂရုတစိုက် လေ့လာစောင့်ကြည့်ပြီး အာရုံစိုက်သင့်သည်။ သူတစ်ပါးတို့ပြောသည့်၊ သင် ကြားသိရသည့်အရာ တစ်ခုခုတွင်၊ သို့မဟုတ် သင့်အား အထင်ကြီးလေးစားစေသည့် အရာများတွင်၊ သို့မဟုတ် သင် သတိရသောအရာများတွင်၊ သို့မဟုတ် သင်၏ စိတ်နှလုံးတွင် လက်ခံပြီး တန်ဖိုးရှိသည်ဟု မှတ်ယူသောအရာများတွင် ရိုးရာယဉ်ကျေးမှုက ထောက်ခံအားပေးသည့်အရာနှင့် ဆင်တူသောအရာရှိမရှိ ကြည့်ရှုလော့။ ရှိလျှင် သင်သည် ယင်းကို ပိုင်းခြားသိမြင်ပြီး စိစစ်ရမည်။ ထို့နောက်တွင် လုံးဝ စွန့်လွှတ်ရမည်။ ဤသည်မှာ သမ္မာတရားအား သင်တို့ လိုက်စားခြင်းအတွက် အကျိုးဖြစ်လိမ့်မည်။

လူအချို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ရေးစဉ်တွင် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားကို ထုတ်ပြောကြသည်။ ဤအဆိုအမိန့်သည် မှားသလော၊ မှန်သလော၊ အပြုသဘောဆောင်သောအရာဖြစ်သလော၊ အပျက်သဘောဆောင်သောအရာဖြစ်သလော၊ သမ္မာတရားနှင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်းကောင်း၊ အမှုကိစ္စများကို ကိုင်တွယ်ရာတွင် လူတို့ ပိုင်ဆိုင်သင့်သော စည်းမျဉ်းများနှင့်လည်းကောင်း ဆက်နွှယ်ခြင်း ရှိမရှိကို သင်တို့ ပိုင်းခြားသိမြင်သင့်သည်။ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်သည် ခိုင်လုံမှုရှိသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ဘုရားသခင် သတ်မှတ်ထားသော နိယာမများ၊ စည်းမျဉ်းသတ်မှတ်ချက်များမှ ဖြစ်ပေါ်သော အရာတစ်ခုဖြစ်သလော။ ယင်းသည် ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့်အချက်နှင့် သက်ဆိုင်ခြင်းရှိသလော။ ဤအဆိုအမိန့်နှင့်ပတ်သက်ပြီး သင်တို့၏ အသိအမြင်နှင့် နားလည်မှုကို ပြောဆိုလော့။ (ကျွန်ုပ်သည်လည်း ဤအရာကို ယခင်က ပြောခဲ့သည်။ အထူးသဖြင့် အသင်းတော်အလုပ်ကို စီစဉ်သောအခါတွင် ဖြစ်သည်။ အမှုထမ်းများအား စည်းမျဉ်းနှင့်အညီ သင့်တင့်လျောက်ပတ်စွာ တာဝန်မပေးအပ်လျှင် တစ်ခါတစ်ရံ၌ အလုပ်တွင် အမှားများဖြစ်သည်။ အမှုထမ်းများကို စည်းမျဉ်းနှင့်အညီ တာဝန်ပေးအပ်လျှင် အလုပ်ကို ကောင်းစွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ ထိုအချိန်က လူတို့၏ ကဏ္ဍများသည် အလွန်အရေးကြီးပြီး အရေးပါသည်ဟု ကျွန်ုပ်မြင်မိသည်။ ထို့ကြောင့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားကို ကျွန်ုပ် ကိုးကားခဲ့သည်။ ယခုတွင် ကျွန်ုပ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အတိုင်းအဆမရှိသော တန်ခိုးအစွမ်းအား နားလည်မှုကင်းမဲ့သည်ကို သဘောပေါက်သွားသည်။ ကျွန်ုပ်သည် လူတို့၏ ကဏ္ဍအပေါ် အစဉ် အာရုံစိုက်သည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် လုံးဝ နေရာမရှိခဲ့ပါ။) အခြားမည်သူက မိမိ၏ အတွေးများကို မျှဝေလိုသနည်း။ (“အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားသည် ဘုရားသခင်အတွက် သက်သေခံချက်မဟုတ်ဘဲ လူအတွက် သက်သေခံချက်ဖြစ်သည်။ အောင်မြင်မှုသည် လူသား၏ အားစိုက်ထုတ်မှုအပေါ်တွင် မူတည်သည့်အလားပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ငြင်းဆန်ခြင်းဖြစ်ပြီး စာတန်အတွက် သက်သေခံခြင်းနှင့် တူညီသည်။ ဤအဆိုအမိန့်ကို လူတို့၏ စိတ်နှလုံးတွင် ထည့်သွင်းခဲ့လျှင် အချိန်ကြာသောအခါ၌ ၎င်းတို့သည် ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ အောင်မြင်ရန်အတွက် သင့်တော်သောလူများကိုသာ ရှာဖို့ လိုအပ်သည်ဟု ထင်ကြလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုရှိမည်မဟုတ်ပေ၊ သို့မဟုတ် သူ့အပေါ် အမှီပြုမည်မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ အထူးပင် မူမမှန်သော အဆိုအမိန့်ဖြစ်သည်။) ဤအဆိုအမိန့်အပေါ် သင်တို့၏ နားလည်မှုသည် အခြေခံအားဖြင့် ယင်းသည် မမှန်ကန်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာမဟုတ်၊ အသေအချာပင် သမ္မာတရားမဟုတ်ဟူ၍ သိနားလည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် ယင်းကို အဘယ်ကြောင့် အသုံးပြုသနည်း။ အသုံးပြုလျှင် မည်သည့်ပြဿနာကို ဖော်ပြသနည်း။ (ကျွန်ုပ်တို့သည် ဤအဆိုအမိန့်နှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်ကို ဖော်ပြသည်။) သင်တို့ ပိုင်းခြားသိမြင်မှုကင်းမဲ့ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ဤအဆိုအမိန့်သည် မှန်ကန်ပြီး ခိုင်လုံသော အချက်တစ်ခုရှိသည်ဟု သင်တို့ ယုံကြည်ဆဲဖြစ်သောကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤအဆိုအမိန့်နှင့်ပတ်သက်၍ မည်သည့်အရာ မှားနေသနည်း။ ယင်းသည် မမှန်ကန်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာမဟုတ်ဟု အဘယ်ကြောင့် ဆိုသနည်း။ ရှေးဦးစွာ ယင်းသည် အမှုအရာများ၏ အရှိအတိုင်းဖြစ်သော နိယာမများနှင့် ကိုက်ညီခြင်းရှိမရှိကို ကြည့်ကြစို့။ အပြင်ပန်းတွင် လူများသည် ပေးအပ်လာသော မည်သည့်အလုပ်ကိုမဆို ထမ်းဆောင်သည့် ပုံစံရှိသည်။ ၎င်းတို့သည် အလုပ်ကို စီစဉ်သည်။ အလုပ်ကို ဆောင်ရွက်သည်။ နောက်ဆက်တွဲ ဆက်လုပ်သည်။ ၎င်းတို့သည် အဆင့်တစ်ခုစီတွင် အလွန်အရေးပါသော ကဏ္ဍတွင်ရှိသည်။ ၎င်းတို့သည် အဆုံး၌ ထိုအလုပ်ကိစ္စ၏ ရလဒ်နှင့် တိုးတက်မှုကို သတ်မှတ်ဆုံးဖြတ်သည်။ အပြင်ပန်းတွင် အကြောင်းတရားများ၊ အမှုအရာများ တိုးတက်ခြင်း ဖြစ်စဉ်၊ အရာအားလုံး၏ ရလဒ်များကို လူတို့က ဆုံးဖြတ်သည့် ပုံစံရှိသည်။ သို့သော် လက်တွေ့တွင် ဤအရာအားလုံးကို အုပ်စိုးသူ၊ စီစဉ်ညွှန်ကြားသူ၊ စီမံသူမှာ မည်သူဖြစ်သနည်း။ ဤသည်မှာ လူတို့နှင့်တစ်ခုတလေ သက်ဆိုင်ခြင်း ရှိသလော။ လူတို့သည် ကံကြမ္မာနှင့် ၎င်းတို့၏ အချုပ်အခြာအာဏာရှိသော အုပ်ချုပ်သူ၏ စီစဉ်ညွှန်ကြားမှုများကို ငြိမ်သက်စွာ လက်ခံနေကြခြင်းဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် မိမိတို့ဘာသာ အရာရာကို တက်ကြွစွာ ချုပ်ကိုင်နေကြခြင်းဖြစ်သလော။ (၎င်းတို့သည် ငြိမ်သက်စွာဖြင့် လက်ခံနေကြခြင်းဖြစ်သည်။) လူတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ငြိမ်သက်စွာ လက်ခံနေကြခြင်းဖြစ်လေသည်။ လူတို့သည် ဤနေရာတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သနည်း။ ၎င်းတို့သည် ဘုရားသခင်လက်ထဲရှိ ရုပ်သေးများမဟုတ်သလော။ (ဟုတ်သည်။) လူတို့သည် ကြိုးများဖြင့် ဆွဲခြင်းခံရသော ရုပ်သေးရုပ်များကဲ့သို့ဖြစ်သည်။ ဆွဲခံရသည့် ကြိုးသည် မည်သည့်အလုပ်ကို ၎င်းတို့လုပ်ဆောင်သည်၊ မည်သည့်ဖော်ပြချက်ကို ၎င်းတို့ ပြုလုပ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေးသည်။ လူတို့သွားသည့်နေရာ၊ ပြောသည့်အရာ၊ နေ့စဉ် လုပ်ဆောင်သည့်အရာအားလုံးတို့သည် မည်သူ၏ လက်ထဲတွင်ရှိသနည်း။ (ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။) အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ လူတို့သည် မလှုပ်မယှက်ဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည်။ ဤဖြစ်စဉ်တစ်ခုလုံး တစ်လျှောက်တွင် ဘုရားသခင်က မည်သည့်အရာကို သူလုပ်ဆောင်မည်ကိုလည်းကောင်း၊ တစ်စုံတစ်ယောက်အား သူဖော်ထုတ်မည်၊ မဖော်ထုတ်မည်ကိုလည်းကောင်း၊ ဤအမှုကိစ္စတွင် မည်သည့်ပြောင်းလဲတိုးတက်မှုများကို သူ ဖြစ်ပေါ်စေမည်ကိုလည်းကောင်း၊ မည်သည့်အချိန်တွင် ဖြစ်ပေါ်စေမည်ကိုလည်းကောင်း၊ အဆုံးစွန်သော ရလဒ်က မည်သည့်အရာဖြစ်မည်ကိုလည်းကောင်း၊ မည်သူ့ကို သူဖော်ထုတ်မည်၊ သို့မဟုတ် ဖယ်ရှားမည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဘုရားသခင်သည် ဤအမှုကိစ္စတွင် လူတို့ မည်သည့်သင်ခန်းစာများကို ရရှိလိမ့်မည်ကိုလည်းကောင်း၊ မည်သည့် သမ္မတရားများကို ၎င်းတို့ နားလည်မည်ဖြစ်ပြီး ဤအမှုကိစ္စတွင်ရှိသော ဘုရားသခင်အပေါ် မည်သို့သော သိမြင်မှုမျိုးကို ၎င်းတို့ ရရှိမည်ကိုလည်းကောင်း၊ လူတို့အား နောက်ကြောင်းပြန်လှည့်ရန် မည်သည့်အမြင်ကို သူရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အယူအဆများကို လူတို့အား သူစွန့်လွှတ်စေမည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ လူတို့သည် ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးကို ပြီးမြောက်နိုင်သလော။ ဤသို့ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) မလုပ်ဆောင်နိုင်ပေ။ ဤအရာများကို ၎င်းတို့ မဖြစ်မြောက်နိုင်ပေ။ မည်သည့်အမှုကိစ္စမဆို ဖြစ်ပေါ်နေသည့် တစ်ချိန်လုံးတွင် လူတို့သည် မလှုပ်မယှက်ဖြင့်၊ သတိရှိစွာ၊ သို့မဟုတ် သတိမရှိစွာဖြင့် အမှုကိစ္စများကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ သို့သော် အမှုကိစ္စတစ်ခုလုံး၏ အကြောင်းရင်း၊ ဖြစ်စဉ်၊ နောက်ဆုံးရလဒ်၊ ရရှိသော အကျိုးကျေးဇူးများကို မည်သူမျှ ကြိုတင်မမြင်နိုင်သကဲ့သို့ မည်သူကမျှ ဤအရာများကို လုံးဝ မထိန်းချုပ်နိုင်ပေ။ မည်သူက ဤအရာအားလုံးကို ကြိုတင်မြင်ပြီး ထိန်းချုပ်သနည်း။ ဘုရားသခင်သာ ဖြစ်သည်။ စကြဝဠာတွင် ဖြစ်ပေါ်နေသော အရေးပါသော ဖြစ်ရပ်တစ်ခုဖြစ်စေ၊ မည်သည့်ဂြိုဟ်တစ်ခုခု၏ ထောင့်နေရာတစ်ခုခုတွင်မဆို ဖြစ်ပေါ်နေသော သေးငယ်သော ဖြစ်ရပ်တစ်ခုဖြစ်စေ လူတို့အပေါ်တွင် မမူတည်ပေ။ အရာရာကို စိုးမိုးသော နိယာမများ၊ သို့မဟုတ် အရာအားလုံး၏ တိုးတက်မှု ဖြစ်စဉ်နှင့် ၎င်းတို့၏ အဆုံးစွန် ရလဒ်များကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ အရာအားလုံး၏ အဆုံးစွန်ရလဒ်ကို ထိန်းချုပ်ဖို့ မဆိုနှင့်၊ အရာရာတိုင်း၏ အနာဂတ်ကို မည်သူကမျှ ကြိုမမြင်နိုင်ပေ၊ သို့မဟုတ် မည်သည့်အရာဖြစ်ပျက်မည်ကို ကြိုတင်မခန့်မှန်းနိုင်ပေ။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသော ဘုရားသခင်သာ ဤအရာအားလုံးကို ထိန်းချုပ်ပြီး အုပ်စိုးသည်။ လူတို့တွင် ရှိနိုင်သော တစ်ခုတည်းသော သက်ရောက်မှုမှာ ဘုရားသခင်က အုပ်စိုးသည့်၊ စီစဉ်ညွှန်ကြားသည့်၊ စီမံသည့် အမျိုးမျိုးသော လူ၊ ဖြစ်ရပ်၊ အမှုကိစ္စ အမျိုးအစားများနှင့်အတူ ကြီးသော၊ ငယ်သော ပတ်ဝန်းကျင်နှစ်ခုလုံးအတွင်းတွင် အပြုသဘောဆောင်နိုင်သော၊ သို့မဟုတ် အပျက်သဘောဆောင်နိုင်သော မတူညီသည့် ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခြင်းသာဖြစ်သည်။ ဤသည်မှာ လူတို့တွင်ရှိသော သက်ရောက်မှုနှင့် ၎င်းတို့ ပါဝင်ဆောင်ရွက်သော ကဏ္ဍဖြစ်သည်။ တစ်စုံတစ်ခုသည် မအောင်မြင်သောအခါတွင်သော်လည်းကောင်း၊ ရလဒ်များသည် မျှော်လင့်ထားသလောက် ကောင်းသည့် ပုံစံမရှိသောအခါတွင်သော်လည်းကောင်း၊ ပြီးလျှင် ရလဒ်သည် လူတို့ မြင်လိုသောအရာမဟုတ်သောအခါတွင်သော်လည်းကောင်း၊ ရလဒ်ကြောင့် ၎င်းတို့သည် ကြီးစွာသော ဝမ်းနည်းပူဆွေးခြင်းပင် ဖြစ်သောအခါတွင်သော်လည်းကောင်း ဤအရာများသည်လည်း လူတို့ အချုပ်အခြာအာဏာ မရှိသောအရာများဖြစ်သည်။ လူတို့သည် ဤအရာများကို ကြိုတင်မမြင်နိုင်ပေ။ လူတို့သည် ဤအရာများကို အသေအချာပင် မထိန်းချုပ်နိုင်ပေ။ တစ်စုံတစ်ခု၏ နောက်ဆုံး ရလဒ်သည် အလွန်ကောင်းလျှင်၊ အလွန်အပြုသဘောဆောင်ပြီး ထိရောက်သော သက်ရောက်မှုရှိလျှင်၊ လူတို့အတွက် အလွန်ပင် တည်ဆောက်စရာ ဖြစ်စေလျှင်၊ လူတို့အပေါ် အလွန်လေးနက်သော လွှမ်းမိုးမှုရှိလျှင် ယင်းသည် ဘုရားသခင်ဆီမှ လာခြင်းဖြစ်သည်။ တစ်စုံတစ်ခုသည် ယင်း၏ အလိုရှိသော ရလဒ်ကို မရရှိလျှင်၊ ရလဒ်က အလွန်ကောင်းခြင်း၊ သို့မဟုတ် အကောင်းမြင်ဖွယ်မရှိလျှင်၊ လူတို့အပေါ်၌ အပြုသဘောဆောင်ပြီး တက်ကြွသည့် သက်ရောက်မှုများအစား အပျက်သဘောဆောင်သော သက်ရောက်မှုများရှိသည့် ပုံစံရှိလျှင် ထိုအမှုကိစ္စ၏ ဖြစ်စဉ်တစ်ခုလုံးသည်လည်း ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီမံခြင်းဖြစ်သည်။ မည်သည့်လူပုဂ္ဂိုလ်ကမျှ ထိန်းချုပ်ခြင်းမဟုတ်ပေ။ အလှမ်းဝေးသောအရာများကို မပြောဘဲ အန္တိခရစ်ပေါ်လာခြင်းကဲ့သို့သော အသင်းတော်၌ လေ့လာစောင့်ကြည့်နိုင်သည့်အရာကို ပြောကြစို့။ အန္တိခရစ်တစ်ယောက်သည် ရှေ့ထွက်ပြီး စတင်ပြုမူလုပ်ဆောင်သော၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်နေရာသို့ ရာထူးတိုးခြင်းခံရပြီး အသင်းတော်၌ အရေးကြီးသော အလုပ်ကို တာဝန်ယူ လုပ်ကိုင်သောအချိန်မှစပြီး ထိုသူသည် အန္တိခရစ်အဖြစ် ထုတ်ဖော်ခြင်းခံရကာ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်၍ ဖော်ထုတ်ခြင်းခံရသည်အထိ၊ အဆုံးတွင် ဖယ်ရှားပြီး ငြင်းပယ်ခြင်း ခံရသည်အထိဖြစ်သော ဤဖြစ်စဉ်တစ်ခုလုံးတွင် လူများစွာတို့သည် လှည့်စားခံရခြင်း၊ အချို့မှာ အန္တိခရစ်၏နောက်သို့ပင် လိုက်ကြခြင်း၊ အချို့မှာ အန္တိခရစ်၏ လွှမ်းမိုးမှုကြောင့် ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ဆုံးရှုံးမှုများကို ကြုံတွေ့ကြရခြင်း စသည်တို့ဖြစ်ကြလေသည်။ ဤအရာအားလုံးသည် စာတန်၏ နှောင့်ယှက်မှုများမှ စတင်ဖြစ်ပေါ်လာပြီး စာတန်၏ အစေခံများ၏ လုပ်ဆောင်မှုဖြစ်သော်လည်း ဘုရားသခင်က ဤအရာအားလုံး ဖြစ်ပေါ်ခြင်းနှင့် ကြီးထွားလာခြင်းကို မမြင်ဟူ၍ အဓိပ္ပာယ်ရသလော။ ဘုရားသခင်သည် အန္တိခရစ်တစ်ဦး၏ ပေါ်ထွန်းခြင်းနှင့်သက်ဆိုင်သော အကျိုးဆက်များက မည်သည့်အရာ ဖြစ်သည်ကို မသိသလော။ အန္တိခရစ်တစ်ယောက်က အသင်းတော်အပေါ်တွင်၊ ညီအစ်ကိုမောင်နှမများအပေါ်တွင် ကျရောက်စေမည့် သက်ရောက်မှုကို ဘုရားသခင်က မသိသလော။ ဤအရာအားလုံးသည် လူတို့ကြောင့်ဖြစ်သော ကျရှုံးမှုတစ်ခု၏ ရလဒ်သက်သက်ဖြစ်သလော။ ဤသို့သော အပျက်သဘောဆောင်သည့်အရာများ ဖြစ်ပေါ်လာခြင်းကို ရင်ဆိုင်ရသောအခါ၌ လူတို့သည် “ဒုက္ခပါပဲ၊ စာတန်သည် ထိုနေရာတွင် လစ်သည်နှင့် အခွင့်ကောင်းယူခဲ့သည်။ ဤသည်မှာ စာတန်က နှောင့်ယှက်နေခြင်းဖြစ်သည်” ဟူ၍ မကြာခဏ ထင်မြင်ကြသည်။ ဆိုလိုသည်မှာ “ဘုရားသခင်က အဘယ်ကြောင့် အမှုအရာများကို စောင့်ကြည့်မနေသနည်း။ ဘုရားသခင်က အမှုအရာအားလုံးကို စိစစ်ခြင်းမရှိသလော။ ဘုရားသခင်က နေရာတိုင်းတွင် မရှိသလော။ ဘုရားသခင်က အဆုံးအစမရှိ တန်ခိုးမရှိသလော။ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးအစွမ်းက အဘယ်မှာနည်း” ဟူ၍ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးတွင် သံသယများ ဖြစ်ပေါ်လာသည်။ ဤသံသယများ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဤဖြစ်ရပ်၏ ရလဒ်သည် အပျက်သဘောဆောင်ပြီး လိုချင်တပ်မက်ဖွယ်မရှိသောကြောင့်၊ လူတို့ မြင်လိုသည့်အရာ မဟုတ်သောကြောင့်၊ လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ပို၍ပင် မကိုက်ညီသောကြောင့် ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ မြင့်မြတ်သော ယုံကြည်မှုကို ထိုးနှက်လေသည်။ လူတို့သည် ဤအရာကို နားမလည်နိုင်ဘဲ “ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး ထိန်းချုပ်လျှင် အန္တိခရစ်က လူတို့အား လှည့်စားခြင်းကဲ့သို့သော အရာမျိုးသည် ငါတို့၏ မျက်စိရှေ့တွင် အဘယ်သို့ ဖြစ်ပျက်မည်နည်း၊ အသင်းတော်တွင်၊ ညီအစ်ကိုမောင်နှမများကြားတွင် ဤသို့သော လိုချင်တပ်မက်ဖွယ်မရှိသည့်အရာမျိုး အဘယ်ကြောင့် ဖြစ်ပျက်မည်နည်း” ဟူ၍ စဉ်းစားကြသည်။ လူတို့၏ စိတ်နှလုံးတွင် သံသယများ ဖြစ်ပေါ်ပြီး “ဘုရားသခင်သည် အတိုင်းအဆမရှိ တန်ခိုးရှိပြီး နေရာတိုင်းတွင်ရှိသည်” ဆိုသည့် ၎င်းတို့၏ ယုံကြည်မှုကို စမ်းသပ်ခြင်းခံရသည်။ ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုသည် စမ်းသပ်ခြင်းခံရသောအခါတွင် သင်က ၎င်းတို့အား “သင်က ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများဖြစ်ပေါ်ခြင်းအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း” ဟု မေးလျှင် ၎င်းတို့က “စာတန်ကို အပြစ်တင်ရမည်” ဟု ဆိုလိမ့်မည်။ သို့သော် စာတန်ကို လူက မမြင်နိုင်သောကြောင့် အဆုံးတွင် ဤတာဝန်သည် မည်သူ့အပေါ်သို့ ကျရောက်သင့်သနည်း။ အန္တိခရစ်အပေါ်သို့၊ သို့မဟုတ် အန္တိခရစ်အုပ်စုအပေါ်သို့ ကျရောက်သင့်သည်။ အန္တိခရစ်၏ လှည့်စားခြင်းကို ခံရပြီး ၎င်းတို့၏ ဘဝများ၌ ဆုံးရှုံးမှုများကို ခံစားရသောသူတို့သည် အန္တိခရစ်၏ လှည့်စားခြင်းကို ခံထိုက်သည်ဟု လူတို့က ဆိုလိမ့်မည်။ အဆုံးတွင် အမှုကိစ္စတစ်ခုလုံးအပေါ် လူတို့၏ နားလည်မှုသည် မည်သည့် အဆိုအမိန့်ကို အခြေခံသနည်း။ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့်အရာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ချက်ချမှုဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်အား မည်သည့်နေရာတွင်ထားသနည်း။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချု်ပအခြာအာဏာရှိသည်ကို နားမလည်ပေ။ ထို့ကြောင့် ၎င်းတို့သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အနှစ်မရှိသော သီအိုရီအပေါ်တွင် ဖြစ်ပျက်သမျှကို ယိုးမယ်ဖွဲ့လိုက်သည်။

လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်က တန်ခိုးအာဏာပြည့်ဝသော လုပ်ဆောင်ချက်ကို လုပ်သည့်အခါကဲ့သို့သော အတော်အတန်ကောင်းမွန်ပြီး အပြုသဘောဆောင်သောရာများက ၎င်းတို့အနီးတွင် ဖြစ်ပျက်သည်ကို မြင်သောအခါတွင်လည်းကောင်း၊ လူတိုင်းက ကြီးမားသော ယုံကြည်ခြင်း ရှိသည့်အခါတွင်လည်းကောင်း၊ လူတို့သည် မည်သူမျှ ယုဒဖြစ်မသွားဘဲ ဖိနှပ်မှုနှင့် ဘေးဒုက္ခအလယ်တွင်ပင် ခိုင်မာစွာ ရပ်တည်သောအခါတွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများနှင့် ညီအစ်ကိုမောင်နှမများ၏ ဘဝများက မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရသောအခါတွင်လည်းကောင်း “ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုဖြစ်သည်၊ ဤအောင်မြင်မှုသည် လူတို့ကြောင့် ဖြစ်ခြင်းမဟုတ်၊ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်မှာ သံသယရှိစရာမလိုပေ” ဟူ၍ လူတို့က ဆိုကြသည်။ လူတို့အနီးတွင် ဖြစ်ပျက်နေသောအရာများက မလိုလားအပ်သောအရာများဖြစ်သည် ဆိုပါစို့။ ဥပမာ အသင်းတော်သည် ဖိနှိပ်မှုကို ရင်ဆိုင်ရပြီး အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည်၊ အသင်းတော်ပိုင်ဆိုင်မှုများကို စာတန်က သိမ်းဆည်းသည်ဆိုပါစို့။ ညီအစ်ကိုမောင်နှမများ၏ ဘဝသည် ဆုံးရှုံးမှုကို ရင်ဆိုင်ရပြီး ဘုရားသခင် ရွေးချယ်ထားသောသူများသည် နေရာအနှံ့ တစ်ယောက်တစ်နေရာ လူစုကွဲနေကြသည်၊ နေရပ်ကို စွန့်ခွာရပြီး အိမ်သို့ မပြန်နိုင်ဖြစ်သည် ဆိုပါစို့။ အသင်းတော် အသက်တာသည် ဖျက်ဆီးခြင်းခံရပြီး အသင်းသားများသည် ယခင်ကကဲ့သို့သော အသင်းတော်အသက်တာကို မရှင်သန်နိုင်တော့ဟု ဆိုပါစို့။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်အတူ ဝမ်းမြောက်ဖွယ်ဖြစ်သော၊ ပျော်ရွှင်ပြီး ငြိမ်သက်ခြင်းရှိသော ယှဉ်တွဲနေထိုင်သည့် ဘဝများကို မရှင်သန်နိုင်တော့ဘဲ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့ အတူတကွ စုရုံးခြင်း၊ တာဝန်များကို ထမ်းဆောင်ခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ဟူ၍လည်းကောင်း၊ အချို့သော ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများက သူတစ်ပါးတို့ကို လှည့်စားရန်အတွက် အယူအဆများ စတင်ဖြန့်ဝေပြီး သူတစ်ပါးတို့အား ဘုရားသခင်အပေါ် ယုံကြည်မှု ပျောက်ဆုံးစေကာ အပျက်သဘောဆောင်မှုနှင့် အားနည်းခြင်းသို့ ကျရောက်စေသည်ဟူ၍လည်းကောင်း စိတ်ကူးကြည့်လော့။ ဤသို့သော အချိန်တွင် လူတို့သည် မညည်းညူဘဲ မနေနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး မညည်းညူရဲသောကြောင့် ဤသို့ ညည်းညူကြသည်။ “ဤသူသည် ဆိုးယုတ်သူဖြစ်သည်၊ ဤသူသည် စာတန်ဖြစ်သည်၊ ဤသူသည် နတ်ဆိုးဖြစ်သည်၊ ၎င်းတို့သာ စုဝေးပွဲများတွင် ပေါ့ဆပြီး ဖမ်းဆီးခံရခြင်းမရှိလျှင် ငါတို့သည် ဤသို့ အိမ်မပြန်နိုင်သည့်အခြေအနေဖြင့် အဆုံးသတ်ခဲ့ရမည်မဟုတ်၊ ၎င်းတို့ကြောင့်သာ မဟုတ်လျှင် ငါတို့သည် အသင်းတော်အသက်တာကို ပျော်ရွှင်စွာ အသက်ရှင်နေဆဲဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်နေဆဲ၊ တာဝန်များကို ပုံမှန် ထမ်းဆောင်နေဆဲ ဖြစ်လိမ့်မည် ဤအရာအားလုံးသည် လူတစ်ယောက်ယောက်ကြောင့်၊ နတ်ဆိုးတစ်ကောင်ကောင်ကြောင့်၊ စာတန်တစ်ယောက်ယောက်ကြောင့်၊ သို့မဟုတ် ဆိုးယုတ်သော အစိုးရတစ်ခုခုကြောင့် ဖြစ်ခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ လူတို့သည် ဘုရားသခင်အပေါ် နာကြည်းမှုတစ်ခုခု မထားရှိရဲသော်လည်း၊ သို့မဟုတ် အခြေအနေတစ်ခုလုံး၏ တာဝန်ကို ဘုရားသခင်အပေါ် ပုံမချရဲသော်လည်း ထိုအချိန်ခဏတွင် ၎င်းတို့၌ ဘုရားသခင်အပေါ် ကြီးမားခြင်းလည်းမဟုတ်၊ အရေးမပါခြင်းလည်း မဟုတ်သော ရှင်းရခက်သည့် မယုံကြည်မှုဖြစ်ပေါ်လာသည်။ ဤမယုံကြည်သောအတွေးများမှတစ်ဆင့် မည်သည့်အရာများ ဖြစ်ပေါ်မည်နည်း။ လူတို့က “ဤအတွေ့အကြုံမှတစ်ဆင့် ငါသည် သင်ခန်းစာ ရရှိခဲ့သည်၊ ယခုအချိန်မှစ၍ ငါ တွေ့ကြုံရသမျှ အရာတိုင်းကို အသေအချာ ထည့်တွက်ဆင်ခြင်သုံးသပ်ပြီး မလုပ်ဆောင်မီတွင် အသေအချာ စဉ်းစားမည်၊ မဆင်မခြင် လုပ်ဆောင်မည်မဟုတ်၊ မည်သူ့ကိုမျှ အလွယ်တကူ ယုံကြည်မည်မဟုတ်၊ ငါသည် အခြေအနေအားလုံးတွင် အလွန်အမင်း ဂရုစိုက်ပြီး မိမိကိုယ်ကို ကာကွယ်ရန် သင်ယူမည်” ဟူ၍ ဆိုလိမ့်မည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသေးသလော။ ဘုရားသခင်အား အားကိုးပြီး သူ့အပေါ် ယုံကြည်ခြင်းရှိသေးသလော။ လူအချို့က “မည်သို့ မရှိဘဲ နေမည်နည်း၊ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ယုံကြည်ဆဲဖြစ်သည်၊ ဘုရားသခင်အပေါ် စစ်မှန်သော အားကိုးမှုရှိသေးသည်” ဟူ၍ ဆိုသည်။ သို့သော် ၎င်းတို့သည် “ဘုရားနှုတ်ကပတ်တော်များကို အလွန် အလွယ်တကူ မယုံနှင့်၊ ဘုရားသခင်သည် လူတို့ကို အစဉ် စမ်းသပ်ပြီး စစ်ဆေးသည်၊ ဘုရားသခင်ကို အားကိုး၍ မရပေ၊ ငါတို့မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သည့်အရာကိုသာ ကြည့်လော့၊ ငါတို့၏ အသင်းသားများသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည်၊ ဘုရားသခင်က အဘယ်ကြောင့် ငါတို့ကို မကာကွယ်ခဲ့သနည်း၊ ဘုရားသခင်သည် သူ၏ အိမ်တော်အကျိုးစီးပွားများကို ထိခိုက်သည်ကို မြင်လိုသလော၊ မယုံကြည်သူများက လူတို့ကို လှည့်စားနေသည်ကို ဘုရားသခင် မြင်သောအခါ စိတ်ဝင်စားမှုမရှိသလော၊ ဘုရားသခင်က အမှန်တကယ် မြင်သည်ဆိုလျှင် အဘယ်ကြောင့် ဂရုမစိုက်သနည်း၊ အဘယ်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသနည်း၊ ကျွန်ုပ်တို့အား လှည့်စားနေသူသည် ဆိုးယုတ်သူ၊ မယုံကြည်သူတစ်ယောက်ဖြစ်သည်ကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်ပြီး ထိုသူကို ဖြစ်နိုင်သမျှ အစောဆုံး ရှောင်ရှားပြီး ဤအကျိုးဆက်အားလုံးကို ရှောင်ကြဉ်နိုင်ဖို့အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အား အဘယ်ကြောင့် ဉာဏ်အလင်းဖွင့်မပြသနည်း။ မယုံကြည်သူက လူတို့အား လှည့်စားနေသောအခါတွင် ဘုရားသခင်က အဘယ်ကြောင့် ကျွန်ုပ်တို့အား မကာကွယ်သနည်း၊ အလျင်အမြန် သတိပေးချက်တစ်ခုသည်ပင် လုံလောက်လိမ့်မည်” ဟူ၍ မိမိတို့ကိုယ်ကို တိတ်တဆိတ် ပြောကြသည်။ ၎င်းတို့သည် ဤ”အဘယ်ကြောင့်နည်း” ဟူသော အရာအားလုံးအတွက် အဖြေကို မရရှိဘဲ ရအောင်လည်း မလုပ်ဆောင်နိုင်ပေ။ အဆုံး၌ ဤအရာကို ကြုံတွေ့ပြီးနောက်တွင် ၎င်းတို့ ချသော ကောက်ချက်မှာ “ဘုရားသခင်အား ငါ အမှီပြုသင့်သည့် ကိစ္စများတွင် အမှီပြုမည်။ ဘုရားသခင်အား အမှီမပြုသင့်သည့် ကိစ္စများတွင် မိမိကိုယ်ကို အမှီပြုမည်။ ငါသည် မိုက်မဲ၍ မဖြစ်ပေ။ ငါတို့ ညီအစ်ကိုမောင်နှမများသည် နွေးထွေးမှုအတွက် အတူတကွ စုရုံးပြီး တစ်ယောက်နှင့် တစ်ယောက် ကူညီဖို့ သင်ယူရမည်။ အခြားသောအရာတိုင်းအတွက်မူ ဘုရားသခင် သူကျေနပ်သလို လုပ်ပါစေ။ ငါတို့ ထိန်းချုပ်၍ မရပေ” ဟူ၍ ဖြစ်သည်။ အဆင်းနီသော နဂါးကြီးက ဘုရားသခင် ရွေးချယ်ထားသောလူများအား ဖမ်းဆီးလျှင် အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာသည် အလွန်အမင်း အနှောင့်အယှက်ဖြစ်မည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုများကို အလွန်ပင် ထိခိုက်စေလိမ့်မည်။ ဤအချိန်များတွင် မယုံကြည်သူများနှင့် အန္တိခရစ်များသည် နှောင့်ယှက်လှည့်စားရန်အတွက် ပေါ်လာမည်ဖြစ်ပြီး မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို ဖြန့်ဝေလိမ့်မည်။ ခေါင်းဆောင်များ၊ အမှုဆောင်များက ဘုရားအလိုတော်ကို ဆန့်ကျင်ကြသောကြောင့် ဤသို့ဖမ်းဆီးခံရသည်ဟု ဆိုကြမည်။ လူတို့သည် ဤအန္တိခရစ်များ၊ ဆိုးယုတ်သောလူများ၏ လှည့်စားခြင်းကို ခံရမည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ သို့မဟုတ် လူသား ခံစားချက်များနှင့် မကိုက်ညီသော ဤဖြစ်ရပ်များ ဖြစ်ပေါ်သောအခါ၌ လူတို့သည် ယင်းတို့ထံမှ မည်သည့်အခါမျှ သင်ခန်းစာမယူပေ။ လူတို့သည် ဤဖြစ်ရပ်များမှတစ်ဆင့် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှု၊ စိတ်သဘောထားတို့ကို လုံးဝ နားမလည်ပေ။ လူတို့သည် ဘုရားအလိုတော်ကို မည်သည့်အခါမျှ သဘောမပေါက်ပေ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့အား မည်သည့်သင်ခန်းစာများကို ရရှိစေလိုသည်၊ ၎င်းတို့အား မည်သည့် တည်ဆောက်စရာများကို ရရှိစေလိုသည်၊ ၎င်းတို့အား ဤဖြစ်ရပ်များမှ မည်သည့်ပိုင်းခြားသိမြင်မှုကို ရရှိစေလိုသည်ဆိုသည်တို့ကို နားမလည်ပေ။ လူတို့သည် ဤအရာများကို တစ်ခုမျှ မသိပေ။ ဤအရာများအား မည်သို့ တွေ့ကြုံရမည်ကိုလည်း မသိပေ။ ထို့ကြောင့် လူတို့သည် ၎င်းတို့အနီးတွင် ဖြစ်ပျက်နေသောအရာများအားလုံးကို မြင်သည့်အရာများနှင့် ပတ်သက်လျှင် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားသည် တိကျမှန်ကန်သည်၊ ယင်းသည် “ဘုရားသခင်က အရာအားလုံးအပေါ်၌ အချု်ပအခြာအာဏာရှိသည်၊ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသည်၊ ဘုရားသခင်သည် အရာရာတိုင်းကို စိစစ်သည်” ဆိုသည့်အချက်ထက်ပို၍ စိတ်ချရပြီး စစ်မှန်သည်ဟု အမှန်ပင် ယုံကြည်ကြသည်။ အမှန်တွင် သင်တို့သည် စိတ်ထဲ၌ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့်စကားက ပို၍ စစ်မှန်သည်၊ လူသားများက အရာရာကို ဆုံးဖြတ်သည်၊ ဘုရားသခင်က အရာရာကို ဆုံးဖြတ်သည်ဟု ဆိုခြင်းသည် အနည်းငယ် မရေရာသည့် ပုံစံရှိသည်ဟု ယုံကြည်ဆဲဖြစ်သည်။ ယင်းသည် မရေရာဟု လူတို့က အဘယ်ကြောင့် ထင်သနည်း။ “ဘုရားသခင်က အရာရာကို ဆုံးဖြတ်သည်” ဆိုသည့် အဆိုက စိတ်မချရဟု လူတို့က အဘယ်ကြောင့်ထင်သနည်း။ သဘောတရားအရ ဤသည်မှာ လူတို့သည် သမ္မာတရားကို နားမလည်သကဲ့သို့ ဘုရားသခင်ကိုလည်း မသိသောကြောင့်ဖြစ်သည်။ သို့သော် လက်တွေ့တွင် အကြောင်းရင်းမှာ အဘယ်နည်း။ (လက်တွေ့တွင် ဘုရားသခင်က အရာရာအပေါ်တွင် အချုပ်အခြာအာဏာရှိသည်ကို လူတို့က အသိအမှတ်မပြုပါ၊ သို့မဟုတ် မယုံကြည်ပါ။) ဘုရားသခင်က အရာရာအပေါ်တွင် အချု်ပအခြာအာဏာရှိသည်ကို လူတို့က မယုံကြည်၊ သို့မဟုတ် အသိအမှတ်မပြုဟု ဆိုခြင်းမှာ မှန်သည်။ သို့သော် ပို၍ တိကျသော အကြောင်းရင်းတစ်ခုရှိသည်။ ယင်းမှာ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့်စကားရပ်သည် ကောင်းသော၊ ဆိုးသောအရာများကို လူတို့ရှုမြင်သည့်ပုံစံနှင့် ပတ်သက်လျှင် လူတို့၌ ရှိသော ချို့ယွင်းချက်ရှိသော အမြင်ရှုထောင့်ကို ဖွင့်ပြခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့အား ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ သက်သာခြင်း၊ ပျော်ရွှင်ခြင်းကို ယူဆောင်ပေးသောအရာများသည် ကောင်းမွန်ပြီး ဘုရားသခင်ဆီမှလာသည်ဟု ယုံကြည်ကြသည်။ လူတို့အား စိတ်မသက်သာစေသည့်၊ သို့မဟုတ် ကြောက်ရွံ့စေသည့်၊ လူတို့အား မျက်ရည်ကျစေသည့်၊ ခံစားရစေသည့်၊ သို့မဟုတ် သေလိုသည်အထိပင် ဝမ်းနည်းပူဆွေးမှုများစွာ ဖြစ်စေသည့် အရာချို့ရှိသည်။ အချို့သောအရာများမှာ လူတို့အား မိမိတို့၏ တာဝန်ထမ်းဆောင်ရန်အတွက် သာမန်အသင်းတော်အသက်တာနှင့် သာမန်ပတ်ဝန်းကျင်တစ်ခုကို ရယူဖို့ မဖြစ်နိုင်အောင်ပင် လုပ်ဆောင်သည်။ ဤသို့သော အမျိုးအစားများကို “မကောင်းသောအရာများ” အဖြစ် လူတို့က မှတ်ယူသည်။ “မကောင်းသောအရာများ” ဆိုသည့် ဝေါဟာရကို ကိုးကားသည့် သင်္ကေတဖြင့် ထားရမည်။ “မကောင်းသောအရာများ” သည် လူတို့အပေါ်တွင် ကောင်းသော သက်ရောက်မှုရှိသလော။ လူတို့သည် ဤကောင်းသော သက်ရောက်မှုများကို မမြင်တွေ့နိုင်ပေ၊ သို့မဟုတ် မခံစားနိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စိတ်တွင် ဘုရားသခင် အချုပ်အခြာအာဏာရှိသည့် “အရာရာတိုင်း” တွင် ၎င်းတို့အား ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဆန္ဒပြည့်ဝခြင်း၊ အကျိုးအမြတ်များ၊ တည်ဆောက်စရာဖြစ်ခြင်း၊ အမြတ်အစွန်းများတို့ကို ဖြစ်စေသောအရာများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို ခိုင်မာစေသောအရာများသာ ပါဝင်သည်။ ဤအရာတို့သည် အရာရာတိုင်းအပေါ်တွင်ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည်ဟု လူတို့ ယုံကြည်သည့်အရာများ ဖြစ်သည်။ ယှဉ်ကြည့်လျှင် အပြင်ပန်း၌ အချို့သောအရာများသည် လူတို့၏ ဘဝများကို ဒုက္ခရောက်စေလျှင်လည်းကောင်း၊ အသင်းတော် အကျိုးစီးပွားများကို ထိခိုက်လျှင်လည်းကောင်း၊ လူအချို့မှာ လှည့်စားခြင်း ခံရလျှင်လည်းကောင်း၊ အချို့မှာ ဖယ်ရှားခြင်းပင် ခံရလျှင်လည်းကောင်း၊ လူအနည်းငယ်မှာ ကံအကြောင်းမလှသော ဖြစ်ရပ်အချို့နှင့် ကြုံရပြီး ဝေဒနာအချို့ကို ခံရလျှင်လည်းကောင်း ဤအရာတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လုံးဝ မသက်ဆိုင်၊ ဤအရာတို့သည် စာတန်၏ လုပ်ဆောင်မှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်လျှင် ဤအပျက်သဘောဆောင်သောအရာများသည် ပေါ်လာမည်မဟုတ်၊ သို့မဟုတ် တည်ရှိမည်မဟုတ်ဟု လူတို့က ယုံကြည်ကြသည်။ ဤသည်မှာ လူတို့က ဆုံးဖြတ်သောအရာဖြစ်သည်။ ထို့ကြောင့် “ဘုရားသခင်က အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိသည်” ဆိုသည့် စကားအပေါ် လူတို့၏ နားလည်မှုက အလွန်ပင် တစ်ဖက်သတ်ဆန်ပြီး လေးနက်မှုမရှိပေ။ လူသားအယူအဆများဖြင့် ကန့်သတ်ထားသည်။ လူသား စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ အမှန်တရားများဖြင့် မကိုက်ညီပေ။ ဥပမာတစ်ခု ပေးမည်။ ဘုရားသခင်က ပိုးမွှားနှင့် ငှက်မျိုးစုံကို ဖန်ဆင်းခဲ့သည်။ လူအချို့က “ဘုရားသခင် ဖန်ဆင်းခဲ့သောအရာများ အားလုံးသည် အရေးပါသည်၊ အားလုံးက အကျိုးရှိစေသော ပိုးမွှားများဖြစ်သည်၊ အားလုံး ကောင်းသည်ဟု ငါယုံကြည်သည်။ ပျားများကို ဘုရားသခင်က ဖန်ဆင်းသည်၊ ကောင်းသောငှက်များအားလုံးကို ဘုရားသခင် ဖန်ဆင်းသည်၊ ခြင်များသည် လူတို့အား အစဉ်ကိုက်ပြီး ရောဂါများ ဖြန့်သည်၊ ထို့ကြောင့် ခြင်များက မကောင်းပေ၊ ခြင်များကို ဘုရားသခင် ဖန်ဆင်းမထားခြင်း ဖြစ်နိုင်သည်” ဟူ၍ ဆိုကြသည်။ ဤသည်မှာ မူမမှန်သော နားလည်မှုမဟုတ်လော။ လက်တွေ့တွင် အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းသည်။ ဖန်ဆင်းရှင်ဟူသည့် ဘုရားသခင် တစ်ပါးတည်းသာရှိသည်။ အသက်ရှင်သောအရာ၊ အသက်မရှင်သောအရာတိုင်းသည် ဘုရားသခင်ဆီမှလာသည်။ လူတို့သည် ၎င်းတို့၏ အယူအဆများ၌ အမျိုးမျိုးသော အကျိုးဖြစ်စေသော ပိုးမွှားများ၊ ငှက်များ၊ အခြားသော အကျိုးဖြစ်စေသည့် သတ္တဝါများသည် ဘုရားသခင်ထံမှ လာသည်ဟုသာ ယုံကြည်ပြီး ယင်ကောင်များ၊ ခြင်များ၊ ကြမ်းပိုးများ၊ လူတို့က အထူးပင် ကြမ်းတမ်းသည်ဟု မှတ်ယူသော အသားစားတိရစ္ဆာန်များဖြစ်သော ထိုသတ္တဝါများကမူ ဘုရားသခင်ဆီက လာသည့်ပုံစံမရှိ၊ ဘုရားသခင်ဆီက လာလျှင်ပင် ကောင်းသောအရာများမဟုတ်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လူသားအယူအဆတစ်ခုမဟုတ်လော။ လူတို့၏ စိတ်ကူးများ၊ အယူအဆများ၌ ဤအရာများသည် တဖြည်းဖြည်းချင်းဖြင့် စနစ်တကျ အမျိုးအစားခွဲထားခြင်းခံရသည်။ လူသားများက နှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့အား အကျိုးဖြစ်စေသည့် မည်သည့်အရာမဆိုကို အပြုသဘောဆောင်ပြီး ဘုရားသခင်က ဖန်ဆင်းသည်ဟု သတ်မှတ်သည်။ လူသားများက မနှစ်သက်သော၊ သို့မဟုတ် လူသားတို့အား ထိခိုက်သောအရာမှန်သမျှသည် အပျက်သဘောဆောင်ပြီး ဘုရားသခင်က ဖန်ဆင်းခြင်းမဟုတ်၊ စာတန်က ဖန်ဆင်းခဲ့ခြင်းဖြစ်နိုင်သည်၊ သို့မဟုတ် သဘာဝအလျောက်ဖြစ်လာနိုင်ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။ လူတို့၏ စိတ်တွင် “ယင်ကောင်များ၊ ခြင်များ၊ ကြမ်းပိုးများသည် ကောင်းသောအရာများမဟုတ်ပေ၊ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းခြင်းမဟုတ်၊ ဘုရားသခင်က ဤသို့သောအရာမျိုးကို လုံးဝ ဖန်ဆင်းမည်မဟုတ်” ဟု မသိစိတ်မှနေ၍ ယုံကြည်လေ့ရှိကြသည်။ သို့မဟုတ် “ခြင်္သေ့နှင့် ကျားများသည် အစဉ်သဖြင့် သိုးနှင့် မြင်းကျားများကို စားကြသည်၊ ရက်စက်လွန်းသည်၊ ကောင်းသောအရာများမဟုတ်၊ ဝံပုလွေများသည် အန္တရာယ်ရှိသည်၊ ကောက်ကျစ်သည်၊ ကြမ်းကြုတ်သည်၊ ကြမ်းတမ်းသည်၊ ရက်စက်သည်၊ ဝံပုလွေများသည် ဆိုးသည်၊ သို့သော် နွားများ၊ သိုးများသည် ကောင်းသည်၊ ခွေးများက ပို၍ပင် ကောင်းသည်” ဟု ထင်မြင်ကြသည်။ ဘုရားသခင် ဖန်ဆင်းသည့် အရာတစ်ခုသည် ကောင်းသလော၊ မကောင်းသလောဆိုသည်ကို လူသား၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် အကြိုက်များအပေါ် အခြေခံပြီး အကဲဖြတ်ခြင်းမဟုတ်ပေ။ ယင်းသည် ဤအရာများကို အကဲဖြတ်သည့် နည်းမဟုတ်ပေ။ ဘုရားသခင်သည် မြင်းကျား၊ သမင်၊ အမျိုးမျိုးသော အပင်စား တိရစ္ဆာန်များအပြင် အထူးပင် ကြမ်းတမ်းသော ခြင်္သေ့၊ ကျား၊ ကျားသစ်၊ မိချောင်းများဖြစ်သော ကြမ်းကြုတ်သော အသားစားတိရစ္ဆာန်များ၊ ၎င်းတို့၏ သားကောင်ကို တစ်ကိုက်တည်းဖြင့် သတ်နိုင်သော သားရဲတိရစ္ဆာန်များအပါအဝင် တိရစ္ဆာန်အမျိုးအစား အားလုံးကို ဖန်ဆင်းခဲ့သည်။ ဤတိရစ္ဆာန်များသည် လူသား၏ အမြင်တွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ၎င်းတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ လူအချို့မှာ ခြင်္သေ့က မြင်းကျားအား စားသည်ကို မြင်တွေ့ပြီး “အို သနားစရာ မြင်းကျားဖြစ်သည်၊ ခြင်္သေ့များသည် မြင်းကျားများကို စားသည်မှာ အလွန်ကြမ်းကြုတ်သည်” ဟူ၍ စဉ်းစားကြသည်။ ဝံပုလွေက သိုးကို ဝါးမြိုနေသည်ကို ၎င်းတို့ တွေ့သောအခါ “ဝံပုလွေများသည် အလွန်ရက်စက်ပြီး လှည့်ဖြားတတ်သည်၊ ဘုရားသခင်က အဘယ်ကြောင့် ဝံပုလွေများကို ဖန်ဆင်းခဲ့သနည်း၊ သိုးများသည် ချစ်စဖွယ်ဖြစ်သည်၊ ကြင်နာပြီး နူးညံ့သည်၊ ဘုရားသခင်သည် အဘယ်ကြောင့် နူးညံ့သော တိရစ္ဆာန်များကိုသာ မဖန်ဆင်းသနည်း၊ ဝံပုလွေများသည် သိုးများ၏ သဘာဝရန်သူဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က အဘယ်ကြောင့် ဝံပုလွေနှင့် သိုးနှစ်မျိုးလုံးကို ဖန်ဆင်းသနည်း” ဟူ၍ တွေးတောကြသည်။ ၎င်းတို့သည် ဤနောက်ကွယ်ရှိ နက်နဲမှုကို နားမလည်ဘဲ အစဉ်သဖြင့် လူသား၏ အယူအဆများနှင့် စိတ်ကူးများကို ထားရှိကြသည်။ အသင်းတော်တွင် အန္တိခရစ်များက လူတို့ကို လှည့်စားသော ဖြစ်ရပ်များရှိသောအခါ လူအချို့က “ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို သနားလျှင် အဘယ်ကြောင့် စာတန်ကို ဖန်ဆင်းခဲ့သနည်း၊ သူသည် စာတန်အား လူသားမျိုးနွယ်ကို ဖျက်ဆီးရန် အဘယ်ကြောင့် ခွင့်ပြုသနည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးချယ်ခဲ့သောကြောင့် အဘယ်ကြောင့် အသင်းတော်တွင် အန္တိခရစ်များ ဖြစ်ပေါ်ခွင့်ပြုသနည်း” ဟူ၍ ဆိုကြသည်။ သင်တို့သည် နားမလည်သည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင် အုပ်စိုးသည့် ပုံစံဖြစ်သည်။ သူသည် ဤနည်းဖြင့် အုပ်စိုးသောအခါတွင်မှသာ အရာအားလုံးသည် သူ ချမှတ်သည့် စည်းကမ်းများ၊ နိယာမများအတွင်းတွင် ပုံမှန်ဖြစ်တည်နိုင်သည်။ ဘုရားသခင်သည် သင့်အား ကာကွယ်ပြီး အသင်းတော်တွင် အန္တိခရစ်များ ဖြစ်ပေါ်ခြင်းကို တားဆီးလျှင် အန္တိခရစ်များသည် အဘယ်အရာဖြစ်သည်ကို သင် သိမည်လော။ အန္တိခရစ်၏ စိတ်သဘောထားသည် မည်သည့်ပုံစံဖြစ်သည်ကို သင်သိမည်လော။ သင်သည် အန္တိခရစ်ကို လုံးဝ အမှန်တကယ် တွေ့ဆုံခြင်းမရှိဘဲ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းနှင့်ပတ်သက်သည့် စကားနှင့် အယူဝါဒအချို့ကိုသာ သင့်အား ပြောလျှင် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မည်လော။ (မသိမြင်နိုင်ပါ။) သေချာပေါက် သိမြင်နိုင်မည်မဟုတ်။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ပေါ်ထွက်ခွင့်မပြုလျှင် သင်သည် အစဉ်သဖြင့် ဖန်လုံအိမ်အတွင်းတွင်ရှိသော ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်လိမ့်မည်။ ရုတ်ခြည်း အပူချိန် ပြောင်းလဲသည်နှင့် တစ်ပြိုင်နက် ရာသီဥတု ရုတ်တရက် အေးသောအခိုက်အတန့်တွင် ခံနိုင်ရည်မရှိဘဲ ခြောက်သွေ့ညှိုးနွမ်းလိမ့်မည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားလည်လိုလျှင် ပတ်ဝန်းကျင်အားလုံးကို လက်ခံပြီး နာခံရမည်။ ဘုရားသခင် အုပ်စိုးပြီး စီစဉ်ညွှန်ကြားသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံးကို နာခံရမည်။ “လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံး” တွင် အပြုသဘောဆောင်မှုနှင့် အပျက်သဘောဆောင်မှု ပါဝင်သည်။ သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသောအရာများ၊ မကိုက်ညီသော အရာများပါဝင်သည်။ သင် မနှစ်သက်သော အပြုသဘော၊ အပျက်သဘောဆောင်သောအရာများအဖြစ် သင်မှတ်ယူသည့်အရာများ ပါဝင်သည်။ သင်၏ ခံစားချက်များနှင့် ကိုက်ညီသော အရာများပါဝင်သည်။ သင်၏ ခံစားချက်များ၊ သို့မဟုတ် သင်၏ ကြိုက်နှစ်သက်မှုများနှင့် မညီသောအရာများ ပါဝင်သည်။ ဤအရာများအားလုံးကို သင်လက်ခံရမည်။ ဤအရာအားလုံးကို လက်ခံရခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အသိပညာကို တည်ဆောက်ပြီး သင်၏ အတွေ့အကြုံကို မြှင့်တင်ခြင်းသာ မဟုတ်ဘဲ ဤအချက်အလက်များမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်ကို ပို၍ လက်တွေ့ကျစွာ၊ ခိုင်လုံစွာ သင်သိလာစေရန်၊ သမ္မာတရားကို နားလည်စေရန်၊ ဘုရားနှုတ်ကပတ်တော်၏ မှန်ကန်၊ တိကျမှုကို တွေ့ကြုံစေရန်ဖြစ်သည်။ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင်အတည်ပြုလိမ့်မည်။ မတူညီသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများမှတစ်ဆင့် သင်ခန်းစာများ ရရှိပြီး သမ္မာတရားများကို ပို၍ နားလည်ခွင့်ရလိမ့်မည်။ အမှုအရာများစွာကို ထိုးထွင်းမြင်ပြီး သင့်ကိုယ်သင် ဆက်လက်၍ တိုးတက်စေလိမ့်မည်။ ဤအရာမှ ရရှိသည့် အဆုံးစွန်ရလဒ်မှာ သင်သည် မတူညီသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ ထွက်ပေါ်ခြင်း၊ ကြီးထွားခြင်းမှတစ်ဆင့် ဖန်ဆင်းရှင်အကြောင်း သိမြင်မှုရှိနိုင်လိမ့်မည်။ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို နားလည်လိမ့်မည်။ သူသည် အရာခပ်သိမ်းကို အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်ကို သိရှိလိမ့်မည်။

သင့်အနီးတွင် ဖြစ်ပျက်နေသော သင်တွေ့ရသည့် ဖြစ်ရပ်များကို လူများက ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ဟု သတိပြုမိသည်ဖြစ်စေ၊ ထိုဖြစ်ရပ်များသည် သင်အလိုရှိသည့်အရာဖြစ်စေ၊ အလိုမရှိသည့်အရာဖြစ်စေ၊ ထိုဖြစ်ရပ်များသည် သင့်အား ဝမ်းမြောက်မှု၊ ပျော်ရွှင်မှုကို ယူဆောင်ပေးသည်ဖြစ်စေ၊ ဝမ်းနည်းမှု၊ နာကျင်မှုကို ယူဆောင်ပေးသည်ဖြစ်စေ သင်သည် ထိုအရာများကို သင်ယူရမည့် သင်ခန်းစာများ၊ ရှာဖွေရမည့် သမ္မာတရားများပါဝင်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအဖြစ် မှတ်ယူသင့်သည်။ ပြီးလျှင် ထိုအရာများကို ဘုရားသခင်ဆီမှလာသော အရာများအဖြစ် မှတ်ယူသင့်သည်။ ထိုအရာများသည် ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်ပေ။ လူသားများကြောင့် ဖြစ်ခြင်းမဟုတ်ပေ။ မည်သူ့ကြောင့်မျှ ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ ထိုအရာများသည် မည်သည့်လူတစ်ဦးမျှ ထိန်းချုပ်နိုင်သောအရာများလည်းမဟုတ်ပေ။ ထိုထက် ဤအရာများအားလုံးကို အုပ်စိုးသည်မှာ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားပြီး စီမံသည်။ မည်သည့်ဖြစ်ရပ်ဖြစ်ပေါ်မှုမျှ လူသား၏ အလိုဆန္ဒအပေါ် မူတည်ခြင်းမဟုတ်ပေ။ မည်သူမျှ ဆန္ဒရှိရုံဖြင့် ဖြစ်ရပ်တစ်ခုကို ချုပ်ကိုင်နိုင်ခြင်းမျိုးမရှိပေ။ ဘုရားသခင်သည် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံး ဖြစ်ပေါ်ခြင်း၊ ကြီးထွားခြင်း၊ ပြောင်းလဲခြင်းတို့နှင့် သက်ဆိုင်သော ဖြစ်စဉ်တစ်ခုလုံးကို နောက်ဆုံးရလဒ်သို့ ရောက်ရှိသည်အထိ အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်။ သင်သည် ဤအရာကို မယုံကြည်လျှင် ငါ ပြောခဲ့သည့် စကားများ၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကြုံတွေ့ပြီး ကြည့်ရှုလေ့လာဖို့ ကြိုးစားလော့။ ငါပြောသည့်အရာက မှန်မမှန် ကြည့်ရှုလော့။ သင်တို့ ယုံကြည်သည့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်က မှန်ကန်သလော၊ သို့မဟုတ် “ဘုရားသခင်သည် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံး ဖြစ်ပေါ်ခြင်း၊ ကြီးထွားခြင်းကို နောက်ဆုံးရလဒ်သို့ ရောက်ရှိသည်အထိ အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်” ဆိုသည့် အဆိုအမိန့်က မှန်ကန်သလော ဆိုသည်ကို ကြည့်လော့။ ဤအဆိုအမိန့်နှစ်ခုတွင် မည်သည့်အဆိုအမိန့်က မှန်ကန်သည်ကိုလည်းကောင်း၊ မည်သည့်တစ်ခုက အမှန်တရားများနှင့် ကိုက်ညီသည်ကိုလည်းကောင်း၊ မည်သည့်တစ်ခုက လူတို့အား တည်ဆောက်စရာဖြစ်စေပြီး အကျိုးဖြစ်စေသည်ကိုလည်းကောင်း၊ မည်သည့်တစ်ခုက လူတို့အား ဘုရားသခင်ကို သိမြင်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိစေရန် ပြုလုပ်ပေးသည်ကိုလည်းကောင်း ကြည့်ရှုလော့။ သင်သည် ဘုရားသခင်က အရာရာကို အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည်ဆိုသည့် အမြင်နှင့် သဘောထားဖြင့် သင့်အနီးတွင် ဖြစ်ပျက်သည့် အရာရာတိုင်းကို တွေ့ကြုံခံစားသောအခါ၌ အမှုအရာများအပေါ် သင်၏ အမြင်နှင့် ရှုထောင့်သည် လုံးဝ ကွဲပြားလိမ့်မည်။ သင်သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ဆိုရိုးစကား၏ ရှုထောင့်မှနေ၍ အမှုကိစ္စများ၊ အကြောင်းအရာများအား ရှုမြင်ခြင်းကို ဖက်တွယ်ထားပါက လျှော့၍ ပြောရလျှင် သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားအလိုတော်ကို ရှာဖွေမည့်အစား မှန်ခြင်း၊ မှားခြင်းနှင့်ပတ်သက်သော အယူအဆအားဖြင့် မရည်ရွယ်ဘဲ အလိုလို ရောထွေးငြိစွန်းကာ လူတို့အား တာဝန်ခံခိုင်းဖို့ ကြိုးစားမည်ဖြစ်ပြီး အမျိုးမျိုးသော ဖြစ်ရပ်များ၏ အကြောင်းရင်းများကိုလည်းကောင်း၊ မတူညီသော အမှုကိစ္စများတွင် ကောင်းကျိုးမပေးသော အကျိုးဆက်များဖြစ်စေသည့် အချက်အလက်များကိုလည်းကောင်း ပိုင်းခြားစိစစ်လိမ့်မည်ဖြစ်ကာ ထိုသို့သော အရာများကို လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ဆိုရိုးစကားကို သင်ယုံကြည်လေလေ၊ မယုံကြည်သူများ၏ အမြင်များက သင့်အပေါ် ကြီးစိုးလေလေဖြစ်မည်။ သင် တွေ့ကြုံရသည့် အရာရာတိုင်း၏ နောက်ဆုံးရလဒ်များသည် သမ္မာတရားနှင့် ပို၍ ဆန့်ကျင်လာလိမ့်မည်။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အယူဝါဒတစ်ခု၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခုသာ ဖြစ်လိမ့်မည်။ ဤအခြေအနေတွင် သင်သည် လုံးဝ မယုံကြည်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ တစ်နည်းအားဖြင့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်ကို သင်ယုံကြည်လေလေ၊ သင်သည် မယုံကြည်သူတစ်ယောက် ဖြစ်သည်ဆိုသည်ကို သက်သေပြလေလေ ဖြစ်လိမ့်မည်။ သင်၏ စိတ်နှလုံး၌ ဘုရားသခင်မရှိလျှင်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော် မရှိလျှင်၊ သင်သည် ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရား၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို တစ်ခုမျှ လုံးဝ အသိအမှတ်မပြုလျှင်၊ သို့မဟုတ် လက်မခံလျှင်၊ ယင်းတို့သည် သင်၏ စိတ်နှလုံးတွင် လုံးဝ နေရာမရှိလျှင် သင်၏ ဝိညာဉ်အတွင်းပိုင်းကို စာတန်က လုံးဝ နေရာယူပြီးဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်နှင့် ရုပ်ဝါဒ၏ အတွေးများ၊ အယူအဆများဖြင့် ပြည့်နေပြီဖြစ်သည်။ ဤအရာအားလုံးမှာ စာတန်နတ်ဆိုး၏ မုသားများဖြစ်သည်။ သင်သည် သင့်မျက်စိဖြင့် မြင်ရသော အချက်အလက်အားလုံးကို ယုံကြည်သော်လည်း စကြဝဠာတွင်ရှိသော အရာရာတိုင်းအား အုပ်စိုးသူ၊ မည်သူကမျှ မမြင်နိုင်သောသူ အမှန်တကယ် တည်ရှိသည်ကိုမူ သင်မယုံကြည်ပေ။ သင်သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ရှုထောင့်မှနေ၍ အရာရာတိုင်းကို ရှုမြင်လျှင် သင်သည် စာတန်နှင့် ရုပ်ဝါဒီများဖြင့် လုံးဝ မကွာခြားပေ။ “ကမ္ဘာလောကရှိ အရာရာတိုင်းကို ဘုရားသခင်က အုပ်စိုးပြီး စီမံသည်” ဆိုသည့် ရှုထောင့်မှနေ၍ အရာရာတိုင်းကို သင် ရှုမြင်လျှင် သင်သည် အချို့သောအရာများကို ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်သော်လည်း သင့်အနီးတွင် ဖြစ်ပျက်နေသော သင်မြင်သည့် အသေးစိတ် ဖြစ်ရပ်များအတွက် အဖြေများကို ရှာဖွေနိုင်မည်။ အမှုကိစ္စ၏ အရင်းအမြစ်ကို ရှာဖွေနိုင်မည်။ ပြဿနာ၏ အနှစ်သာရနှင့် အမှန်တရားကို ဘုရားနှုတ်ကပတ်တော်အတွင်းတွင် ရှာဖွေနိုင်မည်။ မည်သူက မှန်သည်၊ မည်သူက မှားသည်ဆိုသည်ကို သင်စုံစမ်းမေးမြန်းမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်အား တာဝန်ခံခိုင်းရန်အတွက်သာ ကြိုးစားမည်မဟုတ်ပေ။ ထိုအစား သင်သည် အမှုကိစ္စကို ဘုရားနှုတ်ကပတ်တော်ဖြင့် ယှဉ်ကြည့်နိုင်လိမ့်မည်။ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေနိုင်မည်။ ပြဿနာ၏ အဓိကအချက်ကို ခွဲခြားဖော်ထုတ်နိုင်မည်။ ပြီးလျှင် လူတို့သည် မည်သည့်နေရာတွင် ပျက်ကွက်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့်နေရာတွင် အားနည်းသည်ကိုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့သည် မည်သို့ ပုန်ကန်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် အမှုကိစ္စတစ်ခုလုံးတွင် မည်သည့်ကဏ္ဍများ၌ ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည်ကိုလည်းကောင်း သင် စူးစမ်းရှာဖွေလိမ့်မည်။ သင်သည် ဤအရာများကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်များက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့၌ မည်သည့်အရာကို သူ ရရှိလိုသည်ကိုလည်းကောင်း၊ မည်သည့်ရလဒ်မျိုးကို သူ ရယူလိုသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူတို့အား မည်သည့် အကျိုးအမြတ်များအား ရရှိစေလိုသည်ကိုလည်းကောင်း၊ လူတို့ လိုက်နာသင့်သည့် စည်းမျဉ်းများကိုလည်းကောင်း ရှာဖွေနိုင်လိမ့်မည်။ သင်သည် ဤရှုထောင့်များမှနေ၍ အသေးစိတ် ဖြစ်ရပ်တစ်ခုကို ပိုင်းခြားသိမြင်ပြီး ကြည့်ရှုသောအခါတွင် သင်၏ အတွင်းပိုင်း စိတ်အခြေအနေသည် ပြောင်းလဲလိမ့်မည်။ အမှုအရာများအပေါ် သင်၏ အမြင်ရှုထောင့်သည် သင်ကိုယ်တိုင် သတိမထားမိဘဲ ဘုရားနှုတ်ကပတ်တော်များက လမ်းပြခြင်း၊ ညွှန်ကြားခြင်းကို ခံရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်တွင်ရှိသော ဉာဏ်အလင်းဖွင့်ပြမှုနှင့် ဦးတည်ချက်တို့အပြင် သင့်အပေါ်သို့ ဤသို့သော ကိစ္စများ ကျရောက်သောအခါ၌ သင်လိုက်နာပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားစည်းမျဉ်းများကိုပါ သတိမထားမိဘဲ သင်ရရှိလိမ့်မည်။ ဤသမ္မာတရား စည်းမျဉ်းများအတွင်းသို့ သင် အမှန်တကယ် ဝင်ရောက်သောအခါ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း၊ အားကိုးခြင်းရှိလိမ့်မည်။ သင်သည် ရိုးသားစစ်မှန်စွာ ဆုတောင်းပြီး အသနားခံလိမ့်မည်။ သင့်တွင် စစ်မှန်သော နာခံခြင်းရှိမည်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ဤအရာ၏ အဆုံးစွန်ရလဒ်မှာ အဘယ်သို့ ဖြစ်မည်နည်း။ ဖြစ်ရပ်တစ်လျှောက်လုံးတွင် သင်သည် အမှုကိစ္စ၏ အမှန်တရားကို ရှင်းလင်းစွာ မြင်လိမ့်မည်။ သင်ခန်းစာများ သင်ယူရလိမ့်မည်။ သင့်အပေါ်သို့ ကျရောက်သောအရာရာတိုင်းကို မှန်ကန်စွာ နားလည်နိုင်မည်။ ယင်းတို့သည် ဘုရားသခင်၏ အစီအစဉ်များမှ လာသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ စေတနာ ပါဝင်သည်ကိုလည်းကောင်း သင် မြင်နိုင်လိမ့်မည်။ ဤသို့ဖြင့် လူတို့ မကြာခဏပြောသကဲ့သို့ပင် “အဆိုးထဲမှ အကောင်းကို” ရရှိလိမ့်မည်။ သင်သည် လူတို့က ရှုတ်ချသော၊ ရွံမုန်းသော၊ မုန်းတီးသော ဖြစ်ရပ်တိုင်းကို အပြုသဘောဆောင်သောအရာတစ်ခုအဖြစ် အလိုအလျောက် မှတ်ယူနိုင်လိမ့်မည်။ ဘုရားသခင်က အုပ်စိုးပြီး စီစဉ်သည်ကို၊ ဘုရားသခင်ဆီမှ လက်ခံသင့်သည်ကို သင်အသိအမှတ်ပြုနိုင်လိမ့်မည်။ ဘုရားသခင်၏ အပင်ပန်းခံ အားစိုက်မှု၊ သူ၏ အလိုတော်နှင့် မျှော်လင့်ချက်များပါဝင်သော အရာတစ်ခုအဖြစ် သင် မြင်လိမ့်မည်။ ဤအရာကို ကြုံတွေ့သည့် ဖြစ်စဉ်တွင် ကိစ္စတစ်ခုလုံးကို စီစဉ်ညွှန်ကြားရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များက အဘယ်သို့ ရှိသည်ကို သင်ကိုယ်တိုင် သတိမထားမိဘဲ နားလည်လာလိမ့်မည်။ သင်ကိုယ်တိုင် သတိမထားမိဘဲ သင်သည် ဘုရားအလိုတော်ကို နားလည် သဘောပေါက်လိမ့်မည်။ ဤသို့ ဖြစ်သည်နှင့် သင်သည် ဤအရာအတွင်းရှိ သမ္မာတရားများကို အမှတ်တမဲ့ နားလည်လာလိမ့်မည်။ ပြီးလျှင် သင်သည် ဖြစ်ရပ်တစ်ခုလုံးတွင် ပါဝင်သော လူများ၊ အမှုအရာများအားလုံးကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ သင်သည် ဖြစ်ရပ်တစ်လျှောက်လုံးတွင် “ကမ္ဘာလောကရှိ အရာရာတိုင်းကို ဘုရားသခင်က အုပ်စိုးပြီး စီမံသည်” ဆိုသည့် အမြင်ရှုထောင့်မှနေ၍ ပြဿနာကို ရှုမြင်လျှင် သင်သည် ယင်းမှနေ၍ များစွာ ရရှိလိမ့်မည်။ သမ္မာတရားကို သင်ရရှိလိမ့်မည်။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုကို ရရှိလိမ့်မည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်လိမ့်မည်။ ဤအမှုကိစ္စတွင်ရှိသော ဘုရားသခင်၏ အလိုတော်နှင့် ကောင်းသော ရည်ရွယ်ချက်တို့ကို သင်နားလည်လိမ့်မည်။ ယခင်က သင်၏ အသိစိတ်ထဲတွင်သာ တည်ရှိနေသော “ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသည်” ဆိုသည့် စကားအပေါ် နားလည်မှုနှင့် အတွေ့အကြုံကိုလည်း ရရှိမည်မှာ ပြောစရာမလိုပေ။ သင်သည် ဖြစ်ရပ်တစ်လျှောက်လုံးတွင် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ရှုထောင့်မှနေ၍ ပြဿနာကို ကြည့်လျှင် သင်သည် ညည်းညူလိမ့်မည်။ ဘုရားသခင်အား လျစ်လျူရှုမည်။ ဘုရားသခင်သည် အလွန်ဝေးကွာပြီး မရေမရာဖြစ်သည်ဟု ခံစားရမည်။ “ဘုရားသခင်” ဆိုသည့် စကားလုံး၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်နှင့် ပတ်သက်သော အရာရာတိုင်းသည် အလွန်ဝေးကွာပြီး အနှစ်မဲ့လိမ့်မည်။ ဖြစ်ရပ်တစ်ခုလုံး၏ ဖြစ်ပေါ်ခြင်း၊ ကြီးထွားခြင်း၊ ရလဒ်တို့အားလုံးသည် လူသား၏ ခြယ်လှယ်မှုများအပေါ်တွင် မူတည်သည်၊ လူသားနှင့်ပတ်သက်သည့် အကြောင်းရင်းများ စိမ့်ဝင်ပျံ့နှံ့နေသည်ဟု သင် ယုံကြည်လိမ့်မည်။ ထို့ကြောင့် သင်သည် ဤအမှုကိစ္စများကို အဆက်မပြတ် တွေးတောပြီး “ဤအဆင့်တွင် မည်သူက အမှားပြုလုပ်သနည်း။ ထိုအဆင့်တွင် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေါ်ရန် မည်သူက ပေါ့ဆစွာ ဖြစ်စေခဲ့သနည်း။ မည်သူက ဤအဆင့်ကို ကြားဖြတ်နှောင့်ယှက်ပြီး ပျက်စီးစေခဲ့သနည်း။ ထိုသူသည် သေချာပေါက် ပြန်ပေးဆပ်ရရန်အတွက် ငါလုပ်ဆောင်မည်” ဟူ၍ စဉ်းစားလိမ့်မည်။ သင်သည် လူပုဂ္ဂိုလ်များနှင့် အမှုအရာများအပေါ် စိတ်စွဲနေပြီး မှန်ခြင်း၊ မှားခြင်းနယ်ပယ်တွင် စဉ်ဆက်မပြတ် အသက်ရှင်နေလိမ့်မည်။ ထိုစဉ်တွင် ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရား၊ တာဝန်ရှိသောအရာများ၊ တာဝန်များနှင့် ဖန်ဆင်းခံများ ဖြည့်ဆည်းသင့်သည့် ဝတ္တရားများ၊ သင် ထိန်းသိမ်းသင့်သည့် အမြင်များ၊ ရပ်တည်ချက်များကို လုံးဝ လျစ်လျူရှုထားလိမ့်မည်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးထဲတွင် လုံးဝ နေရာရှိမည်မဟုတ်တော့ပေ။ ဖြစ်ရပ်၏ ဖြစ်စဉ်တစ်လျှောက်လုံးတွင် သင်နှင့် ဘုရားသခင်ကြား၌ ဆက်ဆံရေး ရှိမည်မဟုတ်သကဲ့သို့ သင်နှင့် ဘုရားနှုတ်ကပတ်တော်ကြားတွင်လည်း အဆက်အစပ်ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ သင်သည် အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ လူများ၊ အမှုအရာများအပေါ်သာ စိတ်စွဲနေလိမ့်မည်။ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် စကားတစ်လုံးမျှ ထုတ်ပြောနိုင်မည်မဟုတ်ပေ၊ သို့မဟုတ် အမှုကိစ္စကို ယှဉ်ကြည့်ရန်အတွက် ဘုရားသခင်ဆီမှလာသော သမ္မာတရား၏ အဆိုအမိန့်တစ်ခုကို ထုတ်ပြောနိုင်မည်မဟုတ်။ အခြေအနေကို ပိုင်းခြားစိစစ်ရန် အခြေပြုချက်အဖြစ် ယင်းကို သင်အသုံးပြုနိုင်မည်မဟုတ်ပေ။ အခြေအနေမှနေ၍ သင်ခန်းစာများ ရမည်မဟုတ်သကဲ့သို့ ပိုင်းခြားသိမြင်မှုကိုလည်း ရမည်မဟုတ်ပေ။ သင်၏ ယုံကြည်ခြင်းသည် ပို၍ ခိုင်မာမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်အား သိလာမည်မဟုတ်ပေ။ ဤမည်သည့်အရာကိုမျှ သင်လုပ်ဆောင်မည်မဟုတ်ပေ။ ဖြစ်ရပ်တစ်လျှောက်လုံးတွင် သင်သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် လူသိများသော ဆိုရိုးစကားကို ဖက်တွယ်ထားလိမ့်မည်။ ဤသည်မှာ ပို၍ အတိအကျဆိုရလျှင် မယုံကြည်သူများ၏ ငြင်းခုံမှုနှင့် အမြင်တစ်ခုဖြစ်သည်။ အပြန်အလှန်အားဖြင့် သင်သည် ဖြစ်ရပ်၏ အစမှနေ၍ မည်သူတစ်ဦးတစ်ယောက်က မှန်သည်၊ မှားသည်ကို မစစ်ဆေးဘဲ၊ မည်သူ့ကိုမျှ၊ သို့မဟုတ် မည်သည့်အရာကိုမျှ အလွန်အကျွံ မစိစစ်ဘဲ၊ လူများ၊ အမှုအရာများအပေါ် စိတ်စွဲခြင်းမရှိဘဲ ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှနေ၍ လက်ခံနိုင်သည် ဆိုပါစို့။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၌ အဖြေများကို တက်ကြွစွာ ရှာဖွေသည်၊ ဘုရားသခင်ထံ ဆုတောင်းပြီး အမှီပြုရန်အတွက် ဘုရားရှေ့သို့ တက်ကြွစွာလာသည်၊ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို ရှာဖွေကာ ဘုရားသခင်အား အလုပ်လုပ်ပြီး စီစဉ်ညွှန်ကြားခွင့်ပေးသည်ဆိုပါစို့။ သင်၏ သဘောထားသည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း၊ နာခံခြင်း၊ သမ္မာတရားအား ဆာငတ်ခြင်း၊ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည် ဆိုပါစို့။ ယင်းသည် မယုံကြည်သူတစ်ယောက်၏ အမြင်နှင့် သဘောထားမဟုတ်ဘဲ ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်တစ်ဦး ရှိသင့်သည့် အမြင်နှင့် ရပ်တည်ချက်ဖြစ်သည်ဆိုပါစို့။ ဤသို့သော အမြင်နှင့် ရပ်တည်ချက်ရှိလျှင် သင်သည် ယခင်က လုံးဝ မတွေ့ကြုံခဲ့ဖူးသည့်အရာကို သင်ကိုယ်တိုင်မသိဘဲ ရရှိလိမ့်မည်။ ယင်းသည် ယခင်က သင်မပိုင်ဆိုင်ခဲ့သည့် သမ္မာတရား၏ စစ်မှန်မှုများဖြစ်သည်။ အမှန်တကယ်တွင် သမ္မာတရား၏ စစ်မှန်မှုများသည် ဖြစ်ရပ်တစ်ခုလုံးတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာမှတစ်ဆင့် ဘုရားသခင်က သင့်အား ရရှိပြီး ရယူစေလိုသည့် အကျိုးသက်ရောက်မှုများဖြစ်သည်။ ဘုရားသခင်က သူရရှိရန် ရည်ရွယ်ထားသည့်အရာကို ဖြစ်မြောက်လျှင် သူသည် သင့်အပေါ်တွင် သူဆန္ဒရှိသော အကျိုးသက်ရောက်မှုများကို ရရှိပြီးလိမ့်မည်ဖြစ်သောကြောင့် အချည်းနှီးလုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်မဟုတ်ပေ။ ဤ အကျိုးသက်ရောက်မှုများမှာ အဘယ်နည်း။ ဘုရားသခင်က သင့်အား အမှန်တကယ်တွင် မည်သို့ ဖြစ်ပျက်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကမျှ ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်၊ လူတို့ကြောင့် ဖြစ်ခြင်းလည်းမဟုတ်ဘဲ ဘုရားသခင်က ချုပ်ကိုင်ခြင်းဖြစ်သည်ကိုလည်းကောင်း မြင်တွေ့စေလိုသည်။ ဘုရားသခင်က သင့်အား သူ၏ စစ်မှန်သော ဖြစ်တည်မှုကို တွေ့ကြုံစေလိုပြီး အရာအားလုံး၏ ကံကြမ္မာအပေါ် သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုတို့၏ အမှန်တရားကို နားလည်စေလိုသည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး အနှစ်မရှိသော ဖော်ပြချက်တစ်ခုမဟုတ်ဆိုသည်ကို နားလည်စေလိုသည်။

ဘုရားသခင်သည် အရာရာတိုင်းကို အုပ်စိုးပြီး အရာအားလုံး၏ ကံကြမ္မာအား စီစဉ်ညွှန်ကြားသည်ဆိုသည့်အချက်ကို သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင် အမှန်တကယ် သဘောပေါက်လျှင် “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” (ယောဘ ဝတ္ထု ၄၂:၅-၆) ဟူ၍ ယောဘပြောခဲ့သကဲ့သို့သော စကားတစ်ခွန်းကို သင် ပြောဆိုနိုင်လိမ့်မည်။ ဤသည်မှာ ကောင်းသော စကားတစ်ခွန်း ဟုတ်သလော။ (ဟုတ်သည်။) ဤစကားကို ကြားရသည်မှာ အလွန်ကောင်းသည်။ စိတ်ခံစားဖွယ်ရာဖြစ်သည်။ ဤစကား၏ မှန်ကန်မှုကို သင်တို့ တွေ့ကြုံလိုသလော။ ယောဘက ဤစကားများကိုပြောသောအခါတွင် မည်သို့ ခံစားရသည်ကို သင်တို့ နားလည်လိုသလော။ (နားလည်လိုပါသည်။) ဤသည်မှာ သာမန်အလိုဆန္ဒတစ်ခုသာ ဖြစ်သလော၊ သို့မဟုတ် ပြင်းထန်သော ဆန္ဒတစ်ခုဖြစ်သလော။ (ပြင်းထန်သော ဆန္ဒတစ်ခုဖြစ်သည်။) အတိုချုပ်အားဖြင့်ဆိုလျှင် သင်တို့သည် ဤသို့သော စိတ်ခိုင်မာမှုနှင့် လိုအင်ဆန္ဒ အမှန်ပင်ရှိသည်။ ဤသို့ဆိုလျှင် ဤအလိုဆန္ဒကို မည်သို့ ဖြည့်ဆည်းနိုင်သနည်း။ ယခင်က ငါပြောခဲ့သကဲ့သို့ပင် ဖြစ်သည်။ သင်သည် ဖန်ဆင်းခံ၏ အမြင်ရှုထောင့်မှ ရပ်တည်ဖို့လိုသည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသူဖြစ်ကြောင်း၊ အရာရာတိုင်းကို သူက ထိန်းချုပ်ပြီး စီစဉ်ညွှန်ကြားကြောင်းကို အသိအမှတ်ပြုသည့် ရှုထောင့်မှတစ်ဆင့် သင့်အပေါ်သို့ ကျရောက်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံးအား ချဉ်းကပ်ဖို့ လိုသည်။ ယင်းထံမှ သင်ခန်းစာများကို သင်ယူရမည်။ ဘုရားသခင်လုပ်ဆောင်သမျှ အရာရာတိုင်း၌ ဘုရားအလိုတော်ကို နားလည်ရမည်။ သင့်၌ ဘုရားသခင်က ရရှိပြီး ဖြစ်မြောက်လိုသည့်အရာကို သိမြင်ရမည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် မကြာသော တစ်နေ့တွင်၊ အလွန်ဝေးကွာခြင်း မရှိသော နောင်အချိန်ကာလတွင် ယောဘက ထိုစကားများကို ဖွင့်ဟပြောကြားသောအခါ ခံစားခဲ့ရသကဲ့သို့ သင် ခံစားရလိမ့်မည်။ ယောဘက ထိုစကားများကို ပြောသောအခါတွင် သူခံစားရသည့်ပုံစံကို သင်တို့ အမှန်တကယ် တွေ့ကြုံခံစားလိုသည်ဟု သင်တို့ ပြောသည်ကို ငါကြားသောအခါ လူ ၉၉ ရာခိုင်နှုန်းကျော်သည် ယခင်က ဤသို့သော ခံစားချက်မျိုးကို လုံးဝ မတွေ့ကြုံခဲ့ဖူးသည်ကို ငါသိသည်။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယောဘကဲ့သို့ ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှ လုံးဝ ရပ်တည်ခြင်းမရှိခဲ့ဘဲ ဖန်ဆင်းရှင်သည် အရာအားလုံးကို အုပ်စိုးပြီး အရာရာတိုင်းကို အုပ်ချုပ်သည်ဆိုသည့် အချက်ကို မတွေ့ကြုံခဲ့ရသောကြောင့်ဖြစ်သည်။ ဤအရာအားလုံးသည် လူသား၏ မသိနားမလည်မှု၊ မိုက်မဲမှု၊ ပုန်ကန်မှု၊ ထို့အပြင် စာတန်ကြောင့်ဖြစ်သော လှည့်စားမှု၊ ဖောက်ပြန်ပျက်စီးမှုတို့ကြောင့်ဖြစ်သည်။ ဤအရာကြောင့် လူတို့သည် ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သမျှ အရာရာတိုင်းကို တမင်တကာမဟုတ်ဘဲ မယုံကြည်သူတစ်ယောက်၏ ရှုထောင့်မှနေ၍ အကဲဖြတ်ပြီး ချဉ်းကပ်ခြင်းတို့ ဖြစ်စေကာ မယုံကြည်သူများက အသုံးပြုလေ့ရှိသည့် နည်းလမ်းနှင့် သဘောတရားဆိုင်ရာ အခြေပြုချက်အချို့ကို အသုံးပြုလျက် ၎င်းတို့အနီးတွင် ဖြစ်ပျက်သောအရာရာတိုင်းကို ခွဲခြားဖော်ထုတ်ပြီး ချဉ်းကပ်သည်အထိပင် ဖြစ်စေသည်။ အဆုံး၌ ၎င်းတို့၏ ကောက်ချက်ချမှုမှာ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ အချို့မှာ သမ္မာတရားနှင့်ပင် ဆန့်ကျင်သည်။ ဤသည်မှာ လူတို့အား ရေရှည်တွင် ဖန်ဆင်းရှင်က အရာအားလုံးကို အုပ်စိုးပြီး ထိန်းချုပ်သည့် အချက်နှင့် ယောဘက ထိုစကားများကို ဖွင့်ဟပြောဆိုသောအခါ၌ သူဖြစ်ခဲ့သော ခံစားချက်တို့အား တွေကြုံခြင်းမရှိစေရန် တားဆီးသည်။ သင်သည် ယောဘနှင့် ဆင်တူသော စမ်းသပ်မှုများကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဖြတ်သန်းပြီးဖြစ်လျှင်လည်းကောင်း၊ ဘုရားသခင်၏ လက်က အလုပ်လုပ်ခြင်းနှင့် ထိုအရာများတစ်လျှောက် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်သော အမှန်တရားကို သင်ခံစားပြီးဖြစ်လျှင်လည်းကောင်း၊ ဤအမှုကိစ္စများအား အုပ်စိုးပြီး စီစဉ်ညွှန်ကြားရာတွင် ဘုရားသခင်၏ အသေးစိတ် ရည်ရွယ်ချက်များ၊ ထို့အပြင် လူတို့လိုက်လျှောက်သင့်သည့်နည်းလမ်းတို့ကိုလည်း သင်သိမြင်လျှင်လည်းကောင်း အဆုံး၌ သင်သည် ဖြစ်ရပ်များတစ်လျှောက်လုံး၌ သင့်တွင် ဘုရားသခင် ရရှိလိုသော အပြုသဘောဆောင်သည့် သက်ရောက်မှုများ၊ သင့်အတွက် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်နှင့် မျှော်လင့်ချက်များအပြင် အခြားသောအရာများကို သင် တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာအားလုံးကို သင် တွေ့ကြုံလိမ့်မည်။ ဤအရာအားလုံးကို တွေ့ကြုံသောအခါ၌ ဘုရားသခင်သည် သမ္မာတရားကို ပြောဆိုနိုင်ပြီး သင့်အား အသက်ဖြင့် ပံ့ပိုးပေးနိုင်သည်ဆိုသည်ကိုသာ သင်ယုံကြည်မည်မဟုတ်တော့ဘဲ ဖန်ဆင်းရှင်သည် အမှန်ပင် တည်ရှိသည်ဆိုသည်ကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့် နည်းဖြင့် သင်သဘောပေါက်လိမ့်မည်။ ဖန်ဆင်းရှင်သည် အရာအားလုံးကို ဖန်ဆင်းပြီး အုပ်စိုးသည်ဆိုသည့်အချက်ကိုလည်း သင်သဘောပေါက်လိမ့်မည်။ ဤအရာအားလုံးကို သင်တွေ့ကြုံလျက်ရှိစဉ်တွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် ဖန်ဆင်းရှင်အပေါ် သင်၏ ယုံကြည်ခြင်းသည် တိုးပွားလိမ့်မည်။ တစ်ချိန်တည်းတွင် သင်သည် ဖန်ဆင်းရှင်နှင့် စစ်မှန်သော နည်းဖြင့် ဆက်ဆံခဲ့သည်ဆိုသည့်အချက်ကို ဤအရာက သင့်အား သဘောပေါက်စေမည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှု၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်စိတ်ချမှု၊ ဘုရားသခင်နောက်သို့ သင်လိုက်လျှောက်သည့်ပုံစံနှင့် ဘုရားသခင်သည် အရာရာတိုင်းကို အုပ်စိုးပြီး နေရာတိုင်းတွင်ရှိသည်ဆိုသည့်အချက်တို့ကိုပါ အသေအချာ အပြည့်အဝ အတည်ပြုလိမ့်မည်။ ဤအတည်ပြုချက်နှင့် သဘောပေါက်မှုကို ရရှိသောအခါတွင် သင်တို့၏ စိတ်နှလုံးသည် ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်နေမည်ဟု ထင်သလော၊ သို့မဟုတ် နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပြည့်နေမည်ဟု ထင်သလော။ (ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်မည်။) အသေအချာပင် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းဖြစ်မည်။ သင်သည် ယခင်က နာကျင်မှုနှင့် ဝမ်းနည်းမှုကို မည်မျှ တွေ့ကြုံရပါစေ မီးခိုးငွေ့ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။ သင်၏ စိတ်နှလုံးက ဝမ်းမြောက်ခြင်းဖြင့် လှုပ်ခါနေလိမ့်မည်။ သင်သည် ပျော်ရွှင်မြူးထူးပြီး ပျော်ရွှင်မှုဖြင့် ခုန်ပေါက်နေလိမ့်မည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အမှန်တရားက သင့်၌ အမှန်တကယ် အတည်ပြုပြီး ကြုံတွေ့ပြီးဖြစ်သည်ကို သင်တွေ့မြင်သောအခါတွင် ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံခြင်း၊ ကြုံတွေ့ခြင်း၊ ဆက်ဆံခြင်းနှင့် ညီမျှသည်။ ထိုအချိန်တွင် သင်သည် ယောဘခံစားခဲ့ရသကဲ့သို့ ခံစားရမည်။ ထိုအချိန်တွင် ယောဘက မည်သို့ ပြောခဲ့သနည်း။ (“သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။”) ယောဘသည် ယခင်က သူ၏ မုန်းတီးမှုကို ဖော်ပြရန်အတွက် အပြင်ပန်းတွင် သူ့ကိုယ်သူရွံရှာပြီး နောင်တရသည့် အပြုအမူနှင့် လုပ်ရပ်များကို အသုံးပြုခဲ့သော်လည်း အမှန်တကယ်တွင် သူ၏ စိတ်နှလုံးအတွင်း၌ ဝမ်းမြောက်ပျော်ရွှင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ဖန်ဆင်းရှင်၏ မျက်နှာကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့သောကြောင့်၊ တေ့တေ့ဆိုင်ဆိုင် တွေ့ခဲ့ရသောကြောင့်၊ ဖြစ်ရပ်တစ်ခုတွင်၊ မထူးခြားသော၊ အမှုမဲ့အမှတ်မဲ့ဖြစ်သော ဖြစ်ရပ်တစ်ခုတွင် ဘုရားသခင်နှင့် ကြုံတွေ့ခဲ့သောကြောင့်ဖြစ်သည်။ ပြောလော့။ မည်သည့် ဖန်ဆင်းခံက၊ ဘုရားသခင်၏ မည်သည့်နောက်လိုက်က ဘုရားသခင်အား မြင်ရန် မတောင့်တသနည်း။ ဤသို့သော အခြေအနေဖြစ်သောအခါ၊ ဤသို့သောအရာ ဖြစ်ပျက်သောအခါ မည်သူက မပျော်ရွှင်ဘဲ နေမည်နည်း။ မည်သူက စိတ်မလှုပ်ရှားမည်နည်း။ မည်သူမဆို စိတ်လှုပ်ရှားလိမ့်မည်။ စိတ်လှုပ်ရှားပြီး ဝမ်းမြောက်လိမ့်မည်။ ၎င်းတို့ အသက်ရှင်သရွေ့ လုံးဝ မေ့မည်မဟုတ်သည့်အရာတစ်ခု ဖြစ်လိမ့်မည်။ သတိရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သည်။ စဉ်းစားကြည့်လော့။ ဤအရာတွင် အကျိုးအမြတ်များစွာ မရှိသလော။ နောင်ကာလတွင် သင်တို့သည် ဤခံစားချက်ကို အမှန်တကယ် တွေ့ကြုံမည်၊ ဤအတွေ့အကြုံမျိုးကို ပိုင်ဆိုင်မည်၊ ဤသို့သော ကြုံတွေ့မှုမျိုးရှိလိမ့်မည်ဟု ငါမျှော်လင့်သည်။ လူတစ်ယောက်သည် ဘုရားသခင်၏ မျက်နှာကို အမှန်တကယ် မြင်ပြီး ယောဘက ယေဟောဝါဘုရားသခင်ကို ကြုံတွေ့သောအခါ၌ သူခံစားရသည့် ခံစားချက်မျိုးကို စစ်မှန်စွာ တွေ့ကြုံခံစားနိုင်သောအခါ ယင်းသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာသည်။ ယင်းသည် အလွန်ပင် အံ့ချီးဖွယ်ရာတစ်ခုဖြစ်သည်။ လူတိုင်းက ဤသို့သော ရလဒ်နှင့် ဤသို့သော အခြေအနေကို စောင့်မျှော်ကြသည်။ လူတိုင်းက ယင်းကို တွေ့ကြုံပြီး ထိုကဲ့သို့သော တွေ့ကြုံမှုရှိဖို့ မျှော်လင့်ကြသည်။ သင့်တွင် ဤသို့သော မျှော်လင့်ချက်များရှိသောကြောင့် သင့်အနီးတွင် ဖြစ်ပျက်နေသော အရာရာတိုင်းကို တွေ့ကြုံခံစားစဉ်တွင် သင့်၌ မှန်ကန်သော အမြင်ရှုထောင့်နှင့် ရပ်တည်ချက်ရှိသင့်ပြီး ဘုရားသခင်က သွန်သင်ညွှန်ကြားသည့် ပုံစံအတိုင်း အရာရာကို တွေ့ကြုံပြီး နားလည်သဘောပေါက်သင့်သည်။ အရာရာတိုင်းကို ဘုရားသခင်ထံမှ လက်ခံရရှိရန်၊ သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ်ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ အရာရာတိုင်းကို ရှုမြင်ရန် သင်ယူသင့်သည်။ ဤသို့ဖြင့် သင်၏ ယုံကြည်ခြင်းသည် သင်ကိုယ်တိုင် သတိမထားမိဘဲ ပိုပို၍ ကြီးထွားလာလိမ့်မည်။ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး အရာရာတိုင်းကို အုပ်စိုးသည်ဆိုသည့်အချက်သည် တဖြည်းဖြည်းချင်းဖြင့် သင်၏ စိတ်နှလုံးတွင် ခိုင်မာစေပြီး မှန်ကန်ကြောင်း အတည်ပြုလိမ့်မည်။ ဤအရာအားလုံးသည် သင့်၌ အတည်ပြုသောအခါ သင်သည် သင်၏ ဝိညာဉ်ရင့်ကျက်မှု မကြီးထွားလာမည်ကို စိုးရိမ်ဦးမည်လော။ (မစိုးရိမ်ပါ။) သို့သော် ယခုတွင် သင်တို့အနေဖြင့် အနည်းငယ် စိုးရိမ်သည်မှာ သဘာဝကျသည်။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန်သေးငယ်ပြီး သင်တို့ ထိုးထွင်းမမြင်နိုင်သည့်အရာ များစွာရှိသောကြောင့် သင်တို့အနေဖြင့် မစိုးရိမ်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ သင်တို့ မရှောင်ကြဉ်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အတွင်းရှိ အသိပညာ၊ လူများ၊ စာတန်၊ လူ့အဖွဲ့အစည်း စသည်တို့ထံမှ လာသော အရာများစွာ ရှိသောကြောင့်ဖြစ်သည်။ ဤအရာများအားလုံးသည် ဘုရားသခင်အား လူတို့ ချဉ်းကပ်သည့် အမြင်များနှင့် အမျိုးမျိုးသော အရာများအား တွေ့ကြုံသောအခါ၌ ၎င်းတို့ ခံယူသင့်သော ရှုထောင့်နှင့် ရပ်တည်ချက်တို့အပေါ် အလွန်အမင်း လွှမ်းမိုးသည်။ ထို့ကြောင့် သင်တို့အပေါ်သို့ အမှုအရာများကျရောက်သောအခါ မှန်ကန်သော ရပ်တည်ချက်နှင့် အမြင်ရှုထောင့်ကို ခံယူနိုင်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ သင့်အနေဖြင့် အပြုသဘောဆောင်သော အရာများကိုသာမကဘဲ အပျက်သဘောဆောင်သောအရာများကိုပါ တွေ့ကြုံရန် လိုအပ်သည်။ ဤအပျက်သဘောဆောင်သောအရာများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ခြင်း၊ နားလည်ခြင်းအားဖြင့် သင်သည် သင်ခန်းစာများကို ပို၍ သင်ယူရရှိပြီး ဘုရားသခင်၏ လုပ်ဆောင်မှုများ၊ သူ၏ အတိုင်းအဆမရှိ တန်ခိုးရှိခြင်းနှင့် အရာအားလုံးကို အုပ်စိုးရာတွင်ရှိသော ဉာဏ်ပညာတို့ကို နားလည်လာလိမ့်မည်။

ယခုတွင် သင်တို့သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်သည် မမှန်ကန်ကြောင်းကို အပြည့်အဝ နားလည်သလော။ (နားလည်သည်။) ဤအဆိုအမိန့်နှင့်ပတ်သက်ပြီး မှန်ကန်သော ရှုထောင့်တစ်ခုခုရှိသလော။ ကျိုးကြောင်းညီညွတ်သော အရိပ်လက္ခဏာတစ်ခုခုရှိသလော။ (မရှိပါ။) လုံးဝ မရှိသလော။ (မရှိပါ။) လုံးဝ မရှိဟု နားလည်သည်မှာ မှန်ကန်သည်။ ဤသည်မှာ သဘောတရားဆိုင်ရာ နားလည်မှုဖြစ်သည်။ ဤသို့ဆိုလျှင် လက်တွေ့ဘဝတွင်၊ ကြည့်ရှုလေ့လာခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်သည် မှားယွင်းကာ အဓိပ္ပာယ်မရှိဘဲ မယုံကြည်သူ၏ အမြင်ဖြစ်သည်ဆိုသည်ကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ ဤအချက်ကို သင်ရှာဖွေတွေ့ရှိပြီး ဤအဆိုအမိန့်ရှိ အမှားကို ဖော်ပြဖို့ အချက်အလက်များကို အသုံးပြုနိုင်သည့်အခါတွင်၊ သင်သည် ယင်းကို အပြည့်အဝ စွန့်လွှတ်ပြီး ပယ်ရှားလိမ့်မည်။ ယင်းကို အသုံးပြုတော့မည်မဟုတ်ပေ။ သင်သည် ဤအဆင့်သို့ မရောက်သေးပေ။ ငါ ပြောခဲ့သည့်အရာကို သင်လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် သင်သည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ “ထိုအချိန်က 'အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်' ဆိုသည့် အဆိုအမိန့်နှင့် ပတ်သက်ပြီး မှန်ကန်သည့်အရာ လုံးဝမရှိဟု ငါထင်ခဲ့သည်။ ဤသို့ဆိုလျှင် ယင်းသည် အနည်းငယ်မှန်ကန်သည်ဟု ငါအဘယ်ကြောင့် ထင်သနည်း” ဟူ၍ ချင့်ချိန်တွေးတောလိမ့်မည်။ သင်သည် စိတ်အတွင်းတွင် အခက်တွေ့လာပြီး ဆန့်ကျင်ကွဲလွဲမှုများကို နောက်တစ်ဖန် တွေ့ကြုံရသည်။ ဤသို့ဆိုလျှင် မည်သို့ လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ သင်၏ အမြင်ကို ပြောင်းလဲဖို့ လိုသည်။ ဤအဆိုအမိန့်ကို ကိုင်စွဲထားခြင်းမှ အရင်းခံဖြစ်ပေါ်သော အတွေးအမြင်များကို စွန့်လွှတ်လော့။ ဤအဆိုအမိန့်မှ ဖြစ်ပေါ်သော လုပ်ဆောင်မှုများအားလုံးကို စွန့်လွှတ်လော့။ လူများ၊ သို့မဟုတ် အမှုအရာများအပေါ် အစွဲအလမ်းမထားနှင့်။ ရှေးဦးစွာ ဘုရားရှေ့သို့လာ၍ ဆုတောင်းလော့။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်အတွင်း၌ အခြေပြုချက်နှင့် စည်းမျဉ်းများကို ရှာဖွေလော့။ ရှာဖွေသည့် လုပ်ငန်းစဉ်တွင် သင်သည် သင်ကိုယ်တိုင်သတိမထားမိဘဲ ဉာဏ်အလင်းဖွင့်ပြမှုကို ရပြီး သမ္မာတရားကို နားလည်လာလိမ့်မည်။ စည်းမျဉ်းများကို သင့်ဘာသာ ရှာဖွေခြင်းသည် သင့်အတွက် ခက်ခဲနိုင်သည်။ ထို့ကြောင့် ဤအမှုကိစ္စတွင် ပါဝင်သောသူတိုင်းအား ခေါ်ပြီး ဘုရားနှုတ်ကပတ်တော်အတွင်းတွင် အခြေပြုချက်နှင့် သမ္မာတရားစည်းမျဉ်းများကို အတူတကွ ရှာဖွေလော့။ ထို့နောက် ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုလော့။ ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့လော့။ ပြီးလျှင် နှိုင်းယှဉ်ကြည့်ပြီး စစ်ဆေးလော့။ ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ကြည့်ပြီးနောက်တွင် မှန်ကန်သော အမြင်များကို လက်ခံပြီး မှားယွင်းသော အမြင်များကို အလိုအလျောက် စွန့်လွှတ်လိမ့်မည်။ ထိုအချိန်မှစ၍ ဤစည်းမျဉ်းများနှင့်အညီ ပြဿနာများကို ဖြေရှင်းပြီး ကိုင်တွယ်လော့။ ဤနည်းလမ်းက အဘယ်သို့ရှိသနည်း။ (ကောင်းသည်။) သမ္မာတရားအား ရှာဖွေခြင်း လုပ်ငန်းစဉ်တွင် သင်စွန့်ပစ်သင့်သည့်အရာမှာ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အမြင်မှ ဖြစ်ပေါ်သော လုပ်ဆောင်မှုများဖြစ်သည်။ ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်ကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်ကို အခြေခံကာ ပြဿနာများကို ဖြေရှင်းပြီး ကိုင်တွယ်လော့။ ဤနည်းဖြင့် သမ္မာတရားအား ရှာဖွေပြီး ပြဿနာများကို ဖြေရှင်းခြင်းအားဖြင့် သင်၏ မှားယွင်းသော အမြင်များ ပြေလည်သွားလိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများကို အခြေခံပြီး အမှုအရာများကို ကိုင်တွယ်လျှင် အမှုကိစ္စများကို ကိုင်တွယ်ရာ၌ သင်၏ ဦးတည်ချက်နှင့် နည်းလမ်းသည် လျော်ညီစွာ ပြောင်းလဲလိမ့်မည်။ ရလဒ်အနေဖြင့် အမှုကိစ္စ၏ ရလဒ်သည် ကောင်းသောဦးတည်ချက်သို့ သွားလိမ့်မည်။ သို့ရာတွင် ပြဿနာများကို ဖြေရှင်းပြီး အမှုအရာများကို ကိုင်တွယ်ရန်အတွက် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အမြင်ရှုထောင့်ကို အသုံးပြုခြင်းသည် ထိုပြဿနာများကို ဆိုးဝါးသော ဦးတည်ချက်သို့ ပြောင်းလဲသွားစေလိမ့်မည်။ ဥပမာ အသင်းတော်တွင် အန္တိခရစ်များက လူတို့ကို လှည့်စားသောအခါ လူတို့သည် သမ္မာတရားကို မရှာဘဲ လူများ၊ အမှုအရာများအပေါ်သာ စိတ်စွဲနေပြီး အမှန်၊ အမှားကို ဆွေးနွေးနေလျှင်၊ လူတို့အား တာဝန်ခံခိုင်းလျှင် နောက်ဆုံးရလဒ်သည် လူအနည်းငယ်အား ကိုင်တွယ်ဖြေရှင်းပြီး အမှုကိစ္စက ပြေလည်သွားပြီဟု သတ်မှတ်ခြင်းဖြစ်လိမ့်မည်။ လူအချို့က “ဆိုးဝါးသော ဦးတည်ချက်သို့ ပြောင်းလဲနေသည်ဟု ကိုယ်တော်က ပြောသည်၊ သို့သော် မည်သည့်ဆိုးဝါးသော ရလဒ်များကိုမျှ ကျွန်ုပ် မတွေ့ရ၊ အန္တိခရစ်များကို နှင်ထုတ်ပြီးဖြစ်သောကြောင့် ပြဿနာက မပြေလည်သွားသလော၊ ဤဆိုးဝါးသော ရလဒ်က မည်သည့်နေရာတွင်ရှိသနည်း” ဟူ၍ ဆိုနိုင်သည်။ ဤအတွေ့အကြုံမှတစ်ဆင့် လူတိုင်း သင်ခန်းစာရသလော။ ယင်းမှတစ်ဆင့် သမ္မာတရားကို နားလည်ကြသလော။ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့သည် ဘုရားအလိုတော်ကို နားလည်သလော။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်သဘောပေါက်ကြသလော။ ဤအပြုသဘောဆောင်သော သက်ရောက်မှုများ တစ်ခုမျှ မဖြစ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ လူတို့သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် ဆက်လက်အသက်ရှင်ပြီး တစ်ယောက်နှင့် တစ်ယောက် မယုံကြည်ဘဲ သတိထားကာကွယ်ကြသည်။ အချင်းချင်းအပေါ် တာဝန်များ လွှဲပြောင်းပေးကြသည်။ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းဖို့ကိုသာ ကြိုးစားကြသည်။ ၎င်းတို့သည် တာဝန်ယူခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ကြောက်ရွံ့သည်။ ၎င်းတို့သည် ဘုရားအလိုတော်ကို ရှာဖွေရန်မဆိုနှင့်၊ မည်သည့်သင်ခန်းစာကိုမျှပင် မသင်ယူသကဲ့သို့ ဘုရားသခင်ဆီမှ မည်သည့်အရာကိုမျှ လက်ခံရရှိခြင်းမရှိပေ။ လူတို့သည် ဤနည်းဖြင့် ဘဝတွင် ကြီးထွားတိုးတက်နိုင်သလော။ အဆုံးတွင် လူတို့သည် ၎င်းတို့၏ ခေါင်းဆောင်ရှေ့တွင် မည်သည့်အရာကို လုပ်ဆောင်၍ရသည်၊ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်၍မရ၊ ၎င်းတို့၏ ခေါင်းဆောင် ကျေနပ်စေဖို့ မည်သည့်အရာကို ပြောပြီး လုပ်ဆောင်ရမည်၊ ၎င်းတို့၏ ခေါင်းဆောင်ကို ၎င်းတို့အား မကျေမနပ်ဖြစ်စေပြီး မနှစ်သက်ရန်အတွက် မည်သည့်အရာကို ပြောပြီး လုပ်ဆောင်ရမည်ဆိုသည်တို့ကိုသာ သိသည်။ ရလဒ်အနေဖြင့် လူတို့သည် တစ်ယောက်နှင့် တစ်ယောက် သတိထားကာကွယ်ကြသည်။ မိမိတို့ကိုယ်ကို ဖုံးကွယ်ခြင်းကို ကျင့်သုံးပြီး အယောင်ဆောင်၍ ဟန်လုပ်ကြသည်။ မည်သူကမျှ ဖွင့်ပြောခြင်းမရှိ။ ဤသို့ ဟန်ပြလျက်၊ ကာကွယ်လျက်၊ အယောင်ဆောင်လျက်ဖြင့် လူတို့သည် ဘုရားရှေ့သို့ လာရောက်သလော။ မလာရောက်ပေ။ လူတို့သည် အမှုအရာများစွာကို ကြုံတွေ့ပြီးနောက်တွင် အခြေအနေများကို ရှောင်ကြဉ်တတ်လာသည်။ သူတစ်ပါးတို့နှင့် ဆက်ဆံရခြင်း၊ အမှုကိစ္စများအား ကြုံတွေ့ရခြင်းကို ကြောက်ရွံ့ကြသည်။ အဆုံးတွင် ၎င်းတို့သည် လုံးဝ သိုသိပ်ထားပြီး မည်သူ့ကိုမျှ ဖွင့်မပြောပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ ဘုရားသခင်အား ဤသို့ ယုံကြည်ခြင်းသည် ဆိုးယုတ်သော အတွေးအခေါ်တွင်သာ အခြေခံသည်။ ၎င်းတို့သည် အတွေ့အကြုံမည်မျှ ဖြတ်သန်းရပါစေ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ခါချဖို့ဝေးစွ မည်သည့်သင်ခန်းစာကိုမျှပင် မသင်ယူနိုင်၊ မိမိတို့ကိုယ်ကို မသိနိုင်ပေ။ ၎င်းတို့သည် ဤနည်းအားဖြင့် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သိနိုင်သလော။ စစ်မှန်သော နောင်တရနိုင်သလော။ မရနိုင်ပေ။ ထိုအစား ၎င်းတို့သည် သူတစ်ပါးတို့အား သတိထားကာကွယ်ရန်၊ မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ သူတစ်ပါးတို့၏ စကားများ၊ အမူအရာများကို သေချာ ကြည့်ရှုလေ့လာရန်၊ အခြေအနေအပေါ် မူတည်ပြီး လှုပ်ရှားရန် သင်ယူကြသည်။ ၎င်းတို့သည် လှည့်ကွက်များ အသုံးပြုပြီး ပို၍ ပါးနပ်လာရန်၊ ရန်ဖြစ်ခြင်း၊ စကားများခြင်းတို့ကို ပို၍ ကိုင်တွယ်နိုင်ရန် သင်ယူကြသည်။ ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ တာဝန်ယူခြင်းကို ရှောင်ရှားပြီး ထိုအစား သူတစ်ပါးတို့ထံ လွှဲပြောင်းပေးသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်၊ သူ၏ နှုတ်ကပတ်တော်နှင့်၊ သို့မဟုတ် သမ္မာတရားနှင့် ဆက်ဆံရေးလုံးဝ မရှိတော့ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ အဝေးသို့ ပိုပို၍သာ အလိုလိုရောက်သွားကြသည်။ ဤသည်မှာ ဆိုးဝါးသော ပြောင်းလဲဖြစ်ပေါ်မှု မဟုတ်သလော။ (ဟုတ်သည်။) ဤဆိုးဝါးသော ပြောင်းလဲဖြစ်ပေါ်မှုလမ်းကြောင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် အညီ အခြားလူများနှင့် အမှုအရာများကို ရှုမြင်လျှင်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်လျှင်၊ သမ္မာတရားအား ၎င်းတို့၏ စည်းမျဉ်းအဖြစ် မှတ်ယူလျှင်၊ ပြဿနာတစ်ခုကို ကြုံတွေ့သောအခါ အခြေခံအုတ်မြစ်တစ်ခုအဖြစ် ဘုရားနှုတ်ကပတ်တော်ကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်အတွင်း၌ အဖြေကိုရှာဖွေလျှင်၊ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် ပြဿနာ၏ အရင်းအမြစ်ကို ခွဲခြားဖော်ထုတ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်လျှင်၊ ပြဿနာ၊ အခက်အခဲအားလုံးကို ဖြေရှင်းရန်အတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုလျှင် လူတို့အား ဤအမှုကိစ္စများတွင် မနှောင့်နှေးစေရန်၊ အမှားမလုပ်မိစေရန်၊ ပိတ်မိမနေစေရန်အတွက် ဘုရားနှုတ်ကပတ်တော်က ရှေ့ဆက်ဖို့ လမ်းကြောင်းတစ်ခုကို ချပေးလိမ့်မည်။ အဆုံးတွင် ၎င်းတို့သည် ဤသို့သော အမှုကိစ္စမျိုးတွင် ဘုရားသခင် သတ်မှတ်သည့် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို နားလည်ပြီး လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ လူတိုင်းက အခက်အခဲများကို ရင်ဆိုင်ရသောအခါတွင် ဘုရားရှေ့သို့ လာပြီး အရာရာတိုင်းကို ဘုရားသခင်ထံမှ လက်ခံလျှင်၊ ဘုရားသခင်အား အမှီပြုရန် သင်ယူလျှင်၊ ရှာဖွေခြင်း လုပ်ငန်းစဉ်တွင် အခြေပြုချက်အဖြစ် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေလျှင် လူတို့သည် အချင်းချင်း သတိထားကာကွယ်ဦးမည်လော။ လူတစ်ဦးတလေက ပြဿနာ၏ အရင်းအမြစ်ကို မကိုင်တွယ်ဘဲ အမှန်နှင့် အမှားနောက်သို့ လိုက်ဦးမည်လော။ (လိုက်မည်မဟုတ်ပါ။) သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ဤသို့သော အမှုကိစ္စများနောက်သို့ လိုက်ဆဲဖြစ်သည့်သူရှိလျှင်ပင် သူသည် ပြင်ပလူဖြစ်ပြီး လူတိုင်းက ငြင်းပယ်ခြင်းကို ခံရသည်။ လူတို့သည် အမှုအရာများကို တွေ့ကြုံရသောအခါ ယင်းတို့ကို ဘုရားသခင်ထံမှ လက်ခံနိုင်လျှင် အခြေအနေသည် ကောင်းသောဦးတည်ချက်သို့ ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် နောက်ဆုံးတွင် ဘုရားနှုတ်ကပတ်တော်ကို နားလည်ကာ သိလာပြီး သမ္မာတရားကို ရရှိလိမ့်မည်။ လူတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရားဖြစ်ပြီး ၎င်းတို့ ရရှိသည့်အရာသည် သမ္မာတရားအား ရရှိခြင်းနှင့် ဘုရားသခင်အား သက်သေခံနိုင်ခြင်းဖြစ်သည့် မှန်ကန်သော ပန်းတိုင်ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်ခြင်းက တိုးပွားလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုက ကြီးထွားလိမ့်မည်။ ဘုရားသခင်အား ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လိမ့်မည်။ ဤသည်မှာ ကောင်းသောဦးတည်ချက် ဖြစ်ပေါ်ခြင်းမဟုတ်လော။ (ဟုတ်သည်။) ဤသို့ ရလဒ်များကို မည်သည့်အရာက ဖြစ်စေသနည်း။ အမှုကိစ္စတိုင်းတွင် လူတို့ ခံယူသည့် ရှုထောင့်နှင့် ရပ်တည်ချက်သည် မှန်ကန်ပြီး သမ္မာတရားနှင့် ညီသောကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ရိုးရှင်းပြီး တဲ့တိုးဆန်သော ဝေါဟာရဖြင့်ဆိုလျှင် ဤရှုထောင့်နှင့် ရပ်တည်ချက်သည် အမှုအရာများကို ဘုရားသခင်ထံမှ လက်ခံရရှိခြင်းကို ဆိုလိုသည်။ ယင်းသည် ကောင်းသောဦးတည်ချက်ဖြစ်ပေါ်ခြင်းနှင့် ကောင်းသော အဆင့်များ ဖြစ်ပေါ်ခြင်းကို အလိုအလျောက်ဖြစ်စေသည်။ ပြီးလျှင် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အားသိကျွမ်းသည့်ရလဒ်ကို အလိုအလျောက် ရရှိစေသည်။ သို့ရာတွင် လူတို့သည် အမှုအရာများကို ဘုရားသခင်ထံမှ လက်ခံရရှိခြင်းမရှိဘဲ လူသား၏ အတွေးအခေါ်နှင့် ဆိုးယုတ်သော အတွေးအခေါ်များမှတစ်ဆင့် အမှုအရာများကို ချဉ်းကပ်လျှင်၊ အမှုအရာများအား ရှုမြင်ရန် ဆိုးယုတ်သော အတွေးအခေါ်ကို အမှီပြုပြီး လူများ၊ အမှုအရာများအပေါ် စိတ်စွဲနေဆဲဖြစ်လျှင် ထွက်ပေါ်လာသည့်အရာရာတိုင်းသည် ဆိုးဝါးလိမ့်မည်။ အဆုံးစွန်သော အကျိုးဆက်မှာ မည်သူကမျှ သမ္မာတရားကို နားလည်ပြီး အကျိုးအမြတ်များ ရရှိမည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို မသိခြင်း၏ ရလဒ်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်အချို့တွင် တာဝန်ထမ်းဆောင်သော လူများကြား၌ သဟဇာတမဖြစ်သော အခြေအနေတစ်ခုရှိသည်။ ၎င်းတို့သည် အစဉ်သဖြင့် အချင်းချင်း သံသယရှိကြသည်။ တစ်ယောက်နှင့် တစ်ယောက် သတိထားကာကွယ်ကြသည်။ အချင်းချင်း အပြစ်တင်ကြသည်။ အချင်းချင်း ယှဉ်ပြိုင်ကြသည်။ အချင်းချင်း ငြင်းခုံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် လျှို့ဝှက်စွာဖြင့် တိုက်ခိုက်နေကြသည်။ ဤသည်မှာ တစ်ခုကို အတည်ပြုပေးသည်။ ဤအုပ်စုတွင် သမ္မာတရားကို ရှာဖွေသည့်သူမရှိပေ။ အမှုကိစ္စများနှင့် ရင်ဆိုင်ရသောအခါ ယင်းတို့ကို ဘုရားသခင်ထံမှ လက်ခံသောသူ မည်သူမျှ မရှိပေ။ ၎င်းတို့အားလုံးသည် မယုံကြည်သူများဖြစ်ပြီး သမ္မာတရားကို မလိုက်စားကြပေ။ အပြန်အလှန်အနေဖြင့် အချို့အသင်းတော်များတွင် ဝိညာဉ်ရင့်ကျက်မှုနည်းပါးပြီး သမ္မာတရားများစွာကို နားမလည်သော်လည်း အခြေအနေတိုင်းတွင် အမှုကိစ္စများကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဘုရားသခင်ထံမှ စစ်မှန်စွာ လက်ခံနိုင်ပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံနိုင်သော၊ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်သောသူအချို့ရှိသည်။ မိမိတို့တာဝန်ကို အတူတကွ ထမ်းဆောင်သော ဤလူများသည် တစ်ခါတစ်ရံတွင် အသေးအဖွဲကိစ္စများကို ငြင်းခုံခြင်း၊ စကားများခြင်း၊ ရန်ဖြစ်ခြင်းရှိသော်လည်း ၎င်းတို့တွင် မယုံကြည်သူများ၌ မတွေ့ရသော အခြေအနေတစ်ခုရှိသည်။ ၎င်းတို့သည် ကိစ္စတစ်ခုတလေကို လုပ်ဆောင်ရန် အတူတကွ စုစည်းကြသောအခါတွင် အထူးပင် သဟဇာတဖြစ်သည်။ မိသားစု၊ သို့မဟုတ် ဆွေမျိုးသားချင်းကဲ့သို့ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သဘောထားကွာဟမှုမရှိပေ။ ၎င်းတို့သည် ၎င်းတို့အလုပ်တွင် အတူတကွ စည်းလုံးကြသည်။ အနည်းဆုံးအနေဖြင့် ကြီးကြပ်ရေးမှူးများ၊ သို့မဟုတ် အဓိကကျသောသူအနည်းငယ်က ပြဿနာများကို တွေ့ကြုံသောအခါ၌ မှန်ကန်သောနည်းဖြင့် သမ္မာတရားကိုရှာပြီး အမှုအရာများကို ကိုင်တွယ်ပြီး “ဘုရားသခင်ထံမှ အရာရာတိုင်းအား လက်ခံခြင်း” စည်းမျဉ်းကို အကောင်အထည်ဖော်ရာတွင် ရလဒ်များကို အမှန်တကယ် ရရှိပြီးဖြစ်သည်ဆိုသည်ကို ဤသို့သော သဟဇာတဖြစ်သည့် အခြေအနေ ရှိနေခြင်းက ပြသည်။ ဘုရားသခင်အား ယုံကြည်သူများစွာရှိသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို အလေးအနက်မထားသောကြောင့် ၎င်းတို့သည် အသက်သို့ ဝင်ရောက်ခြင်းမရှိဘဲ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သည်။ ၎င်းတို့၌ မည်သည့်အရာ ဖြစ်ပျက်ပါစေ ဘုရားသခင်ထံမှ လက်ခံခြင်းမရှိဘဲ ထိုအစား အမှုအရာများကို သတိပြုမိရန်အတွက် အစဉ်သဖြင့် လူသား၏ အယူအဆများနှင့် စိတ်ကူးများကို အမှီပြုသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံနိုင်ပေ။ အသင်းတော်တစ်ခုတွင် ဝိညာဉ်ရေးကိစ္စများကို နားလည်ပြီး ဘုရားသခင်က စီစဉ်ပြီး ချမှတ်သော အရာများစွာကို မြင်နိုင်သောသူအနည်းငယ်ရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို အမှီပြုနိုင်သည်။ သမ္မာတရားကို တက်ကြွစွာ ရှာဖွေနိုင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်သည်။ ဤသို့သော အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိသော အခြေအနေတစ်ခု ဖြစ်ပေါ်သည်။ အသေအချာပင် လူတို့သည် ဤ အထူးပင် ပျော်မွေ့ဖွယ်ဖြစ်ပြီး သဟဇာတဖြစ်သော အခြေအနေကို ခံစားရနိုင်သည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလိုအလျောက်ပင် အကောင်းဆုံး အခြေအနေ၌ ရှိသည်။ ပို၍ အသေးစိတ်ဆိုရလျှင် လူတို့ကြားတွင် အပြန်အလှန် နားလည်မှုရှိသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် တူညီသော ရည်မှန်းချက်၊ ပန်းတိုင်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုရှိသည်။ ဤအရာကြောင့် ၎င်းတို့သည် အတူတကွ စည်းလုံးနိုင်သည်။ ဤသို့သော အသင်းတော်တွင် သင်သည် အထူးပင် သဟဇာတဖြစ်သော အခြေအနေကို တွေ့ကြုံခံစားရနိုင်သည်။ ဤအခြေအနေသည် လူတို့အား ယုံကြည်ခြင်းနှင့် ပြည့်စေပြီး တိုးတက်မှုနောက်လိုက်ရန် တွန်းအားပေးသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အားပြည့်သလို ခံစားရပြီး ဘုရားသခင်အတွက် အသုံးခံရန် ၎င်းတို့၌ မကုန်ခမ်းနိုင်သော ခွန်အားရှိနေသကဲ့သို့ဖြစ်သည်။ ဤခံစားချက်သည် အလွန့်အလွန်ပင် မွေ့လျော်ဖွယ်ဖြစ်သည်။ ဤအသင်းတော်တွင် စုဝေးပွဲများအား တက်သူ မည်သူမဆိုသည် ဤအခြေအနေကို ခံစားနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုကို ခံစားရနိုင်သည်။ ဤသို့သောအချိန်တွင် ၎င်းတို့သည် ဘုရားသခင်၏ ရင်ဝယ်ပိုက် ထွေးပွေ့မှုတွင် အသက်ရှင်နေရသကဲ့သို့၊ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေသကဲ့သို့ ခံစားရသည်။ ယင်းမှာ အမှန်ပင် ကွဲပြားသော အတွေ့အကြုံတစ်ခုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်သော အသင်းတော်များတွင် လူအများစုမှာ သမ္မာတရားအား လိုက်စားသူများမဟုတ်ပေ။ ၎င်းတို့သည် အခြေအနေများကို ရင်ဆိုင်ရသောအခါ အမှုအရာများကို ဘုရားသခင်ထံမှ လက်မခံနိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် အရာရာတိုင်းကို ထိန်းချုပ်ရန်အတွက် လူသား၏ နည်းလမ်း၊ နည်းစနစ်များကို အမှီပြုကြသည်။ ဤသို့သော လူအုပ်စုတွင် လူတို့ကြားရှိ ခံစားချက်များသည် မတူညီကြဘဲ လူတို့ကြားရှိ ဆက်ဆံရေးများနှင့် ဖြစ်ပေါ်သော အခြေအနေကလည်း မတူညီကြပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်သက်ဆိုင်သော အငွေ့အသက်ကို သင် မခံစားရပေ၊ သို့မဟုတ် အချင်းချင်း ချစ်ခင်ကြသည့် အငွေ့အသက်ကို လုံးဝ မခံစားရပေ။ ထိုအစား သင်သည် အေးစက်ခြင်းကိုသာ ခံစားရနိုင်သည်။ ဆိုလိုသည်မှာ လူတို့သည် အချင်းချင်းအပေါ် အေးစက်ကြသည်။ အချင်းချင်း သတိထားကာကွယ်ကြသည်။ အချင်းချင်း ငြင်းခုံကြသည်။ လျှို့ဝှက်စွာဖြင့် အချင်းချင်း ယှဉ်ပြိုင်ကြသည်။ အချင်းချင်း သာလွန်ရန် ကြိုးပမ်းကြသည်။ မည်သူကမျှ အခြားလူကို နာခံခြင်းမရှိ။ ၎င်းတို့သည် အချင်းချင်း ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းပင် ပြုကြသည်။ ၎င်းတို့သည် အလုပ်လုပ်သည့်နေရာ၊ စီးပွားရေးလောက၊ နိုင်ငံရေးတို့တွင်ရှိသော မယုံကြည်သူများကဲ့သို့ဖြစ်ပြီး သင့်အား စက်ဆုပ်ရွံရှာစေသည်။ မုန်းတီးပြီး ကြောက်ရွံ့စေသည်။ ဤသို့ဖြင့် သင်သည် လုံခြုံစိတ်ချမှုမရှိတော့ပေ။ သင်သည် လူစုတစ်စုတလေတွင် ဤသို့သော ခံစားချက်များကို တွေ့ကြုံရလျှင် “လူသားမျိုးနွယ်သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရသည်” ဆိုသည့် ဖော်ပြချက်၏ တိကျမှုကို မြင်တွေ့လိမ့်မည်။ ယင်းသည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ပို၍ပင် ချစ်မြတ်နိုးစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမရှိလျှင်၊ ဆိုလိုသည်မှာ လူသားများ၊ စာတန်၊ အသိပညာ၊ သို့မဟုတ် မယုံကြည်သူများက အုပ်စိုးသောအခါတွင် အငွေ့အသက်က လုံးဝ ကွာခြားသည်။ သင်သည် သက်သောင့်သက်သာမရှိခြင်း၊ ဝမ်းမြောက်မှုကင်းမဲ့ခြင်းကို ခံစားရမည်။ မကြာမီတွင် စိတ်ကျဉ်းကျပ်ခြင်း၊ စိတ်ဓာတ်ကျခြင်းကို ခံစားရမည်။ ဤခံစားချက်သည် စာတန်ထံမှလာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ လာသည်။ ဤသည်မှာ တိကျမှန်ကန်သည်။ ဤအကြောင်းအရာနှင့်ပတ်သက်သော မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်၏။

ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များနှင့်ပတ်သက်ပြီး ယခင်တစ်ခေါက်က “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မကင်းပေ” ဆိုသည်ကို ငါမိတ်သဟာယပြုခဲ့သည်။ ယနေ့အခါတွင် ငါသည် ဆက်လက်၍ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” နှင့်ပတ်သက်၍ မိတ်သဟာယပြုမည်။ ငါမိတ်သဟာယပြုခဲ့သည့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် ယခင်က စကားကဲ့သို့ပင် ဤစကားသည်လည်း မယုံကြည်သူများ၏ အမြင်ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ မယုံကြည်သူများ၏ အမြင်သည် လူများကြားတွင် ပျံ့နှံ့ပြီး နေရာတိုင်းတွင် ကြားရနိုင်သည်။ လူတို့သည် စတင်စကားပြောသည့်အချိန်မှစ၍ လူတို့ထံမှလည်းကောင်း၊ မယုံကြည်သူများထံမှလည်းကောင်း၊ စာတန်ထံမှလည်းကောင်း၊ ကမ္ဘာလောကထံမှလည်းကောင်း ဆိုရိုးစကားမျိုးစုံကို သင်ယူကြသည်။ မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ မည်သည့်အရာကို ပြောရမည်၊ မည်သည့် ကိုယ်ကျင့်တရားများကို ပိုင်ဆိုင်ရမည်၊ မည်သည့်အတွေးများ၊ စရိုက်လက္ခဏာများရှိရမည် စသည်တို့နှင့် ပတ်သက်ပြီး လူများ၏ မိဘများ၊ မိသားစုများက ၎င်းတို့ကို သင်ကြားပေးသည့် ကနဦးပညာရေးတွင် အစပြုသည်။ လူ့အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင်ပင် လူတစ်ဦးချင်းစီသည် စာတန်ထံမှ အမျိုးမျိုးသော အယူဝါဒများ၊ သဘောတရားများ၏ အယူဝါဒသွတ်သွင်းခြင်းကို မသိစိတ်မှနေ၍ လက်ခံဆဲဖြစ်သည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့်အရာကို လူတို့ပိုင်ဆိုင်ရမည့် အကျင့်စာရိတ္တတစ်ခုအဖြစ် မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်းက လူတိုင်းအား သွတ်သွင်းထားသည်။ သင်သည် ဤအကျင့်စာရိတ္တကို ပိုင်ဆိုင်လျှင် သင်သည် မြင့်မြတ်သည်၊ သိက္ခာရှိသည်၊ တည်ကြည်မှုရှိသည်၊ သင်သည် လူ့အဖွဲ့အစည်းတွင် အလွန်တရာ အထင်ကြီးလေးစားခြင်းခံရသည်ဟူ၍ လူတို့က ဆိုကြသည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကားသည် လူတို့ထံမှလာပြီး စာတန်ထံမှ လာသောကြောင့် ငါတို့ ပိုင်းခြားစိစစ်ပြီး သိမြင်သည့် အရာတစ်ခုဖြစ်လာသည်။ ထို့အပြင် ငါတို့ စွန့်ပစ်သော အရာဖြစ်ဆဲ ဖြစ်သည်။ ငါတို့သည် အဘယ်ကြောင့် ဤစကားကို ပိုင်းခြားသိမြင်ပြီး စွန့်ပစ်သနည်း။ ရှေးဦးစွာ ဤစကားသည် မှန်ကန်သလော၊ ဤစကားကို လိုက်နာသောသူသည် မှန်သလောဆိုသည်ကို စစ်ဆေးကြစို့။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်သောသူသည် အမှန်ပင် မြင့်မြတ်သလော။ ဤသို့သောသူသည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သလော။ ထိုသူတွင် ဖန်ဆင်းခံများ၌ ရှိသင့်သည်ဟု ဘုရားသခင် ပြောသော လူ့သဘာဝနှင့် ပြုမူနေထိုင်မှု စည်းမျဉ်းများရှိသလော။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကားကို သင်တို့အားလုံး နားလည်ကြသလော။ ရှေးဦးစွာ ဤစကားက မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့၏ ကိုယ်ပိုင်စကားများနှင့် ရှင်းလော့။ (တစ်စုံတစ်ယောက်က သင့်အား တာဝန်တစ်ခု အပ်နှံလျှင် ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် အစွမ်းကုန်လုပ်ဆောင်သင့်သည်ကို ဆိုလိုသည်။) ဤသို့ ဖြစ်သင့်သည်မဟုတ်လော။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံလျှင် ထိုသူက သင့်အား အထင်မကြီးသလော။ သူသည် သင့်အား အထင်ကြီးသည်။ ယုံကြည်သည်။ သင်သည် ယုံကြည်ထိုက်သည်ဟု ထင်မြင်သည်။ ထို့ကြောင့် အခြားလူများက သင့်အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ သင်သည် သဘောတူပြီး ကောင်းမွန်စွာ၊ ၎င်းတို့၏ သတ်မှတ်ချက်များနှင့် အပြည့်အဝ ကိုက်ညီစွာ လုပ်ဆောင်သင့်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ပျော်ရွှင် ကျေနပ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အား အလုပ်တစ်ခု အပ်နှံသောသူက ကျေနပ်ခြင်းရှိမရှိသည် သင်က လူကောင်း တစ်ယောက်ဖြစ်သည်ဟု သတ်မှတ်၍ ရမရကို ဆုံးဖြတ်ပေးသည်။ ဤသို့ ရှင်းပြ၍ ရသလော။ (ရသည်။) ထို့ကြောင့် သူတစ်ပါးတို့၏ အမြင်တွင် လူကောင်းတစ်ယောက်အဖြစ် အမြင်ခံရပြီး လူ့အဖွဲ့အစည်းက အသိအမှတ်ပြုခြင်း ခံရဖို့ မလွယ်ကူသလော။ (လွယ်ကူသည်။) “လွယ်ကူသည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စံသတ်မှတ်ချက်က အလွန်နိမ့်ပြီး မြင့်မြတ်ခြင်း လုံးဝမရှိဟု ဆိုလိုသည်။ သင်သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ပါ”ဆိုသည့် ကိုယ်ကျင့်တရား စံနှုန်းဖြင့် ကိုက်ညီလျှင် သင်သည် ဤသို့သော ကိစ္စများတွင် ကိုယ်ကျင့်စရိုက်ရှိသူအဖြစ် သတ်မှတ်ခြင်းခံရသည်။ တစ်နည်းအားဖြင့် သင်သည် လူတို့၏ ယုံကြည်မှုနှင့်လည်းကောင်း၊ အလုပ်တာဝန်များအား ကိုင်တွယ်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ အပ်နှံမှုနှင့်လည်းကောင်း ထိုက်တန်သည်၊ သင်သည် နာမည်ဂုဏ်သတင်းရှိသော လူတစ်ဦးဖြစ်သည်၊ သင်သည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဤအဆိုအမိန့်၏ အဓိပ္ပာယ်ဖြစ်သည်။ သင်တို့သည် ဤသို့ မထင်သလော။ သင်တို့တွင် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကား၏ ဝေဖန်အကဲဖြတ်မှု စံနှုန်းများအပေါ် ကန့်ကွက်မှုတစ်ခုခု ရှိသလော။ ဤအဆိုအမိန့်ကို ချေပပြီး ယင်း၏ လွဲမှားမှုကို ဖော်ထုတ်သည့် ဥပမာတစ်ခုကို သင်တို့ပေးနိုင်လျှင်၊ ဆိုလိုသည်မှာ ယင်း၏ မမှန်ကန်မှုကို သက်သေပြရန်အတွက် လက်တွေ့ဖြစ်ရပ်တစ်ခုကို သင် အသုံးပြုနိုင်လျှင် ဤအဆိုအမိန့်သည် ခိုင်လုံမှုရှိမည်မဟုတ်ပေ။ ယခုတွင် သဘောတရားအရ ဤအဆိုအမိန့်သည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားသခင်ထံမှ လာခြင်းမဟုတ်သောကြောင့် သေချာပေါက် မမှန်ကန်ဟု သင်တို့ ယုံကြည်ပြီး ဖြစ်နိုင်သည်။ ဤအဆိုအမိန့်ကို ချေပရန်အတွက် အချက်အလက်များကို သင်မည်သို့ အသုံးပြုနိုင်သနည်း။ ဥပမာ သင်သည် ယနေ့တွင် ဈေးဝယ်ထွက်ရန် အလွန်အလုပ်ရှုပ်လျှင် သင့်အတွက် ဈေးဝယ်ပေးရန် သင်၏ အိမ်နီးချင်းကို တာဝန်ပေးနိုင်သည်။ မည်သည့်အစားအစာကို ဝယ်ရမည်၊ မည်မျှဝယ်ရမည်၊ မည်သည့်အချိန်တွင် ဝယ်ရမည်ဆိုသည်ကို သူ့အား သင် အတိအကျ ပြောပြနိုင်သည်။ ထို့နောက်တွင် အိမ်နီးချင်းသည် သင်၏ တောင်းဆိုမှုအတိုင်း ပစ္စည်းများကို ဝယ်ပြီး အချိန်မီပေးပို့သည်။ ဤသည်မှာ “အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ခြင်း”အဖြစ် သတ်မှတ်သလော။ ဤသည်မှာ နာမည်ဂုဏ်သတင်းရသောအရာတစ်ခုအဖြစ် သတ်မှတ်သလော။ ဤသည်မှာ ငှက်ပျောသီး အခွံနွှာသကဲ့သို့သာ ဖြစ်သည်။ လူတစ်ယောက်အား တစ်စုံတစ်ခုကို ကူညီဝယ်ယူပေးနိုင်ခြင်းသည် မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိခြင်းအဖြစ် သတ်မှတ်သလော။ (မသတ်မှတ်ပါ။) သူသည် မကောင်းသောအရာများကို လုပ်ဆောင်သည်၊ မလုပ်ဆောင်သည်၊ သူ၏ စရိုက်လက္ခဏာက မည်သို့ရှိသည်ဆိုသည်တို့နှင့် ပတ်သက်လျှင် ယင်းတို့သည် “အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ရန်” သူ၏ အရည်အချင်းနှင့် အနည်းငယ်မျှပင် သက်ဆိုင်မှုရှိသလော။ လူတစ်ယောက်သည် အခြားလူများက သူ့အား အပ်နှံသော သေးငယ်သောအရာတစ်ခုကို ပြီးမြောက်ရန် အကောင်းဆုံး လုပ်ဆောင်နိုင်လျှင် သူသည် ကိုယ်ကျင့်စရိုက် စံနှုန်းတစ်ခုကို ပိုင်ဆိုင်သလော။ ဤသို့ သေးငယ်သော အလုပ်တာဝန်တစ်ခုကို ပြီးမြောက်နိုင်ခြင်းသည် သူသည် အမှန်ပင် မြင့်မားသော ကိုယ်ကျင့်စရိုက် ရှိသူအဖြစ် သက်သေပြသလော။ လူအချို့က “ဤသူသည် အလွန်ပင် ယုံကြည်ထိုက်သည်၊ တစ်စုံတစ်ခုကို ပေးပို့ရန် သူ့အား တောင်းဆိုသည့်အခါတိုင်းတွင် မည်သည့်အရာဖြစ်စေ၊ မည်မျှများသည်ဖြစ်စေ သူသည် အစဉ်သဖြင့် ပြန်လည်ပေးပို့သည်၊ သူသည် စိတ်ချရပြီး ကောင်းသော ကိုယ်ကျင့်စရိုက်ရှိသည်” ဟု ဆိုကြသည်။ ဤသည်မှာ သူတစ်ပါးတို့က ထိုသူအား သိမြင်ပြီး အကဲဖြတ်သည့်ပုံစံဖြစ်သည်။ ဤသို့ အကဲဖြတ်ခြင်းက သင့်လျော်သလော။ (မသင့်လျော်ပါ။) သင်တို့နှစ်ယောက်သည် အိမ်နီးချင်းများ ဖြစ်သည်။ အိမ်နီးချင်းများသည် ပုံမှန် အမှတ်မထင် တွေ့ဆုံလေ့ရှိသောကြောင့် ယေဘုယျအားဖြင့် အချင်းချင်း မဆန့်ကျင်ကြပေ၊ သို့မဟုတ် မထိခိုက်ကြပေ။ ပဋိပက္ခများရှိလျှင် နောက်ပိုင်းတွင် ဆက်ဆံရန် ခက်ခဲလာသည်။ အိမ်နီးချင်းက ဤသို့ စဉ်းစားပြီး သင့်အား ကူညီခြင်း ဖြစ်နိုင်သည်။ ဤအသေးစားကူညီမှုက သူ့အတွက် အဆင်ပြေပြီး ခက်ခဲသော အလုပ်မဟုတ်ဘဲ မည်သည့်ဆုံးရှုံးမှုမျှ မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် ဤသည်မှာ သူ့အတွက် အမြင်ကောင်းစေပြီး နာမည်ကောင်းရစေကာ သူ့အတွက် အကျိုးဖြစ်စေသည်။ ထို့အပြင် သင့်အား အသေးစား အကူအညီပေးခြင်းအားဖြင့် နောင်တွင် သင့်အား အကူအညီတောင်းရန် သူ့အတွက် အဆင်မပြေသလော။ နောင်တွင် သူက သင့်အား ကြီးမားသောအကူအညီကို တောင်းကောင်း တောင်းလိမ့်မည်။ သင်က ကူညီရန် ဝတ္တရားရှိနေလိမ့်မည်။ ဤသူသည် နောင်တွင် အကူအညီတောင်း၍ ရအောင် လုပ်ဆောင်ခြင်းလော။ လူတို့သည် အချင်းချင်း ကူညီသောအခါ၊ တုံ့ပြန်သောအခါ၊ ဆက်ဆံသောအခါတွင် ရည်ရွယ်ချက်တစ်ခုရှိသည်။ သင်သည် အသုံးမဝင်ဟု ၎င်းတို့က မြင်လျှင်၊ နောက်ပိုင်းတွင် ၎င်းတို့သည် သင့်အား အကူအညီမတောင်းလျှင် ၎င်းတို့က သင့်အား မကူညီကောင်း မကူညီနိုင်ပေ။ သင်၏ မိသားစုတွင် ဆရာဝန်၊ ရှေ့နေ၊ အစိုးရဝန်ထမ်း၊ သို့မဟုတ် အဆင့်အတန်းရှိသော ပုဂ္ဂိုလ်များရှိနိုင်သည်။ ယင်းသည် ဤသူအတွက် တစ်နည်းနည်းဖြင့် အသုံးဝင်သည်။ နောင်တွင် အကူအညီတောင်း၍ ရစေရန်အတွက် ၎င်းတို့က သင့်အား ကူညီကောင်းကူညီနိုင်သည်။ နောင်တွင် ၎င်းတို့က သင့်အား အသုံးပြုကောင်းပြုလိမ့်မည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် သင့်အိမ်မှ ပစ္စည်းကိရိယာများကို ငှားရန် အဆင်ပြေသည်ဟု မြင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် ၎င်းတို့အား အသေးအဖွဲဖြစ်သော အကူအညီကို တောင်းပြီး ရက်အနည်းငယ်အကြာတွင် ၎င်းတို့က ပစ္စည်းများငှားရန် သင့်အိမ်သို့ လာကြသည်။ လူတို့သည် ၎င်းတို့အတွက် အကျိုးတစ်ခုခုမရှိလျှင် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် ၎င်းတို့အား အကူအညီ တောင်းသောအခါ ပြုံးရွှင်လျက်ဖြင့် အလွန်ပင် လိုလိုလားလားဖြင့် လက်ခံကြသည်။ စဉ်းစားခြင်း မရှိသည့် ပုံစံရှိသည်။ သို့သော် အမှန်တွင် ၎င်းတို့၏ စိတ်ထဲတွင် အသေအချာ တွက်ချက်မှုများရှိသည်။ မည်သူ၏ အတွေးများကမျှ ရိုးရှင်းခြင်း မရှိသောကြောင့်ဖြစ်သည်။ တစ်ခါတွင် ငါ၏ အဝတ်အစားများကို ဖာထေးပြုပြင်ရန် နေရာတစ်ခုသို့ ငါသွားခဲ့သည်။ အဝတ်အစားများကို ဖာထေးပြုပြင်ပေးသော အဘွားအိုတွင် မိမိနိုင်ငံသို့ ပြန်သွားဖို့ ပြုလုပ်နေသော သမီးတစ်ယောက်ရှိသည်။ သူမ၏ အိမ်နီးချင်းတွင် ကားရှိသည်။ ထို့ကြောင့် အဘွားအိုသည် တက္ကစီခ မပေးရရန်အတွက် သူမ၏ သမီးကို လေယာဉ်ကွင်းသို့ ပို့ပေးရန် ဤအိမ်နီးချင်းကို ခိုင်းသည်။ အိမ်နီးချင်းက လက်ခံသည်။ အဘွားအိုက ဝမ်းသာသွားသည်။ သို့ရာတွင် ဤအိမ်နီးချင်းက ဤမျှ မရိုးရှင်းပေ။ သူက အခမဲ့ မလုပ်ဆောင်ပေးလိုပေ။ သူသည် လက်ခံပြီးသည်နှင့် ထိုနေရာတွင် ဆက်နေပြီး အဝတ်အထည်တစ်ခုကို ဖြည်းညှင်းစွာ ယူကာ “ကျွန်ုပ်၏ အဝတ်အစားများသည် ပြုပြင်၍ ရနိုင်သည်ဟု သင်ထင်သလော” ဟု ပြောသည်။ အဘွားအိုက အံ့အားသင့်သွားသည်။ သူမ၏ အမူအရာက “ဤသူသည် ဤမျှသေးငယ်သောအရာကို အဘယ်ကြောင့် အခွင့်အရေးယူနေသနည်း၊ သူသည် အလွန်လိုလားစွာ လက်ခံသော်လည်း အခမဲ့ မလုပ်ဆောင်လိုခြင်း ဖြစ်နေသည်” ဟူ၍ ပြောသည့် ပုံစံရှိသည်။ အဘွားအိုသည် တစ်စက္ကန့်၊ နှစ်စက္ကန့်အကြာတွင် “ကောင်းပါပြီ၊ ထိုနေရာတွင် ထားပါ၊ ကျွန်မ သင့်အတွက် ပြုပြင်ပေးမည်” ဟုဆိုလျက် အလျင်အမြန် တုံ့ပြန်လိုက်သည်။ ငွေကြေးနှင့်ပတ်သက်ပြီး လုံးဝ မပြောပေ။ လူတစ်ယောက်အား အသေးအဖွဲ အလုပ်တစ်ခုလုပ်ခိုင်းခြင်းသည် အဝတ်အစားပြုပြင်ခြင်းဖြင့် ညီမျှသွားသည်ကို ကြည့်လော့။ ဤသည်မှာ မည်သူမျှ အရှုံးမရှိဆိုသည့် သဘောဖြစ်သလော။ အပြန်အလှန် ဆက်ဆံခြင်းက ရိုးရှင်းသလော။ (မရိုးရှင်းပါ။) မည်သည့်အရာမျှ မရိုးရှင်းပါ။ ဤလူ့အဖွဲ့အစည်းတွင် လူတစ်ဦးချင်းစီက အပေးအယူဆန်သော စိတ်ထားရှိပြီး လူတိုင်းက အပေးအယူလုပ်ဆောင်သည်။ လူတိုင်းက အခြားလူများကို တောင်းဆိုမှုများပြုပြီး ၎င်းတို့အားလုံးက မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရဘဲ အခြားလူများ၏ နစ်နာမှုမှ အကျိုးအမြတ်ရရှိလိုကြသည်။ လူအချို့က “'အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်'သည့်သူများထဲတွင် အခြားလူများ၏ နစ်နာမှုမှ ရရှိသည့် အကျိုးအမြတ်ကို မရှာဖွေသောသူများစွာရှိသည်၊ ၎င်းတို့သည် အမှုအရာများကို အကောင်းဆုံးကိုင်တွယ်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ ဤလူတို့သည် ဤသူတော်ကောင်းတရားကို အမှန်တကယ် ပိုင်ဆိုင်သည်” ဟု ဆိုကြသည်။ ဤစကား မမှန်ကန်ပေ။ ၎င်းတို့က ချမ်းသာခြင်း၊ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်ခြင်းများ၊ သို့မဟုတ် မည်သည့်အကျိုးအမြတ်မျိုးကိုမျှ မရှာဖွေလျှင်ပင် နာမည်ကျော်ကြားခြင်းကို ၎င်းတို့ အမှန်ပင် ရှာဖွေသည်။ ဤ “နာမည်ကျော်ကြားခြင်း” ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ “ငါသည် လူတို့၏ အလုပ်များကို ကိုင်တွယ်ရန် ၎င်းတို့၏ ယုံကြည်မှုကို လက်ခံရရှိခဲ့သည်၊ ငါ့အား အပ်နှံခဲ့သည့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကောင်းဆုံး ကို်ငတွယ်သရွေ့ ဂုဏ်သတင်းကောင်းကို ငါ ရရှိမည်။ အနည်းဆုံးအနေဖြင့် ငါသည် လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက် မြင့်မားသူဖြစ်သည်၊ အတုယူထိုက်သည့်သူတစ်ယောက်ဖြစ်သည်ဟူ၍ လူအချို့က သိကြလိမ့်မည်၊ ငါသည် လူတို့ကြားတွင် နေရာတစ်နေရာယူနိုင်ပြီး လူအုပ်စုတစ်စုတွင် နာမည်ကောင်းကို ကျန်ရစ်စေနိုင်သည်၊ ဤသည်မှာလည်း ထိုက်တန်သည်” ဟူ၍ ဆိုလိုသည်။ အခြားလူများက “'အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ'၊ ပြီးလျှင် လူတို့က ငါတို့အား အပ်နှံပြီးဖြစ်သောကြောင့် ၎င်းတို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့၏ အလုပ်များကို ကောင်းစွာ ကိုင်တွယ်ပြီး အဆုံးအထိ စွဲစွဲမြဲမြဲ လုပ်ဆောင်သင့်သည်။ ရေရှည်တည်တံ့သည့် အမွေအနှစ်ကို ငါတို့ ချန်မထားနိုင်ခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ငါတို့သည် လူအများက ယုံကြည်လက်ခံနိုင်မှုမရှိဟု ပြောဆိုလျက် ငါတို့၏ နောက်ကွယ်တွင် ဝေဖန်၍မရပေ၊ ငါတို့သည် အနာဂတ်မျိုးဆက်ကို ခွဲခြားဆက်ဆံခံရပြီး ဤသို့သော ပုံပျက်ပန်းပျက် တရားမမျှတမှုကို ခံစေ၍ မဖြစ်ပေ” ဟူ၍ ဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ရှာဖွေကြသနည်း။ နာမည်ကျော်ကြားမှုကို ရှာဖွေနေဆဲဖြစ်သည်။ လူအချို့က ချမ်းသာခြင်း၊ ပိုင်ဆိုင်မှုတို့ကို အလွန်အလေးထားပြီး အခြားလူများက နာမည်ကျော်ကြားမှုကို တန်ဖိုးထားသည်။ “နာမည်ကျော်ကြားမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူများကြားတွင် “နာမည်ကျော်ကြားမှု”အတွက် တိကျသော ဖော်ပြချက်များမှာ အဘယ်နည်း။ လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက်မြင့်မားသူဖြစ်သည်၊ ပြစ်မျိုးမှဲ့မထင်သူ၊ အကျင့်သီလရှိသူ၊ သို့မဟုတ် သူတော်စင်တစ်ယောက်ဖြစ်သည်ဟု ပြောဆိုခံရခြင်းဖြစ်သည်။ အမှုကိစ္စတစ်ခုတွင် “အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်ကို အောင်မြင်ခဲ့ပြီး ဤသို့သော ကိုယ်ကျင့်စရိုက်မျိုးရှိသောကြောင့် အမြဲတစေ ချီးမွမ်းခြင်း ခံရသောသူအချို့ပင်ရှိသည်။ ပြီးလျှင် ၎င်းတို့မှ ဆင်းသက်လာသော မျိုးဆက်များသည် ၎င်းတို့၏ နာမည်ကျော်ကြားမှုမှ အကျိုးအမြတ်ရရှိသည်။ ဤသည်မှာ လက်ရှိတွင် ၎င်းတို့ရရှိသည့် အကျိုးအမြတ်အနည်းငယ်ထက်ပို၍ များစွာ တန်ဖိုးရှိသည်ကို သင်တို့ တွေ့ပြီလော။ ထို့ကြောင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ”ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းဆိုသောအရာကို လိုက်နာသည့် မည်သူမဆိုအတွက် စမှတ်မှာ ထိုမျှ မရိုးရှင်းပေ။ ၎င်းတို့သည် တစ်ဦးချင်းအနေဖြင့် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းဖို့သာ အားထုတ်ခြင်း မဟုတ်ဘဲ တစ်ကိုယ်ရေ အကျိုးအမြတ်၊ သို့မဟုတ် ဂုဏ်သတင်းအတွက်၊ ဤဘဝ၊ သို့မဟုတ် နောင်ဘဝအတွက် လိုက်နာခြင်းဖြစ်သည်။ မိမိနောက်ကွယ်တွင် ဝေဖန်ခံရခြင်းကို ရှောင်ရှားလိုသော၊ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို ရှောင်ကြဉ်လိုသောသူအချို့လည်းရှိသည်မှာ မှန်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် ဤသို့သောအရာမျိုးကို လုပ်ဆောင်ရန် လူတို့အတွက် စမှတ်မှာ မရိုးရှင်းပေ။ ယင်းသည် အမှန်တကယ်တွင် လူ့သဘာဝ၏ အမြင်ရှုထောင့်တွင် စမှတ်မဟုတ်သကဲ့သို့ လူသားမျိုးနွယ်၏ လူမှုတာဝန်မှ စတင်သောအမှတ်လည်းမဟုတ်ပေ။ ဤသို့သောအရာများကို လုပ်ဆောင်နေသည့် လူတို့၏ ရည်ရွယ်ချက်နှင့် စမှတ်ကို ကြည့်လျှင် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့်စကားကို ကိုင်စွဲထားသောသူများသည် ရိုးစင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။

ယခုအခါတွင် အမှုအရာများကို လုပ်ဆောင်ရာ၌ လူတို့၏ ကြံရွယ်ချက်၊ ရည်ရွယ်ချက်များမှလည်းကောင်း၊ လူတို့၏ ရည်မှန်းချက်နှင့် အလိုဆန္ဒများမှလည်းကောင်း “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်ကို ငါတို့ ပိုင်းခြားစိစစ်ခဲ့သည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားရှုထောင့်တစ်ခု၌ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်တွင် နောက်ထပ်အမှားတစ်ခုရှိသည်။ ယင်းမှာ အဘယ်နည်း။ လူတို့သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အပြုအမူကို အတိုင်းအဆမရှိ မြင့်မြတ်သည်ဟု မှတ်ယူသည်။ သို့သော် သူတစ်ပါးတို့က အပ်နှံသောအရာများက တရားမျှတခြင်းရှိမရှိကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသည်ကိုမူ ၎င်းတို့ မသိကြပေ။ တစ်စုံတစ်ယောက်က သင့်အား အပ်နှံသော အလုပ်တစ်ခုသည် တကယ်ကို လုပ်နေကျ အလုပ်ဖြစ်လျှင်၊ အလွယ်တကူ ပြီးမြောက်သော အရာဖြစ်လျှင်၊ ထုတ်ပြောဖို့ မတန်သော အရာတစ်ခုဖြစ်လျှင် ယင်း၌ သစ္စာရှိခြင်းမပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အချင်းချင်း ထိတွေ့ဆက်ဆံပြီး ဆက်ဆံရေး အဆင်ပြေသောအခါတွင် တစ်ယောက်နှင့် တစ်ယောက် အလုပ်များအပ်နှံသည်မှာ သာမန်ဖြစ်သည်။ ငှက်ပျောသီး အခွံနွှာသကဲ့သို့ လွယ်ကူသည်။ တစ်စုံတစ်ယောက်၏ ကိုယ်ကျင့်စရိုက်က မြင့်မြတ်သလော၊ နိမ့်ကျသလောဆိုသည်ကို မေးစရာမလိုပေ။ ဤအဆင့်သို့ မရောက်ပေ။ သို့ရာတွင် လူတစ်ယောက်က သင့်အား အပ်နှံသည့် အလုပ်သည် အလွန်အရေးကြီးလျှင်၊ သေရေး၊ ရှင်ရေး၊ ကံကြမ္မာ၊ သို့မဟုတ် အနာဂတ်နှင့်သက်ဆိုင်သောအရာကဲ့သို့ ကြီးမားသောအလုပ်ဖြစ်ပြီး သင်က သာမန်ကိစ္စတစ်ခုကဲ့သို့ မှတ်ယူကာ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ အကောင်းဆုံး ကိုင်တွယ်ရန် လုပ်ဆောင်ဆဲဖြစ်လျှင် ဤသည်မှာ ပြဿနာများ ဖြစ်ပေါ်နိုင်သည့်နေရာဖြစ်သည်။ မည်သည့် ပြဿနာမျိုးနည်း။ သင့်အား အပ်နှံသောအလုပ်သည် သင့်လျော်သည်၊ ကျိုးကြောင်းသင့်သည်၊ တရားမျှတသည်၊ အပြုသဘောဆောင်သည်၊ သူတစ်ပါးတို့အပေါ် ထိခိုက်မှု၊ ဆုံးရှုံးမှုဖြစ်မည်မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ်အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှု တစ်ခုမျှ ရှိမည်မဟုတ်ဆိုလျှင် အလုပ်ကို လက်ခံပြီး သစ္စာရှိစွာ အကောင်းဆုံးကိုင်တွယ်ရန် လုပ်ဆောင်ခြင်းသည် ပြဿနာမရှိပေ။ ဤသည်မှာ သင်ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်သည်။ သို့ရာတွင် သင်လက်ခံသည့်အလုပ်သည် တရားမျှတခြင်းမရှိလျှင်၊ သူတစ်ပါးတို့အပေါ်၊ သို့မဟုတ် လူသားမျိုးနွယ်အပေါ် ထိခိုက်မှု၊ နှောင့်ယှက်မှု၊ ဖျက်ဆီးမှု၊ သို့မဟုတ် အသက်ဆုံးရှုံးမှုပင် ဖြစ်ပေါ်စေပြီး သင်က သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ဆဲဖြစ်လျှင် ယင်းသည် သင်၏ ကိုယ့်ကျင့်စရိုက်နှင့်ပတ်သက်ပြီး မည်သို့သောအရာမျိုးကို ပြနေသနည်း။ ကောင်းသလော။ ဆိုးသလော။ (ဆိုးသည်။) မည်သည့်ပုံစံဖြင့် ဆိုးသနည်း။ လူအချို့သည် တရားမမျှတသောသူနောက်သို့ လိုက်သည်။ သိုမဟုတ် ထိုသူနှင့် မိတ်ဆွေဖွဲ့သည်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ရင်းနှီးသောမိတ်ဆွေများအဖြစ် မှတ်ယူသည်။ ဤမိတ်ဆွေသည် ကောင်းသလော၊ ဆိုးသလောဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ၎င်းတို့၏ မိတ်ဆွေက အပ်နှံသော အလုပ်ဖြစ်သရွေ့ အကောင်းဆုံး ကိုင်တွယ်ရန် လုပ်ဆောင်လိမ့်မည်။ မိတ်ဆွေက သူ့အား တစ်စုံတစ်ယောက်ကို သတ်ခိုင်းလျှင် ထိုသူကို သတ်လိမ့်မည်။ တစ်စုံတစ်ယောက်အား ဒုက္ခပေးရန် ခိုင်းစေလျှင် ထိုသူကို ဒုက္ခပေးလိမ့်မည်။ တစ်စုံတစ်ခုအား ဖျက်ဆီးခိုင်းလျှင် ဖျက်ဆီးလိမ့်မည်။ သူ၏ မိတ်ဆွေက သူ့အား အပ်နှံသောအလုပ်ဖြစ်သရွေ့ သူသည် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ၊ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ လုပ်ဆောင်လိမ့်မည်။ သူသည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုကို ဆောင်ရွက်နေသည်ဟု ယုံကြည်သည်။ ဤသည်မှာ သူ၏ လူ့သဘာဝ၊ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်ပြီး မည်သည့်အရာကို ပြသနည်း။ ကောင်းသလော။ ဆိုးသလော။ (ဆိုးသည်။) လူဆိုးများသည်ပင် “အခြားလူများက ၎င်းတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်” နိုင်သည်။ သို့သော် အခြားလူများက ၎င်းတို့အား အပ်နှံသော အလုပ်အမျိုးအစားများနှင့် ၎င်းတို့က ကောင်းစွာ ကိုင်တွယ်ရန် အစွမ်းကုန်လုပ်ဆောင်ခြင်းတို့ အားလုံးသည် ဆိုးယုတ်ပြီး အပျက်သဘောဆောင်သောအရာများဖြစ်သည်။ အခြားလူများက သင့်အားအပ်နှံသောအရာသည် လူတို့အား ဒုက္ခပေးရန်၊ သတ်ရန်၊ အခြားလူများ၏ ပိုင်ဆိုင်မှုပစ္စည်းများကို ခိုးယူရန်၊ လက်စားချေရန်၊ သို့မဟုတ် ဥပဒေကို ချိုးဖောက်ရန် ဖြစ်လျှင် ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ဤအရာအားလုံးသည် လူတို့အား ထိခိုက်စေသောအရာများဖြစ်သည်။ မကောင်းမှုများ၊ ပြစ်မှုများဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်အား ဆိုးယုတ်သော အလုပ်တစ်ခုအပ်နှံပြီး သင်က “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ရိုးရာယဉ်ကျေးမှုစည်းမျဉ်းကို လိုက်နာဆဲဖြစ်ကာ “သင်က ငါ့အား အပ်နှံသောကြောင့် ဤသည်မှာ သင်သည် ငါ့ကို ယုံကြည်သည်၊ အထင်ကြီးသည်၊ သင်၏ မိသားစုဝင်တစ်ယောက်အဖြစ်၊ မိတ်ဆွေတစ်ယောက်အဖြစ် ဆက်ဆံသည်၊ သူစိမ်းတစ်ယောက်အဖြစ် မဆက်ဆံဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သင်က ငါ့အား အပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်မည်။ ငါ၏ စကားကို လုံးဝ ချိုးဖောက်မည်မဟုတ်” ဟူ၍ ပြောလျှင် ဤသည်မှာ မည်သို့သောသူမျိုး ဖြစ်သနည်း။ ဤသည်မှာ လူယုတ်မာ စစ်စစ်ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) လူယုတ်မာ အကြီးစားဖြစ်သည်။ ဤသို့ဆိုလျှင် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသောအရာမျိုးကို မည်သို့ ကိုင်တွယ်သင့်သနည်း။ တစ်စုံတစ်ယောက်က သင့်အား ရိုးရှင်းသော အလုပ်တစ်ခု အပ်နှံလျှင်၊ လူတို့နှင့် ဆက်ဆံရာ၌ တကယ်ကို လုပ်နေကျ အလုပ်တစ်ခုဖြစ်လျှင် သင်က ယင်းကို လုပ်ဆောင်လျှင်ပင် သင်၏ ကိုယ်ကျင့်စရိုက်က မြင့်မြတ်သည်၊ မမြင့်မြတ်သည်ကို မပြောနိုင်ပေ။ တစ်စုံတစ်ယောက်က သင့်အား အလွန်အရေးကြီးပြီး ကြီးမားသောအလုပ်တစ်ခု အပ်နှံလျှင် ယင်းသည် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလော၊ သင်၏ စိတ်အတွင်း၌ဖြစ်သော အရည်အချင်းဖြင့် စွမ်းဆောင်ရရှိနိုင်သောအရာတစ်ခု ဖြစ်သလောဆိုသည်ကို ပိုင်းခြားသိမြင်ရမည်။ သင်စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခုမဟုတ်လျှင် သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်လော့။ ယင်းသည် အပျက်သဘောဆောင်သော အလုပ်ဖြစ်လျှင်၊ ဥပဒေကို ချိုးဖောက်သော၊ သူတစ်ပါးတို့၏ အကျိုးစီးပွားများ၊ သို့မဟုတ် ဘဝများကို ထိခိုက်သော၊ သို့မဟုတ် သူတစ်ပါးတို့၏ ရှေ့ရေးနှင့် အနာဂတ်ကိုပင် ဖျက်ဆီးသောအလုပ်ဖြစ်ပြီး သင်က “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းကို လိုက်နာဆဲဖြစ်လျှင် သင်သည် လူယုတ်မာတစ်ယောက်ဖြစ်သည်။ ဤအမြင်ရှုထောင့်များအရ လူတို့သည် ၎င်းတို့အပေါ်သို့ အပ်နှံသော အလုပ်များကို လက်ခံသည့်အခါတွင် ၎င်းတို့ လိုက်လျှောက်သင့်သော စည်းမျဉ်းမှာ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့်အရာ မဖြစ်သင့်ပေ။ ဤအဆိုအမိန့်သည် မတိကျပေ။ ယင်းသည် ကြီးမားသော ဟာကွက်များ၊ ပြဿနာများရှိနေပြီး လူတို့အား ကြီးစွာပင် လှည့်စားသည်။ ဤအဆိုအမိန့်ကို လက်ခံပြီးနောက်တွင် လူများစွာတို့သည် သူတစ်ပါးတို့၏ အကျင့်စာရိတ္တကို အကဲဖြတ်ရန်အတွက် ယင်းကို သံသယမဖြစ်ဘဲ အသုံးပြုလိမ့်မည်။ ပြီးလျှင် မိမိတို့ကိုယ်ကို တိုင်းတာပြီး မိမိတို့၏ ကိုယ်ပိုင် ကိုယ်ကျင့်တရားကို ကန့်သတ်ရန် အသုံးပြုမည်မှာလည်း ပြောစရာမလိုပေ။ သို့တိုင်အောင် မည်ကဲ့သို့သောသူက သူတစ်ပါးတို့အား အလုပ်များ အပ်နှံဖို့ ထိုက်တန်သည်ဆိုသည်ကို ၎င်းတို့ မသိကြပေ။ အလွန်နည်းပါးသော လူများသာ တရားမျှတသော၊ အပြုသဘောဆောင်သော၊ သူတစ်ပါးတို့အတွက် အကျိုးရှိသော၊ တန်ဖိုးရှိပြီး လူသားမျိုးနွယ်အပေါ် ချမ်းသာကြွယ်ဝမှုကို ယူဆောင်ပေးသော အလုပ်များကို သူတစ်ပါးတို့အား အပ်နှံသည်။ ဤသို့သောသူမရှိပေ။ ထို့ကြောင့် သင်သည် လူတစ်ယောက်၏ ကိုယ်ကျင့်တရား အရည်အသွေးကို အကဲဖြတ်ရန်အတွက် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စံနှုန်းကို အသုံးပြုလျှင် ထိရောက်မှုနှင့်ပတ်သက်၍ သံသယနှင့် ပြဿနာများစွာ ရှိရုံသာမကဘဲ ထိုစံနှုန်းသည် လူတို့အတွင်းသို့ မှားယွင်းသော အယူအဆများကိုလည်း သွတ်သွင်းပေးသလို ဤသို့သော အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း မှားယွင်းသော စည်းမျဉ်းများ၊ မှားယွင်းသော ဦးတည်ချက်တို့ကို ဖြစ်ပေါ်စေကာ လူတို့၏ စဉ်းစားပုံကို ရှုပ်ထွေးစေသည်၊ တုံ့ဆိုင်းစေသည်၊ အထင်အမြင်မှားစေသည်။ ထို့ကြောင့် ဤအဆိုအမိန့်ကို မည်မျှ ပိုင်းခြားပါစေ၊ စိစစ်ပါစေ ယင်း၏ ဖြစ်တည်မှုတွင် တန်ဖိုးမရှိပေ။ ယင်းသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ လူတို့အား မည်သည့်နည်းနှင့်မျှ အကျိုးမဖြစ်စေပေ။

“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် စကားတွင် နောက်ထပ်အမှားတစ်ခုလည်းရှိသည်။ အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် သူတစ်ပါးတို့ကို အသုံးပြုလိုသော၊ ခြယ်လှယ်လိုသော၊ ထိန်းချုပ်လိုသော ထိုဆိုးယုတ်သောသူများအတွက်၊ မိမိအကျိုးစီးပွား ပါဝင်ပတ်သက်နေသူများအတွက်၊ လူ့အဖွဲ့အစည်းရှိ အဆင့်အတန်းနှင့် အာဏာရှိသူများအတွက် ဤအဆိုအမိန့်သည် ၎င်းတို့အား သူတစ်ပါးတို့ကို အသုံးချရန် အခွင့်အလမ်းတစ်ခု၊ အသုံးပြုရန်၊ ခြယ်လှယ်ရန်၊ ထိန်းချုပ်ရန် ဆင်ခြေတစ်ခုကို ပေးသည်။ ၎င်းတို့အတွက် အလုပ်များကို ကိုင်တွယ်ပေးရန် လူတို့အား နည်းဗျူဟာကျကျဖြင့် အသုံးပြုရသော အခွင့်ကိုပေးသည်။ ၎င်းတို့အတွက် အလုပ်များကို မကိုင်တွယ်သောသူများ၊ သို့မဟုတ် ၎င်းတို့အတွက် အကောင်းဆုံး မလုပ်ဆောင်သူများသည် သူတစ်ပါးတို့က အပ်နှံမရသော၊ အလုပ်များကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး မလုပ်ဆောင်နိုင်သောသူများအဖြစ် သတ်မှတ်ခြင်းခံရသည်။ ၎င်းတို့သည် ယုံကြည်ဖို့ မထိုက်တန်သော၊ တန်ဖိုးထားရန်၊ သို့မဟုတ် လေးစားခြင်းခံရရန် မထိုက်တန်သော နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိသူများအဖြစ် သတ်မှတ်ခံရပြီး လူ့အဖွဲ့အစည်းတွင် နိမ့်ကျသည်။ ဤသို့သောသူများသည် ဘေးဖယ်ထားခြင်း ခံရသည်။ ဥပမာ သင်၏ အထက်လူကြီးသည် သင့်အား အလုပ်တစ်ခုအပ်နှံပြီး သင်က “ငါ၏ အထက်လူကြီးက တင်ပြလာသောကြောင့် မည်သည့်အရာဖြစ်စေ ငါလက်ခံရမည်၊ မည်မျှ ခက်ခဲပါစေ၊ မီးကိုကျော်၍ ရေကိုဖြတ်ရမည်ဆိုလျှင်ပင် ငါလုပ်ဆောင်ရမည်” ဟု စဉ်းစားသောကြောင့် သင်က လက်ခံသည်။ တစ်ချက်မှာ သူသည် သင်၏ အထက်လူကြီးဖြစ်ပြီး သင်မငြင်းဆန်ရဲပေ။ အခြားအချက်မှာ သူသည် “အခြားလူများက ၎င်းတို့အား အပ်နှံသည့် မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သောသူများသာ လုပ်ဖော်ကိုင်ဖက်ကောင်းများဖြစ်သည်” ဟု ဆိုပြီး သင့်အား မကြာခဏ ဖိအားပေးသည်။ သူသည် အစောပိုင်းတွင် သင့်အတွင်းသို့ ဤအယူအဆကို သွတ်သွင်းပြီး သင့်အား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန်အတွက် ကြို၍ ကျင့်သားရအောင် ပြုလုပ်ပေးသည်။ သူက တောင်းဆိုမှု တစ်ခုခုပြုလုပ်သည်နှင့် သင်သည် လိုက်နာရမည့် ကျင့်ဝတ်ရှိနေပြီး မငြင်းဆန်နိုင်ပေ။ ဤသို့မဟုတ်လျှင် သင်သည် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် သူ့အတွက် အမှုအရာများကို လုပ်ဆောင်ရန် သင်၏ အားအင်အားလုံးကို အသုံးပြုရသည်။ ယင်းကို အလွယ်တကူ ကိုင်တွယ်၍ မရလျှင်ပင် သင်သည် ပြီးမြောက်ရန် နည်းလမ်းကို ရှာရသည်။ အဆက်အသွယ်များကို အသုံးပြုရသည်။ မသင့်လျော်သော နည်းလမ်းများကို အသုံးပြုရသည်။ လက်ဆောင်များအတွက် ငွေသုံးရသည်။ အဆုံးတွင် အလုပ်ပြီးမြောက်သောအခါ ကုန်ခဲ့သည့် ငွေကို ပြော၍မရပေ၊ သို့မဟုတ် မည်သည့်တောင်းဆိုမှုမျှ ပြုလုပ်၍မရပေ။ ပြီးလျှင် သင်သည် “'လူတို့သည် အခြားလူများက ၎င်းတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်သင့်သည်'၊ သင်သည် ကျွန်ုပ်အား အထင်အမြင်ကြီးပြီး အလွန် တန်ဖိုးထားသည်၊ ထို့ကြောင့် ဤအလုပ်ကို ကောင်းစွာကိုင်တွယ်ရန် ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ရမည်” ဟူ၍ ပြောရသည်။ လက်တွေ့တွင် ဆင်းရဲဒုက္ခနှင့် ပြဿနာမည်မျှကို သင် ခံခဲ့ရသည်ကို သင်သာ သိသည်။ သင်သည် ဤသို့လုပ်ဆောင်ရာ၌ အောင်မြင်လျှင် သင်သည် မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိသည်ဟု လူတို့က ဆိုလိမ့်မည်။ သို့သော် သင်ရှုံးနိမ့်လျှင် လူတို့သည် သင့်အား အထင်သေးမည်။ ရွံရှာမည်။ ၎င်းတို့၏ အရေးမစိုက်ခြင်းကို ခံရမည်။ မည်သည့် လူတန်းစားတွင်၊ သို့မဟုတ် လူမျိုးစုတွင် သင် ပါဝင်သည်ဖြစ်စေ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံသရွေ့ အကောင်းဆုံး လုပ်ဆောင်ပြီး အစွမ်းကုန်အားထုတ်ရမည်။ ငြင်းဆန်၍မရပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် ဆိုရိုးစကားကဲ့သို့ ဖြစ်သည်။ သင်သည် တစ်စုံတစ်ယောက်၏ အပ်နှံမှုကို လက်ခံပြီးသောကြောင့် သင်သည် အဆုံးထိ သစ္စာရှိစွာ ကိုင်တွယ်ရမည်။ အလုပ်သည် အောင်မြင်စွာ၊ ကောင်းမွန်စွာ၊ အလုံးစုံ ပြီးမြောက်ရန် သေချာစေရမည်။ အခြားလူက လက်ခံသည်အထိ ကိုင်တွယ်ရမည်။ ထို့နောက်တွင် သူ့ထံ ပြန်လည်တင်ပြရမည်။ ထိုသူက အလုပ်နှင့်ပတ်သက်ပြီး မမေးမြန်းလျှင်ပင် သင်သည် အလုပ်ကို ကိုင်တွယ်ရာ၌ အစွမ်းကုန် အားထုတ်ရမည်။ လူအချို့မှာ အခြေခံအားဖြင့် သင်နှင့် စစ်မှန်သော ဆက်ဆံရေးမရှိပေ။ သင်နှင့် သိပ်ရင်းနှီးမှုမရှိသော ဆွေမျိုးများကဲ့သို့ဖြစ်သည်။ ၎င်းတို့က သင်သည် လူ့အဖွဲ့အစည်းတွင် အလုပ်ကောင်း၊ သို့မဟုတ် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ၊ သို့မဟုတ် ပါရမီအချို့ရှိသည်ကို မြင်သောကြောင့် သင့်အား ဟိုအလုပ်၊ သည်အလုပ်တို့ကို အပ်နှံကြသည်။ ယင်းကို ငြင်းဆန်၍ ရသလော။ အမှန်တကယ်တွင် ယင်းသည် လုံးဝ ငြင်းဆန်၍ ရသည်။ သို့သော် လူသားများကြားတွင်ရှိသော ရှုပ်ထွေးသော လူမှုဆက်ဆံရေးများနှင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အယူအဆ၏ လွှမ်းမိုးခြင်းကို ခံရသော လူအများထင်မြင်ချက်၏ ဖိအားကြောင့် အခြေခံအားဖြင့် သင်နှင့် အဆက်အဆံမရှိသည့် ဤလူမျိုးက သူ့အတွက် အမှုကိစ္စများကို လုပ်ဆောင်ပေးရန် တောင်းဆိုသောအခါ သင်သည် အားလုံး လုပ်ဆောင်ပေးရသည်။ သင်သည် မလုပ်ဆောင်ရန် ရွေးချယ်နိုင်သည်မှာ မှန်သည်။ ဤနည်းအားဖြင့် သင်သည် လူတစ်ယောက်ကိုသာ စိတ်မကျေမနပ် ဖြစ်စေမည်၊ သို့မဟုတ် ဆွေမျိုးအချို့နှင့် ဆက်ဆံရေး ဆုံးရှုံးမည်၊ သို့မဟုတ် ဆွေမျိုးအချို့က ဖယ်ကြဉ်ခြင်းကို ခံရနိုင်သည်။ သို့သော် တစ်ဖန်ပြောရလျှင် ဤသည်မှာ အဘယ်သို့ အရေးပါသနည်း။ အမှန်တကယ်တွင် အရေးမပါပေ။ သင်သည် ၎င်းတို့နှင့် အတူမနေထိုင်ပေ။ သင်၏ ကံကြမ္မာသည် ၎င်းတို့လက်ထဲတွင် မရှိပေ။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့်လုပ်ဆောင်ရန် မငြင်းဆန်နိုင်သနည်း။ ရှောင်၍မရသည့် အကြောင်းပြချက်များထဲမှတစ်ခုမှာ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် လူအများ၏ ထင်မြင်ချက်က သင့်အား ချည်နှောင်ပြီး ဖိနှိပ်နေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် မည်သည့်လူ့အသိုင်းအဝိုင်းတွင်မဆို “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းနှင့် အများပြည်သူ၏ ထင်မြင်ချက်အားဖြင့် မကြာခဏ ပိတ်မိနေသည်ဟူ၍ ဖြစ်သည်။ သင်သည် အလုပ်များကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ခြင်းသည် လူမှုတာဝန်ကို ထမ်းဆောင်ခြင်း၊ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်၊ ဝတ္တရားများကို ထမ်းဆောင်ခြင်းနှင့် မသက်ဆိုင်ပေ။ ထိုအစား သင်သည် ကိုယ်ကျင့်တရားစံနှုန်းများ၏ အဆိုအမိန့်များနှင့် လူမှုထင်မြင်ချက်၏ မမြင်နိုင်သော သံကြိုးများအားဖြင့် ပိတ်မိနေခြင်းဖြစ်သည်။ သင်သည် အဘယ်ကြောင့် ပိတ်မိနေဖို့ အလားအလာများနေသနည်း။ တစ်ချက်မှာ သင်၏ ဘိုးဘေးများမှ ဆင်းသက်လာသော ဤကိုယ်ကျင့်တရား အဆိုအမိန့်များသည် မှန်သည်၊ မမှန်သည်၊ သို့မဟုတ် ထိုအရာများကို လူတို့ လိုက်နာသင့်သည်၊ မလိုက်နာသင့်သည်ဆိုသည်ကို ခွဲခြားသိမြင်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ သင်သည် ဤရိုးရာယဉ်ကျေးမှုက ဖြစ်စေသည့် လူမှုဖိအားနှင့် အများပြည်သူထင်မြင်ချက်မှ ရုန်းထွက်ရန် ခွန်အားနှင့် သတ္တိမရှိခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် သင့်အပေါ်တွင်ရှိသော ယင်း၏ သံကြိုးများနှင့် လွှမ်းမိုးမှုမှ ရုန်းမထွက်နိုင်ပေ။ နောက်ထပ်အကြောင်းတစ်ခုမှာ လူ့အဖွဲ့အစည်းတွင် ရှိသော မည်သည့်အသိုင်းအဝိုင်း၊ သို့မဟုတ် အုပ်စုတွင်မဆို လူတို့သည် သူတစ်ပါးတို့အား ၎င်းတို့ကို မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိသည်၊ လူကောင်းတစ်ယောက်ဖြစ်သည်၊ စိတ်ချရသောသူဖြစ်သည်၊ ယုံကြည်ထိုက်သည်၊ အလုပ်များအပ်နှံဖို့ ထိုက်တန်သောသူဖြစ်သည်ဟု သတ်မှတ်စေလိုသည်။ ၎င်းတို့အားလုံးသည် လေးစားမှုကို ရသည့် ဤသို့သော ပုံရိပ်ကို တည်ဆောက်လိုပြီး ၎င်းတို့သည် ခံစားချက်ရှိသော၊ သစ္စာရှိသော အသွေးအသားနှင့် တည်ဆောက်ထားသော ဂုဏ်ရှိသည့်ပုဂ္ဂိုလ်များဖြစ်ပြီး သွေးအေးသောသူများ၊ သို့မဟုတ် ဂြိုဟ်သားများ မဟုတ်ဆိုသည်ကို အခြားလူများအား ယုံကြည်စေလိုသည်။ သင်သည် လူ့အဖွဲ့အစည်းတွင် ပေါင်းစပ်ပါဝင်ပြီး ၎င်းတို့၏ လက်ခံခြင်း၊ အတည်ပြုခြင်းကို ခံလိုလျှင် ရှေးဦးစွာ သင်သည် ၎င်းတို့အား သင့်ကို မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိသူအဖြစ်၊ တည်ကြည်မှုနှင့် ယုံကြည်လက်ခံနိုင်မှု ရှိသည့်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုအောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် ၎င်းတို့သည် သင့်အား မည်သည့်တောင်းဆိုချက်များကို တောင်းဆိုသည်ဖြစ်စေ သင်သည် ၎င်းတို့ ကျေနပ်စေရန်၊ ၎င်းတို့ ပျော်ရွှင်စေရန် အကောင်းဆုံး ကြိုးစားပြီးနောက်တွင် သင်သည် ကိုယ်ကျင့်စရိုက် မြင့်မားသော ယုံကြည်ထိုက်သောသူဖြစ်သည်၊ လူတို့သည် သင်နှင့် ပေါင်းသင်းလိုကြသည်ဟု ၎င်းတို့က ပြောပြီး ချီးမွမ်းခြင်းကို ခံရသည်။ ဤနည်းအားဖြင့် သင်သည် သင်၏ ဘဝတွင် လူရာဝင်ဆန့်သည်ဟူသော ခံစားချက်ကို ခံစားရသည်။ သင့်အား လူ့အဖွဲ့အစည်းက၊ လူထုက၊ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများက အတည်ပြုလက်ခံနိုင်လျှင် သင်သည် အထူးပင် အားရှိပြီး ကျေနပ်ဖွယ် ဖြစ်သောဘဝကို နေထိုင်ရလိမ့်မည်။ သို့ရာတွင် သင်သည် ၎င်းတို့နှင့် ကွဲပြားစွာ အသက်ရှင်လျှင်လည်းကောင်း၊ သင်၏ အတွေးအမြင်များက ၎င်းတို့နှင့် မတူညီလျှင်လည်းကောင်း၊ ဘဝတွင် သင်၏ လမ်းကြောင်းက ၎င်းတို့နှင့် မတူညီလျှင်လည်းကောင်း၊ သင်သည် ကိုယ်ကျင့်စရိုက်မြင့်မားသူဖြစ်သည်၊ ယုံကြည်ထိုက်သည်၊ အမှုကိစ္စများ အပ်နှံဖို့ ထိုက်တန်သည်၊ သို့မဟုတ် သိက္ခာရှိသည်ဟု မည်သူကမျှ မပြောလျှင်လည်းကောင်း၊ ၎င်းတို့အားလုံးက သင့်အား စွန့်ပစ်ပြီး သီးခြားခွဲထားလျှင်လည်းကောင်း သင်သည် စိတ်ဓာတ်ကျပြီး ဝမ်းနည်းသော ဘဝကို နေထိုင်ရလိမ့်မည်။ အဘယ်ကြောင့် သင်သည် စိတ်ဓာတ်ကျပြီး ဝမ်းနည်းသနည်း။ သင်၏ မိမိကိုယ်ကို တန်ဖိုးထားမှုသည် ထိခိုက်ခံရသောကြောင့်ဖြစ်သည်။ သင့်ကိုယ်သင် တန်ဖိုးထားမှုက မည်သည့်နေရာမှ လာသနည်း။ လူ့အဖွဲ့အစည်းနှင့် လူထု၏ အတည်ပြုခြင်း၊ လက်ခံခြင်းမှလာသည်။ ၎င်းတို့သည် သင့်အား လုံးဝ လက်ခံခြင်းမရှိလျှင်၊ အတည်မပြုလျှင်၊ သင့်အား ချီးမွမ်းခြင်း၊ သို့မဟုတ် တန်ဖိုးထားခြင်းမရှိလျှင်၊ ၎င်းတို့က သင့်အား လေးစားသော၊ နှစ်သက်သော၊ အထင်ကြီးသောအကြည့်ဖြင့် လုံးဝ မကြည့်လျှင် သင်သည် ဘဝတွင် ဂုဏ်မရှိဟု ခံစားရသည်။ သင်သည် လူရာဝင်ဆန့်သည့် ခံစားချက်မရှိဘဲ အလွန်တန်ဖိုးမဲ့သကဲ့သို့ ခံစားရသည်။ သင်၏ တန်ဖိုးက မည်သည့်နေရာတွင် ရှိသည်ကို သင်မသိပေ။ အဆုံးတွင် သင်သည် မည်သို့ အသက်ရှင်ရမည်ကို မသိပေ။ သင်၏ ဘဝက စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲလာသည်။ သင်သည် လူတို့အား သင့်ကို လက်ခံရန် အစဉ် ကြိုးစားသည်။ သင့်ကိုယ်သင် လူထုတွင်၊ လူ့အဖွဲ့အစည်းတွင် ပေါင်းစပ်ပါဝင်ဖို့ ကြိုးစားသည်။ ထို့ကြောင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းကို လိုက်နာခြင်းသည် ဤသို့သော လူမှုဝန်းကျင်တွင် နေထိုင်နေသော မည်သူမဆိုအတွက် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ ကိုယ်ကျင့်စရိုက်နှင့် သူ့အား အခြားလူများက လက်ခံခြင်းရှိမရှိတို့ကို အကဲဖြတ်ခြင်းအတွက် အရေးကြီးသော ညွှန်ပြချက်လည်းဖြစ်သည်။ သို့သော် ဤအကဲဖြတ်မှုစံနှုန်းမှာ မှန်ကန်သလော။ လုံးဝ မမှန်ကန်ပေ။ အမှန်တွင် အဓိပ္ပာယ်မရှိဟုပင် ဆိုနိုင်သည်။

“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်တွင် ပိုင်းခြားသိမြင်ရန်လိုအပ်သည့် နောက်ထပ်ရှုထောင့်တစ်ခုရှိသည်။ သင့်အား အပ်နှံသောအလုပ်အတွက် သင်၏ အချိန်နှင့် အားအင်များစွာကို မသုံးရလျှင်၊ သင်လုပ်ဆောင်နိုင်သည့် နယ်ပယ်အတွင်းတွင် ရှိလျှင်၊ သို့မဟုတ် သင့်၌ သင့်တော်သော ပတ်ဝန်းကျင်နှင့် အခြေအနေများရှိလျှင် သင်သည် လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့်လည်းကောင်း၊ သင်၏ အရည်အချင်း ရှိသမျှဖြင့်လည်းကောင်း သူတစ်ပါးတို့အတွက် အချို့သောအရာများကို လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ ကျိုးကြောင်းသင့်သော၊ သင့်လျော်သော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်နှင့် အားအင်များစွာကို သုံးရလျှင်၊ သင်၏ အချိန်များစွာ ကုန်လျှင်၊ သင်၏ အသက်ကို စတေးရသည့်အတိုင်းအတာအထိ ဖြစ်လျှင်၊ ဘဝတွင် သင်၏ တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံအဖြစ် သင်၏ တာဝန်များသည် အလဟဿဖြစ်ပြီး အစားထိုးခံရမည်ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ ယင်းသည် သင်၏ တာဝန်၊ သို့မဟုတ် ဝတ္တရားမဟုတ်သောကြောင့် ငြင်းဆန်သင့်သည်။ လူတစ်ယောက်ဘဝ၏ တာဝန်၊ ဝတ္တရားများနှင့်ပတ်သက်လျှင် မိဘများကို စောင့်ရှောက်ခြင်းနှင့် သားသမီးများကို ပျိုးထောင်ခြင်း၊ လူ့အဖွဲ့အစည်းတွင်ရှိသော၊ ဥပဒေဘောင်အတွင်းတွင်ရှိသော လူမှုတာဝန်များကို ဖြည့်ဆည်းခြင်းတို့မှလွဲပြီး အရေးကြီးဆုံးသောအရာမှာ လူတစ်ယောက်၏ အားအင်နှင့် အချိန်ဖြစ်သည်။ ဘဝသည် အခြားတစ်စုံတစ်ယောက်က အလုပ်အပ်နှံခြင်းခံရပြီး သူ၏ အချိန်နှင့် အားအင်ကုန်ဆုံးခြင်းထက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ကုန်ဆုံးသင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတစ်ယောက်ကို ဖန်ဆင်းပြီး အသက်ပေးအပ်ကာ ဤကမ္ဘာလောကသို့ ခေါ်ဆောင်လာသောကြောင့်ဖြစ်သည်။ ထိုသူအနေဖြင့် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ပြီး တာဝန်များကို ဖြည့်ဆည်းရန်မဟုတ်ပေ။ လူတို့ လက်ခံသင့်ဆုံးသောအရာမှာ ဘုရားသခင်၏ အပ်နှံမှုဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှုသည်သာ စစ်မှန်သော အပ်နှံမှုဖြစ်သည်။ လူ၏ အပ်နှံမှုကို လက်ခံခြင်းသည် သူ၏ သင့်လျော်သော တာဝန်များကို အရေးမစိုက်ခြင်းဖြစ်သည်။ မည်သူကမျှ သင့်ထံသို့ ၎င်းတို့ အပ်နှံသောအလုပ်များအပေါ် သင်၏ သစ္စာရှိမှု၊ အားအင်၊ အချိန်၊ သို့မဟုတ် သင်၏ ငယ်ရွယ်မှုနှင့် တစ်ဘဝလုံးကိုပင် မြုပ်နှံရန် တောင်းဆိုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်သည်သာ လူတို့အား ဖန်ဆင်းခံများအနေဖြင့် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းရန် စေခိုင်းဖို့ အရည်အချင်းပြည့်မီသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင့်အား အပ်နှံသော မည်သည့်အလုပ်မဆိုသည် သင်၏ အချိန်နှင့် အားအင်များစွာကို လိုအပ်လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် ဘဝတွင် လမ်းမှန်ကို လိုက်လျှောက်ခြင်းကိုပင် နှောင့်နှေးစေလိမ့်မည်။ ယင်းသည် သင့်ဘဝ၏ ဦးတည်ချက်နှင့် ပန်းတိုင်များကို ပြောင်းလဲလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာမဟုတ်ပေ။ ကံခေခြင်းဖြစ်သည်။ သင်၏ အချိန်နှင့် အားအင်များစွာကို ကုန်ဆုံးစေလျှင်၊ သင်၏ ငယ်ရွယ်မှုကိုပင် လုယူပြီး သမ္မာတရားနှင့် အသက်ကိုရရှိဖို့ အခွင့်အလမ်းများကို ပိတ်ပင်လျှင် ဤသို့သောပုံစံမျိုးနှင့်သက်ဆိုင်သော မည်သည့်အပ်နှံမှုမဆိုသည် စာတန်ဆီမှလာခြင်းဖြစ်ပြီး မည်သည့်လူတစ်ဦးတစ်ယောက်ထံမှ လာခြင်းမဟုတ်ပေ။ ဤသည်မှာ ဤအမှုကိစ္စကို နားလည်ရန် အခြားနည်းလမ်းတစ်ခုဖြစ်သည်။ သင်၏ အချိန်နှင့် အားအင်များစွာကို ကုန်ဆုံးစေပြီး ဖြုန်းတီးသည့် အလုပ်တစ်ခုကိုတစ်စုံတစ်ယောက်က သင့်အား အပ်နှံလျှင်၊ သင်၏ ငယ်ရွယ်မှုနှင့် သင်၏ ဘဝတစ်ခုလုံးကိုပင် စွန့်လွှတ်စေလျှင်၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးသင့်သည့်အချိန်ကို ယူဆောင်သွားလျှင် ထိုသူသည် သင်၏ မိတ်ဆွေမဟုတ်ရုံမကဘဲ သင်၏ ရန်သူ၊ သင်၏ ပြိုင်ဘက်အဖြစ်ပင် သတ်မှတ်နိုင်သည်။ သင်၏ ဘဝတွင် ဘုရားသခင်က သင့်အား ချပေးခဲ့သော သင်၏ မိဘများ၊ သားသမီးများနှင့် မိသားစုအပေါ် သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းအပြင် သင်၏ အချိန်နှင့် အားအင်အားလုံးကို ဖန်ဆင်းခံတစ်ယောက်အဖြစ် သင့်တာဝန်ကို ဖြည့်ဆည်းခြင်းအတွက် ရည်စူးပြီး အသုံးခံသင့်သည်။ သင့်အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် အပ်နှံသည်ဟူ၍ အကြောင်းပြပြီး သင်၏ အချိန်နှင့် အားအင်ကို နေရာယူရန်၊ သို့မဟုတ် ယူဆောင်ရန် မည်သူကမျှ အရည်အချင်းမပြည့်မီပေ။ သင်သည် ဤအကြံဉာဏ်ကိုအရေးမစိုက်ဘဲ တစ်စုံတစ်ယောက်၏ အပ်နှံမှုကို လက်ခံကာ သင်၏ အချိန်နှင့် အားအင်များစွာကို နေရာယူစေလျှင် ဖန်ဆင်းခံအဖြစ် သင်၏ တာဝန်ကို ဖြည့်ဆည်းရန်အချိန်သည် နှိုင်းယှဉ်ကြည့်လျှင် လျော့နည်းသွားမည်။ ပိတ်ပင်ခံရခြင်း၊ နေရာယူခံရခြင်းပင် ဖြစ်လိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရန် အချိန်နှင့် အားအင်ကို ပိတ်ပင်ခြင်းခံရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သမ္မာတရားအား လိုက်စားရန် သင်၏ အခွင့်အရေးက လျော့ကျသွားသည်ဟု အဓိပ္ပာယ်ရသည်။ သမ္မာတရားအား လိုက်စားရန် အခွင့်အရေးသည် လျော့နည်းသွားသောအခါ ကယ်တင်ခြင်းရရန် သင့်၏ အခွင့်အရေးက ပို၍ နည်းပါးသွားသည်ဟူ၍လည်း မဆိုလိုသလော။ (ဟုတ်သည်။) ဤသည်မှာ သင့်အတွက် ကောင်းချီးဖြစ်သလော၊ ကျိန်စာဖြစ်သလော။ (ကျိန်စာဖြစ်သည်။) ကျိန်စာဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ယင်းသည် ချစ်သူရည်းစားရှိသော မိန်းကလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။ ယောက်ျားလေးက သူမအား “သင်သည် ဘုရားသခင်ကို ယုံကြည်နိုင်သည်၊ သို့သော် ငါ အောင်မြင်၊ ချမ်းသာပြီး ဩဇာရှိသည်အထိ၊ သင့်အား ကားတစ်စီး၊ အိမ်တစ်လုံးနှင့် ကြီးမားသော စိန်လက်စွပ်တစ်ကွင်းဝယ်ပေးနိုင်သည်အထိ စောင့်ရမည်၊ ထို့နောက်တွင် သင့်အား လက်ထပ်မည်” ဟု ဆိုသည်။ မိန်းကလေးက “ဤသို့ဆိုလျှင် ဤနှစ်အနည်းငယ်တွင် ငါ ဘုရားသခင်ကို ယုံကြည်မည်မဟုတ်၊ သို့မဟုတ် တာဝန်ထမ်းဆောင်မည်မဟုတ်ပေ။ ရှေးဦးစွာ ငါသည် သင်နှင့်အတူ အလုပ်ကြိုးစားမည်။ သင် ချမ်းသာရန်၊ အလုပ်အမှုဆောင်ဖြစ်ရန်၊ သင်၏ ဆန္ဒများ ပြည့်ရန် ငါစောင့်မည်၊ ပြီးလျှင် ငါ၏ တာဝန်များကို ထမ်းဆောင်မည်” ဟူ၍ ဆိုသည်။ ဤမိန်းကလေးသည် လိမ္မာပါးနပ်သလော၊ သို့မဟုတ် မိုက်မဲသလော။ (မိုက်မဲသည်။) သူမသည် အလွန်မိုက်မဲသည်။ သင်သည် သူ့အား အောင်မြင်ရန်၊ ချမ်းသာပြီး ဩဇာရှိရန်၊ နာမည်ကျော်ကြားမှုနှင့် စည်းစိမ်ရှိရန် ကူညီသည်။ သို့သော် သင် ဆုံးရှုံးခဲ့သောအချိန်အတွက် မည်သူက ပြန်လည်အစားထိုးပေးမည်နည်း။ သင်သည် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို မထမ်းဆောင်ခဲ့ပေ။ ထို့ကြောင့် ဤဆုံးရှုံးမှုအတွက် မည်သူက ဖာထေးလုပ်ဆောင်မည်နည်း။ မည်သူက ပြန်လည်ပေးဆပ်မည်နည်း။ ဘုရားသခင်အား ယုံကြည်သည့် ဤနှစ်အနည်းငယ်တွင် သင် ရှိသင့်သည့် သမ္မာတရားကို သင် မရရှိခဲ့ပေ။ သင် ရှိသင့်သည့် အသက်ကိုလည်း မရရှိခဲ့ပေ။ ဤသမ္မာတရားနှင့် ဤအသက်အတွက် မည်သူက ဖာထေးလုပ်ဆောင်မည်နည်း။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားအား မလိုက်စားပေ။ ထိုအစား ၎င်းတို့သည် အခြားလူများထံမှ အပ်နှံသောအလုပ်၊ ဆန္ဒ၊ သို့မဟုတ် တောင်းဆိုမှုကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့၏ အချိန် နှစ်အနည်းငယ်ကို ကုန်ဆုံးစေသည်။ အဆုံးတွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိရုံမကဘဲ သမ္မာတရားအား ရရှိဖို့အတွက် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းရန် အခွင့်အလမ်းကိုလည်း လွဲချော်သည်။ ဘုရားသခင်၏ လက်ခံမှုကို ၎င်းတို့ မရရှိပေ။ ဆုံးရှုံးမှုက ကြီးမားလွန်းပြီး အဖိုးအခက ကြီးမားလွန်းသည်။ သူတစ်ပါးတို့၏ ယုံကြည်မှုကို မချိုးဖျက်မိစေရန်၊ လူတို့အား မိမိတို့နှင့်ပတ်သက်ပြီး ကောင်းသောအရာများကို ပြောစေရန်၊ ကိုယ်ကျင့်စရိုက်မြင့်မားသူ၊ နာမည်ရှိပြီး ယုံကြည်ထိုက်သူအဖြစ် မှတ်ယူခြင်းခံရရန်၊ အောင်မြင်စွာဖြင့် “အခြားလူများက မိမိတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်”ရန်သက်သက်ဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းခြင်းအား စွန့်လွှတ်သည်မှာ အလွန် မမိုက်မဲသလော။ နှစ်မျိုးလုံးကို လုပ်ဆောင်ဖို့ ကြိုးစားသောသူများလည်းရှိသည်။ တာဝန်အချို့ကို ထမ်းဆောင်ရန် အားအင်အချို့ကို ချန်ထားပြီး တစ်ဖက်တွင်လည်း လူတို့ကို ဖြည့်ဆည်းပေးသည်။ သူတစ်ပါးတို့ကို ကျေနပ်စေသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်ကို ကျေနပ်စေလိုသည်။ အဆုံးတွင် မည်သို့ ဖြစ်သနည်း။ သင်သည် လူတို့ကို ကျေနပ်စေနိုင်သည်။ သို့သော် ဖန်ဆင်းခံတစ်ယောက် အဖြစ် သင်၏တာဝန်မှာမူ မပြည့်ဝပေ။ သမ္မာတရားကို သင် လုံးဝ နားမလည်ပေ။ ပြီးလျှင် သင်သည် များစွာ ဆုံးရှုံးသည်။ သင်သည် လူတို့အတွက် အမှုအရာများကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ခဲ့သော်လည်း၊ ၎င်းတို့က သင်သည် စကားတည်ပြီး ကိုယ်ကျင့်စရိုက်မြင့်မားသူဖြစ်သည်ဟု ပြော၍ ချီးမွမ်းခြင်းကို ခံရသော်လည်း ဘုရားသခင်ထံမှ သမ္မာတရားကို သင် မရရှိသကဲ့သို့ ဘုရားသခင်၏ သဘောကျမှု၊ သို့မဟုတ် လက်ခံမှုကိုလည်း မရရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အတွက်အမှုအရာများကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ခြင်းသည် လူသားမျိုးနွယ်အတွက် ဘုရားသခင် တောင်းဆိုသည့်အရာမဟုတ်သကဲ့သို့ ဘုရားသခင်က သင့်အား အပ်နှံသောအလုပ်လည်းမဟုတ်သောကြောင့် ဖြစ်ပေသည်။ လူတို့အတွက် အမှုအရာများကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ခြင်းသည် လမ်းကြောင်းလွဲနေသည်။ ယင်းသည် သင့်လျော်သော တာဝန်များကို သင် အာရုံစိုက်ခြင်းမဟုတ်ပေ။ ပြီးလျှင် ယင်းသည် တန်ဖိုး၊ သို့မဟုတ် အရေးပါမှု လုံးဝ မရှိပေ။ ယင်းသည် အောက်မေ့ဂုဏ်ပြုထိုက်သော ကောင်းမှု လုံးဝ မဟုတ်ပေ။ သင်သည် သူတစ်ပါးတို့အတွက် သင်၏ အားအင်နှင့် အချိန်များစွာကို ရင်းနှီးမြုပ်နှံခဲ့သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို ဘုရားသခင်က အောက်မေ့ခြင်း မရှိရုံသာမကဘဲ သမ္မာတရားအား လိုက်စားရန် အကောင်းဆုံး အခွင့်အရေးနှင့် ဖန်ဆင်းခံအနေဖြင့် သင့်တာဝန်ကို ဖြည့်ဆည်းရန် တန်ဖိုးရှိသောအချိန်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ သင်သည် ပြောင်းလဲပြီး သမ္မာတရားကို လိုက်စားကာ သင့်တာဝန်များကို ကောင်းစွာ ထမ်းဆောင်လိုသောအခါတွင် သင်သည် အသက်ကြီးနေပြီဖြစ်သည်။ အားအင်နှင့် ကိုယ်ကာယအင်အား ကင်းမဲ့နေပြီး ရောဂါများ ခံစားရသည်။ ဤသည်မှာ ထိုက်တန်သလော။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် မည်သို့ အသုံးခံနိုင်သနည်း။ သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံအဖြစ် သင့်တာဝန်ကို ထမ်းဆောင်ရန် ကျန်ရှိသည့်အချိန်ကို အသုံးပြုခြင်းသည် မောပန်းနွမ်းနယ်ဖွယ်ဖြစ်သည်။ သင်၏ ကိုယ်ခန္ဓာအားအင်က မလိုက်နိုင်ပေ။ သင်၏ မှတ်ဉာဏ်က ယိုယွင်းပြီး သင်၏ အားအင်က မကောင်းတော့ပေ။ သင်သည် စုဝေးပွဲများ ပြုလုပ်နေစဉ်အချိန်တွင် မကြာခဏ ငိုက်မြည်းပြီး သင့်တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသောအခါတွင် သင်၏ ကိုယ်ခန္ဓာက အစဉ်သဖြင့် အခက်အခဲများ၊ နာမကျန်းဖြစ်ခြင်းများ ရှိသည်။ ထိုအချိန်တွင် သင်သည် နောင်တရလိမ့်မည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်” ခြင်းအားဖြင့် မည်သည့်အရာကို သင်ရရှိခဲ့သနည်း။ အများဆုံးအနေဖြင့် သင်သည် အခြားလူများကို လာဘ်ထိုးပြီး ချီးမွမ်းမှုကို ရရှိနိုင်သည်။ သို့သော် လူတို့၏ ချီးမွမ်းမှုက အဘယ်အသုံးဝင်သနည်း။ ယင်းသည် ဘုရားသခင်၏ လက်ခံမှုကို ကိုယ်စားပြုနိုင်သလော။ အနည်းငယ်မျှပင် ကိုယ်စားမပြုပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်ထံမှ ထိုချီးမွမ်းသည့်စကားသည် တန်ဖိုးမရှိပေ။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးရစဉ်တွင် ချီးမွမ်းခြင်းခံရဖို့အတွက် အလွန်ကြီးသော ဝေဒနာကို ခံဖို့ ထိုက်တန်သလော။ ဤသို့ဆိုလျှင် ယခုတွင် လူတို့သည် မည်သည့်အရာကို နားလည်ဖို့ လိုသနည်း။ မည်သူမဆိုက သင့်အား အလုပ်တစ်ခု အပ်နှံလျှင် မည်သည့်အလုပ်ဖြစ်စေ ဖန်ဆင်းခံအဖြစ် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံသည့်အရာတစ်ခု မပါဝင်သရွေ့ ယင်းမှာ သင်၏ တာဝန်ဖြစ်ဖို့ဝေးစွ သင်၏ ဝတ္တရားပင်မဟုတ်သောကြောင့် သင့်တွင် ငြင်းဆန်ပိုင်ခွင့်ရှိသည်။ လူအချို့က “ကျွန်ုပ်သည် ငြင်းဆန်လျှင် ကျွန်ုပ်သည် ကိုယ်ကျင့်တရားမကောင်းဟု သူတစ်ပါးတို့က ပြောမည်၊ သို့မဟုတ် ကျွန်ုပ်သည် အမှန်တကယ် ကောင်းသော မိတ်ဆွေမဟုတ်၊ သို့မဟုတ် ကောင်းစွာ သစ္စာရှိခြင်းမရှိဟု ဆိုလိမ့်မည်” ဟူ၍ ပြောကောင်းပြောနိုင်သည်။ သင်သည် ဤအရာကို စိတ်ပူလျှင် လုပ်ဆောင်ကြည့်လော့။ ပြီးနောက်တွင် အကျိုးဆက်များက မည်သို့ရှိသည်ကို ကြည့်လော့။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသောကြောင့် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ရာ၌ မပြီးဆုံးသော၊ သူတစ်ပါးတို့အတွက် ဆက်၍ မလုပ်ဆောင်နိုင်သောသူများလည်းရှိသည်။ ၎င်းတို့က “ဤအလုပ်ကို တစ်ဝက်တစ်ပျက်သာ ပြီးဆုံးသည်မှာ မကောင်းပေ၊ လူတစ်ယောက်အနေဖြင့် ယုံကြည်လက်ခံနိုင်မှုရှိသင့်သည်၊ အစမှ အဆုံးထိ လုပ်ဆောင်ရမည်ဖြစ်ပြီး အစတွင် အားကောင်းပြီး အဆုံးတွင် အားနည်း၍မဖြစ်ပေ၊ သူတစ်ပါးတို့အတွက် ငါလုပ်ဆောင်ရန် ကတိပေးထားသော အလုပ်များသည် တစ်ဝက်တစ်ပျက်သာ ပြီးမြောက်ပြီး ကျန်ရှိသည့်အရာကို မလုပ်ဆောင်လျှင် ငါသည် သူတစ်ပါးတို့အား ဤအရာကို ကျိုးကြောင်းပြမပြောဆိုနိုင်ပေ၊ ဤသည်မှာ တည်ကြည်မှုကင်းမဲ့သည်” ဟူ၍ တွေးတောသည်။ သင်၏ စိတ်တွင် ဤသို့သောအတွေးများရှိပြီး သင်၏ မာနကို လက်မလွှတ်နိုင်လျှင် သင်သည် သူတစ်ပါးတို့အတွက် အလုပ်များကို လုပ်ဆောင်ကြည့်နိုင်သည်။ ပြီးဆုံးသောအခါ သင် ရရှိသည့်အရာကို ကြည့်လော့။ သင်၏ စကားကို တည်ပြီး ဤသို့သော တည်ကြည်မှုမျိုးရှိခြင်းက အမှန်တကယ် တန်ဖိုးတစ်ခုခုရှိမရှိ ကြည့်လော့။ ဤသည်မှာ အရေးကြီးသောအရာကို နှောင့်နှေးနေခြင်းမဟုတ်လော။ ယင်းသည် သင့်တာဝန်များအား ထမ်းဆောင်ခြင်းကို နှောင့်နှေးစေပြီး သမ္မာတရားအား ရရှိရာတွင် သင့်အား ထိခိုက်နိုင်လျှင် ဤသည်မှာ သင်၏ အသက်ကို စွန့်စားခြင်းနှင့် ညီမျှသည်မဟုတ်လော။ သင်သည် ဤအကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များ၊ သတ်မှတ်ချက်များကို ဖန်ဆင်းခံအနေဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်းတို့ထက် ပို၍ အရေးကြီးသည်ဟု မှတ်ယူလျှင် သင်သည် ဤအဆိုအမိန့်များ၏ အကျဉ်းချခြင်း၊ ချည်နှောင်ခြင်းမှ သင့်ကိုယ်သင် လွတ်မြောက်အောင် မလုပ်ဆောင်နိုင်ပေ။ သင်သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ယင်းတို့၏ တကယ့်အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင်၊ ယင်းတို့အား စွန့်ပစ်ဖို့ ဆုံးဖြတ်နိုင်လျှင်၊ ဤအရာများနှင့် အသက်မရှင်ဘဲ နေနိုင်လျှင် သင်သည် ဤအကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များ၏ အကျဉ်းချပြီး ချည်နှောင်ခံရခြင်းမှ လွတ်မြောက်မည့် မျှော်လင့်ချက်ရှိသည်။ ဖန်ဆင်းခံအဖြစ် သင့်တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားအား ရရှိနိုင်သည့် မျှော်လင့်ချက်လည်းရှိသည်။

များစွာ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ယခု သင်တို့သည် လူတစ်ယောက်၏ ကိုယ်ကျင့်တရားကို အကဲဖြတ်ခြင်းနှင့်သက်ဆိုင်သော အဆိုအမိန့်နှင့် စံနှုန်းဖြစ်သော “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်နှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု အနည်းငယ်ရှိသလော။ (ရှိသည်။) သို့ဖြစ်၍ အနှစ်ချုပ်လိုက်လျှင် ဤစာကြောင်းသည် မှန်သည်၊ မှားသည်ကို ရှုထောင့်မည်မျှမှ ငါတို့ ပိုင်းခြားသိမြင်သင့်သနည်း။ ပထမအနေဖြင့် ဤအဆိုအမိန့်သည် သမ္မာတရားနှင့်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီသည်မှာ ရှင်းသည်။ ယင်းသည် လူတို့ လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းတစ်ခုမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအကြောင်းအရာကို သင် မည်သို့ ကိုင်တွယ်သင့်သနည်း။ မည်သူက သင့်အား အလုပ်တစ်ခုအပ်နှံသည်ဖြစ်စေ သင်က ငြင်းဆန်ပြီး “ငါ သင့်ကို မကူညီလိုပါ၊ ငါသည် သင့်အား သစ္စာရှိရန် ဝတ္တရားမရှိပါ” ဟူ၍ ပြောပိုင်ခွင့်ရှိသည်။ သင်သည် ထိုအချိန်က ၎င်းတို့၏ အပ်နှံမှုကို လက်ခံခဲ့သော်လည်း ယခုတွင် ဤကိစ္စကို သင်နားလည်သောအခါ သင်သည် မကူညီလိုဘဲ လိုအပ်ခြင်းမရှိ၊ သို့မဟုတ် ဝတ္တရားမရှိဟု ခံစားရလျှင် ဤကိစ္စက ဤတွင် ပြီးဆုံးသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဟုတ်သလော။ (ဟုတ်သည်။) သင်သည် “မလုပ်ပါ” ဟုပြောပြီး ငြင်းဆန်နိုင်သည်။ ဒုတိယအနေဖြင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အဆိုအမိန့်တွင် မည်သည့်အရာ မှားယွင်းနေသနည်း။ တစ်စုံတစ်ယောက်က သင့်အား အဆင်ပြေစွာဖြင့် လုပ်ဆောင်နိုင်သော ရိုးရှင်းသော အလုပ်တစ်ခုကို သင့်အား အပ်နှံလျှင် ယင်းသည် လူတို့ကြား ထိတွေ့ဆက်ဆံသည့် သာမန်ဖြစ်ရပ်တစ်ခုသာဖြစ်သည်။ ယင်းသည် သင်သည် သစ္စာရှိမရှိ၊ သို့မဟုတ် သင့်တွင် ကိုယ်ကျင့်စရိုက် မြင့်မားခြင်းရှိမရှိကို မပြောနိုင်ပေ။ လူတစ်ယောက်၏ ကိုယ်ကျင့်တရားကို တိုင်းတာဖို့ စံနှုန်းအဖြစ် အသုံးမပြုနိုင်ပေ။ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသာ အားထုတ်ဖို့လိုသော အလုပ်တစ်ခု ကူညီပေးခြင်းဖြင့် လူတစ်ယောက်သည် ကိုယ်ကျင့်တရားရှိပြီး ယုံကြည်လက်ခံနိုင်မှု ရှိသည်ဆိုသည်ကို ညွှန်ပြသလော။ သေချာပေါက် ညွှန်ပြခြင်းမျိုးမဟုတ်ပေ။ ထိုသူသည် နောက်ကွယ်တွင် မကောင်းသောအရာများစွာကို လုပ်ဆောင်ပြီး ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုသူသည် မကောင်းသောအရာများစွာကို လုပ်ဆောင်ခဲ့သော်လည်း သူတစ်ပါးတို့အား အနည်းငယ်မျှသာ အားထုတ်ကူညီရန် တစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့လျှင် ဤသည်မှာ ကိုယ်ကျင့်စရိုက် မြင့်မားသည်ဟု သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ထို့ကြောင့် ဤဥပမာသည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်ကို ချေပသည်။ ယင်းသည် မမှန်ကန်ဘဲ လူတစ်ယောက်၏ ကိုယ်ကျင့်စရိုက်ကို တိုင်းတာရန် စံနှုန်းတစ်ခုအဖြစ် အသုံးမပြုနိုင်ပေ။ ဤသည်မှာ သာမန်ဖြစ်သော အရာအချို့ကို ကိုင်တွယ်ဖြေရှင်းသည့်နည်းဖြစ်သည်။ ဤသို့ဆိုလျှင် အထူးကိစ္စအချို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ တစ်စုံတစ်ယောက်က သင်လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်သော အထူးအရေးကြီးသော အလုပ်တစ်ခု အပ်နှံလျှင်၊ သင်က ထိုအလုပ်သည် ပင်ပန်းပြီး အလွန်အားစိုက်ရသည်၊ သင် မလုပ်ဆောင်နိုင်ဟု မြင်လျှင် စိတ်မကောင်းမဖြစ်ဘဲ ငြင်းဆန်နိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်အား ကျိုးကြောင်းမသင့်သော၊ တရားမဝင်သော၊ သို့မဟုတ် သူတစ်ပါးတို့၏ အကျိုးစီးပွားကို ထိခိုက်သောအရာတစ်ခုကို လုပ်ဆောင်ရန် အပ်နှံလျှင် သင်သည် ထိုသူအတွက် အထူးပင် မလုပ်ဆောင်သင့်ပေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က သင့်အား အလုပ်အပ်နှံလျှင် သင်ပိုင်းခြားသိမြင်ဖို့လိုသည့် အဓိကအရာမှာ အဘယ်နည်း။ တစ်ချက်မှာ အပ်နှံသောအလုပ်သည် သင်၏တာဝန်၊ ဝတ္တရားဟုတ်မဟုတ်၊ သင်လက်ခံသင့်မခံသင့်ကို ပိုင်းခြားသိမြင်ဖို့ လိုသည်။ အခြားတစ်ချက်မှာ လက်ခံပြီးနောက်တွင် သင် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ သင်ကောင်းစွာ ကိုင်တွယ်သည်ဖြစ်စေ၊ ညံ့ဖျင်းစွာ ကိုင်တွယ်သည်ဖြစ်စေ ယင်းသည် သစ္စာရှိခြင်းနှင့် လူတစ်ယောက်၏ ကိုယ်ကျင့်တရားပါဝင်သလော။ ဤသည်မှာ ပိုင်းခြားသိမြင်ခြင်း၏ အချက်အချာဖြစ်သည်။ ပိုင်းခြားသိမြင်ရန် အခြားအချက်မှာ အပ်နှံသောအလုပ်၏ သဘောသဘာဝဖြစ်သည်။ ယင်းသည် ကျိုးကြောင်းသင့်ခြင်း၊ တရားဝင်ခြင်း၊ အပြုသဘောဆောင်ခြင်း၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိမရှိဖြစ်သည်။ ဤအချက်သုံးချက်မှတစ်ဆင့် ပိုင်းခြားသိမြင်ခြင်းဖြစ်သည်။ ယခုလေးတင် မိတ်သဟာယပြုခဲ့သည့်အရာကို စဉ်းစားဆင်ခြင်ပြီး အနှစ်ချုပ်ကာ သင်တို့၏ ထင်မြင်ချက်များ၊ အမြင်များကို ယခုဆွေးနွေးကြလော့။ (“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်နှင့် ပတ်သက်ပြီး ပထမအနေဖြင့် လူတို့သည် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ပေးရန် ဝတ္တရားမရှိပါ။ ငြင်းဆန်နိုင်သည်။ ဤသည်မှာ လူတိုင်း၏ အခွင့်အရေးဖြစ်သည်။ ဒုတိယအနေဖြင့် သူတစ်ပါးတို့က အပ်နှံသောအလုပ်ကို လက်ခံလျှင်ပင် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ၊ မကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ကျင့်တရားမပါဝင်ပါ။ ဤသည်မှာ လူတစ်ယောက်၏ ကိုယ်ကျင့်စရိုက်ကို တိုင်းတာခြင်းအတွက် စံနှုန်းအဖြစ် အသုံးမပြုနိုင်ပါ။ ထို့အပြင် တစ်စုံတစ်ယောက်အား အပ်နှံသောအလုပ်သည် တရားမဝင်ဘဲ ပြစ်မှုတစ်ခုဖြစ်လျှင် အလွန်ပင် မလုပ်ဆောင်သင့်ပါ။ လုပ်ဆောင်လျှင် ယင်းသည် ပြစ်မှုဖြစ်ပြီး အပြစ်ဒဏ်ခံရမည်။ ဤအချက်များမှတစ်ဆင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အမြင်ကို အမှန်ပင် ချေပနိုင်သည်။) အရေးပါဆုံးသောအချက်မှာ ဤအဆိုအမိန့်သည် မှားခြင်းဖြစ်သည်။ မည်သည့်နေရာတွင် မှားသနည်း။ ပထမအနေဖြင့် ဤသို့သော အမှုကိစ္စများကို မှတ်ယူခြင်း၊ ကိုင်တွယ်ခြင်းအတွက် ထိုအဆိုအမိန့်က သတ်မှတ်သော စည်းမျဉ်းမှာ မှားသည်။ ထို့အပြင် လူတစ်ယောက်၏ ကိုယ်ကျင့်စရိုက်ကို အကဲဖြတ်ရန်အတွက် ဤအဆိုအမိန့်ကို အသုံးပြုခြင်းသည်လည်း မှားသည်။ သည့်အပြင် လူတစ်ယောက်၏ ကိုယ်ကျင့်စရိုက်ကို တိုင်းတာရန်၊ သူ့အား ချည်နှောင်ပြီး ထိန်းချုပ်ရန်၊ အမှုအရာများကို လုပ်ဆောင်စေဖို့ သူ့အား အသုံးပြုရန်၊ ထိုသူအနေဖြင့်မယူသင့်သည့်၊ သို့မဟုတ် လက်မခံလိုသည့် တာဝန်များကို ထမ်းဆောင်ရာတွင် သူ၏ အချိန်၊ အားအင်၊ အဖိုးအခတို့ကို ပေးခိုင်းရန် ဤအဆိုအမိန့်ကို သုံးခြင်းသည် အမြတ်ထုတ်ခြင်းတစ်မျိုးဖြစ်ပြီး ယင်းသည်လည်း မှားယွင်းသည်။ ဤမှားယွင်းမှုအနည်းငယ်သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်၏ တန်ဖိုးနှင့် အမှန်ဖြစ်ခြင်းကို ချေပဖို့ လုံလောက်သည်။ အကျဉ်းချုပ်အားဖြင့် အနှစ်ချုပ်ကြစို့။ ရှေးဦးစွာ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်သည် လူတို့အား ၎င်းတို့ထံ အပ်နှံသောအလုပ်များကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကို ပြောသည်။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံသောအခါ ယင်းသည် ကျိုးကြောင်းသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ အလုပ်ကို သင့်ထံ အပ်နှံသည်ဖြစ်သရွေ့ သင်၏ စကားကို တည်ရမည်ဟု သွယ်ဝိုက်ညွှန်းဆိုသည်။ သင်သည် ထိုသူအား ကျေနပ်စေရန်အတွက် ကောင်းမွန်စွာ၊ အပြည့်အဝပြီးမြောက်စွာ ဆောင်ရွက်ရန် ဝတ္တရားရှိသည်။ ဤသို့သောသူမျိုးသာ ယုံကြည်လက်ခံနိုင်မှုရှိသည်။ ယင်းသည် လူတို့အား ပိုင်းခြားသိမြင်ခြင်းမရှိဘဲ အလုပ်ကို ဆောင်ရွက်စေသည်။ ဤသည်မှာ အားလုံးထဲတွင် အမှားတစ်ခုဖြစ်ပြီး စည်းမျဉ်းကို ဆန့်ကျင်သော အမှားဖြစ်သည်။ ဒုတိယအနေဖြင့် လူတို့သည် “အခြားလူများက ၎င်းတို့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်”နိုင်ခြင်းရှိမရှိဆိုသည့် စံနှုန်းသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို တိုင်းတာရန် အခြေပြုချက်အဖြစ် အသုံးပြုသည်။ ဤအကဲဖြတ်မှုစံနှုန်းသည် အခြားအမှားတစ်ခုကို ကျူးလွန်နေသည်မဟုတ်လော။ လူတိုင်းက ၎င်းတို့အား အပ်နှံသော မကောင်းသော၊ ဆိုးယုတ်သော အလုပ်များကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်လျှင် ဤလူ့အဖွဲ့အစည်းသည် ပြောင်းပြန်ဖြစ်သွားမည်မဟုတ်လော။ ထို့အပြင် ဤအဆိုအမိန့်ကို လူတို့၏ ကိုယ်ကျင့်စရိုက်ကို အကဲဖြတ်ရန် စံနှုန်းအဖြစ် အစဉ်အသုံးပြုလျှင် ယင်းသည် လူတို့၏ အတွေးများကို ချည်နှောင်ပြီး ကန့်သတ်ရန်အတွက် လူမှုဝန်းကျင်တစ်ခု၊ အများပြည်သူ၏ ထင်မြင်ချက်တစ်ခု၊ လူမှုဖိအားတစ်ခုကို အလိုအလျောက် ဖန်တီးလိမ့်မည်။ ဤသည်မှာ မည်သည့် အကျိုးဆက်များကို ယူဆောင်လာမည်နည်း။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ”ဟူသည့် အဆိုအမိန့် တည်ရှိနေမှုကြောင့်၊ လူ့အဖွဲ့အစည်းတွင် ဤသို့သော အများပြည်သူ၏ ထင်မြင်ချက်ရှိနေသောကြောင့် သင်သည် လူမှုဖိအားအောက်တွင်ရှိနေပြီး ဤသို့သော အခြေအနေများတွင် ဤပုံစံဖြင့် ပြုမူဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရသည်။ သင်လုပ်ဆောင်သည့် ပုံစံမှာ မိမိဆန္ဒအလျောက်မဟုတ်ပေ။ သင်ကိုယ်တိုင်၏ လုပ်ဆောင်နိုင်စွမ်း၏ နယ်ပယ်အတွင်းတွင် မရှိပေ။ ယင်းသည် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းမဟုတ်ပေ။ သင်သည် လုပ်ဆောင်ရန် အတင်းစေခိုင်းခြင်း ခံရသည်။ ယင်းသည် သင်၏ စိတ်နှလုံးထဲမှ တောင်းဆိုမှုမဟုတ်သကဲ့သို့ သာမန်လူ့သဘာဝ၏ တောင်းဆိုမှုလည်းမဟုတ်ပေ။ သင်၏ စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရန် တောင်းဆိုမှုလည်းမဟုတ်ပေ။ ယင်းသည် လူမှုဖိအားကြောင့်ဖြစ်သည်။ ကိုယ်ကျင့်တရားကို အမြတ်ထုတ်ခြင်းနှင့် ညီမျှသည်။ သင်သည် သူတစ်ပါးတို့အတွက် လုပ်ဆောင်ရန် သဘောတူလက်ခံခဲ့သောအလုပ်များကို လုပ်ဖို့ပျက်ကွက်လျှင် သင်၏မိဘများ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများက သင့်အား ဝေဖန်ပြီး “သင်သည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဟု ထင်သနည်း။ 'အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ' ဟူသော ဆိုရိုးစကားရှိသည့်အားလျော်စွာ၊ သင်က လက်ခံခဲ့သောကြောင့် အဘယ်ကြောင့် ဆက်လက်၍ မလုပ်ဆောင်သနည်း၊ လက်ခံခဲ့လျှင် ကောင်းစွာ လုပ်ဆောင်သင့်သည်” ဟူ၍ ဆိုကြလိမ့်မည်။ ဤသို့ ကြားပြီးနောက်တွင် သင်သည် မှားယွင်းနေသည်ဟု ခံစားရသောကြောင့် နာခံစွာဖြင့် အလုပ်ကို ဆောင်ရွက်သည်။ လုပ်ဆောင်နေစဉ်တွင် သင်သည် လုပ်ဆောင်လိုစိတ် မရှိဆဲဖြစ်သည်။ သင့်တွင် လုပ်ဆောင်နိုင်စွမ်းမရှိ။ မစီမံနိုင်ပေ။ သို့သော် သင်သည် အံကြိတ်ပြီး လုပ်ဆောင်ရဆဲဖြစ်သည်။ အဆုံးတွင် သင်၏ တစ်မိသားစုလုံးက သင့်အား ကူညီလုပ်ဆောင်ပေးသည်။ ယင်းမှာ ငွေ၊ အားအင်များစွာ ကုန်ပြီး ဒုက္ခများစွာခံရကာ ပြီးသည်ဆိုရုံမျှသာဖြစ်သည်။ သင့်အား အပ်နှံခဲ့သောသူသည် ပျော်ရွှင်ကျေနပ်သော်လည်း သင်၏ စိတ်နှလုံးတွင် များစွာ ဒုက္ခခံခဲ့ရပြီး ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ သင်သည် ဤအရာကို မကျေနပ်သော စိတ်နှလုံးဖြင့်လည်းကောင်း၊ လိုလားခြင်းမရှိသော ခံစားချက်ဖြင့်လည်းကောင်း လုပ်ဆောင်သော်ငြားလည်း လက်လျှော့မည် မဟုတ်ပေ။ ဤသို့သော အခြေအနေမျိုးကို သင်နောက်တစ်ကြိမ် ကြုံရသောအခါတွင် သင်သည် ဤပုံစံဖြင့်သာ လုပ်ဆောင်ဦးမည်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် မိမိကိုယ်ကို လေးစားလိုသောကြောင့်၊ မာနကြီးခြင်းကို နှစ်သက်သောကြောင့်ဖြစ်ပြီး တစ်ချိန်တည်းတွင် အများပြည်သူထင်မြင်ချက်၏ ဖိအားကို မခံနိုင်သောကြောင့်ဖြစ်သည်။ မည်သူကမျှ သင့်အား အမှားရှာမတွေ့လျှင်ပင် သင်သည် သင့်ကိုယ်သင် ဝေဖန်ပြီး “ငါသည် သူတစ်ပါးတို့အတွက် လုပ်ဆောင်ပေးရန် လက်ခံခဲ့သည့်အရာကို မလုပ်ခဲ့ပေ၊ ငါသည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း၊ ကိုယ့်ကိုယ်ကိုယ်ပင် စက်ဆုပ်ရွံရှာသည်၊ ဤသည်မှာ ကိုယ်ကျင့်တရားမရှိခြင်းမဟုတ်လော” ဟူ၍ ပြောလိမ့်မည်။ သင်သည်ပင်လျှင် သင့်ကိုယ်သင် ဆုတ်ယုတ်အောင် လုပ်နေသည်။ သင်၏ စိတ်သည် အကျဉ်းကျနေပြီဖြစ်သလော။ (ဟုတ်သည်။) အမှန်တွင် ထိုအလုပ်သည် သင်နှင့် အနည်းငယ်မျှပင် မသက်ဆိုင်ပေ။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် အကျိုးအမြတ်၊ သို့မဟုတ် တည်ဆောက်စရာ မရှိပေ။ သင် မလုပ်ဆောင်လျှင် လုံးဝ ပြဿနာမရှိပေ။ လူအနည်းငယ်သာ သင့်အား ဝေဖန်လိမ့်မည်။ သို့သော် မည်သို့ ကွာခြားသနည်း။ သင်၏ ကံက အနည်းငယ်မျှပင် ပြောင်းလဲသွားမည်မဟုတ်ပေ။ လူတို့က သင့်အား မည်သည့်အရာကို တောင်းဆိုပါစေ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသရွေ့ သင် ငြင်းဆန်နိုင်သည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အဆိုအမိန့်ကို ဤအချက်သုံးချက်အပေါ် အခြေခံပြီး ပိုင်းခြားစိစစ်ခြင်းအားဖြင့် ဤအဆိုအမိန့်၏ အနှစ်သာရကို သင်နားလည်သလော။ (နားလည်သည်။)

တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံသောအခါ မည်သည့်စည်းမျဉ်းများကို သင် လိုက်နာသင့်သနည်း။ ထိုအလုပ်ကို ဆောင်ရွက်ရန်အတွက် စည်းမျဉ်းများ မရှိသင့်သလော။ သမ္မာတရားနှင့်ပတ်သက်လျှင် ဤအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ယခုပင် အရေးကြီးဆုံးသောအချက်ကို ငါပြောခဲ့သည်။ ယင်းမှာ မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် မိဘများကို ပံ့ပိုးခြင်း၊ သားသမီးများအား ပြုစုပျိုးထောင်ခြင်း၊ ဥပဒေဘောင်အတွင်းရှိ မိမိ၏ လူမှုတာဝန်များအား ဖြည့်ဆည်းခြင်းတို့မှ လွဲပြီး မည်သူ၏ အလုပ်အပ်နှံမှုကိုမျှ လက်ခံရန်၊ သို့မဟုတ် မည်သူ့အတွက်မျှ လုပ်ဆောင်ပေးရန် ဝတ္တရားမရှိသကဲ့သို့ မည်သူ၏ အရေးကိစ္စအတွက်မျှ၊ သို့မဟုတ် အလုပ်အပ်နှုံမှုအတွက်မျှ အသက်ရှင်ဖို့ မလိုအပ်ဟူ၍ဖြစ်သည်။ လူသားဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အားထမ်းဆောင်ခြင်းတွင်သာ တွေ့ရှိရနိုင်သည်။ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းမျှ အဓိပ္ပာယ်အနည်းငယ်မျှပင် မရှိပေ။ အားလုံးက အသုံးမဝင်သော အလုပ်များဖြစ်သည်။ ထို့ကြောင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် အဆိုအမိန့်သည် လူတို့က လူတို့အပေါ် သတ်မှတ်သောအရာတစ်ခုဖြစ်ပြီး ဘုရားသခင်နှင့် ဆက်စပ်မှုမရှိပေ။ ဤအဆိုအမိန့်သည် ဘုရားသခင်က လူသားများအပေါ် သတ်မှတ်ချက် လုံးဝ မဟုတ်ပေ။ ယင်းသည် သင့်အား သူတစ်ပါးတို့က အသုံးချခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ အမြတ်ထုတ်ခြင်း၊ သင့်အား ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းတို့မှ စတင်အရင်းခံသည်။ ဘုရားသခင်၏ အပ်နှံမှု၊ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ တာဝန်အား ထမ်းဆောင်မှုဖြင့် အနည်းငယ်မျှပင် ဆက်စပ်မှုမရှိပေ။ သင်နားလည်သလော။ (နားလည်သည်။) ဤကမ္ဘာလောကတွင်၊ စကြဝဠာတစ်ခုလုံးတွင် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အပ်နှံမှုအပေါ် သစ္စာရှိခြင်း၊ လူသားတစ်ယောက်အဖြစ် မိမိတာဝန်အပေါ် သစ္စာရှိခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှမရှိဘဲ သင်၏ သစ္စာရှိခြင်းဖြင့် မည်သူမျှ မထိုက်တန်ပေ။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည်မှာ ပြုမူဆောင်ရွက်ခြင်းအတွက် စည်းမျဉ်းတစ်ခုမဟုတ်သည်မှာ ရှင်းသည်။ ယင်းသည် မှားယွင်းပြီး စည်းမျဉ်းများကို ချိုးဖောက်သောအရာတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင့်ထံ အပ်နှံသောအလုပ်သည် အနည်းငယ်မျှသော အားထုတ်မှုသာ လိုအပ်သည့်အရာဖြစ်လျှင်၊ စကားပြောဖို့သာ၊ သို့မဟုတ် အနည်းငယ်လုပ်ဆောင်ဖို့သာ လိုအပ်ပြီး သင်က ကောင်းစွာ အရည်အချင်းပြည့်မီလျှင် သင်၏ လူ့သဘာဝနှင့် သနားကရုဏာဖြင့် ကူညီပေးနိုင်သည်။ ဤသည်မှာ မှားယွင်းသည်ဟု မသတ်မှတ်ပေ။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်၊ အားအင်ကို များစွာ ကုန်ဆုံးစေမည်ဆိုလျှင်၊ သို့မဟုတ် သင့်အချိန်၏ များစွာသောအပိုင်းကိုပင် ဖြုန်းတီးမည်ဆိုလျှင် သင့်၌ ငြင်းဆန်ပိုင်ခွင့်ရှိသည်။ သင့်မိဘများ ဖြစ်နေလျှင်ပင် သင်သည် ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ၎င်းတို့အပေါ် သစ္စာရှိရန်၊ သို့မဟုတ် ၎င်းတို့၏ အပ်နှံမှုကို လက်ခံရန် မလိုအပ်ပေ။ ဤသည်မှာ သင်၏ အခွင့်အရေးဖြစ်သည်။ ဤအခွင့်အရေးသည် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်က သင့်အား ချပေးခြင်းဖြစ်သည်။ ဤသည်မှာ ဒုတိယစည်းမျဉ်းဖြစ်သည်။ တတိယစည်းမျဉ်းမှာ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခုခု အပ်နှံလျှင် ယင်းက အချိန်နှင့် အားအင်ပမာဏ သိသာစွာ မကုန်ဆုံးလျှင်ပင် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်နိုင်လျှင်၊ သို့မဟုတ် ထိခိုက်နိုင်လျှင်၊ သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်လိုစိတ်နှင့် ဘုရားသခင်အပေါ် သင်၏ သစ္စာရှိခြင်းကိုပါ ဖျက်ဆီးနိုင်လျှင် သင်သည် ယင်းကိုလည်း ငြင်းဆန်သင့်သည်။ သမ္မာတရားကို သင် လိုက်စားခြင်းအား ထိခိုက်နိုင်သော၊ သမ္မာတရားကို သင်လိုက်စားလိုစိတ်နှင့် သမ္မာတရားအား လိုက်စားရာတွင် သင်၏ ခြေလှမ်းတို့ကို နှောင့်ယှက်ဖျက်ဆီးနိုင်သော၊ တစ်ဝက်တစ်ပျက်ဖြင့် အရှုံးပေးစေသောအရာတစ်ခုကို တစ်စုံတစ်ယောက်က သင့်အား အပ်နှံလျှင် သင်သည် ပို၍ပင် ငြင်းဆန်သင့်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို၊ သို့မဟုတ် သမ္မာတရားအား သင်လိုက်စားခြင်းကို ထိခိုက်သော မည်သည့်အရာကိုမဆို ငြင်းဆန်သင့်သည်။ ဤသည်မှာ သင်၏ အခွင့်အရေးဖြစ်သည်။ သင်သည် “မလုပ်ပါ” ဟူ၍ ပြောဆိုခွင့်ရှိသည်။ သင်၏ အချိန်နှင့် အားအင်ကို ရင်းနှီးမြုပ်နှံဖို့ မလိုပေ။ သင်၏ တာဝန်ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်း၊ သို့မဟုတ် သင်၏ ကယ်တင်ခြင်းနှင့်ပတ်သက်ပြီး အဓိပ္ပာယ်၊ တန်ဖိုးမရှိသော၊ တည်ဆောက်စရာ၊ အကူအညီ၊ သို့မဟုတ် အကျိုးအမြတ် မဖြစ်စေသောအရာအားလုံးကို ငြင်းဆန်နိုင်သည်။ ဤအရာကို စည်းမျဉ်းတစ်ခုအဖြစ် မှတ်ယူနိုင်သလော။ မှတ်ယူနိုင်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဤစည်းမျဉ်းများအရ သင်တို့ အကဲဖြတ်လျှင် လူတို့သည် ၎င်းတို့၏ ဘဝတွင် လက်ခံသင့်သည့် အပ်နှံသောအလုပ်များသည် မည်သည့်နေရာမှ လာနိုင်သနည်း။ (ဘုရားသခင်ဆီမှ ဖြစ်သည်။) မှန်သည်။ ဘုရားသခင်ဆီမှသာ လာနိုင်သည်။ “ဘုရားသခင်ဆီမှ” ဆိုသည့်စကားသည် အတော်အတန် အနှစ်မဲ့ပြီး အလှမ်းဝေးသည်။ ထို့ကြောင့် ဤအပ်နှံမှုသည် အမှန်တကယ်တွင် မည်သည့်အရာဖြစ်သင့်သနည်း။ (တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။) မှန်သည်။ အသင်းတော်တွင် တာဝန်ထမ်းဆောင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်က သင့်အား “သွား၍ ဧဝံဂေလိ ဖြန့်ဝေလော့”၊ “သွား၍ အသင်းတော်ကို ဦးဆောင်လော့”၊ သို့မဟုတ် “သွား၍ စာသားကို အခြေခံသောအလုပ်ကို လုပ်ဆောင်လော့” ဟု ကိုယ်တိုင်ပြောဆိုရန် မဖြစ်နိုင်ပေ။ ဘုရားသခင်က သင့်အား ကိုယ်တိုင်ပြောရန် မဖြစ်နိုင်ပေ။ သို့သော် ဘုရားသခင်သည် ဘုရားအိမ်တော်၏ အစီအစဉ်မှတစ်ဆင့် သင့်အား သင်၏တာဝန် အပ်နှံခဲ့သည်။ ဘုရားအိမ်တော်၏ အစီအစဉ်အားလုံးသည် ဘုရားသခင်ဆီမှ အရင်းခံဖြစ်ပေါ်ပြီး ဘုရားသခင်ထံမှလာသည်။ ထို့ကြောင့် သင့်အား ဘုရားသခင် ကိုယ်တိုင်ပြောရန် သင် လိုအပ်သလော။ သင်သည် လူများ၊ ဖြစ်ရပ်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် သက်ဆိုင်သောအရာများအားလုံးကို ကြုံတွေ့ပြီးဖြစ်ကာ သင့်၌ စစ်မှန်သော ခံစားချက်များရှိသည်။ သင် ကြုံတွေ့ခဲ့သည့်အရာသည် ဘုရားသခင်၏ အမှုတော်၊ သမ္မာတရား၊ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်နေသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်လော။ ဤသည်မှာ အပ်နှံမှုအား လက်ခံသည့် ရှုထောင့်မှဖြစ်သည်။ အခြားတစ်ခုမှာ ဘုရားသခင် အပ်နှံသည့်အရာမှလွဲ၍ လူတို့ သစ္စာရှိသင့်သည့် အခြားသောအရာမရှိပေ။ ယိမ်းယိုင်ခြင်းမရှိသော သစ္စာရှိခြင်းသည် ဘုရားသခင်နှင့်သာ ထိုက်တန်သည်။ လူတို့သည် ထိုက်တန်ခြင်းမရှိပေ။ သင်၏ ဘိုးဘေးများ၊ မိဘများ၊ သို့မဟုတ် အထက်လူကြီးများအပါအဝင် မည်သူမျှ မထိုက်တန်ပေ။ အဘယ်ကြောင့်နည်း။ အမြင့်ဆုံးသော သမ္မာတရားမှာ ဖန်ဆင်းခံများက ဖန်ဆင်းရှင်အပေါ် သစ္စာရှိခြင်းဖြစ်ကာ ယင်းသည် ကောင်းကင်က သတ်မှတ်ပြဋ္ဌာန်းပြီး မြေကြီးက အသိအမှတ်ပြုသော အမှုကိစ္စဖြစ်သည်။ ဤသမ္မာတရားကို စိစစ်ရန် လိုအပ်သလော။ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့နှင့်ပတ်သက်သော အရာရာတိုင်းသည် ဘုရားသခင်ဆီမှလာသောကြောင့်ဖြစ်သည်။ ဖန်ဆင်းခံများက ဖန်ဆင်းရှင်အပေါ် သစ္စာရှိခြင်းဆိုသည်မှာ ကောင်းကင်က သတ်မှတ်ပြဋ္ဌာန်းပြီး မြေကြီးက အသိအမှတ်ပြုထားသော အမှုကိစ္စဖြစ်သည်။ ဤသည်မှာ လူတို့၏ စိတ်ထဲတွင် အစဉ်ထားရှိသင့်သည့် အမြင့်ဆုံး သမ္မာတရားတစ်ခုဖြစ်သည်။ ဘုရားသခင်အပေါ် သစ္စာရှိခြင်းအားဖြင့် ဘုရားသခင်ထံမှ လူတို့ ရရှိသည့် အရာရာတိုင်းမှာ သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်မှာ လူတို့ နားလည်သင့်သည့် ဒုတိယသမ္မာတရားဖြစ်၏။ ၎င်းတို့ ရရှိသည့်အရာများမှာ ပေါများကြွယ်ဝသည်။ အထူးပင် များပြားပြီး ပြည့်လျှံလျက်ရှိသည်။ လူသားများသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ရရှိသောအခါ ၎င်းတို့၏ ဘဝများသည် တန်ဖိုးရှိလာသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ၌ ပေးဆပ်သော သင်၏ အချိန်၊ အားအင်နှင့် အဖိုးအခများသည် အပြုသဘောဆောင်စွာ ဆုချီးမြှင့်ခြင်းခံရမည်။ သင်သည် လုံးဝ နောင်တများရှိမည်မဟုတ်ပေ။ ယခုအချိန်အထိ လူအချို့သည် ဘုရားသခင်နောက်သို့ နှစ်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်ကြာ လိုက်ခဲ့သည်။ အချို့မှာ ဘုရားသခင်နောက်သို့ သုံးနှစ်မှ ငါးနှစ်ကြာ၊ သို့မဟုတ် ဆယ်နှစ်ကြာ လိုက်ခဲ့သည်။ ၎င်းတို့အများစုမှာ နောင်တမရှိဘဲ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်များရရှိခဲ့သည်ဟု ငါ ယုံကြည်သည်။ သမ္မာတရားအား ချစ်သောသူများအတွက် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်လေလေ ၎င်းတို့သည် များစွာ ချို့တဲ့နေပြီး သမ္မာတရားက တန်ဖိုးရှိသည်ဟု ခံစားရလေလေဖြစ်သည်။ သမ္မာတရားအား လိုက်စားလိုသည့် ၎င်းတို့ ဆန္ဒက ကြီးထွားလာသည်။ ၎င်းတို့သည် ဘုရားသခင်အား အလွန်နောက်ကျပြီးမှ လက်ခံခဲ့သည်၊ သုံးနှစ်မှ ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်စော၍ လက်ခံခဲ့လျှင် ၎င်းတို့သည် သမ္မာတရားမည်မျှကို နားလည်ခဲ့မည်နည်းဟူ၍ ခံစားကြရသည်။ ယခုတွင် လူအချို့သည် ဘုရားသခင်အား အလွန်နောက်ကျပြီးမှ လက်ခံခြင်းကို နောင်တရကြသည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို နှစ်အတန်ကြာယုံကြည်ခဲ့ပြီး အချိန်ဖြုန်းခဲ့သည်ကို နောင်တရကြသည်။ ၎င်းတို့၏ တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ ဘုရားသခင်အား နှစ်အတန်ကြာ ယုံကြည်ခဲ့သည်ကို နောင်တရကြသည်။ အတိုချုပ်အားဖြင့်ဆိုရလျှင် လူတစ်ယောက်က ဘုရားသခင်အား ယုံကြည်ခဲ့သည့်အချိန်မည်မျှ ကြာသည်ဖြစ်စေ ၎င်းတို့အားလုံးက တစ်စုံတစ်ခုကိုရရှိပြီး သမ္မာတရားအား လိုက်စားခြင်းသည် အလွန်ပင် အရေးကြီးသည်ဟု ခံစားကြရသည်။ ဤသည်မှာ ဒုတိယသမ္မာတရားဖြစ်သည်။ ဘုရားသခင်အပေါ် သစ္စာရှိခြင်းအားဖြင့် ဘုရားသခင်ထံမှ လူတို့ရရှိသည့် အရာရာတိုင်းသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကာ ၎င်းတို့သည် စာတန်၏ စွမ်းအားအောက်တွင် အသက်မရှင်ရတော့ဘဲ ကယ်တင်ခံရနိုင်ခြင်း ဖြစ်သည်။ တတိယသမ္မာတရားမှာ လူတို့သည် ဘုရားသခင်အပေါ် ထာဝရ သစ္စာရှိနိုင်လျှင် ၎င်းတို့၏ အဆုံးစွန်သော ခရီးပန်းတိုင်မှာ အဘယ်သို့ ဖြစ်မည်နည်း။ (ကယ်တင်ခြင်းခံရပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရရန် ကျန်ရှိခြင်းဖြစ်သည်။) လူတို့သည် ဘုရားသခင်နောက်သို့ လိုက်ပြီး အဆုံး၌ ကယ်တင်ခြင်းခံရသောအခါ ၎င်းတို့ရရှိသည့် ခရီးပန်းတိုင်မှာ ထာဝရပြစ်ဒဏ်ခံရပြီး ဖျက်ဆီးခြင်းတို့ မခံရဘဲ လူသားအသစ်အဖြစ် ကျန်ရှိနေခြင်း၊ ဆက်လက်၍ အသက်ရှင်သန်နိုင်ခြင်းဖြစ်သည်။ လူတို့သည် ဆက်လက်၍ အသက်ရှင်လျှင် ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် မျှော်လင့်ချက်ရှိသည်။ ကောင်းလိုက်သည့် ကောင်းချီးပေတကား။ ဘုရားသခင်အပေါ် သစ္စာရှိခြင်း အမှုကိစ္စတွင် ဤသမ္မာတရားသုံးခုကို လူတို့နားလည်ရန် လုံလောက်သလော။ (လုံလောက်သည်။) လူတို့သည် သူတစ်ပါးတို့နောက်လိုက်ပြီး သူတစ်ပါးတို့အပေါ် သစ္စာရှိလျှင် အကျိုးအမြတ်များက မည်သို့ရှိသနည်း။ သင်သည် သူတစ်ပါးတို့အပေါ် သစ္စာရှိလျှင် သင်က ကိုယ်ကျင့်တရားကောင်းသည်ဟု လူတို့က ပြောကြသည်။ သင်သည် ဂုဏ်သတင်းကောင်းရှိပြီး ဤသေးငယ်သော အကျိုးအမြတ်ကိုသာရသည်။ သမ္မာတရားနှင့် အသက်ကို သင်ရသလော။ လုံးဝ မရရှိပေ။ သင် သစ္စာရှိသောအခါ မည်သူက သင့်အား မည်သည့်အရာကို ပေးနိုင်သနည်း။ အများဆုံးအနေဖြင့် ၎င်းတို့အလုပ်၌ လျင်မြန်စွာ အောင်မြင်သောအချိန်ကာလအတွင်းတွင် သင်သည် ၎င်းတို့နှင့် ဆက်စပ်ခြင်းမှနေ၍ အကျိုးအမြတ်ရရှိနိုင်သည်။ ဤမျှသာဖြစ်သည်။ ထိုအရာ၏ တန်ဖိုးမှာ အဘယ်နည်း။ အနှစ်မရှိခြင်း မဟုတ်လော။ သမ္မာတရားနှင့် မသက်ဆိုင်သောအရာများကို သင်မည်မျှ ရရှိပါစေ အသုံးမဝင်ပေ။ ထို့အပြင် သင်သည် လူတို့နောက်လိုက်ပြီး ၎င်းတို့အပေါ် သစ္စာရှိလျှင် အကျိုးဆက်ရှိနိုင်သည်။ သင်သည် နစ်နာသူ၊ ပေးကမ်းသူ ဖြစ်လာနိုင်သည်။ သင် သစ္စာရှိသည့်သူက လမ်းမှန်ကို မလျှောက်လျှင် ထိုသူ့နောက်သို့ သင်လိုက်လျှင် မည်သို့ဖြစ်မည်နည်း။ သင်သည် လမ်းမှန်ကို လျှောက်မည်လော။ (မလျှောက်ပါ။) သင်သည် ထိုသူနောက်သို့ လိုက်လျှင် သင်သည်လည်း လမ်းမှန်ကို လျှောက်မည်မဟုတ်ပေ။ သင်သည် မကောင်းမှုလုပ်ရန်ပင် ထိုသူကို နာခံပြီး အပြစ်ဒဏ်ခံရရန် ငရဲသို့ သွားရလိမ့်မည်။ ထို့နောက်တွင် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ သင်သည် လူတစ်ယောက်အပေါ် သစ္စာရှိလျှင် ကောင်းမှုများစွာကို လုပ်ဆောင်လျှင်ပင် ဘုရားသခင်၏ လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ သင်သည် နတ်ဆိုးဘုရင်များ၊ စာတန်၊ သို့မဟုတ် အန္တိခရစ်များအပေါ် သစ္စာရှိလျှင် သင်သည် လက်ပါးစေဖြစ်လာပြီး စာတန်၏ လူယုံတော်ဖြစ်လာသည်။ ရလဒ်မှာ စာတန်နှင့်အတူ မြုပ်နှံခံရခြင်း၊ စာတန်အတွက် ပူဇော်ပသခြင်းသာ ဖြစ်လာနိုင်သည်။ မယုံကြည်သူများက “ဘုရင်နှင့် နီးနီးကပ်ကပ် နေရခြင်းသည် ကျားတစ်ကောင်နှင့် လှဲနေရသကဲ့သို့ အန္တရာယ်များသည်” ဟူ၍ ဆိုကြသည်။ သင်သည် နတ်ဆိုးဘုရင်များအပေါ် မည်သို့ သစ္စာရှိပါစေ အဆုံးတွင် ၎င်းတို့က သင့်အား အသုံးပြုပြီးသည်နှင့် ၎င်းတို့သည် သင့်အား ဝါးမြိုပြီး သားကောင်ဖြစ်စေလိမ့်မည်။ သင်၏ အသက်သည် အစဉ်သဖြင့် အန္တရာယ်ရှိနေလိမ့်မည်။ ဤသည်မှာ နတ်ဆိုးဘုရင်များနှင့် စာတန်အပေါ် သစ္စာရှိခြင်း၏ ကံကြမ္မာဖြစ်သည်။ နတ်ဆိုးဘုရင်များနှင့် စာတန်သည် သင့်ဘဝအတွက် မှန်ကန်သော ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကို မည်သည့်အခါမျှ ညွှန်ပြမည်မဟုတ်ပေ။ ပြီးလျှင် ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ သင့်အား လမ်းပြပေးမည်မဟုတ်ပေ။ ၎င်းတို့ထံမှ သမ္မာတရား၊ သို့မဟုတ် အသက်ကို သင် လုံးဝ ရရှိမည်မဟုတ်ပေ။ ၎င်းတို့အပေါ် သင် သစ္စာရှိခြင်း၏ အဆုံးသတ်မှာ ၎င်းတို့နှင့်အတူ ပျက်စီးခြင်းဖြစ်ပြီး ၎င်းတို့၏ အပူဇော်ခံ ပစ္စည်းဖြစ်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ ပိတ်လှောင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဝါးမြိုခြင်းကို ခံရခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ ငရဲသို့သွားခြင်း၏ နောက်ဆုံးရလဒ်ဖြစ်သည်။ ဤသည်မှာ ငြင်းဆန်၍မရသော အမှန်တရားဖြစ်သည်။ ထို့ကြောင့် မည်သူမဆို၊ နာမည်ကြီးပြီး ထင်ပေါ်သောသူဖြစ်စေ၊ အရေးပါသောသူဖြစ်စေ သင်၏ သစ္စာရှိခြင်း၊ ၎င်းတို့အတွက် သင်၏ တစ်ဘဝလုံးကို ပေးဆပ်ခြင်းဖြင့် မထိုက်တန်ပေ။ ၎င်းတို့သည် မထိုက်တန်ပေ။ ၎င်းတို့သည် သင်၏ ကံကို စီစဉ်ရန်၊ သို့မဟုတ် ခြယ်လှယ်ရန် အစွမ်းမရှိပေ။ ဤသမ္မာတရားစည်းမျဉ်းကို နားလည်ခြင်းသည် လူတို့နောက်လိုက်ပြီး လူတို့အား သစ္စာရှိခြင်းကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန် လုံလောက်သလော။ (လုံလောက်သည်။) သူတစ်ပါးတို့က သင့်ထံ အပ်နှံသောအလုပ်များကို ကိုင်တွယ်သောအခါ လိုက်နာသင့်သည့် စည်းမျဉ်းသုံးခုရှိပြီး ဘုရားသခင်အပေါ် လူတို့ သစ္စာရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုနှင့်ပတ်သက်ပြီး စည်းမျဉ်းသုံးခုကို မိတ်သဟာယပြုခဲ့သည်။ ဤစည်းမျဉ်းအားလုံးကို သင်တို့ ရှင်းလင်းစွာ နားလည်သလော။ (နားလည်သည်။) အချုပ်အားဖြင့် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဟူသည့် အဆိုအမိန့်အား ပိုင်းခြားစိစစ်ခြင်း၏ ရည်ရွယ်ချက်သည် ယင်းကို သင်တို့ စွန့်လွှတ်နိုင်ရန်အတွက် ယင်း၏ အဓိပ္ပာယ်မရှိမှုနှင့် မှားယွင်းမှုကို သင်တို့ ရှင်းလင်းစွာ မြင်ဖို့ ကူညီပေးရန်ဖြစ်သည်။ သို့ရာတွင် စွန့်လွှတ်ခြင်းသည် မလုံလောက်ပေ။ လူတို့တွင် ရှိသင့်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် ဤသို့သော အမှုကိစ္စများတွင်ရှိသော ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်သဘောပေါက်ရမည်။ “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်နှင့်ပတ်သက်ပြီး အဓိကအကြောင်းအရာမှာ အခြေခံအားဖြင့် ဤသို့ဖြစ်သည်။ မတူညီသော ရှုထောင့်များ၊ အမြင်များမှနေ၍ ငါ ယခုတင် ပိုင်းခြားစိစစ်ခဲ့သည်။ ထို့နောက်တွင် လူတို့အပေါ် ဘုရားသခင် ဖွင့်ပြခဲ့သည့် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများ၊ ဘုရားသခင် အလိုတော်က မည်သို့ဖြစ်သည်နှင့် မည်သည့်သမ္မာတရားများကို လူတို့ နားလည်သင့်သည်ဆိုသည်တို့ကို အသေးစိတ် မိတ်သဟာယပြုခဲ့သည်။ ဤအချက်များကို နားလည်ပြီးနောက်တွင် လူတို့သည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်ကို ပိုင်းခြားသိမြင်ပုံအား အခြေခံအားဖြင့် နားလည်သဘောပေါက်သင့်သည်။

“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ဤအကြောင်းအရာကို စိစစ်ခြင်းသည် အမှန်တကယ်တွင် အလွန်ရိုးရှင်းသည်။ ယင်းကို လူတို့က အလွယ်တကူ ပိုင်းခြားသိမြင်ပြီး နားလည်နိုင်သည်။ ဤသည်မှာ လူတို့အား တုံ့ဆိုင်းစေရန်၊ လူတို့၏ အတွေးများကို ရှုပ်ထွေးစေရန်၊ သာမန်စဉ်းစားပုံကို အနှောင့်အယှက် ဖြစ်စေရန်အတွက် ကိုယ်ကျင့်တရားဝါဒီများက တင်ပြသော အဆိုအမိန့်လည်းဖြစ်ပြီး သာမန်လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် သာမန်လူသား၏ လိုအပ်ချက်များကို အခြေခံခြင်းမဟုတ်ပေ။ ဤသို့သောအယူအဆများသည် အတွေးအခေါ်သမားများ၊ ကိုယ်ကျင့်တရားဝါဒီများဆိုသောသူများက လုပ်ကြံပြုလုပ်ထားပြီး သူတော်ကောင်းတရားဆန်ခြင်းအဖြစ် အယောင်ပြထားသည်။ ၎င်းတို့သည် အခြေအမြစ်မရှိသလို အဓိပ္ပာယ်လည်းမဲ့ရုံသာမက ကိုယ်ကျင့်တရားနှင့်လည်း မညီပေ။ အဘယ်ကြောင့် ကိုယ်ကျင့်တရားနှင့်မညီဟု သတ်မှတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သာမန်လူ့သဘာဝ၏ လိုအပ်ချက်များကို အရင်းမခံသောကြောင့်ဖြစ်သည်။ လူသား၏ လုပ်ဆောင်နိုင်စွမ်း နယ်ပယ်အတွင်းတွင် မရရှိနိုင်သောကြောင့်ဖြစ်သည်။ ပြီးလျှင် ယင်းသည် လူသားများ ထမ်းဆောင်သင့်သည့် တာဝန်၊ သို့မဟုတ် ဝတ္တရားမဟုတ်ပေ။ ဤကိုယ်ကျင့်တရားဝါဒီဆိုသူများသည် “အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ” ဆိုသည့် ဤစကားကို လူတို့အပေါ် ၎င်းတို့ တင်းကျပ်စွာ တောင်းဆိုသည့် ကျင့်ကြံနေထိုင်မှု စံနှုန်းအဖြစ် ယူပြီး ဤသို့အားဖြင့် လူမှုဝန်းကျင်နှင့် အများပြည်သူထင်မြင်ချက် အမျိုးအစားတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် လူတို့သည် ဤအများပြည်သူထင်မြင်ချက်၏ ဖိနှိပ်မှုကို ခံရသည်။ ဤပုံစံဖြင့် မဖြစ်မနေ နေထိုင်ရသည်။ ဤနည်းအားဖြင့် လူတို့၏ အတွေးများသည် မသိမသာဖြင့် ဤဆိုးယုတ်သောစဉ်းစားပုံမျိုး၏ ချည်နှောင်ခြင်းကို ခံရသည်။ လူတစ်ယောက်၏ အတွေးများသည် ချည်နှောင်ခြင်းခံရသည်နှင့် သူ၏ လုပ်ရပ်များသည် သိသာစွာပင် ဤအဆိုအမိန့်၏ချည်နှောင်ခြင်းကိုလည်းကောင်း၊ အများပြည်သူထင်မြင်ချက်၏ ချည်နှောင်ခြင်းကိုလည်းကောင်း ခံရသည်။ ချည်နှောင်ခံရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ရွေးချယ်၍မရနိုင်ခြင်း၊ လူသားသဘာဝ၏ လိုအင်န္ဒများနှင့် တောင်းဆိုမှုများနောက်သို့ လွတ်လပ်စွာ မလိုက်နိုင်ခြင်း၊ ၎င်းတို့ လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ တောင်းဆိုမှုများနောက်သို့ မလိုက်နိုင်ခြင်းကို ဆိုလိုသည်။ ထိုအစား ၎င်းတို့သည် ပုံပျက်နေသော အတွေးတစ်ခုဖြင့်လည်းကောင်း၊ လူတို့ ခွဲခြားသိမြင်နိုင်ခြင်းမရှိသည့်၊ သို့မဟုတ် မလွတ်မြောက်နိုင်သည့် သဘောတရားဆိုင်ရာ သီအိုရီနှင့် လူမှုထင်မြင်ချက်အမျိုးအစားတစ်ခုဖြင့်လည်းကောင်း ချုပ်ချယ်ပြီး ချည်နှောင်ခြင်းကို ခံရသည်။ လူတို့သည် ဤလူမှုပတ်ဝန်းကျင်နှင့် အခြေအနေမျိုးတွင် မရည်ရွယ်ဘဲ အသက်ရှင်နေထိုင်နေပြီး မလွတ်မြောက်နိုင်ပေ။ သမ္မာတရားကို လူတို့နားမလည်နိုင်လျှင်လည်းကောင်း၊ ဤအဆိုအမိန့်တွင်ရှိသော အတွေးမှားများနှင့် မှားယွင်းမှုများကို ရှင်းလင်းစွာ နားမလည်နိုင်လျှင်လည်းကောင်း၊ ဤအဆိုအမိန့်များက ၎င်းတို့၏ အတွေးများကို ချည်နှောင်ခြင်းကြောင့် ဖြစ်သော ထိခိုက်မှုနှင့် အကျိုးဆက်များကို သဘောမပေါက်နိုင်လျှင်လည်းကောင်း ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုနှင့် လူမှုထင်မြင်ချက်က သတ်မှတ်သော ချုပ်ချယ်မှု၊ ချည်နှောင်မှုနှင့် ဖိအားများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤအရာများကို အမှီပြုခြင်းအားဖြင့်သာ နေထိုင်နိုင်လိမ့်မည်။ ဤအရာများကို အမှီပြုခြင်းအားဖြင့် လူတို့အသက်ရှင်နေထိုင်သည့် အကြောင်းရင်းမှာ လမ်းမှန်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကျင့်ကြံနေထိုင်မှု၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သို့ ကျင့်ကြံနေထိုင်ရမည်ဆိုသည့် စည်းမျဉ်းများကိုလည်းကောင်း မသိခြင်းဖြစ်သည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အဆိုအမိန့် အမျိုးမျိုးကြောင့် အလိုအလျောက်၊ ငြိမ်သက်စွာဖြင့် စိတ်ရှုပ်ထွေးနေကြသည်။ ဤမှားယွင်းသော သဘောတရားများ၏ လှည့်စားခြင်း၊ ထိန်းချုပ်ခြင်းကို ခံရကြသည်။ သမ္မာတရားကို လူတို့ နားလည်သောအခါ ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ရန် လွယ်ကူလာသည်။ ၎င်းတို့သည် စာတန်က ဖန်တီးထားသော လူ့အဖွဲ့အစည်းတွင်ရှိသော အများပြည်သူထင်မြင်ချက်၊ အခြေအနေ၊ ပတ်ဝန်းကျင်တို့၏ ချည်နှောင်ခြင်း၊ အမြတ်ထုတ်ခြင်း၊ သို့မဟုတ် အသုံးချခြင်းကို မခံရတော့ပေ။ ဤနည်းအားဖြင့် ၎င်းတို့ဘဝများ၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်သည် အပြည့်အဝ ပြောင်းလဲသွားသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ပြီး ဖြစ်တည်နိုင်သည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော ဆိုးယုတ်သော သဘောတရားများ၊ အမျိုးမျိုးသော အတွေးမှားများကြောင့် စိတ်ရှုပ်ထွေးခြင်း၊ ချည်နှောင်ခံရခြင်းမဖြစ်တော့ပေ။ လူတို့သည် အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှုတွင်ရှိသော အဆိုအမိန့်အမျိုးမျိုးကို အပြည့်အဝ စွန့်ပစ်သောအချိန်တွင် ဤအချိန်သည် စာတန်၏ ဖျက်ဆီးခြင်း၊ လှည့်စားခြင်း၊ ချည်နှောင်ခြင်းတို့မှ မိမိတို့ကိုယ်ကို အပြည့်အဝ လွတ်မြောက်စေသည့် အချိန်အခိုက်အတန့်ဖြစ်သည်။ ဤအရာကို အခြေခံပြီး သမ္မာတရားကို သင်နားလည်ကာ ဘုရားသခင်က လူသားများအပေါ် သတ်မှတ်သော၊ ပေးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို နားလည်သောအခါ ဘဝတွင် သင်၏ ရည်ရွယ်ချက်သည် လုံးလုံးလျားလျား ပြောင်းလဲပြီး သင့်၌ ဘဝအသစ်တစ်ခုရှိလာသည်။ သင့်တွင် ဘဝအသစ်တစ်ခုရှိသောအခါ သင်သည် အသစ်မွေးဖွားသော လူသားဖြစ်ပြီး လူပုဂ္ဂိုလ်အသစ်တစ်ယောက်ဖြစ်သည်။ သင်၏ စိတ်တွင် သိမ်းဆည်းထားသော အတွေးများသည် စာတန်က သင့်အတွင်းသို့ သွတ်သွင်းထားသော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားအမျိုးမျိုးဖြင့် ပြည့်မနေတော့ဘဲ ထိုအစား ဤဆိုးယုတ်သောအရာများကို သမ္မာတရားက ဝင်ရောက်အစားထိုးသောကြောင့် ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်၏ လမ်းပြမှုအောက်၌ လူတို့အတွင်းတွင် သမ္မာတရားသည် အသက်ဖြစ်လာပြီး လူများ၊ အမှုအရာများကို ရှုမြင်ပုံ၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ပုံတို့ကို လမ်းပြပြီး ထိန်းချုပ်သည်။ ၎င်းတို့သည် လူသားဘဝ၏ လမ်းမှန်ကို လျှောက်ပြီး အလင်းထဲတွင် အသက်ရှင်နိုင်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် တစ်ဖန်ပြန်လည် မွေးဖွားခြင်းကဲ့သို့ မဟုတ်လော။ ဤသို့ဆိုလျှင် ယနေ့မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၃)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။