သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၆)

အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုး၏ အနှစ်သာရကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်နေကြကာ ဆိုရိုးစကားအမျိုးမျိုးက လူတို့အပေါ်တွင် ဖြစ်စေသော သက်ရောက်မှုကို စိစစ်နေခဲ့ကြသည်။ အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ဤဆိုရိုးစကားအမျိုးမျိုးသည် တရုတ်ရိုးရာယဉ်ကျေးမှုက လူတို့အပေါ်တွင် ဖြစ်စေသော သက်ရောက်မှုများဖြစ်သည့် ယနေ့အထိ ဆက်လက်တည်ရှိနေသော သက်ရောက်မှုများ၏ အတိုင်းအတာအမျိုးမျိုးကို အဓိကအားဖြင့် ကိုယ်စားပြုသည်။ ငါတို့၏ ယခင်စုဝေးပွဲတွင် အကျင့်စာရိတ္တနှင့်သက်ဆိုင်သော မည်သည့်ဆိုရိုးစကားကို ငါတို့ မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့သနည်း။ (ယခင်တစ်ခေါက်က ဘုရားသခင်သည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဟူသည့် ဆိုရိုးစကားကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့သည်။) အကျင့်စာရိတ္တနှင့် သက်ဆိုင်သော ဆိုရိုးစကားများကို ငါတို့ မိတ်သဟာယဖွဲ့သောအခါ ယေဘုယျပတ်ဝန်းကျင်၏ ပြဿနာကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ အချိန်ကာလများက မည်သို့ ပြောင်းလဲပါစေ၊ ငါတို့၏ လူမှုပတ်ဝန်းကျင်က မည်သို့ ပြောင်းလဲပါစေ၊ မည်သည့်နိုင်ငံမဆို၏ နိုင်ငံရေးအခြေအနေက မည်သို့ ပြောင်းလဲပါစေ ရိုးရာယဉ်ကျေးမှုတွင် တွေ့ရသော အကျင့်စာရိတ္တနှင့်သက်ဆိုင်သော မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားအမျိုးမျိုးမှတစ်ဆင့် လူသားမျိုးနွယ်တွင်လည်းကောင်း၊ လူတို့၏ အတွေးများနှင့် အကျင့်စာရိတ္တတွင်လည်းကောင်း၊ လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင်လည်းကောင်း စာတန်က ဖြစ်ပေါ်စေသော ဖောက်ပြန်ပျက်စီးမှုသည် ပို၍ သိသာလာနေသည်။ ရိုးရာယဉ်ကျေးမှု၏ မသိမသာ ပျက်စီးစေခြင်းက ဖြစ်စေသော လူသားမျိုးနွယ်အပေါ် သက်ရောက်မှုသည် အချိန်များ ပြောင်းလဲခြင်း၊ နေထိုင်ရာ ပတ်ဝန်းကျင်ပြောင်းလဲခြင်းတို့ကြောင့် မှေးမှိန်မသွားပေ။ လူများစွာတို့သည် ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသော ဆိုရိုးစကားအမျိုးမျိုးကို ကိုးကားပြီး အားပေးမြှင့်တင်နေဆဲဖြစ်ကာ ယင်းတို့ကို တရုတ်ရိုးရာပညာရပ်များအဖြစ်၊ ကျမ်းအဖြစ် ကြည်ညိုနေဆဲဖြစ်သည်။ စာတန်သည် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် အကျင့်စာရိတ္တနှင်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုးကို ထည့်သွင်းခဲ့ပြီး လူတို့အား အလွန်အကျွံ ဖောက်ပြန်ပျက်စီးစေခဲ့သည်မှာ ထင်ရှားသည်။ စာတန်က လူတို့အား အဘယ်ကြောင့် ဖောက်ပြန်ပျက်စီးစေသနည်း။ စာတန်က လူတို့အား ဖောက်ပြန်ပျက်စီးစေရာတွင် သူ၏ အဆုံးစွန်ပန်းတိုင်မှာ အဘယ်နည်း။ လူသားမျိုးနွယ်ကို ရည်ရွယ်သလော၊ သို့မဟုတ် ဘုရားသခင်ကို ရည်ရွယ်သလော။ (ဘုရားသခင်ကို ရည်ရွယ်သည်။) ဤသည်မှာ စာတန်၏ အနှစ်သာရကို သိရန်၊ စာတန်၏ လူသားမျိုးနွယ်အား ဖောက်ပြန်ပျက်စီးစေခြင်း၏ အကြောင်းရင်း အရင်းအမြစ်နှင့် လုပ်ငန်းစဉ်ကို သိရန် သင်နားလည်ရမည့်အရာတစ်ခုဖြစ်သည်။ လူတို့၏ အတွေးများသည် စာတန်၏ ဖျက်ဆီးခြင်းကို မည်သို့ခံရသနည်း။ လူတို့သည် ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ဤသို့ ဘုရားသခင်အား ဆန့်ကျင်သောအရာများကို အဘယ်ကြောင့် သိုဝှက်ထားသနည်း။ လူတို့သည် သမ္မာတရားနှင့်ဆန့်ကျင်သော ဤအရာများကို အဘယ်ကြောင့် စိတ်ထဲတွင် သိုဝှက်ထားကြသနည်း။ လူတို့သည် အဘယ်သို့ ဤသို့ဖြစ်သနည်း။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းသည်။ ဤသို့ဆိုလျှင် လူတို့သည် စာတန်ပြုသကဲ့သို့ အချိန်တိုင်းတွင် ဘုရားသခင်အား အဘယ်ကြောင့် အာခံပြီး ပုန်ကန်ကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ ဤမေးခွန်းများကို ငါတို့ယခင်က ဆွေးနွေးခဲ့သည့်အရာဖြင့် ဖြေ၍ရနိုင်သလော။ (ရနိုင်သည်။) ငါတို့ ယခင်အခေါက်က မိတ်သဟာယဖွဲ့ခဲ့သည့် အရာကို ပြန်စဉ်းစားပြီး တွေးကြည့်လော့။ (ဘုရားသခင်က ရှေးဦးစွာ ကျွန်ုပ်တို့၏ လက်ရှိအခြေအနေများကို မိတ်သဟာယဖွဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်ကို စားသောက်သော်လည်း စာတန်က ကျွန်ုပ်တို့အထဲသို့ သွတ်သွင်းသည့် မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအမြင်များနှင့် ပတ်သက်လျှင် အခြေခံအားဖြင့် ပိုင်းခြားသိမြင်မှုမရှိပေ။ ကျွန်ုပ်တို့သည် အချိန်မရွေး၊ နေရာမရွေး စာတန်၏ စကားပြောခွက်နှင့် လက်ပါးစေများ ဖြစ်လာနိုင်သည်။ စာတန်က လူတို့အား ထင်ယောင်ထင်မှား ဖြစ်စေပြီး ဖျက်ဆီးရန် ဤမိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများအား အသုံးပြုရသည့် အကြောင်းရင်းကိုလည်း ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲသည်။ စာတန်က လူတို့အား ဖျက်ဆီးပြီး ထိခိုက်သော်လည်း သူ၏ တကယ့်ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ရည်ရွယ်သည်။ သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အောက်သို့ဆွဲချပြီး ဖျက်ဆီးလိုသည်။ လူအုပ်စုတစ်စုအား ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြစ်စေရန်အတွက် ၎င်းတို့ကို ကယ်တင်ပြီး စုံလင်စေဖို့ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်က အဆုံးစွန်အနေဖြင့် ရည်ရွယ်သောကြောင့် စာတန်က ဤလူတို့အား ဘုရားသခင်နောက်သို့ မလိုက်စေရန်၊ ဘုရားသခင်၏ ပြီးမြောက်အောင် လုပ်ဆောင်ပေးခြင်းကို မခံရရန်၊ ဘုရားသခင်က ရယူခြင်းကို မခံရရန် နှောင့်ယှက်တားဆီးဖို့ ကြိုးစားသည်။ ဘုရားသခင်က စာတန်၏ ဉာဏ်များသော အကြံအစည်များကို သိမြင်သော်လည်း စာတန်ကို မတားဆီးပေ။ ထိုထက် ဘုရားသခင်သည် စာတန်အား အစေခံပစ္စည်းတစ်ခုအဖြစ်၊ အဖြည့်ခံတစ်ခုအဖြစ် အသုံးပြုသည်။ အကြောင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ ဉာဏ်များသော အစီအစဉ်များအပေါ်တွင် တည်ဆောက်ထားသောကြောင့်ဖြစ်သည်။ ပြီးလျှင် သူသည် စာတန်က ဖျက်ဆီးခြင်းကို ခံရသော ဤလူတို့အပေါ် သန့်စင်ခြင်း၊ ကယ်တင်ခြင်းအမှုကို ပြုသည်။ စာတန်က လူတို့အား ထင်ယောင်ထင်မှား ဖြစ်စေပြီး ဖျက်ဆီးရန် ဤမိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများအား အသုံးပြုသည်ကို ကျွန်ုပ်တို့ ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားအမျိုးမျိုးကို ဘုရားသခင်က ထုတ်ဖော်ပြီး ပိုင်းခြားစိစစ်သည်။ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်မှုကို သင်ယူနိုင်ပြီး ဤမိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများသည် အပျက်သဘောဆောင်သည်ဟု အယူဝါဒအားဖြင့်သာ နားလည်ခြင်းမဟုတ်ဘဲ ဤဆိုရိုးစကားများထဲတွင်ရှိသော စာတန်၏ ဉာဏ်များသော အကြံအစည်များက မည်သည့်အရာများဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ရန် ဘုရားသခင်က ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းတို့ကို ကျွန်ုပ်တို့ ရှင်းလင်းစွာ နားလည်ပြီးသည်နှင့် ထို့နောက်တွင် ကျွန်ုပ်တို့သည် ယင်းတို့နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ပြီး မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်သည်။ ကျွန်ုပ်တို့၌ မည်သည့်ဆိုးယုတ်သောအတွေးများ၊ အယူအဆများရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ၏ ရည်ရွယ်ချက်တွင် စာတန်၏ မည်သည့် ဉာဏ်များသော အကြံအစည်များရှိသည်ကိုလည်းကောင်း၊ မည်သည့် ဆိုးယုတ်သော စိတ်သဘောထားများကို ကျွန်ုပ်တို့ ထုတ်ဖော်ပြသည်ကိုလည်းကောင်း ဆန်းစစ်နိုင်သည်။ ဤသည်မှာ မိမိတို့ကိုယ်ကို အမှန်တကယ်သိခြင်းဖြစ်ပြီး အယူဝါဒဆိုင်ရာနားလည်မှုနှင့် ရိုးရှင်းသော ပိုင်းခြားသိမြင်မှုအဆင့်တွင်သာ ကျန်ရှိမနေခြင်းဖြစ်သည်။) စာတန်က လူတို့ကို ဖျက်ဆီးသည့် နည်းလမ်းများထဲမှ တစ်ခုမှာ ၎င်းတို့၏ အတွေးများနှင့် စိတ်နှလုံးများကို ဖျက်ဆီးခြင်းဖြစ်သည်။ စာတန်သည် လူတို့၏ နှလုံးသားနှင့် စိတ်အတွင်းသို့ ဆိုးယုတ်သောအတွေး၊ အယူအဆ၊ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို ဖြည့်သွင်းပေးသည်။ ယင်းတို့ထဲတွင် တရုတ်ရိုးရာယဉ်ကျေးမှု၏ အကောင်းတကာ့ အကောင်းဆုံးသောအရာကို ကိုယ်စားပြုသော အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုး ရှိသည်။ ယင်းတို့သည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အထင်ကရ ကိုယ်စားပြုချက်များဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှု အတွေးအမြင်များသည် အခြေခံအားဖြင့် စာတန်၏ အတွေးများနှင့် စာတန်၏ အနှစ်သာရကို ကိုယ်စားပြုသည်။ ပြီးလျှင် ဘုရားသခင်ကို အာခံသည့် စာတန်၏ သဘောသဘာဝဖြစ်သောအရာများကို ကိုယ်စားပြုသည်။ စာတန်က လူတို့ကို ဖျက်ဆီးရန်အတွက် ဤအရာများကို အသုံးပြုခြင်း၏ နောက်ဆုံး အကျိုးဆက်မှာ အဘယ်နည်း။ (လူတို့အား ဘုရားသခင်ကို ဆန့်ကျင်စေသည်။) အကျိုးဆက်မှာ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ပြီးလျှင် လူတို့က မည်သည့်အရာများ ဖြစ်လာသနည်း။ (စာတန်၏ စကားပြောခွက်နှင့် လက်ပါးစေများဖြစ်လာကြသည်။ အသက်ရှင်သော စာတန်များ ဖြစ်လာကြသည်။) လူတို့သည် စာတန်၏ စကားပြောခွက်များ ဖြစ်လာကြသည်။ စာတန်၏ ပြယုဂ်ဖြစ်လာကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်ကို ကိုယ်စားပြုလာသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပြောဆိုသည့် စကားများက သယ်ဆောင်လာသော ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များ၊ အတွေးများ၊ အယူအဆများနှင့် ၎င်းတို့ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ စာတန်က ဖော်ပြပြီး ထုတ်ဖော်သောအရာများဖြစ်သည်။ ဤသည်မှာ ရှင်သန်နေထိုင်ရေးအတွက် လူသားမျိုးနွယ်၏ စည်းမျဉ်းများနှင့် ပြုမူကျင့်ကြံပြီး သူတစ်ပါးတို့နှင့် ဆက်ဆံသော အတွေးအမြင်အမျိုးမျိုးတို့အားလုံးသည် စာတန်ထံမှ အရင်းခံပြီး အားလုံးက စာတန်၏ သဘာဝအနှစ်သာရကို ကိုယ်စားပြုသည်ဆိုသည်ကို အလုံးစုံ မှန်ကန်ကြောင်း အတည်ပြုသည်။ ဤသည်မှာ ရှင်သန်နေသော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်၊ စာတန်၏ သားသမီးဖြစ်ပြီး စာတန်နှင့် အမျိုးအစားတူသည်ဆိုသည်ကို အလုံးစုံ မှန်ကန်ကြောင်း အတည်ပြုသည်။ ရှင်သန်နေသော ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အသက်ရှင်သော စာတန်ဖြစ်သည်ကိုလည်းကောင်း၊ အသက်ရှင်သော နတ်ဆိုးဖြစ်သည်ကိုလည်းကောင်း၊ စာတန်၏ ပြယုဂ်ဖြစ်လာသော လူသားမျိုးနွယ်သည် စာတန်၏ ကိုယ်စားလှယ် ဖြစ်သည်ဆိုသည်ကိုလည်းကောင်း အလုံးစုံ မှန်ကန်ကြောင်း အတည်ပြုသည်။ လူသားမျိုးနွယ်က စာတန်၏ သားသမီးဖြစ်သည်ဖြစ်စေ၊ စာတန်၏ ပြယုဂ်ဖြစ်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ စာတန်၏ အမျိုးအစားဖြစ်သည်။ ဘုရားသခင်အတွက် ဤသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်ကို ငြင်းဆန်ပြီး သစ္စာဖောက်သော လူသားမျိုးနွယ်ဖြစ်သည်။ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဘုရားသခင်အား ဆန့်ကျင်သော အင်အားစုဖြစ်သည်။ ဤသို့သော လူသားမျိုးနွယ်သည် အစကကဲ့သို့ အရောင်ဆိုးခြင်းမခံရသေးသော၊ မသိနားမလည်သော ဖန်ဆင်းခံ လူသားမျိုးနွယ် မဟုတ်တော့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ပြီး ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်နေသည်။ ဤသို့သော အခြေအနေ၊ အနေအထားမျိုးတွင်နေထိုင်သော ထိုလူသားမျိုးနွယ်သည် မည်သည့်အရာကို လိုအပ်သနည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ယခုအချိန်မှာ ဘုရားသခင်က လူတို့ကို ကယ်တင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသောအချိန်ဖြစ်သည်။ ဘုရားသခင်က လူတို့ကို ကယ်တင်သည့် အခြေအနေမှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ လူသားမျိုးနွယ်အား စာတန်က ဖျက်ဆီးခြင်းသည် အလေးနက်ဆုံး၊ အပြင်းထန်ဆုံးသို့ ရောက်ရှိသည့် အခြေအနေဖြစ်သည်။ လူတို့အား စာတန်၏ ပြယုဂ်နှင့် စကားပြောခွက်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားစေသည်။ လူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာပြီး ဘုရားသခင်ကို ဆန့်ကျင်လာကြသည်။ ဤအခြေအနေအတွင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အမှုကို စတင်ခဲ့သည်။ ဤသည်မှာ လူတို့အား စာတန် ဖျက်ဆီးခြင်းနှင့်ပတ်သက်သည့် တကယ့်အခြေအနေဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည့် ဘုရားသခင်အတွက် တကယ့်အခြေအနေဖြစ်သည်။ ဤအဖြစ်မှန်များကို သိခြင်း၏ အကျိုးအမြတ်မှာ အဘယ်နည်း။ ဤသည်မှာ လူတို့အား ၎င်းတို့၏ ကိုယ်ပိုင်အနှစ်သာရကို သိစေရန်၊ စာတန်၏ အနှစ်သာရကို သိစေရန်၊ စာတန်က လူတို့အား ဖျက်ဆီးသည့်နည်းများကို သိစေရန်၊ စာတန်၏ ဆိုးညစ်မှုကို သိစေရန် ထောက်ကူပေးသည်။ လူတို့အား ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်ကို သိစေရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်တွင် ဘုရားသခင် ထုတ်ဖော်ပြသည့် အနန္တတန်ခိုး ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် တန်ခိုးတို့ကို သိစေရန်လည်း ထောက်ကူပေးသည်။ စာတန်၏ အနှစ်သာရ၊ ဆိုးညစ်မှုနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝအနှစ်သာရတို့သည် မည်သည့်အရာနှင့်တူသည်ကို သိမြင်ခြင်းအပြင် အရေးကြီးသည့်အရာမှာ လူတို့သည် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရတို့ကို သိရမည်။ ဘုရားသခင်၏ အနှစ်သာရကို သိခြင်းတွင် အဓိကအားဖြင့် ဘုရားသခင်၏ အနန္တတန်ခိုး၊ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် တန်ခိုးတို့ကို သိခြင်းပါဝင်သည်။ အဓိကအားဖြင့် ဘုရားသခင်၏ အနှစ်သာရ၏ ဤလက္ခဏာသွင်ပြင်များကို သိခြင်း ပါဝင်သည်။

လူသားမျိုးနွယ်ကို ကယ်တင်ရန် အလုပ်လုပ်နေသည့် ဘုရားသခင်၏ အခြေအနေ၏ ရှုထောင့်မှကြည့်လျှင် ဘုရားသခင်က ကယ်တင်လိုသည့် ဤလူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့်မှာ မကြာသေးသော လူသားမျိုးနွယ်မဟုတ်ဘဲ စာတန်က နှစ်ထောင်ချီပြီး ဖျက်ဆီးနေခဲ့သော လူသားမျိုးနွယ်ဖြစ်သည်။ လူ၏ အတွင်းအကျဆုံးသော စိတ်နှလုံးသည်လည်းကောင်း၊ လူ၏ အတွေးများ၊ သို့မဟုတ် စိတ်သဘောထားများသည်လည်းကောင်း စင်ကြယ်ခြင်း မရှိပေ။ ထိုထက် ယင်းတို့သည် စာတန်က ဖျက်ဆီးခြင်းကို အလွန်ပင်ခံထားရသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်က ကယ်တင်သည့်သူများမှာ စာတန်က ဖျက်ဆီးခြင်း၊ ဖြားယောင်းခြင်း၊ ထိန်းချုပ်ခြင်း၊ ကြိုးကိုင်ညွှန်ကြားခြင်း၊ နင်းချေခြင်းတို့ကို အလွန်ခံထားရသော ဖန်ဆင်းခံများဖြစ်သည်။ လူတို့နှင့်ပတ်သက်လျှင် ဤဖန်ဆင်းခံလူသားမျိုးနွယ်အတွင်းတွင်ရှိသော စာတန်နှင့်သက်ဆိုင်သောအရာများနှင့် ဆိုးယုတ်သောစိတ်သဘောထားများကို ဖယ်ရှားရန်၊ သို့မဟုတ် ပြောင်းလဲရန်မှာ အလွန်အမင်း ခက်ခဲသည်၊ သို့မဟုတ် ဖြစ်နိုင်ခြင်းပင်မရှိပေ။ ဆိုလိုသည်မှာ လူတို့နှင့်ပတ်သက်လျှင် ၎င်းတို့၏ အတွေးအမြင်များကို ပြောင်းလဲရန်၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော စာတန်နှင့်သက်ဆိုင်သောအရာများကို သန့်စင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန်တို့အားလုံးမှာ မဖြစ်နိုင်သော အလုပ်များဖြစ်သည်။ ဤသည်မှာ “ကျားသစ်သည် မိမိ၏ အကွက်အကျားတို့ကို မပြောင်းလဲနိုင်”ဟူသော ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်က လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို လုပ်ဆောင်လိုသည်မှာ အတိအကျပင် ဤအခြေအနေနှင့် ဤဖန်ဆင်းခံလူသားမျိုးနွယ်ဖြင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်တွင် လူတို့အတွက် ဩဇာအာဏာရှိပြီး တန်ခိုးရှိပုံပေါ်စေနိုင်သည့် အမှုတစ်ခုခုကို လုပ်ဆောင်ဖို့ မဆိုထားနှင့် နိမိတ် လက္ခဏာနှင့် အံ့ဖွယ်အမှုတစ်ခုကိုမျှ မပြသသကဲ့သို့ သူ၏ စစ်မှန်သော ဇာတိအဖြစ်တော်ကိုလည်း မပြသပေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံဘုရားသခင်က လူကို ကယ်တင်သည့်အချိန်ကာလအတွင်းတွင် ဘုရားသခင်က မည်သည့်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုကိုမျှ မပြသပေ။ လက်တွေ့ကျမှုနှင့် စစ်မှန်မှုတို့၏ အကန့်အသတ်ဘောင်များကို ကျော်လွန်သည့် မည်သည့်အမှုကိုမျှ မပြုပေ။ ဇာတိပကတိ လူ့သဘာဝကို ကျော်လွန်သော မည်သည့်အမှုကိုမျှ မပြုပေ။ ဘုရားသခင်က ဤသို့သော သဘာဝလွန်သည့်အမှုများကို မပြုပေ။ ထိုထက် သူသည် လူတို့၏ ဘဝကို ပံ့ပိုးပေးရန်အတွက်၊ လူတို့ကို ဖော်ထုတ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုမှ ၎င်းတို့ကို သန့်စင်ရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင်က ဤအမှုကို ပြုရန်အတွက်သာ နှုတ်ကပတ်တော်များကို အသုံးပြုသောကြောင့် လူအဖို့ မဖြစ်နိုင်သောအလုပ်တာဝန်တစ်ခုနှင့် ပို၍ပင် ဆင်တူနေသည်။ ပြီးလျှင် လူအများစု၏ အမြင်တွင် ဆော့ကစားနေသည့်ပုံစံနှင့်ပင် ဆင်တူနေသည်။ လူတို့က ၎င်းတို့ကို ပံ့ပိုးပေးရန်၊ ၎င်းတို့ ကယ်တင်ခြင်းရရှိနိုင်ရန်အတွက် ထောက်ကူပေးရန် မိန့်မြွက်ချက်များကို ထုတ်သုံးခြင်း၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြောသော၊ ရပ်တည်ချက်အမျိုးမျိုးမှ ပြောသော၊ အကြောင်းအရာအမျိုးမျိုးကို ပြောသော မိန့်မြွက်ချက်များကို ထုတ်သုံးခြင်းအားဖြင့် ဘုရားသခင်က မဖြစ်နိုင်သော အလုပ်ကို ဆောင်ရွက်နေသည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် ဤသည်မှာ ဘုရားသခင်က အလုံးစုံ တတ်စွမ်းနိုင်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဤအမှုကို ပြီးမြောက်ရန်အတွက် ဘုရားသခင်တွင် တန်ခိုး၊ ဩဇာအာဏာ၊ ဉာဏ်ပညာရှိသည်ကိုလည်းကောင်း စာတန်က ပို၍ပင် လက်ခံယုံကြည်မှုမရှိပေ။ ဖန်ဆင်းခံလူသားများ၏ အမြင်တွင် ဘုရားသခင်က လူကို ကယ်တင်ရန် သူ၏ မိန့်မြွက်ချက်များကို ပြောဆိုခြင်း၊ သူ၏အမှုကို လုပ်ဆောင်ခြင်းသည် မဖြစ်နိုင်သောအလုပ်ဖြစ်သည်ဆိုသည်မှာ ထင်ရှားသည်။ သို့ရာတွင် အနာဂတ်တွင် အမှုအရာများက မည်သို့ဖြစ်မည်ဖြစ်ပါစေ ယခုအချိန်တွင် ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသော “ဘုရားသခင်က ကတိတည်တော်မူပြီး သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ သူပြီးမြောက်သည့်အရာသည် ထာဝရတည်သည်။” ဟူသည်မှာ သူ၏နောက်သို့လိုက်သူများတွင် ဖြစ်မြောက်နှင့်ပြီးဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဤအရာကို ကြိုတင်မြည်းစမ်းနှင့်ပြီးဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်သည့်ပုံစံမှ အကဲဖြတ်လျှင် နှုတ်ကပတ်တော်များ ပေးအပ်ခြင်း၊ နှုတ်ကပတ်တော်များ၏ အာဟာရတိုက်ကျွေးမှု၊ နှုတ်ကပတ်တော်များ ဖွင့်ပြခြင်း၊ နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ နှုတ်ကပတ်တော်များ၏ ရိုက်နှက်ဆုံးမခြင်း၊ နှုတ်ကပတ်တော်များ၏ သတိပေးခြင်းနှင့် လှုံ့ဆော်ခြင်းနှင့် အခြားသောနည်းလမ်းများမှတစ်ဆင့်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုအား ဘုရားသခင် လုပ်ဆောင်ခြင်းမှ အကဲဖြတ်လျှင် ဘုရားနှုတ်ကပတ်တော်များသည် လူသားအယူအဆများဖြင့် နားလည်နိုင်သည့် စကားများ၏ ရိုးရှင်းသော အဓိပ္ပာယ်ကိုသာ သယ်ဆောင်ခြင်း မရှိသည်မှာ ထင်ရှားသည်။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဆိုသော အခြေခံဆိုရိုးအပြင် လူတို့က ပို၍ပင် မြင်နိုင်သောအရာမှာ အဖြစ်မှန်နှင့်ကိုက်ညီစွာ သိသာထင်ရှားသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်သည် အသက်ကို သယ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်သည် အသက်ဖြစ်ခြင်း၊ ဘုရားသခင်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုအတွက် ပံ့ပိုးပေးနိုင်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အသက်အတွက် လိုအပ်သည့် အရာရာတိုင်းကို ပံ့ပိုးပေးနိုင်ခြင်းဖြစ်သည်။ တန်ခိုး၊ ဩဇာအာဏာနှင့်ပတ်သက်လျှင် ဘုရားနှုတ်ကပတ်တော်သည် လူသားမျိုးနွယ်၏ နေထိုင်ရာ အခြေအနေများကို ပြောင်းလဲနိုင်သည်။ လူသားမျိုးနွယ်၏ အတွေးအမြင်များကို ပြောင်းလဲနိုင်သည်။ စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရသည့် လူ၏ စိတ်နှလုံးကို ပြောင်းလဲနိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်က ရွေးချယ်ပြီးဖြစ်သော လမ်းကြောင်းနှင့် ဘဝဦးတည်ချက်ကို ပြောင်းလဲနိုင်သည်။ ပြီးလျှင် ဘဝနှင့် စံတန်ဖိုးများအပေါ် လူသားမျိုးနွယ်၏ ရှုမြင်သုံးသပ်ချက်ကိုပင် ပြောင်းလဲနိုင်သည်။ သင်က ဘုရားနှုတ်ကပတ်တော်ကို လက်ခံပြီး နာခံသရွေ့၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို ချစ်ပြီး လိုက်စားသရွေ့ သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ လိုက်စားမှုပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် လိုက်စားရန်အတွက် သင်၏ စိတ်ခိုင်မာမှုက မည်မျှကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ယုံကြည်ခြင်းက မည်မျှကြီးသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်က သင့်ကို အသေအချာပင် ပြောင်းလဲပေးနိုင်ကာ ဘဝအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်နှင့် သင်၏ စံတန်ဖိုးများကို ပြောင်းလဲစေဖို့၊ လူများ၊ အမှုအရာများအပေါ် သင်၏ အတွေးအမြင်များကို ပြောင်းလဲစေဖို့၊ ပြီးလျှင် အဆုံး၌ သင်၏ အသက်စိတ်သဘောထားကို ပြောင်းလဲစေဖို့ ထောက်ကူပေးနိုင်သည်ဟုပင် ငါတို့ဆိုနိုင်သည်။ လူအများစုသည် အစွမ်းအစနည်းပြီး သမ္မာတရားအား လိုက်စားရန် စိတ်ပိုင်းဖြတ်ချက် မရှိသော်လည်း၊ ပြီးလျှင် ၎င်းတို့၏ အခြေအနေက မည်သို့ရှိသည်ဖြစ်စေ သမ္မာတရားအား လိုက်စားလိုစိတ်ပင် မရှိသော်လည်း ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ ကြားသရွေ့ စာတန်၊ ကမ္ဘာလောက၊ လူသားမျိုးနွယ်နှင့် သက်ဆိုင်သော ဘုရားသခင်၏ သွန်သင်မှုများမှ အချို့သော မှန်ကန်သော အမြင်များ၊ သိမြင်နားလည်မှုများသည် အတိုင်းအတာတစ်ခုအထိ အနည်းနှင့်အများ ၎င်းတို့၏ မသိစိတ်တွင် ရှိလာကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်၍ ဘုရားသခင်က လူတို့အား ထားရှိရန် တောင်းဆိုသည့် သမ္မာတရားစည်းမျဉ်းများ၊ ဘဝတွင် မှန်ကန်သော ဦးတည်ချက်နှင့် ပန်းတိုင်များနှင့် ပတ်သက်၍ ၎င်းတို့၏ မသိစိတ်ထဲတွင် အတိုင်းအတာအမျိုးမျိုးအထိ ဆာငတ်တောင့်တမှု ရှိလာကြသည်။ လူတို့ထဲတွင်လည်းကောင်း၊ လူတို့အလယ်တွင်လည်းကောင်း ဖြစ်ပေါ်သော ဤဖြစ်ရပ်များသည် လူတို့ အလိုရှိသည့်အရာများ ဖြစ်သည်ဖြစ်စေ၊ အလိုမရှိသည့်အရာများဖြစ်သည်ဖြစ်စေ၊ လူတို့၏ အယူအဆများနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ စသည်ဖြင့ လူတို့အပေါ် ဤသက်ရောက်မှုများအားလုံးနှင့် ဤဖြစ်ရပ်များအားလုံးက ဘုရားနှုတ်ကပတ်တော်သည် လူတို့၏ ဘဝများအတွက် ပံ့ပိုးပေးပြီး ၎င်းတို့လိုအပ်သည့်အရာကို ပံ့ပိုးပေးနိုင်ရုံသာမကဘဲ ပို၍ အရေးကြီးသည်မှာ ဘုရားနှုတ်ကပတ်တော်ကို မည်သည့်အင်အားစုနှင့်မျှ မပြောင်းလဲနိုင်ကြောင်းကို ပြသည်။ ငါသည် အဘယ်ကြောင့် ဤအရာကိုပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်သည် ဩဇာအာဏာကို သယ်ဆောင်သောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ ဩဇာအာဏာကို မည်သည့် လောကီသဘောတရား၊ အတွေးအခေါ်၊ သို့မဟုတ် အသိပညာ၊ သို့မဟုတ် မည်သည့် ငြင်းခုံမှု၊ အတွေးအမြင်ကမျှ မကျော်လွန်နိုင်ပေ။ ဤသည်မှာ ဩဇာအာဏာကို သယ်ဆောင်သည့် ဘုရားနှုတ်ကပတ်တော်၏ တကယ့်အဓိပ္ပာယ်ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်နောက်သို့ လိုက်သူများအားလုံးတွင် ရှင်းလင်းစွာ ပြသသည်။ ဘုရားနှုတ်ကပတ်တော်သည် ဩဇာအာဏာကို သယ်ဆောင်ပြီး လူသားမျိုးနွယ်၏ စိတ်နှလုံးနှင့် အတွေးများကို ပြောင်းလဲနိုင်သည်။ ပို၍ အရေးကြီးသည်မှာ စာတန်က လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးအတွင်းတွင် နက်နဲစွာ ထည့်သွင်းထားခဲ့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ပြီး လွင့်ပျယ်စေနိုင်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးဖြစ်သည်။ အခြားသောအရာတစ်ခုရှိသည်မှာလည်း မှန်သည်။ ယင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့ သိရှိသင့်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်ပညာသည် သူ၏အမှုတော်အစိတ်အပိုင်းတိုင်းတွင် ပွင့်အန်ထွက်သည်။ ဘုရားသခင် မိန့်မြွက်သည့် နှုတ်ကပတ်တော်များအတွင်းတွင်သာမက၊ နှုတ်ကပတ်တော် စာကြောင်းများကြားတွင်သာမကဘဲ ဘုရားသခင်ပြောဆိုသည့် ပုံစံတွင်၊ သူပြောသည့်အရာများတွင်၊ သူ၏ မိန့်မြွက်ချက်ရှိ သူခံယူသည့် ရပ်တည်ချက်များတွင်၊ ပြီးလျှင် သူ၏ စကားလေသံတွင်ပင် ဘုရားသခင်၏ ဉာဏ်ပညာကို အရာအားလုံးတွင် မြင်နိုင်သည်။ ဘုရားသခင်၏ ဉာဏ်ပညာသည် မည်သည့်ကဏ္ဍများတွင် ပေါ်လွင်ထင်ရှားသနည်း။ တစ်ခုမှာ ဘုရားသခင်၏ ဉာဏ်ပညာကို သူပြောသော နှုတ်ကပတ်တော်တိုင်းတွင် မြင်နိုင်ခြင်းဖြစ်သည်။ သူပြောဆိုသည့် အမျိုးမျိုးသော ပုံစံများတွင် သူ၏ ဉာဏ်ပညာကို ပြသသည်။ အခြားကဏ္ဍတစ်ခုမှာ လူတို့တွင် ဘုရားသခင် အလုပ်လုပ်သည့် အမျိုးမျိုးသော နည်းလမ်းအားလုံးတွင် ဘုရားသခင်၏ ဉာဏ်ပညာကို မြင်နိုင်ခြင်းဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က ဦးဆောင်သော ဘုရားသခင်နောက်သို့ လိုက်သောသူများတွင်လည်း မြင်နိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာသည် သူ၏ နှုတ်ကပတ်တော်တွင် ပွင့်အန်ထွက်ပြီး သူ၏အမှုတော်တွင်လည်း ပွင့်အန်ထွက်သည်ဟု ငါတို့ ဆိုနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့အတွက် သူ၏ နှုတ်ကပတ်တော်များတွင် မြင်နိုင်ခြင်းအပြင် လူတို့သည် ၎င်းတို့ ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများ၏ မတူညီသော ပတ်ဝန်းကျင်များ၊ အခြေအနေများတွင်လည်း ယင်းကို အလေးအနက် အသိအမှတ်ပြုလာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်သည် လူတို့အား အချိန်၊ နေရာမရွေး လိုက်လျောညီထွေသော ပံ့ပိုးမှုကို ရရှိစေနိုင်သည်။ ဘုရားသခင်က သင့်အား အချိန်၊ နေရာမရွေး ကူညီပေးနိုင်သည်။ အချိန်၊ နေရာမရွေး ထောက်ပံ့ပြီး ပံ့ပိုးပေးနိုင်သည်။ သင်၏ အပျက်သဘောဆောင်သော အခြေအနေကို အချိန်၊ နေရာမရွေး ချန်ထားခဲ့စေနိုင်သည်။ သင့်အား သန်မာစေပြီး အားမနည်းတော့စေရန် လုပ်ဆောင်ပေးနိုင်သည်။ ဘုရားသခင်သည် အချိန်၊ နေရာမရွေး သင်၏ အယူအဆများနှင့် သင်စဉ်းစားသည့်ပုံစံကို ပြောင်းလဲဖို့၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာများနှင့် စာတန်နှင့် သက်ဆိုင်သောအရာများကို လက်လွှတ်ဖို့၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့ ဘုရားသခင်ထံ နောင်တရဖို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပြုမူဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်ဖို့ ထောက်ကူပေးနိုင်သည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သူ့နောက်သို့ လိုက်သော၊ ဘုရားနှုတ်ကပတ်တော်ကို ချစ်ပြီး သမ္မာတရားကို ချစ်သောသူအားလုံး၌ မတူညီသောနည်းလမ်းများစွာဖြင့် အလုပ်လုပ်သည်။ တစ်ခါတစ်ရံတွင် သူသည် ကျေးဇူးတော်ကို ချပေးပြီး တစ်ခါတစ်ရံတွင် သူသည် အလင်းနှင့် ဗျာဒိတ်တော်ကို ပေးအပ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့အား ၎င်းတို့၏နည်းလမ်းများကို ပြင်ရန်လည်းကောင်း၊ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင် မိမိကိုယ်ကို အပြစ်တင်မှုကို ခံစားရစေရန်လည်းကောင်း၊ ဘုရားသခင်အပေါ် အမှန်တကယ် အကြွေးတင်မှုကို ခံစားရစေရန်လည်းကောင်း၊ ကြီးစွာနောင်တရစေရန်လည်းကောင်း၊ ဝန်ချရန်လည်းကောင်း၊ ဤသို့အားဖြင့် ၎င်းတို့လုပ်ဆောင်သည့် မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်ခြင်း မရှိစေတော့ရန်လည်းကောင်း၊ ၎င်းတို့အလိုရှိသလို မလုပ်ဆောင်တော့စေရန်လည်းကောင်း၊ သို့မဟုတ် စာတန်နောက်သို့ မလိုက်တော့ဘဲ ဘုရားသခင်က ၎င်းတို့အား ပြသခဲ့သည့် လမ်းကြောင်းအတိုင်း လက်တွေ့လုပ်ဆောင်စေရန်လည်းကောင်း ရိုက်နှက်ပြီး ပဲ့ပြင်ဆုံးမလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် လူတို့တွင် ဖြစ်မြောက်သည်။ အတိအကျဆိုရလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် လူတို့တွင် ဖြစ်မြောက်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူအများစုထဲတွင် မတူညီသောနည်းလမ်းများဖြင့် အလုပ်လုပ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က မည်သည့်နည်းလမ်းဖြင့် လုပ်ဆောင်သည်ဖြစ်စေ လူတိုင်းက သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်သည့် မတူညီသောနည်းလမ်းများကို အတိုင်းအတာတစ်ခုအထိ အနည်းနှင့်အများ တွေ့ကြုံခံစားရနိုင်သည်။ ဤအရာမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့် ဘုရားသခင်၏ အမှုသည် နည်းလမ်းများစွာဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ တစ်နည်းဖြင့် လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်၏ အမှုတော်သည် လူအတွက် အကူအညီဖြစ်ပြီး လူက အချိန်တိုင်း၊ နေရာတိုင်းတွင် လိုအပ်သည့်အရာဖြစ်သည်ဆိုသည်ကို လူတို့ နားလည်သိမှတ်ဖို့ ထိုအမှုနှစ်ခုလုံးက ထောက်ကူပေးနိုင်ကြောင်းကို ငါတို့ မြင်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အချိန်တိုင်း၊ နေရာတိုင်းတွင် လူတို့အတွက် အလုပ်လုပ်နိုင်ပြီး ပံ့ပိုးပေးနိုင်သည်။ သူသည် နေရာ၊ ပထဝီတည်နေရာ၊ သို့မဟုတ် အချိန်တို့၏ ကန့်သတ်ခြင်းကို မခံရသကဲ့သို့ သူသည် လူတို့၏ သာမန်ဘဝ လုပ်ရိုးလုပ်စဉ်များကို ကမောက်ကမဖြစ်အောင်မလုပ်ဆောင်ပေ၊ သို့မဟုတ် လူတို့၏ အတွေးများကို မနှောင့်ယှက်ပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်က ပြဋ္ဌာန်းထားခဲ့သော စည်းကမ်းတစ်ခုခုအား ဖျက်ဆီးရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ယောက်ချင်းစီတိုင်းတွင် တိတ်ဆိတ်စွာဖြင့်သာ အလုပ်လုပ်ပြီး ၎င်းတို့အား ရှင်းလင်းစွာ အသိပေးရန်၊ သွန်သင်ရန်၊ ဉာဏ်အလင်းပေးရန်၊ လမ်းပြရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ တစ်ချိန်တည်းတွင် ၎င်းတို့အပေါ်တွင် အလုပ်လုပ်ရန်အတွက် မတူညီသောနည်းလမ်းများကိုလည်း အသုံးပြုပြီး ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှုအောက်၌ အလိုအလျောက်သော်လည်းကောင်း၊ အမှုမဲ့အမှတ်မဲ့သော်လည်းကောင်း လာရောက်အသက်ရှင်စေဖို့ ၎င်းတို့အား ထောက်ကူပေးသည်။ ဘုရားသခင်၏ အမှုတော် ထွက်ပေါ်လာခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနောက်ပိုင်းတွင် လူတို့သည် ၎င်းတို့ကိုယ်တိုင် သတိမထားမိဘဲ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီး ၎င်းတို့၏ အတွေးများ ပြောင်းလဲသွားကာ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုမှာ တဖြည်းဖြည်းချင်း တိုးပွားလာသည်မှာ အမှန်ပင်ဖြစ်သည်။ လူတို့တွင် ဖြစ်မြောက်သော ဤသက်ရောက်မှုအားလုံးတွင် ဤအရာများသည် ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးနှင့် ဘုရားသခင်၏ အမှုတော်၏ ဉာဏ်ပညာကြောင့် ဖြစ်သည်ဟု ဆိုရမည်။ ယခုအခါ ဘုရားသခင်နောက်သို့ လိုက်သူတို့နှင့်ပတ်သက်လျှင် ဘုရားသခင်သည် ၎င်းတို့အတွက် အလုပ်လုပ်ရန်၊ ၎င်းတို့ကို ဦးဆောင်ပြီး ပံ့ပိုးပေးရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ လူတိုင်းက ဤအရာများကို ခံစားပိုင်ခွင့်နှင့် အခွင့်အလမ်း ရှိသည်။ ဘုရားသခင်နောက်သို့လိုက်သူတို့သည် ယခုအရေအတွက်ထက် ဆယ်ဆ၊ အဆနှစ်ဆယ်၊ သို့မဟုတ် အဆတစ်ရာအထိပင် များပြားလာလျှင် ဘုရားသခင်က ၎င်းတို့ကို ယခင်ကဲ့သို့ပင် စောင့်ရှောက်နိုင်ဦးမည်ဖြစ်သည်။ ပြီးလျှင် သူသည် ဤအမှုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဦးမည်ဖြစ်သည်။ ရရှိသော သက်ရောက်မှုများသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။

ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားကဏ္ဍအားလုံးကို ဖော်ပြပြီး လူသားမျိုးနွယ်အားလုံးက လိုအပ်သည့်အရာကို ပေးသည်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ကိုယ်တိုင် သတိမထားမိဘဲ ၎င်းတို့ကို လမ်းပြပေးရန်နှင့် လူတစ်ဦးချင်းစီတွင် မတူညီသောရလဒ်များကို ရရှိစေရန်အတွက် မတူညီသောအချိန်၊ မတူညီသောပတ်ဝန်းကျင်များတွင် လူတို့အပေါ်၌ မတူညီသောရပ်တည်ချက်များမှ မတူညီသောအလုပ်လုပ်ပုံနည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သင်က ယခုတွင် “ငါက ဘုရားရဲ့ အမှုတော်ကို သိပ်နားမလည်သေးဘူး၊ ပြီးတော့ အခု အရမ်း အားနည်းနေသေးတယ်၊ ဘုရားအပေါ် ယုံကြည်ခြင်းက အရမ်း နည်းနေတုန်းပဲ၊ ဘုရားသခင်နဲ့ပတ်သက်ပြီး ငါ့ရဲ့ အသိအမြင်ကလည်း တိုးမလာသေးဘူး၊ ငါ့တာဝန်ကို ထမ်းဆောင်တဲ့အပေါ် ငါ့ရဲ့ လက်ရှိသဘောထားက အရင်ကလိုပဲ စိတ်မထက်သန်တဲ့ ပုံစံရှိတယ်၊ ပြီးတော့ ငါ အရမ်းမတိုးတက်လာသေးသလို ခံစားရတယ်” ဟူ၍ စဉ်းစားလျှင် သေချာသည့်အရာတစ်ခုရှိသည်။ သင်က မည်မျှအားနည်းပါစေ၊ သင်က ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီဖို့ မည်မျှဝေးကွာနေသေးသည်ဟု ခံစားရပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်သည် သင်၏ စိတ်နှလုံးကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။ သင်က သမ္မာတရားအားလိုက်စားခြင်းတွင် အလွန်အမင်း စိတ်ဝင်စားခြင်းမရှိလျှင်ပင်၊ ကယ်တင်ခြင်းအား ရယူခြင်း၏ အရေးပါမှုကို အလွန်အရေးကြီးသည်ဟု မမှတ်ယူသေးလျှင်ပင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့် ဘုရားသခင် မိန့်မြွက်သည့် နှုတ်ကပတ်တော်အကြောင်းအရာများသည် သင့်အား မျှော်လင့်ချက်ပေးသည်။ သင်၏ အတွင်းအကျဆုံး စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်က ပြီးမြောက်လိုသည့် အချက်များနှင့်ပတ်သက်ပြီး မျှော်မှန်းချက်များရှိလာသည်။ ယခု သင်၏ ယုံကြည်ခြင်းက မည်မျှကြီးပါစေ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုက မည်သို့ရှိပါစေ သင့်တွင် အသေအချာပင် မျှော်လင့်ချက်ရှိသည်။ ဤသည်မှာ မည်သည့်အရာကို ပြသနည်း။ ဘုရားနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်က လိုအပ်သည့်အရာဖြစ်သည်။ လူသားမျိုးနွယ်က လိုအပ်သည့်အရာကို ပေးသည်။ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးကို ဆုပ်ကိုင်ပြီးဖြစ်သည်။ ပြီးလျှင် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်ကို အမှုမဲ့အမှတ်မဲ့ဖြင့် လက်ခံခြင်း တစ်စုံတစ်ရာ ရှိလာပြီဖြစ်သည်။ ဤအချက်အလက်များမှာ သမ္မာတရားအား သိပ်စိတ်မဝင်စားသူများ၊ ဘုရားသခင်၏ အမှုတော်၊ ကယ်တင်ခြင်းတို့နှင့်ပတ်သက်ပြီး အတော်အတန် မရေရာသော၊ မရှင်းလင်းသော နားလည်မှုရှိသူများကို ဦးတည်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားအား လိုက်စားနိုင်သူများအတွက် ဤသည်မှာ ရရှိသည့် တစ်ခုတည်းသော ရလဒ်မဟုတ်ဘဲ ၎င်းတို့သည်လည်း ဘုရားသခင်ကို သိမြင်လာပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ ဤအချက်အလက်များ၊ ညွှန်ပြမှုများမှတစ်ဆင့် ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်သည် ဘုရားသခင်၏ တန်ခိုး၊ ဩဇာအာဏာနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်ကို ငါတို့ မြင်နိုင်သည်။ ဤသည်မှာ အခြားတစ်ခုကိုလည်း မှန်ကန်ကြောင်း အတည်ပြုပေးသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ၎င်းတို့သည် နေရောင်မရှိဘဲ၊ ရေမရှိဘဲ၊ လေမရှိဘဲ နေနိုင်သော်လည်း ဘုရားသခင်မရှိဘဲ မနေနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်မရှိဘဲ မနေနိုင်ပေ။ ဘုရားသခင်၏ ပံ့ပိုးမှုမရှိဘဲ မနေနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှု၊ ပံ့ပိုးမှု၊ ထိန်းကျောင်းမှုနှင့် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများအားလုံးကသာ လူသားမျိုးနွယ်အား မျှော်လင့်ချက်နှင့် အလင်းကို ပေးနိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် ပန်းတိုင်နှင့် ဦးတည်ချက်ကိုလည်း ပေးနိုင်သည်။ ဤအရာတို့မှာ လူတို့ မြင်တွေ့ပြီးဖြစ်သောအရာများဖြစ်သည်။ အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ တကယ့်အခြေအနေကို ဖော်ထုတ်ခြင်း၊ ပိုင်းခြားစိစစ်ခြင်းအားဖြင့် ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန်အတွက် မည်သည့်အခြေအနေမျိုးတွင် အလုပ်လုပ်သည်ကို လူတို့ မြင်နိုင်သင့်သည်။ လူတို့သည် ဘုရားသခင်အလုပ်လုပ်သည့် အနေအထား၏ တကယ့်အခြေအနေက မည်သို့ရှိသည်ကို သိမြင်ခြင်းအပြင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုသည် မည်မျှ ခက်ခဲသည်ကို ပို၍ပင် နားလည်သင့်သည်။ ပြီးလျှင် မည်မျှခက်ခဲသည်ဆိုသည်ကို နားလည်ခြင်းမှတစ်ဆင့် ၎င်းတို့သည် ဘုရားသခင်၏ တန်ခိုးအစွမ်း၊ ဩဇာအာဏာ၊ ဉာဏ်ပညာတို့ကို သိမြင်လာသင့်သည်။ ဘုရားသခင်သည် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် စာတန်က လူသားမျိုးနွယ်ကို စတင် ဖျက်ဆီးသောအခါ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် အလျင်စလိုမလုပ်ခဲ့ပေ။ သူသည် လွန်ခဲ့သော နှစ်လေးထောင်က၊ သို့မဟုတ် လွန်ခဲ့သော နှစ်ခြောက်ထောင်က လူသားမျိုးနွယ်ကိုကယ်တင်ရန် အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူသည် အမှုအရာများကို လုပ်ဆောင်ရမည့်ပုံစံအတိုင်း လုပ်ဆောင်ခဲ့သည်။ လူသားမျိုးနွယ်သည် မြွေ၏ သွေးဆောင်ခြင်းနှင့် စာတန်၏ ဖျက်ဆီးခြင်းကို ခံရခြင်းမှတစ်ဆင့် အပြစ်နှင့် ပြည့်သွားခဲ့သည်။ ကမ္ဘာမြေကြီးက ရေကြီးခြင်းအားဖြင့် ဖျက်ဆီးခြင်းခံရသည်။ ထို့နောက်တွင် ဘုရားသခင်က လူသားမျိုးနွယ်ကို တဖြည်းဖြည်းချင်း ဦးဆောင်ရန် ပညတ်တော်ကို အသုံးပြုခဲ့သည်။ စာတန်က လူသားကို ဖျက်ဆီးခြင်းသည် တဖြည်းဖြည်းချင်းပို၍ ကြီးထွားလာသောအခါ ဘုရားသခင်သည် သူ့ကိုယ်သူ အပြစ်ရှိသော လူ့ဇာတိပုံသဏ္ဌာန်ကို ယူပြီး ကားစင်တင်ခံခြင်းအားဖြင့် လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည်။ ယခု နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံရသည်မှာ လူတို့သည် စာတန်၏ ဆိုးဆိုးရွားရွား ဖျက်ဆီးခြင်းကို ခံရကာ လုံးလုံးပင် စာတန်၏ ကိုယ်စားလှယ်ဖြစ်လာကြသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏ နှုတ်ကပတ်တော်များကို နည်းလမ်းတကျ၊ ပွင့်လင်းစွာ ဖော်ပြသည်။ သူသည် လူ၊ ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံနှင့်ပတ်သက်ပြီး သူ၏ စိတ်နှလုံး၊ သူ၏အမြင်နှင့် သဘောထားများတွင် ရှိသည့်အရာကို ဖော်ပြပြီး လူသားမျိုးနွယ်က လိုအပ်သည့် သမ္မာတရားများအားလုံးကို ဖော်ပြသည်။ ဤသို့သောနောက်ခံမျိုးကို ရင်ဆိုင်လျက် ဘုရားသခင်သည် လူသားမျိုးနွယ်က လိုအပ်သည့်အရာကို ပေးရန် နည်းလမ်းတကျ စတင်သည်။ လူသားမျိုးနွယ်က လုံးလုံးပင် မသိနားမလည်သည့် အခြေအနေတွင် သူသည် လူသားမျိုးနွယ်အား သမ္မာတရားအားလုံးကို မပေးအပ်ပေ။ ဘုရားသခင်သည် သူ ဖြစ်မြောက်လိုသည့်အချက်များကို ဖြစ်မြောက်ရန်အတွက် နှုတ်ကပတ်တော် ပံ့ပိုးခြင်းကိုသာ အသုံးပြုလျက်ဖြင့် ကြွလာပြီး သူ၏ နှုတ်ကပတ်တော်များကို ဟောကြားသည်မှာ၊ သူ၏ အမှုတော်ကို ပြုသည်မှာ၊ လူတို့ကြားတွင် လျှောက်လှမ်းပြီး သူ ဖော်ပြလိုသော နှုတ်ကပတ်တော်များကို ဖော်ပြသည်မှာ လူသားမျိုးနွယ်က စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရသည့်အချိန်နှင့် လူတို့က ၎င်းတို့ကယ်တင်ခံရရန် နည်းလမ်းမရှိဟု ယုံကြည်ကြသည့်အချိန် အတိအကျတွင်ပင်ဖြစ်လေသည်။ ဖန်ဆင်းခံ လူသားမျိုးနွယ်ထဲတွင် အတော်အတန် အစွမ်းအစရှိသူမည်သူမျှ ဤအမှုကို ပြုရန်အတွက် စိန်ခေါ်မှုကို လက်မခံရဲပေ။ ဤသည်မှာ အတန်ပင် ခက်ခဲသောအလုပ်၊ ဖြစ်မြောက်ရန် မဖြစ်နိုင်သောအလုပ်ဖြစ်သည်ဟု လူတို့က ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်က သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ ဤအမှုကို၊ အရာခပ်သိမ်းကို ဖြစ်မြောက်ရန် နှုတ်ကပတ်တော်ကို အသုံးပြုသည့် အမှုကို စတင်သည်မှာ ဤအခြေအနေ အတိအကျ၌ပင် ဖြစ်သည်။ ဤသည်မှာ ကြီးမားသော တာဝန်၊ မကြုံစဖူးသောအလုပ်ဖြစ်ပြီး တစ်ခေတ်ဆန်းသစ်စေသောအမှုဆိုလျှင် ပို၍ပင် မှန်ပြီး ရှည်လျားသောအမှုတစ်ခုဖြစ်သည်။ လူတစ်ယောက်က မည်မျှ ပြောပါစေ၊ မည်သည့်အရာကို ပြောပါစေ၊ သူ၏ စကားများ၏ အနှစ်သာရမှာ မည်သည့်အရာဖြစ်ပါစေ မိမိ၏ စကားက စွမ်းဆောင်ရရှိရန် ရည်ရွယ်သောအမှုများကို မည်သူကမျှ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ဘုရားနှုတ်ကပတ်တော်သာလျှင် ပြည့်စုံနိုင်သည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် ဘုရားသခင် သတ်မှတ်သည့်အရာနှင့် သူ၏ အတွေး အစီအစဉ်များနှင့်အညီ ဖြစ်မြောက်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာလည်းဖြစ်သည်။ လူတို့သည် ဤအရာများကို နားမလည်သင့်သလော။ (နားလည်သင့်သည်။) ဤသို့ဆိုလျှင် ဤအရာများကို နားလည်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ မည်သူ ပြောမည်နည်း။ (တစ်ချက်မှာ လူတို့သည် ဘုရားအမှုတော်၏ ဉာဏ်ပညာကို နားလည်မှုတစ်ခုခု ရှိလာနိုင်ပြီး စာတန်က ဖျက်ဆီးခြင်းမခံရသေးသော ထိုမသိနားမလည်သောလူများအပေါ် ဘုရားအမှုတော်ကို ဆောင်ရွက်ခြင်းမရှိသည်ကို နားလည်လာနိုင်သည်။ ထိုအစား ဘုရားသခင်သည် သူ၏တာဝန် ထမ်းဆောင်ခြင်းတွင် စာတန်ကို အသုံးပြုပြီး စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသောသူတို့အပေါ် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်သည်။ ဤအမှုက အလွန်ခက်ခဲသည်ဟု လူတို့က ယုံကြည်ကြသည်။ သို့တိုင်အောင် ဘုရားနှုတ်ကပတ်တော်သည် အမှန်ပင် လူတို့အပေါ် သက်ရောက်မှုရှိသည်။ ထို့အပြင် သာမန်အားဖြင့် ကျွန်ုပ်တို့၏ အတွေ့အကြုံလမ်းကြောင်းတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချုပ်ချယ်ခြင်းကို မကြာခဏခံရပြီး ဖောက်ပြန်ပျက်စီးမှုကို မထုတ်ဖော်ဘဲ မနေနိုင်ပေ။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင် ဖြစ်လာသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် အလွန် အပျက်သဘောဆောင်လာသည်မှာ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ဆုံးရှုံးသွားလေသည်။ သို့ရာတွင် ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ်တို့ ကြားပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်ကို ယုံကြည်လာပြီး ကျွန်ုပ်တို့သည် သမ္မာတရားကို ချစ်ပြီး လက်ခံသရွေ့ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲနိုင်ကြောင်း၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲ၍ မရနိုင်ခြင်းမဟုတ်ကြောင်းကို နားလည်လာသည်။ လူတစ်ယောက်သည် သူ၏အနှစ်သာရတွင် သမ္မာတရားကို မချစ်လျှင်၊ သို့မဟုတ် လက်မခံလျှင် သူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်မည်မဟုတ်ပါ။) သင်ပြောသည့်အရာသည် အလုံးစုံ သင့်လျော်ပြီး တိကျသည်။

ဘုရားနှုတ်ကပတ်တော်သည် အရာအားလုံးကို ဖြစ်မြောက်စေနိုင်ပြီး အရာအားလုံးကို ပြောင်းလဲနိုင်သည်။ တစ်ချိန်တည်းတွင် လူတို့သည် ၎င်းတို့အပေါ်တွင် ဘုရားနှုတ်ကပတ်တော်သည် အခြားသက်ရောက်မှုတစ်ခုရှိသည်ကို မြင်နိုင်သင့်သည်။ အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။ ဤအရာမှနေ၍ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ (ဘုရားသခင်၏ ဩဇာအာဏာကို မြင်ရသည်။) ဘုရားသခင်၏ ဩဇာအာဏာ၊ ဘုရားသခင်၏ ဉာဏ်ပညာကို ငါတို့ မြင်ရသည်။ သူ၏ နှုတ်ကပတ်တော်တွင် ပြသသော တန်ခိုးအစွမ်းကို ငါတို့ မြင်ရသည်။ ဘုရားနှုတ်ကပတ်တော်သည် သူ၏အသက်၊ အနှစ်သာရနှင့် စိတ်သဘောထားကို ကိုယ်စားပြုသောကြောင့် ဘုရားနှုတ်ကပတ်တော်သည် ဘုရားသခင်ကဲ့သို့ပင် ထာဝရရှင်သန်လိမ့်မည်။ ဤသည်မှာ သင့်အား မည်သည့်အရာကို ပြောသနည်း။ ဘုရားနှုတ်ကပတ်တော်သည် လူသားမျိုးနွယ်အတွက် အလွန်ပင်အရေးကြီးသည်ကို ပြောသည်။ မည်သည့်အရာကို သင်ရရှိသည်ဖြစ်စေ ယင်းသည် စစ်မှန်သော ရတနာမဟုတ်ပေ။ သင်က ရွှေချောင်းတစ်ချောင်းကို၊ သို့မဟုတ် ကမ္ဘာ၏ ရှားပါးပြီး တန်ဖိုးရှိသော ကျောက်မျက်ရတနာကို ရရှိသည်ဖြစ်စေ ၎င်းတို့သည် စစ်မှန်သော ရတနာမဟုတ်ပေ။ သင်သည် သက်စောင့်ဆေးကို ရလျှင်ပင် ယင်းသည် တစ်ပြားမျှမတန်ပေ။ သင်သည် မိမိကိုယ်ကိုပျိုးထောင်ခြင်းတွင် အောင်မြင်ပြီး ကောင်းကင်ဘုံသို့ ပျံတက်လျှင်ပင် သင်သည် သေချာပေါက် ထာဝရရှင်သန်မည်မဟုတ်ပေ။ ဤသည်မှာ သင်သည် ဖန်ဆင်းခံဖြစ်သောကြောင့်၊ အရာရာတိုင်းကို ဘုရားသခင်က ကြိုတင် စီမံထားသောကြောင့်ဖြစ်ပြီး မည်သူကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်မှ မလွတ်မြောက်နိုင်သောကြောင့်ဖြစ်သည်။ အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။ ဤစကားများကို သိခြင်းဖြင့် မည်သို့ အသုံးဝင်သနည်း။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ သမ္မာတရားကို၊ သို့မဟုတ် ဘုရားသခင်၏ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို မချစ်လျှင် ဤစကားများ၊ သို့မဟုတ် ဤအမှန်တရားကို စိတ်မဝင်စားခြင်းရှိနိုင်သည်။ သို့ရာတွင် သင်သည် ဘုရားသခင်၏ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်လျှင်၊ သမ္မာတရားကို ချစ်ပြီး အပြုသဘောဆောင်သောအရာများကို ချစ်လျှင် သင်သည် ဤစကားများအပေါ်တွင် အလွန်စိတ်ဝင်စားမှုဖြစ်ပေါ်မည်ဖြစ်ပြီး ဤသို့အားဖြင့် ဤအမှန်တရားနှင့် ဤစကားများကို သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုံဖော်ရေးထိုးထားလိမ့်မည်။ ဤစကားများသည် အဘယ်နည်း။ အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်၊ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ၊ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည် ဟူ၍ဖြစ်သည်။ ဤစကားများကို သင်တို့၏ စိတ်နှလုံးတွင် သိမ်းဆည်းထားပြီး အားလပ်ချိန်တွင် ယင်းတို့ကို ချင့်ချိန်စဉ်းစားရမည်။ ဤစကားများသည် အလွန့်အလွန်ပင် အရေးကြီးသည်။ ပြောလော့။ ဤစကားများထံမှ မည်သည့်အရာကို သင်တို့ရရှိသနည်း။ (ဘုရားသခင်၊ တစ်စုံတစ်ခုကို ကျွန်ုပ်နားလည်သည်။ ဘုရားနှုတ်ကပတ်တော်က “အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။” ဟူ၍ ဆိုသည်။ တစ်ခါတစ်ရံတွင် ပြင်ပလောက၌ အမှုအရာများက ပြောင်းလဲသည်။ ဤသို့သော အခြေအနေများကို ကျွန်ုပ်တို့ ကြုံတွေ့သောအခါ ကျွန်ုပ်တို့၏ အခြေအနေသည် ပြောင်းလဲမည်ဖြစ်ပြီး ဘုရားသခင်နောက်သို့လိုက်ရန် ကျွန်ုပ်တို့၏ စိတ်ခိုင်မာမှုသည်လည်း ပြောင်းလဲမည်။ အပျက်သဘောဆောင်ပြီး အားနည်းမှုကို ခံစားရခြင်းအား ရှောင်ကြဉ်ရန် ကျွန်ုပ်တို့အတွက် ခက်ခဲလာသည်။ သို့သော် ဤဘုရားနှုတ်ကပတ်တော်များနှင့် အစပိုင်းတွင် ဘုရားသခင်က ကျွန်ုပ်တို့ကိုပေးခဲ့သော ကတိများကို ကျွန်ုပ်တို့ စဉ်းစားမိသောအခါ၊ ဘုရားသခင်သည် သူနှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိသူ လူတစ်စုကို ရရှိလိုသည်ဟု ပြောခဲ့သည်ကို စဉ်းစားမိသောအခါ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ခွန်အားနှင့် ယုံကြည်ခြင်းဖြင့် ပြည့်လျှံသွားသည်။ ကျွန်ုပ်တို့သည် ပြင်ပလောကတွင်ရှိသော အခြေအနေများ၏ သက်ရောက်မှုကို မခံရတော့ပါ။ ပြီးလျှင် ကျွန်ုပ်တို့၌ ဘုရားသခင်နောက်သို့လိုက်ပြီး တာဝန်များကို ထမ်းဆောင်ရန် ယုံကြည်ခြင်းရှိသည်။) ဤနှုတ်ကပတ်တော်များသည် သင်တို့အား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကိုပေးသည်။ မည်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမျိုး ဖြစ်သနည်း။ ရုပ်ဝတ္ထုလောကတွင်ရှိသော မည်သည့်အရာကိုမျှ လိုက်စားရန်၊ သို့မဟုတ် မြတ်နိုးရန်မဟုတ်ပေ။ ဤအရာများသည် အနှစ်မရှိပေ။ သင်မျက်စိရှေ့တွင်ရှိသော ကျော်ကြားမှု၊ အကျိုးအမြတ်၊ ရာထူး၊ ရုပ်ဝတ္ထုဆိုင်ရာ သာယာမှု၊ မိန်းမများ၏ အလှအပ၊ ယောက်ျားများ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကဲ့သို့သော အရာအားလုံးသည် မတည်မြဲပေ။ မျက်စိတစ်မှိတ်တွင် ပျက်သုဉ်းသွားသည်။ ဤအရာများကို မြတ်နိုးခြင်းသည် အဓိပ္ပာယ်မရှိပေ။ အဓိပ္ပာယ်မရှိဟု ငါဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤအရာများသည် ယာယီလိုအပ်ချက်များ၊ သင်၏ အသွေးအသား၏ မက်မောမှုများ၊ ဆန္ဒများ၊ သို့မဟုတ် သင်၏ စိတ်အခြေအနေများ၊ ချစ်ခင်မှုများ စသည်တို့ကိုသာ ဖြည့်ဆည်းပေးနိုင်သည်။ သို့တိုင်အောင် ယင်းတို့သည် သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပေ။ သင်၏ ဝိညာဉ်က ဆာလောင်သောအခါ၊ ဆာငတ်ပြီး အနှစ်မဲ့သောအခါ ရုပ်ဝတ္ထုလောကရှိ မည်သည့်အရာကမျှ သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပေ၊ သို့မဟုတ် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးရှိ အနှစ်မဲ့ခြင်းကို ဖြည့်မပေးနိုင်ပေ။ ဤအတွက်ကြောင့် ဤအရာများအား လိုက်စားခြင်းသည် အဓိပ္ပာယ်မရှိခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အရာက သင့်အား ကျေနပ်စေနိုင်ပြီး သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင်ရှိသော အနှစ်မဲ့ခြင်းကို ဖြည့်ပေးနိုင်သနည်း။ ဘုရားနှုတ်ကပတ်တော်ကို သင်ဖတ်ပြီး သမ္မာတရားကို နားလည်သောအခါ သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးသည် ပြန်လည်အားပြည့်လာပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ခံစားရသည်။ ပြီးလျှင် သင်၏ စိတ်နှလုံးက ကျေနပ်ပြီး သက်သာခြင်းရှိသည်။ သင်သည် ဤနည်းဖြင့် ဆက်လက်၍ လိုက်စားလျှင် ဘုရားနှုတ်ကပတ်တော်က သင်၏အသက်ဖြစ်လာသောအခါ သင့်ထံမှ မည်သူကမျှ သင်၏အသက်ကို မယူဆောင်နိုင်ဘဲ မည်သူကမျှ မဖျက်ဆီးနိုင်ပေ။ မည်သူကမျှ သင့်ထံမှ သင်၏အသက်ကို မယူဆောင်နိုင်သောအခါ၊ သို့မဟုတ် မဖျက်ဆီးနိုင်သောအခါ သင်သည် မည်သို့ ခံစားရမည်နည်း။ သင်သည် အနှစ်မဲ့ခြင်းကို ခံစားရတော့မည်မဟုတ်။ ဤကမ္ဘာတွင် နေထိုင်လျက် လမ်းပျောက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သို့မဟုတ် စိတ်မသက်သာခြင်းကို သင် ခံစားရတော့မည်မဟုတ်ပေ။ သင်၏အတွင်း၌ ဘုရားနှုတ်ကပတ်တော်ရှိပြီး သင့်အား လမ်းပြလျက်၊ ပံ့ပိုးပေးလျက်၊ သင့်အား ရည်ရွယ်ချက်၊ ဦးတည်ချက်ဖြင့် အသက်ရှင်စေနိုင်လျက်ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် နေ့စဉ် အဓိပ္ပာယ်နှင့် တန်ဖိုးရှိသည့်ခံစားချက်ဖြင့် အသက်ရှင်လိမ့်မည်။ ဤသည်မှာ လူတို့ အမှန်တကယ် ခံစားရသည့်အရာဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့က အမှန်တကယ် ခံစားရသော ဤအပြုသဘောဆောင်သောရလဒ်ကို မည်သို့ ရရှိသနည်း။ (လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သောအခါတွင် ဘုရားနှုတ်ကပတ်တော်ကြောင့် လူတို့၌ ရရှိခြင်းဖြစ်သည်။) မှန်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏အသက်အဖြစ် လက်ခံလိုက်သည်နှင့် ၎င်းတို့တွင် ဤရလဒ်ကို ရရှိသည်။ ၎င်းတို့ဘဝသည် ပြောင်းလဲသည်။ ၎င်းတို့ အသက်ရှင်သည့်ပုံစံသည် ပြောင်းလဲသည်။ လူများ၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များသည် မတူညီတော့ပေ။ လူများ၊ အမှုအရာများအား ၎င်းတို့မြင်သည့် ပုံစံသည် မတူညီတော့ပေ။ ထို့ကြောင့် ၎င်းတို့၏ လိုက်စားမှုသည် မတူညီတော့ပေ။ ၎င်းတို့သည် ထိုအသွေးအသား သာယာမှုများ၊ ရုပ်ဝတ္ထုဆိုင်ရာ ဆုလာဘ်များ၊ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးအဆင့်အတန်းတို့ကို မလိုက်စားတော့ပေ။ မိမိ၏ အသွေးအသား မက်မောမှုများနှင့်သက်ဆိုင်သောအရာများအား လိုက်စားခြင်းသည် မိမိကို ပို၍ပျင်းရိခြင်း၊ အနှစ်မဲ့ခြင်း၊ စိတ်မအေးခြင်း၊ နာကျင်ခြင်းတို့ကိုသာ ခံစားရစေနိုင်သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်သည် မိမိ၏ စိတ်နှလုံးတွင် နေရာယူသွားသည်နှင့် သမ္မာတရားသည် ၎င်းတို့အတွင်းတွင် ၎င်းတို့၏ အသက်ဖြစ်လာသည်။ ၎င်းတို့၏ စိတ်အတွင်းမှ အနှစ်သာရနှင့် အသက်တို့က ပြောင်းလဲသွားသည်။ ထို့ကြောင့် ၎င်းတို့သည် မတူညီမှုကို ခံစားရသည်။ ၎င်းတို့၏ ခံစားချက်များနှင့် မက်မောမှုများ၊ ၎င်းတို့၏ အမျိုးမျိုးသော စိတ်ခံစားချက်များ၊ ဘဝရှိ ၎င်းတို့၏ ပန်းတိုင်များ၊ ၎င်းတို့လိုက်စားမှု၏ ဦးတည်ချက်၊ ရှင်သန်ရေးအတွက် ၎င်းတို့၏ စည်းမျဉ်းများတို့အားလုံးသည် လုံးဝ မတူညီတော့ပေ။ ၎င်းတို့၏ လိုက်စားမှုက ပြောင်းလဲသွားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားသခင်ကို သိဖို့ အားထုတ်နိုင်သည်။ ဘုရားသခင်က ၎င်းတို့အား ရှင်သန်စေလိုသည့် ပုံစံအတိုင်း အသက်ရှင်နိုင်လာကြသည်။ ဤအရာကို ရရှိသူတို့သည် ဆွေးမြည့်ခြင်း၊ သေခြင်း၊ ပျက်စီးခြင်းတို့ကို ရင်မဆိုင်ရဘဲ ထိုအစား စစ်မှန်သောဘဝကို ရရှိလာကြသည်။ ဆွေးမြည့်ခြင်းမခံရသည့်ဘဝကို ရရှိလာကြသည်။ ဆွေးမြည့်ခြင်းမခံရဟု ငါဆိုသောအခါတွင် မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤလူတို့အတွင်း၌ရှိသော ဤဘဝသည် ပျောက်ကွယ်မည်မဟုတ်၊ မှေးမှိန်သွားမည်မဟုတ်၊ လျော့ပါးသွားမည်မဟုတ်၊ ယိုယွင်းသွားမည်မဟုတ်၊ ယခင်ကကဲ့သို့ ပျက်စီးခြင်းကို ရင်ဆိုင်ရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသို့အားဖြင့် ၎င်းတို့၏ လက်ရှိဖြစ်တည်မှုအခြေအနေနှင့် ၎င်းတို့၏ ရှင်သန်ရေးအလားအလာများသည် ပြောင်းလဲမသွားသလော။ ၎င်းတို့၏ ရှင်သန်ရေးအလားအလာများသည် ပြောင်းလဲမှုတစ်ခုကို ကြုံရသည်မှာ ရှင်းသည်။ လူသား၏ အသက်က မှေးမှိန်သော၊ ခြောက်သွေ့ညိုးနွမ်းသော၊ ဆွေးမြည့်သော၊ အဆုံးသတ်ရှိသော၊ ဖျက်ဆီးခြင်းခံရသော အကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မထားရှိသောကြောင့်ဖြစ်ပြီး လူတစ်ယောက်သည် နှစ်တစ်ရာ၊ သို့မဟုတ် နှစ်နှစ်ရာ၊ သို့မဟုတ် နှစ်သုံးရာ၊ သို့မဟုတ် နှစ်တစ်ထောင်အသက်ရှင်သည်ဖြစ်စေ ရှင်သန်ရေးအတွက် သူ၏ စည်းမျဉ်းများ၊ ဘဝအပေါ် သူ၏ ရှုမြင်သုံးသပ်ချက်နှင့် သူ၏ဘဝအဓိပ္ပာယ်တို့သည် ပြောင်းလဲမည်မဟုတ်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့အသက်ရှင်သည့်သူများသည် အမှန်တကယ်တွင် မည်သည့်အရာအတွက် အသက်ရှင်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ဇာတိပကတိကို ကျေနပ်စေရန် ရည်ရွယ်ချက်သက်သက်ဖြင့် အသက်ရှင်ကြသည်။ လူ၏ ဇာတိပကတိက မည်သည့်အရာကို လိုက်စားသနည်း။ ချမ်းသာခြင်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုတို့ကဲ့သို့သောအရာများဖြစ်ပြီး ဘုရားသခင်၏ အမြင်တွင် သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်က မုန်းတီးသည်မှာ ဤအရာများ အတိအကျပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူတို့အား ဤအရာများကို လိုက်စားပြီး ခံစားရန် ခွင့်ပြုရာတွင် အချိန်အကန့်အသတ်ရှိသည်။ လူ၏အသက်သည် နှစ်ခြောက်ဆယ်၊ သို့မဟုတ် နှစ်ခုနှစ်ဆယ် ကျော်ကျော်၊ နှစ်ရှစ်ဆယ်၊ သို့မဟုတ် နှစ်ကိုးဆယ်ကျော်ကျော်အထိ တည်တံ့နိုင်ပြီး ပြီးနောက်တွင် အဆုံးသတ်သည်။ အဆုံးသတ်တိုင်းတွင် အသစ်ပြန်လည်မွေးဖွားခြင်း တစ်ကြိမ်ရှိသည်။ ဤသည်မှာ လူ၏ ဘဝသက်တမ်းဖြစ်ပေါ်လာသည့်ပုံစံဖြစ်သည်။ ဘုရားသခင်သည် ဤအချိန်အကန့်အသတ်ကို ကြိုတင်သတ်မှတ်မထားခဲ့လျှင် လူတို့သည် ကြာရှည်စွာ အသက်ရှင်ပြီးနောက်တွင် အသက်ရှင်ခြင်းကို စိတ်ကုန်လာမည်မဟုတ်လော။ လူတို့သည် အသက်နှစ်ဆယ်ကျော်အရွယ်ရောက်သောအခါ နေ့စဉ် အမှုအရာများသည် ဆန်းသစ်သည်၊ လှပသည်၊ ပျော်ရွှင်သည်ဟု ခံစားရသည်။ အသက်လေးဆယ်ကျော်အရွယ်ရောက်သောအခါ တစ်ရက်သုံးနပ်စားပြီး ညတွင် အိပ်ရာဝင်ခြင်းသည် ပျင်းရိဖွယ်ဖြစ်သည့် အသက်ရှင်နည်းဖြစ်သည်ဟု ခံစားရသည်။ အသက်ခြောက်ဆယ်ကျော်အရွယ်ရောက်သောအခါတွင် ၎င်းတို့သည် အရာရာကို နားလည်သကဲ့သို့ ခံစားရသည်။ ပြီးလျှင် ၎င်းတို့သည် ကောင်းချီးအချို့ကို ခံစားပြီးခဲ့ကြသည်။ ဆင်းရဲဒုက္ခအချို့ကို ခံစားပြီးခဲ့ကြသည်။ မည်သည့်အရာကမျှ စိတ်ဝင်စားဖွယ်မရှိတော့ဟု ၎င်းတို့ ခံစားရသည်။ နေထွက်လာသောအခါ နေ့စဉ် ၎င်းတို့အလုပ်ကို စတင်လုပ်ဆောင်ကြပြီး နေဝင်သောအခါတွင် အနားယူသည်။ တစ်ရက်က မျက်စိတစ်မှိတ်တွင် ကုန်ဆုံးသွားသည်။ ၎င်းတို့၏ ဇီဝဖြစ်စဉ်တိုင်းက စတင်ဆုတ်ယုတ်လာသည်။ နှစ်ဆယ်ကျော်အရွယ်တုန်းကနှင့် လုံးဝ မတူညီတော့ပေ။ ဤသည်မှာ ၎င်းတို့၏ အဆုံးသတ်နီးလာသောအချိန်ဖြစ်သည်။ လူတစ်ယောက်၏ အဆုံးသတ်က နီးကပ်လာသောအခါ ဤသည်မှာ သူ၏ ဝိညာဉ်က အဆုံးသတ်မည်ဟု မဆိုလိုပေ။ သူ၏ ဇာတိပကတိက မကြာခင်တွင် အဆုံးသတ်မည်ဟု ဆိုလိုသည်။ ပုံမှန်အားဖြင့် လူတို့သည် အသက်ခြောက်ဆယ်ကျော်၊ ခုနှစ်ကျော်၊ ရှစ်ဆယ်ကျော်သို့ ရောက်သောအခါ သေဆုံးကြသည်။ ရှည်လျားသော ဘဝသက်တမ်းရှိသူတို့သည် အများဆုံးအနေဖြင့် တစ်ရာကျော်အထိ အသက်ရှင်နိုင်ကြသည်။ “အလွန်ကြာရှည်စွာ အသက်ရှင်သောသူသည် အသက်ရှင်ရခြင်းကို စိတ်ကုန်သည်။ ဘဝကို ငြီးငွေ့သွားပြီဖြစ်သည်” ဟူသော ဆိုရိုးစကားတစ်ခုရှိသည်။ လူတစ်ယောက်သည် အလွန်ကြာရှည်စွာ အသက်ရှင်သောအခါ ဘဝကို စိတ်ကုန်လာသည်။ အသက်မရှင်လိုတော့ပေ။ ဘဝသည် သူ့အတွက် အဓိပ္ပာယ်မဲ့လာသည်။ ဘဝသည် အဓိပ္ပာယ်မဲ့သည်ဟု အဘယ်ကြောင့်ခံစားရသနည်း။ ဤတွင် အခြေအနေမှန်တစ်ခုရှိသည်။ ယင်းမှာ လူတို့သည် တစ်ရက်တွင် သုံးနပ်စားပြီး နေ့စဉ် အိမ်မှုကိစ္စများကို လုပ်ဆောင်လျက် ၎င်းတို့၏ ဇာတိပကတိတွင် အသက်ရှင်ကြသည်။ နေ့ရက်တိုင်းက ယမန်နေ့ကကဲ့သို့ အတိအကျပင် တူညီသည်။ ဤအရာများကိုသာ လုပ်ဆောင်ပြီး ဤဘဝကြီးကိုသာ ရှင်သန်နေရသည်။ ပြီးလျှင် အချိန်တစ်ခုသို့ ရောက်သောအခါတွင် လူတို့သည် ဤအရာများကို နှံ့နှံ့စပ်စပ်သိလာကြသည်။ ၎င်းတို့သည် ၎င်းတို့မြင်သင့်သမျှတိုင်းကို မြင်ပြီးခဲ့ပြီဟုလည်းကောင်း၊ ၎င်းတို့ မြည်းစမ်းသင့်သည့်အရာတိုင်းကို မြည်းစမ်းပြီးပြီဟုလည်းကောင်း၊ ၎င်းတို့ တွေ့ကြုံသင့်သည့်အရာတိုင်းကို တွေ့ကြုံပြီးခဲ့ပြီဟုလည်းကောင်း ခံစားရသည်။ ဘဝဟူသည်မှာ ဤသို့သာ ဖြစ်သည်ဟုလည်းကောင်း၊ မျှော်လင့်စရာ တစ်ခုမျှမရှိဟုလည်းကောင်း၊ စောင့်မျှော်ရမည့်အရာ တစ်ခုမျှမရှိဟုလည်းကောင်း၊ ၎င်းတို့ဘဝသည် အနှစ်မဲ့ပြီး မကြာမီတွင် အဆုံးသတ်လိမ့်မည်ဟုလည်းကောင်း ၎င်းတို့ ခံစားရသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) အကြောင်းအရာများမှာ ဤသို့သာဖြစ်သည်။

“အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။” ဟူသော စကားများကို ငါတို့ ယခုတင် ပြောခဲ့သည်။ ဤစကားများက လူတို့အား ဘုရားနှုတ်ကပတ်တော်သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန်ပင် အရေးကြီးသည်ဆိုသည်ကို ပြောပြသည်။ ပြီးလျှင် လူတို့၏ လက်တွေ့လုပ်ဆောင်မှု ပန်းတိုင်များနှင့် ဦးတည်ချက်ကိုလည်း ပြောပြပြီး လူအတွက် မည်သည့်အရာကိုလိုက်စားခြင်းမျှ ဘုရားနှုတ်ကပတ်တော် တစ်ကြောင်းလောက်ကို ရရှိခြင်းဖြင့် အစားမထိုးနိုင်ကြောင်းကို ပြောပြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် ဆိတ်သုဉ်းသွားရမည်၊ အရာအားလုံးသည် မှေးမှိန်သွားရမည်၊ ခြောက်သွေ့ညှိုးနွမ်းသွားရမည်၊ အချိန်ကြာလာသည်နှင့်အမျှ အားလျော့သွားရမည်၊ ဘုရားနှုတ်ကပတ်တော်သည်သာ မည်သည့်အခါမျှ ဆိတ်သုဉ်းသွားမည် မဟုတ်သောကြောင့်တည်း။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်ကို ရရှိပြီး ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လျှင်၊ ဆိုလိုသည်မှာ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်လျှင် သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကြောင့် တန်ဖိုးရှိလာသည်။ သင်၏ အနှစ်သာရသည် ယခင်ကနှင့် မတူညီတော့ပေ။ လူအချို့က “ဤသို့ဆိုလျှင် ကျွန်ုပ်၏ အနှစ်သာရက ကွဲပြားသွားလျှင် အဘယ်သို့ဖြစ်မည်နည်း” ဟု ဆိုကြသည်။ သာမန်အနေဖြင့် ကွဲပြားသည်ဟု ငါမဆိုလိုပေ။ ထိုအစား အလွန့်အလွန်ပင် ကွဲပြားသွားခြင်းဖြစ်သည်။ အကြောင်းမှာ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သင်၏အသက်အဖြစ် ရှိထားသောကြောင့်ဖြစ်သည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကဲ့သို့ပင် သင်သည် ဆိတ်သုဉ်းသွားမည်မဟုတ်ပေ။ ဘုရားသခင်ကဲ့သို့ပင် ထာဝရအသက်ကို ရလိမ့်မည်။ သင်သည် နောက်ပိုင်း ထာဝရ အနာဂတ်နှင့် ခရီးပန်းတိုင်ရှိလိမ့်မည်။ ထို့ကြောင့် ယခုတွင် အနာဂတ်၌ မည်သည့်အရာဖြစ်မည်ကို ကြည့်ခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော်သည် လူအတွက် အရေးမကြီးသလော။ (အရေးကြီးသည်။) ယင်းတို့သည် အရေးပါသည်။ ဘုရားနှုတ်ကပတ်တော်က အရေးကြီးသည်ကို သင်နားလည်ပြီးသည်နှင့် သင်မည်သို့ လိုက်စားသင့်သနည်း။ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော မည်သည့်အရာကို သင်လိုက်စားသင့်သနည်း။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် ပို၍အားစိုက်ထုတ်ခြင်း၊ ပို၍ ဒုက္ခခံခြင်း၊ ပို၍ ကြီးသောအဖိုးအခကိုပေးဆပ်ခြင်း၊ ပို၍ လှည့်လည်သွားလာခြင်းတို့ကို လိုက်စားသင့်သလော။ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပို၍ လေ့လာသင့်သလော။ သင့်ကိုယ်သင် အယူဝါဒများဖြင့် ပို၍ ပြင်ဆင်ထားပြီး ပို၍ တရားဟောသင့်သလော။ (ဤအရာများထဲတွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်သင့်ပါ။) ဤသို့ဆိုလျှင် သင့်အတွက် လိုက်စားရန် မည်သည့်အရာက အသုံးဝင်ဆုံးဖြစ်သနည်း။ အဖြေကို သင်တို့အားလုံးသိသည်။ သင်တို့အတွက် ကြည်လင်သောရေကဲ့သို့ ရှင်းလင်းသည်။ ဘုရားနှုတ်ကပတ်တော်ကို ရယူခြင်းသည် တန်ဖိုးအရှိဆုံးသော၊ အဓိပ္ပာယ်အရှိဆုံးသော လိုက်စားမှုဖြစ်သည်။ “အရာအားလုံးမှာ ဆိတ်သုဉ်းသွားရမည်။ ဘုရားနှုတ်ကပတ်တော်သာလျှင် မည်သည့်အခါမျှ ဆိတ်သုဉ်းမည်မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ပင် ဘုရားနှုတ်ကပတ်တော်သည် ထာဝရရှင်သန်နေလိမ့်မည်။” သင်၏ စိတ်နှလုံးတွင် ဤစကားများကို သတိရပြီး ဤစကားများကို သင် မည်သည့်အချိန်တွင်မျှ မမေ့လျော့သင့်ပေ၊ သို့မဟုတ် မစွန့်ပစ်သင့်ပေ။ သင်သည် အပျက်သဘောဆောင်ပြီး အားနည်းသောအခါ၊ သင့်တွင် မျှော်လင့်ချက်မရှိဟု ခံစားရသောအခါ၊ ဆင်းရဲဒုက္ခများက သင့်ထံသို့ ရောက်လာသောအခါ၊ သင်၏တာဝန်တွင် လူစားထိုးခံရသောအခါ၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို သင်ခံရသောအခါ၊ အနှောင့်အယှက်များ၊ ကျရှုံးမှုများကို သင်ခံစားရသောအခါ၊ သင်သည် အပြစ်ဖော်ဆုံးမပြီး ရှုတ်ချခြင်းကို ခံရသောအခါ၊ သို့မဟုတ် သင်သည် သင်၏အောင်မြင်မှုအထွတ်အထိပ်တွင် ရောက်ရှိနေသောအခါ၊ လူတို့က သင့်အား အထင်ကြီးလေးစားပြီး မည်သည့်နေရာကို သင်သွားသည်ဖြစ်စေ သင့်အား ချီးမွမ်းသောအခါ စသည်ဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို သင်သည် ဤစကားများကို အစဉ်စဉ်းစားပြီး သင့်အား ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်စေရမည်။ ဤအချိန် အခိုက်အတန့်တွင် သင့်အတွက် ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှုကို ရှာဖွေရမည်။ သင်၏ ဆင်းရဲဒုက္ခများမှ သင့်ကို လွတ်မြောက်စေရန်၊ သင်၏ အခက်အခဲများကို ဖြေရှင်းရန်၊ သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးမှ ရှုပ်ထွေးမှုကို ဖြေရှင်းရန်၊ သင်လျှောက်လှမ်းသည့် မှားယွင်းသောလမ်းကြောင်းမှ နောက်ပြန်လှည့်ရန်၊ သင်၏ ပြစ်မှားမှုများ၊ သင်၏ ခေါင်းမာမှု၊ သင်၏ ပုန်ကန်မှု စသည်တို့ကို ဖြေရှင်းရန်အတွက် ကူညီဖို့ ဘုရားနှုတ်ကပတ်တော်များကို အခွင့်ပေးရမည်ဖြစ်ပြီး သင်ရင်ဆိုင်ရသည့် ပြဿနာတိုင်းကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်ကို အခွင့်ပေးရမည်။ ဤနှုတ်ကပတ်တော်များသည် သင်တို့အတွက် အလွန်အသုံးဝင်သည်။ သင်ကိုယ်တိုင်၏ တာဝန်၊ ဝတ္တရားများကို သင်မေ့လျော့သောအခါတွင်လည်းကောင်း၊ မည်သည့်စည်းမျဉ်းများကို သင်စောင့်ထိန်းသင့်သည်ကို သင်မေ့လျော့သောအခါတွင်လည်းကောင်း၊ မည်သည့်ရပ်တည်ချက်နှင့် အမြင်ရှုထောင့်အား သင်ခံယူသင့်သည်ကို သင်မေ့လျော့ပြီး သင်၏ ကိုယ်ပိုင်ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို မေ့လျော့သောအခါတွင်လည်းကောင်း ဤစကားများကို တွေးလော့။ ဤစကားများသည် သင့်အား ဘုရားရှေ့သို့ ခေါ်ဆောင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ဆီသို့ သင့်အား ခေါ်ဆောင်လိမ့်မည်။ ဤအချိန်အခိုက်အတန့်တွင် ဘုရားအလိုတော်က မည်သည့်အရာဖြစ်သည်ကို သင့်အား နားလည်စေလိမ့်မည်။ သင့်ကိုယ်သင်အပေါ် သဘောထားရန်၊ သူတစ်ပါးတို့အပေါ် သဘောထားရန်၊ သင်ကြုံတွေ့ရသည့် ဖြစ်ရပ်များ၊ ပတ်ဝန်းကျင်များအပေါ် သဘောထားရန် မှန်ကန်သော ရပ်တည်ချက်၊ အမြင်၊ ရှုထောင့်တို့ကို သင့်အား ရရှိစေလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ လမ်းပြမှုအောက်နှင့် ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှု၊ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အကူအညီအောက်၌ မည်သည့်ပြဿနာကမျှ သင့်အား အခက်မတွေ့စေနိုင်ပေ။ မည်သည့်ပြဿနာကမျှ သမ္မာတရားအား သင်လိုက်စားခြင်းကို တားဆီးပြီး သင်၏ ရှေ့ဆက်သော ခြေလှမ်းများကို မရပ်တန့်စေနိုင်ပေ။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သင်တို့ ယူသင့်သည့် သင်ခန်းစာမှာ ငြီးတွားခြင်း၊ စောဒကတက်ခြင်း၊ စည်းကမ်းများကို လိုက်နာခြင်း၊ သို့မဟုတ် ပြဿနာများကို ကြုံရသည့်အခါ လူ၏ နည်းလမ်းများကို သွား၍ရှာခြင်းတို့ကို ပြုမည့်အစား ဘုရားရှေ့သို့လာပြီး သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ အကူအညီကို ရှာဖွေရန်၊ ဘုရားနှုတ်ကပတ်တော်အား သင့်ကို ပံ့ပိုးခွင့်ပြုပြီး သင်၏ အခက်အခဲတိုင်းကို ဖြေရှင်းခွင့်ပြုရန်ဖြစ်သည်။ ဤသည်မှာ သင်တို့ ယူသင့်သည့် သင်ခန်းစာဖြစ်သည်။ စာတန်က လူသားမျိုးနွယ်ကို အလွန်အမင်း ဖျက်ဆီးခြင်း၏ နောက်ခံဖြစ်ရပ်ကို ဆန့်ကျင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးကြီးဆုံးသောအမှုကို ဘုရားသခင် စတင်ခြင်းအား နားလည်ခြင်း အကြောင်းအရာဖြစ်သော ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်မည်ဖြစ်သည်။ အဆုံးတွင် အားလုံးက ဘုရားနှုတ်ကပတ်တော်အပေါ်သာ မူတည်သည်။ ငါတို့သည် မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ အဆုံးတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရား လက်တွေ့အရှိတရားသို့ ဝင်ရောက်နိုင်ပြီး ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအား မည်သို့ဟောပြောရမည်၊ သို့မဟုတ် ဓမ္မပညာဆိုင်ရာ သဘောတရားကို မည်သို့လေ့လာရမည်၊ သို့မဟုတ် နေ့စဉ် ဘာသာရေးအခမ်းအနားများ၌ မည်သို့ပါဝင်လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိခြင်းသက်သက်ဖြင့် မကျေနပ်လိုက်ဖို့ရန် ငါ မျှော်လင့်သည်။ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းသည် လူတို့ သင်ယူရမည့် အသက်ဝင်ရောက်မှုနှင့်ဆိုင်သော အရေးတကြီးအဖြစ်ဆုံးသော သင်ခန်းစာဖြစ်သည်။

ငါတို့သည် ယခုတွင် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးနှင့်သက်ဆိုင်သော အခြားလက်တွေ့ပြဿနာတစ်ခုကို မိတ်သဟာယပြုမည်။ ယခင်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးသည် တရုတ်ရိုးရာယဉ်ကျေးမှုကို သက်သေသာဓကအနေဖြင့် အသုံးပြုခြင်းအားဖြင့် ဖော်ထုတ်ခြင်းခံရကာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ဤအမျိုးစုံသော ဆိုးယုတ်သော ဆိုရိုးစကားများ ဖော်ထုတ်ခြင်းခံရသည်။ လူအချို့က “ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို ထုတ်ဖော်ပြသရန်အတွက် တရုတ်ရိုးရာယဉ်ကျေးမှုအား အသုံးပြုသည်ကို မြင်ရသောအခါတွင် ကျွန်ုပ်တို့သည် တရုတ်မဟုတ်သောကြောင့် ကိုယ်တော်က မိတ်သဟာယပြုသည့် ဤစကားများကို လက်မခံဘဲနေ၍ မရသလော၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းမှ လာသည့် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကို ကျွန်ုပ်တို့ အမှန်ပင် သိဖို့လိုအပ်သလော” ဟု ဆိုကြသည်။ ဤသို့ပြောသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းသည် မှားယွင်းသည်မှာ အလွန်ရှင်းလင်းသည်။ လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးခြင်းသည် လူမျိုး၊ သို့မဟုတ် အချိန်ကြားတွင် ခွဲခြားခြင်းမရှိပေ။ ထိုအစား စာတန်သည် လူသားမျိုးနွယ်အား လူမျိုး၊ သို့မဟုတ် အချိန်၊ သို့မဟုတ် ဘာသာရေးနောက်ခံတို့ ခွဲခြားခြင်းလုံးဝမရှိဘဲ ဖောက်ပြန်ပျက်စီးစေသည်။ ထို့ကြောင့် သင်သည် တရုတ်မျိုးနွယ်ဝင်တစ်ဦးဖြစ်လျှင်၊ သင်သည် ဟန်တရုတ်ဖြစ်စေ၊ မွန်ဂို၊ ဟွေ၊ မောင်၊ ယီ စသည်တို့ကဲ့သို့သော လူနည်းစုဖြစ်သည့် လူမျိုးစုဝင်တစ်ဦးဖြစ်စေ သင်သည် ခြွင်းချက်မရှိဘဲ စာတန်ဆီကလာသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားမျိုးစုံ၏ အယူဝါဒသွတ်သွင်းခြင်း၊ စွဲမှတ်အောင် သွန်သင်ခြင်းကို ခံရပြီးဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် သင်၏အတွေးအခေါ်နှင့်ပတ်သက်လျှင် ခြွင်းချက်မရှိဘဲ အလားတူပင် လူသားမျိုးနွယ်အား စာတန်က ဖောက်ပြန်ပျက်စီးစေခြင်းတွင် ခံရပြီးဖြစ်သည်။ အတိအကျဆိုရလျှင် သင်၏ အတွေးအခေါ်၊ သင်၏ အတွင်းအကျဆုံးသော ဝိညာဉ်နှင့် အတွင်းအကျဆုံးသော စိတ်နှလုံးသည် အလားတူပင် စာတန်၏ ဖျက်ဆီးခြင်း၊ ပြုပြင်ခြင်းကို အလွန်ပင် ခံထားရပြီးဖြစ်သည်။ သင်သည် တရုတ်လူမျိုးမဟုတ်လျှင်ပင်၊ သင်သည် ဂျပန်၊ ကိုရီးယား၊ ဂျာမန်၊ သို့မဟုတ် မည်သည့်လူမျိုးမဆိုဖြစ်လျှင်ပင်၊ သင်သည် အာရှ၊ ဥရောပ၊ အာဖရိက၊ သို့မဟုတ် အမေရိကန်လူမျိုးဖြစ်စေ၊ သင်၏ အသားအရေက အဝါရောင်၊ အမည်းရောင်၊ အညိုရောင်၊ သို့မဟုတ် အဖြူရောင်ဖြစ်စေ၊ သင်၏ လူမျိုးစုက မည်သည့်လူမျိုးစုဖြစ်စေ၊ မည်သည့်အမျိုးအနွယ်တွင် သင်ပါဝင်သည်ဖြစ်စေ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သရွေ့ ခြွင်းချက်မရှိဘဲ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီးဖြစ်သည်။ သင်သည် ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သည့်အပြင် သင်သည် ခြွင်းချက်မရှိဘဲ စာတန်က ဆိုးယုတ်သောအတွေးအမြင်များ ထိုးထည့်ပေးခြင်းကို ခံရပြီးဖြစ်သည်။ ပြီးလျှင် သင်၏ စိတ်နှလုံးသည်လည်း စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံရပြီးဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ မတူညီသောနိုင်ငံများနှင့် မတူညီသောလူမျိုးများရှိ လူတို့အတွက် စာတန်က ၎င်းတို့အတွင်းသို့ တူညီသောအရာများကို သွတ်သွင်းရန် မတူညီသောနည်းလမ်းများကို အသုံးပြုခြင်းသာဖြစ်သည်။ ဤအရာများ၏ ဆိုရိုးစကားသည် ကွဲပြားကောင်း ကွဲပြားနိုင်သည်။ ကွဲပြားချက်တစ်ခုခုရှိနိုင်သည်။ သို့သော် လူတို့အား ဖောက်ပြန်ပျက်စီးစေခြင်း၏ နောက်ဆုံးရလဒ်မှာ အစဉ်သဖြင့် တူညီပြီး အများအားဖြင့် ထပ်တူကျကာ အသေးစား ကွာခြားမှုများသာရှိသည်။ ယင်းတို့အားလုံးသည် လူတို့အား ၎င်းတို့၏ အပြုအမူမှတစ်ဆင့်၊ လူ့သဘာဝနှင့် ဆန့်ကျင်သော မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော၊ လက်တွေ့မကျသော၊ သို့မဟုတ် ကျင့်ဝတ်နှင့်ပင်မညီသော ဆိုရိုးစကားအချို့မှတစ်ဆင့် ၎င်းတို့၏ အသွင်အပြင်ကို အယောင်ဆောင်စေသည်။ ယင်းတို့သည် လူတို့အား ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်ပြီး ပုံစံတစ်မျိုးဖြင့် လုပ်ဆောင်ရန်၊ ပုံစံတစ်မျိုးဖြင့် ပြုမူရန် တောင်းဆိုပြီး လူတို့သည် မည်သို့ ကျင့်ကြံပြုမူပြီး အချို့သောအရာများကို လုပ်ဆောင်သင့်သည်ဆိုသည်ကို တောင်းဆိုသည်။ ဤဆိုရိုးစကားများကြားတွင် ကွာခြားမှုများရှိသော်လည်း၊ ယင်းတို့သည် မတူညီသောအချိန်များတွင် ဖြစ်ပေါ်ပြီး မတူညီသောနေရာ၊ မတူညီသောဒေသနှင့် မတူညီသော နယ်ပယ်များမှ အရင်းခံသော်လည်း၊ မတူညီသောလူများမှ အရင်းခံဖြစ်ပေါ်သော်လည်း နောက်ဆုံးသောအကျိုးဆက်မှာ ယင်းတို့သည် လူတို့၏အတွေးများ၊ စိတ်နှလုံးများကို ထိန်းချုပ်ခြင်း၊ လူတို့၏ အတွေးများ၊ စိတ်နှလုံးများကို ဘောင်ခတ်ခြင်း၊ စာတန်၏ အဆိပ်များနှင့် သဘာဝအနှစ်သာရကို သယ်ဆောင်သော အမြင်များ၊ အယူအဆများကို လူတို့၏ အတွေးအခေါ်အတွင်းသို့ အပြည့်အဝ ထိုးထည့်ခြင်းဖြစ်သည်။ ယင်းတို့သည် လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို စာတန်၏ အမြင်များ၊ စာတန်၏ ဆိုးယုတ်သော အနှစ်သာရ၊ စာတန်၏ ဆိုးယုတ်သော အယူအဆများဖြင့် ပြည့်စေသည်။ အဆုံးတွင် လူမျိုးစု၊ သို့မဟုတ် အမျိုးအနွယ်က မည်သို့ဖြစ်စေ၊ လူမျိုးနွယ်စု၊ သို့မဟုတ် အချိန်ကာလက မည်သို့ဖြစ်စေ လူတို့အားလုံးသည် ၎င်းတို့၏အတွေးနှင့် အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ပမာဏအမျိုးမျိုးဖြင့် စာတန်၏ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ နင်းချေခြင်းကိုခံရပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ အဆုံးတွင် စာတန်က ဤဖောက်ပြန်ပျက်စီးစေခြင်းအမှုကို လုပ်ဆောင်ခြင်းခံရသည့်လူတို့က ကမ္ဘာလောက၏ မည်သည့်အရပ်တွင်ရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် လူမျိုးဖြစ်စေ၊ သို့မဟုတ် မည်သည့်အချိန်ကာလတွင် နေထိုင်သည်ဖြစ်စေ အကျိုးဆက်မှာ အစဉ်သဖြင့် လူသားမျိုးနွယ်အား လုံးဝဥဿုံ စာတန်၏ သားသမီးများ၊ စာတန်၏ စကားပြောခွက်နှင့် ပြယုဂ်ဖြစ်စေရန်ဖြစ်သည်။ လူတို့အား ကြီးမားခြင်း၊ သေးငယ်ခြင်းနှစ်မျိုးလုံးရှိသော၊ မြင်နိုင်သလို လက်ဆုပ်လက်ကိုင်လည်းပြနိုင်သော လုံးဝဥဿုံ အသက်ရှင်သောစာတန်များ ဖြစ်စေရန်ဖြစ်သည်။ ဤသို့သော လူသားမျိုးနွယ်သည် လုံးဝဥဿုံ ဘုရားသခင်၏ ရန်သူဖြစ်ပြီး ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်လာသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ယခုတွင် မည်သို့သောလူမျိုးက တရားဒေသနာများကို နားထောင်သည်ဖြစ်စေ၊ လူမည်မျှရှိသည်ဖြစ်စေ ငြင်းဆန်၍မရနိုင်သောအချက်တစ်ခုရှိသည်။ လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သူ၏ လက်ခုပ်ထဲတွင် ရှိသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် ဤသည်မှာ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်းခံရစဉ်တွင် လူသားမျိုးနွယ်အားလုံး၏ အတွေးများ၊ စိတ်နှလုံးများသည်လည်း စာတန်၏ ချုပ်ကိုင်မှု၊ ဘောင်ခတ်မှုအောက်တွင် အလုံးစုံ ဖမ်းဆုပ်ထားခြင်းခံရသည်ဟု ဆိုလိုသည်။ ဤသည်မှာ ငြင်းဆန်၍မရနိုင်ပေ။ ထို့ကြောင့် အင်အားကြီးနိုင်ငံတစ်ခုတွင် ပါဝင်သောလူမျိုးတွင်ရှိသည့် မည်သည့်မြင့်မြတ်သောမျိုးနွယ်နှင့် မည်သည့်လူမဆို ခြွင်းချက်မရှိဘဲ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသည်။ စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ဘောင်ခတ်ခြင်းကို အလွန်အမင်း ခံထားရသည်။ သင်သည် လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်သရွေ့၊ နေလုံးအောက်တွင် အသက်ရှင်သရွေ့၊ လေရှူသော၊ ရေသောက်သော၊ အစေ့အဆန်များကို စားသောလူသားတစ်ဦးဖြစ်သရွေ့ စာတန်၏ ဖျက်ဆီးခြင်းကို ခံရခြင်းမှာ ရှောင်ကြဉ်၍မရနိုင်ပေ။ ပြီးလျှင် ခြွင်းချက်မရှိဘဲ သင်၏ အတွေးများတွင်၊ သင်၏ စိတ်နှလုံးတွင်၊ သင်၏ စိတ်သဘောထားများတွင်၊ သင်၏ အနှစ်သာရတွင် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရပြီးဖြစ်သည်။ ပို၍ တိကျစွာဆိုရလျှင် သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဖြစ်ပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသရွေ့ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသရွေ့၊ သင်သည် ယခင်က၊ သို့မဟုတ် ယခုတွင် စာတန်၏ ထိန်းချုပ်ခြင်း၊ ဘောင်ခတ်ခြင်းကို ခံရသရွေ့ သင်သည် ဘုရားသခင် ကယ်တင်ရမည့် အရာတစ်ခုဖြစ်သည်။ ဤသည်မှာ သံသယဖြစ်စရာမလိုပေ။ သင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသောလူသားတစ်ဦးဖြစ်သရွေ့ သင်သည် ခြွင်းချက်မရှိဘဲ စာတန်၏ စိတ်သဘောထားနှင့် အတွေးအခေါ်ကို ပိုင်ဆိုင်ပြီး စာတန်၏ အဆိပ်များကနေရာယူပြီး ပြည့်နေသော စိတ်နှလုံးကို ပိုင်ဆိုင်သည်။ ထို့ကြောင့် စာတန်ထံမှလာသော အမျိုးမျိုးသော မတူညီသောအတွေးများ၊ အမြင်များ၊ အမျိုးစုံသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများအား သတိပြုမိခြင်း၊ ပိုင်းခြားသိမြင်ခြင်းသည် တရုတ်လူမျိုးများအတွက်သာဖြစ်သော တာဝန်တစ်ခုမဟုတ်ပေ၊ သို့မဟုတ် တရုတ်လူမျိုးများကသာ ချုပ်ကိုင်ထားသော အရာတစ်ခုမဟုတ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ရွေးချယ်ခဲ့သော ဘုရားသခင် ရွေးချယ်ပြီးဖြစ်သောလူများထဲမှ လူတစ်ယောက်ချင်းစီတိုင်းက သင်ယူသင့်သည့် သင်ခန်းစာဖြစ်ပြီး ၎င်းတို့ ဝင်ရောက်သင့်သည့် လက်တွေ့အရှိတရားဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများရှိ လူတစ်ယောက်ချင်းစီတိုင်းက ခြွင်းချက်မရှိဘဲ စာတန်ဆီမှလာသော များပြားလှသော လွဲမှားသော၊ ဆိုးယုတ်သော အတွေးအမြင်များအားလုံးကို သတိပြုမိပြီး ပိုင်းခြားသိမြင်သင့်သည်။ သင်သည် ချမ်းသာကြွယ်ဝသော မိသားစုတစ်စုတွင်၊ အရေးပါသော အဆင့်အတန်းတွင်ရှိသော မိသားစုတစ်စုတွင် မွေးဖွားရုံဖြင့် စာတန်၏ ဖျက်ဆီးခြင်းကို မခံရဟု သင့်ကိုယ်သင်ယုံကြည်လျက်ဖြင့် သင့်တွင် သာလွန်သည့် ခံစားချက်ထားရှိနိုင်သည်ဟုလည်းကောင်း၊ သင့်တွင် ဂုဏ်ယူထိုက်သော ပင်ကိုလက္ခဏာတစ်ခု ရှိရုံဖြင့် သင်၏ဝိညာဉ်သည်လည်း မြင့်မြတ်ရမည်ဟုလည်းကောင်း မထင်နှင့်။ ဤသည်မှာ လွဲမှားသော နားလည်မှုဖြစ်သည်။ သို့မဟုတ် သင်သည် မြင့်မြတ်သော မျိုးရိုးရှိသည်ဟုတ်လည်းကောင်း၊ သင်၏ အသားအရေအရောင်က သင့်တွင် ဂုဏ်ယူထိုက်သော ပင်ကိုလက္ခဏာ၊ အနေအထား၊ တန်ဖိုးရှိသည်ဟုလည်းကောင်း ယုံကြည်ကောင်းယုံကြည်နိုင်သောကြောင့် သင်၏ အနှစ်သာရ၊ သင်၏အတွေးအခေါ်၊ သင်၏စိတ်နှလုံးသည် သူတစ်ပါးတို့ထက်ပို၍ မြင့်မြတ်ပြီး သာလွန်သည်ဟု မှားယွင်းစွာ ယုံကြည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင့်တွင်ရှိသော ဤနားလည်မှုသည် မိုက်မဲပြီး လက်တွေ့မကျဟု ငါဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ပြောဆိုသည့် လူသားမျိုးနွယ်သည် နိုင်ငံသား၊ အမျိုးအနွယ်၊ သို့မဟုတ် ဘာသာတရားအားဖြင့် ခွဲခြားထားခြင်းမရှိသောကြောင့်တည်း။ မည်သည့် လူမှုအခြေအနေမျိုးတွင်၊ သို့မဟုတ် ဘာသာရေးအခြေအနေမျိုးတွင် သင်နေထိုင်သည်ဖြစ်စေ၊ မည်သည့် လူမျိုးစုထဲတွင် သင်မွေးဖွားလာသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင်ရှိသော သင်၏နေရာသည် နိမ့်ကျသည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ အခြားလူများကြားတွင် ဂုဏ်သိက္ခာကြီးမြှင့်ခြင်းကို သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ စသည်တို့ဖြစ်စေ သင်သည် ဤဘုရားနှုတ်ကပတ်တော်များကို လက်မခံရန်၊ သို့မဟုတ် စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် အချက်ကို လက်မခံရန်အတွက် ဆင်ခြေအနေဖြင့် ဤအရာများထဲမှ မည်သည့်အရာကိုမျှ သင် အသုံးမပြုနိုင်ပေ။ သင်က လူသားတစ်ဦးဖြစ်သရွေ့ “လူသား” ဟူသည့်စကားလုံးရှေ့တွင် “ဖောက်ပြန်ပျက်စီးသော” ဟူသည့် အထူးပြုသောစကားလုံး ရှိသင့်သည်။ အတိအကျဆိုရလျှင် သင်သည် လူသားတစ်ဦးဖြစ်သရွေ့ သင်သည် အသေအချာပင် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ပြီး ဤသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့အပြင် သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သရွေ့ သင်၏ သဘာဝ အတွေးအခေါ်အတွင်းတွင် ရှိသောအရာများနှင့် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးအတွင်း၌ ကိုင်စွဲထားသောအရာများသည် စာတန်ဆီမှလာပြီး အားလုံးမှာ စာတန်၏ ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီးဖြစ်သည်ဆိုသည်ကို ငါတို့ ဆိုနိုင်သည်။ ဤအချက်ကို သင် လက်ခံသင့်သည်။ သင့်တွင် ပင်ကိုအရ သမ္မာတရားနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ လုံးဝ မရှိပေ။ ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် ဘုရားသခင်၏ အသက်နှင့် သက်ဆိုင်သောအရာ တစ်ခုမျှလုံးဝမရှိပေ။ သို့သော် ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်ပြီး သင်သည် စာတန်၏ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသည်။ သင်၏စိတ်သည် စာတန်၏ အတွေးများ၊ အတွေးအခေါ်များ၊ တွေးခေါ်နည်းများ၊ ရှင်သန်ရေး စည်းကမ်းများဖြင့် ပြည့်နေသည်။ သင့်စိတ်အတွင်းတွင်ရှိသော အရာရာတိုင်းသည် စာတန်ဆီမှ လာသည်။ ဤအချက်က လူတို့အား မည်သည့်အရာကို ပြောသနည်း။ ဘုရားသခင်၏ ကယ်တင်ခြင်ကို ငြင်းပယ်ရန် မည်သူကမျှ မည်သည့်ဆင်ခြေကိုမျှ အသုံးမပြုသင့်ပေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ရွေးပြီး လက်မခံသင့်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးအနေဖြင့် မည်သည့်ရွေးချယ်မှုမျှမရှိဘဲ ဘုရားနှုတ်ကပတ်တော်ကို လက်ခံသင့်သည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ သင်လိုအပ်သည့်အရာလည်း ဖြစ်သည်။ လူတစ်ယောက်သည် ချမ်းသာသော၊ အင်အားကြီးသော နိုင်ငံတွင်မွေးဖွားပြီး သာလွန်သော လူမှုအခြေအနေများ၌ နေထိုင်လျှင်၊ သို့မဟုတ် ဂုဏ်ရှိသောမိသားစုတွင် မွေးဖွားပြီး မြင့်မားသော ပညာရေးကို ရရှိခဲ့လျှင်၊ ဤအတွက်ကြောင့် သူသည် အခြားလူတိုင်းနှင့်မတူဘဲ ဘုရားသခင်ရွေးချယ်ထားသော အခြားလူများထက်ပို၍ မြင့်မြတ်သည်ဟု ယုံကြည်သောကြောင့် ဘုရားသခင်ရွေးချယ်ထားသော အခြားလူများ၏အထက်တွင် မိမိကိုယ်ကို နေရာပေးလိုလျှင် ဤသည်မှာ အဓိပ္ပာယ်မရှိသော စဉ်းစားပုံဖြစ်သည်။ မိုက်မဲသော စဉ်းစားပုံဖြစ်သည်။ အလွန်အကျွံ မိုက်မဲသည်ဟုပင် ဆိုနိုင်သည်။ သင်၏ ပင်ကိုလက္ခဏာ၊ ရာထူးအဆင့်အတန်း၊ သို့မဟုတ် တန်ဖိုးက မည်မျှထူးခြားပါစေ၊ သင်၏ ပင်ကိုလက္ခဏာ၊ ရာထူးအဆင့်အတန်း၊ သို့မဟုတ် လူမှုအခြေအနေများက သာမန်လူများထက် မည်မျှပို၍ အဆင့်မြင့်ပါစေ သင်သည် ဘုရားသခင်ရှေ့တွင် အစဉ်သဖြင့် ဖန်ဆင်းခံတစ်ဦးဖြစ်နေလိမ့်မည်။ ဘုရားသခင်က သင်မည်သည့်နေရာကလာသည်၊ သို့မဟုတ် မွေးဖွားချိန်က သင်၏အခြေအနေများကို မကြည့်ပေ။ သင်၏ နိုင်ငံ၊ သို့မဟုတ် လူမျိုးကို မကြည့်ပေ။ လူ့အဖွဲ့အစည်းတွင်၊ သို့မဟုတ် ကမ္ဘာလောကတွင် သင်၏တန်ဖိုး၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် အောင်မြင်မှုများကို မကြည့်ပေ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို သင်လက်ခံခြင်းရှိမရှိ၊ သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သင်မှတ်ယူခြင်းရှိမရှိ၊ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်နိုင်ပြီး ကျင့်ကြံနေထိုင်နိုင်ခြင်းရှိမရှိတို့ကိုသာ ကြည့်သည်။ သင်သည် ဘုရားသခင်၏ တန်ခိုးအောက်တွင်ရှိသော သာမန်ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ်သာ သင့်ကိုယ်သင် အမှန်တကယ် မှတ်ယူလျှင် သင်၏ လူမှုအခြေအနေများ၊ သင်၏ လူမျိုးနောက်ခံ၊ သင်၏နိုင်ငံနောက်ခံ၊ ဘာသာရေးနောက်ခံတို့ကို လက်လွှတ်သင့်ပြီး သာမန်ဖန်ဆင်းခံတစ်ဦးအဖြစ် ဘုရားသခင်ရှေ့သို့ လာသင့်သည်။ သတ်မှတ်ချက်၊ သို့မဟုတ် နောက်ခံတစ်ခုခုမရှိဘဲ သူ၏ နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် မှန်ကန်လိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဤမှန်ကန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းဖြင့် လက်ခံလိုလျှင် သင်နားလည်သင့်သည့် ပထမဆုံးသောအရာမှာ လူ၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်သည်ဆိုသည့်အရာဖြစ်သည်။ သင်လက်ခံသင့်သည့် ပထမဆုံးသောအရာမှာ လူ၏ အနှစ်သာရသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသည်၊ လူ၏အတွေးများနှင့် အတွင်းအကျဆုံးသော စိတ်နှလုံးတွင် ပြည့်နှက်ပြီး နေရာယူသည့်အရာများအားလုံးသည် စာတန်ဆီမှလာသည်ဆိုသည်တို့ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို လက်ခံပြီး သမ္မာတရားကို အသက်အဖြစ် လက်ခံလိုသောကြောင့် ၎င်းတို့သည် ရှေးဦးစွာ ၎င်းတို့၏အတွေးအခေါ်နှင့် အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင်ရှိသည့် သမ္မာတရားနှင့်မညီသော၊ သမ္မာတရားကို အပြင်းအထန်ဆန့်ကျင်သော အရာများအားလုံးကို ဖော်ထုတ်သင့်သည်။ ဆင်ခြင်သုံးသပ်သင့်သည်။ သိမြင်လာသင့်သည်။ လူတို့သည် ဤအရာများကို ရှင်းလင်းစွာ သိမြင်လာသောအခါ၊ လုံးလုံးလျားလျား နားလည်ပြီး ပိုင်းခြားသိမြင်လာသောအခါမှသာ ယင်းတို့ကို သင့်တော်သောအချိန်နှင့် သင့်တော်သော ပတ်ဝန်းကျင်၌ စွန့်လွှတ်နိုင်ပြီး ဤသို့အားဖြင့် ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို လုံးဝ ပြောင်းလဲခြင်း ကြုံရစေနိုင်သည်။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်သောအရာများအားလုံးကို နှင်ထုတ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအား လက်ခံသောအခါတွင် ၎င်းတို့သည် လူသစ်များဖြစ်လာကြသည်။ လူတို့က အခြားလူများနှင့် အမှုအရာများကို ရှုမြင်သည့် အမြင်၊ ရှုထောင့်နှင့် ရပ်တည်ချက်တို့က လုံးဝ ပြောင်းလဲသည့်အခါမှသာ ၎င်းတို့သည် လူများ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မှန်ကန်စွာ၊ တိကျစွာ ရှုမြင်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့သည် အတော်အတန် သန့်စင်သောလူများ၊ ဖြူစင်သောသူများ ဖြစ်လာကြသည်။ ယခုတွင် လူတို့သည် ဤအရာကို မရရှိနိုင်သေးပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားအနည်းငယ်ကို နားလည်ကောင်း နားလည်နိုင်သော်လည်း အဓိပ္ပာယ်မရှိသောအမြင်များနှင့် မှားယွင်းပြီး မဖြစ်နိုင်သောအရာမျိုးစုံ၏ ညစ်ညမ်းစေမှုကို ခံရဆဲဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတစ်ဝက်ကို လက်ခံပြီး အခြားတစ်ဝက်ကို ပစ်ပယ်သည်။ ၎င်းတို့သည် အနည်းငယ်ကို ရွေးပြီး လက်ခံသည်။ အနည်းငယ်ကို အတိုင်းအတာအမျိုးမျိုးဖြင့် လက်ခံသည်။ သို့တိုင်အောင် ၎င်းတို့၏ စိတ်နှလုံးတွင် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းသော စာတန်၏ အတွေးများ၊ တွေးခေါ်ပုံများနှင့် မှန်သသယောင်ရှိသော်လည်း မှားနေသောအရာများအတွက် အစဉ်သဖြင့် နေရာချန်ထားသည်။ ထိုအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အစဉ်သဖြင့် သိမ်းဆည်းထားကြ၏။ လူတို့အတွင်း၌ရှိသော ဤအရာများသည် ၎င်းတို့၏စိတ်၊ ၎င်းတို့၏ အကဲဖြတ်မှုနှင့် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် အမြင်ရှုထောင့်များအပေါ် သက်ရောက်သည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ လက်ခံသည့် အတိုင်းအတာအပေါ်တွင် အလွန်ကြီးမားစွာ သက်ရောက်မှုရှိသည်။

စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပြီး လူတို့အတွင်းသို့ သွတ်သွင်းသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကြောင့်ဖြစ်သည့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုနှင့် ထင်ယောင်ထင်မှားဖြစ်မှုသည် ကျယ်ပြန့်သည်။ ဤသည်မှာ တရုတ်လူမျိုးများအပေါ်တွင်သာ ကန့်သတ်ထားသောအရာမဟုတ်ပေ။ ထိုထက် လူသားမျိုးနွယ်အားလုံးဆီသို့၊ နေရာအရပ်ရပ်နှင့် အချိန်ကာလတိုင်းဆီသို့ ရောက်ရှိသည်။ ယင်းသည် လူတို့၏ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက်အပေါ်သို့ သက်ရောက်ပြီး ထိန်းချုပ်သည်။ ပြီးလျှင် မတူညီသော လူမျိုးများ၊ နိုင်ငံများ၊ ဘာသာရေးများတွင် ရှိသောလူတို့အပေါ် သက်ရောက်ပြီး ထိန်းချုပ်သည်။ ဤအရာကို လူတို့ နားလည်သည်နှင့် “ရိုးရာယဉ်ကျေးမှု”နှင့် သက်ဆိုင်သည့် အထူးပြုစကားလုံးမှာ “တရုတ်”သာ မဟုတ်ပေ။ မည်သည့်နိုင်ငံ၊ သို့မဟုတ် လူမျိုးမဆို၏ ရိုးရာယဉ်ကျေးမှုသည် စာတန်ထံမှလာပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဥပမာအားဖြင့် ဂျပန်ရိုးရာယဉ်ကျေးမှု၊ ကိုရီးယားရိုးရာယဉ်ကျေးမှု၊ အိန္ဒိယရိုးရာယဉ်ကျေးမှု၊ ဖိလစ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ဗီယက်နမ်ရိုးရာယဉ်ကျေးမှု၊ အာဖရိကရိုးရာယဉ်ကျေးမှု၊ လူဖြူတို့၏ ရိုးရာယဉ်ကျေးမှု၊ ထို့အပြင် ဘာသာတရားများမှ ဖြစ်ပေါ်သော ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ၊ ကစ်သလစ်ဝါဒတို့၏ ရိုးရာယဉ်ကျေးမှုများနှင့် အခြားသော ရိုးရာယဉ်ကျေးမှုများရှိသည်။ ဤရိုးရာယဉ်ကျေးမှုအားလုံးသည် သမ္မာတရားနှင့် ကွဲလွဲဆန့်ကျင်ပြီး လူများ၊ အမှုအရာများကို လူတို့က ရှုမြင်ပုံနှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့နှင့်ပတ်သက်သည့် လူတို့၏ အမြင်များ၊ ရပ်တည်ချက်များ၊ အမြင်ရှုထောင့်များအပေါ်သို့ အလွန်အမင်း သက်ရောက်မှုရှိသည်။ ၎င်းတို့သည် လူတို့၏ အတွင်းအကျဆုံးသော အတွေးများနှင့် စိတ်နှလုံးတွင် နက်နဲသောအရာထင်ကျန်ခဲ့သော နာမည်ကြီးနေသော အမှတ်တံဆိပ်များကဲ့သို့ဖြစ်သည်။ ယင်းတို့သည် လူတို့၏ ဘဝများအပေါ်၊ လူတို့၏ ရှင်သန်နေထိုင်ရေးစည်းကမ်းများအပေါ်၊ ဘဝတွင် လူတို့ လိုက်လျှောက်သည့် လမ်းကြောင်းများနှင့် ၎င်းတို့၏ ပြုမူနေထိုင်မှု၏ ဦးတည်ချက်နှင့် ပန်းတိုင်များအပေါ် ဩဇာလွှမ်းမိုးသည်။ ယင်းတို့သည် လူတို့လိုက်စားသည့် ပန်းတိုင်များအပေါ်ပင် ဩဇာလွှမ်းမိုးသည်။ ဤအရာများသည် လူတို့က အပြုသဘောဆောင်သောအရာများ၊ ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် မှတ်ယူသည့် သဘောထားကို ပြင်းထန်စွာ နှောင်ယှက်ပြီး ထိခိုက်သည်။ ယင်းတို့သည် လူများ၊ အမှုအရာများကို လူတို့ရှုမြင်ပုံ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့နှင့် ပတ်သက်သည့် လူတို့၏ ရပ်တည်ချက်များ၊ အမြင်များကိုလည်း ပြင်းထန်စွာ ထိခိုက်ပြီး နှောင့်ယှက်သည်မှာ အမှန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းတို့သည် လူတို့က သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နေခြင်းအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခြင်းဖြစ်သည်။ အဆုံးတွင် အကျိုးဆက်မှာ အဘယ်နည်း။ (လူတို့သည် ကယ်တင်ခြင်းရယူရန် ၎င်းတို့၏ အခွင့်အရေးကို ဆုံးရှုံးရသည်။) မှန်သည်။ နောက်ဆုံး၌ သက်ရောက်ခြင်းခံရသည်မှာ ကယ်တင်ခြင်းကို လူတို့ ရယူခြင်းဖြစ်သည့် အရေးပါသောအမှုကိစ္စဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော အကျိုးဆက်ဖြစ်သည် မဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ အလွန်ပင် ဆိုးရွားသော အကျိုးဆက်ဖြစ်သည်။ တစ်စုံတစ်ယောက်က အမှုအရာများကို မြင်သည့်ပုံစံ၊ အမှုအရာများကို မြင်ရန် မည်သည့်အမြင်ရှုထောင့်မျိုးကို ခံယူသည်၊ အမှုအရာများကို မြင်ရန် မည်သည့်အမြင်များကို ခံယူပြီး မည်သည့်အယူအဆများကို သိုဝှက်ထားရှိသည်တို့ အားလုံးမှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ်နှင့် သူ၏ အတွေးထဲတွင်ရှိသော အရာများအပေါ် အခြေခံပြီး အဆုံးအဖြတ်ပေးသည်။ သူ၏ အတွေးတွင်ရှိသော အရာများမှာ အပြုသဘောဆောင်လျှင် သူသည် လူများ၊ အမှုအရာများကို မှန်ကန်သော အမြင်ရှုထောင့်မှ ကြည့်ရှုမည်။ သူ၏အတွေးတွင်ရှိသော အရာများမှာ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိဘဲ စာတန်ဆီမှလာခြင်းဖြစ်လျှင် သူသည် လူများ၊ အမှုအရာများကို မမှန်ကန်သော၊ အဓိပ္ပာယ်မရှိသော အမြင်ရှုထောင့်များ၊ ရပ်တည်ချက်များ၊ အမြင်များမှ မလွဲမသွေ ကြည့်ရှုလိမ့်မည်ဖြစ်ပြီး အဆုံးတွင် ဤသည်မှာ သူလိုက်လျှောက်သည့် လမ်းကြောင်းအပေါ်သို့ သက်ရောက်မှုရှိလိမ့်မည်။ လူများ၊ အမှုအရာများကို သင်ရှုမြင်သည့် ရပ်တည်ချက်များ၊ အမြင်များ၊ ရှုထောင့်များသည် မှားယွင်းလျှင် သင်၏ လိုက်စားမှု၏ ပန်းတိုင်နှင့် ဦးတည်ချက်သည်လည်း မှားယွင်းသည်။ သင်၏ပြုမူနေထိုင်မှုတွင် သင်လိုက်လျှောက်သည့်လမ်းကြောင်းမှာလည်း ထို့အတူဖြစ်သည်။ ဤမှားယွင်းသောအရာများကို သင် ဆက်လက်လုပ်ဆောင်လျှင် သင်သည် ကယ်တင်ခြင်းရယူဖို့ အခွင့်အရေးလုံးဝ ရှိမည်မဟုတ်ပေ။ သင်လိုက်လျှောက်သော လမ်းကြောင်းက မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူများ၊ အမှုအရာများကို သင်ရှုမြင့်သည့် ရှုထောင့်များ၊ ရပ်တည်ချက်များ၊ အတွေးအမြင်များသည် မှန်ကန်လျှင် ဖြစ်ပေါ်လာသော ရလဒ်သည်လည်း မှန်ကန်လိမ့်မည်။ ယင်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် သက်ဆိုင်မည်ဖြစ်ပြီး သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲမည်မဟုတ်ပေ။ လူသည် သမ္မာတရားနှင့်ကိုက်ညီသော ရှုထောင့်များမှနေ၍ လူများ၊ အမှုအရာများကို ရှုမြင်သောအခါတွင် သူရွေးချယ်သောလမ်းကြောင်းသည်လည်း မှန်မည်ဖြစ်ပြီး သူ၏ ပန်းတိုင်နှင့် ဦးတည်ချက်သည်လည်း ထို့အတူဖြစ်လိမ့်မည်။ အဆုံးတွင် ကယ်တင်ခြင်းကို ရယူဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။ သို့ရာတွင် ယခုအခါ၌ လူတို့သည် စာတန်က နေရာယူပြီး ထိန်းချုပ်ခြင်းကို ခံရသောကြောင့် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် ရှုထောင့်များ၊ ရပ်တည်ချက်များ၊ အမြင်များသည် မှားယွင်းသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ လိုက်စားမှုနှင့် ၎င်းတို့လိုက်လျှောက်သည့် လမ်းကြောင်းသည်လည်း မှားယွင်းသည်။ ဥပမာ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်၊ သိက္ခာအတွက်၊ အဆင့်အတန်းအတွက် အလုပ်လုပ်ပြီး အဖိုးအခပေးဆပ်သောအခါ ဤလမ်းကြောင်းမှာ မှားယွင်းသလော။ (မှားယွင်းသည်။) လူတို့က ဤသို့သော မှားယွင်းသည့်လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းသည်မှာ အဘယ်သို့ဖြစ်ရသနည်း။ ၎င်းတို့က ဤသို့သောအမှုအရာမျိုးအပေါ် သဘောထားသည့် ရှုထောင့်၊ အမြင်၊ စမှတ်တို့က မှားယွင်းသောကြောင့် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအတွက်ကြောင့် လူတို့သည် မှားယွင်းသောလမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းကြသည်။ ပြီးလျှင် လူတို့သည် ဤသို့သော မှားယွင်းသောလမ်းကြောင်းကို ဆက်လက်၍ လိုက်လျှောက်နေလျှင် အဆုံး၌ ကယ်တင်ခြင်းကို ရယူနိုင်မည်လော။ ရယူနိုင်မည်မဟုတ်ပေ။ သင်သည် စာတန်က သင့်အတွင်းသို့ သွတ်သွင်းထားခဲ့သော အတွေး၊ သို့မဟုတ် အမြင်တစ်ခုခုနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်လျှင်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လျှင် သင်လျှောက်သောလမ်းကြောင်းသည် မလွဲမသွေ ပျက်စီးခြင်းလမ်းကြောင်း ဖြစ်လိမ့်မည်။ ကယ်တင်ခြင်းဆီသို့ လမ်းကြောင်း လုံးဝ ဖြစ်လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းနှင့် အတိအကျပင် ဆန့်ကျင်ပြီး ကွဲလွဲနေသောကြောင့်ဖြစ်သည်။ လူတို့သည် ဤမှားယွင်းသော လမ်းကြောင်းနောက်သို့လိုက်လျှင် ကယ်တင်ခြင်းရယူရန် ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးကို ဖျက်ဆီးသည်။ ယင်းသည် လုံးဝ မရှိတော့ပေ။ ပြီးလျှင် ၎င်းတို့သည် ကယ်တင်ခြင်းသို့ ဦးတည်သည့်လမ်းကြောင်းကို မည်သည့်အခါမျှ မလျှောက်နိုင်ပေ။ သို့ရာတွင် သင်သည် မှန်ကန်သော အမြင်ဖြင့် လိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်လျှင် ဖြစ်ပေါ်လာသော လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများသည် အပြုသဘောဆောင်လိမ့်မည်။ သင်၏ လမ်းကြောင်းသည် အပြုသဘောဆောင်လိမ့်မည်။ ပြီးလျှင် သင်သည် မှန်ကန်သောနေရာမှ စတင်သောကြောင့် အဆုံး၌ သင်လိုက်လျှောက်သည့်လမ်းကြောင်းမှာလည်း မှန်ကန်လိမ့်မည်။ ဤသို့သော လမ်းကြောင်းကို သင်လိုက်လျှောက်လျှင် သင်သည် ကယ်တင်ခြင်းကို အသေအချာရယူနိုင်လိမ့်မည်။ ဤသမ္မာတရားရှုထောင့်သည် အတော်အတန် လေးနက်ပြီး သင်တို့အများစုက နားမလည်လောက်ပေ။ သင်တို့သည် ယင်းကို အသိအမှတ်ပြုခြင်းမရှိ။ ပြီးလျှင် ဤသမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာကို ယခုအထိ မပိုင်ဆိုင်ပေ။ သင်တို့သည် မှားယွင်းသောအမြင်များ၊ သို့မဟုတ် မှန်ကန်သော အမြင်များကို အခြေခံပြီး လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်ကို မသိပေ။ သင်တို့တွင် ဤအတွေ့အကြုံမရှိသေးပေ။ ယခုအချိန်တွင် သင်တို့သည် ပြုမူဆောင်ရွက်ရန်၊ မိမိ၏ ခွန်အားကို အသုံးချရန်၊ အားစိုက်ထုတ်ရန်၊ အဖိုးအခပေးဆပ်ရန်သာ သိကြပြီး သင်တို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးတွင်ရှိသော အတွေးအမြင်များကို မည်သည့်အရာက ထိခိုက်ပြီး ထိန်းချုပ်သည်ကို ဆန်းစစ်ရန်အတွက်မူ အစပြုလုပ်ဆောင်ခြင်းပင်မရှိပေ။ ထို့ကြောင့် ဤအကြောင်းအရာသည် သင်တို့နှင့် အတော်အတန် အလှမ်းဝေးပြီး ဤနေရာတွင် ယင်းအကြောင်းပြောဆိုခြင်းကို ငါတို့ ရပ်တန့်မည်ဖြစ်သည်။

အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရကို ငါတို့ ယခုပြောခဲ့ကြသည်။ ယင်းနှင့် ဆက်နွှယ်မှုရှိသည့် အတိုင်းအတာသည် တရုတ်ပြည်မကြီးတွင်သာ ကန့်သတ်ထားခြင်းမရှိဘဲ လူသားမျိုးနွယ်အားလုံးအထိ ပါဝင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သူ၏ လက်ထဲတွင် ရှိသောကြောင့်လည်းကောင်း၊ သက်ရှိလူသားတိုင်းသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရကာ စာတန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအရာကို ပြောဆိုခြင်းအတွက် မှန်ကန်မှုရှိသည့် အခြေပြုချက်တစ်ခုရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသည်မှာ တရုတ်ပြည်မကြီးရှိလူများသာမဟုတ်ဘဲ လူသားမျိုးနွယ်အားလုံး စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရခြင်းဖြစ်သည်။ သက်ရှိလူသားအားလုံးသည် ဆိုးယုတ်သူ၏ လက်ထဲတွင် ရှိသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းအား အလွန်အမင်းခံထားရသည်ကို လူအားလုံးက အတိုင်းအတာတစ်ခုအထိ မြင်နိုင်သည်။ စာတန်က လူတို့၏ အတွေးများသို့ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအမျိုးမျိုးကို သွတ်သွင်းခြင်း၊ လူတို့ကို ထင်ယောင်ထင်မှားဖြစ်စေရန်၊ ထိန်းချုပ်ရန်၊ ဘောင်ခတ်ရန်အတွက် ဤနည်းလမ်းကို အသုံးပြုခြင်း၊ ဤသို့ဖြင့် လူတို့အား ဖျက်ဆီးရန်ဖြစ်သည့် သူ၏ ရည်ရွယ်ချက် အထမြောက်ခြင်းတို့အပေါ် ငါတို့ မိတ်သဟာယပြုလာသည်မှာ ယခုတွင် အချိန်အတန်ကြာပြီဖြစ်သည်။ ဤအချက်သည် တရုတ်လူမျိုးအပေါ်တွင်သာ ကန့်သတ်မထားဘဲ မတူညီသော လူမျိုးများ၊ မတူညီသော နိုင်ငံသားများ၊ မတူညီသော လူမျိုးစုများရှိ လူအားလုံးတွင် တည်ရှိသည်။ သက်ရှိလူသားအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရသည်။ လူမျိုးနှင့် မျိုးနွယ်စုအားလုံးပါဝင်သည်။ စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပြီး လူတို့၌ သွတ်သွင်းသော ပိုင်းခြားသိမြင်ရန် ခက်ခဲသည့် အမျိုးစုံလင်သော မှန်သယောင်ရှိပြီး မှားယွင်းသော အရာများနှင့် အတော်အတန် အပြုသဘောဆောင်ပြီး လူတို့၏ ကိုယ်ကျင့်တရားများ၊ အတွေးအခေါ်နှင့် ကြိုက်နှစ်သက်မှုများနှင့် ကိုက်ညီသည်ဟု လူတို့က မြင်သော ဆိုရိုးစကားများကပင် အမှန်တကယ်တွင် လူသားမျိုးနွယ်ကို စာတန် ဖျက်ဆီးခြင်း၌ အားလုံးပါဝင်သည်။ ဆိုလိုသည်မှာ သက်ရှိလူသားအားလုံးသည် ဤနည်းဖြင့် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ မည်သည့်လူမျိုးစု၊ အမျိုးအနွယ်၊ သို့မဟုတ် နိုင်ငံသားမဆို၏ လူသားအားလုံး၊ မည်သည့်နေရာတွင်မဆို မွေးဖွားသော၊ သို့မဟုတ် ကမ္ဘာမြေရှိ မည်သည့်ဒေသ၊ သို့မဟုတ် နယ်မြေတွင်မဆိုရှိသော လူသားအားလုံးသည် စိတ်နှင့် နှလုံး နှစ်မျိုးလုံးတွင် စာတန်၏ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ ထိန်းချုပ်ခြင်း၊ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရသည်။ သင်သည် မည်သည့်နေရာတွင်၊ သို့မဟုတ် မည်သည့်အချိန်တွင် မွေးဖွားသည်ဖြစ်စေ၊ သို့မဟုတ် မည်သည်လူမျိုးစု၊ သို့မဟုတ် နိုင်ငံတွင် သင် မွေးဖွားသည်ဖြစ်စေ သင်သည် ခြွင်းချက်မရှိဘဲ သင့်အတွင်းသို့ စာတန်က သွတ်သွင်းခဲ့သော ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားများ၏ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သည်။ ထို့ကြောင့် ငါတို့သည် တရုတ်ရိုးရာယဉ်ကျေးမှုကိုသာ ပိုင်းခြားစိစစ်နေရုံကြောင့် သင်ကိုယ်တိုင်၏ နိုင်ငံ၊ သို့မဟုတ် လူမျိုးတွင် ဆိုးယုတ်သော ယဉ်ကျေးမှုနောက်ခံ မရှိဟုလည်းကောင်း၊ သင်သည် တရုတ်လူမျိုးများထက်ပို၍ သာသည်ဟုလည်းကောင်း မထင်သင့်သကဲ့သို့ တရုတ်လူမျိုးများထက် သင်က ပို၍ ဂုဏ်ယူထိုက်ပြီး မြင့်မြတ်သည်ဟု သင်ခံစားရသည့် သာလွန်သည့် ခံစားချက်လည်း မရှိသင့်ပေ။ ဤသာလွန်သည့် ခံစားချက်သည် မှားယွင်းသော အယူအဆဖြစ်သည်။ ယင်းသည် မှားယွင်းသည်။ အဓိပ္ပာယ်မရှိပေ။ ယင်းသည် မိုက်မဲသည်ဟုပင် ဆိုနိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြောင်းကို ပြောသရွေ့ သင်သည် သင့်ကိုယ်သင် ထည့်မတွက်ဘဲ ချန်မထားသင့်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြောင်းကို ပြောသရွေ့ သင်လည်း ပါဝင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားဟု ဆိုသရွေ့ သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးသည် စာတန်က သင့်အတွင်းသို့ သွတ်သွင်းထားသော ရိုးရာယဉ်ကျေးမှုက ကြီးစိုးနေသော အတွေးများဖြင့် ပြည့်နေသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။ ထာဝရ ပြောင်းလဲ၍မရသော အချက်ဖြစ်သည်။ သင်တို့သည် ဤအချက်ကို ရှင်းလင်းစွာ နားလည်ရမည်။ ဤသည်မှာ မေးစရာမလိုဘဲ သံသယမရှိရပေ။ ဤအကြောင်းအရာအား မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။

ယခင်အခေါက်က “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤသည်မှာ အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်အတွက် စာတန်အသုံးပြုသော ဆိုရိုးစကားတစ်ခုဖြစ်သည်။ ဤဆိုရိုးစကားကို ထောက်ခံအားပေးခြင်းသည် လူတို့၏ အတွေးအခေါ်အပေါ် သိသာသော သက်ရောက်မှုရှိစေပြီး ယင်းသည် အခြားသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကဲ့သို့ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး အမှန်တရားနှင့် မကိုက်ညီပေ။ တစ်စုံတစ်ယောက်က မည်သည့်အရာကို ပြောသည်ဖြစ်စေ ထိုသူက ထိုအရာကို လုပ်ဆောင်သရွေ့ သူသည် မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် ဂုဏ်ပြုထိုက်သော အကျင့်စရိုက်ရှိသည်ဟု အခြားလူများက ထင်မြင်ကြပြီး ဤသည်မှာ အလွန်ပင် အဓိပ္ပာယ်မရှိဘဲ ရယ်ဖွယ်ရာလည်းဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်ပင် အဓိပ္ပာယ်မရှိသော၊ ရယ်ဖွယ်ကောင်းသော မိစ္ဆာဒိဋ္ဌိများ၊ အတွေးမှားများဖြစ်ခြင်းတွင် အခြားသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများအားလုံးနှင့် အတူတူပင်ဖြစ်သည်။ ယင်းတို့အားလုံးကို ဤသို့ ညွှန်းဆိုနိုင်ပြီး အလွန်အကျွံအဓိပ္ပာယ်မရှိခြင်း၊ စိစစ်မှုကို လက်မခံနိုင်ခြင်းအဖြစ်လည်း အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ယနေ့ “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားပါ” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို ကြည့်ကြစို့။ ယင်းကို စနစ်တကျ မိတ်သဟာယမပြုမီတွင် ဤဆိုရိုးစကားအား မည်သို့ရှင်းပြရမည်ကို သင်တို့ ချင့်ချိန်စဉ်းစားဖူးသလော။ ယင်း၏ အနှစ်သာရကို မည်သို့ ပိုင်းခြားစိစစ်နိုင်သနည်း။ ယင်း၏အတွင်းတွင် မည်သည့်အဆိပ်ကို ကိုင်စွဲထားသနည်း။ ဤဆိုရိုးစကားမှတစ်ဆင့် လူတို့အတွင်းသို့ စာတန် သွတ်သွင်းလိုသော အတွေးများမှာ အဘယ်နည်း။ စာတန်၏ မလိုမုန်းထားသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ စာတန်က ဤဆိုရိုးစကားကို အသုံးပြုပြီး လူသားများ၏ မည်သည့်ကဏ္ဍကို ဖောက်ပြန်ပျက်စီးစေသနည်း။ ဤအရာများကို သင်တို့ ချင့်ချိန်စဉ်းစားဖူးသလော။ “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားပါ” ဆိုသည့် ဆိုရိုးစကားကို မကောင်းသောလူများအတိုင်းလိုက်၍ မလုပ်ဆောင်ခြင်းနှင့် မကောင်းသော လွှမ်းမိုးမှုများမှ မိမိကိုယ်ကို ကာကွယ်နိုင်ခြင်းအဖြစ် ရိုးရှင်းစွာ ရှင်းလင်းပြနိုင်သည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားသူအဖြစ် အကဲဖြတ်သည်ဖြစ်စေ၊ အကဲမဖြတ်သည်ဖြစ်စေ၊ ထိုသူက ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားလိုသည်ဖြစ်စေ၊ မကြီးထွားလိုသည်ဖြစ်စေ ယေဘုယျအနေဖြင့်ဆိုလျှင် ၎င်းတို့သည် မည်သို့သောသူမျိုးဖြစ်သနည်း။ ၎င်းတို့သည် အလွန်ပင် ဖျက်ဆီး၍မရ၊ ဖြောင့်မတ်သည်၊ ပွင့်လင်းပြီး ရိုးသားသည်ဟုလည်းကောင်း၊ မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ရှိသည့် လူကြီးလူကောင်းများဖြစ်သည်ဟုလည်းကောင်း အခိုင်အမာပြောဆိုကြသည်။ သို့သော် ၎င်းတို့သည် ဤခေတ်၊ ဤကမ္ဘာ၊ ဤလူသားမျိုးနွယ်၊ ပြီးလျှင် ဤနိုင်ငံ၊ ဤအစိုးရ၊ ဤအာဏာပိုင်တို့ကိုပင် ဤသို့မဟုတ်ဟု မြင်ကြသည်။ ဤလူတို့သည် အမှုအရာများကို အဆိုးမြင်စွာဖြင့် ကြည့်ရှုလေ့ရှိပြီး လက်တွေ့အရှိတရားကို မကျေမနပ်ဖြစ်လေ့မရှိသလော။ ၎င်းတို့က မြင့်မားသော ရည်မှန်းချက်များရှိသော်လည်း အချိန်မှားယွင်းပြီး မွေးဖွားလာသည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ပင်ကိုစွမ်းရည် ရှိသော်လည်း အသုံးပြု၍မရဟုလည်းကောင်း မကြာခဏခံစားရသည်။ အရာရှိလောကတွင်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင်ဖြစ်စေ ၎င်းတို့၏လမ်းကို ပိတ်ဆို့သော ယုတ်မာသောသူများ အစဉ်သဖြင့်ရှိသည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ကြီးကျယ်ခမ်းနားသော၊ ဗျူဟာကျသော စိတ်များရှိကာ ၎င်းတို့သည် နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့်တိုင်အောင် မည်သူကမျှ ၎င်းတို့၏ ပင်ကိုစွမ်းရည်ကို မသိမြင်ကြ၊ သို့မဟုတ် ၎င်းတို့အား အရေးကြီးသောအလုပ်များကို ကိုင်တွယ်ခွင့် လုံးဝ မပေးကြဟုလည်းကောင်း ၎င်းတို့က ယုံကြည်သည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို မကျေမနပ်ဖြစ်ပြီး အဆိုးမြင်လာကြသည်။ ၎င်းတို့က “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”လိမ့်မည်ဟုလည်းကောင်း၊ မကောင်းသော လွှမ်းမိုးမှုများမှ မိမိကိုယ်ကို ကာကွယ်ပြီး အပြစ်အနာအဆာ ကင်းမဲ့လိမ့်မည်ဟုတ်လည်းကောင်း ပြောကြသည်။ တဲ့တိုးပြောရလျှင် ဤသို့သောလူတို့သည် မိမိတို့ကိုယ်ကို သန့်စင်သည်၊ မြင့်မြတ်သည်ဟု မြင်ပြီး လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိကြပေ။ ၎င်းတို့တွင် မည်သည့် စစ်မှန်သော ပင်ကိုစွမ်းရည်၊ သို့မဟုတ် စစ်မှန်သော အရည်အချင်းမျှ သေချာပေါက် မရှိပေ။ ပြီးလျှင် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သော၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သော အမြင်ရှုထောင့်များသည် မလွဲမသွေ မှန်ကန်ခြင်း၊ သို့မဟုတ် လက်တွေ့ကျခြင်းမရှိပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှလည်း မလွဲမသွေ စွမ်းဆောင်ရရှိခြင်းမရှိသည်မှာလည်း မှန်ပေ၏။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို သာမန်လူများနှင့် ကွဲပြားသည်ဟု ယုံကြည်ကြသည်။ ပြီးလျှင် “တစ်လောကလုံးက နောက်ကျိသည်၊ ငါတစ်ဦးတည်းသာ သန့်စင်သည်၊ လူအားလုံးက မူးယစ်နေသည်၊ ငါတစ်ဦးတည်းသာ မူးယစ်ခြင်းမရှိပေ” ဟု အစဉ်သဖြင့် ညည်းညူနေသည်။ ယင်းမှာ သေမျိုးဖြစ်ကြသော လောကကို စိတ်ပျက်ပြီး ကမ္ဘာလောက၏ ဆိုးယုတ်မှုနှင့် မှောင်မိုက်မှုကို မကြာခဏ မြင်နေသကဲ့သို့ဖြစ်သည်။ အတိအကျဆိုရလျှင် ဤသို့သောလူတို့သည် အဆိုးမြင်တတ်ကြသည်။ ၎င်းတို့သည် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများကို မုန်းတီးကြသည်။ စာပေ၊ အနုပညာနှင့် ပညာရေး အသိုင်းအဝိုင်းများကို မုန်းတီးကြသည်။ ၎င်းတို့၏ လိုက်စားမှုများအပေါ် ပညာဉာဏ်ရှိသူများ၏ အမြင်ရှုထောင့်များကို ၎င်းတို့ မုန်းတီးကြသည်။ လယ်သမားများနှင့် ဘာသာရေးယုံကြည်မှုရှိသူများကို အထင်အမြင်သေးကြသည်။ ဤလူတို့သည် မည်သို့သောလူမျိုးဖြစ်သနည်း။ ၎င်းတို့သည် တစ်မူထူးခြားသော လူစားမျိုးဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် တစ်နည်းနည်းဖြင့် ပုံမှန်မဟုတ်ခြင်း မဖြစ်သလော။ ဤလူတို့တွင် အမှန်တကယ် အရည်အချင်း၊ သို့မဟုတ် သင်ယူလေ့လာခြင်းမရှိပေ။ သင်က ၎င်းတို့ကို လက်တွေ့အလုပ်အချို့ကို လုပ်ခိုင်းလျှင် ၎င်းတို့သည် သေချာပေါက် ထိုအလုပ်ကို လုပ်နိုင်သည့်အရည်အချင်းရှိခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့သည် ညည်းတွားရခြင်းကို နှစ်သက်သည်။ ၎င်းတို့၏ အားလပ်သောအချိန်တွင် ၎င်းတို့သည် အချိန်ကာလတစ်ခုအတောအတွင်းတွင်ရှိသော နိုင်ငံရေး၊ အစိုးရ၊ လူ့အဖွဲ့အစည်းနှင့် အုပ်စုတစ်ခုခုရှိ ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော အမှုကိစ္စများကို ချပြရန်အတွက် ဆောင်းပါးများ၊ ကဗျာစုဆောင်းမှုများကို ပုံနှိပ်ထုတ်ဝေကြသည်။ ၎င်းတို့သည် ကိစ္စတစ်ခုကို ယနေ့တွင် ဝေဖန်ပြီး အခြားကိစ္စတစ်ခုကို နောက်တစ်နေ့တွင် ဝေဖန်သည်။ ၎င်းတို့သည် စကားပြောကောင်းသည်။ သို့သော် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သောအခါတွင် ကမောက်ကမဖြစ်ကြသည်။ အဆုံးတွင် ၎င်းတို့သည် မည်သူနှင့်မဆို သင့်မြတ်ခြင်းမရှိပေ။ မည်သည့်နေရာတွင်မဆို မည်သည့်အရာကိုမျှ မဖြစ်မြောက်ပေ။ ပြီးလျှင် ၎င်းတို့သည် အလုပ်ကို လုပ်နိုင်သည့် အရည်အချင်းမရှိပေ။ ၎င်းတို့က “ငါသည် အလွန် ပါရမီရှိသည်၊ သာမန်လူတို့သည် ငါ၏ အတွေးနယ်ပယ်ကို ရယူနိုင်ခြင်းမရှိ” ဟု လွဲမှားစွာ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးတွင် စိတ်ဆင်းရဲကျသည်။ စိတ်ညစ်သည်။ စိတ်ဓာတ်ကျကြသည်။ ၎င်းတို့၏ အားလပ်သောအချိန်တွင် ၎င်းတို့သည် လှည့်လည်သွားလာကြသည်။ သမိုင်းကြောင်းဆိုင်ရာ စိတ်ဝင်စားမှုရှိသော နေရာတစ်ခုခုကို ၎င်းတို့သွားသည့်အခါတိုင်း ၎င်းတို့က “ငါသည် ပိတ်ပင်တားဆီးခံရသည့် ဉာဏ်ကြီးရှင်ဖြစ်သည်၊ ငါသည် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်သည်၊ သို့သော် အမှန်တကယ် ပါရမီကို သိမြင်နိုင်သောသူ အနည်းငယ်သာရှိသည်၊ ငါ့တွင် မြင့်မားသော ရည်မှန်းချက်များရှိသည်၊ ငါသည် အချိန်လွဲမှား၍ မွေးဖွားလာပြီး ကံမကောင်းသည်မှာ စိတ်မကောင်းစရာဖြစ်သည်” ဟူ၍ အော်ဟစ်ကြသည်။ ၎င်းတို့သည် ရည်မှန်းချက်ကြီးပြီး သင်ယူလေ့လာမှု အပြည့်ရှိသည်ဟု မိမိတို့ကိုယ်ကို အစဉ် ယုံကြည်ကြသော်လည်း လူအများထဲမှနေ၍ မည်သည့်အခါမျှ မထင်ပေါ်နိုင်ပေ၊ သို့မဟုတ် အာဏာရှိသူတစ်စုံတစ်ယောက်က ကြီးသောရာထူးကို ပေးအပ်ခြင်းမခံရပေ။ ထို့ကြောင့် ၎င်းတို့သည် အဆိုးမြင်လာပြီး မကျေမနပ်ဖြစ်လာသည်။ လူတိုင်းကို အထင်အမြင်သေးသည်။ အဆုံးတွင် ၎င်းတို့သည် အထီးကျန်ခြင်းအဖြစ် အဆုံးသတ်ရသည်အထိ ဖြစ်သည်။ ဤသည်မှာ သနားစရာမကောင်းသလော။ တဲ့တိုးပြောရလျှင် ဤသို့သောလူတို့သည် ဟိတ်ဟန်များသော၊ အလွန်အမင်း တသီးတခြားနေသော၊ လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိသော စိတ်မနှံ့သော လူတစ်စုဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အောင်မြင်မှုမရှိဟု အစဉ်ခံစားရသည်။ အမှန်တကယ်တွင် ဤလူတို့သည် မည်သည့်အရာမျှ မဟုတ်ပေ။ မည်သည့်အရာကိုမျှ မဖြစ်မြောက်နိုင်ပေ။ အရာရာတိုင်းကို ဆိုးဝါးစွာ လုပ်ဆောင်သည်။ ၎င်းတို့က အသိပညာအနည်းငယ်ကို သင်ယူရသောအခါတွင် ယင်းကို မပြီးမဆုံးနိုင် ပြောဆိုလျက်ဖြင့် ကြွားဝါကြသည်။ ရှေးကာလအချိန်များ၌ ဤသို့သောလူတို့သည် ကဗျာဖတ်ရွတ်ကြသည်။ တမ်းချင်းများ ရေးသားကြသည်။ ၎င်းတို့၏ စာပေဆိုင်ရာ ကျွမ်းကျင်မှုများကို ကြွားဝါကြသည်။ ၎င်းတို့တွင် ခရေစေ့တွင်းကျဖြစ်လွန်းသည့် ပုံစံရှိသည်။ ယခုအချိန်ကာလတွင် ဤသို့သောလူတို့သည် ကြွားဝါရန် ပို၍ အခွင့်အရေးများစွာရှိကြသည်။ ၎င်းတို့သည် ကိုယ်ပိုင်မီဒီယာကို ပြုလုပ်နိုင်ကြသည်။ ဘလော့များတွင် မှတ်ချက်များ တင်နိုင်ကြသည် စသည်တို့ဖြစ်သည်။ အတော်အတန် လွတ်လပ်သော လူမှုစနစ်ရှိသည့် နိုင်ငံအချို့တွင် ၎င်းတို့သည် လုပ်ငန်းအမျိုးမျိုး၏ အမှောင်ဘက်ခြမ်းကို ကြိမ်ဖန်များစွာ ဖော်ထုတ်ကြသည်။ စာပေ၊ အနုပညာ၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု အခန်းကဏ္ဍများ၏ မှောင်မိုက်ဆိုးယုတ်သော ကဏ္ဍများကဲ့သို့သောအရာများ ဖြစ်သည်။ ၎င်းတို့သည် တစ်နေကုန် ကိစ္စတစ်ခုကို ဝေဖန်ပြီး အခြားကိစ္စတစ်ခုကို သေးသိမ်စေသည်။ မိမိတို့ကိုယ်ကို အလွန်ပါရမီရှိသည်ဟု ယုံကြည်ကြသည်။ ဤအရာများအားလုံးကို ၎င်းတို့ လုပ်ဆောင်ခြင်း၏ အရင်းအမြစ်မှာ ၎င်းတို့နှင့် ပတ်သက်သောအရာမှန်သမျှမှာ ကောင်းမွန်ပြီး မှန်ကန်သည်၊ ၎င်းတို့သည် ကြီးမြတ်ခြင်း၊ ဂုဏ်ကျက်သရေနှင့် မှန်ကန်ခြင်းသို့ ရောက်ရှိပြီးဖြစ်သည်ဟူသော ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ အတိအကျဆိုရလျှင် ၎င်းတို့သည် မကောင်းသော လွှမ်းမိုးမှုများမှ မိမိတို့ကိုယ်ကို ကာကွယ်ပြီး “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”ကြသည်။ ၎င်းတို့သည် အရာရာတိုင်းကို ရှင်းလင်းစွာမြင်သည်ဟုလည်းကောင်း၊ အရာရာတိုင်းကို နားလည်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်သော မည်သူကိုမဆို မသိမသာဝေဖန်မှုကို အသုံးပြုကြသည်။ ၎င်းတို့သည် ထိုသူတို့ကို အထင်အမြင်သေးကာ အဖက်မတန်သလို အကြည့်ဖြင့် ကြည့်ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်က လုပ်ဆောင်သည့် မည်သည့်အရာကိုမဆို အစဉ်သဖြင့် ပြောစရာတစ်ခုခုရှိကြသည်။ ပြီးလျှင် ထိုသူတို့ကို ဝေဖန်ပြီး သေးသိမ်အောင်လုပ်ဆောင်ကြသည်။ လက်တွေ့တွင် ၎င်းတို့ကိုယ်တိုင်က မည်သည့်အရာဖြစ်သည်ကို လုံးဝ မသိကြပေ။ ၎င်းတို့သည် အမှုအရာများကို ပြောဆိုသောအခါ မှန်ကန်ပြီး သင့်လျော်သော မည်သည့်ရှုထောင့်နှင့် ရပ်တည်ချက်ကို ခံယူရမည်ကို လုံးဝ မသိကြပေ။ ၎င်းတို့သည် မည်သို့ လက်လွတ်စပယ်ပြောဆိုပြီး ပါးနပ်စွာ ပြောဆိုရမည်ကိုသာ သိကြသည်။ လူ့အဖွဲ့အစည်းတွင် ဤသို့သောသူများစွာရှိသလော။ (ရှိသည်။) ဤလူများသည် မည်သို့သောသူများဖြစ်သနည်း။ အတိအကျဆိုရလျှင် ၎င်းတို့သည် ဟိတ်ဟန်များသော၊ မိမိတို့ကိုယ်ကို သန့်စင်ကာ မြင့်မြတ်သည်ဟု မြင်သော စိတ်မနှံ့သောလူတစ်စုဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် ဤသို့သောသူများစွာရှိခဲ့သည်မဟုတ်လော။ (ရှိခဲ့သည်။) သင်သည် ဤလူတို့ကို မည်သို့ ဖော်ပြပြီး အဓိပ္ပာယ်သတ်မှတ်သင့်သနည်း။ ၎င်းတို့သည် စိတ်ကူးယဉ်သူများမဟုတ်လော။ အတိအကျဆိုရလျှင် ဤလူတို့သည် စိတ်ကူးယဉ်သူများဖြစ်သည်။ ၎င်းတို့သည် လက်ရှိ အမှန်တကယ် နေထိုင်ရာ ပတ်ဝန်းကျင်တွင် နေထိုင်လိုစိတ်မရှိကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကူးယဉ်တွေးတောနေကြပြီး အလွန်သိမ်မွေ့နူးညံ့သော၊ အနှစ်မဲ့သော၊ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်မပြနိုင်သောအရာများဖြင့် ပြည့်နေကြသည်။ ၎င်းတို့သည် အမှန်တကယ် မရှိသော၊ အလွန်သိမ်မွေ့နူးညံ့သောကမ္ဘာတွင် နေထိုင်ကြသည်။ ဤလူတို့ကို စိတ်ကူးယဉ်သူများဟုခေါ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူများကို အဆင့်အတန်းသတ်မှတ်ရန်အတွက် မည်သည့်ရှုထောင့်ကို ၎င်းတို့ ခံယူကြသနည်း။ ၎င်းတို့က ပို၍ ကိုယ်ကျင့်တရားမြင့်မားသည့်နေရာတွင်နေပြီး အခြားလူများကို အဆင့်သတ်မှတ်ရန်အတွက် ၎င်းတို့၏ စမှတ်မှာ “သင်တို့၏ ဆိုးယုတ်ပြီး မှောင်မိုက်သောအပိုင်းကို ငါ ရှင်းလင်းစွာမြင်နိုင်ပြီး ဖော်ထုတ်နိုင်သည်၊ သင်တို့ လုပ်ဆောင်သော မကောင်းသော၊ ဆိုးယုတ်သောအရာများအား ဖော်ထုတ်နိုင်ခြင်းသည် ငါသည် သင်တို့ကဲ့သို့မဟုတ်ဆိုသည်ကို သက်သေပြသည်” ဟူ၍ ဖြစ်သည်။ ဤတွင် ဖုံးကွယ်နေသော အဓိပ္ပာယ်မှာ “ငါသည် ‘ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားသည်’၊ သင်တို့အားလုံးသည် ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းကြောင့် ညစ်ညမ်းသွားကြပြီဖြစ်သည်၊ သင်တို့သည် လူကောင်းများမဟုတ်ကြ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ကို သန့်စင်ပြီး မြင့်မြတ်သည်ဟု မြင်နေခြင်းမဟုတ်လော။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ကို တန်ဖိုးထားလွန်းပြီး ဟိတ်ဟန်များနေခြင်း မဟုတ်လော။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ မှောင်မိုက်သောအပိုင်းကို ဖော်ထုတ်လျက် လက်တွေ့အရှိတရားကို မကျေနပ်လျက်ဖြင့် လက်တွေ့အရှိတရားကို ဝေဖန်ဟန်ဆောင်ပြီး မိမိတို့ကိုယ်ကို မြှင့်တင်ရန် အယောင်ဆောင်ပြီး ကြိုးပမ်းခြင်းမဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤသို့သောလူများကို ငါတို့ မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ “ငါသည် ယခင်က အရှက်မဲ့သောလူများနှင့် ဆုံတွေ့ခဲ့သော်လည်း သင်ကဲ့သို့ အရှက်မဲ့သောသူ မည်သူကိုမျှ ငါ လုံးဝ မတွေ့ခဲ့ပါ” ဟူသော ရိုးရာ ဆိုရိုးစကားတစ်ခုရှိသည်။ ဤအရာက ဤလူတို့ကို မဖော်ပြသလော။ (ဖော်ပြသည်။) ၎င်းတို့သည် အရှက်မရှိကြပေ။ ၎င်းတို့တွင် အမှန်နှင့် အမှားကိုသာ ပြောသောနှုတ်များရှိကြသည်။ သူတစ်ပါးတို့၏ အားနည်းချက်များ၊ အမှားများကိုသာ မြင်သော မျက်လုံးများရှိကြသည်။ ၎င်းတို့၏ ပါးနပ်သော နှုတ်များနှင့် သူတစ်ပါးတို့၏ အားနည်းချက်များ၊ အမှားများကို အများရှေ့တွင် ဖော်ထုတ်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြပြီး ၎င်းတို့သည် မကောင်းသော လွှမ်းမိုးမှုများမှ မိမိတို့ကိုယ်ကို မည်သို့ကာကွယ်သည်၊ ၎င်းတို့သည် မည်မျှတမူထူးခြားပြီး မြင့်မြတ်သည်ဆိုသည်တို့ကို အခြားလူများအား ပြသည်။ ၎င်းတို့သည် အမှန်တကယ် မြင့်မြတ်သလော။ အမှန်တကယ် တစ်မူထူးခြားသလော။ ၎င်းတို့သည် လူတိုင်းနှင့် အတူတူပင်ဖြစ်သည်။ အခြားလူများက ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရန်အတွက် မည်သည့်နည်းလမ်းများကို အသုံးပြုပါစေ ၎င်းတို့၏ နည်းလမ်းများက သိသာသည်။ သို့ရာတွင် ဤလူတို့သည် ဂုဏ်ရှိသည့်ဟန်ကို ပြုမူသည်။ သူတစ်ပါးတို့အပေါ် ၎င်းတို့၏ ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်းတို့ကို ၎င်းတို့က မိမိတို့ကိုယ်ကို မြှင့်တင်အားပေးသည့် အကြောင်းအရာများ၊ ခုတုံးများအဖြစ် အသုံးချသည်။ ပြီးလျှင် ၎င်းတို့သည် ထင်ပေါ်ကျော်ကြားပြီး လွှမ်းမိုးမှုရှိရန်အတွက် ဤနည်းများကို အသုံးပြုကြသည်။ ၎င်းတို့သည်လည်း ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေသည်မဟုတ်လော။ ၎င်းတို့၏ ပန်းတိုင်များက တူညီသည်ပင်မဟုတ်လော။ ရလဒ်များက တူညီသည်ပင် မဟုတ်လော။ ၎င်းတို့က မတူညီသောနည်းစနစ်၊ နည်းလမ်းများကို အသုံးပြုခြင်းသာ ဖြစ်သည်။ ဤမျှသာ ဖြစ်သည်။ ဤသည်မှာ ယဉ်ကျေးသော စကားကို အသုံးပြုပြီး လူတစ်ယောက်ကို စော်ကားခြင်းနှင့် ရိုင်းပျသောစကားကို အသုံးပြုပြီး လူတစ်ယောက်ကို စော်ကားခြင်းကဲ့သို့ဖြစ်သည်။ စော်ကားသည့် သဘောသဘာဝက တူညီသည်ပင်ဖြစ်သည်။ အခြားလူများက တစ်နည်းဖြင့် ထင်ပေါ်ကျော်ကြားလာကြပြီး ဤလူတို့က အခြားတစ်နည်းဖြင့် ထင်ပေါ်ကျော်ကြားလာသည်။ နောက်ဆုံးရလဒ်က တူညီသည်။ အကြံအစည်၊ ရည်ရွယ်ချက်နှင့် အရင်းခံအကြောင်းတို့သည်လည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် ကွာခြားမှုလုံးဝ မရှိပေ။

လူ့အဖွဲ့အစည်းတွင် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”သည်ဟု မိမိတို့ကိုယ်ကို ကြေညာသော လူများနှင့်ပတ်သက်ပြီး ထိုသူတို့ကို စိတ်ကူးယဉ်သမားများဟု ငါတို့ အဓိပ္ပာယ်သတ်မှတ်ခဲ့ကြသည်။ ဤသို့သောလူတို့၏ စရိုက်လက္ခဏာများမှာ ၎င်းတို့သည် ထူးကဲစွာပင် တသီးတခြားနေခြင်းဖြစ်သည်။ ၎င်းတို့သည် အခြားမည်သူမဆိုထက်ပို၍ တော်သည်ဟု ထင်သည်။ အခြားလူတိုင်းအား ကျေနပ်ဖွယ်မရှိဟု ၎င်းတို့က မှတ်ယူကြသည်။ အဆုံးတွင် ၎င်းတို့က “သင်တို့အားလုံးသည် နွံနစ်နေကြပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများထဲတွင် နစ်မြုပနေကြသည်၊ ငါသည် သင်တို့ထက် သာလွန်သွားခဲ့ပြီ၊ ငါသည် ‘ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား’သည်” ဟူ၍ ကောက်ချက်ချသည်။ ဤသည်မှာ ၎င်းတို့၏ ဟိတ်ဟန်ကြီးမှုဖြစ်သည်။ ဤသည်မှာ လက်တွေ့အရှိတရားကို ၎င်းတို့ မကျေနပ်သည့်ပုံစံဖြစ်သည်။ ၎င်းတို့ကိုယ်၌က အလွန်အမင်း သန့်ရှင်းပြီး သန့်စင်နေသကဲ့သို့ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့သည် အခြားလူများကဲ့သို့ မစွမ်းဆောင်နိုင်ဘဲ အခြားလူများတွင်ရှိသော နည်းလမ်းများ မရှိသောကြောင့်လည်းကောင်း၊ လူအများထဲတွင် ထင်ပေါ်ရန် အစဉ်အားထုတ်နေသော်လည်း မည်သည့်အခါမျှ ဆန္ဒမပြည့်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် အကောင်းဆုံးဖြစ်သော၊ လောကီနှင့်မဆိုင်သော၊ အနှစ်မဲ့သောအရာများကို အစဉ်လိုက်စားနေသော်လည်း မည်သည့်အခါမျှ ကျေနပ်မှုမရှိဘဲ ဤအရာများကို လက်တွေ့အရှိတရားအတွင်းသို့ မည်သည့်အခါမျှ ယူဆောင်မလာနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို ရင်ဆိုင်ရန်၊ သို့မဟုတ် ၎င်းတို့၏ စံသတ်မှတ်ချက်များကို လက်လွှတ်ရန် ဆန္ဒမရှိသောကြောင့်လည်းကောင်း အမျိုးအစားနှင့်ပတ်သက်လျှင် ၎င်းတို့သည် အစိုးရ၊ နိုင်ငံရေး၊ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှုအသိုင်းအဝိုင်းများကို ရှောင်ရှားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ၎င်းတို့ကို ဤသို့သော အသိုင်းအဝိုင်းများက မကြိုဆိုသောကြောင့်လည်းကောင်း၊ လက်မခံနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ ရည်မှန်းချက်များကို မရရှိနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ရည်မှန်းချက်များ အကောင်အထည်မဖော်နိုင်သောကြောင့်လည်းကောင်း အဆုံးတွင် ၎င်းတို့သည် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”သည်ဟု မိမိတိုကိုယ်ကို ထုတ်ဖော်ပြောပြီး ၎င်းတို့သည် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်သည်၊ ၎င်းတို့တွင် မြင့်မြတ်သောကိုယ်ကျင့်စရိုက်ရှိသည်ဟု ဆိုကြသည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို နှစ်သိမ့်ရန်အတွက် ဤသို့သောဆိုရိုးစကားများကို အသုံးပြုကြသည်။ သင်တို့သည် ယခုတွင် ၎င်းတို့အား ဤသို့ ငါတို့ မိတ်သဟာယပြုခြင်းအားဖြင့် ဤသို့သောလူများအား မည်သို့ပိုင်းခြားသိမြင်ရမည်ကို သိကြသလော။ ဤလူများသည် အနှစ်သာရတွင် အတိအကျ မည်သို့သောသူများဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အရာမျှမဟုတ်ပေ။ သို့တိုင်အောင် ဟိတ်ဟန်များဆဲဖြစ်သည်။ ဤသည်မှာ တိကျသော အကဲဖြတ်ချက်ဟုတ်သလော။ (ဟုတ်သည်။) ဤသို့သောလူများတွင် စံသတ်မှတ်ချက် များစွာရှိသည်။ သို့သော် မည်သည့်တစ်ခုကိုမျှ အကောင်အထည် မဖော်နိုင်သကဲ့သို့ မည်သည့်တစ်ခုကမျှ လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ။ ၎င်းတို့စဉ်းစားသည့် ဤအရာများသည် အားလုံးနားဝေတိမ်တောင်ဖြစ်ပြီး လက်တွေ့မကျပေ။ ဤလူများသည် တစ်နေကုန် သင့်လျော်သောအလုပ်ကို မလုပ်ကြပေ။ ကဗျာရွတ်ဖတ်ပြီး တမ်းချင်းများရေးစပ်ရန်သာ သိကြသည်။ ကိစ္စတစ်ခုကို ဝေဖန်ပြီး အခြားကိစ္စတစ်ခုကို သေးသိမ်အောင်လုပ်ကြသည်။ ဤသည်မှာ ၎င်းတို့က သင့်လျော်သော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြခြင်းမဟုတ်လော။ ၎င်းတို့၏ အနှစ်သာရကို ၎င်းတို့၏ အပြုအမူမှနေ၍ မြင်တွေ့နိုင်သည်။ ၎င်းတို့တွင် အမှန်တကယ်ပါရမီ၊ သို့မဟုတ် သင်ယူလေ့လာခြင်းမရှိပေ။ လက်တွေ့အရှိတရားနှင့် ဘဝအပေါ် ၎င်းတို့၏ အတွေးအမြင်များအားလုံးသည် နားဝေတိမ်တောင်ဖြစ်သည်။ မရေရာပေ။ လက်တွေ့မကျပေ။ ထို့ကြောင့် ၎င်းတို့သည် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားပါ” ဆိုသည့် အတွေးမှားနောက်သို့ လိုက်နိုင်ခြင်းဖြစ်သည်။ ၎င်းတို့က ဤအရာကို လူများပို၍ နှစ်သက်လိမ့်မည်ဟု မျှော်လင့်ပြီး ဤသို့ဖြစ်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ မှားယွင်းသည်။ လူတို့က ဤကဲ့သို့ ဖြစ်လျှင် ၎င်းတို့သည် မည်သည့်အရာကို ရရှိနိုင်သနည်း။ အတိအကျဆိုလျှင် ဤသို့သောလူတို့သည် ဘဝတွင် စစ်မှန်သော ပန်းတိုင်၊ သို့မဟုတ် ဦးတည်ချက်မရှိပေ။ စစ်မှန်သော ယုံကြည်မှုမရှိပေ။ ဘဝတွင် စစ်မှန်သော ရွေးချယ်မှုမရှိပေ။ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမရှိပေ။ ၎င်းတို့၏ အတွေးများသည် တစ်နေကုန် အထိန်းအချုပ်မရှိ၊ အထိန်းအကွပ်မဲ့နေကြသည်။ ထူးဆန်းသော အယူအဆမျိုးစုံကို ၎င်းတို့ လက်သင့်ခံကြသည်။ ၎င်းတို့၏ စိတ်သည် ဖရိုဖရဲဖြစ်သော၊ အနှစ်မဲ့သော၊ လက်တွေ့မကျသောအရာများဖြင့် ပြည့်နေကြပြီး မည်သည့်အရာကမျှ လက်တွေ့မကျပေ။ ဤလူတို့သည် အမှန်တွင် လူသားမျိုးနွယ်နှင့် ခြားနားသည့် အမျိုးအစားဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်သည် နားဝေတိမ်တောင်ဖြစ်ခြင်းနှင့် အလွန်အမင်း အဓိပ္ပာယ်မရှိခြင်း၊ အစွန်းရောက်ခြင်းနှစ်မျိုးလုံးဖြစ်သည်။ ၎င်းတို့သည် မည်သည့်အုပ်စုတွင်ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် အထက်တန်းစား၊ အလယ်တန်းစား၊ အခြေခံလူတန်းစားတွင်ရှိသည်ဖြစ်စေ သူတစ်ပါးတို့နှင့် မည်သည့်အခါမျှ အဆင်မပြေဘဲ လူတို့က လက်ခံခြင်းကို မည်သည့်အခါမျှ မခံရနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူများ၊ အမှုအရာများကို ရှုမြင်သည့် ၎င်းတို့၏ အတွေးအခေါ်၊ ၎င်းတို့၏ လိုက်စားမှုနှင့် အမြင်ရှုထောင့်များသည် အစွန်းရောက်ပြီး မတူညီသော အမျိုးအစား ဖြစ်သောကြောင့်ဖြစ်သည်။ ယဉ်ကျေးစွာဆိုလျှင် ဤလူတို့သည် စိတ်ကူးယဉ်သမားများဖြစ်သည်။ သို့သော် အတိအကျဆိုလျှင် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ပြီး စိတ်ပုံမှန်မဟုတ်ကြပေ။ ပြောလော့။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်သောသူများသည် သာမန်လူတို့နှင့် ကောင်းစွာအဆင်ပြေနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ကောင်းစွာ မသင့်မြတ်နိုင်ရုံသာမက ၎င်းတို့ကိုယ်တိုင်၏ မိသားစုများနှင့်ပင် ကောင်းစွာ မသင့်မြတ်နိုင်ပေ။ ဤလူတို့သည် ၎င်းတို့၏ အမြင်များ၊ ဖော်ပြချက်များကို တင်ပြသောအခါတွင် အခြားလူတို့သည် အနေရခက်ပြီး စိတ်ကုန်ကြသည်။ ယင်းတို့ကို ၎င်းတို့ လုံးဝ မကြားလိုကြပေ။ ဤဖော်ပြချက်များသည် ခိုင်လုံခြင်းမရှိဘဲ လက်တွေ့ဘဝတွင် အလုပ်မဖြစ်ပေ။ လက်တွေ့ဘဝတွင် လူတို့ရင်ဆိုင်ရသော အခက်အခဲများသည် ၎င်းတို့အတွင်းတွင် ပေါ်ပေါက်နိုင်သည်။ လူတို့၏ အရှိအတိုင်းဖြစ်သော ပတ်ဝန်းကျင်များတွင် ပေါ်ပေါက်နိုင်သည်၊ သို့မဟုတ် ဘဝ၏ နေ့စဉ်အဓိက မရှိမဖြစ် လိုအပ်ချက်များတွင် ပါဝင်နိုင်သည်။ ဤအရာများကို မည်သို့ ရင်ဆိုင်သင့်သနည်း။ ကိုင်တွယ်သင့်သနည်း။ ဖြေရှင်းသင့်သနည်း။ အသေးစား အခက်အခဲများနှင့် ပတ်သက်လျှင် ဘဝ၏ နေ့စဉ်အဓိက မရှိမဖြစ်လိုအပ်ချက်များ ပါဝင်သောအရာများရှိပြီး အကြီးစားအခက်အခဲများနှင့် ပတ်သက်လျှင်မူ ဘဝအပေါ် လူတို့၏ ရှုမြင်သုံးသပ်ချက်၊ ၎င်းတို့၏ ရှင်သန်နေထိုင်ရေးစည်းမျဉ်းများ၊ ၎င်းတို့လိုက်လျှောက်သည့် လမ်းကြောင်း၊ ၎င်းတို့၏ ယုံကြည်မှုများနှင့် ဆက်နွှယ်သောအရာများရှိသည်။ အမှန်တကယ် အဖြစ်ဆုံးသောအရာများမှာ ဤပြဿနာများဖြစ်သည်။ သို့တိုင်အောင် ဤစိတ်ကူးယဉ်သမားများသည် ဤပြဿနာများမှ မိမိတို့ကိုယ်ကို ခွဲထွက်လိုကြပြီး လက်တွေ့ဘဝ အခြေအနေများ၌ မည်သည့်အခါမျှ အသက်မရှင်လိုကြပေ။ လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် ၎င်းတို့၏အမြင်၊ ရှုထောင့်နှင့် ရပ်တည်ချက်သည် ဤအမှန်တကယ်ဖြစ်သော ပြဿနာများအပေါ်တွင် အခြေမခံဘဲ အထိန်းအချုပ်မရှိ၊ အထိန်းအကွပ်မဲ့ကြသည်။ မည်သည့်အရာကို ၎င်းတို့ စဉ်းစားနေသည်ကို သင်လုံးဝ မသိပေ။ ဂြိုဟ်သားများ၏ အတွေးများကို ၎င်းတို့ တွေးနေသကဲ့သို့၊ ဤကမ္ဘာမြေတွင်ရှိသော လူများက ယခင်က မည်သည့်အခါမျှ မကြားဖူးခဲ့သောအရာများကဲ့သို့၊ ၎င်းတို့အတွက် ပုံမှန်မဟုတ်ဟု ထင်ရသည့် အရာများကဲ့သို့ဖြစ်သည်။ ပုံမှန်မဟုတ်သောအရာများအား တစ်စုံတစ်ယောက်က ပြောနေသည်ကို မည်သူက ကြားလိုသနည်း။ လူတို့က ဤလူကို စတွေ့ပြီး သူစကားပြောသည်ကို ကြားရသောအခါတွင် သူပြောသည့်အရာသည် အမှန်ပင် ဆန်းသစ်ပြီး အသစ်ဖြစ်သည်၊ သာမန်လူများက ပြောသည့်အရာထက်ပို၍ အသိအမြင်ကြွယ်ဝပြီး လိမ္မာပါးနပ်သည်ဟု ၎င်းတို့က ခံစားရနိုင်သည်။ သို့သော် အချိန်အတန်ကြာပြီးနောက်တွင် ဤအရာအားလုံးမှာ အဓိပ္ပာယ်မရှိသောအရာများသာ ဖြစ်သည်ဆိုသည်ကို ၎င်းတို့ သဘောပေါက်သွားသောကြောင့် ထိုသူကို မည်သူကမျှ အာရုံမစိုက်တော့ပေ။ ၎င်းတို့က ထိုသူကို အရေးမစိုက်ပေ။ ပြီးလျှင် ထိုသူပြောသည့် မည်သည့်အရာကမျှ ၎င်းတို့၏နားထဲသို့၊ သို့မဟုတ် စိတ်နှလုံးထဲသို့ မဝင်ပေ။ ထိုသူသည် အခြားလူများက သူ့အပေါ်သို့ ဤသို့သောသဘောထားကို ခံယူကျင့်သုံးသောအခါ၌ ဤအခြင်းအရာကို သိမြင်နိုင်သလော။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့က သတိထားမိလာပြီး “မည်သူကမျှ ငါ့ကို မနှစ်သက်ကြပေ၊ အဘယ်သို့ ဖြစ်သနည်း၊ အဘယ်ကြောင့် ငါ့ကို မနှစ်သက်ကြသနည်း၊ အို ဤသည်မှာ ငါသည် နာမည်ကျော်ကြားသောပုဂ္ဂိုလ်ဖြစ်သောကြောင့်ဖြစ်သည်၊ သို့သော် စစ်မှန်သော ပါရမီကို သိမြင်နိုင်သောသူ အနည်းငယ်သာရှိသည်” ဟူ၍ ၎င်းတို့၏ စိတ်နှလုံးတွင် ထင်မြင်ကြသည်။ ကြည့်လော့။ ၎င်းတို့သည် အစဉ်သဖြင့် ဟန်ဟန်များသည်။ မိမိတို့ကိုယ်ကို ပါရမီရှိသည်၊ ပါးနပ်သည်၊ စွမ်းဆောင်နိုင်သည်ဟု အစဉ် ယုံကြည်ပြီး အမှန်တကယ်တွင်မူ ၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်ပေ။ ၎င်းတို့က မည်သည့်လူအုပ်စုတွင်ရောက်ရှိနေပါစေ ၎င်းတို့အတွက် နောက်ဆုံးရလဒ်နှင့် အဆုံးသတ်မှာ အစဉ်သဖြင့် ငြင်းပယ်ခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့က “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားပါ” ဟူသည့် ဆိုရိုးစကားကို လိုက်နာကျင့်သုံးခြင်းကြောင့် ဖြစ်သည်။ သင်သည် ဤကဲ့သို့ဖြစ်ရန် ဆန္ဒရှိခဲ့ဖူးလျှင် ချက်ချင်းရပ်တန့်ဖို့ ငါ သင့်ကို ပြောသည်။ ဤလူများသည် ပုံမှန်မဟုတ်သောကြောင့်ဖြစ်သည်။ သင်၏ အတွေးအခေါ်နှင့် သင့်လူ့သဘာဝ၏ အသိစိတ်သည် ပုံမှန်ဖြစ်လျှင် သင်လုပ်ဆောင်သင့်သည့်အရာနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်သင့်ပြီး “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”သော သူတစ်ယောက်ဖြစ်ရန် အားမထုတ်သင့်ပေ။ ဤလူတို့သည် အကျင့်ပျက်သောသူဖြစ်ပြီး ကွဲပြားခြားနားသော လူသားအမျိုးအစား ဖြစ်သည်။ ပုံမှန်မဟုတ်ပေ။

“ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”သောလူတို့၏ အနှစ်သာရကို ငါတို့ ပိုင်းခြားစိစစ်ခြင်း ပြီးဆုံးသွားသည်နှင့် ဤလူတို့ကို ငါတို့ ဖော်ထုတ်သောအခါတွင် ငါတို့ ပြောခဲ့သည့် လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိခြင်းနှင့် အဆိုးမြင်ခြင်းပြဿနာများအကြောင်းကို ပြောကြစို့။ လူအချို့က “ငါတို့သည် ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းနှင့် လူ့အဖွဲ့အစည်းတွင်ရှိသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများကို ငါတို့ နားလည်သင့်ပြီး ယင်းတို့နောက်သို့ မလိုက်သင့်ပေ၊ ငါတို့သည် မတူညီသော အချိန်ကာလများတွင်ရှိသော၊ ကမ္ဘာလောက၏ မတူညီသော အရပ်တို့တွင်ရှိသော၊ မတူညီသော လူမျိုးများ၊ အုပ်စုများထဲတွင်ရှိသော နိုင်ငံရေး၊ လူသားမျိုးနွယ်၏ ဆိုးယုတ်မှု၊ လူသားမျိုးနွယ်၏ လုပ်ဆောင်နေကျဖြစ်သော ကျင့်သုံးမှုမှု အမျိုးမျိုး၊ လူသားမျိုးနွယ်၏ မှောင်မိုက်ဆိုးယုတ်သော အရာအားလုံးတို့ကိုလည်း နားလည်ရမည်ဖြစ်သည်၊ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ငါတို့သည် ပိုင်းခြားသိမြင်မှုရှိလာမည်” ဟူ၍ ယုံကြည်ကြသည်။ ဤသည်မှာ လူကို ဘုရားသခင်က တောင်းဆိုသောအရာဖြစ်သလော။ ဤအကြောင်းအရာကို ငါတို့ မိတ်သဟာယမပြုမီတွင် သင်တို့ထဲမှ အချို့က ဤအရာကို သင်တို့၏လိုက်စားမှုအဖြစ် ရွေးချယ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယခု သင့်ကို ငါရှင်းလင်းစွာ ပြောသည်။ ဤသည်မှာ သင်လုပ်ဆောင်ရမည့် အရာတစ်ခုမဟုတ်။ ဘုရားသခင်က သင့်ကို တောင်းဆိုသောအရာမဟုတ်။ သင်သည် ဤကမ္ဘာ၊ ဤလူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ်၊ သို့မဟုတ် ဤနိုင်ငံရေး၊ စီးပွားရေး၊ စာပေ၊ သို့မဟုတ် ဘာသာရေးအခန်းကဏ္ဍ၊ သို့မဟုတ် လူ့အဖွဲ့အစည်းမှ ဆင်းသက်သော လုပ်ဆောင်နေကျဖြစ်သော လက်တွေ့လုပ်ဆောင်မှုတစ်ခုခု၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင်ရှိသော မည်သည့်အုပ်စု၊ သို့မဟုတ် အင်အားစုမဆို၏ လည်ပတ်လုပ်ဆောင်သည့် နည်းလမ်း စသည်တို့ကို နားလည်ဖို့ မလိုအပ်ပေ။ ဤသည်မှာ သင် သင်ယူဖို့ လိုအပ်သည့် သင်ခန်းစာမဟုတ်ပေ။ သင်သည် လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိဖို့ မလိုအပ်ပေ။ မကောင်းသော လွှမ်းမိုးမှုများမှ သင့်ကိုယ်သင် ကာကွယ်ဖို့ မလိုအပ်ပေ။ ဤသည်မှာ သင်ခံယူသင့်သည့် ရပ်တည်ချက်၊ သို့မဟုတ် အမြင်ရှုထောင့်မဟုတ်ပေ။ ပြီးလျှင် သင်ခံယူသင့်သည့် အမြင်မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ပြီး သင့်အား သူ့အပေါ် ယုံကြည်စေပြီး သူ့နောက်သို့ လိုက်စေသည်။ သူသည် သင့်အား လူသားမျိုးနွယ်ကို ဆန့်ကျင်ရန်၊ လူ့အဖွဲ့အစည်းကို ဆန့်ကျင်ရန်၊ သို့မဟုတ် နိုင်ငံရေးကို ဆန့်ကျင်ရန်၊ သို့မဟုတ် နိုင်ငံတော်ကို ဆန့်ကျင်ရန် မတောင်းဆိုသကဲ့သို့ မည်သည့်အုပ်စု၊ လူမျိုး၊ သို့မဟုတ် ဘာသာတရားကိုမျှ ဆန့်ကျင်ရန်လည်း မတောင်းဆိုပေ။ သူသည် သင့်အား သူ့နောက်သို့လိုက်ပြီး စာတန်ကို ငြင်းပယ်ရန်၊ သူ့ရှေ့သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို လက်ခံကာ နာခံရန်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ရန်၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်မျှသာ တောင်းဆိုသည်။ ဘုရားသခင်က သင့်အား လူသားမျိုးနွယ်ကို ဆန့်ကျင်ရန်၊ လူ့အဖွဲ့အစည်းကို ဆန့်ကျင်ရန်၊ သို့မဟုတ် နိုင်ငံတော်ကို ဆန့်ကျင်ရန် လုံးဝ မတောင်းဆိုပေ။ ပို၍ အတိအကျဆိုရလျှင် ဘုရားသခင်က သင့်အား အစိုးရတစ်ခုခုကို ဆန့်ကျင်ရန်၊ လူမှုဆိုင်ရာ၊ သို့မဟုတ် နိုင်ငံရေးစနစ်တစ်ခု၊ သို့မဟုတ် နိုင်ငံရေးမူဝါဒတစ်ခုကို ဆန့်ကျင်ရန် လုံးဝ မတောင်းဆိုပေ။ ဘုရားသခင်က သင့်အား ဤသို့သောအရာ တစ်ခုကိုမျှ မည်သည့်အခါမျှ မလုပ်ဆောင်ခိုင်းပေ။ လူအချို့က “လူသားမျိုးနွယ်အားလုံးသည် ငါတို့ကို ငြင်းပယ်သည်၊ ဆန့်ကျင်သည်၊ ညှဉ်းပန်းနှိပ်စက်သည်၊ ငါတို့သည် ထကြွပြီး ၎င်းတို့ကို ဆန့်ကျင်ခြင်း၊ ၎င်းတို့ကို ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် မှားယွင်းသလော၊ ၎င်းတို့အားလုံးက ငါတို့ကို ဆန့်ကျင်ကြသည်၊ ထို့ကြောင့် ငါတို့က အဘယ်ကြောင့် ၎င်းတို့ကို မဆန့်ကျင်နိုင်သနည်း” ဟု ဆိုကြသည်။ သင်က ကိုယ်တိုင်ကိုယ်ကျ မည်သို့ ထင်မြင်ပါစေ၊ လုပ်ဆောင်ပါစေ၊ သို့မဟုတ် လူ့အဖွဲ့အစည်း၊ ကမ္ဘာလောက၊ လူမျိုးနိုင်ငံစနစ်များ နှင့်ပတ်သက်ပြီး သင်ကိုယ်တိုင်က မည်သည့် အမြင်မျိုးကို ကိုင်ဆောင်သည်ဖြစ်စေ ယင်းသည် သင်၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး ဘုရားသခင်က သင့်အား လိုက်လျှောက်ရန်တောင်းဆိုသည့် လမ်းခရီးနှင့် လုံးဝ သက်ဆိုင်မှုမရှိသကဲ့သို့ ဘုရားသခင်၏ သွန်သင်မှု၊ သို့မဟုတ် သတ်မှတ်ချက်များနှင့်လည်း သက်ဆိုင်မှုမရှိပေ။ လူအချို့က “ဤအရာများသည် ဘုရားသခင်၏ သွန်သင်မှုများနှင့် လုံးဝ သက်ဆိုင်မှုမရှိ၊ ဘုရားသခင်က ကျွန်ုပ်တို့ကို တောင်းဆိုသောအရာမဟုတ်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် စေခိုင်းသည့်အရာမဟုတ်ဟု ကိုယ်တော်က ဆိုသည့်အတွက် ဤသို့ဆိုလျှင် ဘုရားသခင်က စာတန်၊ လူမှုရေးရေပန်းစားမှုများ၊ လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းတို့အပြင် ဘာသာတရားကို အဘယ်ကြောင့် ဖော်ထုတ်သနည်း” ဟု ဆိုကြသည်။ ဘုရားသခင်က ဤအရာများကို သင်နားလည်နိုင်ရန်အတွက်သာ ဖော်ထုတ်ခြင်းဖြစ်သည်။ ဘုရားသခင် ဖော်ထုတ်သော ဤအရာများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်နွှယ်နေပြီး လူတို့၌ ရှိသော ဘုရားသခင်ကို အာခံသည့် အမြင်များ၊ အယူအဆများနှင့် ဆက်နွှယ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် ဤသို့သော အကြောင်းအရာများကို အသေအချာ မိတ်သဟာယဖွဲ့ပြီး ဤသို့သော ဥပမာများကို အသုံးပြုရမည်။ ရည်ရွယ်ချက်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ထုတ်ဖော်သော ဆိုးယုတ်သော စိတ်သဘောထားများကို ပို၍တိကျစွာ၊ လက်တွေ့ကျစွာ လူတို့ သိမြင်နိုင်စေရန်အတွက် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းသည့် အမျိုးမျိုးသော လွဲမှားသော အတွေးအမြင်များ၊ ဘုရားသခင်ကို အာခံသော အယူအဆများအားလုံးကို ပိုင်းခြားသိမြင်နိုင်စေရန်အတွက် ဖြစ်သည်။ ဤမျှသာဖြစ်သည်။ ဤသည်မှာ လူတို့အနေဖြင့် နိုင်ငံရေးကို ကိုယ်တိုင်ကိုယ်ကျ ဆန့်ကျင်နိုင်ရန်၊ လူ့အဖွဲ့အစည်းကို ဆန့်ကျင်နိုင်ရန်၊ လူသားမျိုးနွယ်ကို ဆန့်ကျင်နိုင်ရန်အတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်က လူတို့အား လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိရန်၊ အဆိုးမြင်ရန်၊ သို့မဟုတ် မကောင်းသော လွှမ်းမိုးမှုများမှ မိမိတို့ကိုယ်ကို ကာကွယ်ရန် မည်သည့်အခါမျှ မတောင်းဆိုပေ။ လူအချို့က “ဘုရားသခင်က ငါ့အား ဤသို့ဖြစ်ရန် လုံးဝ မတောင်းဆိုသော်လည်း ငါသည် လက်တွေ့အရှိတရားအပေါ် အဆိုးမြင်ပြီး ကျေနပ်မှုမရှိသောကြောင့်သာ၊ ဘုရားအိမ်တော်တွင် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းရှိပြီး ဤနေရာတွင် သမ္မာတရားက ကြီးစိုးသည်ဟု ငါခံစားရသောကြောင့်သာ၊ ဤနေရာတွင် ငါသည် မျှတစွာ ဆက်ဆံခံရသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ သင်၏ ကိစ္စဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လုံးဝ မသက်ဆိုင်ပေ။ လူတိုင်းက မတူညီသောအကြောင်းပြချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်သည်မှာ မှန်သည်။ လူအချို့က ကောင်းချီးများရရန် ဘုရားသခင်ကို ယုံကြည်သည်။ အချို့က ကပ်ဘေးများကို လွတ်မြောက်ရန်ဖြစ်သည်။ အချို့က ၎င်းတို့၏ မကျန်းမာမှု ပျောက်ကင်းရန်ဖြစ်သည်။ အချို့က အနာဂတ်တွင် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိရန် ဖြစ်သည်။ ပြီးလျှင် လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိသော၊ ကမ္ဘာလောကကို ကျေနပ်မှုမရှိသော၊ လူ့အဖွဲ့အစည်းကို ကျေနပ်မှုမရှိသော၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မျှတစွာ ဆက်ဆံခြင်းမခံရသောသူအချို့ရှိသည်။ ထို့ကြောင့် သက်သာမှုနှင့် အရိပ်အာဝါသကို ရှာဖွေလျက် ဘုရားအိမ်တော်သို့ လာကြသည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် လူတိုင်း၏ အမြင်များနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် ၎င်းတို့၏ နဂိုရည်ရွယ်ချက်၊ သို့မဟုတ် အရင်းခံအကြောင်းရင်းတို့က ကွဲပြားသည်။ မိမိတို့၏ စိတ်နှလုံးတွင် ဤအရာများမရှိသော၊ ဘုရားသခင်ကိုသာ ယုံကြည်လိုပြီး ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသောအရာဖြစ်သည်ဟု ခံစားရသောသူများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ လက်တွေ့အရှိတရားအပေါ် အဆိုးမြင်ပြီး ကျေနပ်မှုမရှိသော ထိုသူများက ဘုရားသခင်ကို ယုံကြည်လာသောအခါတွင် ဘုရားသခင်က ၎င်းတို့သည် အသေးစားဆုကျေးဇူးရှိရုံဖြင့်၊ သို့မဟုတ် ပါရမီရှိရုံဖြင့် ၎င်းတို့ကို မချီးကျူးပေ၊ သို့မဟုတ် ကြင်နာစွာ မဆက်ဆံပေ။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ လက်မခံသောကြောင့်လည်းကောင်း၊ လွန်ကဲစွာ မာနထောင်လွှားကာ မိမိကိုယ်ကို အမှန်ထင်ပြီး သူတစ်ပါးတို့ကို အထင်သေးသောကြောင့်လည်းကောင်း ဖြစ်သည်။ ဤသို့သောသူတို့သည် သမ္မာတရားကို လက်ခံရန် အလွန့်အလွန် ခက်ခဲမှုရှိကြသည်။ သင်တို့သည် ဤသို့သောလူတို့အပေါ် မျှော်လင့်ချက် မထားရှိသင့်သကဲ့သို့ သင်တို့ကိုယ်တိုင် ဤသို့သောသူများ မဖြစ်သင့်ပေ။ ငါသည် သင်တို့အား ရိုးသားရန်၊ သမ္မာတရားကို လိုက်စားရန်၊ ဘုရားနှုတ်ကပတ်တော်ကို နာခံရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်သာ ပြောသည်။ ထို့ကြောင့် သင်က လူ့အဖွဲ့အစည်းကို ကျေနပ်မှုမရှိဘဲ ရှင်းလင်းစွာ နားလည်ရုံဖြင့်၊ သို့မဟုတ် သင်သည် အထူးလုပ်ငန်းတစ်ခုကို ယခင်က ပါဝင်လုပ်ဆောင်ခဲ့ပြီး ထိုလုပ်ငန်း၏ အမှောင်ဘက်ခြမ်းကို ပို၍ လေးနက်စွာ နားလည်မှုရိရုံဖြင့် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုတွင် သင့်၌ အရည်အချင်းနှင့် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်က သင့်ကို ချစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသည်ဟုလည်းကောင်း၊ သင်သည် အရည်အသွေးပြည့်မီသော ဖန်ဆင်းခံဖြစ်သည်ဟုလည်းကောင်း လုံးဝ မယုံကြည်နှင့်။ သင်က ဤသို့သောအရာကို ယုံကြည်လျှင်မူ သင်က မှားယွင်းနေသည်ဟုလည်းကောင်း၊ အခြေအနေကို သင်အကဲဖြတ်သည့် အမြင်များက မှားယွင်းနေသည်ဟုလည်းကောင်း၊ အမှုအရာများကို သင်မြင်သည့် ရှုထောင့်က မှားယွင်းနေသည်ဟုလည်းကောင်း၊ သင်ခံယူနေသည့် ရပ်တည်ချက်က မှားယွင်းနေသည်ဟုလည်းကောင်း ငါဆိုသည်။ အဘယ်ကြောင့် ဤအရာကို ငါဆိုသနည်း။ သင်ခံယူသော ရပ်တည်ချက်နှင့် လူများ၊ အမှုအရာများကို သင်မြင်သည့် အမြင်ရှုထောင့်များသည် ဘုရားနှုတ်ကပတ်တော်ကို အခြေမခံဘဲ သမ္မာတရားကို စံအဖြစ် မထားရှိသောကြောင့် ငါဆိုသည်။ သင်သည် လောကီဆန်သောလူတို့၏ ရှုထောင့်ကို အစဉ်သဖြင့် ခံယူပြီး လက်တွေ့အရှိတရားကို မကျေမနပ်ဖြစ်ကာ အဆိုးမြင်လျှင် သင်သည် ၎င်းတို့ကို မုန်းတီးလိမ့်မည်။ ၎င်းတို့ကို တိုက်ခိုက်ပြီး ဆန့်ကျင်ရုန်းကန်လိုလိမ့်မည်။ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဆိုသည်ကို ၎င်းတို့အား ကျိုးကြောင်းပြပြောဆိုပြီး ငြင်းခုံလိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို ပြောင်းလဲလိုလိမ့်မည်။ လူ့အဖွဲ့အစည်းကို ပြောင်းလဲလိုလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်ကိုပင် ပြောင်းလဲလိုလိမ့်မည်။ မိမိတို့နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အာဏာရှိသူများ၏ အမှောင်ဘက်ခြမ်းကိုပင် ဖော်ထုတ်လိုသောသူအချို့ရှိပြီး ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် စာတန်ကို ငြင်းပယ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအရာတို့အားလုံးမှာ မှားယွင်းသည်။ နိုင်ငံရေးဆိုင်ရာ အာဏာရှိသူများ၏ အသိုင်းအဝန်းတွင်းတွင်လည်းကောင်း၊ စီးပွားရေး အသိုင်းအဝန်းအတွင်းတွင်လည်းကောင်း၊ သို့မဟုတ် အနုပညာနှင့် စာပေအသိုင်းအဝန်းအတွင်းတွင်လည်းကောင်း အမှုအရာ မည်မျှများပြားစွာ ဖြစ်ပျက်နေပါစေ မည်သည့်အရာကမျှ သမ္မာတရားအား သင်လိုက်စားခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသို့သောအရာများကို သင်မည်မျှသိပါစေ အားလုံးက အသုံးမဝင်ပေ။ ဤသည်မှာ သင်က စာတန်၏ အနှစ်သာရကို သိသည်၊ သို့မဟုတ် သင်၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင် စာတန်ကို ငြင်းပယ်နိုင်သည်ဟု ထုတ်ဖော်ပြသခြင်းမရှိပေ။ ဤသို့သောအရာများကို သင်မည်မျှသိပါစေ၊ သို့မဟုတ် နားလည်ပါစေ၊ သင်၏ နားလည်မှုက မည်မျှအသေးစိတ်ပါစေ၊ မှန်ကန်ပါစေ၊ တိကျပါစေ ယင်းက သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်နေသည်ဟုလည်းကောင်း၊ သင်သည် သင့်ကိုယ်သင်သိကျွမ်းနေသည်၊ သို့မဟုတ် သင်သည် သင်၏အတွင်းရှိ ဆိုးယုတ်သော အတွေးအမြင်များကို ပိုင်းခြားစိစစ်နေသည်ဟုလည်းကောင်း ပြသခြင်းမရှိသကဲ့သို့ သင်က ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို ချစ်သည်ဟုလည်း ပြသခြင်းမရှိပေ။ ဘုရားသခင်ကို သင်ကြောက်ရွံ့သည်ဟု ပို၍ပင် ထုတ်ဖော်ပြသခြင်းမရှိပေ။ သင်က လူ့အဖွဲ့အစည်းနှင့်ပတ်သက်ပြီး အနည်းငယ်ကို နားလည်ရုံဖြင့်၊ သို့မဟုတ် လုပ်ငန်းတစ်ခု၏ အတွင်းကျသော စည်းကမ်းများ၊ လူအများစုမသိသည့် မိစ္ဆာဒိဋ္ဌိအယူအချို့ကို သိရုံဖြင့်၊ သင်သည် လူ့အဖွဲ့အစည်းအပေါ် အဆိုးမြင်ပြီး ကျေနပ်မှုမရှိဘဲ လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ရန် သတ္တိရှိရုံဖြင့် သင်သည် မြင့်မြတ်ပြီး ဂုဏ်ပြုထိုက်သောသူ၊ သူတစ်ပါးတို့သာသူဖြစ်သည်၊ သင်သည် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”သည်ဟု မထင်မြင်နှင့်။ ဘုရားသခင်က ဤသို့သောလူများကို အလိုမရှိပေ။

အချို့လူတို့သည် ဘုရားသခင်အား မယုံကြည်မီတွင် ကြောက်ရွံ့ပြီး တွေဝေနေကြကာ လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းကို မဖော်ထုတ်ရဲပေ။ ဤသို့လုပ်ဆောင်ရန် သတ္တိမရှိပေ။ ယခုတွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သောအခါ ဘုရားသခင်က ၎င်းတို့အား ရဲဆေးတင်ပေးပြီး ထောက်ပံ့အားဖြည့်ပေးသည်ဟု ၎င်းတို့ ခံစားရသောကြောင့် ဤသို့သောအရာများကို ဖော်ထုတ်ရန် မကြောက်ရွံ့တော့ပေ။ ဒီမိုကရေစီနိုင်ငံများသို့ သွားရောက်ပြီး စီစီပီဟူသည့် မကောင်းဆိုးဝါး၏ မကောင်းမှုပြုခြင်းအချို့ကို ဖော်ထုတ်ရဲသူအချို့ပင်ရှိသည်။ ထို့နောက်တွင် ဤလူတို့က ၎င်းတို့သည် သမ္မာတရားကို နားလည်သည်၊ ၎င်းတို့တွင် ဝိညာဉ်ရင့်ကျက်မှုရှိပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိသည်ဟု ခံစားကြရသည်။ ဤအရာအားလုံးမှာ မှားယွင်းသော အတွေးအမြင်များဖြစ်သည်။ ဤအရာများကို လိုက်စားရန်မှာ ၎င်းတို့အတွက် အဓိပ္ပာယ်မရှိပေ။ သင်သည် လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိဖြစ်ပြီး အဆိုးမြင်ပါစေ၊ သင်သည် လူ့အဖွဲ့အစည်း၏ အထက်တွင်ရှိပါစေ၊ သင်သည် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွား”သူဖြစ်ပါစေ မည်သည့်အရာကမျှ ဘုရားသခင်အတွက် အရေးမပါပေ။ ဤသို့သောအရာများကို သူ မကြည့်ပေ။ ဘုရားသခင်က မည်သည့်အရာကို ကြည့်သနည်း။ ဘုရားသခင်သည် ပထမဦးစွာ သင်၏ အတွင်းအကျကျ စိတ်နှလုံးထဲတွင်ရှိသော စာတန်ဆီမှလာသော အတွေးအမြင်များကို သင် သိမြင်ခြင်းရှိမရှိကိုလည်းကောင်း၊ ယင်းတို့ကို သင် သိမြင်သည်နှင့် သင်သည် ယင်းတို့ကို ဖော်ထုတ်ပြီး သူတစ်ပါးတို့အား ပွင့်လင်းစွာ ပြောခြင်းရှိမရှိကိုလည်းကောင်း၊ ယင်းတို့ကို သင် ရှင်းလင်းစွာ နားလည်သည်နှင့် ယင်းတို့ကို ငြင်းပယ်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်သည်။ ထို့အပြင် ဘုရားသခင်သည် လက်တွေ့ဘဝတွင် သမ္မာတရားအား သတိရှိရှိဖြင့် သင် လိုက်စားခြင်းရှိမရှိ၊ လူများ၊ အမှုအရာများကို သင်ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းတွင် သမ္မာတရား စည်းမျဉ်းများကို သင်သတိရှိရှိဖြင့် ရှာဖွေခြင်းရှိမရှိနှင့် သမ္မာတရားအပေါ် သင်၏ သဘောထားက အတိအကျ မည်သို့ရှိသည်ဆိုသည်တို့ကို ကြည့်သည်။ ဤသည်မှာ သင့်စိတ်နှလုံးတွင် ရှင်းလင်းရမည့် အရာတစ်ခုဖြစ်သည်။ လူအချို့သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလအကြောင်း ဆွေးနွေးရသည်ကို နှစ်သက်သည်။ သမိုင်းနန်းတွင်း ခြေပုန်းခုတ်ခြင်းများအကြောင်းကို စကားကြောရှည်ကာ အားမာန်ပါပါ ပြောဆိုသည်။ နိုင်ငံရေး အသိုင်းအဝန်းအတွင်းတွင် မည်သည့်အချိန်ကာလ၌ မည်သည့်ကြီးမားသော ဖြစ်ရပ်များဖြစ်ပျက်ခဲ့သည်၊ အခြေအမြစ်ရှိသောပြဿနာများက မည်သည့်အရာဖြစ်သည်၊ အဓိကကျသော အချိန်အခိုက်အတန့်များ၌ မည်သူက ပါဝင်လှုပ်ရှားခဲ့သည် စသည်တို့ကို အလွန်အသေးစိတ်ကျစွာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖော်ပြသည်။ ထို့နောက်တွင် ၎င်းတို့က ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ ၎င်းတို့သည် ဖြောင့်မှန်ပြီး အလွန်ပင် တရားမျှတစိတ် ရှိသည်ဟု ထင်မြင်ကြပြီး “ကြည့်လော့၊ ငါသည် လူ့အဖွဲ့အစည်းကို အလွန်ပင် ကျေနပ်မှုမရှိပေ။ ငါ၏ စူးစိုက်အကြည့်သည် အရာရှိလောက၏ မှောင်မိုက်မှုကို ထိုးဖောက်သည်၊ ငါသည် ယင်းကို လေးနက်စွာ၊ နှံ့စပ်စွာ နားလည်သည်” ဟု ဆိုသည်။ ဤသို့သောအရာများကို ပြောဆိုခြင်းသည် မည်သည့် အကျိုးရှိသနည်း။ မည်သူ့ကို မြှောက်ပင့်ပြောဆိုရန် သင် ကြိုးစားနေသနည်း။ ဘုရားသခင်ကို ဖြစ်သလော။ သင်သည် မည်မျှ အသိဉာဏ်ထက်မြက်သည်၊ အမှုအရာများစွာကို သင်သိသည်ဆိုသည်ကို ကြွားဝါနေခြင်းဖြစ်သလော။ ဤအရာများအား ပြောဆိုခြင်းသည် အသုံးမဝင်ပေ။ ငါသည် အွန်လိုင်းတွင် တန်ဖိုးမရှိသော အမှိုက်တစ်စုံတစ်ခုကိုမျှ လုံးဝ မကြည့်ခဲ့သကဲ့သို့ မည်သည့်သတင်း၊ အချက်အလက်မျိုးကိုမဆို တစ်ခါမျှ စိတ်မဝင်စားခဲ့ဖူးပေ။ ဤအရာများကို ငါ အဘယ်ကြောင့် မကြည့်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် စိတ်အနှောင့်အယှက်ဖြစ်စေပြီး ရွံရှာဖွယ်ဖြစ်သည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လိုက်သည်နှင့် ၎င်းတို့တွင် တရားမျှတစိတ်ရှိရမည်ဟု ယုံကြည်ကြသည်။ ပြီးလျှင် ၎င်းတို့သည် နာမည်ကြီးသူများ၊ လူသိများသူများ၊ နိုင်ငံရေးသမားများတို့နှင့်ပတ်သက်ပြီး မှတ်ချက်များ မကြာခဏပေးကာ အဓိပ္ပာယ်မရှိ ပြောဆိုကြသည်။ ၎င်းတို့သည် လူတိုင်းအမြင်ပွင့်စေရန် မျှော်လင့်ပြီး ဤလူတို့၏ အတွင်းရေးဘဝများကို အများရှေ့သို့ချပြကြသည်။ ၎င်းတို့သည် စွယ်စုံရသကဲ့သို့လည်းကောင်း၊ အမြော်အမြင်ရှိသူများဖြစ်သကဲ့သို့လည်းကောင်း၊ လျှို့ဝှက်ချက်အားလုံးကို သိသကဲ့သို့လည်းကောင်း၊ အလွန်ပင် ပါးနပ်သည်၊ နှံ့စပ်သည်၊ ဖြောင့်မှန်သည်ဟူသကဲသို့လည်းကောင်း ခံစားရသည်။ ဤသို့သောအရာများကို သိခြင်းတွင် မည်သည့်အကျိုးရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေသည်ဟု ပြသသလော။ သင်သည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ပြသလော။ သင့်တွင် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု ပြသလော။ (မပြပေ။) သင်သည် လူ့အဖွဲ့အစည်းတွင် ဤအရာများအကြောင်း ပြောဆိုခြင်းကို မရပ်တန့်နိုင်ပေ။ သို့သော် သင်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင့်မျက်စိရှေ့တည့်တည့်တွင်ရှိသော အရာများနှင့် သင် လုပ်ဆောင်ရမည့် တာဝန်ကို မည်သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို ပြောနိုင်သလော။ မပြောနိုင်ပေ။ သင့်တွင် ပြောစရာမရှိပေ။ လူ့အဖွဲ့အစည်းတွင်ရှိသော ထိုအရာများကို သင် မည်မျှသိပါစေ ယင်းက သင်သည် သမ္မာတရားကို နားလည်သည်၊ သို့မဟုတ် သင့်တွင် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဆိုသည်ကို ထုတ်ဖော်ပြသခြင်းမရှိပေ။ သင်သည် သတင်းအတုအယောင်များနှင့် အတွေးမှားများကို ပိုင်းခြားသိမြင်နိုင်ရုံဖြင့် သင့်တွင် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟုလည်းကောင်း၊ သင်သည် ကမ္ဘာလောကကို စွန့်လွှတ်ခဲ့ပြီး စာတန်ကို ငြင်းပယ်ခဲ့ပြီဟုလည်းကောင်း၊ သင်သည် စာတန်နောက်သို့ မလိုက်တော့ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်အပေါ် ယုံကြည်မှုရှိပြီး သူ့အပေါ် သစ္စာရှိသည်ဟုလည်းကောင်း မထင်မြင်နှင့်။ ဤအရာအားလုံးသည် လွဲမှားသော အမြင်များဖြစ်ပြီး ဤမည်သည့်အရာကမျှ အသက်ကို လုံးဝ ကိုယ်စားမပြုပေ။ သင်က “ငါသည် လက်တွေ့အရှိတရားကို မကျေနပ်လေလေ၊ အဆင်းနီသောနဂါးကြီးကို ဖော်ထုတ်လေလေ၊ အဆင်းနီသောနဂါးကြီးကို ငါမုန်းတီးလေလေ၊ ကမ္ဘာလောကကို ငါ မုန်းတီးလေလေ၊ အဆိုးမြင်လေလေ၊ ဘုရားသခင်က ပျော်ရွှင်လေလေ၊ ငါ့ကို ပို၍ နှစ်သက်လေလေဖြစ်သည်မဟုတ်လော” ဟု တွေးလျှင် သင်သည် မှားယွင်းသည်။ ဤအရာများကို သင်လိုက်စားလေလေ၊ ထိုလမ်းကြောင်းကို သင်လိုက်လျှောက်လေလေ၊ ဘုရားသခင်က သင့်အား နှစ်သက်မှု လျော့နည်းလေလေဖြစ်ပြီး ဘုရားသခင်က သင့်ကို စိတ်ကုန်လေလေဖြစ်သည်။ ဤလောကီဆန်သောအရာများကို သင်လိုက်စားလေလေ၊ ဘုရားသခင်က သင့်အား နှစ်သက်မှုလျော့နည်းလေလေဖြစ်သည်မှာ အဘယ်ကြောင့်နည်း။ သင်က လမ်းမှန်နောက်ကို မလိုက်ခြင်း၊ သင့်လျော်သောအလုပ်ကို မလုပ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်တွင် အချိန်အနည်းငယ်ရှိသောအခါ ဘုရားနှုတ်ကပတ်တော်ကို ပို၍ ဖတ်နိုင်သည်။ ဓမ္မသီချင်းများကို နားထောင်နိုင်သည်။ သင်၏ ညီအစ်ကိုမောင်နှမများ၏ ဘဝအတွေ့အကြုံသက်သေခံချက်များကို နားထောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များကို လူတိုင်း ချင့်ချိန်စဉ်းစားပြီး မိတ်သဟာယဖွဲ့နိုင်သည်။ သင်၏ အသက်ဝင်ရောက်မှု၊ သို့မဟုတ် သင်၏ ကယ်တင်ခြင်းလိုက်စားမှုနှင့် လုံးဝ မသက်ဆိုင်သော အတင်းအဖျင်းများအကြောင်း မမေးနှင့်။ ယင်းကို အလုပ်လုပ်စရာမရှိသောသူများက လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်သည့်ပုံစံ၊ ကမ္ဘာကြီးက မည်သည့်လမ်းကြောင်းကို သွားမည်၊ လူသားမျိုးနွယ်က မည်မျှ ညစ်ပေပြီးဆိုးယုတ်သည်၊ နိုင်ငံရေးက မည်မျှမှောင်မိုက်သည်ဆိုသော ဤအရာများသည် သင်နှင့် သက်ဆိုင်မှုရှိသလော။ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကသည် မှောင်မိုက်ခြင်း၊ ဆိုးယုတ်ခြင်း၊ ညစ်ပေခြင်းမရှိလျှင် ကယ်တင်ခြင်းကို သင်ရရှိမည်လော။ (မရရှိပါ။) ထိုအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ခြင်းရှိမရှိသည် သမ္မာတရားမည်မျှကို သင်လက်ခံပြီး နားလည်သည်၊ သမ္မာတရားစစ်မှန်မှု မည်မျှသို့ သင်ဝင်ရောက်သည်တို့နှင့်သာ သက်ဆိုင်ပြီး သင့်တာဝန်ကို မည်မျှကောင်းစွာ ထမ်းဆောင်သည်နှင့် သက်ဆိုင်သည်။ ဤအနည်းငယ်သောအရာများနှင့်သာ သက်ဆိုင်သည်။ အချိန်ကုန်ဖို့အတွက် လူသိများသူများ၏ ကျက်သရေမဲ့ပြီး ညစ်ညူးသော အပြုအမူများကို ဖော်ထုတ်ကာ သင်မည်မျှ ထက်မြက်ပြီး သူတစ်ပါးတို့ထက်သာကြောင်း ကြွားလုံးထုတ်ရင်း နာမည်ကြီးသူများနှင့် လူသိများသူများအပေါ် မကြာခဏ မှတ်ချက်များမပေးနှင့်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် မိုက်မဲသည်။ ထိုသို့သောသူမဖြစ်နှင့်။ ယင်းသည် မည်သည့် သင့်လျော်သောအလုပ်ကိုမျှ မလုပ်သော၊ လမ်းမှန်ကို မလျှောက်သောသူဖြစ်သည်။

ယခုအခါတွင် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားပါ” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကား၏ အနှစ်သာရနှင့်ပတ်သက်ပြီး ငါတို့ အတော်များများ မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဤဆိုရိုးစကားကို အမှန်အဖြစ်ယူပြီး ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်သည့် သဘောထားနှင့် အမြင်များ၊ ထို့အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သဘောထားက မည်သည့်အရာတို့ ဖြစ်သည်ဆိုသည်ကိုလည်း ငါတို့ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည်လည်း ယခုတွင် လူတို့လိုက်လျှောက်သင့်သည့် လမ်းကြောင်းကို နားလည်သည်မဟုတ်လော။ (နားလည်ပါသည်။) ဤနေရာတွင် ငါတို့ ပြောသော အဆိုးမြင်ဝါဒသည် အပြုသဘောဆောင်သောအရာဖြစ်သလော။ လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိခြင်းသည် အပြုသဘောဆောင်သောအရာ ဖြစ်သလော။ မကောင်းသော လွှမ်းမိုးမှုများမှ မိမိကိုယ်ကို ကာကွယ်ခြင်းသည် အပြုသဘောဆောင်သောအရာဖြစ်သလော။ (မဟုတ်ပါ။) ဤမည်သည့်အရာကမျှ အပြုသဘောဆောင်သောအရာမဟုတ်ပေ။ ဤအရာများသည် သင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်အတွက် အခြေခံအုတ်မြစ်များမဟုတ်ဆိုသည်ကို ငါတို့ အသေအချာ ဆိုနိုင်သည်။ ယင်းတို့သည် သင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်အတွက် အခြေခံအုတ်မြစ်များ ဖြစ်မလာသင့်ပေ။ ယင်းတို့သည် သင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် သင့်အတွက် စည်းမျဉ်းများ ပို၍ပင် မဖြစ်မလာသင့်ပေ။ ထို့ကြောင့် ဤအရာများသည် သင်လက်လွှတ်ပြီး ငြင်းပယ်သင့်သည့်အရာများဖြစ်သည်။ သင်တို့သည် ရိုးရာယဉ်ကျေးမှုမှလာသော ဤဆိုရိုးစကားများ၊ သီအိုရီများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး အလုံးစုံ စွန့်လွှတ်သင့်သည်။ ဤဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသောအရာများကို သမ္မာတရားအဖြစ် မမှတ်ယူသင့်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် မရှုပ်ထွေးသင့်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် လူသားမျိုးနွယ်ကြားတွင် နှစ်မည်မျှကြာရှည်စွာ လည်ပတ်နေသည်ဖြစ်စေ၊ လူသားမျိုးနွယ်ကြားတွင် ယင်းတို့သည် မည်မျှအထိနက်နဲစွာ အမြစ်တွယ်နေသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရားရှေ့တွင် တစ်ခဏကြာပင် မရပ်တည်နိုင်သောကြောင့်ဖြစ်သည်။ ယင်းတို့သည် တကယ်ကို အပြုသဘောဆောင်သောအရာများ မဟုတ်သလို သမ္မာတရားကဲ့သို့ တန်းတူပြောဆိုရန် မထိုက်တန်ပေ။ ဤအရာများသည် လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှု လုံးဝ မရှိပေ။ ယင်းတို့သည် လူတို့ကို ဦးဆောင်ပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပို့ဆောင်မပေးနိုင်ရုံသာမကဘဲ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်ပြီး လူတို့အား လမ်းမှား တစ်ခုပြီး တစ်ခုပေါ်သို့ ပို့ဆောင်ကာ လူတို့အား တစ်သီးတစ်ခြားဖြစ်စေပြီး အရှက်မဲ့စေသည်။ မိမိကိုယ်ကို သိမြင်မှုနှင့် ကျိုးကြောင်းဆီလျော်မှု နည်းပါးစေသည်။ ဘုရားသခင်အား လူတို့ကို ရွံ့မုန်းစေပြီး လူတို့ကြောင့် စက်ဆုပ်ရွံရှာမှုဖြစ်စေသည်။ သင်သည် ဤအရာများကို လက်လွှတ်လျှင်၊ ဤအယူအဆများကို လက်လွှတ်လျှင်၊ ဤအတွေးအမြင်များကို လက်လွှတ်လျှင်၊ လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ဆိုသည့် စာတန်ဆီမှလာသည့် ဤနည်းလမ်းများ၊ အခြေခံအုတ်မြစ်များကို လက်လွှတ်လျှင် ဘုရားသခင်ရှေ့ကိုလာပြီး ဘုရားနှုတ်ကပတ်တော်နှင့် အလုံးစုံကိုက်ညီလျက် လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လျှင် ဤအရာများသည် သင့်အပေါ်၌ သက်ရောက်မှုရှိမည်မဟုတ်ပေ။ လက်တွေ့အရှိတရားကို ကျေနပ်မှုမရှိခြင်းနှင့် အဆိုးမြင်စိတ်ရှိခြင်းပြဿနာနှင့်ပတ်သက်လျှင် ဘုရားသခင်က သင့်အား လူ့အဖွဲ့အစည်း၌ မည်သည့်မှောင်မိုက်ခြင်း ခိုအောင်းနေသည်ကို နားလည်ရန်၊ သို့မဟုတ် သင်ယူရန် အားထုတ်ကြိုးစားဖို့ မလိုအပ်ပေ။ ကမ္ဘာလောကနှင့် လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်၊ ၎င်းတို့သည် ဆိုးယုတ်သူ၏ လက်ထဲတွင်တည်ရှိသည်ဆိုသည့် အနှစ်သာရနှင့် အလုံးစုံကို သင်သိဖို့သာ လိုအပ်သည်။ လူမှုခေတ်ရေစီးကြောင်းများ၊ ထုံးတမ်းဓလေ့များ၊ ရိုးရာယဉ်ကျေးမှု၊ အသိပညာ၊ ပညာရေးဖြစ်စေ၊ မည်သည့်အဆင့်တွင်မဆို၊ မည်သည့်ကဏ္ဍနှင့်မဆို ပတ်သက်ပြီး၊ သို့မဟုတ် မည်သည့်လုပ်ငန်းတွင်မဆို အားလုံးက စာတန်၏ အတွေးအမြင်များ၊ စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများနှင့် ပြည့်နေသည်။ မည်သည့်နိုင်ငံ၊ လူမျိုးစုဖြစ်စေ၊ လူ့အဖွဲ့အစည်းရှိ မည်သည့်လူအုပ်စု၊ အဖွဲ့အစည်းဖြစ်စေ ၎င်းတို့အပေါ်တွင် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်တို့ စိုးမိုးခြင်းမရှိပေ။ မျှတခြင်း၊ သို့မဟုတ် ဖြောင့်မတ်ခြင်းကို ၎င်းတို့အတွင်း၌ မြင်နိုင်ရန်မှာ ပို၍ပင် ဖြစ်နိုင်ခြေနည်းပါးသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ သေချာသည်။ ဤအရာကို သင် သိရုံသက်သက် ရှိသရွေ့ လုံလောက်သည်။ ဤအရာအပြင် အရေးကြီးဆုံးသောအရာမှာ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေသည့်အပြင် သင့်ကိုယ်သင် ဘုရားနှုတ်ကပတ်တော်ဖြင့် ပြင်ဆင်ထားရန်၊ စာတန်ဆီမှလာသော သင့်အတွင်းတွင် ရှိသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအမြင်များကို သိမြင်ရန်ဖြစ်သည်။ ဤအရာများကို အမှန်တကယ် နားလည်ခြင်းအားဖြင့်သာ ယင်းတို့ကို သင် အမှန်တကယ် သိမြင်နိုင်သည်။ ဤအရာများကို သင် အမှန်တကယ် သိမြင်မှသာ ယင်းတို့ကို အမှန်တကယ် ငြင်းပယ်နိုင်ပြီး လက်လွှတ်နိုင်သည်။ ယင်းတို့ကို သင် အမှန်တကယ် လက်လွှတ်နိုင်မှသာ သမ္မာတရားကို လုံးဝဥဿုံလက်ခံခြင်းနှင့် နာခံခြင်း ရှိနိုင်သည်။ ဤသို့အားဖြင့် သင်လိုက်လျှောက်သည့် လမ်းကြောင်းမှာ မှန်ကန်သောလမ်း ဖြစ်လိမ့်မည်။ အလင်းပေးခြင်း ခံရမည်။ သင်၏ပန်းတိုင်သည်လည်း မှန်ကန်သော ပန်းတိုင်ဖြစ်လိမ့်မည်။ အဆုံး၌ ကယ်တင်ခြင်းကို သင်ရယူခြင်းသည် မငြင်းနိုင်သော အချက်တစ်ခု ဖြစ်လိမ့်မည်။ ဤအတွက်ကြောင့် သင်၏ အတွေးများကို ကမောက်ကမဖြစ်စေပြီး သင်၏ အမြင်များကို ဖျက်လိုဖျက်ဆီးလုပ်ရန်အတွက် စာတန်က သင့်အတွင်းသို့ သွတ်သွင်းသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအမြင်များအား လုံးဝ ခွင့်ပြု၍မရခြင်းဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အဆိုးမြင်ပြီး မကျေမနပ်ဖြစ်ကာ ဤသို့ဖြင့် ထုံထိုင်းလာပြီး သင့်ကိုယ်သင်နှင့် သူတစ်ပါးတို့ကိုပါ လှည့်စားခြင်းတို့ မဖြစ်ရပေ။ ထိုအစား သမ္မာတရားကို သင် လိုက်စားရမည်။ သမ္မာတရားကို သင်၏ အသက်အဖြစ် ရရှိရမည်။ စစ်မှန်သော လူသား၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရမည်။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ဤသည်မှာ သင်၏ သင့်လျော်သောအလုပ်ဖြစ်ပြီး သင် ယခုလိုက်လျှောက်သင့်သော လမ်းကြောင်းဖြစ်သည်။ လူ့အဖွဲ့အစည်း အခြေအနေ၊ နိုင်ငံ၊ သို့မဟုတ် လုပ်ငန်းတစ်ခုခုနှင့် ပတ်သက်လျှင် ဤအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဘယ်ကြောင့်နည်း။ ယင်းတို့သည် သမ္မာတရားအား သင်လိုက်စားမှုအပေါ် သက်ရောက်မှုမရှိသောကြောင့်ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားအား သင်လိုက်စားခြင်းနှင့် ဆက်နွှယ်မှုမရှိပေ။ သင်၏ အဆုံးသတ်ဖြင့် ဆက်နွှယ်မရှိပေ။ ပြီးလျှင် ကယ်တင်ခြင်းအား သင်ရယူခြင်းနှင့် ဆက်နွှယ်မှုမရှိပေ။ နားလည်သလော။ (နားလည်ပါသည်။) ဤအရာကို သင်နားလည်သည်နှင့် သမ္မာတရားကို မည်သို့လိုက်စားပြီး အသက်ကိုရရှိရမည်ဆိုသည်ကို သင် ရှင်းလင်းစွာသိသင့်သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅)

နောက်တစ်ခုသို့- လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။