လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း

လတ်တလောတွင် ကိုယ်ကျင့်တရားနှင့်ဆက်နွှယ်သည့် အဆိုအမိန့်အချို့ကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယ ပြုနေခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုတွင် တင်ပြထားသည့် ကိုယ်ကျင့်တရားနှင့်ဆိုင်သော သွင်ပြင်လက္ခဏာတိုင်းနှင့် ပတ်သက်သည့် အဆိုများကို ငါတို့ တစ်ခုချင်း စိစစ်၊ စိတ်ဖြာလေ့လာဆွေးနွေးကာ ဖော်ထုတ်ကြပြီးဖြစ်သည်။ ဤအရာက လူတို့အား ရိုးရာယဉ်ကျေးမှုတွင် အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူထားသည့် ကိုယ်ကျင့်တရားများနှင့်ပတ်သက်သော အဆိုအမိန့်အမျိုးမျိုးအပေါ် ပိုင်ခြားသိမြင်စေပြီး ယင်းတို့၏ အနှစ်သာရကို ရိပ်စားမိစေသည်။ လူတစ်ဦးသည် ဤအဆိုများအပေါ် ရှင်းလင်းသည့် သိနားလည်မှုရှိသည့်အခါ ထိုအရာများကို ၎င်းတို့ စတင်စိတ်ကုန်လိမ့်မည်ဖြစ်ပြီး ငြင်းပယ်နိုင်ကြလိမ့်မည်။ ထို့နောက်တွင် လက်တွေ့ဘဝတွင် ဤအရာများကို ၎င်းတို့ တဖြည်းဖြည်း လက်လွှတ်နိုင်ကြလေသည်။ ရိုးရာယဉ်ကျေးမှုကို ၎င်းတို့၏ ထောက်ခံခြင်း၊ မျက်ကန်းယုံကြည်ခြင်းနှင့် လိုက်နာစောင့်ထိန်းခြင်းအား ဘေးဖယ်ထားခြင်းအားဖြင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်ခံနိုင်ကြလိမ့်မည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုကို အစားထိုးနိုင်ရန်အလို့ငှာ လူတစ်ဦး ပိုင်ဆိုင်သင့်သည့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သမ္မာတရား စည်းမျဉ်းများကို မိမိတို့ စိတ်နှလုံးတွင် ၎င်းတို့ လက်ခံနိုင်ကြလိမ့်မည်။ ဤသို့ဖြင့် ထိုလူသည် လူသားသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်။ အချုပ်အားဖြင့် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုက ထောက်ခံသည့် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော ပြောဆိုချက်အမျိုးမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်မှန်းချက်မှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ဤပြောဆိုချက်များ၏ နောက်ကွယ်တွင် တည်ရှိသော အနှစ်သာရနှင့် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန်၊ လှည့်ဖြားရန်နှင့် ထိန်းချုပ်ရန် ထိုအရာများကို စာတန်အသုံးပြုပုံတို့အပေါ် ရှင်းလင်းသည့် ချင့်ချိန်နိုင်စွမ်းနှင့် အသိပညာတို့ကို လူတို့အား ပေးရန် ဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရားက မည်သည့်အရာဖြစ်ပြီး အပြုသဘောဆောင်သော အရာများက မည်သည့်အရာများဖြစ်သည်ကို လူတို့က အတိအကျ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ တိတိကျကျပြောရလျှင် ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဤအဆိုအမိန့်များကို ယင်းတို့၏ အနှစ်သာရ၊ စစ်မှန်သော သဘာဝနှင့် စာတန်၏ လှည့်ကွက်အထိ ရှင်းလင်းစွာ သိမြင်ပြီးနောက်တွင် လူတို့သည် သမ္မာတရားက မည်သည့်အရာ အတိအကျဖြစ်သည်ကို သိရှိနိုင်စွမ်း ရှိသင့်ကြပေသည်။ လူတို့ထဲတွင် သွတ်သွင်းထားသည့် ရိုးရာယဉ်ကျေးမှုအပြင် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော အဆိုများကို သမ္မာတရားနှင့် မပေါင်းစည်းလိုက်နှင့်။ ဤအရာများသည် သမ္မာတရား မဟုတ်၊ သမ္မာတရားကို အစားမထိုးနိုင်သကဲ့သို့ ဧကန်မုချ သမ္မာတရားနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။ မည်သည့်အရာကို ရည်ညွှန်းသည်ဖြစ်စေ၊ မည်သည့် တိကျသော အဆိုအမိန့်၊ သို့မဟုတ် သတ်မှတ်ချက်များရှိသည်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုသည် လူသားမျိုးနွယ်အပေါ် စာတန်၏ ညွှန်ကြားမှု၊ အယူဝါဒ သွတ်သွင်းမှု၊ လှည့်ဖြားမှုနှင့် ဦးနှောက်ကျင်းခြင်းကိုသာ ကိုယ်စားပြုသည်။ စာတန်၏ လှည့်ကွက်၊ သဘာဝနှင့် အနှစ်သာရတို့ကို ကိုယ်စားပြုသည်။ သမ္မာတရား၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လုံးဝ ဆက်နွှယ်ခြင်းမရှိ။ ထို့ကြောင့် ကိုယ်ကျင့်တရားအရ၊ သို့မဟုတ် ထိုကိုယ်ကျင့်တရားကို သင်၏ အကောင်အထည် ဖော်ခြင်းအရ၊ သို့မဟုတ် ထိုအရာအပေါ် သင်၏ သဘောပေါက်မှုအရ သင်၏ လက်တွေ့လုပ်ဆောင်မှု မည်မျှကောင်းမွန်သည်ဖြစ်စေ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြောင်း၊ သို့မဟုတ် သင်သည် လူ့သဘာဝ၊ အသိစိတ်ရှိသည့် လူတစ်ဦးဖြစ်ကြောင်းကို မဆိုလိုသကဲ့သို့ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းသည်ဟု သေချာပေါက် မဆိုလိုပေ။ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် အဆိုအမိန့်၊ သတ်မှတ်ချက်များသည် မည်သည့်လူစားမျိုး၊ သို့မဟုတ် အပြုအမူကို ရည်ရွယ်သည်ဖြစ်စေ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မည်သို့မျှ မပတ်သက်ချေ။ လက်တွေ့လုပ်ဆောင်ရန် လူကို ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား၊ သို့မဟုတ် လူသား လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းများနှင့် ဘာမျှမပတ်သက်ပေ။ ဤမေးခွန်းကို သင်တို့ ချင့်ချိန်စဉ်းစားပြီးပြီလော။ ထိုအရာကို ယခု ရှင်းလင်းစွာ သင်တို့ မြင်ကြပြီလော။ (မြင်ပါသည်။)

ရိုးရာယဉ်ကျေးမှု၏ ဤအမျိုးမျိုးသော အဆိုအမိန့်များနှင့်ပတ်သက်၍ အသေးစိတ် မိတ်သဟာယပြုခြင်းနှင့် တစ်ခုချင်းဖော်ပြသည့် စိတ်ဖြာလေ့လာ ဆွေးနွေးမှုမရှိဘဲနှင့် လူတို့သည် ထိုအရာ တင်ပြသည့် အဆိုအမိန့်များက မှားယွင်းကာ လှည့်ဖြားတတ်ပြီး မခိုင်လုံကြောင်းကို မမြင်နိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းကျကျ နေရာများတွင် လူတို့က ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များကို မိမိတို့ လုပ်ဆောင်၊ ကျင့်ကြံပြုမူပုံတွင် လိုက်နာစောင့်ထိန်းသင့်သည့် အယူဝါဒ၊ သို့မဟုတ် စည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုတွင် ကောင်းမြတ်သည့်အရာအဖြစ် မှတ်ယူထားသည့် အပြုအမူများနှင့် ကိုယ်ကျင့်တရားကို သမ္မာတရားအဖြစ် သဘောထားကြဆဲဖြစ်ကာ ထိုအရာများကို သမ္မာတရားနှင့်ပင် ပေါင်းစပ်လျက် ထိုသို့ လိုက်နာစောင့်ထိန်းကြသည်။ သာ၍ ဆိုးရွားသေးသည်မှာ လူတို့သည် ထိုအရာများကို မှန်ကန်သည့်အလား၊ အပြုသဘောဆောင်သော အရာများဖြစ်သည့်အလား၊ ပြီးလျှင် သမ္မာတရားပင် ဖြစ်သည့်အလား ဟောပြောကာ အားပေးကြခြင်းဖြစ်သည်။ ထိုအရာများက လူတို့ကို လှည့်စားကြသည်၊ စိတ်အနှောင့်အယှက် ပေးပြီး သမ္မာတရားကို လက်ခံရန် ဘုရားသခင်ရှေ့မှောက်သို့လာခြင်းမှ ၎င်းတို့ကို တားဆီးလေသည်။ ဤသည်မှာ အားလုံးမြင်နိုင်သည့် အစစ်အမှန်ဆုံးသော ပြဿနာတစ်ခု ဖြစ်သည်။ လူတို့က ကောင်းမြတ်ပြီး အပြုသဘောဆောင်သည့်အရာအဖြစ် တွေးဆမိသည့် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော အဆိုအမိန့်များကို လူတို့က သမ္မာတရားအဖြစ် မကြာခဏ သဘောထားကြသည်။ ၎င်းတို့က စုဝေးပွဲများတွင် ရချိန်၌လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များအကြောင်း ပြောဆိုနေချိန်၌လည်းကောင်း မိတ်သဟာယပြုပြီး ဟောပြောရန် ရိုးရာယဉ်ကျေးမှုမှ အဆိုများနှင့် စကားများကို ကိုးကားပင် ကိုးကားကြလိမ့်မည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ဤကိစ္စမျိုး၊ သို့မဟုတ် အဖြစ်အပျက်မျိုးသည် ဘုရားအိမ်တော်တွင် မဖြစ်ပွားသင့်သော်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိ၏။ အလွန် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ခု ဖြစ်သည်။ ဤအရာက နောက်ထပ် ပြဿနာတစ်ခုကို ထင်ရှားစေသည်။ ရိုးရာယဉ်ကျေးမှုအပြင် ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် အဆိုများ၏ စစ်မှန်သည့် အနှစ်သာရကို လူတို့ နားမလည်ကြသည့်အခါ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ အဆိုများကို သမ္မာတရားအား အစားထိုးရန် သို့မဟုတ် ပယ်ဖျက်ရန် အသုံးပြုသည့် အပြုသဘောဆောင်သော အရာများအဖြစ် မကြာခဏ သဘောထားကြလေသည်။ ဤသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်တစ်ခုလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် “အခြားသူများကို ကြင်နာပါ”၊ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ”၊ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ကဲ့သို့သော ရိုးရာယဉ်ကျေးမှုထဲရှိ အဆိုအမိန့်များနှင့် “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့်အရာနှင့် “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ၊ မိန်းမကောင်းတစ်ဦးသည် လင်နှစ်ဦးနှင့် အိမ်ထောင်မပြုပါ” ဆိုသကဲ့သို့သော သာ၍ပင် ရေပန်းစားသည့် အဆိုအမိန့်များသည် လူတို့ ကျင့်ကြံပြုမူသည့် အယူဝါဒများနှင့် လူတစ်ဦး၏ မြင့်မြတ်မှုကို အကဲဖြတ်သည့် စံများနှင့် စံနှုန်းများ ဖြစ်လာနှင့်ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို များစွာ ကြားပြီးနောက်တွင်ပင် လူတို့သည် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များနှင့် သဘောတရားများကို အခြားသူများအား အကဲဖြတ်ကာ အမှုအရာများကို ရှုမြင်ရန် အသုံးပြုသည့် စံနှုန်းများအဖြစ် အသုံးပြုနေကြဆဲ ဖြစ်သည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ဤအရာက အလွန်ဆိုးရွားသော ပြဿနာတစ်ခုကို ထင်ရှားစေသည်၊ ယင်းမှာ ရိုးရာယဉ်ကျေးမှုက လူ၏ စိတ်နှလုံးအတွင်းနက်နက်တွင် အလွန်အရေးကြီးသော နေရာတစ်ခုကို ယူထားခြင်း ဖြစ်သည်။ ထိုအရာက ဤအရာကို ထင်ရှားစေသည် မဟုတ်လော။ (ထင်ရှားစေပါသည်။) လူတို့၌ စာတန် သွတ်သွင်းပြီးဖြစ်သည့် အမျိုးမျိုးသော စိတ်ကူးအားလုံးသည် ၎င်းတို့စိတ်နှလုံးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီးဖြစ်သည်။ ထိုအရာများသည် လူသားမျိုးနွယ်အားလုံး၏ ဘဝများ၊ ပတ်ဝန်းကျင်များနှင့် လူမှုအဖွဲ့အစည်းများတွင် ပျံ့နှံ့ပြီး ခေတ်ရေစီးကြောင်း ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုသည် လူတို့ စိတ်နှလုံးများ၏ အတွင်းကျကျနေရာများတွင် အရေးကြီးသည့် နေရာတစ်ခုကို ယူထားရုံမက လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်သည့်၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် စည်းမျဉ်းများ၊ သဘောထားများ၊ အမြင်များနှင့် နည်းစနစ်များကိုလည်း နက်ရှိုင်းစွာ လွှမ်းမိုးကာ ထိန်းချုပ်လေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ သိမ်းပိုက်မှုအပြင် ယင်းတို့၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လူတို့ လက်ခံပြီးသည့်နောက်တွင်ပင် ရိုးရာယဉ်ကျေးမှု၏ ဤစိတ်ကူးများသည် ၎င်းတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များနှင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းကျကျရှိ အရေးကြီးသော နေရာတစ်ခုကို ယူထားဆဲဖြစ်သည်။ ဤသည်မှာ ထိုအရာများက လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံ၊ ၎င်းတို့ ပြုမူနေထိုင်ကာ ဆောင်ရွက်ပုံကို အခြေခံသည့် ဦးတည်ချက်၊ ရည်မှန်းချက်များ၊ စည်းမျဉ်းများ၊ သဘောထားများနှင့် ရှုထောင့်အမြင်များကို ထိန်းချုပ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ လူတို့သည် စာတန်၏ ဖမ်းဆီးခြင်းကို လုံးဝ ခံရပြီးဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တရားတစ်ခု ဖြစ်၏။ လူတို့ အသက်ရှင်နေထိုင်ပုံနှင့် ဘဝတွင် မိမိတို့ရည်မှန်းချက်များ၊ အရာအားလုံးကို ၎င်းတို့ ချဉ်းကပ်သည့် အမြင်များနှင့် သဘောထားများသည် ၎င်းတို့ထဲတွင် စာတန်က အားပေးတိုက်တွန်းပြီး သွတ်သွင်းထားသည့် ရိုးရာယဉ်ကျေးမှုအပေါ် လုံးဝ အခြေခံထားလေသည်။ ရိုးရာယဉ်ကျေးမှုက လူတို့ဘဝများတွင် အဓိကဖြစ်သော နေရာကို ယူသည်။ ဘုရားရှေ့မှောက်သို့ လာကာ သူ၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင်၊ ပြီးလျှင် ဘုရားသခင်ထံမှ မှန်ကန်သော အဆိုများနှင့် အမြင်များအချို့ကို လက်ခံပြီးနောက်တွင်ပင် ရိုးရာယဉ်ကျေးမှုမှ အမျိုးမျိုးသော အတွေးများသည် ၎င်းတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များနှင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများရှိ အဓိကကျသည့်၊ အရေးကြီးသော နေရာတစ်ခုကို ယူထားဆဲ ဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်ပေသည်။ ဤအတွေးများကြောင့် လူတို့သည် ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ရိုးရာယဉ်ကျေးမှု၏ နည်းစနစ်များ၊ အမြင်များနှင့် သဘောထားများကိုအသုံးပြုလျက် မရှုမြင်ဘဲ မနေနိုင်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမှုတော်၊ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုပင် ထိုအရာများကို အခြေခံ၍ ဝေဖန်၊ စိစစ်ကာ လေ့လာကြလိမ့်မည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ အနှစ်သာရ၊ တန်ခိုးနှင့် ဉာဏ်ပညာတို့၏ သိမ်းပိုက်ခြင်း ခံရသည့်အချိန်တွင်ပင် ရိုးရာယဉ်ကျေးမှုက လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများရှိ အရေးကြီးသည့် နေရာတစ်ခုကို ယူထားဆဲဖြစ်သည်မှာ များပြားလှသဖြင့် ထိုအရာကို မည်သည့်အရာကမျှ အစားထိုး မရသည်အထိ ဖြစ်သည်။ ပင်ကိုအားဖြင့် ယင်းသည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ပတ်သက်လျှင်လည်း မှန်ကန်ပေသည်။ လူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရသည့်အချိန်တွင်ပင် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့ စိတ်နှလုံးများတွင် ရိုးရာယဉ်ကျေးမှုကို အစားမထိုးနိုင်ပေ။ ဤသည်မှာ အလွန် ဝမ်းနည်းစရာဖြစ်ပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်နောက် လိုက်နေစဉ်၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်နေစဉ်၊ သူ့ထံမှ သမ္မာတရားနှင့် အမျိုးမျိုးသော စိတ်ကူးများကို လက်ခံနေစဉ်တွင် ရိုးရာယဉ်ကျေးမှုကို ဖက်တွယ်ထားကြသည်။ အပေါ်ယံအားဖြင့် ဤလူများသည် ဘုရားသခင်နောက်သို့ လိုက်နေပုံရသော်လည်း ရိုးရာယဉ်ကျေးမှုနှင့် စာတန်က ၎င်းတို့ထဲတွင် သွတ်သွင်းပြီးဖြစ်သည့် အမျိုးမျိုးသော စိတ်ကူးများ၊ အမြင်များနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့ စိတ်နှလုံးများတွင် မယိမ်းယိုင်သကဲ့သို့ အစားမထိုးနိုင်သည့် နေရာတစ်ခုကို စွဲကိုင်ထားလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပြီး ထိုနှုတ်ကပတ်တော်များကို မကြာခဏ ဆုတောင်းဖတ်ရှုကာ ချင့်ချိန်စဉ်းစားသော်လည်း လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံအပြင်၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံတို့ကို အခြေခံသည့် အခြေခံကျသော အမြင်များ၊ စည်းမျဉ်းများနှင့် နည်းစနစ်များသည် ရိုးရာယဉ်ကျေးမှုအပေါ် အခြေခံထားဆဲ ဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုက လူတို့အား ၎င်း၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ညွှန်ကြားခြင်းများနှင့် ထိန်းချုပ်မှုတို့ကိုခံရစေခြင်းအားဖြင့် ၎င်းတို့၏နေ့စဉ်ဘဝကို ထိခိုက်လေသည်။ ယင်းမှာ ၎င်းတို့ကိုယ်ပိုင် အရိပ်ကဲ့သို့ မဖယ်ရှားနိုင်၊ မလွတ်ကင်းနိုင်ဖွယ်ရာ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ရိုးရာယဉ်ကျေးမှုနှင့် စာတန်က ၎င်းတို့ထဲတွင် သွတ်သွင်းထားပြီးဖြစ်သည့် အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များကို ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ မဖွင့်ထုတ်၊ မစိတ်ဖြာမလေ့လာနိုင်၊ သို့မဟုတ် မဖော်ထုတ်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သတိပြုမိနိုင်၊ မရိပ်စားမိနိုင်၊ မပုန်ကန်နိုင်၊ သို့မဟုတ် မစွန့်ပစ်နိုင်ပေ။ ၎င်းတို့သည် လူတို့ကို ဘုရားသခင် ပြောသည့် နည်းလမ်းဖြင့်၊ သို့မဟုတ် ဘုရားသခင်က သွန်သင်ပြီး ညွှန်ကြားသည့် နည်းလမ်းဖြင့် လူများနှင့် အမှုအရာများကို မမြင်နိုင်၊ မကျင့်ကြံမပြုမူနိုင် သို့မဟုတ် မလုပ်ဆောင်နိုင်ကြချေ။ ဤအရာကြောင့် လူအများစုသည် မည်သည့် အကျပ်အတည်းမျိုးဖြင့် အသက်ရှင်ကြဆဲ ဖြစ်သနည်း။ ဘုရားသခင်၏ အလိုတော်ကို မချိုးဖောက်၊ သို့မဟုတ် သမ္မာတရားကို မဆန့်ကျင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူနေထိုင်ပြီး လုပ်ဆောင်ရန် မိမိတို့ စိတ်နှလုံးတွင် ဆန္ဒ နက်နက်တစ်ခု ရှိခြင်းဖြင့် ဖြစ်သည်။ သို့သော် အကာအကွယ်မဲ့စွာနှင့် အလိုအလျောက် ၎င်းတို့သည် စာတန် သွန်သင်သည့် နည်းစနစ်များအတိုင်း လူတို့နှင့် ဆက်လက် ဆက်ဆံကြဆဲဖြစ်သည်၊ ပြုမူနေထိုင်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ကြဆဲ ဖြစ်သည်။ စိတ်နှလုံးတွင်၊ လူတို့သည် သမ္မာတရားကို တောင့်တကြပြီး၊ ဘုရားသခင်အတွက် အားကောင်းသော စိတ်ဆန္ဒတစ်ခု ပိုင်ဆိုင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်၊ ကျင့်ကြံပြုမူပြီး၊ လုပ်ဆောင်ရန်နှင့် သမ္မာတရား၏ စည်းမျဉ်းများကို မချိုးဖောက်ရန် ဆန္ဒရှိသည့်တိုင် အမှုအရာများက မိမိတို့ ဆန္ဒများနှင့် ဆန့်ကျင်လျက် အမြဲ အဆုံးသတ်လေသည်။ မိမိတို့၏ အားထုတ်မှုများကို နှစ်ဆဖြစ်စေပြီးသည့်နောက်တွင်ပင် ၎င်းတို့ ရရှိသည့် ရလဒ်သည် မိမိတို့ ဆန္ဒရှိသည့်အရာ မဖြစ်သေးချေ။ လူတို့သည် မည်သို့ ရုန်းကန်သည်ဖြစ်စေ၊ အားထုတ်မှု မည်မျှ ထည့်သည်ဖြစ်စေ၊ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းရရှိဖို့ ၎င်းတို့ မည်မျှ ဆုံးဖြတ်ပြီး ဆန္ဒရှိသည်ဖြစ်စေ အဆုံးတွင် တကယ့်ဘဝတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားနှင့် ၎င်းတို့ စွဲကိုင်နိုင်သည့် သမ္မာတရား၏ စည်းမျဉ်းများမှာ အခါကျဲ၍ အလာနည်းလေသည်။ ဤသည်မှာ လူတို့ စိတ်နှလုံး နက်နက်တွင် ၎င်းတို့ကို စိတ်သောကအရောက်စေဆုံးသော အရာ ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းတစ်ခုမှာ လူတို့ကို ရိုးရာယဉ်ကျေးမှုက သွန်သင်သည့် အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များက ၎င်းတို့၏ စိတ်နှလုံးကို စိုးမိုးပြီး၊ ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များ၊ စိတ်ကူးများအပြင် ၎င်းတို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် နည်းနိဿယများနှင့် နည်းလမ်းတို့အား ထိန်းချုပ်ထားဆဲ ဖြစ်သောကြာင့်သာ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ရိုးရာယဉ်ကျေးမှုကို သတိပြုရန်၊ ထိုရိုးရာယဉ်ကျေးမှုကို စိတ်ဖြာလေ့လာပြီး ဖော်ထုတ်ရန်၊ သိမြင်ကာ ရိပ်စားမိရန်နှင့် နောက်ဆုံးတွင် ထာဝရ စွန့်ပစ်ရန်အလို့ငှာ ဖြစ်စဉ်တစ်ခုကို ကြုံရမည် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရန် အလွန် အရေးကြီး၏။ ရွေးချယ်၍ရသည့်အရာတစ်ခု မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှုနှင့် လူတို့ စိတ်နှလုံး အတွင်းနက်နက်တွင် စိုးမိုးနှင့်ပြီးဖြစ်ကာ ၎င်းတို့ကိုယ်တိုင်၏ ဖြစ်တည်မှုတစ်ခုလုံးကိုပင် စိုးမိုးထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ မိမိတို့ဘဝများတွင်၊ လူတို့သည် ၎င်းတို့၏ ပြုမူပုံတွင်လည်းကောင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံတွင်လည်းကောင်း သမ္မာတရားကို မချိုးဖောက်ဘဲမနေနိုင်သကဲ့သို့၊ ယခင်က ၎င်းတို့ဖြစ်ခဲ့သည့်အတိုင်း ရိုးရာယဉ်ကျေးမှု၏ ထိန်းချုပ်ခြင်းနှင့် လွှမ်းမိုးခြင်းကို ယနေ့ထက်တိုင် မခံရဘဲ မနေနိုင်ကြခြင်းကို ဆိုလိုပေသည်။

အကြင်သူသည် ဘုရားသခင်ကို မိမိတို့ ယုံကြည်မှုတွင် သမ္မာတရားကို လုံးဝ လက်ခံရန်နှင့် ထိုသမ္မာတရားကို လုံးလုံးလျားလျား လက်တွေ့လုပ်ဆောင်ကာ ရရှိရန် ဆန္ဒရှိပါက ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များကို နက်ရှိုင်း၊ တိကျစွာ တူးဖော်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် သိရှိခြင်းအားဖြင့် အစပြုရမည်။ ရိုးရာယဉ်ကျေးမှု၏ ဤစိတ်ကူးများသည် လူတိုင်း၏ စိတ်နှလုံးရှိ အရေးကြီးသော နေရာတစ်ခုကို ယူထားသည့်တိုင် အမျိုးမျိုးသော လူများသည် ထိုအရာ၏ အယူဝါဒ သွတ်သွင်းခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော ရှုထောင့်များကို ဖက်တွယ်ကြသည်မှာ သိသာထင်ရှားလေသည်။ လူအသီးသီးက ထိုအရာ၏ မတူကွဲပြားသော အစိတ်အပိုင်းတစ်ခုကို အာရုံစိုက်သည်။ လူအချို့က၊ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဟူသော အဆိုကို အထူးသဖြင့် ထောက်ခံကြသည်။ ၎င်းတို့သည် မိမိတို့ မိတ်ဆွေများကို အလွန် သစ္စာစောင့်သိကြပြီး သစ္စာစောင့်သိခြင်းသည် အခြားမည်သည့်အရာမဆိုထက် ၎င်းတို့အတွက် သာ၍ အရေးကြီးလေသည်။ သစ္စာစောင့်သိခြင်းသည် ၎င်းတို့၏ အသက်ဖြစ်သည်။ ၎င်းတို့ မွေးသည့်နေ့မှစ၍ သစ္စာစောင့်သိခြင်းအတွက် အသက်ရှင်ကြသည်။ လူအချို့သည် ကျေးဇူးကို တကယ် တန်ဖိုးထားကြ၏။ တစ်စုံတစ်ဦးထံမှ ကျေးဇူးတစ်ခုကို ၎င်းတို့ ရရှိပါက ထိုကျေးဇူး ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ၎င်းတို့က နှလုံးသွင်းပြီး ထိုကျေးဇူးကို ပြန်ဆပ်ခြင်းသည် ၎င်းတို့ဘဝတွင် အရေးအကြီးဆုံးသောအရာ ဖြစ်လာသည်။ ထိုအရာက ၎င်းတို့ဘဝတွင် ၎င်းတို့၏ တာဝန်ဖြစ်လာသည်။ လူအချို့က အခြားသူများ၏ အကောင်းမြင်ခံရအောင် လုပ်ခြင်းကို တန်ဖိုးထားကြသည်။ ဂုဏ်သရေရှိကာ မြင့်မြတ်သည့်၊ ရည်မွန်သည့် လူစားမျိုး ဖြစ်လာခြင်းနှင့် အခြားသူများအား မိမိတို့အပေါ် လေးစားပြီး အထင်ကြီးစေခြင်းကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အခြားသူများအား မိမိတို့အပေါ် အကောင်းပြောစေချင်သည်၊ နာမည်ဂုဏ်သတင်းကောင်းတစ်ခု ရှိချင်ကြသည်၊ အချီးမွမ်းခံချင်ကြသည်၊ လူတိုင်းထံမှ အလွန်ထောက်ခံမှုကို ရရှိလိုကြသည်။ လူအသီးသီးသည် ရိုးရာယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သော အဆိုအမျိုးမျိုးကို မိမိတို့လိုက်စားရာတွင် မတူညီသည့် အာရုံစိုက်မှုတစ်ခု ရှိသည်။ အချို့က ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို တန်ဖိုးထားသည်။ အခြားသူတို့က ဂုဏ်သိက္ခာကို တန်ဖိုးထားသည်။ အချို့က ဖြူစင်မှုကို တန်ဖိုးထားသည်။ အချို့မှာ ကျေးဇူး ပြန်ဆပ်ခြင်းကို တန်ဖိုးထားကြလေသည်။ အချို့က သစ္စာစောင့်သိခြင်းကို တန်ဖိုးထားသည်၊ အခြားသူတို့က စေတနာသဒ္ဓါတရားကို တန်ဖိုးထားပြီး အချို့မှာ ရည်မွန်မှုကို တန်ဖိုးထားကြသည်။ ၎င်းတို့သည် လူတိုင်းအတွက် လေးစားဖွယ်ဖြစ်ပြီး လူတိုင်းအပေါ် ကောင်းသော အမူအကျင့်ရှိကြသည်၊ အခြားသူတို့အား အစဉ်သဖြင့် လမ်းဖယ်ပေးပြီး ဦးစားပေးကြသည် စသည်တို့ ဖြစ်သည်။ လူတိုင်းတွင် မတူကွဲပြားသော အာရုံစိုက်မှုတစ်ခု ရှိ၏။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုက သင့်ကို မည်သို့ ထိခိုက်ပြီး ထိန်းချုပ်သည်ကို နားလည်လိုပါက သင်၏ စိတ်နှလုံးတွင် ထိုအရာက မည်မျှ လေးနက်မှု သယ်ဆောင်သည်ကို သိရှိလိုပါက သင်မည်သည့်လူစားမျိုးဖြစ်သည်၊ မည်သည့်အရာကို သင်တန်ဖိုးထားသည်ဆိုသည်တို့ကို သင် စိစစ်ရမည်။ “ရည်မွန်ခြင်း”နှင့် “စေတနာသဒ္ဓါတရား”ကို သင်အရေးစိုက်သလော။ “ယုံကြည်ထိုက်ခြင်း”၊ သို့မဟုတ် “သည်းခံခြင်း”ကို သင် တန်ဖိုးထားသလော။ ရိုးရာယဉ်ကျေးမှု၏ မည်သည့် သွင်ပြင်လက္ခဏာက သင့်အပေါ် အနက်ရှိုင်းဆုံး လွှမ်းမိုးမှုရှိသည်ဆိုသည်နှင့် ရိုးရာယဉ်ကျေးမူကို သင်အဘယ်ကြောင့် လိုက်စားနေသည်ဆိုသည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးရန်အလို့ငှာ မတူကွဲပြားသော ရှုထောင့်အမြင်များမှ ကြည့်ကာ သင်၏ တကယ့် အပြုအမူကို ကြည့်လော့။ ရိုးရာယဉ်ကျေးမှု၏ မည်သည့် အနှစ်သာရကို သင်လိုက်စားသည်ဖြစ်စေ သင်သည် ထိုသို့သော လူစားမျိုးပင် ဖြစ်သည်။ သင် မည်သည့်လူစားမျိုး ဖြစ်သည်ဖြစ်စေ ယင်းမှာ သင့်ဘဝကို စိုးမိုးခြယ်လှယ်သည့်အရာ ဖြစ်သည်။ ပြီးလျှင် သင့်ဘဝကို မည်သည့်အရာက စိုးမိုးခြယ်လှယ်သည်ဖြစ်စေ ယင်းမှာ သင် သတိပြုရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်၊ ရိပ်စားမိရန်၊ ပုန်ကန်ရန်နှင့် စွန့်ပစ်ရန် လိုအပ်သည့် အရာဖြစ်သည်။ ထိုအရာကို သင် ဖော်ထုတ်ပြီး သိနားလည်မှု ရရှိပြီးသည့်နောက်တွင် သင်သည် ရိုးရာယဉ်ကျေးမှုမှ မိမိကိုယ်ကို တဖြည်းဖြည်း အဆက်အသွယ်ဖြတ်နိုင်သည်။ ထိုအရာကို အမှန်တကယ် စွန့်ပစ်နိုင်ပြီး နောက်ဆုံးတွင် ထိုအရာမှ လုံးဝ ထွက်ပြေးလွတ်မြောက်ကာ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ ထိုအရာကို အမြစ်ဖြတ်နိုင်ပေသည်။ ထို့နောက်တွင် ထိုအရာကို သင် လုံးလုံးလျားလျား စွန့်လွှတ်ကာ အမြစ်ဖြတ်နိုင်လိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် ရိုးရာယဉ်ကျေးမှုသည် သင့်ဘဝတွင် အရေးအကြီးဆုံးသော အခန်းကဏ္ဍကို ဆောင်ရွက်လိမ့်မည် မဟုတ်တော့ပေ။ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက သင့်စိတ်နှလုံး၏ အတွင်းနက်နက်နေရာများတွင် ဦးဆောင်သည့် အခန်းကဏ္ဍကို တဖြည်းဖြည်း ယူလိမ့်မည်ဖြစ်ပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် အရေးကြီးသည့် နေရာတစ်ခုကို တဖြည်းဖြည်း ယူလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်သည် သင့်စိတ်နှလုံး ပလ္လင်ထက်တွင် ထိုင်ကာ သင်၏ ရှင်ဘုရင်အဖြစ် စိုးစံလိမ့်မည်။ သင်၏ အစိတ်အပိုင်းရှိသမျှကို နေရာယူလိမ့်မည်။ ထိုအခါ အသက်ရှင်ခြင်း သောကဖိစီးမှုသည် သာ၍ နည်းပါးသွားလိမ့်မည် မဟုတ်လော။ သင်၏ ဘဝသည် စိတ်သောကဖိစီးမှု လျော့သည်ထက် လျော့နည်းသွားလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်စံအဖြစ် သမ္မာတရားရှိလျက် လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ ရှုမြင်ရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်မှာ သင့်အတွက် သာ၍ လွယ်ကူလိမ့််မည်မဟုတ်လော။ (ဟုတ်ပါသည်။) များစွာ လွယ်ကူလိမ့်မည်။ သင်တို့အားလုံးသည် နေ့စဉ် မိမိတို့၏ တာဝန်များနှင့် အလွန်အလုပ်များသည်ကို ငါမြင်ရသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပြင် သင်တို့သည် နေ့စဉ် သမ္မာတရားကို မိတ်သဟာယပြုရမည်၊ ဖတ်ရှုရမည်၊ နားထောင်ရမည်၊ အာဂုံဆောင်ကာ ရေးသားရမည်။ သင်သည် အချိန်နှင့် အားအင်များစွာ ကုန်ဆုံးသည်၊ ကြီးမားသည့် အဖိုးအခပေးသည်၊ အလွန်ဆင်းရဲဒုက္ခခံပြီး အယူဝါဒ များစွာ နားလည်ကောင်းနားလည်နိုင်သည်။ သို့ရာတွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ စည်းမျဉ်းများကို သဘောမပေါက်နိုင်သည်မှာ အလွန်ဆိုး၏။ သင်သည် ကြိမ်ဖန်များလှစွာ သမ္မာတရား၏ သွင်ပြင်လက္ခဏာ အမျိုးမျိုးကို နားထောင်ကာ မိတ်သဟာယပြုပြီးဖြစ်သော်လည်း သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ ဘုရားနှုတ်ကပတ်တော်များအား မည်သို့ တွေ့ကြုံရမည်၊ လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် အသုံးပြုရမည်ဆိုသည်ကို သင် မသိ။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်မသိချေ။ ထိုသမ္မာတရားကို သင် ရှာဖွေကာ အခြားသူများနှင့် ဆွေးနွေးရဦးမည် ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးတွင် အမြစ်တွယ်ရန် ဘုရားနှုတ်ကပတ်တော်များအတွက် အဘယ်ကြောင့် အချိန်ကြာရသနည်း။ ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများအတိုင်း ပြုမူရန် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း။ အကြင်သူသည် လူတို့အပေါ် ရိုးရာယဉ်ကျေးမှုက အသုံးပြုသည့် ကြီးမားသော လွှမ်းမိုးမှုကို ဤအရာ၏ အဓိက အကြောင်းတရားအဖြစ် ထည့်မတွက်ဘဲထား၍ မရပေ။ ထိုအရာက လူတို့စိတ်နှလုံးများတွင် အရေးကြီးသော နေရာတစ်ခုကို အချိန်အတော်ကြာ ယူထားပြီးဖြစ်ကာ လူတို့၏ အတွေးများနှင့် စိတ်များကို ထိန်းချုပ်လေသည်။ ရိုးရာယဉ်ကျေးမှုက လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဇက်ကုန်ဖွင့်ပေးသည်။ ၎င်းတို့သည် သားသတ်သမားက ဓားကိုင်သကဲ့သို့၊ ငါးက ရေကိုသဘောထားသကဲ့သို့ ထိုအရာများကို စိတ်အေးလက်အေး ထုတ်ဖော်ပြကြသည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ရိုးရာယဉ်ကျေးမှုသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် နီးကပ်စွာ ဆက်နွှယ်သည်။ ထိုအရာများသည် အတူတကွ အလုပ်လုပ်ကာ တစ်ခုနှင့်တစ်ခု အားပေးကြသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရိုးရာယဉ်ကျေးမှုနှင့် ဆုံသောအခါ၊ ငါးနှင့်ရေကဲ့သို့ မိမိတို့၏ အပြည့်အဝ လုပ်နိုင်စွမ်းများကို ပြစားနိုင်ကြသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ရိုးရာယဉ်ကျေးမှုကို နှစ်သက်ပြီး လိုအပ်သည်။ ထို့ကြောင့် နှစ်ထောင်ချီသော ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းမှုအောက်တွင် လူသည် စာတန်အားဖြင့် ယခင်ထက် သာ၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်ကာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သာ၍ သာ၍ ဆိုးရွားပြင်းထန်ကာ ကြီးမားလာပြီးဖြစ်သည်။ ယင်း၏ ဟန်ဆောင်မှုအောက်နှင့် ပြရုပ်တင်ခြင်းအတွင်းတွင် ဤစိတ်သဘောထားများသည် ယခင်ထက် သာ၍ ဆိုးရွားပြင်းထန်လာရုံမက သာ၍ သာ၍လည်း ဖုံးကွယ်ထားလေသည်။ မာနထောင်လွှားမှု၊ လှည့်ဖြားမှု၊ ဆိုးယုတ်မှု၊ ခေါင်းမာခြင်းနှင့် သမ္မာတရားကို ငြီးငွေ့ခြင်းကဲ့သို့သော စိတ်သဘောထားများသည် တိုး၍ နက်ရှိုင်းစွာ ဖုံးကွယ်ပြီး ဟန်ဆောင်ထားလေသည်။ ထိုအရာများသည် သတိပြုမိရန် လူတို့အတွက် ခက်ခဲစေလျက် တိုး၍ တိုး၍ ဉာဏ်များသော နည်းလမ်းများဖြင့် ပေါ်လွင်လေသည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းခြင်း၊ သွန်သင်ခြင်း၊ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုအောက်တွင် လူသားမျိုးနွယ်၏ လောကသည် တဖြည်းဖြည်း မည်သည့်အရာ ဖြစ်လာပြီနည်း။ မကောင်းဆိုးဝါးများ၏ လောကတစ်ခု ဖြစ်လာပြီဖြစ်သည်။ လူတို့သည် လူသားများကဲ့သို့ အသက်မရှင်ကြချေ။ ၎င်းတို့တွင် လူသားပုံသဏ္ဌာန်၊ သို့မဟုတ် လူ့သဘာဝ မရှိကြချေ။ သို့တိုင် ရိုးရာယဉ်ကျေးမှုကို ဖက်တွယ်သောသူများ၊ အချိန်ကြာမြင့်စွာ အယူဝါဒ သွတ်သွင်းခံရပြီးသူများ၊ ထိုအရာ စိမ့်ဝင်ပျံ့နှံ့ပြီး စွဲကပ်ခြင်း ခံရသောသူများသည် မိမိတို့ကိုယ်ပိုင် ကြီးမြတ်မှု၊ မြင့်မြတ်ခြင်း၊ ထူးကဲသာလွန်ခြင်းတို့ကို တိုး၍ တိုး၍ လက်ခံယုံကြည်လာကြပြီးဖြစ်သည်။ ၎င်းတို့သည် အလွန့်အလွန် အတ္တဆန်ကြသည်။ ၎င်းတို့ အရေးမပါကြောင်း၊ တန်ဖိုးမဲ့ကြောင်း၊ သေးနုပ်သည့် အဖန်ဆင်းခံတစ်ဦး ဖြစ်ကြောင်းကို ၎င်းတို့မည်သူမျှ မတွေးကြပေ။ သာမန်လူတစ်ဦးဖြစ်ရန် ၎င်းတို့ မည်သူမျှ မလိုလားကြပေ။ အားလုံးက ကျော်ကြားရန်၊ ကြီးမြတ်ရန်၊ ပညာရှိဂုရုများဖြစ်ရန် ဆန္ဒရှိကြသည်။ ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းမှုအောက်တွင် လူတို့သည် မိမိတို့ကိုယ်ကိုထက် သာလွန်ချင်ရုံမက တစ်လောကလုံးနှင့် လူသားမျိုးနွယ်အားလုံးထက် သာလွန်ချင်ကြလေသည်။ “သာ၍ မြင့်စွာ၊ သာ၍ မြင့်မားစွာ ငါ ပျံသန်းချင်”ဟု ဆိုသည့် မယုံကြည်သူများ သီဆိုသော သီချင်းနှင့် “ငါသည် ငှက်ငယ်လေးတစ်ကောင်သာ၊ ပျံချင်သော်လည်း မြင့်မားစွာ မပျံနိုင်”ဟု ဆိုသည့် သီချင်းတစ်ပုဒ်ကို သင် ကြားပြီးဖြစ်သည်။ ဤစကားလုံးများသည် ဆင်ခြင်တုံတရား မဲ့ပြီး လူ့သဘာဝနှင့် အသိစိတ်အားလုံး ကင်းမဲ့သည် မဟုတ်လော။ စာတန်၏ ရိုင်းစိုင်းသော ဟစ်ကြွေးသံ မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ စိတ်မနှံ့သော ဟစ်ကြွေးသံဖြစ်သည်။ ထို့ကြောင့် အကြင်သူက မည်သို့ကြည့်သည်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၏ အဆိပ်သည် လူ၏ စိတ်နှလုံးထဲသို့ အချိန်ကြာမြင့်စွာက စိမ့်ဝင်ပြီးဖြစ်ကာ ညတွင်းချင်း ဖယ်ရှား၍ရနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကိုယ်ရေးကိုယ်တာ အပြစ်အနာအဆာ၊ သို့မဟုတ် မကောင်းသည့် အကျင့်တစ်ခုကို အောင်နိုင်ခြင်းလောက် မလွယ်ကူပေ။ သင်သည် သင်၏ အတွေးများ၊ အမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ရမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု၏ ခါးသီးသော အမြစ်ကို သမ္မာတရားနှင့်အညီ သင့်ဘဝမှ အမြစ်ဖြတ်ရမည်။ ထို့နောက်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်လိုအပ်ကာ သူ၏ နှုတ်ကပတ်တော် သမ္မာတရားကို သင်၏ အသက်ဖြစ်အောင် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်နောက်လိုက်ခြင်းနှင့် သူ့ကို ယုံကြည်ရာတွင် မှန်ကန်သည့် လမ်းကြောင်းကို သင် အမှန်တကယ် လျှောက်လှမ်းနေလိမ့်မည်။

ငါတို့သည် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာကို များစွာ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်နှင့်ပြီးဖြစ်ကာ ထိုအကြောင်း အသေးစိတ် မိတ်သဟာယပြုကြပြီး ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ငါတို့ မည်မျှ မိတ်သဟာယပြုခဲ့သည်ဖြစ်စေ၊ သို့မဟုတ် အချိန်မည်မျှကြာကြာ မိတ်သဟာယပြုခဲ့သည်ဖြစ်စေ သမ္မာတရားကို လူတို့ လိုက်စားစဉ် ထွက်ပေါ်သည့်၊ သို့မဟုတ် ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် တည်ရှိသည့် အမျိုးမျိုးသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရန် ရည်မှန်းချက်က ရှိနေဆဲဖြစ်သည်။ ရည်မှန်းချက်မှာ အတားအဆီးများ၊ ပိတ်ဆို့မှုများနှင့် အခက်အခဲများအားလုံးကို ဖယ်ရှားရန် ဖြစ်သည်။ ထိုအရာများကြားတွင် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုများ၊ စိတ်ကူးများနှင့် အမြင်များက သမ္မာတရားကို လူတို့ လိုက်စားခြင်းအား တားဆီးသည့် အဓိကကျသော အရာများ ဖြစ်သည်။ ယခုနေ့ရက်အချိန်တွင် ငါတို့သည် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာကို အခြေခံအားဖြင့် ပြီးစီးပြီးဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်သည့် အကြောင်းအရာများအပေါ် ငါတို့ မိတ်သဟာယပြု၍ ပြီးသွားပြီလော။ (မပြီးသေးပါ။) ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးမှုတို့သည် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်ခဲ့ပါသလော။ (ဆက်နွှယ်ခဲ့ပါသည်။) သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်ခဲ့၏။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် လူတို့ ရင်ဆိုင်ရသည့် အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ ယခုတွင် လူ၏ သမ္မာတရား လိုက်စားခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်သည့် ရိုးရာယဉ်ကျေးမှုအကြောင်း မိတ်သဟာယပြုခြင်းကို ငါတို့ လုပ်ဆောင်ပြီးသွားပြီ ဖြစ်သည့်အတွက် ယနေ့တွင် “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြမည်။ လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။ ဤမေးခွန်းနှင့် ပတ်သက်၍ ယခင်က ငါတို့ မိတ်သဟာယပြုပြီးပြီလော။ ထိုအရာနှင့် ပတ်သက်၍ အဘယ်ကြောင့် ငါတို့ မိတ်သဟာယပြုရမည်နည်း။ ယင်းမှာ အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် အရေးကြီးသနည်း။ သင်တို့၏ အတွေးများကို ဝေမျှကြလော့။ (ကျွန်ုပ်၏ သိနားလည်မှုမှာ သမ္မာတရားကို လိုက်စားခြင်းသည် လူ၏ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်ပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိကြပြီး ငယ်ရွယ်စဉ်ကတည်းက အယူဝါဒသွတ်သွင်းခံရကာ ရိုးရာယဉ်ကျေးမှု၏ အလွန်အမင်း အဆိပ်ခတ်ခြင်း ခံရပြီးဖြစ်သောကြောင့် သမ္မာတရားကို ကျွန်ုပ်တို့ လိုက်စားရန် လိုအပ်သည်၊ သို့မဟုတ်ပါက စာတန်ထံမှ လာသည့် ဖောက်ပြန်ပျက်စီးသော အရာများကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ အပြုသဘောဆောင်စွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ ပြုမူရမည်ကို သိနိုင်ကြမည် မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း လုပ်ဆောင်ကာ ကျင့်ကြံပြုမူရန်မှလွဲ၍ ရွေးချယ်စရာ ရှိမည်မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်ပုံဖြစ်ပါက အဆုံးတွင် သူတို့သည် အသက်ရှင်သော စာတန် ဖြစ်နေဦးမည်ဖြစ်သည်။ ဘုရားသခင် ကယ်တင်မည့် တစ်စုံတစ်ဦး ဖြစ်မည် မဟုတ်ပါ။ ထို့ကြောင့် သမ္မာတရား လိုက်စားခြင်းသည် အလွန်အရေးကြီးပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရား လိုက်စားခြင်းမှတစ်ဆင့်သာ သန့်စင်နိုင်ပေသည်။ လူများနှင့် အမှုအရာများကို ကျွန်ုပ်တို့ ရှုမြင်သင့်ပုံနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ မှားယွင်းသည့် အမြင်များကို ပြုပြင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့ ကျင့်ကြံပြုမူပြီး ဆောင်ရွက်ဖို့အတွက်လည်းကောင်း တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်သည့်နောက်တွင်သာ မိမိတို့ တာဝန်ကို အရည်အချင်းရှိစွာ လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ဦး ဖြစ်လာနိုင်ပါသည်။ သို့မဟုတ်ပါက အသင်းတော်အလုပ်ကို နှောင့်ယှက်၊ တားဆီးမည့် အရာများကို မိမိတို့တာဝန်များတွင် လုပ်ဆောင်မိရန် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနောက် အလိုအလျောက် လိုက်မိလိမ့်မည် ဖြစ်ပါသည်။) သင်တို့သည် အချက်နှစ်ချက်ကို ပြောခဲ့၏။ ငါ၏ မေးခွန်းမှာ အဘယ်နည်း။ (လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း ဖြစ်ပါသည်။) ယင်းသည် ရိုးရှင်းသည့် မေးခွန်း ဖြစ်သလော။ ရိုးရှင်းသည့်၊ အကြောင်းနှင့်အကျိုး မေးခွန်းဖြစ်ပုံရသည်။ သမ္မာတရား လိုက်စားခြင်းသည် လူတစ်ဦး၏ ကယ်တင်ခြင်းနှင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်ပြီး နောက်တစ်နည်းအားဖြင့် နှောင့်ယှက်မှု၊ သို့မဟုတ် တားဆီးမှုများ မဖန်တီးခြင်းနှင့် ဆက်နွှယ်သည်ဆိုသည့် အမြင်ကို သင်တို့အားလုံး ရှိကြသလော။ (ရှိပါသည်။) သင်တို့ ထိုသို့ ပြောသည့်အခါ မေးခွန်းသည် အတော် ရိုးရှင်းပုံရ၏။ အမှန်တကယ် ထိုမျှရိုးရှင်းပါသလော။ သင်တို့၏ အတွေးများကို ဝေမျှပြောပြကြလော့။ (“လူသည် အဘယ်ကြောင့် သမ္မာတရား လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းသည် အယူအဆဆိုင်ရာ ရှုထောင့်အမြင်တစ်ခုမှ ဖြေရန် သာ၍ရိုးရှင်းသော်လည်း အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ယင်း၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းတို့ ပါဝင်သည့်အခါ မရိုးရှင်းပါဟု ကျွန်ုပ် ထင်ပါသည်။) “လူသည် အဘယ်ကြောင့် သမ္မာတရား လိုက်စားရမည်နည်း” ဤအရာက မေးခွန်းမည်မျှကို ခြုံငုံမိပါသနည်း။ သမ္မာတရား လိုက်စားခြင်း၏ အရေးပါမှုမှာ အဘယ်အရာဖြစ်သည်၊ ယင်းအတွက် အကြောင်းရင်းများမှာ အဘယ်အရာများ ဖြစ်သည်ဟူသကဲ့သို့သော မေးခွန်းများကို ခြုံငုံမိပါသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရား လိုက်စားခြင်း၏ အရေးကြီးမှုဖြစ်သည်။) မှန်ပေ၏။ သမ္မာတရား လိုက်စားခြင်း၏ အရေးကြီးမှုကိုလည်း ခြုံငုံသည်။ ထိုအရာတွင် ဤမေးခွန်းများ ပါဝင်သည်။ ဤအရာများကို ထည့်သွင်းစဉ်းစားသည့်အခါ “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းသည် ရိုးရှင်းပါသလော။ (မရိုးရှင်းပါ။) ထိုအရာများအရ “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းကို တစ်ဖန် တွေးဆလော့။ ပထမဦးစွာ ပြန်ကြည့်လော့။ သမ္မာတရား လိုက်စားခြင်းသည် မည်သည့်အရာနည်း။ မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုရမည်နည်း။ (သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ဖြစ်ပါသည်။) ယင်းသည် မှန်ကန်ပါသလော။ “အပြည့်အဝ”ဟူသည့် စကားလုံးကို သင်တို့ လွတ်သွားသည်။ တစ်ဖန် ဖတ်ကြလော့။ (သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်ဖြစ်ပါသည်။) “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းသည် လူများနှင့် အမှုအရာများအပေါ် လူတို့၏ အမြင်များနှင့် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်ချက်များနှင့် ဆက်နွှယ်ပေသည်။ ထိုအရာမှာ လူများနှင့် အမှုအရာများကို လူတို့က မည်သို့ ရှုမြင်သင့်သည်၊ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်သည်ဆိုသည်နှင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို မိမိတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများနှင့် အမှုအရာများကို အဘယ်ကြောင့် ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်သည်ဆိုသည့် အကြောင်း ဖြစ်သည်။ ၎င်းတို့သည် ဤသို့ အမှုအရာများကို လိုက်စားရသည့် အကြောင်းအရင်း ဟူသည်မှာ ဤမေးခွန်း၏ ရင်းမြစ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အခြေခံကျသော မေးခွန်း မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သင်တို့သည် မေးခွန်း၏ အခြေခံကျသော ဆိုလိုရင်းကို နားလည်ကြပြီ ဖြစ်သည်။ “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်းအကြောင်း ပြန်ဆွေးနွေးကြစို့။ ဤမေးခွန်းသည် မရိုးရှင်းပေ။ ယင်းက သမ္မာတရား လိုက်စားခြင်း၏ အရေးပါမှုနှင့် တန်ဖိုးကို ခြုံငုံပြီး ယင်းနှင့်ပတ်သက်၍ အရေးအကြီးဆုံးဖြစ်သည့် အခြားအရာတစ်ခု ရှိသည်။ လူ၏ အနှစ်သာရနှင့် ဗီဇများအရ ၎င်းတို့သည် သမ္မာတရားကို မိမိတို့ အသက်အဖြစ် လိုအပ်ကြသောကြောင့် သမ္မာတရားကို လိုက်စားရမည်ဖြစ်သည်။ ပင်ကိုအားဖြင့် ဤအရာသည်လည်း လူသားမျိုးနွယ်၏ အနာဂတ်နှင့် ရှင်သန်ရေးတို့နှင့် ဆက်နွှယ်ပေသည်။ ရိုးရှင်းစွာ ပြောရလျှင် သမ္မာတရားကို လိုက်စားခြင်းသည် လူတို့၏ ကယ်တင်ခြင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲခြင်းတို့နှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့၏ နေ့စဉ် အသက်တာများ၌ လူတို့ အသက်ရှင်နေထိုင်ကြသည့် မတူကွဲပြားသော အရာများ၊ ၎င်းတို၏ ပွင့်အံထွက်မှုများ၊ ၎င်းတို့၏ အပြုအမူများနှင့်လည်း ပင်ကိုအားဖြင့် ဆက်နွှယ်ပေသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားပါက ၎င်းတို့ ကယ်တင်ခံရမည့် အခွင့်အရေးသည် သုညဖြစ်သည်ဟု မှန်ကန်တိကျစွာ ဆိုနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားပါက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အတိုက်အခံ လုပ်နေမည့်၊ သစ္စာဖောက်ပြီး ငြင်းပယ်နေမည့် အခွင့်အရေး တစ်ရာရာခိုင်နှုန်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး အတိုက်အခံ လုပ်ကာ သစ္စာဖောက်နေနိုင်ပြီး အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်ကို နှောင့်ယှက်နေနိုင်သည်မှာ၊ သို့မဟုတ် အချိန်မရွေး နေရာမရွေး ဟန့်တားမှု၊ နှောင့်ယှက်မှုများ ဖြစ်စေသည့် တစ်စုံတစ်ရာကို လုပ်ဆောင်နေနိုင်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်၏။ ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် မြင်တွေ့ကာ နားလည်နိုင်သည့် သမ္မာတရားကို လူတို့ လိုက်စားရမည့် အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံး အကြောင်းရင်းအချို့ ရှိ၏။ သို့ရာတွင် ယနေ့တွင် “လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် မေးခွန်း၏ အရေးပါလှသည့် အပိုင်းအချို့ကိုသာ ငါတို့ မိတ်သဟာယပြုမည်ဖြစ်သည်။ လူတို့က အယူဝါဒနှင့် ပတ်သက်သည့်အရာတစ်ခုအဖြစ် နားလည်ကာ အသိအမှတ်ပြုထားသော ဤမေးခွန်း၏ အခြေခံအကျဆုံး သွင်ပြင်လက္ခဏာများကို ငါတို့ မိတ်သဟာယပြုနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ထိုအခြေခံကျပြီး ရိုးရှင်းသော မေးခွန်းများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုမည်မဟုတ်။ အဓိကကျသည့် အရိပ်လက္ခဏာအချို့ကို မိတ်သဟာယပြုရန်မှာ ကျွန်ုပ်တို့အတွက် လုံလောက်လိမ့်မည်။ သမ္မာတရား လိုက်စားခြင်းဟူသော အကြောင်းအရာကို ငါတို့ အဘယ်ကြောင့် မိတ်သဟာယပြုနေကြပါသနည်း။ ထိုအကြောင်းအရာအတွင်း၌ သာ၍ အရေးကြီးသော မေးခွန်းအချို့၊ လူတို့ မရိပ်စားမိသကဲ့သို့ မသိရှိကြသည့်၊ သဘောမပေါက်ကြသော်လည်း ၎င်းတို့၏ သဘောပေါက်ခြင်းနှင့် သိနားလည်မှုတို့ လိုအပ်သည့် မေးခွန်းများ ရှိသည်မှာ သိသာထင်ရှားပါသည်။

လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။ လူတို့ သဘောပေါက်ကာ သိနားလည်ပြီးသားဖြစ်သည့် ဤအရာ၏ အခြေခံကျသော သွင်ပြင်လက္ခဏာများဖြင့်ဖြစ်စေ၊ လူတို့ သိပြီးသားဖြစ်သည့် အယူဝါဒမှဖြစ်စေ ငါတို့ အစပြုမည် မဟုတ်။ သို့ဆိုလျှင် မည်သည့်နေရာမှ ငါတို့ အစပြုမည်နည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ အလိုတော်တို့နှင့် ပတ်သက်သော ဤမေးခွန်း၏ ရင်းမြစ်တွင် ငါတို့ အစပြုရမည်။ မေးခွန်း၏ ရင်းမြစ်တွင် အစပြုခြင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းတို့နှင့် ငါတို့ အစပြုမည်ဟု ဆိုလိုသည်။ လူတို့ တည်ရှိခဲ့ကြကတည်းက အသက်ရှင်သည့် သတ္တဝါ၊ အဖန်ဆင်းခံ လူသားမျိုးနွယ်က ဘုရားသခင်၏ ထွက်သက်ဝင်သက်ကို ရရှိခဲ့ကတည်းက ၎င်းတို့၏ အတန်းအစားများထဲမှ အုပ်စုတစ်စုကို ရရှိရန် ဘုရားသခင် စီစဉ်ပြီးဖြစ်သည်။ ဤအုပ်စုသည် သူ၏ နှုတ်ကပတ်တော်များကို သဘောပေါက်၊ နားလည်ကာ လိုက်နာစောင့်ထိန်းနိုင်လိမ့်မည်။ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အရာခပ်သိမ်းအတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမြောက်အမြားအတွက်၊ ယင်း၏ အပင်များ၊ တိရစ္ဆာန်များ၊ သစ်တောများ၊ သမုဒ္ဒရာများ၊ မြစ်များ၊ ရေကန်များ၊ တောင်တန်းများ၊ ချောင်းငယ်များ၊ လွင်ပြင်များ အစရှိသည်တို့အတွက် ဘဏ္ဍာစိုးများအဖြစ် ဆောင်ရွက်နိုင်ကြလိမ့်မည်။ ဤအစီအစဉ်ကို ဘုရားသခင် ပြုလုပ်ပြီးနောက်တွင် သူသည် သူ၏ မျှော်လင့်ချက်များကို လူသားမျိုးနွယ်အပေါ် လျော်ညီစွာ စတင်ထားရှိလေသည်။ တစ်နေ့တွင် လူတို့သည် ဤလူသားမျိုးနွယ်အတွက်၊ လောကတွင် တည်ရှိသည့် အရာခပ်သိမ်းတို့နှင့် ထိုအရာများထဲတွင် အသက်ရှင်သည့် မတူကွဲပြားသော သတ္တဝါများအတွက် ဘဏ္ဍာစိုးများအဖြစ် ဆောင်ရွက်နိုင်ကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့အနေဖြင့် သူပြဋ္ဌာန်းထားသည့် နည်းလမ်းများ၊ စည်းမျဉ်းများနှင့် ဥပဒေသများအတိုင်း၊ သေဝပ်သော နည်းလမ်းတစ်ခုဖြင့် ထိုသို့ လုပ်ဆောင်နိုင်ကြမည်ဟု သူ မျှော်လင့်သည်။ ဘုရားသခင်သည် ဤအစီအစဉ်နှင့် ဤမျှော်လင့်ချက်များကို ပုံဖော်နှင့်ပြီး ဖြစ်သော်လည်း သူ၏ နောက်ဆုံး ရည်မှန်းချက်ကို ရရှိရန် အလွန်အချိန်ကြာလိမ့်မည် ဖြစ်သည်။ ထိုအရာသည် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်တစ်ရာ၊ နှစ်ရာအတွင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ အနှစ်တစ်ထောင်၊ နှစ်ထောင်အတွင်း သေချာပေါက် မပြီးမြောက်နိုင်ပေ။ အနှစ်ခြောက်ထောင် ကြာလိမ့်မည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတောအတွင်းတွင် လူသားမျိုးနွယ်သည် အမျိုးမျိုးသော ကာလများ၊ သက်တမ်းများ၊ ခေတ်များနှင့် မတူကွဲပြားသော ဘုရားသခင်၏ အမှုတော်အဆင့်များကို တွေ့ကြုံရန် လိုအပ်သည်။ ကောင်းကင်တွင် ကြယ်များ လှုပ်ရှားခြင်း၊ ပင်လယ်များ ခမ်းခြောက်ခြင်းနှင့် ကျောက်ဆောင်များ တစ်စစီပဲ့ကြွေခြင်းများ တွေ့ကြုံရန် ၎င်းတို့ လိုအပ်သည်။ ရုတ်တရက်ဖြစ်သည့် ကြီးမားနက်ရှိုင်းသော အပြောင်းအလဲကို ၎င်းတို့ တွေ့ကြုံရန် လိုအပ်သည်။ ပထမဆုံးနှင့် အနည်းပါးဆုံးသော လူသားများမှစ၍ လူသားမျိုးနွယ်သည် ကြီးမားသည့် ဘဝအတက်အကျများနှင့် ဤလောက၏ လောကဓံတရားများနှင့် အပြောင်းအလဲများကို တွေ့ကြုံရပြီးဖြစ်သည်။ ထို့နောက်တွင် လူတို့သည် အရေအတွက်အားဖြင့် တဖြည်းဖြည်း တိုးပွားကာ အတွေ့အကြုံ တဖြည်းဖြည်း ရရှိကြပြီး လူသားမျိုးနွယ်၏ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် အသက်ရှင်မှု၊ ရှင်သန်ရေး နည်းလမ်းများသည် တဖြည်းဖြည်း ပြောင်းလဲကာ နည်းလမ်းသစ်များ ဖြစ်ပေါ်စေပြီး ဖြစ်သည်။ ကာလတစ်ခုခု၊ ခေတ်တစ်ခုခုသို့ ရောက်ရှိပြီးသည့်အခါတွင်သာ လူတို့သည် ဘုရားသခင်က ၎င်းတို့အား တရားစီရင်ကာ ပြစ်တင်ဆုံးမပြီး သိမ်းပိုက်မည့် အဆင့်ကို စွမ်းဆောင်ရရှိနိုင်ပြီး ထိုအဆင့်တွင် ဘုရားသခင်သည် ၎င်းတို့ကို သူ၏ သမ္မာတရား၊ နှုတ်ကပတ်တော်နှင့် အလိုတော်တို့ကို ဖော်ပြလိမ့်မည် ဖြစ်သည်။ ဤအဆင့်ကို ရောက်ရှိရန် လူသားမျိုးနွယ်သည် ဤလောကရှိ အရာခပ်သိမ်းတို့ တွေ့ကြုံပြီးဖြစ်သည့်အတိုင်း ကြီးမားသည့် ကသောင်းကနင်းဖြစ်ခြင်းကို တွေ့ကြုံပြီး ဖြစ်သည်။ ရုတ်တရက်ဖြစ်သည့် ကြီးမားနက်ရှိုင်းသော အပြောင်းအလဲက ကောင်းကင်နှင့် စကြဠာတွင် ဖြစ်ပျက်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်လေသည်။ ဤပြောင်းလဲမှု တစ်သီတစ်တန်းများသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်အတူ တဖြည်းဖြည်း ဖြစ်ပွားကာ ပေါ်ထွန်းပြီး ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်ရှေ့မှောက်လာကာ သူ၏ သိမ်းပိုက်မှု၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် သူ့နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို လက်ခံရန် အတော်ကြာမြင့်စွာသော အချိန်ကို ယူခဲ့ရသည်။ သို့ရာတွင် ယင်းမှာ ကိစ္စမရှိပေ။ ယင်းမှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်ပြီး သူ၏ ဆန္ဒဖြစ်သောကြောင့် ဘုရားသခင် စောင့်ဆိုင်းနိုင်၏။ သူ၏ အစီအစဉ်နှင့် ဆန္ဒတို့ကြောင့် ဘုရားသခင်သည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည်ဖြစ်သည်။ လက်ရှိအချိန်အထိ ဘုရားသခင်စောင့်ဆိုင်းနေခဲ့သည်မှာ အမှန်တကယ်ကို အလွန်ပင် အချိန်ကြာမြင့်ခဲ့ပြီဖြစ်၏။

လူသားမျိုးနွယ်သည် မသိနားမလည်မှု၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ကနဦးအဆင့်ကို ဖြတ်သန်းပြီးသည့်နောက်တွင် ဘုရားသခင်သည် ၎င်းတို့ကို ပညတ်တော်ခေတ်ထဲသို့ ဦးဆောင်ခဲ့သည်။ လူသားမျိုးနွယ်သည် ခေတ်သစ်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုထဲရှိ ခေတ်ထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော်လည်း လူတို့သည် သိုးစုများကဲ့သို့ ထိန်းမနိုင်သိမ်းမရသည့်၊ စည်းကမ်းမဲ့သော ဘဝများကို အသက်မရှင်တော့သော်လည်း၊ ၎င်းတို့ ဘဝများအတွက် လမ်းပြမှု၊ ညွှန်ကြားမှု၊ ပညတ်တရား၏ ညွှန်ကြားပေးခြင်း ရှိခဲ့သည့် ပတ်ဝန်းကျင်တစ်ခုထဲသို့ ၎င်းတို့ ဝင်ရောက်ပြီး ဖြစ်သော်လည်း လူတို့သည် ၎င်းတို့ကို သွန်သင်ထားခဲ့သည့်၊ ပြောပြခဲ့သည့်၊ ပညတ်တရားက အသိပေးခဲ့သည့်၊ သို့မဟုတ် လူသား ဘဝ၏ နယ်ပယ်အတွင်း သိထားနှင့်ခဲ့သည့် ရိုးရှင်းသော အရာအနည်းငယ်ကိုသာ သိရှိခဲ့ကြသည်။ ဥပမာအားဖြင့် ခိုးခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် သူ့မယားနှင့်ပြစ်မှားခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ လူသတ်ခြင်းက မည်သည့်အရာဖြစ်သည်၊ လူသတ်မှုအတွက် လူတို့ မည်သို့ တာဝန်ခံရမည်၊ မိမိ၏ အိမ်နီးချင်းများနှင့် မည်သို့ ဆက်ဆံရမည်၊ ဤအရာ၊ သို့မဟုတ် ထိုအရာ လုပ်ဆောင်ခြင်းအတွက် လူတို့ မည်သို့ တာဝန်ခံရမည်ဆိုသည်တို့ ဖြစ်သည်။ လူသားမျိုးနွယ်သည် မည်သည့်အရာမျှ ၎င်းတို့ မသိခဲ့သကဲ့သို့ နားမလည်ခဲ့ကြသည့် ၎င်းတို့၏ ကနဦး အခြေအနေများမှသည် ဘုရားသခင်က ၎င်းတို့ကို အသိပေးခဲ့သည့် လူသား အပြုအမူနှင့်သက်ဆိုင်သော ရိုးရှင်းသည့်၊ ပဓာနကျသော ပညတ်တရားအချို့ကို သင်ယူခြင်းအဖြစ်သို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ဘုရားသခင်က ဤပညတ်တရားများကို ကြေညာခဲ့ပြီးနောက်တွင် ပညတ်တရားအောက်တွင် အသက်ရှင်ကြသည့် လူများသည် စည်းမျဉ်းများကို လိုက်လျှောက်ပြီး ပညတ်တရားကို လိုက်နာစောင့်ထိန်းရမည်ကို သိခဲ့ကြပြီး ၎င်းတို့၏ စိတ်များနှင့် အတွင်း နယ်ပယ်များတွင် ပညတ်တရားသည် ၎င်းတို့၏ အပြုအမူအတွက် အထိန်းနှင့် လမ်းညွှန်ချက်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး လူသားမျိုးနွယ်သည် လူ၏ ကနဦး ပုံသဏ္ဌာန်တစ်ခု ရှိခဲ့ကြသည်။ ဤလူများက ၎င်းတို့အနေဖြင့် စည်းမျဉ်းအချို့ကို လိုက်လျှောက်ပြီး ပညတ်တရားအချို့ကို လိုက်နာစောင့်ထိန်းသင့်ကြောင်း သိခဲ့ကြသည်။ ထိုအရာများကို ၎င်းတို့ မည်မျှကောင်းစွာ လိုက်လျှောက်ပြီး ထိုအရာများကို မည်မျှ တင်းကျပ်စွာ လိုက်နာစောင့်ထိန်းကြသည်ဖြစ်စေ၊ မည်သို့ဆိုစေ ဤလူများသည် ပညတ်တော်ခေတ်မတိုင်မီ ရှိခဲ့သူများထက် လူသားပုံသဏ္ဌာန် သာ၍ ရှိခဲ့ကြသည်။ ၎င်းတို့၏ အပြုအမူနှင့် ဘဝများအရ ၎င်းတို့သည် စံနှုန်းတစ်ခုခုအထိ ကန့်သတ်ချက်အချို့ဖြင့် ပြုမူကာ အသက်ရှင်ခဲ့ကြသည်။ ၎င်းတို့သည် တစ်ချိန်ကကဲ့သို့ ဘာလုပ်ရမှန်းမသိဖြစ်ကာ မသိနားမလည် မဖြစ်ကြတော့သကဲ့သို့ ဘဝ၌ ရည်မှန်းချက်များ အလွန်ကင်းမဲ့ခြင်း မရှိကြတော့ချေ။ ဘုရားသခင်၏ ပညတ်တရားများနှင့် ၎င်းတို့ထံ ဘုရားသခင် ကြေညာခဲ့သည့် အဆိုများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများတွင် အမြစ်တည်ကြပြီး နေရာတစ်ခုခု ယူထားခဲ့ကြသည်။ လူသားမျိုးနွယ်သည် ဘာလုပ်ရမှန်းမသိ မဖြစ်ကြတော့ချေ။ ၎င်းတို့သည် ရည်မှန်းချက်၊ ဦးတည်ချက် သို့မဟုတ် အထိန်း မရှိဘဲ အသက်မရှင်ကြတော့ချေ။ ဤသို့ဖြစ်လင့်ကစား ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များ၊ ဆန္ဒများနှင့် သက်ဆိုင်သည့် လူများဖြစ်ရန် စံမမီဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် အရာခပ်သိမ်း၏ ဆရာသခင်များအဖြစ် ပြုမူဆောင်ရွက်နိုင်စွမ်းရှိခြင်းမှ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းကာ စိတ်ရှည်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ပညတ်တရားအောက်တွင် အသက်ရှင်ကြသည့် လူများသည် ဘုရားသခင်ကို ကိုးကွယ်ရန် သိခဲ့ကြသော်လည်း ဟန်တစ်ခုမျှအဖြစ်သာ ၎င်းတို့ ထိုသို့လုပ်ဆောင်ကြလေသည်။ ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက် နေရာများရှိ ဘုရားသခင်၏ နေရာနှင့် ပုံရိပ်သည် ဘုရားသခင်၏ စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရမှ လုံးဝ ကွဲပြားနေခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် အလိုရှိသည့် အဖန်ဆင်းခံ လူသားများ မဟုတ်သေးသကဲ့သို့ ဘုရားသခင် မျှော်မှန်းသည့် လူများ၊ အရာခပ်သိမ်းအတွက် ဘဏ္ဍာစိုးများအဖြစ် ဆောင်ရွက်နိုင်စွမ်း ရှိသည့်သူများ မဟုတ်သေးချေ။ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် ဘုရားသခင်၏ အနှစ်သာရ၊ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့သည် လူသားမျိုးနွယ် အစိုးရမင်း၏ အနှစ်သာရ၊ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့မျှသာ ဖြစ်ပြီး လူတို့သည် ထိုအစိုးရမင်း၏ နိုင်ငံသားများ၊ သို့မဟုတ် အကျိုးခံစားရသူများဖြစ်ရုံမျှထက် ဘာမျှ မပိုပေ။ ထို့ကြောင့် ဘုရားသခင်သည် ပညတ်တရားအောက်တွင် အသက်ရှင်ပြီး ပညတ်တရားကိုသာ သိရှိကြသည့် ဤလူများကို ရှေ့ဆက်နေဖို့ ဦးဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ဤလူများသည် ပညတ်ရားမှလွဲ၍ မည်သည့်အရာကိုမျှ နားမလည်ခဲ့ကြချေ။ အရာခပ်သိမ်းအတွက် ဘဏ္ဍာစိုးများအဖြစ် မည်သို့ ဆောင်ရွက်ရမည်ကို ၎င်းတို့ မသိခဲ့ကြ။ ဘုရားသခင် မည်သူဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ မှန်ကန်သည့် အသက်ရှင်သန်နည်းကို မသိခဲ့ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မည်သို့ ကျင့်ကြံပြုမူပြီး အသက်ရှင်ရမည်ကို မသိကြသကဲ့သို့ ယခင်ထက် မည်သို့ သာ၍ အဓိပ္ပာယ်ရှိစွာ အသက်ရှင်ရမည်၊ သို့မဟုတ် မိမိတို့ဘဝများတွင် လူတို့က မည်သည့်အရာ လိုက်စားသင့်သည် အစရှိသည်တို့ကို မသိခဲ့ကြချေ။ ပညတ်တရားအောက် အသက်ရှင်ကြသော လူတို့သည် ဤအရာများကို လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ပညတ်တရားမှအပ ဤလူများသည် ဘုရားသခင်၏ သတ်မှတ်ချက်များအကြောင်း၊ သမ္မာတရားအကြောင်း သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များအကြောင်း ဘာမျှ မသိခဲ့ကြချေ။ ဤသို့ ဖြစ်သောကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်က ပညတ်တရားအောက်တွင် တည်ရှိသည်နှင့်အမျှ ၎င်းတို့ကို သည်းခံမြဲသည်းခံနေခဲ့ရသည်။ ဤလူများသည် ၎င်းတို့မတိုင်မီ ရောက်လာခဲ့ကြသူများထက် ကြီးမားသည့် ခြေလှမ်းတစ်ခု သာလွန်ခဲ့ကြသည်။ ၎င်းတို့က အနည်းဆုံးအနေဖြင့် အပြစ်တရား မည်သည့်အရာဖြစ်ပြီး ပညတ်တရားကို ၎င်းတို့ လိုက်နာစောင့်ထိန်းကာ လိုက်လျှောက်၍ ပညတ်တရား၏ ကန့်သတ်ချက်အောက်တွင် အသက်ရှင်သင့်ကြောင်း နားလည်ခဲ့ကြသည်။ သို့ရာတွင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံမမီဖြစ်နေဆဲ ဖြစ်သည်။ သို့ပါလျက် ဘုရားသခင်သည် စိတ်ထက်သန်စွာ မျှော်လင့်ကာ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ခေတ်များ တိုးတက်မှုနှင့်အတူ၊ လူသားမျိုးနွယ် တိုးတက်မှုနှင့်အတူ၊ အရာခပ်သိမ်း လည်ပတ်မှုများနှင့်အတူ၊ ဘုရားလက်တော်၏ အစီအစဉ်များ၊ သူ၏ အချုပ်အခြာအာဏာ၊ လမ်းပြမှုနှင့် ဦးဆောင်မှုတို့နှင့်အတူ၊ လူသားမျိုးနွယ်၊ အရာခပ်သိမ်းနှင့် စကြဝဠာကြီးတစ်ခုလုံးသည် ယခင်ထက် ရှေ့ဆက်နေသည်။ ပညတ်တရားအောက် လူသားမျိုးနွယ်သည် ပညတ်တရားအားဖြင့် နှစ်ထောင်ချီ ဘောင်ခတ်ခြင်း ခံရပြီးနောက်တွင် ပညတ်တရားကို မထိန်းသိမ်းနိုင်တော့သကဲ့သို့ ဘုရားသခင် အစပြုခဲ့သည့် နောက်တစ်ခေတ်ဖြစ်သည့် ကျေးဇူးတော်ခေတ်ထဲသို့ ဘုရားသခင်၏ အမှုတော်နောက် လိုက်ခဲ့ကြသည်။ ကျေးဇူးတော်ခေတ် ရောက်ရှိရာတွင် ဘုရားသခင်သည် ကြိုတင်ဟောကိန်းထုတ်ရန် ပရောဖက်များကို သူစေလွှတ်ခဲ့သည့်အချက်အပေါ် အဆိုပြုထားသည့် သူ၏ အမှုတော်ကို စတင်သည်။ ဤအမှု၏ အဆင့်သည် လူတို့က မိမိတို့ အယူအဆများဖြင့် စိတ်ကူးထားသလောက် ညင်သာခြင်း မရှိ၊ သို့မဟုတ် လိုချင်ဖွယ်မရှိသကဲ့သို့ ၎င်းတို့ တွေးထင်ထားသလောက် စိတ်မချမ်းသာရပေ။ ထိုအစား အပြင်ပန်းမှကြည့်လျှင် အရာရာသည် ပရောဖက်ပြုချက်နှင့် ဆန့်ကျင်နေပုံရသည်။ ဤအခြေအနေများမှ လူက လုံးဝ မှန်းဆခဲ့မည်မဟုတ်သည့် အမှန်တရားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ကားစင်တင်ခံခဲ့ရသည့် သခင်ယေရှုအဖြစ် ဘုရားသခင် လူ့ဇာတိခံခဲ့သည့် ဇာတိခန္ဓာနှင့်ဆိုင်သော အမှန်တရား ဖြစ်သည်။ ဤအရာအားလုံးကို လူက ကြိုမမြင်နိုင်ခဲ့ပေ။ အပြင်ပန်းမှကြည့်လျှင် ဤအရာအားလုံးသည် ရက်စက်၊ သွေးစွန်းသည့် အဖြစ်အပျက်၊ ရှုမြင်ရန် ဆိုးရွားသည့်အရာဖြစ်ပုံရသည့်တိုင် ယင်းသည် ဘုရားသခင်၏ ပညတ်တော်ခေတ်ကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုကို အစပြုခြင်း၏ အစ ဖြစ်ခဲ့သည်။ ဤခေတ်သစ်သည် သင်တို့အားလုံး ယခု သိရှိကြသည့် ကျေးဇူးတော်ခေတ် ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏ ပရောဖက်ပြုချက်များကို အာခံခြင်းဖြင့် ရောက်လာခဲ့သည်ဟု ထင်ရသည်။ ကားတိုင်တွင် သံမှိုရိုက်နှက်ခံရသည့် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာပုံသဏ္ဌာန်ဖြင့်လည်း သေချာပေါက် ရောက်လာပေသည်။ ဤအဖြစ်အပျက်အားလုံးသည် ၎င်းတို့အတွက် အသင့်ဖြစ်သော အခြေအနေများဖြင့် အလွန်ပင် ရုတ်တရုက်ဖြစ်ပြီး သဘာဝကျစွာ ဖြစ်ပျက်ခဲ့သည်။ ယင်းမှာ ဘုရားသခင်က ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းရန် အသုံးပြုခဲ့သည့် နည်းလမ်းဖြစ်သည်။ ဤခေတ်၏ တကယ့်အစတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက အလွန် ရက်စက်ပြီး သွေးစွန်းကာ မတွေးတတ်အောင်ဖြစ်၍ ရုတ်ခြည်းပင် ရောက်ရှိခြင်းဖြစ်ကာ မည်သည့်အရာမျှသည် လူက စိတ်ကူးခဲ့သလောက် အံ့ဖွယ်မဖြစ်၊ ညင်သာခြင်း မရှိခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အဖွင့်ဖြစ်ရပ်သည် ရှုမြင်ရန် ဆိုးရွားပြီး နှလုံးကြေကွဲစရာဖြစ်သော်လည်း ထိုအရာ၌ အောင်ပွဲခံထိုက်သည့်အရာတစ်ခုမှာ အဘယ်နည်း။ ပညတ်တော်ခေတ် အဆုံးသတ်ခြင်းဆိုသည်မှာ ဘုရားသခင်သည် ပညတ်တရားအောက်ရှိ လူသားမျိုးနွယ်၏ အမျိုးမျိုးသော အပြုအမူများကို သည်းခံရန် မလိုအပ်တော့ဟု ဆိုလိုသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်နှင့် သူ၏ အကြံအစည်နှင့်အညီ ခေတ်သစ်ထဲသို့ ကြီးမားသည့် ခြေလှမ်း ရှေ့ဆက်လှမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်၏ စောင့်ဆိုင်းခြင်း နေ့ရက်ကာလများ တိုတောင်းစေခဲ့ပြီဟုလည်း ဆိုလိုသည်မှာ အမှန်ဖြစ်၏။ လူသားမျိုးနွယ်သည် အသစ်သော သက်တမ်း၊ ခေတ်သစ်ထဲသို့ ဝင်ရောက်ခဲ့သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှုတော်သည် ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းလှမ်းခဲ့ပြီးဖြစ်ကာ သူ၏ အမှုတော် ရှေ့ဆက်သည်နှင့်အမျှ သူ၏ ဆန္ဒသည် တဖြည်းဖြည်း အကောင်အထည်ပေါ်လာမည်ဟု ဆိုလိုပေသည်။ ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းသည် အစတွင် သိပ်နှစ်သက်ဖွယ် မရှိခဲ့သော်လည်း ဘုရားသခင် မြင်သည့်အတိုင်းဆိုပါက သူ အလိုရှိသည့် လူသားမျိုးနွယ်ဖြစ်သော မကြာမီ ထွက်ပေါ်မည့် လူသားမျိုးနွယ်သည် သူ၏ သတ်မှတ်ချက်များ၊ ရည်မှန်းချက်များနှင့် သာ၍ ယခင်ထက် နီးကပ်လာနေခဲ့ပေသည်။ ဤသည်မှာ ကြည်နူးဖွယ်ကောင်းပြီး ချီးကျူးထိုက်သည့်အရာ၊ အောင်ပွဲခံထိုက်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကားတိုင်ထက်တွင် သံမှိုရိုက်နှက်ခဲ့ကာ ယင်းသည် လူတို့အတွက် မြင်ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းသော အရာတစ်ခုဖြစ်ခဲ့သော်ငြားလည်း ခရစ်တော် ကားတိုင်ထက်တွင် သံမှိုရိုက်နှက်ခံခဲ့ရသည့် တကယ့် အခိုက်အတန့်သည် ဘုရားသခင်၏ နောက်တစ်ခေတ်ဖြစ်သည့် ကျေးဇူးတော်ခေတ် ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ထိုခေတ်ရှိ ဘုရားသခင်၏ အမှုတော်သည် အစပြုလုနီးနီး ဖြစ်ကြောင်းကို ဆိုလိုပေသည်။ ထို့ထက်ပို၍ ထိုအရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ထိုဖြစ်ရပ်၏ ကြီးမားသော အမှုတော်သည် ပြီးမြောက်ခဲ့ပြီဖြစ်သည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လောကလူများကို အောင်နိုင်သူအဖြစ် အသစ်သော နာမနှင့် ပုံရိပ်ဖြင့် ရင်ဆိုင်မည်ဖြစ်ပြီး သူ၏ အမှုသစ် အကြောင်းအရာများကို လူသားမျိုးနွယ်အား ဖွင့်ပြကာ မြင်စေမည်ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် လူသားမျိုးနွယ်၏ ကဏ္ဍအတွက်မူ ၎င်းတို့သည် ပညတ်တရားအပေါ် မကြာခဏ ချိုးဖောက်ခြင်းများဖြင့် အဆက်မပြတ် စိတ်အနှောင့်အယှက်ဖြစ်ရတော့မည် မဟုတ်သကဲ့သို့ ပညတ်တရားကို ချိုးဖောက်ခြင်းအတွက် ပညတ်တရား၏အပြစ်ပေးခြင်းကို ခံရတော့မည် မဟုတ်ပေ။ ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းက လူသားမျိုးနွယ်ကို ဘုရားသခင်၏ ယခင် အမှုတော်မှ ထွက်လာခွင့်ပေးပြီး အမှုတော်အတွက် အဆင့်သစ်များနှင့် နည်းလမ်းသစ်တစ်ခုနှင့်အတူ သစ်လွင်သော အမှုတော် ပတ်ဝန်းကျင်တစ်ခုထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။ ထိုအရာက လူသားမျိုးနွယ်ကို ဝင်ရောက်မှုအသစ်နှင့် အသက်အသစ်တစ်ခု အခွင့်ပေးခဲ့ပြီး တစ်လှမ်းသာ၍ နီးကပ်သွားသည့် ဘုရားသခင်နှင့် လူကြား ဆက်ဆံရေးတစ်ခုကို ဖြစ်ပေါ်ခွင့်ပေးခဲ့သည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကြောင့် လူသည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်လာနိုင်ခဲ့သည်။ လူသည် ဘုရားသခင်၏ တကယ့် စစ်မှန်သော အသံနှင့် စကားများကို ကြားခဲ့ရသည်။ သူ့အမှုတော်၏ ပုံစံအပြင် သူ၏ စိတ်သဘောထား စသည်တို့ကို လူက မြင်ခဲ့သည်။ လူသည် ကဏ္ဍတိုင်းတွင် ဤအရာကို မိမိတို့ကိုယ်တိုင် နားများဖြင့် ကြားပြီး မိမိတို့ကိုယ်ပိုင် မျက်စိများဖြင့် မြင်ခဲ့ရသည်။ ဘုရားသခင်သည် တကယ်ကို ဧကန်အမှန် လူတို့ကြား ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ဘုရားသခင်သည် တကယ်ကို ဧကန်အမှန် လူကို မျက်နှာချင်းဆိုင်ခဲ့ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကြား အသက်ရှင်ရန် အမှန်တကယ်၊ ဧကန်အမှန် ကြွလာခဲ့ပြီဖြစ်ကြောင်းတို့ကို ၎င်းတို့ ကွက်ကွက်ကွင်းကွင်း တွေ့ကြုံခဲ့ကြသည်။ ထိုလူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်၏ အမှုတော် ကြာမြင့်သည့် ကာလသည် မရှည်ကြာသော်လည်း ထိုအချိန်က ဘုရားသခင်နှင့် အတူတကွ အသက်ရှင်ခြင်းက လူအတွက် မည်သို့ အမှန်တကယ် ခံစားရသည်ဆိုသည့်အရာနှင့်ဆိုင်သည့် ခိုင်မာပြီး စိတ်ချရသော အတွေ့အကြုံတစ်ခု လူသားမျိုးနွယ်ကို ပေးခဲ့သည်။ ထိုသို့သော အရာများကို တွေ့ကြုံခဲ့သည့်သူများသည် ထိုသို့ မလုပ်ဆောင်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ လူ့ဇာတိခံယူခြင်း ဖြစ်ရပ်တွင် နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး ထိုနှုတ်ကပတ်တော်များသည် အတော် တိကျခဲ့၏။ များစွာသော အလုပ်ကိုလည်း သူ လုပ်ဆောင်ခဲ့ပြီး သူ့နောက်သို့လိုက်သည့် လူများစွာလည်း ရှိခဲ့သည်။ လူသားမျိုးနွယ်သည် ခေတ်ဟောင်း၏ ပညတ်တရားအောက်တွင် မိမိတို့ ဘဝကို အပြီးအပြတ် အဆုံးသတ်ပြီး အပြည့်အဝ သစ်လွင်သည့် ခေတ်တစ်ခုဖြစ်သည့် ကျေးဇူးတော်ခေတ်သို့ ရောက်လာခဲ့ကြသည်။

ခေတ်သစ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် လူသားမျိုးနွယ်သည် ပညတ်တရား၏ ကန့်သတ်ချက်များအောက်တွင် အသက်မရှင်တော့ဘဲ ဘုရားသခင်၏ အသစ်သော သတ်မှတ်ချက်များနှင့် အသစ်သော နှုတ်ကပတ်တော်များအောက်တွင် အသက်ရှင်ပေသည်။ ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များနှင့် အသစ်သော သတ်မှတ်ချက်များကြောင့် လူသားမျိုးနွယ်သည် ပုံသဏ္ဌာန်ကွဲပြားခြားနားသည့် အသက်အသစ်တစ်ခု၊ ပုံသဏ္ဌာန်နှင့် ပါဝင်သည့်အရာ ကွဲပြားခြားနားသည့် ဘုရားသခင်၌ ယုံကြည်မှုရှိသည့် အသက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ကြသည်။ ဤအသက်သည် လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ ပြည့်မီရန်အတွက် ပညတ်တရားအောက်တွင် ယခင်အသက်ထက် ခြေတစ်လှမ်း သာ၍ နီးကပ်လာခဲ့သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အသစ်သော ပညတ်ချက်များ ခင်းကျင်းခဲ့ပြီး လူသားမျိုးနွယ်အတွက် ထိုအချိန်ကထက် သာ၍ မှန်ကန်တိကျကာ သာ၍လိုက်ဖက်သည့် အသစ်သော အပြုအမူဆိုင်ရာ စံနှုန်းများအပြင် လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်များအတွက်၊ ပြီးလျှင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံများနှင့် စည်းမျဉ်းများကို ခင်းကျင်းလေသည်။ ထိုအချိန်က သူပြောဆိုခဲ့သည့် စကားများသည် ယခု စကားများလောက် အသေးမစိတ်ခဲ့သကဲ့သို့ ယခုလောက်ss အင်မတန် များပြားသည့် ပမာဏမရှိခဲ့ပေ။ သို့တိုင် ထိုအချိန်က ပညတ်တရားအောက်မှ ထွက်လာရုံရှိသေးသည့် လူအတွက်၊ ထိုစကားများနှင့် သတ်မှတ်ချက်များက လုံလောက်ခဲ့ပေသည်။ ထိုအချိန်က လူတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ၎င်းတို့၌ ရှိသည့်အရာများကို ထောက်သော် ဤသည်တို့မှာ ၎င်းတို့ စွမ်းဆောင်ရရှိပြီး ရယူနိုင်သည့် တစ်ခုတည်းသော အရာများသာ ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်က လူတို့ကို နှိမ့်ချရန်၊ စိတ်ရှည်ရန်၊ သည်းခံရန်၊ ကားတိုင်ကို ထမ်းရန် စသည်တို့ကို ပြောခဲ့သည်။ ဤသည်တို့မှာ ပညတ်တရား၏ အကျိုးဆက်အနေဖြင့် လူအပေါ် ဘုရားသခင် ပြုသည့် သာ၍ပင် တိကျသော သတ်မှတ်ချက်များ၊ လူသားမျိုးနွယ်က မည်သို့ အသက်ရှင်ရမည်ဆိုသည်ကို့် အကျဉ်းချုံးပြောဆိုခဲ့သည့် အရာများ ဖြစ်ခဲ့သည်။ ထို့အပြင် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့သည့် လူသည် ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းကြောင့် ဘုရားသခင်ထံမှ ပေါများပြီး ပုံမှန်စီးဆင်းသည့် ကျေးဇူးတော်၊ ကောင်းချီးများနှင့် အခြား ထိုသို့သောအရာများ မွေ့လျော်ခဲ့လေသည်။ ထိုခေတ်ကာလရှိ လူသားမျိုးနွယ်သည် ပန်းခင်းလမ်းသဖွယ် အသက်ရှင်နေခဲ့ကြသည်။ လူတိုင်းက ပျော်ရွှင်ခဲ့ကြပြီး လူတိုင်းသည် ဘုရားသခင်၏ အချစ်တော်၊ သူ့လက်ဖဝါးထဲက ကလေးသူငယ်တစ်ဦး ဖြစ်ခဲ့သည်။ ၎င်းတို့အနေဖြင့် ပညတ်တော်များကို စောင့်ထိန်းခဲ့ရပြီး ထို့အပြင် လူ၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ကိုက်ညီသည့် အပြုအမူကောင်းအနည်းငယ်လည်း ရှိခဲ့ရသည်။ သို့သော် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ခြင်းသည် သာ၍ အတိုင်းအတာကြီးမားခဲ့သည်။ ဥပမာအားဖြင့် နတ်ဆိုးစွဲခြင်းအားဖြင့် ဖြစ်သည့် ရောဂါများ ပျောက်ကင်းခဲ့ကြပြီး ၎င်းတို့အတွင်းရှိ ဆိုးရွားသော မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများ နှင်ထုတ်ခံခဲ့ကြရသည်။ လူတို့သည် ဒုက္ခရောက်သည့်အခါ၊ သို့မဟုတ် လိုအပ်မှုရှိသည့်အခါ ၎င်းတို့၏ အမျိုးမျိုးသော ရောဂါများမှ ကုသပျောက်ကင်းခြင်းရဖို့၊ ၎င်းတို့၏ ဇာတိခန္ဓာ၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးခြင်းခံရပြီး အစားအသောက် ကျွေးမွေးကာ အဝတ်အစား ဆင်ယင်ခြင်း ခံကြရဖို့အလို့ငှာ ဘုရားသခင်သည် ၎င်းတို့အတွက် ခြွင်းချက်များပြုလုပ်ကာ နိမိလက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြသခဲ့သည်။ ထိုခေတ်တွင် လူအတွက် မွေ့လျော်ခံစားရန် ကျေးဇူးတော် အလွန်များခဲ့ပြီး ကောင်းချီးများ အလွန်များခဲ့သည်။ ပညတ်တော်များကို ရိုးရှင်းစွာ လိုက်နာစောင့်ထိန်းခြင်းအပြင် အများဆုံးသတ်မှတ်ချက်မှာ လူသားမျိုးနွယ်သည် စိတ်ရှည်၊ သည်းခံပြီး ချစ်ခင်ရမည် စသည်တို့ ဖြစ်၏။ လူသည် သမ္မာတရားနှင့်ပတ်သက်၍ဖြစ်စေ၊ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ဖြစ်စေ နောက်ထပ်အရာတစ်ခုမျှကို အရိပ်အမြွက်မျှပင် သိနားလည်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် လူသည် ကျေးဇူးတော်နှင့် ဘုရားသခင်၏ ကောင်းချီးများကို မွေ့လျော်ရန် အပြည့်အဝ ရည်ရွယ်ထားသောကြောင့်ဖြစ်ပြီး လူအား ပေးမည့်အချိန်နှင့်ဆိုင်သော သခင်ယေရှု၏ ကတိတော်ကြောင့် လူသည် ဘုရားသခင်၏ ကျေးဇူးတော်အား မွေ့လျော်ခြင်းကို စတင်ကျင့်သားရကာ အဆုံးသတ်မည့်ပုံစံမရှိပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပါက ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်သင့်ကြောင်း၊ ယင်းမှာ ၎င်းတို့ ရထိုက်သော ဝေစုဖြစ်ကြောင်း တွေးထင်ခဲ့သည်။ သို့ရာတွင် ဖန်ဆင်းခြင်းအရှင်ကို ကိုးကွယ်ရန်၊ သို့မဟုတ် အဖန်ဆင်းခံတစ်ဦး၏ အဆင့်အတန်းကို ယူရန်၊ ပြီးလျှင် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ကောင်းမွန်သည့် အဖန်ဆင်းခံတစ်ဦးဖြစ်ရန် ၎င်းတို့ မသိခဲ့ကြပေ။ ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်၊ သို့မဟုတ် သူ့ကို မည်သို့ သစ္စာစောင့်သိရမည်၊ သူ၏ နှုတ်ကပတ်တော်များကို လက်ခံပြီး လူများနှင့် အမှုအရာများအပေါ် ၎င်းတို့ အမြင်များ၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် အခြေခံအဖြစ် မည်သို့ အသုံးပြုရမည်ကိုလည်း မသိခဲ့ကြချေ။ ထိုသို့သော အရာတိုင်းကို လူသည် အတော်လေး မသိနားမလည်ဖြစ်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို လုပ်ရိုးလုပ်စဉ်အတိုင်း မွေ့လျော်ခြင်းအပြင် လူသည် လုပ်ရိုးလုပ်စဉ်အတိုင်း သေပြီးနောက်တွင် ကောင်းကင်ဘုံထဲသို့ ဝင်ရောက်ပြီး သခင်နှင့်အတူ ကောင်းမြတ်သည့် ကောင်းချီးများကို အတူတကွ မွေ့လျော်ခံစားလိုခဲ့ကြသည်။ ထို့အပြင် ကျေးဇူးတော်ခေတ်တွင် အသက်ရှင်သည့်၊ ကျေးဇူးတော်နှင့် ကောင်းချီးများကြားတွင် အသက်ရှင်ခဲ့ကြသည့် လူသားမျိုးနွယ်က ဘုရားသခင်သည် သနားကရုဏာ ပြည့်ဝသည့်၊ ချစ်ခင်တတ်သည့် ဘုရားသခင်သာ ဖြစ်ကြောင်း၊ သူ၏ အနှစ်သာရသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော် ဖြစ်ကာ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း မှားယွင်းစွာ ယုံကြည်ခဲ့ကြသည်။ ၎င်းတို့အဖို့ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့သည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်သည်။ ၎င်းတို့အဖို့ သမ္မာတရား၊ လမ်းခရီးနှင့် အသက်က ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများ ဖြစ်သည်ဟု ဆိုလိုသည်။ သို့မဟုတ် ကားတိုင်ထမ်းပြီး ကားတိုင်လမ်း လျှောက်ခြင်းသက်သက်သာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဘုရားသခင်အပေါ်လူတို့ သိမြင်မှုနှင့် သူ့အပေါ် အခြေခံကျသော သဘောထားအပြင် လူသားမျိုးနွယ်နှင့် လူတို့ကိုယ်တိုင်အပေါ် ၎င်းတို့၏ အခြေခံသဘောထားနှင့် အသိပညာတို့အတွက် ကျေးဇူးတော်ခေတ်တွင် ရှိခဲ့သည်မှာ ဤမျှသာ ဖြစ်သည်။ ထို့ကြောင့် အကြောင်းတရားများဘက်သို့ လှည့်ကာ အရင်းအမြစ်ကို ရောက်ရန်အတွက် ဤအခြေအနေများသို့ ဆိုက်ရောက်စေသည်မှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။ မည်သူ့ကိုမျှ အပြစ်တင်စရာမရှိပေ။ သာ၍ ခိုင်လုံစွာနှင့် သာ၍ စေ့စေ့စပ်စပ် အမှုမပြုခြင်း၊ သို့မဟုတ် စကားမပြောဆိုခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်၍ မရသကဲ့သို့ လူအပေါ်သို့လည်း တာဝန်လွှဲချ၍ မရပေ။ အဘယ်ကြောင့်နည်း။ လူသည် ဖန်ဆင်းခံ လူသားမျိုးနွယ်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ပညတ်တော်မှ လွတ်လာကာ ကျေးဇူးတော်ခေတ်သို့ ရောက်လာခဲ့ကြသည်။ ဘုရားသခင်၏ အမှုတော် တိုးတက်သည်နှင့်အမျှ ထိုအမှုတော်နှင့်ပတ်သက်၍ လူသည် နှစ်ပေါင်းမည်မျှ တွေ့ကြုံပြီးဖြစ်နိုင်သည်ဖြစ်စေ လူက ရရှိနိုင်ပြီး သိနိုင်သည့်အရာမှာ လူအပေါ် ဘုရားသခင် ပေးသနားခဲ့သည့်အရာ၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာသာ ဖြစ်သည်။ သို့ရာတွင် ထိုအရာမှလွဲ၍ ဘုရားသခင် မလုပ်ဆောင်ခဲ့သည့်အရာ၊ မပြောခဲ့သည့်အရာနှင့် သူ ထုတ်ဖော်မပြခဲ့သည့်အရာတို့ကို လူသားမျိုးနွယ်သည် နားလည်နိုင်စွမ်း၊ သို့မဟုတ် သိရှိနိုင်စွမ်း မရှိချေ။ သို့ရာတွင် ဓမ္မဓိဋ္ဌာန်ကျသည့် အခြေအနေများကိုလည်းကောင်း၊ အခြေအနေတစ်ခုလုံး ခြုံငုံ၍လည်းကောင်း ကြည့်သည့်အခါ နှစ်ထောင်ချီ တိုးတက်ခဲ့ကြသည့် လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ရောက်လာခဲ့ကြချိန်တွင် ၎င်းတို့သည် ထိုမျှသာ သိနားလည်နိုင်ခဲ့ပြီး ဘုရားသခင်သည် သူလုပ်ဆောင်နေခဲ့သည့် ထိုသို့သော အမှုကိုသာ လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ပညတ်တော်ခေတ်မှာ လွတ်လာခဲ့ကြသည့် လူသားမျိုးနွယ် လိုအပ်ခဲ့သည့်အရာမှာ စုံလင်စေခြင်းခံရရန် မဆိုထားနှင့်၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း ခံရရန် မဟုတ်သကဲ့သို့ သိမ်းပိုက်ခြင်းခံရရန်လည်း မဟုတ်သောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် လူသားမျိုးနွယ် လိုအပ်သည့်အရာ တစ်ခုတည်းရှိခဲ့သည်။ ထိုအရာမှာ အဘယ်နည်း။ အပြစ်ဖြေရာယဇ်၊ တန်ဖိုးရှိသော ဘုရားသခင်၏ အသွေးတော် ဖြစ်သည်။ တန်ဖိုးရှိသော ဘုရားသခင်၏ အသွေးတော်၊ ထိုအပြစ်ဖြေရာယဇ်သည် လူသားမျိုးနွယ်က ပညတ်တော်ခေတ်မှ လွတ်လာသည်နှင့်အမျှ လိုအပ်ခဲ့သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ကာလတွင် လူသားမျိုးနွယ်၏ လိုအပ်ချက်များနှင့် တကယ့် အခြေအနေများကြောင့် ထိုအချိန်က လုပ်ဆောင်ရမည့် ဘုရားသခင်၏ အမှုတော်မှာ သူ၏ ကိုယ်ပိုင် လူ့ဇာတိခံယူခြင်း၏ တန်ဖိုးရှိသော အသွေးတော်ကို အပြစ်ဖြေရာယဇ်တစ်ခုအနေဖြင့် ပူဇော်ရန်ဖြစ်ခဲ့သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ခဲ့သည်။ ဘုရားသခင်သည် သူ၏ အဖိုးတန်သော အသွေးတော်ကို အဖိုးအခနှင့် အပြစ်ဖြေရာယဇ်အဖြစ်သုံး၍ လူသားမျိုးနွယ်၏ အပြစ်ကို ဖျက်ပစ်ခဲ့သည်။ ပြီးလျှင် လူသည် ၎င်းတို့၏ အပြစ်များ ဖျက်ပစ်မခံရမချင်း၊ ဘုရားသခင်၏ ရှေ့မှောက်တွင် အပြစ်မဲ့ဖြစ်လာရန်နှင့် သူ၏ ကျေးဇူးတော်နှင့် မပြတ်သော လမ်းပြမှုတို့ကို လက်ခံရန် ရပ်တည်ချက် မရှိခဲ့ပေ။ ဘုရားသခင်၏ အဖိုးတန်သော အသွေးတော်သည် လူသားမျိုးနွယ်အဖို့ ပူဇော်ခြင်းခံခဲ့ရပြီး လူသားမျိုးနွယ်အတွက် ပူဇော်ခံခဲ့ရသည်နှင့်အမျှ လူသားမျိုးနွယ်သည် ရွေးနုတ်ခြင်းခံ၍ ရနိုင်ခဲ့လေသည်။ ယခုတင် ရွေးနုတ်ခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်သည် မည်သည့်အရာကို နားလည်ပြီးဖြစ်နိုင်မည်နည်း။ ယခုတင် ရွေးနုတ်ခြင်းခံခဲ့သည့် လူသားမျိုးနွယ်သည် မည်သည့်အရာကို လိုအပ်ခဲ့မည်နည်း။ လူသားမျိုးနွယ်သည် ချက်ချင်း သိမ်းပိုက်၊ တရားစီရင်ကာ ပြစ်တင်ဆုံးမခြင်းခံခဲ့ရပါက ထိုအရာကို လက်ခံနိုင်စွမ်း ပိုင်ဆိုင်ခဲ့မည် မဟုတ်ပေ။ ၎င်းတို့သည် လက်ခံနိုင်စွမ်း မရှိခဲ့ကြသကဲ့သို့ ၎င်းတို့၏ အခြေအနေများမှာ ဤအရာအားလုံးကို နားမလည်နိုင်သည်အထိ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အပြစ်ဖြေရာယဇ်အပြင် သူ၏ ကျေးဇူးတော်၊ ကောင်းချီးများ၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်အပြင် လူသားမျိုးနွယ်သည် ထိုအချိန်က ဖြစ်ခဲ့ကြသည့်အတိုင်း လူ၏ အပြုအမူအပေါ် ဘုရားသခင် ပြုလုပ်သည့် ရိုးရှင်းသော သတ်မှတ်ချက်အနည်းငယ်ထက်ပို၍ လက်မခံနိုင်ခဲ့ပေ။ ထိုအရာများထက် မပိုပေ။ လူ၏ ကယ်တင်ခြင်းအပေါ် သာ၍ နက်ရှိုင်းစွာ ခြုံငုံမိသည့် သမ္မာတရား အားလုံးအတွက်မှု လူသားမျိုးနွယ်က မည်သည့် မှားယွင်းသော စိတ်ကူးများနှင့် အမြင်များ ရှိကြသည်ကိုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ၎င်းတို့ ရှိကြသည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် မည်သည့် ပုန်ကန်မှု အနှစ်သာရများ ရှိကြသည်ကိုလည်းကောင်း၊ ငါတို့ လတ်တလောတွင် မိတ်သဟာယပြုပြီးသည့်အတိုင်း ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် မည်သည့်အနှစ်သာရကို လူသားမျိုးနွယ် ထိန်းသိမ်းသည်ကိုလည်းကောင်း၊ စာတန်က လူသားမျိုးနွယ်ကို မည်သို့ ဖောက်ပြန်ပျက်စီးစေသည်ကိုလည်းကြောင်း စသည်တို့ကို ထိုအချိန်က လူသားမျိုးနွယ်က မည်သည့်အရာကိုမျှ လုံးဝ နားမလည်နိုင်ခဲ့ပေ။ ထိုကဲ့သို့သော အခြေအနေများတွင် ဘုရားသခင်သည် အရိုးရှင်းဆုံး နည်းလမ်းများဖြင့်၊ အလွယ်ကူအရှင်းလင်းဆုံး နည်းလမ်းများဖြင့် ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအကျဆုံးသော သတ်မှတ်ချက်များနှင့်အတူ လူသားမျိုးနွယ်အပေါ် သတိပေးဆုံးမပြီး သတ်မှတ်ချက်များ ပြုလုပ်ရုံသာ တတ်နိုင်ခဲ့သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်မှ လူသားမျိုးနွယ်သည် ကျေးဇူးတော်ကိုသာ မွေ့လျော်နိုင်ခဲ့ပြီး အပြစ်ဖြေရာယဇ်အဖြစ် ဘုရားသခင်၏ တန်ဖိုးရှိသော အသွေးတော်ကို အကန့်အသတ်မဲ့ မွေ့လျော်နိုင်ခဲ့သည်။ သို့ရာတွင် ကျေးဇူးတော်ခေတ်၌ အကြီးမားဆုံးသော အရာကို ပြီးမြောက်နှင့်ခဲ့ပြီး ဖြစ်သည်။ ယင်းမှာ မည်သည့်အရာနည်း။ ထိုအရာမှာ ဘုရားသခင် ကယ်တင်မည့် လူသားမျိုးနွယ်သည် ဘုရားသခင်၏ တန်ဖိုးရှိသော အသွေးတော်အားဖြင့် မိမိတို့၏ အပြစ် ခွင့်လွှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဤအရာသည် အောင်ပွဲခံထိုက်သည့်အရာတစ်ခု ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံးသော အရာဖြစ်သည်။ လူ၏ အပြစ် ခွင့်လွှတ်ခံခဲ့ရပြီး လူသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အပြစ်နှင့်ပြည့်သည့် ပုံရိပ်တစ်ခုဖြင့်၊ သို့မဟုတ် အပြစ်သားအဖြစ် မလာတော့ဘဲ ထိုအစား အပြစ်ဖြေရာယဇ်အားဖြင့် မိမိတို့၏ အပြစ်များ ခွင့်လွှတ်ခံရကာ ဘုရားသခင်ရှေ့မှောက်သို့လာရန် ယခုတွင် အရည်အချင်း ပြည့်မီသွားပြီးသော်ငြားလည်း ဘုရားသခင်နှင့် လူသား၏ ဆက်နွှယ်မှုသည် အဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်တို့၏ ဆက်နွှယ်မှုအဖြစ်သို့ မရောက်သေးချေ။ ထိုအရာမှာ အဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဖန်ဆင်းရှင်တို့၏ ဆက်နွှယ်မှု မဟုတ်သေးချေ။ ကျေးဇူးတော်အောက်ရှိ လူသားမျိုးနွယ်သည် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် အခန်းကဏ္ဍ၊ အရာခပ်သိမ်း၏ ဆရာသခင်နှင့် ဘဏ္ဍာစိုး၏ အခန်းကဏ္ဍမှ အလွန်ဝေးကွာနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် စောင့်ဆိုင်းခဲ့ရသည်။ စိတ်ရှည်ခဲ့ရသည်။ ဘုရားသခင်က စောင့်ဆိုင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအချိန်က လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်၊ ဘုရားသခင်၏ ကျေးဇူးတော်ခေတ် အမှုတော် နည်းလမ်းအမျိုးမျိုးအလယ်တွင် ဆက်လက် အသက်ရှင်ခဲ့ရသည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ် လက်တစ်ဆုပ်စာ၊ သို့မဟုတ် အမျိုးအနွယ်တစ်ခုထက်ပို၍ များစွာ ကယ်တင်ချင်သည်။ သူ၏ ကယ်တင်ခြင်းသည် လူမျိုးနွယ်တစ်ခု၊ သို့မဟုတ် ဂိုဏ်းဂဏတစ်ခုအတွင်းရှိသူများအပေါ်သာ ကန့်သတ်ထာခြင်းဖြင့် အလွန်ပင် ကွာခြားသည်။ ထို့ကြောင့် ပညတ်တော်ခေတ်ကို ကြုံခဲ့ရသည့်အတိုင်းပင် ကျေးဇူးတော်ခေတ်ကို နှစ်ထောင်ချီကြာ ကြုံရဖို့ ရှိခဲ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင် ဦးဆောင်လမ်းပြသည့် ခေတ်သစ်တွင် တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆက်လက် အသက်ရှင်ရန် လိုအပ်ခဲ့၏။ လူသည် ခေတ်မည်မျှကို ဤသို့ကြုံရမည်၊ ကြယ်များတွင် အပြောင်းအလဲမည်မျှရှိသည်၊ ပင်လယ်မည်မျှက ခမ်းခြောက်ပြီး ကျောက်ဆောင်များ ရေတိုက်စားသွားသည်၊ သမုဒ္ဒရာမည်မျှသည် မြေဇာကောင်းသော မြေသို့ လမ်းကြောင်း ပေးသည်ဖြစ်စေ ၎င်းတို့သည် ကာလအမျိုးမျိုးတွင် လူသားမျိုးနွယ်၏ မတူကွဲပြားသော အပြောင်းလဲများနှင့် ကမ္ဘာမြေ၏ အမှုအရာ အမြောက်အများ၌ ဖြစ်ပျက်နေသည့် မတူကွဲပြားသော အပြောင်းအလဲများကို ကြုံရမည်ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ တွေ့ကြုံရသည်နှင့်အမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်နှင့် ကျေးဇူးတော်ခေတ်တွင် လူသားမျိုးနွယ်အပေါ် သခင်ယေရှု၏ ကယ်တင်ခြင်း အမှန်တရားသည် အိမ်ထောင်စုတိုင်းက သိရှိကြသည်အထိ လမ်းများနှင့် လမ်းကြိုလမ်းကြားများတစ်လျှောက်၊ နေရာအနှံ့၊ ကမ္ဘာမြေ၏ အဝေးလံဆုံးသော နေရာများသို့ ပျံ့နှံ့သွားလေသည်။ ယင်းမှာ ပညတ်တော်ခေတ်နောက်တွင် လာသော ကျေးဇူးတော်ခေတ်ဖြစ်သည့် ထိုခေတ်သည် အဆုံးသတ်သို့ ရောက်လာရန် ရည်ရွယ်သည့်အချိန် ဖြစ်သည်။ ဤကာလတွင် ဘုရားသခင် ပြုခဲ့သည့် အမှုတော်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းရန်မျှသာ မဟုတ်။ သူသည် စောင့်ဆိုင်းလျက်ရှိစဉ်တွင် ကျေးဇူးတော်ခေတ်၏ လူသားမျိုးနွယ်အပေါ် မတူကွဲပြားသော နည်းလမ်းများဖြင့် ဧကန် အမှုပြုလေသည်။ သူ၏ လုပ်ဆောင်ချက်များ၊ အမှုတော်၊ စကားနှင့် သူ အမှုပြုသည့် အမှန်တရားများနှင့် ကျေးဇူးတော်ခေတ်ရှိ သူ၏ အလိုတော်သည် သူ ရွေးချယ်မည့် လူတိုင်း၏ နားသို့ရောက်ရှိရန်အလို့ငှာ ဤခေတ်၏ လူသားမျိုးနွယ်အပေါ် ကျေးဇူးတော်နှင့်ကောင်းချီးများ ပေးသနားလျက် သူ၏ ကျေးဇူးတော် အခြေပြု အမှုတော်ကို သူဆက်လက်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့အနေဖြင့် သူ၏ ရှေ့မှောက်သို့ အပြစ်နှင့်ပြည့်သော ပုံရိပ်ဖြင့်၊ အပြစ်သားအဖြစ် မလာကြတော့ရန်အလို့ငှာ သူသည် သူ ရွေးချယ်မည့် လူတိုင်းအား အပြစ်ဖြေရာယဇ်ကို အသုံးချနိုင်စေခဲ့သည်။ ဘုရားသခင်နှင့် လူ၏ ဆက်ဆံရေးသည် ပညတ်တော်ခေတ်ကကဲ့သို့ သူ့ကို လုံးဝ မမြင်ရသည့် ဆက်ဆံရေးမဟုတ်တော့ဘဲ ထိုထက် တစ်ဆင့်ပို၍ ယုံကြည်သူများနှင့် သခင်ကြား၊ ခရစ်ယာန်များနှင့် ခရစ်တော်ကြား ဆက်ဆံရေးတစ်ခု ဖြစ်သော်လည်း ထိုသို့သော ဆက်ဆံရေးသည် ဘုရားသခင် နောက်ဆုံးလိုချင်သည့် လူသားမျိုးနွယ်နှင့် ဘုရားကြား၊ အဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်ကြား ဆက်ဆံရေး မဟုတ်ပေ။ ထိုအချိန်က ၎င်းတို့၏ ဆက်ဆံရေးသည် အဖန်ဆင်းခံများနှင့် ဖန်ဆင်းခြင်းသခင်တို့ကြား ဆက်ဆံရေးမှ သိသာစွာပင် အတော် အလှမ်းဝေးနေဆဲဖြစ်သော်လည်း ပညတ်တော်ခေတ်က လူသားမျိုးနွယ်နှင့် ဘုရားသခင်ကြား ဆက်ဆံရေးနှင့် ယှဉ်ကြည့်သည့်အခါ ထိုအရာက ကြီးမားသည့် တိုးတက်မှုကို ကိုယ်စားပြုလေသည်။ ထိုအရာသည် ဝမ်းမြောက်ခြင်းနှင့် အောင်ပွဲခံခြင်းအတွက် အကြောင်းရင်းဖြစ်၏။ သို့ရာတွင် ထိုသို့ဖြစ်စေကာမူ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်ရန် လိုအပ်ခဲ့ဆဲဖြစ်၏။ မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသည့် နေရာများက ဘုရားသခင်အကြောင်း အယူအဆများ၊ စိတ်ကူးများ၊ တောင်းလျှောက်မှုများ၊ တောင်းဆိုမှုများ၊ ပုန်ကန်မှုများ၊ အတိုက်အခံလုပ်ခြင်းများနှင့် ပြည့်သည့် လူသားမျိုးနွယ်ကို ဘုရားသခင် ရှေ့ဆက် ဦးဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခြင်းအကြောင်း သိပြီးကောင်းသိနိုင်ပြီး ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်တတ်သည်ဟု သိပြီးကောင်း သိပြီးနိုင်သော်လည်း ယင်းကို ကျော်လွန်၍ ဘုရားသခင်၏ စစ်မှန်သော ကိုယ်ပိုင် လက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရအကြောင်း လုံးဝ မသိနားမလည်ခဲ့ကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ကြုံရပြီးဖြစ်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ၎င်းတို့ မွေ့လျော်ခဲ့သော်လည်း ၎င်းတို့၏ စိတ်နှလုံး အတွင်းထဲရှိ အနှစ်သာရ၊ အမျိုးမျိုးသော အယူအဆများနှင့် အတွေးများသည် ဘုရားသခင်နှင့် ကွဲလွဲနေပြီး သူ့ကို ဆန့်ကျင်မြဲဆန့်ကျင်နေသောကြောင့် ဖြစ်သည်။ လူသည် ကျေနပ်လက်ခံဖွယ် အဖန်ဆင်းခံတစ်ဦး မည်သို့ ဖြစ်ရမည်ကိုမဆိုထားနှင့် ဘုရားသခင်အား မည်သို့ ကျိုးနွံနာခံရမည်၊ သို့မဟုတ် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ဆိုသည်ကိုပင် မသိခဲ့ချေ။ ထို့ထက်သာ၍ ဖန်ဆင်းခြင်း၏ အရှင်အား မည်သို့ ကိုးကွယ်ရမည်ဆိုသည်ကို သိရှိသူ မည်သူမျှ မရှိပေ။ လောက၏ မြောက်မြားသည့် အမှုအရာများကို ထိုမျှ အတိုင်းအတာတစ်ခုထိ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထံ လက်လွှဲခဲ့မည်ဆိုပါက ထိုအရာတို့ကို စာတန်ထံ လက်လွှဲလိုက်ခြင်းနှင့် အတူတူဖြစ်ပေမည်။ အကျိုးဆက်များက ခွဲခြားစရာ တစ်ခုမျှမရှိဘဲ လုံးဝ တစ်ထေရာတည်း ဖြစ်ခဲ့ပေမည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အမှုတော်ကို ဆက်လုပ်ရန်၊ လူသားမျိုးနွယ်အား သူ လုပ်ဆောင်မည့် အမှုတော်၏ နောက်တစ်ဆင့်ထဲသို့ ဆက်လက်ဦးဆောင်ရန် လိုအပ်ခဲ့သည်။ ထိုအဆင့်သည် အချိန်ကြာမြင့်စွာ ဘုရားသခင် စောင့်ဆိုင်းခဲ့သည့် တစ်စုံတစ်ရာ၊ အချိန်ကြာမြင့်စွာ သူမျှော်လင့်စောင့်စားခဲ့သည့် တစ်စုံတစ်ရာနှင့် သူ၏ ယခင်က စိတ်ရှည်ပုံမျိုးဖြင့် အချိန်ကြာမြင့်စွာ ပေးဆပ်ခဲ့သည့် တစ်စုံတစ်ရာ ဖြစ်သည်။

ယခုအခါ နောက်ဆုံးတွင်မူ လူသားမျိုးနွယ်သည် ဘုရားသခင်၏ လုံလောက်ပြီး အလျှံပယ်ဖြစ်သော ကျေးဇူးတော်ကို မွေ့လျော်ပြီးဖြစ်သဖြင့် မည်သည့် ရှုထောင့်မဆိုမှ ရှုမြင်လင့်ကစား ဤလောကနှင့် ဤလူသားမျိုးနွယ်သည် ဘုရားသခင်က လူသားမျိုးနွယ်ကို စစ်မှန်သည့် ကယ်တင်ခြင်း အမှုအား လုပ်ဆောင်မည့်အဆင့်တစ်ခုသို့ ရောက်လာကြပြီဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က သိမ်းပိုက်၊ ပြစ်တင်ဆုံးမကာ တရားစီရင်မည့် အချိန်၊ လူသားမျိုးနွယ်ကို စုံလင်စေရန်နှင့် ထိုအရာများထဲတွင် အရာခပ်သိမ်း၏ ဘဏ္ဍာစိုးဖြစ်နိုင်သည့် အုပ်စုတစ်စုကို လူသားမျိုးနွယ်မှ ရရှိရန် သမ္မာတရားများစွာ သူဖော်ပြမည့်အချိန်ကာလသို့ ၎င်းတို့ ရောက်လာကြပြီးဖြစ်သည်။ ဤအချိန်ကာလ ရောက်လာသည့်အခါ ဘုရားသခင်သည် စိတ်ရှည်ရန် မလိုအပ်တော့သကဲ့သို့ ကျေးဇူးတော်တွင် အသက်ရှင်ရန် ကျေးဇူးတော်ခေတ်၏ လူသားမျိုးနွယ်ကို ဆက်လက်ဦးဆောင်ရန် မလိုတော့ပေ။ ကျေးဇူးတော်ခေတ်၏ လူသားမျိုးနွယ်အတွက် သူ ဆက်လက် ထောက်ပံ့ပေးရန်၊ သို့မဟုတ် ၎င်းတို့ကို ထိန်းကျောင်းရန်၊ သို့မဟုတ် စောင့်ရှောက်ရန်၊ သို့မဟုတ် ထိန်းသိမ်းပေးရန် မလိုအပ်တော့ပေ။ လူသားမျိုးနွယ်ကို ကျေးဇူးတော်၊ ကောင်းချီးများနှင့် မမောနိုင် မပန်းနိုင်၊ အကြွင်းမဲ့ ထောက်ပံ့ပေးရန် မလိုအပ်တော့ပေ။ ၎င်းတို့သည် သူ့ကို လုံးဝ ကိုးကွယ်ခြင်းမရှိဘဲ သူ၏ ကျေးဇူးတော်ကို လောဘတကြီးနှင့် အရှက်မဲ့စွာ တောင်းခံသည်နှင့်အမျှ ကျေးဇူးတော်၌ရှိသည့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ သူသည် အကြွင်းမဲ့ စိတ်ရှည်ရန် မလိုအပ်တော့ပေ။ ဤအရာအစား ဘုရားသခင် လုပ်ဆောင်မည့်အရာမှာ သူ၏ အလိုတော်၊ သူ၏ စိတ်သဘောထား၊ သူ့နှလုံးသား၏ စစ်မှန်သော အသံနှင့် သူ၏ အနှစ်သာရကို ဖော်ပြရန် ဖြစ်သည်။ ဤအချိန်အတောအတွင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ၎င်းတို့ လိုအပ်သည့် အမျိုးစုံသော သမ္မာတရားများ၊ နှုတ်ကပတ်တော်များနှင့် ထောက်ပံ့ပေးနေစဉ်တွင် သူ၏ စစ်မှန်သော စိတ်သဘောထားဖြစ်သည့် ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သွန်းလောင်းကာ ဖော်ပြနေပေသည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖော်ပြရာတွင် သူသည် တရားစီရင်ခြင်းနှင့် ရှုတ်ချခြင်း စကားရပ် အနည်းငယ်ကို အနှစ်မဲ့စွာ ပေးပြီး ထိုအရာနှင့်ပတ်သက်၍ အပြီးသတ်လိုက်သည့်အလား မဟုတ်ပေ။ ထိုအစား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့၏ ဆိုးယုတ်သော အကျည်းတန်မှုကို ဖော်ထုတ်ရန် အချက်အလက်များကို သူ အသုံးပြုသည်။ လူသားမျိုးနွယ်၏ ပုန်ကန်မှု၊ အတိုက်အခံလုပ်ခြင်းနှင့် သူ့အပေါ် ငြင်းပယ်ခြင်းအပြင်၊ သူနှင့် ပတ်သက်သည့် ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများနှင့် သူ့အပေါ် သစ္စာဖောက်ခြင်းတို့ကို သူ ဖော်ထုတ်သည်။ ဤကာလတွင် သူဖော်ပြသည့်အရာအများစုသည် လူသားမျိုးနွယ်ထံ သူ ရရှိစေသည့် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျော်လွန်ပေသည်။ ယင်းမှာ လူသားမျိုးနွယ်အတွက် သူ ရှိသည့် မုန်းတီးမှု၊ ရွံရှာမှု၊ မနှစ်သက်ခြင်းနှင့် ရှုတ်ချခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ရာထူးအဆင့်အတန်းတွင် ဤရုတ်ခြည်းဖြစ်သည့် ပြင်းထန်ကြီးမားသော အလှည့်အပြောင်း၊ သို့မဟုတ် ပြောင်းလဲခြင်းက လူသားမျိုးနွယ်ကို မမျှော်လင့်ဘဲ အငိုက်မိသွားစေပြီး နောင်တရနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် နှုတ်ကပတ်တော်များကို ကြီးမားသော တန်ခိုးအာဏာဖြင့် ရုတ်တရက် ဖော်ပြ၏။ လူသားမျိုးနွယ် လိုအပ်သမျှအားလုံးနှင့်ပတ်သက်၍လည်း အလွန်ကြီးမားသည့် စိတ်ရှည်သည်းခံခြင်းဖြင့် သူ ထောက်ပံ့လေသည်။ မတူကွဲပြားသော နည်းလမ်းများဖြင့်လည်းကောင်း၊ မတူကွဲပြားသော ရှုထောင့်များမှလည်းကောင်း ဘုရားသခင်သည် ဖန်ဆင်းရှင်တစ်ဦးအဖြစ် သူ၏ ရပ်တည်ချက် ရှုထောင့်မှ အဖန်ဆင်းခံများကို ဆက်ဆံရမည့် အသင့်တော်ဆုံး၊ အကိုက်ညီဆုံး၊ အခိုင်လုံဆုံးနှင့် တိုက်ရိုက်အကျဆုံး နည်းလမ်းများဖြင့် လူသားမျိုးနွယ်ကို စကားပြောကာ သူ၏ စိတ်သဘောထားကို ဖော်ပြလေသည်။ ယင်းတို့မှာ နှစ်ပေါင်း ခြောက်ထောင်ကြာ စောင့်ဆိုင်းခြင်းဖြင့် ဘုရားသခင် တောင့်တနေခဲ့သည့် အပြောနှင့် အလုပ်ညီသော နည်းလမ်းများ ဖြစ်သည်။ အနှစ်ခြောက်ထောင်ကြာ တောင့်တခြင်း၊ အနှစ်ခြောက်ထောင်ကြာ စောင့်ဆိုင်းခြင်း၊ ဤသည်တို့က သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားမှု ပါရှိလျက် ဘုရားသခင်၏ အနှစ်ခြောက်ထောင်ကြာ စိတ်ရှည်ခြင်းကို ပြောဆိုပေသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရလင့်ကစား နက်နဲပြီး ကြီးမားကျယ်ပြန်သည့် နှစ်ခြောက်ထောင်ကြာ မရပ်မနား ပြောင်းလဲမှုကို တွေ့ကြုံရပြီးသည့်နောက်တွင် ၎င်းတို့သည် ကနဦးက ဘုရားသခင် ဖန်ဆင်းခဲ့သည့် အနှစ်သာရမျိုးဖြင့် လူသားမျိုးနွယ် မဟုတ်တော့ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤနေ့ရက်တွင် စတင်အမှုပြုသည်နှင့်အမျှ သူမျှော်လင့်ထားသည့်အရာ ဟုတ်သော်လည်း ယခု သူမြင်ရသည့် လူသားမျိုးနွယ်ကို သူ စက်ဆုပ်ကာ သူရှုမြင်ရသည်မှာအလွန် ဝမ်းနည်းစရာလည်း ကောင်းသည်မှာ အမှန်ဖြစ်၏။ ဤနေရာတွင် အချက်သုံးချက်ကို ငါ ပြောခဲ့သည်။ ထိုအရာများကို သင်တို့ သတိရကြသလော။ ဘုရားသခင် မျှော်လင့်ထားသည့်အရာ ဖြစ်သော်လည်း ထိုသို့သော လူသားမျိုးနွယ်သည် သူ၏ စက်ဆုပ်ခြင်းကိုလည်း ခံရသည်။ အခြားတစ်ခုမှာ အဘယ်နည်း။ (ဘုရားသခင်အတွက် ၎င်းတို့ကို ရှုမြင်ရသည်မှာ အလွန် ဝမ်းနည်းစရာ ဖြစ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်အတွက် ရှုမြင်ရန် အလွန်ဝမ်းနည်းစရာလည်း ဖြစ်သည်။ ဤအရာသုံးခုလုံးသည် လူ့အထဲတွင် တစ်ပြိုင်နက်တည်း တည်ရှိနေသည်။ ဘုရားသခင် မျှော်လင့်ထားသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ပညတ်တော်ကို တွေ့ကြုံကာ ထို့နောက် ရွေးနုတ်ခြင်းကို တွေ့ကြုံပြီးသည့်နောက်တွင် ထိုသို့သော လူသားမျိုးနွယ်သည် လူက ထိန်းသိမ်းသင့်သည့်၊ အခြေခံကျသော ပညတ်တရားအချို့နှင့် ပညတ်ချက်အချို့ကို သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ် နောက်ဆုံးတွင် ယနေ့ထိတိုင် လျှောက်လှမ်းကြပြီး အာဒံနှင့် ဧဝဖြစ်ခဲ့သကဲ့သို့ မိမိတို့စိတ်နှလုံး အတွင်း၌ ဗလာနတ္တိဖြစ်သည့် ရိုးရှင်းသော လူသားမျိုးနွယ်တစ်ခု ဖြစ်တော့မည်မဟုတ်။ ထိုအစား ၎င်းတို့၏ စိတ်နှလုံးတွင် အသစ်သောအရာများ အတိုင်းအတာတစ်ခု ရှိမည်ဖြစ်သည်။ ထိုအရာများမှာ လူသားမျိုးနွယ် ပိုင်ဆိုင်မည်ဟု ဘုရားသခင် မျှော်လင့်ထားသည့် အရာများ ဖြစ်သည်။ သို့တိုင် တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်သည် ဘုရားသခင် စက်ဆုပ်သည့် လူသားမျိုးနွယ်လည်း ဖြစ်နေသည်။ ထို့သို့ဖြစ်လျှင် ဘုရားသခင် စက်ဆုပ်သည့်အရာမှာ မည်သည့်အရာနည်း။ သင်တို့အာလုံး မသိကြသလော။ (လူ၏ ပုန်ကန်မှုနှင့် အတိုက်အခံလုပ်ခြင်း ဖြစ်သည်။) လူသားမျိုးနွယ်သည် ဆိုးရွားသော ဘဝတစ်ခုကို ရှင်သန်လျက် လူလည်း သိပ်မဟုတ်၊ မကောင်းဆိုးဝါးလည်းမဟုတ်ဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်နေသည်။ လူသားမျိုးနွယ်သည် မြွေ၏ ဆွဲဆောင်မှုကို မခံရပ်နိုင်အောင် သိပ်မရိုးရှင်းတော့ချေ။ လူသားမျိုးနွယ်သည် အဖြစ်အပျက်များနှင့် အမှုအရာ အမြောက်အမြားတို့နှင့် စပ်လျဉ်း၍ မိမိတို့ကိုယ်ပိုင် အတွေးများနှင့် အမြင်များ၊ မိမိတို့ကိုယ်ပိုင် တိကျသော အယူအဆများနှင့် မိမိတို့ကိုယ်ပိုင် နည်းလမ်းများ ရှိသော်လည်း လူများနှင့် အမှုအရာများအပေါ် လူသားမျိုးနွယ်၏ အမြင်များတွင်၊ သို့မဟုတ် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များတွင် ဘုရားသခင် အလိုရှိသည့်အရာ မည်သည့်အရာမျှ လုံးဝ မရှိချေ။ လူသားမျိုးနွယ်သည် စဉ်းစားပြီး အမြင်များကို စွဲကိုင်နိုင်ကာ မိမိတို့ လုပ်ဆောင်ချက်များအတွက် ကိုယ်ပိုင် အကြောင်းပြချက်များ၊ နည်းလမ်းများနှင့် သဘောထားများ ရှိကြသော်လည်း ၎င်းတို့ ပိုင်ဆိုင်သည့် ဤအရာအားလုံးက စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း၌ ဇာစ်မြစ်ရှိလေသည်။ အားလုံးက စာတန်၏ အမြင်များနှင့် အတွေးအခေါ်များပေါ် အခြေပြုသည်။ လူသည် ဘုရားသခင်ရှေ့သို့ ရောက်လာသည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် ကျိုးနွံနာခံမှု အရိပ်အယောင် မရှိသကဲ့သို့ ရိုးသားစစ်မှန်မှု တစ်ခုတလေလည်း မရှိပေ။ လူသည် စာတန်၏ အဆိပ်အတောက်များဖြင့် ပြည့်ဝပြီး ၎င်း၏ ပညာရေး၊ အတွေးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ဖြင့် ပြည့်နေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၏ တည်ရှိခြင်း နည်းလမ်းနှင့် ဘုရားသခင်အပေါ် သဘောထားကို ပြောင်းလဲရန်အလို့ငှာ သာ၍ တိကျစွာ ဆိုရလျှင် ၎င်းတို့၏ နည်းလမ်းများ၊ ၎င်းတို့၏ လူများနှင့် အမှုအရာများအပေါ် အမြင်များနှင့် ၎င်းတို့၏ ကျင့်ကြံပြုမူ လုပ်ဆောင်ချက်များအတွက် စံများကို ပြောင်းလဲရန်အလို့ငှာ ဘုရားသခင်သည် လူအတွက် များစွာသော နှုတ်ကပတ်တော်များ ပြောဆိုကာ အမှုများစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤအရာအားလုံး သက်ရောက်မှုမရှိမီတွင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမြင်တွင် စက်ဆုပ်ခြင်းခံရသူ ဖြစ်သည်။ သူ၏ စက်ဆုပ်ခြင်းခံရသူတစ်ဦးကို ဘုရားသခင် ကယ်တင်သည့်အခါ မည်သည့်အရာကို ဘုရားသခင် လိုအပ်ပါသနည်း။ သူ၏ စိတ်နှလုံးတွင် ဝမ်းမြောက်မှု ရှိသလော။ ပျော်ရွှင်မှု ရှိသလော။ စိတ်သက်သာမှု ရှိသလော။ (မရှိပါ။) စိတ်သက်သာမှု လုံးဝ မရှိသကဲ့သို့ မည်သည့် ပျော်ရွှင်မှုမျှလည်း မရှိပေ။ သူ၏ စိတ်နှလုံးသည် စက်ဆုပ်ခြင်းဖြင့် ပြည့်နေ၏။ ထိုသို့သော အခြေအနေများတွင် မမောနိုင်မပန်းနိုင် စကားပြောခြင်းမှလွဲ၍ ဘုရားသခင် လုပ်ဆောင်မည့်အရာမှာ စိတ်ရှည်ခြင်းကို ကျင့်သုံးရန် ဖြစ်သည်။ ဤသည်မှာ သူ၏ အမြင်မှတစ်ဆင့် စက်ဆုပ်မှုအဖြစ် မြင်ရသည်နှင့်အမျှ ထိုသို့သော လူသားမျိုးနွယ်အပေါ် ဘုရားသခင် ခံစားသည့်အရာ၏ ဒုတိယ အရိပ်လက္ခဏာ ဖြစ်သည်။ တတိယ အရိပ်လက္ခဏာမှာ ၎င်းတို့ကို ရှုမြင်ရသည်မှာ အလွန်ဝမ်းနည်းဖွယ် ဖြစ်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်ကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ မူလ အကြံအရ၊ လူနှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် မိဘနှင့် ကလေး ဆက်ဆံရေး၊ မိသားစုဆက်ဆံရေး ဖြစ်သည်။ ဤဆက်ဆံရေး ရှုထောင့်သည် လူသားမျိုးနွယ်၏ သွေးချင်းဆက်နွှယ်မှုများကဲ့သို့ မဖြစ်နိုင်သော်လည်း ဘုရားသခင်အဖို့ ယင်းသည် လူသားမျိုးနွယ်၏ ဇာတိဆိုင်ရာ သွေးချင်းဆက်နွှယ်မှုများထက် သာလွန်သည်။ ကနဦး ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် နောက်ဆုံးသော ကာလတွင် သူ မြင်ရသည့် လူသားမျိုးနွယ်နှင့် ပုံသဏ္ဌာန်အားဖြင့် လုံးဝ ကွဲပြားခြားနား၏။ အစအဦးတွင် လူသည် ရိုးရှင်းပြီး ကလေးဆန်သော ပုံသဏ္ဌာန်ရှိခဲ့ပြီး ၎င်းတို့ မသိနားမလည်ခဲ့သော်လည်း ၎င်းတို့၏ စိတ်နှလုံးက ဖြူစင်ကာ သန့်ရှင်း၏။ ၎င်းတို့၏ စိတ်နှလုံး နက်နက်ထဲက ကြည်လင်ပြတ်သားမှုနှင့် ပွင့်လင်းမြင်သာမှုကို ၎င်းတို့၏ မျက်လုံးများတွင် မြင်နိုင်သည်။ ၎င်းတို့သည် ယခု လူတွင်ရှိသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ မရှိခဲ့ကြချေ။ ခေါင်းမာခြင်း၊ မာနထောင်လွှားခြင်း၊ ဆိုးယုတ်မှု၊ သို့မဟုတ် လှည့်ဖြားမှုတို့ မရှိခဲ့ကြသကဲ့သို့ သေချာပေါက် သမ္မာတရားကို စိတ်ကုန်သည့် စိတ်သဘောထား မရှိခဲ့ကြချေ။ လူ၏ စကားနှင့် လုပ်ရပ်များမှ၊ ၎င်းတို့၏ မျက်လုံးများမှ၊ ၎င်းတို့၏ မျက်နှာမှ၊ ထိုလူသားမျိုးနွယ်သည် ဘုရားသခင်က အစအဦး၌ ဖန်ဆင်းခဲ့ပြီး သူ မျက်နှာသာပေးခဲ့သည့် လူသားမျိုးနွယ်ဖြစ်သည်ကို မြင်နိုင်သည်။ သို့ရာတွင် အဆုံး၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို တစ်ဖန် ကြည့်ရှုလေ့လာသည့်အခါ လူ၏ စိတ်နှလုံးသည် အတွင်းကျကျ နေရာများ၌ သိပ် မရှင်းလင်းတော့သကဲ့သို့ ၎င်းတို့၏ အမြင်များသည်လည်း သိပ်မရှင်းတော့ချေ။ လူ၏ စိတ်နှလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်ကာ ဘုရားသခင်နှင့် ဆုံသည့်အခါ ၎င်းတို့၏ မျက်နှာ၊ စကားနှင့် လုပ်ရပ်များသည် သူ့အတွက် စက်ဆုပ်ဖွယ်ဖြစ်လေသည်။ သို့ရာတွင် မည်သူမျှ မငြင်းနိုင်သည့် အမှန်တရားတစ်ခုရှိပြီး ထိုသို့သော လူသားမျိုးနွယ်သည် သူ၏ မျက်လုံးများဖြင့် ရှုမြင်ရသည်မှာ အလွန် ဝမ်းနည်းဖွယ်ဖြစ်သည်ဟု ဘုရားသခင် ပြောသည်မှာ ဤအမှန်တရားကြောင့် ဖြစ်သည်။ ယင်းမှာ မည်သည့် အမှန်တရား ဖြစ်သနည်း။ ယင်းမှာ မည်သူမျှ မငြင်းနိုင်သည့် ဤအရာဖြစ်သည်။ ဘုရားသခင်သည် သူ့ရှေ့မှောက်သို့ နောက်တစ်ကြိမ် ရောက်လာပြီဖြစ်သည့် ဤလူသားမျိုးနွယ်ကို မိမိကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း ၎င်းတို့သည် အစအဦး၌ ရှိခဲ့သည့် လူသားမျိုးနွယ် မဟုတ်တော့ချေ။ လူ၏ မျက်လုံးများမှသည် အတွေးများ၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနေရာထိတိုင် ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ သစ္စာဖောက်ခြင်းတို့နှင့် ပြည့်နေသည်။ လူ၏ မျက်လုံးများမှသည် ၎င်းတို့၏ အတွေးများနှင့် ၎င်းတို့၏ စိတ်နှလုံး အတွင်းနေရာထိတိုင် ထိုအရာများမှ ပွင့်ထွက်လာသည့်အရာများသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် တစ်ပြားသားမျှ မလျော့ပေ။ ခေါင်းမာခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားခြင်း၊ ဆိုးယုတ်မှုနှင့် သမ္မာတရားကို စိတ်ကုန်ခြင်းနှင့်ဆိုင်သည့် လူ၏ ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့၏ အကြည့်နှင့် မျက်နှာအမူအရာများမှ ထပ်တူထပ်မျှ သိသာစွာနှင့် အလိုအလျောက် ပွင့်အံထွက်လာလေသည်။ ဘုရားနှုတ်ကပတ်တော်နှင့် ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်ရသည့်အခါတွင်ပင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူ၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် အနှစ်သာရတို့ ဤနည်းဖြင့် သိသိသာသာ ပွင့်အံထွက်လာလေသည်။ ဤအမှန်တရား ပေါ်ထွက်လာခြင်းက ဘုရားသခင်ကို မည်သည့်အရာ ခံစားစေသည်ဆိုသည်ကို အမိအရပြောနိုင်သည့် စကားရပ်တစ်ခုသာရှိပြီး ယင်းမှာ “ရှုမြင်ရသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ လူတို့ မိမိတို့ကိုယ်ကို တွေ့ရှိရသည့် အခြေအနေများနှင့် အနေအထားများ၏ သီးသန့် ရှုထောင့်တစ်ခုစီအရ လူတို့၏ ကြီးမားသောပတ်ဝန်းကျင် မည်သို့ပင်ဖြစ်ပါစေ ယနေ့အချိန်နှင့် ယနေ့ခေတ်သို့ ရောက်လာပြီဖြစ်သည့် လူသားမျိုးနွယ်သည် ဘုရားအမှုတော်၏ တတိယနှင့် နောက်ဆုံးအဆင့်အတွက် ဘုရားသခင်၏သတ်မှတ်ချက်များနှင့်သက်ဆိုင်သော အဆင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဆင့်သို့ ရောက်လာကြပြီဖြစ်သည်။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အတွက် မျှော်လင့်စောင့်စားမှုအပြည့် ရှိသည့်အတိုင်းပင် သူသည် ၎င်းတို့အတွက် အမုန်းတရားလည်း အပြည့်ရှိလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုင်သည့် ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု မြင်သည်နှင့်အမျှ ၎င်းတို့သည် ရှုမြင်ခံရသည်မှာ အလွန် ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟု ခံစားနေရဆဲဖြစ်သည်မှာ အမှန်ဖြစ်သည်။ သို့တိုင် အောင်ပွဲခံထိုက်သည့်အရာမှာ ဘုရားသခင်သည် လူ့ကိုယ်စား ရည်ရွယ်ချက်မရှိသည့် စိတ်ရှည်ခြင်းနှင့် ရည်ရွယ်ချက်မရှိသည့် စောင့်ဆိုင်းခြင်းကို အာရုံစိုက်ရန် မလိုအပ်တော့ခြင်း ဖြစ်သည်။ သူ လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ အနှစ်ခြောက်ထောင်ကြာ သူစောင့်ဆိုင်းပြီးဖြစ်သည့်၊ အနှစ်ခြောက်ထောင်ကြာ သူမျှော်မှန်းထားသည့်အမှုနှင့် အနှစ်ခြောက်ထောင်ကြာ သူမျှော်လင့်စောင့်ဆိုင်းပြီး ဖြစ်သည့်အမှု၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ စိတ်သဘောထားနှင့် သမ္မာတရားတိုင်းကို ဖော်ပြသည့် အမှု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ပြီးဖြစ်သည့် ဤလူသားမျိုးနွယ်ကြားတွင် ဘုရားသခင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးဖြစ်သည့် လူတစ်စု၊ အရာခပ်သိမ်း၏ ဘဏ္ဍာစိုးဖြစ်လာမည့်သူနှင့် အရာခပ်သိမ်း၏ ဆရာသခင် ဖြစ်လာမည့်သူတို့ ထွက်ပေါ်လာလိမ့်မည်ဟု ဆိုလိုသည်မှာလည်း မှန်ပေ၏။ အခြေအနေတစ်ခုလုံးကို ကြည့်သည့်အခါ အရာရာသည် မျှော်လင့်ထားသည့်အရာမှ အလွန် အလှမ်းဝေးနေပြီဖြစ်သည်။ အရာရာသည် အလွန် နာကျင်ဖွယ်၊ ဝမ်းနည်းဖွယ် ဖြစ်လေပြီ။ သို့ရာတွင် ဘုရားသခင်၏ ပျော်ရွှင်မှုနှင့် အထိုက်တန်ဆုံးသော အရာမှာ အချိန်ကာလနှင့် မတူကွဲပြားသော ခေတ်တို့ ကုန်လွန်ခြင်းကြောင့် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို ခံရသည့် လူသားမျိုးနွယ်၏ နေ့ရက်ကာလများ ကုန်ဆုံးသွားခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ပညတ်တော်၏ ဗတ္တိဇံနှင့် ဘုရားသခင်၏ ရွေးနုတ်ခြင်းကို ကြုံတွေ့ရပြီး ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် သူ၏ သိမ်းပိုက်ခြင်းတို့ကို လက်ခံခြင်း၏ အဆုံးသတ် ရလဒ်အနေဖြင့် လူသားမျိုးနွယ် ကယ်တင်ခံရသည့် အဆင့်ဖြစ်သော ဘုရားသခင် လုပ်ဆောင်မည့် အမှုတော်၏ နောက်ဆုံးအဆင့်သို့ ရောက်လာကြပြီဖြစ်သည်။ လူသားမျိုးနွယ်အဖို့၊ ဤသည်မှာ ကြီးမြတ်သည့် သတင်းဖြစ်သည်မှာ သေချာပြီး ဘုရားသခင်အဖို့ ယင်းမှာ အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်စားခဲ့ရသည့် အရာတစ်ခု ဖြစ်သည်မှာ သေချာပေါက် ဖြစ်ပေသည်။ မည်သည့် ရှုထောင့်မဆိုမှ မြင်ရသည့်အတိုင်းပင်၊ ဤအရာသည် လူသားမျိုးနွယ်အားလုံး၏ အကြီးမြတ်ဆုံးသော ခေတ် ပေါ်ထွန်းခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း ရှုထောင့်မှဖြစ်စေ၊ လောက၏ ရေပန်းစားမှု၊ သို့မဟုတ် လူမှုရေး ဖွဲ့စည်းတည်ဆောက်ပုံ၊ သို့မဟုတ် လူသားမျိုးနွယ်၏ နိုင်ငံရေး၊ သို့မဟုတ် လက်ရှိ ကပ်ဘေးများ၏ ရှုထောင့်မှဖြစ်စေ မည်သည့် ရှုထောင့်မဆိုမှ မြင်ရသည့်အတိုင်းပင် လူသားမျိုးနွယ်၏ ရလဒ်သည် နီးကပ်လာပြီ ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် နောက်ဆုံးအဆင့်သို့ ရောက်လာပြီဖြစ်သည်။ သို့တိုင် ဤသည်မှာ ဘုရားသခင်၏ အမှုတော်တွင် အထွတ်အထိပ် အဖြစ်ဆုံးသော အချိန်ကာလ၊ လူ၏ သတိရခြင်းနှင့် အောင်ပွဲခံခြင်းတို့နှင့် အထိုက်တန်ဆုံးသော အချိန်ကာလဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ ဘုရားသခင်၏ အမှုတော် အနှစ်ခြောက်ထောင်တွင် အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော အချိန်ကာလ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ဆုံးဖြတ်သည့်အချိန်ကာလလည်း အမှန်ဖြစ်ပေ၏။ ထို့ကြောင့် လူသားမျိုးနွယ်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ပြီးလျှင် အချိန်မည်မျှကြာ ဘုရားသခင် စောင့်ဆိုင်းပြီး စိတ်ရှည်မှုကို ကျင့်သုံးသည်ဖြစ်စေ အားလုံး ထိုက်တန်လေပြီဖြစ်၏။

ဆွေးနွေးရန် ငါတို့ စတင်ခဲ့သည့် “လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”ဟူသည့် အကြောင်းအရာကို ပြန်သွားကြစို့။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် လူသားမျိုးနွယ်ကြားတွင် အမှုတော်၏ အဆင့်သုံးဆင့်အဖြစ်သို့ ခွဲထားသည်။ သူသည် ယခင်အဆင့်အနှစ်ဆင့်ကို ပြီးစီးနှင့်ပြီးဖြစ်သည်။ ပစ္စုပ္ပန်ကာလအထိ ထိုအဆင့်များကို ကြည့်သည့်အခါ ပညတ်တရားဖြစ်စေ၊ ပညတ်ချက်များဖြစ်စေ လူသားအတွက် ထိုအရာများ၏ အသုံးဝင်မှုမှာ ပညတ်တရား၊ ပညတ်ချက်များ၊ ဘုရားသခင်၏ အမည်နာမ၊ မိမိတို့ စိတ်နှလုံး၏ နေရာများရှိ ယုံကြည်ခြင်း၊ အပြုအမူကောင်းအနည်းငယ်နှင့် ကောင်းမွန်သည့် သက်ဝင်ယုံကြည်မှုအနည်းငယ်ကို ၎င်းတို့အား ထိန်းသိမ်းစေခြင်းထက် ဘာမျှမပိုပေ။ လူသည် အရာခပ်သိမ်း၏ ဘဏ္ဍာစိုးတစ်ခုဖြစ်ခြင်းနှင့် အရာခပ်သိမ်းအပေါ် ဆရာတစ်ဆူဖြစ်လာခြင်းတည်းဟူသော ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းနှင့် လျော်ညီအောင် အသက်ရှင်ရန် အခြေခံအားဖြင့် ပျက်ကွက်လေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အခြေခံအားဖြင့် ထိုအရာနှင့် လျော်ညီအောင် နေရန် ပျက်ကွက်ကြလေသည်။ ပညတ်တော်နှင့် ကျေးဇူးတော်ခေတ်ကို ဖြတ်သန်းရပြီးဖြစ်သည့် လူသည် ၎င်းတို့ လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်စေပါက ပညတ်တော်အားဖြင့်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ၎င်းတို့အပေါ် ပေးသနားသည့် ကျေးဇူးတော်နှင့် ကောင်းချီးများအားဖြင့်သာ အရာခပ်သိမ်းကို ပါဝင်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ဤသည်မှာ လူသည် အရာခပ်သိမ်း၏ ဘဏ္ဍာစိုးဖြစ်သင့်သည်ဟူသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကို လွန်စွာ စံမမီသကဲ့သို့ လူသားမျိုးနွယ်သည် ၎င်းတို့ လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုသည့် အရာများနှင့် ၎င်းတို့ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသည့် တာဝန်နှင့် ဝတ္တရားတို့ကို ပြီးမြောက်ခြင်းငှာ လွန်စွာ စံမမီပေ။ လူသည် ၎င်းတို့အနေဖြင့် အရာခပ်သိမ်း၏ ဆရာသခင်များနှင့် နောင်တစ်ခေတ်၏ ဆရာသခင်များဖြစ်သင့်သည်ဟူသည့် ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းကို တကယ် မပြည့်မီနိုင်၊ သို့မဟုတ် လျော်ညီအောင်မနေနိုင်ပေ။ ထို့ကြောင့် သူ့အမှုတော်၏ နောက်ဆုံးအဆင့်တွင် ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းများက မည်သည့်အရာဖြစ်သည်၊ အရာခပ်သိမ်းကို ၎င်းတို့ မည်သို့ ဆင်ခြင်သုံးသပ်သင့်သည်၊ အရာခပ်သိမ်း၏ ဘဏ္ဍာစိုးများ ၎င်းတို့ ဖြစ်သင့်ပုံ၊ ၎င်းတို့၏ တည်ရှိခြင်း အခြေအနေက မည်သည့်အရာဖြစ်သင့်သည်ဆိုသည်နှင့် ဖန်ဆင်းရှင်၏ ဩဇာအာဏာအောက်ရှိ စစ်မှန်သော အဖန်ဆင်းခံများအဖြစ် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့ မည်သည့် ပုံစံဖြင့် အသက်ရှင်သင့်သည်ဆိုသည်တို့ကို လူက သိရှိနိုင်ရန်အလို့ငှာ လူသားမျိုးနွယ် လိုအပ်သည့် သမ္မာတရားအားလုံးနှင့် ၎င်းတို့ လိုအပ်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ထိုအရာများ၏ သွင်ပြင်လက္ခဏာများအားလုံးဖြင့် ဘုရားသခင် ဖော်ပြလေသည်။ လူသည် ဤအရာများကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ကိုလည်း ၎င်းတို့ သိကြလေသည်။ ဤအရာများကို ၎င်းတို့ ဖြည့်ဆည်းပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းများကိုလည်း ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ သတ်မှတ်ထားသည့် ပညတ်တော်၊ ပညတ်ချက်များနှင့် အပြုအမူအတွက် ရိုးရှင်းသော စံများသည် သမ္မာတရားအတွက် အစားထိုးမဟုတ်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူ၏ လက်တွေ့လုပ်ဆောင်မှု၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များ၊ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် ပတ်သက်သည့် အလွန်များသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို ဖော်ပြလေသည်။ လူများနှင့် အမှုအရာများကို မည်သို့ ရှုမြင်ရမည်ဆိုသည်နှင့် မည်သို့ ကျင့်ကြံပြုမူကာ ဆောင်ရွက်ရမည်ဆိုသည်တို့ကို ဘုရားသခင်က လူအား ပြောပြလေသည်။ ဤအရာအားလုံးကို ဘုရားသခင် ပြောပြသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် ဤသမ္မာတရားအားလုံးနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်ရန်နှင့် ထိုနည်းအားဖြင့် လောကတွင် အသက်ရှင်ရန် ဘုရားသခင် တောင်းဆိုသည်ဟု ဆိုလိုပေသည်။ မည်သည့် တာဝန်မျိုးကို သင် ထမ်းဆောင်ပြီး မည်သည့် စေခိုင်းချက်မျိုးကို ဘုရားသခင်ထံမှ သင်လက်ခံသည်ဖြစ်စေ၊ သင့်အပေါ် သူ၏ သတ်မှတ်ချက်များ မပြောင်းလဲပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် သင့်ဘေးတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင် နားလည်သည့်အတိုင်း သူ၏ သတ်မှတ်ချက်များနှင့်အညီ သင်သည် လက်တွေ့လုပ်ဆောင်ရမည်၊ သင်၏ တာဝန်ကို ထမ်းဆောင်ကာ သင့်အပေါ် ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်ရမည်ဖြစ်သည်။ ဤသို့ဖြင့်သာ သင်သည် ဘုရားသခင် ယုံကြည်စိတ်ချရသည့်၊ အရည်အချင်းရှိပြီး ဘုရားသခင်၏ စေခိုင်းချက်နှင့် ထိုက်တန်သည့်သူ၊ အရာခပ်သိမ်း၏ ဆရာသခင်တစ်ဦး ဧကန်အမှန် ဖြစ်လာနိုင်ပေသည်။ ဤအရာက လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်းဟူသည့် အကြောင်းအရာကို ထည့်သွင်းစဉ်းစားသည် မဟုတ်လော။ (စဉ်းစားပါသည်။) ယခု သင်တို့ နားလည်ပြီလော။ ဤသည်တို့မှာ ဘုရားသခင် ဆောင်ကြဉ်းမည့် အမှန်တရားများ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားခြင်းသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်ခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံမလုပ်ခြင်း သက်သက် မဟုတ်ပေ။ သမ္မာတရားကို လိုက်စားခြင်းတွင် ငါတို့ပြောနေကြသည့် သာ၍ ကြီးမားသော အရေးပါမှုနှင့် သာ၍ ကြီးမားသော တန်ဖိုးရှိလေသည်။ အမှန်ပင် လူသား၏ ခရီးပန်းတိုင်နှင့် ကံကြမ္မာ ပါဝင်၏။ သင် နားလည်ပါသလော။ (နားလည်ပါသည်။) လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။ လိုရင်းတိုရှင်း ပြောရလျှင် ဤအရာကို လူနားလည်သည့် အခြေခံအကျဆုံးသော အယူဝါဒများအားဖြင့် ဖော်ပြထားသည်။ အကျယ်တဝင့်ပြောရလျှင် အဓိကအကျဆုံး အကြောင်းရင်းမှာ ဘုရားသခင်အတွက် သမ္မာတရား လိုက်စားခြင်းတွင် လူသားမျိုးနွယ်အပေါ် သူ၏ စီမံခန့်ခွဲမှု၊ သူ၏ မျှော်လင့်ချက်များနှင့် လူသားမျိုးနွယ်အပေါ် သူထားရှိသည့် မျှော်လင့်ချက်များ ပါဝင်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင် မည်သူဖြစ်စေ၊ ဘုရားသခင်ကို မည်ရွေ့မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သမ္မာတရားကို သင် မလိုက်စားပါက၊ သို့မဟုတ် ထိုသမ္မာတရားကို မချစ်ပါက၊ သင်သည် ဖယ်ရှားခံရမည့်သူ မလွဲမသွေ ဖြစ်သွားလိမ့်မည်ဆိုသည်ကို ဤတွင် တွေ့မြင်နိုင်ပေသည်။ ဤသည်မှာ အလွန် သိသာထင်ရှားပေသည်။ ဘုရားသခင်သည် အမှုတော်၏ အဆင့်သုံးဆင့်ကို လုပ်ဆောင်သည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကတည်းက စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုရှိပြီး သူသည် လူသားမျိုးနွယ်၌ ထိုအဆင့် အသီးသီးကို တစ်ခုချင်း ဆက်လက်အကျိုးသက်ရောက်စေပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို မျက်မှောက်အထိ တစ်လှမ်းချင်း ဆက်လက်ဦးဆောင်ပြီး ဖြစ်သည်။ လူတို့အပေါ် သူဖော်ပြသည့် သမ္မာတရားများကို ဖြစ်မြောက်စေခြင်းနှင့်ဆိုင်သည့် နောက်ဆုံး ရည်မှန်းချက်နှင့် လူသားမျိုးနွယ်ကို သူ တောင်းဆိုသည့်သူ၏ သတ်မှတ်ချက်စံနှုန်းများ၏ ရှုထောင့်တိုင်းအား လူ၏ အသက်နှင့် စစ်မှန်မှုအဖြစ်သို့ ပြောင်းလဲစေရင်း သူပေးဆပ်သည့် အူလှိုက်သည်းလှိုက် ဂရုစိုက်ခြင်းနှင့် အဖိုးအခ ကြီးမားလိုက်လေခြင်း၊ သူ သည်းညည်းခံခဲ့သည်မှာ အချိန်ကြာမြင့်လိုက်လေခြင်းပါတကား။ ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ အင်မတန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာနှင့်ပတ်သက်၍ ထိုသို့ အလေးအနက်ထားပေသည်။ ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ဖော်ပြပြီးဖြစ်ကာ ထိုသို့မဖော်ပြမီတွင် သူသည် ပြင်ဆင်သည့် အလုပ်များစွာ လုပ်ဆောင်ခဲ့သည်။ အဆုံးတွင် ယခု သူဖော်ပြပြီးဖြစ်သည့်နောက်တွင် ဤနှုတ်ကပတ်တော်များကို သင် မလိုက်စားပါက၊ သို့မဟုတ် မဝင်ရောက်ပါက ဘုရားသခင်သည် သင့်ကို မည်သို့ ရှုမြင်လိမ့်မည်နည်း။ သင့်ကို ဘုရားသခင် မည်သည့် ရာထူးမျိုးကို ခန့်ထားလိမ့်မည်နည်း။ ဤသည်မှာ အလွန်သိသာထင်ရှားပေသည်။ ထို့ကြောင့် သင်၏ အစွမ်းအစ၊ အသက်အရွယ်၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက် မည်မျှဖြစ်စေ လူတိုင်းသည် သမ္မာတရားကို လိုက်စားခြင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် အကြောင်းပြချက်ကိုမျှ အလေးမထားသင့်ပေ။ သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ သင်၏ နေ့ရက်ကာလများကို မဖြုန်းနှင့်။ သင့်ဘဝ၏ ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် သမ္မာတရား လိုက်စားခြင်းအတွက် သင်သည် ရှာဖွေပြီး အားထုတ်မှုများပြုပါက သင်၏ လိုက်စားမှုတွင် သင် ရရှိပြီး လက်လှမ်းမီနိုင်သည့် သမ္မာတရားသည် သင် ဆန္ဒရှိသည့်အရာ မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သင့်ကို သင်၏ လိုက်စားမှုနှင့် ရိုးသားစစ်မှန်မှုအပေါ် မူတည်လျက် ခရီးပန်းတိုင်တစ်ခု ပေးမည်ဟု ပြောပါက ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။ ယခု သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် ရလဒ် မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကို အာရုံမစိုက်နှင့်။ မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်၊ ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည့် ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် လိုက်၍မမေးနှင့်။ ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ သတ်မှတ်ချက်များရှိ သမ္မာတရားကို လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်း၊ သင်သည် ဘုရားသခင် အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းနှင့်လည်းကောင်း၊ သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းနှင့်လည်းကောင်း မထိုက်တန်သည်ကို သက်သေမပြမိအောင်နေခြင်းတို့အပေါ်သာ အာရုံစိုက်လော့။ ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သင့်အတွက် မျှော်လင့်ချက်အချို့ကို မြင်စေပြီး သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။ ငါ့ကို ပြောလော့၊ ထိုသို့ သင်လုပ်ဆောင်ပါက ဘုရားသခင်သည် သင့်ကို နှိပ်စက်လိမ့်မည်လော။ ဧကန်မဟုတ်ပေ။ အဆုံးသတ် ရလဒ်များသည် အကြင်သူက ဆန္ဒရှိခဲ့မည့် အရာမဟုတ်လျှင်ပင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် ထိုအမှန်တရားကို ထိုသူသည် မည်သို့ သဘောထားသင့်သနည်း။ ထိုသူသည် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်ကြပေသည်။ ဤသည်မှာ အဖန်ဆင်းခံများ ယူသင့်သည့် ရှုထောင့်အမြင် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ဖြစ်သည်။ ယင်းနှင့်အတူ လူသည် အဘယ်ကြောင့် သမ္မာတရား လိုက်စားရမည်နည်းဆိုသည့်အရာ၏ အဓိက ဆိုလိုရင်းနင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ငါတို့ အဆုံးသတ်မည်။

ယခုတင်ပြုခဲ့သည့် ငါတို့၏ မိတ်သဟာယက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အရ လူသည် အဘယ်ကြောင့် သမ္မာတရား လိုက်စားရမည်နည်းဆိုသည်ကို ဘုရားသခင်၏ ရှုထောင့်အမြင်မှ အဓိက ကြည့်ခဲ့သည်။ အခြားဖက်မှ မြင်ရသည့်အတိုင်း ထိုအရာသည် အတော်အတန် သာ၍ ရိုးရှင်း၏။ လူကိုယ်တိုင်အရ လူ၏ ရှုထောင့်မှကြည့်လျှင် လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။ အရိုးရှင်းဆုံးဆိုရလျှင် လူ၏ လိုက်စားမှုသည် ၎င်းတို့အနေဖြင့် ပညတ်တော်အောက်တွင် အသက်ရှင်ပြီး သမ္မာတရားကို နားမလည်ပါက၊ ပညတ်တော်ကို ထိန်းသိမ်းခြင်း မရှိတော့ပါက နောက်ဆုံးတွင် ထိုအရာမှ မည်သည့်အရာ ဖြစ်လာမည်နည်း။ ဖြစ်လာမည့် တစ်ခုတည်းသောအရာမှာ ပညတ်တရားကို ထိန်းသိမ်းရန် ၎င်းတို့၏ မတတ်စွမ်းနိုင်ခြင်းအတွက် ပညတ်တရားအားဖြင့် လူ၏ ရှုတ်ချခံရခြင်း ဖြစ်ပေမည်။ ယင်းမှသည် ကျေးဇူးတော်ခေတ်သို့ ရောက်သည်။ ထိုခေတ်တွင် လူသည် များစွာ နားလည်ပြီး လူနှင့်ပတ်သက်၍ အသစ်သော သတင်းအချက်အလက်များစွာ၊ လူသား ကျင့်ကြံပြုမူခြင်းအတွက် လမ်းညွှန်ချက်များနှင့် ပညတ်ချက်များကို ဘုရားသခင်ထံမှ ၎င်းတို့ ရရှိခဲ့ကြသည်။ အယူဝါဒအရ လူသည် ကောင်းစွာ အကျိုးအမြတ်ရရှိခဲ့သည်။ သို့ရာတွင် လူသည် သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ဘုရားသခင်၏ ကွယ်ကာမှု၊ မျက်နှာသာပေးခြင်း၊ ကောင်းချီးများနှင့် ကျေးဇူးတော်တို့ကို သာ၍ လက်ခံရရှိဖို့ မျှော်လင့်နေခဲ့သေး၏။ လူ၏ ရှုထောင့်အမြင်မှာ ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလုပ်ခြင်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ထိုတောင်းဆိုချက်များကို ၎င်းတို့ ပြုလုပ်သည်နှင့်အမျှ ၎င်းတို့ လိုက်စားမှုသည် လူ့ဇာတိနှင့် ဆိုင်သည့် ဘဝ၊ လူ့ဇာတိ၏ ဇိမ်ခံစရာများနှင့် သာ၍ ကောင်းသော ဇာတိဆိုင်ရာ အသက်ရှင်ခြင်းကို ရည်ရွယ်ကာ ဦးတည်နေဆဲ ဖြစ်သည်။ ၎င်းတို့ လိုက်စားမှု၏ ရည်မှန်းချက်မှာ သမ္မာတရားနှင့် ကွဲလွဲမှုတွင်ရှိကာ ထိုသမ္မာတရားကို ဆန့်ကျင်နေဆဲ ဖြစ်သည်။ လူသည် သမ္မာတရား လိုက်စားခြင်းအား စံမမီဖြစ်နေဆဲဖြစ်ပြီး သမ္မာတရားက အကြင်သူ၏ တည်ရှိခြင်းအတွက် အကြောင်းပြချက်အဖြစ် ရပ်တည်သည့် ထိုသို့သော စစ်မှန်သည့် ဘဝထဲသို့ မဝင်ရောက်နိုင်ချေ။ ကျေးဇူးတော်ခေတ်၏ ပညတ်တရားများ၊ သို့မဟုတ် ပညတ်ချက်များနှင့် ချုပ်ချယ်မှုများအားလုံးကို နားလည်ခြင်း အခြေခံအုတ်မြစ်တစ်ခုပေါ်၊ သမ္မာတရားကို နားမလည်သေးခြင်း အခြေခံအုတ်မြစ်တစ်ခုပေါ်တွင် အသက်ရှင်သည်နှင့်အမျှ ဤသည်တို့မှာ လူ့ဘဝ၏ လက်တွေ့အရှိတရားများဖြစ်သည်။ ဤသည်တို့မှာ လူ့ဘဝ၏ လက်တွေ့အရှိတရားများ ဖြစ်ချိန်တွင် မသိလိုက်ဘဲနှင့် ၎င်းတို့သည် မိမိတို့၏ ဦးတည်ချက်များကို မကြာခဏ ပျောက်ဆုံးကြလိမ့်မည်။ ထိုအရာမှာ လူတို့က “ကျွန်ုပ် စိတ်ရှုပ်ထွေးပြီး ဘာလုပ်ရမှန်း မသိပါ”ဟု ဆိုကြသည့်အတိုင်းသာ ဖြစ်သည်။ ထိုသို့သော တောက်လျှောက် စိတ်ရှုပ်ထွေးမှု အခြေအနေများတွင် လူသည် ဟာတာတာဖြစ်ခြင်းထဲသို့ ကျဆင်းသွားလိမ့်မည်။ တကယ့် ဘဝက ကြုံရသည့် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအား မည်သို့ ရင်ဆိုင်ရမည်၊ သို့မဟုတ် ထိုအရာများကို ရင်ဆိုင်ရန် မည်သည့် မှန်ကန်သည့် စနစ် အသုံးပြုသင့်သည်ကို မဆိုထားနှင့်၊ လူသည် အဘယ်ကြောင့် အသက်ရှင်သည်၊ သို့မဟုတ် အနာဂတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်ကိုပင် မသိဘဲ ၎င်းတို့၏ ဘဝ ရည်ရွယ်ချက် ပျောက်ဆုံးသွားခဲ့၏။ ပညတ်ချက်များကို ၎င်းတို့ ထိန်းသိမ်းကာ ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီးများစွာကို မွေ့လျော်သည့်ကြားမှပင် အဆင့်အတန်း၊ ကြွယ်ဝမှု၊ အလားအလာကောင်းသည့် အနာဂတ်၊ မိမိတို့ ရွယ်တူများကြားတွင် ထူးချွန်ခြင်း၊ အလားအလာကောင်းသော အိမ်ထောင်ရေးများ၊ အိမ်ထောင်ရေး စိတ်ချမ်းသာမှုနှင့် အခွင့်အလမ်းတို့ကို လိုက်စားသည့် ဘုရားသခင်နောက်လိုက်များ၊ ယုံကြည်သူများစွာပင်ရှိကြပြီး ယနေ့ လူမှုအဖွဲ့အစည်းတွင် ၎င်းတို့သည် ဇာတိပကတိ၏ ပျော်ရွှင်မှု၊ ဘဝနှင့် သောကကင်းဝေးခြင်းတို့ကို လိုက်စားကြလေသည်။ ၎င်းတို့သည် ဇိမ်ခံစရာ အိမ်ကြီးရခိုင်များနှင့် ကားများကို လိုက်စားကြသည်။ လျို့ဝှက်ဆန်းကြယ်မှုများနှင့် လူသားမျိုးနွယ်၏ အနာဂတ်ကို စူးစမ်းရင်း ကမ္ဘာအနှံ့ ခရီးသွားခြင်းကို လိုက်စားကြသည်။ ပညတ်ချက်များနှင့် အပြုအမူဆိုင်ရာ စံများ တစ်ပြုံတစ်ခေါင်းနှင့်ဆိုင်သည့် စည်းမျဉ်းများနှင့် ကန့်သတ်ချက်များအပေါ် ၎င်းတို့ လက်ခံရာတွင် လူသားမျိုးနွယ်သည် အနာဂတ်နှင့် လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် လူသားမျိုးနွယ်၏ ဉာဏ်က မမီနိုင်သည့် ကိစ္စရပ်တိုင်းကို စူးစမ်းရန် မိမိတို့၏ အထုံပါခြင်းကို မစွန့်ပယ်နိုင်မြဲ ရှိနေကြလေသည်။ လူတို့သည် ထိုသို့ပြုကြသည်နှင့်အမျှ မကြာခဏ အလွန် အနှစ်မဲ့ခံစားကာ ဝမ်းနည်းညိုးငယ်၊ စိတ်ထိခိုက်၊ မခံမရပ်နိုင်ဖြစ်၍ နေမထိထိုင်မထိဖြစ်ပြီး စိုးရွံ့ကြသည်မှာ ၎င်းတို့အပေါ် ကျရောက်သည့် အရာများစွာနှင့် ပတ်သက်၍ မိမိတို့၏ တဇောက်ကန်းဖြစ်ခြင်းနှင့် စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲနေကြလေသည်။ အလုပ်တွင် အဆင်မပြေသော အခြေအနေများ၊ သို့မဟုတ် အိမ်တွင်း စိတ်ဝမ်းကွဲမှုများ၊ အိမ်တွင်း စိတ်မချမ်းသာမှုများ၊ အိမ်ထောင်ရေး စိတ်မချမ်းသာမှုများ၊ သို့မဟုတ် လူမှုအဖွဲ့အစည်း၏ ခွဲခြားဆက်ဆံမှုများကဲ့သို့သော စိတ်အနှောင့်အယှက်ပေးသည့် အခြေအနေတစ်ခုတလေကို ကြုံရသည့်အခါ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်ဖိစီးမှု၊ စသည်တို့ထဲသို့ စတင်ကျရောက်သွားသည့် လူအချို့ ရှိ၏။ ခံစားချက် အစွန်းရောက်မှုများထဲသို့ ကျဆင်းသွားသည့် လူအချို့ပင် ရှိသည်။ ကိုယ့်အသက်ကို အစွန်းရောက်နည်းဖြင့် အဆုံးသတ်ရန် ရွေးချယ်သူအချို့ပင် ရှိသည်။ အထီးတည်းနေခြင်းနှင့် အထီးကျန်ခြင်းကို ရွေးချယ်သည့် အခြားသူများ ရှိသည်မှာ အမှန်ဖြစ်၏။ ဤအရာက လူ့အဖွဲ့အစည်းတွင် မည်သည့်အရာကို ဖြစ်ပေါ်စေပြီးဖြစ်သနည်း။ ဧကစာကျင့်သူများ၊ ယောက်ျားနှင့် မိန်းမ၊ ဆေးဝါးကုသမှု ခံယူနေရသည့် စိတ်ကျဝေဒနာ စသည်တို့ ဖြစ်သည်။ ခရစ်ယာန်များ၏ ဘဝများတွင်လည်း ဤဖြစ်စဉ်များ ကင်းမဲ့ခြင်း မရှိပေ။ မကြာခဏ ဖြစ်ပျက်တတ်သည်။ အားလုံးကို အနှစ်ချုပ်လိုက်သည့်အခါတွင် ယင်း၏ အရင်းအမြစ်အဖြစ်၊ ဤအရာ၏ အကြောင်းတရားမှာ လူသားမျိုးနွယ်သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ လူသည် မည်သည့်နေရာမှ ရောက်လာပြီး မည်သည့်နေရာသို့ သွားသည်ကိုဖြစ်စေ၊ အဘယ်ကြောင့် လူသည် အသက်ရှင်ပြီး မည်သို့ အသက်ရှင်သင့်သည်ကိုဖြစ်စေ နားမလည်ခြင်း ဖြစ်ပေသည်။ ၎င်းတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ပျော်ရွှင်စွာနှင့် စိတ်အေးသက်သာစွာ အသက်ရှင်နိုင်ရန်အလို့ငှာ ဤအမှုအရာအားလုံးအား မည်သို့ ကိုင်တွယ်၊ ဖြေရှင်း၊ ဖယ်ရှားရမည်၊ သို့မဟုတ် မည်သို့ ဆန်းစစ်ပြီး ထိုးထွင်မြင်ရမည်ဆိုသည်ကို မသိကြချေ။ လူသားမျိုးနွယ်သည် ဤအစွမ်းအစမရှိပေ။ ဘုရားသခင်၏ သမ္မာတရား ဖော်ပြခြင်းမရှိဘဲ၊ လူများနှင့် အမှုအရာများကို မည်သို့ ရှုမြင်သင့်ပြီး မည်သို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်သင့်သည်ဆိုသည်ကို လူအား သူပြောပြခြင်းမရှိဘဲနှင့် လူသားများသည် မိမိတို့ကိုယ်ပိုင် အားထုတ်မှုများ၊ မိမိတို့ ရရှိသည့် အသိပညာ၊ ပြီးလျှင် မိမိတို့ သဘောပေါက်သည့် ဘဝ ကျွမ်းကျင်မှုများနှင့် နားလည်သည့် လောကစည်းမျဉ်းများအပြင်၊ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ၊ သို့မဟုတ် အသက်ရှင်နေထိုင်မှုအတွက် အတွေးအခေါ်များကို မှီခိုကြလေသည်။ ၎င်းတို့သည် လူသားဘဝနှင့်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံနှင့် ထိုအရာကို ၎င်းတို့၏ ထိတွေ့ခြင်း၊ ပြီးလျှင် စာအုပ်များမှ သင်ယူပြီးဖြစ်သည့် အမှုအရာများအပေါ်၌ပင် မှီခိုကြလေသည်။ သို့ရာတွင် တကယ့် ဘဝက ၎င်းတို့အပေါ် ဆိုက်ရောက်စေသည့် အခက်အခဲများအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ထိရောက်စွာ မစွမ်းဆောင်နိုင်ဖြစ်နေဆဲ ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် မိမိတို့ ဘဝများကို အသက်ရှင်သူများအတွက် ကျမ်းစာဖတ်ခြင်းသည် အကြောင်းမထူးပေ။ ယေဟောဝါထံ ဆုတောင်းခြင်းမဆိုထားနှင့်၊ သခင်ယေရှုထံ ဆုတောင်းခြင်းသည်ပင် အကြောင်းမထူးပေ။ ရှေးပရောဖက်များ ကြိုတင်ဟောကိန်းထုတ်ထားသည့်အရာကို ဖတ်ရှုခြင်းသည်လည်း ၎င်းတို့၏ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းပေးနိုင်ပေ။ ထို့ကြောင့် လူအချို့သည် ကမ္ဘာအနှံ့ ခရီးသွားကြသည်။ လနှင့် အင်္ဂါဂြိုဟ်ကို သွားလေ့လာစူးစမ်းကြသည်၊ သို့မဟုတ် အနာဂတ်ကို ကြိုတင်ဟောကိန်ထုတ်နိုင်ပြီး မိမိတို့နှင့် စကားစမြည် ပြောနိုင်သည့် ပရောဖက်များကို ရှာဖွေကြသည်။ သို့ရာတွင် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ပြီးသည်နှင့် ၎င်းတို့ စိတ်နှလုံးများသည် နေမထိထိုင်မထိဖြစ်ကာ စိတ်မချမ်းသာရသကဲ့သို့ ကသိကအောက်ဖြစ်မြဲဖြစ်နေသည်။ ၎င်းတို့၏ တိုးတက်ရေး ဦးတည်ချက်နှင့် ရည်မှန်းချက်မှာ ၎င်းတို့အဖို့ အလွန် အရှာရခက်ပြီး အလွန်အနှစ်မဲ့သည်ဟု ခံစားရဆဲ ဖြစ်သည်။ အလုံးစုံအနေဖြင့် လူသားမျိုးနွယ်၏ ဘဝသည် အလွန် အနှစ်မပါဗလာသက်သက် ဖြစ်နေမြဲဖြစ်သည်။ အကြောင်းမှာ ယင်းသည် လူသားမျိုးနွယ် ဘဝ၏ ပိုနေမြဲ ကျားနေမြဲ အခြေအနေဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖျော်ဖြေရန် နည်းလမ်းများစွာ တီထွင်ဖန်တီးကြသည်။ ဥပမာအားဖြင့် အနောက်တိုင်းသားများ မွေ့လျော်ကြသည့် ခေတ်ပေါ် ဗီဒီယို ဂိမ်းများ၊ ဘန်ဂျီး ခုန်ခြင်း၊ ရေလွှာလှိုင်းစီးခြင်း၊ တောင်တက်ခြင်း၊ အမြင့်လေထီးခုန်ခြင်းနှင့် တရုတ်လူမျိုး နှစ်သက်သည့် ပြဇာတ်များ၊ သီချင်းများနှင့် အကများအပြင် အရှေ့တောင်အာရှ၏ မိန်းမလျာ ရှိုးပွဲများ ဟူ၍ ဖြစ်သည်။ မိမိတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များနှင့် အသွေးအသား တပ်မက်မှုများကို ဖြည့်ဆည်းသည့် အရာများကိုပင် လူတို့ ကြည့်ရှုကြသည်။ သို့တိုင် ၎င်းတို့၏ ဖျော်ဖြေမှုက မည်သည့်အရာဖြစ်စေ၊ ၎င်းတို့ မည်သည့်အရာကို ကြည့်ရှုကြသည်ဖြစ်စေ အနာဂတ်အတွက်မူ လူတို့၏ အတွင်းအကျဆုံး စိတ်နှလုံးများက ရှုပ်ထွေးနေမြဲ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ကမ္ဘာအနှံ့ အကြိမ်မည်မျှ ရောက်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် လနှင့် အင်္ဂါဂြိုဟ်သို့ ရောက်ရှိပြီးလျှင်ပင်၊ ၎င်းတို့ ပြန်လာပြီး အနည်းငယ် အတည်တကျနေထိုင်သည်နှင့်တစ်ပြိုင်နက် ယခင်က ဖြစ်ခဲ့သည့်အတိုင်းသာ လုံးဝ အားကုန်သွားကြသည်။ တစ်ခုခုဖြစ်မည်ဆိုလျှင်ပင် မသွားလိုက်လျှင်ပင် အကောင်းသား၊ သွားလိုက်ရသဖြင့် ၎င်းတို့သည် သာ၍ပင် ဝမ်းနည်းပြီး၊ နေမထိထိုင်မထိ ဖြစ်ကြလိမ့်မည်။ ၎င်းတို့ အလွန် ဟာတာတာဖြစ်ကာ အလွန် အစွမ်းမဲ့ပြီး အလွန် စိတ်ရှုပ်ထွေးကာ တုန်လှုပ်လွန်းသဖြင့် ဖြစ်လာမည့်အရာနှင့် မသိသည့်အရာကို လေ့လာစူးစမ်းလိုစိတ် ရှိရသည့် အကြောင်းရင်းမှာ မိမိတို့ကိုယ်ကိုယ် မည်သို့ ဖျော်ဖြေရမည်ကို မသိခြင်း၊ မည်သို့ အသက်ရှင်ရမည်ကို မသိခြင်းဖြစ်ကြောင်း လူသားမျိုးနွယ်က တွေးထင်လေသည်။ ဘဝကို မည်သို့ မွေ့လျော်ရမည်၊ သို့မဟုတ် ပစ္စုပ္ပန်ကို မည်သို့ မွေ့လျော်ရမည်ကို လူတို့ မသိခြင်းကြောင့် ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်ပါဝင်စားမှုများနှင့် ဝါသနာများက ရိုးရှင်းသည်။ သိပ်ကျယ်ပြန့်ခြင်း မရှိဟု ၎င်းတို့ တွေးထင်ကြသည်။ သို့တိုင် မည်သို့ စိတ်ပါဝင်စားမှုများကို လူတို့ မွေးမြူသည်ဖြစ်စေ၊ မည်သို့ ဖျော်ဖြေမှုများတွင် ၎င်းတို့ ပါဝင်ဆင်နွှဲသည်ဖြစ်စေ၊ ကမ္ဘာအနှံ့ မည်သည့်နေရာများသို့ ၎င်းတို့ ရောက်ရှိပြီးသည်ဖြစ်စေ ၎င်းတို့ အသက်ရှင်ပုံနှင့် ၎င်းတို့ တည်ရှိခြင်း၏ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့သည် မိမိတို့ ဆန္ဒရှိသည့်အတိုင်း မဟုတ်ဟု လူသားမျိုးနွယ်က ခံစားကြဆဲဖြစ်သည်။ အကျဉ်းချုပ်ဆိုရလျှင် ယေဘုယျအားဖြင့် လူတို့ ခံစားရသည့်အရာမှာ အနှစ်မဲ့ခြင်းနှင့် ငြီးငွေ့ခြင်း ဖြစ်သည်။ ဤအနှစ်မဲ့ခြင်းနှင့် ငြီးငွေ့ခြင်းတို့ကြောင့် လူအချို့သည် လောက၏ စားကောင်းသောက်ဖွယ် ရသာမွန်များကို အရသာခံလိုကြ၏။ သွားသည့်နေရာတိုင်းတွင် ၎င်းတို့သည် စားသောက်ရန် စိတ်ပိုင်းဖြတ်ကြသည်။ အခြားသူတို့မှာ သွားသည့်နေရာတိုင်းတွင် ပျော်ပါးရန် စိတ်ပိုင်းဖြတ်ကြပြီး ၎င်းတို့၏ စိတ်နှလုံး တင်းတိမ်သမျှအထိ ပျော်ပါး၊ စားသောက်ပြီး မိမိတို့ကိုယ်ကို ဖျော်ဖြေကြလေသည်။ သို့တိုင် စားသောက်၊ ပျော်ပါးပြီးသည်နှင့်တစ်ပြိုင်နက် ယခင်ထက် သာ၍ အနှစ်မဲ့ခံစားကြရလေသည်။ ဤအရာနှင့်ပတ်သက်၍ အဘယ်အရာကို လုပ်ဆောင်ရမည်နည်း။ ဤခံစားချက်ကို အဘယ်ကြောင့် ခါချရန် မဖြစ်နိုင်သနည်း။ လူတို့သည် ထွက်ပေါက်မရှိသော အခြေအနေတစ်ခုတွင် ရှိသည့်အခါ ၎င်းတို့ထဲမှ အချို့သည် မူးယစ်ဆေးများကို စတင်သုံးစွဲလာကြသည်၊ ဘိန်းစားလာကြသည်၊ စိတ်ကြွဆေးကို သုံးကာ ရုပ်ဝတ္ထု ပစ္စည်မျိုးစုံဖြင့် မိမိတို့ကိုယ်ကို လှုံ့ဆော်လာကြလေသည်။ ရလဒ်မှာ အဘယ်နည်း။ လူ၏ အနှစ်မဲ့ခြင်းနှင့် ပတ်သက်လာသည့်အခါ ဤနည်းစနစ်များထဲမှ တစ်ခုတလေသည် အကျိုးတစ်ခုတလေ သက်ရောက်မှုရှိပါသလော။ ထိုအရာများမှ တစ်ခုတလေသည် ပြဿနာများကို အရင်းအမြစ်မှ ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) အဘယ်ကြောင့် မဖြေရှင်းနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများသည် မိမိတို့ ခံစားချက်များဖြင့် အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ သို့မဟုတ် အနှစ်မဲ့ခြင်း၊ မသက်မသာဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အစရှိသည့် လူသားမျိုးနွယ်၏ ပြဿနာများကို မည်သည့်အရာက ဖြစ်ပေါ်စေသည်ဆိုသည်ကို မသိကြသကဲ့သို့ ထိုအရာများအား မည်သည့် နည်းလမ်းဖြင့် ဖြေရှင်းရမည်ဆိုသည်လည်း မသိကြချေ။ ၎င်းတို့က ဇာတိပကတိဆိုင်ရာ မွေ့လျော်မှုကို တာဝန်ယူပြီး မိမိတို့၏ အသွေးအသား စိတ်ဝိညာဉ်လောက တင်းတိမ်ပြီး ကျေနပ်လျှင် မိမိတို့ စိတ်ဝိညာဉ်ရှိ အနှစ်မဲ့သော ခံစားချက် ရှိလိမ့်မည်မဟုတ်တော့ဟု တွေးထင်ကြလေသည်။ ယင်းမှာ အလုပ်ဖြစ်သည့်ပုံစံဖြစ်သလော။ အမှန်တရားမှာ ထိုသို့မဟုတ်ပေ။ ဤတရားဒေသနာများကို အယူဝါဒအဖြစ် လက်ခံခြင်းမှ သင် စွန့်ခွာသော်လည်း ထိုတရားဒေသနာများကို လုံးဝ လိုက်စားခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ ပြီးလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်ခြင်းများ၊ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် အခြေခံနှင့် စံအဖြစ် မယူပါက သင်၏ တည်ရှိခြင်း နည်းလမ်းနှင့် ဘဝအပေါ် အမြင်သည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်။ ထိုအရာများ မပြောင်းလဲပါက သင်၏ ဘဝ၊ ဘဝနေထိုင်မှုပုံစံနှင့် သင်၏ တည်ရှိခြင်း တန်ဖိုးတို့သည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ဟု ဆိုလိုပေသည်။ သင့်ဘဝ၏ တည်ရှိခြင်းနှင့် တန်ဖိုးတို့ လုံးဝ ပြောင်းလဲလိမ့်မည်မဟုတ်ပါက၊ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက အနှေးနှင့်အမြန်ဆိုသလို တစ်နေ့တွင် သင် နားလည်သည့် အယူဝါဒသည် သင့်အဖို့ စိတ်ဝိညာဉ်၏ အချက်အချာကျသော အစိတ်အပိုင်းများအဖြစ် ထင်ရလိမ့်မည်ဟု ဆိုလိုပေသည်။ အခြေအနေများက တောင်းဆိုသည့်အခါ ထိုအရာများသည် အနှေးနှင့်အမြန်ဆိုသလို သင့်အဖို့ ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် သဘောတရားများ၊ သင့်အတွင်းပိုင်း နယ်ပယ်ရှိ အနှစ်မဲ့ ခံစားချက်ကို သင် ဖြည့်စွက်ပေးရန် အသုံးပြုမည့်အရာများ ဖြစ်သွားလိမ့်မည်။ သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ မပြောင်းလဲပါက သင်သည် ဘုရားနှုတ်ကပတ်တော်များ တစ်ခုမျှ မကြားဖူးသည့် လူများနှင့် တူလိမ့်မည်။ သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ရည်မှန်းချက်မှာ ဖျော်ဖြေမှု၊ ဇာတိဆိုင်ရာ စိတ်သက်သာမှုကို ရှာဖွေခြင်းတစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။ ကမ္ဘာလောကကို ခရီးသွားခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းခြင်းအားဖြင့် သင်၏ အနှစ်မဲ့မှုနှင့် စိတ်ရှုပ်ထွေးခြင်းကို ဖြေရှင်းရန် သင် ကြိုးစားဦးမည် ဖြစ်သည်။ ထိုအခါ သင်သည် ထိုလူများကဲ့သို့ တူညီသည့်လမ်းကြောင်းကို လျှောက်နေမိမည်မှာ သေချာပေသည်။ လောက၏ ရသာမွန်များကို မြည်းစမ်းကာ ထိုလောက၏ ကြီးကျယ်ခမ်းနားသော ဇိမ်ခံစရာများကို မွေ့လျော်ပြီးနောက်တွင် ၎င်းတို့သည် အနှစ်မဲ့ခံစားရပြီး သင်သည်လည်း ထိုသို့ဖြစ်လိမ့်မည်။ သင်သည် မှန်သော လမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွဲကိုင်ကောင်းစွဲကိုင်နိုင်သော်လည်း ထိုအရာများကို သင်မလိုက်စားပါက၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပါက စစ်မှန်သည့် ပျော်ရွှင်ခြင်းမရှိဘဲ၊ စစ်မှန်သည့် ဝမ်းမြောက်ခြင်းမရှိဘဲ၊ စစ်မှန်သည့် လွတ်လပ်မှုမရှိသကဲ့သို့ ထို့ထက်ပို၍ စစ်မှန်သည့် ငြိမ်သက်ခြင်းမရှိဘဲ မကြာခဏ အနှစ်မဲ့ခြင်းကို ခံစားကာ တုန်လှုပ်၍ မကျေမချမ်းဖြစ်ပြီး စိတ်ဖိစီးလျက် ထိုလူများကဲ့သို့ သင် အဆုံးသတ်သွားလိမ့်မည်။ ထို့နောက် အဆုံးတွင် သင်၏ ရလဒ်သည် ၎င်းတို့ကဲ့သို့ အလားတူဖြစ်လိမ့်မည်။

လူ၏ ရလဒ်နှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်သည် မည်သည့်အရာကို ကြည့်ရှုသနည်း။ သူ၏ နှုတ်ကပတ်တော် မည်မျှကို သင် ဖတ်ရှုပြီးဖြစ်သည်၊ သို့မဟုတ် တရားဒေသနာ မည်မျှ နားထောင်ပြီးဖြစ်သည်ကို သူမကြည့်ပေ။ ဤအရာများကို ဘုရားသခင် မကြည့်ပေ။ သင် လိုက်စားမှုတွင် သမ္မာတရား မည်မျှ သင် ရရှိပြီးဖြစ်သည်၊ သမ္မာတရား မည်မျှကို သင်လက်တွေ့လုပ်ဆောင်နိုင်သည်ဆိုသည်တို့ကို သူကြည့်သည်။ သင့်ဘဝတွင် လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များအတွက်၊ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် သူ၏ နှုတ်ကပတ်တော်များကို အခြေခံအဖြစ်နှင့် သမ္မာတရားကို စံအဖြစ် သင်သဘောထားခြင်း ရှိမရှိ၊ ထိုသို့သော အတွေ့အကြုံနှင့် သက်သေခံချက် သင် ရှိမရှိဆိုသည်ကို သူ ကြည့်သည်။ သင်၏ နေ့စဉ်အသက်တာနှင့် ဘုရားသခင်နောက် သင်လိုက်သည့်ဖြစ်စဉ်တွင် ထိုသို့သော သက်သေခံချက် မရှိသကဲ့သို့ ဤအရာများထဲမှ တစ်ခုမျှ လုံးဝ သက်သေပြမထားပါက ဘုရားသခင်သည် သင့်ကို မယုံကြည်သူများအား သဘောထားသကဲ့သို့ အလားတူ သဘောထားလိမ်မ့ည်။ သူ့ထံမှ ထိုသို့သော သဘောထားခြင်းသည် အဆုံးသတ်ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို ထိုသို့သဘောထားကာ ထိုသို့ ပစ်ထားလိုက်ဖို့ ဆိုသည်မှာ အလှမ်းဝေးပေသည်။ ထိုအစား သူသည် ထိုသို့ဖြင့် သင်၏ ရလဒ်ကို ဆုံးဖြတ်လိမ့်မည်။ ဘုရားသခင်သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကြောင့် သင်၏ ရလဒ်ကို သတ်မှတ်၏။ သင်၏ လိုက်စားမှုနှင့် ရည်မှန်းချက်ပန်းတိုင်မျိုးစုံ၌ သင် ဆောင်ရွက်ပုံ၊ သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် သင် ခြေချခြင်း ရှိမရှိဆိုသည်တို့ကို အခြေခံ၍ သင်၏ ရလဒ်ကို သူ ချမှတ်သည်။ သူ ချမှတ်ပုံက ထိုသို့ဖြစ်သည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို တကယ် လိုက်စားခြင်းမရှိသူ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ များစွာ ကြားဖူးသည့်တိုင် သူ၏ နှုတ်ကပတ်တော်များကို လူများနှင့် အမှုအရာများအပေါ် မိမိတို့ အမြင်များအပြင် မိမိတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံနှုန်းအဖြစ် သဘောမထားနိုင်သေးသည့်အခါ ထိုလူသည် အဆုံးတွင် ကယ်တင်ခံရနိုင်မည် မဟုတ်သည်သာဖြစ်၏။ အရေးအကြီးဆုံးသော အရာမှာ ဤသို့ဖြစ်သည်။ ထိုလူသည် ကျန်ရှိနေမည်ဆိုပါက မည်သည့်အရာ ဖြစ်လာနိုင်မည်နည်း။ အရာခပ်သိမ်း၏ ဆရာသခင်တစ်ဦး ဖြစ်လာနိုင်မည်လော။ ဘုရားသခင်ကိုယ်စား အရာခပ်သိမ်း၏ ဘဏ္ဍာစိုးတစ်ဦး ဖြစ်နိုင်မည်လော။ ၎င်းတို့သည် စေခိုင်းချက်တာဝန်နှင့် ထိုက်တန်သလော။ ယုံကြည်ကိုးစားခြင်းနှင့် ထိုက်တန်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို သင့်ထံ လက်လွှဲပေးခဲ့ပါက ဘုရားသခင် ဖန်ဆင်းထားသည့် သက်ရှိသတ္တဝါများကို လက်လွတ်စပယ် သတ်ဖြတ်လျက်၊ ဘုရားသခင် ဖန်ဆင်းထားသည့် အမြောက်အမြားကို လက်လွတ်စပယ် ကွယ်ပျောက်စေလျက်၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားခဲ့သည့်အရာ အမြောက်အမြားကို လက်လွတ်စပယ် ဖျက်ဆီးရမ်းကားလျက်၊ လူသားမျိုးနွယ်က ယခုတွင် လုပ်ဆောင်သကဲ့သို့ သင်လုပ်ဆောင်မည်လော။ လုပ်မည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် ဤလောကနှင့် အရာခပ်သိမ်းကို သင့်ထံ လက်လွှဲမည်ဆိုပါက အရာခပ်သိမ်းသည် နောက်ဆုံးတွင် မည်သည့်အရာကို ရင်ဆိုင်ရမည်နည်း။ ၎င်းတို့တွင် စစ်မှန်သည့် ဘဏ္ဍာစိုး ရှိမည်မဟုတ်။ စာတန်ဖောက်ပြန်ပျက်စီးစေသည့် လူသားမျိုးနွယ်အားဖြင့် ၎င်းတို့သည် နတ္တိအဖြစ်သို့ ဖျက်ဆီးခံရကာ ကွယ်ပျောက်သွားကြမည်ဖြစ်သည်။ နောက်ဆုံးတွင် အရာခပ်သိမ်း၊ အရာခပ်သိမ်းထဲရှိ သက်ရှိတ္တဝါများနှင့် စာတန်ဖောက်ပြန်ပျက်စီးစေသော လူသားမျိုးနွယ်သည် အလားတူ ကံကြမ္မာကို ရင်ဆိုင်ရပေမည်။ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ၎င်းတို့ ခံရပေမည်။ ဤအရာမှာ ဘုရားသခင် တွေ့မြင်ရန် မျှော်လင့်သည့် အရာတစ်ခု မဟုတ်။ ထို့ကြောင့် ထိုသို့သော လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များစွာကို ကြာပြီး သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ အယူဝါဒ အတော်များများကိုသာ နားလည်သည့်တိုင် အရာခပ်သိမ်းအပေါ် ဆရာသခင်ဖြစ်သည့် တာဝန်ကို မယူနိုင်ပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို မရှုမြင်နိုင်သကဲ့သို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါက ၎င်းတို့သည် မသင့်တော်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံ မည်သည့်အရေးကိစ္စကိုမျှ သေချာပေါက် အပ်နှံလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ အပင်ပန်းခံ ဖန်ဆင်းထားသည့် အရာခပ်သိမ်းအား စာတန် ဖောက်ပြန်ပျက်စီးစေသည့် လူသားမျိုးနွယ်အားဖြင့် ဒုတိယအကြိမ် နတ္တိအဖြစ်သို့ ကွယ်ပျောက်ကာ ဖျက်ဆီးခံရသည်ကို မမြင်လိုသကဲ့သို့ အနှစ်ခြောက်ထောင်ကြာ သူ စီမံခန့်ခွဲခဲ့သည့် လူသားမျိုးနွယ်က ထိုသို့သော လူသားများလက်တွင် ဖျက်ဆီးခံရသည်ကိုလည်း သူမမြင်လိုပေ။ သူ မြင်လိုသည့် တစ်ခုတည်းသော အရာမှာ အရာခပ်သိမ်း၏ ဖွဲ့စည်းပုံစနစ်၊ ဘုရားသခင် မိန့်ကြားခဲ့သည့် ပညတ်ချက်များနှင့်အညီ ဆက်လက် ရှင်သန်လျက် ဘုရားသခင်၏ စောင့်ရှောက်မှု၊ ကွယ်ကာမှုနှင့် ဦးဆောင်မှုအောက်၊ သူ၏ ကယ်တင်ခြင်းကို ရရှိသည့် လူတစ်စု၏ ဘဏ္ဍာစိုးအရိုက်အရာအောက်တွင် သူ အပင်ပန်းခံထားသည့် ဖန်ဆင်းခြင်းနှင့်ဆိုင်သော အရာခပ်သိမ်းတို့၏ ဆက်လက်တည်ရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော ကြီးလေးသည့် တာဝန်ကို ယူနိုင်သည့်သူများမှာ မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ အမျိုးအစားတစ်မျိုးသာရှိပြီး ထိုအမျိုးအစားမှာ ငါပြောသည့်သူများ၊ သမ္မာတရားကို လိုက်စားသည့်သူများ၊ ခရေစေ့တွင်းကျ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ၊ သမ္မာတရားအား မိမိတို့၏ စံအဖြစ်ရှိလျက် လူများနှင့် အမှုအရာများကို ရှုမြင်နိုင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်နိုင်သည့် လူစားမျိုးများ ဖြစ်သည်။ ထိုသို့သော လူများသည် ယုံကြည်ကိုးစားထိုက်၏။ ၎င်းတို့၏ တည်ရှိခြင်း နည်းလမ်းသည် စာတန် ဖောက်ပြန်ပျက်စီးစေပြီးသည့် လူသားမျိုးနွယ်၏ နည်းလမ်းများမှ လုံးဝ လွတ်လာပြီးဖြစ်သည်။ ၎င်းတို့ လိုက်စားမှု၏ ရည်မှန်းချက်နှင့် နည်းလမ်းတွင် လူများနှင့် အမှုအရာများအပေါ် ၎င်းတို့ အမြင်များနှင့် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များတွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် အပြည့်အဝ ကိုက်ညီနိုင်ကြပြီး သမ္မာတရားကို မိမိတို့၏ စံအဖြစ် အပြည့်အဝ သဘောထားနိုင်ကြသည်။ ထိုသို့သော လူများသည် ဆက်လက် အသက်ရှင်ရန် အမှန်တကယ် သင့်တော်သူများနှင့် အရာခပ်သိမ်းကို ဘုရားသခင်က ၎င်းတို့လက်ထဲ လွှဲပေးရန် သင့်တော်သူများဖြစ်သည်။ ဘုရားသခင်၏ စေခိုင်းချက်အဖြစ် အလွန် ကြီးလေးသည့် တာဝန်ကို သယ်ဆောင်နိုင်သူများမှာ ဤလူများ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရား မလိုက်စားသည့် လူစားမျိုးထံ အရာခပ်သိမ်းကို အသေအချာ လွှဲပေးလိမ့်မည် မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို နားမထောင်သူများထံ အရာခပ်သိမ်းကို သူ သေသေချာချာ လွှဲပေးလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သောလူများကို မည်သည့် အလုပ်တာဝန်မျှ သူ သေသေချာချာ အပ်နှံမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ စေခိုင်းချက် မပြောနှင့် မိမိတို့တာဝန်များကိုပင် ကောင်းစွာ မထမ်းဆောင်နိုင်ကြချေ။ ဘုရားသခင်က ၎င်းတို့ထံ အရာခပ်သိမ်းကို အပ်နှံမည်ဆိုပါက ၎င်းတို့အနေဖြင့် သစ္စာစောင့်သိမှု လုံးဝ ရှိမည်မဟုတ်သကဲ့သို့ သူ၏ နှုတ်ကပတ်တော်အတိုင်းလည်း ပြုမူကြမည် မဟုတ်ပေ။ ပျော်ရွှင်သည့်အခါ အလုပ်အနည်းငယ်လုပ်ပြီး မပျော်ရွှင်သည့်အခါ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းကို သွားလုပ်ကြမည်ဖြစ်သည်။ မကြာခဏ ၎င်းတို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို သစ္စာစောင့်သိမှု တစ်ခုမျှမရှိဘဲ ပေါ့တန်ကာ စိတ်တထင့်ထင့်ဖြစ်ရပြီး စိတ်နှလုံးတွင် မည်သည့်အရာ လုပ်ရမည်မသိ ဖြစ်ကြပေမည်။ ထိုသို့သောလူများသည် အသေအချာပင် ဘုရားသခင် အလိုရှိသောသူများ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်ကို သင် နားလည်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ချို့တဲ့ခြင်းများအပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က မည်သည့် လမ်းကြောင်း လျှောက်သင့်သည်ကို သိပါက သမ္မာတရားကို လိုက်စားခြင်းအားဖြင့် သင် အစပြုသင့်၏။ ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး သမ္မာတရားကို သင်၏ စံအဖြစ်ထားရှိလျက်၊ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်၍ ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် ဦးတည်ချက်ဖြင့် အစပြုလော့။ သင့်ကိုယ်သင် ဤရည်မှန်းချက်၊ ဤဦးတည်ချက်နှင့် ကိုက်ညီစေလော့။ ပြီးလျှင် အနှေးနှင့်အမြန်ဆိုသလို ဘုရားသခင်က သင်၏ အသုံးခံမှုများနှင့် ပေးဆပ်မှုကို သတိရကာ လက်ခံသည့် နေ့ရက်ရောက်လာလိမ့်မည်။ ထို့နောက်တွင် သင်၏ အသက်ရှင်သန်ခြင်းတွင် တန်ဖိုးရှိလိမ့်မည်။ ဘုရားသခင်က သင့်ကို လက်ခံလိမ့်မည်ဖြစ်ပြီး သင်သည် သာမန်လူတစ်ဦး ဖြစ်တော့မည်မဟုတ်။ နောဧက သင်္ဘောကို ဆောက်လုပ်ရာတွင် မဆုတ်မနစ် ကြိုးပမ်းလုပ်ဆောင်သလောက် သင့်ကို လုပ်ဆောင်ရန် စေခိုင်းမထားသော်လည်း အနည်းဆုံးအနေဖြင့် ဤတစ်သက်တာအတွက် သင် မဆုတ်မနစ် ကြိုးပမ်းရမည်။ သင်သည် အနှစ်တစ်ရာနှင့် နှစ်ဆယ် အသက်ရှင်လိမ့်မည်လော။ မည်သူမျှမသိသော်လည်း၊ ယင်းမှာ ခေတ်သစ် လူသားမျိုးနွယ်၏ သက်တမ်းမဟုတ်ဟု ပြော၍ရပေသည်။ ယခု သမ္မာတရားကို လိုက်စားခြင်းသည် သင်္ဘောဆောက်ခြင်းထက် များစွာ သာ၍ လွယ်ကူသည်။ သင်္ဘောဆောင်ရန် ခက်ခဲလိုက်မည့်ဖြစ်ခြင်းဖြစ်ပြီး ထိုအချိန်က ခေတ်သစ် ကိရိယာများ မရှိခဲ့ချေ။ အခြားဟုတ်ရိုးလော၊ မသင့်လျော်သော ပတ်ဝန်းကျင်တစ်ခုတွင် လူသားခွန်အားဖြင့် လုံးဝ လုပ်ဆောင်ခဲ့ရပေသည်။ ကူညီမည့်သူ အနည်းငယ်ဖြင့် အချိန်အတော်ကြာ ယူခဲ့ရသည်။ သင်္ဘောဆောက်ခြင်းထက် ယခုတွင် သမ္မာတရားကို လိုက်စားရန် သင့်တို့အတွက် များစွာ သာ၍ လွယ်ကူပေသည်။ သမ္မာတရားကို လိုက်စားခြင်းနှင့် ပတ်သက်သရွေ့ သင်၏ အတိုင်းအတာ ကြီးမားသည့် ပတ်ဝန်းကျင်နှင့် သင့်ဘဝ၏ အတိုင်းအတာ နည်းပါးသည့် သတ်မှတ်ချက်များက သင်တို့ကို ထိုမျှ အရေးသာစေပြီး ထိုမျှ အဆင်ပြေစေလေသည်။

“လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း” နှင့်ပတ်သက်သည့် ယနေ့ မိတ်သဟာယသည် အကြောင်းအရာ၏ သွင်ပြင်လက္ခဏာနှစ်ခုကို ခြုံငုံပြီးဖြစ်သည်။ တစ်ခုမှာ ဘုရားသခင်၏ ရှုထောင့်အမြင်မှ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၊ သူ၏ အလိုဆန္ဒများနှင့် သူ၏ တမ်းတမှုအကြောင်း ရိုးရှင်းသည့် မိတ်သဟာယဖြစ်သည်။ အခြားတစ်ခုမှာ လူတို့ကိုယ်တိုင်၌ ရှိသည့် ပြဿနာများအပေါ် ၎င်းတို့ ကိုယ်ပိုင် ရှုထောင့်အမြင်မှ စိစစ်မှုတစ်ခု ဖြစ်သည်၊ ယင်းက သမ္မာတရား လိုက်စားခြင်း၏ လိုအပ်ချက်နှင့် အရေးပါမှုကို ရှင်းပြရန် အသုံးတော်ခံ၏။ ထိုရှုထောင်များအနက် တစ်ခုခုအရ သမ္မာတရား လိုက်စားခြင်းသည် လူအတွက် အဆုံးစွန် အရေးကြီးပြီး အလွန်အရေးပါသည့် အဆောတလျင် ဆောင်ရွက်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ မည်သည့် ရှုထောင့်မှမဆို မြင်ရသည့်အတိုင်း သမ္မာတရား လိုက်စားခြင်းသည် ဘုရားသခင်၏ နောက်လိုက်တိုင်း၊ ဘဝတွင် သူ၏ နှုတ်ကပတ်တော်ကို ကြားပြီးသည့်သူတိုင်း ရွေးချယ်သင့်သည့် လမ်းကြောင်းနှင့် ရည်မှန်းချက်ဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းကို စိတ်ကူးယဉ်၊ သို့မဟုတ် ဆန္ဒတစ်မျိုးကဲ့သို့ မယူဆသင့်သကဲ့သို့ ထိုအရာနှင့်ပတ်သက်သည့် အဆိုများကို ဝိညာဉ်ရေးရာ စိတ်ဖြေသိမ့်မှုတစ်မျိုးအဖြစ်လည်း သဘောမထားသင့်ပေ။ ထိုထက် အကြင်သူသည် မိမိတို့ဘဝ၏ ရည်မှန်းချက်များနှင့် မိမိတို့ တည်ရှိခြင်း ပုံစံ ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင် ပြောဆိုသည့် စကားများနှင့် လူအတွက် သူ၏ သတ်မှတ်ချက်များကို ယူပြီး တကယ့်ဘဝတွင် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုအတွက် စည်းမျဉ်းများနှင့် အခြေခံအကြောင်းရင်းအဖြစ်သို့ အတော်ကို လက်တွေ့ကျစွာ ပြောင်းလဲစေရမည်။ ယင်းက အကြင်သူ၏ ဘဝကိုလည်း သာ၍ အကျိုးရှိစေသည်မှာ အမှန်ဖြစ်၏။ ဤသို့ဖြင့် သမ္မာတရားကို သင် လိုက်စားသည်နှင့်အမျှ သာ၍ သေးငယ်သည့် အတိုင်းအတာအားဖြင့် သင် လျှောက်သည့် လမ်းနှင့် သင်၏ ရွေးချယ်မှုတို့ မှန်ကန်လိမ့်မည်။ ကြီးမားသည့် အတိုင်းအတာအားဖြင့် သင်သည် သမ္မာတရားကို လိုက်စားသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နောက်ဆုံးတွင် သင် ခါချလိမ့်မည်ဖြစ်ပြီး ကယ်တင်ခံရလိမ့်မည်။ ကယ်တင်ခံရမည့်သူများသည် ဘုရားသခင် မြင်သည့်အတိုင်း သူ၏ မျက်ဆန်များ၊ သို့မဟုတ် သူ့လက်၌ရှိသော ရတနာများသာဖြစ်ပြီး သူ့နိုင်ငံတော်၏ အဓိက အစိတ်အပိုင်းများထက် နိမ့်ကျ၍သာ ရှိနေကြဆဲ ဖြစ်သည်။ အနာဂတ် လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်သည့် သင့်ထံသို့ ရောက်လာမည့် ကောင်းချီးသည် ဧကန်အမှန် ကြီးမားသည်။ ယခင်က မမြင်ဖူးသေးသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါတွင်မျှ မြင်ရမည်မဟုတ်သည့် ကောင်းချီးအမျိုးအစားတစ်ခု ဖြစ်သည်။ ကောင်းမြတ်သည့်အရာများသည် သင်၏ စိတ်က ကြံဆမရနိုင်သည့် နည်းလမ်းတစ်ခုဖြင့် သင့်ထံ တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မည်။ မည်သို့ဆိုစေ ယခု ဦးစွာပထမ လုပ်ဆောင်ရမည့်အရာမှာ သမ္မာတရားကို လိုက်စားခြင်း ရည်မှန်းချက်ကို ထူထောင်ရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို ထူထောင်ခြင်းသည် သင်၏ ဝိညာဉ်ရေးရာ နယ်ပယ် အနှစ်သာရမဲ့ခြင်းကို ဖြေရှင်းရန် မရည်ရွယ်သကဲ့သို့ သင့်စိတ်နှလုံး အတွင်းကျဆုံးနေရာရှိ အလိုဆန္ဒချုပ်တည်းမှုနှင့် နာကြည်းမှု၊ သို့မဟုတ် မသေချာမှုနှင့် စိတ်ရှုပ်ထွေးခြင်းတို့ကို ဖြေရှင်းရန်လည်း မရွည်ရွယ်ပေ။ ယင်းမှာ ထိုအရာအတွက် မဟုတ်။ ထိုအစား အကြင်သူ ကျင့်ကြံပြုမူကာ လုပ်ဆောင်နိုင်သည့် စစ်မှန်ကာ ရိုးသားသော ရည်မှန်းချက်တစ်ခုအဖြစ် အသုံးတော်ခံရန် ရည်ရွယ်ပေသည်။ ထိုမျှ ရိုးရှင်းပေသည်။ ရိုးရှင်းသည်ဟု သင်တို့ မထင်သလော။ ထိုသို့ သင်တို့ မပြောဝံ့သော်လည်း အမှန်တရားမှာ ထိုအရာက အတော်ရိုးရှင်းပေသည်။ ယင်းက လူတစ်ဦးသည် သမ္မာတရား လိုက်စားရန် သန္နိဋ္ဌာန်ရှိမရှိဟူ၍ ရိုးရိုးလေးဖြစ်သည်။ သင်သည် အမှန်ပင် သန္နိဋ္ဌာန်ရှိပါက တိကျသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမရှိသော သမ္မာတရားမှာ အဘယ်နည်း။ အားလုံး လမ်းကြောင်းများ ရှိကြသည် မဟုတ်လော။ (ရှိပါသည်။) မည်သည့် နယ်ပယ်တွင်မဆို သမ္မာတရား လက်တွေ့လုပ်ဆောင်မှုအတွက် တိကျသည့် အခြေခံတစ်ခုရှိရန်နှင့် အမှုတော်ရှိ မည်သည့် စီမံကိန်းမဆိုအတွက် တိကျသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများရှိရန်ဖြစ်သည့် ဤရည်မှန်းချက်သည် အမှန်တကယ် သန္နိဋ္ဌာန်ရှိသောသူများက စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ အချို့က “ပြဿနာများကို ကြုံရသည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိသေးပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းမှာ ရှာဖွေရန် သင်ပျက်ကွက်သောကြောင့် ဖြစ်သည်။ သင် ရှာဖွေခဲ့လျှင် လမ်းကြောင်းတစ်ခု ရှိပေမည်။ ဆိုရိုးတစ်ခု ရှိသည် မဟုတ်လော။ “ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်” (ရှင်မဿဲခရစ်ဝင် ၇:၇) ဟူ၍ ဖြစ်သည်။ သင်တို့ ရှာပြီးပြီလော။ တံခါးခေါက်ပြီးပြီလော။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည်နှင့်အမျှ သမ္မာတရားကို သင်တို့ ချင့်ချိန်စဉ်းစားပြီးပြီလော။ ထိုချင့်ချိန်စဉ်းစားမှုတွင် သင်အားထုတ်ပါက အားလုံးကို နားလည်နိုင်လိမ့်မည်။ သမ္မာတရားအားလုံး ဘုရားနှုတ်ကပတ်တော်တွင် ရှိသည်။ ထိုအရာကို သင် ဖတ်ပြီး ချင့်ချိန်စဉ်းစားရန်သာ လိုအပ်သည်။ အလဟဿမနေနှင့်။ လေးလေးနက်နက် အာရုံစိုက်လော့။ သင်ကိုယ်တိုင် မဖြေရှင်းနိုင်သည့် ပြဿနာများနှင့် ပတ်သက်၍ ဘုရားသခင်ထံ သင် ဆုတောင်းရမည်ဖြစ်ပြီး အတန်ကြာ သမ္မာတရားကို ရှာဖွေရန် လိုအပ်လိမ့်မည်ဖြစ်ကာ တစ်ခါတစ်ရံ သင်သည် စိတ်ရှည်ကာ ဘုရားသခင်ကို သူ၏အချိန်အားလျော်စွာ စောင့်ဆိုင်းရန် လိုအပ်သည်။ သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဘုရား စီစဉ်ပေးပြီး ထိုပတ်ဝန်းကျင်ထဲတွင် အရာအားလုံးကို သူ ထုတ်ဖော်ပြကာ သင်၏ စိတ်နှလုံးကို ရှင်းလင်းပြတ်သားမှု ဆောင်ကြဉ်းလျက် သူ၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သင့်အတွက် ဉာဏ်အလင်းပေးပြီး သင်သည် လက်တွေ့လုပ်ဆောင်မှုအတွက် တိကျသော စည်းမျဉ်းများရှိပါက ထိုသို့ဖြင့် သင်သည် သိနားလည်ပြီးဖြစ်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သမ္မာတရား လိုက်စားခြင်းသည် ထိုသို့သော စိတ်ကူးသက်သက်ဖြစ်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ အလွန်လည်း မခက်ခဲပေ။ သင်၏ နေ့စဉ်ဘဝမှဖြစ်စေ၊ သင်၏ တာဝန်မှဖြစ်စေ၊ အခြားသူများနှင့် သင်၏ ဆက်ဆံမှုများမှဖြစ်စေ မည်သည့်ရှုထောင့်မဆိုမှ မြင်ရသည့်အတိုင်း သင်သည် လက်တွေ့လုပ်ဆောင်မှုအတွက် ဦးတည်ချက်နှင့် စံများကို ထောက်ပြရန် သမ္မာတရားကို ရှာကောင်းရှာနိုင်ပေသည်။ ယင်းမှာ လုံးဝ မခက်ခဲပေ။ တကယ်ကို ဘုရားနှုတ်ကပတ်တော်များစွာ ရှိပြီး အလွန်များသည့် တရားဒေသနာများကို သင် နားထောင်ကာ သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းနှင့်ပတ်သက်၍ အလွန်များသည့် မိတ်သဟာယရှိသောကြောင့် လူအတွက် ဘုရားသခင်ကို ယခုယုံကြည်ရန်မှာ အတိတ်ကာလထက် များစွာ သာ၍ လွယ်ကူပေသည်။ တစ်စုံတစ်ဦးသည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်ကာ အစွမ်းအစရှိပါက ၎င်းတို့ နားလည်နှင့်ပြီး ဖြစ်လိမ့်မည်။ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ပြီး ဆိုးရွားသည့် အစွမ်းအစရှိသူများသာ ဤအရာ၊ ထိုအရာကို ၎င်းတို့ နားမလည်ဟု အမြဲပြောပြီး အမှုအရာများကို လုံးဝ မရိပ်စားနိုင်သူများဖြစ်သည်။ ၎င်းတို့အပေါ်တစ်စုံတစ်ရာ ကျရောက်သည်နှင့် စိတ်ရှုပ်ထွေးသွားကြသည်။ သမ္မာတရားနှင့်ပတ်သက်သည့် မိတ်သဟာယက ထိုစိတ်ရှုပ်ထွေးမှုကို ရှင်းသွားစေသော်လည်း အတန်ငယ်ကြာပြီးနောက်တွင် ၎င်းတို့ တစ်ဖန် စိတ်ရှုပ်ထွေးကြပြန်သည်။ ဤသည်မှာ ၎င်းတို့က လောကတွင် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ မိမိတို့ နေ့ရက်ကာလများကို ကုန်ဆုံးစေကြသောကြောင့်သာ ဖြစ်သည်။ ၎င်းတို့သည် အလွန်ပျင်းရိ၍သာ ရှိကြပြီး မရှာဖွေကြချေ။ သင်သည် ဘုရားသခင်၏ ဆက်စပ်သော နှုတ်ကပတ်တော်များကို သာ၍ ရှာဖွေပြီး ဖတ်ရှုမည်ဆိုပါက ထိုနှုတ်ကပတ်တော်များအားလုံးက အလွယ်တကူ နားလည်ရသည့် ဘုံဘာသာစကားဖြင့် ရှိသည်နှင့်အမျှ အမှုအရာများသည် နားလည်ရလွယ်ကူလိမ့်မည်။ ထိုနှုတ်ကပတ်တော်များကို မည်သည့် သာမန်လူမဆိုက နားလည်နိုင်သည်၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုကို သက်သာစေနိုင်သည်။ ဤနှုတ်ကပတ်တော်များက အမှုအရာများစွာကို ရှင်းလင်းစွာဖော်ပြပြီး သင့်ကို အရာရာ ပြောပြသည်။ သမ္မာတရား လိုက်စားခြင်းကို အရေးကြီးကိစ္စတစ်ခုအဖြစ် သင် မမြင်ဘဲမနေပါက စိတ်နှလုံးတွင် သမ္မာတရား ရရှိရန် တောင့်တပြီး ထိုသမ္မာတရား လိုက်စားခြင်းကို ဘဝတွင် အရေးအကြီးဆုံးသော အရာအဖြစ် သဘောထားပါက သင့်ကို သမ္မာတရားအား သိနားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ မည်သည့်အရာကမျှ မဟန့်တားနိုင်၊ သို့မဟုတ် မထိန်းထားနိုင်ပေ။

သမ္မာတရားလိုက်စားခြင်းတွင် အရိုးရှင်းဆုံးသော ပညတ်ချက်မှာ သင်သည် ဘုရားသခင်ထံမှ လာသောအရာများကို နားလည်ကာ အရာခပ်သိမ်းတွင် ကျိုးနွံနာခံရမည်ဟူ၍ ဖြစ်သည်။ ယင်းမှာ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ အခြားသော အစိတ်အပိုင်းမှာ သင်၏ တာဝန်၊ သင်လုပ်ဆောင်ရမည့်အရာနှင့်ပတ်သက်သည်။ ထို့ထက်သာ၍ ကြီးမားသည်မှာ ဘုရားသခင် ပေးထားသည့် စေခိုင်းချက်၊ သင်၏ တာဝန်အပြင်၊ သင်၏ တာဝန်ပြင်ပတွင်ရှိသော်လည်း သင် လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အလုပ်၊ သင့်အတွက် စီစဉ်ထားပြီး လုပ်ဆောင်ရန် သင့်ကို အမည်နှင့်တကွ စေခိုင်းထားသည့် အလုပ်နှင့် ပတ်သက်သည်။ မည်ရွေ့မည်မျှ ခက်ခဲနိုင်သည်ဖြစ်စေ သင်အဖိုးအခပေးသင့်သည်။ သင်သည် အပြည့်ဝဆုံး ဝါယမစိုက်ထုတ်ရန် လိုအပ်လျှင်ပင်၊ ညှဉ်းပန်းနှိပ်စက်မှု ပေါ်လာမည်ဆိုလျှင်ပင်၊ သင်၏ အသက်ကို အန္တရာယ်ရှိစေလျှင်ပင် သင်သည် အဖိုးအခကို တွန့်တိုရမည်မဟုတ်ဘဲ သင်၏ သစ္စာစောင့်သိမှုကို ပေးကာ သေသည်အထိ နာခံရမည်ဖြစ်သည်။ ဤသည်မှာ လက်တွေ့အရှိတရားတွင် ယင်း၏ တကယ့် အသုံးခံခြင်းနှင့် တကယ့် လက်တွေ့လုပ်ဆောင်မှုတွင် သမ္မာတရားလိုက်စားမှု ထင်ရှားပုံဖြစ်သည်။ ခက်ခဲပါသလော။ (မခက်ခဲပါ။) မခက်ခဲပါဟုဆိုသော လူများကို ငါ နှစ်သက်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရား လိုက်စားရန် တောင့်တသည့်၊ စိတ်ပိုင်းဖြတ်ထားပြီး သစ္စာရှိသည့် စိတ်နှလုံးများ ရှိကြသောကြောင့်ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများတွင် အလွန်အားရှိသောကြောင့် ၎င်းတို့အပေါ် ကျရောက်သည့် မည်သည့်အရာမျှ မခက်ခဲပေ။ သို့ရာတွင် လူတို့သည် ယုံကြည်စိတ်ချမှု ကင်းမဲ့ပါက၊ လူတို့ မကြာခဏ ပြောကြသည့်အတိုင်း မိမိတို့ကိုယ်ကို သံသယရှိပါက ၎င်းတို့အတွက် ဇာတ်သိမ်းပြီဖြစ်သည်။ လူတစ်ဦးသည် ရွှံ့ပုံတစ်ပုံကဲ့သို့ အသုံးမကျ၊ အကျိုးရှိသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မတက်ကြွဘဲ စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါးဖန်တီးခြင်းနှင့် ပတ်သက်လာသည့်အခါ အသက်ဝင်လာပါက၊ ပြီးလျှင် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ အပျက်သဘောဆောင်လာပြီး သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် ပတ်သက်လာသည့်အခါ တက်ကြွမှု အနည်းငယ်မျှမရှိဘဲ စိတ်ထက်သန်မှု ကင်းမဲ့ပါက ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်သော တစ်စုံတစ်ဦး ဖြစ်ကြသည်။ ကျေးဇူးတော်ခေတ်၊ သို့မဟုတ် ပညတ်တော်ခေတ်တွင် လူကို သမ္မာတရား လိုက်စားရန် တောင်းဆိုခဲ့ပါက ယင်းသည် ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ခုခု ဖြစ်ခဲ့ပေမည်။ ထိုစဉ်အချိန်က လူသားမျိုးနွယ်၏ အခြေအနေများသည် ကွဲပြားခြားနားခဲ့သကဲ့သို့ ၎င်းတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းများလည်း ကွဲပြားခြားနားခဲ့သောကြောင့် ထိုအရာမှာ လွယ်ကူခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် လွန်ခဲ့သည့် ခေတ်ကာလများတွင် နောဧ၊ အာဗြဟံ၊ ယောဘနှင့် ပေတရုတို့ကဲ့သို့ ထင်ရှားသော လူများမှလွဲ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး သူ့ကို ကျိုးနွံနာခံနိုင်စွမ်းရှိသည့် လူများစွာ မရှိခဲ့ပေ။ သို့ရာတွင် ဘုရားသခင်သည် ထိုနှစ်ခေတ်၏ လူများကို အပြစ်မတင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ကယ်တင်ခြင်း စံနှုန်းများအား မည်သို့ လက်လှမ်းမီရမည်ဆိုသည်ကို သူမပြောပြခဲ့သောကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလရှိ အမှုတော်၏ ဤအဆင့်တွင် ဘုရားသခင်သည် လူတို့အား ၎င်းတို့ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားများ၏ သွင်ပြင်လက္ခဏာတိုင်းကို ရှင်းလင်းစွာ ပြောပြ၏။ လူတို့သည် ထိုအရာများကို လက်တွေ့မလုပ်ဆောင်ကြသေးသကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပါက ယင်းမှာ ဘုရားသခင်၏ အပြစ် မဟုတ်ပေ။ သမ္မာတရားကို မချစ်သကဲ့သို့ ထိုသမ္မာတရားကို စိတ်ကုန်သည့် လူ၏ ပြဿနာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤသို့ သမ္မာတရားကို လိုက်စားသည့် အချိန်ကာလတွင် လူတို့အား သမ္မာတရားကို လိုက်စားစေရန်မှာ ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ခု မဟုတ်ပေ။ ၎င်းတို့ ဧကန်အမှန် တတ်စွမ်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အားလုံးက ထိုအရာကို အားပေးထောက်ပံ့သောကြောင့် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် လူတို့၏ အခြေအနေများနှင့် အခြေခံအုတ်မြစ်သည် သမ္မာတရား လိုက်စားရန် ၎င်းတို့အတွက် လုံလောက်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် အဆုံးတွင် သမ္မာတရားကို မရရှိနိုင်ပါက ယင်းမှာ ၎င်းတို့၏ ပြဿနာများ အလွန် ဆိုးရွားလွန်းသောကြောင့်သာ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ ခံစားရသည့် မည်သည့် အပြစ်ဒဏ်နှင့်မဆို၊ ၎င်းတို့ ရရှိသည့် မည်သည့်ရလဒ်နှင့်မဆို၊ ၎င်းတို့ သေဆုံးရသည့် မည်သည့် သေခြင်းနှင့်မဆို ထိုက်တန်သည်။ ၎င်းတို့သည် သနားကရုဏာနှင့် မတန်ပေ။ ဘုရားသခင်အဖို့ လူတို့အတွက် သနားခြင်း၊ သို့မဟုတ် ကရုဏာကဲ့သို့သော ဝေါဟာရများ မရှိ။ လူသားအပေါ် သူ၏ သတ်မှတ်ချက်များ၊ သူ၏ စိတ်သဘောထားများနှင့် သူသတ်မှတ်သည့် အမိန့်နှင့် စည်းမျဉ်းများကို အခြေခံ၍ တစ်စုံတစ်ဦး ရှိသင့်သည့် ရလဒ်ကို သူ ဆုံးဖြတ်သည်။ သတ်မှတ်ထားသည့် စွမ်းဆောင်ရည်သည် သတ်မှတ်ထားသည့် ရလဒ်ကို ဖြစ်ထွန်းစေ၏၊ လူတစ်ဦး၏ လက်ရှိဘဝနှင့် နောင်ဘဝကို ထိုသို့ ဆုံးဖြတ်ပေသည်။ ထိုမျှ ရိုးရှင်းပေသည်။ အဆုံးတွင် မည်မျှ ရှင်ကျန်မည်၊ သို့မဟုတ် မည်မျှ အပြစ်ပေးခံရလိမ့်မည်ဆိုသည်မှာ အရေးမကြီးပေ။ ဘုရားသခင်သည် ထိုအရာကို အရေးမစိုက်ပေ။ ဤစကားများတွင် မည်သည့်အရာကို သင်တို့ နားလည်ပြီနည်း။ ထိုစကားများက မည်သည့် သတင်းအချက်အလက်ကို သင်တို့ထံ ပေးပို့သနည်း။ သင်တို့ သိကြသလော။ အဖြေပေးရလောက်အောင် သင်တို့ တော်ပြီး ကြံရည်ဖန်ရည် ရှိမရှိဆိုသည်ကို ငါကြည့်မည်။ သင်တို့ မဖြေနိုင်ပါက သင်တို့ကို စကားတစ်ခွန်းဖြင့် ငါ တန်ဖိုးဖြတ်မည်။ ထုံအသည်ဟူ၍ ဖြစ်သည်။ သင်တို့ ထုံအသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ သင်တို့ကို ငါ ပြောမည်။ လူမည်မျှက ရှင်ကျန်လိမ့်မည်၊ သို့မဟုတ် မည်မျှက အဆုံးတွင် ပျက်စီးခြင်းနှင့် အပြစ်ဒဏ်ကို ကြုံရမည်ဆိုသည်ကို ဘုရားသခင် ဂရုမစိုက်ဟု ငါ ပြောခဲ့သည်။ ဤအရာက မည်သည့်အရာကို သင်တို့အား ပြောပြသနည်း။ ဘုရားသခင်သည် လူအရေအတွက် တစ်စုံအား ကြိုတင်စီမံထားခြင်း မရှိကြောင်း သင်တို့ကို ပြောပြပေသည်။ ထိုအရာအတွက် သင် ကြိုးပမ်းနိုင်သော်လည်း သင်ဖြစ်စေ၊ အခြားသူဖြစ်စေ၊ သို့မဟုတ် အဖွဲ့တစ်ခုတလေဖြစ်စေ နောက်ဆုံးတွင် ရှင်ကျန်သည့်၊ သို့မဟုတ် အပြစ်ပေးခံရသည့် မည်သူမဆိုသည် ဘုရားသခင် သတ်မှတ်နှင့်ပြီးဖြစ်သည့် လူဦးရေစစ်ခြင်းနှင့် မဆိုင်ပေ။ ဘုရားသခင် ယခု သူ လုပ်ဆောင်သကဲ့သို့ အမှုပြုကာ စကားပြောသည်။ လူတိုင်းကို မျှတစွာ သူ ဆက်ဆံပြီး လူတိုင်းကို လုံလောက်သော အခွင့်အရေးပေးသည်။ သူသည် သင့်ကို လုံလောက်သော အခွင့်အရေး၊ လုံလောက်သော ကျေးဇူးတော်၊ လုံလောက်သော သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်၊ သူ၏ သနားကရုဏာနှင့် သည်းခံခြင်း အတိုင်းအတာတစ်ခုကို ပေး၏။ သူသည် လူတိုင်းအတွက် မျှတသည်။ သင်သည် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားသခင်နောက်လိုက်ခြင်း လမ်းကြောင်းပေါ်တွင်ရှိကာ သမ္မာတရားကို လက်ခံနိုင်ပါက အခက်အခဲ မည်မျှ သင်သည်းညည်းခံရသည်ဖြစ်စေ၊ စိန်ခေါ်မှုများ မည်မျှ သင်ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခြင်းခံရပါက သင်ကယ်တင်ခံရလိမ့်မည်။ ဘုရားသခင်အတွက် သင်သက်သေခံနိုင်ပြီး ထိုက်တန်သော အဖန်ဆင်းခံတစ်ဦး၊ အရာခပ်သိမ်းအပေါ် ထိုက်တန်သော ဆရာတစ်ဆူဖြစ်လာပါက သင် အသက်ရှင်လိမ့်မည်။ သင် အသက်ရှင်ကျန်ပါက သင့်ထံတွင် ကောင်းမွန်သည့် ကုသိုလ်ကံတစ်ခု ရှိသောကြောင့် ဖြစ်မည်မဟုတ်။ ထို့ထက် သင်၏ ကိုယ်ပိုင် အသုံးခံခြင်းများ၊ အားထုတ်မှုများနှင့် သင်၏ ကိုယ်ပိုင် လိုက်စားမှုကြောင့် ဖြစ်လိမ့်မည်။ ထိုအရာမှာ သင် ထိုက်တန်ပြီး အခွင့်ရှိသည့်အရာ ဖြစ်လိမ့်မည်။ သင့်ကို အခြား အပိုမည်သည့်အရာမျှ ဘုရားသခင်ပေးဖို့ လိုအပ်မည်မဟုတ်။ ဘုရားသခင်သည် သင့်ကို အပိုဆောင် လမ်းပြမှုနှင့် လေ့ကျင့်မှုကို မပေးပေ။ သင့်ကို အပိုဆောင်း စကားများ သူ မပြော၊ သို့မဟုတ် အထူးမျက်နှာသာ မပေး။ ဤအရာများကို သူ မလုပ်ဆောင်ပေ။ သဘာဝတွင် ဖြစ်သည့်အတိုင်းပင် ထိုအရာမှာ အသင့်လျော်ဆုံးသူ၏ ရှင်ကျန်ခြင်း ဖြစ်သည်။ ဘုရားသခင် သတ်မှတ်ထားသည့် အစီအစဉ်နှင့် စည်းမျဉ်းများအတိုင်း တိရစ္ဆာန်အသီးသီးသည် မည်သည့် အရေအတွက်ဖြင့် ၎င်းတို့ မွေးဖွားပြီး သေဆုံးသည်ဖြစ်စေ မိမိ၏ သားပေါက်များကို မွေးကြသည်။ ရှင်ကျန်နိုင်သော အကောင်များက ရှင်ကျန်ကြပြီး မရှင်နိုင်သူများ သေဆုံးကာ ထို့နောက်တွင် အသစ်မွေးဖွားကြသည်။ ထို့နောက်တွင် ၎င်းတို့ မည်မျှရှင်ကျန်နိုင်သည်ဖြစ်စေ ယင်းမှာ များစွာသောအကောင်များ ဖြစ်သည့်ပုံစံဖြစ်သည်။ မကောင်းသည့် နှစ်ကာလတစ်ခုတွင် တစ်ကောင်တစ်လေမျှ မရှင်ကျန်ပေ။ ကောင်းမွန်သည့် နှစ်ကာလတစ်ခုတွင် ပို၍များသောအကောင်များ ရှင်ကျန်ကြသည်။ အဆုံးတွင် အရာခပ်သိမ်းက ဟန်ချက်တစ်ခုကို ထိန်းသိမ်းကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို မည်သို့ ဆက်ဆံသနည်း။ ဘုရားသခင်၏ သဘောထားသည် အတူတူပင်ဖြစ်၏။ ထိုသို့ဖြင့် သူသည် လူတိုင်းကို မိမိတို့၏ အခွင့်အရေးကို မျှတစွာပေးပြီး ထိုသို့ဖြင့် လူတိုင်းကို လူသိရှင်ကြား စကားပြောကာ အစားမထိုးပေ။ သူသည် လူတိုင်းကို သနားကရုဏာထားပြီး လူတိုင်းကို မြှင့်တင်သည်။ လူတိုင်းကို ဦးဆောင်ကာ ကြည့်ရှုစောင့်ရှောက်ပြီး ကွယ်ကာသည်။ အဆုံးတွင် သင်သည် သမ္မာတရားကို လိုက်စားခြင်းအားဖြင့် ရှင်ကျန်ကာ ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းများကို ပြည့်မီပါက အောင်မြင်ပြီး ဖြစ်လိမ့်မည်။ သို့သော် သင့်ကိုယ်သင် ကံအကြောင်းမလှဟု တွေးလျက် သင်၏ နေ့ရက်ကာလများကို နားဝေတိမ်တောင်ဖြစ်စွာ အမြဲ ကုန်ဆုံးနေပါက မည်သည့်အရာကို လုပ်ဆောင်ရမည်မသိဘဲလျက် သမ္မာတရားကို လိုက်စားခြင်း၊ သို့မဟုတ် မှန်သော လမ်းခရီးကို လျှောက်လှမ်းခြင်းမရှိဘဲ သင့်ခံစားချက်များဖြင့် အမြဲ အသက်ရှင်ရင်း အမြဲတစေ မရဲဘဲ ကျွဲပြဲစီးလေ့ရှိပါက အဆုံးတွင် မည်သည့်အရာမျှ သင် ရရှိလိမ့်မည်မဟုတ်။ သင်သည် သင့်အထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် အမှုကို လျစ်လျူရှုလျက် သင့်ကို သူ ဦးဆောင်သည်ကို၊ သို့မဟုတ် သင့်ကို အခွင့်အရေးများ၊ ပဲ့ပြင်ဆုံးမမှု၊ အသိဉာဏ်ပွင့်လင်းခြင်းနှင့် ထောက်ပံ့မှုတို့ ပေးသည်ကို အနည်းငယ်မျှ အရေးမထားဘဲ သင်၏ နေ့ရက်ကာလများကို အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားရန် အမြဲ ဆန္ဒရှိပါက သင်သည် ခံစားချက်မဲ့သည့် မိုက်မဲသူဖြစ်ကြောင်း သူမြင်လိမ့်မည်ဖြစ်ပြီး သင့်ကို သူ လျစ်လျူရှုလိမ့်မည်။ သမ္မာတရားကို သင် လိုက်စားသည့်နေ့တွင် ဘုရားသခင်သည် သင့်အပေါ် အမှုပြုလိမ့်မည်။ သင်၏ ပြစ်မှားမှုများကို သူမအောက်မေ့ပေ။ သမ္မာတရားကို သင် မလိုက်စားပါက ဘုရားသခင်သည် သင့်ကို အတင်းအဓမ္မလုပ်မည်မဟုတ်၊ သို့မဟုတ် တရွတ်တိုက် ဆွဲခေါ်သွားမည်မဟုတ်။ သင်လိုက်စားပါက အကျိုးရရှိလိမ့်မည်။ မလိုက်စားပါက ရမည်မဟုတ်။ လူတို့သည် မိမိတို့ နှစ်သက်သည့်အတိုင်း သမ္မာတရားကို လိုက်စားနိုင်သည်၊ သို့မဟုတ် မလိုက်စားလည်း ရပေသည်။ ဆုံးဖြတ်ရန်မှာ သူတို့ကိစ္စဖြစ်သည်။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သို့ ရောက်လာသည့်အခါ သူသည် သင်၏ အဖြေစာရွက်ကို တောင်းလိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ စံနှုန်းများဖြင့် သင့်ကို တိုင်းတာလိမ့်မည်။ သင်သည် သက်သေခံချက် လုံးဝ မရှိပါက ဖယ်ရှားခံရမည်။ ရှင်ကျန်နိုင်မည်မဟုတ်။ သင်က “ကျွန်ုပ်သည် တာဝန်များစွာ ထမ်းဆောင်ကာ အလွန်များသည့် အစေခံမှုကို ပြုပြီးဖြစ်သည်။ များစွာ အသုံးခံခဲ့ကာ များစွာ ပေးဆပ်ပြီးဖြစ်သည်”ဟု ဆိုလိမ့်မည်။ ဘုရားသခင်က “သို့သော် သမ္မာတရားကို သင်လိုက်စားခဲ့သလော”ဟု ပြောလိမ့်မည်။ သင်သည် ထိုအရာကို အချိန်ယူစဉ်စားပြီး ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည် အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ သို့မဟုတ် ငါးဆယ်အတွင်းတွင် သမ္မာတရားကို သင်မလိုက်စားခဲ့သည့်ပုံ ပေါ်လိမ့်မည်။ ဘုရားသခင်က “သင်ကိုယ်တိုင်က သမ္မာတရားကို မလိုက်စားခဲ့ကြောင်း ပြောသည်။ သို့ဆိုလျှင် သင် ထွက်သွားလော့။ သင်နှစ်သက်သည့်နေရာသို့ သွားလော့”ဟု ပြောလိမ့်မည်။ သင်က “သူကယ်သင့်သည်ထက် လူတစ်ဦး လျှော့ကယ်သည်ကို၊ အရာခပ်သိမ်းအပေါ် ဆရာသခင်တစ်ဦး လျော့နည်းသွားသည်ကို ဘုရားသခင်က ဝမ်းနည်းစရာတစ်ခုအဖြစ် မစဉ်းစားပါသလား”ဟု သင် ပြောလိမ့်မည်။ ဤအချိန်တွင် ဘုရားသခင်က သနားကရုဏာ ရှိဦးမည်လော။ ဘုရားသခင်သည် အချိန်ကြာသင့်သလောက် ကြာအောင် စိတ်ရှည်ပြီးဖြစ်သည်။ သူသည် ကြာသင့်သလောက်ကြာအောင် စောင့်ဆိုင်းပြီးဖြစ်သည်။ သင့်အတွက် သူ၏ မျှော်လင့်ချက်များသည် ကုန်ဆုံးပြီး ဖြစ်လိမ့်မည်။ သူသည် သင့်အပေါ် ထားရှိသည့် သူ၏မျှော်လင့်ချက် ဆုံးရှုံးပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင့်ကို အလေးထားတော့မည် မဟုတ်။ သင့်အတွက် သူ မျက်ရည်တစ်စက်မျှ ကျမည်မဟုတ်၊ သို့မဟုတ် သင့်အကျိုးအတွက် နောက်ထပ် မည်သည့် နာကျင်မှု၊ ဆင်းရဲဒုက္ခမျှ သူ ခံစားမည်မဟုတ်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော အရာခပ်သိမ်း၏ အဆုံးသတ်သည် အဟန့်အတားမဲ့စွာ ပြီးဆုံးကာ ဘုရားသခင်၏ အမှုတော်သည် အဆုံးသို့ ရောက်လိမ့်မည်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲခြင်း အစီအစဉ် အဆုံးသတ်လာလိမ့်မည်ဖြစ်၍ သူအနားယူလိမ့်မည်။ ဘုရားသခင်သည် မည်သူအတွက်မျှ ပျော်ရွှင်လိမ့်မည်မဟုတ်သကဲ့သို့ မည်သူအတွက်မျှ နာကျင်ခံစားလိမ့်မည်မဟုတ်၊ သို့မဟုတ် မျက်ရည်ကျ၊ ငိုကြွေးလိမ့်မည် မဟုတ်။ လူတစ်ဦးတလေ ရှင်ကျန်သည်ကို၊ သို့မဟုတ် လူတစ်ဦးတလေက အရာခပ်သိမ်းအပေါ် ဆရာတစ်ဆူဖြစ်လာနိုင်သည်ကို သူ ဝမ်းမြောက်၊ ဝမ်းသာဖြစ်လိမ့်မည် မဟုတ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် အချိန်များစွာ၊ အချိန်ကြာရှည်လွန်းစွာ ကုန်ဆုံးပြီးဖြစ်ကာ သူ အနားယူရန် လိုအပ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ထိုမျှဖြင့် အဆုံးသတ်လိုက်ရန် လိုအပ်ပြီး ယင်းကို မည်သို့မျှ အလေးဂရုပြုတော့မည် မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ စီစဉ်တော့မည်မဟုတ်၊ သို့မဟုတ် လူသားအပေါ် မည်သည့် စကားမျှ၊ မည်သည့်အမှုမျှ ပြုတော့မည် မဟုတ်ပေ။ သူသည် အနာဂတ်အမှုတော်နှင့် ရောက်လာမည့် နေ့ရက်များကို နောက်တစ်ခေတ်၏ ဆရာသခင်များကို လက်လွှဲပေးလိမ့်မည်။ သို့ဆိုလျှင် သင်တို့ကို ငါ ပြောနေသည့်အရာမှာ မည်သည့်အရာနည်း။ ယင်းမှာ ဤအရာဖြစ်၏။ အဆုံးတွင် လူမည်မျှ ကျန်ရှိနေလိမ့်မည်ဆိုသည်နှင့် မည်သူက ကျန်ရှိနေနိုင်လိမ့်မည်ဆိုသည်ကို ယခု သင်တို့ သိသည်နှင့်အမျှ ထိုအတွက် သင်တို့အယောက်တိုင်း ကြိုးပမ်းနိုင်ကြပြီး ထိုသို့ လုပ်ဆောင်ခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းမှာ သမ္မာတရားကို လိုက်စားခြင်းတည်း။ သင်၏ နေ့ရက်ကာလများကို မဖြုန်းနှင့်။ နားဝေတိမ်တောင် ဖြစ်ရန်မှာ အဆင်ပြေမည်မဟုတ်။ သင် ပေးဆပ်သည့် မည်သည့်အရာကိုမျှ ဘုရားသခင် မအောက်မေ့တော့သကဲ့သို့ သင် မည်သည့်လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ၊ သင်၏ အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကိုဖြစ်စေ၊ ဂရုမစိုက်တော့သည့် နေ့တစ်နေ့ ရောက်လာပါက ထိုနေ့တွင် သင်၏ အဆုံးသတ်ကို အမှန်တကယ် ချမှတ်ထားပေလိမ့်မည်။ ယခု သင် လုပ်ဆောင်ရမည့်အရာမှာ မည်သည့်အရာနည်း။ ဘုရားသခင်၏ စိတ်နှလုံးက လူသားမျိုးနွယ်အတွက် အားသွန်ခွန်စိုက် လုပ်နေဆဲဖြစ်စဉ်၊ လူသားမျိုးနွယ်အတွက် အစီအစဉ်များ ပြုလုပ်နေဆဲဖြစ်စဉ်၊ လူသား လူပ်ရှားမှုနှင့် အမူအရာတိုင်းအပေါ် ဘုရားသခင် ဝမ်းနည်းပြီး သောကရောက်နေသေးစဉ် ပစ္စုပ္ပန်ကာလကို သင် ကောင်းစွာ အသုံးပြုရမည်။ လူတို့သည် တတ်နိုင်သမျှ အမြန်ဆုံး မိမိတို့၏ ရွေးချယ်မှုကို ပြုရမည်။ သင်၏ လိုက်စားမှုနှင့်ဆိုင်သည့် ရည်မှန်းချက်နှင့် ဦးတည်ချက်ကို သတ်မှတ်လော့။ သင်၏ အစီအစဉ်များကို ပြုလုပ်ရန် ဘုရားသခင်၏ အနားယူသည့် နေ့ရက်ကာလများ ရောက်လာသည်အထိ မစောင့်ဆိုင်းနှင့်။ ထိုအချိန်ထိ သင်သည် စစ်မှန်သည့် မချိတင်ကဲဖြစ်ခြင်း၊ နောင်တ၊ ပူဆွေးမှုနှင့် ငိုမြည်တမ်းတခြင်းတို့ မခံစားပါက အားလုံး အလွန် နောက်ကျလာလိမ့်မည်။ မည်သူကမျှ သင့်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်သည်လည်း ကယ်တင်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အစီအစဉ် အမှန်တကယ် ပြီးဆုံးပြီး နောက်ဆုံး အမှတ်အသားကို သူ ပြုလုပ်ပြီးဖြစ်ကာ သူ၏ အစီအစဉ်နှင့် ပတ်သက်၍ ထိုမျှဖြင့် အဆုံးသတ်လိုက်သည့် အခိုက်အတန့်ဖြစ်သော အချိန်ကျရောက်လာသည်အခါ သူ အမှုပြုတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် အနားယူခြင်း လိုအပ်၏။ သူသည် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်မှ ပေါ်ပေါက်လာသည့် အသီးအပွင့်များကို အရသာခံပြီး သူ့အတွက် ကျန်ရှိသည့် လူသားများ၏ အရာခပ်သိမ်းအပေါ် ဘဏ္ဍာထိန်းအရိုက်အရာကို မွေ့လျော်ရန်လိုအပ်သည်။ ဘုရားသခင် မွေ့လျော်လိုသည့် အရာမှာ ကျန်ရှိသည့် လူသားများက သူ သတ်မှတ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းများအတိုင်း၊ သူ အလိုရှိသည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် သူ ဆန္ဒရှိသည့် မည်သည့်အရာကိုမျှ ချိုးဖောက်ခြင်းမရှိဘဲ အချိန်ရာသီများ၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အတွက် သူ ဖန်ဆင်းခဲ့သည့် ဖွဲ့စည်းပုံစနစ်နှင့်အညီ အတိအကျ အရာခပ်သိမ်းကို စီမံခန့်ခွဲနေသည့် မြင်ကွင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်းချမ်းသာကို မွေ့လျော်ခံစားလိုသည်။ လူသားမျိုးနွယ်နှင့် ပတ်သက်၍၊ သို့မဟုတ် ၎င်းတို့အတွက် အလုပ်နှင့်ပတ်သက်၍ နောက်ထပ် စိုးရိမ်ခြင်းမရှိဘဲ သူ၏ ကိုယ်စိတ်ချမ်းသာမှုကို သူ မွေ့လျော်ခံစားလိုသည်။ ဤအရာကို သင် နားလည်သလော။ (နားလည်ပါသည်။) ထိုနေ့ရက်သည် မကြာခင် ရောက်လာလိမ့်မည်။ အာဒံနှင့် ဧဝံတို့ အချိန်ကာလက လူသား အသက်ရှည်ခြင်းအကြောင်း ငါတို့ ဆွေးနွေးပြောဆိုရမည်ဆိုလျှင် လူတို့သည် မိမိတို့အတွက် ရာစုနှစ်ကာလများ ကျန်ရှိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်ပြီး ကျန်ရှိသည့် အချိန်ကာလသည် အတော်လေး ရှည်ကြာမည် ဖြစ်သည်။ နောဧက သင်္ဘောကို ဆောက်လုပ်ရန် အချိန်မည်မျှကြာသည်ကို ကြည့်လော့။ ယနေ့တွင် မဖြစ်စလောက် နည်းပါးသော လူများကသာ အနှစ်တစ်ရာထက်ပိုမို အသက်ရှင်လိမ့်မည်ဟု ငါထင်သည်။ ပြီးလျှင် သင်သည် အနှစ် ၉၀၊ သို့မဟုတ် အနှစ်တစ်ရာ အသက်ရှင်လျှင်ပင် ဆယ်စုနှစ်မည်မျှ သင့်အဖို့ ကျန်ရှိသနည်း။ များစွာ မကျန်တော့ပေ။ သင်သည် ယနေ့တွင် အသက်နှစ်ဆယ်ဖြစ်ပြီး အသက် ကိုးဆယ်ထိ အသက်ရှင်နိုင်မည်ဖြစ်သောကြောင့် နောက်ထပ် အနှစ် ၇၀ သင် အသက်ရှင်လိမ့်မည်ဆိုလျှင်ပင် ယင်းသည် နောဧက သင်္ဘောကို ဆောက်လုပ်ရန် ကုန်ခဲ့သည့်အချိန်ထက် လျော့နည်းနေဆဲ ဖြစ်သည်။ ဘုရားသခင်အတွက် အနှစ်ခြောက်ထောင်သည် မျက်တောင်တစ်ခတ်သာဖြစ်ပြီး လူအတွက် အနှစ် ခြောက်ဆယ်၊ ရှစ်ဆယ်၊ သို့မဟုတ် အနှစ်တစ်ရာ ဖြစ်သည့်အရာသည် ဘုရားသခင်အဖို့ စက္ကန့်အနည်းငယ်၊ အလွန်ဆုံး မိနစ်အနည်းငယ်၊ မျက်တောင်တစ်ခတ်သာ ဖြစ်သည်။ မှန်ကန်သည့် လမ်းကြောင်းကို မလျှောက်သော၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသော လူများကပင် မကြာခဏ “ဘဝက တိုတောင်းသည်။ မျက်တောင်တစ်ခတ်တွင် ငါတို့ အိုမင်းသွားကြသည်။ မျက်တောင်တစ်ခတ်တွင် အိမ်က သားသမီးများ၊ မြေးများနှင့် ပြည့်သွားသည်။ မျက်တောင်တစ်ခတ်တွင် ကျွန်ုပ်တို့၏ ဘဝများက ကုန်ဆုံးသွားကြလေပြီ”ဟု ပြောကြသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားမည်ဆိုပါက အဘယ်သို့နည်း။ သင့်အတွက် အချိန်သည် သာ၍ပင် အရေးတကြီးဖြစ်ပေသည်။ သမ္မာတရားကို မလိုက်စားသကဲ့သို့ အနှစ်သာရမဲ့သည့် လောကကြီးတွင် အသက်ရှင်သည့် လူများသည် မိမိတို့ နေ့ရက်ကာလများကို ဖြုန်းတီးကြပြီး အချိန်က အတော်မြန်ဆန်စွာ ကုန်ဆုံးသွားသည်ဟု ၎င်းတို့အားလုံး ခံစားကြရသည်။ သင်သည် သမ္မာတရားကို အမှန် လိုက်စားပါမည်ဆိုပါက အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် မည်သည့် ပတ်ဝန်းကျင်မဆို၊ မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာများမဆို အတန်ကြာ တွေ့ကြုံရန် သင့်အတွက် လုံလောက်သော အရာတစ်ခု ဖြစ်သည်။ အချိန်အတော်ကြာပြီးနောက်တွင်သာ သင်သည် ထိုအသိပညာ၊ ထိုးထွင်းအမြင်နှင့် အတွေ့အကြုံ အနည်းငယ်မျှကို ရရှိလိမ့်မည်။ ထိုအရာမှာ မလွယ်ကူပေ။ ထိုအသိပညာနှင့် အတွေ့အကြုံတို့ကို သင် အမှန်တကယ် ရှိသည့်အခါ သင် တွေးမိလာလိမ့်မည်။ “ဘုရားရေ။ လူဟာ တစ်သက်တာ သမ္မာတရား လိုက်စားခြင်းမှ များစွာ အကျိုးမရရှိပါတကား”ဟူ၍ဖြစ်၏။ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် စာတမ်းတိုများကို ယခု ရေးသားနေကြသည့် လူများစွာရှိပြီး ဘုရားသခင်ကို အနှစ်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်ကြာ ယုံကြည်ပြီးသူအချို့က လွန်ခဲ့သည့် ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ်ကာလမှ မိမိတို့၏ ကျရှုံးမှုများနှင့် ပြိုလဲမှုများအကြောင်းသာ ရေးသားကြသည်ကို ငါ မြင်သည်။ လတ်တစ်လောဖြစ်သည့် အရာတစ်ခုခုနှင့် ၎င်းတို့၏ လက်ရှိ အသက်ဝင်ရောက်မှုအကြောင်းကို ၎င်းတို့ ရေးသားချင်ကြသော်လည်း တစ်ခုမျှ မရှိကြချေ။ ၎င်းတို့၏ အတွေ့အကြုံသည် သနားစရာကောင်းလောက်အောင် မစို့မပို့ ဖြစ်လေသည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် စာတမ်းတိုများကို ရေးသားရာတွင် လူအချို့သည် မိမိတို့၏ အတိတ်က ကျရှုံးမှုများနှင့် ပြိုလဲမှုများကို ပြန်ကြည့်ရမည်ဖြစ်ပြီး အားနည်းသည့် မှတ်ဉာဏ်များ ရှိသူများသည် ထိုအရာများကို ပြန်အမှတ်ရရန် အခြားသူများ၏ အကူအညီ လိုအပ်လေသည်။ ထိုအနည်းငယ်မျှသည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခဲ့သည့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်အတွင်း၌ပင် ၎င်းတို့ ရရှိပြီးသမျှ ဖြစ်ပြီး၊ ချရေးရန်မှာ ခက်ခဲသော အလုပ် ဖြစ်သည်။ အချို့သော စာတမ်းတိုများသည် အဆက်အစပ် အဆီအငေါ် မတည့်ပေ။ ထိုစာတမ်းများ၏ အဆက်အစပ် အဆီအငေါ်မတည့်သည့် အပိုင်းများကို အတင်းအဓမ္မ စိတ်ကူးယဉ်ဖန်တီးထားလေသည်။ အမှန်တွင် ဤအရာများကို ဘဝအတွေ့အကြုံအဖြစ်ပင် ယူဆ၍ မရပေ။ ထိုအရာများသည် ဘဝနှင့် မည်သည့်ပတ်သက်မှုမျှ မရှိ။ ယင်းမှာ လူက သမ္မာတရားကို မလိုက်စားသည့်အခါ သနားစဖွယ် ဖြစ်ပုံဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်သည်။ သင်တို့ တစ်ဦးမျှ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သည့် နေ့ရက်ထိရောက်မည်မဟုတ်ဟု ငါ မျှော်လင့်သည်။ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ နောင်တရ၊ ဒူးထောက်ကာ “ယခု ကျွန်ုပ်ကိုယ်ကျွန်ုပ် သိပါပြီ။ သမ္မာတရားကို မည်သို့ လိုက်စားရမည်ကို ကျွန်ုပ်ယခု သိပါပြီ”ဟု ပြောဆိုသည်။ အလွန်နောက်ကျသွားပေပြီ။ ဘုရားသခင်က သင့်ကို အရေးစိုက်မည်မဟုတ်။ သင်သည် သမ္မာတရားကို လိုက်စားသော သူတစ်ဦး ဟုတ်မဟုတ်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး သင် ရှိသည်၊ သို့မဟုတ် သူ့အပေါ် မည်သည့် သဘောထားမျိုးရှိသည်ကို သူ ဂရုစိုက်မည်မဟုတ်တော့သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို သင် မည်မျှနက်ရှိုင်းစွာ ခံရပြီးဖြစ်သည် သို့မဟုတ် သင် မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်တို့ကိုလည်း သူ ဂရုစိုက်လိမ့်မည် မဟုတ်။ ထိုသို့ ဖြစ်ပျက်သည့်အခါ သင်သည် ဝမ်းခေါင်းအထိ အေးစိမ့်သွားမည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခု စိတ်ကူးကြည့်လော။ ထိုအခိုက်အတန့် အမှန်တကယ် ရောက်လာပါက သင် ဝမ်းနည်းမည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ဝမ်းနည်းမည်နည်း။ သွယ်ဝိုက်ညွှန်းဆိုလိုသောအရာမှာ သင်သည် နောက်ထပ် အခွင့်အရေး လုံးဝ ရမည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် တစ်ဖန် လုံးဝ ကြားရမည်မဟုတ်သကဲ့သို့ ဘုရားသခင်သည် သင့်အပေါ် တစ်ဖန် လုံးဝ စိုးရိမ်ပူပန်တော့မည် မဟုတ်။ သင်သည် သူ့အတွက် အရေးထားရသည့် လူတစ်ဦး၊ သို့မဟုတ် သူ့ဖန်ဆင်းခြင်း၏ သတ္တဝါတစ်ဦး တစ်ဖန် လုံးဝ ဖြစ်မည်မဟုတ်။ သင်သည် သူနှင့် မည်သည့် ဆက်နွှယ်မှုမျှ လုံးဝ ရှိမည်မဟုတ်။ ထိုအရာကို တွေ့ကြည်ရန်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။ ယင်းကို ယခု သင် ပုံဖော်ကြည့်နိုင်သည့်တိုင် ထိုသို့သော အခြေအနေတစ်ခုသို့ သင်ရောက်ရှိသည့်နေ့ အမှန်တကယ် ရောက်လာပါက သင်သည် အံ့အားသင့်သွားလိမ့်မည် မဟုတ်လော။ ယင်းမှာ ကျမ်းစာက ပြောသည့်အတိုင်းသာ ဖြစ်လိမ့်မည်။ ထိုအချိန်ကာလ ရောက်လာသည့်အခါ လူတို့သည် မြည်တမ်းလျက်၊ မိမိတို့ အံသွားများကြိတ်လျက်၊ မိမိတို့ သေဆုံးသည့်အလား အင်မတန် ငိုကြွေးလျက် မိမိတို့ ရင်နှင့်ကျောကို ထုကြလိမ့်မည်။ သေအောင် ငိုကြွေးခြင်းသည် အသုံးဝင်လိမ့်မည် မဟုတ်။ အားလုံး အလွန် နောက်ကျသွားလိမ့်မည်။ ဘုရားသခင်သည် သင်၏ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်တော့သကဲ့သို့ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း သတ္တဝါတစ်ဦး ဖြစ်တော့မည် မဟုတ်။ သင်သည် သူနှင့် မည်သည့် ဆက်နွှယ်မှုမျှ ရှိတော့မည် မဟုတ်။ သူသည် သင့်ကို အလိုရှိလိမ့်မည် မဟုတ်။ သငမည်သို့ဖြစ်သည်ဆိုသည်မှာ ဘုရားသခင်နှင့် မည်သည့် ပတ်သက်မှုမျှ နောက်ထပ်ရှိလိမ့်မည် မဟုတ်။ သင်သည် သူ၏ စိတ်နှလုံးတွင် ရှိတော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် သူ မည်သို့မျှ စိုးရိမ်တော့မည် မဟုတ်ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို သင်၏ ယုံကြည်မှု လမ်းကြောင်း အဆုံးသတ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဘုရားသခင်က သင့်ကို စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သည့် အချိန်ကာလတစ်ခု ရှိကောင်းရှိနိုင်သည်ဟု သင်ပုံဖော်နိုင်ပါက လက်ရှိပစ္စုပ္ပန်ကာလကို သင်မြတ်နိုးတန်ဖိုးထားသင့်ပေသည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမနိုင်သည်၊ သို့မဟုတ် တရားစီရင်နိုင်သည်၊ သို့မဟုတ် သင့်ကို ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်နိုင်သည်။ သူသည် သင့်ကို ကျိန်ပင်ကျိန်ဆဲကာ ပျစ်ပျစ်နစ်နစ် ကြိမ်းမောင်းနိုင်သည်။ ဤအရာအားလုံးက မြတ်နိုးတန်ဖိုးထားထိုက်ပေသည်။ ဘုရားသခင်သည် အနည်းဆုံးအနေဖြင့် သင့်ကို သူ၏ ဖန်ဆင်းခြင်း သတ္တဝါတစ်ဦးအဖြစ် အသိအမှတ်ပြုနေဆဲဖြစ်ပြီး သင့်အတွက် အနည်းဆုံးအနေဖြင့် မျှော်လင့်ချက်များ ရှိနေဆဲဖြစ်ကာ သင်သည် အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံးထဲတွင် ရှိနေဆဲဖြစ်၍ သင့်ကို ကြိမ်းမောင်းကာ ကျိန်ဆဲရန် ဆန္ဒရှိနေဆဲဖြစ်သည်။ ယင်းမှာ သူ၏ စိတ်နှလုံးတွင် သင့်အတွက် စိုးရိမ်နေဆဲဖြစ်သည်ဟု ဆိုလိုပေသည်။ ဤစိုးရိမ်မှုသည် တစ်စုံတစ်ဦးက မိမိတို့ ဘဝကို အလဲအလှယ်လုပ်၍ ရနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကဲ၊ မမိုက်မဲကြနှင့်။ သင် နားလည်သလော။ (နားလည်ပါသည်။) နားလည်ပါက သင်သည် အမှန်တကယ် မမိုက်မဲပေ။ သင်သည် ဟန်ဆောင်နေခြင်း မဟုတ်သည် မဟုတ်လော။ သင်တို့ အမှန်တကယ် မိုက်မဲခြင်းမရှိဟု ငါ မျှော်လင့်သည်။ ဤအရာများကို သင် နားလည်ပြီးဖြစ်ပါက သင်၏ နေ့ရက်ကာလများကို မဖြုန်းနှင့်။ သမ္မာတရားကို လိုက်စားခြင်းသည် လူ့ဘဝ၏ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။ အခြားမည်သည့် အရေးကိစ္စမျှသည် သမ္မာတရား လိုက်စားခြင်းလောက် အရေးမကြီးသကဲ့သို့ အခြားမည်သည့် ကိစ္စမျှသည် တန်ဖိုးအားဖြင့် သမ္မာတရား ရရှိခြင်းကို မကျော်လွန်ပေ။ ယနေ့ထိတိုင် ဘုရားသခင်နောက်လိုက်ရန်မှာ လွယ်ကူခဲ့သလော။ အမြန်လုပ်ကာ သင်၏ သမ္မာတရားလိုက်စားခြင်းကို အရေးပါမှုတစ်ခု ဖြစ်စေလော့။ နောက်ဆုံးသော ကာလထဲက အမှု၏ ဤအဆင့်သည် ဘုရားသခင်က သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် လူတို့အပေါ် လုပ်ဆောင်သည့် အမှု၏ အရေးကြီးဆုံးသော အဆင့်ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် သူ၏ ရွေးချယ်ထားသော လူတို့အပေါ် ဘုရားသခင် ထားရှိသည့် အမြင့်ဆုံးသော မျှော်လင့်ချက် ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရား လိုက်စားခြင်းဖြစ်သည့်၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်မည်ဟု သူ မျှော်လင့်သည်။ ဘုရားသခင်ကို စိတ်မပျက်စေနှင့်၊ သူ့ကို စိတ်မချမ်းမသာဖြစ်စေနှင့်၊ ပြီးလျှင် နောက်ဆုံး အချိန်ရောက်လာသည့်အခါ သူ့စိတ်နှလုံးမှ သင့်ကို ဖယ်ရှားကာ သင့်အတွက် မစိုးရိမ်တော့အောင် မဖြစ်စေနှင့်။ သူသည် သင့်အတွက် အမုန်းတရားပင် ရှိမည်မဟုတ်။ ထိုအရာကို သင့်ထံ ဖြစ်မလာစေနှင့်။ နားလည်ပါသလော။ (နားလည်ပါသည်။)

ယနေ့ ငါတို့ မိတ်သဟာယ၏ ခေါင်းစဉ်မှာ အဘယ်အရာဖြစ်ခဲ့ပါသနည်း။ (လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း ဖြစ်ပါသည်။) လူသည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်းဆိုသည်မှာ အနည်းငယ် ခက်ခဲနက်နဲသော အကြောင်းအရာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ခက်ခဲနက်နဲပါသနည်း။ အရေးကြီးသောကြောင့် ဖြစ်၏။ လူတိုင်း၏ အနာဂတ်အတွက်၊ လူတိုင်း၏ ဘဝအတွက်၊ ပြီးလျှင် နောက်တစ်ခေတ်တွင် လူတိုင်း တည်ရှိမည့်နည်းလမ်းအတွက် အဆုံးစွန် အရေးကြီးသောအရာ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ သင့်ထံတွင် သာ၍ နက်နဲသော ထင်မြင်ယူဆချက် ရှိလာစေရန် ယနေ့ ဆွေးနွေးပြောဆိုချက်ကို နောက်ထပ်နှစ်ကြိမ် နားထောင်လိမ့်မည်ဟု ငါ မျှော်လင့်သည်။ အတိတ်ကာလတွင် သင်သည် သမ္မာတရားကို လိုက်စားခဲ့သည်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားရန် သင်လိုလားနေသည်ဖြစ်စေ “လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း”နှင့်သက်ဆိုင်သည့် အကြောင်းအရာနှင့်ပတ်သက်သည့် ယနေ့၏ မိတ်သဟာယမှစ၍ ရှေ့ဆက် သမ္မာတရားကို လိုက်စားဖို့ ရွေးချယ်ခြင်းအတွက် သင်၏ ဆုံးဖြတ်ချက်ကို ချမှတ်ကာ သင်၏ စိတ်စွမ်းအားကို တင်းထားရန် ကြိုးပမ်းလော့။ ထိုအရာမှာ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်သည်။ ထိုသို့ သင် လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) ကောင်းပေသည်။ လူသည် သမ္မာတရားကို အဘယ်ကြောင့် လိုက်စားရမည်နည်းဆိုသည်နှင့် ပတ်သက်၍ ယနေ့ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ မိတ်သဟာယအတွက် ငါတို့၏ နောက်ထပ်အကြောင်းအရာမှာ “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဖြစ်သည်။ ယခု ထိုအရာ မည်သည့်အရာဖြစ်သည်ကို သင်တို့အား ငါ ပြောပြပြီးဖြစ်သည့်အတွက် အနည်းငယ် ချင့်ချိန်စဉ်းစားကာ သင်တို့၏စိတ်နှလုံးတွင် ထိုအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် အသိပညာရှိသည်ကို ကြည့်လော့။ ဦးစွာပထမ ထိုအရာကို အနည်းငယ် ကြိုတင်ဆန်းစစ်လော့။ ယနေ့၏ မိတ်သဟာယသည် ဤတွင် နိဂုံးချုပ်၏။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၆)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။