၁။ လူသားမျိုးနွယ်ကို စီမံခြင်းအမှုမှာ မည်သည့်အမှုဖြစ်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှု မပါဝင်ဘဲ၊ ယင်းထက် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ ဖြစ်ကြ၏။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖြစ်ပေါ်စေခြင်းအမှု ဖြစ်၏။ ယင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့ချိန်၌ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံခဲ့ရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အချိန်တွင်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အခါတွင်သာ စတင်ခဲ့ပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားကို ရရှိခဲ့သည့်နောက်မှသာ စီမံခန့်ခွဲခြင်းအမှု ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်ထက် အပိုင်းသုံးပိုင်း ပါရှိပေသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုကို ရည်ညွှန်းသည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ နောက်ဆုံးသော ခေတ်ပြီးဆုံးချိန်တွင်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုသည် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုသို့ ရောက်လာပြီးဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ခြင်းအမှု လုံးဝ ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ထိုအချိန်မှစ၍ လူသားမျိုးနွယ်အတွက် ဤအဆင့်သည် အဆုံးသတ်ပြီးဖြစ်လိမ့်မည်ဟု ဆိုလို၏။ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်သည့်အမှု မရှိဘဲနှင့်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု ရှိမည် မဟုတ်သကဲ့သို့၊ အမှု၏ အဆင့် သုံးဆင့်လည်း ရှိမည် မဟုတ်ပေ။ ယေဟောဝါက ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့သည်မှာ အတိအကျအားဖြင့် လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အင်မတန် အရေးတကြီး လိုအပ်သောကြောင့် ဖြစ်သည်။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏၊ ယင်းမှာ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်ဟု ဆိုလိုပေသည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီး မခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပေ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏၊ ယင်းမှာ ဖောက်ပြန်ပျက်ဆီးသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန် ဖြစ်သည်ဟု ဆိုရပေမည်။ ဤသည်မှာ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်း အမှု မပါဝင်ပေ၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတွင်လည်း ကမ္ဘာလောကကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ၊ ယင်းထက် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန်၊ အမှု၏အဆင့် သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်- ဤသည်မှာ ကယ်တင်ခံရရန်အလို့ငှာ အယောက်တိုင်း သိရမည့်အရာ ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားမျိုးနွယ်ကြောင့် စီမံခန့်ခွဲခြင်း အမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူသား၏ တည်ရှိခြင်းကြောင့် ယင်းက ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ် မတိုင်မီတွင် သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန် အစအဦးတွင် စီမံခန့်ခွဲခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ အမှုအားလုံးတွင်၊ လူသားအဖို့ အကျိုးရှိသည့် လက်တွေ့လုပ်ဆောင်မှု မရှိခဲ့ပါက၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အတွက် သင့်တော်သည့် သတ်မှတ်ချက်များကို မပြုလုပ်ခဲ့လျှင် (ဘုရားသခင် လုပ်ဆောင်သည့် အမှုတွင်၊ လူ၏ လက်တွေ့လုပ်ဆောင်မှုအတွက် သင့်တော်သည့် လမ်းကြောင်း မရှိခဲ့လျှင်)၊ ဤအမှုကို ဘုရားသခင်၏ စီမံခံခန့်ခွဲမှုဟု ခေါ်ဆို၍မရနိုင်ပေ။ ဘုရားသခင်၏ အမှုတစ်ခုလုံးသည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အား ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြောပြခြင်းသာ ပါဝင်ပြီး၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် မည်သည့် လုပ်ငန်းကိုမျှ မလုပ်ဆောင်ခဲ့သကဲ့သို့၊ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း သို့မဟုတ် ဉာဏ်ပညာကို စိုးစဉ်းမျှ ထုတ်ဖော် မပြသခဲ့ပါက၊ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ မည်မျှ မြင့်မားသည်စေ၊ လူသားအလယ် ဘုရားသခင် မည်မျှကြာ အသက်ရှင်ခဲ့သည်ဖြစ်စေ၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ သိရှိမည် မဟုတ်ပေ။ ထိုသို့ ဖြစ်ခဲ့မည်ဆိုပါက ဤအလုပ်မျိုးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု အခေါ်ခံရရန် သာ၍ ထိုက်တန်မည် မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုသည် ဘုရားသခင် လုပ်ဆောင်သည့် အမှုဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်း ခံရပြီးသူများက ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လုပ်ဆောင်သော အလုပ်များ အားလုံး ဖြစ်ပေသည်။ ထိုသို့သောအမှုကို စီမံခန့်ခွဲမှုအဖြစ် အကျဉ်းရုံးနိုင်သည်။ တစ်နည်းအားဖြင့် လူသားအလယ် ဘုရားသခင်၏ အမှုအပြင်၊ သူ့နောက်လိုက်သူများ အားလုံး၏ သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းကို စုပေါင်း၍ စီမံခန့်ခွဲမှုဟု ခေါ်ဆိုပေသည်။ ဤတွင် ဘုရားသခင်၏အမှုကို ရူပါရုံများဟု ခေါ်ပြီး၊ လူ၏ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်အမှု သာ၍ မြင့်မားလေ (ဆိုလိုသည်မှာ၊ ရူပါရုံများက သာ၍မြင့်မားလေ)၊ ဘုရားသခင်၏ စိတ်သဘောထားက လူသားများအဖို သာ၍ ပေါ်လွင်လေဖြစ်သည်၊ ယင်းသည် လူသား၏ အယူအဆများနှင့် သာ၍ ကွဲလွဲလေ ဖြစ်ပြီး၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် သာ၍ မြင့်မားလာလေ ဖြစ်သည်။ လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များ သာ၍ မြင့်မားလေ၊ ဘုရားသခင်၏အမှုသည် လူ၏ အယူအဆများနှင့် သာ၍ ကွဲလွဲလေ ဖြစ်သည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် လူနှင့်ဆိုင်သည့် စမ်းသပ်မှုများနှင့် သူ ဖြည့်ဆည်းဖို့ လိုအပ်သည့် စံနှုန်းများကလည်း သာ၍ မြင့်မားလာလေ ဖြစ်သည်။ ဤအမှု၏ အဆုံးသတ်တွင်၊ ရူပါရုံများအားလုံး ပြီးပြည့်စုံသွားမည်ဖြစ်ပြီး၊ လူက လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့်အရာများသည်လည်း စုံလင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ လူက သိရှိရန် လိုအပ်သည့်အရာကို လူသားထံ ပြသပြီးဖြစ်လိမ့်မည်ဖြစ်သည့်အတွက်၊ ဤသည်မှာ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားသည့်အချိန်လည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရူပါရုံများက ယင်းတို့၏အထွတ်အထိပ်သို့ ရောက်ချိန်တွင်၊ အမှုသည် လျော်ညီစွာ ယင်း၏ အဆုံးသတ်သို့ ချဉ်းကပ်လိမ့်မည် ဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် ဘုရားသခင်၏ အမှုအပေါ် အခြေခံထားပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လူ၏လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်သာ အပြည့်အဝ ဖော်ပြခြင်းကို ခံရပေသည်။ လူသည် ဘုရားသခင်အမှု၏ ပြရုပ်ဖြစ်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးနှင့်သက်ဆိုင်သည့် အမှု၏ ရည်မှန်းချက်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး၏ ရလဒ်လည်း ဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ၏ပူးပေါင်းဆောင်ရွက်မှု မပါဘဲ၊ တစ်ကိုယ်တည်း လုပ်ဆောင်ခဲ့မည်ဆိုပါက၊ သူ့အမှုတစ်ခုလုံး၏ အကောင်အထည် ပေါ်လာသည့်အရာအဖြစ် အသုံးတော်ခံနိုင်မည့်အရာ တစ်ခုတစ်လေမျှ ရှိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအဖို့ အရေးပါမှု စိုးစဉ်းမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုအပြင်၊ သူ၏အမှုကို ဖော်ပြရန်နှင့် ယင်း၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာကို သက်သေပြရန် သင့်တော်သည့် အပြုခံအရာများကို ဘုရားသခင်က ရွေးချယ်ခြင်းအားဖြင့်သာ၊ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်ပြီး၊ စာတန်ကို လုံးဝ ရှုံးနိမ့်စေဖို့ ဤအမှုအားလုံး အသုံးပြုခြင်း၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အကျိုးဖြစ်ထွန်းစေနိုင်ပြီး ယင်း၏အဆုံးစွန်သော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိစေနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ လူသားကလွဲ၍ အခြားမည်သည့် သက်ရှိအမျိုးအစားကမျှ ထိုကဲ့သို့သော အခန်းကဏ္ဍကို တာဝန် မယူနိုင်ပါ။ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ စစ်မှန်သည့် အကောင်အထည်ပေါ်ခြင်း ဖြစ်လာဖို့ဆိုပါက၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ မနာခံမှုသည် လုံးဝ ပပျောက်သွားရမည်ဖြစ်သည်။ ဤအရာက လူကို မတူညီသည့် အချိန်ကာလများအတွက် သင့်တော်သည့် လက်တွေ့လုပ်ဆောင်မှု ပေးထားရမည်ဖြစ်ပြီး ဘုရားသခင်သည် လူသားအလယ် အလားတူ လိုက်လျောညီထွေသော အမှုကို ဆောင်ရွက်ရန် လိုအပ်ပေသည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အကောင်အထည်ပေါ်ခြင်းဖြစ်သော လူတစ်စုသည် နောက်ဆုံးတွင် ရယူခြင်းခံရလိမ့်မည် ဖြစ်သည်။ ဘုရားသခင် တစ်ကိုယ်တည်းလုပ်ဆောင်သော အမှုမှတစ်ဆင့်မျှဖြင့် လူများအလယ် ဘုရားသခင်၏အမှုသည် ဘုရားသခင်ကိုယ်တိုင်ကို သက်သေမခံနိုင်ပေ။ ထိုသို့သော သက်သေခံချက်ကို စွမ်းဆောင်ရရှိရန် သူ၏ အမှုအတွက် သင့်တော်သည့် သက်ရှိလူသားများကိုလည်း လိုအပ်ပေသည်။ ပထမဦးစွာ ဘုရားသခင်သည် ဤလူများအပေါ် အမှုပြုလိမ့်မည် ဖြစ်သည်၊ ထို့နောက် ထိုသူများမှတစ်ဆင့် သူ၏ အမှုကို ထုတ်ဖော်ပြလိမ့်မည် ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ထိုသို့သော သက်သေခံချက်သည် အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် သက်သေခံလိမ့်မည် ဖြစ်ပြီး၊ ဤတွင် ဘုရားသခင်သည် သူ၏ အမှုနှင့်ဆိုင်သည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် မိမိကိုယ်ကိုယ် တိုက်ရိုက် သက်သေခံ၍ မရသောကြောင့်၊ သူသည် စာတန်ကို အနိုင်ယူရန် တစ်ကိုယ်တည်း အမှုမပြုပေ။ သူသည် ထိုသို့လုပ်ဆောင်ခဲ့မည်ဆိုပါက၊ လူသားကို လုံးဝ လက်ခံယုံကြည်စေရန် ဖြစ်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူကို သိမ်းပိုက်ရန် လူ့အပေါ် အမှုပြုရမည် ဖြစ်ပြီး၊ ထိုအခါမှသာ သူသည် အဖန်ဆင်းခံ သတ္တဝါများ အားလုံးအလယ်တွင် သက်သေခံချက်ကို ရရှိနိုင်မည် ဖြစ်သည်။ လူ၏ ပူးပေါင်းလုပ်ဆောင်မှု မရှိဘဲ၊ အမှုပြုသည်မှာ ဘုရားသခင်သာ ဖြစ်ခဲ့မည်ဆိုပါက၊ သို့မဟုတ် လူသည် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ခဲ့ပါက၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို ဘယ်သောအခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို အစဉ်အမြဲ သတိပြုမိမည် မဟုတ်ပေ။ ထိုအခါ ဘုရားသခင်၏ အမှုကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုဟု ခေါ်ဆို၍ ရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုကို သိနားလည်ခြင်း မရှိဘဲ၊ လူကသာ ကိုယ်တိုင် ကြိုးပမ်းပြီး၊ ရှာဖွေကာ ကြိုးစား အလုပ်လုပ်ခဲ့ရမည်ဆိုပါက၊ လူသည် နောက်ပြောင် ကျီစယ်နေခြင်း ဖြစ်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိဘဲနှင့်၊ လူလုပ်ဆောင်သည့် အရာသည် စာတန်နှင့်သက်ဆိုင်သည်၊ သူသည် ပုန်ကန်တတ်ပြီး မကောင်းမှုပြုသူတစ်ဦး ဖြစ်ပေသည်။ စာတန်သည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် လုပ်ဆောင်သည့်အရာ အားလုံးတွင် ထုတ်ဖော်ပြသခြင်း ခံရပြီး၊ ဘုရားသခင်နှင့် သဟဇာတ ဖြစ်သောအရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူလုပ်ဆောင်သည့် အရာအားလုံးသည် စာတန်၏ သရုပ်သကန် ဖြစ်ပေသည်။ ပြောထားပြီးဖြစ်သည့် အရာအားလုံးထဲတွင် မည်သည့်အရာမျှ ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှု မပါပေ။ ရူပါရုံများ၏ အခြေခံအုတ်မြစ်ပေါ်တွင် လူသည် သူ၏ အယူအဆများကို ဘေးဖယ်ပြီး အတိတ်က သူ မပိုင်ဆိုင်သေးသည့် အရာများကို ရရှိနိုင်ဖို့အလို့ငှာ၊ လက်တွေ့လုပ်ဆောင်မှုနှင့် နာခံခြင်း လမ်းကြောင်းကို ရှာတွေ့လေသည်။ လူသားက သူနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သူ၏သတ်မှတ်ချက်များကို လူသားက လုံးဝ ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ပြီးသည့်အမှုကို ရှုမြင်ရန်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို တွေ့ကြုံရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် လူသားက တောင်းဆိုသည်ကို ဘုရားသခင် လိုအပ်ပေသည်။ အချုပ်အားဖြင့် ဤသည်တို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။ လူသားနှင့်အတူ ဘုရားသခင်၏ ပေါင်းစည်းခြင်းသည် စီမံခန့်ခွဲမှု ဖြစ်ပြီး၊ ယင်းသည် အကြီးမြတ်ဆုံးသော စီမံခန့်ခွဲမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းကို မသိသော၊ ဖန်ဆင်းရှင်၏ဖြစ်ခြင်းကို မသိသော၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိသော၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံရန် အဘယ်ကြောင့် လိုအပ်သည်ကို မသိသော လူသားမျိုးနွယ်ကို စာတန်လက်သို့ လွှဲအပ်ပြီး စာတန်အား သူ့ကို ဖောက်ပြန်ပျက်စီးစေခွင့်ပေးခြင်း ဖြစ်သည်။ ထို့နောက် လူသားက ဘုရားသခင်ကို အပြည့်အဝ ကိုးကွယ်ပြီး စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ပြန်ယူလေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်ဆန်သကဲ့သို့ ထင်ရပြီး၊ စိတ်ရှုပ်ဖွယ် ဖြစ်ပုံရလေသည်။ ၎င်းတို့သည် စကြဝဠာနှင့် အာကာသထဲတွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ပွားပြီးဖြစ်သည်ကို သိရန်မဆိုထားနှင့်၊ လွန်ခဲ့သည့် နှစ်ထောင်ချီအချို့အတွင်း လူသားထံ မည်မျှဖြစ်ပျက်ပြီး ဖြစ်သည်ကို အရိပ်အမြွက် မသိလေသောကြောင့်၊ လူတို့က ဤအရာကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကဲ့သို့ ထင်ကြလေသည်။ ထို့အပြင် ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရုပ်ဝတ္ထု လောကကို ကျော်လွန်၍ တည်ရှိသော်လည်း၊ ၎င်းတို့၏ သေမျိုးဖြစ်သည့် မျက်လုံးများက မမြင်အောင် တားဆီးထားသည့် သာ၍ အံ့အားသင့်ဖွယ်၊ သာ၍ ကြောက်ရွံ့ဖွယ်ဖြစ်စေသော ကမ္ဘာလောကကို နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း၏ အရေးပါမှု သို့မဟုတ် သူ၏ စီမံခန့်ခွဲခြင်း အမှု၏ အရေးပါမှုနှင့်ဆိုင်သည့် သိနားလည်မှု မရှိသကဲ့သို့၊ ဘုရားသခင်က နောက်ဆုံးတွင် လူသားမျိုးနွယ်ကို မည်သို့ဖြစ်စေချင်သည်ကို နားမလည်သောကြောင့်၊ ယင်းမှာ လူသားဖို့ နားမလည်နိုင်စရာဟု ထင်ရပေသည်။ ယင်းသည် အာဒံနှင့် ဧဝတို့ ဖြစ်ခဲ့ကြသကဲ့သို့၊ စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးဖို့ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်စုကို ရရှိရန်ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးသော်လည်း၊ ၎င်းတို့သည် စာတန်ကို ၎င်းတို့၏ဖခင်ဟု မမြင်တော့ပေ။ စာတန်၏ ရွံရှာဖွယ် မျက်နှာကို ၎င်းတို့ သတိပြုမိကြပြီး ၎င်းကို ငြင်းပယ်ကြကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံရန် ဘုရားသခင်ရှေ့သို့ လာကြလေသည်။ ၎င်းတို့သည် မည်သည့်အရာက အကျည်းတန်သည် ဆိုသည်နှင့် ယင်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ ဆန့်ကျင်သည် ဆိုသည်တို့ကို သိရှိလာကြပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို သတိပြုမိလာကြလေသည်။ ဤသို့သော လူသားမျိုးနွယ်သည် စာတန်အတွက် အလုပ်မလုပ်တော့ပေ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်ကြတော့ပေ၊ သို့မဟုတ် စာတန်ကို အမြတ်တနိုး မရှိကြတော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရယူပြီးဖြစ်သည့် လူတစ်စုဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ အရေးပါမှုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

အရှေ့သို့- ၂။ ဘုရားသခင်ကို အဘယ်ကြောင့် မတူညီသော အမည်နာမများဖြင့် မတူညီသော ခေတ်ကာလများ၌ ခေါ်ကြသနည်း။

နောက်တစ်ခုသို့- ၂။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်၏ ရည်မှန်းချက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။