၁၅၂ ခရစ်တော်သည် အချုပ်အားဖြင့် ကောင်းကင်အဖ၏ အလိုတော်ကို နာခံ၏ကျူး

၁ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။ ဤအနှစ်သာရသည် သူကိုယ်တိုင်၏ အမှုကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ ပြီးလျှင် သူကိုယ်တိုင်၏ အမှုကို ဖျက်ဆီးမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ သူကိုယ်တိုင်၏ အလိုနှင့် ဆန့်ကျင်သည့် မည်သည့် စကားကိုမျှ တစ်ကြိမ်တစ်ခါမျှ သူ မိန့်မြွက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို နှောင့်ယှက်သည့် မည်သည့်အမှုကိုမျှ မည်သည့်အခါတွင်မျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်သည် မနာခံခြင်း၏ အရိပ်လက္ခဏာ မပိုင်ဆိုင်ပေ။ သူ၏ အနှစ်သာရက ကောင်းမွန်သည်။ သူသည် လှပမှုနှင့် ကောင်းမွန်မှုအားလုံးအပြင် ချစ်ခြင်းမေတ္တာ အားလုံး၏ ဖော်ပြချက်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ မိမိအသက်ကို စတေးကာ ဆုံးရှုံးအနစ်နာခံလျက်ပင်၊ သူသည် စိတ်နှလုံးအကြွင်းမဲ့ ထိုသို့ လုပ်ဆောင်ရန် လိုလားနေမည် ဖြစ်ပြီး၊ အခြားရွေးချယ်မှုကို ပြုလုပ်မည်မဟုတ်ပေ။

၂ ဘုရားသခင်သည် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မိမိကိုယ်ကိုယ် ကြီးကျယ်ခြင်းတို့၏ အရိပ်လက္ခဏာများ မရှိပေ၊ သို့မဟုတ် စိတ်ကြီးဝင်ခြင်းနှင့် မာနထောင်လွှားမှုတို့၏ အရိပ်လက္ခဏာများ မရှိပေ။ သူသည် ကောက်ကျစ်မှု အရိပ်လက္ခဏာများ မပိုင်ဆိုင်ပေ။ အမှုသည် မည်မျှခက်ခဲကြမ်းပါစေ သို့မဟုတ် လူ့ဇာတိသည် မည်မျှအားနည်းပါစေ၊ လူ့ဇာတိဖြင့် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို မနာခံမှုဖြင့် စွန့်ပယ်ရန် မဆိုထားနှင့် ဘုရားသခင် ကိုယ်တိုင်၏အမှုကို နှောင့်ယှက်ဖြစ်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို သစ္စာဖောက်ဖို့ထက် လူ့ဇာတိ၏ နာကျင်မှုများကိုသာ ခံစားချင်ခဲ့သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်ကြသော်လည်း၊ ခရစ်တော်သည် မပြုလုပ်ပေ။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေဆဲဖြစ်ပြီး လူ့ဇာတိ၏ ရှုထောင့်မှ ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသော အရာကို ဖြည့်ဆည်းလေသည်။ ဤသည်မှာ လူသားက ကြိုးပမ်း၍မရရှိနိုင်သည် အရာတစ်ခု ဖြစ်သည်။

၃ ခရစ်တော်မှလွဲ၍ လူအားလုံးတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ လုပ်ကောင်းလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင် အပ်နှင်းထားသည့် အမှုကို လူတစ်ဦးတစ်ယောက်ကမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ ထမ်းဆောင်ရမည့် ကိုယ်ပိုင် တာဝန်အဖြစ် မည်သူမျှ မမှတ်ယူနိုင်ပေ။ ခရစ်တော်၏ အနှစ်သာရသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင်ကို မနာခံခြင်းသည် စာတန်၏ ထူးခြားသော လက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်ခုသည် သဟဇာတ မဖြစ်သကဲ့သို့၊ စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရနိုင်ပေ။ လူသားသည် ဘုရားသခင်၏ကိုယ်စား ဘုရားသခင်၏ အမှုကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသားသည် ဘုရားသခင်၏ မည်သည့် အနှစ်သာရမျှ မရှိသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများနှင့် အနာဂတ် အလားအလာများအတွက် ဘုရားအတွက် အလုပ်လုပ်သော်လည်း၊ ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို လုပ်ဆောင်ရန် အမှုပြုပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၅၁ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်၏အမှုတို့သည် အနှစ်သာရအတူတူပင်ဖြစ်၏ကျူး

နောက်တစ်ခုသို့- ၁၅၃ ခရစ်တော်၏ ပင်ကိုလက္ခဏာသည် ဘုရားကိုယ်တော်တိုင်ဖြစ်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။