၅၂၀ သမ္မာတရားအား စစ်မှန်စွာ လိုက်စားသူများကို ဘုရားကောင်းချီးပေးလိမ့်မည်ကျူး

၁ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းမှာ အဘယ်နည်း၊ လူသား၏အလိုဆန္ဒမှ ပေါ်ထွက်လာသည့် အပြစ်မှာ အဘယ်နည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြပို့ဆောင်ခြင်းမှာ အဘယ်နည်း၊ ပတ်ဝန်းကျင်၏တစ်ရပ်၏ စီမံမှုဆိုသည်မှာ အဘယ်နည်း၊ အတွင်း၌ နှုတ်ကပတ်တော်၏ ဉာဏ်အလင်းရခြင်းဆိုသည်မှာ အဘယ်နည်း။ ဤအရာများကို သင်ရှင်းလင်းစွာ မသိပါက သင်၌အမြော်အမြင် ရှိမည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည့်အရာကို သင်သည် သိရမည်၊ ပုန်ကန်သော စိတ်သဘောထားဆိုသည်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့နာခံရမည်၊ ပုန်ကုန်တတ်သည့် စိတ်သဘောထား စွန့်လွှတ်ပုံတို့ကို သင်သိရမည်။ ဤအရာများကို အတွေ့အကြုံအရ သင်နားလည်ထားပါက၊ သင်၌ အခြေခံတစ်ရပ် ရှိမည်ဖြစ်သည်၊ တစ်စုံတစ်ရာ ဖြစ်သောအခါ သင့်တွင် နိုင်းယှဉ်ရန်အတွက် သင့်လျော်သော သမ္မာတရားလည်း ရှိမည်ဖြစ်ပြီး၊ သင့်လျော်သော ရူပါရုံများလည်း အခြေခံအုတ်မြစ်အဖြစ် ရှိမည်ဖြစ်သည်။ သင်လုပ်ဆောင်သည့် အမှုအရာတိုင်း၌ အခြေခံစည်းမျဉ်းများ ရှိမည်ဖြစ်ပြီး သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအခါ သင်၏အသက်တာသည် ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့် ပြည့်နေမည်၊ ကောင်းချီးမင်္ဂလာများနှင့် ပြည့်နေမည်။

၂ ဘုရားသခင်သည် သူ့အား စိတ်ရင်းမှန်ဖြင့်ရှာဖွေသည့် မည်သူ့ကိုမဆို၊ သို့မဟုတ် သူ၏အလိုတော်နှင့်အညီ အသက်ရှင်ပြီး သူ့အတွက်သက်သေခံသည့် မည်သူကိုမဆို မတရားဆက်ဆံမည် မဟုတ်ပေ၊ ထို့အပြင် သမ္မာတရားကို စိတ်ရင်းအမှန်ဖြင့် ဆာငတ်နိုင်သည့် မည်သူကိုမဆို ကျိန်ဆဲမည်မဟုတ်ပေ။ သင်သည် နှုတ်ကပတ်တော်ကို စားသောက်နေသည့်အခါ၊ သင်၏ အခြေအနေအမှန်ကို ဂရုပြုနိုင်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဂရုပြုပြီး၊ သင်၏နားလည်မှုကို ဂရုပြုပါက၊ သင်ပြဿနာတစ်ရပ်နှင့် ကြုံသည့်အခါတွင် ဉာဏ်အလင်း ရရှိမည်ဖြစ်ပြီး လက်တွေ့ကျသည့် နားလည်မှုကို ရရှိမည်ဖြစ်သည်။ ထိုအခါ သင်သည် အရာခပ်သိမ်း၌ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းနှင့် အမြော်အမြင်ရှိမည် ဖြစ်သည်။ သမ္မာတရား ရှိသောသူသည် လှည့်ဖြားခြင်းခံရရန် အလားအလာ မရှိ၊ ဖျက်လိုဖျက်ဆီးပြုမူရန် အလားအလာ မရှိသကဲ့သို့ လွန်ကဲစွာ ပြုမူရန်လည်း အလားအလာ မရှိပေ။ သမ္မာတရားကြောင့် ထိုသူသည် အကာအကွယ် ရှိပြီး၊ သမ္မာတရားကြောင့်လည်း သာ၍ နားလည်နိုင်စွမ်း ရရှိသည်။ သမ္မာတရားကြောင့် ၎င်း၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများ ပိုမိုရှိကာ၊ ၎င်း၏အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အရေးများ ပိုရှိပြီးလျှင် စုံလင်စေခြင်းခံရရန်အတွက်လည်း အခွင့်အရေးများ ပိုရှိသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၁၉ သမ္မာတရားကို ရရှိရန်မှာ အဘယ်နည်း

နောက်တစ်ခုသို့- ၅၂၁ သမ္မာတရားကို ရှာဖွေသာသူများသာလျှင် ဘုရား၏စုံလင်စေခြင်းကို ခံရနိုင်သည်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။