၇။ အပြင်ပန်း ကောင်းသောလုပ်ဆောင်ချက်များနှင့် စိတ်သဘောထားအတွင်း ပြောင်းလဲမှုများအကြားရှိ ကွာခြားမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်သဘောထား ပြောင်းလဲခြင်းသည် အဓိကအားဖြင့် လူတစ်ယောက်၏ သဘာဝ ပြောင်းလဲခြင်းကို ညွှန်းဆိုသည်။ လူတစ်ယောက်၏ သဘာဝနှင့် သက်ဆိုင်သော အရာများကို ပြင်ပအပြုအမူများဖြင့် မသိမြင်နိုင်ပေ။ ထိုအရာများသည် သူ့ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင် ဘဝအပေါ် သူ၏ အမြင်နှင့်လည်းကောင်း၊ သူ၏ စံနှုန်းများနှင့်လည်းကောင်း တိုက်ရိုက်ဆက်နွှယ်နေသည်။ ထိုအရာများတွင် သူ၏ ဝိညာဉ်အတွင်းပိုင်း၌ ရှိသောအရာများနှင့် သူ၏ အနှစ်သာရတို့ ပါဝင်သည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ဤကဏ္ဍများတွင် ပြောင်းလဲမှုကို ကြုံရမည် မဟုတ်ပေ။ ဘုရားအမှုတော်ကို တွေ့ကြုံခြင်း၊ သမ္မာတရားသို့ အပြည့်အဝ ဝင်ရောက်ခြင်း၊ မိမိ၏ စံနှုန်းများကို ပြောင်းလဲခြင်း၊ ဖြစ်တည်မှုနှင့် ဘဝအပေါ် မိမိ၏ အမြင်များကို ပြောင်းလဲခြင်း၊ အမှုအရာများအပေါ် မိမိ၏ အမြင်များကို ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီစေခြင်း၊ ဘုရားသခင်အပေါ် အပြည့်အဝ နာခံနိုင်စွမ်းနှင့် သစ္စာစောင့်သိနိုင်စွမ်း ရှိလာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ လက်ရှိတွင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရသောအခါ အနည်းငယ် အားစိုက်ထုတ်ပြီး ကြံ့ကြံ့ခံနိုင်သည့်ပုံစံ ရှိနိုင်သည်။ အထက်မှလာသော အလုပ်အစီအစဉ်များကို ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ သို့မဟုတ် သင့်ကို သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သင် သွားကောင်းသွားနိုင်သည်။ အပေါ်ယံတွင် သင်သည် အတော်အတန် နာခံခြင်းရှိသည့် ပုံစံရှိနိုင်သည်။ သို့သော် သင်၏ အယူအဆများနှင့် မကိုက်သောအရာတစ်ခုခု ဖြစ်ပျက်သောအခါ သင်၏ ပုန်ကန်ခြင်းက ထွက်ပေါ်လာတော့သည်။ ဥပမာ သင်သည် ပြုပြင်ခြင်းကို ကျိုးနွံနာခံခြင်း မရှိပေ။ ကပ်ဘေးကျရောက်သောအခါ သင်သည် ပို၍ပင် နာခံခြင်းမရှိပေ။ ဘုရားသခင်ကိုပင် စောဒကတက်ရဲသည်။ ထို့ကြောင့် အပြင်ပန်းတွင်ရှိသော ထိုကျိုးနွံနာခံခြင်းနှင့် ပြောင်းလဲခြင်း အနည်းငယ်သည် အပြုအမူပြောင်းလဲခြင်း အနည်းငယ်သာဖြစ်သည်။ ပြောင်းလဲခြင်း အနည်းငယ် ရှိသော်လည်း ယင်းကို သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မှတ်ယူဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်သွားကောင်း လျှောက်သွားနိုင်မည်။ ဆင်းရဲဒုက္ခများစွာကို ခံစားကောင်း ခံစားနိုင်မည်။ ကြီးစွာသော အရှက်ရခြင်းကို တောင့်ခံကောင်း တောင့်ခံနိုင်မည်။ ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု သင်ခံစားကောင်း ခံစားရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ်တွင် အလုပ်အချို့ လုပ်ကောင်း လုပ်နိုင်မည်။ သို့ရာတွင် သင်၏ အယူအဆများနှင့် မညီသော အရာတစ်ခုကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်အား တောင်းဆိုသောအခါ သင်သည် နာခံခြင်းမရှိဘဲ ဖြစ်နေနိုင်သည်။ ထိုအစား သင်သည် ဆင်ခြေများ ရှာနိုင်သည်။ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံနိုင်သည်။ အခြေအနေဆိုးလျှင် ဘုရားသခင်ကို မေးခွန်းထုတ်ပြီး ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုနိုင်သည်။ ဤသို့ဆိုလျှင် အလွန်ဆိုးသော ပြဿနာဖြစ်လိမ့်မည်။ သင့်တွင် ဘုရားသခင်ကို အာခံသော သဘာဝရှိသေးသည်ကိုလည်းကောင်း၊ သမ္မာတရားကို သင်အမှန်တကယ် နားမလည်သည်ကိုလည်းကောင်း၊ သင်၏အသက်စိတ်သဘောထား ပြောင်းလဲခြင်း လုံးဝမရှိသေးသည်ကိုလည်းကောင်း ပြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

လူတစ်ဦးသည် အပြုအမူကောင်းများစွာ ရှိပါက သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်နိုင်သည်။ ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုများကို သင် ပိုင်ဆိုင်နိုင်သည်။ လူအချို့သည် စိတ်ထက်သန်မှုရှိသည်၊ အယူဝါဒကို ပြောဆိုနိုင်သည်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နိုင်ပြီး ကောင်းမှုများစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အကြောင်း ပြော၍ရနိုင်သမျှမှာ လူ့သဘာဝ အနည်းငယ် ပိုင်ဆိုင်သည်ဟူ၍ ဖြစ်သည်။ အယူဝါဒပြောဆိုနိုင်ပြီး စည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာသူများသည် သမ္မာတရားကို သေချာပေါက် လက်တွေ့မလုပ်ဆောင်နိုင်ချေ။ ၎င်းတို့ပြောသည့်အရာသည် မှန်ကန်ပြီး၊ ပြဿနာများ ကင်းရှင်းပုံရသော်လည်း၊ သမ္မာတရား၏ အနှစ်သာရနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် မည်သည့်အရာမျှ ပြောစရာ မရှိကြချေ။ ထို့ကြောင့် တစ်စုံတစ်ဦးက အယူဝါဒကို မည်မျှပြောဆိုနိုင်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုသကဲ့သို့၊ အယူဝါဒမည်မျှ နားလည်သည်ဖြစ်စေ၊ မည်သည့်ပြဿနာကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ပေ။ ဘာသာရေး အယူအဆသမားအားလုံးက ကျမ်းစာကို ရှင်းပြနိုင်သော်လည်း၊ အဆုံးတွင်၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရား အလုံးစုံကို ၎င်းတို့ လက်မခံသောကြောင့် အားလုံးကျရှုံးကြသည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်း ခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို ပုန်ကန်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခု ပေါ်လွင်ထင်ရှားသည့်ပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့် မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ မည်သည့်နေရာကို ၎င်းတို့ ယူသင့်ပြီး ကျိုးကြောင်းဆီလျော်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်ကြောင်း၊ မည်ကဲ့သို့ တာဝန်သိတတ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ဖြစ်ကြောင်းကိုသာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ထို့ကြောင့် မိမိတို့စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် အတော်အတန် ယုတ္တိတန်ကြပြီး ထိုသို့သောလူများသာ လူသားပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်ကြသောကြောင့် အမှုအရာများကို သမ္မာတရားနှင့်အညီ ပြောဆိုကာ မြင်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန် အပြင်ပန်းတွင် မည်သည့်အရာ လုပ်ဆောင်ဖို့ကို အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်အရေးကြီးသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား စစ်မှန်မှု အမြောက်အမြား ရှိသည်မှာ သေချာပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ လုပ်ရပ်များ၏ စည်းမျဉ်းများဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရားကို မရရှိသေးသူများသည် အသက်စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရရှိကြသေးပေ။ စိတ်သဘောထားရှိ ပြောင်းလဲမှုကို မည်သို့ အတိအကျ စွမ်းဆောင်ရရှိသနည်း။ လူသားများသည် စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြပြီး၊ ဘုရားကို ခုခံသည့် သဘာဝရှိကြသည်။ ဘုရားကိုခုခံတတ်သည့် သဘာဝရှိပြီး ဘုရားကို ခုခံနိုင်ကြသူတို့အား ဘုရားကို ကျိုးနွံနာခံပြီး ကြောက်ရွံ့နိုင်ကြသူများအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် လူတို့ကို ဘုရားသခင် ကယ်တင်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သရွေ့ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးမှုအမျိုးမျိုး လက်ခံနိုင်သရွေ့ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိကြသည့်အခါ မိမိတို့ကိုယ်တိုင်နှင့် စာတန်ကို မုန်းနိုင်ကြလိမ့်မည်၊ ပြီးလျှင် စာတန်ကို ပုန်ကန်ပြီး ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံရန် လိုလားနေကြလိမ့်မည်။ လူတစ်ဦးသည် ဤစိတ်ပိုင်းဖြတ်မှုရှိသည်နှင့် သမ္မာတရားကို လိုက်စားနိုင်သည်။ လူတို့သည် ဘုရားအပေါ် စစ်မှန်သည့် အသိရှိကြပါက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီး ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့အတွင်းတွင် အမြစ်တွယ်ကာ ၎င်းတို့၏ အသက်နှင့် ၎င်းတို့တည်ရှိခြင်း အခြေခံဖြစ်လာပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ပြီး လုံးဝ ပြောင်းလဲကာ လူသစ်များဖြစ်လာပြီးဖြစ်ပါက ဤအရာကို ၎င်းတို့ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုအဖြစ် ယူဆပေသည်။ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူသားသဘာဝရှိခြင်းဟု မဆိုလိုသကဲ့သို့ လူတို့၏ အပြင်ဘက် စိတ်သဘောထားများက ယခင်ထက် ပိုမိုအောက်ကျို့တတ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို အနည်းငယ် နားထောင်နိုင်သည်ဟု မဆိုလိုပေ၊ ဤအပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲမှ အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော သရုပ်သကန်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက ၎င်းတို့ထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းတွင် အုပ်စိုးပြီး ၎င်းတို့အသက် ဖြစ်လာပြီးဖြစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များလည်း ပြောင်းလဲပြီး ဖြစ်သည်။ လောကထဲနှင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်၊ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်ကို အဆင်းနီသော နဂါးကြီးက ခုခံပုံနှင့် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ရိပ်စားမိနိုင်သည်။ ၎င်းတို့ စိတ်နှလုံးတွင် အဆင်းနီသော နဂါးကြီးနှင့် စာတန်ကို မုန်းတီးနိုင်ပြီး ဘုရားဘက်သို့ လုံးဝ လှည့်ကာ ဘုရားနောက် လိုက်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်ကာ ဘုရား၏ ရယူခြင်းခံရပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများသည် အခြေခံကျသော ပြောင်းလဲမှုများဖြစ်သော်လည်း အပြုအမူရှိ အပြောင်းအလဲများမှာ အပေါ်ယံ ဖြစ်သည်။ အသက်စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိပြီးသည့်သူတို့သာ သမ္မာတရားကို ရရှိပြီးသူများဖြစ်ပြီး ၎င်းတို့သည်သာ ဘုရားသခင်၏ ရယူခြင်းခံရပြီး ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို ပုန်ကန်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏ရည်ရွယ်ချက်များကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ပြုပြင်ခံရခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သော ရူပါရုံနှင့် အသစ်သော အသိပညာ မရှိပါက၊ သင်သည် သိမ်းပိုက်မခံရနိုင်ပေ။ ထိုအခါ သင်၏ ဘုရားသခင်နောက်လိုက်သည့်နည်းလမ်းသည် ဆင်းရဲဒုက္ခခံပြီး အစာရှောင်သော သူများကဲ့သို့ ဖြစ်လိမ့်မည်- တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရသည်မှာ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်တွင်၊ ထိုလူများသည် ထောင်ထဲတွင် ဆင်းရဲဒုက္ခခံစားရင်းနှင့် အချိန်ကုန်လွန်ကြလေသည်။ ၎င်းတို့သည် အစဉ် သည်းခံလျက်ရှိကြသည်၊ ချစ်ခင်လျက်ရှိကြပြီး၊ ကားတိုင်ကို အစဉ်ထမ်းရွက်ကြလေသည်၊ ၎င်းတို့သည် လောက၏ လှောင်ပြောင်မှုခံရကာ ငြင်းပယ်ခြင်း ခံရကြသည်၊ ခက်ခဲမှုမှန်သမျှကို ၎င်းတို့ တွေ့ကြုံကြပြီး အဆုံးတိုင် ၎င်းတို့ နာခံကြသော်လည်း၊ သိမ်းပိုက်မခံကြရသေးသကဲ့သို့၊ သိမ်းပိုက်ခံရခြင်းအဖို့ သက်သေခံချက်ကို မပေးနိုင်ကြပေ။ ၎င်းတို့သည် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သော်လည်း၊ အတွင်းတွင် ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေး ကျင့်ကြံမှုများ၊ လူလုပ် အသိပညာနှင့် လူသား စိတ်ကူးများထဲမှ မည်သည့်အရာမျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့အထဲတွင် အသစ်သော အသိပညာ၏ အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာသည် စိုးစဉ်းမျှ မမှန်ကန် သို့မဟုတ် မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မှုလွဲကြပေပြီ။ ဤအရာက ဘုရားသခင်ကို အစေခံသလော။ အတိတ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာ မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ယနေ့တွင် အလားတူဖြစ်မြဲဖြစ်ပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည် ဖြစ်စေ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာကို သင်၏ ကိုင်ပိုင် အယူအဆများအပေါ် ဆက်လက်အခြေခံပါက၊ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည် သစ်လွင်၊ စစ်မှန်သော အသိပညာကို မပိုင်ဆိုင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စိတ်သဘောထားတို့ကို သင် သိရှိရန် ပျက်ကွက်ပါက၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ရှေးရိုးစွဲ၊ အယူသီးသော အတွေး၏ ဦးဆောင်လမ်းပြမှုကို ခံရဆဲဖြစ်ပြီး၊ လူသား၏ စိတ်ကူးနှင့် အယူအဆများမှ ပေါက်ဖွားဆဲဖြစ်ပါက၊ သင်သည် သိမ်းပိုက်မခံရသေးပေ။ ယခု သင်တို့အား ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးကို သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ရည်ရွယ်သည်။ ယင်းတို့သည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် အသိပညာ နည်းလမ်းဟောင်းများကို ပြုပြင်ဖို့ရန် ရည်ရွယ်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ သင်၏ဘဝ၊ လူ့ဘဝနှင့် သက်ဆိုင်သည့် သင်၏အသိပညာနှင့်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အယူအဆများစွာတို့ကို သင်ပြောင်းလဲနိုင်ပါက၊ သင်၏သဘာဝကျခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဤအရာနှင့် ဤအရာသည်သာ လူတို့ကို ဘုရားသခင် သိမ်းပိုက်သည့်အခါ၊ ရရှိသည့် အကျိုးသက်ရောက်မှုဖြစ်သည်၊ ယင်းသည် လူတို့အထဲတွင် ဖြစ်ပွားသည့် ပြောင်းလဲမှုဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သိသမျှအကြောင်းသည် သင်၏ ခန္ဓာကိုယ်ကို ချိုးနှိမ်ခြင်း၊ ကြံ့ကြံ့ခံခြင်းနှင့် ဆင်းရဲဒုက္ခခံခြင်းတို့သာ ဖြစ်ပြီး၊ မည်သူ့အတွက် လုပ်ဆောင်သည်ကို မဆိုထားနှင့်၊ ဤအရာ မှန်သည် မှားသည်ကို သင် မသိပါက၊ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် ပြောင်းလဲမှုဆီသို့ မည်သို့ ဦးတည်စေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၃)

ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့သူတို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်းကို ပြောကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ ဆုတောင်းသည့်အခါတိုင်း စတင်၍ ငိုကြွေးတတ်ကြသည်။ ထိုသို့သော လူများသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများ ဖြစ်၏၊ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ ဘုရားတရားကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများ ဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သော ထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများသည် မည်သို့အကျိုးပြုမည်နည်း။ အချို့က မိမိတို့၏နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝမရှိတော့သည့် သိုးငယ်များကဲ့သို့၊ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ပြုမူသင့်သည် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူတို့သည် တက်ကြွ၍ အချုပ်အနှောင် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားဖြောင့်မတ်ပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်သော အနေအထား၌ အသက်ရှင်သူများ ဖြစ်သင့်သည်။ ထိုသူတို့၌ သမာဓိနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး သွားလေရာရာ၌ သက်သေခံနိုင်သင့်သည်။ ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ချစ်ခြင်းကိုရော လူသား၏ ချစ်ခြင်းကိုပါ ခံရသူများ ဖြစ်သည်။ ယုံကြည်ခြင်း၌ သက်တမ်းနုသော သူတို့တွင် အပေါ်ယံ လက်တွေ့လုပ်ဆောင်မှုများ များလွန်းကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို အရင် ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း ထိုသူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အကယ်၍ ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာရန် သင်နေ့စဉ် ဟောပြောသော်လည်း၊ အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင်၊ သင်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုကဲ့သို့သောသူများသည် ဘာသာရေးသမားများအပြင် ကြောင်သူတော်များလည်း ဖြစ်သည်။ ထိုသို့သော ဘာသာရေးသမားများ စုရုံးကြသည့်အခါတိုင်း၊ သူတို့က “ညီမ၊ ဒီရက်ပိုင်း ဘယ်လိုနေသလဲ။” ဟုမေးကောင်း မေးကြလိမ့်မည်။ သူမကလည်း “ဘုရားသခင်အပေါ် အကြွေး ရှိနေတာကို ခံစားမိပြီး သူ့ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြန်ဖြေကောင်း ပြန်ဖြေနိုင်၏။ အခြားတစ်ယောက်ကလည်း “ကျွန်ုပ်လည်း ဘုရားသခင်အပေါ် အကြွေးတင်ရှိနေပြီး သူ့အလိုတော်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြောကောင်း ပြောလိမ့်မည်။ ဤဝါကျအချို့နှင့် စကားလုံးများသက်သက် ကပင် ထိုသူတို့၏နှလုံးသား နက်ရှိုင်းသောနေရာ၌ ရှိနေသည့် ဆိုးရွားသော အရာများကို ဖော်ပြနေသည်။ ထိုသို့သော စကားများသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ပြီး၊ အလွန်အမင်း မနှစ်မြို့ဖွယ်ဖြစ်သည်။ ထိုသို့သောလူများ၏ သဘာဝဗီဇသည် ဘုရားသခင်ကို ဆန့်ကျင်သည်။ စစ်မှန်မှုအပေါ်တွင် အာရုံစိုက်သောသူတို့သည် မိမိ၏စိတ်အတွင်း၌ ရှိသည့်အတိုင်း ပြောဆိုပြီး မိတ်သဟာယပြုရာတွင်လည်း မိမိတို့၏နှလုံးသားများအား ဖွင့်ဟကြသည်။ ထိုသူတို့သည် ထိုကဲ့သို့သော ယဉ်ကျေးရည်မွန်သော စကားများ၊ သို့မဟုတ် အနှစ်သာရ မရှိသော နားဝင်ချိုသည့်စကားများကို မပြောဘဲ အတုအပဖြစ်သော စွမ်းဆောင်မှုများ၌ ပါဝင်ခြင်း မရှိပေ။ ထိုသူတို့သည် အမြဲတမ်း ပွင့်လင်းစွာပြောဆိုကြပြီး လောက၏ စည်းမျဉ်းများကို လိုက်နာလေ့မရှိပေ။ အချို့သူများသည် လုံးဝ အဓိပ္ပာယ်မရှိသည့် အတိုင်းအတာအထိ အပေါ်ယံ လူမြင်အောင် လုပ်ပြရသည်ကို ခုံမင်ကြသည်။ မိမိ၏ထမင်းအိုး အတွင်းရှိ ထမင်းများ တူးသွားသည်ကိုပင် မသိလိုက်ဘဲ၊ တစ်စုံတစ်ဦး သီချင်းဆိုလျှင် သူတို့ စတင် ကခုန်ကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားတရား ကိုင်းရှိုင်းသူများ မဟုတ်သလို၊ ဂုဏ်သိက္ခာ ရှိသောသူများလည်း မဟုတ်ကာ၊ အလွန်အမင်း ပေါ့ပြက်လွန်းလှသည့် လူများဖြစ်သည်။ အဆိုပါအရာများ အားလုံးသည် စစ်မှန်ခြင်းကင်းမဲ့မှု၏ သရုပ်သကန်များ ဖြစ်သည်။ လူအချို့သည် ဝိညာဉ်ရေးရာအသက်တာ နှင့်ဆိုင်သော ကိစ္စများကို ပြောဆိုကြသည့်အခါ၊ ထိုသူတို့သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း မပြောသော်လည်း၊ ၎င်းတို့၏ နှလုံးသား အတွင်း၌ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာထားကြသည်။ ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း သင်၏ခံစားချက်သည် အခြားသူများနှင့် မည်ကဲ့သို့မျှ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိခြင်း ဖြစ်သည်၊ လူသားအပေါ် ကျေးဇူးတင်ရှိခြင်း မဟုတ်။ ထိုကိစ္စအား အခြားသူများကို အဆက်မပြတ် ပြောဆိုခြင်းသည် သင့်အတွက် အဘယ်အကျိုးရှိသနည်း။ သင်သည် မည်သည့်အပြင်ပန်း စိတ်အားထက်သန်မှု၊ သို့မဟုတ် အပြင်ပန်း ပြသဖို့အပေါ်မျှ မဟုတ်ဘဲ၊ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို အရေးကြီးသည်ဟု ခံယူရမည်။ လူတို့၏ အပေါ်ယံကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိစိတ်ကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည်ပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိပေ၊ ၎င်းတို့သည် သင်ကိုယ်တိုင်၏ သီးခြား နဂိုစိတ်ရင်းကိုသာ ပြနိုင်သည်။ လူသား၏အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိကြောင်းကို အစဉ်မပြတ် ပြောသော်လည်း၊ တစ်ပါးသူများ၏ဘဝများကို သင် မထောက်ပံ့နိုင်ပေ သို့မဟုတ် ဘုရားသခင်ကို ချစ်သော ၎င်းတို့၏ စိတ်နှလုံးကို သင်မလှုံ့ဆော်နိုင်ပေ။ သင်၏ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင် ယုံကြည်သလော။ သင် ဤနည်းအားဖြင့် လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်ဟုလည်းကောင်း၊ သင်၏ လုပ်ရပ်များသည် ဝိညာဉ်ရေးရာဆန်သည်ဟုလည်းကောင်း သင်ခံစားရသည်။ စင်စစ်အားဖြင့် ၎င်းတို့အားလုံးသည် အဓိပ္ပာယ် ကင်းမဲ့ကြပေသတည်း။ သင့်အား စိတ်ကျေနပ်မှု ပေးသောအရာနှင့် သင်လုပ်လိုသော အရာတို့သည် ဘုရားသခင် အထူးနှစ်သက်သည့် အရာများ အတိအကျပင် ဖြစ်သည်ဟု သင်ယုံကြည်သည်။ သင် နှစ်သက်သောအရာများသည် ဘုရားသခင်အား ကိုယ်စားပြုနိုင်သလော။ လူတစ်ဦး၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့်အရာ အတိအကျပင်ဖြစ်ပြီး၊ သင့်အကျင့်များသည် ဘုရားသခင် ပစ်ပစ်ခါခါငြင်းသော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ဘုရားသခင်ရှေ့မှောက်သို့ သွား၍ ဆုတောင်းလော့။ ထိုအကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ၊ ယင်းအစား အခြားသူများရှေ့၌ သင့်ကိုယ်သင် လူအများအာရုံစိုက်ခံရအောင် အစဉ်တစိုက် ပြုလုပ်လျှင်၊ ဤအရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းအတွက်သာ ဖြစ်နေပါက၊ သင်သည် အစွန်းရောက်အောင် အလွန်ပလွှားသောသူ ဖြစ်သည်ဟု ဆိုလိုသည်။ အပေါ်ယံကောင်းမှုများသာ ဆောင်ရွက်ပြီး စစ်မှန်မှု ကင်းမဲ့နေသည့် လူတို့သည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလေလေ၊ ဘုရားသခင်ကို ပို၍ ဆန့်ကျင်လေလေဖြစ်၏။ အဆုံးတွင် ထိုကဲ့သို့သော လူများသည် ဧကန်ပင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘာသာရေးလောကတွင်၊ ဘာသာရေးကို အလွန်ရိုသေကိုင်းရှိုင်းသည့် လူများစွာက၊ “ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ပြောင်းလဲခဲ့ကြသည်။ ကျွန်ုပ်တို့သည် သခင်အဘို့ အသုံးခံနိုင်သည်၊ သခင်အတွက် အမှုတော်ဆောင်နိုင်သည်၊ သခင်အတွက် အကျဉ်းချခြင်းကို သည်းခံနိုင်ပြီး၊ ကိုယ်တော်၏ နာမတော်ကို မငြင်းပယ်ပါ။ ကျွန်ုပ်တို့သည် များစွာသော အကျင့်သီလကောင်းသည့် အရာများကို လုပ်ဆောင်နိုင်သည်၊ အများအကျိုးဆောင်အဖွဲ့ကို ပေးလှူခြင်း၊ ဆင်းရဲသားကို လှူဒါန်းခြင်းနှင့် ကူညီခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ဤသည်တို့သည် ကြီးမားသည့် ပြောင်းလဲမှုများဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ယူဆောင်သွားခြင်းခံရရန် အရည်အချင်းပြည့်မီသည်။” ဟုဆိုကြသည်။ ဤစကားလုံးများကို သင်မည်သို့ သဘောရသနည်း။ ဤစကားလုံးများနှင့်ပတ်သက်၍ သင်သတိပြုမိသည့် တစ်စုံတစ်ရာ ရှိပါသလား။ သန့်စင်စေခြင်းက မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏အပြုအမူက ပြောင်းလဲသွားပြီး ကောင်းမှုများပြုပါက သင်သည် သန့်စင်ခြင်းခံရပြီးဖြစ်သည်ဟု သင်ထင်ပါသလား။ တစ်စုံတစ်ယောက်ကပြောသည်၊ “ကျွန်ုပ်သည် အလုံးစုံကို ပစ်ပယ်လိုက်ပြီးပြီ။ ဘုရားသခင်အဘို့ အသုံးခံရန်အတွက် ကျွန်ုပ်၏အလုပ်၊ ကျွန်ုပ်မိသားစုနှင့် သွေးသားတပ်မက်မှုကို ပစ်ပယ်ခဲ့ပြီးပြီ။ ဤကား သန့်စင်ခံရခြင်းနှင့် ညီမျှသလား။” သင်သည် ဤအရာအားလုံးကို လုပ်ဆောင်ပြီးသည့်တိုင်၊ ဤကား သင်သန့်စင်ခံရခြင်း၏ ခိုင်မာသည့် အထောက်အထား မဟုတ်ပါ။ ထို့ကြောင့်၊ အဓိက အချက်က အဘယ်နည်း။ စစ်မှန်သည့် သန့်စင်ခြင်းအဖြစ် ယူဆနိုင်ရန် မည်သည့် ရှုထောင့်မှ သင်သည်သန့်စင်ခြင်းကို ရရှိနိုင်သနည်း။ ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ စိတ်သဘောထားကို သန့်စင်ခြင်းက စစ်မှန်သည့် သန့်စင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်စိတ်သဘောထား၏ သရုပ်သကန်များမှာ အဘယ်နည်း။ အထင်ရှားဆုံးသော သရုပ်သကန်များမှာ လူတစ်ဦး၏ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်မှု၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှုနှင့် မိမိကိုယ်ကို ပလွှားမှုတို့အပြင်၊ သူ၏ ကောက်ကွေ့မှု၊ သစ္စာဖောက်မှု၊ လိမ်ညာပြောဆိုမှု၊ လှည့်စားမှုနှင့် သူတော်ကောင်း ယောင်ဆောင်မှုတို့ ဖြစ်ကြသည်။ ဤစာတန်စိတ်သဘောထားများသည် လူတစ်ဦး၏ တစ်စိတ်တစ်ပိုင်း ဆက်၍မဟုတ်တော့သည့် အချိန်တွင်၊ ယင်းနောက်တွင် သူတို့သည် အမှန်တကယ် သန့်စင်ခံပြီး ဖြစ်သည်။ လူ၏စာတန်စိတ်သဘောထား အတွင်းတွင် အဓိကသရုပ်သကန် ၁၂ခုရှိသည်ဟု ဆိုခဲ့ကြသည်၊ ၎င်းတို့မှာ မိမိကိုယ်ကို ကိုယ်သိက္ခာအရှိဆုံးဟု မှတ်ယူခြင်း၊ မိမိကိုလိုက်နာသူကို အောင်မြင်ဖြစ်ထွန်းစေ၍၊ မိမိကို ဆန့်ကျင်သူများအား ပျက်စီးစေခြင်း၊ ဘုရားသခင်သည်သာလျှင် သင့်ထက်သာလွန်သည်ဟု တွေးနေခြင်း၊ မည်သူကိုမျှ မဆက်ကပ်ခြင်း၊ အခြားသူများကို အလေးမထားခြင်း၊ သင့်တွင် သြဇာအာဏာ ရှိသည်နှင့် လွတ်လပ်သည့်နိုင်ငံ ဖန်တီးခြင်း၊ တစ်ဦးတည်း သြဇာအာဏာ စိုးမိုးသူနှင့် အရာခပ်သိမ်း၏ သခင်ဖြစ်လိုနေခြင်းနှင့်၊ အရာအားလုံးကို သင်ကိုယ်တိုင်သာ ဆုံးဖြတ်လိုခြင်းတို့ ဖြစ်ကြသည်။ ဤသရုပ်သကန်များအားလုံးသည် စာတန်၏ စိတ်သဘောထားများဖြစ်သည်။ လူတစ်ဦးသည် သူ့အသက်တာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို မတွေ့ကြုံမီတွင် ဤစာတန်၏ စိတ်သေဘာထားများကို သန့်စင်စေရမည်။ လူတစ်ဦး၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုသည် တဖန်ပြန်လည် မွေးဖွားရှင်သန်ခြင်းဖြစ်သည်၊ အကြောင်းမှာ သူ၏အနှစ်သာရ ပြောင်းလဲသွားခြင်းအတွက်ကြောင့် ဖြစ်သည်။ ယခင်က သူ့ကို တန်ခိုးအာဏာ ပေးခဲ့သောအခါ၊ သူသည် သူ၏ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည်။ ယခု သူ့ကို တန်ခိုးအာဏာပေးသောခါ၊ သူသည် ဘုရားသခင်ကို အစေခံသည်၊ ဘုရားသခင်အတွက် သက်သေခံပြီး ဘုရားသခင်ရွေးချယ်သောသူများအတွက် အစေခံတစ်ဦး ဖြစ်လာသည်။ ဤကား စစ်မှန်သည့် ပြောင်းလဲခြင်း မဟုတ်ပါလား။ ယခင်က၊ အခြေအနေအားလုံးတွင် သူ့ကိုယ်သူ ကြွားဝါပြီး အခြားလူများကို သူ့အားအထင်ကြီးပြီး ကိုးကွယ်စေလိုသည်။ ယခုတွင်၊ သူသည် ဘုရားသခင်အတွက် နေရာတိုင်းတွင် သက်သေခံပြီး သူ့ကိုယ်သူ မကြွားဝါတော့ပါ။ လူတို့က သူ့ကို မည်သို့ပင် ဆက်ဆံပါစေ၊ ၎င်းကို အဆင်ပြေသည်ဟု သူခံစားသည်။ လူတို့က သူ့အား မည်သို့ပင် သုံးသပ်ပါစေ၊ ၎င်းကို အဆင်ပြေသည်ဟု သူခံစားသည်။ သူဂရုမစိုက်ပါ။ သူသည် ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ ဘုရားသခင်အတွက် သက်သေခံခြင်း၊ အခြားသူများ ဘုရားသခင်ကို နားလည်စေရန် ကူညီခြင်းနှင့်၊ အခြားသူများ ဘုရားသခင် ရှေ့တွင် နာခံစေရန် ကူညီခြင်းတို့ကိုသာ အာရုံပြုသည်။ ဤကား အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု မဟုတ်ပါလား။ “ကျွန်ုပ်သည် ညီအစ်ကို မောင်နှမများကို ချစ်ခြင်းဖြင့် ဆက်ဆံပါမည်။ အခြားသူများကို အခြေအနေအားလုံးတွင် ကရုဏာ ထားပါမည်။ ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်တိုင် အတွက်ကို မစဉ်းစားတော့ဘဲ၊ အခြားသူများ အကျိုးကျေးဇူးအတွက် ထောက်ပံ့ပေးပါမည်။ ကျွန်ုပ်သည် အခြားသူများ ဘဝတိုးတက်မှုအတွက် ကူညီမည်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်တာဝန်များကို ကျေပြွန်အောင် ဆောင်ရွက်ပါမည်။ အခြားသူများ သမ္မာတရားကို နားလည်ပြီး သမ္မာတရားရရှိအောင် ကျွန်ုပ်ကူညီပါမည်။” ဤသည်ကား အခြားသူများကို ကိုယ်နှင့်အမျှ ချစ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စာတန်နှင့် ပတ်သက်၍၊ ယင်းကို သင်ထိုးထွင်းသိမြင်နိုင်ရမည်၊ ဥပဒေသများရှိရမည်၊ ယင်းကို နယ်နိမိတ်မျဉ်းတားထားပြီး၊ စာတန်၏ ဆိုးယုတ်မှုများကို မခြွင်းမချန် ထုတ်ဖော်ပါ၊ ထိုသို့လျှင် ဘုရားသခင် ရွေးချယ်သောလူတို့သည် ယင်း၏အန္တရာယ်မှ ရှောင်ကြဉ်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်သောလူတို့ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပြီး၊ ဤအရာသည် သင့်ကိုယ်သင်ထက် အခြားသူများကို ပို၍ပင်ချစ်နေခြင်း ဖြစ်သည်။ ထို့ပြင်၊ သင်သည် ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး၊ ဘုရားသခင် မုန်းသည့်အရာကို မုန်းသင့်သည်။ ဘုရားသခင် မုန်းသည့်အရာများမှာ အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စဉ်းလဲသူများဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည်လည်း အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စဉ်းလဲသူများကို မုန်းရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်ရမည်။ ကျွန်ုပ်တို့သည် သူတို့နှင့် အပေးအယူ မလုပ်ရပါ။ ဘုရားသခင်သည် သူကယ်တင်ပြီး ကောင်းကြီးပေးလိုသည့် သူများကို ချစ်သည်။ ဤလူတို့အတွက်၊ ကျွန်ုပ်တို့ တာဝန်ယူရမည်၊ သူတို့ကို ချစ်မေတ္တာ၊ ကူညီစောင်မမှု၊ လမ်းပြမှု၊ ထောက်ပံ့မှုနှင့် ဆက်ဆံပြီး ဖေးမရမည်။ ဤသည်ကား လူတစ်ဦး၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု မဟုတ်ပါလား။ ထို့ပြင်၊ သင်သည် အချို့သော ပြစ်မှားခြင်းများ သို့မဟုတ် အမှားများ ကျူးလွန်ခဲ့မိသည့်အချိန်တွင်၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ရာတွင် ဥပဒေသများကို ဥပေက္ခာပြုခဲ့သည့်အချိန်တွင်၊ သင်သည် ညီအစ်ကို မောင်နှမများ၏ ဝေဖန်မှု၊ အပြစ်တင်မှု၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပယ်ရှားခြင်းများကို လက်ခံနိုင်သည်။ သင်သည် ဤအရာများအားလုံးကို မှန်ကန်စွာ ဆက်ဆံနိုင်ပြီး ယင်းတို့ကို ဘုရားသခင်ထံမှ ရယူကာ၊ မုန်းတီးမှုကို လက်သင့်ခံမထားဘဲ၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်ကား သင့်အသက်တာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခု မဟုတ်ပါလား။ ဟုတ်ပါသည်။...

ဘာသာရေးလောကတွင် ပြောဆိုနေသည့် တစ်စုံတစ်ဦး၏ အပြုအမူ ပြောင်းလဲခြင်းသည် အသက်တာ စိတ်သဘောထားအတွင်း ပြောင်းလဲမှုကို ကိုယ်စားပြုနိုင်ပါသလား။ လူတိုင်းက မပြုနိုင်ပါဟု ပြောကြသည်။ အဘယ်ကြောင့်နည်း။ အဓိက အကြောင်းရင်းမှာ သူသည် ဘုရားသခင်ကို ဆန့်ကျင်နေဆဲ ဖြစ်သည့်အတွက် ဖြစ်သည်။ ၎င်းသည် အပြင်ပိုင်းတွင် ဘာသာတရား အလွန်ကိုင်းရှိုင်းသည့် ဖာရိရှဲများကဲ့သို့ ဖြစ်နေခြင်းသာ ဖြစ်သည်။ သူတို့သည် မကြာခဏ ဆုတောင်းခဲ့သည်၊ သူတို့သည် သမ္မာကျမ်းကို ရှင်းပြခဲ့ကြသည်၊ သူတို့သည် ပညတ်တရား၏ ဥပဒေသများကို ကောင်းစွာ လိုက်လျှောက်ခဲ့ကြသည်။ ၎င်းသည် အပြင်ပိုင်းဖြစ်သည်ဟု ပြောနိုင်ပါသည်၊ သူတို့သည် အပြစ်ရှာ၍ မရနိုင်လောက်အောင် ဖြစ်သည်။ လူတို့သည် သူတို့အား မည်သည့် အပြစ်အနာအဆာများမှ ရှာမတွေ့နိုင်ကြပါ။ သို့ရာတွင်၊ သူတို့သည် အဘယ်ကြောင့် ခရစ်တော်ကို ဆန့်ကျင်ပြီး ပြစ်တင်ဝေဖန် နိုင်ကြသေးသနည်း။ ဤကား အဘယ်အရာကို ဖော်ညွှန်းနေသနည်း။ လူတို့သည် မည်သို့ပင် လူကောင်းပုံစံ ဖြစ်နေပါသော်လည်း၊ သူတို့တွင် သမ္မာတရားမရှိဘဲ ထို့အတွက်ကြောင့် ဘုရားသခင်ကို မသိကြလျှင်၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်နေဆဲပင် ဖြစ်မည်။ အပြင်ပန်းအားဖြင့်၊ သူတို့သည် အလွန်ကောင်းခဲ့ကြပါသော်လည်း၊ ဤအရာက အသက်တာ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခုအဖြစ် အဘယ်ကြောင့် ထည့်တွက်၍ မရသနည်း။ ဤသို့ဖြစ်ရခြင်းမှာ သူတို့၏ ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထားသည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့ဘဲ၊ သူတို့သည် မာနထောင်လွှားနေခဲ့ဆဲ၊ စိတ်ကြီးဝင်နေခဲ့ဆဲနှင့် အထူးသဖြင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေခဲ့ဆဲ ဖြစ်သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် အသိပညာ၊ အယူအဆများကို ယုံကြည်ခဲ့ကြပြီး သူတို့သည် သမ္မာကျမ်းများကို အကောင်းဆုံးနားလည်ကြသည်ဟု ယုံကြည်ခဲ့ကြသည်။ သူတို့သည် အရာခပ်သိမ်းကို နားလည်ခဲ့ကြပြီး၊ သူတို့သည် အခြားသူများထက် သာလွန်ကြသည်ဟု ယုံကြည်ခဲ့ကြသည်။ ဤကား သခင်ယေရှု တရားဟောလျက် မိမိ၏ အမှုတော်ကို လုပ်ဆောင်နေခဲ့စဉ် သူတို့သည် ကိုယ်တော်ကို ဆန့်ကျင်ခဲ့ပြီး အပြစ်တင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ထိုအကြောင်းကြောင့်၊ နောက်ဆုံးသောကာလ ခရစ်တော်က သမ္မာတရား အလုံးစုံကို ဖော်ပြနေသည်ကို ဘာသာရေး လောကမှ ကြားသည့်အချိန်တွင်၊ ၎င်းသည် သမ္မာတရားဖြစ်ကြောင်း သူတို့ သိသည့်တိုင် ကိုယ်တော်ကို အပြစ်ရှာ ရှုတ်ချကြသည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

အရှေ့သို့- ၆။ မှန်သောခေါင်းဆောင်များနှင့် မှားသောခေါင်းဆောင်များ၊ မှန်သောသိုးထိန်းများနှင့် မှားသောသိုးထိန်းများအကြား ပိုင်းခြားသိမြင်ခြင်း

နောက်တစ်ခုသို့- ၁။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းထဲ၌ ဘုရားသခင်၏အမှုသစ်ကို လူတို့ ဆန့်ကျင်ခြင်း၏ အရင်းအမြစ်ကို သိရှိခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ သို့မဟုတ် မြင်နိုင်ခြင်း မရှိသကဲ့သို့ လူသားသည်...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။