၆။ မှန်သောခေါင်းဆောင်များနှင့် မှားသောခေါင်းဆောင်များ၊ မှန်သောသိုးထိန်းများနှင့် မှားသောသိုးထိန်းများအကြား ပိုင်းခြားသိမြင်ခြင်း
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် အလွယ်တကူ အထင်အမြင်မှားစေခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်
လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် ဤအခြေအနေများအပေါ် သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် “ကျွဲပါးစောင်းတီးသူ” မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသုံးခံရန် သင့်တော်သော သိုးထိန်းတစ်ဦး၌ ပိုင်ဆိုင်ထားသင့်သည့်အရာ
ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးနှင့်သက်ဆိုင်သော အကျိုးအမြတ်၊ သို့မဟုတ် ဆုံးရှုံးမှုကို ထည့်သွင်းမစဉ်းစားပေ။ ၎င်းတရှေ့ရေးများမှာမည်သည့်အရာကိုမျှ ရမည်မဟုတ်သကဲ့သို့ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံနည်း
သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကို နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကို အထွတ်အထိပ်အဖြစ်ဆုံးဟု တွေးထင်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်
လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်
ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ ရွံရှာဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို အထင်အမြင်မှားစေသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ဘောင်ခတ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ၊ ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် အဆင့်အတန်း၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများဖြစ်သည့် ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလငစအောင်ပြုလုပ်ပေးမည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက် သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်
လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ ယင်းသည် ရှုပ်ထွေးသည့် ရှုထောင့်အမြင် မဟုတ်လော။ သင်သည် ကမ်းခြေပေါ်က သဲပွင့်များတမျှ များလှသော အသိပညာအပိုင်းအစများကို ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို ပုန်ကန်ကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို အလွန်အမင်းမမြှောက်စားနှင့်။ ယင်းသည် အသုံးမဝင်ပေ။ အချို့လူတို့သည် ဝိညာဉ်ရေးဆိုင်ရာ သီအိုရီအကြောင်းကို ဆယ်စုနှစ်နှင့်ချီ၍ ပြောဆိုနေခဲ့ကြပြီး ကြီးမြတ်သော ဝိညာဉ်ရေးရာပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ရန် ကျရှုံးကြဆဲပင်ဖြစ်၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်၊ မတွေ့ကြုံကြသောကြောင့် ၎င်းတို့တွင် စည်းမျဉ်းများ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းမရှိကြပေ။ ဤသို့သောလူတို့သည် သူတို့ကိုယ်တိုင်၌ သမ္မာတရား စစ်မှန်မှု မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် အခြားလူတို့ကို ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ စစ်မှန်သည့် လမ်းကြောင်းပေါ်သို့ မည်သို့ခေါ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် လူတို့ကို လမ်းလွဲစေရန်သာ လုပ်နိုင်ကြ၏။ ဤသည်မှာ အခြားလူများနှင့် သူတို့ကိုယ်သူတို့ ထိခိုက်အောင် လုပ်နေခြင်းမဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ ရှေ့တည့်တည့်တွင်ရှိနေသော တကယ့်ပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤအရာသည်သာ ဘုရားကို ကျိုးနွံနာခံခြင်းဖြစ်၏။ သင်သည် အသက်ဝင်ရောက်မှု ရှိသည့်အခါမှသာ ဘုရားသခင်အတွက် အလုပ်လုပ်ရန် သင်အရည်အချင်းပြည့်မီသည်။ ထို့ပြင် ဘုရားသခင်အတွက် ရိုးသားစွာ သင်အသုံးခံသည့်အခါမှသာ ဘုရားသခင်၏ လက်ခံခြင်းကို ခံရနိုင်သည်။ ကြီးကျယ်သော ထွက်ဆိုချက်များကို အစဉ်မပြုလုပ်နှင့်၊ စကားကြီးစကားကျယ်နိုင်သော သီအိုရီကို အစဉ်မပြောနှင့်။ ဤသည်မှာ မစစ်မှန်ပေ။ သင့်အပေါ် လူအများ လေးစားစေရန် ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို လူတတ်လုပ် ပြောဆိုခြင်းသည် ဘုရားသခင်ကို သက်သေခံနေခြင်းမဟုတ်ဘဲ သင့်ကိုယ်သင် ကြွားလုံးထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့အတွက် လုံးဝ အကျိုးမဖြစ်စေသကဲ့သို့ ၎င်းတို့ကို မတည်ဆောက်ပေးဘဲ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို ကိုးကွယ်ခြင်းအပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုအပေါ် အာရုံမစိုက်ခြင်းအဖြစ်သို့ အလွယ်တကူ ဦးတည်သွားစေနိုင်သည်။ ဤသည်မှာ လူတို့ကို လမ်းလွဲစေခြင်း မဟုတ်လော။ ဤသို့ ဆက်လက်လုပ်ဆောင်ခြင်းသည် လူတို့ကို ဘောင်ခတ်ပြီး ပိတ်လှောင်သည့် အနှစ်မဲ့သော သီအိုရီနှင့် စည်းမျဉ်းများ များစွာကို ထွက်ပေါ်လာစေလိမ့်မည်။ ယင်းသည် အမှန်တကယ်ပင် အရှက်ရစရာ ကောင်း၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့
ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူဖြစ်ပြီး ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်ကို အတိုက်အခံလုပ်သူတစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသည့်တိုင် ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သာ၍ပင်ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒခြွေရန် အမြင့်တွင် ရပ်တည်ကြရင်း အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် ဆိုးယုတ်သော နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ လူတို့ တက်ရောက်ခြင်းကို တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်ဖြစ်ပြီး ဘုရားသခင်ကို လူတို့၏ ရှာဖွေခြင်းအား ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် ရည်စူးမြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်