၂။ လတ်တလောတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီးဖြစ်ကာ ယင်းတို့သည် တန်ခိုးနှင့် ဩဇာအာဏာနှစ်ခုလုံး ပိုင်ဆိုင်ကြသည်ကို ရှာတွေ့ပြီးဖြစ်ပါသည်။ သူ၏ မိန့်မြွက်ချက် တစ်ခုတိုင်းသည် သမ္မာရားဖြစ်သည်၊ ယင်းတို့သည် ဧကန်အမှန် ဘုရားသခင်၏ အသံတော်ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်း ဖြစ်ပါသည်။ ယခုတွင် သခင်ယေရှု၏ ပြန်ကြွလာခြင်းအဖြစ် ဟန်ဆောင်နေကြသည့် လူအချို့ရှိပြီး၊ ၎င်းတို့သည်လည်း စကားများ ပြောဆိုပြီးဖြစ်သည်။ ၎င်းတို့၏ စကားများထဲမှ အချို့ကို စာအုပ်များအဖြစ် ပြုလုပ်ထားကြပြီး လူများစွာတို့သည် ၎င်းတို့နောက်လိုက်ခြင်းအဖြစ်သို့ လှည့်စားခံရကြပြီး ဖြစ်သည်။ ၎င်းတို့ အမှန်တကယ် ဖြစ်သည့်အရာအတွက် ကျွန်ုပ်တို့သည် ခရစ်တော် အယောင်ဆောင်ထားသူများ၏ စကားများကို မည်သို့ ပြောဆိုနိုင်ကြသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို တွေ့ကြုံကြသူအားလုး အချက်တစ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းကြသည် - အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် ပြုသည့်အချိန်တိုင်းတွင်၊ စာတန်နှင့် နတ်ဆိုးမျိုးစုံတို့သည် လူတို့ကို လှည့်ဖြားဖို့အလို့ငှာ သူ၏ အမှုတော်ကို အတုခိုးကာ လိမ်လည်ရင်း သူ့နောက် အနီးကပ် ထပ်ကြပ်မကွာ လိုက်လေသည်။ သခင်ယေရှုက နာမကျန်းဖြစ်သူများကို အနာငြိမ်း စေပြီး နတ်ဆိုးများ နှင်ထုတ်သည့်အခါ၊ စာတန်နှင့် ဝိညာဉ်ဆိုးများက နာမကျန်းဖြစ်သူများကို ကုသပြီး နတ်ဆိုးများကို နှင်ထုတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသော ဘာသာစကား ဆုကျေးဇူးအား လူသားကို ပေးခဲ့ချိန်တွင်၊ ဝိညာဉ်ဆိုးများကလည်း လူတို့အား မည်သူမျှ နားမလည်နိုင်မည့် “အခြားသော ဘာသာစကားများ”ကို ပြောစေခဲ့သည်။ စာတန်နှင့် ဝိညာဉ်ဆိုးများသည် လူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ အမှုအရာ မျိုးစုံ - ဥပမာအားဖြင့်၊ လူတို့ကို လှည့်ဖြားဖို့ သဘာဝလွန် အမှုအရာအချို့ကို ထင်ရှားပေါ်လွင်စေခြင်း - ကို လုပ်ဆောင်နိုင်သော်လည်း၊ စာတန်နှင့် ဝိညာဉ်ဆိုးများသည် သမ္မာတရား ကင်းမဲ့ကြသောကြောင့်၊ လူတို့ကို မည်သည့်အခါတွင်မျှ သမ္မာတရား မပေးနိုင်သကဲ့သို့ ဤသည်မှာ စစ်မှန်သော ခရစ်တော်နှင့် အယောင်ဆောင် ခရစ်တော်ကြား ခြားနားချက်ကို ပိုင်းခြားသိမြင်နိုင်ဖို့ ဖြစ်နိုင်စေသည့်အရာ ဖြစ်သည်။

နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် အချိန်ကြာမြင့်စွာ နှိမ့်ချမြဲနှိမ့်ချပြီး အမှုပြုဖို့ လူ့ဇာတိခံယူလာပြီးသည့်နောက် ကွယ်ဝှက်မြဲ ကွယ်ဝှက်ခဲ့သည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များ အထွတ်အထိပ်သို့ ရောက်ရှိပြီး လူများ သိမ်းပိုက်ခံရသည့်အခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်က ခရစ်တော်ကို သက်သေခံခဲ့သည်။ ခရစ်တော်က သူ ခရစ်တော်ဖြစ်ကြောင်း ယခင်က အခြားသူများရှေ့တွင် လုံးဝ မဖော်ပြဖူးပါ။ ခရစ်တော်၏ နေရာမှ လူတို့ကို မည်သည့်အခါတွင်မျှ သူ ဩဝါဒမပေးဖူးသကဲ့သို့၊ သူ့ကို လက်ခံရန်နှင့် အသိအမှတ်ပြုရန် ဖိအားမပေးဖူးပါ။ သူသည် သမ္မာတရားကို ဖော်ပြရင်း၊ အသက်တာ၌ လူတို့လိုအပ်သည့်အရာကို ထောက်ပံ့ပေးရင်းနှင့် ၎င်းတို့၏ အသက် စိတ်သဘောထားကို ပြောင်းလဲစေရင်း၊ နှိမ့်ချကာ ကွယ်ဝှက်ရုံကွယ်ဝှက်နေသည်။ ခရစ်တော်သည် မည်သည့်အခါတွင်မျှ လေလုံးမထွား၊ မကြွားဝါဖူးပေ။ တစ်လျှောက်လုံး နှိမ့်ချမြဲ နှိမ့်ချကာ ကွယ်ဝှက်မြဲ ကွယ်ဝှက်လေသည်။ ဤအရာတွင်၊ မည်သည့် အဖန်ဆင်းခံ သတ္တဝါကမျှ နှိုင်းယှဉ်၍မရနိုင်ပေ။ ခရစ်တော်သည် လူတို့အား သူ့ကို နာခံစေကာ သူ့နောက်လိုက်စေဖို့ သူ၏ ရာထူး သို့မဟုတ် ကိုယ်ပိုင်လက္ခဏာကို လုံးဝ အသုံးမပြုဖူးပေ။ ထိုအစား သူသည် လူတို့ကို တရားစီရင်ဖို့၊ ပြစ်တင်ဆုံးမပြီး ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြသည်၊ ယင်းအားဖြင့် သူသည် ဘုရားသခင်ကို သိကာ နာခံပြီး ဘုရားသခင်၏ ရယူခြင်းခံရဖို့ လူတို့ကို ကူညီလေသည် - ယင်းက ဘုရားသခင် မည်မျှ မြင့်မြတ်ကာ သန့်ရှင်းသည်ကိုသာ ပြပေသည်။ သို့သော်ငြားလည်း မရေတွက်နိုင်သော အယောင်ဆောင် ခရစ်တော်များနှင့် ဝိညာဉ်ဆိုးများသည် အတိအကျ ဆန့်ကျင်ဘက် ဖြစ်ကြသည် - ၎င်းတို့က မိမိတို့ကိုယ်ကို ခရစ်တော်အဖြစ် စဉ်ဆက်မပြတ် သက်သေခံကြပြီး၊ ၎င်းတို့ကို နားမထောင်သောသူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မဝင်ရောက်နိုင်ဟုပင် ဆိုကြလေသည်။ လူတို့အား ၎င်းတို့ကို တွေ့ဆုံရန် လာစေဖို့အလို့ငှာ မိမိတို့ကိုယ်ကိုယ် လေလုံးထွားဖို့၊ ကြွားဝါဖို့နှင့် ချီးမွမ်းဖို့ အစွမ်းကုန် လုပ်ဆောင်ကြသည်၊ သို့မဟုတ် လူတို့ကို လှည့်ဖြားဖို့ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာအချို့ကို ဆောင်ရွက်နိုင်ပေသည်။ လူတို့ လှည့်ဖြားခံရသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားအပေါ် မိတ်သဟာယပြုဖို့နှင့် ဤလှည့်ဖြားမှုကို ဖြေရှင်းဖို့ မည်သူမျှ မရှိပါက၊ ၎င်းတို့ ပြိုလဲကြသည်။ ဤအရာနှင့် သက်ဆိုင်သည့် ဥပမာများစွာ ရှိသည်။ အယောင်ဆောင် ခရစ်တော်များက သမ္မာတရား၊ လမ်းခရီးနှင့် အသက် မဟုတ်သကဲ့သို့ မည်သည့် လမ်းကြောင်းကိုမျှ ၎င်းတို့ မပေးသောကြောင့်၊ ၎င်းတို့နောက်လိုက်သူများသည် အနှေးနှင့် အမြန် အရှက်ရကြလိမ့်မည်။ ထို့ကြောင့် စစ်မှန်သော ခရစ်တော်နှင့် အယောင်ဆောင် ခရစ်တော်တို့ကြား ခွဲခြားခြင်းအဖို့ အဓိက အရေးကြီးသည်မှာ ခရစ်တော်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို လက်ခံထားခြင်း ဖြစ်သည်။ ခရစ်တော်သာ သမ္မာတရားကို ဖော်ပြနိုင်သည်။ အယောင်ဆောင် ခရစ်တော်များက များပြားလှသည့် ဝိညာဉ်ဆိုးများကဲ့သို့၊ သမ္မာတရား လုံးဝ ကင်းမဲ့ကြသကဲ့သို့၊ ၎င်းတို့ မည်မျှ ပြောသည်ဖြစ်စေ၊ စာအုပ် မည်မျှ ရေးသားသည်ဖြစ်စေ၊ ထိုအရာထဲမှ မည်သည့်အရာမျှ သမ္မာတရား တစ်ခုတစ်လေ မပါရှိပေ - ဤသည်မှာ အကြွင်းမဲ့ ဖြစ်သည်။ ထို့အပြင် ခရစ်တော်နောက်လိုက်သူများအတွက်၊ သမ္မာတရားနှင့်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှုက ယခင်ထက် ရှင်းလင်းလာပြီး၊ လမ်းခရီးက ယခင်ကထက် တောက်ပလာသည်၊ ယင်းမှာ ခရစ်တော်သာ လူတို့ကို ကယ်တင်နိုင်ပြီး ခရစ်တော်က သမ္မာတရားဖြစ်သည်ကို သက်သေပြပေသည်။ အယောင်ဆောင် ခရစ်တော်များမှာ ဆင့်ပွားစကားများ သို့မဟုတ် သမ္မာတရားကို မှောက်လှန်သည့် အရာအနည်းငယ်ကိုမျှ ပြောနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရား မရှိကြသကဲ့သို့ လူတို့ထံ အမှောင်၊ ကပ်ဘေးနှင့် ဝိညာဉ်ဆိုးများ၏ အလုပ်သာ ဆောင်ကြဉ်းလေသည်။ အယောင်ဆောင် ခရစ်တော်များနောက်လိုက်သူများသည် လုံးဝ ကယ်တင်ခံရလိမ့်မည် မဟုတ်ပါ။ ၎င်းတို့အနေဖြင့် ၎င်းတို့ ဖျက်ဆီးခံရသည်အထိ တိုး၍ ထုံထိုင်းကာ နုံအကြရင်း၊ စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်းကို သာ၍ ခံရရုံသာ ရှိနိုင်ပေသည်။ အယောင်ဆောင် ခရစ်တော်နောက်လိုက်သူများသည် ပင်လယ်ဓားမြ သင်္ဘောတစ်ခုကို တက်စီးကြကာ မိမိတို့ကိုယ်ကိုယ် ရေထဲတွင် လုံးလုံး ပျောက်ကွယ်သွားစေသည့် မျက်ကန်းများကဲ့သို့ ဖြစ်ကြသည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ဘုရားသခင်၏ ရွေးကောက်ခြင်း ခံရသူတို့ကို ရှုပ်ထွေးစေပြီး သူသည် ခရစ်တော်ဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာဖြစ်သည်ဟုဆိုပါက ကျွန်ုပ်တို့သည် သူ၏အနှစ်သာရနှင့် ဖော်ပြချက်၊ သူ၏အမှုနှင့် စကားများ၊ သူ၏ထုတ်ဖော်သော စိတ်သဘောထားတို့ကို ကြည့်ရမည်၊ သူသည် ခရစ်တော် ဟုတ်မဟုတ်ကို သေချာစေရန်ဖြစ်သည်။ သူ၏အနှစ်သာရကို ဤအဓိက ရှုထောင့်တို့မှ ကြည့်ခြင်းဖြင့် သူသည် လူ့ဇာတိခံယူသော ဘုရားသခင် ဟုတ်မဟုတ် သေချာအောင် ကျွန်ုပ်တို့လုပ်၍ရသည်။ ပထမဦးစွာ၊ အမှု၏ရှုထောင့်မှဆိုလျှင်၊ သူ၏အမှုသည် ဘုရားသခင်၏အမှုဖြစ်ပါက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖော်ပြနိုင်စွမ်း ရှိလိမ့်မည်၊ ဘုရားသခင်၏ အရာအားလုံး၊ ဖြစ်ခြင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ဖော်ပြနိုင်လိမ့်မည်ကို ကျွန်ုပ်တို့တွေ့သင့်သည်။ အကယ်၍ ထိုအရာသည် လူ၏အမှုဖြစ်ပါက သူသည် လူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ လူ၏အတွေ့အကြုံနှင့် နားလည်မှုတို့ကိုသာ ပြောဆိုနိုင်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ နက်နဲရာတို့ကို မဆိုထားနှင့်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှု၊ သတ်မှတ်ချက်များနှင့် စိတ်သဘောထားအားလုံးတို့ကိုပင် သူ့အနေဖြင့် မပြောဆိုနိုင်ပေ။ ဒုတိယအနေနှင့် စကား၏ရှုထောင့်မှဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် လူ၏စကားကြားတွင် အဓိကခြားနားချက်တစ်ခု ရှိလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအားလုံးကို ကိုယ်စားပြုပြီး လူ၏စကားမှာ လူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအားလုံးကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ လူ၏စကားသည် လူ့သဘာဝကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ လူ၏စကားမှာမူ သမ္မာတရားမဟုတ်။ ထိုအရာသည် သမ္မာတရားနှင့် မသက်ဆိုင်။ တတိယအနေနှင့် စိတ်သဘောထားရှုထောင့်မှဆိုလျှင်၊ ဘုရားသခင်၏ အမှုက ဘုရားသခင်၏ စိတ်သဘောထားကိုဖော်ပြနိုင်သည်။ လူ၏အမှုသည် ဘုရားသခင်၏ စိတ်သဘောထားကို မဖော်ပြနိုင်ပေ၊ လူ၏ပင်ကိုစရိုက်ကိုသာ ဖော်ပြနိုင်လေသည်။ လူ၏ပင်ကိုစရိုက်၌ မည်သည့်အရာရှိသနည်း။ ထိုအရာ၌ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်၊ သို့မဟုတ် သမ္မာတရားရှိသလော။ လူ၏ပင်ကိုစရိုက်တွင် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း တစ်ခုမျှ မရှိ။ ထို့ကြောင့် လူ၏အမှုတွင် ဘုရားသခင်၏ စိတ်သဘောထားဆိုင်ရာ အရိပ်ယောင်တစ်ခုမျှပင် ပါဝင်ခြင်းမရှိ။ ဘုရားသခင်၏နှုတ်ကပတ်တော်လော၊ လူ၏စကားလော ဆိုသည်နှင့် ဘုရားသခင်၏ အမှုတော်လော၊ လူ၏အမှုလော ဆိုသည်ကို ဤရှုထောင့်တို့မှ အကဲဖြတ်ရန် အလွန်လွယ်ကူလေသည်။ အကယ်၍ လူသည် ဤရှုထောင့်တို့မှ ခြားနားချက်ကို မပြောနိုင်ပါက မှားယွင်းသော ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့နှင့် အန္တိခရစ်တို့အားဖြင့် စိတ်ရှုပ်ထွေးသွားရန်မှာ သူ့အတွက် အလွန်လွယ်ကူလေသည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

လူတို့ကို လှည့်ဖြားဖို့ စကားပြောရန် ခရစ်တော်ကို တုပသောသူ မည်သူမဆိုသည် အယောင်ဆောင် ခရစ်‌တော် ဖြစ်သည်။ အယောင်ဆောင် ခရစ်တော်အားလုံးသည် နတ်ဆိုးများ၏ ဝင်ပူးခြင်း ခံရပြီး ၎င်းတို့သည် လှည့်ဖြားသောသူများ ဖြစ်သည်။ လူတို့ကို လှည့်ဖြားဖို့အလို့ငှာ စဉ်ဆက်မပြတ် စကားပြောဆိုနေသော အယောင်ဆောင် ခရစ်တော်တစ်ဦးကို သင် မည်သို့ ရိပ်စားနိုင်သနည်း။ သင်သည် ၎င်းတို့၏ စကားတချို့ကို ကြည့်ရုံမျှကြည့်ပါက၊ သင် ပြင်းပြင်းထန်ထန် စဉ်းစားကောင်း စဉ်းစားမည်ဖြစ်ပြီး၊ နတ်ဆိုးများက မည်သည့်အရာ အမှန်တကယ် လုပ်ဆောင်ရန် ရည်ရွယ်သည်ကို လုံးလုံးလျားလျား နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဤနတ်ဆိုးကို ဆက်လက်ခြေရာခံပြီး၊ ၎င်းတို့ ပြောဆိုပြီးသမျှတိုင်းကို ယေဘုယျအားဖြင့် သိမြင်ပါက၊ ၎င်းတို့ မည်သည့်အရာ အမျိုးအစားဖြစ်သည်၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသည်၊ မည်သည့်အရာကို အမှန်တကယ် ပြောနေသည်၊ လူတို့ကို မည်သည့်အရာ အလုပ်ဆောင်ဖို့ ၎င်းတို့ ကြံနေသည်ဆိုသည်နှင့် လူတို့ကို ၎င်းတို့ မည်သည့်လမ်းကြောင်း ပေးနေကြသည်ဆိုသည်တို့ကို မြင်ဖို့ အလွန်လွယ်ကူလာသည်။ ဤအရာများကို ချင့်ချိန်နိုင်စွမ်းသည် လွယ်ကူလာသည်။ နတ်ဆိုးများ၏ စကားများတွင် အခြေခံအားဖြင့် တူညီသည့် ထူးခြားသော ပင်ကိုလက္ခဏာများ ရှိသည်ကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စကားအသုံးအနှုန်းများကိုသာ အတုခိုးနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ၎င်းတို့ မပိုင်ဆိုင်ကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆက်စပ်သည့် အကြောင်းအရာတစ်ခုနှင့် ရည်ရွယ်ချက်တစ်ခု ရှိသည်။ ဘုရားမိန့်မြွက်ချက်များ၏ အဆုံးစွန် ရည်ရွယ်ချက်နှင့် အကျိုးတရားများမှာ အလွန်ရှင်းလင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဩဇာအာဏာနှင့် တန်ခိုး ပိုင်ဆိုင်ကြောင်း၊ ယင်းတို့က တစ်ဦးတစ်ယောက်၏ စိတ်နှလုံးကို ထိတွေ့နိုင်ကာ ဝိညာဉ်ကို တို့ထိနိုင်ကြောင်း လူတို့က မြင်နိုင်သည်။ သို့သော် နတ်ဆိုးများ၏ စကားများနှင့် စာတန်၏ စကားများမှာ ဆက်စပ်အကြောင်းအရာ မရှိသကဲ့သို့ အကျိုးတရားမရှိပေ- ယင်းတို့သည် ရေသေအိုင်တစ်ခုကဲ့သို့ ဖြစ်ပြီး၊ ယင်းတို့ကို ဖတ်ပြီးနောက်တွင် လူတို့သည် မိမိတို့စိတ်နှလုံးများ၌ နောက်ကျိသွားကြသည်။ ယင်းတို့မှ မည်သည့်အရာကိုမျှ ၎င်းတို့ မရရှိကြချေ။ ထို့ကြောင့်၊ နတ်ဆိုးမျိုးစုံသည် သမ္မာတရား လုံးဝ ကင်းမဲ့ကြသကဲ့သို့၊ အတွင်းတွင် သေချာပေါက် နောက်ကျိပြီး မှောင်မိုက်လေသည်။ ၎င်းတို့၏ စကားများက လူတို့ထံ အလင်းကို မဆောင်ကြဉ်းနိုင်သကဲ့သို့၊ ၎င်းတို့ လိုက်လျှောက်သင့်သည့် လမ်းကြောင်းကို မပြနိုင်ပေ။ နတ်ဆိုးများက ၎င်းတို့၏ ရည်မှန်းချက်များကိုဖြစ်စေ မည်သည့်အရာကို ပြီးမြောက်ဖို့ ၎င်းတို့ ကြိုးစားနေကြသည်ကိုဖြစ်စေ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ပေ။ သမ္မာတရား အနှစ်သာရ သို့မဟုတ် အရင်းအမြစ်နှင့်စပ်လျဉ်းသည့် မည်သည့်အရာကိုမျှ မဖော်ပြပေ။ အနည်းဆုံး မဟုတ်ပါ။ လူတို့ နားလည်သင့် သို့မဟုတ် ရရှိသင့်သည့် မည်သည့်အရာကိုမျှ နတ်ဆိုးများ၏ စကားများတွင် ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် နတ်ဆိုးများ၏ စကားများသည် လူတို့ကို လှည့်ဖြားရုံလှည့်ဖြားနိုင်ပြီး ၎င်းတို့ကို နောက်ကျိခြင်းနှင့် မှောင်မိုက်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် စိတ်ပျက်ခြင်းတို့ကိုသာ ယူဆောင်နိုင်သည်။ ယင်းတို့သည် လူတို့အား မည်သည့် အာဟာရကိုမျှ လုံးဝ မထောက်ပံ့နိုင်ပေ။ ဤအရာမှ နတ်ဆိုးများ၏ သဘာဝ အနှစ်သာရမှာ ဆိုးယုတ်မှု၊ မှောင်မိုက်မှုနှင့်ဆိုင်သော အနှစ်သာရဖြစ်ပြီး၊ အသက်ပါခြင်း မဲ့ကာ၊ ထိုအစား သေခြင်းအနံ့ထွက်နေသည်ကို ငါတို့ မြင်နိုင်သည်။ ယင်းတို့သည် ကျိန်ခြင်းခံရသင့်သည့် အပျက်သဘောဆောင်သောအရာများ ဧကန် ဖြစ်ကြသည်။ ၎င်းတို့၏ စကားတွင် သမ္မာတရား လုံးဝ မရှိချေ။ ယင်းသည် အားလုံး အဓိပ္ပာယ်မရှိသကဲ့သို့၊ လူတို့အား ယင်ကောင်သေကို စားလိုက်မိသည့်အလား စက်ဆုပ်ကာ မနှစ်သက်မှုကို ခံစားစေသည့် ဆိုးယုတ်သော ဟောပြောချက် ဖြစ်သည်။ လူတို့သည် သမ္မာတရားကို လိုက်စားခြင်းတွင် ရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ရန် အရည်အချင်း ပိုင်ဆိုင်ပါက၊ ၎င်းတို့သည် နတ်ဆိုးများ၏ စကားများကို ဖတ်ရှုသည်နှင့် သိမြင်နိုင်ကြလိမ့်မည်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ရန် အစွမ်းအစ မရှိကြသူများသည် နတ်ဆိုးများ၏ ဆိုးယုတ်သော စကားများအားဖြင့် သေချာပေါက် လှည့်ဖြားခံရကြလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်ကာ အလင်းပေးပြီးသောသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သိနားလည်မှုတစ်ခု ရှိပြီး၊ သမ္မာတရားအချို့ကို သိနားလည်သော လူအားလုံးသည် နတ်ဆိုးများ၏ ဆိုးယုတ်သော စကားများကို အလိုအလျောက် သိမြင်နိုင်ကြလိမ့်မည်။ နတ်ဆိုးများမှာ သမ္မာတရား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း သို့မဟုတ် တန်ခိုး အာဏာ သို့မဟုတ် ဩဇာအာဏာ အနည်းငယ်မျှပင် လုံးလုံးလျားလျား ကင်းမဲ့သည်ကို နတ်ဆိုးများ ပြောဆိုသည့် မည်သည့်စကားများတွင်မဆို ၎င်းတို့ မြင်နိုင်ကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်သည့်အခါ၊ ခြားနားချက်မှာ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကြား ကွာခြားချက် ဖြစ်သည်။

—အလုပ်အစီအစဉ်များ

အရှေ့သို့- ၁။ လတ်တလောတွင် ကမ္ဘာလောကအနှံ့အပြားအရှိ အမျိုးမျိုးသော ဘာသာရေး အသိုင်းအဝိုင်းများတွင် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်း အဖြစ်အပျက်များစွာ ရှိလေသည်။ ဤလှည့်ဖြားခြင်းကို အမှန်တကယ် မည်သည့်အရာဖြစ်သည်ဆိုသည့်အရာအတွက် မမြင်နိုင်ဘဲနှင့်၊ လူများစွာတို့သည် ခရစ်တော် အယောင်ကိုဆောင်သောသူများနောက် လိုက်ကြပြီးဖြစ်ကာ၊ ထိုသို့ဖြင့် သခင်ယေရှု၏ အရောဖက်ပြုချက်ဖြစ်သည့်- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ဆိုသည့်အရာကို ပြည့်စုံစေကြလေသည်။ ထို့ကြောင့် သခင်၏ ကြွလာခြင်းအဖြစ် သက်သေခံသူ မည်သူမဆိုသည် မလွဲမသွေ ခရစ်တော်အယောင်ကို ဆောင်သောသူတစ်ဦးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး ၎င်းတို့ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးဖို့ရန် မလိုအပ်ပါ။ ဤသို့ ယုံကြည်ဖို့ရန် ကျွန်ုပ်တို့ မှားယွင်းကြပါသလား။

နောက်တစ်ခုသို့- ၁။သင်က “အရှေ့အရပ်မှ လျှပ်ပြက်ခြင်း” သည် မှန်သော လမ်းခရီးဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲ အများစုက ယခု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်ပြီး ရှုတ်ချနေကြသည်၊ ယင်းက “အရှေ့ရပ်မှ လျှပ်ပြက်ခြင်း” သည် မှန်သော လမ်းခရီး ဖြစ်ကောင်းမဖြစ်နိုင်သည်ကို ဖော်ပြပေသည်။ ဤအရာကို ကျွန်ုပ်တို့၏ သိနားလည်မှုနှင့် ပတ်သက်၍ မှားယွင်းသည့် တစ်စုံတစ်ရာ ရှိပါသလား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။