၁။ ကမ္ဘာလောကအနှံ့အပြားတွင် ကပ်ဘေးများ မကြာခဏ ဖြစ်ပျက်နေပြီး၊ ၎င်းတို့သည် နောက်ဆုံးသော ကာလ ရောက်ရှိခြင်းကို ကြေညာရင်း၊ အတိုင်းအတာအားဖြင့် ကြီးထွားနေသည်။ သမ္မာကျမ်းစာထဲမှာ- “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၇)ဟု ဆိုထားသည်။ နောက်ဆုံးသော ကာလအတွင်း သခင် ပြန်ကြွလာချိန်တွင် သူသည် ကောင်းသောသူများကို ဆုချီးမြှင့်မည်ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးကာ လူတို့၏ အဆုံးသတ်များကို ဆုံးဖြတ်မည်ကို ကျွန်ုပ်တို့ သိပါသည်။ သို့ဆိုလျှင် သူသည် ကောင်းသောသူများကို မည်သို့ ဆုပေးပြီး ဆိုးယုတ်သောသူများကို မည်သို့ အပြစ်ပေးမည်ဖြစ်ကာ၊ လူတို့၏ အဆုံးသတ်များကို သူသည် မည်သို့ ဆုံးဖြတ်လိမ့်မည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်ကို အဆုံးသတ်ခြင်းဖြစ်သည့် သူ၏ နောက်ဆုံး အမှုတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းတွင် သူသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်စွာ ချစ်သောသူတို့ကို စုံလင်အောင်ပြုရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို ထုတ်ဖော်ပြသည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ အရာခပ်သိမ်းသည် ယင်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရပြီး ယင်းတို့၏ မတူညီသော အရည်အသွေးများအရ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရသည်။ ဤသည်မှာ ဘုရားသခင်က လူတို့၏ အဆုံးသတ်နှင့် ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အတိအကျပင် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံတွေ့ကြရပါက ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်၍မရနိုင်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခြင်းခံရနိုင်ပေသည်။ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ ၎င်းတို့၏ စရိုက်အမှန်ကို ပြသသည်။ ဆိုးယုတ်သောသူများကို ဆိုးယုတ်သောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး လူများအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးမှုကို အရှုံးပေးအပ်နှံကြဖို့အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်မြောက်အောင်မြင်ရမည်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ ပုန်ကန်ခြင်းသည် အလွန့်အလွန် ဆိုးရွားလာသောကြောင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပါဝင်သော ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြကာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး စုံလင်စေနိုင်သည်၊ မကောင်းမှုကို ထုတ်ဖော်နိုင်ပြီး ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးသည် ပြင်းထန်စွာ အပြစ်ပေးခြင်းခံရလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်စင်ရန်၊ ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်းချမ်းသာ နေ့ရက်အတွက် ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ဦးမျှသည် ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း ခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ ပုန်ကန်သော ထိုအရာများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင် ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်ခံစားမည့် သာ၍ မြင့်မားသော လူသားမျိုးနွယ်၏ နယ်ပယ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့သို့ ဝင်ရောက်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင် ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး စာတန်ကဲ့သို့ပင် ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အလုပ်လုပ်ပေးခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဒုစရိုက်အမှုကြောင့်လည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့်လည်းကောင်း ဖယ်ရှားရှင်းလင်းခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ထဲမှ သန့်ရှင်းသူတို့ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ လူသေ၏ ဝိညာဉ်များဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်ဆဲ လူများဖြစ်စေ မကောင်းမှုပြုသောသူ အားလုံးနှင့်၊ ကယ်တင်ခြင်းမခံရသေးသောသူ အားလုံးသည် ဖျက်ဆီးခြင်းခံကြ ရလိမ့်မည်။ ဤမကောင်းမှုပြုသည့် ဝိညာဉ်များနှင့် လူသားများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများနှင့် ဖြောင့်မတ်ခြင်းကိုပြုသော သူများ၏ ဝိညာဉ်များသည် ၎င်းတို့ မည်သည့်ခေတ်တွင် ရှိသည်ကို ပဓာနမထားဘဲ၊ ဆိုးယုတ်သောသူများ အားလုံးသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သောသူ အားလုံးသည် ရှင်ကျန်ရစ်ကြလိမ့်မည်။ လူတစ်ဦး သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်ကို နောက်ဆုံးသောခေတ်၏ အမှုအရ လုံးလုံး မဆုံးဖြတ်ပေ။ ယင်းထက် ၎င်းတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် ပုန်ကန်ခဲ့ခြင်း ရှိမရှိ ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ အကယ်၍ ယခင်ခေတ်က မကောင်းမှု ကျူးလွန်ပြီး ကယ်တင်ခြင်း မရနိုင်ခဲ့သည့် လူများသည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ သေချာပေါက် ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ပြီး ကယ်တင်မခံရနိုင်သည့် လက်ရှိခေတ်ကာလထဲ ရှိသူများသည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းအတွက် ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်း မဟုတ်ပေ။ ထိုသို့ အမျိုးအစား ခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် ဆိုးယုတ်သောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ ထိုအစား သူ့အမှုသည် တစ်လုံးတစ်ဝတည်း ပြီးဆုံးသည့်အခါတွင်၊ ဤအလုပ်ကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ နောက်ဆုံး အမှုနောက်ကွယ်မှ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူသည် အပြည့်အဝ သန့်ရှင်းစင်ကြယ်သော လူသားမျိုးနွယ်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ခေါ်သွားနိုင်ဖို့ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဆိုးယုတ်သောသူများကို ဖျက်ဆီးရမည့်အစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့ ဘုရားသခင်သည် ၎င်းတို့ အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် အပြည့်အဝ ပြီးဆုံးမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းစင်ကြယ်ကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် ပြုလုပ်သည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ထိုသူတို့ ငါ့နောက်လိုက်သည့်လမ်းကြောင်း၊ ၎င်းတို့၏ ပင်ကိုလက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း ခံရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်း၏အသက်အရွယ်၊ ဝါရင့်ခြင်း၊ ခံစားရသော ဆင်းရဲဒုက္ခပမာဏတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ပေ၊ သနားစရာကောင်းသည့် အတိုင်းအတာတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း ပို၍ပင် မဟုတ်ဘဲ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို လိုက်မလျှောက်သူအားလုံး ချွင်းချက်မရှိ အပြစ်ဒဏ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မည်သည့်လူတစ်ဦးကမျှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အပြစ်ဒဏ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဒုစရိုက်အမှုများအတွက် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အလုပ်လုပ်ပေးပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ ကျိုးနွံနာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ ပုန်ကန်ပြီး ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် မုချ ဖျက်ဆီးခံရလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် ပုန်ကန်ခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကို မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို ပုန်ကန်သောသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့ သူ့အတွက် အချိန်ကာလတစ်ခုကြာ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာစောင့်သိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာစောင့်သိသော်လည်း မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာစောင့်သိမှု ဆုံးရှုံးပါက၊ ပြီးလျှင် ဘုရားသခင်အတွက် တစ်ချိန်က သစ္စာစောင့်သိစွာ အလုပ်လုပ်ပေးခဲ့သည့် ဤလူများသည် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်း မရှိဆဲ ဖြစ်ပါက၊ ထိုသို့သော လူများသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

တစ်ဦးတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံအကြောင်း မလှသည့် ဖြစ်ရပ် ခံစားရခြင်း ရှိမရှိဆိုသည်မှာ သူ၏အနှစ်သာရအရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ အခြားသူများနှင့် မျှဝေခံစားသည့် မည်သည့် ဘုံအနှစ်သာရအရမျှ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးစကား သို့မဟုတ် စည်းမျဉ်းသည် နိုင်ငံတော်တွင် တကယ်ကို နေရာမရှိပေ။ အကယ်၍ လူတစ်ဦးသည် နောက်ဆုံးတွင် ရှင်သန်နိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကြပြီးဖြစ်သောကြောင့် ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလအထိ နောက်ဆုံးတွင် မကျန်ရှိနိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်အပေါ် ပုန်ကန်ကြသကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းသေးသောကြောင့် ဖြစ်သည်။ အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိကာ ယင်းကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဒုစရိုက်အမှုကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဒုစရိုက်အမှုကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏အမြင်မှ၊ မိဘများသည် ကောင်းမွန်သော ကောင်းကြီးမင်္ဂလာများ ရရှိပါက၊ ၎င်းတို့၏ သားသမီးများလည်း ရရှိသင့်ပြီး၊ သားသမီးများက မကောင်းမှုကို ကျူးလွန်ပါက၊ ၎င်းတို့၏မိဘများသည် ထိုအပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ လူသား ရှုထောင့်အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မဟုတ်ပေ။ အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြသကဲ့သို့၊ ကလေးတစ်ဦး၏ သူ့မိဘများ အပေါ် သားသမီးဝတ္တရားကျေသော ချစ်ခင်မှုသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြပေ။ ဤသည်မှာ၊ “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” ဟူသော နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ရွယ်သည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများအတွက် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍ မရနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို ၎င်းတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ် အခြေခံ၍ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍မရနိုင်ပေ။ ဤသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူအတွက်မျှ ခြွင်းချက်များ မရှိနိုင်ပေ။ အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သည့်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည် ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင် ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ပြောဆိုစရာ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်သူများသည် တစ်ဦးနှင့်တစ်ဦး ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံများသည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ အကြံပြု၏၊ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ခံရရန် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ဆောင်ကြဉ်းခြင်းကို ခံရရန် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ပစ်ပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သူများဖြစ်သည့်အတွက် ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏အပြစ်များထက် သာ၍ ဆိုးရွားကာ သာလွန်များပြားလေသည်။ အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့သောသူတို့သည် ဝိညာဉ်၊ စိတ်နှင့် ကိုယ်တို့အား ဒဏ်ခတ်ခြင်းတည်းဟူသော လက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အတိအကျပင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် အတိအကျပင် ဖြစ်သည် မဟုတ်လော။ တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဒုစရိုက်အမှုမျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ ဘုရားသခင် လွှဲအပ်ပြီး ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင် ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုဆောင်များ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် သင့်တော်သောအချိန်ကျသောအခါတွင် သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်နွမ်းစေခွင့် ပြုလျက် ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်ပြီး ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်အောင် ပြုလုပ်သည်။ ဘုရားသခင်သည် အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း အဆုံးတိုင် သစ္စာစောင့်သိမြဲ စောင့်သိခြင်း မရှိကြသည့် ထိုကြောင်သူတော်များကို ဆိုးယုတ်သူတို့အထဲတွင် စာရင်းသွင်း၏။ ၎င်းတို့အား ဆိုးယုတ်သူတို့နှင့်အတူ ဒုစရိုက်အမှုထဲတွင် မွေ့လျော်နေထိုင်ပြီး ၎င်းတို့နှင့်အတူ သောင်းပြောင်းထွေလာဖြစ်သော ကိုယ်ကျင့်တရားပျက်သူတစ်သိုက် ဖွဲ့စည်းခွင့်ပေးကာ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကို ရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ ရိုးသားစစ်မှန်မှု မရှိခဲ့ကြဘဲ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရုံမျှလွဲ၍ အခြားရွေးချယ်စရာမရှိသူတို့သည် ဘုရားသခင်၏ လူတို့အတွက် အစေခံသောသူတို့အထဲတွင် စာရင်းသွင်းခြင်း ခံကြရ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်ကာ အများစုမှာမူ စံနှုန်းမပြည့်မီသော အလုပ်လုပ်ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ဖြစ်သူများ၊ ဘုရားသခင်၏ လူများနှင့် သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်း ထားပြီးဖြစ်သော သူများအားလုံးကို ဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားအမှု၏ ပုံဆောင်ခဲဖြစ်သည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတလေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ ဘာသာတရားမရှိသူများအထဲတွင် စာရင်းသွင်းလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏အဆုံးသတ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏။ ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားကရုဏာ မထားပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

အရှေ့သို့- ၃။ ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာထဲတွင် စစ်မှန်သော ဘုရားသခင်ကိုလည်း ယုံကြည်သည့်၊ ဘုရားသခင်ကို ဗိမာန်တော်များနှင့် ဘုရားကျောင်းများတွင် ကိုးကွယ်ပြီး ကြည့်ရသည်မှာ အလွန် ဘုရားတရားကိုင်းရှိုင်းပုံပေါ်သည့် လူများစွာ ရှိသည်။ အချို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်မခံကြသော်လည်း၊ ဘုရားသခင်ကို အတိအကျ ဆန့်ကျင်သည့် သို့မဟုတ် ရှုတ်ချသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဖူးကြချေ။ ဘုရားသခင်သ‌ည် ၎င်းတို့ကဲ့သို့သော လူများကို ကယ်တင်လိမ့်မည်လား။

နောက်တစ်ခုသို့- ၂။ တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး လောကသည် ကောလာဟလများနှင့် အတွေးမှားများစွာကို လုပ်ကြံဖန်တီးရင်းနှင့် ဖြန့်ဝေရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ၎င်းတို့၏ ရှုတ်ချခြင်းနှင့် ဆန့်ကျင်ခြင်းတွင် ကသုတ်ကရက်နိုင်လေသည်။ ဤကောလာဟလများနှင့် အတွေးမှားများကို ကျိုးကြောင်းမမြင်ဘဲ လက်ခံပြီး မှန်သော လမ်းခရီးကို ရှာဖွေဖို့နှင့် စုံစမ်းစစ်ဆေးဖို့ မည်သည့်အားထုတ်မှုမျှ မပြုသောသူတို့ကို ဘုရားသခင် မည်သို့ ဆက်ဆံလိမ့်မည်နည်း။ မည်သည့် အဆုံးသတ်မျိုး ၎င်းတို့ ရှိကြလိမ့်မည်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။