၃။ ယေဟောဝါ၊ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့သည် မတူညီသော ခေတ်များ၌ ဘုရားသခင်၏ အမည်နာမများအားလုံးဖြစ်သည်ဟု သင် သက်သေခံသည်။ အဘယ်ကြောင့် ဘုရားသခင်သည် မတူညီသော ခေတ်များတွင် မတူညီသော အမည်နာမများကို ခံရသနည်းဟု ကျွန်ုပ် မေးချင်ပါသည်။ ဤအရာ၏ အရေးပါမှုမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်အသီးသီးတွင် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သော အမှုတွင် သူ၏ စစ်မှန်သော စိတ်သဘောထား ဖော်ပြချက်ပါဝင်ပြီး၊ သူ၏ နာမနှင့် သူလုပ်ဆောင်သော အမှုနှစ်ခုလုံးသည် ခေတ်နှင့်အတူ ပြောင်းလဲလေသည်- ယင်းတို့သည် အားလုံး အသစ်ဖြစ်ကြ၏။ ပညတ်တော်ခေတ်အတွင်းတွင် လူသားမျိုးနွယ်အား လမ်းပြခြင်းအမှုကို ယေဟောဝါ၏ နာမအောက်တွင် လုပ်ဆောင်ခဲ့ပြီး၊ အမှု၏ပထမအဆင့်ကို ကမ္ဘာမြေပေါ်တွင် အစပျိုးခဲ့သည်။ ဤအဆင့်တွင် အမှုသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တည်ဆောက်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် ၎င်းတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တရားကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းအားဖြင့်၊ သူသည် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအတွက် အခြေစိုက်ရာတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုအခြေစိုက်ရာ မှနေ၍ သူသည် သူ၏အမှုကို ဣသရေလကို ကျော်လွန်၍ တိုးချဲ့ခဲ့သည်၊ ယင်းမှာ နောင်မျိုးဆက်များက ယေဟောဝါသည် ဘုရားသခင်ဖြစ်ပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သကဲ့သို့၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်သည်ကို တဖြည်းဖြည်း သိရှိလာကြဖို့အလို့ငှာ၊ ဣသရေလမှစတင်လျက် သူသည် သူ၏အမှုကို အပြင်ဖက်သို့ ချဲ့ထွင်ခဲ့သည်ဟု ဆိုရပေမည်။ သူသည် သူ၏အမှုကို ဣသရေလလူတို့မှတစ်ဆင့် ၎င်းတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကြက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေပေါ်တွင် ယေဟောဝါအမှု၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေပေါ်တွင် အမှုပြုဖို့ ဘုရားသခင် ပထမဆုံး သွားရောက်ခဲ့သောနေရာမှာ ဣသရေလနယ်မြေတွင် ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင် ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကရုဏာ၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ ဖြစ်ပြီး သူလုပ်ခဲ့သော အမှုအများအပြားမှာ လူသားကို ရွေးနုတ်ခြင်းအလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ စိတ်သဘောထားသည် သနားကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့်၊ ဘုရားသခင်သည် လူကို ကိုယ်နှင့်အမျှ ချစ်မြတ်နိုးလွန်းလှသည်မှာ သူသည် မိမိ၏ အလုံးစုံဖြင့် မိမိကိုယ်ကိုယ် ပူဇော်ခဲ့သည်အထိဖြစ်ခဲ့သည်ကို ပြသရန်အလို့ငှာ လူသားအတွက် ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရသည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ဘုရားသခင်၏ နာမမှာ ယေရှုဖြစ်သည်၊ ယင်းမှာ ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် သနားကရုဏာနှင့်ပြည့်စုံသော ချစ်မြတ်နိုးတတ်သော ဘုရားသခင် ဖြစ်ခဲ့သည်ဟု ပြောရပေမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏သနားကရုဏာနှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းစီနှင့်အတူ ပါရှိသည်။ ယေရှု၏ နာမနှင့် သူ၏ မျက်မှောက်ကို လက်ခံခြင်းအားဖြင့်သာ၊ လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားကာ များပြားလှသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းတို့ကို ရရှိနိုင်သည်။ ယေရှု၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့်၊ သူ့နောက်လိုက်သော သူအားလုံးသည် ကယ်တင်ခြင်းကို ရရှိခဲ့ကြပြီး၊ မိမိတို့၏ အပြစ်များမှာ ခွင့်လွှတ်ခြင်းခံခဲ့ကြရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့် ကျေးဇူးတော်ခေတ်၏ အမှုကို အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် လုပ်ဆောင်ခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်ကို ယေရှုဟု ခေါ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သည့် အသစ်သော အမှု၏ အဆင့်ကို လက်ခံဆောင်ရွက်ခဲ့ပြီး၊ သူ၏ အမှုသည် ကားစင်တင်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဤသည်မှာ သူ၏ အမှု အလုံးစုံ ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမသည် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် သူ၏ နာမမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်— လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန်နှင့် နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် သူ၏တန်ခိုးကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်သည်။ ခေတ်တိုင်းတွင် သူ၏ အမှု အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ထင်ရှားမြင်သာပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ ယင်းမှာ ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင် ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လတ်တလော ခေတ်တွင် ယုဒလူမျိုးများမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများ ပြုကြပြီး၊ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက် ယေဟောဝါအား အစေခံကြသည်။ ၎င်းတို့ မျှော်လင့်သော အရာမှာ ယေဟောဝါ၏ ပြန်လည် ပေါ်ထွန်းခြင်း ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင် ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုရပေမည်။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ အရေးပါမှုကို ကိုယ်စားပြု ထိန်းသိမ်းပေသည်- အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ “ယေဟောဝါ” သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ “ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်- နောက်ဆုံးသော ကာလ၏ ခေတ်- ရောက်ရှိသည့်အခါ၊ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် ခေါ်မည်မဟုတ်၊ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး၊ ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။ ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

ကျေးဇူးတော်ခေတ်သည် ယေရှု၏ နာမဖြင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏နာမကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ နာမကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် အလုပ်သစ်ကို လက်ခံ ဆောင်ရွက်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုခဲ့သော အလုပ် အဆုံးသတ်သို့ ရောက်ခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ ဤအချိန်မှစ၍ နောင်တွင်၊ ဘုရားသခင်၏ နာမသည် ယေဟောဝါ မဟုတ်တော့ချေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမအောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ကြဆဲဖြစ်ပြီး၊ ပညတ်တော်ခေတ်၏ အမှုအတိုင်း အရာရာကို လုပ်ဆောင်ဆဲဖြစ်သည့်လူများ— သင်တို့သည် စည်းမျဉ်းများကို ကျိုးကြောင်းမမြင်ဘဲ လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိကြသည် မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်ရှိပြီးဖြစ်သည်ကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟု ခေါ်လိမ့်ဦးမည်မှာ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်ဖြစ်သော်လည်း၊ သူ ကြွလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူ တစ်ဖန် ကြွလာမည်ဖြစ်ပြီး၊ သူသည် ထွက်ခွာခဲ့သည့်အတိုင်း ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ဤအရာများမှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သည်၊ သို့သော် သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း၊ သူသည် လူအများကြား ကိုယ်တိုင်ကိုယ်ကျ မိုးတိမ်ဖြူစီးကာ ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်မည် မဟုတ်လော။ ယေရှု တဖန် ကြွလာသောအခါ ခေတ်သည် ပြောင်းနှင့်ပြီး ဖြစ်လိမ့်မည်၊ ထို့ကြောင့် သူ့ကို ယေရှုဟု ခေါ်နိုင်ဦးမည်လော။ ဘုရားသခင်ကို ယေရှုနာမဖြင့်သာ သိ၍ရနိုင်သည်မှာ ဟုတ်ပါသလော။ ခေတ်သစ်တွင် သူသည် နာမသစ်ဖြင့် အခေါ်ခံရနိုင်သည် မဟုတ်လော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် သီးသန့် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်အသီးသီးသည် နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

အချို့က ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု ပြော၏။ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်သည် အဘယ်သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာမည်ကို ပရောဖက်ပြုထားခဲ့၏၊ သို့ဖြစ်လျှင် ယေရှုဟူသော အမည်ရှိသည့် လူသားတစ်ဦး အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုသို့သော အမှုကို အချိန်ကြာမြင့်စွာက ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် သာ၍သစ်လွင်သောအမှုကို ပြုကောင်း မပြုနိုင်သလော။ ယမန်နေ့၏ အမှုသည် ပြောင်းလဲနိုင်သကဲ့သို့၊ ယေဟောဝါ၏ အမှုမှ ယေရှု၏အမှု လိုက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း အခြားအမှုက မဆက်ခံနိုင်သလော။ ယေဟောဝါ၏နာမသည် ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါက၊ ယေရှု၏နာမသည်လည်း မပြောင်းလဲနိုင်သလော။ ဤအရာမှ မည်သည့်အရာမျှ မထူးဆန်းပေ။ ယင်းမှာ လူတို့သည် ရိုးအလွန်းကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်။ သူ၏အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ပြီးလျှင် သူ၏ အမည်နာမ မည်သို့ ပြောင်းလဲနိုင်သည်ကို ပဓာနမထားဘဲ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်ဆိုနိုင်သည်ဟု သင်ယုံကြည်ပါက၊ သင်၏ အသိပညာသည် အလွန် နည်းပါးလွန်းလှပေသည်။ ယေရှုသည် ထာဝစဉ် ဘုရားသခင်၏ အမည်နာမ ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ ထာဝရ၊ အစဉ်အမြဲ နေသွားလိမ့်မည်ဖြစ်ပြီး ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဟု သင် အခိုင်အမာ ဆိုဝံ့သလော။ ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်မှာ ယေရှု၏ အမည်နာမဖြစ်ပြီး နောက်ဆုံးသော ခေတ်ကိုလည်း နိဂုံးချုပ် ပေးလိမ့်မည်ဟု သေချာမှုဖြင့် သင် အခိုင်အမာ ဆိုဝံ့ပါသလော။ ယေရှု၏ ကျေးဇူးတော်သည် ခေတ်ကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

ခေတ်တိုင်းတွင် ဘုရားသခင်၏ အမှုသည် အမြဲတူညီပြီး၊ သူ့ကို နာမတစ်ခုအားဖြင့် အမြဲ ခေါ်သည်ဆိုပါစို့၊ လူသည် သူ့ကို မည်သို့ သိရှိမည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ရမည်ဖြစ်ပြီး၊ ယေဟောဝါဟုခေါ်သော ဘုရားမှလွဲ၍ အခြားနာမဖြင့်ခေါ်ဆိုသော မည်သူမဆိုသည် ဘုရား မဟုတ်ပေ။ သို့မဟုတ်ပါက ဘုရားသခင်သည် ယေရှုသာ ဖြစ်နိုင်ပြီး၊ ယေရှု နာမမှလွဲ၍ သူ့ကို အခြားမည်သည့် နာမနှင့်မျှ ခေါ်၍ရနိုင်မည် မဟုတ်ပေ။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ပေ။ လူက ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်မှာ မှန်သော်လည်း၊ ဘုရားသခင်သည် လူနှင့်အတူရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့်အတူ ရှိသည့်အတွက် သူ့ကို ယေရှုဟု ခေါ်ရမည်ဟု ယုံကြည်လေသည်။ ဤသို့ ယုံကြည်ခြင်းသည် အယူဝါဒများကို လိုက်လျှောက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို နယ်ပယ်တစ်ခုခုသို့ ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်ဆောင်သော အမှု၊ သူ့ကို ခေါ်သော နာမနှင့် သူ ခံယူသော အဆင်းသဏ္ဌာန်- ယနေ့အထိ တစ်လျှောက်လုံး အဆင့်တိုင်းတွင် သူလုပ်ဆောင်သောအမှု- ဤအရာများသည် တစ်ခုတည်းသော စည်းမျဉ်းကို မလိုက်နာသကဲ့သို့၊ မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ်မခံရပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သို့သော် သူသည် ယေရှုလည်း ဖြစ်သည့်အပြင်၊ မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ သူ၏အမှုသည် သူ၏ နာမ၌ လိုက်လျောညီထွေသော အပြောင်းအလဲများ နှင့်အတူ ဖြည်းညင်းသော အသွင်ပြောင်းလဲမှုကို ကြုံရနိုင်သည်။ မည်သည့်နာမ တစ်ခုတည်းကမျှ သူ့ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမ အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်ဆောင်သော အမှုသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေရှု၏နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအတွက်မူ၊ ယင်းသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ၎င်းတို့၏အမှုမှာ မတူကွဲပြားသည့် ခေတ်များထဲက ဝိညာဉ်တော်တစ်ဦးတည်း၏ အမှု ဖြစ်ခဲ့သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ကျေးဇူးတော် ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့ပြီး၊ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုသည် ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့သည်။ ယေဟောဝါသည် ဣသရေလနှင့် အဲဂုတ္တုမှလူများနှင့် ဣသရေလတိုင်းပြည် အလွန် တိုင်းနိုင်ငံများအားလုံး၏ လူများကိုသာ လမ်းပြခဲ့သည်။ ဓမ္မသစ် ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ အမှုသည် သူက ခေတ်ကို လမ်းပြခဲ့သည်နှင့်အမျှ ယေရှု နာမအောက်တွင်ရှိသည့် ဘုရားသခင်၏ အမှုဖြစ်သည်။...၎င်းတို့ကို မတူညီသည့် နာမနှစ်မျိုးဖြင့် ခေါ်ဆိုခဲ့သော်လည်း၊ အမှု၏ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်စေသည်မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အမှုသည်လည်း အလျဉ်မပြတ်သည့်အမှု ဖြစ်သည်။ နာမက မတူညီသကဲ့သို့၊ အမှု၏ အကြောင်းအရာ ကွဲပြားသည်နှင့်အမျှ၊ ခေတ်သည် မတူညီခဲ့ပေ။ ယေဟောဝါ ကြွလာခဲ့ချိန်တွင်၊ ယင်းမှာ ယေဟောဝါ၏ ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှု ကြွလာခဲ့သည့်ချိန်တွင် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြွလာခြင်းအသီးသီးနှင့်အတူ၊ ဘုရားသခင်သည် နာမတစ်ခုဖြင့် အခေါ်ခံရသည်၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုပြီး၊ လမ်းကြောင်းသစ်တစ်ခုကို စတင်လေသည်။ ပြီးလျှင် လမ်းသစ်အသီးသီးပေါ်တွင် သူသည် နာမသစ်တစ်ခုကို ခံယူသည်၊ ယင်းက ဘုရားသခင်သည် အမြဲအသစ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ အိုဟောင်းမသွားသကဲ့သို့၊ သူ၏ အမှုသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် မည်သည့်အခါမျှ တိုးတက်မှု မရပ်စဲသည်ကို ပြပေသည်။ သမိုင်းသည် အမြဲ ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲ ရှေ့သို့ရွေ့လျားနေသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် တိုးတက်မြဲတိုးတက်နေရမည်ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းကြောင်းသစ်များကို စတင်ရမည်၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမားသည့် အမှုသစ်ကို စတင်ရမည်ဖြစ်ပြီး၊ ဤအရာများနှင့်အတူ နာမအသစ်များနှင့် အမှုသစ်ကို ယူဆောင်လာရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားပြုနိုင်မည်လော။ ယင်းသည် ဘုရားသခင်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုနိုင်ပြီး၊ အခြားနာမ မရှိနိုင်ဟု လူကဆိုပါက၊ ဤစကားလုံးများသည် ဧကန်အမှန် ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှု နာမတစ်ခုတည်းသာ သူ၏အလုံးစုံဖြင့် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမ အများအပြားဖြင့် ခေါ်ဆို၍ ရကောင်းရနိုင်သော်လည်း၊ ဤနာမများအကြားတွင် ဘုရားသခင်၏ အရာအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပေးနိုင်သော နာမတစ်ခုမျှမရှိ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ လူသားသည် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက်၊ ဘုရားသခင်ကို အပြည့်အဝ အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်ထံတွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ ၎င်းတို့သိသမျှအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် အကန့်အသတ်ရှိသော ဝေါဟာရသာ ရှိသည်- ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ အထွတ်အထိပ်ဖြစ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော စသဖြင့် ဖြစ်သည်။ စကားလုံးများ များလှပေစွ။ ဤအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ပြီး ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနိုင်စွမ်း မရှိချေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူများစွာက ၎င်းတို့၏ စိတ်နှလုံးများထဲက စိတ်အားထက်သန်မှုကို သာ၍ ကောင်းစွာ ဖော်ပြနိုင်သည်ဟု တွေးထင်ခဲ့ကြသည့် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင် ကြီးမြတ်လွန်းလှပေစွ။ ဘုရားသခင် သန့်ရှင်းလွန်းလှပေစွ။ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ဖြစ်ပေစွတကား။ ယနေ့တွင် ဤသို့သော လူသား ပြောဆိုမှုများသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း၊ လူသည် မိမိတို့ကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်သည် အမည်တစ်ခုမျှ မရှိပေ၊ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြစ်တည်မှုသည် အလွန် အလျှံပယ်ဖြစ်ပြီး၊ လူသား၏ ဘာသာစကားသည် ခြွတ်ခြုံကျလွန်းသောကြောင့် ဖြစ်သည်။ သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။ ထိုခေတ်ထဲက သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတစ်ခုဖြစ်သည့် သီးသန့် နာမကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသော လူများစွာသည် ဤသီးသန့်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံဖြင့် ကိုယ်စားပြုနိုင်စွမ်းရှိသည်ဟု ခံစားကြရသည်- အလိုလေး၊ ဤသည်မှာ ကူကယ်ရာမဲ့ပါသည်တကား- ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမဖြင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ၊ သူ့ကို “ဘုရားသခင်” ဟုသာ ခေါ်ကြလေသည်။ ယင်းမှာ လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်၊ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင် ကွဲလွဲခြားနားခြင်းများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်အလျှံပယ်ဖြစ်သည်မှာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ကို မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမ မရှိသကဲ့သို့၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က၊ “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း။” ဟု ငါ့ကို မေးပါက၊ “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။” ဟု ၎င်းတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမ ဖြစ်သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်ခြင်း မဟုတ်လော။ ဤသို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမကို ရှာဖွေရန် လုံ့လများစွာ စိုက်ထုတ်နေကြသနည်း။ နာမတစ်ခုအတွက်၊ အစာမစား အိပ်လည်းမအိပ်ဘဲ၊ အဘယ်ကြောင့် ဦးနှောက်ခြောက်အောင် စဉ်းစားသင့်သနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်- သူသည် ဖန်ဆင်းရှင်သက်သက် ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်ရှိလာပြီး ဖြစ်ကာ၊ ယင်းနောက်တွင် သူ၏နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် နာမများ အားလုံးသည် အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာခပ်သိမ်း ရောက်လာချိန်တွင်၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် နာမတစ်ခုကို သူသည် အဘယ်သို့ လိုအပ်သေးသနည်း။ သင်သည် ယခု ဘုရားသခင်၏ နာမကို ရှာဖွေနေဆဲလော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲဖြစ်သလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲလော။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း အပြစ်ကို သင်ခံနိုင်သလော။ ဘုရားသခင်သည် မူလအစက နာမ မရှိခဲ့သည်ကို သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရမည့် အမှုရှိခဲ့ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရမည်ဖြစ်သောကြောင့်၊ သူသည် နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်နာမဖြင့် ခေါ်သည်ဖြစ်စေ- ယင်းကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ယင်းကို ဆုံးဖြတ်ပေးရန် သူသည်- သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးဖြစ်သည့်- သင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် နာမသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့် လူက နားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ကိုက်ညီသည့် နာမဖြစ်သော်လည်း၊ ဤနာမသည် လူက ခြုံငုံမိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် အလွန်အမြော်အမြင်ရှိသည့်၊ အလွန်ချီးမြှောက်ခြင်းခံရသည့်၊ အလွန်အံ့သြဖွယ်ကောင်းသည့်၊ အလွန်နက်နဲပြီး အနန္တတန်ခိုးနှင့် အလွန်ပြည့်စုံသည့် ကြီးမြတ်သော တန်းခိုးရှိသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ဟုသာ သင်ပြောနိုင်ပြီးနောက်၊ နောက်ထပ်ပို၍ သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှအကုန် ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် ယေရှုဟူသည့် နာမမျှက ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုနိုင်ပါသလော။ နောက်ဆုံးသောကာလ ရောက်ရှိလာချိန်တွင်၊ အမှုပြုသူမှာ ဘုရားသခင် ဖြစ်နေဆဲဖြစ်သော်လည်း၊ ယင်းသည် မတူညီသည့် ခေတ်တစ်ခု ဖြစ်သည့်အတွက်၊ သူ၏နာမ ပြောင်းလဲရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

အရှေ့သို့- ၂။ သင်က နောက်ဆုံးသော ကာလ၏ ပြန်ကြွလာသည့် ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်သည်ဟူ၍ သင် သက်သေခံသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူသော အမည်နာမသည် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ရည်ညွှန်းပြီး ဘုရားသခင်အတွက် အမည်နာမသစ်တစ်ခု မဟုတ်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်” သည် ဘုရားသခင်၏ အမည်နာမသစ်ဖြစ်သည်ဟု သင် အဘယ်ကြောင့် ပြောရသနည်း။

နောက်တစ်ခုသို့- ၁။ သမ္မာကျမ်းစာသည် သခင့်အဖို့ သက်သေဖြစ်ပြီး ယင်းသည် ကျွန်ုပ်တို့ ယုံကြည်ခြင်း၏ အခြေခံလည်း ဖြစ်သည်။ နှစ်ပေါင်းနှစ်ထောင်ကြာ၊ သခင့်ကို ယုံကြည်ပြီးသူအားလုံးသည် သမ္မာကျမ်းစာအတိုင်း ထိုသို့ လုပ်ဆောင်ကြပြီးဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် သခင့်ကို ကိုယ်စားပြုသည်၊ သခင့်ကို ယုံကြည်ဖို့ဆိုသည်မှာ သမ္မာကျမ်းစာကို ယုံကြည်ဖို့ဖြစ်ပြီး သမ္မာကျမ်းစာကို ယုံကြည်ဖို့ဆိုသည်မှာ သခင့်ကို ယုံကြည်ဖို့ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမှ သွေဖည်ခဲ့မည်ဆိုပါက သခင့်ကို မည်သို့ ယုံကြည်နိုင်ကြမည်နည်း။ ကျွန်ုပ်တို့၏ သိနားလည်ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု သင် ပြောနေခြင်း ဖြစ်ပါသလား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။