၃။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” (တိမောသေသြဝါဒစာ ၃:၁၆) ဟု ဆိုခဲ့သည့် ပေါလု၏ စကားများပေါ်အခြေခံ၍၊ ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာကျမ်းစာ၏ စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် သင်က သမ္မာကျမ်းစာထဲက စကားများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမဟုတ်ဟု ဆိုသည်။ ဤအရာအားဖြင့် သင် မည်သည့်အရာကို ဆိုလိုသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် နောက်ဆုံးကာလအတွင်းတွင် ဘုရားသခင်၏ အမှုကို သက်သေခံလိုလျှင် သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်လမ်း၊ သမ္မာကျမ်းစာ၏ ဖွဲ့စည်းပုံနှင့် သမ္မာကျမ်းစာ၏ အနှစ်သာရတို့ကို သိနားလည်ရမည်။ ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများသည် သူ၏ အကြံပေးချက်များကို လိုက်လျှောက်ပြီး သခင်ယေရှု၏ နောင်တတရားလမ်းခရီးကို လိုက်နာကြဖို့အလို့ငှာ သခင်၌ ညီအစ်ကိုမောင်နှမများ အားလုံးအတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့သကဲ့သို့ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များ၏ တမန်တော်အလုပ်ကို သူလုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များအတွက် တာဝန်ကို သူယူရမည်ဖြစ်ပြီး အသင်းတော်များ၏ အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများနှင့် ပတ်သက်၍ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေနှင့် အနေအထားများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများအတွက် ရေးပေးခဲ့ခြင်းဖြစ်ပြီး သခင့်ထဲက ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုသည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သောစာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များအတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သည့်သူ ဖြစ်ခဲ့သည်— ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများနှင့် သူ၏ ကိုယ်ပိုင် အသိပညာပေါ်အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ— ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ကိုယ်စားပြုပေသည်။ ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မဟုတ်ဟုသာ ပြောနိုင်ပါသည်။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူ နီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ် ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများကို လမ်းညွှန်ချက်များ ပေးခဲ့ကြပြီး၊ ယေဟောဝါမှ ပြုမည့် အမှုကို ကြိုပြီး ဟောကြားခဲ့ကြသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ပြုခြင်းဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့သည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံများကို မြင်နိုင်၏၊ ဘုရားသခင်၏အသံကို ကြားနိုင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ စေ့ဆော်ခြင်းခံရပြီး အနာဂတ္တိကျမ်းများကို ရေးခဲ့ကြသည်။ သူတို့ လုပ်ခဲ့သည့် အလုပ်သည် ယေဟောဝါ၏ အသံကို ဖေါ်ပြချက် ဖြစ်ပြီး၊ ယေဟောဝါ၏ ပရောဖက်ပြုချက်ကို ဖော်ပြချက်ဖြစ်လျက်၊ ထိုစဉ်က ယေဟောဝါ၏အမှုက ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်ပေးရုံမျှ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်မလာခဲ့ဘဲ၊ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက်များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလနိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် ဆွေမျိုးစုတိုင်းကို လက်ဆင့်ကမ်းရန် နိမိတ်များကိုပေးခဲ့သည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်ကို ဟောကြားပေးရန် ဖြစ်ပြီး၊ သူတို့ထဲက အချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် ဉာဏ်ပညာတို့ကို မြင်တွေ့စေရန်အတွက် ယေဟောဝါသည် ထိုသူများကို ပရောဖက်ပြုချက်များ ဟောကြားရန်၊ အနာဂတ်၏အမှု သို့မဟုတ် ထိုကာလအတွင်း လုပ်ဆောင်ပေးဖို့ ရှိနေသေးသည့် အမှုကို ကြိုပြီး ဟောကြားရန် ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကာလက ပရောဖက်များသည် ယေဟောဝါ၏ စေ့ဆော်ပေးခြင်းခံခဲ့ရပြီး အချို့သော ပရောဖက်ပြုချက်များကို ပြောကြားခဲ့သည်၊ ၎င်းတို့သည် စကားအများအပြား ပြောကြားခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများအပြင် ယေဟောဝါမှ လုပ်ဆောင်ရန် စီမံထားသည့် နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ဖျက်ဆီးမှု အကြောင်းကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် ပြုခဲ့သည့်အမှုကို မှတ်တမ်းတင်ထားကြသည်။...ထိုနည်းဖြင့်၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲ၌ မှတ်တမ်းတင်ထားသည်များမှာ ထိုစဉ်က ဣသရေလနိုင်ငံရှိ ဘုရားသခင်၏အမှုသက်သက်သာ ဖြစ်သည်။ ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့ ပြောကြားသည့် စကားလုံးများ...သူတို့၏ စကားလုံးများသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ အခြားအမှုကို ကြိုတင်ဟောကြားခဲ့၏၊ သူတို့သည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ကြိုတင်ဟောကြားခဲ့ကြသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှ လာခဲ့၏၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ပရောဖက်များ၏ ဤကျမ်းစာအုပ်များမှအပ၊ အခြားအရာ အားလုံးသည် ထိုအချိန်က ယေဟောဝါ၏ အမှုကို လူတို့ကြုံတွေ့ခြင်းများ၏ မှတ်တမ်းတစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိုလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖောပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ အမြင်များသည် ကိုယ်ပိုင် အတွေ့အကြုံမှ လာသောအသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ညွှန်ကြားချက်မှလာပေသည်၊ ဤလူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြကာ သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ဤသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် ပရောဖက်ပြုချက် အများအပြားကို ဟောခဲ့ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အစပြုရန်အတွက်၊ သမ္မာကျမ်းစာက မည်သို့ ပုံသွင်းခံခဲ့ရသည်နှင့် မည်သည့်အချိန်တွင် ထုတ်လုပ်ထားခဲ့သည်ကို နားလည်ရန် လိုအပ်သည်။ မူရင်းသမ္မာကျမ်းစာအုပ်မှာ ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းမှာ၊ ဣသရေလလူများဖြစ်သည့် ဂျုးများက ဓမ္မဟောင်းကျမ်းကိုသာ သမ္မာကျမ်းစာဟု ခေါ်ကြသည်။ ပြီးနောက်၊ ကျေးဇူးတော်ခေတ်တွင်၊ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုတော်၏ အဆင့်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ သခင်ပေါ်ထွန်းပြီးနောက် နှစ်ပေါင်း သုံးရာကျော်တွင်၊ ထိုအချိန်က အသင်းတော်ခေါင်းဆောင်များသည် အစည်းအဝေးတစ်ခု ကျင်းပရန် အတူတကွ လာခဲ့ကြသည်။ ၎င်းတို့က နောက်ဆုံးသောကာလ နီးလာပြီဖြစ်ပြီး တပည့်တော်များ ရေးသားခဲ့သည့် စာစောင်များနှင့်အတူ သခင်ယေရှု မိန့်ဆိုခဲ့သည့် စကားများကို ဓမ္မဟောင်းနှင့် ဆင်တူသော စာအုပ်တစ်အုပ်ဖွဲ့ရန် အတူတကွ စုပေါင်းအနှစ်ချုပ်သင့်ပြီး နေရာတိုင်းက အသင်းတော်များထံ ပို့သင့်သည်ဟု ယုံကြည်ခဲ့ကြသည်။ ဤနည်းဖြင့်၊ စာပေများကို ကောင်းကောင်းမွန်မွန် ကာကွယ်လိမ့်မည်ဖြစ်ပြီး အသင်းတော်များ၏ အသက်တာကို မှန်ကန်သော လမ်းကြောင်းပေါ် ထားရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်၊ သခင်ယေရှု၏ တမန်တော်များနှင့် တပည့်တော်များ၏ စာပေများအားလုံးကို ရွေးပြီး အတူတကွ ယူဆောင်ခဲ့ကြကာ နောက်ဆုံးတွင်၊ သုတေသနကို ဆောင်ရွက်ပြီးနောက်၊ စာပေ၏ လက်ရွေးစင် အစိတ်အပိုင်း နှစ်ဆယ့်ခုနှစ်ခုကို ဓမ္မသစ်ကျမ်း၏ တရားဝင်စံအဖြစ် သတ်မှတ်ခဲ့ကြသည်။နောက်ပိုင်းတွင်၊ ၎င်းတို့က ဓမ္မသစ်ကျမ်း၏ တရားဝင်စံဖြစ်သည့် လက်ရာ နှစ်ဆယ့်ခုနှစ်ခုနှင့် ဓမ္မဟောင်းကျမ်းတို့ကို သမ္မာကျမ်းစာ၏ အလုံးစုံအကြောင်းအရာများဖြစ်လာရန် ပေါင်းစပ်ခဲ့သည်။ ဤသည်မှာ ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းများ၏ ကျမ်းအုပ်တစ်ခုလုံးကို ထုတ်လုပ်ခြင်းအတွက် အခြေခံဖြစ်သည်။ သမ္မာကျမ်းစာ တစ်ခုလုံးမှာ ဘုရားသခင် မှုတ်သွင်းထားခြင်း ဖြစ်သည်ဟု ယုံကြည်သောသူအချို့ရှိကြသည်၊ အထူးသဖြင့်၊ထိုအချိန်က ပေါလုက၊” သမ္မာကျမ်းစာတစ်ခုလုံးသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်၍”ဟု ဆိုခဲ့သည်။ ဤစကားလုံးများနောက်တွင် အချက်တစ်ချက်ရှိပါသည်။ ထိုအချိန်တုန်းက၊ ၎င်းတို့ကြားရသည်မှာ၊ ဓမ္မသစ်ကျမ်းသည် စာအုပ်ဖြစ်မလာခဲ့သေးသောကြောင့် ဓမ္မသစ်ကျမ်းမရှိခဲ့သလို အသင်းတော်အသီးသီး၏ ထိန်းသိမ်းစောင့်ရှောက်မှုထဲတွင် ပျောက်ဆုံးသော စာစောင် ဒါဇင်ပေါင်းများစွာ ရှိခဲ့သေးသည်ဟူ၍ ဖြစ်သည်။ ဤသို့သော နောက်ခံသမိုင်းကို ဆန့်ကျင်၍၊ နောက်ဆုံးတွင် ရှင်ပေါလု၏ စကားများသည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ဟုတ်ပေ၏။ ၎င်းတို့သည် ဓမ္မသစ်ကျမ်းကို ရည်ညွှန်းမှုတစ်ခုဖြစ်သည်။ ထို့ကြောင့်၊ တိမောသေသြဝါဒစာ ဒုတိယစောင်ထဲက ရှင်ပေါလု၏ ကြေငြာချက်ဖြစ်သည့်၊ “သမ္မာကျမ်းစာတစ်ခုလုံးသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်း အားဖြင့်ဖြစ်၍”ဟူသည်မှာ ဓမ္မဟောင်းကျမ်းကို ညွှန်ပြပြီး ဓမ္မသစ်ကျမ်းကို မဟုတ်ပါ။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ သို့သော်၊ နောက်ဆုံးသောကာလ လူတို့သည် ရှင်ပေါလု ပြောခဲ့သည့် “သမ္မာကျမ်းစာ”ကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတစ်ခုလုံးကို ဆိုလိုသည်ဟု ယူကြလေသည်။ ဤအရာသည် ထိုအချိန်တုန်းက ဖြစ်ရပ်မှန်များနှင့် ဆန့်ကျင်လျက်ရှိပြီး ထိုအချိန်က ရှင်ပေါလုပြောခဲ့သည့်အရာ၏ နောက်ခံသမိုင်းကို ဆန့်ကျင်နေပေသည်။ ထို့ကြောင့်၊ ယင်းသည် အချက်အလက်များနှင့် မကိုက်ညီသလို ဘက်လိုက်ပြီး မှားယွင်းသော အနက်ပြန်ခြင်းတစ်ခု ဖြစ်သည်။ ဤအရာမှလွဲ၍၊ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု ဆိုထားလျှင် ဤသည်မှာ ယုတ္တိရှိပါသလား။ “ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်”ဟု ဆိုသည်မှာ မည်သည့်အရာကို ကိုယ်စားပြုပါသနည်း။ မှုတ်သွင်းတော်မူခြင်းဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်တွင်၊ မောရှေသည် ဘုရားသခင်အားဖြင့် ခန့်အပ်ထားသော ဣသရေလတို့၏ ခေါင်းဆောင်နှင့် အမှုတော်ဆောင်တစ်ဦးဖြစ်သည်၊ ယင်းမှာ ဣသရေလလူမျိုးများကို အဲဂုတ္တုမှ ဦးဆောင်ခေါ်ထုတ်ခဲ့သော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ ပညတ်တော်များကို လက်ဆင့်ကမ်းခဲ့သူဖြစ်သည်။ ပညတ်တော်ခေတ်၏ အမှုတော်မှာ မောရှေမှတဆင့် ဘုရားသခင်အားဖြင့် ပြီးမြောက်ခဲ့ပေသည်။ မောရှေသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သြဇာအာဏာအရှိဆုံးဖြစ်ပြီး အခြားသူများကတော့ ဤအရည်အချင်းကို မရှိခဲ့ကြပါ။ ကောင်းပြီ၊ မောရှေ၏ ကျမ်းအုပ် ငါးအုပ်ထဲတွင်၊ သူရေးသားခဲ့သော အရာသည် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု သူပြောခဲ့ပါသလား။ ပထမဦးစွာ၊ ဤအရာကို မောရှေ မပြောခဲ့ပါ။ ဒုတိယအနေဖြင့်၊ ဓမ္မဟောင်းခေတ်တွင် ဘုရားသခင် အသုံးပြုခဲ့သည် ဤပရောဖက်များအားလုံးထဲတွင်၊ အကြီးမြတ်ဆုံး ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ နှင့် ယေဇကျေလတို့ထဲမှ အဘယ်သူမျှ ဤစကားများကို မပြောခဲ့ကြပါ။ “သမ္မာကျမ်းစာတစ်ခုလုံးသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်၍” ဟုဆိုသော စာကြောင်းမှာ နောက်ပိုင်းမှ ရှင်ပေါလုအားဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် ယင်းကို သက်သေအထောက်အထားအဖြစ် လုံးဝယူ၍ မရနိုင်ပါ။

ပေါလုနှင့် ပေတရုတို့သည် ၎င်းတို့၏ စာစောင်များကို သခင်ယေရှု ကောင်းကင်ထက်တက်ကြွပြီးနောက်တွင် ချက်ချင်း မရေးသားခဲ့ကြပါ။ ၎င်းတို့၏ စာစောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်မှာ သခင်ယေရှု တက်ကြွခြင်းပြီးနောက် နှစ်သုံးဆယ်အကြာတွင် ဖြစ်သည်။ ၎င်းတို့သည် နှစ် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ တရားဟောခဲ့ကြသည်အထိတိုင် ၎င်းတို့၏ စာစောင်များကို ရေးသားခြင်းကို တရားဝင်မစတင်ခဲ့ကြပါ။ ၎င်းတို့ ရေးသားခဲ့သော ဤစာစောင်များကို အသင်းတော်များထံသို့ ပေးပို့ခဲ့ပြီးနောက်၊ အသင်းတော်များထဲမှာ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မည်သို့ မြင်ခဲ့ကြပါသနည်း။ ၎င်းတို့က၊ “ဒါ ဘုရားသခင်ရဲ့ အသံတော်ပဲ။ ဒါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ပဲ” ဟု ပြောနိုင်ခဲ့ကြလိမ့်မည်လော။ ဤအရာကို ၎င်းတို့ ပြောခဲ့ကြလိမ့်မည်လော။ ၎င်းတို့က၊ “ဒါ ညီအစ်ကို ပေတရုဆီက စာပဲ၊ ကြည့်ပါဦး၊ ဒီစာထဲမှာ သူရေးထားတာ တကယ်ကောင်းတယ်၊ တကယ်ကို အကျိုးရှိတယ်”၊ “ဒါ ညီအစ်ကို ပေါလုဆီက စာပဲ”၊ “ဒါ ဗာနဗဆီက စာပဲ”၊ “ဒါ မဿဲဆီက စာပဲ”...ဟု ဆိုကြလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ တပည့်တော်များထံမှ ဤစာစောင်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် အချို့က မှတ်ယူနိုင်ခဲ့ကြမည်လော။ တစ်ရာရာခိုင်နှုန်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်၊ ပေတရု၊ မဿဲနှင့် အခြားသူများက ၎င်းတို့က ဘုရားဖြစ်သည် သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ဟု ဘယ်သောအခါမျှ မပြောခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးက ၎င်းတို့သည် သခင်ယေရှု၌ ယုံကြည်သူများ၊ သခင်ယေရှု၏ နောက်တပည့်တော်များဖြစ်သည်ဟု သိမှတ်ခဲ့ကြသည်။ ထို့ကြောင့်၊ ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကို မောင်နှမများကလည်း ၎င်းတို့ကို ညီအစ်ကိုများအဖြစ် မြင်ခဲ့ကြပြီး ၎င်းတို့၏ စာများနှင့် ၎င်းတို့ ပြောခဲ့ကြသည့်အရာများကို ညီအစ်ကိုများ၏ စကားများ၊ မိတ်သဟာယပြုခြင်း နှင့် သက်သေခံချက်များအဖြစ် ယူခဲ့ကြသည်။ ဤသည်မှာ လုံးဝမှန်ကန်ပြီး နောက်ခံသမိုင်းကြောင်းနှင့်လည်း ကိုက်ညီပေသည်။ သို့သော်၊ ယနေ့ခေတ်လူတို့သည် ဤတပည့်တော်များ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် မှတ်ယူကြပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် ဖော်ပြခဲ့ကြသည်။ ဤသည်မှာ အချိန်ကာလ၏ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ဆန့်ကျင်သည် မဟုတ်လော။ ယနေ့ခတ်လူတို့သည် ၎င်းတို့၏ မျက်လုံးများ ကျယ်ကျယ်ဖွင့်လျှက်ပင် သမိုင်းအချက်အလက်များကို ဆန့်ကျင်ဝံ့ကြပြီး ၎င်းတို့ အမှားပြုမိသည်ဟု ခံစားချက်မရှိပဲ ဤလူများ၏ စကားများကို ဘုရားသခင်၏ စကားများအဖြစ် ယူဝံ့ကြလေသည်။ အကယ်၍ တစ်စုံတစ်ဦးက ဤအချက်ကို ဖော်ထုတ်လျှင်၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မိမိတို့ ခုခံချေပချက်ထဲတွင် ကိုးကားကြပေလိမ့်မည်။ ထိုစကားများအတွက် အခြေခံအကြောင်းရင်းတစ်ခုခု ရှိပါသလား။ ၎င်းတို့ မည်သည့်အရာကို ရည်ညွှန်းကြပါသနည်း။ ၎င်းတို့ကို သင်နားလည်ပါသလား။ ဤအကျိုးဆက်အတွက် စကားများ တပည့်တော်များ၏ စာစောင်များထဲတွင် ရှိပါသည်။ ပေတရုက ညီအစ်ကို ပေါလု၏ စကားများ၊ စာစောင်များထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အမှုတော် ပါရှိသည်ဟု ဖောပြခဲ့သည်။ သို့သော်၊ ရှင်ပေါလု၏ စကားများက ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု ပေတရု မပြောခဲ့ပါ။ ပေတရုက ပေါလု၏ စကားများမှာ အားလုံး သန့်ရှင်းသော ဝိညာဉ်တော်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သဘောထားရမည်ဟု မပြောခဲ့ဘဲ ဤသို့ သဘောထားလျှင် မှားယွင်းလိမ့်မည်ဟု ပြောခဲ့သည်။ ပေါလုကလည်း သူ၏စကားများသည် ဘုရားသခင်အားဖြင့် ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်သည်ဟု အရဲစွန့်မပြောခဲ့ပါ။ ပေါလုဖြစ်စေ၊ ပေတရုဖြစ်စေ သူတို့ကိုယ်တိုင်ပြောသော အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု သက်သေမခံဝံ့ခဲ့ကြပါ၊ ထို့ကြောင့် နောက်ဆုံးသောကာလ ယုံကြည်သူများသည် ၎င်းတို့၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် အဘယ်သို့ သဘောထားနိုင်သနည်း။ မည်သည့်အမှားကို ၎င်းတို့ လုပ်ကြသနည်း။ ဘာသာရေးလောကတစ်ခုလုံး တစ်လျှောက် သမ္မာကျမ်းစာ အနက်ပြန်သူတို့သည် ၎င်းတို့ကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခဲ့ကြသည် သို့မဟုတ် မပေါက်ခဲ့ကြပါဟု သင်တို့ ပြောလိမ့်မည်လော။ ထိုကဲ့သို့ ကြီးမားပြီး၊ အဓိပ္ပါယ်မဲ့သည့် အမှားကို ထိပ်တိုက်တွေ့ရလျက် ယင်းကို ၎င်းတို့ သတိမထားမိကြ၊ ယင်းကို သိနားလည်မှုမရှိကြသလို မမြင်နိုင်ကြပါ။ ဤလူတို့သည် ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို မပိုင်ဆိုင်ကြသလို အမှုအရာများကို ထွင်းဖောက်မမြင်နိုင်ကြချေ။ သို့သော်၊ အခြားလူများက ၎င်းတို့ကို မမြင်မကန်းနှင့် ကိုးကွယ်ကြသည်။ လူတို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့သည် လူ့အပေါ်တွင် မမြင်မကန်းဖြင့် ယုံကြည်ကြသည်။ ၎င်းတို့ကို ပြောသမျှအရာတိုင်းအား ယုံကြည်ကြသည်။ ဘာသာဝင်တို့က သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုပြီး အားလုံးက သမ္မာကျမ်းစာနှင့်အညီဖြစ်သင့်သည်ဟု တွေးထင်လျက် သမ္မာကျမ်းစာနှင့်ပတ်သက်ပြီး အစွဲအလန်းကြီးကြသည်။ သမ္မာကျမ်းစာကို ကိုးကွယ်ကြသည်။ ဘုရားသခင်၏ အထက်တွင် ထားကြသည်။ ထိုကဲ့သို့ သမ္မာကျမ်းစာအတွက် မျက်ကန်းယုံကြည်မှုများနှင့် အလေးအမြတ်ထားခြင်းတို့ကို စွဲကိုင်ထားခြင်းသည် ရယ်ရွှင်ဖွယ်ကောင်းမှုကို ပြသခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ လူတို့သည် သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်မှုကို မည်သည့်နည်းလမ်းဖြင့် စွဲကိုင်ကြသနည်း။ ၎င်းတို့သည် ယင်းကို သမိုင်းဆိုင်ရာ အချက်အလက်များနှင့်အညီ သဘောမထားကြပါ။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် မလိုက်လျှောက်ကြသလို ကျမ်းစာကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့နှင့်အညီ မချဉ်းကပ်ကြပဲ၊ ယင်းအစား ကျော်ကြားသော လူတို့ကို မမြင်မကန်းနှင့် ကိုးကွယ်ကြသည်။ မည်သူက မည်သည့်အရာပြောပါစေ၊ အားလုံးကို အမှန်ကဲ့သို့ မှတ်ယူကြပြီး အားလုံးကို လက်ခံကြသည်။ ပြီးလျှင် လက်လွတ်စပယ် အသုံးပြုကြသည်။ ပေါလုသည် အမှားကင်းခဲ့ပါသလား။ သူပြောခဲ့သည့်အရာသည် တိကျမှန်ကန်ခဲ့ပါသလား။ သူသည်လည်း လူတစ်ဦးပင်ဖြစ်သည်၊ ထို့ကြောင့် မစင်ကြယ်မှုများမှ ကင်းလွတ်ဖို့ရန် လူတစ်ဦးအတွက် အဘယ်သို့ ဖြစ်နိုင်သနည်း။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်အတွင်းက လူတို့သည် တပည့်တော်တို့၏ စာစောင်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အတူတကွ ပြုစုခဲ့ကြသည်မှာ အမှားတစ်ခု ဖြစ်သည် မဟုတ်လော။ လူအားဖြင့်ပြောသောအရာသည် လူ၏ စကားဖြစ်ပြီး သမ္မာကျမ်းထဲရှိ ဘုရားသခင်၏ စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာကျမ်းစာထဲရှိ မည်သည့်စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သနည်း။ ဤအရာအပေါ် ကျွန်ုပ်တို့ သိမြင်မှုရှိသင့်သည်။ ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်အားဖြင့် ပြောဆိုခဲ့သောအရာ၊ ယေဟောဝါ ဘုရားသခင်က မောရှေကို ပြောဆိုရန် ညွှန်ကြားခဲ့သောအရာ၊ ယေဟောဝါ ဘုရားသခင်က ပရောဖက်များကို ပြောဆိုရန် ညွှန်ကြားခဲ့သောအရာ၊ အသိပေးရန်အတွက် ပရောဖက်များ ခိုင်းစေခံခဲ့ရသည့်အရာနှင့် သခင်ယေရှု ကိုယ်တော်တိုင် ပြောဆိုခဲ့သော အရာများသည်လည်း ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်သည်။ ပရောဖက်များ၏ စကားများထဲတွင် အထူးသဖြင့် သင်္ကေတဖြစ်သောအရာ တစ်စုံတစ်ခုကို သင်တွေ့ဖူးပါသလော။ ၎င်းတို့က၊ “ယေဟောဝါ မိန့်တော်မူသည်ကား”၊ “ဤသည်မှာ ယေဟောဝါ မိန့်တော်မူသည့်အရာဖြစ်သည်”ဟု ပြောကြပြီး၊ “ထို့ကြောင့် ငါ ဒံယေလ (ငါ ယေရှာယ) ပြောသည်မှာ” ဟု မပြောကြပါ။ ဤအရာက၊ ပရောဖက်များသည် ဘုရားသခင်၏ မူရင်းစကားများကို အသိပေးခဲ့ကြခြင်းဖြစ်သည်ကို လူတို့အတွက် ရှင်းလင်းပြတ်သားစေသည်။ ထို့ကြောင့်၊ ပရောဖက်များအားဖြင့် အသိပေးခဲ့သည့် ဘုရားသခင်၏ မူရင်းစကားများအားလုံးသည် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်ပြီး၊ ယေဟောဝါကိုယ်တိုင် ပြောခဲ့သည့်အရာများအဖြစ် မှတ်တမ်းတင်ထားသည့် အရာများအားလုံးသည် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်ကာ၊ သခင်ယေရှုကိုယ်တိုင် မိန့်ကြားခဲ့ခြင်းအဖြစ် တပည့်တော်များက မှတ်တမ်းတင်ထားသည့် အရာများအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာကျမ်းစာ၏ ဤအစိတ်အပိုင်းများသည်သာ ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်ပြီး ယင်းမှလွဲ၍ တပည့်တော်များ ပြောခဲ့သည့် အရာများအားလုံးနှင့် ဘုရားသခင်၏ အစေခံများ မှတ်တမ်းတင်ခဲ့သည့် အရာရာတိုင်းတို့သည် လူသားသက်သေခံချက်ဖြစ်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

အရှေ့သို့- ၂။ သင်က သခင်ယေရှုသည် ပြန်ကြွလာပြီးဖြစ်သည်၊ သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ သမ္မာတရားများကို ဖော်ပြနေသည်ဟု သက်သေခံသည်။ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားပြီး၊ သမ္မာကျမ်းစာ၏ သမ္မာတရားက မခြုံငုံသည့်အရာ မည်သည့်အရာမျှမရှိဟု ဆိုကြသည်။ ၎င်းတို့က သမ္မာကျမ်းစာ ပြင်ပတွင် ဘုရားသခင်၏ မည်သည့် နှုတ်ကပတ်တော်များနှင့် အမှုတော်မျှမရှိသကဲ့သို့ သမ္မာကျမ်းစာ ပြင်ပ၌ ရှိသည့် မည်သည့်အရာမဆိုသည် မိစ္ဆာအယူဝါဒဖြစ်သည်ဟု ဆိုကြသည်။ ဤကိစ္စရပ်ကို ကျွန်ုပ်တို့ မည်သို့ သဘောထားသင့်သနည်း။

နောက်တစ်ခုသို့- ၄။ ကျွန်ုပ်သည် ကျမ်းစာကို အနှစ်နှစ်ဆယ်ကျော်ကြာ လေ့လာနေပြီးဖြစ်သည်။ သမ္မာကျမ်းစာကို မတူညီသော အချိန်ကာလများတွင် မတူညီသော စာရေးသူ ၄၀ ကျော်က ရေးသားခဲ့ခြင်းဖြစ်သော်လည်း၊ အမှားအယွင်းတစ်ခုမျှ မပါရှိဟု ကျွန်ုပ် လေ့လာရပြီးဖြစ်သည်။ ဤအရာက ဘုရားသခင်သည် သမ္မာကျမ်းစာ၏ စစ်မှန်သော စာရေးသူဖြစ်ပြီး သမ္မာကျမ်းစာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ကို သက်သေပြသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။