၅။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုအဖို့ သက်သေဖြစ်သည်။ သခင့်ကို ယုံကြည်သူအားလုံးက ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ကြောင်း အသိအမှတ်ပြုသည်မှာ သမ္မာကျမ်းစာမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ အံ့ဖွယ်အရာ၊ ကြီးမြတ်မှုနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ၎င်းတို့ ရှုမြင်ရသည်မှာ သမ္မာကျမ်းစာကြောင့် ဖြစ်သည်။ ထို့အပြင်၊ သမ္မာကျမ်းစာသည် လူ၏ အသက်တာအတွက် ထောက်ပံ့ပေးနိုင်ပြီး လူသားအဖို့ အလွန် တည်ဆောက်စရာဖြစ်စေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ နှင့် လူ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ပါရှိသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမှ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိနိုင်ပါသလား။ သို့မဟုတ် သမ္မာကျမ်းစာတွင် ထာဝရအသက်လမ်းခရီး မရှိပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀)

“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များ၌ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီးများစွာကို ရရှိနိုင်ကြသည်။ ဤလမ်းခရီးများသည် အတိတ်ကာလ ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အသက်လမ်းခရီးများ ဖြစ်ကြပြီး၊ နှုတ်ကပတ်တော် များစွာတို့သည် တန်ဖိုးရှိပြီး၊ လူတို့ လိုအပ်သည့်အရာကို ထောက်ပံ့ပေးနိုင်လေသည်။ သို့ဖြစ်သောကြောင့်၊ လူအားလုံးက သမ္မာကျမ်းစာ ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် သွယ်ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ ကျမ်းစာအပေါ် လူတို့၏ ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြပေ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများကို များစွာ ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာသည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မားရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးသည် သမ္မာကျမ်းစာထဲမှ ကောက်ယူထားခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးက သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံး သမ္မာကျမ်းစာကို ရှင်းပြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့သည် မည်သည့် ဝိညာဉ်ရေးရာပုဂ္ဂိုလ်ကြီးများ၏ စာအုပ်များမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် အလွန်မြင့်မားပြီး လေးနက်သည့်ပုံပေါ်သည့်အတွက် ကျမ်းစာကို ၎င်းတို့ ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာသည် ပေါလု၏သြဝါဒစာများနှင့် ပေတရု၏သြဝါဒစာများကဲ့သို့ အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များပါသည့် ကျမ်းစာအုပ်များကို အတူတကွ စုစည်းပေးထားသော်လည်း၊ လူတို့သည် ထိုကျမ်းအုပ်များ၏ ထောက်ပံ့မှုနှင့် မစမှုတို့ကို ခံရနိုင်ကြသော်လည်း၊ ဤကျမ်းအုပ်များသည် ခေတ်မမီဆဲ ဖြစ်သည်၊ ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့သည် မည်မျှပင် ကောင်းမွန်စေကာမူ၊ ကာလတစ်ခု အတွက်သာ သင့်တော်ပြီး၊ ထာ၀ရသင့်တော်သည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် အစဉ်တိုးတက်လျက် ရှိသည့်အတွက်၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌သာ ရပ်တန့်မသွားနိုင်ခဲ့သကဲ့သို့၊ ယေရှု ကားစင်တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင် ထာဝရ ကျန်ရှိမနေနိုင်ပေ။ သို့ဖြစ်၍၊ ဤစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ပြီး နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှ ကောင်းစေကာမူ၊ ခေတ်ကုန်သွားပြီဖြစ်ဆဲ ဖြစ်သည်။ ထိုအရာသည် ဣသရေလနိုင်ငံထဲတွင် ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်။ ဤအမှု မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ကုန်လာဦးမည် ဖြစ်ပြီး ၎င်းခေတ် ကုန်လွန်သွားသည့်အချိန် ရောက်လာဦးမည် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် အဆုံးသတ်ရမည့် အချိန်ကျလိမ့်ဦးမည် ဖြစ်သည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုကြား၌ အစဉ်အမြဲ ရှိမနေနိုင်သကဲ့သို့၊ ကားစင်တင်ခံရခြင်း အမှုကြားတွင်လည်း အစဉ်အမြဲ ရှိမနေနိုင်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် မည်မျှပင် ယုံကြည်လက်ခံစရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရှိနေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်သည်။ ဖန်ဆင်းခြင်းရှိခဲ့ပြီး နောက်ဆုံးသော ကာလရှိရမည် ဖြစ်သောကြောင့် အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်တွင် အစဉ်အမြဲ မနေနိုင်သကဲ့သို့၊ အချိန်ကာလများသည်လည်း မည်သည့်အခါမျှ မပြောင်းလဲဘဲ မရှိနိုင်ပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့်၊ ယနေ့တွင် ဓမ္မသစ်ကျမ်းထဲက အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည့် တမန်တော်များ၏ သြဝါဒစာများနှင့် ခရစ်ဝင်ကျမ်း လေးကျမ်းသည် သမိုင်းဆိုင်ရာ စာအုပ်များ ဖြစ်လာကြလေပြီ၊ ၎င်းတို့သည် နှစ်ချုပ်စာအုပ် အဟောင်းများ ဖြစ်လာကြပြီးဖြစ်ကာ ခေတ်ဟောင်း နှစ်ချုပ်စာအုပ်များက လူများကို ခေတ်သစ်ထဲသို့ မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း။ ဤနှစ်ချုပ် စာအုပ်များသည် လူတို့ကို အသက်ဖြင့် မည်သို့ပင် ထောက်ပံ့ပေးနိုင်ပါစေ၊ ၎င်းတို့သည် လူတို့ကို ကားတိုင်ဆီသို့ မည်သို့ပင် ခေါ်ဆောင်ပေးနိုင်ပါစေ၊ ၎င်းတို့သည် ခေတ်ကုန်သွားကြပြီ မဟုတ်လော။ ၎င်းတို့သည် တန်ဖိုးမဲ့နေကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်သည် ထိုနှစ်ချုပ်စာအုပ်များကို မျက်စိမှိတ် မယုံကြည်အပ်ဟု ငါပြော၏။ ၎င်းတို့သည် အလွန် ဟောင်းနွမ်းသွားကြပြီ၊ ၎င်းတို့သည် သင့်ကို အမှုအသစ်ဆီသို့ ခေါ်ဆောင် မပေးနိုင်ကြဘဲ၊ သင့်ကို ဝန်သာ ပိစေနိုင်၏။ ၎င်းတို့သည် သင့်အား အမှုသစ်နှင့် ဝင်ရောက်မှု အသစ်ဆီသို့ မခေါ်ဆောင်ပေးနိုင်ရုံသာမက၊ သင်တို့ကို အိုဟောင်းသော ဘာသာရေး အသင်းတော်များအတွင်း ခေါ်ဆောင်ပေသည် - ထိုသို့ဆိုပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် ဆုတ်ယုတ်သွားနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းသည် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အမှန်တွင်၊ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

ယခု သင် ဆန္ဒရှိသည်မှာ အသက်ကိုရရှိဖို့ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် သင်သည် သမ္မာတရားကို ရရှိဖို့ ဆန္ဒရှိကောင်းရှိမည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို ရှာတွေ့ရန်၊ သင် မှီခိုနိုင်ပြီး သင့်ကို ထာဝရအသက်ပေးနိုင်သော ဘုရားသခင်ကို ရှာတွေ့ရန် ဆန္ဒရှိသည်။ သင်သည် ထာဝရအသက်ကို ရရှိလိုပါက၊ ထာဝရအသက်၏ အရင်းအမြစ်ကို ပထမဦးစွာ သင်နားလည်ရမည်ဖြစ်ပြီး၊ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ပထမဦးစွာ သိရမည်ဖြစ်သည်။ ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောနှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် မပြောင်းလဲသော အသက်ဖြစ်သည့်အတွက်၊ ထိုနည်းအားဖြင့် သူသည် ထာဝရအသက် ဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သည့်အတွက်၊ ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်၏ လမ်းခရီးဖြစ်၏။ ထိုသို့ဖြင့်၊ သင်သည် ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ဆိုသည်နှင့် ဤထာဝရအသက်၏ လမ်းခရီးအား မည်သို့ရရှိရမည်ကို ပထမဦးစွာ နားလည်သင့်ပေသည်။ ယခု ဤကိစ္စနှစ်ရပ်အား သီးခြားစီ ဆွေးနွေးကြပါစို့။

ထာဝရအသက် လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုပြီး၊ ယင်းကို ရှာဖွေရာတွင် သင်သည် စိတ်ပြင်းပြပါက၊ ပထမဦးစွာ ဤမေးခွန်းကို ဖြေဆိုလော့။ ယနေ့တွင် ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ “ဘုရားသခင် ကောင်းကင်တွင် နေသည် ဟုတ်ပေသည်- သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။” ဟု သင် ဖြေကောင်းဖြေမည်။ ဘုရားသခင်သည် အရာခပ်သိမ်းအလယ်တွင် သိသာထင်ရှားစွာ နေ၏ သို့မဟုတ် ဘုရားသခင်သည် လူအသီးသီး၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟု သင်ဆိုကောင်းဆိုပေမည်။ ဤအရာထဲမှ မည်သည့်အရာကိုမျှ ငါမငြင်းဆိုပေ၊ သို့သော် ကိစ္စရပ်ကို ငါရှင်းလင်းစေရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာ လုံးဝ မှန်ကန်သည် မဟုတ်၊ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပေ။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အလယ်တွင် မိမိတို့၏ ယုံကြည်မှု စစ်မှန်သူများနှင့် မိမိတို့၏ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏၊ ဘုရားသခင် လက်ခံသောသူများနှင့် လက်မခံသောသူများ ရှိပြီး၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ စုံလင်စေသောသူများရှိပြီး သူ ဖယ်ရှားသောသူများ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ နှလုံးသားထဲတွင်သာ နေပြီး၊ ဤလူများသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က လက်ခံသူများ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသူများနှင့် သူ စုံလင်စေသည့်သူများ အသေအချာ ဖြစ်သည်ဟု ငါဆိုရပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းခံရသည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို ကြားကာ မြင်နှင့်ပြီးသော လူများ ဖြစ်ကြ၏။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု မှားယွင်းသောသူများ၊ ဘုရားသခင်က လက်မခံသောသူများ၊ ဘုရားသခင်က စက်ဆုပ်သောသူများ၊ ဘုရားသခင်၏ ဖယ်ရှားခြင်းခံရသောသူများ- ၎င်းတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရဖို့ သေချာကာ၊ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရဖို့ သေချာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် အသက်ရှင်သည့်သူများမှာမူ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သိကြ၏။ ၎င်းတို့သည် ဘုရားသခင်က ထာဝရအသက် လမ်းခရီးကို အပ်နှင်းသည့် လူများဖြစ်ပြီး၊ ဘုရားသခင် နောက်သို့ လိုက်သောသူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ယခု သင် သိပြီလော။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့ လူသား၏ နံဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကနှင့် ခပ်သိမ်းသော အမှုအရာအထက်တွင် ရှိသည်သာမက၊ လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင်လည်း သာ၍ ရှိပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက်ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းအလယ် အားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး၊ သူသည် လူသား၏ နှလုံးသားတွင် လူသား၏ အဓိက အစိတ်အပိုင်း ဖြစ်သည့်အပြင်၊ လူသားအလယ်တွင် ရှိလေသည်။ ဤနည်းဖြင့်သာ၊ သူသည် လူသားမျိုးနွယ်ထံ အသက်၏ လမ်းခရီးကို ဆောင်ကြဉ်း ပေးနိုင်ပြီး၊ အသက်၏ လမ်းခရီးထဲသို့ လူသားကို ခေါ်ဆောင်နိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားအနေဖြင့် တည်ရှိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် ကမ္ဘာမြေပေါ်သို့ ကြွလာပြီဖြစ်ပြီး၊ လူသားအလယ်တွင် အသက်ရှင်လေသည်။ တစ်ချိန်တည်းတွင်၊ လူသားအလယ် သူလုပ်ဆောင်သည့် စီမံခန့်ခွဲမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းကို ပံ့ပိုးပေးဖို့အလို့ငှာ၊ အရာခပ်သိမ်းအလယ် အားလုံးတို့ကိုလည်း ဘုရားသခင်သည် ကွပ်ကဲလေသည်။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင် ရှိသည်ဟူသော အယူဝါဒကိုသာ သင်အသိအမှတ်ပြုသော်လည်း၊ လူသားအလယ် ဘုရားသခင်၏ တည်ရှိခြင်း သမ္မာတရားကို အသိအမှတ်မပြုပါက၊ သင်သည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရား၏ လမ်းခရီးကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ကိုးကွယ်၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။ အတိတ်ခေတ်များမှ ယနေ့ထိ အတောအတွင်း၊ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို သင် အသုံးချပါက၊ ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး၊ သင့်ကို ဖော်ပြရမည့် အကောင်းဆုံးသော နည်းလမ်းမှာ သမိုင်းဆိုင်ရာ အမွေအနှစ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အမြဲ ယုံကြည်သောကြောင့်၊ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး၊ ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်ပေသည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့၊ ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် စကားများကို ဖက်တွယ်နေဆဲဖြစ်ပါက၊ သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ ကျိုးကြောင်းဆင်ခြင်၍ မရသည့်အတွက်၊ မျှော်လင့်ချက်မရှိသော သစ်ခြောက်တစ်ခုက ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အရှေ့သို့- ၄။ ကျွန်ုပ်သည် ကျမ်းစာကို အနှစ်နှစ်ဆယ်ကျော်ကြာ လေ့လာနေပြီးဖြစ်သည်။ သမ္မာကျမ်းစာကို မတူညီသော အချိန်ကာလများတွင် မတူညီသော စာရေးသူ ၄၀ ကျော်က ရေးသားခဲ့ခြင်းဖြစ်သော်လည်း၊ အမှားအယွင်းတစ်ခုမျှ မပါရှိဟု ကျွန်ုပ် လေ့လာရပြီးဖြစ်သည်။ ဤအရာက ဘုရားသခင်သည် သမ္မာကျမ်းစာ၏ စစ်မှန်သော စာရေးသူဖြစ်ပြီး သမ္မာကျမ်းစာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ကို သက်သေပြသည်။

နောက်တစ်ခုသို့- ၆။ သင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်သည် ဗျာဒိတ်ကျမ်းထဲတွင် ကြိုတင်ဟောကိန်းထုတ်ထားသည့် သိုးသငယ်ဖွင့်သည့် စာစောင်ငယ်ဖြစ်သည်ဟု သက်သေခံသည်။ ထိုသို့ ကျွန်ုပ်တို့ မယုံကြည်ပါ။ “စာစောင်ငယ်”က သမ္မာကျမ်းစာကို ရည်ညွှန်းသည်၊ သမ္မာကျမ်းစာသည် စာစောင်ငယ်ဖြစ်ပြီး သမ္မာကျမ်းစာကိုသာ ဖတ်ရှုခြင်းသည် လုံလောက်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။