၁။ သမ္မာကျမ်းစာက၊ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄:၁၇) ဟု ဆိုပါသည်။ သခင် ကြွရောက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်တို့သည် သူနှင့်အတူ ဆုံဖို့ ကောင်းကင်ရှိ တိမ်များထဲသို့ တိုက်ရိုက် ချီဆောင်ခံရကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သင်က သခင်သည် ပြကြွလာပြီးဖြစ်သည်ဟု သက်သေခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ချီဆောင်ခံရသေးသနည်း။

အဖြေ-

သခင့်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ ကြိုဆိုခြင်းသည် သခင်ယေရှု၏ ပရောဖက်ပြုချက်များအပေါ် အခြေခံသင့်သည် - ယင်းမှာ အမှန်ကန်ဆုံး ဖြစ်ပေမည်။ မည်သူ၏ စကားများကို သင် မှီငြမ်းနေပါသနည်း။ သခင့်၏ နှုတ်ကပတ်တော်များ ဖြစ်ပါသလား သို့မဟုတ် လူသား၏ စကားများ ဖြစ်ပါသလား။ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” ဆိုသည်မှာ ရှင်ပေါလု ပြောခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော စကားများကို သခင်ယေရှုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်ကဖြစ်စေ လုံးဝ မမိန့်မြွက်ခဲ့ပါ။ ပေါလုက သခင်ယေရှု ကိုယ်စား စကားပြောပါသလား။ သူ၏ စကားများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်စားပြုနိုင်ပါသလား။ နောက်ဆုံးသော ကာလအတွင်းတွင် သခင်က ယုံကြည်သူများအား ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သို့ ချီမမည်ဆိုသည်နှင့် သက်ဆိုင်သည့် နက်နဲမှုကို ဘုရားသခင်သာ သိသည်။ ထိုသို့သော အရာများကို ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးသော လူသားများက ကျိုးကြောင်းမမြင်ဘဲ အနက်ပြန်ပြီး မှတ်ချက်ပြုရန် သတ္တိရှိပါက၊ ဆိုးရွားသည့် ပြဿနာတစ်ခု ရှိသည်။ ပေါလုသည် ခရစ်တော် မဟုတ်ခဲ့ပါ၊ သူသည် ဖောက်ပြန်ပျက်စီးသော လူစားတစ်ဦးသာ ဖြစ်သည်။ သူပြောသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း မရှိခဲ့ပါ၊ ထို့ကြောင့် ယင်းက လူသား၏ အစွန်းအထင်းများနှင့် စိတ်ကူးများဖြင့် ပြည့်သည်မှာ သေချာသည်။ ထို့ကြောင့်၊ ပေါလု၏ စကားများက သမ္မာတရား မဟုတ်သကဲ့သို့၊ အခြေခံ အမျိုးအစားတစ်ခုတစ်လေအဖြစ် အသုံးမတည့်နိုင်ပါ။ သခင့်၏ ကြွရောက်ခြင်းကို ကြိုဆိုဖို့ မှန်ကန်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျမ်းစာထဲက ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူဖို့ ဖြစ်သည်။

သခင်ယေရှု ပြောခဲ့သည့်အရာကို တစ်ချက် ကြည့်ကြစို့ - “သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။(ရှင်မဿဲခရစ်ဝင် ၆:၉-၁၀) သခင်ယေရှုက ဘုရားသခင်၏ နိုင်ငံတော်မှာ ကောင်းကင်တွင်မဟုတ်ဘဲ၊ မြေကြီးပေါ်တွင်ရှိပြီး၊ ဘုရားသခင်၏ အလိုတော် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင် ပြည့်စုံမည်ဟု ရှင်းရှင်းလင်းလင်း ဆိုထားသည်။ ဗျာဒိတ်ကျမ်း ၂၁:၂-၃ ကို ယခု ကြည့်ကြပါစို့ - “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။” ပြီးလျှင် ဗျာဒိတ်ကျမ်း ၁၁:၁၅ တွင် ပြောထားသည်- “လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” ဤပရောဖက်ပြုချက်များထဲက “ဘုရား သခင်၏ တဲတော် သည် လူတို့တွင်ရှိ၏။” “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည်...ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်” နှင့် “လောကီ နိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။” နှင့်ဆိုင်သည့် ဖော်ပြချက်မှာ ဘုရားသခင်၏ နိုင်ငံတော်ကို မြေကြီးပေါ်တွင် ဖန်တီးထားသည်ကို သက်သေပြဖို့ လုံလောက်ပါသည်။ သူသည် လူသားနှင့်အတူ မြေကြီးပေါ်တွင် အသက်ရှင်နေထိုင်မည်ဖြစ်ပြီး၊ လောကနိုင်ငံများသည် ခရစ်တော်၏ နိုင်ငံတော် အစဉ်အမြဲ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများအရ၊ ဘုရားသခင်၏ နိုင်ငံတော်မှာ ကောင်းကင်ဘုံတွင်ရှိပြီး၊ သခင် ကြွလာသည့်အခါ၊ သူသည် ကျွန်ုပ်တို့ကို ကောင်းကင်ဘုံထဲသို့ ချီမသွားမည်ဖြစ်သည်။ ထိုသို့ ဖြစ်မည်ဆိုပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်သို့ ပြည့်စုံမည်နည်း။ လက်တွေ့အရှိတရားတွင်၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံး စွမ်းဆောင်ရရှိခြင်းမှာ မြေကြီးပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော် ဖန်ဆင်းခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ကမ္ဘာမြေပေါ်တွင် အောင်မြင်သောသူ အုပ်စုတစ်စုကို ဖန်ဆင်းဖို့အလို့ငှာ လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုကို လုပ်ဆောင်သည်။ ဘုရားသခင်အားဖြင့် ကယ်တင်ခံရကာ စုံလင်စေခြင်းခံရသည့် ဤအောင်မြင်သော သူများမှာ ကမ္ဘာမြေပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သူများ ဖြစ်သည် - ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်သည်။ ဤအောင်မြင်သောသူများ စုံလင်စေခြင်းခံရချိန်တွင်၊ ဘုရားသခင်၏ အလိုတော် မြေကြီးပေါ် ပြည့်စုံလိမ့်မည်၊ ထို့နောက်တွင် ခရစ်တော်၏ နိုင်ငံတော် မြေကြီးပေါ် တကယ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင် အပြည့်အဝ ဘုန်းထင်ရှားလိမ့်မည်။ ဗျာဒိတ်ကျမ်း၏ ပရောဖက်ပြုချက်များမှာ နောက်ဆုံးတွင် စွမ်းဆောင်ရရှိရန် ဘုရားသခင် ဆန္ဒရှိသောအရာ ဖြစ်သည် - ဤအချက်ကို သင် အမှန်တကယ် မြင်နိုင်ပါသလား။

မြေကြီးပေါ်တွင် နိုင်ငံတော်ရှိပါက၊ သခင်ယေရှုက၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃)ဟု အဘယ်ကြောင့် ပြောခဲ့သနည်းဟု မေးသူအချို့ ရှိကောင်း ရှိနိုင်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် နေရာတစ်ခု ပြင်ဆင်ဖို့ငှာ ရှင်ပြန်ထမြောက်ခြင်း ပြီးသည့်နောက်တွင် ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့သည်၊ ထို့ကြောင့် ဤနေရာသည်လည်း ကောင်းကင်ဘုံတွင် ရှိရမည်ဟု ဆင်ခြင်တုံတရားက ဆုံးဖြတ်ပေးသည် - ဤနှုတ်ကပတ်တော်များကို မည်သို့ နားလည်ရမည်နည်း။ သခင့်၏ ပရောက်ဖက်ပြုချက်များကို မည်သူမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိဟုဆိုလျှင် မှန်ကောင်း မှန်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံကာ သူ၏ အမှုတော် ပြီးပြည့်စုံခြင်းအား မြင်ပြီးသည့်နောက်တွင်သာ သခင်ယေရှု၏ နှုတ်ကပတ်တော်များက မည်သည့်အရာ အမှန်တကယ် ရည်ညွှန်းနေသည်ကို ကျွန်ုပ်တို့ နားလည်ကြသည်။ ကျွန်ုပ်တို့အတွက် နေရာတစ်ခု သခင်ပြင်ဆင်နေခြင်းသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်က ကမ္ဘာမြေပေါ် စကားပြောကာ အမှုပြုဖို့ လူ့ဇာတိခံလာခြင်းကို ရည်ညွှန်းပါသည်။ ထို့ကြောင့် သူက နောက်ဆုံးသော ကာလအတွင်းတွင် ကျွန်ုပ်တို့ မွေးဖွားမည်ဖြစ်ပြီး သူ ပေါ်ထွန်းပြီး သူ၏ အမှုတော် ဆောင်ရွက်ချိန်တွင် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းကို လက်ခံကာ ကပ်ဘေးများ မရောက်ရှိမီ အောင်မြင်သောသူများအဖြစ်သို့ ပြုလုပ်ခြင်းခံရဖို့ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် ချီမခံရသည်ကို သူ ကြိုတင် ပြဋ္ဌာန်းထားခဲ့ပါသည်။ ကျွန်ုပ်တို့ကို လက်ခံဖို့ သခင် ကြွလာခြင်း၏ ဖြစ်စဉ်မှာ ကျွန်ုပ်တို့ကို သန့်စင်စေခြင်းနှင့် စုံလင်စေခြင်း ဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ပြီး မွေ့လျော်ကြသည်၊ ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့ တွေ့ကြုံပြီး ဘုရားသခင်နှင့်အတူ စားတော်ပွဲ တက်ရောက်ကြသည် - ဤသည်မှာ ကျွန်ုပ်တို့က သခင့်နှင့် ဆုံတွေ့ခြင်း ဖြစ်သည် မဟုတ်ပါလား။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်လာကာ ကျွန်ုပ်တို့ သန့်စင်ခံရပြီး၊ စုံလင်စေခြင်း ခံရသည့် တစ်နေ့ ရောက်ရှိချိန်တွင်၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ ဆောင်ကြဉ်းခံရမည် ဖြစ်သည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေ၏ နိုင်ငံများသည် ခရစ်တော်၏နိုင်ငံ ဖြစ်လာမည်၊ နိုင်ငံတော်ထဲတွင် ခရစ်တော် စိုးစံမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သူ၏ နိုင်ငံတော်ထဲတွင် သူ့ကို ကိုးကွယ်ကြသည့် ဘုရားသခင်၏ လူများ ဖြစ်ကြလိမ့်မည်။ ဤအရာက “ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”ဟူသည့် သခင့်၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေသည် မဟုတ်ပါလား။ ဘုရားသခင်၏ နိုင်ငံတော်ကို မြေကြီးပေါ် တည်ထောင်ထားသည်၊ မြေကြီးပေါ် ကျွန်ုပ်တို့ အသက်ရှင်မည်ကို ဘုရားသခင် ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။ ကောင်းကင်ဘုံထဲသို့ ကျွန်ုပ်တို့ တက်သွားဖို့ ကျွန်ုပ်တို့၏ မရမကတောင်းဆိုချက်မှာ ဘုရားသခင်၏ အမှုတော်နှင့် အလိုတော်တို့နှင့် ဆန့်ကျင်ကွဲလွဲသည် မဟုတ်ပါလား။

သို့ဆိုလျှင် ချီဆောင်ခံရခြင်း ဆိုသည်မှာ မည်သည့်အရာ ဖြစ်ပါသနည်း။ ဤသည်မှာ လူအများစုအဖို့ မရှင်းလင်းပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာချိန်တွင်သာ “‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ ‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။ ဆောင်ယူခံရသူ အားလုံးမှာ သားဦးများ သို့မဟုတ် သားများ၏ အရိုက်အရာကို ရရှိပြီးသည့် လူများ သို့မဟုတ် ဘုရားသခင်၏ လူမျိုးများ ဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် သဟဇာတ မဖြစ်ဆုံးသောအရာ ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၄)) ဟု ဆိုလျက်၊ ချီဆောင်ခံရခြင်းနှင့်ဆိုင်သည့် ဤနက်နဲမှုက ကျွန်ုပ်တို့ထံ ထုတ်ဖော်ပြခံရပေသည်။ “ချီဆောင်ခံရခြင်း” ဆိုသည်မှာ ကျွန်ုပ်တို့ စိတ်ကူးသကဲ့သို့ မဟုတ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်က ပြတ်သားစွာ ဖော်ပြသည် - ယင်းက ကောင်းကင်ဘုံထဲသို့ ကျွန်ုပ်တို့ ချီဆောင်ခံရသည်ကို ဆိုလိုဖို့ မဆိုထားနှင့်၊ ကျွန်ုပ်တို့အနေဖြင့် မြေပေါ်မှ ချီဆောင်ခံရပြီး သခင်နှင့်အတူ ဆုံဖို့ မိုးတိမ်များထဲသို့ ပင့်မခံရသည်ကို မဆိုလိုပါ။ ထိုအစား၊ ယင်းက ဘုရားသခင်၏ အသံတော်ကို ကြားခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်း၊ သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခြင်းနှင့် နာခံခြင်း၊ ပြီးလျှင် ဘုရားသခင်က စကားပြောဖို့၊ ပေါ်ထွန်းပြီး အမှုပြုဖို့ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူချိန် သိုးသငယ်၏ ခြေလှမ်းများနောက်လိုက်ခြင်းတို့ကို ကျွန်ုပ်တို့အဖို့ ရည်ညွှန်းပါသည်။ ဤသည်မှာ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက် ချီမခံရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကို သတိပြုနိုင်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအလယ် သမ္မာတရားကို ရှာတွေ့ပြီး လက်ခံနိုင်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ လှည့်နိုင်သူ အားလုံးသည် ပညာရှိသတို့သမီးများ ဖြစ်သည်၊ ၎င်းတို့ အားလုံးမှာ သခင်၏ “ခိုးယူ” ခြင်းခံရပြီး ဘုရားသခင်၏ အိမ်တော်သို့ ပြန်ထားခံရသည့် “ရွှေ၊ ငွေနှင့် အဖိုးတန်သော ကျောက်များ” ဖြစ်သည်။ ဤလူအားလုံးသည် သမ္မာတရားကို နားလည်ကာ လက်ခံနိုင်ကြပြီး၊ ဘုရားသခင်၏ အသံတော်ကို နားလည်ကာ ၎င်းတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် အမှန်တကယ် ချီမခံရသူများ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလ အမှုတော်ကို စတင်ကတည်းက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို အမှန်တကယ် တမ်းတသည့် သာ၍ များသည်ထက်များသော လူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အသံတော်ကို သတိပြုမိကြပြီး ဖြစ်သည်။ အသီးသီးက ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံကြပြီးဖြစ်သည်၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆောင်ကြဉ်း ခံရပြီးဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်း ပေးခြင်းနှင့် အားဖြည့်ပေးခြင်းတို့ကို လက်ခံပြီးဖြစ်သည်၊ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ပိုင်ဆိုင်သည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်ကြလေသည်။ ဤလူများသည် ကပ်ဘေးများမတိုင်မီ အောင်မြင်သောသူများ အဖြစ်သို့ ပြုလုပ်ခံရနှင့်ပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့် အဦးသီးသော အသီးများ ဖြစ်လာကြပြီး ဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ဖက်တွယ်သူများ၊ သခင် ကြွလာကာ ကောင်းကင်ဘုံထဲသို့ ၎င်းတို့ကို ချီမဖို့အတွက် မိုက်မဲစွာ စောင့်ဆိုင်းသူများနှင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရန် ငြင်းဆန်ကြသူများ - ၎င်းတို့သည် မိုက်မဲသော သတို့သမီးများ ဖြစ်ကြသည်၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ခါးသီးစွာ ငိုကြွေးရင်းနှင့် မိမိတို့၏ အံသွားများ ခဲကြိတ်ရင်း ကပ်ဘေးထဲတွင် ထိုးဆင်းကြမည်မှာ သေချာပါသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။

အရှေ့သို့- ၂။ သခင်ယေရှု၌ ကျွန်ုပ်တို့၏ ယုံကြည်မှုမှတစ်ဆင့် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရဖို့ဆိုသည်မှာ ကယ်တင်ခြင်း ကျေးဇူးတော်ကို ရရှိဖို့ဖြစ်သည်ဟု ကျွန်ုပ်တို့ အမြဲ ယုံကြည်ကြပြီးဖြစ်သည်၊ သို့သော် သင်က၊ “ကယ်တင်ခံခြင်း”သည် စစ်မှန်သော ကယ်တင်ခြင်းကို ဆိုလိုသည်မဟုတ်ဟု ပြောသည်။ သို့ဆိုလျှင် ကယ်တင်ခံရဖို့ဆိုသည်မှာ မည်သည့်အရာကို‌သာ ဆိုလိုပြီး အပြည့်အဝ ကယ်တင်ခံရဖို့ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုပါသနည်း။ ကယ်တင်ခံရခြင်းနှင့် အပြည့်အဝ ကယ်တင်ခံရခြင်းတို့ကြား ပဓာကျသည့် ခြားနားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့- ၂။ ယခင်က၊ သင်းအုပ်ဆရာများက သခင်ကြွလာသည့်အခါတွင်၊ ကျွန်ုပ်တို့သည် ကပ်ဘေးများမတိုင်မီတွင် ကောင်းကင်ဘုံထဲသို့ ချီဆောင်ခံရကြမည်ဟု ဟောပြောခဲ့ကြသည်၊ သို့သော် ကြီးမားသည် ကပ်ဘေးအမျိုးအစားတိုင်းသည် ကမ္ဘာမြေပေါ်သို့ ကျရောက်နေသည်ကို ကျွန်ုပ်တို့ မြင်ရပြီး ကျွန်ုပ်တို့ ချီဆောင်မခံရသေးပါ။ သင်းအုပ်ဆရာများက ကျွန်ုပ်တို့ ချီဆောင်မခံရသေးခြင်းက သခင်သည် ပြန်ကြွမလာသေးသည်ကို ဆိုလိုသည်၊ သခင်သည် ကပ်ဘေးများအလယ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး ကပ်ဘေးများအတွင်းတွင် ကောင်းကင်ဘုံထဲသို့ ကျွန်ုပ်တို့ ချီးဆောင်ခံရလိမ့်မည်ဟု ဆိုကြသည်။ ကျွန်ုပ် နားမလည်ပါ- ကျွန်ုပ်တို့သည် ကပ်ဘေးများမတိုင်မီတွင် ချီဆောင်ခံမည်လော သို့မဟုတ် ကပ်ဘေးများအတွင်းတွင် ချီဆောင်ခံရမည်လော။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။