၂။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့သည် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည်။ ၎င်းတို့သည် မတူညီသော ခေတ်များတွင် မတူညီသော အမှုကို ဆောင်ရွက်ကြ၏။ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး နောင်တလမ်းကို ဟောပြောခဲ့ကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းနှင့် သန့်စင်ပေးခြင်း အမှုကို လုပ်ဆောင်ပြီး ထာဝရအသက်လမ်းခရီးကို ဆောင်ကြဉ်းသည်။ သို့ဆိုလျှင် နောင်တလမ်းနှင့် ထာဝရအသက်လမ်းခရီးတို့ကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (ရှင်မဿဲခရစ်ဝင် ၄:၁၇)

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၂၆:၂၈)

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏ လိုအပ်ချက်များ နှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနှုတ်ရန်၊ ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ရန်ဖြစ်ရာ၊ သူ၏ စိတ်သဘောထားသည် နှိမ့်ချခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ မေတ္တာတို့ဖြင့် အတိပြီးခဲ့၏။ သူသည် အလျှံပယ်များပြားလှသော ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတို့နှင့် လူတို့ခံစားနိုင်မည့် အရာအားလုံးကို လူသားတို့ထံ ယူဆောင်လာခဲ့၏၊ ၎င်းတို့ခံစားရန် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံခြင်းနှင့် ချစ်ခြင်း၊ သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ကို ၎င်းတို့အား ပေးခဲ့၏။ ယင်းအချိန်၌ လူတို့ကြုံတွေ့ခဲ့ရသည့် အလျှံပယ် များပြားလှသော ခံစားစရာများဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးများ အတွင်းမှ ငြိမ်းချမ်းမှု နှင့် လုံခြုံမှုခံစားချက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ စိတ်ချ သေချာသော ခံစားချက်၊ ကယ်တင်ရှင်ယေရှုအပေါ် ၎င်းတို့၏ မှီခိုအားကိုးမှု စသည့်အရာအားလုံးတို့သည် ၎င်းတို့ရှင်သန်နေထိုင် ခဲ့သည့်ခေတ်တွင် ပါဝင်ခဲ့၏။ ကျေးဇူးတော်ခေတ်တွင် လူသားသည် စာတန်၏ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်၊ ထို့ကြောင့် လူသားအားလုံးတို့အား ရွေးနှုတ်ခြင်း အမှုကို ပြီးမြောက်စေရန်အတွက် အလျှံပယ်ပေါများလှသော ကျေးဇူးတော်၊ အဆုံးမရှိသော စိတ်ရှည် သည်းခံခြင်းတို့ လိုအပ်ခဲ့သည့်အပြင်၊ ထိုမျှမက လူသားတို့၏ အပြစ်များကို ပြေစေရန်အတွက် အကျိုးသက်ရောက်မှုရှိမည့် လုံလောက် ပြည့်စုံသော ယဇ်တစ်ခုကိုလည်း လိုအပ်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားတို့မြင်ခဲ့ရသောအရာသည် ၎င်းတို့၏ အပြစ်များအတွက် ငါ၏အပြစ်ဖြေရာယဇ်ဖြစ်သည့် ယေရှုသာ ဖြစ်သည်။ ၎င်းတို့သိခဲ့သမျှမှာ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း ရှိနိုင်သည် ဟူ၍ဖြစ်ပြီး၊ ၎င်းတို့မြင်ခဲ့သမျှမှာ ယေရှု၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ပင် ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် မွေးဖွားခဲ့သောကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ရွေးနှုတ်ခြင်း မခံရနိုင်မီ၌၊ အကျိုးတရားရရှိစေရန်အလို့ငှာ ၎င်းတို့အပေါ် ယေရှုက အပ်နှင်းထားသော ကျေးဇူးတော်အမျိုးမျိုးတို့ကို မဖြစ်မနေ ခံစားခဲ့ကြရသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ကျေးဇူးတော်ကို ခံစားခြင်းမှတစ်ဆင့် ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ခြင်း ခံရနိုင်သည့်အပြင်၊ ယေရှု၏စိတ်ရှည်သည်းခံမှုကို ခံစားခြင်းမှတစ်ဆင့် ရွေးနှုတ်ခံရမည့် အခွင့်အလမ်းကိုလည်း ရနိုင်ခဲ့ကြလေသည်။ ၎င်းတို့သည် ယေရှု၏ စိတ်ရှည် သည်းခံမှုကြောင့်သာ ယေရှုအပ်နှင်း ထားသည့် ခွင့်လွှတ်ခြင်းကို ရရှိရန်အခွင့်နှင့် အလျှံပယ်ဖြစ်သော ကျေးဇူးတော်ကို ခံစားရန်အခွင့်ကို ရခဲ့ကြခြင်းဖြစ်၏။ ငါသည် ဖြောင့်မတ်သူတို့ကို ရွေးနှုတ်ရန် လာခဲ့ခြင်းမဟုတ်၊ အပြစ်သားတို့ကို ရွေးနှုတ်ရန်၊ အပြစ်သားတို့အနေဖြင့် ၎င်းတို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရစေရန် လာခဲ့ခြင်းဖြစ်သည်ဟူ၍ ယေရှုပြောခဲ့သလိုပင် ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံယူ သည့်အခါ ယေရှုသည် တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းနှင့် လူသား၏ ပုန်ကန်ပြစ်မှားခြင်းတို့အား သည်းမခံခြင်းဟူသည့် စိတ်သဘောထားကို ယူဆောင်လာခဲ့မည် ဆိုလျှင်၊ လူသားသည် ရွေးနှုတ်ခံရမည့် အခွင့်အလမ်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အပြစ်တို့ဖြင့်သာ ထာဝရပြည့်နှက်လျက် ရှိနေလိမ့်မည် ဖြစ်သည်။ ဤသို့သာဖြစ်ခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် ပညတ်တော်ခေတ်၌ ရပ်တန့်သွားခဲ့မည်ဖြစ်ကာ၊ ပညတ်တော်ခေတ်သည် နှစ်ခြောက်ထောင် ရှည်ကြာခဲ့ပေလိမ့်မည်။ လူသား၏ အပြစ်တို့သည်လည်း ပို၍များပြားကာ ပို၍ကြီးလေးလာလိမ့်မည်သာဖြစ်၍၊ လူသားတို့အား ဖန်ဆင်းခြင်းသည် အချည်းနှီးသာ ဖြစ်ခဲ့ပေလိမ့်မည်။ လူသားတို့သည် ယေဟောဝါအား ပညတ်တော်အောက်၌သာ အစေခံနိုင်ကြပေလိမ့်မည်၊ သို့ရာတွင် ၎င်းတို့၏ အပြစ်တို့မှာမူ အဦးအစ ဖန်ဆင်းခံလူသားတို့၏ အပြစ်တို့ထက် ကျော်လွန်သွား မည်သာဖြစ်၏။ ယေရှုသည် လူသားအား ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်လျက်၊ လုံလောက် ပြည့်စုံသော သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ၎င်းတို့အပေါ် ယူဆောင်လာကာ ချစ်ခင်ခဲ့လေလေ၊ လူသားသည် ယေရှုအားဖြင့် ကယ်တင်ခံရရန်နှင့် ယေရှုက ကြီးစွာသော အဖိုးအခဖြင့် ပြန်ဝယ်ယူခဲ့သည့် ပျောက်သောသိုးသငယ်များ အဖြစ် ခေါ်ဆိုခံရရန် အခွင့်ကို ပို၍ရလေလေဖြစ်၏။ ယေရှုသည် သူ၏နောက်လိုက်တို့ကို ချစ်သောမိခင်တစ်ဦးက မိမိ၏ရင်ဝယ်ရှိ နို့စို့ကလေးငယ်အား ဆက်ဆံသကဲ့သို့ ဆက်ဆံသောကြောင့်၊ စာတန်သည် ဤအမှုတွင် ဝင်ရောက်မစွက်ဖက်နိုင်ခဲ့ချေ။ ယေရှုသည် ၎င်းတို့အပေါ် ဒေါသဖြစ်ခြင်း၊ သို့မဟုတ် မထီမဲ့မြင်ပြုခြင်း မရှိခဲ့ဘဲ၊ နှစ်သိမ့်မှုဖြင့်သာ ပြည့်နှက်ခဲ့၏၊ သူသည် ၎င်းတို့ကြား၌ ဒေါသတကြီးဖြစ်ခြင်း အလျှင်းမရှိခဲ့ဘဲ၊ “အခြားသူတို့အား အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်ရမည်” ဟု ပြောဆိုခဲ့သည်အထိပင် ၎င်းတို့၏ အပြစ်များကို သည်းခံခဲ့ကာ၊ ၎င်းတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကို မသိကျိုးကျွန်ပြုခဲ့လေသည်။ ထို့ကြောင့် အခြားသူတို့၏ စိတ်နှလုံးတို့သည် သူ၏စိတ်နှလုံးအားဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခဲ့ပြီး ထို့ကြောင့်သာလျှင် လူတို့သည် သူ၏စိတ်ရှည်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ရခဲ့ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း ခံရမည်ဟု ထောက်ပံ့ပေးခဲ့သည်။ ယနေ့တွင် ကယ်တင်ခြင်းအစား သိမ်းပိုက်ခြင်းနှင့် စုံလင်ခြင်းအကြောင်းများကို ပြောဆိုခြင်းသာ ရှိသည်။ လူတစ်ဦးက ယုံကြည်လျှင် သူ၏မိသားစု တစ်စုလုံး ကောင်းချီးပေးခံရမည် သို့မဟုတ် တစ်ခါ ကယ်တင်ခံရပြီးပါက အစဉ်ကယ်တင်ခံရမည်ဟု မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပါ။ ယနေ့ခေတ်မှာ မည်သူမျှ ထိုစကားလုံးများကို ပြောဆိုမနေကြပေ၊ ထို့အပြင် ယင်းကဲ့သို့သော အရာများသည် ခေတ်မမီတော့ပေ။ ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်နှင့်မသက်ဆိုင်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ယင်းသည် ထိုစဉ်တုန်းက သူသည် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့အကြာတွင် မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း လူသား၏ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ယင်းသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ လုံး၀ အဆုံးသတ်သွားခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်တွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုလည်း ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ရှင်းလင်းမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင်၏အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလ ဖြစ်သောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူသားက လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် သုတ်သင်ဖယ်ရှားခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ သုတ်သင်ဖယ်ရှားခံရပြီး၊ စမ်းသပ်ခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အရှေ့သို့- ၁။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင်၊ သမ္မာကျမ်းစာကလည်း- “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရ။” (ယော ၃:၃၅) ဟု ဆိုသည်။ သခင်ယေရှုသည် လူသားတည်းဟူသော ခရစ်တော်ဖြစ်ပြီး၊ သခင်ယေရှု၏ လမ်းခရီးသည် ထာဝရ အသက်လမ်းခရီးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သခင့်ကို ကျွန်ုပ်တို့ ယုံကြည်ကြသရွေ့၊ ထာဝရအသက် ရရှိနိုင်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သို့သော် သင်က အနန္တတန်ခိုးရှင်ဖြစ်သည့် နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားထံ ထာဝရအသက်လမ်းခရီးကို အပ်နှင်းနိုင်သည်ဟု သက်သေခံသည်။ သခင်ယေရှုနောက် ကျွန်ုပ်တို့ လိုက်ပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိနိုင်ကြမည်မဟုတ်ဟု သင် ဆိုနေသည်လား။ နောက်ဆုံးသော ကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို အဘယ်ကြောင့် ကျွန်ုပ်တို့ လက်ခံဖို့ လိုအပ်ပါသနည်း။

နောက်တစ်ခုသို့- ၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။