၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အခြေအမြစ်ကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အခြေအမြစ်နှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှလုံးအကြွင်းမဲ့ လက်ခံလာစေနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို နားလည်ကာ သိရှိခွင့်ပေးသည့်အပြင် သူ၏ အကျည်းတန်သော မျက်နှာကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ သင်တို့သည် ဤသမ္မာတရားများကို အရေးကြီးသည်ဟု မမှတ်ယူလျှင်၊ ယင်းတို့ကို အစဉ်အမြဲ ရှောင်တိမ်းရန် ကြိုးစားနေလျှင်၊ သို့မဟုတ် ယင်းတို့၏ အပြင်ဘက်၌ ထွက်မြောက်ရာ လမ်းသစ်တစ်ခုကို ရှာဖွေနေလျှင် သင်တို့သည် ကြီးလေးသော အပြစ်သားများ ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ဖန်ဆင်းခံများကြားတွင် သက်သေရှိဖို့ရန်အတွက် ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေခံချက်အားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန်ဖြစ်ပြီး လူသားများအားလုံး ဘုရားသခင်ကို ကိုးကွယ်စေဖို့ဖြစ်သည်။ ဤသည်မှာ ဤလုပ်ငန်းအဆင့်တွင် လုပ်ဆောင်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားမျိုးနွယ်ကို အတိအကျအားဖြင့် မည်ကဲ့သို့ သိမ်းပိုက်ရမည်နည်း။ လူသားကို အပြည့်အဝ လက်ခံယုံကြည်စေဖို့ ဤအဆင့်၏ နှုတ်ကပတ်တော်များ၏ လုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့်၊ သူ့အား လုံးဝယုံကြည်လက်ခံစေရန်အလို့ငှာ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် မငဲ့ညာဘဲ ကျိန်ဆဲခြင်းတို့ကို အသုံးပြုခြင်းဖြင့်၊ သူသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်ခြင်းနှင့် ညစ်ညမ်းမှုကို သိရှိနိုင်ရန် လူသား၏ပုန်ကန်မှုကို ဖော်ထုတ်ခြင်းနှင့်သူ၏ခုခံမှုကို တရားစီရင်ခြင်းအားဖြင့်ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားအား မီးမောင်းထိုးပြရန် ယင်းအရာများကို အသုံးပြုရမည်ဖြစ်သည်။ လူသားကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေသည်မှာ အဓိကအားဖြင့် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်။ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ခြင်း၏ လမ်းစဉ်ဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက သူ၏နှုတ်ကပတ်တော်များ၏ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို လက်ခံရမည်ဖြစ်သည်။ ယနေ့စကားပြောခြင်း၏ လုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ် ဟုတ်ပေသည်။ လူတို့သည် အတိအကျအားဖြင့် မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤနှုတ်ကပတ်တော်များကို စားသောက်ပုံကို သိခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့ သိမ်းပိုက်ခံရပုံနှင့်ပတ်သက်၍မူ၊ ယင်းသည် လူတို့ ၎င်းတို့ကိုယ်တိုင် ပြုလုပ်နိုင်သည့်အရာ တစ်ခု မဟုတ်ပေ။ သင်ပြုလုပ်နိုင်သည်မှာ ဤနှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ညစ်ညမ်းမှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားသခင့်ရှေ့မှောက်တွင် သင့်ကိုယ်သင် ပျပ်ဝပ်ရန်သာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးနောက် လက်တွေ့လုပ်ဆောင်နိုင်ကာ အကယ်၍ သင်၌ ရူပါရုံရှိပြီး ဤနှုတ်ကပတ်တော်များကို လုံးလုံးလျားလျားနာခံနိုင်လျှင်၊ ထို့အပြင် မည်သည့်ရွေးချယ်မှုကိုမျှ ကိုယ်တိုင် မပြုလုပ်ဘဲနေနိုင်လျှင် သင်သည် သိမ်းပိုက်ခြင်းခံရပြီး ဖြစ်လိမ့်မည်။ ထို့ပြင် ဤနှုတ်ကပတ်တော်များ၏ အကျိုးဆက်ပင် ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၁)

ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်၏ အသက်ဝင်ရောက်မှုတွင် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိပကတိနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏ နေ့စဉ်အသက်တာ၌ သူ၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်းဆီသို့ သူလျှောက်ရမည့် လမ်းကြောင်းအပြင် ကယ်တင်ခြင်း ရရှိဖို့အတွက် ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့ကျိုးနွံနာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့ ပုံမှန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်သည့် သမ္မာတရား စစ်မှန်မှုဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို လွတ်မြောက်ဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် စိတ်ရင်းအတိုင်း စိတ်ရှည်သည့် အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်ပွင့်စေသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ တရားမျှတကာ လှပပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာများအားလုံးကို တိုင်းတာသည့် စံသတ်မှတ်ချက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျသော အတွေ့အကြုံထဲ၌သာလျှင် လူသားသည် သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ခြင်းကို ခံရနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် မည်သည့်အရာက သာမန်လူ့သဘာဝဖြစ်ကြောင်း၊ မည်သည့်အရာက အဓိပ္ပာယ်ရှိသော အသက်တာဖြစ်ကြောင်း၊ မည်သည့်အရာက စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါဖြစ်ကြောင်း၊ မည်သည့်အရာက ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်းဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဘုရားသခင်ကို သူ့အနေဖြင့် မည်သို့အရေးစိုက်သင့်ကြောင်း၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူသားတစ်ယောက်၏ ပုံသဏ္ဌာန်အား မည်သို့ပိုင်ဆိုင်ရမည်ဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတို့မှာ မည်သည့်အရာအား ဆိုလိုသည်ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အချုပ်အခြာအာဏာရှင်မှာ မည်သူဖြစ်ကြောင်းကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အချုပ်အခြာအာဏာရှင်ဖြစ်သူက ဖန်ဆင်းရာကို အုပ်စိုးကာ ဦးဆောင်လမ်းပြပြီး ထောက်ပံ့ပေးသော နည်းလမ်းများကို နားလည်လာနိုင်သည်။ ထို့အပြင် ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အချုပ်အခြာအာဏာရှင်ဖြစ်သူ တည်ရှိကာ ပေါ်ထွန်းပြီး အမှုပြုသည့် နည်းလမ်းများကို နားလည်လာပြီး သဘောပေါက်လာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံနှင့် ကင်းကွာပါက လူသား၌ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို စစ်မှန်သော သိကျွမ်းမှု၊ သို့မဟုတ် ထိုးထွင်းအမြင်တို့ မရှိတော့ပေ။ ထိုကဲ့သို့သော လူတစ်ယောက်သည် ရှင်သန်နေသော အလောင်းကောင်တစ်ခုသက်သက်၊ လုံးလုံးအခွံတစ်ခုသက်သက်သာဖြစ်ပြီး၊ ဖန်ဆင်းရှင်နှင့်ဆိုင်သည့် အသိပညာအားလုံးသည် သူနှင့် မည်သို့မျှပတ်သက်ခြင်းမရှိပေ။ ဘုရားသခင်၏အမြင်တွင် ထိုကဲ့သို့သော လူတစ်ယောက်သည် သူ့ကို တစ်ခါမျှ မယုံကြည်သည့်လူဖြစ်သကဲ့သို့ သူ့နောက်ကိုလည်း တစ်ခါမျှ မလိုက်ခဲ့သည့်လူ ဖြစ်ပေသည်၊ ထို့ကြောင့် ဘုရားသခင်က ထိုသူကို စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် မဆိုထားနှင့်၊ သူ၏ယုံကြည်သူတစ်ယောက်ဟုပင် အသိအမှတ် မပြုသကဲ့သို့ သူ့နောက်လိုက်အဖြစ်လည်း အသိအမှတ်မပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

အသက်တာကို ရှာဖွေရာ၌ သင်သည် အရာနှစ်ခုကို အာရုံစိုက်ရမည်- ပထမမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အတွင်းရှိ သမ္မာတရားကို နားလည်ခြင်းနှင့် ဒုတိယမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ သင့်ကိုယ်သင် နားလည်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးအရာ နှစ်ခုဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင် အသက်၊ သို့မဟုတ် သမ္မာတရားမရှိပေ။ သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌ မရှာဖွေလျှင် ယင်းကို သင် မည်သည့်နေရာ၌ ရှာဖွေမည်နည်း။ ဤလောကတွင် သမ္မာတရား အဘယ်မှာရှိသနည်း။ ကမ္ဘာလောက၏ သတင်းစာများနှင့် သတင်းဌာနတို့သည် ဘုရားနှုတ်ကပတ်တော်ကို အစီရင်ခံတင်ဆက်သလော။ လောက၏ နိုင်ငံရေးပါတီများသည် ဘုရားသခင်ကို သက်သေခံသလော။ ကမ္ဘာလောက၏ မည်သည့်တိုင်းနိုင်ငံတွင်မဆို ဘုရားနှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်း ဖြန့်ဝေဖို့ ဖြစ်နိုင်သလော။ သေချာပေါက် မဖြစ်နိုင်ချေ။ ဤအကြောင်းကြောင့် ကမ္ဘာပေါ်တွင် သမ္မာတရားတစ်ခုမျှ မရှိခြင်း၊ စာတန်နတ်ဆိုးက ကမ္ဘာကို အုပ်စိုးရခြင်းနှင့် ကမ္ဘာကြီးသည် မှောင်မိုက်ပြီး ဆိုးယုတ်ရခြင်း ဖြစ်သည်။ သမ္မာတရားတစ်စက်မျှပင် ရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံး အပိုင်းများမှာ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ လူ့အသက်တာကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် မိမိကိုယ်ကို အမှန်တကယ် နားလည်ခြင်း၊ လူသားဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်းနှင့် သမ္မာတရား၏ အခြားသွင်ပြင်လက္ခဏာများ ဖြစ်၏။ သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့်သာ သင်သည် သမ္မာတရားအတွင်းသို့ ဝင်ရောက်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား တွေ့ကြုံခံစားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သမ္မာတရားကို နားလည်မှုအား သင်စွမ်းဆောင်ရရှိနိုင်ပြီး သမ္မာတရားကို စစ်မှန်စွာ နားလည်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို နားလည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အခြေခံအကျဆုံး အရာပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် ရှိသည်မှာ လူတို့ ပိုင်ဆိုင်ဖို့ လိုအပ်သော သမ္မာတရားများ၊ လူသားမျိုးနွယ်အတွက် အကျိုးအပြုဆုံးနှင့် အထောက်အကူအဖြစ်ဆုံးသော အရာများ၊ သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ၊ လူတို့၏ ပုံမှန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် ကူညီပေးသည့်အရာများနှင့် လူတို့အနေဖြင့် ပြင်ဆင်ထားသင့်သည့် သမ္မာတရားများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လုပ်ဆောင်လေလေ၊ သင်တို့၏ အသက်တာ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်ရေးရာနယ်ပယ်၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လုပ်ဆောင်သည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကို အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်၏ စစ်မှန်မှုကို ရရှိနိုင်မည်လော။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် ချို့ယွင်းချက်ရှိနေသည်။ သင်သည်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်မီတွင် ဦးစွာ သမ္မာတရားကို နားလည်ရမည်ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားနှင့်အတူ မည်သည့်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်အထဲတွင် သမ္မာတရား မရှိသောအခါ သင်၏မိသားစုဝင်များကိုပင် လက်ခံယုံကြည်စေရန် မစဉ်းစားနှင့်၊ ဘာသာရေးကိုင်းရှိုင်းသော သူများဆို သာ၍ပင် မစဉ်းစားလေနှင့်။ သမ္မာတရားမရှိလျှင် သင်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသော ဆီးနှင်းပွင့်များကဲ့သို့ ဖြစ်သော်လည်း၊ သမ္မာတရားနှင့်ဆိုလျှင် သင်သည် ပျော်ရွှင်လွတ်လပ်နိုင်ကာ မည်သည့်အရာကမျှ သင့်ကို မတိုက်ခိုက်နိုင်ပေ။ သဘောတရားတစ်ရပ်သည် မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် သမ္မာတရားကို အနိုင်မယူနိုင်ပေ။ သမ္မာတရားနှင့်ဆိုလျှင် လောကတစ်ခုလုံးကို ယိမ်းထိုးစေနိုင်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်သော်လည်း၊ သမ္မာတရား ချို့ငဲ့ခြင်းက ခိုင်ခံ့သော မြို့တံတိုင်းများကို လောက်ထိုးပြီး အုတ်ကျိုးအုတ်ပဲ့ ဖြစ်စေနိုင်သည်။ ယင်းသည် သိသာထင်ရှားသော အမှန်တရား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

ရှင်းလင်းတိကျစွာပြောရလျှင် မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားနှင့် သူ၏အလိုဆန္ဒများကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုဆန္ဒများကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ သဘာဝအနှစ်သာရနှင့် တကယ့် ချို့ယွင်းချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင် စေလွှတ်သော ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကျပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို တိကျစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူ သိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ ပြီးလျှင် လူသား၏ မျိုးစုံသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများနှင့် အားနည်းချက်များကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရနှင့် သဘာဝတို့ကိုလည်း သူ သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အမှုအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်း သူမြင်တွေ့ခဲ့သည်။ သူသည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ သူသည် အချည်းနှီး ခံစားခဲ့ရခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် အထူးတလည် ဂရုပြုခြင်းဖြင့် သူအာရုံစိုက်ခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့် အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြုခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးသည့်နောက်တွင် သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ အလိုဆန္ဒများနှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၏စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ၎င်းတို့အတွက် လုံးလုံး ထိရောက်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြောင်းကို ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်မှသာ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ် သူ၏ ဖော်ထုတ်ခြင်းများနှင့် သတ်မှတ်ချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် လူသားအသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း လူတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရု ရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ဤသည်မှာ စုံလင်စေခြင်းခံရသည့် လမ်းကြောင်း ဖြစ်၏။ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရပြီး သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ကိုရ၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက် ဖြစ်လာပြီး သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာခဲ့၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

အရှေ့သို့- ၂။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့သည် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည်။ ၎င်းတို့သည် မတူညီသော ခေတ်များတွင် မတူညီသော အမှုကို ဆောင်ရွက်ကြ၏။ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး နောင်တလမ်းကို ဟောပြောခဲ့ကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းနှင့် သန့်စင်ပေးခြင်း အမှုကို လုပ်ဆောင်ပြီး ထာဝရအသက်လမ်းခရီးကို ဆောင်ကြဉ်းသည်။ သို့ဆိုလျှင် နောင်တလမ်းနှင့် ထာဝရအသက်လမ်းခရီးတို့ကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။

နောက်တစ်ခုသို့- ၁။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဟူ၍ ဖြစ်သည်။ သခင် ပြန်ကြွလာချိန်တွင်၊ သူသည် သူ၏ မိန့်မြွက်ချက်များကို ပြောဆိုပြီး သူ၏ သိုးများကို သွားရှာဖွေလိမ့်မည်ဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းကို စောင့်ဆိုင်းခြင်းအဖို့ အရေးကြီးသည်မှာ ဘုရားသခင်၏ အသံတော်ကို ရှာဖွေခြင်းဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်နှင့် လူ၏ အသံတို့ကြား မခွဲခြားနိုင်ကြပါ။ ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ ကျွန်ပ်တို့နှင့်အတူ မိတ်သဟာယပြုပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။