၄၄။ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

တရုတ်ပြည်၊ လုချီမင်း

ကျွန်တော်က အသင်းတော်မှာ ဓမ္မသီချင်းတွေ အသံသွင်းတဲ့တာဝန်ကို ထမ်းဆောင်နေခဲ့တာ၊ အသံသွင်းထားတဲ့ ဓမ္မတေးတွေရဲ့ အရည်အသွေးကလည်း တော်တော်လေး ကောင်းပါတယ်။ ညီအစ်ကိုမောင်နှမတွေကလည်း အများအားဖြင့် ကျွန်တော့်အလုပ်ကို ချီးမွမ်းကြတာပေါ့။ ဆယ်နှစ်ကျော်ကာလက အမြန်ကုန်ဆုံးသွားခဲ့ပြီး၊ သူတို့နားထောင်တဲ့ ဓမ္မသီချင်းတော်တော်များများက ကျွန်တော်အသံသွင်းခဲ့တာတွေဖြစ်မှန်း သတိပြုမိတော့၊ ကျွန်တော် ဂုဏ်ယူမိတယ်။ နောက်ပိုင်းမှာ အသင်းတော်က ညီအစ်ကိုလီမင်ကို ကျွန်တော်နဲ့အတူ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့တယ်။ သူက ဓမ္မသီချင်းအသံသွင်းတာကို အရမ်းစိတ်ဝင်စားပြီး ကျွမ်းကျင်မှုတစ်ချို့လည်း ရှိပါတယ်။ အစပိုင်းမှာ ကျွန်တော်က လီမင်နဲ့အလုပ်လုပ်ရတာကို စိတ်အားထက်သန်ခဲ့ပြီး၊ ကျွန်တော်တို့နှစ်ယောက် အဆင်ပြေခဲ့ကြတယ်။ ကျွန်တော်တတ်တဲ့ အသံသွင်းနည်းပညာတွေကိုလည်း သူ့ကို သင်ပေးဖို့ ကြိုးစားခဲ့တယ်။ လီမင်က အသံသွင်းနည်းပညာအသစ်တချို့ကို သင်ယူပြီးတဲ့နောက်မှာ၊ သူက ဒီနည်းလမ်းအသစ်တွေကို သုံးရင် ပိုကောင်းတဲ့ရလဒ်တွေ ထွက်လာလိမ့်မယ်လို့ အကြံပြုခဲ့ပြီး၊ အသင်းတော်ခေါင်းဆောင်တွေကလည်း အဲဒါကို စမ်းကြည့်ဖို့ သဘောတူခဲ့ကြတယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ ဒီအသံသွင်းတဲ့တာဝန်ကို နှစ်ပေါင်းများစွာ လုပ်လာခဲ့တာ၊ မင်းပြောနေတဲ့ နည်းပညာတွေအကြောင်းကို ငါ နည်းနည်းပါးပါး နားလည်ပါတယ်။ ငါတောင်မှ နည်းပညာအသစ်တွေက တော်တော်လေး ခက်ခဲတယ်လို့ မြင်ခဲ့တာ၊ မင်းက ဒီကိုရောက်တာ ရက်ပိုင်းလေးပဲရှိသေးတယ်၊ အသံသွင်းဖို့ နည်းပညာအသစ်တွေ သုံးချင်နေပြီလား။ မင်း အရမ်း စိတ်ကြီးဝင်နေတာ မဟုတ်ဘူးလား။ ဒါ့အပြင်၊ ဒီနည်းပညာအသစ်တွေက ရှုပ်ထွေးပြီး ခဏလေးနဲ့ ကျွမ်းကျင်နိုင်တဲ့အရာမျိုးလည်း မဟုတ်ဘူး။ မင်း အချိန်ဖြုန်းနေတာပဲလို့ ငါထင်တယ်” လို့ပေါ့။ ကျွန်တော် ဒီကိစ္စကို အလေးအနက်မထားခဲ့ဘူး။ လီမင်က နည်းလမ်းအသစ်တွေနဲ့ သုံးလေးရက်လောက် ရုန်းကန်ကြိုးစားပြီးတဲ့နောက်မှာ အစပိုင်းအသံသွင်းချက်တွေက သိပ်မကောင်းခဲ့ဘူး၊ ညီအစ်ကိုမောင်နှမတွေကလည်း ရလဒ်တွေက စိတ်ကျေနပ်စရာမကောင်းဘူးလို့ ခံစားခဲ့ကြတယ်။ ကျွန်တော်က ဒီနည်းပညာအသစ်တွေက ထိရောက်မှုမရှိဘူးလို့ ထင်ပြီး၊ နောက်ပိုင်းမှာ အရင်ကနည်းလမ်းတွေကိုပဲ ဆက်သုံးပြီး အသံသွင်းခဲ့တယ်။

ကျွန်တော် အံ့ဩသွားတာက အချိန်နည်းနည်းကြာတော့ လီမင် နည်းပညာအသစ်တွေသုံးပြီး သွင်းထားတဲ့ ဓမ္မတေးတွေက အများကြီး တိုးတက်လာတာပါပဲ။ ဒါနဲ့ ကျွန်တော့်မှာ ဘေးကျပ်နံကျပ် ဖြစ်သွားပြီး ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “လီမင်ရဲ့ အသံသွင်းနည်းတွေက သူ့အားသာချက်နဲ့သူ ရှိသားပဲ။ အစပိုင်းမှာ နည်းနည်းတော့ ခက်ပေမဲ့ ဓမ္မသီချင်းအသံသွင်းရာမှာ ပိုကောင်းတဲ့ရလဒ်တွေ ထွက်လာတယ်၊ ညီအစ်ကိုမောင်နှမအများစုကလည်း အသိအမှတ်ပြုကြတယ်။ ဒါ့အပြင် ဒီနယ်ပယ်မှာ လီမင့်ရဲ့ကျွမ်းကျင်မှုတွေက မြန်မြန်ဆန်ဆန် တိုးတက်နေတယ်။ သူသာ အချိန်နည်းနည်းပေးလေ့ကျင့်လိုက်ပြီး ဒီနည်းပညာတွေကို ကျွမ်းကျင်သွားရင် လူတိုင်းက သူ့ကို အထင်ကြီးလေးစားပြီး အာရုံစိုက်လာကြမှာ မဟုတ်ဘူးလား။ ဒါဆို လူတွေရဲ့စိတ်ထဲမှာ ငါ့ရဲ့အဆင့်အတန်းက ရှိတော့မှာ မဟုတ်ဘူး၊ ပြီးနောက် ငါ့ရဲ့အရှိန်အဝါကို ဘယ်လိုမှ ပြနိုင်တော့မှာ မဟုတ်ဘူး။ ဒါ့အပြင် ညီအစ်ကိုမောင်နှမတွေက ပြောကြမှာမဟုတ်ဘူးလား၊ ငါက ဒီနည်းဟောင်းအတိုင်းနှစ်ပေါင်းများစွာ အသံသွင်းလာတာ၊ ဘာတိုးတက်မှုမှမရှိဘူး၊ လီမင်က ဒီကိုရောက်တာ နှစ်လတောင်မပြည့်သေးဘူး၊ တီထွင်ဆန်းသစ်မှုတွေ လုပ်နေပြီ၊ အသံသွင်းတဲ့ရလဒ်က ငါ့ထက်တောင် ပိုကောင်းနေပြီ၊ လီမင်က ပိုပြီးတော့ လုပ်နိုင်စွမ်းရှိတယ်လို့ သူတို့က ထင်မှာပေါ့။ သေချာပါတယ်၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်သေးကြမှာမဟုတ်ဘူးလား။ ဒါဆို ငါ့ဂုဏ်သိက္ခာက ဘယ်လိုလုပ်မလဲ။ ငါ ဒီအသံသွင်းတဲ့တာဝန်ကို နှစ်ပေါင်းများစွာ လုပ်လာခဲ့တာ၊ လီမင်က ငါ့ကို ဒီလောက်မြန်မြန် ကျော်တက်သွားတာကို ခွင့်မပြုနိုင်ဘူး။ ငါ ဒါကို လက်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို ငါ့ထက်သာခွင့် မပေးနိုင်ဘူး” ကျွန်တော် လီမင်ထက် နောက်ကောက်မကျအောင်လို့ အရင်ကနည်းပညာတွေကို လေ့လာဖို့ မနက်စောစောထပြီး ညဉ့်နက်တဲ့အထိနေလာခဲ့တယ်။ အသံသွင်းချက်တွေ တိုးတက်လာပြီး ညီအစ်ကိုမောင်နှမအများစုရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့အခါ၊ ကျွန်တော် စိတ်သက်သာရာရသွားပြီး၊ တွေးမိတယ်၊ “ဒီတစ်ခါတော့ ညီအစ်ကိုမောင်နှမတွေကို ငါက မင်းထက်သာတုန်းပဲဆိုတာ ပြလိုက်ပြီ၊ မင်း မတော်ပါဘူး၊ လက်သာလျှော့လိုက်စမ်းပါ” လို့ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ လီမင်က နည်းပညာအသစ်တွေကို လေ့လာနေတုန်းပဲဆိုတာကို ကျွန်တော် တွေ့လိုက်ရတော့၊ ကျွန်တော့်ကို တော်တော်လေး ရင်ထိတ်စေခဲ့တယ်၊ သူသာ အောင်မြင်သွားရင် ကျွန်တော့်ကို အစားထိုးသွားမှာကို ကျွန်တော် စိုးရိမ်ခဲ့တယ်၊ ကျွန်တော် တွေးမိတယ်၊ “မင်း တိုးတက်မှုမရှိပါစေနဲ့လို့ ငါ မျှော်လင့်တယ်၊ မင်းရဲ့သုတေသန မအောင်မြင်တာကမှ ပိုကောင်းဦးမယ်။ အဲဒါမှ ငါ့ရဲ့နေရာကို ငါ ထိန်းသိမ်းနိုင်ပြီး အထင်သေးတာ မခံရမှာ” လို့ပေါ့။ ကျွန်တော့်ကို လီမင်နဲ့ အစားထိုးလိုက်မှာကို အမြဲစိုးရိမ်နေခဲ့တယ်။ ဒါကြောင့် ကျွန်တော့်စိတ်ထဲမှာ သူ့အပေါ်မှာ တဖြည်းဖြည်း စိမ်းကားလာပြီး အာဃာတထားလာတယ်၊ သူ့ကို ပိုပိုပြီး အမြင်မကြည်ဖြစ်လာတယ်၊ သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့သဘောထားကလည်း ပိုပြီး အေးစက်လာခဲ့တယ်။ တစ်ခါတလေ လီမင်က သူ့ရဲ့နည်းပညာအသစ်တွေအကြောင်းကို အားတက်သရော၊ ဝမ်းသာအားရ ပြောပြနေတာကို မြင်ရတော့ ကျွန်တော့်မှာ ဒေါသတွေထွက်ပြီး “အခုတော့ မင်းက ထင်ပေါ်နေပြန်ပြီပေါ့လေ” လို့ပေါ့။ နောက်ပိုင်းမှာ လီမင်က နည်းပညာအသစ်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့သုတေသနမှာ အကူအညီလိုနေတာကို ကျွန်တော်တွေ့တဲ့အခါ၊ သူ အရေးနိမ့်သွားမှာကို အားတက်သရော မျှော်လင့်ရင်း ပါဝင်ပတ်သက်ချင်စိတ်မရှိခဲ့ဘူး။ တစ်ခါတလေ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ခံစားရတယ်၊ တွေးမိတယ်၊ “ငါ သူနဲ့ ပူးပေါင်းဆောင်ရွက်နေတာမျိုး လုံးဝ မရှိဘူး၊ ဒါက သူ ရုန်းကန်နေတုန်းမှာ လက်ပိုက်ကြည့်နေတာသက်သက်ပဲ မဟုတ်ဘူးလား” လို့ပေါ့။ ဒါပေမဲ့ ဒီအသိစိတ်လေးကို ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဖြတ်ခနဲ ဖိနှိပ်လိုက်တယ်။ နောက်ဆုံးမှာတော့ လီမင်ကို သူ့ရဲ့နည်းပညာအသစ်တွေ သုတေသနလုပ်တာကို လက်လျှော့သွားအောင်လုပ်ဖို့၊ ကျွန်တော်က ဆင်ခြေတွေစပေးပြီး ဒီလိုမျိုးစကားတွေ တမင်တကာ ပြောခဲ့တယ်၊ “အခု ဓမ္မသီချင်းအသံသွင်းတဲ့အလုပ်က တော်တော်လေး အရေးကြီးနေပြီ၊ မင်းရဲ့နည်းပညာအသစ်တွေ သုတေသနလုပ်တာက အချိန်အရမ်းကုန်တယ်။ မင်း ရပ်လိုက်သင့်တယ်ထင်တယ်” လို့ပေါ့။ ဒါပေမဲ့ သူ့အပေါ် ကျွန်တော့်စကားတွေက ဩဇာမညောင်းခဲ့ဘဲ သူ့ရဲ့ သုတေသနကိုပဲ စေ့စေ့စပ်စပ် ဆက်လုပ်နေခဲ့တယ်။

တစ်နေ့မှာ လီမင်က မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး သူ့နည်းသူ့ဟန်နဲ့ မလျှော့တမ်းလုပ်ခဲ့လို့ ပြုပြင်တာခံခဲ့ရတယ်။ ကျွန်တော် တိတ်တိတ်လေး ပျော်သွားပြီး၊ တွေးမိတယ်၊ “တွေ့လား၊ ဒါက မင်း ကြွားလို့ဖြစ်ရတာလေ။ မင်း ဒီကိုရောက်တာ ရက်ပိုင်းလေးပဲရှိသေးတယ်၊ နည်းနည်းပါးပါး တတ်တာနဲ့ပဲ မင်း ဘယ်လောက်တော်ကြောင်းပြပြီး ဒီမှာ ဂယက်တွေထအောင် လုပ်လို့ရမယ်များ ထင်နေလား။ အခု ပြုပြင်ခံလိုက်ရမှာတော့ ငြိမ်ရတော့မှာပဲလေ။” အဲဒီအချိန်အတောအတွင်းမှာ ကျွန်တော် လီမင်ကို ပိုပိုပြီး အမြင်မကြည်ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ တာဝန်တွေကို အတူတူလုပ်ဆောင်တဲ့အခါ စကားသိပ်မပြောဖြစ်ကြဘူး၊ ပြောဖြစ်ရင်တောင်မှ မပြောမဖြစ်လို့သာ ပြောကြရတယ်။ ကျွန်တော်တို့ကြားမှာ စိတ်ချင်း ချိတ်ဆက်ရင်းနှီးမှုက တော်တော်ကို မရှိတာပါ။ ကျွန်တော်က ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားနေတဲ့အထဲမှာ ပိတ်မိနေမှန်း သဘောပေါက်ခဲ့ပေမဲ့ အဲဒါကို လက်မလွှတ်နိုင်ခဲ့ဘူး။ အဲဒီအချိန်က ကျွန်တော်ခံစားခဲ့ရတဲ့ စိတ်သောကကတော့ ပြောမပြတတ်အောင်ပါပဲ။ နေ့တိုင်း လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ရပြီး အထူးသဖြင့် နုံးချည့်နေခဲ့တယ်။ ကျွန်တော်တို့မှာ သဟဇာတကျတဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိလို့ ကျွန်တော်တို့အသံသွင်းခဲ့တဲ့ ဓမ္မသီချင်းတွေရဲ့အကျိုးသက်ရောက်မှုက ညံ့ဖျင်းခဲ့ပြီး အဲဒါက ကျွန်တော်တို့အလုပ်ရဲ့ တိုးတက်မှုကိုလည်း ထိခိုက်စေခဲ့တယ်။ ဒီရလဒ်တွေကို ရင်ဆိုင်ရတာက ကျွန်တော့်ကို တော်တော်ကြီး စိတ်ဆင်းရဲစေခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် ပိတ်မိနေသလိုခံစားရပြီး အခြေအနေကို ဘယ်လိုပြောင်းလဲရမှန်း မသိခဲ့ဘူး။ အဲဒီအချိန်အတောအတွင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်တော့်စိတ်ထဲကို ခဏခဏ ဝင်လာခဲ့တယ်။ “အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။...သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်) ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ထပ်တလဲလဲ ဆင်ခြင်သုံးသပ်ပြီး တွေးမိတယ်၊ “တကယ်ပဲ၊ ငါ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ဘာလို့ ယုံကြည်ခဲ့တာလဲ။ ငါ့ညီအစ်ကိုနဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ဖို့သက်သက်ပဲလား။ ဒီလိုနည်းနဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းတော့ ငါ နောက်ဆုံးမှာ ဘာကို ရနိုင်မှာလဲ။ ဒီအချိန်အတောအတွင်းမှာ ငါက ငါ့ညီအစ်ကိုနဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်နေခဲ့တယ်၊ အမှောင်ထဲကို ကျရောက်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ဆုံးရှုံးခဲ့တယ်၊ နာကျင်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုပဲ ရခဲ့တယ်။ ဒါက ငါ့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ မုန်းတီးခြင်းပဲ။ ဒီလိုနည်းနဲ့ ငါ့တာဝန်ကို ထမ်းဆောင်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ” ကျွန်တော် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခြင်းထဲမှာ အသက်ရှင်နေခဲ့ရတာ အရမ်းကို နာကျင်ခံစားရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီအခြေအနေကနေ လမ်းပြခေါ်ထုတ်တော်မူပါ၊ ဒီလိုနဲ့ ကျွန်တော်တို့တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ ကျွန်တော့်ညီအစ်ကိုနဲ့ တစ်စိတ်တစ်ဝမ်းတည်း သဟဇာတကျကျ အလုပ်လုပ်နိုင်မှာပါ”

နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့တွင် ငါ့အတွက် ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် စားမာန်ခုပ်နိုင်ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော ပိုးကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နည်းနည်း ထိုးထွင်းသိမြင်လာခဲ့တယ်။ အရင်က ကျွန်တော်က ဓမ္မသီချင်းအသံသွင်းတဲ့တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့လို့၊ ကျွန်တော့်မှာ အထူးပါရမီရှိပြီး တစ်မူထူးခြားတယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တယ်၊ ကျွန်တော့်ရဲ့ မပြောပလောက်တဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေက တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံထိုက်တယ်လို့ ယုံကြည်ခဲ့ပြီး၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သဘောကျပြီး အထင်ကြီးခဲ့တယ်။ လီမင်က ကျွန်တော်နဲ့အတူ အလုပ်စလုပ်တဲ့အခါ၊ အစပိုင်းမှာ ကျွန်တော် သူ့ကို အထင်မကြီးခဲ့ဘူး။ ဒါပေမဲ့ သူက နည်းပညာအသစ်တွေနဲ့ တိုးတက်မှုတချို့လုပ်ပြပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့အခါ၊ အနာဂတ်မှာ သူက ကျွန်တော့်ကို ကျော်တက်သွားမှာကို ကျွန်တော် စပြီး စိုးရိမ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့စိတ်ထဲမှာ ကျွန်တော့်ရဲ့အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက်၊ ကျွန်တော် လီမင်ကို ပြိုင်ဘက်တစ်ယောက်လို စပြီး ရှုမြင်ခဲ့ပြီး သူ့ကို တိတ်တိတ်လေး ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်တော်သုံးနေတဲ့ အသံသွင်းနည်းပညာအဟောင်းတွေမှာ တိုးတက်ဖို့ အလားအလာ နည်းမှန်း သိနေပေမဲ့လည်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ်လည်း လက်မလွှတ်ချင်၊ နည်းပညာအသစ်တွေကို မသင်ယူချင်ခဲ့ဘူး။ နောက်ပိုင်းမှာ လီမင်က နည်းပညာအသစ်တွေနဲ့ ပိုပိုပြီး ကျွမ်းကျင်လာတာကို ကျွန်တော်တွေ့မြင်ခဲ့ရပြီး၊ ညီအစ်ကိုမောင်နှမတချို့ကလည်း အဲဒါတွေကို သုံးဖို့ အသိအမှတ်ပြုလာတဲ့အခါ၊ ကျွန်တော် အစားထိုးခံရနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ခံစားခဲ့ရပြီး၊ ကျွန်တော် သူ့ကို အဘက်ဘက်ကနေ အမြင်မကြည်ဖြစ်လာတယ်၊ သူ့ရဲ့သုတေသနမှာ သူ ရှုံးနိမ့်ဖို့ကိုပဲ စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့တယ်။ သူ ပြုပြင်တာခံရတော့ ကျွန်တော် အဲဒီအပေါ်မှာ ပျော်ရွှင်ခဲ့ပြီး သူ့ဒုက္ခကို ဝမ်းသာအားရ ဖြစ်ခဲ့တယ်။ သူ အခက်အခဲတွေကြုံရတဲ့အခါတိုင်း၊ ကျွန်တော် ကူညီဖို့ မကမ်းလှမ်းခဲ့ဘဲ၊ သူ့ရဲ့သုတေသနအပေါ်ထားတဲ့ အကောင်းမြင်စိတ်ကို ချိုးနှိမ်ဖို့အတွက် အဖျက်စကားတွေ ပြောပြီးတောင် ကြိုးစားခဲ့တယ်၊ သူ လက်လျှော့သွားဖို့ မျှော်လင့်ရင်းနဲ့ပေါ့၊ အဲဒါက ကျွန်တော့်ရဲ့ရပ်တည်မှုကို ခိုင်မာစေမှာလေ။ ကျွန်တော်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ဖို့ကိုပဲ အာရုံစိုက်ခဲ့ပြီး၊ ကိုယ့်အဆင့်အတန်းကို ထိန်းသိမ်းဖို့နဲ့ အစားထိုးမခံရဖို့ကိုပဲ စိုးရိမ်ခဲ့တယ်။ တကယ်တော့၊ လူတစ်ယောက်မှာ အထူးအရည်အချင်းတွေ ဘယ်လောက်ပဲ ပိုင်ဆိုင်နေပါစေ၊ သူ့ရဲ့အရည်အချင်း ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ ဘုရားသခင်ရဲ့ အမြင်မှာတော့ သူဟာ ကြွားဝါစရာ၊ မာနထောင်လွှားစရာ ဘာမှမရှိတဲ့ ဖန်ဆင်းခံလေးတစ်ယောက်သက်သက်ပါပဲ၊ ဒါတောင်မှ ကျွန်တော့်ရဲ့ မပြောပလောက်တဲ့ ကျွမ်းကျင်မှုနည်းနည်းလေးနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး စိတ်ကြီးဝင်လာခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မတူဘူးလို့ ထင်ခဲ့တယ်၊ လူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံစားဖို့အတွက် သူတို့ရဲ့စိတ်နှလုံးထဲမှာ နေရာတစ်ခုကို အမြဲရှာဖွေနေခဲ့တယ်။ ကျွန်တော် မာနထောင်လွှားပြီး ကျိုးကြောင်းမဆီလျော်လိုက်တာ။

နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ လျှို့ဝှက်ကြံစည်ခြင်းနှင့် စီမံကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်နှလုံးသားကို ဓားထက်ထက်တစ်ချောင်လို ထိုးစိုက်ခဲ့တယ်။ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်တွေထဲမှာ၊ ကျွန်တော်က ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အသင်းတော်ရဲ့အကျိုးစီးပွားတွေကို လျစ်လျူရှုခဲ့ပြီး၊ လီမင်ကို ဖိနှိပ်ပြီး ကြဉ်ခဲ့တယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကျိတ်ကြံစည်ပြီး ယှဉ်ပြိုင်ခဲ့တယ်၊ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် ဘာနေရာမှမရှိခဲ့ဘူး။ လီမင် ရောက်လာခါစတုန်းက အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်တော် သူ့ကို မေတ္တာနဲ့ ကူညီနိုင်ခဲ့ပြီး သူနဲ့ သဟဇာတရှိရှိ ပေါင်းသင်းနိုင်ခဲ့တုန်းပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ နည်းပညာအသစ်တွေနဲ့ အလုပ်လုပ်နေတာကို မြင်ပြီးတဲ့နောက်၊ သူက ကျွန်တော့်ကို ကျော်တက်သွားမှာကို ကျွန်တော် ကြောက်ခဲ့တယ်၊ နှစ်တွေတစ်လျှောက် ညီအစ်ကိုမောင်နှမတွေရဲ့စိတ်ထဲမှာ ကျွန်တော်ရရှိထားတဲ့ အဆင့်အတန်းကို ဆုံးရှုံးသွားမှာကိုလည်း ကြောက်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်သူ့ကို မကျေမချမ်းဖြစ်ပြီး ကြဉ်ခဲ့တယ်၊ သူ့ရဲ့ သုတေသနမှာ အရေးနိမ့်သွားမှာကို အားတက်သရော မျှော်လင့်ခဲ့တယ်။ ကျွန်တော် သူနဲ့ စကားပြောတာကိုလည်း ရှောင်ခဲ့တယ်၊ သူ့ကို ချောက်ချဖို့နဲ့ သူ့စိတ်အားထက်သန်မှုကို ချိုးနှိမ်ဖို့ ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့တောင် ကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့သဘာဝက တကယ်ကို မလိုမုန်းထားတတ်တာပဲ။ ဓမ္မသီချင်းတွေ အသံသွင်းတာက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်အတွက် သိပ်တည်ဆောက်ပေးပြီး ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့အတွက်လည်း အရေးကြီးတယ်။ ကျွန်တော်သုံးနေခဲ့တဲ့ အသံသွင်းနည်းပညာအဟောင်းတွေက ခေတ်နောက်ကျနေခဲ့ပြီ၊ နည်းပညာအသစ်တွေကို သုံးခြင်းအားဖြင့် ဓမ္မသီချင်းအသံသွင်းရာမှာ ပိုကောင်းတဲ့ရလဒ်တွေ ရနိုင်ပြီး၊ ဒါက ဧဝံဂေလိအလုပ်အတွက် အကျိုးရှိမှာဖြစ်တယ်။ ပိုကောင်းတဲ့ဖြေရှင်းနည်းကို ကျွန်တော် မရှာတွေ့သေးတဲ့အတွက်၊ ဒီအခြေအနေမှာ နည်းပညာအသစ်တွေကို သုတေသနလုပ်ရာမှာ ကျွန်တော်ဟာ လီမင်နဲ့အတူ သဟဇာတကျကျ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ခဲ့သင့်တာပါ။ ဒါပေမဲ့ ကျွန်တော်က ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားတွေကို ထည့်မစဉ်းစားခဲ့ဘဲ၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဒီလောက်အရေးကြီးတဲ့အလုပ်ကိုတောင် ထိခိုက်အောင် လုပ်ခဲ့မိတယ်။ ဒါက ကျွန်တော့်မှာ လူ့သဘာဝတစ်စက်မှမရှိ၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တစ်စက်မှမရှိဘူးဆိုတာကို ပြနေတယ်၊ ကျွန်တော် လုံးဝကို တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ လီမင်ကို အဆက်မပြတ် ယှဉ်ပြိုင်ပြီး ကျိတ်ကြံနေတော့ ကျွန်တော် ဓမ္မသီချင်းအသံသွင်းတဲ့အလုပ်ကို အဖျက်အမှောင့်လုပ်ခဲ့တယ်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားမှုကြောင့် မျက်စိကန်းခဲ့ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့အရာတွေ လုပ်ခဲ့တယ်။ ကျွန်တော် တာဝန်ထမ်းဆောင်တဲ့နေရာကို စိန်ခေါ်တိုက်ခိုက်စရာ ကြိုးဝိုင်းအနေနဲ့ ပြောင်းလဲခဲ့ပြီး၊ ကျွန်တော့်တာဝန်ကို ကျွန်တော့်အဆင့်အတန်းနဲ့ စားဝတ်နေရေးအတွက် အသုံးချစရာတစ်ခုအနေနဲ့ ပြောင်းလဲခဲ့တယ်။ ဒါကို ဘုရားသခင်က တကယ်ကို စက်ဆုပ်ရွံရှာပြီး မုန်းတီးတော်မူတယ်။ ကျွန်တော်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ခဲ့တဲ့ ပေါလုအကြောင်းကို စဉ်းစားမိတယ်။ ဘုရားသခင်က ပေတရုကို အသင်းတော်တွေကို ထိန်းကျောင်းဖို့ တာဝန်ကို အပ်နှင်းခဲ့တဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေက ပေတရုကို တကယ်ကို လေးစားပြီး ထောက်ခံခဲ့ကြတော့၊ ပေါလုက မနာလိုဖြစ်လာပြီး၊ ပေတရုကို တမင်တကာ သေးသိမ်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သေခံခဲ့တယ်။ ပေါလုက လူတွေရဲ့ကိုးကွယ်မှုနဲ့ အထင်ကြီးလေးစားမှုကို ရရှိခဲ့ပြီး၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် သူ့ရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းခဲ့ပေမဲ့၊ သူက လမ်းမှားပေါ်ရောက်နေခဲ့တယ်၊ လူတွေကို သူ့ဆီကို ဆွဲဆောင်ခဲ့ပြီး၊ နောက်ဆုံးမှာ ဘုရားသခင်က သူ့ကို ဖယ်ရှားရှင်းလင်းပြီး အပြစ်ဒဏ်ပေးခဲ့တယ်။ ကျွန်တော် လိုက်စားတဲ့ ရှုထောင့်အမြင်နဲ့ ကျွန်တော်လျှောက်လှမ်းနေတဲ့လမ်းကြောင်းက ပေါလုနဲ့ အတူတူပဲ၊ ကျွန်တော်သာ နောင်တမရဘဲ ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော်လည်း ဒီလိုအပြစ်ဒဏ်ပေးတာမျိုးကို ရင်ဆိုင်ရမှာပဲ။ ကျွန်တော်သာ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ဆက်ပြီး တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားဦးမယ်ဆိုရင် အဲဒါက လုံးဝကို မိုက်မဲပြီး သနားစရာကောင်းလိမ့်မယ်။

နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ပြီး ဖတ်ခဲ့တယ်- “စကြဝဠာတစ်လျှောက် သူ၏ အမှုကို စတင်ကတည်းက၊ ဘုရားသခင်သည် လူ့အလွှာတိုင်းမှ လူများအပါအဝင် များစွာသော လူတို့ကို သူ့အား အစေခံဖို့ရန် ကြိုတင်ပြဌာန်းထားပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချောမွေ့စွာ ပြီးစီးစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို သူ့အား အစေခံရန် ရွေးချယ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော လူတိုင်းသည် သူ၏ ရည်ရွယ်ချက်ကို သိနားလည်ရပေမည်။ သူ၏ ဤအမှုသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို လူသားများအား သာ၍ သိသာထင်ရှားစေခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်က သူ့ရဲ့ဧဝံဂေလိအလုပ်ကို ဖြန့်ဝေဖို့အတွက် လူ့အလွှာအတန်းအစားအသီးသီးက လူတွေကို ရွေးချယ်တယ်၊ လူတွေရဲ့ဆုကျေးဇူးတွေနဲ့ အရည်အချင်းတွေက ဘုရားသခင်ဆီက လာတယ်ဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ဘုရားသခင်က လူတွေကို တာဝန်တစ်ခုကို ခန့်အပ်ပြီး သက်ဆိုင်ရာအရည်အချင်းတွေကို ပေးတယ်၊ ဒီလိုနဲ့ သူတို့က သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ရာမှာ သူတို့ရဲ့အထူးကျွမ်းကျင်မှုတွေကို ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပြီး အဲဒါက ဘုရားအိမ်တော်ရဲ့အလုပ်အတွက် အကျိုးရှိတယ်။ လီမင်က နည်းပညာအသစ်တွေ သုတေသနလုပ်ရာမှာ အရည်အချင်းရှိပြီး၊ ကျွန်တော့်မှာတော့ နည်းပညာအတွေ့အကြုံတချို့ ရှိတယ်။ ကျွန်တော်တို့ အတူတူ တာဝန်ထမ်းဆောင်နိုင်တာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ပဲ၊ ပြီးတော့ ကိုယ်တော်က ကျွန်တော်တို့ကို အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်စေချင်တဲ့အပြင် ကျွန်တော်တို့တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်စေချင်တယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပဲ။ ဒါကို သဘောပေါက်တော့၊ ကျွန်တော် ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။ ဒီအချိန်အတောအတွင်းမှာ လီမင့်ရဲ့ကျွမ်းကျင်မှုတွေ တိုးတက်လာတာနဲ့အမျှ၊ နည်းပညာအသစ်တွေသုံးပြီး အသံသွင်းခြင်းရဲ့ရလဒ်တွေက ပိုပိုပြီး ကောင်းလာတာကို ကျွန်တော် သတိပြုမိခဲ့ပြီး၊ ဒီနည်းလမ်းအသစ်တွေကို လက်ခံကျင့်သုံးတာက ဘုရားအိမ်တော်ရဲ့အလုပ်အတွက် ပိုပြီးအကျိုးရှိတယ်ဆိုတာကို ကျွန်တော် ဝန်ခံခဲ့တယ်။ ကျွန်တော် ကိုယ့်ရဲ့မာနကို ဘေးဖယ်ထားပြီး လီမင်ဆီကနေ သင်ယူဖို့ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် တွေးမိပြန်တယ်၊ “ငါ ဒီတာဝန်ကို နှစ်ပေါင်းများစွာ လုပ်လာခဲ့တာ၊ ညီအစ်ကိုမောင်နှမတွေကလည်း ငါ့ကို အထင်ကြီးကြတယ်။ ဒါပေမဲ့ ဒီကိုခုမှရောက်လာတဲ့ လီမင်က နည်းပညာမှာ အောင်မြင်မှုတွေ လုပ်ပြနေပြီ။ ငါသာ အခု ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူ့ဆီကနေ သင်ယူရင်၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ အရမ်းရှက်စရာကောင်းမှာပဲ” လို့ပေါ့။ ဒီအတွေးက ကျွန်တော့်ကို အရမ်း အနေရခက်စေခဲ့ပြီး၊ ကျွန်တော် ကိုယ့်ရဲ့မာနကို လက်လွှတ်ဖို့ ခက်ခဲနေတာကို တွေ့ခဲ့ရတယ်၊ ကျွန်တော်က ကိုယ့်ရဲ့အဆင့်အတန်းကို အရမ်းတွယ်တာနေမှန်း သဘောပေါက်ခဲ့တယ်။ ခရစ်တော်က နှိမ့်ချရင်း၊ ကွယ်ဝှက်ရင်းနဲ့ မြေကြီးပေါ်ကို ကြွလာခဲ့ပုံ ကိုယ်တော့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မချီးမြှောက်ခဲ့ပုံ၊ မကြွားဝါခဲ့ပုံတွေကို ပြန်စဉ်းစားမိတယ်။ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုလေးနည်းနည်းက ကျွန်တော့်ကို အရမ်းမာနကြီးစေပြီး၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရှာဖွေစေခဲ့မှန်း ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် သိမြင်တာမျိုး မရှိခဲ့ဘဲ အရမ်းကို မာနထောင်လွှားခဲ့တယ်။ ကျွန်တော်ပိုင်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေနဲ့ အရည်အချင်းတွေက ဘုရားသခင်ပေးထားတာဖြစ်ပြီး၊ ကျွန်တော့်မှာ ကြွားဝါစရာ ဘာမှမရှိဘူး။ ကျွန်တော်သာ ကိုယ့်ကိုယ်ကိုယ် လက်မလွှတ်နိုင်ဘဲ ညီအစ်ကိုဆီကနေ မသင်ယူဘူးဆိုရင်၊ နည်းပညာပိုင်းမှာလည်း တိုးတက်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ လီမင်ဆီကနေ သင်ယူရအောင် ကျွန်တော့်ရဲ့မာနနဲ့ အဆင့်အတန်းကို ဘေးဖယ်ထားဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ ကျွန်တော့်ညီအစ်ကိုနဲ့ ပွင့်လင်းပြီး သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကျွန်တော့်ကို ကျေးဇူးပြုပြီး ခွန်အားပေးတော်မူပါ” လို့ပေါ့။

တစ်နေ့မှာ အသံသွင်းစတူဒီယိုထဲမှာ ကျွန်တော်နဲ့ လီမင်နှစ်ယောက်တည်းပဲ ရှိနေခဲ့တယ်၊ သူ့ကို ကျွန်တော်ကပဲ အရင်ဦးအောင် ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်။ ကျွန်တော်က သူနဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ဘယ်လိုယှဉ်ပြိုင်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တယ်။ လီမင်ကလည်း သူ့ရဲ့ကိုယ်ပိုင်အခြေအနေကို ကျွန်တော်နဲ့ ဝေမျှခဲ့တယ်။ ကျွန်တော်တို့ စကားပြောပြီးတဲ့နောက်မှာ၊ ကျွန်တော့်စိတ်နှလုံးထဲက အတားအဆီးက ပျောက်ကွယ်သွားခဲ့ပြီး၊ ကျွန်တော် အများကြီး ပိုပြီးစိတ်သက်သာရာရသွားတယ်၊ ကျွန်တော်တို့ကြားမှာ ရှိနေခဲ့တဲ့ တံတိုင်းတစ်ခု ပြိုကျသွားသလိုမျိုးပဲ။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကိုလည်း ဖတ်ခဲ့တယ်၊ အဲဒါတွေက အနာဂတ်မှာ ကျွန်တော်တို့တာဝန်တွေကို ထမ်းဆောင်ရာမှာ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့နည်းလမ်းအတွက် လက်တွေ့ကျတဲ့လမ်းညွှန်မှုတချို့ကို ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် သာ၍ငယ်ရွယ်သူ သို့မဟုတ် သာ၍ကြီးရင့်သူ ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ဦး ဖြစ်ပါစေ၊ သင် ထမ်းဆောင်အပ်သည့် လုပ်ငန်းတာဝန်ကို သင် သိသည်။ ငယ်ရွယ်သူတို့သည် မာနထောင်လွှားမှု မရှိကြပေ၊ သာ၍ အသက်ကြီးသောသူတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် နောက်တွန့်ခြင်းလည်း မရှိကြပေ။ ထို့အပြင် သူတို့သည် အချင်းချင်း၏ အားသာချက်များကို သူတို့၏အားနည်းချက်များအား ထေမိစေရန် အသုံးပြုနိုင်ပြီး၊ သူတို့သည် မည်သည့် အစွဲမျှမရှိဘဲ၊ တစ်ဦးနှင့်တစ်ဦး အစေခံနိုင်ကြသည်။ သာ၍အသက်ကြီးသူနှင့် သာ၍ငယ်ရွယ်သူ ညီအစ်ကို မောင်နှမတို့ အကြားတွင် ချစ်ကြည်ရေး တံတားကို တည်ဆောက်ထားပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်၊ သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး သာ၍ ကောင်းစွာ နားလည်နိုင်ကြသည်။ သာ၍ ငယ်ရွယ်သော ညီအစ်ကို မောင်နှမ တို့သည် သာ၍အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများအပေါ် အထင်မသေးကြသကဲ့သို့၊ သာ၍ အသက်ကြီးသော ညီအစ်ကို မောင်နှမများသည်လည်း မိမိကိုယ်ကို မှန်သည်ဟု မယူမှတ်ကြပေ။ ယင်းသည် သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်ပါသလော။ သင်တို့အားလုံးတွင် ဤကဲ့သို့သော စိတ်ပိုင်းဖြတ်မှုရှိလျှင်၊ ဘုရားသခင်၏ အလိုတော်သည် သင်တို့၏ မျိုးဆက်တွင် ဧကန် ပြည့်စုံပါလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြသော အယောက်တိုင်းနှင့်ပတ်သက်၍)သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားမှု ပြသရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဘုရားသခင်ရဲ့ရည်ရွယ်ချက်က အသက်ကြီးတဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မယူမှတ်ဖို့၊ ခေတ်မမီတော့တဲ့အရာတွေကို မဖက်တွယ်ထားဖို့၊ အသက်ငယ်တဲ့သူတွေ မာနမထောင်လွှားဖို့ပဲ။ သူတို့က သူတို့တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ သဟဇာတရှိရှိ အတူတူ အလုပ်လုပ်သင့်တယ်။ ကျွန်တော် ဒီတာဝန်ကို အချိန်အကြာကြီး ထမ်းဆောင်ခဲ့ပေမဲ့၊ အသံသွင်းနည်းပညာမှာ တိုးတက်မှုများများစားစား မရှိခဲ့ဘူး။ လီမင်က နည်းပညာအသစ်ကို သုတေသနလုပ်ရတာကို စိတ်ဝင်စားပြီး အောင်မြင်မှုတချို့လည်း ရရှိထားပြီးသားပဲ။ သူက ကျွန်တော့်မှာမရှိတဲ့ ကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်တယ်၊ သူနဲ့ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော့်ရဲ့ချို့ယွင်းချက်တွေကို ပြုပြင်နိုင်ပြီး ကျွန်တော်တို့တာဝန်တွေအတွက် အကျိုးရှိစေတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လက်လွှတ်ပြီး သူ့ဆီကနေ နည်းပညာအသစ်တွေကို သင်ယူရမယ်၊ ကျွန်တော်တို့တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ အတူတူ အလုပ်လုပ်ရမယ်။ အဲဒီနောက်မှာတော့ ကျွန်တော် လီမင်နဲ့အတူ နည်းပညာအသစ်ကို သင်ယူပြီး သုတေသနလုပ်ခဲ့တယ်။ ဘုရားသခင်ရဲ့လမ်းညွှန်မှုကြောင့် ကျွမ်းကျင်မှုဆိုင်ရာတွေကို ကျွန်တော်တို့ လေ့လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေက ပိုပြီးရှင်းလင်းလာခဲ့တယ်၊ အရင်က ဖြေရှင်းရခက်ခဲ့တဲ့ ပြဿနာတချို့လည်း အမြန် ပြေလည်သွားခဲ့တယ်။

ဒီအတွေ့အကြုံကာလတစ်လျှောက်မှာ၊ ဂုဏ်နဲ့ အဆင့်အတန်းအတွက် အသက်ရှင်ရတာက သိပ်ကိုနာကျင်စရာကောင်းပြီး ကျွန်တော့်စိတ်နှလုံးကို အမှောင်ဖုံးစေတဲ့အပြင် လွတ်လမ်းမရှိဘဲ ပြောမပြတတ်အောင် ဒုက္ခရောက်စေတယ်ဆိုတာကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားမိခဲ့တယ်။ ကျွန်တော်က အဆင့်အတန်းအတွက် ပြင်းထန်တဲ့ လိုအင်ဆန္ဒရှိပြီး စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ဘယ်လောက်နက်နက်ရှိုင်းရှိုင်း ခံထားရသလဲဆိုတာကို ကျွန်တော် မြင်ခဲ့ရတယ်။ တစ်ချိန်တည်းမှာ ဘုရားသခင်ပြောခဲ့သလိုပဲ ဘုရားသခင်ရဲ့စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်၊ ပုန်ကန်ပြစ်မှားလို့မရဘူးဆိုတာကိုလည်း ကျွန်တော် ကြုံတွေ့ခဲ့ရတယ်။ “ငါသည် သန့်ရှင်းသော နိုင်ငံတော်သို့ ပေါ်ထွန်းလာပြီး ညစ်ညူးသောနိုင်ငံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ထား၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)) ကျွန်တော်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အားထုတ် တဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားထဲမှာ အသက်ရှင်နေခဲ့တဲ့အခါ၊ ဘုရားသခင်က ကျွန်တော့်ကို ရွံရှာပြီး ကိုယ်တော့်မျက်နှာကို ကျွန်တော့်ဆီကနေ ဝှက်ထားခဲ့တယ်၊ ကျွန်တော် အမှောင်ထဲမှာ အသက်ရှင်ခဲ့ရပြီး ကျွန်တော့်စိတ်ဝိညာဉ်ထဲမှာ ကြီးမားတဲ့ ဒုက္ခကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံခဲ့ပြီး၊ လီမင်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော့်ရဲ့မာနနဲ့ အဆင့်အတန်းကို ဘေးဖယ်ထားဖို့ ဆန္ဒရှိခဲ့တဲ့အခါ၊ ကျွန်တော် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်နဲ့ လမ်းညွှန်မှုကို တွေ့ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို လွတ်မြောက်ခြင်းနဲ့ လွတ်လပ်ခြင်းကို ဆောင်ကြဉ်းပေးခဲ့တယ်။ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်ရတာ ဘယ်လောက်တောင် ပျော်ရွှင်စရာကောင်းလဲဆိုတာကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရတယ်။

အရှေ့သို့- ၄၂။ အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်မ အခု သိပါပြီ

နောက်တစ်ခုသို့- ၅၀။ ဟန်ဆောင်ခြင်းက ကျွန်မကို ဒုက္ခတွေ့စေပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။