၅၁။ သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်း၍ မည်သူ၏ စကားကို နားထောင်သင့်သနည်း။

ဟန္န၊ မြန်မာနိုင်ငံ

သခင်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့စကားကို ကျွန်မတို့ နားထောင်သင့်သလဲ။ ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်သင့်သလား၊ ဒါမှမဟုတ် ကျွန်မတို့ရဲ့ သင်းအုပ်ဆရာတွေစကားကို နားထောင်သင့်သလား။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ အရင်က ဒါကို နားမလည်ခဲ့ဘဲ ကိုယ့်သင်းအုပ်ဆရာ စကားကို မျက်စိစုံမှိတ် နားထောင်ခဲ့ပြီး၊ သခင့်ရဲ့ပြန်ကြွလာခြင်းကို ကြိုဆိုဖို့အခွင့်အရေးနဲ့ လွဲလုနီးပါး ဖြစ်ခဲ့ရတယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ ဂျာမနီနိုင်ငံက ညီအစ်မ မင်ဒီနဲ့ ညီအစ်ကို ဒက်ကာကို ဖေ့စ်ဘွတ်မှာ ကျွန်မ ဆုံခဲ့ရတယ်။ သူတို့နဲ့ စကားပြောရင်းကနေ သူတို့ဟာ ကျမ်းစာကို စင်ကြယ်တဲ့ နားလည်မှုနဲ့ ဉာဏ်ပွင့်စေတဲ့ မိတ်သဟာယရှိပြီး ရိုးရိုးကုပ်ကုပ်နေတတ်တယ်၊ ပြီးတော့ အားကိုးလို့ရတဲ့သူတွေဖြစ်တယ်ဆိုတာကို ကျွန်မ သိခဲ့ရတယ်။ ကျွန်မ အကျိုးအများကြီးရခဲ့တယ်။ ကျွန်မတို့ စုဝေးပွဲ နည်းနည်းလုပ်ခဲ့ပြီး စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ စစ်မှန်တဲ့နောင်တဆိုတာ ဘာလဲ၊ ဘုရားသခင်နောက်လိုက်ပြီး ကျိုးနွံနာခံတယ်ဆိုတာ ဘာလဲ၊ လူနောက်လိုက်ပြီး ကျိုးနွံနာခံတယ်ဆိုတာ ဘာလဲ၊ ဖာရိရှဲတွေက သခင်ယေရှုကို အတိုက်အခံလုပ်ခဲ့တဲ့ အနှစ်သာရနဲ့ အရင်းအမြစ်၊ ဘုရားသခင်ရဲ့ အသံတော်ကို ဘယ်လိုနားထောင်ပြီး သခင့်ကို ဘယ်လိုကြိုဆိုရမယ်ဆိုတာနဲ့ တခြားဟာတွေလို အရင်က လုံးဝ နားမလည်ခဲ့တဲ့ သမ္မာတရား အများကြီးကို ကျွန်မ သင်ယူခဲ့ရတယ်။ ဒီအရာကနေ အားတွေ အများကြီးရတယ်လို့ ကျွန်မ ခံစားရပြီး ကျွန်မရဲ့စိတ်နှလုံးလည်း လင်းလက်ခဲ့ရတယ်။ ဒီစုဝေးပွဲတွေကို ကျွန်မ မွေ့လျော်ခဲ့တာပေါ့။ အဲဒီစုဝေးပွဲတွေထဲက တစ်ခုမှာ၊ ဒက်ကာက ကျမ်းစာပိုဒ် တစ်ပိုဒ်နှစ်ပိုဒ် ဖတ်ပြခဲ့တယ်။ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး (ဒီမျိုးဆက်) ၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) နောက်ဆုံးသောကာလမှာ သခင်ဟာ ကြွလာပြီး အမှုပြုဖို့အတွက် လူသားအနေနဲ့ ထပ်ပြီး လူ့ဇာတိခံယူတယ်၊ ပြီးတော့ အချိန်အတော်ကြာကတည်းက ဒီပရောဖက်ပြုချက် ပြည့်စုံခဲ့ပြီးသားဖြစ်တယ်လို့ သူက ပြောတယ်။ သူက “သခင်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ လူ့ဇာတိခံပြီး ပြန်ကြွလာပြီ။ ကိုယ်တော်ဟာ သမ္မာတရားတွေကို ဖော်ပြနေပြီး ဘုရားသခင်ရဲ့ အိမ်တော်ကနေအစပြုတဲ့ တရားစီရင်ခြင်းအလုပ်ကို လုပ်ဆောင်နေပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီးပြီ။ ဒါဟာ အရှေ့အရပ်ကနေ ထွန်းလင်းလာတဲ့ အလင်းတန်းကြီးတစ်ခုလိုပဲ၊ ပြီးတော့ ဒါက အရှေ့အရပ်က ‘လျှပ်စီး’ ပဲ” လို့ပေါ့။ ဒါကိုကြားတော့ ကျွန်မ နည်းနည်း အံ့ဩသွားတယ်။ “သခင်ယေရှု ပြန်ကြွလာပြီးခဲ့ပြီလား”လို့ ကျွန်မ တွေးမိတယ်။ အဲဒီနောက်မှာ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ပြောခဲ့တာကို ကျွန်မ သတိရမိတယ်၊ အရှေ့အရပ်လျှပ်စီးကပဲ ဘုရားသခင်က ဇာတိပကတိနဲ့ ပြန်ကြွလာခဲ့ကြောင်း သက်သေခံတယ်၊ ပြီးတော့ သခင်ယေရှုကပဲ ခရစ်တော်ဖြစ်လို့ ကျွန်မတို့က အဲဒါကို မယုံကြည်သင့်ဘူးလို့ပေါ့။ အဲဒီနောက်မှာ ကျွန်မ တကယ်ကို စိတ်မတည်မငြိမ်ဖြစ်ပြီး ဒက်ကာ မိတ်သဟာယဖွဲ့တာကို အာရုံမစိုက်နိုင်ခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက ဘုရားသခင်ကို အစေခံပြီး ကျမ်းစာကိုလည်း ကောင်းကောင်းသိကြတာပဲ။ သခင့်ရဲ့ပြန်ကြွလာခြင်းလို အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုနဲ့ပတ်သက်ပြီး သူတို့မှာ ရှင်းလင်းတဲ့ သိနားလည်မှုရှိသင့်တယ်။ ဒီတော့ သူတို့ကို အရင်သွားမေးကြည့်လိုက်မယ်” လို့ပေါ့။

အဲဒီတနင်္ဂနွေနေ့မှာ ကျွန်မ အသင်းတော်ကိုသွားပြီး သင်းအုပ်ဆရာကို မေးကြည့်တော့ သူကပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေ ဟောပြောတာမှာ တန်ဖိုးရှိတာတွေတော့ ရှိပေမဲ့ သူတို့က သခင်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လူ့ဇာတိနဲ့ ပြန်ကြွလာတယ်လို့ သက်သေခံနေကြတယ်။ ဒါက မဖြစ်နိုင်ဘူး။ ငါတို့ရဲ့ သခင်ယေရှုတစ်ပါးတည်းကပဲ လူ့ဇာတိခံ ဘုရားသခင် ဖြစ်တယ်။ ဒီတော့ သူတို့က လူသားတစ်ယောက်ကို ယုံကြည်နေတာပဲ။ သူတို့အသင်းတော်ကို တရုတ်ကွန်မြူနစ်အစိုးရက ဖိနှိပ်နေပြီးတော့ အရှေ့အရပ်က လျှပ်စီးကို ယုံကြည်တာက သခင်ယေရှုကို သစ္စာဖောက်တာပဲ ဖြစ်မယ်” လို့ပေါ့။ ဒီစကားကိုကြားလိုက်တော့ ကျွန်မစိတ်ထဲ ကြောက်စိတ်တစ်ချက်ဝင်သွားတယ်။ တကယ်လို့သာ ဒီအတိုင်းဆိုရင်တော့ မင်ဒီနဲ့ ဒက်ကာဟာ သခင့်ရဲ့လမ်းခရီးကနေ သွေဖည်ခဲ့ကြပြီဖြစ်မယ်လို့ ကျွန်မတွေးလိုက်တယ်။ ကျွန်မ သူတို့အပေါ် သံသယတွေဝင်လာပြီး ကိုယ့်ကိုယ်ကို သတိထားကာကွယ်ခဲ့တယ်၊ နောက်ပြီး သူတို့နဲ့ ထပ်မတွေ့ရဲတော့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ သခင်ယေရှု ပြန်ကြွလာပြီဆိုတဲ့ သက်သေခံချက်ကို တွေးမိတဲ့အခါ ကျွန်မ တုံ့ဆိုင်းမိတယ်။ တကယ်လို့သာ အဲဒါက အမှန်ဖြစ်ပြီး ကျွန်မ အဲဒါကို မစုံစမ်းဘဲနေရင် သခင်က ကျွန်မကို စွန့်ပစ်မှာ မဟုတ်ဘူးလား။ ဒါပေမဲ့လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူဇာတိခံ ဘုရားသခင်ဖြစ်နေရင်တော့ သင်းအုပ်ဆရာက ဘာလို့လက်မခံဘဲ သူတို့က လူတစ်ယောက်ကို ယုံကြည်နေတယ်လို့ ပြောရတာလဲ။ သင်းအုပ်ဆရာက ကျမ်းစာကိုသိပြီး ကျွန်မထက်ပိုနားလည်တယ်၊ ဒါကြောင့် လမ်းမှားမရောက်ရအောင် မင်ဒီတို့ ဒက်ကာတို့နဲ့ ကျွန်မ ဝေးဝေးနေသင့်တယ်လို့ တွေးလိုက်တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ ကျွန်မ တကယ်ကို ဂနာမငြိမ်ဖြစ်ပြီး နေမထိထိုင်မသာဖြစ်နေခဲ့တယ်။ ကျွန်မ အရမ်းစိတ်ဆင်းရဲပြီး သုန်မှုန်နေခဲ့တယ်။ ကျွန်မ သခင့်ဆီ ဆုတောင်းလိုက်တယ်။ “အို သခင်၊ ဒီနေ့ သမီး သင်းအုပ်ဆရာစကားကို နားထောင်ခဲ့ပြီး အခု မင်ဒီနဲ့ ဒက်ကာကို သံသယဝင်တဲ့အပြင် သတိထားကာကွယ်နေမိပါပြီ။ အရှေ့အရပ်က လျှပ်စီးကို ဆက်ပြီးစုံစမ်းဖို့ သမီးကြောက်နေမိပါတယ်။ သခင်၊ ကိုယ်တော့်ရဲ့ ပြန်ကြွလာခြင်းကို သမီး တမ်းတနေပေမဲ့ လမ်းမှားလိုက်မိပြီး ကိုယ်တော့်ကို သစ္စာဖောက်မိမှာကိုလည်း ကြောက်နေပါတယ်။ သမီး တကယ်ကို ဘာလုပ်ရမှန်းမသိတော့ပါဘူး။ အမှားနဲ့အမှန်ကို သိဖို့ သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ တဖြည်းဖြည်းနဲ့ စိတ်ထဲမှာ ငြိမ်သက်ခြင်းကို ရလာတယ်။ အဲဒီအချိန်မှာ အစ်မမင်ဒီ တစ်ခါ မိတ်သဟာယဖွဲ့ခဲ့တဲ့အရာတစ်ခု ကျွန်မစိတ်ထဲ ပေါ်လာတယ်၊ “ကျွန်မတို့ရဲ့ ယုံကြည်ခြင်းမှာ ဘုရားသခင်ကို ကြီးမြတ်တဲ့သူအဖြစ် ဂုဏ်ပြုရမယ်၊ ပြီးတော့ အမှုအရာအားလုံးက ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံရမယ်၊ အထူးသဖြင့် မှန်တဲ့လမ်းခရီးကို စုံစမ်းစစ်ဆေးခြင်းလိုမျိုး အရေးကြီးတဲ့အရာတစ်ခုနဲ့ ပတ်သက်လာရင်ပေါ့။ တကယ်လို့ ကျွန်မတို့က လူ့စကားတွေအတိုင်း အမှုအရာတွေကို လုပ်မယ်၊ အရာရာတိုင်းမှာ လူတွေကိုပဲ နားထောင်ပြီး တိုင်ပင်နေမယ်ဆိုရင် ဒါဟာ လူကို ယုံကြည်ပြီး လူနောက်လိုက်နေတာပဲ၊ ဒါက သခင့်လမ်းခရီးကနေ သွေဖည်နေတာပဲ” တဲ့။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်မိတယ်။ သခင် ပြန်ကြွလာခဲ့ပြီဆိုတာကို ကျွန်မကြားတဲ့အခါ သခင့်ရည်ရွယ်ချက်ကို ကျွန်မ အရင်ဆုံး ဆုတောင်းပြီး မရှာဖွေခဲ့ဘူး၊ သခင့်နှုတ်ကပတ်တော်တွေက အဲဒီအကြောင်း ဘာပြောထားလဲ၊ ဒီလမ်းခရီးက ဘုရားသခင်ဆီကနေ လာတာဟုတ်မဟုတ် ဆိုတာကို မကြည့်ခဲ့ဘူး။ အဲဒီအစား သင်းအုပ်ဆရာကို ကိုးကွယ်ပြီး သူ့စကားကိုပဲ နားထောင်ခဲ့တယ်။ ဒါဟာ သခင့်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ပါဝင်ခဲ့တဲ့ စုဝေးပွဲတိုင်းမှာ သူတို့ရဲ့ မိတ်သဟာယက ကောင်းကောင်း ခိုင်လုံပြီး ကျမ်းစာနဲ့လည်း ကိုက်ညီတယ်၊ ဉာဏ်အလင်းရစရာလည်း ဖြစ်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သူတို့ရှင်းပြတာတွေက ရှင်းလင်းတယ်။ စုဝေးပွဲ နှစ်ခုသုံးခုကနေပဲ အရင်က ဘယ်တော့မှ မသိခဲ့တဲ့ သမ္မာတရားတော်တော်များများကို နားလည်ခဲ့တယ်၊ ဘုရားသခင်နဲ့ ပိုရင်းနှီးလာပြီး ကျွန်မရဲ့ ယုံကြည်ခြင်း ကြီးထွားလာတယ်လို့ ခံစားခဲ့ရတယ်။ ဒါက ဘုရားသခင်ဆီကဆိုတာ ရှင်းနေပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်လည်း ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အသင်းတော်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရှိသလား၊ ဒါမှမဟုတ် သမ္မာတရားရဲ့ အားဖြည့်မှု ရှိသလားဆိုတာကို မကြည့်ခဲ့ဘူး။ အဲဒီအစား သင်းအုပ်ဆရာက ကျမ်းစာကို ကောင်းကောင်းသိတယ်လို့ပဲ ယူဆပြီး သခင်ပြန်ကြွလာခဲ့ခြင်း ရှိမရှိဆိုတာကို သင်းအုပ်ဆရာပြောတဲ့စကားအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ သမ္မာတရားနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိတယ်ဆိုတာ ကျွန်မ သေချာနေပေမဲ့ စုံစမ်းဖို့ မဝံ့မရဲ ဖြစ်နေတုန်းပဲ။ ဒါဟာ သင်းအုပ်ဆရာကို ယုံကြည်နေတာ မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ်ပြီး ဘုရားသခင်ကို ယုံကြည်တာ၊ ဘုရားသခင်နောက်လိုက်တာ ဖြစ်မှာလဲ။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုခဲ့တဲ့အချိန်ကို ကျွန်မ စဉ်းစားမိတယ်။ ဗိမာန်တော်မှာ ဘုရားသခင်ကို အစေခံခဲ့တဲ့ ယဇ်ပုရောဟိတ်မင်းတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေအားလုံးက ကျမ်းစာတွေနဲ့ ပညတ်တော်တွေကို နှံ့နှံ့စပ်စပ် သိခဲ့ကြပေမဲ့ သူတို့က သခင်ယေရှုကို ကြွလာမယ့် မေရှိယအဖြစ် အသိအမှတ်မပြုခဲ့ကြဘူး။ အဲဒီအစား ကိုယ်တော့်ကို သဲကြီးမဲကြီး အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ်၊ ပြီးတော့ သူ့ကို ကားစင်တင်သတ်ခဲ့ကြတယ်။ ကျမ်းစာကို နှောကျေတာနဲ့ ဘုရားသခင်ကို သိတာက မတူဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်၊ တကယ်လို့ ကျွန်မသာ သင်းအုပ်ဆရာစကားကို မျက်စိစုံမှိတ်ပြီး နားထောင်နေမယ်ဆိုရင် ဒါဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဆန့်ကျင်ရာရောက်ပြီး ကိုယ်တော့်ကို ကျွန်မ အတိုက်အခံလုပ်မိနိုင်တယ်ဆိုတာကိုပေါ့။ ဒီလိုတွေးမိတော့ မင်ဒီနဲ့ ဒက်ကာတို့ရဲ့ စုဝေးပွဲတွေကို ဆက်တက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်မ စိတ်ပိုင်းဖြတ်နိုင်ခဲ့ရင် သူ့ကို လက်ခံပြီး သူ့နောက်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်ခေါက် စုဝေးပွဲမှာ ကျွန်မ မသဲကွဲတာတွေ သူတို့ကို ပြောပြလိုက်တယ်။ ဒက်ကာက ဒီလိုပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတစ်ယောက်ကို ယုံကြည်တယ်လို့ အစ်မရဲ့ သင်းအုပ်ဆရာပြောတဲ့စကားမှာ အခြေအမြစ်တစ်ခုခု ရှိလို့လား။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးပြီလား ဒါမှမဟုတ် သူ့အမှုတော်ကို စစ်ဆေးပြီးပြီလား။ အသင်းတော်ကို ဒီလို မျက်စိစုံမှိတ် ဝေဖန်ပြီး ပြစ်တင်ရှုတ်ချနေတာက ဘုရားသခင်ကို အတိုက်အခံလုပ်မိမှာကို သူ မကြောက်ဘူးလား။ ဖာရိရှဲတွေက သခင်ယေရှုကို သာမန်လူတစ်ယောက်အနေနဲ့ပဲ ဝေဖန်ခဲ့တယ်။ ကိုယ်တော် ဖော်ပြခဲ့တဲ့ သမ္မာတရားတွေကို သူတို့နားမထောင်ဘဲ ကိုယ်တော့်ကို သွေးရူးသွေးတန်း အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့တယ်၊ နောက်ဆုံးမှာ သူ့ကို ကားစင်တင်သတ်တဲ့အမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြလို့ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရတယ်။ ဒီနေ့ခေတ် ခရစ်ယာန်ဘုန်းတော်ကြီးတွေကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား ဟုတ်မဟုတ်၊ ဘုရားသခင်ရဲ့ အသံတော် ဟုတ်မဟုတ်ကို မကြည့်ဘဲ လုံးဝ ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချနေကြတယ်။ ဒါဟာ ဖာရိရှဲတွေလုပ်ခဲ့တဲ့ အမှားမျိုး မဟုတ်ဘူးလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တကယ်ပဲ လူ့ဇာတိခံ ဘုရား ဟုတ်မဟုတ်၊ ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ်မဟုတ်ဆိုတာကို ဘာသာရေးလောက ဒါမှမဟုတ် အစိုးရတစ်ခုခုရဲ့ အတည်ပြုခြင်း၊ မပြုခြင်းအပေါ်မှာမူတည်ပြီး ဆုံးဖြတ်တာမဟုတ်ဘူး။ အဲဒါထက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား ဟုတ်မဟုတ်ဆိုတာနဲ့ ကိုယ်တော်က ဘုရားသခင်ရဲ့ အလုပ်ကို လုပ်ဆောင်နေသလားဆိုတာကို ကျွန်တော်တို့ ကြည့်ရမယ်။ ဒါက အဓိကအချက်ပဲ” လို့ ပြောခဲ့တယ်။ လူ့ဇာတိခံယူခြင်းအကြောင်းကို ပိုရှင်းပြနိုင်ဖို့ ဒက်ကာက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တချို့ကို ဖတ်ပြခဲ့တယ်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် သူသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်နှင့်အမျှ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ ပုံမှန်လူ့သဘာဝရှိသော ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်ခြင်းသည် လွန်ကဲခြင်း လုံးဝ မဟုတ်ပေ။ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်၏ အနှစ်သာရ၊ လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ဉာဏ်ပညာတို့ ပိုင်ဆိုင်သောကြောင့်ဖြစ်၏။ မိမိတို့ကိုယ်ကို ခရစ်တော်ဟု ခေါ်သည့်တိုင် ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် အတုအယောင်များ ဖြစ်၏။ ခရစ်တော်သည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံမျှသာမက ဘုရားသခင်က မြေကြီးပေါ်တွင် သူ၏အမှုကို ဆောင်ရွက်ပြီး လူသားအလယ် သူ၏အမှုကို ပြီးစီးစေရန် ဘုရားသခင်ခံယူထားသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိပကတိကို မည်သည့်လူသား တစ်ဦးမျှ အစားထိုး၍ မရနိုင်ဘဲ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်သော ဇာတိပကတိဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိပကတိဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ပြီး လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြချက်ကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုကို မိမိနှင့်အတူ ယူဆောင်လာတော်မူ၏၊ ထို့အတူ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြကာ လူသားထံ သမ္မာတရားကို ယူဆောင်လာပေး၍ အသက်ကို အပ်နှင်းပြီး လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် သေချာပေါက် မဟုတ်ပေ။ ဤအရာနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို သတ်မှတ်ရန် သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ သို့ဖြစ်၍ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဟူသည့် အဓိကသော့ချက်မှာ သူ၏ အပြင်ပန်းပုံသဏ္ဌာန် မဟုတ်ဘဲ သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ)၌သာ တည်ရှိပေသည်။ လူတို့သည် သူ၏ အပြင်ပန်း အသွင်အပြင်ကိုသာ ဆန်းစစ်ကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို မျက်ကွယ်ပြုလိုက်ပါက ဤအရာက လူသည် မိုက်မဲ၍ အသိတရားကင်းမဲ့ကြောင်းကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

အဲဒီနောက် ဒက်ကာက ဒီလိုမိတ်သဟာယကို ဝေမျှခဲ့တယ်။ “ဘုရားသခင် လူ့ဇာတိခံတယ်ဆိုတာက ဘုရားသခင်ရဲ့ ဝိညာဉ်တော်က ဇာတိပကတိကို ဆင်မြန်းတာပဲ။ သူက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာပေါ်မှာ ပြောဆို၊ အလုပ်လုပ်ပြီး သာမန်လူတစ်ယောက် ဖြစ်လာတယ်။ လူ့ဇာတိခံ ဘုရားသခင်က အရမ်းသာမန်ဖြစ်တယ်၊ အရမ်းပုံမှန်ဖြစ်တယ်လို့ထင်ရတယ်။ သူက ပုံမှန်လူ့သဘာဝပိုင်ဆိုင်ပြီး တခြားလူတွေလိုပဲ ပုံမှန်စားတယ်၊ ဝတ်တယ်။ ပြီးတော့ ပုံမှန်လူ့ခံစားချက်တွေလည်း ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ အနှစ်သာရက ထူးကဲတယ်။ သူက လူတွေရဲ့ လိုအပ်ချက်တွေအတိုင်း အချိန်မရွေး၊ နေရာမရွေး သူတို့ကို အားဖြည့်ဖို့ သမ္မာတရားကို ဖော်ပြနိုင်တယ်။ သူက ဘုရားကိုယ်တိုင်ရဲ့ အလုပ်ကို လုပ်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့ရှိခြင်းနဲ့ ဖြစ်ခြင်းကို ဖော်ပြတယ်။ ဒါက ဘယ်ဖန်ဆင်းခံတစ်ဦးကမှ မလုပ်နိုင်တဲ့အရာပဲ။ ဒါက သခင်ယေရှုလိုပဲ၊ သမ္မာတရားကို ဖော်ပြပြီး နောင်တရခြင်း လမ်းခရီးကို ယူဆောင်လာခဲ့တဲ့ သာမန်လူတစ်ယောက်လို ပုံစံရှိတယ်၊ သူက လူရဲ့အပြစ်တွေကို ခွင့်လွှတ်ခဲ့ပြီး ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကြင်နာတဲ့ စိတ်သဘောထားတွေကို ဖော်ပြခဲ့တယ်။ ကိုယ်တော်က ဖျားနာသူတွေကို အနာငြိမ်းစေခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီးတော့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်နဲ့ လူငါးထောင်ကို ကျွေးတာ၊ စကားတစ်ခွန်းတည်းနဲ့ လေနဲ့ပင်လယ်ကို ငြိမ်သက်စေတာ၊ လူသေကို ပြန်ရှင်စေတာတွေ စတဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေ အများကြီး ပြုလုပ်ခဲ့တယ်။ သူက ဘုရားသခင်ရဲ့ တန်ခိုးနဲ့ ဩဇာအာဏာကို ပြသခဲ့တယ်။ နောက်ဆုံး ကားတိုင်မှာ သံမှိုရိုက်တာခံခဲ့ရပြီး လူသားမျိုးနွယ်ကို အပြစ်ကနေ ရွေးနုတ်တဲ့အလုပ်ကို ပြီးမြောက်စေခဲ့တယ် လို့ ပြောခဲ့တယ်။ သခင့်ရဲ့ အလုပ်နဲ့ နှုတ်ကပတ်တော်တွေ၊ ပြီးတော့ သူဖော်ပြခဲ့တဲ့ စိတ်သဘောထားတွေကနေ သူဟာ လူ့ဇာတိခံ ဘုရားသခင်ဖြစ်တယ်၊ ခရစ်တော်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ မြင်နိုင်တယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် နောက်တစ်ကြိမ် လူ့ဇာတိခံခဲ့တယ်။ သခင်ယေရှုလိုပဲ သူဟာ အပြင်ပန်းကကြည့်ရင် ပုံမှန်လူတစ်ယောက်လိုပဲ၊ လူသားမျိုးနွယ်ကြားမှာ တကယ်ပဲ အသက်ရှင်နေထိုင်တယ်၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ ကိုယ်တော်ဟာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအလုပ်ကို လုပ်ဆောင်တယ်၊ သူတို့ကို အပြစ်ရဲ့ချည်နှောင်မှုကနေ လုံးဝလွတ်မြောက်စေပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဦးဆောင်လမ်းပြပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုအားလုံးကို ဖွင့်ပြတယ်။ ဒါတွေထဲမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်ဆိုတဲ့ ဘုရားသခင်ရဲ့ အမှုတော် အဆင့်သုံးဆင့်နဲ့ဆိုင်တဲ့ သမ္မာတရားနဲ့ သူတို့ ရရှိတဲ့အရာတွေ၊ ဘုရားသခင်ရဲ့ နာမတော်တွေနဲ့ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အရေးပါမှု၊ ဘုရားသခင်က ခေတ်ကို ဘယ်လိုအဆုံးသတ်ပြီး လူတွေကို အမျိုးအစားအလိုက် ဘယ်လိုခွဲခြားမလဲဆိုတာနဲ့၊ လူအမျိုးမျိုးရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တွေ၊ ခရစ်တော်ရဲ့ နိုင်ငံတော်က ကမ္ဘာမြေပေါ်မှာ ဘယ်လိုအကောင်အထည်ပေါ်လာမလဲဆိုတာနဲ့ နောက်ထပ် အကြောင်းအရာတွေ ပါဝင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က စာတန်ကြောင့် ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း သမ္မာတရားနဲ့ ဘုရားကို အတိုက်အခံလုပ်တဲ့ ကျွန်တော်တို့ရဲ့ စာတန်ဆန်တဲ့ သဘာဝကိုလည်း ထုတ်ဖော်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ စက်ဆုပ်စရာကောင်းခြင်းတို့လို ကျွန်တော်တို့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတွေကို သိနိုင်တယ်။ ကိုယ်တော်က ကျွန်မတို့ကို ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်ခဲ့ပြီး ကျွန်တော်တို့ရဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့အတွက် တိကျတဲ့လမ်းကြောင်းနဲ့ နောက်ထပ် အကြောင်းအရာ အများကြီးကို ပြခဲ့တယ်။ ဘုရားသခင်ကလွဲရင် ဘယ်သူက သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေကို ဖွင့်ပြနိုင်မှာလဲ။ တခြားဘယ်သူက လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ တရားစီရင်ခြင်းအလုပ်ကို လုပ်ဆောင်နိုင်မှာလဲ။ တခြားဘယ်သူက ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကို ထုတ်ဖော်နိုင်မှာလဲ။ ပြီးတော့ တခြားဘယ်သူက လူတွေရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တွေကို ဆုံးဖြတ်ပေးနိုင်မှာလဲ။ လူ့ဇာတိနဲ့ ဘုရားသခင်တစ်ပါးတည်းသာ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအတွက် ဒီလိုလက်တွေ့ကျတဲ့အလုပ်ကို လုပ်ဆောင်နိုင်တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေအားလုံးကို သခင်ယေရှုရဲ့ ရွေးနုတ်ခြင်း အမှုတော် အခြေခံအုတ်မြစ်အပေါ်မှာ လုပ်ဆောင်တာဖြစ်တယ်။ ဒါဟာ ပိုပြီးအသစ်ဖြစ်တဲ့၊ ပိုပြီးမြင့်မားတဲ့ အမှုတော် အဆင့်တစ်ခုပဲ။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတယ်။ ‘သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့တဲ့ သမ္မာတရားတွေ၊ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းအလုပ်နဲ့ ကိုယ်တော်ပြသခဲ့တဲ့ စိတ်သဘောထားတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိနဲ့ ဘုရားသခင်၊ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို သက်သေပြနေတယ်။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာတဲ့ ခရစ်တော်ပဲ။ သူက ခရစ်တော်ဟုတ်မဟုတ်ဆိုတာကို အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။ အဓိကကတော့ သူ သမ္မာတရားကို ဖော်ပြနိုင်ခြင်း ရှိမရှိဆိုတာနဲ့ လူသားမျိုးနွယ်ကို ရွေးနုတ်ပြီး ကယ်တင်နိုင်ခြင်း ရှိမရှိဆိုတာပဲ” လို့ပေါ့။

ဒက်ကာရဲ့ မိတ်သဟာယက ကျွန်မအတွက် တကယ်ကို အသိဉာဏ်ပွင့်လင်းစေခဲ့တယ်။ လူ့ဇာတိခံ ဘုရားသခင်ဆိုတာ ပုံမှန်လူတစ်ယောက်ရဲ့ ဇာတိပကတိကို ဆင်မြန်းထားတဲ့ ကောင်းကင်ဘုံရှင် ဘုရားသခင်ပဲ။ သူ့ပုံစံက သာမန်နဲ့ ရိုးရိုးလေးပဲ။ ဒါပေမဲ့ ကိုယ်တော့်မှာ ဘုရားသခင်ရဲ့ အနှစ်သာရရှိတယ်။ ကိုယ်တော်က သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားသခင် ကိုယ်တိုင်ရဲ့အလုပ်ကို လုပ်ဆောင်နိုင်တယ်။ ဒါဟာ ဘယ်လူသားမှ မပိုင်ဆိုင်နိုင်တဲ့၊ မလုပ်နိုင်တဲ့အရာတစ်ခုပဲ။ လူ့ဇာတိခံ ဘုရားသခင်ကလွဲရင် တခြားဘယ်သူက လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေကို ဒီလောက်ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ သမ္မာတရားတွေကို မဖတ်ဘဲ အသွင်အပြင်နဲ့ပဲ တန်ဖိုးဖြတ်မယ်ဆိုရင် ခရစ်တော်ကို သာမန်လူတစ်ယောက်အနေနဲ့ အထင်မှားပြီး ဘုရားသခင်ကို ငြင်းပယ်တာ၊ ဆန့်ကျင်တာမျိုးတွေ ဖြစ်သွားဖို့ တကယ့်ကို အလွယ်လေးပဲ။

နောက်တော့ မင်ဒီက မိတ်သဟာတချို့ကို ဝေမျှခဲ့တယ်။ သူက ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဟာ ကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝပြည့်စုံစေတယ်။ ကိုယ်တော်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ဂိုဏ်းဂဏ အတော်များများက စစ်မှန်တဲ့ယုံကြည်သူ အများကြီးဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ကြပြီး ဒါတွေဟာ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာ သေချာသွားကြလို့ အနန္တတန်ခိုးရှင် ဘုရားသခင်ဘက်ကို လှည့်လာကြပြီ။ ကိုယ်တော်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်။ ခရစ်ယာန်ဘုန်းတော်ကြီတွေက ဒီအကြောင်းကို သေချာပေါက် ကြားပြီး၊ မြင်ပြီးကြမှာပဲ၊ ဒါဆို သူတို့က ဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို မရှာဖွေ၊ မစုံစမ်းကြတာလဲ၊ ဘာလို့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ကြတာလဲ။ ဘာလို့ ကိုယ်တော့်ကို မလျှော့တမ်း အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချနေကြတာလဲ။ အဲဒီတုန်းက ဖာရိရှဲတွေက သခင်ယေရှုက ဖျားနာသူတွေကို အနာငြိမ်းစေတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်တယ်၊ နောင်တတရားလမ်းကို ဟောပြောတယ်ဆိုတာနဲ့ ဒီအရာတွေက ဘုရားသခင်ဆီက လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိခဲ့ကြပေမဲ့ ကိုယ်တော်ဟာ နာဇရက်မြို့သား၊ လက်သမားတစ်ယောက်ရဲ့သားပဲလို့ပြောပြီး သူ့ကို သိရဲ့သားနဲ့ ငြင်းပယ်ခဲ့ကြတယ်၊ သူတို့က ကိုယ်တော့်ကို အပြင်းအထန် ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတဲ့အပြင် သူ့ကို ကားစင်တင်သတ်ဖို့ ရောမအစိုးရနဲ့ ပူးပေါင်းခဲ့ကြတယ်။ ခရစ်တော်ကို သူတို့ ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ်။ ခရစ်တော်ရဲ့ ရန်သူတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ဟာ ဘုရားအမှုတော်က ထုတ်ဖော်ခဲ့တဲ့ အန္တိခရစ်တွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းပြီး အမှုပြုနေပြီ၊ အခု သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအလုပ်ကို လုပ်ဆောင်ဖို့ သမ္မာတရားတွေ ဖော်ပြတယ်ဆိုတာ သိနေကြပြီ။ သူတို့က ဒါကို ရှာဖွေစူးစမ်းဖို့ ငြင်းဆန်ရုံတင်မကဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချဖို့အတွက် မိစ္ဆာအယူတွေနဲ့ ယုတ္တိအမှားတွေကို ဖြန့်ဝေနေကြတယ်။ သူတို့ရဲ့ အသင်းတော်တွေထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချတဲ့ စီစီပီရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ နတ်ဆိုးဆန်တဲ့ စကားတွေကို ဖြန့်ဝေကြတယ်၊ ပြီးတော့ ကိုယ်တော့်ကို ဆန့်ကျင်ဖို့ ဘုရားမဲ့ဝါဒီပါတီနဲ့ ပူးပေါင်းကြတယ်။ သူတို့က သခင်ယေရှုကို အတိုက်အခံလုပ်ခဲ့တဲ့ ဖာရိရှဲတွေနဲ့ ဘယ်လိုများ ကွာခြားနေလို့လဲ။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှ ‘လူ့ဇာတိခံ ယေရှုခရစ်ကို ငြင်းသော အထင်အမြင်မှားစေသူများစွာ လောကသို့ရောက်ပြီ။ ထိုသူသည် အထင်အမြင်မှားစေသူ၊ အန္တိခရစ်တည်း။’ (ရှင်ယောဟန်သြဝါဒစာဒုတိယစောင် ၁:၇) ‘လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။’ (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၄:၃) ခရစ်ယာန်ဘုန်းတော်ကြီးတွေက ခရစ်တော်ကို ငြင်းပယ်တယ်၊ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ကို ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်တယ်၊ ပြီးတော့ ဘုရားသခင်ကို ခေါင်းမာမာနဲ့ အတိုက်အခံလုပ်နေကြတယ်။ သူတို့ဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်က ထုတ်ဖော်တဲ့ အန္တိခရစ်တွေပဲ မဟုတ်ဘူးလား” တဲ့။

မင်ဒီရဲ့ မိတ်သဟာယကြောင့် ကျွန်မစိတ်ထဲက သံသယတွေ နောက်ဆုံးတော့ ရှင်းသွားခဲ့တယ်။ ခရစ်ယာန်ဘုန်းတော်ကြီး အဖွဲ့ဝင်တွေက ခရစ်တော်ကိုရော လူ့ဇာတိခံယူခြင်းအကြောင်းကိုရော ဘာမှမသိဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ သူတို့က သခင်ယေရှုကို ယုံကြည်ကြပေမဲ့ ကိုယ်တော်ရဲ့ အနှစ်သာရကို လုံးဝမသိကြဘူး။ သခင်ယေရှုက သမ္မာတရား အများကြီးကို ဖော်ပြရင်းနဲ့ လူ့ဇာတိနဲ့ အမှုပြုဖို့ ပြန်ကြွလာခဲ့ပြီဖြစ်ပေမဲ့ သူတို့က သခင်ယေရှု ပြန်ကြွလာပြီဆိုတာကို အသိအမှတ်ပြုဖို့ မပြောနဲ့၊ အဲဒါကို ရှာဖွေတာလည်း မလုပ်၊ စုံစမ်းတာလည်း မလုပ်ဘူး။ သူတို့က ကိုယ်တော့်ကို မဆင်မခြင် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်ကြတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ ရန်သူတွေပဲ။ ကျွန်မ သူတို့နောက် ဆက်လိုက်လို့ မဖြစ်တော့ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီး ဘုရားရဲ့ ခြေလှမ်းတွေကို အမှီလိုက်ရမယ်ဆိုတာ သိခဲ့တယ်။ ကျွန်မရဲ့ သင်းအုပ်ဆရာက ဘယ်လိုပဲ နှောင့်ယှက်ပြီး အထင်အမြင်မှားအောင်လုပ်ပါစေ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။

သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ သင်းအုပ်ဆရာက ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နေတယ်ဆိုတာ သိသွားတယ်။ သူ ချက်ချင်းပဲ ဒေါသတွေပေါက်ကွဲပြီးတော့ ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လို့ဆိုပြီး ဒေါသနဲ့ ဝေဖန်ပြောဆိုခဲ့တယ်။ သူက ကျွန်မဟာ လူတစ်ယောက်ကို ယုံကြည်နေတာ၊ ဒါက မှားတယ်လို့ပြောပြီး ကျွန်မစိတ်ပြောင်းအောင် ကျွန်မယောကျာ်းကို ကြိုးစားခိုင်းတယ်။ ကျွန်မယောက်ျားက သင်းအုပ်ဆရာရဲ့ နတ်ဆိုးဆန်တဲ့ စကားတွေကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိတော့ ကျွန်မရဲ့ယုံကြည်ခြင်းလမ်းကို သူ စပြီးတားဆီးတော့တယ်။ သူက တခြားလူတစ်ယောက်လို ဖြစ်သွားခဲ့တယ်။ ကျွန်မ စုဝေးပွဲတက်နေတာကို တွေ့လိုက်တိုင်း ကျွန်မကို ဒေါသထွက်ပြီး ပစ္စည်းတွေကို ပစ်ပေါက်တယ်၊ ကျွန်မ ယုံကြည်ခြင်းကို စွန့်လွှတ်အောင် အတင်းဖိအားပေးဖို့အတွက် ကျွန်မတို့ရဲ့ မိသားစုစီးပွားရေးကိုတောင် လျစ်လျူရှုထားခဲ့တယ်။ အဲဒါက ကျွန်မအတွက် တကယ်ကို နာကျင်စရာကောင်းခဲ့တယ်။ သင်းအုပ်ဆရာရဲ့ ဇနီးကလည်း ကျွန်မကို တားဆီးဖို့ ကြိုးစားနေခဲ့တာပဲ။ သူက ကျွန်မအိမ်မှာ တစ်ခါလာရင် နာရီနဲ့ချီ နေတတ်ပြီး သူနဲ့ အဖော်လုပ်ပေးနေရလို့ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်နိုင်ခဲ့ဘူး။ အိမ်အလုပ်ကိုတောင် ကျွန်မ မနိုင်နင်းနိုင်အောင် ဖြစ်ခဲ့ရတယ်။ အဲဒါတွေအားလုံးကြောင့် ကျွန်မ နေမထိထိုင်မထိ ဖြစ်ရတယ်။

သင်းအုပ်ဆရာရဲ့ လုပ်ရပ်တွေက ကျွန်မကို တကယ်ပဲ ဒေါသထွက်စေခဲ့တယ်။ သူက သခင်ယေရှုရဲ့ ပြန်ကြွလာခြင်းကို မရှာဖွေ၊ မစုံစမ်းတဲ့အပြင် မှန်သောလမ်းခရီးကို လက်မခံအောင် ကျွန်မကို မိစ္ဆာအယူတွေ၊ ယုတ္တိအမှားတွေနဲ့ ကျွန်မကို အထင်အမြင်မှားအောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းကို ကျွန်မ ဆုံးရှုံးအောင်လို့ ကျွန်မရဲ့လမ်းကို တားဆီးဖို့ ကျွန်မယောက်ျားကိုတောင် သွေးထိုးအသုံးချခဲ့တယ်။ သခင်ယေရှုက ဖာရိရှဲတွေကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချခဲ့တာကို ကျွန်မ စဉ်းစားမိတယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) မျက်မှောက်ခေတ် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကလည်း အဲဒီအတိုင်းပဲလို့ ကျွန်မ ခံစားမိတယ်။ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကို မကြားသလို သခင့်ကို မကြိုဆိုတဲ့အပြင် သခင့်ကိုကြိုဆိုပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ချင်တဲ့ ကျွန်မတို့ကို အထင်အမြင်လွဲအောင်လုပ်ပြီး တားဆီးဖို့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ ယုတ္တိအမှားတွေကို ဖြန့်ဝေကြတယ်၊ သူတို့က ကျွန်မတို့ကို သူတို့နဲ့အတူ ငရဲကိုသွားပြီး အပြစ်ပေးတာခံစေချင်တယ်၊ သူတို့နဲ့အတူ သင်္ဂြိုဟ်ခံစေချင်တယ်။ သူတို့ဟာ ကောင်းကင်နိုင်ငံတော်လမ်းပေါ်က ကျွန်မတို့ရဲ့ ခလုတ်တံသင်းတွေပဲ။ သူတို့ဟာ လူ့ဝိညာဉ်ကို ဝါးမျိုတဲ့ အန္တိခရစ်တွေနဲ့ နတ်ဆိုးတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတဲ့အတိုင်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင် “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသည့်တိုင် ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သာ၍ပင် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသုံးမကျသော လူယုတ်မာများ ဖြစ်ကြပြီး ‘ဘုရားသခင်’ကို ဩဝါဒခြွေရန် အမြင့်တွင် အသီးသီး ရပ်နေကြသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလံကို လွှင့်ထူထားသည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သောသူများ၊ ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို ချိတ်ဆွဲထားရင်း လူ၏ အသားကိုစားပြီး လူ၏အသွေးကိုသောက်သောသူများ ဖြစ်ကြသည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် ဆိုးယုတ်သော နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ လူတို့ တက်ရောက်ခြင်းကို တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်ဖြစ်ပြီး ဘုရားသခင်ကို လူတို့၏ ရှာဖွေခြင်းအား ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ခိုင်မာသည့် ရုပ်ပိုင်းဆိုင်ရာအခြေအနေ’ ရှိပုံရကြသော်လည်း ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့စိတ်ဝိညာဉ်များကို ဝါးမျိုရန် ရည်စူးမြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်) သင်းအုပ်ဆရာရဲ့ သူတော်ကောင်းယောင်ဆောင်တဲ့၊ သမ္မာတရားမုန်းတဲ့ အနှစ်သာရကို ကျွန်မ ထိုးထွင်းသိမြင်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ဖို့ ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့တယ်။ ကျွန်မက သင်းအုပ်ဆရာတွေကို အမြဲ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခဲ့ပြီး ကျမ်းစာကို ကောင်းကောင်းသိတဲ့အပြင် ဘုရားကို အစေခံတဲ့ ဒီလူတွေက တကယ်တမ်းမှာ ယုံကြည်သူတွေ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်တာကို တားဆီးတဲ့ သမ္မာတရားကိုမုန်းတီးတဲ့ အန္တိခရစ်တွေဖြစ်လိမ့်မယ်လို့ ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ အသင်းတော်တွေထဲမှာ ပုန်းကွယ်နေတဲ့ ဒီဆိုးယုတ်တဲ့ အစေခံတွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်လို့ လူ့ဇာတိနဲ့ ပေါ်ထွန်းပြီး အမှုမပြုခဲ့ရင် ကျွန်မ သိတောင် မသိလိုက်ဘဲနဲ့ သင်းအုပ်ဆရာက ကျွန်မကို အထင်အမြင်မှားအောင်လုပ်ပြီး ဖျက်ဆီးခဲ့မှာပဲ။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံနိုင်ခဲ့တာဟာ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကယ်တင်ခြင်းပဲ။

အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ကို အားကိုးပြီး ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့တယ်၊ ကျွန်မယောက်ျားလည်း ကျွန်မရဲ့လမ်းကို မတားဆီးတော့ဘူး။ အခု ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့အတူ စုဝေးပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အတူတူ မိတ်သဟာယဖွဲ့တယ်၊ ပြီးတော့ အသင်းတော်မှာလည်း ကိုယ့်တာဝန်ကို စပြီးထမ်းဆောင်နေပြီ။ ကျွန်မမှာ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ပြည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၅၀။ ဟန်ဆောင်ခြင်းက ကျွန်မကို ဒုက္ခတွေ့စေပြီ

နောက်တစ်ခုသို့- ၅၂။ ကြီးကြပ်လမ်းညွှန်မှုကို လက်ခံရန် သင်ယူခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။