၉၃။ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း၌ တစ်မူထူးခြားသော အတွေ့အကြုံတစ်ခု

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းမှာ၊ ကျွန်မတာဝန်ထမ်းဆောင်နေတဲ့နေရာက ကမ္ဘာ့ကပ်ရောဂါအခြေအနေက ပိုပိုပြီး ဆိုးရွားလာခဲ့တယ်။ သုံးလေးရက်အတွင်းမှာပဲ အနီးအနားတစ်ဝိုက်က နေရာတချို့ဟာ စိုးရိမ်ရတဲ့နေရာတွေ ဖြစ်သွားခဲ့တယ်။ အဲဒီနောက်ချက်ချင်းပဲ တစ်နိုင်ငံလုံးကို ပိတ်ဆို့လိုက်ပြီး လူတိုင်းကို အိမ်မှာပဲ သီးသန့်ခွဲနေထိုင်ခိုင်းခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မနေထိုင်တဲ့ရပ်ကွက်ထဲမှာ ကမ္ဘာ့ကပ်ရောဂါက အမြန်ပြန့်ပွားသွားပြီး လူတစ်ရာကျော်ဟာ တစ်ယောက်ပြီးတစ်ယောက် သီးသန့်ခွဲထားဖို့ ခေါ်သွားတာခံခဲ့ရတယ်၊ ရပ်ကွက်ထဲကလူတွေလည်း ဆက်တိုက် အခေါ်ခံနေရတုန်းပဲ။ ရောဂါက ဒီလောက်မြန်မြန်ပျံ့နှံ့သွားတာကို ကျွန်မ မယုံနိုင်ခဲ့ဘူး၊ သုံးလေးရက်ထဲနဲ့တင် လူတွေအများကြီး ကူးစက်ခံခဲ့ရတယ်။ ကျွန်မ စိုးရိမ်စိတ်မဝင်ဘဲ မနေနိုင်ခဲ့ဘူး၊ “ငါနဲ့ ငါ့အလုပ်ဖော်တွေရော ကူးစက်ခံရမှာလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါတို့က ဘာသာတရားမရှိသူတွေနဲ့ မတူဘူး။ ငါတို့ယုံကြည်သူတွေက ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်တာခံရတယ်။ ပြီးတော့လည်း၊ ငါတို့က ဗီဒီယိုအလုပ်ကို တာဝန်ယူထားတာ၊ ဒါက တော်တော်အရေးကြီးတယ်။ ငါတို့အလုပ်ကလည်း အကျိုးရလဒ်ကောင်းတွေ ရနေတာပဲ။ တခြားနေရာက ညီအစ်ကိုမောင်နှမတွေမှာ ပြဿနာတွေရှိနေရင်၊ သူတို့က ငါတို့ဆီကို အကူအညီတောင်းဖို့ စာရေးကြမှာပဲ။ ငါတို့သာ ကူးစက်ခံရပြီး တာဝန်တွေမထမ်းဆောင်နိုင်ရင် အလုပ်တွေ နှောင့်နှေးသွားမှာမဟုတ်ဘူးလား။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ ‘သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။’ (ဆာလံကျမ်း ၉၁:၇) ဘုရားသခင်က ခွင့်မပြုရင် တစ်ရပ်ကွက်လုံး ကူးစက်ခံရရင်တောင် ငါတို့ ဘာမှဖြစ်မှာမဟုတ်ဘူး” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မကို တည်ငြိမ်မှုနဲ့ ပြောပြလို့မရတဲ့ ထူးကဲတဲ့စိတ်ကို ခံစားရစေခဲ့တယ်။ တစ်ခါတလေ ကူးစက်ခံရမှာကြောက်တဲ့ ဧည့်ခံအိမ်ကညီအစ်မတွေကို တွေ့ရပြီး သူတို့ဟာ ယုံကြည်ခြင်းနည်းလွန်းသလိုမျိုး ကျွန်မ ခံစားမိတယ်။ စိတ်ထဲမှာတော့၊ “ရှင်တို့က ကျွန်မတို့ကို ဧည့်ခံနေတာ၊ ဘုရားသခင်က ရှင်တို့ကိုလည်း ကာကွယ်ပေးမှာပါ” လို့ ကျွန်မ တွေးမိတယ်။

မကြာခင်မှာပဲ ကျွန်မနေထိုင်တဲ့ရပ်ကွက်ထဲမှာ ကမ္ဘာ့ကပ်ရောဂါက အကြီးအကျယ် ပြန့်ပွားသွားပြီး။ နေ့တိုင်း အလုပ်သမားတွေက အပြင်ဘက်ကွင်းပြင်ကျယ်တွေကို ပိုးသတ်ဆေးဖြန်းနေတာကို ကျွန်မတွေ့ရတဲ့အပြင် ဧည့်ခံအိမ်ကညီအစ်မတွေကလည်း ဘာသာတရားမရှိသူတွေ သီးသန့်ခွဲနေဖို့ ဆက်တိုက် အခေါ်ခံနေရတဲ့အကြောင်းကို ခဏခဏ ပြောကြတယ်။ ယုံကြည်သူတစ်ယောက်ဖြစ်ရတာကို ကျွန်မ အရမ်းဝမ်းသာခဲ့ပြီး ဘုရားသခင်ရဲ့လက်ထဲက ကလေးငယ်တစ်ယောက်လို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ဆိုရင် ကမ္ဘာ့ကပ်ရောဂါက ကျွန်မတို့ကို ဘယ်လိုမှ ထိနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ၊ ကျွန်မနဲ့အတူပူးတွဲအလုပ်လုပ်နေတဲ့ ညီအစ်မတစ်ယောက်က ရေချိုးပြီးတဲ့နောက် ရုတ်တရက် ဖျားပြီး ချောင်းဆိုးလာတယ်။ အဲဒီနောက် ဧည့်ခံအိမ်ကညီအစ်မတွေလည်း ဖျားပြီး ခေါင်းကိုက်လာကြတော့၊ ကျွန်မ စိတ်ထဲမှာ တွေးမိလာတယ်၊ “သူတို့ ကူးစက်ခံလိုက်ရတာများလား” ပေါ့။ ဒါပေမဲ့ ဒီအတွေးတွေကို ကျွန်မ အမြန်ဖယ်ရှားလိုက်ပြီး ဒါတွေ မမှန်နိုင်ဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ ကျွန်မတစ်ကိုယ်လုံး ရုတ်တရက် ကိုက်ခဲပြီး အားနည်းလာတယ်၊ နောက်ညီအစ်မတစ်ယောက်လည်း ဖျားလာတယ်။ ကျွန်မတို့ စစ်ဆေးကြည့်လိုက်တော့၊ ကျွန်မတို့ရော ဧည့်ခံညီအစ်မတွေရော အကုန်လုံး ပိုးတွေ့ခဲ့ကြတယ်။ အစပိုင်းမှာတော့ ဒါကို တကယ်လို့ ကျွန်မ လုံးဝမယုံနိုင်ရဲခဲ့ဘူး၊ ဘယ်လိုကူးစက်ခံရမှန်းလည်း မသိခဲ့ဘူး။ ကျွန်မရဲ့ လတ်တလော တာဝန်တွေမှာ ပြုမူခဲ့ပုံတွေကို ပြန်စဉ်းစားနေမိပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်၊ “ငါ ဘုရားသခင်ကို သိသိသာသာ အတိုက်အခံလုပ်တဲ့အရာ ဘာမှမလုပ်ခဲ့ဘူး၊ ငါတို့အလုပ်ကလည်း တော်တော်လေး အဆင်ပြေနေတာပဲ။ ငါ အပြစ်ပေး မခံရသင့်ဘူး၊ ဒါဆို ဘာလို့ ငါ ကူးစက်ခံရတာလဲ။ ဘုရားသခင်က ငါ့ရဲ့ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာတာကို မြင်လို့ ငါ ဘုရားသခင်အတွက် သက်သေခံနိုင်အောင်လို့ ငါ့ကို စမ်းသပ်ဖို့ ဒီရောဂါကို အသုံးပြုနေတာများလား။ ဒီလိုသာဆိုရင်၊ ငါ မညည်းညူဘဲ ငါ့တာဝန်ကို ဆက်ထမ်းဆောင်နေသရွေ့ ဘုရားသခင်က ငါ့ကို ဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူး” လို့ပေါ့။ အဲဒီနောက်မှာတော့ အရင်ကလိုပဲ ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ဖို့၊ ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ဆိုရင် ကျွန်မရဲ့ အခြေအနေက မကြာခင် ပြန်ကောင်းလာမှာပဲလို့ ကိုယ့်ကိုယ်ကိုယ် မပြတ် သတိပေးနေခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မထင်သလို ဖြစ်မလာခဲ့ဘူး၊ ကျွန်မရဲ့အခြေအနေက မကောင်းလာရုံတင်မကဘဲ ပိုပိုပြီး ဆိုးရွားလာခဲ့တယ်။ ကျွန်မအဖျားက တက်လိုက်ကျလိုက်ဖြစ်နေပြီး တစ်ကိုယ်လုံး အရမ်းကိုက်ခဲနေတယ်၊ အထူးသဖြင့် လည်ချောင်းက နာပြီး ရောင်နေခဲ့တယ်။ အစာစားတာဖြစ်ဖြစ်၊ ရေသောက်တာဖြစ်ဖြစ် ကြိုးစားတိုင်း ဓားကိုမျိုချနေရသလို ခံစားရပြီး ညအိပ်တဲ့အခါ နှာခေါင်းပိတ်နေလို့ ပါးစပ်နဲ့ပဲ အသက်ရှူနိုင်ခဲ့တယ်၊ အဲဒါက လည်ချောင်းကို ပိုပြီးတော့တောင် နာကျင်ခြောက်သွေ့စေခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ “ဒီရောဂါက ဘာလို့ မသက်သာသေးတာလဲ” လို့ ညည်းတွားလာတယ်။ အထူးသဖြင့် နှစ်ညလောက်ကို ရင်ဘတ်အောင့်ပြီး အသက်ရှူရခက်နေခဲ့တယ်။ ရောဂါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ သေဆုံးသွားခဲ့တဲ့သူတွေရဲ့ ပုံရိပ်တွေကို ကျွန်မ တွေးမိပြီး၊ ပိုလို့တောင် ကြောက်လာခဲ့တယ်။ ကျွန်မ စိုးရိမ်နေမိတယ်၊ “ငါ့အခြေအနေက ဘယ်လိုဖြစ်လို့ ပိုဆိုးလာရတာလဲ။ ငါ သေတော့မှာလား။ ဒီရောဂါနဲ့ ဘုရားသခင်က ငါ့ကို စမ်းသပ်နေတာလား၊ ဒါမှမဟုတ် အပြစ်ပေးနေတာလား” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မစိတ်နှလုံးကို အရမ်းလေးလံစေခဲ့တယ်။ အထူးသဖြင့် အဲဒီ နေမကောင်းဖြစ်နေတဲ့ ရက်အနည်းငယ်အတွင်းမှာ အိမ်ထဲမှာ မိုးရွာပြီး အေးစိမ့်နေတော့၊ ကျွန်မအပေါ်မှာ သေခြင်းတရားရဲ့ အရိပ်အငွေ့တွေ လွှမ်းခြုံနေသလိုမျိုးပဲ၊ ကျွန်မစိတ်ထဲမှာ ဖော်ပြလို့မရတဲ့ ခါးသီးမှုတစ်မျိုးကို ခံစားခဲ့ရပြီး၊ ဘုရားသခင်က စွန့်ပစ်လိုက်သလိုမျိုး ခံစားခဲ့ရတယ်။ ကျွန်မရဲ့ အရင်က ထူးကဲတဲ့စိတ်က ဒီအချိန်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ အရင်က ဘုရားသခင်က ကျွန်မကို ကျေးဇူးပြုပြီး ကောင်းချီးပေးခဲ့ပုံ၊ တခြားသူတွေက ကျွန်မကို အထင်ကြီးလေးစားပြီး အားကျခဲ့ကြပုံတွေကို ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်မ လုံးဝ အရေးမပါတဲ့သူတစ်ယောက်လို ခံစားနေရပြီး၊ တစ်နေ့ကျရင် တိတ်တဆိတ် ပျောက်ကွယ်သွားနိုင်သလိုမျိုးပဲ...ကျွန်မ အဲဒီအကြောင်းကို စဉ်းစားလေလေ၊ ပိုပြီး စိတ်ဆင်းရဲလေလေပဲ၊ ကျွန်မရှေ့ကလမ်းက မှောင်မိုက်သွားသလိုမျိုး၊ ဘာမှလုပ်ဖို့ အင်အားမရှိတော့သလိုမျိုးပေါ့။ နေမကောင်းဖြစ်လို့ ခံစားရတဲ့ မကောင်းတဲ့တုံ့ပြန်မှုတွေနဲ့ပေါင်းပြီး ကျွန်မ လှဲအိပ်ပြီး အနားယူချင်စိတ်ပဲ ရှိတော့တယ်။ ကိုယ့်တာဝန်ကို စွဲစွဲမြဲမြဲ လုပ်ရမယ်မှန်း သိပေမဲ့လည်း၊ ကျွန်မတစ်ကိုယ်လုံးမှာ အားအင်တွေ လုံးဝ ကုန်ခမ်းနေခဲ့ပြီး၊ ကျွန်မ တွေးမိတယ်၊ “ငါ နေကောင်းမလာရုံတင်မကဘူး၊ တကယ်တမ်းမှာ ပိုပိုပြီး ဆိုးလာနေပြီ။ ငါ့တာဝန်ကိုလည်း ဆက်မလုပ်နိုင်တော့ဘူး၊ ဘာသက်သေခံချက်မှလည်း မပေးရသေးဘူး။ ဒါ ငါ့အတွက် အဆုံးသတ်ပဲလား” လို့ပေါ့။ ကျွန်မရဲ့ နာကျင်မှုတွေကြားထဲကနေ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ အခု ကျွန်မ အရမ်းအားနည်းနေပြီး ကိုယ်တော့်ရည်ရွယ်ချက်ကို နားမလည်နိုင်ပါဘူး။ ဒီအခြေအနေကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ ကျွန်မ မသိပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ် “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို အသိအမှတ်ပြုရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))သင်တို့သည် ဒုက္ခဆင်းရဲမျိုးစုံကို ခံခဲ့ရပြီး ညှဉ်းဆဲမှုအမျိုးမျိုးကို ကြုံခဲ့ရသော်လည်း၊ ထိုဒုက္ခဆင်းရဲက ယောဘ၏ စမ်းသပ်မှုများနှင့် လုံးဝမတူပါချေ။ ယင်းအစား ယင်းသည် လူတို့၏ ပုန်ကန်မှုကြောင့်၊ လူတို့၏ ခုခံမှုကြောင့်၊ ထို့ပြင် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် သူတို့ရရှိသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းပင် ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းပင် ဖြစ်လေသည်။ သို့သော်ငြားလည်း ယောဘသည် ဣသရေလလူတို့ထဲက ယေဟောဝါ၏ ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာမှုကို ရရှိခဲ့သည့် ဖြောင့်မတ်သောလူ တစ်ဦး ဖြစ်ခဲ့သည်။ သူသည် မကောင်းသော မည်သည့်အပြုအမူကိုမျှ မကျူးလွန်ခဲ့သည့်အပြင်၊ ယောဟောဝါကိုလည်း မခုခံမတော်လှန်ခဲ့ပါ။ ထိုအစား သူသည် ယေဟောဝါကို သစ္စာရှိစွာ ကိုးကွယ်ဆည်းကပ်ခဲ့သည်။ သူသည် သူ၏ဖြောင့်မတ်မှုကြောင့် စမ်းသပ်မှုများကို ခံခဲ့ရပြီး၊ သူသည် ယေဟောဝါ၏ သစ္စာရှိသော အစေခံဖြစ်သောကြောင့်၊ အလွန်ပြင်းထန်သော စမ်းသပ်မှုများကို ကြုံခဲ့ရသည်။ ယနေ့ခေတ် လူတို့မှာမူ သူတို့၏ ညစ်ညမ်းမှုနှင့် မဖြောင့်မတ်ခြင်းတို့ကြောင့်၊ ငါ၏ တရားစီရင်မှုနှင့် ကျိန်ခြင်းကို ခံရခြင်းဖြစ်သည်။ သူတို့၏ ဆင်းရဲဒုက္ခသည် ယောဘက သူ၏ခြံမွေးတိရစ္ဆာန်များ၊ သူ၏ပစ္စည်းဥစ္စာ၊ သူ၏အစေခံများ၊ သူ၏သားသမီးများနှင့် သူချစ်ခင်မြတ်နိုးရသောအရာများ အားလုံးကို ဆုံးရှုံးခဲ့ရသောအချိန်က ယောဘကျော်ဖြတ်ခဲ့သည့် ဒုက္ခဆင်းရဲနှင့် မတူညီသော်လည်း၊ သူတို့ခံစားရသည့်အရာမှာ အလွန်ပြင်းထန်သော စစ်ဆေးခြင်းနှင့် လောင်ကျွမ်းခြင်းတို့ ဖြစ်သည်။ ယောဘ ကြုံတွေ့ခဲ့ရသည်ထက် ပိုပြင်းထန်စေသည်မှာ ထိုကဲ့သို့သော စမ်းသပ်မှုများသည် လူတို့ အားနည်းသောကြောင့် လျော့ပါးစေခြင်း သို့မဟုတ် ဖယ်ရှားပစ်ခြင်းတို့ ရှိမည်မဟုတ်ပေ၊ ထိုအစား ယင်းတို့မှာ ရေရှည်ဖြစ်ပြီး လူတို့ဘဝ၏ နောက်ဆုံးနေ့ရက်တိုင်အောင် ဆက်လက်ရှိနေမည် ဖြစ်သည်။ ဤအရာသည် အပြစ်ဒဏ်ပေးခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ခြင်းဖြစ်သည်။ ယင်းသည် အကြင်နာကင်းမဲ့သော လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ထိုမျှမက ယင်းမှာ လူသားမျိုးနွယ်၏ ရသင့်ရထိုက်သော ‘အမွေ’ ဖြစ်သည်။ ယင်းသည် လူတို့နှင့် ထိုက်တန်သော အရာဖြစ်ပြီး ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို ဖော်ပြသည့် နေရာလည်း ဖြစ်သည်။ ဤသည်မှာ သိပြီးသားအချက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်ပြီး သင်တို့၏နားလည်ချက်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက ဘုရားသခင်က ကျွန်မကို ကူးစက်ခံခွင့်ပြုခဲ့တာဟာ ကျွန်မကို နာမကျန်းမှုထဲမှာ အသက်ရှင်စေဖို့ ဒါမှမဟုတ် ကျွန်မရဲ့ဇာတိပကတိကို အလေးထားစေဖို့ မဟုတ်ဘူး၊ ကျွန်မကို ထုတ်ဖော်ဖို့ ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းဖို့လည်း မဟုတ်ဘူး၊ ကျွန်မထင်သလို ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုရှိပြီး ယောဘလို ဘုရားသခင်အတွက် သက်သေခံထိုက်လို့ဆိုတဲ့အကြောင်းရင်းကြောင့်ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်ပါဘူး၊ အဲဒီအစား ကျွန်မမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိလို့ပဲ။ ဘုရားသခင်က ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ဖို့၊ ကျွန်မကို သန့်စင်စေဖို့၊ ပြီးတော့ ကျွန်မကို ပြောင်းလဲစေဖို့ ဒီရောဂါကို အသုံးပြုနေခဲ့တာ။ ကျွန်မသာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့ရင်၊ ဒါက သမ္မာတရားကို ရရှိဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်မှာပဲ၊ ဒါပေမဲ့ ကျွန်မက အယူအဆတွေ၊ စိတ်ကူးတွေထဲမှာ အမြဲအသက်ရှင်နေခဲ့ပြီး ဘုရားသခင်က ကျွန်မကို နေမကောင်းဖြစ်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မက ကလေးငယ်တစ်ယောက်လို ဘုရားသခင်ရဲ့ရင်ခွင်ထဲမှာပဲ အသက်ရှင်ချင်ခဲ့ပြီး ဘဝရဲ့မုန်တိုင်းတွေကို မကြုံတွေ့ချင်ခဲ့ဘူး။ ကျွန်မ နေမကောင်းဖြစ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သင်ခန်းစာယူဖို့ အာရုံမစိုက်ခဲ့ဘဲ၊ အဲဒီအစား ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုရှိတယ်၊ ဘုရားသခင်က သူ့အတွက် သက်သေခံစေဖို့ ဒီအခြေအနေကို အသုံးပြုနေတယ်ဆိုတဲ့ အဓိပ္ပာယ်မဲ့တဲ့အတွေးတွေ ကျွန်မမှာ ရှိနေခဲ့တယ်။ ကျွန်မက မညည်းညူဘဲ ကိုယ့်တာဝန်ကို ဆက်လုပ်ခဲ့တယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မသက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်မယ်၊ ပြီးတော့ ဘုရားသခင်က ဒီရောဂါကို ဖယ်ရှားပေးလိမ့်မယ်လို့ ထင်ခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မရဲ့အခြေအနေက မကောင်းလာဘဲ ပိုပိုပြီး ဆိုးရွားလာတဲ့အခါ ကျွန်မ ညည်းတွားပြီး ဘုရားသခင်က ဒီရောဂါကို ဖယ်ရှားပေးဖို့ မျှော်လင့်ခဲ့တယ်၊ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းချင်တယ်လို့ ထင်ပြီး သတိထားရှောင်လို့ နားလည်မှုလွဲမှားတဲ့အထိတောင် ဖြစ်ခဲ့တယ်။ ကျွန်မ ဘယ်လိုနည်းနဲ့များ ဘုရားသခင်ရဲ့အလုပ်ကို ကြုံတွေ့နေခဲ့တာလဲ။ ကျွန်မ နိနေဝေမြို့သားတွေအကြောင်း စဉ်းစားမိတယ်။ သူတို့ရဲ့ဖောက်ပြန်ပျက်စီးမှု၊ ကောက်ကျစ်ဆိုးယုတ်မှုနဲ့ ဒုစရိုက်အမှုတွေက ဘုရားသခင်ရဲ့အမျက်ဒေါသကို ဖြစ်စေခဲ့လို့ ဘုရားသခင်က သူတို့ကို နောင်တရဖို့ ရက်ပေါင်း ၄၀ အချိန်ပေးတဲ့အကြောင်း ကြေညာပေးရအောင် ယောနကို စေလွှတ်ခဲ့တယ်။ နိနေဝေမြို့သားအားလုံးက ဘုရားသခင်ကို ယုံကြည်ခဲ့ကြပြီး၊ ဘုရင်ကစလို့ သာမန်ပြည်သူတွေအထိ အားလုံးက လျှော်တေအဝတ်ကိုဝတ်ပြီး ပြာထဲမှာထိုင်လျက် ဘုရားသခင်ရှေ့မှာ တကယ်ကို နောင်တရခဲ့ကြတယ်၊ နောက်ဆုံးမှာတော့ သူတို့က ဘုရားသခင်ရဲ့သနားကရုဏာနဲ့ ခွင့်လွှတ်မှုကို ရရှိခဲ့ကြတယ်။ ကျွန်မ ကူးစက်ခံရတာမှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက် ပါဝင်တယ်၊ နိနေဝေမြို့သားတွေလိုပဲ ကျွန်မလည်း ဘုရားသခင်ရှေ့မှာ နောင်တရရမယ်။

ဒီအချိန်မှာ၊ ဒီရောဂါကို ရင်ဆိုင်နေရချိန်မှာ ကျွန်မထုတ်ဖော်ခဲ့တဲ့ အခြေအနေတွေကို ကျွန်မ ပြန်သုံးသပ်ခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တချို့ကို သတိရလိုက်တယ် “ဘုရားသခင်၏ မိသားစုတွင်၊ ညီအစ်ကိုမောင်နှမများကြားတွင် သင်၏ အဆင့်အတန်း၊ သို့မဟုတ် အနေအထားက မည်မျှမြင့်ပါစေ၊ သို့မဟုတ် သင်၏ တာဝန်က မည်မျှအရေးကြီးပါစေ၊ သင်၏ ပါရမီနှင့် ပါဝင်ပံ့ပိုးမှုက မည်မျှကြီးပါစေ၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်၊ သာမန်ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ ပြီးလျှင် သင့်ကိုယ်သင်ပေးထားသော မြင့်မြတ်သော ရာထူးများနှင့် ဘွဲ့များသည် မတည်ရှိပေ။ သင်သည် ထိုအရာများကို ဆုသရဖူအဖြစ် အစဉ်မှတ်ယူလျှင်၊ သို့မဟုတ် အထူးအုပ်စုတွင် သင့်အား ပါဝင်စေသည့်၊ သို့မဟုတ် အထူး အကျော်အမော်ပုဂ္ဂိုလ် ဖြစ်စေသည့် အရင်းအနှီးအဖြစ် မှတ်ယူလျှင် သင်သည် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ အမြင်များအား အတိုက်အခံလုပ်ပြီး ဘုရားသခင်၏ အမြင်များနှင့် ကွဲလွဲမှုရှိသည်။ ပြီးလျှင် ဘုရားသခင်နှင့် သဟဇာတမဖြစ်ပေ။ ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်များကို သင် အတိုက်အခံ ပြုလုပ်မည်လော။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်သာဖြစ်သော်လည်း မိမိကိုယ်ကို ဖန်ဆင်းခံတစ်ယောက်အဖြစ် သင် မမှတ်ယူချေ။ ဤသို့သော စိတ်ထားဖြင့် ဘုရားသခင်အား သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ သင်က ‘ဘုရားသခင်က ငါ့အား ဤသို့ မဆက်ဆံသင့်ပေ၊ ငါ့အား ထိုသို့ လုံးဝ ဆက်ဆံ၍မရပေ’ ဟု အစဉ်သဖြင့် လိုရာဆွဲ၍ တွေးသည်။ ဤသည်မှာ ဘုရားသခင်နှင့် ကွဲလွဲမှု မဖြစ်စေသလော။ ဘုရားသခင်က သင်၏ အယူအဆများ၊ သင်၏ စိတ်နေစိတ်ထား၊ သင်၏ လိုအပ်ချက်များဖြင့် ဆန့်ကျင်၍ ပြုမူဆောင်ရွက်သောအခါ သင်၏ စိတ်နှလုံးတွင် မည်သို့ စဉ်းစားမည်နည်း။ ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသော ပတ်ဝန်းကျင်များကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ သင် နာခံမည်လော။ (နာခံမည်မဟုတ်ပါ။) သင် နာခံမည်မဟုတ်ပေ။ ပြီးလျှင် သင်သည် အသေအချာပင် အတိုက်အခံပြုမည်။ ဆန့်ကျင်မည်။ ညည်းတွားပြီး စောဒကတက်မည်။ သင်၏ စိတ်နှလုံးတွင် အလေးအနက် အဖြေရှာပြီး ‘သို့သော် ဘုရားသခင်သည် ငါ့အား ကျေးဇူးတော်ဖြင့် ကွယ်ကာပြီး ဆက်ဆံလေ့ရှိသည်။ ယခုတွင် အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ ငါအသက်ရှင်၍ မရတော့ပေ’ ဟူ၍ တွေးသည်။ ဤသို့ဖြင့် သင်သည် ငြိုငြင်လာပြီး ဆိုးသွမ်းလာသည်။ သင်သည် နေအိမ်တွင် သင်၏ မိဘများအပေါ် ဤသို့ပြုမူလျှင် ခွင့်လွှတ်နိုင်ဖွယ်ဖြစ်ပြီး ၎င်းတို့က သင့်အား မည်သည့်အရာကိုမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ ဘုရားအိမ်တော်တွင် လက်ခံနိုင်ဖွယ်မဟုတ်ပေ။ သင်သည် အရွယ်ရောက်သူတစ်ယောက် ဖြစ်ပြီး ယုံကြည်သူတစ်ယောက် ဖြစ်သောကြောင့် အခြားလူများကပင် သင်၏ အဓိပ္ပာယ်မရှိသောအရာများအတွက် သည်းညည်းခံမည်မဟုတ်လျှင် ဘုရားသခင်က ဤသို့သော အပြုအမူကို သည်းခံမည်ဟု သင်ထင်သလော။ ဘုရားသခင်က သူ့အား ဤသို့ သင် လုပ်ဆောင်ခြင်းကို ခွင့်လွှတ်မည်လော။ သူက ခွင့်လွှတ်မည်မဟုတ်။ အဘယ်ကြောင့် သူခွင့်မလွှတ်မည်နည်း။ ဘုရားသခင်က သင်၏ မိဘမဟုတ်ပေ။ သူသည် ဘုရားဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်သည် ဖန်ဆင်းခံတစ်ယောက်အား ငြိုငြင်ခွင့်ကိုဖြစ်စေ၊ ကျိုးကြောင်းမသင့်ဖြစ်ခွင့်ကိုဖြစ်စေ၊ သူ့ရှေ့တွင် သောင်းကျန်းခွင့်ကိုဖြစ်စေ မည်သည့်အခါမျှ ပေးမည်မဟုတ်ပေ။ ဘုရားသခင်က သင့်အား ပြစ်တင်ဆုံးမပြီး တရားစီရင်သောအခါ၊ စမ်းသပ်သောအခါ၊ သို့မဟုတ် သင့်ထံမှ ပြန်နုတ်သိမ်းသောအခါ၊ သင့်အား အခက်အခဲထဲသို့ ချထားသောအခါ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်အပေါ် ဆက်ဆံပုံတွင် ဖန်ဆင်းခံ၏ သဘောထားကို သူမြင်တွေ့လိုသည်။ ဖန်ဆင်းခံတစ်ယောက်က မည်သည့်လမ်းကြောင်းမျိုးအား ရွေးချယ်သည်ကို သူ မြင်တွေ့လိုသည်။ ပြီးလျှင် သူသည် သင့်အား ငြိုငြင်ရန်၊ ကျိုးကြောင်းမသင့်ရန်၊ သို့မဟုတ် အဓိပ္ပာယ်မရှိသော ကျိုးကြောင်းပြဆိုချက်များကို ကြာရှည်စွာပြောဆိုရန် မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ပေ။ ဤအရာများကို နားလည်ပြီးနောက်တွင် လူတို့သည် ဖန်ဆင်းခံလုပ်ဆောင်သည့်အရာရာတိုင်းအား မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို မစဉ်းစားသင့်သလော။ ရှေးဦးစွာ လူတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ သင့်လျော်သောနေရာကို ခံယူပြီး ဖန်ဆင်းခံအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုသင့်သည်။ သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ကို အသိအမှတ်ပြုနိုင်သလော။ အသိအမှတ်ပြုနိုင်လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ သင့်လျော်သောနေရာကို ခံယူသင့်ပြီး ဖန်ဆင်းရှင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ ပြီးလျင် အနည်းငယ် ဒုက္ခခံရလျှင်ပင် စောဒကမတက်ဘဲ လုပ်ဆောင်သင့်သည်။ ဤသည်မှာ အသိတရားရှိသူတစ်ယောက် ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ဟု မထင်ဘဲ သင့်တွင် ရာထူးများရှိပြီး သင်၏ခေါင်းပေါ်တွင် ရောင်ခြည်တော်စက်ဝန်းရှိသည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစုတွင် အဆင့်အတန်း ရှိသူဖြစ်သည်ဟုလည်းကောင်း၊ ကြီးမြတ်သော ခေါင်းဆောင်၊ ဦးစီးဦးရွက်ပြုသူ၊ တည်းဖြတ်သူ၊ သို့မဟုတ် ညွှန်ကြားသူ ဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစု အလုပ်အတွက် ထိုက်တန်သော ပါဝင်ပံ့ပိုးမှုကို ပြုလုပ်ခဲ့သူဖြစ်သည်ဟုလည်းကောင်း လက်ခံထားလျှင်၊ ဤသို့ သင် ထင်မြင်လျှင် သင်သည် ကျိုးကြောင်းမသင့်ဆုံးသော၊ မျက်နှာအပြောင်ဆုံးသော အရှက်မရှိသူတစ်ယောက်ဖြစ်သည်။ သင်တို့သည် အဆင့်အတန်း၊ အနေအထားနှင့် တန်ဖိုးရှိသော သူများဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် သင်တို့သည် အဘယ်နည်း။ (ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။) မှန်သည်။ သင်တို့သည် သာမန်ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်သည်။ လူများကြားတွင် သင်သည် သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်နိုင်သည်။ ဝါရင့်မှုကို အသုံးချနိုင်သည်။ သင်၏ ပါဝင်ပံ့ပိုးမှုများကို ကြွားဝါပြောဆိုနိုင်သည်၊ သို့မဟုတ် သင်၏ သူရဲကောင်းဆန်သော စွန့်စားခန်းများအကြောင်းကို ပြောနိုင်သည်။ သို့သော် ဘုရားသခင်ရှေ့တွင် ဤအရာများ မတည်ရှိပေ။ ပြီးလျှင် ထိုအရာများအကြောင်းကို သင် လုံးဝ မပြောရပေ၊ သို့မဟုတ် ထုတ်မကြွားရပေ၊ သို့မဟုတ် အတွေ့အကြုံရှိသူတစ်ယောက်၏ လေသံကို မယူရပေ။ သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်လျှင် အမှုအရာများသည် ဖရိုဖရဲဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား လုံးလုံးပင် ကျိုးကြောင်းမဲ့ပြီး အဆုံးစွန်အထိ မာနထောင်လွှားသည်ဟု မှတ်ယူမည်။ သူသည် သင့်ကြောင့် စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အား ဘေးသို့ ဖယ်ထားလိမ့်မည်ဖြစ်ပြီး ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အိပ်မက်ကနေ နိုးထစေခဲ့တယ်။ ကျွန်မရဲ့အရေးကြီးတဲ့တာဝန်၊ ကျွန်မအလုပ်ရဲ့ရလဒ်တွေ၊ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသိအမှတ်ပြုမှုကို ကျွန်မက အရင်းအနှီးအဖြစ် ရှုမြင်နေခဲ့ပြီး၊ ကျွန်မရဲ့အရည်အချင်းတွေကို ကြွားဝါပြီး ကျွန်မရဲ့အောင်မြင်မှုတွေကို မီးမောင်းထိုးပြစပြုခဲ့တယ်၊ ကျွန်မက ဘာသာတရားမရှိသူတွေနဲ့ မတူဘူး၊ ဘုရားသခင်က ကမ္ဘာ့ကပ်ရောဂါကနေ ကျွန်မကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်၊ ကျွန်မသာ နေမကောင်းဖြစ်ခဲ့ရင်တောင်၊ အဲဒါက ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုရှိလို့၊ ဘုရားသခင်က သူ့အတွက် သက်သေခံစေဖို့ ကျွန်မကို စစ်ကြောနေတာဖြစ်မယ်၊ ကျွန်မက ကျန်တဲ့ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်နဲ့ တစ်မျိုးတစ်ဖုံ ကင်းကွာနေသလိုမျိုး ထင်ခဲ့တယ်။ ကျွန်မ ဘယ်လောက်တောင် မာနထောင်လွှားသွားပြီလဲဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာ “သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်လျှင် အမှုအရာများသည် ဖရိုဖရဲဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား လုံးလုံးပင် ကျိုးကြောင်းမဲ့ပြီး အဆုံးစွန်အထိ မာနထောင်လွှားသည်ဟု မှတ်ယူမည်။ သူသည် သင့်ကြောင့် စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အား ဘေးသို့ ဖယ်ထားလိမ့်မည်ဖြစ်ပြီး ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။” ဘုရားသခင်က ဒီလိုလူစားမျိုးကို တော်တော် ရွံရှာမုန်းတီးတယ်ဆိုတာ ကျွန်မ နားလည်ခဲ့ရတယ်။ ကျွန်မရဲ့ရောဂါဖြစ်စဉ်ကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ ကျွန်မ ကျိုးနွံနာခံခဲ့တာမျိုး မရှိရုံတင်မကဘူး၊ ဘုရားသခင်ရှေ့မှာ ကျွန်မရဲ့အရည်အချင်းတွေကို ကြွားဝါပြီး ဆင်ခြင်တုံတရားမဲ့တဲ့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်၊ ဘုရားသခင်ကို တကယ်ကို စိတ်ပျက်စေပြီး ရွံရှာစေခဲ့တယ်။ ကျွန်မသာ နောင်တမရရင်၊ ဘုရားသခင်က ကျွန်မကို ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းမှာပဲ။ ဒါကို သဘောပေါက်တော့ ကျွန်မ ချက်ချင်း ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ ဒီရောဂါသာ မရှိခဲ့ရင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခဲ့မှာမဟုတ်သလို ကိုယ်တော့်ကို အတိုက်အခံလုပ်နေမှန်းတောင် သိခဲ့မှာမဟုတ်ဘူး။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မအပေါ် သနားကရုဏာထားတော်မူပါ၊ ကျွန်မကို ကျိုးနွံနာခံပြီး သင်ခန်းစာယူနိုင်အောင် လုပ်ပေးတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်၊ “အရင်က ငါ့အလုပ်မှာ အကျိုးရလဒ်တွေ ရနေတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသိအမှတ်ပြုမှုကိုလည်း ရနေတယ်၊ ဘုရားသခင်က ငါ့ကို အသိအမှတ်ပြုပြီး ကမ္ဘာ့ကပ်ရောဂါကနေ ကွယ်ကာပေးသင့်တယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ ဘုရားသခင်က တကယ်ပဲ ဒီလိုမြင်တာလား” လို့ပေါ့။ တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ အဖြေတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့အနေဖြင့် နှစ်ပေါင်းများလှစွာ နောက်လိုက်တစ်ဦးဖြစ်ရင်း သင်တို့သည် မည်သို့ပင်ဖြစ်စေ အလုပ်ကြိုးစားပြီးဖြစ်ကာ မည်သည့်အခြေအနေဖြစ်ပါစေ သင်သည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်နိုင်ပြီး ဘုရားအိမ်တော်၌ ထမင်းစားလက်မှတ်ရနိုင်သည်ဟု တွေးကောင်း တွေးကြပေမည်။ သင်တို့သည် အမှုအရာများထဲမှ မည်သို့ အခွင့်အရေးယူရမည်ဆိုသည်နှင့် မည်သို့ အခွင့်အရေးယူမခံရအောင်ပြုရမည်ဆိုသည်နှင့်သက်ဆိုင်သော အခြေခံ သဘောတရားကို အမြဲ လိုက်စားကြပြီးဖြစ်သည့်အတွက်၊ သင်တို့ထဲမှ အများစုသည် ထိုသို့ တွေးကြသည်ဟု ငါပြောမည်။ ထို့ကြောင့် ယခုတွင် ငါသည် သင်တို့ကို လေးနက်မှုအလုံးစုံဖြင့် ပြောမည်။ သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏ ယခင် တစ်ပုံစံတည်းသော ပုံသဏ္ဌာန် ရှိဆဲဖြစ်သော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်)နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက သိပ်ရှင်းပါတယ်။ ဘုရားသခင်က လူတွေကို သူတို့ထမ်းဆောင်တဲ့တာဝန် ဒါမှမဟုတ် သူတို့မှာရှိတဲ့ အရင်းအနှီးပမာဏကိုကြည့်ပြီး အကဲဖြတ်တာမဟုတ်ဘဲ၊ လူတစ်ယောက်က သမ္မာတရားကို လိုက်စားသလား၊ ကိုယ်တော့်ကို ကျိုးနွံနာခံပြီး ကိုယ်တော်အလိုရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုသလားဆိုတာကို ကြည့်ပြီး အကဲဖြတ်တယ်။ ဒါက အရေးအကြီးဆုံးအရာပဲ။ သမ္မာတရားကို မလိုက်စားရင်၊ ကျွန်မရဲ့တာဝန် ဘယ်လောက်အရေးကြီးပါစေ၊ ကျွန်မ ဘယ်လောက်ပဲ ပံ့ပိုးကူညီခဲ့ပါစေ၊ လူဘယ်လောက်များများက ကျွန်မကို အထင်ကြီးလေးစားခဲ့ပါစေ၊ ဘုရားသခင်ရဲ့အသိအမှတ်ပြုခြင်း ဒါမှမဟုတ် ကယ်တင်ခြင်းကို ကျွန်မ ရရှိနိုင်မှာမဟုတ်ဘူး။ ဒီရောဂါက ကျွန်မကို လုံးလုံးလျားလျား ထုတ်ဖော်ခဲ့တယ်။ ကျွန်မမှာ သမ္မာတရားကင်းမဲ့ပြီး လွဲချော်တဲ့အမြင်တွေရှိခဲ့လို့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ဒါမှမဟုတ် ဆင်းရဲဒုက္ခခံလိုစိတ်မရှိခဲ့ဘူး၊ ဘုရားသခင်ကို ချစ်တဲ့စိတ်ဆိုတာ ပိုလို့တောင် မရှိခဲ့ဘူး။ စစ်ကြောခံရတဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး၊ သမ္မာတရားကိုလည်း မရှာဖွေခဲ့ဘဲ ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုရှိလို့ စစ်ကြောခံနေရတာဆိုတဲ့ အခြေအမြစ်မရှိတဲ့ အတွေးကိုပဲ တွေးခဲ့တယ်။ ပြင်းထန်တဲ့နာကျင်မှုကို ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မ ညည်းတွားပြီး ဘုရားသခင်က ကျွန်မရဲ့ရောဂါကို ဖယ်ရှားပေးစေချင်ခဲ့တာဟာ ကိုယ့်တာဝန်ကိုတောင် မထမ်းဆောင်ချင်တဲ့အထိ ဖြစ်ခဲ့တယ်။ ကျွန်မမှာ ဘယ်လိုနည်းနဲ့များ ဝိညာဉ်ရင့်ကျက်မှု ရှိခဲ့လို့လဲ။ ကျွန်မမှာ ယုံကြည်ခြင်း ဒါမှမဟုတ် ကျိုးနွံနာခံခြင်း လုံးဝမရှိခဲ့ဘူး။ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်တဲ့သူတစ်ယောက်အနေနဲ့၊ ကိုယ်တော်ရဲ့ကွယ်ကာစောင့်ရှောက်မှုနဲ့ ကောင်းချီးတွေ၊ ကယ်တင်ခြင်းခံရဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့တို့ကို ကျွန်မ လိုချင်နေတုန်းပဲ။ တကယ်ကို အရှက်မရှိလိုက်တာ။ ကျွန်မ နှစ်ပေါင်းများစွာ တာဝန်တွေထမ်းဆောင်ခဲ့ပြီး ကျွန်မအလုပ်က အကျိုးရလဒ်တချို့ ထွက်ပေါ်ခဲ့တယ်၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရရှိခဲ့တယ်၊ ဒီအရာတွေကို ကျွန်မက အရင်းအနှီးအဖြစ် သတ်မှတ်ခဲ့တယ်။ ကျွန်မ မာနထောင်လွှားပြီး စိတ်ကြီးဝင်လာတယ်၊ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိခဲ့ဘူး၊ ကိုယ့်အရည်အချင်းတွေကို ကြွားဝါခဲ့တယ်၊ ဘုရားသခင်က ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာကို တောင်းဆိုခဲ့တယ်၊ ဘုရားသခင်အတွက် သက်သေခံဖို့ အရည်အချင်းပြည့်မီတယ်လို့တောင် ခံစားခဲ့ရတယ်။ ကျွန်မ ကိုယ်တိုင်တောင် သတိမထားမိဘဲ ဘုရားသခင်ကို အတိုက်အခံလုပ်နေခဲ့တာ။ ဒီအသိတရားဝင်လာတော့ ကျွန်မစိတ်နှလုံး လေးလံသွားတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်ခဲ့ပြီးတဲ့နောက်မှာ သမ္မာတရားကို ကျွန်မ မရရှိခဲ့ရင်၊ ဒီအချိန်တစ်လျှောက်လုံး ကျွန်မ အတိအကျ ဘာကို လိုက်စားနေခဲ့တာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်။ ကျွန်မရဲ့ရှာဖွေမှုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ် “အစမှအဆုံးထိ ၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိ၏တာဝန်ကို လုပ်ဆောင်ခြင်းက အပေးအယူတစ်ခု ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်တွင် အသုံးခံဆုံးသောသူ၊ ဘုရားအိမ်တော်အတွက် အကြီးမားဆုံးသော ပံ့ပိုးမှုပြုလုပ်ပြီး ဘုရားအိမ်တော်တွင် နှစ်အများဆုံး သည်းညည်းခံသောသူ မည်သူမဆိုသည် ကောင်းချီးခံစားရပြီး အဆုံးတွင် သရဖူတစ်ခု ရရှိမည့် သာ၍ မြင့်မားသော အခွင့်အရေးတစ်ခု ရှိကြလိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ဆင်ခြင်မှုစနစ်ဖြစ်သည်။ ဤတွေးခေါ်ဆင်ခြင်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤရှုထောင့်အမြင်မျိုးကို ပြောင်းပြန်လှန်ရန် လွယ်ကူသလော။ ပြောင်းပြန်လှန်ရန် မလွယ်ကူပေ။ ဤအရာကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်နေကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရှုထောင့်အမြင်သည် ပြောင်းပြန်ဖြစ်စေဖို့ မလွယ်ပေ။ နောက်ဆုံးတွင် အန္တိခရစ်များသည် ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို မယုံကြည်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ မှန်းဆပြီး ကောင်းချီးများရရှိဖို့ ဤနေရာတွင် ရှိနေကြခြင်း ဖြစ်သည်။ မယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဤအရာကိုယ်၌က လက်ခံနိုင်ဖွယ် မရှိသော၊ မဖြစ်နိုင်သောအရာတစ်ခုဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခ ပေးဆပ်ခြင်းဖြင့် ဘုရားသခင်နှင့် အပေးအယူလုပ်ပြီး ကောင်းချီးများ ရရှိဖို့ အလိုရှိကြသည်။ ဤသည်မှာ သာ၍ပင် မဖြစ်နိုင်သော အရာတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း၊ ဒီနှစ်တွေတစ်လျှောက်လုံး သမ္မာတရားကို ကျွန်မ မရရှိခဲ့တာဟာ သမ္မာတရားက တခြားလူတွေကို မျက်နှာသာပေးလို့မဟုတ်ဘဲ၊ ကျွန်မက သမ္မာတရားအပေါ် ဘယ်တော့မှ အားမထုတ်ခဲ့လို့၊ ကောင်းချီးတွေနဲ့ ဆုလာဘ်တွေကိုပဲ လိုက်စားခဲ့လို့ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက် ကျွန်မရဲ့ယုံကြည်ခြင်းမှာ ဘာကိုလိုက်စားသင့်သလဲ၊ ဘယ်လမ်းကြောင်းကို လျှောက်လှမ်းသင့်သလဲ၊ ဘယ်လိုလူစားမျိုးက ဘုရားသခင်ကို ကျေနပ်စေသလဲဆိုတာကို ကျွန်မ ဘယ်တော့မှ မရှာဖွေ၊ မဆင်ခြင်ခဲ့ဘူး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေ၊ အမြင်တွေ၊ ဒါမှမဟုတ် ကိုယ်လျှောက်လှမ်းခဲ့တဲ့လမ်းကြောင်းကိုလည်း ကျွန်မ သိပ်ပြီး ဆန်းစစ်ခဲ့တာမျိုး မရှိဘူး။ ကျွန်မက အလုပ်ကိုပဲ အာရုံစိုက်ပြီး အမြဲ ကျေနပ်နေခဲ့တယ်၊ အလုပ်ပိုလုပ်ပြီး အကျိုးရလဒ်ပိုရရင် ဘုရားသခင်က ကျွန်မကို သေချာပေါက် ကောင်းချီးပေးပြီး ကျွန်မနဲ့ပတ်သက်လို့ ကျေနပ်လိမ့်မယ်၊ ဘေးအန္တရာယ်တွေ ကျရောက်ရင်တောင် ဘုရားသခင်က ကျွန်မကို ကွယ်ကာမှာပဲ၊ ဘာအန္တရာယ်မှ ကျရောက်စေမှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့်၊ ကျွန်မ နောက်ဆုံးမှာ သဘောပေါက်ခဲ့တယ်၊ ကျွန်မရဲ့အတွေးအခေါ်တွေက အန္တိခရစ်ရဲ့တွေးခေါ်မှုစနစ်အတိုင်းဖြစ်နေတယ်၊ မယုံကြည်သူတစ်ယောက်ရဲ့ အပေးအယူလုပ်တဲ့အမြင်တွေဖြစ်နေတယ်၊ ကိုယ်ပိုင်ပန်းတိုင်တွေဆီရောက်ဖို့ ဘုရားသခင်ကို လှည့်စားပြီး အသုံးချဖို့ ကြိုးစားနေခဲ့တယ်ဆိုတာကိုပေါ့။ ဒါက ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ ကျေးဇူးတော်ခေတ်က ပေါလုအကြောင်း ကျွန်မ စဉ်းစားမိတယ်။ သူက လူပေါင်းများစွာကို ဧဝံဂေလိတရားဖြန့်ဝေခဲ့တယ်၊ ဥရောပတိုက်အများစုအထိတောင် ပျံ့နှံ့ခဲ့ပြီး လူအများကြီးကို ယုံကြည်ခြင်းဆီ ခေါ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ပေါလုလုပ်ခဲ့တဲ့အရာအားလုံးက သခင်ယေရှုအတွက် သက်သေခံဖို့မဟုတ်သလို၊ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့လည်း မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းသရဖူနဲ့လဲလှယ်ရအောင် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ သူ့ရဲ့ဧဝံဂေလိတရားဖြန့်ဝေခြင်းကို အသုံးပြုခဲ့တာပဲ။ သူ့အလုပ်မှာ ပေါလုက ကိုယ့်ကိုယ်ကိုယ် အမြဲချီးမြှောက်ပြီး ကြွားဝါခဲ့တယ်၊ သူ့စိတ်သဘောထားက ပိုပိုပြီး မာနထောင်လွှားလာခဲ့တယ်။ သူက ဘုရားသခင်ရှေ့မှာ သူ့အရည်အချင်းတွေကို ကြွားဝါခဲ့ပြီး ကိုယ်တော်ဆီကနေ ဒီလိုပြောပြီး ပေါ်တင်တောင်းဆိုခဲ့တာ၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) သူက ခရစ်တော်လို အသက်ရှင်နေတယ်လို့တောင် ကြွားလုံးထုတ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ပေါလုက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ကိုယ်တော့်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့လို့ သူအပြစ်ပေးခံခဲ့ရတယ်။ ကျွန်မရဲ့လိုက်စားမှုအပေါ်ထားတဲ့အမြင်တွေနဲ့ ကျွန်မလျှောက်လှမ်းနေတဲ့လမ်းကြောင်းက ပေါလုနဲ့ မတူခဲ့ဘူးလား။ ကျွန်မက ကိုယ့်ပန်းတိုင်တွေဆီရောက်အောင် ကောင်းချီးတွေကို လိုက်စားဖို့နဲ့ ကိုယ့်တာဝန် ထမ်းဆောင်တာကို အသုံးချဖို့ကိုပဲ လုပ်ချင်ခဲ့တယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ ဒီထုတ်ဖော်မှုသာမရှိခဲ့ရင်၊ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ဘယ်လောက်ဆိုးရွားတယ်ဆိုတာကို ကျွန်မ သိဦးမှာမဟုတ်ဘူး၊ ဒီအတိုင်းဆက်သွားရင် ဘုရားသခင်က ကျွန်မကို ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းမှာပဲ။ ဒီအသိတရားဝင်လာတော့ ကျွန်မ အပြစ်ရှိသလို ခံစားရပြီး ဒူးထောက်ပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ ကိုယ်တော့်ရဲ့ ဖြောင့်မတ်ခြင်းကြောင့်၊ ကျွန်မကို ကယ်တင်ဖို့ ရည်ရွယ်တဲ့အတွက်ကြောင့် ကျွန်မက ရောဂါဖြစ်ရတာပါ။ ကျွန်မက အရေးမပါတဲ့ ဖန်ဆင်းခံတစ်ယောက်ပါပဲ။ ကိုယ်တော်က ကျွန်မကို ချီးမြှောက်ပြီး ကျေးဇူးပြုခဲ့တယ်၊ တာဝန်တစ်ခုထမ်းဆောင်ဖို့ အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက အရမ်းကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့ခဲ့ပါတယ်။ ကိုယ်တော့်ကို အတိုက်အခံလုပ်ပြီး အပေးအယူလုပ်နေခဲ့တာတောင်မှ ကျွန်မ သတိမထားမိခဲ့ဘူး။ အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ မပုန်ကန်ချင်တော့ပါဘူး၊ အတိုက်အခံမလုပ်ချင်တော့ပါဘူး၊ ကျွန်မ နောင်တရချင်ပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ကျွန်မ တွေးမိတယ်၊ “ကျွန်မ နေမကောင်းဖြစ်တဲ့အခါ ညည်းတွားပြီး ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့တဲ့ နောက်အကြောင်းရင်းတစ်ခုရှိသေးတယ်။ အဲဒါက ကျွန်မ သေမှာကြောက်လို့ပဲ။ ဒီပြဿနာကို ကျွန်မ ဘယ်လိုဖြေရှင်းနိုင်မလဲ” လို့ပေါ့။ ကျွန်မ ဆုတောင်းပြီး ရှာဖွေခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ ဖတ်ခဲ့ရတယ် “သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် အခြားသော ကိစ္စရပ်များကဲ့သို့ တူညီသည့် သဘောသဘာဝ ရှိပေသည်။ ထိုအရာသည် လူ၏ အလိုဆန္ဒဖြင့် ပြောင်းလဲ၍ရနိုင်ရန် မဆိုထားနှင့် မိမိတို့ကိုယ်ကိုအတွက် ရွေးချယ်ရန်မှာ လူတို့ သဘောအတိုင်း မဟုတ်ပေ။ သေခြင်းသည် ဘဝတွင်ရှိသည့် အခြားသော အရေးပါသည့် မည်သည့်အဖြစ်အပျက်နှင့်မဆို တူညီပေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်စီမံထားခြင်းနှင့် အချုပ်အခြာအာဏာ အောက်တွင် လုံးဝ ရှိ၏။ တစ်စုံတစ်ဦးသည် သေဖို့အတွက် အနူးအညွတ် တောင်းပန်မည်ဆိုပါက ၎င်းတို့ သေချာပေါက် သေကောင်း မသေနိုင်ပေ။ အသက်ရှင်ဖို့ အနူးအညွတ် တောင်းပန်မည်ဆိုလျှင် သေချာပေါက် ရှင်ကောင်းမရှင်နိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံထားခြင်းအောက်တွင် ရှိပြီး ဘုရားသခင်၏ ဩဇာအာဏာအားဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားဖြင့် ပြောင်းလဲကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သင်သည် ဆိုးရွားသည့် နာမကျန်းမှုတစ်ခု၊ သေစေနိုင်ခြေရှိသည့် ဆိုးရွားသော နာမကျန်းမှုတစ်ခု ကူးစက်ခံရသည်ဆိုပါစို့၊ သင် သေချာပေါက် သေလိမ့်မည်မဟုတ်။ သင် သေမည်၊ မသေမည်ကို မည်သူ ဆုံးဖြတ်သနည်း။ (ဘုရားသခင် ဆုံးဖြတ်ပါသည်။) ဘုရားသခင် ဆုံးဖြတ်၏။ ထိုသို့သော အရာတစ်ခုကို ဘုရားသခင် ဆုံးဖြတ်ပြီး လူတို့က မဆုံးဖြတ်နိုင်သည့်အတွက် လူတို့သည် မည်သည့်အရာနှင့်ပတ်သက်၍ ပူပန်သောကရောက်ကာ စိတ်ဖိစီးကြသနည်း။ သင်၏ မိဘများ မည်သူဖြစ်သည်ဆိုသည်နှင့် မည်သည့်အချိန်နှင့် နေရာတွင် သင် မွေးဖွားသည်ဆိုသည်တို့ကဲ့သို့ ဖြစ်သည်။ ဤအရာများကိုလည်း သင် ရွေးချယ်၍မရနိုင်ပေ။ ဤကိစ္စရပ်များတွင် အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှုမှာ ဤအရာများကို ၎င်းတို့ဘာသာ ဖြစ်ခွင့်ပေးရန်၊ ကျိုးနွံနာခံရန်၊ မရွေးချယ်ရန်၊ ဤကိစ္စရပ်အပေါ် မည်သည့် အတွေး၊ သို့မဟုတ် အားအင်မျှ မသုံးစွဲရန်နှင့် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်း၊ သို့မဟုတ် စိုးရိမ်ခြင်း မရှိရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာက ဒီရောဂါနဲ့ ကျွန်မ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိပြီး ဘယ်လူသားကမှ ဆုံးဖြတ်နိုင်တာမဟုတ်ဘူး။ ကျွန်မ ဘယ်အချိန်မွေးဖွားခဲ့တယ်၊ ဘယ်မိသားစုမှာ မွေးဖွားခဲ့တယ်၊ ကျွန်မရုပ်ရည်ဘယ်လိုရှိတယ်ဆိုတာတွေက ကျွန်မ ရွေးချယ်နိုင်တဲ့အရာတွေ မဟုတ်သလိုမျိုးပဲ။ အဲဒီလိုပဲ ကျွန်မ ဘယ်အချိန်၊ ဘယ်နေရာမှာ သေဆုံးမယ်ဆိုတာကလည်း ကျွန်မလက်ထဲမှာ မရှိဘူး။ အားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်မှုအပေါ်မှာပဲ မူတည်တယ်။ ဘုရားသခင်က ကျွန်မကို ဒီရောဂါနဲ့ သေဆုံးဖို့ ကြိုတင်သတ်မှတ်ခဲ့ရင်၊ ကျွန်မ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး၊ ကျွန်မ သေဆုံးရမယ့်အချိန် မရောက်သေးရင်လည်း၊ ကျွန်မရောဂါ ဘယ်လောက်ပဲဆိုးရွားနေပါစေ ကျွန်မ သေဆုံးမှာမဟုတ်ဘူး။ ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေက မလိုအပ်ဘူး၊ ကျွန်မ ဘာကိုမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး၊ အဲဒါတွေက မလိုအပ်ဘဲ ပိုလျှံနေတဲ့ နာကျင်မှုတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေသက်သက်ပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ဆီ အပ်နှံသင့်တယ်၊ ဘုရားစီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေရဲ့ ပြုသမျှကို ခံသင့်တယ်၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ ဘုရားသခင်က ပြောသည် “သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ပြီးစီးအောင်လုပ်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တာက ဖန်ဆင်းခံတစ်ယောက်က တာဝန်တစ်ခုထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်၊ ကလေးတွေက မိဘတွေကို သားသမီးဝတ်ကျေပွန်တာ မှန်ကန်သလိုမျိုးပဲ။ အသင်းတော်မှာ တာဝန်တစ်ခုထမ်းဆောင်ခွင့်ရတာက ဘုရားသခင်ရဲ့ကျေးဇူးတော်ဖြစ်ပြီး၊ ကျွန်မ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ဘယ်လောက်ပဲ နာကျင်မှုခံစားရပါစေ၊ ဘုရားသခင်ရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ဒါက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ကျွန်မ နောဧအကြောင်းကိုလည်း စဉ်းစားမိတယ်။ သူက ဘုရားသခင်ရဲ့တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးတဲ့နောက်မှာ၊ ဘုရားသခင်ရဲ့စိုးရိမ်မှုတွေက သူ့စိုးရိမ်မှုတွေဖြစ်လာပြီး၊ ဘုရားသခင်ရဲ့အတွေးအခေါ်တွေက သူ့အတွေးအခေါ်တွေ ဖြစ်လာခဲ့တယ်။ သူရင်ဆိုင်ခဲ့ရတဲ့ နာကျင်မှုတွေ၊ အခက်အခဲတွေ ဘယ်လောက်ပဲရှိပါစေ သူ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး၊ နှစ်ပေါင်း ၁၂၀ ကြာပြီးတဲ့နောက်မှာ သူက သင်္ဘောကြီးကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ဘုရားသခင်ပေးတဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေခဲ့တယ်။ နောဧရဲ့သစ္စာစောင့်သိမှုနဲ့ ကျိုးနွံနာခံမှုက ဘုရားသခင်ရဲ့စိတ်နှလုံးကို နှစ်သိမ့်စေခဲ့တယ်၊ ဒါက ကျွန်မ လိုက်နာသင့်တဲ့ စံနမူနာပဲ။ ဒီအသိတရားဝင်လာတော့ ကျွန်မ ခွန်အားတွေနဲ့ပြည့်လာပြီး ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်၊ ကျွန်မ အသက်ရှူနေသရွေ့၊ ကျွန်မတာဝန်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး၊ ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကိုလည်း ဘယ်တော့မှ ပစ်ပယ်မှာမဟုတ်ဘူးလို့ပေါ့။

အဲဒီနောက်မှာတော့ ကျွန်မ ကိုယ့်တာဝန်ကို စိတ်နှစ်ပြီး ထမ်းဆောင်ခဲ့တယ်၊ ကျွန်မရဲ့အခြေအနေ ဆိုးရွားလာမှာလား၊ သေဆုံးသွားမှာလားဆိုတာကို မစိုးရိမ်တော့ဘူး။ ကျွန်မ နောက်တစ်နေ့ အသက်ရှင်နေသေးသရွေ့၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်၊ တစ်နေ့ကျရင် သေဆုံးသွားခဲ့ရင်တောင် အလဟဿအသက်ရှင်ခဲ့တာမျိုး မဖြစ်စေရဘူးလို့ ကျွန်မ တွေးခဲ့တယ်။ တစ်ခါတလေ ကျွန်မတာဝန်တွေနဲ့ အရမ်းအလုပ်များနေလို့ ကိုယ်နေမကောင်းဖြစ်နေတာကိုတောင် မေ့သွားခဲ့တယ်။ အဲဒီနောက်မှာတော့ အဲဒီနှုတ်ကပတ်တော်တွေကို တန်ဖိုးထားနားလည်မှုတချို့ ကျွန်မ တကယ်ပဲ ရလာခဲ့တယ်လေ “နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) မကြာခင်မှာပဲ ကျွန်မရဲ့ရောဂါလက္ခဏာတွေ သက်သာသွားပြီး ကျွန်မရဲ့စစ်ဆေးချက်အဖြေကလည်း ပိုးမရှိတော့ဘူး။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ သနားကရုဏာတော်ကြောင့်ပဲဆိုတာ ကျွန်မသိခဲ့တယ်။ ဒီကမ္ဘာ့ကပ်ရောဂါထဲမှာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကို ကျွန်မ ခံစားခဲ့ရပြီး ကျွန်မ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

အရှေ့သို့- ၉၂။ မိသားစု၏ နှိပ်ကွပ်မှုနောက်ကွယ်မှ ဇာတ်လမ်း

နောက်တစ်ခုသို့- ၉၄။ နောက်ဆုံးတွင် အစွမ်းအစညံ့ဖျင်းခြင်း၏ ဘောင်ခတ်ခြင်းမှ ရုန်းထွက်လွတ်မြောက်ခဲ့ပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။