၉၆။ မနာလိုခြင်းမှ လွတ်မြောက်ခဲ့ပြီ

ခဲ့လော့ဒ် ပြင်သစ်နိုင်ငံ

၂၀၂၁ အစမှာ ကျွန်တော်က တရားဟောဆရာအဖြစ် အစေခံပြီး အသင်းတော်အလုပ်ကို ကြီးကြပ်ဖို့ အစ်ကိုမက်သယူးနဲ့ တွဲလုပ်ရတယ်။ အဲဒီတာဝန်ကို ကျွန်တော်က အခုမှစလုပ်တာဖြစ်ပြီး ကျွန်တော် နားမလည်တာတွေ အများကြီးရှိသေးတယ်။ အဲဒါနဲ့ ကျွန်တော် သူ့ဆီကို ခဏခဏ မေးခွန်းတွေ လာမေးတာပေါ့။ အဲဒီအချိန်တုန်းက မက်သယူးက သူ့တာဝန်မှာ သူပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကျွန်တော့်ကို ခဏခဏ ပြောပြတယ်။ ကြာလာတော့ ကျွန်တော် သူ့ကို အထင်သေးလာတယ်။ ကျွန်တော်က သူ့လောက် ဖောက်ပြန်ပျက်စီးတာ မရှိဘူး၊ သူနဲ့ တွဲလုပ်တာ ကျွန်တော့်အတွက် အကျိုးမရှိဘူးလို့ တွေးမိတယ်။ ကျွန်တော်က သူ့ထက်သာတယ်လို့ ထင်တာပေါ့။ ကျွန်တော်က ဒီလိုတောင် စဉ်းစားတယ်။ “သူက ဘယ်လိုအလုပ် အရင် တရားဟောဆရာဖြစ်တာလဲ။ ငါက သူ့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတယ်။ တရားဟောဆရာ ဘယ်လိုဖြစ်အောင်လုပ်ရမယ်ဆိုတာ ငါက သူ့ကိုပြောသင့်တာ။ ပြောင်းပြန်ဖြစ်ရမှာမဟုတ်ဘူး။ သူက အရင် တရားဟောဆရာဖြစ်တော့ လူတိုင်းက သူ့ကို ပိုအထင်ကြီးတယ်” ပေါ့။ ကျွန်တော်က ဒါကို လက်ကိုမခံနိုင်ဘူး။ ကျွန်တော်က သူ့ထက်ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာသိနေတယ်။ သူ့ထက်ပိုတော်ဖို့အတွက် ကျွန်တော်တို့အလုပ်ကို ကျွန်တော်က ခဏခဏ နှိုင်းယှဉ်တယ်။ ဥပမာ သူက သူ့အလုပ်အားလုံးကို အမီလုပ်ဖို့အချိန် လုံလုံလောက်လောက်မရှိဘူးလို့ ကျွန်တော့်ကို ပြောတဲ့အခါ ကျွန်တော်က ကျွန်တော်တာဝန်ယူရတဲ့ အလုပ်အားလုံးကို အမီပြီးနေတော့ အထက်ခေါင်းဆောင်တွေက ကျွန်တော့်ကို ပိုအထင်ကြီးမယ်ဆိုတာ သိပြီးတော့ ပျော်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော် အံ့ဩသွားရတာက မက်သယူးက သူတာဝန်ယူရတဲ့အလုပ်ကို တော်တော်ကောင်းကောင်း လုပ်ခဲ့တယ်။ တစ်နေ့တော့ ခေါင်းဆောင်က ကျွန်တော်တို့ကို ရေလောင်းအမှုဆောင်တွေအဖြစ် လေ့ကျင့်ပေးလို့ရနိုင်တဲ့သူတချို့ကို ရွေးထုတ်ပေးဖို့ တာဝန်ပေးတယ်။ နှစ်ရက်အတွင်းမှာပဲ မက်သယူးက သင့်တော်သူ ၃ ယောက်တွေ့ပြီးနေပြီ။ ကျွန်တော် ပျာသွားပြီးတော့ စဉ်းစားတယ်။ “ငါ လုပ်မှဖြစ်မယ်။ အနည်းဆုံးတော့ မက်သယူးရဲ့ အရေအတွက်နဲ့ တူနေဖို့ လိုတယ်။ မဟုတ်ရင် ငါ့ထက် သူ့ကိုပိုပြီး ချီးကျူးကြမှာပဲ” ပေါ့။ အဲဒါနဲ့ သုံးရက်အတွင်းမှာပဲ ကျွန်တော်က လူခုနစ်ယောက် တွေ့သွားတယ်။ ကျွန်တော်က မက်သယူးထက်ပိုသာအောင်လုပ်နိုင်တော့ တော်တော်ကျေနပ်တာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်က သင့်တော်သူတွေရဲ့ အခြေအနေတွေအကြောင်း မေးဖို့ ကျွန်တော့်ဆီလာတဲ့အခါမှာ သူတို့ထဲက ဘယ်သူကမှ ရေလောင်းအမှုဆောင်အဖြစ် အစေခံဖို့ မသင့်တော်ဘူးလို့ ကောက်ချက်ချတယ်။ ကျွန်တော်က သူတို့ကို သင့်တော်သူတွေအဖြစ် ရွေးထုတ်တဲ့အချိန်မှာ သူတို့ရဲ့ တကယ့်အခြေအနေတွေကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ မက်သယူးရဲ့ သင့်တော်သူတွေအားလုံးက သင့်တော်တယ်လို့ သတ်မှတ်တယ်။ သူတို့က အစွမ်းအစနဲ့ လူ့သဘာဝကောင်းရှိတယ်။ သမ္မာတရားကို ချစ်ပြီး ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံချင်စိတ်ရှိတယ်။ အဲဒီအရင် သုံးရက်မှာ လုပ်ခဲ့တာတွေအားလုံးက အလကားဖြစ်ပြီး ကျွန်တော် အရမ်းစိတ်ဓာတ်ကျသွားတယ်။ မက်သယူးကိုလည်း ကျွန်တော် စပြီး မနာလိုဖြစ်လာတယ်။ သူက သူ့တာဝန်မှာ ဘာလို့ အမြဲတမ်း ဒီလိုရလဒ်ကောင်းတွေ ရနေတာလဲ။ ဘာလို့ ငါက မရတာလဲပေါ့။ သူက ကျွန်တော်တို့ အုပ်စုတွေထဲမှာ ဘုရားနှုတ်ကပတ်တော်ကို စိတ်ထက်သန်ရင်းနဲ့ မျှဝေတယ်။ ကျွန်တော် တာဝန်ယူရတဲ့အလုပ်ကိုတောင် နောက်ဆက်တွဲလိုက်လုပ်တယ်။ သူရှိနေရင် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုခံရအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်က သူ့ကို တော်တော်စိတ်ကုန်ပြီး မုန်းတောင်မုန်းလာတယ်။ ငါက ဘာလို့ ငါ့တာဝန်ကို သူနဲ့ ထမ်းဆောင်ရတာလဲ ပေါ့။ သူ့ကို အရမ်းသတိမထားမိစေချင်ဘူး။ သူ့တာဝန်မှာ ရလဒ်တွေကို ကျွန်တော် မရစေချင်ဘူး။ ကျွန်တော်က ကျော်ကြားမှုအတွက် ဆက်ပြိုင်နေပြီး ကျွန်တော့်ပုံစံတွေကို မပြောင်းဘူး။

အဲဒီအချိန်အတွင်းမှာ ကျွန်တော်က အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မအေနိုက်စ်ရဲ့အလုပ်ကို ကြီးကြပ်နေရတာ။ သူက သူ့တာဝန်ကို ကောင်းကောင်းမလုပ်လို့ မကောင်းတဲ့ အခြေအနေမှာရှိနေတာ။ အဲဒါနဲ့ ကျွန်တော့်ခေါင်းဆောင်က ကျွန်တော့်ကို သူ့ဆီကို သွားပြီး နည်းနည်းပံ့ပိုးပေးခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို ဆက်သွယ်တော့ သူက ရှာဖွေပြီး မိတ်သဟာယပြုဖို့အတွက် မက်သယူးကို ခေါ်တွေ့ပြီးပြီ၊ မက်သယူးက သူနဲ့အတူ ဘုရားနှုတ်ကပတ်တော်ဝေမျှပြီး သူ့ပြဿနာကို ကူဖြေရှင်းပြီးပြီလို့ ပြောတယ်။ ဒီဟာကြောင့် ကျွန်တော်က အသုံးမဝင်သလို ခံစားမိတယ်။ မက်သယူးက ကျွန်တော့်အလုပ်မှာ ဝင်စွက်ဖက်တာကို ကျွန်တော် တော်တော်မကျေနပ်ဘူး။ ဒီအသင်းတော်ခေါင်းဆောင်က ကျွန်တော့်ကြီးကြပ်မှုအောက်မှာ ရှိတာ။ ကျွန်တော်က ကိုယ့်တာဝန်ကို မထမ်းဆောင်ဘူး၊ ပြဿနာတွေကို မဖြေရှင်းဘူးလို့ လူတွေကို မထင်စေချင်ဘူးလေ။ ကျွန်တော် စဉ်းစားလေလေ၊ စိတ်ဆိုးလေလေဖြစ်ပြီး မက်သယူးနဲ့ တကယ်ကို ဆက်ပြီး လက်မတွဲချင်တော့ဘူး။ ကျွန်တော်က ကိုယ့်ဘာသာပဲ လုပ်ချင်တယ်။ ဒါဆို ကျွန်တော့်ကို လူတွေ သတိထားမိအောင်လုပ်နိုင်လို့လေ။ အဲဒီနောက်တော့ ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်နေရင်းနဲ့ သူ့ကို ရှောင်ဖို့ ကြိုးစားတယ်။ တစ်ခါတော့ မက်သယူးက စုဝေးပွဲတစ်ခုမှာ ကျွန်တော်တို့ မိတ်သဟာယဖွဲ့မယ့် ပြဿနာတစ်ခုကို ဆွေးနွေးကြဖို့ ကျွန်တော့်ကိုပြောတယ်။ သူက ကျွန်တော့်ကို ဖုန်းခေါ်ပြီး စာပို့တယ်။ ဒါပေမဲ့ ကျွန်တော်က တမင်တကာ လျစ်လျူရှုထားလိုက်တယ်။ ကျွန်တော်က သူနဲ့ ဘာကိုမှ မဆွေးနွေးချင်ဘူးလေ။ သူက ကျွန်တော့်ကို အလုပ်အကြောင်း မေးခွန်းတွေမေးတော့ ကျွန်တော်က အချိန်မီ ပြန်မဖြေဘူး။ စုဝေးပွဲမှာ ကျွန်တော့်ကို မိတ်သဟာယဖွဲ့ခိုင်းတော့ ကျွန်တော်က တမင်ငြိမ်နေပြီး သူ့ဘာသာ မိတ်သဟာယဖွဲ့ဖို့ ပြောလိုက်တယ်။ ကျွန်တော် စဉ်းစားတယ်။ “တကယ်တော့လည်း မင်းရှိနေသရွေ့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို သတိထားမိမှာမဟုတ်ဘူး။ ဒီတော့ မိတ်သဟာယဖွဲ့တာ ဘာအဓိပ္ပာယ်ရှိမှာလဲ” ပေါ့။ စုဝေးပွဲတစ်ခုလုပ်နေတုန်းမှာ မက်သယူးက မိတ်သဟာယဖွဲ့ပြီးသွားတော့ ကျွန်တော့်ထင်မြင်ချက်ကို မေးတယ်။ သူက အရမ်းမိတ်သဟာယဖွဲ့လွန်းပြီး ကျွန်တော်ပြောချင်တာမှန်သမျှ ပြောပြီးပြီလို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်တော်က တော်တော်စိတ်မကြည်ဘူး။ အဲဒီတော့ သူ့ကို ပြောလိုက်တယ်။ “အစ်ကိုက မာနထောင်လွားတဲ့ စိတ်သဘောထားနဲ့ မိတ်သဟာယဖွဲ့နေတာပဲ။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို မဖော်ထုတ်ဘူး။ အစ်ကို့နားလည်မှုတချို့ကိုပဲ မရေမရာနဲ့ ဆွေးနွေးတယ်။ အစ်ကိုက အကြမ်းဖျင်းပဲပြောတယ်။ အသေးစိတ် ဆွေးနွေးဖို့ကျမလုပ်ဘူး” ဆိုပြီးတော့။ ကျွန်တော်ပြောတာက မတိကျဘူးဆိုတာ ကျွန်တော်သိတယ်။ တမင်တကာ ပြောလိုက်တာပေါ့။ သူ စိတ်ထက်သန်နေတာကို ဖိချင်တာသက်သက်ပဲ။ ဒါဆိုရင် နောက်စုဝေးပွဲတွေမှာ အများကြီးမပြောတော့အောင်ပေါ့။ ကျွန်တော် ဘယ်လိုအခြေအနေရှိလဲဆိုတာနဲ့ တခြားကိစ္စတွေနဲ့ပတ်သက်ပြီး သူက စာတွေပို့တဲ့အခါ ကျွန်တော်က မတုံ့ပြန်ဘူး။ ဒါဆိုရင် ကျွန်တော်က သူနဲ့ တွဲမလုပ်ချင်ဘူးဆိုတာ သူသိသွားမှာပဲလို့ တွေးမိတယ်။ ကျွန်တော်က သူ့ကို စာတွေပို့တာကိုတောင် ရပ်စေချင်တာ။ သူ့ကို ထွက်သွားစေချင်ပြီး ကျွန်တော့် ပါရမီတွေကို ပြလို့ရအောင်နေရာနည်းနည်းပေးစေချင်တာပေါ့။ ကျွန်တော်က သူ့လိုမျိုးလည်း တာဝန်ကို အချိန်ပြည့်လုပ်ချင်တယ်။ ဒါဆိုရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို လိုအပ်တဲ့အချိန်တိုင်းမှာ သူတို့အတွက် ချက်ချင်း ရှိပေးနိုင်အောင်ပေါ့။ ဒီလိုဆိုရင် သူတို့အားလုံးက ကျွန်တော့်ကို အထင်ကြီးကြမယ်။ ကျွန်တော့်ရဲ့ လောကီအလုပ်ကနေ ထွက်ပြီးတော့ ကျွန်တော့်တာဝန်ကို အပြည့်အဝ စိတ်နှစ်ပြီးလုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်က အသက်မွေးဖို့၊ မိသားစုကို ထောက်ပံ့ဖို့အတွက် အလုပ်ကို လိုနေသေးတယ်။ ကျွန်တော်က မက်သယူးလိုမျိုး ကိုယ့်တာဝန်ကို အချိန်ပြည့်မဆက်ကပ်နိုင်တာကို တော်တော်စိတ်ဓာတ်ကျမိတယ်။ ဒီလိုတောင် တွေးမိတယ်။ “ငါ တရားဟောဆရာကနေ နုတ်ထွက်လိုက်တာပဲ ကောင်းမယ်ထင်တယ်။ ဒါဆိုရင် ငါ မက်သယူးနဲ့ တွဲလုပ်စရာမလိုတော့ဘူး။ တခြားတာဝန်တစ်ခုကို ပြောင်းလိုက်ရင် သူ လွှမ်းမိုးတာကို ခံရမှာမဟုတ်ဘူး။ အသိအမှတ်ပြုခံရအောင် လုပ်လို့ရနိုင်မယ်” ပေါ့။ ဒါပေမဲ့ တကယ်နုတ်ထွက်ဖို့ စဉ်းစားတော့ နည်းနည်း လိပ်ပြာမလုံဖြစ်ပြီး ဘာလုပ်ရမှန်းမသိဘူး။ ကျွန်တော် ဘုရားကို ဆုတောင်းပြီး ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို နားလည်အောင် ကူညီပေးဖို့ ဆုတောင်းလိုက်တယ်။

ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် စဉ်းစားမိတယ်။ “တာဝန်များသည် ဘုရားသခင်ထံမှ လာသည်။ ၎င်းတို့သည် ဘုရားသခင်က လူထံသို့ လွှဲပြောင်းပေးသော တာဝန်နှင့် စေခိုင်းချက်ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုတာဝန်များကို လူက မည်သို့ နားလည်သင့်သနည်း။ ‘ဒါဟာ ငါ့တာဝန်ဖြစ်ပြီး ငါ့အပေါ် ဘုရားရဲ့ စေခိုင်းချက်ဖြစ်လို့ ငါ့ရဲ့ တာဝန်ဝတ္တရားဖြစ်တယ်။ ဒါကို ငါ ကျင့်ဝတ်သိက္ခာအရ လက်ခံသင့်တယ်။ ဒါကို ပယ်ချတာ၊ ငြင်းဆန်တာလုပ်လို့ မရဘူး။ ကိုယ်လိုချင်တာပဲ ရွေးလို့မရဘူး။ ငါ့အပေါ်ကျရောက်လာတာက သေချာပေါက် ငါလုပ်သင့်တဲ့အရာပဲ။ ငါက ရွေးချယ်မှုတစ်ခုလုပ်ဖို့ အရည်အချင်းမပြည့်မီတာမဟုတ်ဘူး။ ရွေးချယ်မှုမလုပ်သင့်တာပဲ။ ဒါက ဖန်ဆင်းခံတစ်ယောက်ရှိသင့်တဲ့ အသိစိတ်ပဲ’ ဟူ၍ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်တော်တို့တာဝန်တွေကို ဘုရားသခင်က အပ်နှင်းထားတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော့်တာဝန်ကို ကိုင်စွဲထားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို ဖြည့်ဆည်းသင့်တယ်။ ကိုယ်လုပ်ရမယ့်တာဝန်တွေကို ရှောင်ပြီး ကြေးများတာ မလုပ်သင့်ဘူး။ ဒါက ကျွန်တော့်မှာ ရှိသင့်တဲ့ အကြောင်းပြချက်ပဲ။ ကျွန်တော်ကကျတော့ မက်သယူးထက်သာချင်တဲ့ ကျွန်တော့်ရဲ့ စိတ်အားထက်သန်တဲ့ ဆန္ဒက မပြည့်တာကြောင့် ကျွန်တော့်တာဝန်ကနေ နုတ်ထွက်ချင်တယ်။ ဒါက ဘုရားအတွက် အရမ်းနာကျင်စေမှာပဲ။ ကျွန်တော့်တာဝန်ကို ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုအဖြစ် မမှတ်ယူခဲ့ဘူး။ အသိအမှတ်ပြုခံရဖို့နည်းလမ်း၊ အထင်ကြီးလေးစားခံရဖို့ နည်းလမ်းအဖြစ် မှတ်ယူခဲ့တယ်။ ကျွန်တော်က ကျွန်တော့်အလုပ်ကနေ ထွက်ပြီး တာဝန်ကို အချိန်ပြည့်လုပ်ချင်တာက အဲဒီတာဝန်ကို ထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့မဟုတ်ဘဲ ကျွန်တော့်တွဲဖက်နဲ့ အဆင့်အတန်း ယှဉ်ပြိုင်ပြီး သူ့ထက် သာသွားဖို့ဖြစ်တယ်။ လက်တွေ့ပြဿနာတွေကြောင့် ကျွန်တော့်တာဝန်ကို အချိန်ပြည့်မလုပ်နိုင်တဲ့အခါမှာ ကျွန်တော်က အသိအမှတ်ပြုခံရဖို့ အခွင့်အရေးရအောင် တခြားတာဝန်တစ်ခုခုကို ပြောင်းချင်တယ်။ ကျွန်တော်လုပ်သမျှက တကယ်တမ်းမှာ တာဝန်ထမ်းဆောင်ဖို့မဟုတ်ဘဲ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ကျွန်တော့်တာဝန်ကို အသုံးပြုဖို့ပဲဆိုတာ လက်တွေ့အရှိတရားက ပြနေပါတယ်။ ဘုရားက ဒီလို အပြုအမူကို မုန်းတီးတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။ ထိုအတွက်ကြောင့် ဘုရားသခင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံရပြီဖြစ်ပြီး မရေတွက်နိုင်သော အရိုင်းအစိုင်း တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချကာ သူ့ကို နောက်ထပ်တစ်ကြိမ် ကားတိုင်ပေါ်တွင် သံမှိုစွဲရိုက်ထားကြပြီ ဖြစ်သည်။ ဘုရားသခင်အတွက် သူတို့ အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သည်ဟု ဘယ်နှစ်ယောက်အား ခေါ်ဆိုနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်)အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့နေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားစိတ် ဖြစ်၏။ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး သင်တန်းတက်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေပြီး ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို နားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့နေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားစိတ် ဖြစ်၏။” ဒီနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ကျွန်တော့်ရဲ့ တကယ့်အခြေအနေကို ဖော်ထုတ်ပါတယ်။ ကျွန်တော့်တွဲဖက်က သူ့တာဝန်မှာ ကျွန်တော့်ထက်ပိုပြီး ကောင်းတဲ့ရလဒ်တွေရနေတာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတာပိုတော်တာကို မြင်တော့ သူက ကျွန်တော့်ထက်ပိုတော်တယ်၊ အဲဒီနေရာမှာ သူနဲ့ဆိုရင် ကျွန်တော်က လုံးဝ အသိအမှတ်ပြုခံရမှာမဟုတ်ဘူးလို့ ခံစားမိတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့ကို မနာလိုဖြစ်တယ်။ ရှောင်တယ်။ သူနဲ့ တွဲမလုပ်ချင်ဘူး။ သူ့စာတွေကို တမင်လျစ်လျူရှုပြီး သူဖုန်းခေါ်တာတွေကို မကိုင်ဘူး။ သူ့အတွေ့အကြုံနဲ့ နားလည်မှုကို မိတ်သဟာယပြုတဲ့အခါမှာ အသင်းတော်အသက်တာကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်က သူနဲ့ ပူးပေါင်းမလုပ်ခဲ့ဘူး။ အဲဒီအစား သူ့အားနည်းချက်တွေကို ရှာဖို့ ကြိုးစားတယ်။ သူ့ကို မာနထောင်လွှားတယ်လို့ တမင်တကာ ပြောပြီး တိုက်ခိုက်ခဲ့တယ်။ ဒီနည်းနဲ့ သူက စိတ်ထက်သန်တာ လျော့သွားပြီး သူ့ကိုယ်သူ အသိအမှတ်ပြုခံရအောင်လုပ်ပြီး ကျွန်တော့်ထက်သာနေတာ မဖြစ်တော့အောင်ပေါ့။ ကျွန်တော်က အရမ်းကို အငြိုးထားခဲ့တာပဲ။ ကျွန်တော့်တာဝန်ကို သူနဲ့ ထမ်းဆောင်ရတဲ့အချိန်တိုင်းမှာ တော်တော်စိတ်ဒုက္ခရောက်တယ်။ သူနဲ့ အမြဲတမ်း ယှဉ်ပြိုင်ချင်တယ်။ စိတ်ကို တည်ငြိမ်အောင် လုံးဝ ထိန်းမထားနိုင်ဘူး။ ဒါ ဘုရားသခင် ပြောသလိုပါပဲ။ “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။” ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် ကျွန်တော့်ဆန္ဒက လုံးဝ မပြည့်တော့ ကျွန်တော့်တွဲဖက်ကို စမုန်းလာတယ်။ ကျွန်တော် ကိုယ့်ဘာသာလုပ်နိုင်ဖို့အတွက် သူ့နားကနေပဲ ထွက်သွားချင်ပြီး သူ့ကို ဖယ်ပစ်ချင်တယ်။ ကျွန်တော့်တာဝန်ကနေ နုတ်ထွက်ဖို့တောင် စဉ်းစားခဲ့တယ်။ ကျွန်တော်က ဘယ်လောက်အငြိုးထားပြီး လူသားမဆန်လဲဆိုတာ သတိထားမိခဲ့ပါတယ်။ ကျွန်တော်က သားကောင်ကို လိုက်ဖမ်းတဲ့ သားရဲတိရစာဆန်နဲ့ ဘာမှမကွာဘူး။ ကိုယ့်အကျိုးစီးပွားအတွက် ယှဉ်ပြိုင်ပြီး ကုတ်ခြစ်ဖို့ အဆင်သင့်ဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ်အတွက်ပဲ လုံးဝ ထည့်စဉ်းစားတယ်။ အသင်းတော်အလုပ်ကို မဟုတ်ဘူး။ အသင်းတော်အလုပ် နှောင့်နှေးရင်တောင် ကျွန်တော်က စိတ်ပူမှာ၊ ပျာနေမှာမဟုတ်ဘူး။ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာလိုက်သလဲ။ ကျွန်တော်က ဘာလို့ မက်သယူးနဲ့ ရိုးရှင်းပြီး သဟဇာတဖြစ်တဲ့ လက်တွဲမှုမယူနိုင်ရတာလဲဆိုတာကိုလည်း တွေးမိတယ်။ ကျွန်တော်က ကျွန်တော့်ယုံကြည်ခြင်းမှာ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကြောင့် လမ်းမှားပေါ် ခြေချခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။ သမ္မာတရားကို ကျွန်တော် ရှာပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးရပြီး မှောင်မိုက်ထဲကို ကျဆင်းသွားမှာပဲ။ ကျွန်တော် ဘုရားကို သုံးလေးကြိမ်ဆုတောင်းပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် ကူညီဖို့ ဆုတောင်းတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့တယ်။ “အန္တိခရစ်များသည် မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့၏ ဆောင်ပုဒ်သည် အဘယ်နည်း။ ‘ငါယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ အမြင့်မားဆုံးနှင့် အကြီးမားဆုံးဖြစ်ဖို့ ငါယှဉ်ပြိုင်ရမည်။’ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့ယှဉ်ပြိုင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ကြပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် ဤကဲ့သို့ဖြစ်လေသည်— ၎င်းတို့သည် မည်သူက ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး အရင်းအနှီးရှိသည်၊ မည်သူက ပါရမီ၊ သို့မဟုတ် အထူးကျွမ်းကျင်မှုအချို့ရှိသည်၊ မည်သူက ညီအစ်ကိုမောင်နှမများ၏ အသက်သို့ ဝင်ရောက်မှုတွင် ၎င်းတို့အပေါ် အကျိုးဖြစ်စေသည်၊ မည်သူက ကောင်းစွာ အသိအမှတ်ပြုခြင်းခံရသည်၊ မည်သူက ဝါရင့်သည်၊ မည်သူက ညီအစ်ကိုမောင်နှမများကြားတွင် အကောင်းပြောခြင်းခံရသည်၊ မည်သူက ပို၍ အပြုသဘောဆောင်သောအရာများရှိသည်တို့ကို ကြည့်ရန် အသင်းတော်တွင် စတင် ရှာဖွေကြည့်ရှုသည်။ ထိုလူများသည် ၎င်းတို့၏ ပြိုင်ဘက်များဖြစ်လိမ့်မည်။ အနှစ်ချုပ်အနေဖြင့် အန္တိခရစ်များသည် လူအုပ်စု အလယ်တွင် ရှိသည့်အချိန်တိုင်း ဤအရာမှာ ၎င်းတို့အစဉ်ပြုလုပ်သည့် အရာဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ဂုဏ်သတင်းကောင်းအတွက် ယှဉ်ပြိုင်ကြသည်၊ အုပ်စုထဲ၌ အရေးကိစ္စများအပေါ် အပြီးသတ် အဆုံးအဖြတ်နှင့် ဆုံးဖြတ်ချက်များချဖို့ အန္တိမဩဇာအတွက် ယှဉ်ပြိုင်ကြသည်၊ ယင်းကို ၎င်းတို့ရသည်နှင့် ယင်းက ၎င်းတို့ကို ပျော်ရွှင်စေလေသည်။...ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားသည် မည်မျှမာနထောင်လွှားကာ မသတီစရာကောင်းပြီး အကျိုးအကြောင်း မဆီလျော်ပုံ ဖြစ်ပေသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားရော အသိစိတ်ပါမရှိသကဲ့သို့ သမ္မာတရား တစ်စွန်းတစ်စပင် မရှိပေ။ အန္တိခရစ်များလုပ်ဆောင်သည့်အရာသည် သာမန်လူတစ်ယောက်၏ အသိစိတ်တစ်ခုမျှ မရှိသည်ကို သူ၏ အပြုအမူများ၊ လုပ်ရပ်များတွင် မြင်နိုင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပေးနိုင်သော်လည်း ၎င်းတို့က လက်မခံပေ။ သင်ပြောသည့်အရာသည် မည်မျှ မှန်ကန်ပါစေ၊ ၎င်းတို့က လက်မခံပေ။ ၎င်းတို့ လိုက်စားလိုသော တစ်ခုတည်းသောအရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ ယင်းမှာ လေးစားကြည်ညိုမှုဖြင့် ၎င်းတို့ ကိုင်စွဲသောအရာဖြစ်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သရွေ့ ၎င်းတို့က ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ၎င်းတို့တည်ရှိမှု၏ တန်ဖိုးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့် လူအုပ်စုအလယ်တွင် ရှိနေပါစေ ၎င်းတို့ပေးသည့် ‘အလင်းရောင်’ နှင့် ‘နွေးထွေးမှု’၊ ၎င်းတို့၏ အထူးပင်ကိုစွမ်းရည်များ၊ ၎င်းတို့၏ တစ်မူထူးခြားမှုတို့ကို လူများအား ၎င်းတို့ပြကိုပြရမှ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့ကိုယ်ကို ထူးခြားသည်ဟု ယုံကြည်သဖြင့် ၎င်းတို့သည် အခြားသူများထက် သာ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းခံရသင့်ကြောင်း၊ လူများ၏ ထောက်ခံမှုနှင့် လေးစားမှုတို့ကို ၎င်းတို့ရရှိသင့်ကြောင်း၊ လူများက ၎င်းတို့ကို အထင်ကြီးသင့်ကြောင်း၊ ကိုးကွယ်သင့်ကြောင်း ၎င်းတို့က အလိုအလျောက် တွေးထင်ကြသောကြောင့် ဖြစ်သည်— ဤအရာများအားလုံးသည် ၎င်းတို့ရထိုက်သောအရာဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထိုသို့သောလူများသည်မျက်နှာပြောင်ပြီး အရှက်ကင်းမဲ့သည် မဟုတ်လော။ ဤသို့သောလူများကို အသင်းတော်တွင် ရှိစေခြင်းသည် ပြဿနာမဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော့်လုပ်ရပ်တွေရဲ့ ပြင်းထန်မှုကို သတိထားမိသွားတယ်။ လက်စသတ်တော့ ကျွန်တော်က ကိုယ့်တာဝန်မှာ ကျော်ကြားမှု၊ အဆင့်အတန်းနဲ့ သူများတွေ လေးစားတာကို ရှာတဲ့နေရာမှာ အန္တိခရစ်ရဲ့ စိတ်သဘောထားတစ်ခုကို ပြနေတာပဲ။ မက်သယူးရဲ့ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့တာက ဉာဏ်အလင်းပေးတာ၊ သူ့တာဝန်မှာ သူက ရလဒ်တွေရတာ ညီအစ်ကိုမောင်နှမတွေအားလုံးက သူ့ကို ချီးကျူးတာ၊ သူ့ကို မေးခွန်းတွေ သွားမေးကြတာတွေကို ကျွန်တော် မြင်တော့ သူ့ကို မနာလိုဖြစ်ခဲ့တယ်။ သူ့ထက်သာပြီး သူများတွေရဲ့ စိတ်နှလုံးထဲမှာ အဆင့်အတန်းရဖို့အတွက် ကျွန်တော့်တာဝန်ကို အချိန်ပြည့်လုပ်ဖို့အတွက် ကျွန်တော့်အလုပ်ကနေတောင် နုတ်ထွက်ဖို့ စဉ်းစားခဲ့တယ်။ ဘယ်သူမဆို သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျွန်တော့်ကို လိုအပ်တာနဲ့ ကျွန်တော်က ရှိနေနိုင်အောင်လို့ပေါ့။ ဒီလိုဆိုရင် သူများတွေက ကျွန်တော့်ကို အထင်ကြီးပြီး သူတို့စိတ်နှလုံးထဲမှာ ကျွန်တော့်တွဲဖက်အတွက် အထူးနေရာတစ်ခု ရှိတော့မှာမဟုတ်ဘူး ပေါ့။ မက်သယူးနဲ့အတူ တာဝန်တွေကို ကျွန်တော်ထမ်းဆောင်တဲ့အချိန်တိုင်းမှာ ကျွန်တော်က သူ့အရိပ်ထဲမှာ နေနေရပြီး အသိအမှတ်ပြုခံရအောင်လုပ်ဖို့ အခွင့်အရေးမရှိဘူးလို့ အမြဲတမ်းခံစားမိတယ်။ သူက ညီအစ်ကိုမောင်နှမတွေ အမြဲတမ်း လေးစားပြီး ချီးမွမ်းတာကို ခံရတာကို ကျွန်တော် မကြိုက်ဘူး။ ဂရုချက်တွေမှာ သူက စာတွေပို့တဲ့အခါ သူ့ကို ဘယ်သူမှ ပြန်မပြောဖို့ကိုတောင် ကျွန်တော် မျှော်လင့်မိတယ်။ သူ့ကြောင့် ဘယ်ညီအစ်ကိုမောင်နှမကမှ ကျွန်တော့်ကို သတိမထားမိဘူးပေါ့။ အဲဒါနဲ့ သူ့ကို တိုက်ခိုက်ရင်းနဲ့ ကျွန်တော့်အချိန်တွေအကုန် ကုန်ဆုံးခဲ့တယ်။ သူ့ထက်သာပြီးတော့ ကျွန်တော့်ကို ညီအစ်ကိုမောင်နှမတွေ လေးစားပြီး ကိုးကွယ်အောင်လုပ်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါက ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ရဖို့ ကျွန်တော်ကြိုးစားတဲ့နေရာမှာ ခဏခဏပြတဲ့ အပြုအမူမျိုးပေါ့။ ကျွန်တော့်ရည်မှန်းချက်နဲ့ ဆန္ဒက မပြည့်တဲ့အခါမှာ ကျွန်တော်က အသိအမှတ်ပြုခံရအောင်လုပ်ဖို့ ဘာအခွင့်အရေးမှမရှိဘူးလို့ ထင်ပြီး တရားဟောဆရာကနေ နုတ်ထွက်ချင်တယ်။ တခြားတာဝန်တစ်ခုမှာ ကိုယ့်အတွက်နာမည်ရအောင်လုပ်ဖို့ အခွင့်အရေးရှိလိမ့်မယ်လို့ စဉ်းစားတယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်တော် စွဲလမ်းတာက ထိန်းမရအောင်ဖြစ်သွားတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ကျွန်တော်က ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ချစ်တဲ့နေရာမှာ အန္တိခရစ်တစ်ယောက်လိုပါပဲ။ ဒီဆန္ဒက ကျွန်တော့်အထဲမှာ အရမ်းအမြစ်တွယ်နေတယ်။ ကျွန်တော့်ရဲ့ သဘာဝလိုဖြစ်နေတယ်။ ကျွန်တော် လျှောက်တဲ့လမ်းကြောင်းက အန္တရာယ်များလွန်းတယ်ဆိုတာ သဘောပေါက်သွားတယ်။ ဘုရားရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူး။ သူက ဖြောင့်မတ်ပါတယ်။ ကျွန်တော်က ပြောင်းလဲဖို့အတွက် အားမထုတ်ရင် အသင်းတော်အလုပ်အတွက် နည်းနည်းလေးမှ မစဉ်းစားဘဲ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ဖို့ကိုပဲ အာရုံစိုက်နေရင် ဘုရားက ငြင်းပယ်ပြီး စွန့်ပစ်တာကို ခံရမှာပဲ။ ကျွန်တော့်လုပ်ရပ်တွေကို တော်တော်ရွံရှာမိပြီး ကျွန်တော့်တွဲဖက်နဲ့ အဆင့်အတန်းအတွက် မယှဉ်ပြိုင်ချင်တော့ဘူး။ ကျွန်တော် ဘုရားကို ဆုတောင်းပြီး ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ အချုပ်အနှောင်တွေ၊ ချုပ်ချယ်မှုတွေကနေ လွတ်မြောက်အောင် ကူညီပေးဖို့ ဆုတောင်းခဲ့တယ်။

နောက်တော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့မိတယ်။ “သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပစ်မှတ်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားခြင်းအား ဆင်ခြင်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာများကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းတို့သည် သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဂုဏ်အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင်ကြိုးပမ်းသော ပန်းတိုင်များကို လုံးဝ ထိန်းချုပ်ပြီး လွှမ်းမိုးလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောဆိုရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်လျှင်၊ သင်၏ တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် သင့်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အမုန်းတီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အမှန်းတီးဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ သဘာဝအရ ဤအရာအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်။ ဤသည်မှာ လမ်းဆုံးတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အဆင့်အတန်းကို ကျွန်တော် ဆက်တိုက်လိုက်စားနေတာကြောင့် တာဝန်ထမ်းဆောင်ဖို့ ကျွန်တော့်အရည်အချင်းက နှောင့်နှေးသွားရုံတင်မဟုတ်ဘဲ ဖန်ဆင်းခံအနေနဲ့ အရည်အသွေးပြည့်မီဖို့ကိုလည်း တားဆီးတယ်။ ကျွန်တော်က အမြဲတမ်း အဆင့်အတန်းကို ရှာဖွေနေတော့ မက်သယူးထက်သာပြီး လူတိုင်းကလေးစားတာကို ရဖို့ ကြိုးစားနေတော့ အမြဲတမ်း ယှဉ်ပြိုင်၊ ပြိုင်ဆိုင်နေတော့ ကျွန်တော်က ပိုပိုပြီး အငြိုးထားလာပြီး သာမန်လူ့သဘာဝမရှိတော့ဘူး။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ရှာဖွေတာက လမ်းမှန်မဟုတ်ဘူးဆိုတာ ပျက်စီးခြင်းကိုဦးတည်တဲ့ ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော်က ယုံကြည်သူဖြစ်ပြီး ဖန်ဆင်းခံဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူတဲ့အတွက် သမ္မာတရားကို ရှာဖွေတာကို အာရုံစိုက်သင့်တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်လိုက်တာလိုမျိုး အသုံးမဝင်တဲ့အရာအတွက် ရုန်းကန်မနေသင့်ဘူး။ ဒါမှ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံတာကို ရှောင်နိုင်မယ်။ အဲဒါနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ ကျွန်တော် ပြောတာက “ဘုရားသခင် ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ သဘာဝကို သိမြင်လာပါပြီ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်တော် စွဲလန်းမှုကြောင့် မက်သယူးကို ခဏခဏ မနာလိုဖြစ်ပြီး သူနဲ့ တွဲမလုပ်ချင်ပါဘူး။ ဘုရားသခင် အခုကစပြီး ကိုယ်တော်ထံ နောင်တရပါမယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို မရှာဖွေတော့ပါဘူး။ သမ္မာတရားကိုပဲ ရှာပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ပါမယ်။ ကျွန်တော့်ကို ကူညီလမ်းပြတော်မူပါ” ဆိုပြီးတော့။

ကျွန်တော် ဘုရားဝတ်ပြုနေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့မိတယ်။ “သင်တို့ကိုယ်သင်တို့ ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ သင့်ကိုယ်သင် ပြုမူဆောင်ရွက်သင့်သည်။ သင့်အတွက် သင့်တော်သော ရာထူးအဆင့်အတန်းကို ရှာဖွေသင့်သည်။ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်ကသာ အသိစိတ်ရှိသောသူဖြစ်သည်။ ဥပမာအားဖြင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး အခြေခံသဘောတရားများကို နားလည်သဘောပေါက်သူများ ရှိကြသည်၊ ၎င်းတို့သည် ထိုတာဝန်ကို ယူသင့်ပြီး ထိုနယ်ပယ်၌ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ စိတ်ကူးများနှင့် အသိအမြင်များကို ပေးနိုင်ပြီး အခြားလူများကို လှုံ့ဆော်ပေးပြီး ၎င်းတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီပေးသည့်လူများရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် ရာထူး အဆင့်အတန်းကို သင် ရှာဖွေနိုင်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက၊ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ကာ၊ သင်၏ ရာထူး အဆင့်အတန်းအတိုင်း သင့်ကိုယ်သင် ပြုမူနေထိုင် လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတယ်။ ကျွန်တော် တွေးမိတယ်။ “ငါက သာမန်လူတစ်ယောက်ပဲ။ စစ်မှန်တဲ့ ဖန်ဆင်းခံဖြစ်လာဖို့ ကိုယ့်နေရာမှာ နေဖို့၊ သူများတွေနဲ့ သဟဇာတဖြစ်စွာ အလုပ်လုပ်ပြီး ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ တာဝန်ကို အစွမ်းကုန်လုပ်ဖို့အတွက် အားထုတ်သင့်တယ်။ ဒါကသာ မှန်ကန်တဲ့ လမ်းကြောင်းပဲ” ပေါ့။ ဘုရားသခင်က အာဒံကို တိရိစ္ဆာန်တွေအတွက် နာမည်ပေးခိုင်းတုန်းက အာဒံပေးတဲ့နာမည်တွေကို သူက သဘောတူလက်ခံတာကို ကျွန်တော် တွေးမိတယ်။ သူက ဘယ်လောက်ပိုကြီးမြတ်တယ်ဆိုတာပြဖို့အတွက် အာဒံကို မငြင်းပယ်ဘဲ၊ သူ့ကိုယ်ပိုင်နာမည်တွေပေးတာကို မလုပ်ဘဲ အာဒံရဲ့ ရွေးချယ်မှုတွေကို လက်ခံခဲ့တယ်။ ဒါက ဘုရားရဲ့ နှိမ့်ချမှုနဲ့ ပုန်းကွယ်မှုက တကယ်ကို ချစ်ဖွယ်ဖြစ်တယ်ဆိုတာ ပြပါတယ်။ ဘုရားသခင်က အမြင့်ဆုံးဖြစ်တယ်။ ဖန်ဆင်းခြင်းအားလုံးရဲ့ သခင်ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ နှိမ့်ချစွာနဲ့ ဖုံးကွယ်တယ်။ ကျွန်တော်ကကျတော့ သာမန်ဖန်ဆင်းခံတစ်ယောက်သက်သက်ပဲ။ ဒါပေမဲ့ အမြဲတမ်း ကြွားဝါချင်ပြီး သူများတွေက လေးစားတာကို ခံချင်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အဆင့်အတန်းနဲ့ ဂုဏ်သတင်းအတွက် သူတို့တာဝန်တွေမှာ ရလဒ်ကောင်းတွေရတဲ့သူတွေကိုတောင် ကျော်ဖို့ ကြိုးစားတယ်။ ကျွန်တော်က မာနကြီးလွန်းပြီး ဆင်ခြင်တုံတရားမရှိပါဘူး။ ကျွန်တော် လုပ်ခဲ့တာအတွက် အရမ်းနောင်တရတယ်။ ဒါကြောင့် နောင်တရပြီး ဆုတောင်းဖို့အတွက် ဘုရားရှေ့ကိုလာခဲ့တယ်။ ကျွန်တော့်ရဲ့ တွဲဖက်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ်ဖော်ထုတ်ဖို့ သတ္တိကိုပေးဖို့အတွက် ဆုတောင်းလိုက်တယ်။

နောက်ပိုင်းမှာ ကျွန်တော် အားတင်းလိုက်ပြီး မက်သယူးကို တောင်းပန်လိုက်တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် သူ့ကို တိတ်တဆိတ် ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော့်ဆန္ဒကို ပေါ်လွင်စေတဲ့ ကျွန်တော့်ရဲ့ အန္တိခရစ်စိတ်သဘောထားကို ဖော်ထုတ်ခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်တော် တော်တော်ပိုပြီးငြိမ်းချမ်းသွားတယ်။ နောက်ပိုင်းမှာ မက်သယူးက ကျွန်တော့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို တွေ့ခဲ့ပြီး ကျွန်တော့်အတွက် တော်တော်အထောက်အကူဖြစ်တယ်။ ကျွန်တော် ဘုရားကို အရမ်းကျေးဇူးတင်ခဲ့တယ်။ ဘုရားတောင်းဆိုသလို ကိုယ့်ကိုယ်ကိုယ် ပြုမူမယ်လို့ ဘုရားကို သစ္စာဆိုခဲ့တယ်။ အဲဒီနောက်တော့ ကျွန်တော့်တွဲဖက်ရဲ့ စာတွေကို လျစ်လျူရှုတာ မလုပ်တော့ဘူး။ ကျွန်တော်တာဝန်ယူရတဲ့ ပရောဂျက်တွေအားလုံးရဲ့ အခြေအနေကို သူ့ကို တက်တက်ကြွကြွနဲ့ အသိပေးတယ်။ ကျွန်တော့်အလုပ်ကို အမီလိုက်ပြီး ကျွန်တော့်ကို ကြီးကြပ်ပြီး ကူညီခွင့်ပြုတယ်။ ကျွန်တော်တို့အလုပ်ကို ဆွေးနွေးကြပြီး စုဝေးပွဲတွေ၊ မိတ်သဟာယတွေမှာ တွဲလုပ်ကြတယ်။ အဖွဲ့တစ်ခုအနေနဲ့ အချင်းချင်း ဖြည့်စွက်ပေးကြပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းကြတယ်။ ကျေးဇူးတော်ပဲ။

အရှေ့သို့- ၉၁။ မည်သည့် အသက်အရွယ်ဖြစ်စေ သမ္မာတရားကို လိုက်စားပါ

နောက်တစ်ခုသို့- ၉၈။ အခြားသူများကို အမြဲ ကျေနပ်စေခြင်းမှ ဖြစ်လာသည့်အရာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။