၉၆။ အမှန်အတိုင်းပြောဖို့ မလိုလားခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

ရယ်ချိုး၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအစောပိုင်းတုန်းက ကျွန်မက အသင်းတော်မှာ ရေလောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ပေါ့။ အဲဒီအချိန်တုန်းက ညီအစ်မချိုးကျန်နဲ့ ညီအစ်မယန်ယွန်ဆိုတဲ့ လူသစ်နှစ်ယောက်က တခြားအသင်းတော်ကနေ ပြောင်းလာတာ မကြာသေးဘူး။ ဒီညီအစ်မနှစ်ယောက်ဟာ အစွမ်းအစနဲ့ နားလည်မှု ကောင်းတဲ့အကြောင်း၊ နောက်ပိုင်း ရေလောင်းတဲ့အချိန်မှာ သူတို့ ဘယ်လိုအခြေအနေရှိလဲဆိုတာကို ပိုအာရုံစိုက်သင့်တဲ့အကြောင်း၊ သူတို့ကို တာဝန်တွေအတွက် အမြန်ဆုံး ပျိုးထောင်ပြီး လေ့ကျင့်ပေးလို့ ရနိုင်တဲ့အကြောင်းတွေကို ပြောရင်း သူတို့ကို ရေလောင်းဖို့အတွက် လူတွေကို အမြန်ဆုံး ခေါင်းဆောင်က ကျွန်မကို စီစဉ်ခိုင်းခဲ့တယ်။ ပြီးတော့ ညီအစ်မချိုးကျန်က သူ့မိသားစုရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် အခုတလော နှောင့်ယှက်ခံနေခဲ့ရပြီး မိတ်သဟာယနဲ့ အကူအညီ ပိုလိုအပ်တယ်လို့လည်း ခေါင်းဆောင်က ပြောတယ်။ ဒီနောက်မှာတော့ ညီအစ်မချိုးကျန်နဲ့ ညီအစ်မယန်ယွန်ကို ရေလောင်းသူတွေနဲ့ ပေးတွေ့ဖို့ ကျွန်မ စီစဉ်ပေးလိုက်တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကိုသုံးပြီး ညီအစ်မချိုးကျန်နဲ့လည်း မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ညီအစ်မယန်ယွန်ရဲ့ အခြေအနေက ကောင်းနေတော့ ကျွန်မ စိတ်ချလက်ချနဲ့ပဲ ရေလောင်းသူတွေဆီ အပ်လိုက်တာပေါ့။

ခဏလေးနဲ့ တစ်လ ကုန်သွားတယ်၊ ညီအစ်မချိုးကျန်နဲ့ ညီအစ်မယန်ယွန်တို့ ဘယ်လိုအခြေအနေရှိလဲ၊ သူတို့ တိုးတက်မှုရှိလား၊ သူတို့ကို ပျိုးထောင်လို့ရနိုင်လားဆိုတာ ခေါင်းဆောင်က ကျွန်မကို မေးပါလေရော။ ခေါင်းဆောင်ရဲ့စာကို မြင်တော့ ကျွန်မ နည်းနည်း ထိတ်လန့်သွားပြီး တွေးမိတယ်။ “ငါက အစတုန်းကပဲ ညီအစ်မချိုးကျန်နဲ့ မိတ်သဟာယဖွဲ့ခဲ့တာ၊ သူ့အခြေအနေ တိုးတက်လာတာမြင်ပြီးတဲ့နောက် သူ့ကို နောက်ဆက်တွဲ ဆက်မလိုက်ခဲ့ဘူး။ ဒီလူသစ်နှစ်ယောက် ဘယ်လိုအခြေအနေရှိလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းဖို့နဲ့ နောက်ဆက်တွဲလိုက်ဖို့ ငါ မေ့နေခဲ့တာ။ အခု ငါ ဘာလုပ်သင့်လဲ။ ဘယ်လို ပြန်ပြောရမလဲ။ နောက်ဆက်တွဲလိုက်ဖို့ မေ့သွားပါတယ်လို့ပဲ ငါ ဗြောင်ပြောလိုက်ရင် ငါက ဝတ်ကျေတမ်းကျေလုပ်တယ်၊ တကယ့်အလုပ်မလုပ်ဘူး၊ သီးသန့်လုပ်ခိုင်းထားတာကို မလုပ်ဘူး၊ ပြီးတော့ ငါက လုံးဝ စိတ်မချရဘူးလို့ ခေါင်းဆောင်က သေချာပေါက် ပြောတော့မှာ။ အဲဒါဆို ငါ့သိက္ခာကျရမှာ၊ ပြုပြင်တာတောင် ခံရနိုင်တယ်” လို့ပေါ့။ ကျွန်မ တကယ့်အလုပ် မလုပ်ခဲ့တာကို ခေါင်းဆောင် မမြင်အောင်လို့ ဖြေရှင်းနည်းတစ်ခုကို ကျွန်မ စဉ်းစားလိုက်တယ်။ “ညီအစ်မချိုးကျန်နဲ့ ညီအစ်မယန်ယွန်တို့ ဘယ်လိုအခြေအနေရှိလဲဆိုတာကို စုံစမ်းဖို့ ရေလောင်းသူတွေဆီကို ငါ စာအမြန်ပို့လိုက်မယ်၊ ပြီးမှ ငါ နောက်ဆက်တွဲလိုက်နေပါတယ်ဆိုပြီး ခေါင်းဆောင်ကို ပြန်ပြောလိုက်မယ်။ ဒါပေမဲ့ ငါက အစပိုင်းတုန်းကပဲ ညီအစ်မချိုးကျန်နဲ့ တစ်ခါ မိတ်သဟာယဖွဲ့ခဲ့တာ ရှင်းနေတာပဲ၊ ပြီးတော့ သူနဲ့ ညီအစ်မယန်ယွန်ကို နောက်ဆက်တွဲလိုက်ဖို့ မေ့နေခဲ့တာလေ။ သူတို့ကို နောက်ဆက်တွဲလိုက်ခဲ့ပါတယ်လို့ ပြောရင် ဗြောင်လိမ်ရာ မကျဘူးလား။ မဖြစ်ဘူး၊ ငါ ဒီအတိုင်းကြီး ဗြောင်လိမ်လို့မရဘူး” လို့ပေါ့။ ဒါနဲ့ နောက်ထပ်နည်းလမ်းတစ်ခုကို ကျွန်မ စဉ်းစားလိုက်တယ်။ နောက်ဆက်တွဲလိုက်ခဲ့တယ်လို့ တိုက်ရိုက်လည်းမပြောဘူး၊ နောက်ဆက်တွဲလိုက်ဖို့ အာရုံမစိုက်ခဲ့ဘူးလို့လည်း မပြောဘူး။ အဲဒီအစား စကားကို ဝေ့လည်ကြောင်ပတ်ပြောမယ်။ “ရေလောင်းသူနှစ်ယောက်နဲ့ စုဝေးဖို့ ကျွန်မ အချိန်ဇယားဆွဲထားတာနဲ့ အတော်ပဲ။ အဲဒီစုဝေးပွဲမှာ လူသစ်တွေ အခုတလော ဘယ်လိုအခြေအနေရှိလဲဆိုတာကို စုံစမ်းဖို့ ကျွန်မ စီစဉ်ထားတယ်။ ပြီးရင် သိပ်မကြာခင် အကြောင်းပြန်ပြောပြပေးပါ့မယ်” ဆိုပြီးတော့ပေါ့။ စာရေးပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံးထဲမှာ စိတ်မအေးတာလေးကို ခပ်ရေးရေး ခံစားလိုက်ရတယ်။ ကျွန်မက တကယ်ကို ဉာဏ်များပြီး လှည့်ဖြားတတ်နေတာလို့ ခံစားရပေမဲ့ ဒီလိုပြန်မပြောရင် ကိုယ်က တကယ့်အလုပ်မလုပ်ဘူးလို့ ခေါင်းဆောင်ပြောမှာကို ကြောက်တယ်။ ဒါကြောင့် အဆုံးမှာတော့ ဒီအတိုင်းပဲ ကျွန်မ ပြန်ပြောလိုက်တယ်။

နောက်တစ်နေ့မှာ ကျွန်မ ရုတ်တရက် မူးဝေပြီး ပျို့အန်လာတယ်၊ မတ်တပ် မရပ်နိုင်ဘူး။ ရုတ်တရက် နေမကောင်းဖြစ်တဲ့အခါ သင်ယူစရာ သင်ခန်းစာရှိမရှိ ရှာဖွေသင့်တယ်လို့ ညီအစ်မတစ်ယောက်က ကျွန်မကို သတိပေးတယ်။ နောက်ပိုင်းမှာ ညီအစ်မယန်ယွန်နဲ့ ညီအစ်မချိုးကျန်တို့ ဘယ်လိုအခြေအနေရှိလဲဆိုတာကို နောက်ဆက်တွဲလိုက်ဖို့ ခေါင်းဆောင်က ကျွန်မကို ခိုင်းခဲ့တာကို စဉ်းစားမိတယ်။ သေချာလုပ်ပါ့မယ်လို့ ကျွန်မ ကတိပေးခဲ့ပေမဲ့ မေ့သွားခဲ့တယ်။ ဒီကိစ္စမှာ ငါ တော်တော် တာဝန်မဲ့ခဲ့ပြီးပြီ၊ ဒါပေမဲ့ ငါက မရိုးသားသေးဘဲ ရှောင်လွှဲဖို့၊ လှည့်ဖြားတတ်ဖို့နဲ့ ကိစ္စတွေကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါက ဘုရားသခင်အတွက် ပိုပြီးတောင် စက်ဆုပ်စရာ မဖြစ်ဘူးလား။ ကျွန်မရဲ့ စကားတွေနဲ့ လုပ်ရပ်တွေက မြွေတစ်ကောင်လို ကွေ့ကောက်ပြီး လှည့်ပတ်နေတာကို ကျွန်မ တွေ့လိုက်ရတယ်၊ ဒါကြောင့် ဒီလိုအပြုအမူကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖွေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယေဟောဝါ ဘုရားသခင်က စာတန်ကို မည်သည့်မေးခွန်းမျိုး မေးခဲ့သည်ကို ဦးစွာကြည့်ကြပါစို့။ ‘အသင် အဘယ်အရပ်က လာသနည်း။’ ဤသည်မှာ ရိုးရိုးစင်းစင်း မေးခွန်းတစ်ခု မဟုတ်လော။ ဖုံးကွယ်ထားသည့် အဓိပ္ပာယ် တစ်ခုတစ်လေ ရှိပါသလော။ မရှိပါ။ ယင်းသည် ရိုးရှင်းသည့် မေးခွန်း တစ်ခုသက်သက်ဖြစ်၏၊ ‘သင်မည်သည့်နေရာက လာသနည်း’ ဟု သင်တို့ကို ငါမေးမည်ဆိုပါက၊ သင်တို့ မည်သို့ ဖြေကြမည်နည်း။ ဤသည်မှာ အဖြေရခက်သည့် မေးခွန်း တစ်ခုလော။ ‘လှည့်လည်၍ အရပ်ရပ် သွားလာသည့်အမှုထဲက လာပါသည်’ ဟု သင်တို့ ပြောမည်လော။ (မဟုတ်ပါ။) သင်တို့သည် ဤသို့ ပြန်ဖြေကြမည် မဟုတ်။ ထို့ကြောင့်၊ စာတန်က ဤသို့သောနည်းဖြင့် ပြန်ဖြေသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ခံစားရသနည်း။ (စာတန်သည် ယုတ္တိမတန်ဘဲ လှည့်ဖြားလည်း လှည့်ဖြားတတ်သည်ဟု ခံစားရပါသည်။) ငါမည်သည့်အရာ ခံစားနေရသည်ကို သင်တို့ ပြောနိုင်သလော။ စာတန်၏ ဤစကားများကို ငါမြင်သည့်အချိန်တိုင်းတွင် စာတန်သည် စကားပြောဆိုသော်လည်း၊ သူ၏ စကားများက အနှစ်သာရမရှိသောကြောင့် ငါ စက်ဆုပ်ရွံရှာ၏။ ဘုရားသခင်၏ မေးခွန်းကို စာတန် ဖြေခဲ့ပါသလော။ မဖြေခဲ့ပါ၊ စာတန် ပြောဆိုသည့် စကားလုံးများသည် အဖြေတစ်ခု မဟုတ်ပေ၊ ထိုစကားများသည် မည်သည့်အရာမျှ မထုတ်ဖော်ပေ။ ထိုအရာများသည် ဘုရားသခင်၏ မေးခွန်းအဖို့ အဖြေ မဟုတ်ခဲ့ပေ။ ‘မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်’ ဤစကားလုံးများနှင့် သက်ဆိုင်၍ သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ စာတန် မည်သည့်နေရာက လာသနည်း။ ဤမေးခွန်းအဖို့ အဖြေတစ်ခုကို သင်တို့ ရကြပြီလော။ (မရပါ။) ဤသည်မှာ စာတန်၏ စဉ်းလဲသော အကြံအစည်များနှင့် သက်ဆိုင်သည့် ‘ဉာဏ်ထက်မှု’ ဖြစ်သည်။ မည်သည့်အရာအား အမှန်တကယ် ပြောနေသည်ကို မည်သူ့ကိုမျှ သိခွင့်မပေးခြင်း ဖြစ်သည်။ ဤစကားများကို ကြားလျက်၊ ၎င်းက ဖြေကြား ပြီးသွားသော်လည်း၊ မည်သည့်အရာ ပြောသွားသည်ကို သင် မသိမြင်နိုင်သေးပေ။ သို့သော် စာတန်က တိတိကျကျ သူဖြေလိုက်သည်ဟု ထင်နေ၏။ ထိုအခါတွင် သင်သည် မည်သို့ ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာသည်။) ယခု သင်သည် ဤစကားများကို တုန့်ပြန်သည့်အနေဖြင့် စတင်ရွံရှာမိသည်။ စာတန်၏ စကားများတွင် ထူးခြားသော လက္ခဏာတစ်မျိုးရှိသည်။ စာတန်ပြောသည့်အရာသည် သင့်ကို ခေါင်းရှုပ်စေပြီး သူ့စကား၏ အရင်းအမြစ်ကို မသိမြင်နိုင်ပေ။ တစ်ခါတစ်ရံတွင် စာတန်သည် ရည်ရွယ်ချက်များရှိပြီး တမင်သက်သက် စကားပြောဆိုသည်။ တစ်ခါတစ်ရံတွင် ၎င်းသဘာဝ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ထိုကဲ့သို့သောစကားများက အလိုအလျောက်ထွက်ပေါ်လာပြီး စာတန်၏ ပါးစပ်မှ တိုက်ရိုက်ထွက်လာသည်။ စာတန်သည် ထိုကဲ့သို့သောစကားများကို ကြာရှည်စွာ ချိန်ဆနေခြင်း မဟုတ်ဘဲ။ ထိုအစား ယင်းတို့သည် မစဉ်းစားဘဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘယ်ကနေလာသည်ကို ဘုရားသခင်က မေးသည့်အခါတွင် စာတန်က အဓိပ္ပာယ်မပြတ်သားသော စကားအချို့ဖြင့် ဖြေသည်။ သင့်အနေဖြင့် စာတန် မည်သည့်နေရာက အမှန်တကယ် လာသည်ကို သိရှိခြင်းမရှိဘဲ၊ အလွန် အကြံအိုက်သွားလေသည်။ သင်တို့ထဲတွင် ဤသို့ ပြောဆိုသည့်သူများ ရှိသလော။ ဤသို့ ပြောဆိုသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်ပါသည်။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးများကို ငါတို့ သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေခြင်းနှင့် ဆုံးဖြတ်ချက်လွဲမှားခြင်း ဖြစ်သည်။ တစ်ယောက်ယောက်သည် မနေ့က မည်သည့်အရာလုပ်ခဲ့သည်ကို အခြားသူများအား မသိစေချင်ဟု ဆိုပါစို့။ ‘မနေ့က သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း။’ ဟု သင်က သူ့ကို မေးသည်။ ၎င်းတို့က ၎င်းတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် မပြောပေ။ ယင်းထက်၊ ၎င်းတို့က၊ ‘မနေ့က တစ်နေ့လုံး အတော်ပင် ပင်ပန်းခဲ့သည်။ အလွန်ပင်ပန်းသည်။’ ဟု ပြောလေသည်။ ၎င်းတို့က သင်၏မေးခွန်းကို ဖြေခဲ့ပါသလော။ ဖြေခဲ့၏၊ သို့သော် သင်လိုချင်သည့် အဖြေကို ၎င်းတို့ မပေးခဲ့ကြပေ။ ဤသည်မှာ လူ့ အပြောအဆို၏ မာယာအတွင်းရှိ ‘ဉာဏ်ထက်မြက်မှု’ ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင် လုံးဝ မသိရှိနိုင်သကဲ့သို့၊ ၎င်းတို့ စကားများ၏ အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကို မသိမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ကိုယ်ပိုင် ဇာတ်လမ်းရှိကြသောကြောင့် အဘယ်အရာကို ၎င်းတို့ ရှောင်ရှားရန် ကြိုးစားနေကြသည်ကို သင် မသိချေ။ ဤသည်မှာ မသိမသာ ဒုက္ခပေးသောအရာ ဖြစ်သည်။ သင်တို့အထဲတွင်လည်း ဤသို့ မကြာခဏ စကားပြောသူ ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်မာန၊ ရာထူးနှင့် ပုံရိပ်ကို ထိန်းသိမ်းရန်၊ သင်တို့ ကိုယ်ရေးကိုယ်တာ ဘဝ၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန်ဖြစ်သလော။ မည်သည့် ရည်ရွယ်ချက် ရှိပါစေ၊ ယင်းသည် သင်၏ကိုယ်ကျိုးများမှ ခွဲခြားမရပေ၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်လေသည်။ ဤသည်မှာ လူသား၏ သဘာဝ ဖြစ်သည်မဟုတ်လော။ ဤသို့သော သဘာဝရှိသူအားလုံးသည် စာတန်၏ မိသားစုဝင် မဟုတ်လျှင်ပင် စာတန်နှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ငါတို့ ဤကဲ့သို့ ပြော၍ရနိုင်၏၊ ဟုတ်သည် မဟုတ်လော။ အများအားဖြင့် ဤသရုပ်သကန်သည် စက်ဆုပ်စရာဖြစ်ပြီး ရွံရှာစရာ ကောင်းပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) စာတန်ကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကနေ စာတန်စကားပြောတဲ့ပုံစံက တကယ်ရွံစရာကောင်းတယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ဘုရားသခင်က ရိုးရှင်းတဲ့မေးခွန်းတစ်ခုကို မေးတဲ့အခါ စာတန်က ရှင်းရှင်းလင်းလင်း ပြန်ဖြေနိုင်ပေမဲ့ အဲဒီအစား သူ့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပန်းတိုင်တွေကို ဖုံးကွယ်ဖို့ စကားကို ဝေ့လည်ကြောင်ပတ်ပြောပြီး ရှုပ်ထွေးအောင်လုပ်တယ်၊ သူ့ရဲ့ စစ်မှန်တဲ့ အတွေးတွေနဲ့ ရည်ရွယ်ချက်တွေကို ပိုင်းခြားသိမြင်ရခက်အောင် လုပ်တယ်။ ဒါက တကယ်ကို ကောက်ကျစ်ပြီး လှည့်ဖြားတတ်တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ယှဉ်ကြည့်တဲ့အခါ ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မကိုယ်တိုင်ရဲ့ အပြုအမူဖြစ်နေတာကို တွေ့လိုက်ရတယ်။ လူသစ်နှစ်ယောက် ဘယ်လိုအခြေအနေရှိလဲဆိုတာကို ခေါင်းဆောင်က နောက်ဆက်တွဲလိုက်တဲ့အခါ ကျွန်မက အစတုန်းက ညီအစ်မချိုးကျန်နဲ့ တစ်ခါပဲ မိတ်သဟာယဖွဲ့ခဲ့တာကို သိလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်သွားတာကြောင့် သူတို့ကို ရေလောင်းသူတွေဆီ တာဝန်ပေးပြီးတဲ့နောက်မှာ ကျွန်မ နောက်ဆက်တွဲ ဆက်မလိုက်ဖြစ်ခဲ့ဘူး။ သူတို့ရဲ့ တိုးတက်မှု၊ သူတို့ ကြုံရနိုင်တဲ့ ပြဿနာတွေ၊ ဒါမှမဟုတ် သူတို့ကို ပျိုးထောင်ဖို့ အလားအလာရှိမရှိဆိုတာတွေကို ကျွန်မ တစ်ခုမှ မသိခဲ့ဘူး။ ကျွန်မ နောက်ဆက်တွဲ မလိုက်ဖြစ်ခဲ့ဘူးလို့ပဲ တိုက်ရိုက်ဝန်ခံလိုက်ရင် ကျွန်မက တကယ့်အလုပ်မလုပ်ဘူး၊ ကိစ္စတွေကို ဝတ်ကျေတမ်းကျေပဲလုပ်ပြီး တာဝန်မဲ့တယ်ဆိုတာ ခေါင်းဆောင်ကို ပြသလို ဖြစ်နေမှာပေါ့။ အဲဒါဆိုရင် ကျွန်မရဲ့ မာနနဲ့ ပုံရိပ်ကို ထိခိုက်စေမှာ၊ ပြီးတော့ ကျွန်မ ပြုပြင်တာတောင် ခံရနိုင်တယ်။ ဒါကြောင့် ကျွန်မက လှည့်ဖြားဖို့ ရွေးချယ်ပြီး ရေလောင်းသူနှစ်ယောက်နဲ့ စုဝေးဖို့ ချိန်းထားပါတယ်၊ လူသစ်တွေ အခုတလော ဘယ်လိုအခြေအနေရှိလဲဆိုတာကို စုံစမ်းပြီးရင် ပြန်ပြောပြပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောလိုက်တယ်။ ဒီလိုမျိုးနဲ့ ကျွန်မက တကယ့်အလုပ်လုပ်နေတယ်၊ လူသစ်တွေ ဘယ်လိုအခြေအနေရှိလဲဆိုတာကို မပြတ် နောက်ဆက်တွဲလိုက်နေတယ်၊ အာရုံစိုက်နေတယ်လို့ ခေါင်းဆောင်ထင်သွားအောင် လုပ်ခဲ့တာပေါ့။ ရေလောင်းသူတွေ ဘာလုပ်နေလဲဆိုတာကို စုံစမ်းဖို့ သူတို့နဲ့ လူချင်းတွေ့ဖို့ ပြောတာကလည်း ကျွန်မမှာ ဝန်တာထားတဲ့စိတ် ကြီးကြီးမားမား ရှိသယောင်ယောင် ထင်ရစေပြီး ဒီလိုနည်းနဲ့ ပြဿနာကို ဖုံးကွယ်ရင်း ကျွန်မရဲ့ သိက္ခာနဲ့ ပုံရိပ်ကို ကာကွယ်လိုက်တာပေါ့။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေက ဘယ်လောက် ကောက်ကျစ်လဲ၊ ကျွန်မရဲ့ စကားတွေနဲ့ လုပ်ရပ်တွေက စာတန်နဲ့ ဘယ်လောက်တူနေလဲဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက ရှောင်လွှဲနေခဲ့တာ၊ အာရုံလွှဲနေခဲ့တာ၊ ပြီးတော့ လှည့်ဖြားနေခဲ့တာ။ ကျွန်မ တကယ်ကို ဉာဏ်များပြီး လှည့်ဖြားတတ်ခဲ့တာပဲ။ ဖြေရှင်းနည်းကောင်းတစ်ခုကို ရှာတွေ့ပြီး ပြည့်ပြည့်စုံစုံ ဖြေခဲ့လို့ ကျွန်မက ပါးနပ်တယ်လို့ ထင်ခဲ့ပေမဲ့ ဒီလို ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကြောင့် ဘုရားသခင်ကို ရွံရှာစေပြီး ဘုရားသခင်ရဲ့ မုန်းတီးတာကို ခံရစေခဲ့တယ်။ ကျွန်မသာ အမြန်နောင်တမရရင် အဆုံးမှာ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမှာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ လှည့်ဖြားမှု နောက်ကွယ်က ရည်ရွယ်ချက်တွေကို နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ရည်ရွယ်ချက်များ လာသနည်း။ ပြီးလျှင် မည်သည့်ရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိရန် ကြိုးစားနေသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရဖို့အတွက် ဖြစ်သည်မှာ ခြွင်းချက်မရှိပေ။ လိုရင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဖြစ်သည်။ ပြီးလျှင် ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုးရှိရန်အလို့ငှာ လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားက ထုတ်ဖော်ခံကြရသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ရှေးဦးစွာ အကျိုးစီးပွားများသည် မည်သည့်အရာဖြစ်သည်၊ လူတို့အတွက် မည်သည့်အရာများ အတိအကျ ရရှိစေသည်၊ ထိုအရာများကို လိုက်စားခြင်းအတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်တို့ကို သင် ပိုင်းခြားသိမြင်ပြီး သိရမည်။ ဤအရာကို သင် အဖြေမရှာနိုင်လျှင် ထိုအရာများကို စွန့်ပစ်ခြင်းသည် ပြောဖို့လွယ်ပြီး လုပ်ဖို့ခက်သည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အသက်တာ အတွေးအခေါ်များသည် ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော၊’ နှင့် ‘လူဆိုသည်မှာ ကြံရင်းသေကြသလို ငှက်ဆိုသည်မှာ ပျံရင်းသေကြသည်’ ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးခဲ့ရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ယင်းမှာ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ကျွန်မရဲ့ အမှားတွေကို ဖုံးကွယ်ဖို့ တတ်နိုင်သမျှ လှည့်ကွက်အကုန်သုံးပြီး ဘာလို့ ကြိုးစားခဲ့လဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မကို နားလည်သွားခဲ့တယ်။ အဓိက အကြောင်းရင်းကတော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ရဲ့ ဥပဒေသအတိုင်း ကျွန်မ အသက်ရှင်နေထိုင်ပြီး ကိုယ့်အကျိုးစီးပွားကို တခြားအရာအားလုံးထက် တန်ဖိုးထားခဲ့လို့ပဲ။ ဥပမာအနေနဲ့ လူသစ်နှစ်ယောက် ဘယ်လိုအခြေအနေရှိလဲဆိုတာကို စုံစမ်းခဲ့လားလို့ ခေါင်းဆောင်က မေးတဲ့အခါ သူတို့ကို နောက်ဆက်တွဲလိုက်ဖို့ ကျွန်မ မေ့နေခဲ့တာ ရှင်းနေတာပဲ။ ဒါက အလုပ်အတွက် ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ် ကင်းမဲ့နေတာကို ပြနေတာပဲ။ ဒါပေမဲ့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ပြုပြင်မယ့်အစား ကျွန်မရဲ့ သိက္ခာနဲ့ အကျိုးစီးပွားအတွက်ပဲ စိုးရိမ်ခဲ့တယ်။ ကျွန်မက ကိုယ့်အတွက် အကျိုးရှိတာကိုပဲ လုပ်ခဲ့တယ်။ ကျွန်မအတွက် အကျိုးမရှိတဲ့အခါ၊ ကျွန်မရဲ့ သိက္ခာကို ခြိမ်းခြောက်တဲ့အခါ၊ ဒါမှမဟုတ် ပြုပြင်ခံရနိုင်တဲ့အခါ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရအောင် ဉာဏ်များတဲ့ လှည့်ကွက်တွေကို သုံးဖို့ ရွေးချယ်ခဲ့တယ်။ လူတွေကို လှည့်ဖြားပြီး အရူးလုပ်ဖို့၊ အထင်အမြင်မှားစေမယ့် စကားလုံးတွေကို သုံးခဲ့တယ်။ ဒီလိုနည်းနဲ့ ခေါင်းဆောင်က ကျွန်မရဲ့ ပြဿနာတွေကို မတွေ့သွားအောင်၊ ကျွန်မရဲ့ တာဝန်တွေမှာ တကယ်တမ်း ဘာဖြစ်နေလဲဆိုတာ နားမလည်အောင် လုပ်ခဲ့တယ်။ ဒီလို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေထိုင်တဲ့အခါ ကျွန်မက ပိုပြီး ဉာဏ်များလာတယ်၊ လှည့်ဖြားတတ်လာတယ်၊ ယုတ်ညံ့ပြီး ဆိုးယုတ်လာတယ်၊ ပြီးတော့ လူသားပုံသဏ္ဌာန် လုံးဝ ကင်းမဲ့လာတာကို ကျွန်မ တွေ့ခဲ့ရတယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာကြောင်းနှင့်၊ ၎င်းတို့ကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောသူများကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို သူတို့၏ ပြုမူပုံများ၊ သူတို့၏ စိတ်သဘောထားများ၊ ပြီးလျှင် သူတို့၏ ရည်ရွယ်ချက်များနှင့် လှည့်ဖြားခြင်းနည်းလမ်းများကိုလည်း မနှစ်သက်ခြင်းပင် ဖြစ်၏။ ဘုရားသခင်သည် ဤအရာအားလုံးကို နှစ်သက်ခြင်း မရှိချေ။ လှည့်ဖြားတတ်သောသူများသည် သမ္မာတရားကို လက်ခံနိုင်၍ မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုလားပါက ထိုသူတို့၌လည်း ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် မည်သူ့ကိုမျှ ဘက်မလိုက်သည့်အပြင် သမ္မာတရားသည်လည်း ဘက်လိုက်ခြင်း မရှိသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်စေသောသူများ ဖြစ်လိုသည်ရှိသော် ရှေးဦးစွာ မိမိတို့၏ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြောင်းလဲရမည်၊ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်နေထိုင်ခြင်းကို ရပ်တန့်ရမည်၊ မိမိတို့၏ ဘဝများကို အသက်ရှင်နေထိုင်ရန် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်းကို အမှီပြုခြင်းအား ရပ်တန့်ပြီး မိမိတို့၏ လိမ်လည်မှုအားလုံးကို စွန့်ပယ်ကာ ရိုးသားသောသူများ ဖြစ်လာရန် ကြိုးစားရမည်။ ထိုအခါ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်ဖြားခြင်းတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာတရားမရှိသောသူများကြားတွင် သင်က ရိုးသားသူတစ်ဦးဖြစ်အောင် ကြိုးစားပြီး အမှန်တရားကို ပြောလျှင် သင်သည် အသရေဖျက်ခံရမည်၊ ဝေဖန်အပြစ်တင်ခံရပြီး ငြင်းပယ်ခြင်းခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်ဖြားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး ထိုသို့ဖြင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကောက်ကျစ်စဉ်းလဲသော နည်းများကိုလည်း အသုံးပြုသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် အပြစ်ထဲသို့ ပို၍ပို၍ ကျဆင်းကာ မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့ပေ။ ဘုရားသခင်၏ အိမ်တော်၌မူ အခြေအနေများသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ သင်သည် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်း၌ ပို၍ ကျွမ်းကျင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်တို့ကို ပို၍ အလွန်အမင်း မနှစ်မြို့ဘဲ ပစ်ပယ်ကြလေလေ ဖြစ်လိမ့်မည်။ သင်သည် နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုများကို ဆက်လက်ဖက်တွယ်ထားကာ မိမိကိုယ်ကို ဖုံးကွယ်ရန်နှင့် ဟန်ဆောင်ရန်အလို့ငှာ အကြံအစည်များ၊ ပရိယာယ်များနှင့် ပါးနပ်သော နည်းဗျူဟာများကိုလည်း အသုံးပြုပါက သင်တို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေ အလွန်ရှိ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်ပြီး လှည့်ဖြားသောသူအားလုံးတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်မှာ ကြာပြီဖြစ်၏။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး မိမိကိုယ်ကို အရှိကိုအရှိအတိုင်း မဖွင့်ချလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ စိတ်သဘောထားက သန့်ရှင်းပြီး ဖြောင့်မတ်တယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ဘုရားသခင်က ရိုးသားတဲ့လူတွေကို ချစ်ပြီး လှည့်ဖြားတတ်တဲ့လူတွေကို ရွံမုန်းတယ်။ လူတစ်ယောက်က ရိုးသားဖို့ထက် လက်ငင်းအကျိုးစီးပွားတွေကို ဖြည့်ဆည်းဖို့ လှည့်ဖြားတတ်တဲ့ နည်းလမ်းတွေကို သုံးရင် သူဟာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ဘယ်တော့မှ ရမှာမဟုတ်ဘဲ ဘုရားရဲ့ ပစ်ပစ်ခါခါငြင်းတာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ရေလောင်းခြင်းအလုပ်အတွက် တာဝန်ယူခဲ့ဖူးတဲ့ ညီအစ်မတစ်ယောက်ကို ကျွန်မ ပြန်သတိရမိတယ်။ သူ့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ပြီးတော့ ခေါင်းဆောင်ရဲ့အမြင်မှာ သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် လူသစ်တွေရဲ့ ပြဿနာ အများကြီးကို သူ မဖြေရှင်းပေးရသေးတာ ရှင်းနေပေမဲ့ ဒါကို လူတိုင်းဆီက ဖုံးကွယ်ဖို့ လှည့်ဖြားမှုကို သုံးပြီးတော့ သူ့ရဲ့ အလုပ်အစီရင်ခံစာမှာ လူသစ်တွေရဲ့ ပြဿနာတွေ ပြေလည်သွားပြီလို့ ရေးခဲ့တယ်။ ရလဒ်အနေနဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ဘုရားသခင်က အခြေအနေတွေကို စီစဉ်ပေးခဲ့တယ်။ လူသစ်တွေ ဘယ်လိုအခြေအနေရှိလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို တခြားညီအစ်မတွေက မေးမြန်းတာကို သုံးပြီး အမှန်တရားကို ဖော်ထုတ်လိုက်တာပေါ့။ အဆုံးမှာတော့ ဒီညီမဟာ တကယ့်အလုပ်လုပ်ဖို့ထက် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခဲ့လို့ ဖြုတ်ချခံလိုက်ရတယ်။ ဘုရားသခင်က အရာရာတိုင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူတွေက ကိစ္စတွေကို ဖုံးကွယ်ဖို့၊ ဟန်ဆောင်ဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ အမှန်တရားက အဆုံးမှာ ထုတ်ဖော်ခံရမှာပဲဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ဒါက ကျွန်မဖြစ်ခဲ့ပုံနဲ့ အတူတူပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက တကယ့်အလုပ် မလုပ်နေတာ ရှင်းနေတာတောင် အမှန်တရားကို ဖုံးကွယ်ဖို့ ပြဿနာကို ရှောင်လွှဲပြီး မထင်မရှားဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနည်းနဲ့ ခေါင်းဆောင်က ကျွန်မရဲ့ ပြဿနာတွေကို မမြင်အောင် လုပ်ခဲ့တာပေါ့။ ကျွန်မရဲ့ လုပ်ရပ်တွေက အခြေခံအားဖြင့် လိမ်လည်ပြီး လှည့်ဖြားတတ်တာပဲ။ ကျွန်မရဲ့ သိက္ခာနဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ပါးနပ်တယ်လို့ ထင်ရတဲ့ နည်းလမ်းတွေကို သုံးခဲ့ပေမဲ့ ဘုရားသခင်က အရာရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပါတယ်။ ဒီလို လှည့်ကွက်တွေနဲ့ လှည့်ဖြားမှုတွေက ဘုရားသခင်ကို ကျွန်မအပေါ် ရွံမုန်းစေပြီး မုန်းတီးစေရုံပဲ ရှိခဲ့တာပါ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ပို့လိုက်မိပြီး မိုက်မဲခဲ့မိတယ်ဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မသာ အမြန်နောင်တမရဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်မပြင်ရင် အဆုံးမှာ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။

နောက်ပိုင်းမှာ ခေါင်းဆောင်ဆီ စာရေးတဲ့အခါ ကျွန်မ ဘယ်လောက် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ခဲ့လဲ၊ ပြီးတော့ စကားကို ဘယ်လို ဝေ့လည်ကြောင်ပတ်ပြောပြီး လှည့်ဖြားခဲ့လဲဆိုတာ အသေးစိတ်ရေးဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကွန်ပျူတာမှာ စာလုံးနည်းနည်း ရိုက်လိုက်တာနဲ့ ကျွန်မ တွေဝေသွားပြီး တွေးမိတယ်။ “ငါ ဒါကို ရေးလိုက်ရင် နောက်ဆက်တွဲလိုက်ဖို့ ပျက်ကွက်တာနဲ့ တာဝန်မဲ့တာလောက်ပဲ မဟုတ်တော့ဘူး၊ လှည့်ဖြားတာနဲ့ လှည့်ကွက်တွေ သုံးတာပါ ပါသွားပြီ၊ ဒါက ပိုတောင် ဆိုးသေးတယ်။ ခေါင်းဆောင်က ဒါကို သိသွားရင် ငါ့ကို ဘယ်လိုမြင်မလဲ။ ငါ ပြုပြင်ခံရနိုင်တယ်၊ ဒါကြောင့် ဒါကို ချန်ထားလိုက်တာ ပိုကောင်းမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ ဘာမှမပြောရင် ခေါင်းဆောင်က သိမှာမဟုတ်ဘူး၊ ပြီးတော့ ငါ ဒီဆင်းရဲဒုက္ခတွေကို ခံစားစရာလိုမှာ မဟုတ်ဘူး” လို့ပေါ့။ ကျွန်မ စိတ်ထဲမှာ ဗျာများနေတုန်း ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို သတိရသွားတယ်။ “ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်)အကယ်၍ လူတို့သည် မိမိတို့၏ အကျိုးစီးပွားများအတွက် သမ္မာတရားကို စွန့်လွှတ်လျှင် ၎င်းတို့သည် အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ဆုံးရှုံးရလေသည်။ ထိုသူတို့မှာ အမိုက်မဲဆုံးသောသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အမြန် ရှာကြည့်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်လက်မခံလျှင် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် သိမြင်နိုင်စွမ်းတို့ မရှိလျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်၊ ပြီးလျှင်အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာရှိ ကြီးထွားတိုးတက်မှုနှင့် ကယ်တင်ခြင်း ရရှိခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ သူ၏စိစစ်မှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့ကို လိုက်စားခြင်းအတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်နေခြင်းဖြစ်သည်။ သို့သော် သင် စွန့်လွှတ်နေသည့်အရာမှာ သမ္မာတရားဖြစ်သည်။ ပြီးလျှင် သင်ဆုံးရှုံးနေသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် ဤသည်မှာ မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းကို ခံစားရခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာသာ ဖြစ်သည်၊ ယင်းတို့သည် မီးခိုးငွေ့လေးတစ်ခုအလား ပျောက်ပြယ်သွားသည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုလိုက်စားဖို့ ဖြစ်လာစေသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားများမှာ ထာဝရဖြစ်သည်။ စာတန်က ဤသမ္မာတရားများကို လူတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက ဤရလဒ်များသည် သင်၏ ရလဒ်များဖြစ်ပြီး သင့်ဘာသာသင် ရရှိသည့်အရာဖြစ်သည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် မိမိတို့၏ အကျိုးစီးပွားများအတွက် သမ္မာတရားကို စွန့်လွှတ်လျှင် ၎င်းတို့သည် အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ဆုံးရှုံးရလေသည်။ ထိုသူတို့မှာ အမိုက်မဲဆုံးသောသူများ ဖြစ်သည်။ မိမိတို့၏ အကျိုးစီးပွားများကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ လူတစ်ဦး ရွေးချယ်သည့်အရာသည် အလွန့်အလွန် ထုတ်ဖော်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့က သမ္မာတရားကို ရွေးချယ်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရွေးချယ်ပြီး သူ့နောက်ကို လိုက်ကြလိမ့်မည်ဖြစ်သည်။ သူတို့က သမ္မာတရားကို လိုက်စားရန်အတွက် မိမိတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်ကြရန် သာ၍လိုလားသည်။ သူတို့ မည်မျှပင် ဒုက္ခခံရမည်ဖြစ်စေ ဘုရားသခင်ကျေနပ်စေဖို့ သက်သေရပ်တည်ရန် သန္နိဋ္ဌာန်ချထားကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံ လမ်းကြောင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ဘုရားနှုတ်ကပတ်တော်တွေက သတိပေးချက်တစ်ခုအနေနဲ့ အကျိုးပြုပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ကျွန်မကို ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး သန့်ရှင်းတဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာကို သည်းမခံပါဘူး။ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ သူလိုချင်တာက ရိုးသားတဲ့လူတွေဖြစ်ပြီး ရိုးသားတဲ့လူတွေကို သူ ကယ်တင်ပါတယ်။ ကျွန်မရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာကို စွန့်လွှတ်လိုက်ရင် သမ္မာတရားကို ရရှိဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာနဲ့ အတူတူပါပဲ။ သမ္မာတရားကို တစ်ကြိမ်လောက် လက်တွေ့မလုပ်ဆောင်တာက ပြင်းထန်တဲ့ အကျိုးဆက်တွေ မရှိနိုင်ပေမဲ့ ရေရှည်မှာ ကိစ္စတွေ ကြုံရတဲ့အခါမှာ ကိုယ့်အကျိုးစီးပွားကို မစွန့်လွှတ်နိုင်ရင်၊ ဒါမှမဟုတ် ဇာတိပကတိကို မပုန်ကန်နိုင်ရင် အဲဒီအခါ ကျွန်မမှာ ကောင်းတဲ့ အဆုံးသတ်၊ ဒါမှမဟုတ် ခရီးဆုံးပန်းတိုင် ရှိမှာမဟုတ်ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကိုယ့်အကျိုးကို တဖြည်းဖြည်း စွန့်လွှတ်ပြီး ဇာတိပကတိကို ပုန်ကန်နိုင်ရင် ဘုရားသခင်ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ပိုပိုပြီး နီးစပ်လာမှာပါ။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောထားတာကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ၎င်းတို့ကို နားလည်အောင် ကြိုးစားခြင်းတို့ အားလုံးသည် ဘုရားသခင်အား ယုံကြည်မှုတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ထောက်ကူပေးရန်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်ခုခုကို ဖြစ်စေခြင်းမှ ၎င်းတို့အား တားဆီးရန်နှင့် အချည်းနှီးဖြစ်သော အလုပ်ကို လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို တားဆီးရန် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင်လည်းကောင်း တာဝန်ယူခြင်း လုံးလုံးဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်တာက ကျွန်မရဲ့ အလုပ်မှာရှိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေကို သူများတွေ မြင်နိုင်စေတယ်၊ ပြီးတော့ ခေါင်းဆောင်တွေက ကျွန်မရဲ့အလုပ်ကို ပိုကောင်းကောင်း ကြီးကြပ်ပြီး စစ်ဆေးနိုင်စေတယ်၊ ကျွန်မရဲ့ ပြဿနာတွေကို ဖော်ထုတ်နိုင်ပြီး အချိန်မီ လမ်းပြမှုနဲ့ အကူအညီတွေ ပေးနိုင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားခဲ့တယ်။ ဒီလိုနည်းနဲ့ ကျွန်မက ကိုယ့်တာဝန်တွေကို သဘောထားရာမှာ ပိုပြီး သတိထားနိုင်မယ်၊ တာဝန်ယူစိတ် ရှိနိုင်မယ်၊ ဒါက ကျွန်မ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် အကျိုးရှိစေမှာပါ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ရုတ်တရက် စိတ်ထဲမှာ ရှင်းလင်းသွားပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သမီး လှည့်ဖြားခဲ့ပြီး ကိုယ်တော် ရွံရှာအောင် လုပ်မိခဲ့ပါတယ်။ ဒီတစ်ခါတော့ ညီအစ်ကိုမောင်နှမတွေ ဘယ်လိုပဲထင်ပါစေ၊ ကိုယ်တော်ရဲ့ စိစစ်မှုကို လက်ခံဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ သမီး ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မရဲ့ အခြေအနေနဲ့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုရဲ့ ပေါ်လာတာကို ခေါင်းဆောင်ဆီ ဖွင့်ပြောလိုက်တော့ ကျွန်မ နည်းနည်း စိတ်သက်သာရာရပြီး လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။

နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ရေလောင်းတဲ့အလုပ် အခုတလော ဘယ်လိုအခြေအနေရှိလဲဆိုတာကို အစီရင်ခံခိုင်းတော့ ကျွန်မ ရုတ်တရက် အရမ်း စိုးရိမ်လာတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်မ တခြားအလုပ်တွေနဲ့ ရှုပ်နေတာကြောင့် ရေလောင်းသူတချို့ တင်ပြလာတဲ့ ပြဿနာတွေကို အသေးစိတ် ပြန်မဖြေခဲ့ဘူးလေ။ ခေါင်းဆောင်က ရေလောင်းသူတွေအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတချို့ ပေးဖို့ ကျွန်မတို့ကို တောင်းဆိုထားပေမဲ့ ကျွန်မ အဲဒါကိုလည်း အကောင်အထည် မဖော်ရသေးဘူး။ ဒါကို ကြီးကြပ်ရေးမှူးဆီ ရိုးရိုးသားသား အစီရင်ခံလိုက်ရင် ကျွန်မက အချိန်ဆွဲနေပြီး တကယ့်အလုပ် မလုပ်ဘူးလို့ သူ ထင်သွားမလား။ ညဘက် အိပ်ရာထဲမှာ လှဲနေရင်း ကျွန်မ အိပ်မပျော်နိုင်ဘူး၊ ကျွန်မရဲ့ သိက္ခာနဲ့ ပုံရိပ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ တွေးနေမိတယ်။ ကျွန်မ နောက်တစ်ခါ ထပ်ပြီး လှည့်ဖြားချင်နေမိတယ်ဆိုတာ သတိထားမိလိုက်တယ်။ ပြီးတော့ ဒီအခြေအနေက ဘုရားသခင် ကျွန်မကို စမ်းသပ်နေတာ၊ သူ့ရဲ့ စိစစ်မှုကို ကျွန်မ လက်ခံနိုင်မလား၊ ရိုးသားတဲ့သူတစ်ယောက် ဖြစ်နိုင်မလားဆိုတာ စစ်ဆေးနေတာ ဖြစ်မှန်းလည်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “လူများကို ရိုးသားဖို့၊ ရိုးသားစွာပြောဆိုဖို့၊ ရိုးသားသော အမှုအရာများကို လုပ်ဆောင်ဖို့နှင့် မလှည့်စားဖို့ ဘုရားသခင်က တောင်းဆိုသည်။ ဤအရာကို ဘုရားသခင် ပြောရခြင်း၏ အဓိပ္ပာယ်မှာ လူများကို စစ်မှန်သော လူသားပုံသဏ္ဌာန် ရှိနိုင်စေရန်နှင့် မြေကြီးပေါ်တွင် လိမ်ကောက်တွားသွားသည့် မြွေကဲ့သို့ စကားပြောကာ အမှုကိစ္စတစ်ခု၏ အမှန်တရားကို အစဉ် မရေမရာပြောသည့်၊ လူတို့အား နားလည်သဘောပေါက်ခြင်း မရှိအောင် တားဆီးသည့် စာတန်၏ ပုံသဏ္ဌာန်မရှိစေရန် ဖြစ်သည်။ ဆိုလိုသည်မှာ လူများသည် စကားရော လုပ်ဆောင်ချက်တွင်ပါ လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်အလို့ငှာ၊ မကောင်းသည့် ဘက်ခြမ်း သို့မဟုတ် မည်သည့်ရှက်ဖွယ်သောအရာ တစ်ခုကိုမျှ သိုထားခြင်းမရှိဘဲ သန့်ရှင်းသော စိတ်နှလုံးကို ပိုင်ဆိုင်လျက် ဂုဏ်သိက္ခာရှိကာ တည်ကြည်ဖြောင့်မတ်ပြီး ရည်မွန်ကြရန်အလို့ငှာ ထိုသို့ ပြောထားခြင်းဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်ကိုဖြစ်စေ၊ အခြားလူတစ်ဦးတလေကိုဖြစ်စေ လှည့်စားခြင်း မရှိဘဲ ၎င်းတို့စိတ်နှလုံးထဲတွင် တွေးသည့် မည်သည့်အရာကိုမဆို ပြောဆိုလျက် မည်သည့်အရာမျှ မထိမ်ချန်ထားဘဲ စင်ကြယ်သော မြေတစ်ကွက်ကဲ့သို့ ဖြစ်သည့် စိတ်နှလုံးဖြင့် အတွင်းတွင် ၎င်းတို့ဖြစ်သည့်အတိုင်း အပြင်ပန်းတွင် အလားတူ ဖြစ်ရန်အလို့ငှာ ထိုအရာကို ပြောဆိုထားခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်ပြီး၊ လူများကို ရိုးသားရန် တောင်းဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ထပ်ပြီး သတိပေးခဲ့တယ်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းဆိုတာ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ကိုင်တာ၊ လုပ်ပြီးတဲ့အရာနဲ့ မလုပ်ရသေးတဲ့အရာတွေအပေါ် ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံတာ၊ ပြီးတော့ ဘုရားသခင်နဲ့ရော လူတွေနဲ့ပါ ရိုးရှင်းပြီး ပွင့်ပွင့်လင်းလင်း ရှိတာပါပဲ။ ပြုပြင်ခံရင်တောင်မှ အမှန်တရားကို ဖုံးကွယ်ဖို့ လှည့်ကွက်တွေ၊ လှည့်ဖြားမှုတွေ မသုံးဘဲ ကျွန်မ ရိုးရိုးသားသား ပြောရမယ်။ ဒီလို ရိုးရိုးသားသား ကျင့်ကြံပြုမူမှသာ ရိုးသားသူတစ်ယောက်ရဲ့ မှန်ကန်တဲ့ ပုံသဏ္ဌာန်ဖြစ်မှာပါ။ နောက်ပိုင်းမှာ အလုပ်အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကြီးကြပ်ရေးမှူးဆီ ကျွန်မ အမှန်အတိုင်း အစီရင်ခံလိုက်တယ်။ ပြီးတော့ ရေလောင်းသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုပေးပြီး လူသစ်တွေကို ရေလောင်းဖို့ နည်းလမ်းကောင်းတချို့ကို လူတိုင်းနဲ့ မျှဝေခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာကနေတစ်ဆင့် ဘုရားသခင်ရဲ့ စိစစ်မှုနဲ့ လူတွေရဲ့ ကြီးကြပ်မှုကို လက်ခံတဲ့ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက ကျွန်မအလုပ်ကို တာဝန်ယူစိတ်၊ လုံ့လဝီရိယတို့နဲ့ ချဉ်းကပ်တာ သေချာဖို့ အထောက်အကူပေးပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေစဉ်မှာ ဒါက ကျွန်မကို တကယ် ကာကွယ်ပေးတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရတယ်။

ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းသာ မရှိရင် ကျွန်မရဲ့ လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားက လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။ အခြေအနေတွေကို ကြုံတွေ့ပြီး ဘုရားသခင်ရဲ့ စိစစ်မှုကို ပိုလက်ခံမှ၊ ကိုယ့်အကျိုးစီးပွားတွေကို လက်လွှတ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ အသိတရားရှိရှိ လက်တွေ့လုပ်ဆောင်မှသာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက တဖြည်းဖြည်း ပြောင်းလဲလာနိုင်ခဲ့တာပါ။

အရှေ့သို့- ၉၅။ တစ်စုံတစ်ယောက်၏ ကျေးဇူးကို ဆပ်ခြင်းသည် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်ပါသလား

နောက်တစ်ခုသို့- ၉၇။ ငွေနောက်လိုက်သည့် နေ့ရက်များကို နှုတ်ဆက်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။