၅၅။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တို့ရဲ့ စုံစမ်းသွေးဆောင်မှုတွေကနေ ကျွန်မ ရုန်းထွက်ခဲ့ပုံ
ငယ်ငယ်တုန်းက ကျွန်မတို့မိသားစုက ဆင်းရဲတော့ ပတ်ဝန်းကျင်ကလူတွေရဲ့ အနိုင်ကျင့်တာကို ခဏခဏခံရတယ်။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကလည်း အထင်သေးပြီး အေးတိအေးစက်ဆက်ဆံကြတယ်။ ဒါကြောင့် ကြီးလာရင် ငွေရောနာမည်ပါရှိတဲ့သူတစ်ယောက် ဖြစ်လာအောင်လုပ်မယ်၊ ဒါမှ လူတွေက ငါ့ကို လေးစားပြီး အထင်ကြီးကြမှာလို့ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်။ ၂၀၀၀ ခုနှစ်မှာ ကျွန်မနဲ့ အမျိုးသားအလုပ်လုပ်နေတဲ့ ဆေးဝါးကုမ္ပဏီ ဒေဝါလီခံသွားတော့ နောက်ပိုင်းမှာ ကျွန်မတို့ ဆေးဆိုင်နှစ်ဆိုင် ဖွင့်ခဲ့တယ်။ အစပိုင်းမှာတော့ အလုပ်ကို ရိုးရိုးသားသားပဲ လုပ်ခဲ့ကြတယ်။ ကျွန်မက လိုင်စင်ရ ဆေးဝါးကျွမ်းကျင်သူတစ်ယောက်ဖြစ်လို့ ဆေးဝါးပညာအကြောင်း နည်းနည်းသိထားတော့ ကျွန်မစပ်ပေးတဲ့ ဆေးအများစုက ဖောက်သည်တွေအတွက် အာနိသင်ရှိတယ်။ ဒါကြောင့် သူတို့က ကျွန်မကို ယုံကြည်ကြတယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာလာတော့ နေ့တိုင်း ကြိုးကြိုးစားစား အလုပ်လုပ်နေပေမဲ့ ကျွန်မတို့ဝင်ငွေက သိပ်နည်းနေတာကို သတိထားမိလာတယ်။ လုပ်ငန်းတူ လုပ်နေတဲ့သူတွေကတော့ ပိုက်ဆံတွေ ပိုပိုရလာကြတယ်။ သူတို့က အိမ်တွေ၊ ကားတွေ ပိုင်ဆိုင်ရုံတင်မကဘဲ ဆိုင်ခန်းတွေပါ ဝယ်လိုက်ကြတယ်။ သူတို့ပိုက်ဆံတွေက မမှန်ကန်တဲ့နည်းလမ်းတွေကနေ ရလာမှန်း ကျွန်မသိတယ်။ ဒါပေမဲ့ သူတို့လိုမျိုးလူ့ကျင့်ဝတ်နဲ့မညီဘဲ ပိုက်ဆံရှာတာမျိုး ကျွန်မ လိုက်မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ အချိန်တွေကြာလာတော့ ငွေကြေးရဲ့ စုံစမ်းသွေးဆောင်မှုကြောင့် ကျွန်မတို့လည်း တခြား လုပ်ငန်းတူလုပ်တဲ့သူတွေဆီကနေ သင်ယူပြီး ပိုက်ဆံရဖို့ လှည့်စားတဲ့နည်းလမ်းတွေကို စသုံးလာတယ်။ ဥပမာ၊ ဈေးပေါတဲ့ ဆေးပစ္စည်းတွေကို ဈေးကြီးတာတွေနဲ့ ရောစပ်ပြီး အတူတူရောင်းတာမျိုးပေါ့။ ဖောက်သည်တွေက အဲဒါတွေ သောက်ပြီးရင်တော့ အာနိသင်တချို့ တွေ့ရတာပဲလေ။ ဒါက ကျွန်မတို့ရဲ့ ဖောက်သည်တွေကို ထိန်းထားနိုင်ရုံတင်မကဘဲ ပိုက်ဆံပိုရအောင်လည်း လုပ်ပေးနိုင်ခဲ့တယ်။ တစ်ခါတလေ ကျွန်မ လိပ်ပြာမလုံဖြစ်ရပါတယ်။ ဒါပေမဲ့ တခြားလူတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲလို့ တွေးမိတဲ့အခါ ကျွန်မတို့သာ စာအုပ်ကြီးအတိုင်း စီးပွားရေးလုပ်နေရင် ပိုက်ဆံရမှာ မဟုတ်ဘူးလို့ တွေးပြီး အများနည်းတူပဲ လုပ်လိုက်တာပေါ့။ ပိုက်ဆံပိုရှာနေသရွေ့ သားရဲ့ ကောလိပ်စရိတ်နဲ့ မင်္ဂလာဆောင်စရိတ်အတွက် ပူစရာမလိုတော့ဘူး၊ ကျွန်မတို့ ဇနီးမောင်နှံလည်း ဘဝရဲ့ နောက်ပိုင်းမှာ စားဝတ်နေရေး လုံခြုံသွားမယ်၊ ပြီးတော့ ကျွန်မကိုယ်တိုင်လည်း အောင်မြင်ပြီး နာမည်ကြီးတဲ့သူတစ်ယောက်အနေနဲ့ သတ်မှတ်ခံရမယ်လို့လည်း တွေးခဲ့သေးတယ်။ နှစ်နှစ်၊ သုံးနှစ်လောက်ကြိုးစားပြီးတဲ့နောက်မှာတော့ ကျွန်မတို့ရဲ့ ဆေးဆိုင်နှစ်ဆိုင်စလုံး ဖြည်းဖြည်းချင်း အောင်မြင်လာတယ်။ ကျွန်မတို့ အိမ်တစ်လုံး၊ ကားတစ်စီး ဝယ်လိုက်ပြီး စုဆောင်းငွေတချို့လည်း ရှိလာတယ်။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ အပါအဝင် ပတ်ဝန်းကျင်ကလူတွေက ကျွန်မကို အထင်ကြီးပြီး အားကျလာကြတော့ ကျွန်မရဲ့ အချည်းနှီး ဂုဏ်မောက်ချင်တဲ့စိတ်က တကယ်ကို ကျေနပ်သွားတာပေါ့။
ကျွန်မ ချမ်းသာကြွယ်ဝမှု အိပ်မက်တွေထဲ နစ်မြောနေတုန်းမှာပဲ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မအမျိုးသားရယ်၊ ကျွန်မရယ်၊ သူငယ်ချင်းတစ်ယောက်ရယ်တို့ကို မွေးနေ့ပါတီတစ်ခုက ဖိတ်တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး လူတစ်ယောက်သေ၊ သုံးယောက် ဒဏ်ရာရသွားတယ်။ အမျိုးသားက ဒဏ်ရာရပြီး ဆေးရုံတက်ရရုံတင်မကဘဲ သူက ကားမောင်းတဲ့သူဖြစ်နေတော့ ကျွန်မတို့မိသားစုက လျော်ကြေးငွေ အများကြီး ပေးလိုက်ရတယ်။ ဒီလို ရုတ်တရက် ကျရောက်လာတဲ့ ကံဆိုးမှုကြောင့် ကျွန်မ အရမ်း နာကျင်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ဝေမျှပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းကနေတစ်ဆင့် လူသားတွေကို ဘုရားသခင်က ဖန်ဆင်းထားတာဖြစ်ပြီး ကျွန်မတို့ရဲ့ ကံကြမ္မာကို ကိုယ်တော်ကပဲ ထိန်းချုပ်အုပ်စိုးထားတယ်ဆိုတာကို ကျွန်မ သိလာရတယ်။ ဘုရားသခင်ရှေ့မှောက်ကိုလာပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံမှသာ လူတစ်ယောက်ဟာ စစ်မှန်တဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ရနိုင်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မစိတ်နှလုံးက သိပ်မနာကျင်တော့ဘဲ ဒီအခက်အခဲတွေကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံဖို့ ကျွန်မ လိုလားလာတယ်။ မမျှော်လင့်ဘဲ အမျိုးသားက ဆေးရုံကနေ အမြန်ဆင်းရပြီး နောက်ဆုံးမှာတော့ ကျွန်မတို့မိသားစု လျော်ကြေးငွေ သိပ်အများကြီး မပေးလိုက်ရပါဘူး။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူသားတွေကို သန့်စင်ပြီး ကယ်တင်ဖို့၊ စာတန်ရဲ့ အမှောင်စွမ်းအားကနေ လူတွေကို လွတ်မြောက်စေပြီး ထာဝရအသက်ကို ပေးဖို့၊ ပြီးတော့ သူတို့ကို ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်ဖို့ သမ္မာတရားကို ဖော်ပြတော်မူတယ်။ ဒါဟာ လူသားတွေ ကယ်တင်ခံရဖို့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။ ဒီဘဝမှာ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံနိုင်ခဲ့လို့ ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားရပြီး ဒီဘဝမှာ ဘုရားသခင်နောက်ကို ကောင်းကောင်း လိုက်ဖို့ ကျွန်မ ဆုံးဖြတ်ချက်ချခဲ့တယ်။
အဲဒီအချိန်တုန်းက နေ့ဘက်မှာ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်ပြီး ညဘက်ဆိုရင် စုဝေးပွဲတွေကို သွားတယ်။ အချိန်ရရင် ဧဝံဂေလိတရားဟောဖို့လည်း သွားခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ ရေလောင်းပေးတဲ့ သင်းထောက်အနေနဲ့ ကျွန်မ ရွေးချယ်ခံခဲ့ရတယ်။ ဒီတာဝန်က အရေးကြီးမှန်းသိလို့ ကောင်းကောင်းထမ်းဆောင်ချင်ခဲ့ပေမဲ့ ဆေးဆိုင်က နေ့တိုင်း စောစောဖွင့်ရတယ်။ တစ်ခါတလေ အရမ်းအလုပ်များလွန်းလို့ ဝတ်ပြုတာတွေကိုတောင် မလုပ်နိုင်ခဲ့ဘူး။ များသောအားဖြင့် ဘုရားသခင်ရှေ့မှာ စိတ်ငြိမ်အောင်ထားဖို့နဲ့ နှုတ်ကပတ်တော်တွေကို လုံ့လဝီရိယရှိရှိ ဖတ်ဖို့ အချိန်မရသလောက်ပဲ။ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးတဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး စကားလုံးတွေနဲ့ အယူဝါဒတချို့ကိုပဲ မိတ်သဟာယပြုခဲ့တယ်။ ဒါပေမဲ့ ဒါက တခြားသူတွေအတွက် သိပ်အထောက်အကူ မဖြစ်ဘူး၊ ခွန်အားလည်း မဖြစ်စေခဲ့ဘူး။ တစ်ခါတလေ ကျွန်မက စီးပွားရေးနဲ့ အရမ်းအလုပ်များနေတော့ စုဝေးပွဲတွေကို နောက်ဆုတ်လိုက်ရတယ်။ အဲဒီအခါ ကျွန်မစိတ်ထဲမှာ အရမ်းကို အပြစ်ရှိသလို ခံစားရပြီး စိတ်မသက်မသာ ဖြစ်ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “သင်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသောအခါ၊ သင်တို့၏ အားထုတ်မှုများအတွက် ဆုချခံရသောအခါ သင်တို့သည် မိမိတို့ကိုယ်မိမိ လုံလောက်သော သမ္မာတရားနှင့် ဖြည့်ဆည်းမထားသည်ကို အားမငယ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောထားတာကိုလည်း ကျွန်မ ဖတ်လိုက်ရတယ်။ “သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ ထိုအစား သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် သာ၍ သာ၍ ကောင်းသည့်၊ သာ၍ သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော် သင်တို့သည် သင်တို့၏ ဗိုက်များကို ကွဲထွက်မတတ် ဖြည့်ပြီးသည့်အချိန်တွင်ပင် အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့် သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကို ဆင်မြန်းကြသည့်အချိန်တွင်ပင် သင်တို့သည် အသက်မပါသည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၌ ဆံပင်ဖြူများ ကြိုကျားကြိုကျား ထွက်ပေါ်လာသည်အထိ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ အားသွန်ခွန်စိုက် အလုပ်လုပ်ကြ၏၊ သို့တိုင်အောင် သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစတေးကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း စဉ်ဆက်မပြတ် အလုပ်များနေသည်။ သို့တိုင်အောင် သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ ရည်ရွယ်ချက်များအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မမှာ အပြစ်ရှိသလို အရမ်းခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ် အရမ်းဖြစ်လာတယ်။ နေ့တိုင်း ပိုက်ဆံရှာဖို့ အလုပ်ရှုပ်နေပြီး တစ်ခါတလေ ဝတ်ပြုတာနဲ့ စုဝေးပွဲတက်တာတွေ ပုံမှန်မရှိဘူး၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကို ကောင်းကောင်း ရေမလောင်းပေးနိုင်ခဲ့ဘူး။ ဒါက ကိုယ့်ရဲ့ သမ္မာတရား လိုက်စားမှုကို နှောင့်နှေးစေရုံတင်မကဘဲ ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကိုပါ ဟန့်တားတယ်။ အခု ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားက တော်တော်မြန်မြန် ပျံ့နှံ့နေပြီး ဧဝံဂေလိတရားဟောဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ လူတွေ ပိုလိုနေတယ်။ ကိုယ့်တာဝန်မှာ စိတ်နှစ်ပြီး ဧဝံဂေလိအလုပ်မှာ ကိုယ့်ရဲ့ အားထုတ်မှုတချို့ကို ပါဝင်ဖြည့်ဆည်းသင့်ပေမဲ့ ကျွန်မကတော့ တာဝန်မထမ်းဆောင်ဘဲ ဘုရားသခင်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုကိုပဲ ပျော်မွေ့ခံစားနေခဲ့တယ်၊ ပြီးတော့ ကိုယ့်အနာဂတ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဂရုစိုက်နေတုန်းပဲလေ။ ပိုက်ဆံရှာဖို့ အားတွေ အများကြီးစိုက်ထုတ်ခဲ့ပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးမထားခဲ့ဘူး။ ကျွန်မ ဘုရားသခင်အပေါ် တကယ်ကို အကြွေးတင်နေခဲ့တာပဲ။ သေချာစဉ်းစားပြီးတဲ့နောက် ဆေးဆိုင်တစ်ဆိုင်ကို လွှဲပြောင်းပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဝင်ငွေ လျော့သွားမယ်ဆိုပေမဲ့ သမ္မာတရားကို လိုက်စားဖို့နဲ့ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ အချိန်ပိုရလာမှာလေ။ ဒါပေမဲ့ ကျွန်မယောက်ျားက လုံးဝ သဘောမတူဘူး။ အဲဒီအချိန်မှာ အမျိုးသား ဆေးဝါးကြီးကြပ်ရေး အုပ်ချုပ်ရေးအဖွဲ့ကလည်း စည်းမျဉ်းသစ်တွေ ထုတ်လိုက်တယ်၊ အဲဒါက လိုင်စင်ရ ဆေးဝါးကျွမ်းကျင်သူတွေပဲ ဆေးဆိုင်ဖွင့်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျွန်မတို့ခရိုင်မှာ ဆေးဆိုင် ရာကျော်ရှိတဲ့အထဲက လုပ်ကိုင်ခွင့် အရည်အချင်းပြည့်မီတဲ့ ဆိုင်နည်းနည်းလေးပဲ ရှိတယ်၊ အဲဒီအထဲက နှစ်ဆိုင်ကို ကျွန်မတို့ ပိုင်ထားတာလေ။ အဲဒါက ပြိုင်ဘက်တွေ နည်းသွားတဲ့အတွက် ကျွန်မတို့ စီးပွားရေး ပိုပိုပြီး ကောင်းလာတော့မယ်ဆိုတဲ့ သဘောပဲ။ လုပ်ငန်းတူလုပ်တဲ့သူ အများကြီးက ကျွန်မတို့ကို အားကျကြတယ်၊ အမျိုးသားဆို အရမ်းပျော်သွားပြီး “ဆေးဆိုင်နှစ်ဆိုင်နဲ့ဆို တစ်နှစ်ကို ယွမ် လေးသိန်း အနည်းဆုံး ရနိုင်တယ်” လို့ ကျွန်မကို ပြောတယ်။ သူ့စကားလည်း ကြားရော ကျွန်မစိတ်လှုပ်ရှားသွားပြီး တွေးမိတယ်၊ “ဒီနှစ်တွေတစ်လျှောက်လုံး ပိုက်ဆံနည်းနည်းလေးရဖို့ ကြိုးစားခဲ့ရတာ၊ အခု ပိုက်ဆံအများကြီးရှာဖို့ အခွင့်အရေးကောင်း ရနေပြီ။ ဒီအတိုင်း နောက်ထပ် နှစ်နည်းနည်းလောက် ဆက်လုပ်ရင် ငါတို့ ချမ်းသာတော့မှာပဲ။ ကိုယ့်တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် မဆက်ကပ်ခင်မှာ စောင့်ပြီး ပိုက်ဆံနည်းနည်းထပ်ရှာလိုက်ရင်ကောင်းမယ်” ပေါ့။ ဒါနဲ့ တာဝန်ထမ်းဆောင်ရင်း ဆေးဆိုင်ကို ဆက်ဖွင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ ဆေးဆိုင်မှာ အလုပ်တွေ ပိုပိုများလာတယ်၊ တစ်ခါတလေ စုဝေးပွဲသွားတော့မယ့်အချိန်ကျမှ ဖောက်သည်က သူ့ဆေးကို စပ်ပေးဖို့ တကဲကဲလုပ်နေလို့ စုဝေးပွဲ နောက်ကျရတယ်။ အိမ်မှာနေပြီး ဆေးဆိုင်မသွားတဲ့အခါမျိုးမှာတောင် ဖောက်သည်တွေက ဆေးဝယ်ဖို့ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်တောင်းဖို့ ဖုန်းဆက်တာ၊ ဆက်သွယ်တာတွေ လုပ်ကြလို့ ကျွန်မ အနှောင့်အယှက်ဖြစ်တယ်။ အတွေးတွေက ယောက်ယက်ခတ်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို အေးအေးဆေးဆေး ဖတ်လို့မရတော့ဘူး။ နောက်တစ်ခါမှာလည်း ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဧဝံဂေလိတရား သွားဟောဖို့ စီစဉ်ထားပေမဲ့ ဆေးဆိုင်မှာ အရေးပေါ်ကိစ္စ ပေါ်လာလို့ မသွားနိုင်ခဲ့ဘူး။ စုဝေးပွဲ နောက်ဆုတ်လိုက်ရတဲ့ ဒါမှမဟုတ် ကိုယ့်တာဝန် မထမ်းဆောင်ဖြစ်တဲ့အခါတိုင်း အရမ်း အပြစ်ရှိသလို ခံစားရတယ်။ နေ့တိုင်း စီးပွားရေးနဲ့ အလုပ်ရှုပ်နေတော့ သမ္မာတရား လိုက်စားဖို့၊ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ အချိန်မရှိဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်မစိတ်နှလုံးက ဘုရားသခင်နဲ့ ပိုပိုပြီး ဝေးကွာသွားလိမ့်မယ်။ ဆေးဆိုင်တစ်ဆိုင်ကို ကျွန်မ လွှဲပြောင်းပေးချင်နေတုန်းပဲ၊ ဒါပေမဲ့ အမျိုးသားက သဘောမတူတဲ့အပြင် ကျွန်မရဲ့ ယုံကြည်ခြင်းကို တားဆီးလာတယ်၊ ဘုရားသခင်ကို ဆက်ယုံကြည်နေရင် ကွာရှင်းမယ်လို့တောင် ခြိမ်းခြောက်တယ်။ ဒါတွေကြောင့် ကျွန်မ စိတ်ထဲမှာ တော်တော်လွန်ဆွဲနေတယ်။ ဗျာများနေတဲ့အချိန်မှာပဲ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်၊ အဲဒီကိစ္စကြောင့် နောက်ဆုံးတော့ ကျွန်မ ဆင်ခြင်သုံးသပ်လာတယ်။
အမျိုးသားက ဆိုးယုတ်တဲ့ ဝိညာဉ်တွေကို ကိုးကွယ်လို့ ရုတ်တရက် မကောင်းဆိုးဝါးပူးတာကို သုံးလေးရက်လောက် ခံလိုက်ရတယ်။ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကိုမြင်တော့ ကျွန်မ အရမ်းလန့်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ကမ္ဘာမြေကြီးပေါ်တွင် နတ်ဆိုး အမျိုးမျိုးတို့သည် နားခိုရန်နေရာကို အစဉ်ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။ ငါ၏လူများတို့၊ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အသောက်အစား အပျော်အပါး၌ မွေ့လျော်သော အသက်တာ၌ အသက်မရှင်ကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်တွင် ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် နတ်ဆိုးများ၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။ မည်သည့် အခြေအနေမျိုးတွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင်တစ်မျိုး ငါ၏နောက်ကွယ်တွင်တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့လုပ်ဆောင်ပါက သင့်ကို ရွေးနုတ်၍မရ ဖြစ်နေနှင့်ပြီးဖြစ်သည်။ ငါသည် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် မိန့်မြွက်ဆိုခဲ့ပြီး မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)) အမျိုးသားက စစ်မှန်တဲ့ ဘုရားသခင်ကို မယုံကြည်ဘဲ ဆိုးယုတ်တဲ့ ဝိညာဉ်တွေကို ဘုရားတွေအဖြစ် ကိုးကွယ်ခဲ့တယ်။ ရလဒ်အနေနဲ့ စာတန်နဲ့ဆိုးယုတ်တဲ့ ဝိညာဉ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကို သူ ခံခဲ့ရတယ်။ ကျွန်မက စစ်မှန်တဲ့ ဘုရားသခင်ကို ယုံကြည်ပေမဲ့ စာတန်ရဲ့ အာဏာအောက်မှာ အသက်ရှင်နေတုန်းပဲ။ လောကီအရာတွေကို လိုက်စားပြီး ငွေကြေးရဲ့ ချည်နှောင်မှုအောက်မှာ အသက်ရှင်နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကောင်းကောင်း မဖတ်ရှုခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်ကိုလည်း ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ဘုရားသခင်နဲ့ ပိုပို ဝေးကွာသွားမှာဖြစ်ပြီး ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ဆုံးရှုံးသွားတာနဲ့ တစ်ပြိုင်နက် စာတန်ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို အချိန်မရွေး ခံရနိုင်တယ်။ အမျိုးသားရဲ့ အခြေအနေက ကျွန်မအတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့တယ်၊ အမှားထဲမှာ ခေါင်းမာမာနဲ့ ဆက်မနေနိုင်တော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မသိတဲ့ အခွန်ရုံးက ဒုညွှန်ကြားရေးမှူးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါ ရှိနေမှန်း သိလိုက်ရတယ်။ သူ့မှာ ပိုက်ဆံတွေ အများကြီးရှိပြီး လူအများရဲ့ လေးစားမှုကို ခံရပေမဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်ငွေကြေး၊ ဂုဏ်သတင်းကမှ သူ့ကို မကူညီနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြန်မေးမိတယ်၊ “ဘဝရဲ့ ရည်ရွယ်ချက်က တကယ်တော့ ဘာလဲ။ ပိုက်ဆံအတွက်ပဲ အသက်ရှင်ရမှာလား။ သေခြင်းတရားကို ရင်ဆိုင်ရတော့ ငွေကြေးနဲ့ ဂုဏ်သတင်းက ဘာအသုံးကျလို့လဲ။ နောက်ဆုံးကျတော့ ဒီလောကကို စွန့်ခွာတဲ့အခါ ငါတို့အားလုံး လက်ဗလာနဲ့ပဲ သွားရတာ မဟုတ်ဘူးလား” ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ထပ်ဖတ်ရပြီး ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခြင်းရဲ့ အကြောင်းရင်းကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။...စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) “လူတို့သည် ငွေကြေးအပြင် ကျော်ကြားမှုနှင့် အကျိုးအမြတ် နောက်သို့လိုက်ရင်း ၎င်းတို့၏ တစ်သက်တာလုံးကို ကုန်ဆုံးစေကြသည်။ ၎င်းတို့သည် ဤအရာများကို အသက်ကယ်ကြိုးတစ်ခုကဲ့သို့လည်းကောင်း၊ ၎င်းတို့၏ တစ်ခုတည်းသော မှီခိုရာကဲ့သို့လည်းကောင်း သဘောထားကြပြီး ယင်းတို့ကို ပိုင်ဆိုင်ခြင်းက ၎င်းတို့ ဆက်လက်အသက်ရှင်နိုင်ကာ သေခြင်းမှ လွတ်မြောက်နိုင်သည်ဟု ဆိုလိုသည့်အလား ဖြစ်သည်။ သို့သော် ၎င်းတို့ သေရတော့မည့်အချိန်တွင်မှ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် ၎င်းတို့နှင့် မည်မျှ ကင်းကွာနေကြောင်းကိုလည်းကောင်း၊ သေခြင်းတရားကို ရင်ဆိုင်ရာတွင် ၎င်းတို့သည် မည်မျှ အားနည်းပြီး အစွမ်းမဲ့ကြောင်း၊ မည်မျှ ထိခိုက်လွယ်ကြောင်းနှင့် အားကိုးစရာ နေရာမရှိဘဲ မည်မျှ အထီးကျန်ကာ ကူကယ်ရာမဲ့ကြောင်းကိုလည်းကောင်း ၎င်းတို့ သဘောပေါက်ကြလေသည်။ ငွေကြေး သို့မဟုတ် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ဖြင့် အသက်ကို လဲလှယ်၍ မရနိုင်ကြောင်းကိုလည်းကောင်း၊ လူတစ်ဦးသည် မည်မျှပင် ချမ်းသာကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်း မည်မျှပင် မြင့်မားပါစေ၊ သေခြင်းတရားကို ရင်ဆိုင်ရာတွင် အားလုံးသည် တန်းတူ ဆင်းရဲပြီး သေးနုပ်ကြောင်းကိုလည်းကောင်း ၎င်းတို့ သဘောပေါက်ကြသည်။ ငွေကြေးဖြင့် အသက်ကို ဝယ်၍မရနိုင်ကြောင်းကိုလည်းကောင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်က လူတစ်ဦးအား သေခြင်းမှ လွတ်မြောက်စေနိုင်ခြင်း မရှိကြောင်းကိုလည်းကောင်း၊ ငွေကြေးဖြစ်စေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြစ်စေ လူတစ်ဦး၏ အသက်ကို တစ်မိနစ်၊ တစ်စက္ကန့်မျှပင် ရှည်ကြာစေနိုင်ခြင်း မရှိကြောင်းကိုလည်းကောင်း ၎င်းတို့ သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာခဲ့တာက ငယ်ငယ်ကတည်းက ကျွန်မက စာတန်ဆန်တဲ့ အဆိပ်အတောက်တွေ အများကြီး သွတ်သွင်းခံခဲ့ရတယ်ဆိုတာပဲ။ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်၊” “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်၊” ပြီးတော့ “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည” ဆိုတာမျိုးတွေပေါ့။ ပိုက်ဆံရှိရင် အရာရာ ပြည့်စုံမယ်၊ တခြားသူတွေရဲ့ အားကျမှုနဲ့ လေးစားမှုကို ရနိုင်မယ်၊ ပြီးတော့ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ ဘဝကို နေနိုင်မယ်လို့ ကျွန်မ ထင်ခဲ့တာလေ။ ဒီလိုဘဝမျိုးကမှ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်လို့ ထင်ခဲ့လို့ ချမ်းသာပြီး ငွေရောနာမည်ပါရှိတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့တာ။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲ ကျွန်မရဲ့ အသက်သွေးကြော၊ မှီခိုအားထားရာနဲ့ ဘဝလုံခြုံမှုအနေနဲ့ သဘောထားခဲ့တယ်။ ဒါပေမဲ့ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ကျွန်မကို တကယ်တမ်း ဘာတွေ ပေးခဲ့လို့လဲ။ ဒါတွေက ကျွန်မအတွက် တကယ်ပဲ မှီခိုအားထားရာနဲ့ လုံခြုံမှု ဖြစ်ခဲ့ရဲ့လား။ ကျွန်မအတွက် စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်သက်ခြင်းကို ယူဆောင်ပေးခဲ့သလား။ ဒီနှစ်တွေတစ်လျှောက်လုံး ပိုက်ဆံရဖို့ဆိုရင် ရတဲ့နည်းနဲ့ ကျွန်မ လုပ်ခဲ့တာ။ လိပ်ပြာမလုံပေမဲ့ မရိုးမသား ပိုက်ဆံရဖို့အတွက် ဖောက်သည်တွေကို လှည့်စားတဲ့အထိတောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံတွေရလာပြီး ဂုဏ်မောက်ချင်တဲ့စိတ် ကျေနပ်သွားတဲ့အခါ ဒီအရာတွေ ရှိနေတာက ရင်ထဲက ဗလာဖြစ်နေတာနဲ့ နာကျင်နေတာကို မသက်သာစေဘူးဆိုတာ နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်၊ ကျွန်မ လိုချင်တဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ရအောင် ကူညီပေးဖို့ဆိုတာ ဝေလာဝေးပေါ့။ အဲဒီအစား ဒါက ကျွန်မကို လိပ်ပြာမလုံ ဖြစ်စေခဲ့တယ်။ အထူးသဖြင့် အဲဒီကားတိုက်မှုမှာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုသာ မပါရင် ကျွန်မတို့မိသားစု ဘယ်လို ဆက်အသက်ရှင်ရမလဲ သိခဲ့မှာ မဟုတ်တဲ့အပြင် ကျွန်မလည်း ရုတ်တရက် အချိန်မတိုင်ခင် သေသွားမှာစိုးတယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က အသက်ကို မဝယ်နိုင်တဲ့အပြင် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကိုလည်း မပေးနိုင်ဘူးဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ပြီးတော့ ဒါတွေက ကျွန်မရဲ့ စစ်မှန်တဲ့ မှီခိုအားထားရာ မဟုတ်ပါဘူး၊ ဘုရားသခင် တစ်ပါးတည်းသာ ကျွန်မရဲ့ စစ်မှန်တဲ့ မှီခိုအားထားရာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားတုန်းပဲ။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ကျွန်မကို ချည်နှောင်ထားတဲ့ သံကြိုးတွေလို ဖြစ်နေတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီး သမ္မာတရား လိုက်စားခြင်းရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို နည်းနည်း နားလည်ခဲ့ပေမဲ့ ချမ်းသာကြွယ်ဝမှုကို ရှာဖွေရင်းနဲ့ ဘုရားသခင်ကို ယုံကြည်ချင်နေတုန်းပဲ။ ကျွန်မ တကယ်ကို မိုက်မဲခဲ့တာပါ။ သခင်ယေရှု ပြောခဲ့တဲ့ စကားကို ကျွန်မ တွေးမိတယ်။ “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။” (ရှင်မဿဲခရစ်ဝင် ၆:၂၄) “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ ပိုက်ဆံရှာဖို့အတွက် အချိန်တွေ၊ ခွန်အားတွေ အများကြီး ကုန်ဆုံးခဲ့တယ်၊ အခုအချိန်အထိ သမ္မာတရားကို သိပ်နားမလည်သေးဘူး၊ အသက် ဝင်ရောက်မှုလည်း ဘာမှ မရှိသေးဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ပိုက်ဆံဘယ်လောက်ပဲရရ ဇာတိပကတိ သာယာမှုကို ဘယ်လောက်ပဲ ခံစားရပြီး ဂုဏ်သတင်း ဘယ်လောက်ပဲ ကြီးပါစေ သမ္မာတရားကို မရခဲ့ရင် နောက်ဆုံးမှာ ဘာမှရမှာ မဟုတ်ဘူး။ ပိုက်ဆံရှာချင်တဲ့ လိုအင်ဆန္ဒကြောင့် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရမယ့် အခွင့်အရေးကို ဆုံးရှုံးပြီး ကိုယ့်ဘဝကို ဖျက်ဆီးပစ်လိုက်ရင် အမြော်အမြင် ကင်းမဲ့ပြီး မဖြစ်စလောက်ရေတိုအကျိုးအမြတ်လေးတွေအတွက် ကိုယ့်အနာဂတ်ကို စတေးလိုက်ရာ ရောက်မှာ မဟုတ်ဘူးလား။ “ငွေသာလျှင် ပထမ၊” ပြီးတော့ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတဲ့ ပညာရှိစကားလို့ ခေါ်ကြတဲ့အရာတွေက လူတွေကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေတဲ့ စာတန်ရဲ့ လိမ်ညာမှုတွေနဲ့ နတ်ဆိုးဆန်တဲ့ စကားတွေဆိုတာ၊ အဲဒါတွေက လူတွေကို ဘုရားသခင်နဲ့ ဝေးကွာအောင်၊ ဘုရားသခင်ကို သစ္စာဖောက်အောင် သွေးဆောင်ပြီး ငရဲကို ဆွဲခေါ်သွားတဲ့ ထောင်ချောက်တွေပဲဆိုတာကို ကျွန်မ မြင်သွားတယ်။ ဒါတွေက လူတွေရဲ့ ဝိညာဉ်ကို ဝါးမျိုဖို့ စာတန်ရဲ့ အကြံအစည်တွေလေ။ စာတန်ရဲ့ ရည်ရွယ်ချက်တွေက အရမ်းကို ကောက်ကျစ်ပြီး မလိုမုန်းထားစိတ်ရှိတာပဲ။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ကမ္ဘာလောကသည် အမှန်တကယ် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းဖြင့် ကမ္ဘာလောကကြီးထံမှ အားရကျေနပ်ခြင်းနှင့်ဆိုင်သည့် အမှေးမှိန်ဆုံး အပြုံးတစ်ခု သင် အမှန်တကယ် ရရှိနိုင်သလော။ ဖုံးကွယ်၍ မရသည့် အနှစ်မဲ့ခြင်း၊ သင့်နှလုံးသားထဲက အနှစ်မဲ့ခြင်းကို ဖုံးကွယ်ထားဖို့ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရနိုင်သလော။ သင်သည် သင်၏ မိသားစုထဲမှ အယောက်တိုင်းကို လှည့်စား၍ရနိုင်သော်လည်း၊ ငါ့ကိုကား မည်သည့်အခါမျှ လှည့်စား၍ မရနိုင်။ သင်၏ယုံကြည်ခြင်းသည် အလွန် အားနည်းလှသောကြောင့်၊ သင်သည် ယနေ့အထိ အသက်ရှင်ခြင်းက ပေးရန်ရှိသော ဝမ်းမြောက်မှုများကို ရှာဖွေဖို့ရန် အစွမ်းမဲ့ဖြစ်နေဆဲ ဖြစ်သည်။ သင့်ကို ငါ တိုက်တွန်းသည်။ လူတစ်ယောက် မခံနိုင်သော ဆင်းရဲဒုက္ခကို သင် ကြံ့ကြံ့ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမညောင်ည အဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝ ထက်ဝက်ကို ငါ့အတွက် စစ်မှန်ရိုးသားစွာ ကုန်လွန်စေသင့်သည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းသည် အဘယ်အကျိုးရှိသနည်း။ ထာဝရ အကျပ်အတည်းတစ်ခု၊ ထာဝရ ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရိတ်သိမ်းဖို့ရန်သာ ငါ၏ ခဏမျှသာဖြစ်သော ပြစ်တင်ဆုံးမခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ခြင်းသည် အဘယ် အကျိုးရှိသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ) “ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေနေသည်။ သူ၏နှုတ်ကပတ်တော်များကို အလေးဂရုပြုသူများကို ရှာဖွေနေသည်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သကဲ့သို့ မိမိတို့၏ စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေနေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် ကျိုးနွံနာခံတတ်ပြီး အတိုက်အခံမလုပ်သောသူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ သင့်ထံတွင် မြင့်မားသော အဆင့်အတန်း၊ ကြီးမားသော ဂုဏ်သတင်း၊ ကြွယ်ဝသော အသိပညာ၊ မြောက်မြားလှသော ပိုင်ဆိုင်မှုပစ္စည်းများနှင့် လူများစွာတို့ထံမှ ထောက်ပံ့မှုများ ရှိသည့်တိုင် ဤအရာများကြောင့် စိုးရိမ်ကြောင့်ကြမှု မရှိမြဲဖြစ်လျက် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်တို့ကို လက်ခံရန်နှင့် သင့်အား ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနေဆဲဖြစ်လျှင် သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ တရားအမျှတဆုံး လုပ်ငန်း ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းကို တို့ထိပြီး ခွန်အားပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မကို နောက်ဆုံးသောကာလမှာ မွေးဖွားဖို့ ကြိုတင်သတ်မှတ်ထားတာက မိသားစုကို ထောက်ပံ့ဖို့သက်သက် မဟုတ်သလို ကလေးမွေးဖို့သက်သက်လည်း မဟုတ်ဘူး။ ဘုရားသခင်ရှေ့မှောက်ကိုလာပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သိမြင်ပြီး ကိုယ်တော့်ကို ကျိုးနွံနာခံဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့၊ ပြီးတော့ သမ္မာတရားကို လိုက်စားပြီး အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နေထိုင်ဖို့ပါပဲ။ ဒါက ကျွန်မဘဝရဲ့ ပန်းတိုင်နဲ့ ဦးတည်ချက်လေ။ အခု ဘုရားသခင်ရဲ့ အမှုတော်က ပြီးဆုံးလုနီးပါး ဖြစ်နေပြီ၊ ပြီးတော့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံဖို့အတွက် ဘုရားရှေ့မှောက်ကိုလာမယ့်သူတွေ ပိုများလာဖို့ ဘုရားသခင်က မျှော်လင့်နေတယ်။ ဒါကြောင့် ကျွန်မက လောကီလိုက်စားမှုတွေကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်တယ်၊ တာဝန်ထမ်းဆောင်ရင်းနဲ့ ဘုရားသခင်ဆီကနေ ကယ်တင်ခြင်းရဖို့ သမ္မာတရားကို လိုက်စားသင့်တယ်။ ဒါက အဓိပ္ပာယ်အရှိဆုံး ဘဝပဲလေ။ ဒါကို တွေးမိတော့ စီးပွားရေးကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကို အချိန်ပြည့် ဆက်ကပ်အပ်နှံဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ငွေကြေး၊ ကျော်ကြားမှု ဒါမှမဟုတ် အကျိုးအမြတ်အတွက် အရိုးကြေကြေ အရေခန်းခန်း ဆက်အလုပ်လုပ်တော့မှာ မဟုတ်ဘူး။
ကျွန်မ ဆေးဆိုင်တစ်ဆိုင်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်ဆိုတာကို အမျိုးသား ကြားတော့ သူ အရမ်းဒေါသထွက်ပြီး ကွာရှင်းမယ်လို့ ခြိမ်းခြောက်တယ်၊ ပြီးတော့ ကျွန်မ ဘုရားသခင်ကို ယုံကြည်နေတဲ့အကြောင်း တိုင်မယ်လို့တောင် ပြောတယ်။ စီစီပီက ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့အပြင် သတ်ဖြတ်နေပြီးတော့ အရေးယူတာလည်း မခံရပုံကို တွေးမိတော့ ကျွန်မ နည်းနည်း ကြောက်သွားပြီး စိတ်အားလျော့သွားတယ်။ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ ကျွန်မစိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတော့ ဘုရားသခင်က အရာရာအပေါ် အချုပ်အချာအာဏာရှိတယ်ဆိုတာ၊ အမျိုးသားက ကျွန်မကို တိုင်တောမလား၊ ဒါမှမဟုတ် ရဲတွေက ကျွန်မကို လာဖမ်းမလား ဆိုတဲ့ ကိစ္စတွေအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာတွေကို တွေးမိတယ်။ ဘုရားသခင်က ကျွန်မရဲ့ ကျောထောက်နောက်ခံအဖြစ် ရှိနေတော့ ကျွန်မ မကြောက်တော့ဘူး။ ကျွန်မက အလျှော့မပေးဘူးဆိုတာကို မြင်တော့ အမျိုးသားက ကျွန်မမိဘတွေကို ဖုန်းဆက်ပြီး ကျွန်မကို ဖျောင်းဖျပေးဖို့ ပြောတယ်။ အဖေက ဒေါသတကြီးနဲ့ ကျွန်မကို ပြောတယ်၊ “ဘုရားယုံဖို့သက်သက်နဲ့ အလုပ်အကိုင်ကောင်းနဲ့ အလွယ်တကူရမယ့် ပိုက်ဆံကို ဘာလို့ စွန့်လွှတ်ရမှာလဲ။ နင် ရူးနေပြီလား” တဲ့။ အမေက မျက်ရည်တွေနဲ့ ပြောတယ်၊ “သမီး ပိုက်ဆံမရှာတော့ရင် နင့်သားလေး ဘယ်လိုလုပ်မလဲ။ အမေတို့ အဖေတို့ အိုမင်းရင် မှီခိုရမယ့် ပိုက်ဆံအကြောင်းကို သမီး ဂရုမစိုက်ဘူးလား” တဲ့။ ကျွန်မ အမျိုးသားက အနုနည်းရော အကြမ်းနည်းပါသုံးပြီးတော့ “ကိုယ့်အတွက် မစဉ်းစားရင်တောင်မှ သားလေးအတွက်တော့ စဉ်းစားပါ။ သူက ငယ်သေးတာ၊ အနာဂတ်မှာ ကောလိပ်တက်ဖို့၊ အိမ်ထောင်ပြုဖို့၊ အိမ်ဝယ်ဖို့ ပိုက်ဆံတွေ လိုမှာ။ ပိုက်ဆံလိုမယ့် ကိစ္စတွေ မျိုးစုံရှိမှာပဲ။ သားလေးရဲ့ ပညာရေး၊ အိမ်ထောင်ရေးနဲ့ အိမ်အတွက် ပိုက်ဆံရှာနိုင်သရွေ့ ဘုရားယုံတာကို ငါ မတားဘူး” ဆိုပြီး ပြောတယ်။ သူတို့ပြောတာ ကြားပြီးတဲ့နောက် ကျွန်မ နည်းနည်းလေး စိတ်ယိမ်းယိုင်သွားပြီး တွေးမိတယ်၊ “သူတို့ပြောတာလည်း ဟုတ်တော့ ဟုတ်တယ်။ ဒီလောကက နေရတာ ခက်ခဲတယ်၊ ပြိုင်ဆိုင်မှုတွေက ပိုပြီး ပြင်းထန်လာတာ။ သားက ပညာရေး၊ အိမ်ထောင်ရေးနဲ့ အိမ်အတွက် ပိုက်ဆံတွေ အများကြီး လိုအပ်မှာပဲ။ ငါ့အမျိုးသားစကား နားထောင်ပြီး သားလေးအတွက် ပိုက်ဆံပိုရှာဖို့ ဒီလုပ်ငန်းကို နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဆက်လုပ်သင့်လား” ပေါ့။ ကျွန်မ အရမ်းနာကျင်ပြီး စိတ်ဒွိဟဖြစ်ရတာနဲ့ ဘုရားသခင်ကို အော်ခေါ်ပြီး ကျွန်မ စိတ်နှလုံးကို ကာကွယ်ပေးဖို့ ဆုတောင်းတယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “သင်သည် စာတန်နှင့် လုံးဝ အဆက်ဖြတ်ရန်သာ စိတ်ပိုင်းဖြတ်ထားသော်လည်း စာတန်ကို အနိုင်ယူရန် ထိရောက်သော လက်နက်များဖြင့် ပြင်ဆင်ထားခြင်း မရှိပါက သင်သည် ကြီးမားသော အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသည့်တိုင် သင်သည် သက်သေမခံနိုင်သေးဘဲ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိလုနီးပါးဖြစ်လိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ အမှုပြီးဆုံးသည်ကို ကြေညာသည့်အခါတွင် သင်သည် ရုန်းထွက်လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေသေးလျှင် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ သွယ်ဝိုက်ညွှန်းဆိုမှုမှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည် ဟူ၍ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အချိန်မီ နှိုးဆွပေးခဲ့တယ်။ စာတန်က သားလေးအပေါ် ကျွန်မရဲ့ စိုးရိမ်ပူပန်မှုကို အသုံးပြုပြီး ကျွန်မကို ငွေကြေးလိုက်စားမှုထဲမှာ ဆက်ပြီး ချောင်ပိတ်မိနေစေချင်တာ၊ ငွေရဲ့ ကျွန်ဖြစ်စေချင်ပြီး ဒီဝဲဂယက်ထဲကနေ မလွတ်မြောက်နိုင်အောင် လုပ်ချင်တာ။ ဒီအတိုင်းသာ ကျွန်မ ဆက်သွားနေရင် ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးတဲ့အခါ ကျွန်မ သမ္မာတရား တစ်ခုမှ ရမှာမဟုတ်တဲ့အပြင် စာတန်နဲ့အတူ ငရဲကျသွားမှာပဲ။ ကျွန်မ စာတန်ရဲ့ ထောင်ချောက်ထဲ ကျလုနီးပါး ဖြစ်ခဲ့တာပဲ။ အမျိုးသားက ကျွန်မ ကိုယ့်တာဝန်ထမ်းဆောင်တာကို ဟန့်တားဖို့ ကျွန်မကို ကွာရှင်းမယ်လို့ ခြိမ်းခြောက်တယ်၊ ပြီးတော့ ကျွန်မကို တိုင်တောင် တိုင်ချင်ခဲ့တယ်။ သူ့ပန်းတိုင်က ကျွန်မကို အိမ်မှာ ပိုက်ဆံရှာဖို့ ထားချင်တာ၊ သူ့အတွက် ပိုက်ဆံမရှာနိုင်ရင် ကျွန်မကို စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုဆီ အပ်ချင်ခဲ့တာ။ အဲဒါမှာ ဘယ်လိုများ လင်မယား မေတ္တာရှိခဲ့လို့လဲ။ သူက ကျွန်မကို ပိုက်ဆံရှာဖို့ ကိရိယာတစ်ခုလိုပဲ သဘောထားခဲ့တာ။ အမျိုးသားနဲ့ ကျွန်မဟာ လူအမျိုးအစားချင်း မတူတဲ့အပြင် တူညီတဲ့ လမ်းကြောင်းပေါ်မှာလည်း မရှိဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ သူ ကျွန်မကို ကွာရှင်းချင်တယ်ဆိုရင်တောင် တကယ်တမ်းက ကျွန်မအတွက် ကောင်းတဲ့ ကိစ္စပဲ၊ ဘာလို့လဲဆိုတော့ မိသားစုရဲ့ ဘောင်ခတ်မှုကနေ လွတ်မြောက်ပြီး ဘုရားသခင်ကို လွတ်လွတ်လပ်လပ် ယုံကြည်နိုင်မှာလေ။ အဲဒီနောက် ကျွန်မ တွေးမိတယ်၊ “အနာဂတ်မှာ ငါ့သားက ကောင်းတဲ့ဘဝကိုရအောင်လို့ သားအတွက် ပိုက်ဆံပိုရှာချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက လူတစ်ယောက်ရဲ့ ကံကြမ္မာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို ငါ မယုံကြည်တာပဲ။ ဘုရားသခင်က သားလေးရဲ့ အနာဂတ်ကို ကြိုတင်သတ်မှတ်ထားပြီးသား၊ ငါ ပိုက်ဆံ ဘယ်လောက်ရှာရှာ သူ့ကံကြမ္မာကို မပြောင်းနိုင်ဘူး။ မိဘတွေနဲ့ သားလေးကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံပြီး ကိုယ်တော်ရဲ့ အစီအစဉ်တွေ အားလုံးကို ကျိုးနွံနာခံတာပဲ ငါလုပ်နိုင်တယ်။ ဒါက ဉာဏ်အရှိဆုံး ရွေးချယ်မှုပဲ” ပေါ့။ ဒါကို တွေးမိတော့ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်။ အမျိုးသားက ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ တားဆီးပိတ်ပင်ပါစေ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်တယ်။ “လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။...သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်မွေ့မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်မွေ့မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ အရမ်းကို တို့ထိခြင်းခံရတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူတွေကို ကယ်တင်တဲ့ သမ္မာတရား အားလုံးကို ဖော်ပြထားပြီးပြီ။ သမ္မာတရားကို ရရှိတဲ့သူတွေပဲ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံရပြီး ကြီးမားတဲ့ ကပ်ဘေးတွေကနေ အသက်ရှင်ကျန်ရစ်နိုင်မှာ။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ နွံထဲမှာ ကျွန်မ ဆက်ပြီး ချောင်ပိတ်မိနေပြီး မလွတ်မြောက်နိုင်ရင် ကယ်တင်ခံရမယ့် ကျွန်မရဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။ ကျွန်မအနေနဲ့ သမ္မာတရားကို အလေးအနက် လိုက်စားပြီး ကိုယ့်စိတ်သဘောထား ပြောင်းလဲဖို့ ကြိုးစားရမယ်၊ ပြီးတော့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ ဒီနှစ်တွေတစ်လျှောက်လုံး သမ္မာတရားကို သိပ်နားမလည်ခဲ့ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကတစ်ဆင့် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်း နားလည်လာခဲ့တယ်။ ပြီးတော့ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားခြင်းရဲ့ အကျိုးဆက်တွေကိုလည်း ကျွန်မ မြင်ခဲ့ရတယ်။ ဒီအကျိုးကျေးဇူးတွေကို ဘယ်ငွေပမာဏနဲ့မှ ဝယ်လို့ မရနိုင်ဘူး။ စိတ်သဘောထား ပြောင်းလဲတာက ညတွင်းချင်း ဖြစ်လာနိုင်တဲ့အရာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်း အများကြီးကို တွေ့ကြုံခံစားဖို့ လိုတယ်။ သမ္မာတရားနဲ့ အသက်ကို ရရှိနိုင်ဖို့ လိုက်စားရအောင် ကျွန်မ ဒီအချိန်ကို အသုံးချရမယ်။ ဒါကြောင့် ကျွန်မ အမျိုးသားနဲ့ မိဘတွေကို ကိုယ့်ရပ်တည်ချက်ကို ပြောပြလိုက်တယ်။ ကျွန်မက “ဘုရားသခင်က ဖန်ဆင်းခြင်းရဲ့ သခင်ပဲ၊ ကျွန်မတို့အားလုံးက ဖန်ဆင်းခံတွေပါ။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ ရှင်တို့ ဘုရားမယုံတာက ရှင်တို့ရဲ့ ရွေးချယ်မှုပါ၊ ဒါပေမဲ့ ကျွန်မ ဘုရားယုံတာနဲ့ ကိုယ့်တာဝန် ထမ်းဆောင်တာကို ရှင်တို့ တားဆီးလို့ မရဘူး” ဆိုပြီး ပြောလိုက်တယ်။ ကျွန်မရဲ့ ပြတ်သားတဲ့ သဘောထားကို မြင်တော့ မိသားစုက ဘာမှ မပြောကြတော့ဘူး။ ဘုရားသခင်ရဲ့ အံ့ဩဖွယ်ကောင်းတဲ့ အစီအစဉ်တွေကြောင့် ဆေးဆိုင်ကို မကြာခင်မှာပဲ အောင်အောင်မြင်မြင် လွှဲပြောင်းပေးခဲ့ပြီး နောက်ဆုံးမှာတော့ ကျွန်မ ကိုယ့်တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံနိုင်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။