၁၇။ ညံ့ဖျင်းသော အရည်အချင်းသည် ဆင်ခြေမဟုတ်

လင်းရန် တရုတ်နိုင်ငံ

ယခင်က၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို ဆိုးရွားစွာ လုပ်မိသည့်အခါတိုင်းတွင် ယင်းမှာ ကျွန်မ၏ အရည်အချင်း အလွန် ညံ့ဖျင်းလွန်းသောကြောင့် ဖြစ်သည်ဟု ကျွန်မ တွေးခဲ့သည်။ အကျိုးဆက်အဖြစ်၊ အပျက်သဘောဆောင်ပြီး မတုန်မလှုပ်သော အခြေအနေတစ်ခုတွင် ကျွန်မ မကြာခဏ အသက်ရှင်ခဲ့သည်။ ခက်ခဲသည်ဟု ကျွန်မ ခံစားရသည့် တာဝန်များကို အခြားသူများအပေါ် ပုံပေးဖို့ရန် ဆင်ခြေတစ်ခုအဖြစ် ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို မကြာခဏ အသုံးပြုခဲ့ပြီး ဤအရာနှင့် ပတ်သက်၍ ဘာမျှမမှားဟု ကျွန်မ ခံစားခဲ့ကာ၊ ကျွန်မ၏ အရည်အချင်း ညံ့ဖျင်းပြီး ကျွန်မ ကောင်းကောင်း မလုပ်နိုင်သောကြောင့် အခြားသူများကို တစ်စုံတစ်ခု လုပ်ဆောင်ဖို့ ခိုင်းသည့်အခါတွင် အသင်းတော်၏ အလုပ်အတွက် ကျွန်မ တွေးပေးခြင်းဖြစ်သည်ဟု ခံစားမိခဲ့သည်။ အမှုအရာများကို ကျွန်မ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများမှတဆင့် ကျွန်မ ကြည့်နေခဲ့သည်ကို နားလည်လျက် ဤမှားယွင်းသော အမြင်ကို ကျွန်မ ပြောင်းလဲနိုင်ခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း ကျေးဇူးကြောင့်သာ ဖြစ်ခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအကြောင်း တစ်စုံတစ်ရာကိုလည်း ကျွန်မ လေ့လာသိရှိခဲ့ရသည်။

တစ်နေ့တွင် ကျွန်မတို့၏ ခေါင်းဆောင်က ကျွန်မတို့ကို ညီအစ်မတစ်ယောက်အား အားပေးကူညီဖို့အတွက် စာတစ်စောင် ရေးခိုင်းခဲ့ပါသည်။ ကျွန်မနှင့် အဖွဲ့ကျသည့် ညီအစ်မမှာ အခြားတစ်စုံတစ်ရာနှင့် အလုပ်များနေခဲ့သည်။ ထို့ကြောင့် သူက ထိုကိစ္စကို ကိုင်တွယ်ဖို့ ကျွန်မကို တောင်းဆိုခဲ့သည်။ ကျွန်မသည် ဆင်ခြေတစ်ခုကို အလျင်အမြန် စတင်ဖန်တီးခဲ့၏- “ကျွန်မရဲ့ အရည်အချင်းက အရမ်းညံ့တယ်။ စာရေးတာနဲ့ စာတည်းဖြတ်တာတွေမှာ ကျွန်မ မတော်ဘူးလေ။ ရှင် ကိုင်တွယ်ရင် ပိုကောင်းလိမ့်မယ်။” ထိုသို့ဖြင့် ကျွန်မ၏ အဖော်အပေါ် ခက်ခဲသည့် မည်သည့်အရာကိုမဆို အလိုအလျောက် ကျွန်မ တွန်းပို့ခဲ့သည်။ နောက်ပိုင်းတွင် သူက ကျွန်မကို၊ “ကျွန်မတို့ စတွေ့တဲ့အချိန်ကတည်းက ရှင့်ရဲ့ အရည်အချင်း ညံ့တယ်လို့ ရှင်ပြောနေခဲ့တယ်။ ဒါပေမယ့် ရှင်နဲ့ ရက်နည်းနည်း ရှိပြီးတဲ့နောက်မှာ ရှင်က အလုပ်မှာ ပြဿနာတချို့ကို ရှာဖွေနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်မ သတိထားမိတယ်။ ရှင့်ရဲ့အရည်အချင်း အဲ့လောက် ညံ့တယ်လို့ ကျွန်မ မထင်ဘူး။ ဒါပေမယ့် ရှင့်ရဲ့ တာဝန်ကို ဆောင်ရွက်ရာမှာ အခက်အခဲတစ်ခုခုနဲ့ ရှင် ရင်ဆိုင်ရတဲ့အချိန်တိုင်းမှာ၊ ရှင်က ရှင့်ရဲ့ အရည်အချင်း ညံ့တယ်လို့ အမြဲပြောပြီး၊ တစ်ခါတလေ ရှင့်ရဲ့တာဝန်ကို တခြားတစ်ယောက်ယောက်အပေါ်ကိုတောင် တွန်းပို့တယ်။ ရှင့်ရဲ့ အရည်အချင်း ညံ့တဲ့ပုံစံ အကြောင်းကို အမြဲတမ်းပြောနေတာနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ အရင်းခံအကြောင်းက ဘာလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မအတွက်တော့ ရှင်က တကယ် ဟန်ဆောင်နေသလို ခံစားရတယ်” ဟု ဆိုလေသည်။ ဤအရာ သူပြောသည်ကို ကြားသည့်အခါ၊ ကျွန်မ မှင်တက်မိသွားခဲ့သည်၊ သို့သော် ကျွန်မ၏ စိတ်နှလုံးက ရွံ့မုန်းမှုနှင့် ပြည့်နေခဲ့၏- “ကျွန်မရဲ့ အရည်အချင်း ညံ့တယ်လို့ ကျွန်မ ပြောတဲ့အခါ အမှန်ကို ကျွန်မ ပြောနေတာရှင့်။ ရှင်က အမှန်တွေကို မသိဘဲ ကျွန်မကို နားလည်မှုလွဲတာပဲ။” နောက်တွင်၊ ယင်းကို ညီအစ်မက အဘယ်ကြောင့် ပြောခဲ့သည်ကို ကျွန်မ အချိန်ယူ စဉ်းစားခဲ့သည်။ ကျွန်မသည် ကျွန်မ၏ အရည်အချင်း ညံ့ဖျင်းသည်ဟု ပြောသည့်အချိန်တွင် လိမ်ညာနေခဲ့သည်မဟုတ်ပါ။ ကျွန်မတွင် အရင်းခံအကြောင်းများ ရှိသည်ဟု သူ အဘယ်ကြောင့် ပြောနိုင်ခဲ့ရပါသနည်း။ ကျွန်မ၏ စိတ်နှလုံးထဲတွင် အဖြေရှာလို့ကို မရနိုင်ခဲ့ပါ။

တစ်ကြိမ်တွင်၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အစည်းအဝေးအတွင်းတွင် အခြားသော ညီအစ်ကို မောင်နှမများထံ ကျွန်မ၏ စိတ်ရှုတ်ထွေးမှုအကြောင်းကို ဖွင့်ပြောခဲ့သည်။ ကျွန်မ၏ အရည်အချင်း ညံ့ဖျင်းသည်ဟု ကျွန်မ ထင်ရသည့် အကြောင်းရင်းများကို တစ်ခုပြီးတစ်ခု ကျွန်မ ရှင်းခဲ့သည်။ ဥပမာအားဖြင့် ကျွန်မ အလွန်နှေးကွေးစွာ စာရိုက်သည်၊ ကျွန်မ၏ စာရေးသားပုံမှာ သိပ်မကောင်းပါ။ စာများနှင့်ပတ်သက်၍ ကျွန်မတို့ အလုပ်လုပ်သည့်အခါ ကျွန်မ၏ အဖော်က စာရိုက်ခြင်းနှင့် စာတည်းဖြတ်ခြင်းတို့ကို အများဆုံးလုပ်ခဲ့ပြီး၊ သူက အသင်းတော်အလုပ်ကို ကိုင်တွယ်သည့်အခါ၊ ပြဿနာကို မြန်မြန်ဆန်ဆန် ရှာတွေ့ပြီး၊ ကျွန်မမှာတော့ ပိုနှေးကွေးသည်၊ စသဖြင့် ဖြစ်သည်။ ကျွန်မပြောသည့်အရာကို ကြားပြီးနောက်တွင်၊ ကျွန်မတို့၏ ခေါင်းဆောင် အစ်ကို လျူက၊ “ညီမ၊ လူတစ်ယောက်ရဲ့ အရည်အချင်းက ကောင်းတယ် ဒါမှမဟုတ် ညံ့တယ်လို့ အစ်ကိုတို့ တိုင်းတာတာက ဒီအရာတွေအပေါ်မှာလား။ ဒါက သမ္မာတရားနဲ့ ကိုက်ညီလား။ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီလား။ လောကထဲက လူတွေက ဆုကျေးဇူးနဲ့ ဦးနှောက်ဉာဏ်တွေကို အရမ်း တန်ဖိုးထားကြတယ်ဆိုတာ အစ်ကိုတို့အားလုံး သိကြပါတယ်။ အပြင်လောကရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ ဉာဏ်ထက်တယ်၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ပြီး ကျွမ်းကျင်လိမ္မာတဲ့ ဘယ်သူမဆိုဟာ တော်တဲ့အရည်အချင်းရှိတဲ့ လူတစ်ဦး ဖြစ်ပေမယ့်၊ စကားပြောမတတ်သလို၊ မသိနားမလည်ဖြစ်ပြီး ပညာရေးမကောင်းတဲ့သူတွေဟာ အရည်အချင်း ညံ့သူတွေအဖြစ် အမြင်ခံရကြတယ်။ အဲဒါက မယုံကြည်သူတွေ မြင်တဲ့ပုံစံပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ အစ်ကိုတို့က အမှုအရာတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး ကြည့်သင့်တယ်။ ဒီကိစ္စမှာ ဘုရားသခင်ရဲ့ အလိုတော်ကို အစ်ကိုတို့ ရှာပြီးပြီလား။ လူတွေရဲ့ အရည်အချင်း တော်တယ်၊ ညံ့တယ်ဆိုတာကို ဘုရားသခင်က ဘယ်အရာအပေါ် အခြေခံပြီး တိုင်းတာလဲ။ ပြီးတော့ တော်တဲ့ အရည်အချင်းနဲ့ ညံ့တဲ့အရည်အချင်းဆိုတာကိုက ဘာများလဲ” ဟု ပြောလေသည်။ ကျွန်မသည် ကျွန်မ၏ ခေါင်းကို ခါနေခဲ့ပြီး အစ်ကိုလျူက မိတ်သဟာယကို ဆက်ခဲ့သည်- “ဘုရားသခင်၏နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ရအောင်။ ‘လူများ၏အစွမ်းအစကို ငါတို့ မည်သို့ အကဲဖြတ်ကြသနည်း။ ၎င်းတို့၏ အစွမ်းအစကို အကဲဖြတ်ဖို့ အမှားအကင်းဆုံး နည်းလမ်းမှာ သမ္မာတရားကို ၎င်းတို့ နားလည်သည့် အတိုင်းအတာအပေါ် အခြေပြုခြင်း ဖြစ်သည်။ လူအချို့က အထူးပြုခြင်းအချို့ကို အလွန်လျင်မြန်စွာ သင်ယူနိုင်သော်လည်း၊ ၎င်းတို့က သမ္မာတရားကို ကြားသည့်အခါ၊ နားဝေတိမ်တောင်ဖြစ်ပြီး ငိုက်မျဉ်းကြသည်၊ ယင်းက ၎င်းတို့ကို ခေါင်းခြောက်စေသည်၊ ၎င်းတို့ကြားသမျှ မည်သည့်အရာကိုမျှ ၎င်းတို့ မမှတ်မိကြသကဲ့သို့၊ ၎င်းတို့ကြားနေသည့်အရာကို ၎င်းတို့ နားမလည်ကြပေ- ယင်းမှာ ညံ့ဖျင်းသော အစွမ်းအစဖြစ်သည်။ လူအချို့ကို သင်က ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစ ရှိသည်ဟု ၎င်းတို့အား ပြောပြီး ၎င်းတို့က သဘောမတူကြပေ။ ၎င်းတို့က အလွန်ပညာတတ်ပြီး နှံ့စပ်ခြင်းသည် ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသည်ကို ဆိုလိုခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ပညာရေး ကောင်းကောင်း တစ်ခုက မြင့်မားသော အစွမ်းအစကို လက်တွေ့ပြသလော။ ယင်းက လက်တွေ့မပြပါ။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို နားလည်သည့်အတိုင်းအတာတွင် အခြေပြုကာ လူများ၏ အစွမ်းအစကို တိုင်းတာပေသည်။ ဤသည်မှာ ယင်းကို လုပ်ဆောင်ဖို့ စံနှုန်းအကျဆုံးနှင့် အမှားအကင်းဆုံး နည်းလမ်းဖြစ်သည်။ တစ်စုံတစ်ဦး၏ အစွမ်းအစကို အခြားသောနည်းလမ်း တစ်စုံတစ်ရာဖြင့် တိုင်းတာအကဲဖြတ်ဖို့ ကြိုးစားခြင်းက အောင်မြင်သည့် ရလဒ်ကောင်းကို မရရှိနိုင်ချေ။ လူအချို့သည် ကျလောက်အောင် အပြောကောင်းပြီး ဇဝနဉာဏ်ရှိကြသည်၊ ပြီးလျှင် ၎င်းတို့သည် သူတစ်ပါးနှင့်ရင်းနှီးသင့်မြတ်ဖို့ ကြိုးစားရာတွင် အမှန်တကယ် တော်ကြသည်- သို့ရာတွင် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး၊ ဒေသနာများကို နားထောင်သည့်အခါ၊ မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့၏ကိုယ်ပိုင် အတွေ့အကြုံများနှင့် သက်သေခံချက်တို့နှင့်ပတ်သက်၍ ၎င်းတို့ စကားပြောသည့်အခါ၊ ၎င်းတို့သည် မကျွမ်းကျင်သေးသူများမျှသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကိုယ် ထုတ်ဖော်ပြကြသည်၊ ပြီးလျှင် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည်ကို အားလုံးက ခံစားရလေသည်။ ဤသည်တို့မှာ အစွမ်းအစကောင်း ရှိသူများ မဟုတ်ကြပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်”) ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကနေ တစ်ယောက်ယောက်ရဲ့ အရည်အချင်း တော်တယ်၊ ညံ့တယ်ဆိုတာ သူတို့ရဲ့ ဘုရားနှုတ်ကပတ်တော်တွေကို နားလည်နိုင်တဲ့ အရည်အသွေးပေါ် မူတည်တယ်ဆိုတာ အစ်ကိုတို့ မြင်ရတယ်။ ဒါက တစ်ယောက်ယောက်ဟာ အရည်အချင်းကောင်း ရှိတယ် ဒါမှမဟုတ် အထုံပါရမီရှိပြီး တော်တယ်လို့ မယုံကြည်သူတွေ ဆိုလိုတဲ့အရာ မဟုတ်ဘူး။ အရည်အချင်းကောင်းရှိတဲ့ လူတွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အချိန်မှာ သူ့ရဲ့အလိုတော်ကို နားလည်နိုင်ကြတယ်။ လက်တွေ့လုပ်ဆောင်ဖို့နဲ့ သမ္မာတရားထဲ ဝင်ရောက်ဖို့ လမ်းကြောင်းကို သူတို့ ရှာတွေ့နိုင်ပြီး ဘုရားသခင် တောင်းဆိုတဲ့အရာအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ကြတယ်။ တခြားတစ်ဖက်မှာတော့၊ အရမ်းတော်ပြီး အပြင်လောကရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ ထူးချွန်တဲ့ပုံပေါ်တဲ့သူတွေ ရှိတယ်- ဒါပေမယ့် ဘုရားနှုတ်ကပတ်တော်တွေရဲ့ သမ္မာတရားနဲ့ သူတို့ ရင်ဆိုင်လိုက်ရတာနဲ့တပြိုင်နက် ဝေခွဲမရဖြစ်သွားကြတယ်။ အဲဒီလိုလူတွေကို အရည်အချင်းကောင်းရှိတဲ့သူတွေလို့ ပြောလို့မရဘူး။ အဲဒါက နှံ့စပ်ပြီး၊ ပညာတတ်တဲ့လူအချို့ဟာ အပြင်ပန်းမှာ အထုံပါရမီရှိပြီး ဉာဏ်ထက်တယ်လို့ထင်ရပေမယ့် ဘုရားနှုတ်ကပတ်တော်တွေရဲ့ သမ္မာတရားတွေကို နားလည်နိုင်စွမ်းမရှိကြတဲ့ပုံစံ ဖြစ်တယ်။ သူတို့ထဲက တစ်ချို့က အမှုအရာတွေပေါ် အဓိပ္ပါယ်မဲ့တဲ့ အမြင်တောင် ရှိကြတယ်။ ဒါကြောင့် အရမ်းပညာတတ်တာ၊ ဉာဏ်ထက်တာနဲ့ လုပ်နိုင်ကိုင်နိုင်တာက အရည်အချင်းကောင်းရှိတာကို ကိုယ်စားမပြုသလို ဒါတွေက လူတစ်ယောက်ရဲ့ အရည်အချင်းကို တိုင်းတာတဲ့ စံနှုန်းတွေလည်း မဟုတ်ပါဘူး။ အဓိကကျတဲ့အရာက စိတ်ဝိညာဉ်ကို လူတွေ နားလည်တယ် နားမလည်ဘူးဆိုတာနဲ့ သမ္မာတရားကို သူတို့ နားလည်နိုင်စွမ်းရှိတာ မရှိတာပါပဲ။ တစ်ယောက်ယောက်ရဲ့ အရည်အချင်း ကောင်းတယ်၊ ညံ့တယ်ဆိုတာကို တိုင်းတာဖို့ အစ်ကိုတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် မှီခိုလို့ မဖြစ်ဘူး။” ဤအရာကို ကျွန်မ ကြားသည့်အခါ၊ အလင်းကို ကျွန်မ ရုတ်တရက် မြင်ခဲ့ရသည်။ လက်စသတ်တော့ ကျွန်မ၏ ယုံကြည်မှုများမှာ ကျွန်မ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများသာ ဖြစ်ခဲ့သည်- ယင်းတို့က သမ္မာတရားနှင့် မကိုက်ညီခဲ့ပါ။

နောက်ထပ်၊ ဘုရားနှုတ်ကပတ်တော်များ ကျမ်းနှစ်ပိုဒ်ကို ညီအစ်မတစ်ဦးက ရှာတွေ့ခဲ့ပြီး ကျွန်မကို ဖတ်ခိုင်းခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များက ပြောပါသည်- “လူတို့ကို ဘုရားသခင် မည်သို့ဆက်ဆံသည်ဆိုသည်မှာ ၎င်းတို့ အသက်အရွယ်မည်မျှရှိသည်၊ မည်သည့်ပတ်ဝန်းကျင်တွင် မွေးဖွားသည် သို့မဟုတ် မည်မျှ အရည်အချင်းရှိသည်တို့အပေါ်တွင် မူတည်ခြင်း မရှိပေ။ ယင်းအစား ဘုရားသခင်သည် လူတို့ကို သမ္မာတရားအပေါ်တွင်ထားသော ၎င်းတို့၏ သဘောထားကို အခြေခံကာ ဆက်ဆံပြီး၊ ဤ သဘောထားသည် ၎င်းတို့၏ စိတ်သဘောထားနှင့် ဆက်နွှယ်နေသည်။ သင်သည် သမ္မာတရားနှင့် စပ်လျဉ်း၍ မှန်ကန်သော သဘောထား၊ လက်ခံခြင်းနှင့် နှိမ့်ချမှုတို့ ရှိပါက၊ သင်သည် အရည်အချင်း ညံ့ဖျင်းသော်လည်း ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်ဦးမည်ဖြစ်ပြီး တစ်စုံတစ်ရာကို ရရှိဖို့ သင့်ကို ခွင့်ပြုလိမ့်မည်ဖြစ်သည်။ သင်သည် အရည်အချင်းကောင်း ပိုင်ဆိုင်သော်လည်း အမြဲ မာနထောင်လွှားသည်၊ သင်မှန်ကန်သည်ဟု အမြဲ ထင်လျက်နှင့် အခြားမည်သူမဆို ပြောသည့်အရာ တစ်ခုတစ်လေကိုလက်ခံဖို့ လိုလားခြင်းမရှိသကဲ့သို့၊ အမြဲ ဆန့်ကျင်နေပါက၊ ဘုရားသခင်သည် သင့်အထဲတွင် အလုပ်လုပ်လိမ့်မည်မဟုတ်။ သူက သင်သည် မကောင်းသော စိတ်သဘောထားတစ်ခုရှိပြီး၊ မည်သည့်အရာကိုမျှ ရရှိဖို့ ထိုက်တန်ခြင်းမရှိဟု ပြောလိမ့်မည်ဖြစ်သကဲ့သို့ တစ်ချိန်က သင်ရှိခဲ့သည့်အရာကိုပင် ဘုရားသခင် ယူငင်သွားလိမ့်မည်။ ဤသည်မှာ ဖော်ထုတ်ခံရခြင်းဟု သိကြသည့် အရာဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”)လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်သိနိုင်သောအခါ၊ ဆက်ကပ်နိုင်သောအခါ၊ ကြိုးစားနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင့်၌ ဤသို့သော စိတ်နှလုံး မရှိပေ။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ လူတစ်ဦးသည် ဤသို့သော စိတ်နှလုံးရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က ထိုသို့သော သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ၊ တစ်ခုခုလွဲမှားနေသည်ကို သင့်အား သိမြင်စေသည့်တိုင်အောင် သင်က ထိုသို့သောစိတ်နှလုံး မရှိလျှင် ပြဿနာကို သင်ဖော်ထုတ်နိုင်စွမ်း မရှိဆဲ ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဤအခြင်းအရာက မည်သည်ကို ပြသနည်း။ လူတို့မှ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးသည်ကို ပြသည်။ ၎င်းတို့၏ စိတ်နှလုံးသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်နှလုံး၌ မည်သည့်အရာကို စွဲကိုင်ထားသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ညီအစ်မက၊ “ကျွန်မတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်တဲ့အခါ ကျွန်မတို့ရဲ့ သဘောထားက အရမ်းအရေးကြီးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ပြပါတယ်- အဲဒါ အရမ်း အရေးပါတယ်။ ကျွန်မတို့မှာ မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိရင်၊ ကျွန်မတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ ကျွန်မတို့ရဲ့ စိတ်နှလုံးနဲ့ အင်အားတွေအားလုံး ပေးနိုင်ရင်၊ ဘုရားသခင်က မြင်မှာဖြစ်ပြီး ကျွန်မတို့ရဲ့ တာဝန်အပေါ်ထားတဲ့ ကျွန်မတို့ရဲ့ သဘောထားအရ ကျွန်မတို့ကို ဆက်ဆံလိမ့်မယ်။ ကျွန်မတို့က အရည်အချင်း ညံ့တယ်ဆိုရင်တောင်၊ ဘုရားသခင်က ကျွန်မတို့ကို အသိပွင့်လင်းစေပြီး လမ်းပြနေဦးမှာပါ။ ကျွန်မတို့မှာ ကောင်းတဲ့အရည်အချင်းရှိပေမဲ့လည်း မှန်ကန်တဲ့ စိတ်နေစိတ်ထားမရှိရင်၊ ပြီးတော့ အဖိုးအခတစ်ခုပေးဆပ်ဖို့နဲ့ ဘုရားသခင်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့မလိုလားရင်၊ ဒါမှမဟုတ် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်တယ်ထင်ရင်၊ ဒါမှမဟုတ် ကျော်ကြားမှုနဲ့ အခွင့်အလမ်းအတွက်ပဲ အလုပ်လုပ်မယ်ဆိုရင်၊ ကျွန်မတို့ရဲ့ တာဝန်ကို ကျွန်မတို့ ကောင်းကောင်း ဆောင်ရွက်မှာမဟုတ်ရုံသာမက၊ ဘုရားသခင်ရဲ့ ငြင်းပယ်တာကိုလည်း ခံရမှာဖြစ်တယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းပါ။ ကျွန်မတို့ အနီးအနားက ညီအစ်ကို မောင်နှမတွေကို ဘုရားနှုတ်ကပတ်တော်တွေကနေတဆင့် ကျွန်မတို့ကြည့်ရင်၊ တစ်ချို့က သာမန်အရည်အချင်းရှိကြပေမယ့် သူတို့ရဲ့ တာဝန်ကို ဆောင်ရွက်ရာမှာ မှန်ကန်တဲ့ အရင်းခံအကြောင်းရှိကြတယ်ဆိုတာ မြင်ရတယ်။ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အဲဒါကို သမ္မာတရားကို ရှာဖွေဖို့ သူတို့ကိုယ်တိုင် တာဝန်ယူပြီး စည်းမျဉ်းတွေထဲ ဝင်ရောက်မှုကို အာရုံစိုက်ကြသလို၊ သူတို့ တာဝန်ကို ဆောင်ရွက်ရာမှာ ပိုပိုပြီး ထိရောက်မှုရှိလာကြတယ်။ အမှန်တော့ ကျွန်မတို့အဖို့ အထူးအရည်အချင်းကောင်းရှိပြီး ဘုရားနှုတ်ကပတ်တော်တွေကို သိနားလည်မှုစစ်စစ်ရှိတယ်လို့ ထင်ရတဲ့ ညီအစ်ကို မောင်နှမအချို့ရှိပါတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသလို အခြားလူတွေရဲ့ အကြံကို နားမထောင်ဘဲ သူတို့ရဲ့ တာဝန်ကို ဆောင်ရွက်ရာမှာ သေးငယ်တဲ့အောင်မြင်မှုအချို့ ရှိတဲ့အခါတိုင်း ဘုရားသခင်ရဲ့ ဘုန်းကို သူတို့ကိုယ်တိုင်အတွက် ယူကြတယ်။ အကျိုးအမြတ်နဲ့ ကျော်ကြားမှုအတွက် ရုန်းကန်ရင်း၊ အခွင့်အရေးရတိုင်း မိမိကိုယ်ကိုယ် ကြွားဝါကြတယ်။ တစ်ချို့ဆိုရင် အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ကြပြီး သူတို့ရဲ့ တာဝန်ကို ဆောင်ရွက်ဖို့ သူတို့ရဲ့ အရည်အချင်းပြည့်မီမှုကို ဖြုတ်ပစ်ကြတယ်။ တစ်ချို့က မကောင်းတဲ့လုပ်ရပ်အများကြီးကို ကျူးလွန်ပြီးတဲ့နောက် အန္တိခရစ်တွေဖြစ်လာကြပြီး အသင်းတော်ကနေ နှင်ထုတ်ခံရတယ်။ ဒီအချက်တွေက လူတစ်ယောက်ရဲ့ အရည်အချင်း ကောင်းတယ်၊ ညံ့တယ်ဆိုတာက သူတို့ ဘုရားသခင်ရဲ့ ချီးမွမ်းတာ ခံရခြင်း ရှိမရှိဆိုတာကို မဆုံးဖြတ်မှန်း ကျွန်မတို့ကို ပြပါတယ်။ အဓိကအရာက သမ္မာတရားကို သူတို့ ရှာဖွေလိုက်စားမှု ရှိ၊ မရှိဆိုတာနဲ့ သူတို့ရဲ့ တာဝန်ကို ကိုယ်စိတ်အကြွင်းမဲ့ သူတို့ ထမ်းဆောင်ခြင်း ရှိ၊ မရှိဆိုတာပါပဲ” ဟု ဆိုလေသည်။

နောက်ထပ်၊ ညီအစ်ကို မောင်နှများက မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း မိမိတို့ကိုယ်ကိုယ် သတ်မှတ်ခြင်း၏ အန္တရာယ်များနှင့် အကျိုးဆက်များအကြောင်း ဆွေးနွေးဖို့ သူတို့၏ ကိုယ်ပိုင်အတွေအကြုံများကို ထုတ်သုံးခဲ့ကြသည်။ ထိုအခါမှသာ သမ္မာတရားကို နားမလည်ခြင်းက အဘယ်မျှ မိုက်မဲသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့သကဲ့သို့၊ ယင်းအစား ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများတွင် အသက်ရှင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် အရည်အချင်း ညံ့ဖျင်းသည်ဟု သတ်မှတ်ခဲ့သည်မှာ၊ အခြားလူများအပေါ် ခက်ခဲသော တာဝန်များကို မကြာခဏ ကျွန်မ တွန်းပို့သည်အထိ ဖြစ်ခဲ့သည်။ တိုးတက်ဖို့ ကျွန်မ မကြိုးစားခဲ့သလို၊ ဘုရားသခင်အပေါ် ကျွန်မ မမှီခိုခဲ့ သို့မဟုတ် ကျွန်မ တတ်စွမ်းနိုင်သည့် တာဝန်များကို ဆောင်ရွက်နိုင်စွမ်းမရှိအောင်ပင် ဖြစ်စေသည့် ဤအတားအဆီးများကို ထိုးဖောက်ကျော်လွှားဖို့ အဖိုးအခတစ်ခုကို အမှန်တကယ်ပေးဆပ်ခြင်းမရှိခဲ့ပါ။ တကယ့်လေ့ကျင့်မှု သို့မဟုတ် သမ္မာတရားနှင့် အသက်တာထဲတွင် ကြီးထွားခြင်းကို ကျွန်မ မတတ်စွမ်းနိုင်ရုံသာမက၊ ဤအရာက ကျွန်မ၏ တာဝန်များကို ဆောင်ရွက်ရာတွင် ကျွန်မ၏ ထိရောက်မှုကို တိုက်ရိုက်လွှမ်းမိုးခဲ့သည်။ ကျွန်မနှင့် အလုပ်လုပ်ခဲ့သည့် ညီအစ်မက ပြဿနာများ မည်မျှ မြန်မြန် ရှာတွေ့နိုင်ခဲ့ပုံအကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ ဤအရာက သူမ၏ ပင်ကို အရည်အချင်းနှင့် ဆက်စပ်သော်လည်း၊ ပိုအရေးကြီးသည်မှာ၊ သူမ၏ တာဝန်အပေါ် သူမ၏ ကျေပွန်ပြီး တာဝန်သိသော သဘောထားကြောင့်၊ ဘုရားသခင်အပေါ် သူမ မှီခိုနိုင်ခဲ့ပြီး အခက်အခဲများနှင့် အမှတ်မထင်တွေ့သည့်အခါ ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည်။ ထို့နောက်တွင်မှ သူမသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံခဲ့ရပြီး အလင်းပြခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ကျွန်မမှာမူ ပြဿနာများကို ကြုံရသည့်အခါ ရှောင်လွဲဖို့ ကြိုးစားခဲ့ပြီး မိမိကိုယ်ကိုယ် အသက်ရှူပေါက်ရစေဖို့ ကျွန်မ၏ ညံ့ဖျင်းသော အရည်အသွေးကို ဆင်ခြေတစ်ခုအဖြစ် သုံးခဲ့သည်။ ဘုရားသခင်အပေါ် ကျွန်မ မမှီခိုခဲ့သလို ဆီလျော်သော သမ္မာတရားကို ရှာဖွေခြင်းဖြင့် ပြဿနာကို ကြိုးစားပြီး ဖြေရှင်းဖို့ မိမိကိုယ်ကိုယ် တာဝန်မယူခဲ့ပါ။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျွန်မ မရနိုင်ခဲ့သည်ကို ဆိုလိုပါသည်။ ဤအရာမှ၊ ဘုရားသခင်သည် အားလုံးအပေါ် မျှတပြီး ဖြောင့်မတ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ မိတ်သဟာယမှတဆင့်၊ ဘုရားသခင်သည် ကျွန်မတို့ တတ်စွမ်းနိုင်သည့်အရာအပေါ် အခြေခံပြီး ကျွန်မတို့ကို စေခိုင်းသည်ကိုလည်း ကျွန်မ နားလည်ခဲ့သည်။ ယင်းမှာ သူက “ဘဲများကို နားရာနေရာတွင် ကျောင်းခြင်း” ကိစ္စရပ်တစ်ခု မဟုတ်ပါ။ ကျွန်မ မိမိကိုယ်ကိုယ် မှန်အောင် လုပ်သင့်ပါသည်။ ကျွန်မ၏ အရည်အချင်းကို အာရုံစိုက်နေမည့်အစား၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ရာတွင် ကျွန်မ၏ အားအင်အားလုံးကို အသုံးချခြင်းအပေါ်သာ ကျွန်မ အာရုံစိုက်သင့်ပါသည်။ သမ္မာတရား၏ စည်းမျဉ်းများကို ကျွန်မ ရှာဖွေပြီး ချင့်ချိန်စဉ်းစားသင့်သည်၊ အခြားသူများ၏ အားသာချက်များမှ သင်ယူသင့်သည်၊ အခြားလူများ၏ အကြံကို နားထောင်ကာ ကျွန်မ တကယ်လက်တွေ့လုပ်ဆောင်သည့် အရာထဲသို့ ပေါင်းစပ်သင့်ပါသည်။ ပြီးလျှင် အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ အကျိုးခံစားရပြီး ကြီးထွားရန် သေချာပေမည်။

နောက်ပိုင်းတွင်၊ ကျွန်မအပေါ် ညီအစ်မ၏ ဝေဖန်မှုက ကျွန်မ၏ နားထဲတွင် ပဲ့တင်ထပ်ခဲ့သည်။ “ရှင့်ရဲ့ အရည်အချင်း ညံ့တဲ့ပုံစံ အကြောင်းကို အမြဲတမ်းပြောနေတာနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ အရင်းခံအကြောင်းက ဘာလဲဆိုတာ ကျွန်မ မသိဘူး။” သူမ မှန်ပါသည်။ ကျွန်မ၏ အရည်အချင်း ညံ့သည်ကို ပြောဆိုဖို့ ကျွန်မ အမြဲ မြန်ဆန်ခဲ့သည်။ မည်သည့် အရင်းခံအကြောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကျွန်မကို တိတ်တဆိတ် ထိန်းချုပ်နေခဲ့ပါသနည်း။

တစ်နေ့တွင်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုခဲ့ရပါသည်။ “သင်သည် မှန်ကန်သော လူ ဟုတ်သည် မဟုတ်သည်ကို သိရန် သင့်ကိုယ်သင် သေချာစွာ ဆန်းစစ်သင့်သည်။ သင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် ငါ့အတွက် ရည်ရွယ်၍ ဖန်တီးထားသလော။ သင်၏ စကားများနှင့် လုပ်ရပ်များအားလုံးသည် ငါ၏ မျက်မှောက်တွင် ပြောဆို၊ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ငါ ဆန်းစစ်၏။ အပြစ်ရှိသည်ဟု သင်မခံစားရသလော။ အခြားသူများ မြင်စေရန် သင်သည် ဟန်ဆောင်ထားပြီး၊ သင်သည် ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း ပုံပန်းတစ်ခုကို တည်ငြိမ်စွာ ပုံဖမ်းထားသည်။ သင်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဤအရာကို လုပ်ဆောင်သည်။ သင်၏ဆိုးယုတ်ခြင်းကို ဖုံးကွယ်ရန် ဤအရာကို လုပ်ဆောင်ပြီး၊ ထိုဆိုးယုတ်ခြင်းကို အခြားတစ်စုံတစ်ဦးအပေါ် တွန်းပို့ရန် နည်းလမ်းများကိုပင် အကြံထုတ်လေသည်။ သင်၏ နှလုံးသားတွင် ဖောက်ပြန်မှုသည် ကိန်းဝပ်နေလေတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်တွင်၊ ကျွန်မကိုယ်ကျွန်မ စတင်သုံးသပ်ခဲ့သည်။ ယခင်က ကျွန်မ လုံးဝမလုပ်ဖူးသည့် တာဝန်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်မ လုပ်သည့် ပထမဆုံးအရာမှာ ကျွန်မ၏ အရည်အချင်း ညံ့သည်ဟု အခြားညီအစ်ကို မောင်နှများကို ပြောဖို့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တာဝန်ကို ကျွန်မ ဆိုးရွားစွာ လုပ်ဆောင်မိခဲ့လျှင် သူတို့က ကျွန်မကို အထင်သေးမည်ကို ကျွန်မ စိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။ ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအဖို့အလို့ငှာ ဤအရာကို ကျွန်မ လုပ်ခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည့်အရာမှာ၊ ကျွန်မ ဆိုးရွားစွာ လုပ်ခဲ့မိလျှင် ကျွန်မ၏ အပြစ်မဟုတ်။ ကျွန်မ၏ အားအင်အားလုံးကို ထိုတာဝန်ထဲသို့ ကျွန်မ မထည့်ခဲ့ခြင်း မဟုတ်ဘဲ၊ ယင်းက ကျွန်မ၏ အရည်အချင်းကို ကျော်လွန်ခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ရာတွင် အခက်အခဲတစ်ခုခု ကျွန်မ ကြုံခဲ့ရသည့်အခါတိုင်းတွင်၊ ယင်းကို ထိပ်တိုက်တွေ့ဖို့ရန် ဆင်းရဲဒုက္ခခံဖို့နှင့် အဖိုးအခတစ်ခုပေးဆပ်ဖို့ ကျွန်မ လိုလားနေခဲ့ခြင်း မရှိပါ။ တာဝန်ခံယူမှုကိုလည်း ကျွန်မ ကြောက်ရွံ့မိခဲ့သည်။ ထို့ကြောင့် ကျွန်မကို စဉ်းစားချင့်ချိန်နိုင်ပြီး မိမိကိုယ်ကိုယ် သတိပြုမိနိုင်သည်ဟု သူတို့အား ထင်မှတ်စေဖို့ ကျွန်မ၏ တာဝန်များကို အခြားတစ်စုံတစ်ဦးအပေါ် တွန်းပို့ရန် ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို ဆင်ခြေတစ်ခုအဖြစ်သာ ကျွန်မ အသုံးပြုခဲ့သည်။ ကျွန်မ ဆင်းရဲဒုက္ခ ခံစားရဖို့နှင့် အဖိုးအခတစ်ခု ပေးဆပ်ဖို့ သို့မဟုတ် တာဝန်အချို့ကို ထမ်းဖို့ ရှိခဲ့သည့်အချိန်တိုင်းနီးပါးတွင်၊ ကျွန်မ နောက်ဆုတ်တတ်သည်။ အမှန်တွင်၊ ကျွန်မသည် “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုသည့် ဆိုးယုတ်သော လူလူချင်း ဆက်ဆံမှုဆိုင်ရာ အတွေးအခေါ်ဖြင့် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။ တာဝန်ကို ရှောင်ရှားဖို့ ကျွန်မ၏ ကိုယ်ပိုင် မရိုးသားသော နည်းလမ်းများကို အသုံးပြုခြင်းသည် သိပ်တော်သည့်ပုံပေါ်သော်လည်း အမှန်တွင် သမ္မာတရားကို ရှာဖွေဖို့နှင့် နားလည်ဖို့ အခွင့်အရေးများစွာကို ကျွန်မ လွဲချော်ခဲ့ရပေသည်။ အမှန်တွင်၊ ကျွန်မတို့ တစ်ဦးစီကို ဘုရားသခင် ပေးသည့် အရည်အချင်းသည် ရည်ရွယ်ချက်အတွက် သင့်တော်ပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိဖို့ နှင့် ကျွန်မ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ဖို့ရန်အလို့ငှာ ကျွန်မ ရယူစွမ်းဆောင်နိုင်သည့်အရာအပေါ် အခြေခံပြီး ကျွန်မ၏ စိတ်နှလုံးနှင့် အားအင်အားလုံးကို ကျွန်မ အသုံးမပြုခဲ့ပါ။ ထိုအစား၊ ဘုရားသခင်ကို လှည့်စားဖို့နှင့် လှည့်ဖြားဖို့ ကြိုးစားရန်၊ ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်းအတွက် ဆင်ခြေတစ်ခုအဖြစ် ကျွန်မ အမြဲ အသုံးပြုခဲ့သည်။ ဤသည်မှာ အလွန်ကောက်ကျစ်သည်၊ အလွန် ဆိုးယုတ်သည် မဟုတ်ပါလား။ ပြီးလျှင် ကျွန်မသည် ဘုရားသခင်၏ လမ်းပြမှုကို မည်သို့ခံရနိုင်မည်နည်း။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်- “‘ကျွန်ုပ်၏ အရည်အချင်းက နိမ့်ကျသော်လည်း၊ ကျွန်ုပ်တွင် ရိုးသားသော စိတ်နှလုံးတစ်ခုရှိသည်။’ လူအများစုက ဤစာကြောင်းကို ကြားသည့်အခါ၊ ၎င်းတို့ ခံစားရကောင်းသည် မဟုတ်လော။ ဤကိစ္စရပ်တွင် လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ ပါဝင်၏။ မည်သည့် သတ်မှတ်ချက်များနည်း။ လူတို့သည် အရည်အချင်း၌ ချို့တဲ့လျှင်၊ ယင်းမှာ ကမ္ဘာကြီးဆုံးပြီ မဟုတ်ပါ။ သို့သော် ၎င်းတို့သည် ရိုးသားသော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်ကြလိမ့်မည်ဖြစ်သည်။ သင်၏ အခြေအနေ မည်သို့ပင်ဖြစ်စေ၊ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ရမည်၊ ရိုးသားစွာ ပြောဆိုရမည်၊ ရိုးသားစွာ ပြုမူရမည်၊ သင်၏ တာဝန်ကို သင်၏ နှလုံးသားနှင့် စိတ်အားလုံးဖြင့် ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး၊ သစ္စာရှိရမည်၊ သင်၏ အလုပ်ကို ခေါင်းမရှောင်ရ်၊ ခြေပုန်းမခုတ်ရ် သို့မဟုတ် လှည့်ဖြားခြင်း မပြုရ၊ ကလိမ်ဉာဏ် မဆင်ရ၊ အခြားသူများကို တစ်ပတ်မရိုက်ရ၊ သို့မဟုတ် လှည့်ပတ်ပြောဆိုခြင်းမပြုရ၊ သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်ကိုင်ပြုသော လူတစ်ဦးဖြစ်ရမည်။...သင်က ‘ကျွန်ုပ်၏ အစွမ်းအစသည် နည်းပါသော်လည်း၊ ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားသည်။’ ဟု ပြောသည်။ သို့ရာတွင် သင့်ထံ တာဝန်တစ်ခု ကျရောက်သည့်အခါတွင်၊ သင်သည် ဒုက္ခခံရမည်ကို သို့မဟုတ် ထိုတာဝန်ကို သင် ကောင်းစွာ မဖြည့်ဆည်းပါက၊ တာဝန်ယူရမည်ကို ကြောက်ရွံ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို ရှောင်ရှားဖို့ ဆင်ခြေများ ပေးပြီး အခြားသူများက ယင်းကို ပြုလုပ်ဖို့ သင် အကြံပြုလေသည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးသည် မည်သို့ ပြုမူသင့်သနည်း။ ၎င်းတို့သည် လက်ခံပြီးနာခံသင့်သည်၊ ထို့နောက်တွင် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းလျက်၊ ၎င်းတို့၏တာဝန်များကို တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရာတွင် လုံးလုံး ဆက်ကပ်အပ်နှံထားသင့်သည်။ ဤသည်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြထားသည်။ နည်းလမ်းတစ်ခုမှာ သင်သည် အခြားမည်သည့်အရာကိုမျှ မတွေးဘဲ၊ သင်၏တာဝန်ကို ရိုးသားမှုဖြင့် လက်ခံသင့်ပြီး၊ ယင်းနှင့်ပတ်သက်၍ စိတ်မပါ့တပါ ဖြစ်နေသင့်ပေ။ သင်ကိုယ်တိုင်၏ အကျိုးကျေးဇူးအတွက် အကွက်မချနှင့်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ နောက်ထပ်နည်းလမ်းမှာ ယင်းထဲတွင် သင်၏ခွန်အားနှင့် စိတ်နှလုံး အားလုံး အစွမ်းရှိသမျှ လုပ်ဆောင်ခြင်းဖြစ်သည်။ သင်က ‘ဤသည်မှာ ကျွန်ုပ်လုပ်ဆောင်နိုင်သမျှ အားလုံးဖြစ်သည်။ ကျွန်ုပ်သည် စွမ်းရည်အားလုံးကို စတင်ထုတ်သုံးပြီး ဘုရားသခင်ကို လုံးလုံး ဆက်ကပ်ပါမည်။’ ဟု ပြောသည်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခု မဟုတ်လော။ သင်သည် သင့်ထံတွင်ရှိသမျှအားလုံးနှင့် သင်လုပ်နိုင်သမျှ အားလုံးတို့ကို ဆက်ကပ်သည်၊ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ကျွန်မကို ပေးခဲ့သည်။ လူတို့၏ အရည်အချင်း ကောင်းသည်၊ ညံ့သည်တို့ကို ဘုရားသခင် ဂရုမစိုက်ပါ။ အဓိကအရာမှာ ၎င်းတို့က ရိုးသားသော စိတ်နှလုံးတစ်ခု ရှိ မရှိ၊ သမ္မာတရားကို သူတို့ လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည့်အရာ ဖြစ်သည်။ ကျွန်မ၏ အရည်အချင်း ညံ့ဖျင်းပြီး သမ္မာတရားကို နားလည်ရာတွင် ကျွန်မ အနည်းငယ် နှေးကွေးကာ တစ်ခါတစ်ရံ အယူဝါဒနောက်လိုက်သော်လည်း၊ ကျွန်မ၏ စိတ်နှလုံး ရိုးသားပြီး ကျွန်မ၏ တာဝန်ကို ဆောင်ရွက်သည်နှင့်အမျှ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို စဉ်ဆက်မပြတ် ကျွန်မ ရှာဖွေလျှင်၊ ဘုရားသခင် စေခိုင်းသည့်အရာကို ဆောင်ရွက်ဖို့ ကျွန်မ လုပ်နိုင်သမျှ လုပ်ဆောင်လျှင်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းကြီးမင်္ဂလာတို့ကို ကျွန်မ ရရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်လိမ့်မည်ဖြစ်သည်။ သမ္မာတရားထဲသို့ ကျွန်မ ဝင်ရောက်သည်နှင့်အမျှ၊ ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းနှင့်စပ်လျဉ်း၍ ကျွန်မ၏ အားနည်းချက်များအတွက် ကျွန်မ ပြုပြင်နိုင်လိမ့်မည်ဖြစ်ပြီး အမှုအရာများကို နားလည်ခြင်းနှင့် သိမြင်ခြင်းတို့တွင် ကျွန်မ ပိုကောင်းသထက် ကောင်းလာပါလိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီးသည့်နောက်တွင်၊ ကျွန်မသည် ကျွန်မ၏ တာဝန်ကို ဆောင်ရွက်သည့်အခါ ပိုကောင်းမွန်လာရန် ဘုရားသခင်အပေါ် ကျွန်မ စတင်မှီခိုခဲ့သည်။ ကျွန်မအဖို့ သိသာထင်ရှားမှုမရှိသည့်အရာများ၊ ကျွန်မ နားမလည်သည့်အရာများကို အခြားသူများအပေါ် ကျွန်မ မပုံပေးတော့ဘဲ၊ ထိုအရာများကို ကျွန်မကိုယ်တိုင်အတွက် ရှာဖွေပြီး နားလည်သဘောပေါက်ဖို့ ကြိုးစားခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပါသည်။ ဘုရားသခင် စေခိုင်းသကဲ့သို့ ကျွန်မ လက်တွေ့လုပ်ဆောင်ခဲ့သည့်အခါ၊ ကျွန်မသည်လည်း ကျွန်မတာဝန်ထဲက ပြဿနာများကို တွေ့မြင်နိုင်ခဲ့သည်။ ပြီးလျှင် ကျွန်မအဖို့ တော်တော်လေး ရှုတ်ထွေးသည့် ပြဿနာများ မရှင်းမလင်း ဖြစ်ကျန်ခဲ့သည့် အချိန်များရှိခဲ့သော်လည်း၊ ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရား၏ စည်းမျဉ်းများကို ရှာဖွေခြင်းအားဖြင့်၊ ထိုပြဿနာများသည် တဖြည်းဖြည်း ကျွန်မအဖို့ သိသာပေါ်လွင်လာခဲ့ပြီး ကျွန်မ၏ တာဝန်ကို ဆောင်ရွက်သည့်အခါ ကျွန်မ ပိုမိုပေါ့ပါးပြီး ပိုမိုလွတ်လပ်သလို ခံစားခဲ့ရသည်။

ကျွန်မအတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် အခြေအနေကို တွေ့ကြုံရခြင်း ကျေးဇူးကြောင့်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်း၊ အားနည်းချက်တို့နှင့်ဆိုင်သော အသိပညာအချို့ကို ကျွန်မ ရရှိခဲ့ပြီး ကျွန်မ၏ အရည်အချင်းနှင့် ပတ်သက်သည့် ပြဿနာများအား မည်သို့ရင်ဆိုင်ရမည်ကို သတိပြုမိလာခဲ့သည်။ ယခင်က ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေခဲ့ချိန်တွင်၊ သမ္မာတရားကို ရှာဖွေခြင်းအပေါ် ကျွန်မ အာရုံမစိုက်ခဲ့သလို၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကိုလည်း ဖြေရှင်းဖို့ မကြိုးစားခဲ့ပါ။ အမှုအရာများကို ကျွန်မ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများမှတဆင့် ကျွန်မ အမြဲ မြင်ခဲ့ပြီး၊ ယင်းက ကျွန်မကို မိမိကိုယ်ကိုယ် မကြာခဏ အသေးစိတ်ချပြဖို့နှင့် ကျွန်မ၏ အရည်အချင်း ညံ့သည်ဟု ဆိုခြင်းအားဖြင့် ကိစ္စများမှ ရုန်းထွက်ဖို့ရန် ကြိုးစားဖို့ဖြစ်စေခဲ့သည်။ ကျွန်မ၏ တာဝန်ကို ကျွန်မ ထမ်းဆောင်ခြင်းက ဝတ်ကျေတမ်းကျေလုပ်ဆောင်မှုများနှင့် ပြည့်နေခဲ့သည်။ အသင်းတော်၏ အလုပ်ကို ကျွန်မ ကြန့်ကြာစေခဲ့ပြီး ကျွန်မ ကိုယ်တိုင်၏ အသက်တာတွင် ဆုံးရှုံးမှု ခံစားခဲ့ရသည်။ ယခုတွင် အယောက်တိုင်း၏ အရည်အချင်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်ကာ ဘုရားသခင်၏ မွန်မြတ်သော ရည်ရွယ်ချက်များ၏ အစိတ်အပိုင်းဖြစ်သည်ကို ကျွန်မ နားလည်ပါသည်။ ကျွန်မ၏ အရည်အချင်း ကောင်းသည်၊ ညံ့သည်အားဖြင့် ကျွန်မ ဘောင်ခတ်မခံသင့်ပါ။ အနာဂတ်တွင်၊ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေဖို့၊ စည်းမျဉ်းဖြင့် ပြုမူဆောင်ရွက်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ရိုးသားသော သူတစ်ဦးဖြစ်ဖို့ရန် ကျွန်မ ကြိုးစားပါမည်။

အရှေ့သို့- ၁၆။ တိတ်ဆိတ်ခြင်း၏နောက်ကွယ်

နောက်တစ်ခုသို့- ၁၈။ ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။