အကျပ်အတည်းကြားက ရွေးချယ်မှု
လွန်ခဲ့တဲ့တစ်ချိန်က အစ်ကိုကျောက်ဆီက စာတစ်စောင် ရခဲ့တယ်။ သူတို့အသင်းတော်ခေါင်းဆောင်နဲ့ ညီအစ်ကိုတစ်ယောက် မောင်နှမတစ်ယောက်က ဧဝံဂေလိ ဖြန့်ဝေနေတုန်း ရဲဖမ်းခံလိုက်ရတာလေ။ စာအုပ်တွေ ဝှက်ထားတဲ့ နေရာက ဘေးမကင်းတော့ဘူး။ ရဲတွေက အချိန်မရွေး ဝင်ရှာပြီး သိမ်းသွားနိုင်တယ်။ ဖမ်းခံထားရသူတွေနဲ့ မကြာခဏ အဆက်အသွယ် လုပ်ဖူးတဲ့ အသင်းထောက်တချို့နဲ့ သူက စောင့်ကြည့်ခံနေရလို့ စာအုပ်တွေကို ကူမရွှေ့ပေးနိုင်ကြဘူး။ ဒီတော့ ဘုရားစာအုပ်တွေကို တခြားနေရာဆီ ကူရွှေ့ပေးနိုင်မလားဆိုပြီး ကျွန်တော့်ကို သူဆက်သွယ်လာတာပဲ။ စာကို ဖတ်ပြီးတဲ့နောက် ကျွန်တော်ဝေခွဲမရဖြစ်ခဲ့တယ်။ ခရစ်ယာန်တွေကို ဖမ်းဖို့ စီစီပီက ရွာတိုင်းမှာ “ငါးအိမ်စု တာဝန်ယူစနစ်” ကို ပြဋ္ဌာန်းခဲ့တာ။ ပြီးတော့ ဘယ်သူ့အိမ်ကို လူစိမ်းတွေ လာလည်လဲ သိရဖို့ စောင့်ကြည့်တယ်။ ဘုရားအပေါ် ယုံကြည်သူတွေကို တွေ့ရင် ချက်ချင်းတိုင်ကြတာ။ အဲဒီအသင်းတော်က ညီအစ်ကိုမောင်နှမတွေ ဖမ်းခံရတာ မကြာသေးဘူး၊ စီစီပီကလည်း နေရာအနှံ့ စောင့်ကြည့်နေတယ်။ အဲဒီလိုအချိန်မှာ ဘုရားစာအုပ်တွေကို နေရာရွှေ့ရတာ သိပ်အန္တရာယ်များတယ်။ ယုတ်မာတဲ့လူရဲ့ အတိုင်ခံရရင်၊ ဒါမှမဟုတ် ရဲတွေသိသွားရင် ရဲတွေက ကားကို သိမ်းပြီး ကားပေါ်က လူတွေကို ဖမ်းမှာ။ ဘုရားစာအုပ်တစ်ပုံကြီးကို သူတို့တွေ့သွားရင် ကျွန်တော့်ကို စစ်မေးရင်း နှိပ်စက်မှာ သေချာတယ်။ မသေရင်တောင် ဒဏ်ရာရမှာ ကျိန်းသေပဲ။ ကျွန်တော်က နှိပ်စက်ဒဏ် မခံနိုင်လို့ ယုဒဖြစ်သွားရင် ကျိန်ခြင်းခံရပြီး အပြစ်ဒဏ်ပေးခံရမှာ၊ ဒါဆို ကျွန်တော်ကိစ္စတုံးပြီ မဟုတ်လား။ ဒါပေမဲ့ စာအုပ်တွေကို အချိန်မီ နေရာမရွှေ့ထားလို့ ရဲတွေက တွေ့ပြီး သိမ်းသွားရင် ညီအစ်ကိုမောင်နှမတွေမှာ ဖတ်စရာ ဘာရှိတော့မှာလဲ။ ဘုရားစာအုပ်တွေကို ရဲတွေသိမ်းသွားမှာ ထိုင်မကြည့်နေနိုင်ခဲ့ဘူး။ ဘာလုပ်ရမလဲ ဝေခွဲမရလို့ ဘုရားဆီ တိုးဝင်ဆုတောင်းခဲ့တယ်။ “ဘုရားသခင် သားစိုးကြောက်မိပါတယ်။ ဖမ်းခံရမှာ စိုးရိမ်လို့ သွားကူညီပေးဖို့ သတ္တိမရှိဘူး။ သားကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးတော်မူပါ” လို့ပေါ့။
ဆုတောင်းပြီးနောက် နှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက အန္တရာယ်များ ပါရှိသည်ကို ရှင်းလင်းစွာ သိပြီး ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် ဘုရားအိမ်တော်ကို ဆုံးရှုံးများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဖို့ လိုလားလျက်ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ သင်တို့က ဤအရာကို အဘယ်သို့ ပြောသနည်း။ လူများက မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို အနည်းငယ်မျှ ဂရုစိုက်၍ပင် မရသလော။ မိမိတို့၏ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို မည်သူက သတိမပြုမိဘဲ နေမည်နည်း။ သို့ရာတွင် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းဖို့အလို့ငှာ စွန့်စားရမည် ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန် ဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဘေးကင်းရေးအတွက် ဦးစားမပေးသင့်ပေ။ ဘုရားအိမ်တော်၏အလုပ်နှင့် သင့်အား ဘုရားသခင် ယုံကြည်စွာပေးအပ်သည့် အရာတို့သည် အရေးအကြီးဆုံးဖြစ်ပြီး၊ ယင်းတို့က အခြားအရာအားလုံးထက် ဦးစားပေးရမည့်အရာများ ဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် အရှက်ရမိသွားတယ်။ ဘုရားကို သစ္စာရှိသူတွေက ဘုရားအိမ်တော်ရဲ့အကျိုး ထိခိုက်တာ မြင်ရင် အန္တရာယ်များမှန်း သိတာတောင် ကြံ့ကြံ့ခံရပ်တည်ပြီး ကိုယ့်တာဝန်ကို ထမ်းကြတယ်။ ကျွန်တော်ကျတော့ အကျပ်အတည်းဆိုက်နေတာ သေချာနားလည်တယ်။ ဘုရားစာအုပ်တွေ မြန်မြန်မရွှေ့ရင် အချိန်မရွေး ရဲတွေတွေ့သွားပြီး အသိမ်းခံရနိုင်တာကိုလည်း သိတယ်။ ဒီလောက် သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ ကိုယ်အဖမ်းခံရမလားပဲ စိတ်ပူနေမိတယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လုံးဝမစိုးရိမ်ပေးခဲ့ဘူး။ ဒါ့အပြင် ကိုယ့်တာဝန်ဝတ္တရားတွေကို အစွမ်းကုန် ဘယ်လိုဖြည့်ဆည်းရမလဲ မတွေးခဲ့ဘူး။ ဒါက သစ္စာရှိတာ ဘယ်ဟုတ်မလဲ။ လုံးဝတစ်ကိုယ်ကောင်းဆန်တာပဲ။ ဒါကို သိသွားတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုခဲ့တယ်။ အဆင်းနီ နဂါးကြီးက ဘယ်လိုသောင်းကျန်းလာပါစေ၊ ဒါလည်း ဘုရားလက်တော်ထဲမှာပဲ မဟုတ်လားလို့ တွေးမိတယ်။ ဘုရားအမှုကို သူတားဆီးနှောင့်ယှက်နေတာ နှစ်ချီကြာပြီ။ ဒါတောင်မှ ဘုရားအမှုက ပြည်ပနိုင်ငံအများကြီးဆီ တိုးချဲ့နိုင်ခဲ့တယ် မဟုတ်လား။ ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို မသိခဲ့လို့ စိုးကြောက်ခဲ့တယ်။ ယုံကြည်ခြင်းအားနည်းခဲ့တယ်။ သင်ခန်းစာနဲ့ သမ္မာတရားရပြီး သူ့အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကို ကျွန်တော်သိစေဖို့ ဘုရားက ဒီပတ်ဝန်းကျင်ကို သုံးခဲ့တာ။ ဘုရားကို အားကိုးရင်း ရင်ဆိုင်ခဲ့ရတယ်။ ဒါကို သိသွားတော့ ကျွန်တော်သိပ်မကြောက်တော့ဘူး။ ဘုရားစာအုပ်တွေကို အမြန်ဆုံးရွှေ့ပေးဖို့ အသင့်ဖြစ်သွားတယ်လေ။
နောက်မနက် ဝေလီဝေလင်းမှာ အစ်ကိုဝဏ္ဏတို့အသင်းတော်ဆီ မောင်းထွက်သွားလိုက်တယ်။ ရောက်တာနဲ့ အစ်မတစ်ယောက်ကို လိုက်ရှာပြီး စာအုပ်တွေ သိမ်းထားတဲ့အိမ်ဆီ လိုက်ပို့ပေးဖို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူက တံခါးဝမှာ တိတိတ်လေး လာပြောတယ်လေ။ သူအဖမ်းခံရမှာစိုးလို့ သူ့ယောက်ျားက သူ့ကို အပြင်မထွက်ခိုင်းဘဲ အိမ်မှာပဲ နေခိုင်းထားတယ်တဲ့။ အဲဒါကို ကြားလိုက်ရတော့ ကျွန်တော်တကယ်စိတ်ပူသွားတယ်။ ကျွန်တော့်ကို သူလိုက်မပို့ပေးနိုင်ဘူး၊ သူ့အပြင် တခြားလူတွေကိုလည်း ကျွန်တော်မသိဘူး။ အခြေအနေက သေရေးရှင်ရေးဖြစ်နေတာ။ စာအုပ်တွေကို ရဲတွေသိမ်းသွားရင် ဘယ်လိုလုပ်မတုံး။ တခြားနည်းလမ်းကိုလည်း မတွေးတတ်တော့ အိမ်ပြန်ဖို့ပဲ ရှိတော့တယ်လေ။ အပြန်လမ်းမှာ မပြတ်တွေးနေခဲ့မိတယ်။ ဘယ်သူ့ကို လိုက်ပို့ခိုင်းရမလဲပေါ့။ လူရှာလို့တွေ့ရင်တောင် အဲဒီရွာကို ကျွန်တော်ပြန်သွားရင် အများအာရုံစိုက်တာ ခံရမှာပဲ။ ဒါဆို ကျွန်တော်အတိုင်ခံရမလားပေါ့။ ပိုတွေးလေ၊ ပိုကြောက်လေနဲ့ အန္တရာယ်က ပတ်လည်ဝိုင်းနေသလိုပဲ။ အိမ်ပြန်ရောက်တော့ အဖြေရှာဖို့ ဘုရားထံ ဆုတောင်းခဲ့တော့ ဒီကျမ်းပိုဒ်ကို တွေ့ခဲ့တာပဲ။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...အားလုံးကို သင် ခံရပ်ရမည်။ ငါ့အတွက် သင်သည် သင်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို စွန့်လွှတ်ဖို့နှင့် ငါ့နောက်လိုက်ရန် သင်လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိရမည် ဖြစ်ကာ၊ သင်၏ အရာအားလုံးကို အသုံးပြုဖို့ အဆင်သင့် ရှိရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) “ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်ထပ်တူ ခြေလှမ်းလှမ်းရာ၌ အချိန်ကုန်လွန်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်လျှောက်လုံး၌ ‘ကြီးစွာဝမ်းမြောက်ခြင်း’ ရှိကာ၊ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့်၊ အဆင်းနီသောနဂါးကြီး ကိုယ်တိုင်သည် ငါ့အားဖြင့် သွေးရူးသွေးတန်း ဖြစ်ကာ စိတ်မွှန်ထူသွား၍၊ ၎င်းသည် ငါ၏အမှုကို အစေခံကာ၊ ဆန္ဒမရှိလင့်ကစား၊ ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ၊ ငါ၏ထိန်းချုပ်မှုကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ ဘာမျှမရှိတော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်း ဖြစ်၏။ သို့ဖြစ်၍ ငါသည် ၎င်းအပေါ် ငါ၏ ‘သတ်မှတ်ချက်များ’ ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏ လူ့ဇာတိခံယူခြင်းအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့် အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် ကောင်းမွန်စွာ အစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်ကာ၊ ဤသို့အားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)) နှုတ်ကပတ်တော်ကနေ ယုံကြည်ခြင်းရခဲ့တယ်။ ဘုရားက အရာရာစွမ်းတယ် အရာရာကို ထိန်းချုပ်ပြီး လုပ်ရပ်တိုင်းကို အသက်သွင်းတယ်။ နောက်ဆုံးကာလမှာ ဘုရားအမှုက အဆင်းနီ နဂါးကြီးရဲ့ နိုင်ငံမှာ ဖြစ်ပွားတာ ဘုရားရဲ့ ရွေးချယ်ခံလူတွေကို စုံလင်စေဖို့ အဆင်းနီ နဂါးကြီးရဲ့ နှိပ်စက်မှုကို သုံးလို့ရအောင်ပေါ့။ အဆင်းနီ နဂါးကြီးက ဘယ်လိုယုတ်မာ၊ သောင်းကျန်းပါစေ ဘုရားရဲ့ အာဏာကုန် ညွှန်ကြားမှုကို ခံနေရတုန်းပဲ။ ဘုရားခွင့်ပြုချက်မရှိဘဲ ကျွန်တော်တို့ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် သူမထိနိုင်ဘူး။ ဒါကို တွေးမိတယ်၊ စီစီပီဟာ အာဏာရလာပြီးကတည်းက ခရစ်ယာန်တွေကို ရက်ရက်စက်စက် ဖိစီးနှိပ်ကွပ်နေတဲ့အပြင် ဘုရားအသင်းတော်ကို ပိတ်ပင်ဖို့ ယုတ်မာအောက်ကျတဲ့ နည်းပေါင်းစုံကို သုံးနေခဲ့တယ်။ ဒါပေမဲ့ သူ့အကြံအစည်တွေက ဘယ်တော့မှ မအောင်မြင်ခဲ့ဘူးလေ။ အဲဒီအစား သူ့လုပ်ဆောင်ပုံတွေက ဘုရားအတွက် အစေခံရာကျနေခဲ့တာ။ ဒါတွေကြောင့် ဘုရားရွေးချယ်ခံလူတွေက သမ္မာတရားမုန်းပြီး ဘုရားကို ခုခံတဲ့ ယုတ်မာတဲ့ သူ့အဖြစ်အနေကို ထိုးထွင်းမြင်လို့ ဘုရားရဲ့ အာဏာကို သိခဲ့ရတယ်လေ။ တစ်ချိန်တည်းမှာပဲ လူတွေကို မျိုးတူရာစုဖို့ ဘုရားက အဆင်းနီ နဂါးကြီးကို အသုံးချတယ်။ နှုတ်ကပတ်တော်ကို ပုံမှန်စားသောက်နိုင်ပြီး နှိပ်ကွပ်မှုနဲ့ ဘေးဒုက္ခအလယ်မှာ သစ္စာရှိရှိ တာဝန်ထမ်းနိုင်သူတွေနဲ့ ဖမ်းဆီးနှိပ်စက်ခံရပြီးတာတောင် စာတန်ကို အရှုံးမပေးတဲ့ လူတွေမှာ အောင်မြင်သူတွေရဲ့ သက်သေခံချက်ရှိတယ်။ ဒါပေမဲ့ သိပ်စိုးကြောက်လွန်းလို့ ကိုယ့်တာဝန်ကို မဖြည့်ဆည်းရဲသူတွေဟာ ဘုရားအမှုက ဖော်ပြထားတဲ့ ဖွဲဆန်ကွဲတွေ၊ တောပင်တွေနဲ့ မယုံကြည်သူတွေ အတိအကျပဲ။ နောက်ဆုံးမှာ အားလုံးဖယ်ရှား ခံရမှာ။ အဲဒီအချိန်မှာ နားလည်သွားတယ်။ ဘုရားက ကျွန်တော့်ကို စမ်းသပ်ဖို့ ဒီပတ်ဝန်းကျင်ကို သုံးနေတာလေ။ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ စိုးကြောက်လွန်းနေရင် ဘုရားရဲ့ထုတ်ဖော်တာကို ခံရမယ်မဟုတ်လား။ ဒါကို သိတော့ ခေါင်းရှောင်နေလို့ မရတော့တာ သဘောပေါက်သွားတယ်။ ဘုရားစာအုပ်တွေကို အမြန်ဆုံး နေရာရွှေ့မှ ဖြစ်မယ်လေ။
ဒီတော့ စာအုပ်တွေကို ဘယ်လိုရွှေ့ရမလဲ ညီအစ်ကိုမောင်နှမတွေနဲ့ အမြန်တိုင်ပင်ကြည့်တယ်။ ဒီလိုနဲ့ စာအုပ်တွေ သိမ်းထားတဲ့အိမ်ကို သိတဲ့ တခြားအစ်မနှစ်ယောက်ရှိနေတာ သိလိုက်ရတယ်။ ဒီတော့ သူတို့ကို ကားနဲ့ အမြန်သွားခေါ်ပြီး စာအုပ်တွေရှိတဲ့အိမ်ဆီ မောင်းသွားလိုက်တယ်။ လမ်းမှာ ရင်တုန်ပန်းတုန်ဖြစ်လွန်းတော့ ဘုရားကို မပြတ်ဆုတောင်းခဲ့တယ်။ ရွာဝင်ပေါက်ကို ရောက်တော့ ပန္နက်ချပွဲလုပ်နေကြတာ တွေ့လိုက်ရတယ်။ ပွဲခံဖို့ လူအများကြီးက စုရုံးနေကြတာ။ ဒါဟာ ဘုရားက လမ်းဖွင့်ပေးနေတာပဲလို့ သိလိုက်တယ်။ ဘုရားကို ကျိတ်ကျေးဇူးတင်ပြီး ရွာသားတွေ အာရုံများနေတုန်း လမ်းသွယ်ကနေ ရွာထဲကို တိတ်တဆိတ် ဝင်သွားလိုက်တယ်။ ဘုရားစာအုပ်တွေကိုလည်း အောင်အောင်မြင်မြင် သယ်ထုတ်နိုင်ခဲ့တယ်လေ။ စာအုပ်တွေ သိမ်းပြီးတဲ့နောက်မှာပဲ ကျွန်တော်တို့ ထွက်သွားပြီးနောက် အတိုင်ခံရတယ်ဆိုတဲ့ မက်ဆေ့ဝင်လာတယ်။ ရဲတွေက ချက်ချင်းလိုက်ဖမ်းပေမဲ့ ကျွန်တော်တို့ကို မမီတော့ဘူးလေ။ မိနစ်တိုင်း၊ စက္ကန့်တိုင်းအထိ အရာရာက ဘုရားလက်တော်ထဲမှာ ရှိတာ မြင်ရလို့ ဘုရားကို ကျေးဇူးတင်ခဲ့ရတယ်။ ဘုရားက လမ်းဖွင့်ပေးဖို့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို ဆော်သြပေးခဲ့တာ။ မဟုတ်ရင် စာအုပ်တွေကို ရွှေ့နိုင်ခဲ့မှာ မဟုတ်ဘူးလေ။
အဲဒါပြီးတော့ သိပ်မကြာခင်ပဲ အသင်းတော်တစ်ပါးက ညီအစ်ကိုမောင်နှမငါးယောက်က စုဝေးနေကြတုန်း အဖမ်းခံလိုက်ရတယ်။ ဗြုန်းစားကြီး ဖမ်းခံရတော့ အဲဒီနယ်ထဲက ညီအစ်ကိုမောင်နှမ ဘယ်နှစ်ယောက်က စောင့်ကြည့်ခံနေရလဲ မသိဘူး။ ဖမ်းခံရသူတွေနဲ့ ဆက်သွယ်နေခဲ့တဲ့ လူတွေကို ပုန်းလို့ရအောင် ချက်ချင်းအသိပေးခဲ့ရတယ်။ ဘုရားစာအုပ်တွေကိုလည်း အမြန်ဆုံး နေရာရွှေ့ပေးဖို့ လိုလာတယ်လေ။ အဲဒီနယ်က အသင်းတော်နဲ့ ကျွန်တော်က ရင်းနှီးနေတော့ ကိစ္စတွေဖြေရှင်းတဲ့နေရာမှာ အသင်းတော်ခေါင်းဆောင်တွေကို ကူညီပေးဖို့ ကျွန်တော်က အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ ကြောက်လည်း ကြောက်နေခဲ့တယ်၊ ဖမ်းဆီးနှိပ်စက်ခံရမှာစိုးလို့လေ။ ဒီတော့ ဇနီးသည်ကို ကျွန်တော့်သောကတွေ ပြောပြလိုက်တယ်။ ဒီတော့ ကျမ်းပိုဒ်တစ်ခုကို သူဖတ်ပြတယ်လေ။ ဘုရားသခင်က ပြောသည်- “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။ ယင်းသည် ကမ္ဘာမြေပေါ် ငါ ပြုသောပဋိညာဉ် ဖြစ်နိုင်မည်လော။ မည်သည့်အရာမျှ ငါ၏ အစီအစဉ်ကို ရှေ့ဆက်သွားရာမှ မတားဆီးနိုင်ပေ။ ငါသည် ငါ၏အမှုအပြင် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် အစဉ် ပါရှိ၏။ လူသားများထဲမှ မည်သူသည် ဝင်စွက်ဖက်နိုင်သနည်း။ ဤအစီအစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သူမှာ ငါ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) နှုတ်ကပတ်တော်ဖတ်လိုက်တော့ ယုံကြည်ခြင်းရသွားတယ်။ အမှုအရာခပ်သိမ်းက ဘုရားလက်ထဲမှာပဲရှိတာ မြင်သွားတယ်။ ဖမ်းခံရမှာ ဟုတ်၊ မဟုတ်အပြင် နေ့တိုင်း ကျွန်တော်ကြုံရတဲ့ အရာခပ်သိမ်းကလည်း ဘုရားလက်တော်ထဲမှာ ရှိတာ။ ဘုရားခွင့်ပြုချက်မရှိရင် အဆင်းနီ နဂါးကြီးရဲ့ နှိပ်ကွပ်မှုက ဘယ်လိုရမ်းကားလာပါစေ၊ ကျွန်တော်အဖမ်းခံရမှာ မဟုတ်ဘူး။ အဖမ်းခံရရင်တောင် ဘုရားအတွက် သက်သေခံချိန် ရောက်လာလို့ပဲနေမှာ။ ဒါကို သိသွားတော့ ဘုရားကို ဆုတောင်းပြီး သူ့အပေါ် အမှီပြုလို့ ကူညီချင်သွားတယ်။
နောက်နေ့မှာ ဆန်ကုန်သည်အနေနဲ့ ရုပ်ဖျက်ပြီး အခြေအနေကို စနည်းနာဖို့ ရွာထဲ ထွက်သွားလိုက်တယ်။ ရွာကို ရောက်တော့ ကင်မရာတွေနဲ့ လူစည်ကားတဲ့ နေရာတွေကို ရှောင်ဖို့လိုတာနဲ့ အဝေးကြီး ပတ်သွားခဲ့ရတယ်။ ခက်ခက်ခဲခဲနဲ့ အသင်းတော်ခေါင်းဆောင်အိမ်ကို ရောက်သွားပေမဲ့ သူရှိမနေဘူးလေ။ စိတ်ပူပြီး မချင့်မရဲဖြစ်ရင်း နေဝင်တဲ့ထိ စောင့်နေခဲ့ပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ဘူး။ ဒီတော့ အနီးအနားက ယုံကြည်သူဆွေမျိုးအိမ်မှာ မတတ်သာဘဲ ညအိပ်လိုက်ရတယ်။ ညရောက်တော့ တွေးမိတယ်၊ တစ်နေကုန် အရဲစွန့်ပြီး ခရီးဝေးနှင်လာခဲ့ပေမဲ့ ဘာမှအရာမထင်ခဲ့ဘူးပေါ့။ စိတ်လည်း ဆင်းရဲသွားတယ်။ နောက်နေ့မှာ ပြန်သွားရဦးမယ်လေ။ ကျွန်တော်အတိုင်ခံရပြီး အဖမ်းခံရရင် ဘယ်လိုလုပ်မတုံး။ အရင်ကလို ခေါင်းရှောင်လို့ မရတာတော့ ကျွန်တော်သိတယ်။ စာအုပ်တွေကို သယ်ထုတ်မဲ့နည်းလမ်းကို တွေးမှရတော့မယ်။ ဒါပေမဲ့ စိုးလည်း စိုးကြောက်မိပြီး ဒီတာဝန်က ဘေးများလွန်းတယ်လို့ ခံစားရတယ်။ ဒါနဲ့ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သားစိုးကြောက်ပါတယ် ယုံကြည်ခြင်းပေးတော်မူပါ။ ဘယ်လောက်အန္တရာယ်များပါစေ ဘုရားအိမ်တော်ရဲ့အကျိုး မထိခိုက်အောင်လို့ ကိုယ်တော့်ကို အမှီပြုပြီး ဒီအခြေအနေကို အမြန်ဆုံး ဖြေရှင်းချင်ပါတယ်” ပေါ့။ ဆုတောင်းပြီးနောက် ကျမ်းပိုဒ်တစ်ပိုဒ်ကို အမှတ်ရသွားတယ်။ “အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဒီကျမ်းပိုဒ်ရဲ့ အဓိပ္ပာယ်ကို အရင်က ကျွန်တော်နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဒီအခြေအနေမှာ သုံးကြည့်တော့ နှုတ်ကပတ်တော်က ဘယ်လောက်လက်တွေ့ကျမှန်း မြင်သွားတယ်။ အဆင်းနီ နဂါးကြီးက သမ္မာတရားမုန်းပြီး ဘုရားကို အဆုံးစွန်ခုခံတာ။ အဆင်းနီ နဂါးကြီးရဲ့နိုင်ငံမှာ ဘုရားကို ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့က ဖမ်းဆီးနှိပ်ကွပ်ခံရမှာ သေချာတယ်။ ဒါပေမဲ့ ဘုရားက အောင်မြင်သူလူစုကို စုံလင်စေဖို့ အဆင်းနီ နဂါးကြီးရဲ့ နှိပ်ကွပ်မှုကို သုံးတာ။ ဒါက ဘုရားအမှုရဲ့ ဉာဏ်ပညာရှိမှုပဲ။ အရင်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားအပေါ် ယုံကြည်ခြင်းရှိတယ် ထင်ခဲ့တာ။ ဒါပေမဲ့ ဖမ်းခံရနိုင်ပြီး ဘေးများတဲ့ အခြေအနေကို ကြုံရတော့ ကိုယ့်ရဲ့ကြောက်ရွံ့မှု၊ ယုံကြည်ခြင်းမဲ့မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုက ပေါ်လာတာပဲ၊ ဖမ်းခံရရင် နှိပ်စက်မှုဒဏ်ကို မခံနိုင်မှာ၊ ယုဒဖြစ်သွားပြီး နိဂုံးမလှမှာကို ကြောက်ခဲ့တာ။ ကိုယ့်အပြုအမူအားလုံးကို ဆင်ခြင်မိတယ်။ ကိုယ့်အကျိုးနဲ့ ကိုယ်ဘေးကင်းဖို့ကို တွေးပေမဲ့ အသင်းတော်အလုပ်အကြောင်း လုံးဝမတွေးခဲ့တာတွေပေါ့။ ဘုရားအပေါ် သစ္စာရှိတာတို့၊ သက်သေခံချက်တို့ မရှိနေခဲ့ဘူး။ ဘုရားခွင့်ပြုလို့သာ ဒီအခြေအနေကို ကျွန်တော်ကြုံနေခဲ့ရတာ။ ယုံကြည်ခြင်း စုံလင်စေဖို့နဲ့ သတ္တိနဲ့ ဉာဏ်ပညာပေးဖို့ ဘုရားက အဲဒါကို သုံးနေတာ။ ဒါမှ ဘုရားအမှုကို လက်တွေ့ကျကျ တွေ့ကြုံပြီး သူ့လုပ်ရပ်တွေ မြင်နိုင်မှာလေ။ တရုတ်နိုင်ငံမှာ ကျွန်တော်မွေးလာပြီး နောက်ဆုံးကာလက ဘုရားအမှုကို တွေ့ကြုံခွင့်ရတာကိုက ဘုရားရဲ့ ချီးမြှောက်မှုနဲ့ မေတ္တာကို ခံရတာပဲ။ သမ္မာတရားရဖို့ ဒုက္ခမခံဘဲ အဖိုးအခမပေးရင်၊ ဒီတာဝန်ကို ဖြည့်ဆည်းဖို့ ပျက်ကွက်ရင် ဘဝက ဘာအဓိပ္ပာယ်၊ ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူး၊ ဒါကိုသိသွားတော့ အလေးအနက် ဆင်ခြင်မိတယ်။ အန္တရာယ်များတဲ့ အခြေအနေတွေမှာ ကိုယ့်အကျိုးကို ဘာလို့အမြဲအရင်တွေးနေမိလဲပေါ့။ အကြောင်းရင်းက ဘာများလဲပေါ့။
နောက်တော့ နှုတ်ကပတ်တော်ထဲမှာ ဒါကိုဖတ်မိတယ်။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။ စိတ်သဘောထားများ ပြောင်းလဲပြီးသည့် လူများသည် ကွဲပြားကြသည်၊ ၎င်းတို့က သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်းမှ အဓိပ္ပာယ်ရှိလာကြောင်း၊ ဘုရားဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်သည့် လူများသာလျှင် လူသားဟု အခေါ်ခံထိုက်ကြောင်း၊ လူသားဖြစ်ခြင်း၏ အခြေခံမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် ကောင်းကင်ဘုံနှင့် မြေကြီးမှ ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း— ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့၊ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ခြင်း မရှိလျှင်၊ ၎င်းတို့သည် လူသားဟု အခေါ်မခံထိုက်ကြောင်း ခံစားကြရသည်။ ၎င်းတို့အတွက်မူ မိမိအတွက် အသက်ရှင်သန်ခြင်းသည် အနှစ်သာရမဲ့ပြီး အဓိပ္ပာယ်မရှိပေ။ လူတို့သည် ၎င်းတို့သေဆုံးရမည့်အချိန်တွင်ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ ၎င်းတို့သည် အချည်းနှီးအသက်ရှင်ခဲ့ခြင်း မဟုတ်ဟု ခံစားရစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာများကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် နားလည်သွားတယ်။ အရာရာမှာ ကိုယ့်အကျိုးကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာနဲ့ ဘေးများတဲ့ အခြေအနေတွေမှာ တာဝန်တွေကနေ ခေါင်းရှောင်ချင်တာဟာ “ဘယ်သူသေသေ ငတေမာပြီးရော” နဲ့ “ကိုယ့်ကိုမထိခိုက်ရင် ဂရုမစိုက်နဲ့” ဆိုတာတွေလို စာတန်ဆန်တဲ့ အတွေးအမြင်တွေနဲ့ အသက်ရှင်နေလို့ပဲဆိုတာကိုပေါ့။ ဒီအတွေးအမြင်တွေက ကျွန်တော့်သဘာဝဖြစ်လာပြီး အတွေးနဲ့ အပြုအမူတွေကို ထိန်းချုပ်လာတာ။ လူက လုံးဝတစ်ကိုယ်ကောင်းဆန် ယုတ်ညံ့လာတာပဲ ဘုရားအိမ်တော်ရဲ့ အလုပ်ကို လုံးဝထည့်မတွေးတော့တာ။ ဘုရားစာအုပ်တွေက အရေးကြီးလို့ အကုန်ရင်းပြီး ကာကွယ်သင့်တာ သေချာသိတယ်။ ဒါပေမဲ့ ကိုယ့်အကျိုးတွေကို ထည့်တွက်နေတုန်းလေ။ ဒီလောက်အရေးပါတဲ့အချိန်မှာ သစ္စာရှိရှိ တာဝန်မထမ်းနိုင်ခဲ့ဘူး။ နက်နက်နဲနဲ အကျင့်ဖျက်ခံထားရတဲ့ လူသားတွေကို ကယ်တင်ဖို့ ဘုရားကတော့ လုံးဝအရဲစွန့်ပြီး တရုတ်နိုင်ငံကို အမှုပြုဖို့ ကြွလာခဲ့တာ တွေးမိတယ်။ အဲဒီမှာ စီစီပီရဲ့ လိုက်ဖမ်းတာနဲ့ ဘာသာရေးလောကရဲ့ ရှုတ်ချငြင်းပယ်တာကို သူခံခဲ့ရတာ။ ဘုရားက သူ့ဘေးကင်းရေးကို တစ်ခါမှ ထည့်မတွက်ခဲ့ဘဲ ကျွန်တော်တို့ကို ထောက်ပံ့ပေးဖို့ သမ္မာတရားကို မပြတ်ဖော်ပြခဲ့တယ်။ ကျွန်တော်တို့က ပုန်ကန်၊ အကျင့်ပျက်ပေမဲ့ ဘုရားက လုံးဝမစွန့်ပစ်ဘူး၊ နှုတ်ကပတ်တော်သုံးပြီး ဉာဏ်ဖွင့် လမ်းပြခဲ့တာ။ ဒါကိုသိသွားတော့ ဘုရားအပေါ် သိပ်အကြွေးတင်နေတာ သဘောပေါက်သွားတယ်။ သိပ်အတ္တကြီး၊ ယုတ်ညံ့လာတာကို မုန်းသွားတယ်။ ဘုရားရဲ့ကျေးဇူးတော်နဲ့ နှုတ်ကပတ်တော်အထောက်အပံ့ အများကြီးကို ခံစားခဲ့ရပေမဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ပြီး ဘုရားအိမ်တော့်အကျိုးကို ဘယ်လိုကာကွယ်ရမလဲ တစ်ခါမှ မတွေးခဲ့ဘူး။ ကျွန်တော့်မှာ လူ့သဘာဝကို မရှိခဲ့တာ။ ဘုရားရှေ့မှာ အသက်ရှင်ဖို့ တကယ်မထိုက်တန်ခဲ့ဘူး။ ဒီတော့ ဘုရားကို ဒူးထောက်ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ စာတန်က သားကို နက်နက်နဲနဲ အကျင့်ဖျက်ထားပါတယ်။ သားက သိပ်အတ္တကြီးပြီး ယုတ်ညံ့တဲ့အပြင် လူ့သဘာဝလုံးဝမရှိပါဘူး။ ဒီလိုမျိုး သားမနေချင်တော့ဘူး။ ဇာတိပကတိကို စွန့်ပြီး ကိုယ့်တာဝန်တွေကို အစွမ်းကုန် ဖြည့်ဆည်းလို့ ဘုရားအိမ်တော်အလုပ်ကို ထိန်းသိမ်းချင်ပါတယ်” ပေါ့။
နောက်တော့ နှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်မိတယ်။ “‘အခန်း ၁၁’ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” မှ ကောက်နုတ်ချက် “လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) နှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ နားလည်သွားတယ်။ လူတွေရဲ့ သေခြင်း၊ ရှင်ခြင်းက ဘုရားလက်တော်ထဲမှာဆိုတာကိုပေါ့။ စာတန်ရဲ့ ရက်စက်မှုကို ယောဘခံရတုန်းကလိုပဲ။ ဘုရားခွင့်ပြုချက်မရှိလို့ ယောဘအသက်ကို စာတန်မထိရဲခဲ့ဘူးလေ။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန်တော်အဖမ်းခံရမလားဆိုတာက ဘုရားအပေါ်ပဲ မူတည်တယ်။ ဘုရားက ရဲတွေကို ကျွန်တော့်ကိုဖမ်းခွင့် ပေးလိုက်ရင် နှိပ်စက်မှုဒဏ်ကို ဘယ်လောက်ခံရပါစေ၊ အသေရိုက်သတ်ခံရရင်တောင် အခိုင်အမာရပ်တည်ပြီး ဘုရားကို သက်သေခံရမှာ။ ဘုရားအတွက် အသက်ပေးရတာက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိမှာပဲ။ သခင်ယေရှုမိန့်ခဲ့သလိုပေါ့။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၉:၂၄) အတိတ်က သန့်ရှင်းသူတွေအကြောင်းလည်း တွေးမိတယ်။ သူတို့က ကိုယ့်အသက် ခြိမ်းခြောက်ခံရတဲ့အခါ ကိုယ့်အကျိုးကို ထည့်မတွက်ဘူး။ ကိုယ့်အသက်အတွက် မပြင်ဆင်ဘူး။ အဲဒီအစား ဘုရားကို ထူးထူးကဲကဲ သက်သေခံခဲ့ကြတယ်။ ခြင်္သေ့တွင်းထဲ ပစ်ချခံရတဲ့ ဒံယေလတို့၊ ခေါင်းဖြတ်ခံရတဲ့ ယာကုပ်တို့၊ ဇောက်ထိုးကားစင်တင်ခံရတဲ့ ပေတရုတို့လိုပေါ့။ ဘုရားအပေါ် သူတို့ရဲ့ ယုံကြည်မှု၊ သစ္စာရှိမှုနဲ့ နာခံမှုကို ကျွန်တော်အတုယူရမှာ။ စာတန်ရဲ့ မှောင်မိုက်ဩဇာကို မကြောက်နေနိုင်တော့ဘူး။ အတ္တကြီး၊ ယုတ်ညံ့ပြီး သိက္ခာမဲ့တဲ့ဘဝကို မနေနိုင်တော့ဘူး။ တာဝန်ထမ်းဆောင်ဖို့ အကုန်လုံးကို ရင်းမှဖြစ်တော့မယ်လေ။
နောက်နေ့မနက်ရောက်တော့ အဲဒီနားမှာနေတဲ့ အစ်မနုလည်း စာအုပ်တွေသိမ်းထားတဲ့အိမ်ကို သိနိုင်တယ်လို့ ရုတ်တရက် တွေးမိသွားတယ်။ ဒီတော့ သူ့အိမ်ကို ထွက်သွားလိုက်တယ်။ သူက အံ့အားတကြီး ပြောတယ်လေ။ “မနေ့ည စခန်းက ရဲတွေနဲ့ ရွာကေဒါတွေက ဘုရားကို ယုံကြည်သူတွေကို လာစစ်ဆေးသွားကြတယ်။ နင်သာ မနေ့ညက အသင်းတောင်ခေါင်းဆောင်နဲ့ တွေ့ပြီး စာအုပ်တွေရွှေ့ရင် တန်းအဖမ်းခံရမှာပဲ” တဲ့။ အစ်မနုစကားကို ကြားလိုက်ရတော့ ဘုရားကို ကျိတ်ကျေးဇူးမတင်ဘဲ မနေနိုင်ခဲ့ဘူး။ နယ်မြေအခြေအနေ သိသွားတော့ ဘေးကင်းတဲ့နေရာဆီ စာအုပ်တွေကို သယ်ထုတ်သွားလိုက်တယ်။ ရင်ထဲက အပူလုံးကြီးလည်း ကျသွားတာပဲ။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ ကျွန်တော်က သောကသိပ်များနေလို့ နည်းနည်းစိတ်ဆင်းရဲခဲ့ရပေမဲ့ ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အရာခပ်သိမ်းအပေါ် အစိုးရမှုရဲ့ လက်တွေ့ရလဒ်တွေ မြင်ခဲ့ရတယ်။ အဆင်းနီ နဂါးကြီးက ဘယ်လိုသောင်းကျန်းလာပါစေ၊ ဘုရားလက်တော်ထဲမှာ ဘုရားကို အစေခံနေရတာပဲ။ ဘုရားရဲ့ ရွေးချယ်ခံလူတွေ စုံလင်ဖို့နဲ့ အသက်တာမှာ ကြီးထွားဖို့ အသုံးချခံရတဲ့ တန်ဆာပလာပဲ။ ဘုရားခွင့်မပြုရင် ကျွန်တော်တို့ကို သူဘာမှလုပ်လို့မရဘူး။
ဒီအတွေ့အကြုံပြီးတော့ ကျွန်တော့်ယုံကြည်ခြင်းက တိုးပွားလာတယ်။ ကိုယ့်အကျင့်ပျက်မှုကိုလည်း နည်းနည်းနားလည်လာတယ်။ စာတန်ရဲ့ မှောင်မိုက်ဩဇာနဲ့ ရင်ဆိုင်ရတဲ့အခါ ရှောင်ထွက်မနေတော့ဘူး။ ကိုယ့်တာဝန်ကို ဖြည့်ဆည်းနိုင်ပြီး ဘုရားအိမ်တော်အကျိုးကို ကာကွယ်နိုင်တယ်လေ။ ကျွန်တော် ဒီလိုကြီးထွားပြီး အကျိုးပြုခံရတာ ဘုရားရဲ့လမ်းပြမှုကြောင့်ပဲ။ အဆင်ပြေတဲ့ ပတ်ဝန်းကျင်မှာဆို ဒါတွေ လုံးဝမရနိုင်ဘူး။ ဘုရားကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။