အသင်းတော်ခေါင်းဆောင်သည် အရာရှိမဟုတ်ပါ

23.01.2022

မက်ချူး ပြင်သစ်နိုင်ငံ

ကျွန်တော့်နာမည်က မက်သယူးပါ။ လွန်ခဲ့တဲ့ သုံးနှစ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ ၂၀၂၀၊ အောက်တိုဘာမှာ ကျွန်တော် အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့တာဝန်ဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပြီး နည်းနည်း စိတ်ဖိစီးခဲ့တယ်။ ဒါပေမဲ့ တော်တော်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်က သူများတွေထက် အစွမ်းအစပိုကောင်းလို့ ဒီတာဝန်အတွက် ရွေးမြှောက်ခံရတာလို့ ခံစားမိတယ်။ သူများတွေကို သူတို့တာဝန်တွေမှာရှိတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကူညီပေးဖို့အတွက် သူတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ အကောင်းဆုံးကြိုးစားရင်းနဲ့ ကျွန်တော့်တာဝန်ကို တကယ် အလေးအနက်ထားခဲ့တယ်။ အချိန်ကြာလာတော့ ပြဿနာတွေအများကြီးကို ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ကျွန်တော် စခံစားလာရတယ်။ မိတ်သဟာယအတွက် ဘယ်နေရာမှာပဲ ကျွန်တော့်ကို လိုအပ်ပါစေ နည်းနည်းလေးမှ တွန့်ဆုတ်မနေဘဲ အမြန်သွားလိုက်တယ်။ ကျွန်တော်က သိပ်တော်တဲ့ခေါင်းဆောင်ဖြစ်ပြီး ပြဿနာဖြေရှင်းတာ တော်တဲ့သူဖြစ်တယ်ဆိုတာကို လူတိုင်းကို သက်သေပြချင်ခဲ့တယ်။

နောက်တော့ တချို့ အန္တိခရစ်တွေက အသင်းတော်မှာ ကောလာဟလတွေ စဖြန့်လာကြတယ်။ သူတို့တွေက စုဝေးတဲ့ အဖွဲ့တွေမှာ ဘုရားကို စော်ကားတဲ့ ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေကို ဖြန့်တယ်။ အမှန်တရားတွေကို ပုံပြောင်းပြီး ကိစ္စတွေကို ပြောင်းပြန်လှန်တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဝေဖန်အပြစ်တင်တယ်။ သူတို့ဟာ လူတွေကို ဘုရားသခင်နဲ့ ဝေးရာကို ခေါ်ဆောင်ပြီး လမ်းလွဲစေချင်တယ်။ ကျွန်တော်က တတ်နိုင်သလောက် စုဝေးပွဲတွေနဲ့ မိတ်သဟာယတွေလုပ်တယ်။ ကျွန်တော်က ရန်သူအုပ်စုတွေကို ဆန့်ကျင်ပြီး တပ်တွေကို ဦးဆောင်နေတဲ့ စစ်တပ်မှူးတစ်ယောက်လို ခံစားရတယ်။ ကျွန်တော်က လေးလံတဲ့ ဝန်ကို ထမ်းနိုင်တယ်၊ တာဝန်ယူတတ်တယ်ဆိုတာကို လူတိုင်းက မြင်ဖို့အတွက် ကျွန်တော်က လူတိုင်းကို ကာကွယ်နိုင်တယ်ဆိုတာ သက်သေပြချင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်တော် တော်တော်အားနည်းတယ်။ ကျွန်တော် ကိုယ်တိုင် အန္တိခရစ်တွေရဲ့ အတွေးမှားတချို့ကို ဘယ်လိုချေပရမယ်ဆိုတာ မသိခဲ့ဘူး။ အဲဒါတွေက ကျွန်တော့်ကိုလည်း ထိခိုက်နေတယ်။ ဒါပေမဲ့ ကျွန်တော့်အားနည်းချက်ကို သူများတွေကို ဖွင်မပြချင်ခဲ့ဘူး။ ကျွန်တော်က ကြီးကြီးမားမားနဲ့ အားကောင်းတဲ့ ပုံစံရှိချင်ပြီး အဲဒါက တကယ့်ခေါင်းဆောင်ပဲလို့ ထင်ခဲ့တယ်။ ကျွန်တော်က ခေါင်းဆောင်အဖြစ်နဲ့ အားနည်းတဲ့လက္ခဏာတွေကို ပြရင် အားကြီးတဲ့ အသွင်အပြင်ပျောက်သွားမှာပဲလို့ ထင်တာကြောင့် ကျွန်တော်ကိုယ်တိုင်ရဲ့ အခြေအနေကို တစ်ခါမှ အမှန်တကယ်ဖွင့်မပြောခဲ့ဘူး။ သူတို့က ကျွန်တော့်ကို ဘယ်လိုထင်မလဲ ပေါ့။ ကျွန်တော်က အယူဝါဒကိုပဲ အကြာကြီးပြောနေပြီး သမ္မာတရားရဲ့ စစ်မှန်မှု မရှိဘူးလို့ သူတို့ထင်ကြမှာလား ပေါ့။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်က အကြမ်းခံနိုင်ရမယ်။ သမ္မတလို၊ စစ်တပ်မှူးတစ်ယောက်လိုပေါ့။ ကျွန်တော့်အားနည်းချက်ကို ဘယ်သူ့ကိုမှ မြင်ခွင့်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်တော့်ရဲ့ “အရမ်းလေးနက်”တဲ့ နားလည်မှုနဲ့ ကျွန်တော့်အတွေ့အကြုံကိုပဲ အမြဲတမ်းပြောတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ဧဝံဂေလိပြုတဲ့ အားထုတ်မှုတွေမှာ ကျွန်တော့်အကူအညီနဲ့ ဘယ်လိုပိုပြီး ထိရောက်မှုရှိနိုင်မယ်ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့် ကျရှုံးမှုတွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖော့ပြောလိုက်ပြီး ကျွန်တော် မှန်တာလုပ်ထားတဲ့အရာတွေကို အမြန်ပြောင်းပြောလိုက်တယ်။ စုဝေးပွဲမှာ ကျွန်တော်က အိပ်ချင်လာရင် အဲဒါကို ဝန်မခံဘူး။ ကျွန်တော့်မှာ ပြဿနာတစ်ခုရှိရင် ကျွန်တော့်အားနည်းချက်ကို ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခုကို အမြန်ဆုံးရှာမယ်လို့ ပြောလိုက်တယ်။ ကျွန်တော့်ရဲ့ ကောင်းမှုတွေကို ကြွားဖို့အတွက် ကျွန်တော်က ယုံကြည်သူအသစ်တွေကို ဘယ်လိုရေလောင်းပေးခဲ့တာ၊ သူတို့ကို သင်ယူဖို့ အခွင့်အလမ်းတွေကို ကျွန်တော်က ဘယ်လိုပေးခဲ့တာဆိုတာတွေကို ပြောတယ်။ ကျွန်တော့်အတွေ့အကြုံကို ဝေမျှတဲ့အခါမှာ လူတိုင်းက ကျွန်တော့်ကို အထင်ကြီးဖို့ မျှော်လင့်ပြီး ကျွန်တော့်တာဝန်အတွက် ကျွန်တော်က ဘယ်လိုမျိုး တစ်ညလုံးလုပ်ခဲ့တာဆိုတာ ပြောပြီး ဘုရားအတွက် ကျွန်တော့်အနစ်နာခံမှုတွေကို ပြောရတာ ကြိုက်ခဲ့တယ်။ ကျွန်တော့်ရဲ့ အလုပ်ဖော်ဖြစ်တဲ့ အစ်မမာရီနက်က သူ့အခြေအနေနဲ့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကျွန်တော်က သူ့ကို အမြဲတမ်းကူညီပေးတာကြောင့် ကျွန်တော့်ကို တော်တော်လေးစားတယ်။ ကျွန်တော်က တော်တော်ကျေနပ်တယ်။ သူလေးစားတာကို ဖော်ပြတဲ့အခါမှာ တော်တော်အားရတယ်။ ရေလောင်းတဲ့တာဝန်ကို လေ့ကျင့်နေတဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်တော့်ကို တော်တော်လေးစားတယ်။ တစ်ကြိမ်မှာ အစ်မတစ်ယောက်က ကျွန်တော့်ကိုခေါ်ပြီးတော့ သူ ကျွန်တော့်ဆီကနေ သင်ယူခဲ့ရတဲ့ကျေးဇူးကြောင့် သူ့တာဝန်မှာ လုပ်နိုင်စွမ်းရှိလာတယ်လို့ပြောတယ်။ ဒါက ကျွန်တော့်ကို တကယ်ကို ဘဝင်မြင့်စေတယ်။ ကျွန်တော့်ရဲ့ အထောက်အကူဖြစ်တဲ့ မိတ်သဟာယက အားလုံး ဘုရားရဲ့လမ်းပြမှုပဲဖြစ်တယ်၊ ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကနေလာတယ်၊ ဒါကြောင့် ဘုန်းအသရေအားလုံးကို ဘုရားရသင့်တယ်ဆိုပြီး ကျွန်တော် သူ့ကို တစ်ခါမှ မပြောခဲ့ဘူး။ တချို့ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်မိတ်သဟာယပြီးတဲ့နောက်မှာ “အာမင်” လို့ပြောကြတယ်။ “မက်သယူးက တော်တော် မှန်တယ်”၊ “မက်သယူးရဲ့ မိတ်သဟာယအတွက် အရမ်းကျေးဇူးတင်တယ်” လို့ ပြောကြတယ်။ တစ်ခါတလေမှာ သူတို့က ကျွန်တော့်ကို လေးစားတဲ့လေသံနဲ့ ပြောကြတယ်။ “မက်သယူး၊ ဒါိ အဆင်ပြေလား” လို့ ကျွန်တော့်ကို မေးကြပြီး သူတို့တာဝန်တွေမှာ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ကျွန်တော့်ထင်မြင်ချက်ကို အမြဲတမ်းမေးကြတယ်။ သူတို့စိတ်နှလုံးတွေထဲမှာ ကျွန်တော်က အရေးကြီးတဲ့နေရာမှာရှိတယ်ဆိုတာ ကျွန်တော်ပြောနိုင်တယ်။ သူတို့ ကျွန်တော့်ကို ဘယ်လောက်လေးစားတယ်ဆိုတာ မြင်ရတော့ နည်းနည်းတော့ စိတ်မသက်မသာဖြစ်တယ်။ ဒါပေမဲ့ အထင်ကြီးခံရတဲ့ ခံစားချက်ကို ကျွန်တော် ကြိုက်တယ်။ ကျွန်တော့်ကို ပျော်စေတယ်လေ။ အဲဒါနဲ့ တစ်နေ့မှာ “ကြွားဝါခြင်းမှ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု” လို့ ခေါ်တဲ့ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်ရတယ်။ တော်တော်ကို တို့ထိစရာဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တဲ့ အစ်မတစ်ယောက်က သူ့တာဝန်မှာ သူ့ကိုယ်သူ အမြဲတမ်း ချီးမြှောက်နေတယ်။ ဘုရားရဲ့ စိတ်သဘောထားကို သူ ပုန်ကန်ပြစ်မှားပြီး ဖျားနာမှုနဲ့ ပဲ့ပြင်ဆုံးမခံရတယ်။ အဓိကအချက်ကတော့ သူ့အပြုအမူကို ဘုရားက ရွံရှာတယ်တဲ့။ အဲဒီဗီဒီယိုကို ကြည့်ရတဲ့အခါမှာ ကျွန်တော့်မျက်နှာမှာ မျက်ရည်တွေ စစီးကျလာတယ်။ သူများတွေရဲ့ လေးစားမှုကိုရဖို့ ကြွားဝါတာဟာ ဘုရားကို ဆန့်ကျင်နေတာပဲဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော်က အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ရောက်နေတာပါ။ ကြွားဝါတာဟာ တကယ်ဆိုးတဲ့ပြဿနာဆိုတာ ကျွန်တော် လုံးဝ သဘောမပေါက်ခဲ့ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်။ “ဘုရားရဲ့ အမျက်ဒေါသကို ငါ ဆွခဲ့မိတာပဲ” ပေါ့။ ကျွန်တော် တော်တော်ကြောက်သွားပြီး ဘာလုပ်ရမှန်း မသိခဲ့ဘူး။

နောက်တော့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို နားလည်အောင် ကူညီပေးတဲ့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကိုယ် ဝါကြွားခြင်း၊ လူတွေ အထင်ကြီးအောင် ကြိုးစားခြင်း- ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် မိမိတို့ကိုယ်ကိုယ် ပုံမှန်အားဖြင့် မည်သို့ ချီးမြှောက်ပြီး သက်သေခံသနည်း။ ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ တစ်နည်းမှာ ၎င်းတို့ မည်မျှဒုက္ခခံစားပြီးဖြစ်သည်၊ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်သည်နှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်မျှ အသုံးခံပြီး ဖြစ်သည်တို့ကို သက်သေခံဖို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို ကိုယ်ရေးကိုယ်တာ အရင်းအနှီး ပုံစံတစ်ခုအဖြစ် ပြောကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဤအရာများကို သူတို့ကိုယ်သူတို့ ချီးမြှောက်ရန်အတွက် အသုံးပြုကြသည်။ လူတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ပိုမိုမြင့်မားသော၊ ခိုင်မြဲသော၊ လုံခြုံသောနေရာတို့ကို ရရှိစေသောအရာအဖြစ် ၎င်းတို့က အသုံးပြုကြသည်။ ဤသို့ဖြင့် သာ၍များသော လူတို့သည် ၎င်းတို့အား တန်ဖိုးထားကြရန်၊ အားကျရန်၊ လေးစားကြရန်၊ အမွန်အမြတ်ထားရန်၊ ကိုးကွယ်ရန်နှင့် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် ဖြစ်သည်။ ယင်းမှာ အဆုံးစွန် အကျိုးဖြစ်သည်။ ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့လုပ်ဆောင်သည့် အရာများသည်၊ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း အားလုံးသည် အကျိုးအကြောင်း ဆီလျော်သလော။ ယင်းတို့က အကျိုးအကြောင်း မဆီလျော်ပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားသည်။ ဤလူများ၌ အရှက်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီးဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံနှင့် အထူးကျွမ်းကျင်မှုများ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များနှင့် လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများကိုပင် ၎င်းတို့က ကြွားလုံးထုတ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကိုယ် စိတ်ရင်းကိုဖုံးကွယ်ပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် ဘုရားသခင်၏အိမ်တော် အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။ သင့်ကိုယ်သင် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းသည် သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ရှိသော အတိုင်းအတာထဲ၌ ရှိသလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ၊ မည်သည့် စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားသည် အဓိက သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ ဇာတ်ကြောင်းများသည် လုံးလုံး ကောင်းမွန်ပြည့်စုံသည်။ ၎င်းတို့၏စကားများသည် ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်ပြီး ၎င်းတို့ ကြွားဝါနေသည် ဆိုသည့်အချက်ကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ပြီးဖြစ်သော်လည်း၊ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်သည် လျှို့ဝှက်သော နည်းလမ်းအားဖြင့် စွမ်းဆောင်ရရှိခြင်း မဟုတ်သလော။ ထိုသို့သောနည်းလမ်းများ၏ အဓိကအချက်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတစ်လေ ရှိသလော။ ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတာဟာ ကျွန်တော့်စိတ်နှလုံးကို တိုက်ရိုက်ထိုးနှက်လိုက်တာပဲ။ ကျွန်တော့်အတွင်းထဲမှာ ကွယ်ဝှက်ထားတဲ့အရာကို တကယ် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။ ကျွန်တော်က ကိုယ့်ပုံရိပ်ကို သန်မာတဲ့သူ၊ ပြည့်စုံတဲ့သူတစ်ယောက်အဖြစ် တည်ဆောက်ချင်ခဲ့တယ်။ ကျွန်တော့်အတွေ့အကြုံကို မိတ်သဟာယပြုတဲ့အခါမှာ ကျွန်တော့် အောင်မြင်မှုတွေကိုပြောရင်းနဲ့ ကျွန်တော့်ရဲ့ “သူရဲကောင်းဆန်”တဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ကြွားတယ်။ ဒါပေမဲ့ ကျရှုံးမှုတွေကို နည်းနည်းမှ လုံးဝ မပြောဘူး။ ကျွန်တော်က အားနည်းပြီး အပျက်သဘောဆောင်ရင်၊ တချို့ပြဿနာတွေနဲ့ ရင်ဆိုင်ရရင်၊ အဆိုးဆုံးအခြေအနေမှာရှိနေတဲ့အခါဆိုရင်တောင် ကျွန်တော်က “အဆင်ပြေပါတယ်။ စမ်းသပ်မှုနည်းနည်းကို ကျွန်တော် ဖြတ်သန်းနေရတယ်။ ဒါပေမဲ့ ဘုရားရဲ့ မစမှုနဲ့ ဖြတ်သန်းမှာပါ” လို့ပဲ ပြောလိုက်တယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်က တော်တော် နာကျင်နေတာ။ ကျွန်တော်က ဘယ်လောက်တာဝန်သိတတ်တယ်ဆိုတာ ကြွားရင်းနဲ့ တာဝန်အတွက် ဘယ်လိုဒုက္ခခံခဲ့တယ်ဆိုတာ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ကိစ္စတွေက တကယ်တမ်းအဲဒီလိုမဟုတ်ဘူး။ ကျွန်တော့်တာဝန်မှာ အနစ်နာခံမှုတွေလုပ်တဲ့အခါမှာ အများစုက ကျွန်တော့်နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက်ပဲ။ ကျွန်တော့်အပေါ် တခြားလူတွေရဲ့လေးစားမှုကို မြင်ရတာ ကျွန်တော့်စိတ်နှလုံးထဲက တစ်ခုခုကို နိုးကြားစေတယ်။ ဒါဟာ မကောင်းဘူးဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို ရပ်တန့်ဖို့အတွက် ဘာကိုမှ ကျွန်တော် မလုပ်ရသေးဘူး။ ကျွန်တော်က လူတွေရဲ့ လေးစားမှု၊ ချီးမွမ်းမှုကို လိုချင်တာကြောင့်၊ သူတို့စိတ်နှလုံးထဲက ဘုရားရဲ့နေရာကိုတောင် ကျော်လွန်ချင်တာကြောင့် ကျွန်တော့်ကို မလေးစားဖို့ လူတွေကို မပြောခဲ့ဘူး။ ကျွန်တော်က ကောင်းကင်တမန်မင်းလိုပဲ မာနထောင်လွှားနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော်က သူများတွေကို ဘုရားရှေ့ကို ခေါ်ဆောင်နေတာမဟုတ်ဘူး။ ကျွန်တော့်ရှေ့ကို ခေါ်ဆောင်နေတာပါ။ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲက ဘုရားရဲ့နေရာကို ယူနိုင်တယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားတော့ ကြောက်စိတ်နဲ့ တုန်လှုပ်နေပြီး ကျွန်တော့်အပြုအမူကို ဘုရားက အလွန်မုန်းတီးတယ်ဆိုတာ စိတ်နှလုံးထဲမှာ သိခဲ့တယ်။ အမှန်တရားတွေနဲ့ ရင်ဆိုင်ရပြီးနောက်မှာ ဘုရားကို ကျွန်တော် ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်တော့်ကို မြင့်မားတဲ့အဆင့်မှာရှိတဲ့သူ၊ သူတို့ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်သူအဖြစ် လူတိုင်းကို မြင်စေချင်ပြီး ကျွန်တော် ကြွားဝါနေခဲ့မိပါတယ်။ ကိုယ်တော်ရဲ့ ဘုန်းအသရေကို ကျွန်တော် လုယူနေတာပါ။ ဘုရားသခင် ကိုယ်တော့်ထံမှာ နောင်တရချင်ပါတယ်” ဆိုပြီးတော့။ နောင်တတွေနဲ့ ပြည့်နေခဲ့တာပေါ့။ နောက်တော့ ကျွန်တော့်ရဲ့ သရုပ်မှန်နဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နေမှုတွေကို ဖွင့်ပြောထားတဲ့ တောင်းပန်စာတစ်စောင်ကို ကျွန်တော်ရေးပြီး စုဝေးတဲ့အဖွဲ့တိုင်းဆီကို ပို့လိုက်တယ်။ လူတိုင်းကိုလည်း ကျွန်တော့်ကို မလေးစားသင့်ဘူးလို့ ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော့်ကို အထင်ကြီးတဲ့ လူတချို့ကို ကျွန်တော်သိတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုင်းခြားစိစစ်ထားတဲ့ စာတစ်စောင်ချင်းဆီကို သူတို့ဆီ ပို့လိုက်တယ်။ သုံးလေးရက်ကြာပြီးနောက်မှာ အစ်မမာရီနက်က ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောတယ်။ အရင်က ကျွန်တော့်ကို သူက လေးစားပြီး သူ့စိတ်နှလုံးထဲမှာ အရေးကြီးတဲ့နေရာတစ်ခုမှာ ကျွန်တော်က ရှိတယ်တဲ့။ ဒါကိုကြားရတော့ ကျွန်တော် တော်တော်ရှက်မိပြီး ကျွန်တော့် မကောင်းမှုရဲ့ သက်သေပဲလို့ ခံစားမိတယ်။ အဲဒီအချိန်ခဏမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကျည်းတန်မှုကို မြင်တွေ့ခဲ့ရတယ်။ သူများတွေရဲ့ လေးစားမှုကို ရဖို့အတွက် ကျွန်တော် ကြွားဝါနေခဲ့တာပဲ။ ကျွန်တော့်မှာ အသိစိတ်အားလုံး ပျောက်သွားတာ။ ဒါက ဘယ်လိုလုပ် တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ။ ဘုရားသခင်က ကျွန်တော့်ကို ခေါင်းဆောင်နေရာကို မြှင့်တင်ပေးခဲ့ပြီး ဒါက သူ့ကို ကျွန်တော် ပြန်ပေးဆပ်တဲ့ ပုံစံလား။ ကျွန်တော် အရင်က တစ်ခါမှ မခံစားဖူးတဲ့ ရှက်ရွံ့မှုကို ခံစားမိတယ်။ ဒါပေမဲ့ ကျွန်တော့် ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကိုဖြေရှင်းဖို့ သမ္မာတရားကို ကျွန်တော် တကယ်မရှာဖွေသေးဘူး။ ဒါကြောင့် မကြာခင်မှာပဲ ကျွန်တော် ပြန်လုပ်မိတာပဲ။

တခြားအသင်းတော်ခေါင်းဆောင်တွေတက်တဲ့ အွန်လိုင်းစုဝေးပွဲတစ်ခုလည်းရှိတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယက ရိုးရှင်းတဲ့ပုံစံဖြစ်နေတယ်လို့ ခံစားရပြီး ကျွန်တော် နေမထိထိုင်မထိ ဖြစ်ခဲ့တယ်။ သူတို့ မိတ်သဟာယက မလေးနက်သလို၊ တခြားခေါင်းဆောင်တွေက အဆင့်မြင့်တာ ဘာမှမပြောနေဘူးလို့ ထင်မိတယ်။ ကျွန်တော်ပြောတဲ့အရာကနေ သူတို့အများကြီး သင်ယူနိုင်အောင်လို့ သူတို့ကို မိတ်သဟာယကောင်းကဘာလဲဆိုတာပြချင်ခဲ့တယ်။ လူတိုင်းနဲ့ ကျွန်တော့်နားလည်မှုကို ဝေမျှချင်တယ်။ သူတို့ကို နည်းလမ်း ပြချင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်ပြောချင်တာကို စိတ်ထဲမှာ ပြင်ဆင်တယ်။ ကျွန်တော်က လူစုထဲကနေ ကွဲထွက်နေပြီး တချို့ လေးနက်တဲ့ မိတ်သဟာယတွေကို ဝေမျှနိုင်အောင် ပိုပြီးတော့ ဉာဏ်အလင်းပွင့်စေမယ့်အရာတစ်ခုကို ပြောဖို့ စဉ်းစားထားတာပေါ့။ ကျွန်တော့် မိတ်သဟာယကို အကောင်းဆုံး မီးမောင်းထိုးပြဖို့အတွက် စကားလုံးတွေကို သေချာစဉ်းစားတယ်။ ကျွန်တော့်ရဲ့ ထိုးထွင်းသိမြင်မှုကို သူများတွေ အသိအမှတ်ပြုအောင်လို့ ကျွန်တော့်မှာ ပိုမြင့်တဲ့ နားလည်မှုရှိတယ်ဆိုတာကို တကယ်ကို သက်သေပြချင်ခဲ့တယ်။ ကျွန်တော်က အသေးစိတ်ကျပြီး ကြွယ်ဝတဲ့ မိတ်သဟာယကို ပေးနိုင်တယ်ဆိုတာကို သူတို့သိဖို့အတွက် ဥပမာတွေ၊ တင်စားမှုတွေအမျာကြီးကို အသုံးပြုခဲ့တယ်။ ကျွန်တော်ပြောပြီးသွားတော့ လူတိုင်းက “အာမင်” လို့ပြောတာကို ကြားရတော့ တော်တော်ပျော်သွားတယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်မိတ်သဟာယကို ကောင်းတာတစ်ခုခုပြောထားသလားကြည့်ရအောင် ချက်ဘောက်ကို စစ်ကြည့်လိုက်တယ်။ ကျွန်တော်တို့ ပြီးခါနီးမှာ အစ်ကိုဇီအန်က ကျွန်တော်တို့ အမြဲတမ်းလုပ်သလိုမျိုး ဘုရားနှုတ်ကပတ်တော်တွေကို မကိုးကားဘဲ၊ အားလုံးကို အဲဒီအပေါ်မှာ အခြေမခံဘဲ မိတ်သဟာယတချို့ ဝေမျှတယ်။ ကျွန်တော့်မိတ်သဟာယကို အခြေခံပြီးတော့ ကိစ္စတွေကို လုပ်သင့်တယ်လို့ပြောပြီး ကျွန်တော့်မိတ်သဟာယကို သူက ကိုးကားပြောခဲ့တယ်။ သူ့နားလည်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုလုံးအနေနဲ့ ကျွန်တော့် မိတ်သဟာယကို သူက အသုံးပြုခဲ့တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နေမိပြန်တာဖြစ်ပြီး သူများတွေကို ကျွန်တော့်ကို ကိုးကွယ်အောင်လုပ်မိနေတယ်ဆိုတာ မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် တော်တော် နေရထိုင်ရခက်သွားတယ်။ လတ်တလောမှာ ကျွန်တော် မိတ်သဟာယပြုခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို သတိရမိတယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “အကယ်၍ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း စိတ်ချယုံကြည်နိုင်စွမ်း ရှိကာ၊ အချင်းချင်း ကူညီနိုင်စွမ်း ရှိပြီး၊ အချင်းချင်း ကူညီနိုင်စွမ်းနှင့် ထောက်ပံ့နိုင်စွမ်းရှိရမည် ဆိုပါက အယောက်တိုင်းစီသည် ၎င်းတို့၏စစ်မှန်သော အတွေ့အကြုံများ အကြောင်းကို ပြောရမည် ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို မည်သည့်အရာမျှ မပြောဘဲ— ရှင်းလင်းသော အယူဝါဒစကားများ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သံယောင်လိုက်သည့် ပေါ်ပင်ရေပန်းစားသော စကားများနှင့် သုံးဖန်များ၍ ရိုးအီနေသော စကားများကိုသာ ပြောပြီး သင့်စိတ်နှလုံးထဲရှိသည့်အရာအကြောင်း လုံးဝ ဖွင့်မပြောပါက— သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပေ။ ထို့အပြင် သင်၌ ရိုးသားသူတစ်ဦး ဖြစ်နိုင်စွမ်း မရှိပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”)အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ လူတို့ကို သိမ်းသွင်းရန် အမြဲကြိုးစားကာ သင်၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများ၊ ရာထူးဂုဏ်ဒြပ်အတွက် သင်၏ကိုယ်ပိုင် တောင့်တမှုတို့ကို အမြဲ ဖြည့်ဆည်းလိုစိတ်ရှိပါက သင်သည် အန္တိခရစ်များ၏လမ်းကို လျှောက်ပေသည်။ အန္တိခရစ်များ၏ လမ်းနှင့်ဆိုင်သော အရာတစ်ခုတစ်လေသည် သမ္မာတရားနှင့် သဟဇာတဖြစ်သလော။ (မဖြစ်ပါ။) ယင်းနှင့်ပတ်သက်သော မည်သည့်အရာက သမ္မာတရားနှင့် ကွဲလွဲသနည်း။ ဤလူတို့သည် မည်သည့်အရာအတွက် ပြုမူကျင့်ကြံကြသနည်း။ (ရာထူးဂုဏ်ဒြပ်အတွက် ပြုမူကျင့်ကြံကြသည်။) ရာထူးဂုဏ်ဒြပ်အတွက် အမှုအရာများကိုပြုလုပ်သော လူတို့အထဲတွင် မည်သည့်အရာကို ထုတ်ဖော်ပြထားသနည်း။ လူတချို့က၊ ‘သူတို့သည် အယူဝါဒစကားတို့ကို အမြဲပြောကြသည်၊ သူတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုကြ၊ သူတို့သည် သူတို့ကိုယ်ပိုင်အကျိုးအတွက် အမြဲစကားပြောကြသည်၊ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်ကြ သို့မဟုတ် သက်သေမခံကြပေ။ မိမိအထဲတွင် ထိုသို့သောအရာများကို ထုတ်ဖော်ပြထားသော လူတို့သည် ရာထူးဂုဏ်ဒြပ်အတွက် ပြုမူကျင့်ကြံကြသည်။’ ၎င်းတို့သည် အယူဝါဒ စကားများကို အဘယ်ကြောင့် ပြောသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေမခံသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့သာ ရှိသည်— ဘုရားသခင်လုံးလုံး မရှိပေ။ ထိုသို့သော လူများသည် ဂုဏ်ဒြပ်နှင့် ဩဇာအာဏာတို့ကို မြတ်နိုးကိုးကွယ်ကြသည်၊ အဆင့်အတန်းသည် ၎င်းတို့အဖို့ အလွန်တရာ အရေးကြီးသည်။ နာမည်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့ဘဝ ဖြစ်လာကြသည်။ ဘုရားသခင်သည် ၎င်းတို့စိတ်နှလုံးများထဲ၌ မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို နာခံဖို့နေနေသာသာ၊ မကြောက်ကြပေ။ ၎င်းတို့လုပ်သမျှသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည်၊ သက်သေခံပြီး အခြားသူများ၏ လေးစားအားကျမှု ရရှိဖို့ ဝါကြွားသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အကြောင်း၊ ၎င်းတို့လုပ်ပြီးဖြစ်သည့်အရာအကြောင်း၊ ၎င်းတို့မည်မျှ ဒုက္ခခံပြီးကြောင်း၊ ဘုရားသခင်ကို ၎င်းတို့မည်မျှ စိတ်ကျေနပ်စေကြောင်း၊ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ ၎င်းတို့မည်မျှ သည်းညည်းခံကြကြောင်း ကြွားလုံးထုတ်ကြသည်၊ အားလုံးမှာ လူများ၏ စာနာမှုနှင့် လေးစားအားကျမှုတို့ကို ရရှိဖို့ဖြစ်သည်။ ဤလူများသည် အန္တိခရစ်များကဲ့သို့ လူတစ်မျိုးတစ်စားတည်း ဖြစ်ကြသည်၊ ၎င်းတို့သည် ပေါလု၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့၏အန္တိမ အဆုံးသတ်မှာ အဘယ်နည်း။ (၎င်းတို့သည် အန္တိခရစ်များဖြစ်ကြပြီး သုတ်သင်ဖယ်ရှင်းခြင်း ခံရသည်။)” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ကျွန်တော့်စိတ်နှလုံးကို ဖွင့်ပြီး ကျွန်တော့်ရဲ့ တကယ့်အတွေ့အကြုံကို ဝေမျှရမယ်၊ ပွင့်လင်းစွာ ပြောဆိုရမယ်၊ ကြွားဝါဖို့အတွက် အနှစ်မရှိတဲ့စကားတွေနဲ့ အသုံးမဝင်တဲ့ ဖန်တစ်ရာတေနေတဲ့ စကားတွေကိုရှောင်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့ပါတယ်။ စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်က သူများတွေကို သမ္မာတရားကို နားလည်အောင်လမ်းပြပြီး ဘုရားရှေ့ကို ခေါ်ဆောင်ရင်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ ဘုရားနှုတ်ကပတ်တော်အပေါ် နားလည်မှုကို မျှဝေပါတယ်။ အန္တိခရစ်တစ်ယောက်က ချီးမွမ်းပြီးလေးစားခံရဖို့အတွက် ကြွားဝါဖို့ သူများတွေကို သူတို့ကိုယ်တိုင်ရဲ့ရှေ့ကို ခေါ်ဆောင်ဖို့ အနှစ်မရှိတဲ့စကားတွေကို မိတ်သဟာယပြုတယ်။ ကျွန်တော်ကတော့ လူတွေကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုမပေးဘဲ အနှစ်မရှိတဲ့ သီအိုရီတွေကို အကြာကြီးပြောနေခဲ့တယ်။ ဘယ်တကယ့်ပြဿနာကိုမှ မဖြေရှင်းခဲ့ဘူး။ ကျွန်တော့်ဦးတည်ချက်က သူတို့ကို သမ္မာတရားကို နားလည်အောင်ကူညီပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်စေဖို့မဟုတ်ဘဲ ကျွန်တော့်ကို သူတို့ လေးစားအောင်လုပ်ဖို့ ဖြစ်ခဲ့ပါတယ်။ ကြွားဝါခြင်းရဲ့ အကျိုးဆက်တွေက တော်တော်ရှင်းတယ်။ သူများတွေက ကျွန်တော့်ကို အထင်ကြီးကြပြီး ဘုရားနှုတ်ကပတ်တော်ကို သက်သေမခံကြဘူး။ အဲဒီအစား ကျွန်တော့်မိတ်သဟာယကို သူတို့ရဲ့ ကိုးကားချက်အဖြစ် အသုံးပြုတယ်။ လူတွေက “မက်သယူးရဲ့ မိတ်သဟာယကျေးဇူးကြောင့်ပေါ့”၊ “အစ်ကိုမက်သယူးပြောသလိုပဲ” ဆိုတာမျိုးတွေကိုပဲ အမြဲတမ်းပြောနေကြတယ်။ ပေါလုက အမြဲတမ်း ဝံ့ကြွားပြီး သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို သက်သေမခံတာကို ကျွန်တော် တွေးမိတယ်။ ဒီလိုလုပ်တော့ ယုံကြည်သူတွေက ပေါလုရဲ့စကားတွေကို နှစ် ၂၀ဝ၀ ကြာတဲ့အထိ အရမ်းမြှောက်စားကြပြီး သက်သေခံကြတယ်။ ကျွန်တော်က ပေါလုလိုမျိုးလုပ်နေပြီးတော့ ဘုရားကို ဆန့်ကျင်တဲ့ အန္တိခရစ်ရဲ့လမ်းကြောင်းပေါ်မှာပဲ ရောက်နေတာ မဟုတ်ဘူးလား။ ကျွန်တော် တော်တော်ကြောက်သွားပြီး ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းတီးမိတယ်။ ကျွန်တော် ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော် ဒီအမှားကိုပဲ ထပ်လုပ်မိပါတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို လမ်းပြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မာနထောင်လွန်းမှုကို ဖြည့်ဆည်းနေရင်းနဲ့ စာတန်နောက်ကို လိုက်နေဆဲပါပဲ။ စာတန်ရဲ့ကဏ္ဍကို ကျွန်တော် ထပ်ပြီး လုပ်ဆောင်နေပါတယ်။ ဘုရားသခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ။ ကယ်တင်တော်မူပါ” ဆိုပြီးတော့။

တစ်ညနေမှာ စုဝေးပွဲအတွက် ပြင်ဆင်နေတုန်းမှာ ဒီအပိုဒ်ကို ကျွန်တော် တွေ့တယ်။ “ဘုရားသခင်ကို လူတို့အစေခံရာတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ သိကြသလော။ ခေါင်းဆောင်များအဖြစ် အစေခံကြသောသူအချို့သည် အမြဲတစေ ကွဲပြားခြားနားဖို့၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်ဖို့နှင့် ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်များကို ရှာဖွေဖို့ အစဉ် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏လက်တွေ့အရှိတရားထဲ ၀င်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ သဘာဝကို ထုတ်ဖော်ခြင်း အတိအကျပင် မဟုတ်သလော။...ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းလိုကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော စာအုပ်များ ပုံနှိပ်ထုတ်ဝေလိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုသို့သော ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်မိပေလိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူများသည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ လိမ္မာခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်း မရှိပါက သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို အနှေးနှင့်အမြန် ပုန်ကန်ပြစ်မှားမိလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်”) ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တုံ့ဆိုင်းရပ်တန့်သွားစေခဲ့တယ်။ ဒီဖွင့်ပြချက်ကတစ်ဆင့် ကြီးမားတဲ့အရာတွေကိုရဖို့ ကျွန်တော့်ရဲ့ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်နဲ့ ဆန္ဒကို ကျွန်တော် မြင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စကားပြောကောင်းမှုကို ပြသဖို့အတွက် စုဝေးပွဲတွေမှာ ဦးဆောင်ချင်တယ်။ ကြွားဝါတာကို ကျွန်တော် နှစ်သက်ပြီး ဒီလိုလုပ်ဖို့အတွက် အခွင့်အရေးတစ်ခုမှ အဆုံးရှုံးမခံခဲ့ဘူး။ လေးစားမှုကို လိုချင်ပြီးတော့ သူများတွေက “အစ်ကိုမက်သယူးက သိပ်ကောင်းတဲ့ စုဝေးပွဲတွေကို လုပ်ပေးတယ်။ သူ့ထက်တော်တဲ့ ခေါင်းဆောင်မရှိတော့ဘူး” လို့ ပြောတာ လိုချင်ခဲ့တယ်။ ဒီဆန္ဒတွေရဲ့ တိုက်တွန်းခြင်းကို ခံရပြီး အလုပ်လုပ်ရင်း၊ စုဝေးရင်း၊ ပြဿနာတွေကို ဖြေရှင်းရင်းနဲ့ စုဝေးပွဲတစ်ခုကနေ နောက်တစ်ခုကို အပြေးအလွှားသွားတယ်။ အဲဒီလို ခေါင်းဆောင်မှုမျိုးကို ကျွန်တော် နှစ်သက်တယ်။ ဒါပေမဲ့ “ထိုသို့သော ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်မိပေလိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူများသည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။” ဆိုတာကို ဖတ်ရတဲ့အခါမှာ ကျွန်တော် တုန်လှုပ်သွားပြီး စိတ်နှလုံးအတွင်းထဲမှာ ကြောက်ရွံ့စိတ်ဖြစ်မိတယ်။ ကျွန်တော်က ဘုရားကို ကျေနပ်စေနေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားကို စက်ဆုပ်ရွံရှာစေနေတာပဲဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စက်ဆုပ်ရွံရှာမိတယ်။ ကျွန်တော်က သိပ်ကောင်းတဲ့အရာတစ်ခုကိုပဲ လုပ်ချင်ခဲ့တာ၊ အဆင့်မြင့်တဲ့အရာတစ်ခုကို ဟောချင်တာ။ ကျွန်တော်က ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကနေ လှုံ့ဆော်ခံခဲ့ရတာ မဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေအတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်မနေခဲ့ဘူး။ အားလုံးက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သူများတွေရဲ့ စိတ်နှလုံးမှာ အထူးနေရာတစ်ခု ရဖို့အတွက်လုပ်တာပါပဲ။ ဒါဟာ ဘုရားရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေကို ပုန်ကန်ပြစ်မှားတာပဲ။ အဲဒီထဲမှာ ဒီလိုဖော်ပြထားတယ်။ “လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။” “ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေကို ပုန်ကန်ပြစ်မှားတာက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တာ တင်မဟုတ်ဘဲ ပိုတောင်ဆိုးတာက တခြားလူတွေက လူတစ်ယောက်ကို လေးစားနေလို့ သူတို့ကို လမ်းမှားပေါ်ကို ကျွန်တော်ရောက်စေခဲ့ပြီး ဘုရားကို အာခံစေခဲ့တာပဲ။ အကျိုးဆက်တွေက ဆိုးရွားပြီးတော့ ဘုရားသခင်ကို သေချာပေါက် စိတ်ဆိုးစေမှာပဲ။ ကျွန်တော် တော်တော်လန့်သွားတယ်။ သူ့ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့အတွက် ဘုရားက ကျွန်တော့်ကို ခွင့်လွှတ်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ တွေးမိတယ်။ စိတ်ဒုက္ခရောက်နေခဲ့တာပေါ့။ ကျွန်တော် ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော် တကယ် စိတ်ဆင်းရဲနေရပါတယ်။ ကိုယ်တော်ရဲ့ အမျက်ဒေါသကို ဆွနေတယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ နောင်တရချင်ပါတယ်။ ဘုရားသခင် ကျေးဇူးပြုပြီး ကိုယ်တော့်အလိုတော်ကို နားလည်အောင် ကူညီတော်မူပါ” ဆိုပြီးတော့။

ကြောက်ရွံ့မှုတွေနဲ့ လမ်းပျောက်နေတုန်းမှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့ရတယ်။ “ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဒါကို ဖတ်ရတာ ကျွန်တော် ငြိမ်သက်ခြင်း ခံစားရတယ်။ ကျွန်တော်က ဘုရားသခင်ကို ခွင့်မလွှတ်နိုင်တဲ့ ပုံစံနဲ့ ပုန်ကန်ပြစ်မှားမိခဲ့တယ်လို့ ထင်တာ။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူး။ ဘုရားသခင်က ကျွန်တော့်ကို ပဲ့ပြင်ဆုံးမနေတာပါ။ ဒါပေမဲ့ ကျွန်တော့်ကို သူ မမုန်းတီးခဲ့ဘူး။ ကျွန်တော့်ကို ပြောင်းလဲစေချင်တာပါ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို ကျွန်တော် မြင်နိုင်ခဲ့တယ်။ ကျွန်တော် သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရမယ်ဆိုတာ ဒီတစ်ခါမှာ ကျွန်တော် သိခဲ့ပါတယ်။

ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ရိုးသားသည့် လူတစ်ဦးအနေဖြင့်၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ရိပ်ခနဲ မြင်နိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ကြည့်ကောင်းစေရန် ပြရုပ်တင်ဖို့ မကြိုးစားရ။ ထိုအခါမှသာ လူတို့သည် သင့်ကို ယုံကြည်ပြီး ရိုးသားသည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျက်ရှိ၏၊ သန့်ရှင်းခြင်း၊ မွန်မြတ်ခြင်း၊ ကြီးမြတ်ခြင်း ရှိကြောင်း အမြဲအယောင်ဆောင်ပြီး၊ စာရိတ္တမြင့်မားသော အရည်အသွေးများ ရှိကြောင်း အယောင်ဆောင်၏။ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံပေ။ ၎င်းတို့က သင်သည် ဖြောင့်မတ်ခြင်း၊ ကြီးမြတ်ခြင်း၊ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ ဘက်မလိုက်ခြင်းနှင့် အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြ၏။ ဤသည်မှာ လှည့်ဖြားခြင်း ဖြစ်၏။ အယောင်ဆောင်ခြင်း မပြုနှင့်၊ ပြီးလျှင် သင့်ကိုယ်သင် ပြရုပ်တင်ခြင်းမပြုနှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်ပြီး သင်၏အတွေးများနှင့် အစီအစဉ်များအားလုံး- အပြုသဘောဆောင်သော အရာနှင့် အပျက်သဘောဆောင်သော အရာနှစ်ခုလုံးကို ဖွင့်ဟပြနိုင်ပါက၊ သင်သည် ရိုးသားနေခြင်း မဟုတ်လော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး ‘သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြသောကြောင့် ငါ့ရှေ့တွင်လည်း သင်သည် ဧကန်အမှန်ပင် ရိုးသား၏’ ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မွန်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် တရားမျှတပြီး ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် မည်သည့်အရာကို တွေးပြီး ပြောဆိုလိမ့်မည်နည်း။ သူက၊ ‘သင်သည် အမှန်ပင် လိမ်လည်လှည့်ဖြားတတ်၏၊ သင်သည် အကယ်စင်စစ် သူတော်ကောင်း ဟန်ဆောင်ပြီး သိမ်ဖျင်း၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်’ ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက၊ ဘုရားသခင်ရှေ့ သို့မဟုတ် အခြားသူတို့ရှေ့တွင် မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ သင်၌ ပေါ်လွင်ထင်ရှားသည့် အရာအကြောင်းနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းသည် အချိန် လိုအပ်၏။ အတွင်း ရုန်းကန်မှုလိုအပ်ပြီး ငါတို့ စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ငါတို့၏ စိတ်နှလုံးများသည် တဖြည်းဖြည်း ဖွင့်ဟလာလိမ်မည့်ဖြစ်ပြီး ငါတို့သည် မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်ပြနိုင်ကြလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားသခင်က ကျွန်တော့်ကို ဘာဖြစ်စေချင်တယ်ဆိုတာ နားလည်အောင် ဒီအပိုဒ်က ကူညီပေးခဲ့တယ်။ သူက ကျွန်တော့်ကို ရိုးသားတဲ့သူတစ်ယောက်ဖြစ်စေချင်တာပါ။ တစ်နည်းအားဖြင့် တခြားလူတွေက ကျွန်တော့်အားနည်းချက်တွေနဲ့ အခက်အခဲတွေကို မြင်နိုင်ဖို့အတွက် သူတို့ဆီကို ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ရိုးသားတဲ့ အတွေးတွေကို ဖော်ထုတ်ပြဖို့ ကျွန်တော် သင်ယူရမယ်။ ကျွန်တော်က ကျွန်တော့်ကျရှုံးမှုတွေနဲ့ အားနည်းချက်တွေကို ဖွင့်မပြဘဲ ကျွန်တော့်မိတ်သဟာယကတစ်ဆင့် ကျွန်တော့်ရဲ့ အတုအယောင်ပုံရိပ်ကို တည်ဆောက်နေပြီး ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ချီးမြှောက်နေရင် ဒါ လိမ်ညာမှုတစ်ခုဖြစ်မှာပဲ။ သူများတွေအပေါ်၊ ဘုရားသခင်အပေါ် ရိုးသားရာ ရောက်မှာမဟုတ်ဘူး။ အဲဒီနေ့မှာ ကျွန်တော် လုံးဝ ရိုးသားသူတစ်ယောက် ဖြစ်ရမယ်ဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့အယူအဆတွေအပေါ်လည်း နားလည်မှုတချို့ရခဲ့ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ အားနည်းချက်တွေမရှိဘဲ သူရဲကောင်းဆန်သူတစ်ယောက်ဖြစ်သင့်တယ်၊ အပြင်လောကမှာရှိတဲ့ တချို့သော ဒါရိုက်တာတွေလိုမျိုး သူများတွေထက် အဆင့်မြင့်ပြီး သူများတွေထက် သာသင့်တယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ဘုရားအလိုရှိတဲ့အရာမဟုတ်ဘူး။ ဘုရားသခင်က ရိုးဖြောင့်တဲ့၊ ရိုးသားတဲ့လူတွေကို အလိုရှိတယ်။ ဒီလိုလူတွေက သူတို့အမှားတွေကို ဖွင့်ပြောနိုင်တယ်။ သမ္မာတရားကိုချစ်ပြီး လက်တွေ့လုပ်ဆောင်တယ်။ သူတို့ဟာ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို အာရုံစိုက်ပြီး သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတယ်။ သူတို့ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ မကြိုးစားကြဘူး။ သခင်ယေရှုပြောခဲ့တာကို ကျွန်တော် သတိရမိတယ်။ “သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။...ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါး တည်းရှိ၏။ သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။(ရှင်မဿဲခရစ်ဝင် ၂၃:၈-၁၂) ကျွန်တော်က လူတွေ ကျွန်တော့်ကို ကြည်ညိုကြမယ်လို့ မျှော်လင့်ရင်းနဲ့ ခေါင်းဆောင်အဖြစ် တစ်ချိန်လုံး ဟန်ဆောင်နေခဲ့တယ်။ ဘုရားသခင် လိုအပ်တာကနေ ကျွန်တော်က တော်တော်ဝေးနေတယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ အစေခံတစ်ယောက်ရဲ့ ကဏ္ဍကို ထမ်းဆောင်တယ်။ သိပ်ကြီးမားတဲ့ တာဝန်ရှိတဲ့ အစေခံတစ်ယောက်ပေါ့။ ညီအစ်ကိုမောင်နှမတွေကို ရေလောင်းပြီး ပံ့ပိုးပေးဖို့၊ သူတို့ကို ပြဿနာတွေ ကူညီဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ဖြစ်တဲ့ သူတို့တာဝန်ကို စိတ်ထဲမှာ အမြဲတမ်း ထားထားရမယ်။ ခေါင်းဆောင်ဟာ အရာရှိတစ်ယောက်မဟုတ်ဘူး။ တခြားဘယ်သူ့ရဲ့အထက်မှာမှ မရှိဘူး။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တယ်။ လူသားအားလုံးက သူတို့ရဲ့ ရာထူး ဘာပဲဖြစ်ဖြစ် ဖန်ဆင်းခံတွေပဲဖြစ်တယ်။ ကျွန်တော်တို့အားလုံးက ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ကို ကျွန်တော် နားလည်သွားတယ်။ ဖန်ဆင်းခံတစ်ယောက်နေရာမှာနေပြီး တာဝန်ကို သင့်လျော်စွာ ထမ်းဆောင်သင့်တယ်ဆိုတာကိုပေါ့။ အဲဒီအချိန်ကစပြီး ကျွန်တော့် ပုံသေအတွေးအခေါ်မှာ ပြောင်းလဲမှုတစ်ခုရှိခဲ့ပြီး ရိုးသားဖို့အတွက် စလုပ်ခဲ့ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နေပြီဆိုတာ သတိပြုမိတဲ့အခါ ဖွင့်ပြောလိုက်ပြီး ကျွန်တော့်ဖောက်ပြန်ပျက်စီးခြင်းနဲ့ အမှားတွေကို သေချာ ဖော်ထုတ်တယ်။ တစ်ခါတလေမှာ နာကျင်ရတယ်။ ဒါပေမဲ့ အဲဒါက တကယ်တမ်း ကျွန်တော်က ဘယ်လောက် မရိုးသားလဲဆိုတာ ပြတယ်။ ကျွန်တော်က လှည့်ကွက်တွေအများကြီးသုံးပြီး သူများတွေကို ခဏခဏ အရူးလုပ်ခဲ့တယ်။ ကျွန်တော် ဖွင့်ပြောလေလေ၊ ကျွန်တော့်ရဲ့ စရိုက်အမှန်နဲ့ တကယ့်ဝိညာဉ်ရင့်ကျက်မှုကို မြင်ရလေလေပဲ။ ကျွန်တော်က ဘာမှမဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မိတ်သဟာယတွေအားလုံးမှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မြင့်မြင့်ထားခဲ့ပြီး၊ လူတွေကို အယူဝါဒတွေနဲ့ အားပေးကူညီနေခဲ့တယ်။ ဒါပေမဲ့ အခု ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော့်ရဲ့ တကယ့်အခြေအနေကို စပြီး မျှဝေတယ်။ ပွင့်လင်းလာပါတယ်။ သူတို့မှာရှိခဲ့တဲ့ တူညီတဲ့အခက်အခဲတွေ၊ သူတို့မှာရှိခဲ့တဲ့ တူညီတဲ့ ဖောက်ပြန်ပျက်စီးမှုမျိုးတွေ ကျွန်တော့်မှာရှိခဲ့တယ်။ ကျွန်တော်က ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမဲ့ ကျွန်တော်တို့က အတူတူပါပဲ။ မတူညီတဲ့ တာဝန်တွေပဲ ရှိကြတာပါ။ ကျွန်တော် ဒီလိုလုပ်ခဲ့တဲ့အခါမှာ သူများတွေထက် ဘယ်လောက်မှ ပိုတော်တယ်လို့ မခံစားရဘူး။ အဲဒီအစား သူတို့အတွေ့အကြုံတွေကနေ ကျွန်တော် သင်ယူနိုင်ခဲ့ပြီး၊ သူများတွေရဲ့ မိတ်သဟာယကနေ ဉာဏ်အလင်းပွင့်မှုကို ရနိုင်ခဲ့တယ်။ အရင်က သူများတွေကို ဉာဏ်အလင်းဖွင့်ပေးတာက ကျွန်တော်ပဲလို့ မာနထောင်လွှားစွာနဲ့ ယူဆပြီးတော့ သူများတွေရဲ့ မိတ်သဟာယကို နည်းနည်းမှ အာရုံမစိုက်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ ကျေးဇူးကြောင့် သူများတွေနဲ့ ပိုပြီးနီးစပ်တဲ့ ဆက်ဆံရေးကို ကျွန်တော် ရခဲ့တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော် ပိုနားလည်လာပြီး သူတို့ရဲ့ တကယ့်အခြေအနေကို မြင်နိုင်ခဲ့တယ်။ သူတို့ကို ကျွန်တော် ကူညီနေရင်းနဲ့ သူတို့ဆီကနေ အများကြီးရဖို့ အခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို ကျွန်တော် မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်သဟာယကနေ ကျွန်တော် အများကြီး တပြိုင်တည်း သင်ယူခဲ့ရတယ်။ အရမ်းမာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်တာကို ရပ်ခဲ့တယ်။ သူများတွေကို ပိုပြီး အကျိုးသင့်အကြောင်းသင့်နဲ့ ပုံမှန် ညီတူညီမျှ ဆက်ဆံနိုင်ခဲ့တယ်။ တစ်ခါတလေမှာ မိတ်သဟာယမျှဝေနေတုန်းမှာ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော့် အဆင့်အတန်းကို ကျွန်တော် လုံးဝ မေ့သွားတယ်။ ကျွန်တော့်ဆီက ဒီပြောင်းလဲမှုအတွက် ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါနေတာကို တွေ့နေရတုန်းပဲဖြစ်ပြီး ဒါဟာ စာတန်က ကျွန်တော့်ကို ဘယ်လောက်နက်နက်နဲနဲ ဖျက်ဆီးထားသလဲဆိုတာ ပြပါတယ်။ ဒါက ခဏပဲဖြစ်တဲ့အရာတစ်ခုမဟုတ်ဘဲ ကျွန်တော့်ရဲ့ အရိုးထဲ အသွေးထဲမှာရှိနေတာပါ။ သမ္မာတရားရဲ့ အာဟာရမရှိရင်၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းမရှိရင် ညီအစ်ကိုမောင်နှမတွေကို ကျွန်တော့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားပြီး ဘုရားနဲ့ ဆက်ယှဉ်ပြိုင်နေမိမှာပဲ။ ဒါ အမှန်တရားပါ။ ပြောင်းလဲဖို့ မလုပ်နိုင်တာက တကယ် အန္တရာယ်ရှိပါတယ်။ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကနေ လွတ်မြောက်အောင် ကူညီပေးတာက သမ္မာတရားပါပဲ။ အဲဒါမရှိရင် ကျွန်တော်အန္တိခရစ်ဖြစ်လာပြီး စီရင်ခံရပြီးသားဖြစ်မှာပဲ။ ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့် ကျွန်တော့်အမြင် ပြောင်းသွားပြီ။ အခု ခေါင်းဆောင်အဖြစ် ကျွန်တော့်တာဝန်အပေါ်မှာ ပိုသန့်စင်တဲ့ အမြင်ရှိလာပါတယ်။ ပိုအရေးကြီးတာက ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ ထိန်းချုပ်မှုခံနေရတာကနေ ဘုရားက ကျွန်တော့်ကို ကယ်တင်နေတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်မ အခု သိပါပြီ

၂၀၂၀ တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။ တချို့ ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံသက်သေခံချက်ဆောင်းပါးကောင်း သုံးလေးခုရေးတာကို...

ကျွန်တော်၏ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှုက အလွန်အဓိပ္ပါယ်မဲ့လှသည်

ကျန်းချင်၊ ရှန်ဒုံစီရင်စု အသင်းတော်ထဲက ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့တို့သည် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် သက်သေခံကြပြီး...

ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ချည်နှောင်မှုများ

ကျယ်လိ စပိန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ နှစ်ပတ်လည် ရွေးကောက်ပွဲတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် အရွေးခံခဲ့ရသည်။ ညီအစ်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။