အခြားသူများကို သက်ညှာခြင်း နောက်ကွယ်တွင် တည်ရှိသည့်အရာ
ဖိန်းကန်း ကိုးရီးယားနိုင်ငံ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက၊ ခေါင်းဆောင်က အစ်ကိုကော်နာနဲ့ ကျွန်တော့်ကို ရေလောင်းတဲ့အလုပ် ကြီးကြပ်ဖို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်မှာ ကျွန်မက ယဲ့ရွှင်နဲ့တွဲပြီး စာနဲ့ပတ်သက်တဲ့အလုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ ယဲ့ရွှင်ရဲ့ အလုပ်လုပ်နိုင်စွမ်းက ကျွန်မထက် ပိုကောင်းပြီး သူက ပိုပြီးတော့လည်း အလုပ်တွင်တယ်။ ပုံမှန်ဆိုရင် ကျွန်မဆီမှာ အခြေအနေ တစ်ခုခုရှိနေရင် သူက ကျွန်မကို ကူညီဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ပေးတတ်တယ်။ ကျွန်မတို့ တော်တော်လေး အဆင်ပြေခဲ့ကြတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာပေါ့၊ စုဝေးပွဲတစ်ခုမှာ ယဲ့ရွှင်က သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို နားလည်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေနဲ့ ပေါင်းစပ်ပြီး ပြောခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ နားလည်မှုက အရမ်းကို ယေဘုယျဆန်တယ်။ သူပြောပြီးသွားတော့ လန်ရှင်းက ယဲ့ရွှင် တာဝန်ထမ်းဆောင်တုန်းမှာ ရှိတဲ့ မာနထောင်လွှားပြီး သူများကို ဘောင်ခတ်တဲ့ အပြုအမူတချို့ကို ထောက်ပြခဲ့တယ်။ ပုံမှန်ဆိုရင် ယဲ့ရွှင်က သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူ့လေသံမှာ အထင်သေးတဲ့သဘော နည်းနည်းပါနေလို့ အဲဒါက သူ့ကို တော်တော်လေး ဘောင်ခတ်တယ်လို့ သူက ပြောတယ်။ ပြီးတော့ သူ့အစွမ်းအစက ညံ့ပြီး တာဝန်အတွက် မလုံလောက်ဘူးလို့ သူခံစားရတဲ့ အချိန်တွေရှိခဲ့တယ်၊ ယဲ့ရွှင်က သူမလုပ်နိုင်ရင် နုတ်ထွက်လိုက်ပါလို့ အထင်သေးတဲ့ပုံစံနဲ့ ပြောခဲ့လို့ အဲဒါက သူ့ကို အရမ်း အပျက်သဘောဆောင်သွားစေတယ်တဲ့။ လန်ရှင်း စကားပြောနေတုန်းမှာ ယဲ့ရွှင်ရဲ့ မျက်နှာက တဖြည်းဖြည်း ပျက်လာတယ်။ လန်ရှင်း မိတ်သဟာယဖွဲ့လို့ ပြီးသွားတဲ့အခါ ယဲ့ရွှင်က ငိုပြီးတော့ သူက သူများတွေကို ဘောင်ခတ်ခဲ့တယ်၊ ဒုစရိုက်အမှု လုပ်ခဲ့တယ်လို့ပြောတယ်၊ ပြီးတော့ သူ့စိတ်အခြေအနေလည်း မကောင်းဘူး။ ယဲ့ရွှင်က လန်ရှင်းထောက်ပြခဲ့တဲ့ ပြဿနာတွေကို အပြည့်အဝ လက်မခံသေးဘူးလို့ ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ ယဲ့ရွှင်က သိက္ခာကို အရမ်းအလေးထားတဲ့သူဆိုတော့ လန်ရှင်းက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူ ချက်ချင်း လက်မခံနိုင်တာက ပုံမှန်ပါပဲလို့ နောက်တော့ ကျွန်မ တွေးလိုက်မိပြန်တယ်။ ခဏနေရင် သူ နည်းနည်း ပိုကောင်းလာမှာပါလေဆိုပြီး ကျွန်မ ဘာမှ ဆက်မပြောတော့ဘူး။ ထမင်းစားနေတုန်း လန်ရှင်းက ယဲ့ရွှင်နဲ့ စကားပြောဖို့ သုံးလေးခါ ကြိုးစားခဲ့ပေမဲ့ ယဲ့ရွှင်က သူ့ကို လျစ်လျူရှုထားတယ်။ အခြေအနေက နည်းနည်း အနေရခက်စရာဖြစ်နေတယ်။ ယဲ့ရွှင်နဲ့ ကျွန်မက ရုံးခန်းတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ကြတာ၊ နေ့လယ်စာစားပြီးတဲ့နောက် လန်ရှင်းက ကျွန်မကို ကွန်ပျူတာကိစ္စ ကူညီပေးဖို့ ရုံးခန်းထဲကို လာတယ်။ အဲဒီနောက်မှာ ယဲ့ရွှင်က လန်ရှင်းကို တမင်သက်သက် ရှောင်နေတဲ့ပုံစံနဲ့ အပြင်ကို ထွက်သွားတယ်။ အရင်တုန်းက သူနဲ့ လန်ရှင်းက ခဏခဏ စကားတွေပြောပြီး အတူတူ ရယ်မောခဲ့ကြပေမဲ့ အခုတော့ သူက တခြားလူတစ်ယောက်လို ဖြစ်နေတယ်။ ယဲ့ရွှင်က လန်ရှင်းအပေါ် အမြင်စောင်းနေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ သူ့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျွန်မ မေးချင်ခဲ့တယ်၊ ပြီးတော့ သူ့သဘောထားက သမ္မာတရားကို လက်မခံတဲ့ သဘောထားဖြစ်ပြီး လူတွေကို ဘောင်ခတ်ခံရသလို ခံစားရစေတယ်ဆိုတာကိုပါ ထောက်ပြချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စိတ်ပြောင်းသွားတယ်၊ “လန်ရှင်းက ခုလေးတင် သူ့ပြဿနာတွေကို ထောက်ပြထားတာ၊ သူက သူ့အခြေအနေကို မပြုပြင်ရသေးဘူးလေ။ အခု ငါသွားပြီး သူ့ကို ဝေဖန်လိုက်ရင် သူ ပိုပြီးတောင် အပျက်သဘောဆောင်သွားရုံပဲ ဖြစ်မလား။ နောက်ပိုင်း သူက ငါ့အပေါ် အမြင်မကြည်ဖြစ်ပြီး ငါ့ကိုပါ လျစ်လျူရှုသွားရင် ငါ ဘယ်လိုလုပ်မလဲ။ ငါတို့က ရုံးခန်းတစ်ခုတည်းမှာ အတူတူရှိနေပြီး အမြဲလိုလို တွေ့နေရတာ။ ငါတို့ရဲ့ ဆက်ဆံရေးသာ အရမ်း အေးစက်သွားရင် နောင်မှာ အဆင်ပြေအောင်နေဖို့ တော်တော်ခက်ခဲသွားမှာပဲ။ နောက်ပိုင်း ငါ့မှာ အခြေအနေတစ်ခုခုဖြစ်လာရင် ဒါမှမဟုတ် အလုပ်မှာ ပြဿနာတစ်ခုခု ကြုံရတဲ့အခါ သူက ငါ့ကို မကူညီတော့ရင် ဘယ်လိုလုပ်မလဲ။ ငါ့ကိုယ်ငါ အရှက်ကွဲအောင် လုပ်မိမှာပဲ မဟုတ်ဘူးလား” လို့ပေါ့။ ဒီလိုတွေးလိုက်မိတော့ ပြောမလို့ ဟန်ပြင်ထားတဲ့ စကားတွေကို ကျွန်မ မျိုချလိုက်တယ်။ ဒါပေမဲ့ ယဲ့ရွှင်ရဲ့ အခြေအနေ မကောင်းဘူးဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်နေရပြီး၊ အဲဒါနဲ့ပတ်သက်လို့ မိတ်သဟာယ မဖွဲ့ပေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ဝင်လာတယ်။ အဲဒီနောက် သတ္တိမွေးပြီး ကျွန်မ မေးလိုက်တယ်၊ “နင့် အခြေအနေ သိပ်မကောင်းဘူးထင်တယ်။ လန်ရှင်း ထောက်ပြသွားတဲ့ ပြဿနာတွေကို ချက်ချင်း လက်ခံဖို့ ခက်နေလို့လား။ နင့်မှာ အတွေးတစ်ခုခုရှိရင် ရင်ဖွင့်ပြီး မိတ်သဟာယဖွဲ့လို့ ရပါတယ်နော်။ ရင်ထဲမှာပဲ အောင့်အည်းမထားပါနဲ့” လို့ပေါ့။ ယဲ့ရွှင်က “ငါ အဆင်ပြေပါတယ်။ အဲဒါကို ဆင်ခြင်နေတာ” လို့ တိုးတိုးလေးပြောပြီး ဘာမှ ဆက်မပြောတော့ဘူး။ သူက အဲဒါနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း မိတ်သဟာယမဖွဲ့ချင်တာကို မြင်တော့ ကျွန်မ ရုတ်တရက် ဘာပြောရမှန်း မသိဖြစ်သွားတယ်။ ကျွန်မသာ တစ်ခုခု ထပ်ပြောလိုက်ရင် ကိုယ့်အပေါ် မလိုမုန်းထားဖြစ်သွားမှာ၊ နောက်ပြီး အမြင်မကြည်ဖြစ်သွားမှာကို ကျွန်မ စိုးရိမ်မိတယ်။ အဲဒါနဲ့ အားပေးစကား နည်းနည်းပါးပါးပဲ ပြောပြီး စကားဝိုင်းကို အမြန်ပဲ အဆုံးသတ်လိုက်တယ်။
အဲဒီနောက်မှာ ယဲ့ရွှင်က နှစ်ရက်ဆက်တိုက် ခေါင်းငုံ့ပြီး စားလိုက်၊ အလုပ်လုပ်လိုက်ပဲ နေတော့တယ်။ ကျွန်မတို့ တစ်ခုခုမေးမှ စကားတစ်ခွန်း၊ နှစ်ခွန်းလောက် ပြန်ပြောတာကလွဲရင် သူက လုံးဝကို စကားမပြောတော့သလောက်ပဲ။ အရင်တုန်းကဆိုရင် ကျွန်မတို့အလုပ်မှာ ကျွန်မ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တဲ့ ပြဿနာတွေရှိလာတိုင်း ယဲ့ရွှင်က သူ့အမြင်တွေကို တက်တက်ကြွကြွ ပြောပြပြီး အကြံဉာဏ်တချို့ ပေးတတ်တယ်။ ကျွန်မအလုပ်စာတွေထဲမှာ မိတ်သဟာယဖွဲ့တာ ရှင်းလင်းမှုမရှိတဲ့ အပိုင်းတွေရှိရင်လည်း ပိုကောင်းလာအောင် သူက ကူညီပေးတတ်တယ်။ ဒါပေမဲ့ ဒီနှစ်ရက်အတွင်းမှာတော့ ယဲ့ရွှင်က ကျွန်မတို့အလုပ်မှာ ကြုံရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတောင် မိတ်သဟာယ မဖွဲ့တော့ဘူး။ အဲဒါတွေကို ကျွန်မ ထုတ်ပြောပြီး ဆွေးနွေးချင်ခဲ့ပေမဲ့ ယဲ့ရွှင် စိတ်အခြေအနေ မကောင်းတာကို မြင်တော့ အလုပ်အကြောင်း ဆွေးနွေးရင်လည်း ဘာရလဒ်ကောင်းမှ ရဖို့ မလွယ်မှာကို တွေးမိပြီး မပြောဖြစ်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့ အလုပ်ကို ထိခိုက်သွားတယ်။ အဲဒီနောက် ယဲ့ရွှင်က သူ့ပြဿနာတွေကို သူသတိပြုမိလာအောင် သူ့အပြုအမူကို ကျွန်မ ဖော်ထုတ်ချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ လန်ရှင်းက သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အကြမ်းဖျင်းလောက်ပဲ ပြောခဲ့တာတောင်မှ၊ ယဲ့ရွှင်ရဲ့ အခြေအနေက ဒီလောက်အထိ ဆိုးသွားခဲ့တာလို့ ကျွန်မ တွေးမိပြန်တယ်။ သူက သမ္မာတရားကို လက်မခံဘူးလို့ ကျွန်မ ထပ်ပြောလိုက်ရင်၊ သူက ကျွန်မအပေါ် အာဃာတထားသွားပြီး သူ့စိတ်ထဲမှာ အတားအဆီးတစ်ခုနဲ့ သူ့တာဝန်ကို ထမ်းဆောင်နေတော့မှာ မဟုတ်ဘူးလား။ အဲဒီလိုဆိုရင် ကျွန်မတို့ အဆင်ပြေအောင်နေဖို့ ဘယ်လောက်တောင် ခက်ခဲသွားမလဲ။ အဲဒါနဲ့ ယဲ့ရွှင်ကို နားဝင်အောင် ကျွန်မ ပြောလိုက်တယ်၊ “နင့်မှာ အတွေးတစ်ခုခုရှိရင် ပြောလို့ရပါတယ်နော်။ နင်က ဒီလိုမျိုး ဘာမှမပြောဘဲ ဆက်နေနေရင် လူတွေကို ဘောင်ခတ်မိမှာပဲ။ ငါတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဆင်ခြင်သုံးသပ်လို့ရအောင် ဘုရားသခင်က ဒီလိုပတ်ဝန်းကျင်မျိုးကို စီစဉ်ဖွဲ့စည်းပေးထားတာလေ။ ဒါက ငါတို့ရဲ့ အသက် ဝင်ရောက်မှုအတွက် အကျိုးရှိတယ်” လို့ပေါ့။ သူက “ငါ ဖြည်းဖြည်းချင်း ဆင်ခြင်နေတယ်။ ငါ အဆင်ပြေပါတယ်။ ဒီလိုနေတာ ပိုကောင်းပါတယ်။ ရှေ့လျှောက် ငါ စကားနည်းနည်းပဲ ပြောရင်၊ လူတွေကို ဘောင်ခတ်ခံရသလို ခံစားမိအောင် လုပ်မိမှာ မဟုတ်ဘူးလေ” လို့ တိုးတိုးလေး ပြန်ပြောတယ်။ ယဲ့ရွှင်က စိတ်ဆိုးနေသေးသလိုပုံစံနဲ့ ပြောနေတာကို မြင်လိုက်ရတော့ ကျွန်မ ထပ်ပြီး တုံ့ဆိုင်းသွားပြန်တယ်။ “ငါက သူ့ပြဿနာတွေကို ထောက်ပြလိုက်လို့ သူက လက်မခံဘူးဆိုရင် ငါ့ကိုပါ လျစ်လျူရှုသွားမလား။ ထားလိုက်ပါတော့၊ သူ ပွင့်ပွင့်လင်းလင်းနဲ့ မိတ်သဟာယဖွဲ့ချင်တဲ့ အချိန်ရောက်တဲ့အထိ စောင့်လိုက်တာပေါ့” လို့ တွေးလိုက်တယ်။ နောက်ပိုင်း ကျွန်မတို့ အလုပ်အကြောင်း အတူတူ ဆွေးနွေးကြတဲ့အခါမှာလည်း ယဲ့ရွှင်က စကားသိပ်မပြောသေးဘူး။ ယဲ့ရွှင် ဖြစ်နေတဲ့ပုံစံကို လန်ရှင်းမြင်တော့ သူ ဘာလုပ်ရမှန်း သိပ်မသိတော့ဘူး။ သူ့အမှားလို့ သူခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်စိတ် ဝင်နေခဲ့တယ်။ သူ့ရဲ့ အခြေအနေကလည်း နည်းနည်း စိတ်မချမ်းမသာဖြစ်နေတယ်။ အဲဒီနှစ်ရက်လုံးလုံး ဒီကိစ္စကိုပဲ ကျွန်မ တွေးနေမိတယ်။ တာဝန်ထမ်းဆောင်တဲ့အခါမှာတောင် ကျွန်မရဲ့ စိတ်နှလုံးကို ငြိမ်သက်အောင် မထားနိုင်ခဲ့ဘူး။ ကျွန်မ ကိုယ့်အခြေအနေကို ပြောပြဖို့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် နားလည်လာအောင် ဦးဆောင်ပေးပါလို့ တောင်းလျှောက်ခဲ့တယ်။
အဲဒီနောက် ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်၊ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့နှင့် မကောင်းသောလူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားမလည်သကဲ့သို့ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ရင်ဆိုင်ကာ ပြောလိုသော်လည်း သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ်လျှင် သင်သည် မလိမ့်တပတ်လုပ်ပြီး အမှန်အတိုင်းမပြောပေ။ မြင်တတ်သောသူတို့သည် ဤအရာကို မြင်နိုင်သည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောရသေးကြောင်း၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုမရှိကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်နေကြောင်း၊ ပြဿနာ မပြေလည်သေးကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ထိုသို့ဆိုလျှင် သင်သည် စာတန်ဆန်သော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်မဟုတ်လော။ သင်ပြောသည့်အရာအချို့သည် အမှန်တရားများနှင့် ကိုက်ညီသော်လည်း အဓိကကျသောနေရာများနှင့် အရေးပါသော ကိစ္စများတွင် သင်သည် လိမ်ညာပြီး လူတို့ကို လှည့်စားသည်။ ဤသည်မှာ သင်သည် လိမ်ညာသောသူဖြစ်ပြီး ဆိုးယုတ်သော စိတ်သဘောထားဖြင့် ရှင်သန်သောသူဖြစ်သည်ကို သက်သေပြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတွေက အချိန်တော်တော်များများမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိကြပေမဲ့၊ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ ကြီးစိုးတာကို ခံရတဲ့အခါ ကိုယ်ကျိုးစီးပွားကိုပဲ အရမ်းထည့်တွက်တတ်ကြပြီး၊ ညီအစ်ကိုမောင်နှမတွေဆီမှာ ပြဿနာတွေရှိနေတာကို ရှင်းရှင်းလင်းလင်း မြင်နေရရင်တောင်မှ အဲဒါတွေကို မထောက်ပြရဲ၊ မဖော်ထုတ်ရဲကြဘူးဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ သူတို့က ထောက်ပြခဲ့ရင်တောင်မှ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မစဉ်းစားဘဲ တစ်ဝက်လောက်ကို ချန်ထားပြီး လှည့်ပတ်ပြောဆိုတတ်ကြတယ်။ ကျွန်မက ကွက်တိကို ဒီအခြေအနေမှာ ရှိနေခဲ့တာလေ။ ယဲ့ရွှင်က လန်ရှင်းရဲ့ လမ်းပြမှုကို လက်မခံခဲ့ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်၊ လန်ရှင်းက စကားပြောတဲ့အခါ ယဲ့ရွှင်က သူ့ကို လျစ်လျူရှုထားခဲ့လို့ အဲဒါက လန်ရှင်းကို ဘောင်ခတ်သွားစေတယ်။ ကျွန်မက အချိန်မီ မိတ်သဟာယဖွဲ့ပြီး ကူညီပေးသင့်တာပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ သူက သမ္မာတရားကို လက်မခံဘူးဆိုတာကို ကျွန်မ ထောက်ပြလိုက်ရင်၊ သူက ချက်ချင်း လက်မခံဘဲ ကိုယ့်အပေါ်အမြင်မကြည်ဖြစ်သွားမှာ၊ ပြီးတော့ နောက်ပိုင်း ကျွန်မမှာ အခက်အခဲတစ်ခုခုရှိလာရင် ကိုယ့်ကို မကူညီမှာကို ကျွန်မ စိုးရိမ်နေခဲ့တယ်။ အဲဒါကြောင့်မို့လို့ သူ့အခြေအနေနဲ့ပတ်သက်ပြီး ပါးပါးနပ်နပ်ပဲ ကျွန်မ မေးခဲ့တယ်။ သူက ပွင့်ပွင့်လင်းလင်း မပြောချင်ဘူးဆိုတာကို မြင်တဲ့အခါ သူ့ပြဿနာတွေကို ဖော်ထုတ်လိုက်ရင် ကိုယ့်အပေါ် မလိုမုန်းထားဖြစ်သွားမှာကို ကျွန်မ ထပ်စိုးရိမ်လာပြန်လို့၊ ပြောမလို့ ဟန်ပြင်ထားတဲ့ စကားတွေကို မျိုချလိုက်မိတာပေါ့။ နောက်ပိုင်းမှာ ယဲ့ရွှင်ရဲ့ အခြေအနေက ပြောင်းလဲမလာခဲ့သေးဘူး။ သုံးလေးရက်ဆက်တိုက်ဆိုသလို သူက ကျွန်မတို့နဲ့ စကားသိပ်မပြောဘဲ၊ အလုပ်နဲ့ပတ်သက်ပြီး ဆက်သွယ်တာ ဒါမှမဟုတ် ပုံမှန်အတိုင်း ဆွေးနွေးတာတွေ မလုပ်နိုင်ခဲ့ဘူး။ အလုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း ကျွန်မတို့ ရလဒ်ကောင်းတွေ မရနိုင်ခဲ့ဘူး။ ယဲ့ရွှင်ရဲ့ ပြဿနာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့ အဲဒါတွေကို မဖော်ထုတ်ရဲခဲ့ဘူး။ လန်ရှင်းရဲ့ အခြေအနေနဲ့ အသင်းတော်အလုပ် ထိခိုက်နေတာကို ကျွန်မ ရပ်ကြည့်နေခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ရှိတာက ကိုယ်ကျိုးစီးပွားပဲ။ အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ခဲ့ဘူး။ ကျွန်မက လှည့်ဖြားတတ်ပြီး အရမ်းကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရပြီး၊ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်နိုင်ရခြင်းရဲ့ ဇာစ်မြစ်နဲ့ပတ်သက်ပြီး နားလည်မှုတစ်ခု ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ မိတ်ဆွေကောင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အချင်းချင်း လှည့်ဖြားကြကာ အချင်းချင်းထံမှ အမှုအရာများကို ဖုံးဖိထားကြပြီး အချင်းချင်း အကောက်ကြံကြ၏။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် စဉ်းလဲသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးတစ်ခုကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ မကြာခဏ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက် သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ ထိုအခြေအနေသို့ မကျရောက်လိုသဖြင့် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချခြင်းဖြစ်သည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော လူမှုဆက်ဆံရေးတစ်ခုတွင် လူတစ်ဦးနှင့် တစ်ဦးကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းများကို မလုပ်ဆောင်နိုင်သကဲ့သို့ လေးနက်သော ဆက်သွယ်မှုကို မရနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများအား မျက်နှာလိုမျက်နှာရ လုပ်ရန် ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများက ၎င်းတို့အပေါ် ရန်လိုသောအတွေးများ မဖြစ်လာစေရန် တားဆီးဖို့အလို့ငှာ ၎င်းတို့သည် အမှန်တရားအကြောင်း မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မစောင့်ထိန်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးမြှင့်တင်ရာတွင် ဤသည်မှာ လူတို့၏ ရည်ရွယ်ချက် မဟုတ်သလော။ (ဟုတ်ပါသည်။) သိသာထင်ရှားစွာပင် ဤသည်မှာ သတိထားရှောင်ခြင်း နည်းလမ်းတစ်မျိုး ပါဝင်သည့် ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်သည့် ရှင်သန်မှု နည်းလမ်းတစ်ခု ဖြစ်ပြီး ယင်း၏ ပန်းတိုင်မှာ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ဤသို့အသက်ရှင်ရာတွင် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ လူတို့ကြားတွင် တစ်ဦးချင်းစီက ၎င်းတို့ လိုအပ်သည့်အရာကို ထိုပေါင်းသင်းဆက်ဆံရေးမှ ယူဆောင်ခြင်းဖြင့် အပြန်အလှန် သတိထားရှောင်ခြင်း၊ အပြန်အလှန် အသုံးချခြင်းနှင့် အပြန်အလှန် ကျိတ်ကြံစည်ခြင်းများ ရှိကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပရိယာယ်နှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုထက် မပိုပေ။ ဤအဆိုအမိန့်နှင့် ကျင့်သုံးမှုကို လိုက်နာခြင်းကို ကောင်းသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုဟု ယူဆ၍ရနိုင်သလော။ လုံးဝ ယူဆ၍မရနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ယဲ့ရွှင်ရဲ့ ပြဿနာတွေကို တိုက်ရိုက် မထောက်ပြရဲခဲ့တဲ့ အကြောင်းရင်းက၊ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် စာတန်ရဲ့အတွေးအခေါ်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့လို့ဆိုတာကို မြင်လိုက်ရတယ်။ လောကီဆိုင်ရာ ဆက်ဆံမှုတွေမှာ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” နဲ့ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” စတဲ့ ဆိုရိုးစကားတွေကို ကိုယ်ပိုင်ချဉ်းကပ်မှုအဖြစ် ကျွန်မ လက်ခံကျင့်သုံးခဲ့တယ်။ လူတွေနဲ့ အဆင်ပြေဖို့ဆိုရင် သူတို့ကို အလျှော့ပေးရမယ်၊ သူတို့ လက်ခံရလွယ်အောင် ပြောရမယ်၊ သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေရဘူးလို့ တွေးခဲ့ပြီး၊ ဒါမှသာ လူတွေနဲ့ ဆက်ဆံရေးကို ကာကွယ်နိုင်ပြီး လူအများကြားမှာ နေရာရနိုင်မယ်လို့ ထင်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ မယုံကြည်ခင်ကဆိုရင်၊ တစ်ယောက်ယောက် အမှားလုပ်ခဲ့ရင် အဲဒါကို တိုက်ရိုက် မထောက်ပြရဲဘူး။ တစ်ခုခုပြောရင်တောင် အရမ်းကို ပါးပါးနပ်နပ်ပြောတတ်လို့၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တော်တော်လေး အဆင်ပြေခဲ့တယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်းရသင်းရ အဆင်ပြေအောင် လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် ဒီအတွေးအခေါ်တွေကိုပဲ ဆက်အားထားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး အသင်းတော်အလုပ်အတွက် အကျိုးမရှိတဲ့နည်းလမ်းနဲ့ လုပ်နေတာကို မြင်ရင်တောင်၊ သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှာစိုးလို့ ကျွန်မ မထောက်ပြရဲခဲ့ဘူး။ အထူးသဖြင့် လန်ရှင်း ထောက်ပြတဲ့ ပြဿနာတွေကို ယဲ့ရွှင် လက်မခံဘဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ရင်း တာဝန်တွေကို နှောင့်နှေးစေတာကို မြင်တဲ့အခါ၊ ကျွန်မက မိတ်သဟာယဖွဲ့ပြီး လမ်းညွှန်ပေးသင့်တယ်၊ သမ္မာတရားကို လက်မခံခြင်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို နားလည်အောင် ကူညီပေးသင့်တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးရိမ်လို့ သူ့အခြေအနေကို ဝေ့ဝိုက်မေးရုံမေးခဲ့ပြီး သူ့ပြဿနာတွေကို မထောက်ပြခဲ့ဘူး။ အကျိုးဆက်အနေနဲ့ သူက အမြဲတမ်း စိတ်ကောက်နေပြီး သူ့တာဝန်ကို သေချာမထမ်းဆောင်တဲ့အတွက် အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် စာတန်ရဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာဟာ ရိုးသားတာ ဒါမှမဟုတ် လူတွေကို ကူညီတာ လုံးဝမဟုတ်ဘူး၊ ပြီးတော့ အသင်းတော်အလုပ်ကိုလည်း မကာကွယ်ဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒါက ကျွန်မကို ပိုပြီး လှည့်ဖြားတတ်စေတယ်၊ ပိုပြီး တစ်ကိုယ်ကောင်းဆန်စေတယ်၊ ဒါဟာ ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ တကယ် ထိခိုက်စေတာပဲ။ တကယ် ပုံမှန် လူ့သဘာဝရှိတဲ့သူတွေက ညီအစ်ကိုမောင်နှမတွေ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေတာကို မြင်တဲ့အခါ၊ မေတ္တာကို အခြေခံပြီး ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ပေးမှာပဲ၊ နောက်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်အောင် ကူညီပေးမှာပဲ။ ဒါပေမဲ့ ကျွန်မကတော့ သူ့ပြဿနာတွေကို ထောက်ပြလိုက်ရင် ယဲ့ရွှင်က ကျွန်မအပေါ် အမြင်မကြည်ဖြစ်သွားမှာ၊ နောက်ပိုင်းမှာ ကျွန်မတို့ အဆင်ပြေအောင်နေဖို့ ပိုခက်သွားမှာကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်မ တွေးခဲ့တာက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာချည်းပဲ။ ညီအစ်မရဲ့ အသက် ဝင်ရောက်မှု ဒါမှမဟုတ် အသင်းတော်အလုပ်ကို လုံးဝ မစဉ်းစားခဲ့ဘူး။ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ ကျွန်မ တစ်စက်မှ မပြောင်းလဲသေးဘူးဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မမှာ ပုံမှန် လူ့သဘာဝ မရှိဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမှုကို တကယ်ပဲ ခံခဲ့ရတာပေါ့။ ဒါကို နားလည်လိုက်တဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ နောင်တတရားတွေ ပြည့်နှက်သွားတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ ဦးဆောင်ပေးဖို့အတွက်လည်း ကိုယ့်အခြေအနေကို ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
အဲဒီနောက်မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်က ကျွန်မအတွက် တော်တော်လေး အထောက်အကူဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်ခါတစ်ရံတွင် သဟဇာတဖြစ်ခြင်းသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို ဆိုလိုသည်။ သို့သော် ခိုင်မြဲစွာ ရပ်တည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းခြင်းကိုလည်း ဆိုလိုသည်။ သဟဇာတဖြစ်ခြင်းသည် အဆင်ပြေအောင် ဖာထေးခြင်း၊ သို့မဟုတ် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ရန် ကြိုးစားခြင်း၊ သို့မဟုတ် အလျှော့ပေးသော ချဉ်းကပ်နည်းကို ကျင့်သုံးခြင်းတို့ကို မဆိုလိုပေ။ ထို့အပြင် ယင်းမှာ တစ်စုံတစ်ဦးကို မျက်နှာလိုမျက်နှာရ လုပ်ခြင်းကိုလည်း သေချာပေါက် မဆိုလိုပေ။ ဤသည်တို့မှာ စည်းမျဉ်းများ ဖြစ်ကြသည်။ သင်သည် ဤစည်းမျဉ်းများကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သတိမထားမိဘဲ သင်၏ စကားနှင့် လုပ်ရပ်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လာလိမ့်မည်။ သင်သည် လူတို့ကို ဆက်ဆံပုံတွင် စည်းမျဉ်းများ ရှိလာမည်ဖြစ်ပြီး အခြားသူများကို မျှတစွာ ဆက်ဆံနိုင်လာလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် ညီအစ်ကိုမောင်နှမများနှင့် သင့်မြတ်စွာ ပေါင်းသင်းနိုင်မည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုကို ရရှိရန် လွယ်ကူပေလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့တွင် စာတန်၏ အတွေးအခေါ်များအတိုင်း၊ မိမိတို့၏ နှစ်သက်မှုများ၊ လိုအင်ဆန္ဒများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များအတိုင်း အသက်ရှင်ပြီး မိမိတို့၏ စကားနှင့် လုပ်ရပ်များတွင် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒကို အစဉ်သဖြင့် လိုက်နာပါက ၎င်းတို့သည် အခြားသူများနှင့် သင့်မြတ်စွာ ပေါင်းသင်းနိုင်မည်မဟုတ်သကဲ့သို့ မိမိတို့၏ တာဝန်များကိုလည်း ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ စာတန်၏ အာဏာအောက်တွင် အသက်ရှင်သော လူအားလုံးသည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်တိုင်အတွက် ကျိတ်ကြံစည်ကြသည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားကြပြီး မိမိတို့၏ အကြံအစည်များကို လျှို့ဝှက်ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် အချင်းချင်း ကျိတ်ကြံစည်ပြီး မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ထိုသို့သောလူများသည် သမ္မာတရားကို လက်ခံနိုင်ခြင်းမရှိသည့်အပြင် သာ၍ပင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ဤသို့ဖြင့် ၎င်းတို့သည် စည်းလုံးညီညွတ်မှုကို ရရှိနိုင်စွမ်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) “လူ့အကြိုက်လိုက်သူတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင် ကိစ္စရပ်တိုင်းတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ သို့မဟုတ် စည်းမျဉ်းများကို စောင့်ထိန်းမည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ပါဝင်သည့် ကိစ္စရပ်များဖြင့် ရင်ဆိုင်ရသည့်အခါတွင် သင်သည် စည်းမျဉ်းများကို ထိန်းသိမ်းနိုင်ရန်၊ သင့်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နိုင်ရန်၊ စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်နိုင်ရန်၊ သင်ထိန်းသိမ်းသင့်သော နေရာကို စွဲမြဲစွာ ထိန်းသိမ်းရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်၊ ဘုရားအိမ်တော်၏ အလုပ် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရအောင် ဟန့်တားရန်အလို့ငှာ သင့်ကို ယုံကြည်ခြင်းနှင့် ခွန်အားတို့ ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်လျက် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ မိမိ၏ ဂုဏ်သိက္ခာနှင့် လူ့အကြိုက်လိုက်သူတစ်ဦးနှင့်ဆိုင်သော အမြင်ရှုထောင့်တို့ကို ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် အကြွင်းမဲ့ လုပ်ဆောင်နိုင်လျှင် စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ကာ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ အတွေးအခေါ်တို့ဖြင့် ခေါင်းမာစွာ မရမက အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ကာကွယ်ပါက၊ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်နိုင်ဘဲ စည်းမျဉ်းများကို မစောင့်ထိန်းရဲပါက သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှုမျှ သို့မဟုတ် မည်သည့်ခွန်အားမျှ ရှိဦးမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် လက်ခံခြင်း မရှိပါက ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရစေပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် စာတန်၏ အတွေးအခေါ်ဖြင့် အစဉ်သဖြင့် အသက်ရှင်နေထိုင်ကာ သမ္မာတရားလက်တွေ့ကျမှု စိုးစဉ်းမျှမရှိဘဲ စာတန်၏အာဏာအောက်တွင် အသက်ရှင်နေထိုင်နေဆဲဖြစ်ပါက သင် မည်သည့်အခါမျှ သေချာပေါက် ကယ်တင်ခြင်းမခံရနိုင်ပေ။ သမ္မာတရားကို ရရှိခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ သို့ဆိုလျှင် သင်သည် သမ္မာတရားကို မည်သို့ ကြိုးပမ်းရရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင်သည် သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားသည် သင့်အသက်တာ၏အခြေခံ ဖြစ်လာပါက၊ သင်သည် သမ္မာတရားကို ရရှိမည်ဖြစ်ပြီး အသက်ကို ရရှိမည်ဖြစ်သောကြောင့် သင်သည် ကယ်တင်ခြင်းခံရသည့် သူများထဲမှ တစ်ဦးဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) စစ်မှန်တဲ့ သဟဇာတဖြစ်မှုဆိုတာ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းသက်သက် မဟုတ်ဘူး၊ စည်းမျဉ်းတွေလည်း ရှိရမယ်၊ ကိုယ့်ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ရမယ်လို့ ဘုရားသခင်က ပြောထားပါတယ်။ အလယ်အလတ်လမ်းကြောင်းကို စွဲကိုင်လို့မရဘူး၊ လူ့အကြိုက်လိုက်သူ လုပ်လို့မရဘူး။ သမ္မာတရား စည်းမျဉ်းတွေကို အခြေခံပြီး လူတွေနဲ့ ဆက်ဆံပြီး တွဲလုပ်မှ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီနိုင်မယ်လေ။ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် စာတန်ရဲ့ အတွေးအခေါ်တွေနဲ့ အမြဲအသက်ရှင်ပြီး လူမှုဆက်ဆံရေးကို ကာကွယ်နေရင်၊ သမ္မာတရား စည်းမျဉ်းတွေကို မစောင့်ထိန်းနိုင်ဘဲ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်နိုင်ရင်၊ နောက်ဆုံးမှာ သမ္မာတရားကို သေချာပေါက် ရနိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ ခံရတဲ့သူတွေထဲက တစ်ယောက် ဖြစ်သွားမှာပဲ။ ကျွန်မက လူ့အကြိုက်လိုက်သူတစ်ယောက်ရဲ့ အတွေးအခေါ်တွေ၊ အမြင်တွေနဲ့ အသက်ရှင်နေခဲ့တယ်။ ယဲ့ရွှင်ရဲ့ ပြဿနာတွေကို ထောက်ပြပြီး သူ့ကိုယ်သူ နားလည်အောင်၊ အခြေအနေကို ပြုပြင်ပြောင်းလဲလို့ရအောင် သူ့ကို ကူညီသင့်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့တယ်၊ ဒါပေမဲ့ အဲဒါတွေကို ထောက်ပြလိုက်ရင် ကျွန်မတို့ကြားက ဆက်ဆံရေး ထိခိုက်သွားစေမှာကို အမြဲစိုးရိမ်နေခဲ့တယ်။ အဲဒါကြောင့် ရင်ဖွင့်ပြီး မိတ်သဟာယဖွဲ့တာကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ အပေါ်ယံကြည့်ရင် ကျွန်မတို့ နှစ်ယောက်က သဟဇာတဖြစ်တဲ့ ဆက်ဆံရေးရှိနေသယောင် ထင်ရပေမဲ့၊ သူက သူ့ပြဿနာတွေကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘဲ သူ့အခြေအနေက ပိုပိုပြီး ဆိုးလာတယ်။ လူတိုင်း ဘောင်ခတ်ခံခဲ့ရပြီး အလုပ်လည်း ထိခိုက်ခဲ့တယ်။ ဒီအရာတွေအားလုံးဟာ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး၊ ယဲ့ရွှင်က သမ္မာတရားကို လက်မခံတဲ့ သူ့အပြုအမူနဲ့ အဲဒါရဲ့ သဘာဝကို ထောက်ပြရမယ်။ မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ပြီးတဲ့နောက်မှာ သမ္မာတရားကို သူလက်ခံရင်၊ သူ့အတွက် ကောင်းတာပေါ့၊ ဒါက တကယ့်အကူအညီဖြစ်မှာပဲလေ။ ဒါပေမဲ့ မိတ်သဟာယဖွဲ့ပြီးတာတောင် သူက လက်မခံဘဲ အတိုက်အခံလုပ်နေတုန်းဆိုရင်တော့ ကျွန်မအနေနဲ့ ပိုင်းခြားသိမြင်မှုတချို့ ရဖို့ လိုမှာပဲ။ အဲဒီညက ယဲ့ရွှင်ရဲ့ ပြဿနာတွေကို ထောက်ပြနိုင်အောင် ယုံကြည်ခြင်းပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းပြီး တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် ယဲ့ရွှင်ရဲ့ အခြေအနေကို မေးဖို့ ကျွန်မဘက်က စပြီး စကားစခဲ့တယ်၊ ပြီးတော့ သမ္မာတရားကို လက်မခံတာနဲ့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ သူ့အပြုအမူတွေကို ထောက်ပြခဲ့တယ်။ ယဲ့ရွှင်က ကျွန်မပြောတာကို နားထောင်ပြီးတဲ့နောက် သူ့အခြေအနေကို သူ နည်းနည်း နားလည်သွားပြီး ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိလာတယ်။ သူက သမ္မာတရားကို လက်ခံဖို့ ဆန္ဒရှိတာကို ကျွန်မ မြင်ခဲ့ရတယ်၊ ဒါပေမဲ့ အစပိုင်းမှာတော့ သူက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ရှင်သန်နေတာဖြစ်လို့ ချက်ချင်းကြီးတော့ မပြောင်းလဲနိုင်ဘူးပေါ့။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်တဲ့အခါ စိတ်ထဲမှာ သက်သာရာရပြီး ငြိမ်သက်တယ်ဆိုတာကိုလည်း ကျွန်မ တွေ့ကြုံခံစားရတယ်။
နောက်နေ့ စုဝေးပွဲမှာ ယဲ့ရွှင်က သူ့အခြေအနေအကြောင်း မိတ်သဟာယဖွဲ့တဲ့အခါ၊ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ လူတွေကို ဘောင်ခတ်နေတာ၊ သမ္မာတရားကို လက်မခံခဲ့တာတွေကို သူသိပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကိုတော့ သူ နားမလည်ခဲ့ဘူး။ အဲဒီအခါ ကျွန်မ ထပ်ပြီး ဝေခွဲမရဖြစ်လာပြန်တယ်၊ “သူ အသေးစိတ် ပိုနားလည်သွားအောင် ငါ ထပ်ပြီး ထောက်ပြပေးသင့်တယ်ထင်တယ်။ ယေဘုယျလောက်ပဲ နားလည်ရင် နောက်ပိုင်းမှာ အခြေအနေကို ပြောင်းလဲဖို့နဲ့ ဝင်ရောက်ဖို့အတွက် အထောက်အကူမဖြစ်ဘူးလေ။ ဒါပေမဲ့ ငါ ထောက်ပြလိုက်ရင်၊ ငါက သူ့အပေါ် တောင်းဆိုမှုတွေ အရမ်းများတယ်လို့ သူ ထင်သွားမလား။ သူ လက်မခံနိုင်ဘဲ ထပ်ပြီး အပျက်သဘောဆောင်သွားရင် ဘယ်လိုလုပ်မလဲ။ ငါ့အပေါ် အာဃာတ ထားသွားရင် ငါတို့ ရှေ့လျှောက် ဘယ်လို အဆင်ပြေအောင်နေမလဲ။ သူဖြည်းဖြည်းချင်း သူ့ဘာသာသူ နားလည်လာအောင်ပဲ ထားလိုက်တာ ကောင်းမလား” လို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ နည်းနည်း ပြန်တွန့်ဆုတ်သွားတယ်။ ဒီအချိန်မှာ ကျွန်မ တုံ့ဆိုင်းနေသေးတာက သူနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းချင်လို့ဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းပြီး ကျွန်မကို ယုံကြည်ခြင်းပေးဖို့၊ ညီအစ်မကို ရိုးသားတဲ့ စိတ်နှလုံးနဲ့ ဆက်ဆံနိုင်ဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက် ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်၊ “တည်ဆောက်ပေးသည့် စကားကို မည်သို့ ဖော်ပြသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ နားလည်ပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် အချို့သော အထူးအခြေအနေများတွင် အခြားသူများ၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ၎င်းတို့ကို ပြုပြင်ရန် လိုအပ်လာသည်၊ သို့မှသာ ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်မှုနှင့် နောင်တရသော စိတ်နှလုံးကို ရရှိကြမည်ဖြစ်သည်။ သို့မှသာ ရလဒ်များကို ရရှိနိုင်မည် ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်ပုံနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးရှိသည်။ ယင်းမှာ ၎င်းတို့အတွက် စစ်မှန်သော အကူအညီဖြစ်ပြီး ၎င်းတို့အတွက် တည်ဆောက်မှုဖြစ်စေသည်၊ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) လူတွေကို အကူအညီဖြစ်စေတာက အားပေးစကားတွေ၊ တိုက်တွန်းနှိုးဆော်ခြင်းတွေ တင်မကဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ လူတွေရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြုပြင်တာ၊ သူတို့ရဲ့ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို ထောက်ပြတာက ပိုပြီး စိတ်ဓာတ်မြှင့်တင်ပေးရာရောက်တယ်။ ဒါက လူတွေကို ကိုယ့်အခြေအနေကို ပိုနားလည်ဖို့၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ ကူညီပေးနိုင်ပြီး သူတို့ရဲ့ အသက် ဝင်ရောက်မှုအတွက်လည်း အကျိုးရှိတယ်။ အခုဆို ယဲ့ရွှင်က သူ သမ္မာတရားကို လက်မခံခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို နားမလည်သေးဘူး။ အဲဒါကို ထောက်ပြပေးပြီး သူ့ကိုယ်သူ ပိုနားလည်အောင် သူ့ကို ကျွန်မ ကူညီပေးနိုင်တယ်။ ဒါက သူ့ရဲ့ ကိုယ်ပိုင် အသက် ဝင်ရောက်မှုအတွက်ရော အသင်းတော်အလုပ်အတွက်ပါ အကျိုးရှိစေမှာပါ။ ယဲ့ရွှင် ကျွန်မအပေါ် ဘယ်လိုပဲထင်ထင် အရေးမကြီးပါဘူး။ အရေးအကြီးဆုံးက ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ညီအစ်မကို တကယ့်အကူအညီပေးဖို့ပဲ။ ဒါကြောင့်မို့လို့ ယဲ့ရွှင်ရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို ကျွန်မ ဖတ်ပြပြီး၊ သူ့ရဲ့ နားလည်မှုက ယေဘုယျဆန်ပြီး အသေးစိတ် မကျဘူးဆိုတာကို ထောက်ပြလိုက်တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ပေါင်းစပ်ပြီး၊ ဒီလိုပြုမူခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ မိတ်သဟာယဖွဲ့ပေးလိုက်တော့ လောလောဆယ် သူ့မှာ အရမ်းနက်ရှိုင်းတဲ့ နားလည်မှု မရှိသေးဘူးဆိုတာကို ယဲ့ရွှင် ဝန်ခံခဲ့ပြီး၊ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိလာတယ်။ လန်ရှင်းကိုလည်း အဲဒီနေရာမှာတင် သူက တောင်းပန်ခဲ့တယ်။ လန်ရှင်းကလည်း သူ့ရဲ့ ကိုယ်ပိုင် အခြေအနေကို မိတ်သဟာယဖွဲ့ခဲ့တယ်။ လူတိုင်းက ကိုယ့်အကြောင်းကိုယ် ပွင့်ပွင့်လင်းလင်း ပြောလာကြပြီး၊ တစ်ယောက်နဲ့တစ်ယောက်ကြားမှာမှ အတားအဆီးတွေ မရှိတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်တာက လူတွေကို ဘယ်လိုအကူအညီနဲ့ အကျိုးကျေးဇူးတွေ ရစေတယ်ဆိုတာကို ကျွန်မ တကယ်ကို တွေ့ကြုံခံစားရတယ်။ လူတွေက သမ္မာတရားကို လက်ခံဖို့ ဆန္ဒရှိနေသရွေ့တော့ ပြဿနာတွေကို ထောက်ပြတာ၊ အချင်းချင်း ကူညီတာ၊ မိတ်သဟာယဖွဲ့တာနဲ့ ညီအစ်ကိုမောင်နှမတွေကြား ဖော်ထုတ်တာတွေက လူတွေကို အပျက်သဘောမဆောင်စေတဲ့အပြင်၊ လူတွေ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်အောင် တကယ်ပဲ ကူညီပေးပြီး၊ လူတိုင်းက သူတို့ရဲ့ အသက် ဝင်ရောက်မှုမှာ တိုးတက်လာကြမှာပဲလေ။ ဒါတွေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ အသီးအပွင့်တွေပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဖိန်းကန်း ကိုးရီးယားနိုင်ငံ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက၊ ခေါင်းဆောင်က အစ်ကိုကော်နာနဲ့ ကျွန်တော့်ကို ရေလောင်းတဲ့အလုပ် ကြီးကြပ်ဖို့...
ရယ်ချိုး၊ တရုတ်ပြည်၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအစောပိုင်းတုန်းက ကျွန်မက အသင်းတော်မှာ ရေလောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ပေါ့။ အဲဒီအချိန်တုန်းက...
ရဲရင်း မြန်မာနိုင်ငံ ကျွန်မ ငယ်ငယ်တည်းက ကျွန်မမိဘတွေက သူများတွေကို မျှတဖို့၊ ယုတ္တိတန်ဖို့၊ ကြင်နာဖို့၊ သူများအခက်အခဲတွေကို နားလည်ဖို့နဲ့...
လီရှန် ဖိလစ်ပိုင်နိုင်ငံ ငယ်ငယ်တုန်းကတော့ ကျွန်မကို ပြောလို့ဆိုလို့ရတယ်၊ ယဉ်ကျေးတယ်လို့ လူတွေက အမြဲပြောကြတယ်။ တိုတိုပြောရရင်...