ဝမ်းမြောက်ဖွယ်ရာ နေထိုင်နည်းတစ်ခု

28.02.2021

ရွှင်းချုံ ဂျပန်နိုင်ငံ

ကျွန်မငယ်စဉ်က ကျွန်မမိဘများက အခြားသူများကို စိတ်ထဲအရှိအတိုင်းမပြောဖို့နှင့် စိတ်ပျက်အောင်မလုပ်ဖို့သင်ပေးခဲ့ပြီး ထိုအတွေးအခေါ်နှင့်သာ နေထိုင်ခဲ့သည်။ ထို့ကြောင့် ကျွန်မက အတန်းဖော်များ၊ မိတ်ဆွေများ၊ အိမ်နီးချင်းများနှင့် မည်သူနှင့်မဆို “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” “အခြားသူများကို မည်သည့်အခါမျှ မစော်ကားပါနှင့်၊ သို့မဟုတ် ၎င်းတို့၏ချို့ယွင်းချက်များအတွက် အပြစ်မတင်ပါနှင့်” တို့ကဲ့သို့ စာတန်၏အတွေးအခေါ်များနှင့်သာ ဘဝကိုဖြတ်သန်းခဲ့သည်။ တစ်ယောက်ယောက် အမှားလုပ်သည်ကိုတွေ့ပါက ကျွန်မသူတို့ကိုအရှက်မရစေချင်ဘဲ၊ သူတို့၏အားနည်းချက်ကို မဖော်ထုတ်ချင်ခဲ့ပါ။ ကျွန်မက နားလည်မှုရှိပြီး အခြားသူများအတွက် တွေးပေးတတ်သည်ဟု လူများက ကျွန်မကို အမြဲတမ်းချီးကျူးကြပြီး ကျွန်မကလည်း ယင်းက အခြားသူများနှင့် အဆင်ပြေဖို့အတွက် အခြေခံအကျဆုံးအယူအဆတစ်ခု၊ နည်းလမ်းကောင်းတစ်ခုဖြစ်သည်ဟု ထင်ခဲ့သည်။ ယုံကြည်သက်ဝင်မှုရရှိပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို တွေ့ကြုံပြီးသည့်နောက်မှာ ယင်းက လူကောင်းတစ်ယောက်၏ နေထိုင်နည်းမဟုတ်သည်ကို သဘောပေါက်လာသည်။ သို့ရာတွင် ယင်းက စာတန်၏ ဘဝအတွေးအခေါ်များအတိုင်း ပြုမူနေခြင်းဖြစ်သည်။ ယင်းက မည်သူအတွက်မှ အထောက်အကူမဖြစ်သည့်အပြင်၊ အခြားသူများကိုပင် ထိခိုက်နိုင်သည်။ ကျွန်မ၏အမြင်များ ပြောင်းလဲပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြုမှုနေထိုင်ဖို့ အယူအဆများ ပေးခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရသည့်အခါ၊ အခွင့်အရေးပေးသည့်အတွက် ဘုရားသခင်ကို အလွန်ကျေးဇူးတင်မိသည်။ ထိုအမှုတော်၏ တာဝန်ကို ထမ်းရွက်ဖို့ ကျွန်မ တိတ်တဆိတ် စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ အချိန်အနည်းငယ် ကြာပြီးနောက် ညီအစ်ကိုမောင်နှမများ၏အလုပ်နှင့်ပတ်သက်ပြီး ပြဿနာလေးများကို ကျွန်မသတိထားမိခဲ့သည်။ ဥပမာ အချို့က အမှုတော်ကို ပေါ့ပေါ့တန်တန်လုပ်ကြ၍ သူတို့လုပ်သည့် ဗီဒီယိုများမှာ သိသိသာသာ ပြဿနာများ ဖြစ်လာသည်။ အချို့က အခြားသူများနှင့်အလုပ်ကောင်းကောင်းတွဲမလုပ်၍ အလုပ်များက ကိုက်ညီမှုမရှိဘဲ အလုပ်မပြီးခြင်း ဖြစ်သည်။ ယင်းကိုမြင်သည့်အခါ “သူတို့ရဲ့အမှုတော်မှာ အကျင့်ပျက်တာကို ပြနေတာပဲ။ အဲဒါကိုထောက်ပြပြောဆိုတာမျိုးမလုပ်ရင်၊ ဘုရားသခင်အိမ်တော်ရဲ့အလုပ်တွေကို သေချာပေါက် ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မယ်။ ငါသူတို့နဲ့မိတ်သဟာယဖွဲ့ပြီးတော့ အဲဒါကို သေချာစိစစ်ရမယ်။ အဲဒါမှသူတို့နားလည်ပြီးတော့ ပြောင်းလဲမှာ။” ဟုတွေးမိသည်။ သို့ရာတွင် ပြီးလျှင် “ငါက ဒီအမှုတော်ကိုထမ်းဆောင်ပြီး မကြာခင်မှာပဲ လူတိုင်းရဲ့ပြဿနာတွေကို ဖော်ထုတ်တယ်ဆိုရင်၊ ငါ့ကို သူတို့က ဘယ်လိုထင်ကြမလဲ။ ငါကလူသစ်မို့လို့ စည်းကမ်းတင်းကြပ်တယ်၊ အရမ်းကြမ်းတမ်းပြီး လက်ပေါက်ကပ်တယ်လို့များ ပြောကြမလား။ ငါ့ကို အဲဒီလိုထင်သွားရင် အားလုံးက ငါ့ကိုပိုမစိမ်းသွားဘူးလား။ ထားလိုက်တော့။ အခုတော့မပြောသေးဘူး။ အရင်ဆုံးအားလုံးနဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ရမယ်။” ဟု တွေးမိသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများ အားလုံး၏ပြဿနာများကို ကျွန်မ ဖော့ပြောခဲ့သည်။ အခြားသူများကိုအ ရှက်ရစေခြင်း သို့မဟုတ် ကျဉ်းထဲကျပ်ထဲ ရောက်အောင်လုပ်ခြင်းတို့ဖြင့် ဆက်ဆံရေးကိုထိခိုက်သောကြောင့်၊ ထိုသို့ လုပ်ရမည်ကို အမြဲကြောက်ခဲ့သည်။

တစ်ခါက အစ်ကိုဝမ်က သူ့၏အမှုတော်မှာ အလွန်ခေါင်းမာပြီး မည်သည့်အကြံပြုချက်မျိုးကိုမျှလက်မခံသောကြောင့်၊ အလုပ်မပြီးပါဟု ညီအစ်မတစ်ယောက်က ကျွန်မကိုပြောသည်။ ကျွန်မလည်း အခြားသူများ၏အမြင်ကို လိုက်မေးကြည့်သည့်အခါ၊ သူတို့အကုန်လုံးကလည်း အစ်ကိုဝမ်က မာနကြီးကာ၊ ပိုင်စိုးပိုင်နင်းနိုင်ပြီး တင်စီးသည်၊ သူနှင့်အလုပ်တွဲလုပ်ရသည့် လူအများစုက စိတ်ကျဉ်းကျပ်သည်ဟု ပြောကြသည်။ ထိုသို့ ကြားရသည့်အခါ အစ်ကိုဝမ်မှာ တော်တော်လေး ဆိုးရွားသည့်ပြဿနာရှိနေပြီး ယင်းကိုသာ ချက်ချင်းမဖြေရှင်းပါက၊ သူ့၏အသက်ဝင်ရောက်မှု သို့မဟုတ် ဘုရားသခင်အိမ်တော်၏ အလုပ်များအတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်သည်ကို သဘောပေါက်လိုက်သည်။ ဤပြဿနာက အရေးကြီးသည်ကို သူနားလည်လာအောင်ကူညီဖို့ ကျွန်မသူ့ကိုရှာပြီး မိတ်သဟာယဖွဲ့ရမည်။ သို့ရာတွင် ကျွန်မ အစ်ကိုဝမ်နှင့်စကားပြောသည့်အချိန်တွင် ကျွန်မထွက်ပြေးချင်စိတ်ပဲပေါက်သည်။ “သူများတွေက အစ်ကိုဝမ်ရဲ့ အဆိုးဆုံးအချက်တွေကိုပဲ ပြောတာ။ ငါကသာ ပြဿနာတိုင်းကိုသွားပြောရင်၊ သူက ဘာကောင်းကွက်မှမရှိသလိုမျိုးနဲ့ နှိမ်သလို မဖြစ်သွားဘူးလား။ အဲဒါက အရှက်ခွဲသလို မဖြစ်ဘူးလား။ ပြီးတော့ ငါကသူ့ကို ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ထင်သွားရင် သူကငါ့ကို အငြိုးအတေးထား မသွားနိုင်ဘူးလား။ အမှုတော်ကိုထမ်းဆောင်တာတို့ တွေ့ဆုံပွဲတို့မှာ ငါတို့ကအမြဲတွေ့နေရတာ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ စိတ်ခုသွားရင် ဘယ်လိုလုပ်အဆင်ပြေပါတော့မလဲ။” ဟု တွေးမိသည်။ ပြီးလျှင် သူ့မှာမာနကြီးသည့်စိတ်သဘောထားရှိသည်ဟု တွေ့ဆုံပွဲများမှာ သူအမြဲပြောလေ့ရှိသည်ကို သွားစဉ်းစားမိသည်။ ထို့ကြောင့် ကျွန်မက ဤသည်ကို နှိုက်နှိုက်ချွတ်ချွတ်မပြောဘဲ၊ စိတ်ဆိုးစေမည့်အရာများကို မပြောဘဲ၊ အရိပ်အမြွက်သာ ပြောပါက၊ သူလည်းအလွန်အရှက်မကွဲဘဲ၊ ကျွန်မတို့ဆက်ဆံရေးလည်း ခပ်တန်းတန်းမဖြစ်တော့ပါ။ ထိုသို့နှင့် ကျွန်မတို့မိတ်သဟာယဖွဲ့သည့်အခါ၊ သူကမာနကြီးပြီး အခြားသူများအပေါ်မှာ တင်စီးသည့်အကြောင်းကို အနည်းငယ် ပြောလိုက်သည်။ သူကနားထောင်ပြီး သူ့မှာ ထိုကဲ့သို့ပြဿနာများရှိပြီး သူလည်းသိသည်ဟု ဝန်ခံသည်။ ပြဿနာက မည်မျှဆိုးသည်ကိုမူ သူသဘောမပေါက်သေးကြောင်း ကျွန်မသိသည်။ သို့ရာတွင် မည်သည့်အရာမျှ ဆက်မပြောခဲ့ပါ။ သူ့ကိုယ်သူ သေချာနားမလည်သေးသည့်အတွက်၊ အမှုတော်မှာ ယခင်အတိုင်း ခေါင်းမာပြီး အခြားသူများနှင့်တွဲလုပ်၍ အဆင်မပြေဘဲ အလုပ်များနှောင့်နှေးနေဆဲ ဖြစ်လေသည်။ နောက်ပိုင်းတွင် သူ့ကို နေရာပြောင်းလိုက်သည်။ အခြားအမှုတော်ကို ထမ်းဆောင်သည်။ သို့ရာတွင် သူ၏အကျင့်ပျက်စိတ်သဘောထားကြောင့်၊ ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး ထိုအမှုတော်မှာလည်း သိပ်မထိရောက်ခဲ့ပါ။ တစ်ရက်တွင် သူ၏ကြီးကြပ်ရေးမှုးက “အစ်ကိုဝမ်ရဲ့ ပြဿနာတွေကို အစ်မသိလား။ သိရင် ဘာလို့သူနဲ့မိတ်သဟာယမဖွဲ့တာလဲ။ သူ့ကြောင့် ကျွန်မတို့အလုပ်တွေ ဆိုးဆိုးရွားရွားထိခိုက်တယ်။” ဟု စိတ်တိုပြီး ကျွန်မကိုပြောသည်။ သူ၏ပြင်းထန်သည့်စကားလုံးများက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်၍ သူမှတစ်ဆင့် ဘုရားသခင်က ကျွန်မကိုအပြစ်ဖော်ဆုံးမသကဲ့သို့ ခံစားလိုက်ရသည်။ ကျွန်မအလွန်စိတ်ညစ်ပြီး အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ ကျွန်မသာသူ၏ပြဿနာများကို အချိန်မီထောက်ပြခဲ့ပြီး သူလည်း အမှန်တကယ် သေချာပြန်စဉ်းစားခဲ့ပါက၊ သူ အမှုတော်ကို ကောင်းစွာ ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်လိမ့်မည်။ သို့ရာတွင် တကယ်တမ်း သူ၏စာတန်သဘာဝကို သူတကယ်နားမလည်ခဲ့သည့်အတွက် သူ၏ယခင် အမှုတော်မှာ ကျရှုံးခဲ့သည့်အပြင်၊ ပြောင်းရွှေ့ခံရပြီးလည်း မပြောင်းလဲခဲ့ပါ။ သူကအသင်းတော်၏အလုပ်များကို နှောင့်နှေးအောင် လုပ်နေဆဲဖြစ်သည်။ ကျွန်မက အခြားသူများကို ထိခိုက်အောင်လုပ်ပြီး ဘုရားသခင်အိမ်တော်၏ အလုပ်များကို နှောင့်နှေးအောင် လုပ်နေခြင်း မဟုတ်ပါလား။ ကျွန်မမှာ ကောင်းမွန်သည့် လူ့သဘာဝရှိသည်ဟုထင်ခဲ့သော်လည်း၊ ယခုအခါ ကျွန်မက အခြားသူများနှင့် အဆင်ပြေအောင်နေပြီး သူတို့ကိုအရှက်မရစေဘဲ၊ ကျွန်မကိုသဘောကောင်းသည်ထင်စေဖို့ လုပ်နေခြင်း ဖြစ်သည်ကိုသိလာသည်။ သို့ရာတွင် ယင်းကအခြားသူများ၏ အသက်ဝင်ရောက်မှု သို့မဟုတ် ဘုရားသခင်အိမ်တော်၏အလုပ်များအတွက် လုံးဝမကောင်းပါ။ ယင်းက ကောင်းမွန်သည့် လူ့သဘာဝရှိခြင်း ဟုတ်ပါ့မလား။

ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှာ ကျွန်မ ဤအပိုဒ်ကိုဖတ်ရသည်။ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို အားရကျေနပ်စေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ယင်းသည် ဘုရားသခင်၊ အခြားလူများနှင့် အဖြစ်အပျက်တို့ကို စစ်မှန်သော စိတ်နှလုံးဖြင့် သဘောထားဆက်ဆံခြင်း၊ တာဝန်ယူနိုင်ခြင်းနှင့် ဤအရာအားလုံးကို အယောက်တိုင်း မြင်ကာ ခံစားဖို့အတွက် ထင်ရှားမြင်သာသည့် နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ခြင်းတို့ ပါဝင်ပေသည်။ ထို့အပြင် ဘုရားသခင်သည် လူတို့၏စိတ်နှလုံးကို ရှာဖွေပြီး၊ ၎င်းတို့ အယောက်စီတိုင်းကို သိလေသည်။ အချို့သော လူတို့သည် ဆိုးရွားသည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ဖူးသကဲ့သို့၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မခိုးဝှက်ဖူး သို့မဟုတ် အခြားလူတို့၏ ပစ္စည်းများကို မတပ်မက်ဖူးပါဟု အခိုင်အမာဆိုရင်း၊ ကောင်းမွန်သော လူသဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြသည်ဟု အမြဲ ကြွားဝါကြလေသည်။ အကျိုးစီးပွားများ အပေါ် အငြင်းပွားမှု တစ်ခုရှိသောအခါ၊ ဆုံးရှုံးမှု ခံစားဖို့ သာ၍ နှစ်သက်ရင်း ၎င်းတို့ကိုယ်တိုင် အနစ်နာခံခြင်းဖြင့် အခြားသူများကို အကျိုးခံစားခွင့်ပေးကာ ၎င်းတို့က လူကောင်းများဖြစ်သည်ကို အခြားသူတိုင်းက တွေးထင်ဖို့အလို့ငှာသာ မည်သည်မဆိုနှင့်ပတ်သက်၍ ဆိုးသောအရာတစ်ခုတစ်လေကို ၎င်းတို့ လုံးဝ မပြောကြသည်အထိပင် လုပ်ဆောင်ကြလေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်နိုင်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတစ်လေမျှ မရှိကြပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝ၏ ဥပမာတစ်ခုမဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြုမှုနေထိုင်ပုံ အခြေခံသဘောတရားများကို ချပြခဲ့သည်။ တကယ့်လူကောင်းတစ်ယောက်က ကြားနေလမ်းစဉ်ကို လိုက်ခြင်း သို့မဟုတ် အခြားသူများ၏ပြဿနာများကို မည်သည့်အရာမျှမပြောဘဲ နှုတ်ဆိတ်နေခြင်းတို့မလုပ်ပါ။ စိတ်သဘောထားချင်း အပြည့်အဝ တိုက်ဆိုင်စေဖို့လည်း လိုက်မလုပ်သကဲ့သို့ အခြားသူများနှင့်အမြဲတမ်းတည့်နေစေဖို့လည်း မကြိုးစားပါ။ တကယ့်လူကောင်းတစ်ယောက်၏စံနှုန်းက ကိုယ်ကျင့်တရားကောင်းပြီး တရားမျှတမှုကို ချစ်သည့်စိတ်ရှိခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အိမ်တော်၏အကျိုးကို ထိပါးလာသည့်အခါမှာ ကာကွယ်ဖို့ အတွက် အခြားသူများမကျေနပ်မည်ကိုကြောက်မနေဘဲ၊ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ကျွန်မနှင့် ညီအစ်ကိုမောင်နှမများနှင့် ဆက်ဆံရေးမှာ သူတို့ကိုအရှက်မခွဲမစေဖို့ သို့မဟုတ် သူတို့စိတ်မဆိုးအောင် နေဖို့သာအာရုံစိုက်ခဲ့သည်။ လူများနှင့်ဆက်ဆံရေးအဆင်ပြေပါက၊ လူတိုင်းကလည်း ကျွန်မကို အကောင်းမြင်ကြမည်ဟု ထင်ခဲ့သည်။ သို့ရာတွင် ယင်းက သမ္မာတရား၏ အခြေခံသဘောတရားနှင့် လုံးဝမကိုက်ညီပါ။ အခြားသူများက အကျင့်ပျက်သည့် အလုပ်များလုပ်ပြီး ဘုရားသခင်အိမ်တော်၏အလုပ်များကို ဖျက်လိုဖျက်ဆီးလုပ်နေသည်ကို ကျွန်မတွေ့ခဲ့သော်လည်း၊ ကျွန်မ၏ဂုဏ်သိက္ခာကိုသာ ကာကွယ်ချင်ခဲ့ပြီး အသင်းတော်၏ အကျိုးကို မကာကွယ်ဘဲ၊ မျက်ကွယ်ပြုခဲ့သည်။ ကျွန်မအရှင်းကြီးမြင်နေလျက်နှင့် ပြဿနာများကို မဖြေရှင်းခဲ့ပါ။ အထူးသဖြင့် အစ်ကိုဝမ်ကို ဖြစ်သည်။ သူ၏ပြဿနာများက ဘုရားသခင်အိမ်တော်၏အလုပ်များကို ဆိုးဆိုးရွားရွားထိခိုက်သည်ကို ကျွန်မသိခဲ့သည်။ သို့ရာတွင် ကျွန်မက သူ့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည်ဟုထင်ပြီး ကျွန်မပြောသည်ကို လက်မခံဘဲ၊ ကျွန်မအပေါ် မကျေမနပ်ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ့ကို မိတ်သဟာယဖွဲ့သည့်အချိန်မှာ ဖော့ပြောပြီး ပြဿနာကို သိပ်အရေးမကြီးသယောင် လုပ်ခဲ့သည်။ ထို့ကြောင့် သူကလည်း သူ့ပြဿနာများနှင့်ပတ်သက်ပြီး အလေးအနက်မရှိခဲ့ပါ။ အပေါ်ယံတွင် ကျွန်မကသဘောကောင်းသည့်ပုံစံဖြစ်သော်လည်း၊ တကယ်တမ်းတွင် အသင်းတော်၏ အလုပ်များနှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုများကို ထိခိုက်အောင် လုပ်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက “လူကောင်း၊” အခြားသူများ ကျေနပ်အောင်လိုက်နေသည့်သူ၊ တကယ့်လူလိမ်တစ်ယောက်ဖြစ်သည်ကို သိခဲ့ရသည်။

ထို့နောက်တွင် ကျွန်မဝတ်ပြုဆုတောင်းသည့်အချိန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ဤအပိုဒ်ကို ဖတ်ခဲ့ရသည်။ “အချို့ အသင်းတော်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ကို အရေးမထားဘဲနှင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည့် ညီအစ်ကိုများ သို့မဟုတ် ညီအစ်များကို ၎င်းတို့မြင်တွေ့ရလျက် ၎င်းတို့ ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်လည်း မပြုကြချေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေသည့်အရာတစ်ခုကို ၎င်းတို့ မြင်သည့်အခါ၊ အခြားသူများ ယုတ်စွအဆုံး စိတ်အနှောင့်အယှက်ပင် မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မသိကျိုးကျွန်ပြုကြပြီး မည်သည့် မေးမြန်းစုံစမ်းခြင်းများကိုမျှ မပြုကြချေ။ ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် ရည်မှန်းချက် ပန်းတိုင်မှာ အခြားသူများ၏ အားနည်းချက်များအတွက် စာနာထောက်ထားမှု ပြရန်မဟုတ်- ၎င်းတို့ မည်သည့်အရာ ရည်ရွယ်သည်ကို ၎င်းတို့ အပြည့်အဝ ကောင်းစွာ သိကြသည်- ‘ဤအရာကို ငါ ဆက်ထိန်းထားပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပါက၊ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ မျက်နှာသာပေးကာ နှစ်သက်ကြလိမ့်မည်။’ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် မည်မျှ ကြီးမားစွာ ကြန့်ကြာစေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသင်းတော် အသက်တာသည် မည်မျှ ကြီးမားစွာ နှောင့်ယှက်ခံရသည် ဖြစ်စေ၊ ထိုသို့သော လူများသည် မည်သည့် စိတ်အနှောင့်အယှက်မျှ မဖြစ်စေခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ဆိုးယုတ်သော အတွေးအခေါ်တွင် ရှိမြဲရှိကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု အသိစိတ်တစ်ခု မရှိကြပေ။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အလျဉ်းသင့်၍ အချို့ ပြဿနာများကို သာမန်ကာလျှံကာ ပြောဆိုမှုပြုကြပြီးနောက် ထိုအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် လူတို့၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မိတ်သဟာယ မပြုကြသကဲ့သို့ အခြားသူများ၏ ပြဿနာများနှင့်ဆိုင်သည့် အနှစ်သာရကိုလည်း ထောက်မပြကြချေ။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ လူတို့ကို ဦးမဆောင်ကြသကဲ့သို့၊ ဘုရားသခင်၏ အလို မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လူတို့ မကြာခဏ ကျူးလွန်ကြသည့် အမှားများ သို့မဟုတ် လူတို့ ထုတ်ဖော်ပြကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားများကို မည်သည့်အခါတွင်မျှ ပြောဆိုဆွေးနွေးခြင်း မပြုကြချေ။ ဤလက်တွေ့ကျသော ပြဿနာများကို ၎င်းတို့ မဖြေရှင်းကြပေ။ ယင်းအစား၊ ၎င်းတို့သည် အခြားသူများ၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်း၊ ပြီးလျှင် ၎င်းတို့၏ အရေးမထားခြင်းနှင့် စိတ်မပါခြင်းတို့ကိုပင် အစဉ် လိုက်လျောကြလေသည်။ ဤလူများ၏ လုပ်ရပ်များနှင့် အပြုအမူများကို ယင်းတို့ အဘယ်အရာ ဖြစ်သည် ဆိုသည်အတွက် အမည်တပ်ခြင်းမရှိဘဲ အသက်ရှင် နေထိုင်ကြသည်ကို တစ်သမတ်တည်း ခွင့်ပြုကြပြီး၊ ၎င်းတို့ ထိုသို့ လုပ်ဆောင်ကြသောကြောင့် အတိအကျပင်၊ လူအများစုက ‘ငါတို့၏ ခေါင်းဆောင်သည် ငါတို့အဖို့ မိခင်တစ်ဦးကဲ့သို့ ဖြစ်သည်။ သူသည် ဘုရားသခင်ထက် ငါတို့၏ အားနည်းချက်များကို သာ၍ပင် သိနားလည်မှုရှိသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လျော်ညီအောင်နေဖို့ ငါတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးနုပ်ကောင်း သေးနုပ်နိုင်သော်လည်း၊ ငါတို့ ခေါင်းဆောင်၏ သတ်မှတ်ချက်များနှင့် လျော်ညီအောင် ငါတို့ နေနိုင်သည်မှာ လုံလောက်သည်။ သူသည် ငါတို့အတွက် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သည်။ ငါတို့၏ ခေါင်းဆောင်ကို အထက်က အစားထိုးသည့် နေရက် ရောက်လာပါက၊ ငါတို့၏ သဘောထားများကို ကြားစေသင့်ပြီး၊ ငါတို့၏ မတူကွဲပြားသော အယူအဆများနှင့် ဆန္ဒများကို အဆိုပြုသင့်သည်။ အထက်နှင့် ငါတို့ ဆွေးနွေးညှိနှိုင်းသင့်သည်။’ ဟု တွေးလာကြလေသည်။ ထိုသို့သော အတွေးများကို လူတို့ သိုထားပါက- ၎င်းတို့သည် ၎င်းတို့၏ ခေါင်းဆောင်နှင့် ဤဆက်ဆံရေးမျိုး ရှိပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် ထိုသို့သော ထင်မြင်ချက်တစ်ခု ရှိကာ၊ ၎င်းတို့၏ ခေါင်းဆောင်အပေါ် မှီခိုခြင်း၊ သဘောကျခြင်း၊ လေးစားခြင်းနှင့် ကြည်ညိုခြင်းတို့နှင့်ဆိုင်သည့် ထိုသို့သော ခံစားချက်များ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဖြစ်ပေါ်ပြီးဖြစ်ပါက- ခေါင်းဆောင်သည် မည်သို့ ခံစားသင့်သနည်း။ ဤကိစ္စရပ်တွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အပြစ်တင်မှု ခံစားရပြီး စိတ်မအေးဘဲ၊ ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ၎င်းတို့သည် အခြားသူတို့၏ စိတ်နှလုံးများထဲက ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် ပုံရိပ်အပေါ် အစွဲအလမ်းမကြီး သင့်ကြပေ။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးများထဲတွင် နေရာတစ်ခု ရှိဖို့နှင့် ဘုရားသခင်ကို ကြီးမြတ်သောသူအဖြစ် လူတို့ ရိုသေလေးမြတ်ကြဖို့အလို့ငှာ၊ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံကာ သူ့ကို ချီးမြှောက်သင့်ကြပေသည်။ ထိုသို့ဖြင့်သာ ၎င်းတို့၏ စိတ်နှလုံးသည် အမှန်တကယ် ငြိမ်းချမ်းလိမ့်မည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်သူတစ်ဦးသည် သမ္မာတရားကို အားထုတ်သူတစ်ဦး ဖြစ်ပေသည်။ သို့သော် ဤသည်မှာ ၎င်းတို့ လုပ်ရပ်များနောက်ကွယ်က ရည်မှန်းချက် မဟုတ်သကဲ့သို့၊ ထိုအစား လူတို့ကို မှန်ကန်သော လမ်းခရီးမှ လွဲစေရန်နှင့် သမ္မာတရားကို စွန့်လွှတ်ရန် သွေးဆောင်ဖြားယောင်းဖို့ ဤနည်းစနစ်များနှင့် နည်းနိဿယများကို အသုံးပြုပြီး၊ လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခုခု သိမ်းပိုက်ကာ ၎င်းတို့၏ နာမည်ကောင်းကို ရရှိဖို့ ရည်မှန်းချက်တစ်ခုဖြင့် ၎င်းတို့၏ တာဝန်များနှင့်ပတ်သက်၍ လူတို့၏ အရေးမထား၊ ဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့သော ထမ်းဆောင်ချက်ကို လိုက်လျောဖို့အထိ လုပ်ဆောင်ပါက၊ ဤသည်မှာ လူများကို မိမိဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားအားထုတ်မှု တစ်ခု မဟုတ်သလော။ ပြီးလျှင် ဤသည်မှာ ဆိုးယုတ်သည့်၊ မုန်းတီးစက်ဆုပ်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် စက်ဆုပ်စရာ ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မအပြုအမူများနောက်ကွယ်က အနှစ်သာရနှင့် အကြောင်းတရားကို ဖော်ထုတ်လိုက်သည်။ ကျွန်မခေါင်းဆောင်ဖြစ်လာကတည်းက လူများနှင့်အဆင်ပြေစေဖို့ မည်သည့်အရာမျှ မပြောဘဲရှောင်နေခဲ့သည်။ လူများ၏ပြဿနာများကို မဖော်ထုတ်ဘဲ သူတို့ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့သည်။ အစ်ကိုဝမ်က အသင်းတော်၏အလုပ်များကို ဖျက်လိုဖျက်ဆီးနှင့်နှောင့်နှေးစေသည်ကို တွေ့သည့်အခါတွင်ပင် ကျွန်မအရေးတယူ မလုပ်ခဲ့ပါ။ ထိုအစား ကျွန်မက လူများကို စကားထိန်းပြောပြီး သူတို့ကြားထဲက ကျွန်မ၏နေရာကို တည်မြဲချင်ခဲ့သည်။ ကျွန်မကအပြင်ပန်းက ကြည့်လျှင်၊ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းသည့်ပုံပေါက်သော်လည်း၊ ယင်းက ညီအစ်ကိုမောင်နှမများကို လှည့်စားထားသည့် ဟန်ပြသက်သက်သာ ဖြစ်သည်။ လူများနှင့်ဆက်ဆံရေးပြေလည်အောင် သဘောကောင်းသည့်ပုံပေါက်မည့် အပြုအမူနှင့် စကားလုံးများကိုသုံးပြီး သူတို့ကကျွန်မကို သဘောကျ အထင်ကြီးအောင်လုပ်ခဲ့ခြင် ဖြစ်သည်။ သို့ဆိုလျှင် ကျွန်မနေရာပိုတည်မြဲပေသည်။ ကျွန်မ၏လမ်းကြောင်းဖြောင့်ဖြူးဖို့အတွက် ဘုရားသခင်အိမ်တော်၏အကျိုးစီးပွားကို အသုံးချခဲ့သည်။ သမ္မာတရား၏အခြေခံသဘောတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်အိမ်တော်၏ အလုပ်များကို ထိခိုက်အောင်လုပ်ခဲ့သည်။ ကျွန်မသွားနေသည့်လမ်းကြောင်းက အန္တိခရစ်များ၏လမ်းကြောင်း ဖြစ်လေသည်။ ထိုအချိန်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မတွေးမိသည်။ “သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) လူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သူတို့၏အမှုတော်ကို ထမ်းဆောင်အောင် လမ်းပြဖို့၊ ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို ထိန်းသိမ်းဖို့၊ လူများ၏ ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ ဘုရားသခင့်အိမ်တော်က ကျွန်မကို ခေါင်းဆောင်တစ်ယောက်ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ လူများက သူတို့၏ ဖောက်ပြန်ပျက်စီးမှုကို နားလည်ပြီး သူတို့၏အမှုတော်ကို စည်းမျဉ်းစည်းကမ်းနှင့် လုပ်ဆောင်တတ်လာဖို့အတွက် ဖြစ်ပါသည်။ ယင်းကကျွန်မ၏တာဝန် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်အလိုရှိသည့်အတိုင်း ကျွန်မ၏အမှုတော်ကိုမထမ်းဆောင်ခဲ့ပါ။ ကျွန်မက ပေါင်းသင်းဆက်ဆံရေးနှင့် အခြားသူများနှင့်ပတ်သက်သည့် ကျွန်မ၏ဂုဏ်ကို ထိန်းသိမ်းဖို့သာ အာရုံစိုက်ခဲ့သောကြောင့်၊ နောက်ဆုံးတွင် ဘုရားသခင်အိမ်တော်၏အလုပ်များကို ထိခိုက်ခဲ့ပြီး အခြားလူများ၏ အသက်ဝင်ရောက်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ကျွန်မက စာတန့်ဘက်မှ လုပ်ဆောင်နေခဲ့သည်။ ဘုရားသခင်က သူ့၏နှုတ်ကပတ်တော်များထဲမှာ ဖော်ထုတ်ခဲ့ခြင်းနှင့် ကျွန်မက တထေရာတည်းဖြစ်သည်ကို တွေ့ခဲ့ရသည်။ ကျွန်မက လူကောင်းတစ်ယောက် မဟုတ်ရုံတင်မကဘဲ၊ ယုံကြည်ချင်စရာမကောင်းသည့်အပြင်၊ အတ္တကြီးပြီး ဆိုးယုတ်သည့်လူတစ်ယောက် ဖြစ်လေသည်။ ကျွန်မသာ ဝန်ချတောင်းပန်ပြီး မပြောင်းလဲခဲ့ပါက၊ ညီအစ်ကိုမောင်နှမများ၏အသက်ဝင်ရောက်မှုအတွက် ကျွန်မက အတားအဆီးဖြစ်လာလိမ့်မည်။ နောက်ဆုံးမှာ အခြားလူများနှင့် ဆက်ဆံခြင်းနှင့်ပတ်သက်ပြီး ကျွန်မ၏ ဘဝစည်းမျဉ်းများကို ကျွန်မ နားလည်သွားခဲ့ပါသည်။ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” “အခြားသူများကို မည်သည့်အခါမျှ မစော်ကားပါနှင့်၊ သို့မဟုတ် ၎င်းတို့၏ချို့ယွင်းချက်များအတွက် အပြစ်မတင်ပါနှင့်” တို့သည် စာတန်၏ အဆိပ်အတောက်များဖြစ်ပြီး စစ်မှန်သည့် ပြုမူနေထိုင်နည်း၏ အခြေခံသဘောတရားများမဟုတ်သည်ကို ကျွန်မအမှန်တကယ် သိမြင်လာပါသည်။ ကျွန်မ၏မှားနေသည့်လမ်းကြောင်းကိုပြင်ဆင်ပြီး ဝန်ချတောင်းပန်ဖို့ ဘုရားသခင်ရှေ့မှောက်မှာ ဝတ်ပြုဆုတောင်းခဲ့ပါသည်။

ပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကိုဖတ်ခဲ့သည်။ “အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) ကောင်းမွန်သည့် လူမှုဆက်ဆံရေးကို လောကီရှင်သန်ရေး အတွေးအခေါ်များသုံးပြီး တည်ဆောက်၍မရသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပြလိုက်ပါသည်။ အခြားလူများ၏ ဝိညာဉ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ အားဖြည့်ပေးမှသာ အားလုံးအတွက် အကျိုးရှိမည် ဖြစ်သည်။ အခြားသူများ အကျင့်ပျက်ပြီး သူတို့၏အမှုတော်ကိုထမ်းဆောင်၍ သူတို့၏အလုပ်ကိုထိခိုက်နေသည်ကိုကျွန်မတွေ့သည့်အချိန်မှာ၊ ကျွန်မ၏ဂုဏ်သိက္ခာနှင့် နာမည်ကိုသာ အာရုံမစိုက်ခဲ့သင့်ပါ။ သူတို့၏ အကျင့်ပျက် စိတ်သဘောထားများကို နားလည်အောင် ကူညီပေးဖို့အတွက် ဤပြဿနာနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချခဲ့သင့်သည်။ ပြီးလျှင် သူတို့၏အမှုတော်ကို ကောင်းစွာ ထမ်းဆောင်နိုင်စေဖို့ ဘုရားသခင်၏ အလိုတော်ကို မိတ်သဟာယဖွဲ့ပေးခဲ့သင့်သည်။ ဘုရားသခင်ကလည်း ကျေနပ်လက်ခံမည်ဖြစ်သည်။ တွေ့ဆုံပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်၊ အစ်ကိုဝမ်က မကြာခဏ သူ့ကိုယ်သူနားလည်နိုင်ခြင်း ရှိသည်။ ယင်းကသူ့၏ပြဿနာများကို သူရင်ဆိုင်ဖြေရှင်းချင်သည့်သဘော ဖြစ်လေသည်။ သူပြဿနာ၏ဇာစ်မြစ်ကို သူနားမလည်ဘဲ သူ့ကိုယ်သူ တကယ်မမုန်းသေး၍သာ ပြဿနာများ ပေါ်လာသည့်အခါမှာ၊ သူ့၏အကျင့်ပျက်မှုက ဆက်ရှိနေသေးခြင်းဖြစ်သည်။ ကျွန်မကသာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသုံးပြုပြီး ပြဿနာ၏ အနှစ်ချုပ်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပါက၊ ထိုမှတစ်ဆင့် သူလက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို သူရှာတွေ့ပြီး သူ့ကိုလည်း တကယ်ကူညီရာရောက်လိမ့်မည်။ ယင်းကိုသဘောပေါက်သွားသည့်အခါ ကျွန်မ၏မှားနေသည့်လမ်းကြောင်းကို ပြောင်းလဲပြီး ဘုရားသခင်၏ အလိုဆန္ဒအတိုင်း လုပ်ဆောင်ချင်ခဲ့သည်။ ပြီးလျှင် အစ်ကိုဝမ် သူ့၏အမှုတော်မှာရှိနေသည့် ပြဿနာများကို ကျွန်မအကျဉ်းချုပ်လုပ်ပြီး တစ်ခုချင်းကို စာရင်းလုပ်ခဲ့သည်။ ကျွန်မသူနှင့်မိတ်သဟာယဖွဲ့ပြီး သူ့အပြုအမူကို လေ့လာဆွေးနွေးကာ ပြဿနာ၏ဇစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ထို့နောက်တွင် ကျွန်မထင်ခဲ့သကဲ့သို့ သူကကျွန်မကို မုန်းသွားခြင်း သို့မဟုတ် ရှောင်သွားခြင်း မရှိခဲ့ဘဲ၊ ကျွန်မ၏မိတ်သဟာယကို အမှန်တကယ်လက်ခံခဲ့သည်။ နောက်ပိုင်းတွင် သူကကျွန်မကို စာပို့ပြီး “အဲဒီကိစ္စကို ကျွန်တော့်ကို ပြောပြတာအရမ်းကောင်းပါတယ်။ မဟုတ်ရင် ပြဿနာကဘယ်လောက်ဆိုးလဲဆိုသည်ကို ကျွန်တော်သိမှာမဟုတ်ဘူး။” ဟု ပြောသည်။ ကျွန်မ တကယ် စိတ်လှုပ်ရှားမိသည်။ ကျွန်မ၏ ရည်ရွယ်ချက်ကိုပြင်ဆင်ပြီး အခြားသူများ ကျွန်မကို မည်သို့ထင်မည်ကို အာရုံမစိုက်တော့ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အခြေခံသဘောတရားများကို ထိန်းသိမ်းလိုက်သည့်အခါမှာ ကျွန်မအနားက လူများကို လက်တွေ့ကျသည့်ထောက်ပံ့မှု ပေးနိုင်လာသည်။ ကျွန်မ စိတ်အေးချမ်းပြီး ပေါ့ပါးသွားသည်။

နောက်ကျတော့ အစ်မတစ်ယောက်က အချိန်ဆွဲပြီး သူမ၏အမှုတော်မှာ တဇွတ်ထိုးလုပ်တတ်၍ ပြဿနာများစွာ ဖြစ်သည်ကိုသတိထားမိသည်။ သူမက ထိုပြဿနာများကိုတွေ့ပြီး တော်တော် စိတ်ပျက်နေသည်။ ပြဿနာအများစုက အမှုတော်အပေါ်ထားသည့် သူမ၏ သဘောထားကြောင့် ဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ထို့ကြောင့် ကျွန်မက ထိုကိစ္စကို ပြောချင်ခဲ့သည်။ သို့ရာတွင် ကျွန်မ “သူကနဂိုကတည်းက စိတ်ပျက်ပြီး စိတ်ဓာတ်ကျနေတာ။ ငါကသာသူ့ကို ပြဿနာတွေအကြောင်းသွားပြောရင်၊ ရေနစ်သူဝါးကူထိုးသလိုဖြစ်မသွားဘူးလား။ သူပိုပြီးတော့စိတ်ပျက်သွားရင်၊ လူတွေက ငါ့ကိုရက်စက်တယ်၊ ခွင့်မလွှတ်တတ်ဘူးလို့ပြောပြီးတော့ ရှောင်သွားကြနိုင်တယ်။” ဟု စဉ်းစားမိသည်။ သူမ၏အမှုတော်မှာ ပြဿနာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာနိုင်ပါက၊ လုံလောက်မည်ဟု ထင်ခဲ့သည်။ သို့ဆိုလျှင် ကျွန်မသူမကို ပြောစရာမလိုတော့ပါ။ ပြီးလျှင် ကျွန်မက စာတန်၏အတွေးအခေါ်များအတိုင်း ပြုမူနေပြန်ပြီဖြစ်သည်ကို သဘောပေါက်လိုက်ပြီး ကျွန်မကသာ ဤအစ်မကို သူမ၏ပြဿနာများကို မပြခဲ့ပါက၊ သူမ၏အကျင့်ပျက်မှုကို သူမမြင်မည်မဟုတ်ဘဲ၊ သူမကို ကူညီရာလည်း ရောက်မည်မဟုတ်ပါ။ ကျွန်မဘုရားသခင်ကို ဆုတောင်းပြီး ထိုအခြေအနေမှာ ထည့်သွင်းရမည့် သမ္မာတရားများကို တောင်းခံခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ခဲ့ရသည်။ “ဘုရားသခင်သည် သူ၏လုပ်ဆောင်ချက်တို့၌ မပြတ်သားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ မည်သည့်အခါမျှမရှိပေ။ သူ၏လုပ်ဆောင်ချက်များနောက်က အခြေခံမူများနှင့် ရည်ရွယ်ချက်များအားလုံးသည် ရှင်းလင်းပြီး ပွင့်လင်းမြင်သာ၏၊ သန့်စင်ပြီး ခြောက်ပြစ်ကင်း၏။ အတွင်း၌ လှည့်ကွက်များ၊ သို့မဟုတ် လျှို့ဝှက်အကြံအစည်များ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရထဲ၌ အမှောင်ထုသော်လည်းကောင်း၊ ဆိုးယုတ်ခြင်းသော်လည်းကောင်း မပါဝင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))ဘုရားသခင်သည် အတော်အသင့် မလုပ်ဆောင်ပေ။ သူသည် လူ၏ စိတ်ကူးများဖြင့် စွန်းထင်းခြင်းမရှိ။ သူ့အတွက်၊ တစ်သည် တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်။ အမှန်သည် အမှန်ဖြစ်ပြီး အမှားသည် အမှားဖြစ်သည်။ မရေရာခြင်း မရှိပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏”) ဘုရားသခငသည် သူ၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ မူဝါဒအခိုင်မာရှိပြီး သူ ကြိုက်သည့်အရာနှင့်၊ မကြိုက်သည့်အရာကို သေချာသိကြောင်း ကျွန်မကိုပြလိုက်သည်။ လူများကောင်းသည့်အရာ လုပ်ပါက၊ ဘုရားသခင်က ထောက်ခံပြီး လူများက သမ္မာတရားနှင့်ဆန့်ကျင်ပြီး ဘုရားသခင်အိမ်တော်၏ အကျိုးကို ထိခိုက်အောင်လုပ်ပါက၊ သူက ယင်းကို ရွံရှာစက်ဆုပ်ပါသည်။ ဘုရားသခင်၏လုပ်ဆောင်ချက်များက အလွန်ရှင်းလင်းပြီး မရေမရာ ဖြစ်နေခြင်း မရှိပါ။ ဤအချက်ကသခင်ယေရှု ကားစင်တင်ခံရစဉ်က ပေတရု ပြောခဲ့သည့် “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၂) ကို သွားသတိရသည်။ သို့ရာတွင် သခင်က ပြောသည်၊ “အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။(ရှင်မဿဲခရစ်ဝင် ၁၆:၂၃) ထိုကဲ့သို့ ပြောခြင်းက ပေတရုက ဘုရားသခင် လုပ်ဆောင်မှု၏လမ်းကြောင်းကို တကယ်ကို ပိတ်ဆို့ခြင်းဖြစ်သောကြောင့်၊ ဘုရားသခင်က ယင်းကို စာတန်ထံမှဖြစ်သည်ဟု ဖော်ထုတ်သတ်မှတ်ခြင်း ဖြစ်သည်။ သခင်ယေရှုက ပေတရု၏သူ့ကိုယ်သူလေးစားမှုကို ထိခိုက်မည်ဖြစ်စေ၊ သူ့ကို စိတ်ပျက်အောင်လုပ်မိမည်ကိုဖြစ်စေ ကြောက်မနေခဲ့ပါ။ ဘုရားသခင်၏ သဘောထားက ရှင်းလင်းသည်ကို မြင်ပြီး သူ့လုပ်ဆောင်မှုများ၏ သဘောသဘာဝကို သိနိုင်စေဖို့အလို့ငှာ၊ ပေတရု၏ လုပ်ရပ်များအပေါ် အခြေခံပြီး သူကပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။ လူများအပေါ်ထားသည့် ဘုရားသခင်၏ အပြုအမူက ကျွန်မကို လက်တွေ့လုပ်ဆောင်ရမည့် အခြေခံသဘောတရားများကိုပြလိုက်သည်။ ညီအစ်ကိုမောင်နှမများ၏ အချို့ပြဿနာများအပေါ်မှာ သည်းခံမှုနှင့် စိတ်ရှည်မှုထားဖို့ လိုအပ်သော်လည်း၊ တစ်ခုခုက သူတို့၏အမှုတော်ကို သက်ရောက်လာခြင်း သို့မဟုတ် ဘုရားသခင်အိမ်တော်၏အလုပ်များကို အနှောင့်အယှက်ဖြစ်လာခြင်း ရှိပါက၊ မိတ်သဟာယဖွဲ့ပြီး သမ္မာတရား၏ အခြေခံသဘောတရားများကို ထိန်းသိမ်းလိုက်နာဖို့ လိုအပ်လာပြီဖြစ်သည်။ ကျွန်မနေနှင့် ကြားနေပြီး အခြားသူများ ကျေနပ်အောင်လိုက်လုပ်နေ၍ မရပါ။ ထိုအစ်မက စိတ်ပျက်နေသည်ကို ကျွန်မသိသည်။ သို့ရာတွင် မှန်ကန်သည့် ရည်ရွယ်ချက်ထားပြီး သူမကိုအထင်သေးခြင်း၊ ပိုင်စိုးပိုင်နင်းနှင့် ဆူငေါက်ခြင်းတို့ကို မလုပ်ဘဲ၊ သူမ၏ပြဿနာများကို ကူပြီးခွဲခြမ်းစိတ်ဖြာဖို့ သမ္မာတရားကို ချစ်ချစ်ခင်ခင်နှင့် မိတ်သဟာယဖွဲ့ပေးပါက၊ သူမ၏အကျင့်ပျက်မှုကို သူမနားလည်နိုင်မည်ဖြစ်သည်။ ထို့နောက်တွင် ကျွန်မတို့ လက်တွေ့လုပ်ဆောင်ရမည့်လမ်းကြောင်းကို ရှာဖွေကြပြီး ဘုရားသခင်၏အလိုတော်အတိုင်း ကျွန်မလည်း အမှုတော်ကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် သူမ၏ပြဿနာများကို ကျွန်မမိတ်သဟာယဖွဲ့ပေးပြီး သူမ၏မှားနေသည့်ရှုထောင့်များအကြောင်းကို ဆွေးနွေးခဲ့သည်။ ကျွန်မ၏ကိုယ်ပိုင်အတွေ့အကြုံကိုလည်း သူမအတွက် အထောက်အပံ့ဖြစ်အောင် မျှဝေခဲ့သည်။ အစတွင် ထိုကဲ့သို့မိတ်သဟာယက အလွန်ကြမ်းတမ်းလွန်းပြီး သူမလက်မခံနိုင်မည်ကို စိုးရိမ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်းတွင် ကျွန်မထင်ခဲ့သကဲ့သို့ သူမက ပို၍စိတ်ဓာတ်ကျပြီး ကျွန်မကိုမကျေမနပ်မဖြစ်ဘဲ၊ ယခင်က သူမ၏ပြဿနာများကို သူမသေချာနားမလည်ခဲ့ကြောင်းနှင့်၊ ဤကဲ့သို့ ကိုင်တွယ်ဖြေရှင်းပေးသည်ကို လက်ခံနိုင်ကြောင်းတို့ကို လှိုက်လှိုက်လှဲလှဲပြောသည်။ ထို့နောက်တွင် အမှုတော်နှင့်ပတ်သက်သည့် သူမ၏ သဘောထားလည်း တိုးတက်လာပြီး သူမအသိစိတ်နှင့်သူမ သမ္မာတရား၏အခြေခံသဘောတရားများကို စပြီး လိုက်စားလာပါသည်။ ထိုကဲ့သို့မြင်ရသည့်အခါ ကျွန်မတကယ် ဝမ်းသာမိသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ အလိုဆန္ဒအတိုင်း ကျွန်မ၏အမှုတော်ကိုထမ်းဆောင်ရသည်မှာ အလွန်နေ၍ ကောင်းပါသည်။

ကျွန်မအခြားသူများနှင့်ဆက်ဆံသည့်အခါ၊ အလွန်ခက်ထန်သကဲ့သို့ ဖြစ်ပြီး လူများကို အရှက်ကွဲအောင်လုပ်မိမည်ကို အမြဲတမ်း စိုးရိမ်ခဲ့သောကြောင့်၊ လောကီအတွေးအခေါ်များအပေါ် အခြေခံပြီး ပေါင်းသင်းဆက်ဆံခဲ့သည်။ ထိုကဲ့သို့ နေထိုင်ရသည်မှာ အလွန်စိတ်ပင်ပန်းပါသည်။ ထိုအတွေ့အကြုံများနှင့် ဘုရားသခင့် နှုတ်ကပတ်တော်များ၏လမ်းပြမှုများမှတစ်ဆင့် စစ်မှန်သည့် လူကောင်းတစ်ယောက်ဆိုသည်မှာ မည်သို့ဖြစ်သည်ကို ကျွန်မသိလာပါသည်။ သမ္မာတရား၏အခြေခံသဘောတရားကို ထိန်းသိမ်းဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့က အရေးကြီးသည်ကိုလည်း ကျွန်မ တွေ့ကြုံခဲ့ရပါသည်။ ယင်းကမှ ကောင်းမွန်သည့်အပြုအမူ၏ စစ်မှန်သည့် အခြေခံသဘောတရား ဖြစ်ပါတော့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဆင်းရဲဒုက္ခကြားမှ နာခံဖို့ သင်ယူခြင်း

လီးယန် တရုတ်နိုင်ငံ၂၀၀၈ ခုနှစ် အစောပိုင်း၌ ကျွန်မသားလေး၏ နားရွက်နောက်တွင် အဖုလေးတစ်ခု ရှိနေသည်ကို ကျွန်မ သတိပြုမိခဲ့သည်။ သူ့ကို ဆေးစစ်ဖို့...

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

ဤသို့ အစေခံခြင်းမျိုးသည်အမှန်တကယ်စက်ဆုပ်ဖွယ် ဖြစ်သည်

ရှန်ဒေါင်းနယ်မြေမှ၊ ဒင်းနင်းရေးသားသည် လွန်ခဲ့သောရက်အနည်းငယ်ကကျွန်မအလုပ်ချိန်ကို အပြောင်းအလဲတစ်ခုလုပ်ဖို့ အသင်းတော် ခေါင်းဆောင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။