“ကောင်းမွန်သည့် ပုံရိပ်”နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

28.02.2021

ဝေ့ချန် ကိုရီးယားနိုင်ငံ

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျွန်မက အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနှင့် အလုပ် လုပ်ခဲ့ပါသည်။ အချိန်ကြာပြီးနောက် ခေါင်းဆောင်များက ညီအစ်ကို မောင်နှမများ သူတို့၏တာဝန်များကို ထမ်းဆောင်ပုံနှင့်ပတ်သက်ပြီး ပြဿနာများကို သတိပြုမိသည့်အခါ၊ ထိုပြဿနာများကို တိုက်ရိုက် ထောက်ပြကြသည်၊ တစ်ခါတစ်ရံ အလွန် ကြမ်းသည့်လေသံနှင့် ပြောသည်ကို ကျွန်မ တွေ့ရသည်။ ဤအမှုအရာများကို ထောက်ပြခြင်းသည် သူတို့မှန်သော်လည်း၊ သူတို့ နည်းလမ်းက ရှက်စရာကောင်းပြီး လူများကို အလွယ်တကူ စော်ကားမိစေနိုင်သည်ဟု ကျွန်မ တွေးမိသည်။ ကျွန်မ သူတို့ကဲ့သို့ မဖြစ်ချင်ပါ။ လူများအပေါ် အကောင်းမြင်စေရန် ထိုသို့သော အရာများကို ပို၍ ပါးပါးနပ်နပ်နှင့် ပြောဖို့လိုအပ်သည်။ ထိုနည်းလမ်းဖြင့် လူတိုင်း၏ ထောက်ပံ့မှုကို ကျွန်မ ရနိုင်ပြီး ကျွန်မအလုပ်ကို လုပ်ရသည်မှာ ပိုလွယ်မည် ဖြစ်သည်။ သို့ဆိုလျှင် နောက်တစ်ခါ ရွေးကောက်ပွဲတွင် ခေါင်းဆောင် တစ်ယောက်အဖြစ် ကျွန်မ အရွေးခံရဖို့ အခွင့်အလမ်းရှိနိုင်သည်။ ထိုအတွေးဖြင့် ညီအစ်ကို မောင်နှမများအပေါ် ကျွန်မ၏ ဆက်ဆံပုံနှင့်ပတ်သက်ပြီး အလွန် ဂရုစိုက်ခဲ့သည်။ အားလုံးကို လက်ခံချင်စဖွယ်ဖြစ်အောင် ကျွန်မက ပါးပါးနပ်နပ်လုပ်ပြီး မည်သူ့ကိုမှ စိတ်မထိခိုက်စေဖို့ ကြိုးစားခဲ့သည်။

တစ်ခါတွင် အစ်မချန်းက လွယ်ကူသည့်တာဝန်များကို ရွေးထုတ်ယူပြီး ခက်သည့်အရာမှန်သမျှကို ခေါင်းရှောင်သည်၊ အယူအဆများ အများကြီးရှိသည့်သူ၊ စိတ်ထားမကောင်းသည့်သူနှင့် ဧဝံဂေလိ ဝေမျှရသည့်အချိန်တိုင်း၊ သူက နောက်ဆုတ်သွားသည်ကို ကျွန်မ သတိထားမိသည်။ ထို့နောက် သူမက သူတို့၏ အယူအဆများကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သည့် သမ္မာတရားနှင့် သူမကိုယ်သူမ ပြင်ကို မပြင်ဆင်ပါ။ သူမမှာ သူမ၏တာဝန်အပေါ် မှန်ကန်သည့် သဘောထားမရှိဘဲ၊ ထိုအတိုင်း ဆက်သွားပါက သူမ၏တာဝန်ကို ကောင်းကောင်းလုပ်ဖို့ မဖြစ်နိုင်သည်ကို ကျွန်မ သိခဲ့သည်။ ဤသည်ကို သူမကိုပြောပြပြီး မိတ်သဟာယဖွဲ့ဖို့ ကျွန်မ လုပ်ခဲ့သော်လည်း၊ ကျွန်မ သူမကို စာတစ်စောင်ပို့ရန် လုပ်နေစဉ် သူမက အခက်အခဲများကို ရင်ဆိုင်ရသည့်အခါ၊ နောက်ဆုတ် သွားသော်လည်း ယေဘုယျအားဖြင့် သူမ၏တာဝန်မှာ အောင်မြင်မှုများ ရှိသည်ဟု ကျွန်မ စိတ်ထဲမှာ စဉ်းစားမိသည်။ ကျွန်မက သူမပြဿနာကို ထုတ်ပြောပါက၊ ကျွန်မက အရမ်း တောင်းဆိုလွန်းသည်ဟု သူမက ပြောကောင်းပြောနိုင်ပြီး ကျွန်မကို ဆန့်ကျင်သွားနိုင်သည်။ သို့ဆိုလျှင် နောင်တွင် ကျွန်မလုပ်သည့် မည်သည့်အလုပ်အစီအစဉ်ကိုမှ သူမက လက်မခံပါက၊ ကျွန်မ ဘယ်လိုလုပ်မလဲ။ မိမိတာဝန်မှာ ကောင်းစွာ မထမ်းဆောင်ပါက၊ ကျွန်မက အလုပ်အပေါ်မှာ ကျွမ်းကျင်မှုမရှိဟု ခေါင်းဆောင်များက ပြောမည် မဟုတ်ပါလား။ ထို့ကြောင့် သူမကို မစော်ကားမိဖို့အတွက် သူမ၏ပြဿနာနှင့်ပတ်သက်ပြီး စကားတစ်လုံးမှ မပြောလိုက်ဘဲ၊ သူမ၏ကို အားပေးတိုက်တွန်းသည့် စာတစ်စောင်သာ ပို့လိုက်သည်။ “ကျွန်မတို့ ဧဝံဂေလိ ဖြန့်ဝေတဲ့သူ တချို့မှာ အယူအဆတွေ အများကြီးရှိကြတယ်၊ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ ယုံကြည်သူတွေပါ။ ကျွန်မတို့ ချစ်ခြင်းနဲ့ စိတ်ရှည်ခြင်းရှိရမယ်၊ ပြီးတော့ ဘုရားသခင်အပေါ် ဆုတောင်းပြီး မှီခိုရမယ်။ ကျွန်မတို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ များလေလေ၊ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းက စုံလင်ခြင်းခံရလေလေပဲ။ ကျွန်မတို့ လုံးဝ နောက်တွန့်လို့မဖြစ်ဘူး။” သူမက ထိုအချိန်က သဘောတူခဲ့သည်။ သို့ရာတွင် သူမ၏ပြဿနာကို လုံးဝ နားမလည်ဘဲ၊ ခက်ခဲသည့်အရာမှန်သမျှကနေ ဆက်ပြီး လှည့်ပြေးနေခဲ့သည်။ သူမက လုံးဝ မပြောင်းလဲပါ။ သို့ရာတွင် ထိုအချိန်က ပြဿနာကို ကျွန်မက သတိမပြုမိခဲ့သကဲ့သို့၊ ကျွန်မ အဆင်ပြေနေသည်ဟု ထင်ခဲ့မိသည်။ ဆင်တူရိုးမှား တစ်ခုခုကို ကျွန်မ ကြုံတွေ့ရသည့်အခါတိုင်းမှာ ထိုကဲ့သို့သာ ကိုင်တွယ်ခဲ့သည်။ ကျွန်မက လူများကို လုံးဝ ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သကဲ့သို့၊ သူတို့၏ ဖောက်ပြန်ပျက်စီးမှု သို့မဟုတ် ချို့ယွင်းချက်များကို လုံးဝ မဖော်ထုတ်ခဲ့သောကြောင့်၊ ညီအစ်ကို မောင်နှမများအားလုံးက ကျွန်မနှင့်အတူ အလုပ်လုပ်ဖို့ ပျော်ရွှင်ကြသည်၊ ပြီးလျှင် သူတို့ အခြေအနေများအကြောင်းပြောဖို့ ကျွန်မကို ရှာဖွေကြသည်။ ယင်းက ကျွန်မ၏ နည်းလမ်းကို ကျွန်မ ပို၍ပင် ယုံကြည်မှုရှိလာစေပြီး ညီအစ်ကို မောင်နှမများက ကျွန်မကို အထင်ကြီးကြသည်၊ လူတိုင်းက ကျွန်မကို တကယ်ကို ပံ့ပိုးကြသည်ဟု တွေးမိခဲ့သည်။

နောက်ပိုင်းမှာ အစ်မရှားက အတော်အတန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနေသည်ကို ကျွန်မ သတိပြုမိသည်။ သူမက အလွန်ခေါင်းမာပြီး အခြားသူများနှင့် ကောင်းကောင်း အလုပ်မလုပ်ဘဲ၊ ဤသည်က ကျွန်မတို့ ဧဝံဂေလိအလုပ်ကို ထိခိုက်လာသည်။ အစ်မရှားက တကယ်ကို မာနထောင်လွှားပြီး အခြားသူများ၏ အကြံများကို လက်မခံဘဲ၊ ယင်းက သူမ၏တာဝန်မှာ ထိခိုက်မှုများရှိလာပုံကို ကျွန်မ တွေးမိသည်။ သူမ ပြောင်းလဲနိုင်ဖို့အတွက် ဤကိစ္စကို သူမကို ပြောပြသင့်သည်ဟု ကျွန်မ စဉ်းစားမိသည်။ သို့ရာတွင် ကျွန်မက ထောက်ပြပြီးတော့ သူမက လက်မခံဘဲ စိတ်ကောက်သွားရင် မည်သို့လုပ်ရမည်ကို နောက်တော့ ကျွန်မ တွေးမိသည်။ တစ်ခါက အစည်းအဝေးတစ်ခုမှာ သူမက ကျွန်မနှင့်ပတ်သက်ပြီး အလွန် အပြုသဘောဆောင်သည့် အကဲဖြတ်မှုမျိုး ပေးသည်ကို ကျွန်မ ကြားခဲ့ရသည်၊ ထို့ကြောင့် ကျွန်မ သူမကို စော်ကားမိခဲ့ပါက၊ သူမက ကျွန်မအပေါ် အကောင်းမြင်နေခြင်းက ပျက်သွားနိုင်သည်ဟု စိတ်ပူမိသည်။ ကျွန်မအပေါ် သူမ၏ ထင်မြင်ချက်က ပြောင်းသွားပါက၊ ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ ကျွန်မ အခွင့်အရေးကို ထိခိုက်နိုင်သည်။ အားလုံးကို သေချာစဉ်းစားပြီးသည့်နောက်မှာ အဆုံး၌ အစ်မရှား၏ ဖောက်ပြန်ပျက်စီးမှုနှင့် ချို့ယွင်းချက်များကို ထုတ်မပြော ဖြစ်ခဲ့ပါ။ ထိုအစား ကျွန်မက “အစ်မရဲ့တာဝန်မှာ ကောင်းတဲ့ ရလဒ်မရတာ၊ အခက်အခဲတွေကို ရင်မဆိုင်တာ ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ အစ်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဘာကြောင့်လဲဆိုတာ စဉ်းစားမှ ဖြစ်မယ်။ ကျွန်မတို့က ညီအစ်ကို မောင်နှမတွေနဲ့လည်း ကောင်းကောင်းအလုပ်လုပ်ဖို့ လိုတယ်” ဟု ပြောလိုက်သည်။ အကြံဉာဏ်နှင့် အားပေးသည့် စကားပဲ နည်းနည်းပြောလိုက်ပြီး အဓိက ပြဿနာကို ရှောင်လိုက်သည်။ သုံးလေးရက်ကြာပြီးနောက် ကျွန်မတို့၏အလုပ်နှင့်ပတ်သက်ပြီး ခေါင်းဆောင်များထဲက တစ်ယောက်က ကျွန်မဆီလာပြီး စစ်ဆေးခဲ့သည်၊ ပြီးလျှင် အစ်မရှားက မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု မှတ်ယူကြောင်း၊ အခြားသူများနှင့် ကောင်းကောင်းအလုပ်မလုပ်ကြောင်း သူမကို ကျွန်မ ပြောပြခဲ့သည်။ ထိုနောက်တွင် အစ်မရှားက ကျွန်မကို နောက်တစ်ခါ တွေ့သည့်အခါ၊ သူမက “အရင် သုံးလေးရက်တုန်းက ငါတို့အလုပ်နဲ့ပတ်သက်ပြီး ခေါင်းဆောင်က နင့်ကို မေးတုန်းက ငါက မာနထောင်လွှားပြီး ကိုယ်လုပ်တာအကုန် အမှန်လို့ မှတ်ယူတယ်၊ သူများတွေနဲ့ ကောင်းကောင်းအလုပ်မလုပ်ဘူးလို့ နင် ပြောလိုက်တာကို ငါ လမ်းလျှောက်လာနေရင်း နားစွန်နားဖျား ကြားလိုက်ရတယ်။ ငါ့မှာ အရေးကြီးတဲ့ ပြဿနာရှိတာကို နင်က ကောင်းကောင်း သတိထားမိတယ်၊ ဒါပေမဲ့ ငါ့ကို အဲဒါနဲ့ပတ်သက်ပြီး ဘာမှပြောဘူး။ နင်က အလိုက်သင့်နေနေတာပဲ။ အရင်တုန်းက နင်က တစ်ခါမှ စိတ်မတိုဖူးဘူး၊ လူတွေကို အပြစ်မတင်ဘဲ အဲဒီအစား နှစ်သိမ့်ပေးတာကို ငါ သတိထားမိတယ်။ နင်က တကယ်ကို ကောင်းတဲ့သူလို့ ငါ ထင်ခဲ့တာ။ အခုတော့ နင်က တော်တော် ကျွမ်းကျင် တာပဲ၊ နင့်မှာ လှည့်ကွက်တွေရှိတာပဲဆိုတာ ငါ သဘောပေါက်သွားတယ်။ တဲ့တိုးပြောရရင် နင်က ကြောင်သူတော် တစ်ယောက်ပဲ” ဟု ပြောသည်။ သူမက ထိုသို့ တိုက်ရိုက် ဖော်ထုတ်သည်ကို ခံလိုက်ရကာ၊ ကျွန်မ မျက်နှာက ခဏ နီရဲသွားသည်ကို ခံစားမိသည်။ ကျွန်မ ဦးနှောက်ထဲမှာ “ကြောင်သူတော်၊” “လှည့်ကွက်” ဆိုသည့်စကားများက လောင်မြိုက်နေသည်။ ကျွန်မ တကယ်ကို ဝမ်းနည်းသွားပြီး ကျွန်မ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို နားလည်အောင် လမ်းပြဖို့ သူ့ကို တောင်းလျှောက်လျက်၊ ဘုရားသခင်ရှေ့ကို လာပြီး ဆုတောင်းသည်။

နောက်နေ့မှာ ကျွန်မ၏ဝတ်ပြုခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရွတ်ဖတ်ပြခြင်း ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့ရပါသည်။ “လှည့်စားတတ်ခြင်းသည် အပြင်ပန်း၌ မကြာခဏ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးသည် စကားပြောရာတွင် အလွန်ကောက်ကျစ်ပြီး လိမ္မာပါးနပ်ပါက၊ ယင်းမှာ လှည့်စားတတ်ခြင်း ဖြစ်သည်။ ကောက်ကျစ်စဉ်းလဲခြင်း၏ အဓိက ဝိသေသလက္ခဏာမှာ အဘယ်နည်း။ ကောက်ကျစ်စဉ်းလဲခြင်းသည် လူများ ပြောသည့်အရာသည် အထူးသဖြင့် နားဝင်ချိုသည့်အရာ ဖြစ်သည့်အခါ၊ ယင်းတို့အားလုံးက မှန်ကန်ပြီး အပြစ်ကင်းသည်ဟု ထင်ရပြီး၊ သင်မည်သည့်ဘက်က ကြည့်ပါစေ၊ ကောင်းသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့၏ အပြုအမူများသည် အထူးတလည် ကောက်ကျစ်စဉ်းလဲပြီး၊ အလွန်အမင်း ခိုးကြောင်ခိုးဝှက်နိုင်ပြီး အလွယ်တကူ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည့်အချိန် ဖြစ်သည်။ ၎င်းတို့သည် လူများကို မမှန်ကန်သောအရာများဖြင့် လှည့်စားဖို့ လူတို့၏ ခံစားချက်များနှင့် ကိုက်ညီသည့် မှန်ကန်သော စကားအချို့နှင့် နားဝင်ချိုသော စကားရပ် အချို့၊ အချို့သော အယူဝါဒများ၊ ငြင်းခုံမှုများနှင့် နည်းစနစ်များကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် အမြင်အားဖြင့် ကောင်းပြီး မှန်ကန်ပုံရသော၊ လူများ၏ခံစားချက်များနှင့် ကိုက်ညီပြီး ၎င်းတို့၏ လျှို့ဝှက်သော ရည်မှန်းချက်များကို အောင်မြင်ရရှိဖို့ ကိုယ်ကျင့်တရားကောင်းသော လုပ်ဆောင်ချက်များကို အသုံးပြုလျက်၊ လမ်းတစ်ခုကို သွားဟန်ဆောင်ကြသော်လည်း၊ အမှန်တွင် အခြားလမ်းတစ်ခုကို သွားကြသည်။ ဤသည်မှာ ကောက်ကျစ်စဉ်းလဲခြင်း ဖြစ်သည်။ လူများက ဤသည်ကို လှည့်စားတတ်ခြင်းဟု ပုံမှန်အားဖြင့် ယုံကြည်ကြသည်။ ၎င်းတို့၌ ကောက်ကျစ်စဉ်းလဲခြင်းနှင့်သက်ဆိုင်သည့် အသိပညာလည်း နည်းပါးကြပြီး ယင်းကို အသေးစိတ် စိစစ်လေ့လာမှုလည်း နည်းကြသည်။ ကောက်ကျစ် စဉ်းလဲခြင်းသည် ဖုံးကွယ်နေပြီး ပါဝင်သည့် နည်းစနစ်များနှင့် နည်းနိဿယများသည် သာ၍ ‘ပါးနပ်’ သောကြောင့်၊ လှည့်စားတတ်ခြင်းထက် သာ၍ ဖော်ထုတ်ဖို့ ခက်ခဲသည်။ လူများသည် ၎င်းတို့အတွင်း၌ လှည့်စားတတ်သော စိတ်သဘောထားတစ်ခု ရှိသည့်အခါ၊ ၎င်းတို့သည် လှည့်စားတတ်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့ပြောသည့် အရာမျိုးများသည် လှည့်စားသည့် စိတ်သဘောထား တစ်ခုကို ညွှန်ပြနေသည်ကို သင်မြင်နိုင်ဖို့ နှစ်ရက် သုံးရက်ခန့်သာကြာတတ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးက ကောက်ကျစ်စဉ်းလဲသည်ဟု ဆိုသည့်အခါ၊ ဤသည်မှာ တစ်ရက် နှစ်ရက်ဖြင့် ထိုးထွင်းသိမြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အချိန်တိုအတွင်း၌ အရေးပါသည့်အရာ သို့မဟုတ် ထူးခြားသည့်အရာ တစ်ခုမျှ မဖြစ်လျှင်၊ ၎င်းတို့၏စကားများကို နားထောင်ရုံဖြင့်ပင် ၎င်းတို့သည် လူကောင်းဖြစ်ကြောင်း၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးခံနိုင်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်ပြီး ၎င်းတို့ပြောသမျှ မှန်ကန်ကြောင်း သင်တွေးမည် ဖြစ်ပြီး၊ ၎င်းတို့သည် အမှန်တကယ်တွင် မည်သို့သောသူများဖြစ်သည်ဆိုသည်ကို ၎င်းတို့ကို သင်ပြောဖို့ အခက်ကြုံလိမ့်မည်။ မှန်သည့်အရာကို ပြောသည့်သူ၊ မှန်သည့်အရာကို လုပ်ဆောင်သည့်သူ များစွာရှိပြီး၊ အယူဝါဒတစ်ခုပြီးတစ်ခု ခရားရေလွှတ် တတွတ်တွတ် ပြောနိုင်သူများစွာရှိကြသည်။ ထိုသို့သောသူများနှင့် နှစ်နှစ် သို့မဟုတ် သုံးနှစ်ရှိပြီးသည့်နောက်တွင် သင်သည် ၎င်းတို့ကို ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်သည့်သူများ၊ ဘုရားသခင်ကို ချစ်သည့်စိတ်နှလုံး ရှိသည့်သူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ပြုမူသည့်သူများဟု တွေးထင်သည်။ သို့ရာတွင် သင်သည် ၎င်းတို့အား လုပ်ဆောင်ချက် တာဝန်များဖြင့် စတင် ယုံကြည်အပ်နှံပြီး ၎င်းတို့သည် မရိုးသားကြောင်း၊ လှည့်စားတတ်သော လူများထက် သာ၍ပင် တဖြည်းဖြည်းချင်း စိမ့်ဝင် အန္တရာယ်ပြုတတ်ကြောင်း၊ ၎င်းတို့သည် အတော်အတန် ကောက်ကျစ်စဉ်းလဲကြောင်း သင်မကြာမီ သဘောပေါက်လာသည်။ ၎င်းတို့က သင့်တော်သည့် စကားများ၊ သမ္မာတရားနှင့် အံကိုက်ဖြစ်သည့် စကားများ၊ လူများ၏ခံစားချက်များနှင့် လူ့သဘာဝတို့ဖြင့် ကိုက်ညီသည့် စကားများ၊ နားဝင်ချိုသည့် စကားများ၊ လူများနှင့် စကားစမြည်ပြောဖို့ လူနားယောင်စေသည့် စကားများကို ရွေးချယ်တတ်ကြသည်။ တစ်ဖက်တွင် မိမိတို့ကိုယ်ကိုယ် အခိုင်အမာ သက်သေပြဖို့၊ ပြီးလျှင် အခြားတစ်ဖက်တွင် သူတစ်ပါးကို လှည့်စားဖို့ ပြုလုပ်ကြခြင်းဖြစ်ပြီး၊ လူများအလယ်တွင် ၎င်းတို့သည် ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့ကို ရယူကြလေသည်။ ယင်းတို့ အားလုံးသည် မသိနားမလည်သည့် သူများ၊ သမ္မာတရားကို အပေါ်ယံနားလည်သူများ၊ ဝိညာဉ်ရေးရာ အမှုအရာများကို နားမလည်သည့်သူများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် အခြေအမြစ်မရှိသူများကို အလွယ်တကူ ဖမ်းစားပေသည်။ ဤသည်မှာ ကောက်ကျစ်စဉ်းလဲသော စိတ်သဘောထား တစ်ခုရှိသော လူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၃)”) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဆန့်ကျင်သည့် ကျွန်မကိုယ်တိုင်၏ အပြုအမူကို ထိန်းသိမ်းထားခြင်းအားဖြင့် ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားက ကျွန်မ လုပ်ရပ်များကို ဖြစ်ပေါ်စေသည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ညီအစ်ကို မောင်နှမများ၏ တာဝန်များတွင် သူတို့အလုပ်အပေါ် သက်ရောက်မှုရှိနေသည့် ပြဿနာများကို ကျွန်မ မြင်သည့်အခါ၊ သူတို့အားလုံးက ကျွန်မက သဘောကောင်းသည့်သူဟုပြောပြီး ကျွန်မအကြောင်းကို အကောင်းပြောစေဖို့အလို့ငှာ သူတို့ကို မဖော်ထုတ်ပါ၊ သူတို့ပြဿနာများကို ထုတ်မပြောခဲ့ပါ။ အစ်မချန်းက သူ့တာဝန်မှာ မှန်ကန်သည့် သဘောထားမရှိကြောင်း၊ လွယ်သည့်အရာကိုသာ လုပ်ပြီး ခက်သည့်အရာမှန်သမျှကို ရှောင်ကြောင်း ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ အစ်မရှားက မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု မှတ်ယူကာ၊ ယင်းက အသင်းတော်၏ ဧဝံဂေလိအလုပ်ကို အပျက်သဘောဆောင်စွာ ထိခိုက်မှု ရှိနေသည်ကိုလည်း ကျွန်မ မြင်ခဲ့သည်။ ဤအမှုအရာများကို ကျွန်မ သူတို့ကို ထုတ်ပြောသင့်ပြီး သူတို့ကို ကူညီဖို့ မိတ်သဟာယ ဝေမျှခဲ့သင့်ပါသည်။ သို့ရာတွင် ကျွန်မက သူတို့ ကျွန်မအပေါ် မည်သို့ထင်မည်ကိုလည်းကောင်း၊ သူတို့က ကျွန်မအလုပ်ကို ပံ့ပိုးပေးမည် မဟုတ်ဘဲ၊ သို့ဖြစ်၍ ကျွန်မ၏ လုပ်ဆောင်ချက်က ထိခိုက်မှုရှိနေပါက၊ ခေါင်းဆောင်များက ကျွန်မကို အထင်သေးမည်ကို ကျွန်မ စိတ်ပူနေခဲ့သည်။ ထို့ကြောင့် ကျွန်မက သူတို့ကို အားပေးဖို့အတွက် ကြား၍ကောင်းသည့်၊ မရိုးသားသည့် စကားများကိုသာ ပြောခဲ့သည်။ ဤနည်းဖြင့် သူတို့နှင့် ကျွန်မ၏ ဆက်ဆံရေးကို ကာကွယ်နိုင်ပြီး ကျွန်မ၏ နာမည်ကို ထိန်းထားနိုင်မည်၊ ပြီးလျှင် ကျွန်မ၏ အလုပ်ကို သူတို့ ဆက်ပြီး ကြိုက်နှစ်သက်နေမည်- တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ပါသည်။ ကျွန်မက အလွန်ကို ဉာဏ်များပြီး မသိကျိုးကျွန်ပြုတတ်သည်၊ ပြီးလျှင် ကျွန်မက လူများကို လှည့်စားနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက တကယ်ကို ဂရုစိုက်ပြီး နားလည်တတ်သည်ဟု သူတို့ထင်အောင် လုပ်ပြီး လှည့်စားခဲ့သည်၊ သူတို့က ကျွန်မကို တကယ်ကို အထင်ကြီး လေးစားပြီး ကိုးကွယ်ခဲ့ကြသည်။ ထိုအခါကျ ကျွန်မက ဉာဏ်များပြီး ဆိုးယုတ်သည့် စိတ်သဘောထားရှိသည်ကို ကျွန်မ သိခဲ့ပါသည်။ အစ်မရှားကသာ ကျွန်မကို မဖော်ထုတ်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ မဖွင့်ပြပါက၊ ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားအပေါ် မည်သည့်နားလည်မှုမျှ ရှိမည်မဟုတ်ပါ၊ ယင်းက မည်မျှ အရေးကြီးသည်ကို လုံးဝ သိမည်မဟုတ်ပါ။ ကျွန်မ၏ လုပ်ရပ်များက မည်မျှဆိုးပြီး မုန်းတီးစရာကောင်းသည်ကို၊ ဘုရားသခင်အတွက် စက်ဆုပ်မုန်းတီးဖွယ်ရာ ဖြစ်ပြီး အခြားသူများအတွက် ရွံစရာကောင်းသည်ကို ကျွန်မ မြင်ခဲ့သည်။

ထိုနောက်မှာတော့ ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ ဤအပိုဒ်ကို ကျွန်မဖတ်ရပါသည်။ “အချို့ အသင်းတော် ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ကို အရေးမထားဘဲနှင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည့် ညီအစ်ကိုများ သို့မဟုတ် ညီအစ်များကို ၎င်းတို့မြင်တွေ့ရလျက် ၎င်းတို့ ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်လည်း မပြုကြချေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေသည့်အရာ တစ်ခုကို ၎င်းတို့ မြင်သည့်အခါ၊ အခြားသူများ ယုတ်စွအဆုံး စိတ်အနှောင့်အယှက်ပင် မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မသိကျိုးကျွန်ပြုကြပြီး မည်သည့် မေးမြန်းစုံစမ်းခြင်းများကိုမျှ မပြုကြချေ။ ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် ရည်မှန်းချက် ပန်းတိုင်မှာ အခြားသူများ၏ အားနည်းချက်များအတွက် စာနာထောက်ထားမှု ပြရန်မဟုတ်- ၎င်းတို့ မည်သည့်အရာ ရည်ရွယ်သည်ကို ၎င်းတို့ အပြည့်အဝ ကောင်းစွာ သိကြသည်- ‘ဤအရာကို ငါ ဆက်ထိန်းထားပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပါက၊ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ မျက်နှာသာပေးကာ နှစ်သက်ကြလိမ့်မည်။’ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် မည်မျှ ကြီးမားစွာ ကြန့်ကြာစေခြင်း ခံရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသင်းတော် အသက်တာသည် မည်မျှ ကြီးမားစွာ နှောင့်ယှက်ခံရသည် ဖြစ်စေ၊ ထိုသို့သော လူများသည် မည်သည့် စိတ်အနှောင့်အယှက်မျှ မဖြစ်စေခြင်းနှင့် ဆိုင်သည့် ၎င်းတို့၏ ဆိုးယုတ်သော အတွေးအခေါ်တွင် ရှိမြဲရှိကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု အသိစိတ်တစ်ခု မရှိကြပေ။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အလျဉ်းသင့်၍ အချို့ ပြဿနာများကို သာမန်ကာလျှံကာ ပြောဆိုမှုပြုကြပြီးနောက် ထိုအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် လူတို့၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မိတ်သဟာယ မပြုကြသကဲ့သို့ အခြားသူများ၏ ပြဿနာများနှင့်ဆိုင်သည့် အနှစ်သာရကိုလည်း ထောက်မပြကြချေ။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ လူတို့ကို ဦးမဆောင်ကြသကဲ့သို့၊ ဘုရားသခင်၏ အလို မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လူတို့ မကြာခဏ ကျူးလွန်ကြသည့် အမှားများ သို့မဟုတ် လူတို့ ထုတ်ဖော်ပြကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားများကို မည်သည့်အခါတွင်မျှ ပြောဆိုဆွေးနွေးခြင်း မပြုကြချေ။ ဤလက်တွေ့ကျသော ပြဿနာများကို ၎င်းတို့ မဖြေရှင်းကြပေ။ ယင်းအစား၊ ၎င်းတို့သည် အခြားသူများ၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်း၊ ပြီးလျှင် ၎င်းတို့၏ အရေးမထားခြင်းနှင့် စိတ်မပါခြင်းတို့ကိုပင် အစဉ် လိုက်လျောကြလေသည်။ ဤလူများ၏ လုပ်ရပ်များနှင့် အပြုအမူများကို ယင်းတို့ အဘယ်အရာ ဖြစ်သည် ဆိုသည်အတွက် အမည်တပ်ခြင်းမရှိဘဲ အသက်ရှင် နေထိုင်ကြသည်ကို တစ်သမတ်တည်း ခွင့်ပြုကြပြီး၊ ၎င်းတို့ ထိုသို့ လုပ်ဆောင်ကြသောကြောင့် အတိအကျပင်၊ လူအများစုက ‘ငါတို့၏ ခေါင်းဆောင်သည် ငါတို့အဖို့ မိခင်တစ်ဦးကဲ့သို့ ဖြစ်သည်။ သူသည် ဘုရားသခင်ထက် ငါတို့၏ အားနည်းချက်များကို သာ၍ပင် သိနားလည်မှုရှိသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လျော်ညီအောင်နေဖို့ ငါတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးနုပ်ကောင်း သေးနုပ်နိုင်သော်လည်း၊ ငါတို့ ခေါင်းဆောင်၏ သတ်မှတ်ချက်များနှင့် လျော်ညီအောင် ငါတို့ နေနိုင်သည်မှာ လုံလောက်သည်။ သူသည် ငါတို့အတွက် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သည်။...’ ဟု တွေးလာကြလေသည်။ ထိုသို့သော အတွေးများကို လူတို့ သိုထားပါက- ၎င်းတို့သည် ၎င်းတို့၏ ခေါင်းဆောင်နှင့် ဤဆက်ဆံရေးမျိုး ရှိပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် ထိုသို့သော ထင်မြင်ချက်တစ်ခု ရှိကာ၊ ၎င်းတို့၏ ခေါင်းဆောင်အပေါ် မှီခိုခြင်း၊ သဘောကျခြင်း၊ လေးစားခြင်းနှင့် ကြည်ညိုခြင်းတို့နှင့်ဆိုင်သည့် ထိုသို့သော ခံစားချက်များ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဖြစ်ပေါ်ပြီးဖြစ်ပါက- ခေါင်းဆောင်သည် မည်သို့ ခံစားသင့်သနည်း။ ဤကိစ္စရပ်တွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အပြစ်တင်မှု ခံစားရပြီး စိတ်မအေးဘဲ၊ ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ၎င်းတို့သည် အခြားသူတို့၏ စိတ်နှလုံးများထဲက ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် ပုံရိပ်အပေါ် အစွဲအလမ်းမကြီး သင့်ကြပေ။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးများထဲတွင် နေရာတစ်ခု ရှိဖို့နှင့် ဘုရားသခင်ကို ကြီးမြတ်သောသူအဖြစ် လူတို့ ရိုသေလေးမြတ်ကြဖို့အလို့ငှာ၊ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံကာ သူ့ကို ချီးမြှောက်သင့်ကြပေသည်။ ထိုသို့ဖြင့်သာ ၎င်းတို့၏ စိတ်နှလုံးသည် အမှန်တကယ် ငြိမ်းချမ်းလိမ့်မည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်သူတစ်ဦးသည် သမ္မာတရားကို အားထုတ်သူတစ်ဦး ဖြစ်ပေသည်။ သို့သော် ဤသည်မှာ ၎င်းတို့ လုပ်ရပ်များနောက်ကွယ်က ရည်မှန်းချက် မဟုတ်သကဲ့သို့၊ ထိုအစား လူတို့ကို မှန်ကန်သော လမ်းခရီးမှ လွဲစေရန်နှင့် သမ္မာတရားကို စွန့်လွှတ်ရန် သွေးဆောင်ဖြားယောင်းဖို့ ဤနည်းစနစ်များနှင့် နည်းနိဿယများကို အသုံးပြုပြီး၊ လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခုခု သိမ်းပိုက်ကာ ၎င်းတို့၏ နာမည်ကောင်းကို ရရှိဖို့ ရည်မှန်းချက်တစ်ခုဖြင့် ၎င်းတို့၏ တာဝန်များနှင့်ပတ်သက်၍ လူတို့၏ အရေးမထား၊ ဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့သော ထမ်းဆောင်ချက်ကို လိုက်လျောဖို့အထိ လုပ်ဆောင်ပါက၊ ဤသည်မှာ လူများကို မိမိဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားအားထုတ်မှု တစ်ခု မဟုတ်သလော။ ပြီးလျှင် ဤသည်မှာ ဆိုးယုတ်သည့်၊ မုန်းတီးစက်ဆုပ်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် စက်ဆုပ်စရာ ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ဖွင့်ပြသည့်အရာကို မြင်လျက်၊ ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားကို အခြေခံပြီး ပြုမူခြင်းသည် သူတို့ကို ပိုင်ဆိုင်ဖို့၊ ထိန်းချုပ်ဖို့ အားထုတ်ကြိုးစားရာတွင် အခြေခံအားဖြင့် လူများကို လှည့်စားပြီး စည်းရုံးနေခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အန္တိခရစ်တစ်ယောက်က ပြုမူသည့်ပုံစံ အတိအကျပင် ဖြစ်သည်။ ဤအတွေး၌ ကျွန်မ အကြောက်ဘဲ မနေနိုင်ခဲ့ပါ။ အခြားသူများ၏ စိတ်နှလုံးမှာ ကျွန်မ ယူထားသည့် နေရာနှင့် ခေါင်းဆောင်အနေနှင့် အရွေးခံရဖို့ ကျွန်မ၏ အခွင့်အလမ်းကို ကာကွယ်ဖို့အလို့ငှာ၊ ညီအစ်ကို မောင်နှမများ၏ တာဝန်များမှာ ပြဿနာများကို ကျွန်မ မြင်သည့်အခါ၊ ထိုပြဿနာများကို ဖြေရှင်းဖို့အတွက် ကျွန်မ တစ်ခါမှ တိုက်ရိုက် ထောက်မပြခဲ့သကဲ့သို့၊ သမ္မာတရားကို မိတ်သဟာယမဖွဲ့ခဲ့ပါ။ ထိုအစား အခြားသူများက ကျွန်မကို ကြိုက်နှစ်သက်ပြီး ကျွန်မက အလေးထားတတ်သည်၊ ချစ်ခင်တတ်သည်ဟု မြင်ဖို့အတွက် ကြားကောင်းသည့်စကားများသာ ပြောခဲ့သည်။ သတိမထားမိလိုက်ဘဲ၊ ကျွန်မက နောက်လိုက်များကို စုဆောင်းနေမိပြီး ကျွန်မ လှည့်စားခဲ့သည့်လူများက သူတို့၏ ပြဿနာများကို မမြင်နိုင်၊ မပြုပြင်နိုင်ရုံသာမကဘဲ၊ သူတို့၏ အသက်ဝင်ရောက်မှုက ထိခိုက်ပျက်စီးပြီး ကျွန်မကို အထင်ကြီးလေးစား၊ ကိုးကွယ်ခြင်းပင် လုပ်သည့် အဖြစ်ကို ရောက်သွားခဲ့သည်။ ယင်းက ကျွန်မ၏ အလွန်ဆိုးဝါးပြီး မုန်းတီးစရာကောင်းခြင်း ဖြစ်ပေသည်။ ညီအစ်ကို မောင်နှမများ၏ ဘဝများအပေါ် ကျွန်မ လုံးဝ အရေးမစိုက်မှု၊ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအပေါ် အမှီပြုပြီး သူတို့တာဝန်များကို ထမ်းဆောင်သည့်အခါမှာ သူတို့ကို အလိုလိုက်မှုများက ကျွန်မတို့၏အလုပ်အပေါ်မှာ အပျက်သဘောဆောင်သည့် သက်ရောက်မှုတစ်ခု ရရှိခဲ့ပါသည်။ ကျွန်မက စာတန်၏ လက်ပါးစေတစ်ယောက်အဖြစ် အပြည့်အဝ ပြုမူပြီး ဘုရားသခင်၏အိမ်တော်၏အလုပ်ကို နှောင့်ယှက်ခဲ့သည်။ ယုတ်လျော့စေခဲ့ပါသည်။ ဤနားလည်သဘောပေါက်ခြင်းဖြင့်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို လှိုက်လှိုက်လှဲလှဲ မုန်းတီးလာခဲ့သည်။ ဆုတောင်းပြီး နောင်တရဖို့အတွက် ဘုရားသခင်၏ရှေ့ကို ကျွန်မ လာခဲ့ပါသည်။ ကျွန်မက “အို ဘုရားသခင်၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက ဘယ်လောက် စိုးရိမ်ရတယ်ဆိုတာ၊ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေတယ်ဆိုတာကို ကိုယ်တော့်နှုတ်ကပတ်တော်တွေက ကျွန်မကို မြင်စေခဲ့ပါတယ်။ ကျွန်မ နောင်တရပြီး ကျွန်မရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေကို စွန့်လွှတ်ချင်ပါတယ်၊ ပြီးတော့ ကျွန်မရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားအတိုင်း ပြုမူတာတွေကို ရပ်ချင်ပါတယ်” ဟု ပြောခဲ့သည်။

ဆုတောင်းပြီးနောက် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိသည်။ “‘ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။’...ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော် အကျဉ်းချုပ်ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့်အရာ တစ်ခုတလေကို သင်တွေ့နိုင်ပါသလော။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် မှန်ကန်ပါသလော။ လှည့်ဖြားမှု တစ်ခုတစ်လေ ရှိသလော။ မမှန်ကန်မှုတစ်ခုတစ်လေ ရှိသလော။ ခြိမ်းခြောက်မှု တစ်ခုတလေ ရှိပါ၏လော။ (မရှိပါ။) လူသားက မည်သည့်အရာစား၍ရသည်ဆိုသည်နှင့် မည်သည့်အရာကို စား၍မရဆိုသည်တို့ကို ဘုရားသခင်သည် ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စိတ်ရင်းအမှန်နှင့် လူကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ရှင်းရှင်းလင်းလင်းနှင့် ထင်ထင်ရှားရှား ပြောဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ဤနှုတ်ကပတ်တော်များသည် တိကျပြတ်သားသည် မဟုတ်လော။ ထင်ကြေးပေးစရာ တစ်ခုတစ်လေ လိုအပ်သလော။ (မလိုအပ်ပါ။) မှန်းဆချက် မလိုပေ။ ၎င်းတို့၏ အဓိပ္ပာယ်သည် တစ်ချက်ကြည့်ရုံမျှဖြင့် သိသာပေသည်။ ၎င်းတို့ကို ဖတ်ရှုရာတွင်၊ ၎င်းတို့၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ လုံးဝ ရှင်းလင်းပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင် ပြောလိုသောအရာနှင့် သူဖော်ပြလိုသော အရာများသည် သူ၏ စိတ်နှလုံးမှ လာပေသည်။ ဘုရားသခင် ဖော်ပြသည့် အရာများသည် ရှင်းလင်း၏၊ ရိုးစင်းပြီး ပြတ်သားလေသည်။ ခိုးကြောင်ခိုးဝှက် ရည်ရွယ်ချက်များ မရှိသကဲ့သို့ ကွယ်ဝှက်ထားသော မည်သည့် အဓိပ္ပာယ်မျှလည်း မရှိပေ။ လူသားအနေဖြင့် မည်သည့်အရာကို စား၍ရသည်၊ မည်သည့်အရာကို စား၍မရဆိုသည်ကို ပြောပြရင်း သူသည် လူသားကို တိုက်ရိုက် ပြောဆိုခဲ့၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဤအပိုဒ်ကို ဖတ်ပြီး ဘုရားသခင်က ကျွန်မတို့နှင့်အတူ မည်မျှ စစ်မှန်စွာ ရှိနေသည်ကို ခံစားခဲ့ရသည်။ ဘုရားသခင်က အာဒံကို အမိန့်ပေးခဲ့သည့်အချိန်က၊ လူသားက မည်သည့်အရာလုပ်ရမည်ကို ရှင်းရှင်းလင်းလင်း သိဖို့အလို့ငှာ၊ မည်သည့်အရာကို စားနိုင်ပြီး မည်သည့်အရာကို စား၍မရသည်ကို ဘုရားသခင်က အလွန်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှုပ်ထွေးခြင်း သို့မဟုတ် အထင်မှားစေခြင်း တစ်ခုမျှ မရှိဘဲ၊ မာယာများခြင်း သို့မဟုတ် လှည့်စားခြင်း တစ်ခုမျှ မရှိပါ။ ဘုရားသခင်က လူသားမျိုးနွယ်ကို အကောင်းဆုံးသာ ဖြစ်စေချင်သည်။ သူက ကျွန်မတို့အတွက် အမှန်တကယ်ကို စဉ်းစားပေးနေခြင်း ဖြစ်သည်။ သူက လူသားကို လုံးဝ ရိုးရိုးသားသား စကားပြောသည်။ ဘုရားသခင်၏ အနှစ်သာရသည် ရိုးသားစစ်မှန်သည်၊ သန့်ရှင်းသည်၊ အကျိုးပြုတတ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ ဘုရားသခင်က ကျွန်မတို့၏ ယုံကြည်မှုနှင့် လေးစားကြည်ညိုမှုကို ရဖို့ တကယ်ပဲ ထိုက်တန်ပါသည်။ သို့ရာတွင် ကျွန်မကမူ ညီအစ်ကို မောင်နှမများအပေါ် လုံးဝ ရိုးသားစစ်မှန်မှု မရှိခဲ့ပါ။ ကျွန်မ ပြောသမျှ၊ လုပ်သမျှတိုင်းက ကျွန်မ၏ ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များနှင့် စွန်းထင်းနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက လိမ်ညာမှုများ၊ လှည့်စားမှုများနှင့် ပြည့်နေခဲ့သည်။ ကျွန်မက လူများကို လှည့်စားပြီး အသုံးပြုနေခြင်း ဖြစ်ပြီး၊ နောက်ဆုံးတွင် ညီအစ်ကို မောင်နှမများကို ထိခိုက်နစ်နာစေခဲ့သည်။ ယင်းမှာ ကျွန်မ၏ အလွန်ဆိုးယုတ်ခြင်း ဖြစ်ပေသည်။ ဤအတွေးတွင် ကျွန်မ အလွန် အပြစ်ရှိသလို ခံစားရပြီး နောင်တများနှင့် ပြည့်နေခဲ့ပါသည်။ ထိုနောက်မှာ အစ်မရှားနှင့် အစ်မချန်းကို ထွက်ရှာခဲ့ပြီး ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သူတို့ကို ဖွင့်ပြောခဲ့ပါသည်။ သူတို့၏ တာဝန်များထဲမှာ ကျွန်မမြင်သည့် ပြဿနာများအကြောင်းကိုလည်း ပြောခဲ့သည်။ သူတို့ ကျွန်မကို လုံးဝ အထင်မသေးကြဘဲ၊ သူတို့ပြဿနာများကို ကျွန်မက အလွန် ရှင်းရှင်းလင်းလင်း ထောက်ပြခြင်းသည် သူတို့အား ထိုအရာများကို အလေးအနက် ထားစေပြီး၊ သို့မဟုတ်ပါက သူတို့၏ပြဿနာများက မည်မျှ အရေးကြီးသည်ကို သူတို့ သဘောပေါက်မည်မဟုတ်ဟု ပြောခဲ့သည်။ နောင်တွင် ပြဿနာများကို ကျွန်မ မြင်ပါက၊ သူတို့ကို အသိပေးဖို့ အားမနာရန်လည်း ပြောခဲ့ကြသည်။ ထိုနောက်မှာ သူတို့၌ ပြောင်းလဲမှုအချို့ကို ကျွန်မ မြင်ရပြီး၊ သူတို့တာဝန်များ၌ ပို၍ ကောင်းအောင်လုပ်လာတာကို ကျွန်မ တွေ့ခဲ့ရသည်။ ဤသည်က ကျွန်မ အလွန်ပျော်စေခဲ့သည်။

ထိုနောက်မှာ ကျွန်မ၏ဝတ်ပြုခြင်းများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွက် ဖြေရှင်းချက်များ ရှာရာတွင် ကျွန်မ အာရုံစိုက်ခဲ့ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ ကျမ်းပိုဒ်သုံးလေးပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “သင်သည် သင်၏တာဝန်ကို ယခု ထမ်းဆောင်သည် ဖြစ်စေ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု အစဦးအဆင့်များကို လိုက်စားသည်ဖြစ်စေ၊ သင်သည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည် ဖြစ်စေ- သင်သည် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမည်။...ဥပမာအားဖြင့် သင်သည် သင့်ကိုယ်သင် သာယာဖွယ်စကားများဖြင့် အမြဲဖုံးကွယ်ဖို့ ကြိုးစားပါက၊ အခြားသူများ၏စိတ်နှလုံးများ၌ နေရာတစ်ခုယူပြီး အခြားသူများက သင့်ကို ကြည်ညိုဖို့ အမြဲ လိုအင်ဆန္ဒရှိပါက၊ သင်၌ ဤရည်ရွယ်ချက်များရှိပါက၊ ယင်းက သင်သည် သင်၏စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကိုခံနေရသည်ဟု ဆိုလိုသည်။ သင်သည် ဤသာယာဖွယ် စကားများကို ပြောသင့်သလော။ (မပြောသင့်ပါ။) သင်သည် ယင်းတို့ကို မပြောပါက၊ ယင်းတို့ကို သင်ချုပ်တည်း ထားသလော။ သင်သည် ပါးနပ်သော စကား အထားအသိုတစ်ခု၊ အခြားသူများက သင်၏ ရည်ရွယ်ချက်များကို သတိမပြုမိနိုင်သည့် ကွဲပြားခြားနားသော စကားအထားအသိုတစ်ခုကို ရှာပါက၊ ဤသည်မှာ သင်၏စိတ်သဘောထား၌ ပြဿနာတစ်ခု ရှိသေးသည်။ မည်သည့် စိတ်သဘောထားနည်း။ မကောင်းမှုနှင့်သက်ဆိုင်သည့် စိတ်သဘောထားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဖြေရှင်းဖို့ လွယ်ကူသလော။ ဤသည်မှာ တစ်စုံတစ်ဦး၏ သဘာဝအနှစ်သာရ ပါရှိသည်။ လူများ၌ ဤအနှစ်သာရ၊ ဤအရင်းအမြစ် ရှိပြီး ယင်းကို နည်းနည်းချင်း ရှာဖွေဖော်ထုတ်ရမည် ဖြစ်သည်။ ယင်းကို အခြေအနေတိုင်းမှ၊ သင်ပြောသည့် စကားလုံးတိုင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များမှ ရှာဖွေဖော်ထုတ်ရမည်။ ယင်းကို သင်ပြောသည့် စကားများမှ စိစစ်ပြီး နားလည်သဘောပေါက်ရမည်။ ထိုသို့သော နားလည်သဘောပေါက်မှုသည် ယခင်ကထက် သာ၍ ရှင်းလင်းလာပြီး သင်၏ဝိညာဉ်သည် ယခင်ထက်သာ၍ ပါးနပ်ချက်ချာလာသောအခါ၊ သင်သည် ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်”)သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဆင်ခြင်စဉ်းစားကြည့်သည့်အခါ၊ ပြဿနာတစ်ခုကို ရင်ဆိုင်ရာတွင် ကျွန်မကိုယ်တိုင်၏ အတွေးများကို သေချာ ကြည့်ရှုစစ်ဆေးရမည်၊ ကျွန်မ၏ စကားများ၊ လုပ်ရပ်များ၏နောက်ကွယ်က ရည်ရွယ်ချက်များကို ဆင်ခြင်သုံးသပ်ရမည်၊ ကျွန်မ၏ စကားနှင့် လုပ်ရပ်များကို ဘုရားသခင်၏ရှေ့ကို ယူလာပြီး သူ၏ စိစစ်ခြင်းကို လက်ခံရမည်၊ ကျွန်မက ဆိုးယုတ်သည့် စိတ်သဘောထားကို ထုတ်ဖော်နေသည်ကို တွေ့သည့်အခါမှာ မိမိကိုယ်ကိုယ် ပိုင်းခြားစိစစ်ပြီး သိရမည်၊ နှောင့်နှေးခြင်းမရှိဘဲ ဆုတောင်းပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်ရမည်ကို ရှင်းရှင်းလင်းလင်း သိလာခဲ့ပါသည်။ ဤနည်းဖြင့် ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သည့် သွင်ပြင်လက္ခဏာသည် တဖြည်းဖြည်းချင်း သန့်စင်သွားမည်။

နောက်ပိုင်းမှာ အားနည်းသည့် ပုံစံရှိပြီး မည်သည့်ဆင်းရဲဒုက္ခကိုမှ မကြုံချင်သည့် အစ်မတစ်ယောက်ကို ကျွန်မ သတိထားမိသည်။ သူမ၏ ဧဝံဂေလိအလုပ်မှာ ပြဿနာများကို သူ မထင်မှတ်ဘဲ ကြုံရတိုင်း နောက်ပြန်လှည့်သည်။ သူက သူ့တာဝန်မှာ တာဝန်ခံယူမှုမရှိဘဲ၊ အခြေအနေများကို ပြောင်းလဲဖို့ ကျွန်မ သူနှင့် ချက်ချင်း မိတ်သဟာယဖွဲ့ဖို့လိုသည်ဟု ကျွန်မ စိတ်ထဲမှာ တွေးမိသည်။ သို့ရာတွင် ကျွန်မ ပြဿနာက မထင်မှတ်ဘဲ ပေါ်လာပြန်သည်။ သူမ၏ပြဿနာကို ကျွန်မက ထုတ်ပြောပါက၊ ကျွန်မက ကြမ်းလွန်းသည်ဟု သူမက ထင်နိုင်ပြီး၊ ကျွန်မအပေါ် အတိုက်အခံလုပ်ပြီး ဆန့်ကျင်နိုင်သည်ဟု ကျွန်မ တွေးမိသည်။ သူ လက်ခံနိုင်စရာဖြစ်ပြီး ကျွန်မကို အကောင်းမမြင်ခြင်းမျိုး မဖြစ်စေဖို့အလို့ငှာ မည်သို့ အကွက်ဆင်ရမည်ကို တွေးတောမိသည်။ ဤအတွေးဖြင့် ကျွန်မက ညီအစ်ကို မောင်နှမများကြားမှာ ကျွန်မ၏ ဂုဏ်အဆင့်အတန်းနှင့် နာမည်ကောင်းကို ထပ်ပြီး ကာကွယ်နေပြန်ပြဖြစ်သည်ကို သတိပြုမိခဲ့သည်။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ဤဆုတောင်းချက် ဆိုခဲ့ပါသည်။ “အို ဘုရားသခင် ကိုယ်တော်ရဲ့ စိစစ်မှုကို လက်ခံပြီး ကျွန်မရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေကို စွန့်လွှတ်ဖို့ အသင့်ရှိပါတယ်။ ကျွန်မရဲ့ အစ်မကို ကူညီပြီး ကျွန်မ တာဝန်ကို ထမ်းဆောင်ဖို့အတွက် သမ္မာတရားကို မိတ်သဟာယ ဖွဲ့ချင်ပါတယ်။” ထိုနောက်မှာ သူမ၏ ပြဿနာကို ခွဲခြမ်းစိစစ်ရင်းနှင့် ဤအစ်မနှင့် မိတ်သဟာယ ဝေမျှခဲ့ပါသည်။ ဤသည်ကို လက်တွေ့လုပ်ဆောင်ပြီးသည့်နောက်မှာ ကျွန်မ စိတ်အတွင်းထဲမှာ ငြိမ်းချမ်းမှုများစွာ ရခဲ့သည်။ ယခုအခါ ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားအပေါ် ထိုးထွင်းသိမြင်မှု နည်းနည်းရှိခဲ့ပြီး၊ ပြဿနာတစ်ခုကို ကြုံရသည့်အခါ သမ္မာတရားကို ကျွန်မ သတိရှိရှိနှင့် ရှာဖွေပြီး ကျွန်မ၏ တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များကို စွန့်လွှတ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံပြီး ကျွန်မ ပြုမူနိုင်ပါသည်။ ဤအရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက တစ်ဆင့်သာ အောင်မြင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ကျွန်မ အရမ်းကျေးဇူးတင်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ် အလွန်မာနထောင်လွှားလာပြီး ကိုယ်မှန်သည်ဟု ယူဆရသည့်အကြောင်းရင်း

မုတုံ ဂျပန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက...

နှုတ်ကပတ်တော်သည် မုသားအားလုံးကို အောင်နိုင်သည်

ယေ့ချိုး တရုတ်နိုင်ငံ အခုနှစ်၊ ဇွန်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ တစ်နေ့တော့ အစ်မချန်းလင်နဲ့ ကျွန်မတို့ လူသစ်တွေနဲ့...

လက်စားချေမှု အရယူပြီးနောက် နိုးထခြင်း

ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ခဏတာ အစေခံခဲ့တယ်။ ဧဝံဂေလိ သင်းထောက်ဖြစ်တဲ့ အစ်မကျန်းက သူ့တာဝန်အတွက် ဝန်တာထားပြီး တကယ်ကို တက်ကြွခဲ့တယ်။...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းခရီးကို ဦးဆောင်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ရှင်းပစ်ဖို့ရန် မဟုတ်၊ သို့သော် ၎င်းတို့ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။