နာမကျန်းမှုနှင့်ပတ်သက်သော စိုးရိမ်ပူပန်ခြင်းမှ ကျွန်မ ရုန်းထွက်လာခဲ့ပြီ
ရှောင်ရှီး တရုတ်ပြည်၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အနီးအနားက အသင်းတော်တော်တော်များများ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၀၁ ခုနှစ်၊ ဩဂုတ်လမှာ ညီအစ်မတစ်ယောက်က ဘုရားသခင်ဟာ ဒုတိယအကြိမ် လူဇာတိခံပြီးပြီ၊ သမ္မာတရားကို ဖော်ပြဖို့နဲ့ တရားစီရင်ခြင်းအမှု ပြုဖို့ ကြွလာပြီးပြီ၊ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲပေးတဲ့အပြင် နောက်ဆုံးမှာ လူတွေကို ကောင်းမွန်လှတဲ့ နိုင်ငံတော်ထဲ ပို့ဆောင်ပေးလိမ့်မယ်ဆိုပြီး ကျွန်မကို သက်သေခံခဲ့တယ်။ ဒါကို ကြားပြီးတဲ့နောက် ကျွန်မ အရမ်း စိတ်လှုပ်ရှားခဲ့ရတယ်။ အချိန်ကာလတစ်ခုကြာ စုံစမ်းလေ့လာပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ စုဝေးပွဲတွေကို တက်တက်ကြွကြွ တက်ရောက်ပြီး ကိုယ့်တာဝန်တွေကို ကျွန်မ ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်အနေနဲ့ အသင်းတော်မှာ ကျွန်မ အရွေးခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မယောကျ်ားက ဘုရားသခင်ကို ယုံကြည်တာ၊ ကိုယ့်တာဝန်ထမ်းဆောင်တာတွေ မလုပ်ဖို့ ကျွန်မကို ခဏခဏ တားခဲ့ပေမဲ့ ကျွန်မက ဘောင်ခတ်မခံခဲ့သလို တာဝန်တွေကို ကြန့်ကြာအောင် လုံးဝ မလုပ်ခဲ့ဘူး။ တစ်နေ့ကုန် အသင်းတော်မှာပဲ ကျွန်မ အလုပ်ရှုပ်နေခဲ့တာ။ နေ့ဘက်မှာ စုဝေးပွဲတွေတက်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုမှာရှိတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မိတ်သဟာယဖွဲ့ပေးတယ်။ ညဘက်ကျရင် အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ကူညီထောက်ပံ့ပေးတယ်။ အရင်တုန်းက ကျွန်မယောကျ်ားက ပိုက်ဆံ သိပ်မရှာနိုင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ အဲဒီအချိန်အတောအတွင်းမှာ သူ့ဝင်ငွေ ကောင်းလာပြီး သိပ်မကြာခင်မှာပဲ ကျွန်မတို့မိသားစု စုမိဆောင်းမိ နည်းနည်း ရှိလာတယ်။ ကျွန်မ အရမ်း ပျော်တာပေါ့။ ကျွန်မဘာသာ တွေးမိတယ်။ “အခု ငါ့တာဝန်ကို ထမ်းဆောင်ရာမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာ ရှိနေပြီဖြစ်ပြီး အနာဂတ်မှာလည်း နိုင်ငံတော်ထဲကို ငါ ဝင်နိုင်ဦးမှာပဲ။ နောင်မှာ ငါ့တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရမယ်။ ဘုရားသခင်က ငါ့ကို မမျှမတ ဆက်ဆံမှာ မဟုတ်ဘူး။ ငါ့မိသားစုဘဝ ပိုကောင်းသထက်ကောင်းလာအောင် သူ ကောင်းချီးပေးမှာပါ” လို့ပေါ့။ ဒါပေမဲ့ ကျွန်မ အဲဒီလို အစီအစဉ်ချနေတုန်းမှာပဲ မမျှော်လင့်တာတစ်ခု ဖြစ်ခဲ့တယ်။
အချိန်နည်းနည်းကြာတော့ ကျွန်မယောကျ်ားက ခါးနာတယ်လို့ ညည်းပဲညည်းနေတယ်။ ဒါကြောင့် သူ ဆေးရုံကို ဆေးသွားစစ်တယ်။ ကျွန်မယောကျ်ားမှာ ခါးရိုးဆစ်ကျွံတဲ့ရောဂါနဲ့ ကျောရိုးမှာ အရိုးအတက်ထွက်တာတွေ ရှိနေတယ်၊ အခြေအနေ ဆိုးလာရင် အာရုံကြောတွေကို ဖိမိပြီး အောက်ပိုင်းသေသွားနိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ ပြီးတော့ အလုပ်ဆက်မလုပ်ဖို့နဲ့ အရေးပေါ် ကုသမှုခံယူဖို့ လိုတယ်လို့လည်း ပြောလိုက်တယ်။ ဒါကို ကြားတော့ ကျွန်မ လန့်သွားတာပေါ့။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “အခုမှ ဆောက်ပြီးခါစ အိမ်သစ်အတွက် အကြွေးတွေက အများကြီးရှိသေးတာ၊ တံခါးတွေနဲ့ ပြတင်းပေါက်တွေတောင် မတပ်ရသေးဘူး။ သမီးကလည်း တက္ကသိုလ်တက်နေတော့ ပိုက်ဆံလိုတယ်။ ငါကလည်း အသင်းတော်ခေါင်းဆောင်ဆိုတော့ အရမ်းအလုပ်များပြီး ပိုက်ဆံရှာဖို့ အချိန်မရှိဘူး။ ၁၄ နှစ်အရွယ် သားလေးကပဲ အိမ်တွင်းအလှဆင်လုပ်ငန်း သင်နေတာ၊ ဒါပေမဲ့ သူက ငယ်သေးသလို အလုပ်သင်ပဲ ရှိသေးတော့ တစ်လတစ်လ ဝင်ငွေက အရမ်းနည်းတာ။ နောင်မှာ မိသားစု စားဝတ်နေရေး စရိတ်စကတွေကို ဘယ်လိုများ ဖြေရှင်းကြမလဲ” လို့ပေါ့။ ကျွန်မ နည်းနည်း စိုးရိမ်မိတယ်။ ဒါပေမဲ့ တစ်နေ့ကုန် အသင်းတော်မှာ ကိုယ့်တာဝန်ထမ်းဆောင်ရင်း ဘယ်လောက် အလုပ်များခဲ့တယ်ဆိုတာကို တွေးမိတဲ့အခါ၊ ကျွန်မရဲ့ မိသားစုမျာရှိတဲ့ အခက်အခဲတွေကို ဘုရားသခင်က လျစ်လျူရှုမှာ မဟုတ်ဘူး၊ ပြီးတော့ ပြီးတော့ ယောကျ်ားရဲ့ရောဂါကလည်း အချိန်တစ်ခုကြာ အနားယူကုသပြီးရင် သက်သာသွားမှာပါလို့ ကျွန်မ တွေးလိုက်တယ်။ ဒါကို တွေးမိတဲ့အခါ ကျွန်မစိတ်နှလုံးထဲက စိုးရိမ်ပူပန်မှုတွေ အများကြီး လျော့သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်ကျော် ကုန်သွားတယ်။ ကုသဖို့အတွက် ကျွန်မယောကျ်ားက ဆေးပလာစတာတွေကို ဆက်တိုက် ကပ်ခဲ့ပေမဲ့ သူ့ရောဂါက သက်သာမလာခဲ့ဘူး။ ဆရာဝန်တွေမှာလည်း ထိရောက်တဲ့ ကုသနည်း တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ အရမ်းကို ပူပန်လာတယ်။ “ယောကျ်ားရဲ့ရောဂါက ဘယ်တော့ သက်သာမှာလဲ။ ကိုယ့်တာဝန်ထမ်းဆောင်တာနဲ့သာ သိပ်အလုပ်မများရင် မိသားစုကို ထောက်ပံ့ဖို့ ငါ ပိုက်ဆံရှာနိုင်မှာ။ ဒါပေမဲ့ ငါက အသင်းတော်အလုပ်နဲ့ တစ်နေ့ကုန် အလုပ်ရှုပ်နေပြီး ပိုက်ဆံရှာဖို့ အချိန်မရှိဘူး ဖြစ်နေတယ်။ ဘုရားသခင်က ဘာလို့ ငါ့မိသားစုကို မကာကွယ်ပေးတာလဲ။ ယောကျ်ားရဲ့ရောဂါက ဘာလို့ သက်သာမလာတာလဲ။ အိမ်မှာ ဒီလိုအခက်အခဲတွေ မျက်စိရှေ့ ရောက်နေမှတော့ ငါ့တာဝန်မှာ ငါ့စိတ်နှလုံးကို ဘယ်လိုလုပ် အပြည့်အဝ မြှုပ်နှံထားနိုင်မှာလဲ” လို့လို့ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ဒီအကြောင်းကို စဉ်းစားလေလေ၊ စိတ်မကောင်းလေပဲ။ ကျွန်မရဲ့ အာရုံကြောတွေက စိုးရိမ်ပူပန်မှုတွေနဲ့ ဖိစီးပြီး တဒိန်းဒိန်းဖြစ်နေတယ်။ တစ်ခါတလေ ကျွန်မ တကယ် မခံနိုင်တော့လို့ တိတ်တိတ်လေး ငိုမိတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး မညည်းညူသင့်ဘူးဆိုတာ သိပေမဲ့ ကိုယ့်စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တစ်နေ့ကုန် နာကျင်မှုနဲ့ ညဉ်းဆဲမှုတွေကြားမှာပဲ နေခဲ့ရတယ်။ အထူးသဖြင့် ကျွန်မနဲ့ အလုပ်အတူလုပ်နေတဲ့ ညီအစ်မရဲ့ အမျိုးသားက ငွေရှာတာ အရမ်းတော်ပြီး သူက ဘဝမှာ သက်သောင့်သက်သာ နေရတဲ့အပြင် ငွေရဲ့ဘောင်ခတ်တာ မခံရတာကို ကျွန်မ မြင်တဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ ဗြောင်းဆန်နေပြီး တွေးမိတယ်။ “သူ့ထက် ငါက တာဝန်ထမ်းဆောင်တာ ပိုတက်ကြွပါလျက်နဲ့ ဘာလို့ ငါ့မိသားစုကျမှ ဒီလိုအခြေအနေ ဖြစ်နေရတာလဲ။ ဘာလို့ ဘုရားသခင်က သူတို့ကိုကျ ကျေးဇူးပြုပြီး ငါ့ကိုကျ ကျေးဇူးမပြုတာလဲ။ ဘုရားသခင်က ငါ့ကို မနှစ်သက်တာလား။ ငါက ဒါမျိုး အဖိုးအခပေးပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနေတာတောင် ဘုရားသခင်က ငါ့မိသားစုကို ကောင်းချီးမပေးမှတော့ ငါက ဘာလို့ ဆက်ပြီး ဒီလောက် တက်ကြွနေရမှာလဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ဘုရားသခင်က ငါ့ကို စမ်းသပ်နေတာလား။ ငါသာ တာဝန်တွေကို ဆက်ပြီး တက်တက်ကြွကြွ ထမ်းဆောင်ရင် ငါ့ရဲ့ သစ္စာစောင့်သိမှုကို ဘုရားသခင်မြင်ပြီး ငါ့မိသားစုကို ကောင်းချီးပေးနိုင်တာပဲ။ ငါသာ ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်မိလို့ နောင်မှာ ဘုရားသခင်က ငါ့ကို လျစ်လျူရှုလိုက်ရင် ငါ ဘယ်လိုလုပ်မလဲ” ပေါ့။ ဒါကြောင့် ကျွန်မ ဝတ်ကျေတမ်းကျေလုပ်လို့ မဖြစ်တဲ့အပြင် ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရမယ်လို့ ကိုယ့်ကိုယ့်ကိုယ် ပြောခဲ့တယ်။ ကိုယ့်တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ တစ်နေ့ကုန် ကျွန်မ ဆက်ပြီး အလုပ်ရှုပ်နေခဲ့တယ်။ ဒါပေမဲ့ ခဏကြာတော့ ယောကျ်ားရဲ့ အခြေအနေက တိုးတက်မလာတဲ့အပြင် မိသားစု ပြဿနာတွေကလည်း မဖြေရှင်းရသေးဘူး။ ကျွန်မ စိတ်နှလုံးက ပိုတောင် ရှုပ်ထွေးပြီး စိတ်ဆင်းရဲရတယ်၊ ထွက်ပေါက်မရှိသလို ခံစားလိုက်ရတယ်။ ကျွန်မ ရင်ထဲမှာ ဆေးခါးကြီး သောက်ထားရသလို ခါးသီးနေခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ အိမ်က အခက်အခဲတွေကို ကျွန်မ ပြောပြဖြစ်တယ်။ ကျွန်မမျက်နှာက သောကဖိစီးမှု ဖုံးလွှမ်းနေပြီး ကျွန်မ ညည်းညူမိတယ်။ “ရှင်တို့အားလုံး ကောင်းကင်ဘုံမှာ ရောက်နေသလို ထင်ရပေမဲ့ ကျွန်မမှာတော့ ညှဉ်းပန်းခံလိုက်ရတာ ငရဲကျနေသလိုပဲ” လို့ပေါ့။ ကျွန်မ ညီမက ကျွန်မကို ပြင်းပြင်းထန်ထန် ပြုပြင်ခဲ့တယ်။ “ညီမက ဘုရားသခင် မဖြောင့်မတ်ဘူးလို့ ညည်းညူနေတာ မဟုတ်လား” တဲ့။ ညီအစ်မရဲ့ စကားကြောင့် ကျွန်မ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ ကျွန်မက ဘုရားသခင်ကို ညည်းညူနေခဲ့တာ မဟုတ်လား။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်၏ညည်းညူချက် တစ်ခုစီတိုင်းသည် အစွန်းအထင်းတစ်ခု ထင်ကျန်ရစ်စေသည်။ ယင်းသည် ဆေးကြော၍ မရနိုင်သည့် အပြစ်တစ်ခုဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးအရာဖြစ်၏) ပြဿနာရဲ့ ဆိုးရွားမှုကို သဘောပေါက်သွားတဲ့အခါ ကျွန်မ ခေါင်းငုံ့ပြီး စကားဆက်မပြောရဲတော့ဘူး။ အိမ်ရောက်တော့ ဒူးထောက်ပြီး ဆုတောင်းခြင်းနဲ့ ရှိုက်ငိုမိတယ်။ “ဘုရားသခင်၊ မိသားစုမှာ အခက်အခဲတွေ ကြုံရတဲ့အခါ မညည်းညူသင့်ဘူးဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒါကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ ကျွန်မ မသိပါဘူး။ ဘုရားသခင်၊ ကိုယ်တော်ရဲ့ အမှုတော်ကို သိဖို့နဲ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ ကျွန်မကို ဉာဏ်ပွင့်စေပြီး ဦးဆောင်လမ်းပြတော်မူပါ” လို့ပေါ့။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တချို့ကို နားလည်လာရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်။ သို့တိုင်အောင် ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြီး လူသားအတွက် သူ၏ တောင်းဆိုချက်များကို သိရှိစေကာ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ လက်တွေ့ကျသော ပြုပြင်ခြင်းကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ လူသည် သူကိုယ်တိုင်နှင့်ပတ်သက်၍လည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍လည်းကောင်း ပိုကြီးမားသော အသိကိုရရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်သက်ဆိုင်သော ပိုကြီးမားသော နားလည်ခြင်းကို ရရှိ၏။ ထိုသို့ဖြင့် ဘုရားသခင်အတွက် သာ၍ စစ်မှန်ပြီး သာ၍စင်ကြယ်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းအလုပ်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက် စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ အသက်ရှင်နေထိုင်သည့် နည်းလမ်းတစ်ခုလုံးအား ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား လက်တွေ့ကျသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး၊ လက်တွေ့ကျသော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်ရင်း ကျွန်မစိတ်နှလုံး လင်းလက်လာတယ်။ ဘုရားသခင်က ကိုယ့်အတွက် ဘယ်လိုပတ်ဝန်းကျင်မျိုးပဲ စီစဉ်ပေးပါစေ သူ့ရည်မှန်းချက်က ကိုယ့်ကို ဖယ်ရှားရှင်းလင်းဖို့ မဟုတ်ဘဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲပေးဖို့နဲ့ သူ့ရဲ့ စိတ်သဘောထားနဲ့ အမှုတော်ကို နားလည်အောင် ကူညီပေးဖို့ပဲ ဖြစ်တယ်။ ဘုရားသခင်ကို သိတဲ့အခါ သူ့ရဲ့ အမှုတော်ကို ကျိုးနွံနာခံနိုင်မှာ ဖြစ်တယ်။ အဲဒီနောက်မှာ ကျွန်မယောကျ်ားက ခါးဒဏ်ရာနဲ့ ဒီလောက်ကြာကြာ ဒုက္ခရောက်နေတာရဲ့ နောက်ကွယ်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား သန့်စင်ခံရပြီး ပြောင်းလဲအောင် ကျွန်မကို သမ္မာတရား ရှာဖွေစေပြီး အဲဒီကနေ သင်ခန်းစာယူစေဖို့ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားသခင်ရဲ့ အမှုသစ်ကို စပြီးလက်ခံတုန်းက အချိန်ကို ပြန်စဉ်းစားမိတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြုတယ်ဆိုတာ ကျွန်မ သိပေမဲ့ ယောကျ်ားရဲ့ရောဂါကို ဘုရားသခင် ကုပေးစေချင်ပြီး ကျေးဇူးတော်ခေတ်တုန်းကလိုမျိုး ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာ ရဖို့ကိုပဲ ကျွန်မ လိုက်စားနေတုန်းပဲ။ ရောဂါက သက်သာမလာတဲ့အခါ ဘုရားသခင်ကို ကျွန်မ ညည်းညူပြီး အပျက်သဘောဆောင်တာတွေ၊ အထင်လွဲတာတွေနဲ့ အသက်ရှင်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မ ကိုယ့်ဒုက္ခကိုယ် ရှာခဲ့တာပါ။ ဘုရားသခင်ရဲ့ အမှုတော်ကို နားမလည်တာကြောင့်၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ရာမှာ လမ်းမှား လျှောက်နေခဲ့တာကြောင့် ဖြစ်ရတာတွေပါ။ ဒါကို နားလည်လိုက်တဲ့အခါ ကျွန်မရင်ထဲက နာကျင်မှုတွေ အများကြီး လျော့ပါးသွားတယ်။
နောက်ပိုင်းမှာ လူတွေက သူ့ကို လိုသလိုသုံးလို့ရတဲ့သူ၊ ရတနာအိုးလို့ သဘောထားကြတယ်ဆိုပြီး ဘုရားသခင် ဖော်ထုတ်ထားတာကို ကျွန်မ တွေးမိလို့ ဘုရားနှုတ်ကပတ်တော် အဲဒီ အပိုဒ်ကို ရှာဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “ယနေ့ လူများသည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝကို မပိုင်ဆိုင်ကြသည့်အတွက်၊ ၎င်းတို့၏ သဘာဝ အနှစ်သာရ အဖြစ်အနေနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကောင်းမှုကို ရှောင်ကြဉ်ကြသလော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူများ သို့မဟုတ် မကောင်းမှု မရှောင်ကြဉ်သူများကို စကားလုံးအနည်းငယ်ဖြင့်သာ ပေါင်းရုံးဖော်ပြ၍ ရသည်- ‘ဘုရားသခင်၏ ရန်သူများ’ ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများကို မကြာခဏ ပြောကြသော်လည်း၊ ယင်းတို့၏ အဓိပ္ပာယ်အမှန်ကို လုံးဝ မသိကြပေ။ ‘ဘုရားသခင်၏ ရန်သူများ’ ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်- ယင်းတို့က ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်သည်ဟု ပြောနေခြင်း မဟုတ်ဘဲ၊ လူက ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်။ လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်အခက်အခဲများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်က ကျွန်မနှလုံးသားကို ထွင်းဖောက်သွားတယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာ အများကြီးကို ကျွန်မ ပျော်မွေ့ခံစားခဲ့ရပြီး ကိုယ့်တာဝန်ထမ်းဆောင်ရာမှာလည်း အရမ်းကို တက်ကြွခဲ့တယ်။ ကျွန်မသာ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်သရွေ့ ဘုရားသခင်က ကျွန်မအပေါ် ကျေးဇူးတော်ကို အလျှံပယ် ပေးသနားပြီး ဘေးအန္တရာယ်တွေ၊ ကံအကြောင်းမလှတာတွေကနေ ကာကွယ်ပေးမယ်၊ ပြီးတော့ ကျွန်မမိသားစုကို ဘေးကင်းလုံခြုံအောင် ထားမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ မမှန်ကန်တဲ့ ဒီရည်ရွယ်ချက်တွေနဲ့ ကျွန်မဟာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့တာ။ ယောကျ်ားမှာ ခါးရိုးဆစ်ကျွံလာပြီး အခြေအနေ ဆိုးလာရင် အောက်ပိုင်းသေသွားမယ်လို့ ဆရာဝန်က ပြောတဲ့အချိန်ကတည်းက ကျွန်မသာ ကိုယ့်တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်သရွေ့ ဘုရားသခင်က ကျွန်မကို မမျှမတ ဆက်ဆံမှာ မဟုတ်ဘူး၊ ယောကျ်ားရဲ့ရောဂါ ပျောက်ဖို့လည်း ကြာမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ကျွန်မရဲ့ စိတ်အားထက်သန်မှုက ပျောက်မသွားခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ယောကျ်ားက သက်သာမလာဘဲ မိသားစုက ငွေကြေးအခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ၊ ကျွန်မရဲ့ အနီးဝန်းကျင်က ညီအစ်ကိုမောင်နှမတွေကတော့ သာလွန်ပြီး သက်သောင့်သက်သာဖြစ်တဲ့ ဘဝကို ခံစားနေရတော့၊ ကျွန်မ စိတ်ထဲ မမျှတဘူးလို့ ခံစားရပြီး ဘုရားသခင်က ငါ့ကို ကောင်းချီးမပေးဘူးဆိုပြီး ညည်းညူခဲ့တယ်၊ ကိုယ့်တာဝန်ထမ်းဆောင်ရာမှာလည်း အရင်ကလောက် မတက်ကြွတော့ဘူး။ နောက်ပိုင်းကျတော့ ကျွန်မ သူ့အပေါ် သစ္စာစောင့်သိတာမျိုး ရှိမရှိ ဘုရားသခင်က စမ်းသပ်နေတာ ဖြစ်မယ်၊ ကိုယ့်တာဝန်အပေါ် ဝတ်ကျေတမ်းကျေ လုပ်ရင် ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေ ရမှာမဟုတ်ဘူးလို့ စိုးရိမ်လာခဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ရုံကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး။ အချိန်တစ်ခု ကြာတဲ့အခါ ယောကျ်ားရဲ့ အခြေအနေက တိုးတက်မလာသေးတဲ့အပြင် ကျွန်မ ဘဝမှာရှိတဲ့ အခက်အခဲတွေလည်း မဖြေရှင်းရသေးဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ပိုတောင် ညည်းညူမိတယ်၊ ညီအစ်မတွေရှေ့မှာတောင် ဘုရားသခင်က ငါ့အပေါ် မဖြောင့်မတ်ဘူးလို့ ညည်းညူပြီး ဘုရားသခင်အပေါ် မကျေနပ်ချက်တွေကို ဖွင့်ချခဲ့မိတယ်။ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတဲ့ ကျွန်မရဲ့ ရုပ်ဆိုးအကျည်းတန်မှုက လုံးဝ ပေါ်လာပြီး ကျွန်မ လုံးဝကို ထုတ်ဖော်ခံလိုက်ရတယ်။ ကျွန်မယောကျ်ား နေမကောင်းဖြစ်တဲ့ နှစ်တွေအတွင်းမှာ ကျွန်မ သမ္မာတရားကို မရှာဖွေခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ကို ညည်းညူပြီး အထင်လွဲရင်းနဲ့ အမြဲအပျက်သဘောဆောင်ပြီး အသက်ရှင်ခဲ့တယ်။ ကိုယ့်တာဝန်ထမ်းဆောင်နေခဲ့ပေမဲ့ သူ့ရဲ့ ကောင်းချီးမင်္ဂလာတွေအတွက် အလဲအလှယ်လုပ်ရာမှာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ပဲ ကြိုးစားနေခဲ့တာ၊ သူ့ကို လိုသုံးတစ်ယောက်၊ ရတနာအိုးတစ်ခုလို သဘောထားနေခဲ့မိတယ်။ အရင်တုန်းကတော့ ကိုယ့်တာဝန်တွေ ထမ်းဆောင်ရာမှာ ကျွန်မ တော်တော် တက်ကြွတယ်လို့ ထင်ခဲ့တယ်။ ယောကျ်ား နေမကောင်းဖြစ်ချိန်မှာတောင် ကျွန်မရဲ့တာဝန်တွေကို လုံးဝ လျစ်လျူမရှုခဲ့သလို၊ ကျွန်မရဲ့ အလုပ်မှာ ရလဒ်တချို့ ရခဲ့တယ်။ ရလဒ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် “ဘုရားသခင်အပေါ် သစ္စာရှိသူ”၊ “သူ့ကို စစ်မှန်စွာ ယုံကြည်သူ” လို့ တံဆိပ်ကပ်ခဲ့တယ်။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း လုံးဝ မရှိခဲ့တာပါ။ ဘုရားသခင်အပေါ် သစ္စာရှိတဲ့သူတွေဆိုတာ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ကောင်းကောင်း ထမ်းဆောင်ပြီး သူတို့ကို ဘုရားက ကောင်းချီးပေးပေး၊ မပေးပေး လုံးဝ မညည်းညူတဲ့သူတွေပါ။ ယောဘကို နမူနာယူကြည့်ပါ။ ဘုရားသခင်က ပေးသည်ဖြစ်စေ၊ ပြန်ရုပ်သိမ်းသည်ဖြစ်စေ ယောဘက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ပြီး သူ့နာမတော်ကို အမြဲ ချီးမွမ်းနိုင်ခဲ့တယ်။ ဘုရားက သူ့ကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ ယောဘမှာ ကိုယ်ပိုင် တောင်းဆိုချက်တွေ မရှိခဲ့ဘူး။ ဒါကမှ ဘုရားသခင်အပေါ် သစ္စာစောင့်သိတဲ့သူ ဖြစ်ခြင်းကို ဆိုလိုတဲ့အရာပဲ။ ကျွန်မကတော့ ဘုရားသခင်ဆီက အကျိုးအမြတ်ရဖို့အတွက် ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ခဲ့တာ။ ကျွန်မမှာ သစ္စာစောင့်သိမှု ဒါမှမဟုတ် ရိုးသားစစ်မှန်မှု လုံးဝ မရှိခဲ့ဘူး။ ကျွန်မက အခွင့်အရေးသမား သက်သက်ပါပဲ။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်မှုနဲ့ နောက်လိုက်တာက အတုအယောင်ဖြစ်ပြီး ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတို့ကို ကျွန်မရဲ့တောင်းဆိုမှုကသာ အစစ်အမှန် ဖြစ်တယ်။ ဒီရုပ်ဝတ္ထုပစ္စည်းတွေကို အရာခပ်သိမ်းထက် ပိုတန်ဖိုးထားပြီး ဘုရားသခင်ဆီက ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာကို အဆက်မပြတ် တောင်းဆိုခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်သူစစ်စစ် လုံးဝ မဟုတ်ခဲ့သလို သူ့ရဲ့ စက်ဆုပ်မှုနဲ့ ရွံရှာမှုကို တကယ် ဖြစ်စေခဲ့တယ်။ ဘုရားသခင်သာ ဒီနည်းနဲ့ ကျွန်မကို မထုတ်ဖော်ခဲ့ရင် ကျွန်မရဲ့ သရုပ်အမှန်ကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မြင်မှာ မဟုတ်ဘူး။
အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ကောင်းတဲ့အရာတွေ ဖြစ်တဲ့အခါ ကျွန်မက ဘုရားကို ချီးမွမ်းနိုင်ပေမဲ့ ကျွန်မယောကျ်ား နေမကောင်းဖြစ်ပြီး ငွေကြေးအခက်အခဲတွေ ကြုံရတဲ့အခါကျ ဘာလို့ ဘုရားသခင်ကို ညည်းညူမိတာလဲ ပေါ့။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “နှစ်ပေါင်းများစွာ ရှင်သန်ရေးအတွက် လူတို့ အမှီပြုခဲ့ကြသော အတွေးအခေါ်များသည် ၎င်းတို့၏ စိတ်နှလုံးများကို တိုက်စားခဲ့သည်မှာ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသူ၊ သူရဲဘောကြောင်သူနှင့် ယုတ်ညံ့သိမ်ဖျင်းသူများ ဖြစ်လာကြသည့် အခြေအနေအထိပင် ဖြစ်၏။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး မောက်မာလာကြကာ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ မိမိကိုယ်ကို ကျော်လွှားရန် စိတ်ပိုင်းဖြတ်ချက် လုံးဝကင်းမဲ့သည့်အပြင် ဤအမှောင် စွမ်းအားများ၏ ဘောင်ခတ်ခြင်းများကို ဖယ်ရှားရန် သတ္တိအနည်းငယ်မျှပင် သာ၍ မရှိကြပေ။ လူတို့၏ အတွေးအခေါ်များနှင့် ဘဝများသည် အလွန် ပုပ်သိုးနေကြသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ နောက်ကွယ်မှ ၎င်းတို့၏ အမြင်ရှုထောင့်များသည် မခံရပ်နိုင်လောက်အောင် အကျည်းတန်နေသေးသည့်အပြင် တကယ့်ကိုပင် နားခါးလေ၏။ လူတို့အားလုံးသည် သူရဲဘောကြောင်သည်၊ အစွမ်းမဲ့သည်၊ စက်ဆုပ်ဖွယ်ကောင်းပြီး အကဲဆတ်ကြသည်။ ၎င်းတို့သည် အမှောင်ထု၏ အင်အားကို စက်ဆုပ်ခြင်းမရှိသည့်အပြင် အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) “နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအလျောက် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို ကျိုးနွံနာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ဆက်တိုက် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ လူတွေရဲ့ စိတ်ကို ဖောက်ပြန်ပျက်စီးစေပြီး တိုက်စားနေတာ စာတန် ဖြစ်မှန်း ကျွန်မ နားလည်လာတယ်။ ဒီလောကကြီးမှာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “အကျိုးအမြတ်က ပထမ” ဆိုတာနဲ့ “ဘယ်တော့မှ အနာမခံနဲ့” ဆိုတာမျိုးတွေလို စာတန်ဆန်တဲ့ ရှင်သန်ရေး စည်းမျဉ်းမျိုးစုံနဲ့ ပြည့်နှက်နေတာ။ လူတိုင်းက ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်နေကြတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းလာကြတဲ့အပြင် အသိစိတ်ကို လုံးဝ လျစ်လျူရှုလာကြတယ်။ သူတို့လုပ်သမျှ ကိစ္စတိုင်းမှာ ဒါက သူတို့အတွက် အကျိုးရှိမရှိ အရင်ဆုံး စဉ်းစားကြတယ်။ အကျိုးရှိရင် လုပ်မယ်၊ အကျိုးမရှိရင် လုပ်မှာ မဟုတ်ဘူး။ ကျွန်မလည်း ဒီစာတန်ဆန်တဲ့ အတွေးတွေ၊ အယူအဆတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေခဲ့တာပဲ။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ထမ်းဆောင်တာကနေ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုကို ရခဲ့တာ၊ ပြီးတော့ မိသားစုဘဝ တိုးတက်လာပုံရတာကို မြင်တဲ့အခါ ဒါတွေဟာ ကိုယ့်တာဝန်ထမ်းဆောင်ရာမှာ ကျွန်မ သစ္စာစောင့်သိခဲ့လို့ ရရှိလာတဲ့ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာတွေပဲ၊ ဒီလိုမျိုး ကိုယ့်တာဝန်ကို တက်တက်ကြွကြွ ဆက်ထမ်းဆောင်သရွေ့ အနာဂတ်မှာ ကယ်တင်ခြင်းရပြီး နိုင်ငံတော်ထဲ ဝင်ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ယောကျ်ား နေမကောင်းဖြစ်ပြီး မိသားစု ငွေကြေးအခက်အခဲ ကြုံရတဲ့အခါကျတော့ ဘုရားသခင်ကို အထင်လွဲပြီး ညည်းညူခဲ့တယ်၊ ကိုယ့်တာဝန်ထမ်းဆောင်ရာမှာလည်း ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်ထမ်းဆောင်ရာမှာ ကျွန်မ ရိုးသားစစ်မှန်မှု လုံးဝ မရှိခဲ့ဘူးဆိုတာကို အဖြစ်မှန်တွေက ထုတ်ဖော်ခဲ့တယ်။ ကျွန်မ လုပ်နေခဲ့သမျှက ဘုရားသခင်ကို လှည့်ဖြားပြီး သူ့ကို ဆန့်ကျင်တဲ့ အစီအစဉ်တွေ ကျိတ်ကြံဖို့ ကြိုးစားနေခဲ့တာ၊ ကိုယ့်တာဝန်ထမ်းဆောင်ပြီးတော့ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာကို လှည့်ဖြားယူဖို့ အချည်းနှီး ကြိုးစားနေခဲ့တာပဲ။ ဘုရားသခင် ကိုယ်တော်တိုင်က ကျွန်မတို့ကို ကယ်တင်ဖို့ လူဇာတိခံပြီး သမ္မာတရားကို ဖော်ပြတယ်။ သူ့ရဲ့ ကြီးမားတဲ့ အဖိုးအခ အားလုံးကို ကျွန်မတို့ဆီ ပေးဆပ်ထားပြီး ကိုယ်ပိုင် အကျိုးစီးပွားကို ဘယ်တော့မှ မစဉ်းစားဘူး။ ဘုရားသခင်ရဲ့ အနှစ်သာရက သစ္စာရှိတယ်၊ ကိုယ်ကျိုးမငဲ့ဘူး၊ လှပပြီး ကောင်းမြတ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မထမ်းဆောင်တဲ့ တာဝန်နည်းနည်းလေးထဲမှာ အပေးအယူတွေ၊ တောင်းဆိုမှုတွေနဲ့ လှည့်ဖြားမှုတွေ ကွယ်ဝှက်နေခဲ့ပြီး ဘုရားသခင်ကို ဘုရားသခင်လို ကျွန်မ လုံးဝ မဆက်ဆံခဲ့ဘူး။ ကျွန်မက လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးနေတဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လူတစ်ယောက်ပါပဲ။ ဒီအရာတွေသာ ကျွန်မအပေါ် မကျရောက်ခဲ့ရင် ကျွန်မ တကယ် ဘာလဲဆိုတာကို လုံးဝ ရှင်းရှင်းလင်းလင်း မြင်မှာ မဟုတ်ဘူး။ အဲဒီတော့မှ ကျွန်မယောကျ်ားရဲ့ရောဂါနဲ့ မိသားစု ငွေကြေးအခက်အခဲတွေဟာ ဘုရားသခင်က ကျွန်မကို တမင် ခက်ခဲအောင် လုပ်နေတာ မဟုတ်မှန်း ကျွန်မ နားလည်သွားခဲ့တယ်။ အဲဒီအစား ရည်ရွယ်ချက်က ကျွန်မရဲ့ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ ရုပ်ဆိုးအကျည်းတန် မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်စေဖို့၊ ကျွန်မ နှလုံးသားကို နိုးထစေပြီး ဘယ်လို ကျင့်ကြံပြုမူရမယ်ဆိုတာ ပြသဖို့ ဖြစ်တယ်။ ဒါက ကျွန်မအပေါ် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပါတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ကယ်တင်ခြင်းပဲ၊ ဒါပေမဲ့ ကျွန်မက သူ့ရည်ရွယ်ချက်ကို နားလည်ဖို့ အရမ်း ကြောင်းကျိုးမမြင်ဖြစ်ခဲ့ပြီး သူ့ကို အမြဲတမ်း အထင်လွဲတဲ့အပြင် ညည်းညူနေခဲ့တယ်။ ဒါကို နားလည်လိုက်တဲ့အခါ နောင်တတွေ ပြည့်နှက်ပြီး ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ အဲဒီနောက် ကျွန်မယောကျ်ားရဲ့ရောဂါ၊ ဒါမှမဟုတ် ကျွန်မတို့မိသားစုဘဝမှာ တိုးတက်မှု တစ်ခုတလေ ရှိရှိ မရှိရှီ ဘုရားသခင်ဆီ နောင်တရပြီး သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားလာခဲ့တယ်။
ကျွန်မ ဆက်ပြီး ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် ကျိုးနွံနာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘက သူ့ရဲ့ သိုးတွေ၊ နွားတွေနဲ့ စည်းစိမ်ဥစ္စာ အားလုံး ဆုံးရှုံးလိုက်ရတဲ့အခါ စိတ်သောက ရောက်ရပေမဲ့ ဆင်ခြင်တုံတရား ရှိခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သူ နားမလည်တဲ့အခါ ကောက်ချက်တွေ ချက်ချင်း မချခဲ့ဘူး၊ ဘုရားသခင်ကို ညည်းညူတဲ့ စကား၊ ဒါမှမဟုတ် ပုန်ကန်တဲ့ စကား တစ်ခွန်းမှ မပြောခဲ့ဘူး။ ဘုရားသခင်ဟာ အရာရာကို ဖန်ဆင်းပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားတဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင် ဖြစ်တယ်ဆိုတာနဲ့ ဘုရားသခင် ပေးသည်ဖြစ်စေ၊ ပြန်ရုပ်သိမ်းသည်ဖြစ်စေ သူ့နာမတော်ကို အမြဲတမ်း ချီးမွမ်းပြီး ထောမနာပြုသင့်တယ်ဆိုတာကို သူ သိခဲ့တယ်။ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးတဲ့ ပတ်ဝန်းကျင်အားလုံးကို ယောဘက ဘုရားသခင်ဆီကနေ လက်ခံပြီး ကျိုးနွံနာခံနိုင်ခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါ ဘုရားသခင်က ကျွန်မအပေါ် ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာ ပေးသနားတုန်းက ဝမ်းမြောက်ဝမ်းသာနဲ့ သူ့နာမတော်ကို ချီးမွမ်းခဲ့ပေမဲ့ ယောကျ်ား နေမကောင်းဖြစ်ပြီး မိသားစု ငွေကြေးအခက်အခဲ ကြုံရတဲ့အခါကျတော့ သူ့ရည်ရွယ်ချက်ကို ရှာဖွေပြီး သဘောပေါက်ဖို့ ဆုမတောင်းခဲ့တာကို တွေ့ရတယ်။ အဲဒီအစား ဘုရားသခင်ရဲ့ ယုံကြည်မှုကို ကြိုးစားလှည့်ဖြားရယူပြီး ကျွန်မရဲ့ မိသားစု အခက်အခဲတွေကို ကူညီဖြေရှင်းစေဖို့အတွက် ကျွန်မရဲ့တာဝန် ထမ်းဆောင်တာကို အသုံးပြုချင်ခဲ့တယ်။ ဘုရားသခင် လုပ်တာက ကျွန်မဆန္ဒနဲ့ မကိုက်ညီတဲ့အခါ သူက ကိုယ့်အပေါ် မဖြောင့်မတ်ဘူးလို့ ညည်းညူခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို စစ်မှန်တဲ့ ကျိုးနွံနာခံမှု လုံးဝ မပြခဲ့ဘူး။ ယောဘနဲ့ ကျွန်မကြားမှာ တကယ့်ကို ကွာခြားချက် အကြီးကြီး ရှိနေတာပါ။ ကျွန်မရဲ့ လူ့သဘာဝက အရမ်းညံ့ဖျင်းခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ထမ်းဆောင်တာက ကောင်းချီးမင်္ဂလာ ရရှိတာ၊ ဒါမှမဟုတ် ကံအကြောင်းမလှတဲ့ဖြစ်ရပ်ကို ခံစားရတာနဲ့ ဘယ်လို ဆက်စပ်နေလဲဆိုတာကို နားလည်လာတယ်။ ဘုရားသခင်က ပြောသည် “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) လူ့အသက်ကို ဘုရားသခင် ပေးသနားထားတာ ဖြစ်ပြီး လူ ပျော်မွေ့ခံစားရသမျှတိုင်းကို ဘုရားသခင် ထောက်ပံ့ပေးထားတာ ဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တယ်။ လူတွေက ကိုယ့်တာဝန်တွေကို ခြွင်းချက်မရှိ ထမ်းဆောင်သင့်တယ်။ ဒါက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ လူတွေက သတ်မှတ်ချက်တွေ၊ တောင်းဆိုမှုတွေ မလုပ်သင့်ဘူး။ ကိုယ့်တာဝန်တွေကို ကောင်းချီးမင်္ဂလာနဲ့ ကျေးဇူးတော် ရရှိဖို့အတွက် သက်သက်နဲ့ ပိုပြီး မထမ်းဆောင်သင့်ဘူး။ အဲဒါက သူတို့လုပ်နိုင်တဲ့ အကျိုးကြောင်း မဆီလျော်ဆုံး အရာပဲ။ မိဘတွေက သားသမီးတွေကို ပျိုးထောင်ဖို့ အခက်အခဲ အများကြီး ခံစားရသလိုမျိုးပဲ သားသမီးတွေက ကိုယ့်မိဘတွေကို ထောက်ပံ့သင့်တယ်။ လူတွေက သူတို့မိဘတွေကို အမွေရမယ်ဆိုတာကို မြင်တဲ့အခါမှ ထောက်ပံ့ပြီး ပိုင်ဆိုင်တာ တစ်ခုမှ မရှိတဲ့အခါ သူတို့မိဘတွေကို မောင်းထုတ်ကြရင် ဒီလူတွေက ပုန်ကန်တတ်တဲ့ သားသမီးတွေပဲ၊ တိရစ္ဆာန်တွေပဲ။ သူတို့မှာ လူ့သဘာဝ မရှိဘူး။ ကိုယ့်တာဝန်ထမ်းဆောင်တာက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကောင်းကင်ဘုံက ပို့ပေးလိုက်တဲ့ ကျွန်မရဲ့တာဝန်ဖြစ်ပြီး အဲဒီအထဲမှာ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ တစ်ခုမှ မထားသင့်ဘူး။ ဘုရားသခင်က ကောင်းချီးပေးပေး၊ မပေးပေး ကျွန်မတာဝန်ကို ခြွင်းချက်မရှိ ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ပြီးတော့ ကျွန်မယောကျ်ားက ဘုရားသခင်ကို ကျွန်မ မယုံကြည်အောင် တားဖို့ ကြိုးစားခဲ့တယ်။ သူ့ရောဂါ မပျောက်တာက သူ့အပြစ်နဲ့သူပဲ။ သူက သနားခံရဖို့ မထိုက်တန်ဘူး။ ကျွန်မယောကျ်ားက ဘုရားသခင်ကို အတိုက်အခံ လုပ်တဲ့သူဖြစ်တာတောင်မှ ကျွန်မက သူ့ရောဂါကို ကုပေးဖို့ ဘုရားသခင်ကို တောင်းဆိုခဲ့တဲ့အပြင် ဘုရားသခင်ကိုတောင် ညည်းညူခဲ့တယ်။ ဒါက လုံးဝ အကျိုးကြောင်း မဆီလျော်တဲ့အပြင် ဘုရားသခင်ရဲ့ ရွံရှာမုန်းတီးမှုကို ခံရစေတယ်။ အနာဂတ်မှာ ယောကျ်ားက ရောဂါပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ကိုယ့်သဘောထားကို တည့်မတ်ဖို့နဲ့ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မ လိုလားခဲ့တယ်။ ဒါကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ သိပ်ခါးသီးမနေတော့ဘူး။ အဲဒီနောက် သမ္မာကျမ်းစာ ပြောတဲ့အရာကို ကျွန်မ တွေးမိတယ်။ “မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” (ရှင်မဿဲခရစ်ဝင် ၆:၂၆) ကောင်းကင်က ငှက်တွေဟာ မျိုးစေ့မကြဲတာတောင်၊ စပါးမရိတ်သိမ်းတာတောင် သူတို့ကို ဘုရားသခင် ကျွေးမွေးတယ်၊ လူသားတွေဆို မပြောနဲ့တော့လို့ ဘုရားက ပြောတယ်။ ကျွန်မကို ဘုရားသခင်က အနာဂတ် ကိစ္စတွေအတွက် ပြင်ဆင်တာ၊ အစီအစဉ်ချတာ မလုပ်စေချင်ဘဲ၊ သူအလိုလို ဖြစ်ခွင့်ပေးစေချင်တယ်။ အစားအသောက်နဲ့ အဝတ်အစား လုံလောက်ရုံနဲ့တင် ကျွန်မ ရောင့်ရဲသင့်တယ်။ ကျွန်မတို့မိသားစုမှာ ငွေကြေးအခက်အခဲတွေ ရှိပေမဲ့ စားဝတ်နေရေး ဖူလုံအောင် လုပ်နိုင်ပါသေးတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို နာခံဖို့ ကျွန်မ လိုလားပြီးတော့ မနက်ဖြန်အတွက် စိတ်ဒုက္ခရောက်ပြီး စိုးရိမ်ပူပန်တာမျိုး မရှိတော့ဘူး။
နောက်ပိုင်းမှာ ကျွန်မယောကျ်ားသူငယ်ချင်းရဲ့ ဦးလေးက ကျွန်မတို့ဒေသကို အပန်းဖြေခရီး ထွက်လာတယ်။ သူက ကျွန်မယောကျ်ားကို ဆေးပလာစတာတွေအကြောင်းနဲ့ ခါးနာ၊ ခြေထောက်နာ ကုတဲ့ နည်းလမ်းတွေ သင်ပေးခဲ့တယ်၊ ပြီးတော့ အခမဲ့လည်း ကုပေးခဲ့တယ်။ ခဏကြာတော့ ကျွန်မယောကျ်ားက တော်တော် သက်သာလာပြီး ဈေးထဲမှာ ခါးနာ၊ ခြေထောက်နာ ကုပေးတဲ့ ဆေးခန်းလေး ဖွင့်ခဲ့တဲ့အပြင်၊ မိသားစု ဝင်ငွေကို ဖြည့်ဖို့အတွက် ပိုက်ဆံနည်းနည်း ရှာနိုင်ခဲ့တယ်။ ဒီအရာတွေကို ကြုံပြီးတဲ့နောက်မှာ ကျွန်မယောကျ်ားက ဘုရားသခင်ကို ကျွန်မ မယုံကြည်အောင် အရမ်းကြီး တားတာမျိုး မလုပ်တော့ဘူး။ နောက်ပိုင်းမှာ ယောကျ်ားရဲ့ရောဂါက ခဏခဏ ပြန်ဖောက်လာပေမဲ့ ယောက်ျားရဲ့ ရောဂါကြောင့် ဘုရားသခင်ကို ကျွန်မ ထပ်ပြီး မညည်းညူတော့ပါဘူး။ ဘုရားသခင် စီစဉ်ညွှန်ကြားတဲ့ ဘယ်အရာမဆိုက ကောင်းတယ်ဆိုတာနဲ့ ဘုရားသခင်ကို ကျွန်မ ကျိုးနွံနာခံပြီး ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ဒီလို ပြောင်းလဲနိုင်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဦးဆောင်မှု ရလဒ်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်ရှီး တရုတ်ပြည်၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အနီးအနားက အသင်းတော်တော်တော်များများ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတယ်။...
ကျွမ်းရီ တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ...
မင်ကျစ် ကိုးရီးယားနိုင်ငံ ကျွန်တော် သရုပ်ဆောင်ရတဲ့ အရင်အခန်းတုန်းက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုအခြေအနေကို ကျွန်တော် သေချာမတွေးခဲ့သလို၊...
တရုတ်နိုင်ငံ၊ လီယွမ်၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အသင်းတော်က ကျွန်မကို တခြားနေရာတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မ...